( MM versions ) Computer ebooks collection

1 comment
ကျွန်တော်တို့ နေ့စဉ်ရပ်တည် ဖြတ်သန်းနေရတဲ့ အင်တာနက်ပတ်ဝန်းကျင်ထဲမှာ English လိုရေးထားတဲ့ နည်းပညာရပ်ပိုင်းဆိုင်ရာ Ebooks တွေများသလောက် - မြန်မာလို ရေးထားတဲ့ နည်းပညာဆိုင်ရာ Ebooks တွေက တော်တော် ရှားပါးသလို ရှာဖွေရလည်း ခက်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ထုတ်ဝေသူတွေ ရှိနေပေမယ့် ( အရမ်း စေတနာထား အချိန်ပေးနိုင်လွန်းတဲ့ လူတစ်ချို့ရဲ့ Scan ဖတ်ပြီး တင်ပေးတဲ့ လုပ်ဆောင်မှုကြောင့် တက်လာတဲ့စာအုပ်တချို့ရယ် ၊ ကိုယ်တိုင်အားထုတ်ပြီး ရေးပေးတဲ့ လူတစ်ချို့ရယ်ကြောင့်က လွဲရင် ) အွန်လိုင်းပေါ်ကို မြန်မာလိုရေးထားတဲ့ နည်းပညာဆိုင်ရာ စာအုပ်တွေက တက်မလာခဲ့ပါဘူး။




မြန်မာလူမျိုးထဲမှာ ကွန်ပြူတာ အကြောင်းကို တိတိပပ နားလည်တဲ့သူ ၊ သုံးတတ်တဲ့သူ ၊ ထုတ်လုပ်နိုင်တဲ့သူ - ဒီလုပ်ငန်းနဲ့ ပတ်သတ်ပြီး လည်ပတ်လုပ်ကိုင်နေသူ အမြောက်အများရှိပေမယ့် တစ်ချို့က စာရှင်းပြရတာ ဝါသနာ မပါ၊ တစ်ချို့က စာရေးရတာ ဝါသနာမပါ၊ တစ်ချို့က အချိန်မပေးနိုင် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် မြန်မာဘာသာနဲ့ ရေးထားတဲ့ နည်းပညာရပ်ပိုင်းဆိုင်ရာ Ebooks ဆိုတာ Internet ထဲမှာ အရင်တည်းကလည်း ရှားပါးနေသလို ခုထိလည်း ရှားပါးနေဆဲပါပဲ။

ဒီ အကျပ်အတည်းကြောင့် နိုင်ငံခြားကို အကြောင်းအမျိုးနဲ့ ရောက်လာကြတဲ့ ကျွန်တော်တို့ မြန်မာတွေ သူများနိုင်ငံမှာ မူလတန်း အလယ်တန်းအဆင့် လောက်တည်းကတင်သုံးတတ်တဲ့ applications တစ်ခုကို ကောင်းကောင်း မသုံးတတ်ကြဘူး။ မြန်မာတွေညံ့လို့ မဟုတ်ပါဘူး။ ဒါဟာ ကိုယ်ကိုယ်တိုင်လေ့လာ အားထုတ်မှု နည်းတာကြောင့်လို့လည်း ပြောလို့ရသလို - အလွယ်တကူ လေ့လာနိုင်လောက်အောင် လေ့လာချင်လောက်အောင် ပံ့ပိုးထားမှု မရှိတဲ့ ၊ ပံ့ပိုးပေးသူ မရှိတဲ့ နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့်လည်းပါပါတယ်။ လေ့လာချင်တယ် မြန်မာလိုရှင်းပြ ဖော်ပြထားတဲ့ စာအုပ်က မရှိဘူး။ တစ်ခုခုဆို English လိုရေးထားတဲ့ Ebooks တွေပဲ လက်ညိှုးထိုးထိုးပြကြတယ်။ ကျွန်တော် အင်္ဂလိပ်စာတတ်ပါတယ်။ ဒါပေမယ့် မြန်မာလူမျိုး မြန်မာလိုရှင်းထားတာလေးတော့ ပိုဖတ်ချင်တာပေါ့ဗျာ။ ကိုယ့်ဘာသာ မဟုတ်တဲ့ တစ်ခြားဘာသာစကားတစ်ခုကို ဖတ်ပြီး နားလည်အောင် ကြိုးစားရတာထက် မြန်မာလူမျိုး မြန်မာလိုရေးထားတာကို ဖတ်ပြီး နားလည်ရတာ ပိုပြီး အဆင်ပြေတယ် မဟုတ်ဘူးလား။

ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ၁၀၀ % ကျွန်တော် မစွမ်းဆောင်နိုင်ပေမယ့် ၁ % လောက်တော့ ပံ့ပိုးနိုင်ဖို့ ကျွန်တော် ကြိုးစားကြည့်ချင်ပါတယ်။ အဲ့ဒီ့အတွက် ကျွန်တော့်မှာ စုဆောင်းထားပြီးသားရှိနေတဲ့ မြန်မာလိုရေးသားထားပြီးသား ကွန်ပြူတာ နည်းပညာ ဆိုင်ရာ စာအုပ်လေးတွေကို တစ်ပေါင်းတစ်စည်းတည်း ဝေမျှလိုက်ပါတယ်။ ဒီ စာအုပ်တွေက ကျွန်တော် ရေးထားတာ မဟုတ်ပါဘူး။ ကျွန်တော် အခက်အခဲ ဖြစ်ခဲ့စဉ် တစ်ချိန်က အင်တာနက်မှာ မိှုလိုပေါက်အောင် ဆိုဒ်တကာ လိုက်ရှာ - အင်တာနက်ထဲက တွေ့သမျှ အသိကိုတောင်း ၊ နားလည်သမျှ လူကိုမေးနဲ့ စုဆောင်းထားတာတွေပါ။ စာအုပ်တွေက ဟောင်းကောင်း ဟောင်းနေပါလိမ့်မယ်။ ဒါပေမယ့် ကွန်ပြူတာ အကြောင်းကို အခြေခံ လေ့လာနေသူတွေ applications တစ်ခုအကြောင်းကို တစ်လုံးမှ နားမလည်သေးသူတွေ အတွက်တော့ဒီ မြန်မာလိုရေးထားတဲ့ စာအုပ်တွေထဲက တစ်အုပ်အုပ်က အတိုင်းအတာ တစ်ခုထိ အကူအညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ စာအုပ်တွေအားလုံးထဲမှာ ၂ အုပ်လောက်ကတော့ နည်းပညာနဲ့ မဆိုင်တာလေးတွေ ပါနေပါတယ်။ အဲတာ ကျွန်တော့်အားနည်းချက်ပါ။ Upload တင်ပြီးမှ သတိထားလိုက်မိလို့ပါ။ ဒါပေမယ့်လည်း အကျိုးတော့ မယုတ်ပါဘူး။ ဗဟုသုတတော့ ရကောင်းရနိုင်ပါတယ်။

ဒေါင်းလုပ်ချရင် ရရှိလာမယ့် စာအုပ်စာရင်းက ဒီအောက်မှာပါ။

( MM versions ) Computer ebooks collection

Adobe Acrobat 4.0 (Myanmar Version).pdf
Adobe PageMaker 7.0 (Myanmar Version).PDF
Apache WEB Server (Myanmar Version).pdf
AutoCAD 2002 (Myanmar Version).pdf
AutoCAD 2002 ( Robert Tinaye ) (Myanmar Version).pdf
Basic Windows & MicrosoftWord (Myanmar Version).pdf
Content Management System & Dynamic Portal Engine (Myanmar Version).pdf
Domain Name System ( DNS ) Server(Myanmar Version).pdf
Dynamic Host Configuration Protocol ( DHCP ) (Myanmar Version).pdf
ftp (Myanmar Version).pdf
Google_Apps_email (Myanmar Version).pdf
HARDWARE (Myanmar Version).pdf
How to install Wordpress by mmWordPress (Myanmar Version).pdf
Internet Connection Sharing (ICS) (Myanmar Version).pdf
internet-apply (Myanmar Version).PDF
Laboratory Exercises with Linux (Myanmar Version).pdf
Linus_OS_Myanmar (Myanmar Version).pdf
Linux Myanmar Language (Myanmar Version).pdf
mail server & client (Myanmar Version).pdf
Man and Wife (Myanmar Version).pdf
Maths Book (Myanmar Version).pdf
Matlab MM book (Myanmar Version).pdf
Microsoft Access 2002 (Myanmar Version).pdf
MICROSOFT EXCEL 2002 (Myanmar Version).pdf
Microsoft FrontPage 2002 (Myanmar Version).pdf
Microsoft PowerPoint 2002 (Myanmar Version).pdf
Microsoft Visual Basic 6.0 (Myanmar Version).pdf
Microsoft Windows NetMeeting 3.01 (Myanmar Version).pdf
Min Hla (Myanmar Version).pdf
MS WordXP (Myanmar Version).pdf
Network Address Translation ( NAT) (Myanmar Version).pdf
Networking edition1 (Myanmar Version).pdf
PageMaker 7.0 (Myanmar Version).pdf
pc upgrading (Myanmar Version).pdf
PCupgrade&repair_simplified (Myanmar Version).pdf
Protecting from Network Threats (Myanmar Version).pdf
Protecting from Network Threats(Myanmar Version).pdf
Remote Desktop Environment (Real VNC Version 4.1.1) (Myanmar Version).pdf
Set up a Small Office or Home Office Network (SOHO) (Myanmar Version).pdf
Streaming Server Unreal Server (Myanmar Version).pdf
Streaming Server (Myanmar Version).pdf
Telnet (Myanmar Version).pdf
Understanding PC Harware (Myanmar Version).pdf
Video Conferening Server (Myanmar Version).pdf
web site creating (Myanmar Version).pdf
What is an IP Address (Myanmar Version).pdf
What ments engineer (Myanmar Version).pdf
Windows 2000 Server (Myanmar Version).pdf
Windows 2003 Server DHCP Tuning (Myanmar Version).pdf
Blogger_Handbook_Inside (Myanmar Version).pdf
howtomakemyanmarblog (Myanmar Version).pdf
HTML (Myanmar Version).pdf
Making Blog (Myanmar Version).pdf
making-wordpress-blog (Myanmar Version).pdf

Download ကိုတော့ တတ်နိုင်သမျှ အဆင်အပြေဆုံး ဖြစ်အောင် Multiupload ကနေ တင်ပေးထားပါတယ်။ Links တွေ ခဏခဏ ပျက်တဲ့ ပြဿနာကနေ အတတ်နိုင်ဆုံး ထိန်းထားနိုင်အောင်လို့ပါ။

Computer ebooks collection ( MM versions ).part2.rar (95.4 MB)
http://www.multiupload.com/M9L8RASXC9

Computer ebooks collection ( MM versions ).part3.rar (95.4 MB)
http://www.multiupload.com/XDXJSDCMNL

Computer ebooks collection ( MM versions ).part4.rar (95.37 MB)
http://www.multiupload.com/BG1LWSZ9YG

Computer ebooks collection ( MM versions ).part5.rar (54.91 MB)
http://www.multiupload.com/5VWTL31G89

Computer ebooks collection ( MM versions ) Making Blog.rar (11.3 MB)
http://www.multiupload.com/D5GZFSHYZR

Computer ebooks collection ( MM versions ) Part 1 to 5 က သပ်သပ်တစ်ခု။ Computer ebooks collection ( MM versions ) Making Blog.rar က သက်သက် တစ်ခုပါ။ ( ၂ ) ခုလုံးအတွက် password ကတော့ အောက်ဖော်ပြပါ password တစ်မျိုးတည်းပါပဲ။ အဲ့ ၂ မျိုးကို တစ်ခါစီ ဖြည်ပေးပါ။

Password = www.myanmarfamily.org

မိသားစု အားလုံး နည်းပညာ အခက်အခဲများ ပြေလည်နိုင်ကြပါစေ။

KznT.

1 comment:

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts