Wall-E

Leave a Comment
ယုံနိုင်ကြလိမ့်မယ်လို့ မထင်မိပါဘူး။ ဒီလိုပါ ....ကျွန်တော်တို့ အခုနေထိုင်ရှင်သန်နေကြတဲ့ လောကကြီးဟာ ( ၂၉ ) ရာစု အစောပိုင်းလည်းရောက်ရော အမိှုက်သရိုက်တွေ နဲ့ပဲ ဖုံးလွှမ်းနေတော့တဲ့ ကန္တာရကြီး တစ်ခုလို ဖြစ်နေပြီတဲ့လေ။ အဲဒီ့ ( ၂၉ ) ရာစုနှစ်မတိုင်ခင် ရှေ့နှစ်ပေါင်း ( ရ၀၀ ) လောက်တုန်းကတော့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို ဘီအန်အယ်လ် လို့ခေါ်တဲ့ ကော်ပိုရေးရှင်းကြီး တစ်ခုက အုပ်စိုးထားခဲ့ကြသတဲ့။ အဲဒီ့ ကော်ပိုရေးရှင်းကြီး ဟာအမိှုက်ပေါင်း မြောက်များစွာကနေ ထွက်ပေါ်လာတဲ့ လူသားတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိပ်ဓာတ်ငွေ့ အန္တရာယ်ကနေ ကမ္ဘာသူကမ္ဘာသားတွေကို ကယ်တင်ဖို့အတွက် အော်တိုမက်တစ် စနစ်နဲ့ လည်ပတ်နေတဲ့ အထူးဇိမ်ခံ အာကာသကမ္ဘာသစ်ယာဉ်တစ်ခုဆီကို လူသားအားလုံးနေထိုင်နိုင်ဖို့ ရွှေ့ပြောင်း ပို့ဆောင်ပေးခဲ့ပါတယ်။


ကမ္ဘာပေါ်မှာ ရှိနေတဲ့ လူသားတွေအားလုံးကို ရွေ့ပြောင်းပြီးတဲ့ နောက်မှာပဲ သူတို့ဟာ တစ်ချိန်တည်း တစ်ပြိုင်တည်းလို ( ၅ ) နှစ်တာ စီမံကိန်းချပြီး Wall - E လို့ အမည်တွင်တဲ့ စက်ရုပ်တွေနဲ့ ကမ္ဘာပေါ်မှာ တည်ရှိသမျှ အမိှုက်ယူနစ်ပေါင်း မြောက်များစွာကို သန့်စင်ရေးပြုလုပ်ဖို့ စီမံချက်ရေးဆွဲ ဆောင်ရွက်ခဲ့ ပါတယ်။ ဒါပေမယ့် သူတို့ ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး။

တဖြည်းဖြည်းမြင့်တက်လာတဲ့ အမိှုက်ဆိုးတွေရဲ့ ပြင်းထန်လွန်းတဲ့ အဆိပ်ဓာတ်ငွေ့တွေကြောင့် Wall - E လို့ အမည်တွင်ထားခဲ့တဲ့ စက်ရုပ် ယူနစ်အကုန်လုံးနီးပါး ပျက်စီးခဲ့ပါတယ်။ ဒါပေမယ့် အကုန်တော့ မဟုတ်ပါဘူး။ တစ်ယောက်တော့ ကျန်ခဲ့ပါသေးတယ်။ သူ့နာမည်ကတော့ အားလုံးသိကြတဲ့ Wall - E ပါပဲ။ ကျန်တဲ့သူ့ ယူနစ်ထဲက လုပ်ဖော်ကိုင်ဖက် စက်ရုပ်သူငယ်ချင်းတွေအကုန်လုံး ပျက်စီး ပျောက်ပျက် သွားကြပေမယ့် Wall - E ကတော့ ကံကောင်း ထောက်မစွာနဲ့ပဲ သူ့ရဲ့တာဝန် ဝတ္တရားတွေကို ဆက်လက်ထမ်းဆောင်ရင်းနဲ့ ကမ္ဘာမြေကြီးပေါ်မှာ နေထိုင်ရှင်သန် ကျန်ရစ်ခဲ့ပါတယ်။ အဲဒီလိုနေထိုင် လာခဲ့ရင်းနဲ့ တစ်နေ့မှာ Wall - E ဟာ Hello,Dolly! လို့ အမည်တွင်တဲ့ ဇာတ်ကားလေးတစ်ကားကို သူ့( ကုန်တင်တွဲအဟောင်းနဲ့ လုပ်ထားတဲ့ ) အိမ်လေးထဲမှာ ကြည့်ခဲ့မိပြီး လူသားတွေရဲ့ အချစ်ဆိုတဲ့အရာကို မြင်တွေ့ခံစားမိခဲ့ပါတယ်။

အချစ်ဆိုတဲ့ အရာကို ဇာတ်လမ်းရုပ်ရှင်ထဲမှာ သူခံစားခဲ့ဖူး ပြီးတဲ့နောက်မှာ အပြင်လောကထဲက အချစ်ဆိုတာကိုလည်း ဘယ်လိုမျိုးလဲလို့ သူသိလိုစိတ်ပြင်းပြ လာခဲ့ပြန်ပါတယ်။ အဲဒီလိုနဲ့ တစ်နေ့မှာတော့ Wall - E နေထိုင်တဲ့ ကမ္ဘာမြေပေါ်ကို အာကာသယာဉ်တစ်စီး ဆင်းသက်လာခဲ့ပြီး ကမ္ဘာ့မြေပြင် ထောက်လှမ်းရေး စက်ရုပ်မယ်လေး တစ်ယောက်ကို စေလွှတ်ခဲ့ပါတယ်။ အဲဒီ့စက်ရုပ်မလေး နာမည်ကတော့ EVE ပါ။ Wall - E ဟာ စက်ရုပ် မလေး EVE ကို မြင်မြင်ချင်းပဲ ချစ်ကြိုက်သွားခဲ့ပါတယ်။ Wall - E ဟာ EVE ကို သူ့နေအိမ်ရှိရာဆီ ခေါ်သွားပြီး လူသားတွေစွန့်ပစ်ထားခဲ့တဲ့ အမိှုက်ပုံတွေ ကြားထဲက သူစုဆောင်ထား ခဲ့တဲ့ နှစ်သက်ဖို့ ကောင်းတဲ့ ပစ္စည်းလေးတွေကို ထုတ်ပြခဲ့ပါတယ်။

မီးလုံးလေးတွေ၊ တခြားနှစ်သက်ဖွယ်ရာ ပစ္စည်းလေးတွေကို ထုတ်ပြတဲ့ အချိန်မှာ EVE က စိတ်ဝင်စားဟန် မပြခဲ့ပေမယ့် Wall - E နောက်ဆုံးထုတ်ပြခဲ့တဲ့ ကမ္ဘာပေါ်မှာ ပေါက်တဲ့ အပင်လေး ကိုလည်းတွေ့ရော EVE ဟာ အဲဒီ့အပင်လေးကို သူ့ဗိုက်လေးထဲတည့်ပြီး လုံးဝလှုပ်ရှားမလာတော့ပါဘူး။ Wall - E ဟာ သစ်ပင်လေး ရပြီးကတည်းက လှုပ်ရှားမှု လုံးဝမရှိတော့တဲ့ သူသိပ်ချစ်ရတဲ့ သူ့ကောင်မလေး EVE ကို ဘေးနားကမခွာ နေ့နေ့ညည ကာကွယ်ပေးပြီး EVE ပြန်လည်နိုးထလာမယ့်ရက်ကို စောင့်ဆိုင်းနေခဲ့ပါတယ်။ အဲ့လိုနဲ့ တစ်နေ့မှာ EVE ကို ပြန်လည်ခေါ်ဆောင်ဖို့ သူ့ရဲ့ အာကာသယာဉ်ပျံ နောက်တစ်ခေါက် ပြန်လည် ရောက်ရှိလာခဲ့ပြီး လှုပ်ရှားမှု မရှိတော့တဲ့ EVE ကို ပြန်လည်သယ်ယူ သွားပါတော့တယ်။ EVE ကိုလာခေါ်သွားတဲ့ အချိန်မှာ Wall - E ကရော ဘယ်ရောက်နေပါသလဲ။ .... ?? Wall - E ဘယ်ကိုမှ ရောက်မနေပါဘူး။ EVE ကို မခွဲနိုင်လို့ သူ့ကောင်မလေးရှိရာ ယာဉ်ပျံကြီးထဲကို သူလည်း တိတ်တိတ်လေး လိုက်ပါသွားခဲ့ပါတယ်။ အဲဒီ့နောက်တော့ ....

သူတစ်ခါမှ မရောက်ဘူးတဲ့ လူသားတွေနေထိုင်ရာ အထူးဇိမ်ခံ အာကာသကမ္ဘာသစ်ယာဉ်ကြီးပေါ်မှာ Wall - E ဘယ်လို အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ခဲ့ရသလဲ။

သူများတွေ ခေါ်ယူသွားတဲ့ သူ့ကောင်မလေးကို သူပြန်ရအောင် Wall - E ဘယ်လိုကြိုးစားခဲ့သလဲ။

EVE က ဘာလို့ အပင်လေး သူ့ဗိုက်ထဲဝင်ရောက်သွားတာနဲ့ လှုပ်ရှားမလာတော့တာလဲ။

Wall - E ချစ်သလို EVE ကရော သူ့ကို တကယ်ပြန်ချစ်ခဲ့ရဲ့လား။

Wall - E ကရော သူသိပ်ချစ်ရတဲ့ စက်ရုပ်မလေးကို ပိုင်ဆိုင်ခွင့်ရခဲ့ရဲ့လား။

တကယ်တော့ Wall - E ကာတွန်းကားလေးဟာ အပန်းဖြေရုံ သက်သက် ရည်ရွယ်ထုတ်လုပ် ခဲ့တဲ့ ကားမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကမ္ဘာပေါ်မှာ လူသန်းပေါင်း မြောက်များစွာဟာ နေ့စဉ်နေ့တိုင်း အမိှုက်တန်ချိန် သန်းပေါင်းမြောက်များစွာကို စွန့်ပစ်နေကြပါတယ်။ တချို့ က စည်းကမ်းရှိစွာနဲ့ စွန့်ပစ်ကြတာဖြစ်ပြီး အတော်များများကတော့ မသိလိုက် မသိဘာသာနဲ့ စည်းကမ်းမဲ့စွာ စွန့်ပစ်နေကြတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်က လူသားတစ်ဦး တစ်ယောက်ချင်းစီရဲ့ မသိလိုက်မသိဘာသာ လုပ်ဆောင်မှု တစ်ခုစီကနေပြီး ကမ္ဘာကြီး တစ်ခုလုံးကို ဘယ်လောက် အတိုင်းအတာအထိ ဆိုးကျိုး ရိုက်ခတ်နိုင်တယ် ဆိုတာကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှု့ဒေါင့် ကနေပြီးတော့လည်း Wall - E ဇာတ်ကားက တင်ပြထားပါတယ်။ ပြီးတော့ လူသားအားလုံး ပျော်ဝင်တိမ်းမူးလွယ်ကြတဲ့ အချစ်တစ်ခုရဲ့ သိမ်မွေ့မှုကိုလည်း လူသားမဟုတ်တဲ့ စက်ရုပ် Character လေးတွေနဲ့ ပေါ်လွင်အောင် တင်ပြသွား ပါတယ်။ တင်ပြပုံ ရည်ရွယ်ချက်နဲ့ ကာတွန်းဇာတ်ကောင်ကို အသက်ဝင်အောင်ဖန်တီးနိုင်တဲ့ နေရာမှာ ပြောင်မြောက်လွန်းလို့ Wall - E ဇာတ်ကားဟာ ၂၀၀၉ ခုနှစ်ရဲ့ ရွှေကမ္ဘာလုံးထူးချွန်ဆု ( 2009 Golden Globe Award for Best Animated Feature Film ) ကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် 2009 Academy Award for Best Animated Feature ဆုနဲ့ အခြားသော ဆု ( ၅ ) ဆုကိုလည်း ထပ်မံရရှိခဲ့ပါသေးတယ်။





ဒီကားထဲမှာ ကျွန်တော် အနှစ်သက်ဆုံး သဘောကျမိတာကတော့ Wall - E နဲ့ EVE တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ လူသားမဟုတ်လို့ ချစ်တယ်လို့ ဖွင့်မပြောကြပေမယ့် သူ့တို့ရင်ထဲမှာ ခံစားနေရတဲ့ လေးနက်တဲ့ ချစ်ခြင်းမေတ္တာတရားကို သူတို့နှစ်ယောက်ရဲ့ မျက်လုံးတွေကနေ တစ်ဆင့် ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ ဒီကားလေးကို ငယ့်အတွက် ကျွန်တော် သိမ်းထားဖြစ်ခဲ့ပါတယ်။ သူ့ဘေးနားကို ရောက်တဲ့ အချိန်မှာ သူ နဲ့တူတူ နောက်တစ်ခေါက်ကြည့်ပြီး Wall - E လိုမျိုးပဲ ကျွန်တော်လည်း သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ပြောပြချင်လို့ပါ။ မရှက်တော့ ပါဘူးနော်။ တကယ် ချစ်နေကြပြီပဲ။

KznT.

How to Undelete the Panel in Linux

Leave a Comment
Linux desktop တွေမှာပါတဲ့ Panels ဆိုတာ Windows မှာပါတဲ့ Taskbar တွေနဲ့ သဘောတရားတူတယ်။ Panel တွေရဲ့ စွမ်းဆောင်ရည်က သူကနေပြီး System menu တွေကို သွားလို့ရမယ် - အချိန်နဲ့ နေ့ရက်တွေ ချိန်ညှိလို့ ရမယ် - ဖော်ပြမယ် - ဘယ် Network နဲ့ ချိတ်ဆက်ထားသလဲ - Wireless လား - ဘာလား စသဖြင့် Network နဲ့ ဆိုင်တဲ့ information ကို ဖော်ပြမယ် - နောက်ပြီး ကိုယ်ဖွင့်ထားတဲ့ Apps တစ်ခုနဲ့ တစ်ခုကြား အလွယ်တကူ ပြောင်းလဲ Access လုပ်ဆောင်နိုင်မယ် စသဖြင့် ဖြစ်ပါတယ်။ အဲမှာ တစ်ခု ရှိလာတာက Linux desktop တွေမှာပါတဲ့ Panels တွေဟာ Windows Vista, 7 တို့လိုမျိုးပဲ တစ်နေရာကနေ နောက်တစ်နေ ( ဆိုလိုတာ အပေါ်အောက် ဘေး ဘယ် ညာ ) ရွှေ့ပြောင်းလို့ ရသလို - နောက်တစ်ဆင့် အနေနဲ့ အလွယ်တကူပါ ဖျက်လို့ ရပါတယ်။ ဆိုးတာလေး တစ်ခုက အဲ့ဒီ့ Panels တွေဟာ ဖျက်ဖို့သာ လွယ်တာ ပြန်ခေါ်ဖို့ဆို အလွယ်တကူ ပြန်ခေါ်လို့ မရပါဘူး - နဲနဲ ရှုပ်တီး ရှုပ်ရှက်နိုင်တယ်။


ကျွန်တော်က Avant Window Navigator သုံးတာမို့လို့ အရင်က အဲ့ Panel ကို မမြင်ချင်ဘူး - အဲ့တာနဲ့ Hide ထားလိုက် - ဘေးဘယ်ညာ ရွှေ့ကြည့်လိုက်နဲ့ လုပ်တယ် - ဒါလည်း အဆင်မပြေဘူး - နောက်ဆုံး ဖြုတ်ရင် ကောင်းမလား - စဉ်းစားတယ် - အဲတာလည်း အဆင်မပြေပြန်ဘူး - ဘာလို့လည်း ဆိုတော့ ပြန်ခေါ်နည်း မသိလို့ - ဒါပေမယ့် လူက ဖြစ်ချင်ပြီ ဆို ချက်ချင်း - စိတ်မထိန်းနိုင်တော့ ပြန်ခေါ်နည်း မသိပဲ Panel ကို ဖြုတ်ထုတ် ပစ်လိုက်တယ် - အဲ့လိုနဲ့ နောက်နေ့ကျတော့ သုံးရင်း သုံးရင်း လူက ဟာတာတာကြီး ဖြစ်လာတယ် - Panel မမြင်ရတော့ စိတ်က ကိုယ့်ကိုယ်ကိုယ် အကျီဝတ်ပြီး ဘောင်းဘီမပါပဲ ခုံပေါ်ထိုင်နေရသလို ဖြစ်လာရော - အဲတာနဲ့ Panel ပြန်ခေါ်လို့ ရအောင် လုပ်မယ် ဆိုပြီး အင်တာနက်ထဲ လိုက်ရှာကြည့်တယ် အင်တာနက်က ပြောရရင်တော့ တော်တော်ကြီးကို အားကိုးရတယ် ဆိုရမယ် - ကျွန်တော် အရင်ကဆို ဘာဆို ဘာမှကို မသိဘူး - သိချင်ပြီဆို တစ်ယောက်ယောက် လိုက်မေးရတာ အမော - အားလည်းနာရတာပေါ့လေ - ခုတော့ အင်တာနက်ထဲ ရှာလာတာ များလို့လား မသိဘူး - လူက တော်ယုံဆို ဘာပြသနာ ဖြစ်ဖြစ် ကောင်းကောင်းရှာတတ်နေပြီ - ဒါလည်း အင်တာနက် ရဲ့ ကောင်းကျိုးတွေပဲ - အရင်က တစ်ယောက်ယောက်ကို မေးလိုက်လို့ အဲ့လူက အားလုံးဖြေနိုင်နေရင် ဒီလူက ဘာမေးမေး အကုန်သိနေတာပါလား ဆိုပြီး အံ့သြမိတယ် - တကယ်တော့ Google ကို ကောင်းကောင်းကန်းကန်း မေးတတ်ရင် တော်ယုံ တန်ယုံ မေးခွန်းလောက်ကတော့ လူတိုင်း ဖြေနိုင်နေတာပဲ - အံ့သြစရာမှာ မဟုတ်တာ :)


ခုလည်း Ubuntu Linux မှာ Panel ပြန်ခေါ်ချင်တော့ လိုက်ရှာကြည့်ရင်း How to Undelete the Panel in Linux ဆိုပြီး ehow မှာ ရေးထားတာ တွေ့မိတယ်။ လိုက်ဖတ်ကြည့်ပြီး ဒီကောင်ကို ပြန်ရေးလိုက်တာ - တစ်ဆင့်ချင်း ကတော့ အောက်မှာ ဖော်ပြထား သလိုပေါ့ - system commands လေးနည်းနည်းလောက် Run လိုက်ရင် နဂို ကိုယ်ဖျက်ထားတဲ့ Panel ပြန်ရောက်လာမယ် - မဆိုးဘူး လွယ်ပါတယ် - သိသွားတော့လဲ :)




  • "ALT+F2" ကို နှိပ်ပြီး ပေါ်လာတဲ့ Search box မှာ "gnome-terminal" လို့ ရိုက်မယ် - ဒီလို ဘာလို့ ခေါ်လဲ ဆိုတော့ ကိုယ့်မှာ Panels တစ်ခုမှ မရှိတော့ပဲ "Applications" menu ကို Access လုပ်လို့ မရဘူးလို့ ယူဆထားလို့ - တကယ်လို့ ရှိတယ် ဆိုရင်တော့ ပုံမှန်အတိုင်း Applications > Accessories > Terminal ကို ခေါ်လည်း ရတယ်။
  • နောက် တစ်ဆင့်မှာ ဒီ စာသုံးကြောင်းကို အပေါ်မှာ ပြထားတဲ့ အတိုင်း ရိုက် - Enter ခေါက် 
  • gconftool --recursive-unset /apps/panel >> Enter
  • rm -rf ~/.gconf/apps/panel >> Enter
  • pkill gnome-panel >> Enter
  • ဒီ သုံးကြောင်း ပြီးသွားရင် Commands ကနေပြီး panels တွေ အားလုံးကို default အနေအထားအတိုင်း Restore ပြန်လုပ်ပေးလိမ့်မယ်။
KznT.

Rar in ubuntu?

Leave a Comment
Windows ကနေ Ubuntu ကို စပြောင်းလာတော့  ပထမဆုံး စတွေ့ရတာ ဖိုင်ချုံ့တဲ့ ပြသနာ - ကိုယ်က Rar သုံးနေကျဆိုတော့ တစ်ခြားဟာတွေကို မသုံးချင်ဘူး - ဒါပေမယ့် Command line ဆိုတာကို သိပ်လည်း နားမလည်သေးတော့ အင်တာနက်ကို တော်တော်ကြီး အားကိုးရတယ် - မသိတာတွေက တော်တော်လေး များတယ် - ပြောပြမယ့် သူက ဘေးနားမှာ မရှိတော့ ကိုယ့်အားကိုယ်ကိုယ်ပြီး အင်တာနက်ထဲက ဝေမျှ သူတွေနောက်ကို လိုက်ရတယ် - ကံကောင်းတယ်ပဲ ပြောရမလား - လိုချင်တာတွေ တော်တော်များများ က ကိုယ်ကလည်း စာဖတ်ဝါသနာ ကြီးတဲ့သူ ဆိုတော့ တွေ့တာ များတယ် - 


ဖိုင်တွေကို ချုံ့ချင်တဲ့ အခါ Rar ကို သုံးချင်ရင် လုပ်ဆောင်နည်းကတော့ Rar package ကို install လုပ်ဆောင်ထားဖို့ပဲ လိုပါတယ်။ တစ်ခါ install လုပ်ထားတာနဲ့ နောက်ဆို archive manager က အလိုလို သိသွားပြီး ဖြည်ပဲ ဖြည်ဖြည် - ချုံ့ပဲ ချုံ့ချုံ့ အဆင်ပြေပြေ လုပ်ဆောင်နိုင်ပါလိမ့်မယ်။ Windows အတိုင်းပဲ ချုံ့မယ့် ဖိုဒါကို Password ပေးလို့ ရသလို Split လုပ်တာကလည်း သာလို့တောင် မြင်ရတာ ရှင်းပါသေး တယ်။ Terminal (applications -> accessories -> terminal) ထဲမှာ ရိုက်ရမယ့် Command ကတော့ -

sudo apt-get update
sudo apt-get install rar


 KznT.

Related Posts