Why windows 7 is better ?

Leave a Comment
Windows 7 ရဲ့ အားသာချက်တွေကို တစ်ခြား Windows တွေနဲ့ နိှုင်းယှဉ် ဖော်ပြနိုင်ဖို့ တစ်ညလုံး မနက် ၃ နာရီ ထိုးတဲ့ထိ ရေးခဲ့ရတယ်။ ဒီနေရာကနေ သွားဖတ်ကြည့်။ ဘာမှတော့ မဟုတ်ဘူး ဒါပေမယ့် အတော်ပင်ပန်းတဲ့ အားထုတ်မှု တစ်ခုပါပဲ။

Ultimate Guide to Hard Drive Partitioning Part ( 3 )

Leave a Comment
6. Partition Logic


Partition Logic ဆိုတာလည်း အပေါ်မှာ ပြောခဲ့ဖူးပြီးသား Partition Manager တွေလိုပဲ free hard disk partitioning နဲ့ data management tool တစ်ခုပါပဲ။ ဒီကောင့်ကို အသုံးပြုပြီး Partitions တွေကို Create လုပ်လို့ရတယ်၊ Format လုပ်လို့ ရတယ်၊ Defragment လုပ်လို့ ရတယ်၊ Resize and Move လုပ်လို့ ရတယ်၊ Partitions attributes တွေကို Modify လုပ်လို့ရတယ်။ ဒီကောင့်မှာပါတဲ့ သဘောကျစရာ ကောင်းတဲ့ Feature တစ်ခုက HD တစ်ခုလုံးမှာ ရှိတဲ့ Data တွေကို ဒီ HD တစ်ခုကနေ နောက် HD တစ်ခုစီ Copy ကူးပစ်လိုက်လို့ရတယ်။ Partition Logic က Visopsys operating system အပေါ်မှာ အခြေတည်ထားတဲ့ free software တစ်ခု။ ဒီကောင့်ကို သုံးမယ်ဆိုရင် CD ကနေလည်း run လို့ရသလို Floopy ကနေလည်း run လို့ရတယ်။ ခုလောလောဆယ်မှာ ဒီ Partition Logic ကို free ပေးထားတယ် ဆိုပေမယ့် နောင်တစ်ချိန်မှာ ဒီကောင်က commercial programs တစ်ခု ဘဝကို တက်လှမ်းဖို့လည်း စိုင်းပြင်းနေတယ်။

ဟိုဟာကောင်းတယ် ဒီဟာကောင်းတယ်ဆိုပြီး ပြောထားပေမယ့် ဒီကောင်မှာလည်း ကန့်သတ်ချက်လေး တွေရှိပါသေးတယ်။ 

Partition Logic ရဲ့ ကန့်သတ်ချက်တွေကတော့

• Does not work with some SATA hard disks, no hardware support for non-USB SCSI hard disks
• Supports only DOS/Windows-style MBR partition tables (used on nearly all IBM PC-compatibles)
• No support for Sun or BSD disk labels, or EFI/GPT tables used on Itanium and Intel Mac platforms
• Most important: Cannot format partitions as NTFS (however, it can resize NTFS)
• Cannot resize FAT or EXT filesystems
• No hardware support for serial mice or for PCMCIA

Partition Logic ကို ရယူနိုင်မယ့် နေရာကတော့ ဒီနေရာ

7. SwissKnife


ဒီတစ်ကြောင်းကိုပဲ ဟိုလိုပြောင်းရေးလိုက် ဒီလိုပြောင်းရေးလိုက် ရေးနေရတာ လက်တောင် နဲနဲ ညောင်းလာပြီ ..  SwissKnife ဆိုတာလည်း အပေါ်မှာ ပြောခဲ့ဖူးပြီးသား hard disk partitioning tool တွေလိုပဲ ဒီကောင်ကို သုံးပြီး partitions တွေကို Create လုပ်နိုင်တယ် ၊ Delete လုပ်နိုင်တယ် ၊ partitions တွေကို Format ချနိုင်တယ်။ Internal interfaces တြွေဖစ်တဲ့ IDE နဲ့ SCSI စသဖြင့် နောက်ပြီး External interfaces တြွေဖစ်တဲ့ Hi-Speed USB, Parallel port, PCMCIA, USB On-The-Go, Firewire, SATA interfaces တွေကိုပါ SwissKnife က supports ပေးတယ်။

သူ့ရဲ့ Features တွေကတော့

• Formats faster than the OS (click on chart for details)
• Allows change of cluster size during Full format or Quick Format
• Divides a single hard drive into one or more partitions
• Supports Hi-Speed USB, PCMCIA, SATA, SCSI, USB 1.1, and FireWire® external drives
• Supports Fixed and Removable disk formats
• Supports FAT, FAT32 & NTFS systems
• Allows creation of a single partition of up to 2048GB of FAT32 or NTFS file systems.
• Full format or Quick Format of existing partitions
• Selective partitions can be modified for optimum flexibility

SwissKnife ကို ရယူနိုင်မယ့် နေရာကတော့ ဒီနေရာ

8. Cute Partition Manager ( CPM )


Cute Partition Manager ဆိုတာလည်း User တွေအတွက် အလကားပေးထားတဲ့ အဆင့်မြင့် စွမ်းဆောင်ရည်ပြည့် disk partition management တစ်ခုပဲ။ သူ့ကိုသုံးပြီး ကိုယ့်ကွန်ပြူတာ HD မှာရှိနေတဲ့ Partitions တွေကို add, edit, delete and manage အစုံအကုန်လုပ်လို့ ရတယ်။ Cute Partition Manager ဟာ အရမ်းကို အသုံးပြုရလွယ်ကူပြီးတော့ သူ့ မှာ သိပ်ကောင်းတဲ့ features တစ်ခုက ဘာလဲ ဆိုရင် HD မှာ ကိုယ်လုပ်လိုက်တဲ့ changes တွေကို အတည်မပြု Save မလုပ်သေးခင် Apply ပေးလိုက်တာနဲ့ ဘယ်လိုဖြစ်သွားမယ်ဆိုတာ Preview အနေနဲ့ပြတာပဲ။ Cute Partition Manager က windows all versions (9x,ME,NT,2K,XP,Vista) နဲ့ အသုံးပြုလို့ ရတဲ့ အပြင် DOS , Linux စတာတွေနဲ့လည်း အသုံးပြုလို့ ရတယ်။

Cute Partition Manager ရဲ့ Features တွေကတော့

• Lets you create more than 100 partitions per hard disk.
• Lets you preview changes before you can save them.
• Lets you edit advanced partition parameters such as boot flag, partition type, etc.
• Lets you remove every single partition in your system.
• Does not require an operating system to run (everything is built-in).
• Can be booted from CD, DVD, Blank Floppy, DOS Boot Floppy, etc.

Cute Partition Manager ကို ရယူနိုင်မယ့် နေရာကတော့ ဒီနေရာ

9. EaseUs Partition Master


EaseUs Partition Master Home Edition ဆိုတာကလည်း partitioning utility အတွက် free ပေးထားတဲ့ powerful Partition Master tool တစ်ခုပါပဲ။ ဒီကောင်ကို သုံးပြီး အပေါ်မှာ ပြောခဲ့တာတွေလိုပဲ partitions တွေကို Create လုပ်နိုင်တယ် ၊ Delete လုပ်နိုင်တယ် ၊ partitions တွေကို Format ချနိုင်တယ် ၊ နောက်ပြီး partitions တွေကို hide ထားနိုင်တယ်၊ drive letters တွေကို change နိုင်တယ်၊ active partitions တွေအဖြစ် setting တွေ ချနိုင်တယ်။

EaseUs Partition Master ရဲ့ အသုံးဝင်တဲ့ Features တွေကတော့

• Material support for RAID
• Re-size and move partitions without losing data
• Create and delete partitions with a simple stage
• Allocated in a partition to make easier recognition
• Format of partitions by simple click
• Partition of ownership of every partition
• Conceal and to show partitions - to protect important data
• Specify a boot partition
• Outline of the effects of partitioning of a hard disk before applying
• Works on hard disks of 20GB to 800GB

EaseUs Partition Master ကို ရယူနိုင်မယ့် နေရာကတော့ ဒီနေရာ

10. eXtended FDisk


eXtended FDisk ( ဒါမှမဟုတ် ) XFDISK ဆိုတာ free ပေးတဲ့ DOS FDISK တစ်ခုဖြစ်ပြီး အသုံးပြုသူကို အဆင်ပြေပြေ သုံးစွဲလို့ ရနိုင်အောင် စီစဉ်ပေးထားတယ်။ eXtended FDisk ဟာ bootmanager ပါပါဝင်ပြီးတော့ ကိုယ့် HD မှာ OS ကို တစ်ခုထက် ပိုပြီး သုံးစွဲတဲ့ အချိန်မှာ အလွယ်တကူ သုံးစွဲလို့ ရနိုင်အောင် သူက ကူညီ ပေးနိုင်တယ်။ XFDisk ကို အသုံးပြုပြီး HD တွေကို partitions တွေ စိတ်ပိုင်းပစ်လို့ ရတယ်၊ နောက်ပြီး bootmanager ကို install and configure လုပ်လို့ ရတယ်။ ဒီနေရာမှာ တစ်ခုနားလည်ဖို့ ပြောပြချင်တာက System partition နဲ့ Boot Partition အကြောင်း။

System Partition ဆိုတာ Disk partition ဖြစ်ပြီး အဲ့ဒီ့ partition ထဲမှာ boot sector နဲ့ တခြားဖိုင်တွေ ( ဥပမာ - windows xp နဲ့ သူ့ရှေ့မှာထွက်ခဲ့ဖူးတဲ့ earlier version တွေအတွက် booting လုပ်ဖို့ လိုအပ်တဲ့ NTLDR ဖိုင် ဆိုတာလိုမျိုး ) ပါဝင်တယ်။ ( Windows Vista နဲ့ Windows Sever 2008 မှာတော့ NTLDR ဖိုင်ဆိုတဲ့ နာမည်အစား newer boot loader တစ်ခုဖြစ်တဲ့ bootmgr ဆိုတဲ့ နာမည်နဲ့ အစားထိုးဝင်ရောက်လာတယ် .. ဒီ bootmgr ကို ပြင်ဆင်ချင်တယ် ဘာညာဆိုရင် BCDEdit.exe ဆိုတဲ့ ဟာနဲ့ ပြင်ဆင်တည်းဖြတ်လို့ ရတယ်။ )

Boot Partition ဆိုတာလည်း Disk partition တစ်ခုပဲ ဒါပေမယ့် သူ့ထဲမှာကျတော့ Windows Operating System Files ( Windows folder ) နဲ့ အဲ့ဖိုင်တွေကို support ပေးတဲ့ တစ်ခြားဖိုင်တွေ ( WINDOWS\System32 folder ) ပါဝင်တယ်။ ဒီဖိုင်တွေ အားလုံးဟာ System Partition ထဲမှာ ရှိတဲ့ ဖိုင်တွေနဲ့ ကွာခြားတာ တစ်ချက်က Windows Operating System Files ( Windows folder ) နဲ့ အဲ့ဖိုင်တွေကို support ပေးတဲ့ တစ်ခြားဖိုင်တွေ ( WINDOWS\System32 folder ) အားလုံးက booting အတွက် ဘယ်လိုမှ သွားရောက်ပတ်သတ်ဆက်စပ်မှု မရှိဘူး။ System Partition ရော ၊ Boot Partition ရောက တစ်ခါတစ်လေ Partition တစ်ခုတည်း ( ဥပမာ - Drive C: ) ပေါ်မှာ ရှိတာချင်း တူတာတောင် System Partition နဲ့ Boot Partition ကမတူကြဘူး။

တကယ်လို့ Boot Partition မှာ မှ Primary Partition အပြင် Extended partition ကိုပါ ခွဲထုတ်ပြီး logical drives တွေအဖြစ် သုံးမယ် ဆိုရင်လည်း XFDisk က Extended partition တွေထိ ထိထိရောက်ရောက် manage လုပ်နိုင်တဲ့ပြင် ၊ bootmanager ဆိုတာကလည်း ကိုယ်ပိုင် partition တစ်ခု အနေနဲ့ တည်ရှိနေတာမျိုး မဟုတ်လို့ logical drives တွေကနေ booting လုပ်မယ် ဆိုရင်တောင် support ပေးနိုင်တယ်။ နောက်တစ်မျိုးပြောလို့ ရတာက multi boot system တိုင်းအတွက် bootmgr ပါတဲ့ System Partition တစ်ခုစီတိုင်းဟာ Boot Partition ထဲမှာ ပါဝင်နေတယ်လို့လည်း ပြောလို့ ရတယ်။ နဲနဲတော့ ရှုပ်ပါတယ်။ ဟုတ်ပါတယ် .. Microsoft က ဘာကြောင့် ခုလို ရှုပ်တီးရှုပ်တာ လုပ်ငန်းစဉ်တွေကို သတ်မှတ်လုပ်ဆောင်နေလဲ ဆိုတာတော့ ငါလည်း နားမလည်ပါဘူး။

eXtended FDisk ကို ရယူနိုင်မယ့် နေရာကတော့ ဒီနေရာ

Ultimate Guide to Hard Drive Partitioning Part ( 2 )

Leave a Comment
10 Free Partition Tools

1. Ultimate Boot CD


Ultimate Boot CD ဆိုတာ Bootable CD တစ်ခုမျိုးပဲ .. သူ့ကို သုံးစွဲ ခြင်းဖြင့် ဘာတွေ လုပ်ဆောင်နိုင် မလဲ ဆိုတော့ …
1) floppy-based ကို diagnostic tools တစ်ခုအနေနဲ့ သုံးနေရာကနေ CDROM drives ကနေ ပြောင်းလှဲ့လို့ ရလာမယ်။ ခုနောက်ပိုင်း ထွက်လာတဲ့ PCs တော်တော်များများမှာ floppy drives ကို ဘယ်သူမှ မက်မက်မောမော မသုံးစွဲကြတော့ဘူး .. ဒါကို ကောင်းတယ်မကောင်းဘူး အဖြေထုတ်တာထက် တကယ်လို့ လိုအပ်လာရင် floppy-based ကိုသုံးပြီး ပြင်ဆင်ရမယ့် အခြေအနေမှာ floppy-based မရှိနေတာကတော့ တော်တော်လေး အခက်တွေ့စေတယ်။
2) ဒါပေမယ့် ကောင်းတာတစ်ခုက floppy-based ကိုသုံးမယ့် အစား CDROM drives သုံးခြင်းအားဖြင့် floppy-based ကို သုံးပြီး loading speed ကို ထိုင်စောင့်နေရတာထက်တော့ အချိန်ကုန်ရတာ အများကြီး သက်သာသွားတယ်။
3) နောက်တစ်ခုက bootable CD ထဲမှာ တစ်ခြား ပြုပြင်ပြောင်းလဲလို့ ရတဲ့ tools တွေဆိုတာလည်း အများကြီး ပါသေးတယ်။
4) နောက်ပြီး Ultimate Boot CD ကို USB memory stick ကနေလည်း အပြောင်းအလဲ နဲနဲ ပြုလုပ်ပြီး Run လို့ ရသေးတယ်။


CD ကနေ Boot တက်တဲ့ အချိန်မှာ စာသားတွေနဲ့ ဖော်ပြထားတဲ့ Menu တစ်ခု ပြတယ်။ အဲ့ထဲကနေမှ ကိုယ်သုံးချင်တဲ့ tools တစ်ခုခုကို ရွေးပြီး သုံးယုံပဲ။ 

UBCD မှာ အသုံးဝင်တဲ့ tools တွေ မနည်းဘူးပါတယ် ဒီကောင်တွေပေါ့ : CPU Tests, Memory Tests, Peripherals Tools, CPU Information, System Information, Benchmark Tools, BIOS Tools, Hard Disk Installation Tools, Hard Disk Diagnostic Tools, Hard Disk Device Management Tools, Hard Disk Wiping Tools, Hard Disk Cloning Tools, Hard Disk Low-Level Editing Tools, Partition Tools, Boot Managers, File Tools, NTFS Tools, Anti-Virus/Malware Tools, Network Tools, DOS Boot Disks and Linux Boot Disks.

Ultimate Boot CD ကို ရယူနိုင်မယ့် နေရာကတော့ ဒီနေရာ

2. Gparted Live


Gparted ကို သုံးခြင်းအားဖြင့် Partitions တွေကို ဖွဲ့စည်းခြင်း၊ ဖျက်ဆီးခြင်း၊ ချုံ့/ချဲ့ ခြင်း ၊ ရွေ့ပြောင်းခြင်း ၊ စစ်ဆေးခြင်း ၊ ကော်ပီကူးယူခြင်း ဆိုတာတွေ လုပ်ဆောင်နိုင်တယ်။ Gparted Live ကို သုံးပြီး new operating systems တွေအတွက် space တွေ ဖန်တီးခြင်း ၊ disk usage တွေကို reorganize လုပ်ခြင်း စသဖြင့် အများကြီး လုပ်ဆောင်လို့ ရတယ်။ GParted Live က x86 machine တွေ အတွက် ထုတ်ထားတဲ့ bootable GNU/Linux distribution တစ်ခုဆိုလည်း ဟုတ်တယ်။ 

Note : Gparted Live ကို Windows XP/Vista installations မှာ အသုံးပြုမယ် ဆိုရင်တော့ သတိပြုရမှာ တွေ ရှိသေးတယ်။ ဖတ်ချင်ရင်တော့ Documentation - GParted forum နဲ့ Using GParted to Resize Your Windows Vista Partition ကိုသွားဖတ်ပါ။

Gparted Live ကို ရယူနိုင်မယ့် နေရာကတော့ ဒီနေရာ

3. System RescueCD

System RescueCD ဆိုတာ Linux system နဲ့ bootable CD-ROM တစ်ခု ဖြစ်ပြီး ကွန်ပြူတာ Crash ဖြစ်တဲ့ အချိန်မှာ system ကို ပြုပြင်ဖို့နဲ့ Data တွေကို recovery လုပ်ဖို့ သင့်တော်တဲ့ Freeware တစ်ခု ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ tools တွေလိုပါပဲ။ ဒီကောင်မှာလည်း HD မှာ partitions တွေ create လုပ်တာ edit လုပ်တာတွေ လုပ်ဆောင်လို့ ရတယ်။ ဒီ System RescueCD မှာ အခြေခံ tools တွေ ဖြစ်တဲ့ (editors, midnight commander, network tools) တွေပါသလို တစ်ခြား system tools တွေ ဖြစ်တဲ့ (parted, partimage, fstools, ...) တွေလည်း ပါတယ်။ အသုံးပြုရလည်း လွယ်ကူတယ် .. အခွေထိုးထည့် Boot တက်ခိုင်းပြီး သုံးယုံပါပဲ။ kernel က network file systems တြွေဖစ်တဲ့ (samba and nfs) တွေတင်မက အခြားအရေးကြီးတဲ့ file systems တွေ ဖြစ်တဲ့ (ext2/ext3/ext4, reiserfs, reiser4, btrfs, xfs, jfs, vfat, ntfs, iso9660) ဆိုတာတွေကိုလည်း support ပေးထားသေးတယ်။

System RescueCD ကို သုံးစွဲမယ် ဆိုရင် ဒါတွေ လုပ်ဆောင်နိုင်တယ် ..

• GNU Parted creates, resizes, moves, copies partitions, and filesystems (and more).
• GParted GUI implementation using the GNU Parted library (see previous post).
• Partimage saves / restores partitions to an image file on another partition or to another system.
• FSArchiver flexible tool to save/restore a filesystem to a compressed archive.
• File systems tools (for Linux and Windows filesystems): format, resize, and debug an existing partition of a hard disk
• Ntfs3g: enables read/write access to MS Windows NTFS partitions.
• sfdisk saves / restores partition table (and more).
• Test-disk tool to check and undelete partition, supports reiserfs, ntfs, fat32, ext2/3 and many others
• Memtest+ to test the memory of your computer (first thing to test when you have a crash or unexpected problems)
• Network tools (Samba, NFS, ping, nslookup, ...) to backup your data across the network

System RescueCD ကို ရယူနိုင်မယ့် နေရာကတော့ ဒီနေရာ

4. TestDisk

TestDisk က စွမ်းဆောင်ရည်ပြည့်ဝတဲ့ Free data recovery software ပါ။ ဒီကောင့်ကို သုံးပြီး ပျက်စီးသွားတဲ့ ပျောက်ဆုံးသွားတဲ့ partitions တွေကနေ လိုချင်တဲ့ data တွေ recovery ပြန်လုပ်လို့ ရတယ်။ နောက်ပြီး Partition Table ကို delete လုပ်မိရာကနေ ဒါမှ မဟုတ် software တစ်ခုခု မှားယွင်းသုံးစွဲမိရာကနေ ဒါမှမဟုတ် viruses တစ်မျိုးမျိုး ( သို့တည်းမဟုတ် ) မှားယွင်းသုံးစွဲသူ တစ်ယောက်ယောက်ကြောင့် ဖြစ်ပေါ်တတ်တဲ့ non-booting disks တွေကို bootable ပြန်ဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်တယ်။TestDisk မှာ သာမန်သုံးစဲွသူအတွက်ရော ကျွမ်းကျင်သူတွေ အတွက်ပါ စုံလင်တဲ့ features တွေလည်း ရှိတယ်။

TestDisk ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကတော့

• Fix partition table, recover deleted partition
• Recover FAT32 boot sector from its backup
• Rebuild FAT12/FAT16/FAT32 boot sector
• Fix FAT tables
• Rebuild NTFS boot sector
• Recover NTFS boot sector from its backup
• Fix MFT using MFT mirror
• Locate ext2/ext3 Backup SuperBlock
• Undelete files from FAT, NTFS and ext2 filesystem
• Copy files from deleted FAT, NTFS and ext2/ext3 partitions.

TestDisk ကို ရယူနိုင်မယ့် နေရာကတော့ ဒီနေရာ

5. Ranish Partition Manager


Ranish Partition Manager ဆိုတာလည်း စွမ်းဆောင်ရည်ပြည့်ဝတဲ့ hard disk partitioning tool တစ်ခုပါပဲ။ Ranish Partition Manager ကို သုံးစွဲပြီး partitions တွေကို Create လုပ်နိုင်တယ် ၊ Copy လုပ်နိုင်တယ် ၊ Primary နဲ့ Extended Partitions တွေကို Resize လုပ်နိုင်တယ်။ နောက်ပြီး Ranish Partition Manager မှာ command line interface နဲ့ simulation mode ပါပါဝင်ပြီးတော့
real hard drive partition မှာ အမှန်တကယ် လုပ်ဆောင်မှု မပြုခင် ကြိုတင်ပြင်ဆင်မှု တစ်ခုအနေနဲ့ လေ့ကျင့်ပြင်ဆင်နိုင်သေးတယ်။

Ranish Partition Manager ကို ရယူနိုင်မယ့် နေရာကတော့ ဒီနေရာ

Valentine's Day

Leave a Comment

ငယ် မသိလို့ပါ
ကိုက ငယ့်ကို ချစ်နေတာ ကြာလြှပီ .. အင်းပေါ့ .. ငယ် ကို့ကို လုံးဝ စိတ်မဝင်စားသေးခင် အချိန်ထဲကပေါ့ ..

Valentine’s Day .. ငယ်ပြောဖူးတယ် .. ဒီနေ့က ကိုတို့အတွက် ဘာမှ အရေးမပါတဲ့ နေ့တစ်နေ့တဲ့ .. ဒီ Valentine’s Day မှာ ကိုယ်တို့ အထိမ်းအမှတ် ချစ်သူနေ့လည်း မရှိဘူး .. ၂ ယောက်လုံးရဲ့ မွေးနေ့လည်း မရှိဘူး .. အဲ့ကြောင့်မို့ ဘာအမှတ်တရ အထိမ်းအမှတ်မျိုးမှ လုပ်ဖို့ မလိုပါဘူးတဲ့ .. ကိုယ်လက်ခံခဲ့ပါတယ်။ ဒါပေမယ့် မလိုအပ်ဘူးဆိုတာ ၂ ယောက်လုံးအတွက် မဖြစ်သင့်ဘူး .. ကိုယ့်အတွက်ပဲ ဖြစ်သင့်ပါတယ် .. ကိုယ်က ယောကျာင်္းလေးလေ .. ဘယ်အရာမဆို ဒေါင်ကျကျ ပြားကျကျ လက်ခံနိုင်တယ် .. ငယ်ကတော့ ကိုယ်နဲ့ မတူဘူး .. မိန်းကလေး ။ ချစ်သူရှိပေမယ့် ကိုနဲ့ အမြဲ လိုလို ဝေးနေရတဲ့သူ .. ငယ် ပင်ပန်းနေမလား .. ကို့ကို စိတ်ကုန်နေမလား .. ကိုသိပါတယ် ငယ် ဒီလို မိန်းကလေးမျိုးမဟုတ်ဘူး … ငယ်က သီးခံ စိတ်ရှည်တတ်တဲ့ မိန်းကလေး တစ်ယောက်။ နောက်ပြီး သစ္စာလည်း ရှိတယ်။

ငယ် ပေးဆပ်ရတဲ့ အချိန်တွေတိုင်းအတွက် ထိုက်တန်မယ့် လက်ဆောင်တစ်ခု ကို အမြဲ ပေးချင်ခဲ့တယ်။ အဲတာ ဒီနေ့ပေးတဲ့ အရုပ်မဟုတ်ပါဘူး။ ကို ငယ့်ကို ပေးချင်တာ ပျော်ရွှင်မှုပါ။ ငယ့်ကို အမြဲ ပျော်ရွှင်နေစေချင်တယ်။ ဘဝတစ်ခုလုံး ကိုနဲ့ တူတူရှိနေမယ့် အချိန်တိုင်းမှာ ကို့ကြောင့် ငယ် ဘယ်တော့မှ စိတ်မဆင်းရဲစေရဘူး .. နောင်တ မရစေရဘူး .. အရာရာကို ရင်ဆိုင်ရဲစေရမယ်။ ဒါ ကို မျှော်လင့်ထားတဲ့ ငယ့်ကို ပေးချင်တဲ့ အနာဂတ်ပဲ။ ငယ့်ဆီက ဘာမှ မမျှော်လင့်ပါဘူး။ ငယ် ကို့ကို အမြဲ ချစ်နေမယ်ဆို ကျေနပ်ပါပြီ။ ကို့ အတွက် ဘာမှ မလိုဘူးလေ .. ငယ် တစ်ယောက်လုံးရခဲ့ပြီးပြီပဲ။ ကျေနပ်ပါပြီ။

ကို

Ultimate Guide to Hard Drive Partitioning Part ( 1 )

Leave a Comment

Disk partitioning လုပ်တယ် ဆိုတာ HD တစ်ခုလုံးရဲ့ Data သိုလှောင်နိုင်တဲ့ ပမာဏအကြီးကြီး တစ်ခုလုံးကို အစိတ်အပိုင်း အခန်းငယ်လေးတွေ အဖြစ် အခန်း တစ်ခုချင်းစီ၊ အကန့် တစ်ကွဲချင်းစီအလိုက် သိုလှောင်ရာ အခန်းငယ်တွေ ခွဲ ထုတ်ပစ်လိုက်တာကို ခေါ်တယ်။ ဘာနဲ့ တူသလဲ ဆိုရင် အိမ်အကြီးကြီး အသစ်တစ်လုံး ဆောက်ပြီးသွားတဲ့ အခါ အဲ့ဒီ့ အိမ်အကြီးကြီးထဲမှာ အိပ်ခန်း ၊ ဧည့်ခန်း ၊ ရေချိုးခန်း ၊ ထမင်းစားခန်း ၊ မီးဖိုခန်း စသဖြင့် စိတ်ပိုင်း ပစ်လိုက်သလိုပေါ့ .. သိုလှောင်နိုင်စွမ်း ပမာဏ အများကြီး ရှိတဲ့ HD တစ်လုံးကို ခုလိုမျိုး partition မလုပ်ပဲ မပိုင်းပဲ သုံးရင်ရော မရဘူးလားလို့ မေးစရာတော့ ရှိတယ် .. ရတယ် .. သုံးပေါ့ .. ဘာမှတော့ မဖြစ်ဘူး .. ဒါပေမယ့် ဘာနဲ့ တူနေမလဲ ဆိုရင် ခုနပြောခဲ့တဲ့ အိမ်အကြီးကြီး တစ်ခုတည်းမှာ အခန်းမဖွဲ့ပဲ ရေချိုးလည်းဒီနေရာ ထမင်းစားလည်း ဒီနေရာ အိမ်သာတက်လဲ ဒီနေရာ ဆိုပြီး လုပ်နေသလို ဖြစ်နေမှာပေါ့ .. ဒီသဘောပါပဲ .. Disk partitioning ကို ဘာကြောင့် အကျယ်ချဲ့ နေရသလဲ ဆိုရင် လူမှု ပတ်ဝန်းကျင်မှာ စနစ်ကျန နေထိုင်တတ်မှုက အရေးပါသလိုမျိုး ကွန်ပြူတာတစ်လုံးမှာလည်း Disk partitioning ကို မှန်ကန်သေချာ စိတ်ဖြာသုံးစွဲ တတ်ခြင်းဟာလည်း ကွန်ပြူတာ တစ်လုံးရဲ့ကြာရှည် အသုံးခံနိုင်စွမ်းနဲ့ သူ့ ရဲ့ စွမ်းဆောင်ရည်ကို အများကြီး အကျိုးပြုစေလို့ ပါပဲ ..


ပုံမှန်အားဖြင့် HD တစ်လုံးကို စတင်အသုံးပြုတော့မယ် ဆိုတာနဲ့ Partition ဖွဲ့စည်းမှု တစ်ခု လုပ်ကို လုပ်ကြရတယ်။ HD တစ်ခုကို Partition လုပ်လိုက်ပြီဆိုတာနဲ့ အသုံးပြုမယ့် နည်းလမ်းတွေ ၊ ဖိုင်သိုလှောင်မှု လမ်းကြောင်းတွေ ဆိုတာလည်း သူ့နေရာနဲ့ သူ ပြောင်းလဲ သွားတယ်။ အဲ့ကြောင့်မို့လို့ HD တစ်ခုကို Partition ဖွဲ့စည်းလိုက်တာနဲ့ နောက်ပိုင်းကာလမှာ ကွန်ပြူတာရဲ့ OS အချိန်းအပြောင်းတွေ ၊ Partition အရွယ်အစား အတိုးအလျော့ တွေ၊ unallocated space တွေမှာ new partitions ဖွဲ့စည်းမှု ဆိုတာတွေ၊ နောက်ပြီး ဖျက်ထုတ်လိုက်ပြီးသား Partition တစ်ခုအတွက် ဖျက်ထုတ်ပြီးခါမှ အရေးကြီး data တွေ ပြန်လိုချင်လို့ Undelete ပြန်လုပ်ချင်ပါတယ် ဆိုတာတွေဟာ administrator နဲ့ power user တွေ အတွက် အမြဲ ရင်ဆိုင်ရမယ့် ပြဿနာရပ်တွေ အနေနဲ့ ရောက်ရှိလာရတယ်။

ဒီပြဿနာရပ်တိုင်းကို မဟုတ်ပေမယ့် ပြဿနာရပ်တော်တော်များများကို အချိန်တိုတိုအတွင်းမှာ အလွယ်တကူ ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ ခုခေတ်မှာတော့ ရှိနေပါပြီ။ Hard disk partitioning tools လို့ အလွယ်ပြောကြတာပေါ့။ Hard disk partitioning tools က အသုံးပြုသူတိုင်းအတွက် Partition အသစ်တစ်ခု Create လုပ်ချင်တာမျိုးတွေ၊ ရှိနေပြီးသား partitions တွေထဲကမှ ဆိုဒ်ကြီးနေတဲ့ partitions ကနေ ဆိုဒ်ကိုလျော့ပြီး partitions အသစ်ခွဲထုတ်မယ့် လုပ်ငန်းစဉ်တွေ စသဖြင့် ဒီလို အစရှိတဲ့ လုပ်ငန်းစဉ်တွေကို HD ထဲမှာ ရှိနေတဲ့ အသုံးပြုသူရဲ့ data တွေ တစ်ချက် မဆုံးရှုံးစေပဲ အလွယ်တကူ ပြုလုပ်နိုင်တယ်။ အဲ့ဒီ Hard disk partitioning tools တွေကနေ အလွယ်တကူပဲ partitions တွေကို Create လုပ်နိုင်တယ် .. Format ချနိုင်တယ်။

Hard Drive Partitioning အတွက် သတိပြုရမယ့် အချက်

Hard disk partitioning tools တော်တော်များများဟာ အသုံးပြုသူတွေကို လက်ရှိ HD မှာ အသုံးပြုထားတဲ့ File type တစ်ခုကနေ အခြား File type တစ်ခုကို ပြောင်းလဲလို့ ရအောင် စီစဉ်ပေးထားတယ်။ ( ဥပမာ from NTFS to FAT/FAT32 )ဒါကလည်း နားလည်ပြီးသူတွေအတွက် အသုံးတည့်ပေမယ့် လက်တည့် စမ်းတတ်သူအတွက်တော့ သတိထားစရာတွေလေးတွေ ရှိလာတယ်။ ဘာလဲဆိုတော့ File type ပြောင်းလဲမှု အခြေအနေတော်တော်များများမှာ ( အထူးသဖြင့် from NTFS to FAT/FAT32 ) ဖိုင်တွေ အတွက် NTFS permissions (ACLs) ဆုံးရှုံးမှု တွေ ဖြစ်စေတတ်တာမျိုး ၊ နောက်ပြီး EFS က ဖိုင်တွေကို encrypt လုပ်တဲ့ နေရာတွေမှာ အဲ့ဖိုင်တွေကို access လုပ်လို့ မရတော့တာမျိုး ဒါတွေ ဖြစ်လာတတ်တယ်။ အဲ့ကြောင့် File type အချိန်းအပြောင်းတွေကို ထင်ရာလုပ်လို့ မရဘူး။ သတိထားရမယ်။ EFS ဆိုတာ Encrypting File System ၊ ACL ဆိုတာ Access Control List ..

ခုလို သတိထားရမယ့် အချက်တွေ ရှိသလို ဒီ Hard disk partitioning tools တွေကနေပဲ အကျိုးပြုတာတွေလည်း အများကြီး ကျန်နေသေးတယ်။ Hard disk partitioning tools ကို အသုံးပြုပြီး မှားယွင်း ဖျက်ထုတ်လိုက်မိတဲ့ Partitions ထဲက Data တွေကို အဲ့ဒီ Disk မှာသာ Damage ဖြစ်မနေခဲ့တာ သေချာရင် Recover ပြန်လုပ်ပေးနိုင်တယ်။ Hard disk partitioning tools တိုင်းမှာ မဟုတ်ပေမယ့် တစ်ချို့ Hard disk partitioning tools တွေမှာပဲ HD ပေါ်မှာ ရှိနေတဲ့ Location တစ်ခုထဲက partitions တစ်ခုကို တစ်ခြား Location တစ်ခုဆီ Data ပျက်စီး ဆုံးရှုံးမှု မရှိပဲ ရွေ့ပြောင်းပေးနိုင်သေးတယ်။

Note: ဒီ guide မှာ ပါတဲ့ အကြောင်းအရာတွေကို အတတ်နိုင်ဆုံး အတိအကျဆုံး ဖြစ်အောင် ရေးထားတယ်။ ဒါပေမယ့် Software ကမ္ဘာဆိုတာကြီးက အချိန်တိုင်း ပြောင်းလဲ နေတာမို့လို့ ခုချိန်မှာ ဒါလုပ်လို့ မရဘူး ဒါလုပ်လို့ ရတယ်လို့ ပြောထားပေမယ့် နောင်တစ်ချိန်မှာ ခုလို ပြောထားတာတွေက မှန်ချင်မှ မှန်လိမ့်မယ်ဆိုတာ သိထားဖို့တော့ လိုတယ်။ 

Disclaimer: ဒီအကြောင်းအရာကို ရေးသူ တစ်ယောက် အနေနဲ့ ဒီအကြောင်းအရာရဲ့ အောက်မှာ ဖော်ပြထားတဲ့ Hard disk partitioning tools တစ်ခုခုကို မှားယွင်း သုံးစွဲမိရာကနေ ဖြစ်ပေါ်လာနိုင်တဲ့ Data ဆုံးရံှုးမှုတွေ ၊ Computer ရဲ့ လုပ်ဆောင်ချက် ထိခိုက်ချွတ်ယွင်းမှုတွေ အတွက် တာဝန်ယူ ဖြေရှင်းပေးမှာမဟုတ်ဘူး ဆိုတာ ကြိုပြောထားချင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ Hard disk partitioning tools တွေဟာ သုံးစွဲဖို့ သင့်တော်လို့ အကြံပြုထုတ်ပြယုံသာ ဖြစ်ပါတယ်။ သုံးစွဲမှုပိုင်းအတွက် software creators’ တွေကနေ ရေးသားထားတဲ့ သုံးစွဲမှု လမ်းညွှန်တွေ manuals တွေကို စနစ်တကျ လေ့လာပြီးတော့မှ ကိုယ့်ကွန်ပြူတာမှာ စမ်းသပ်သုံးစွဲပါ။ ဒီအောက်မှာ ဖော်ပြထားတာတဲ့ Hard disk partitioning tools တွေအားလုံးဟာ Free products တွေချည်းပါပဲ ..။ Free Products တွေကို သုံးစွဲဖို့ စိတ်မရဲရင်တော့ ပိုက်ဆံပေး ဝယ်သုံးရတဲ့ paid product တစ်ခုခုကို သုံးဖို့ ပြောချင်တယ်။ paid product တွေကိုသုံးခြင်း အားဖြင့်တော့ ကိုယ့်ဘာသာ ဘာပဲလုပ်လုပ် တစ်ခုခု အခက်အခဲ တွေ့ပြီဆိုရင် technical support အချိန်မရွေးရနိုင်တယ်။

ဆက်ရန် >>

Windows Vista Step By Step Installation Guide

Leave a Comment
Windows Vista Installation က မခက်ပါဘူး .. တော်တော်များများလည်း ရေးဖူးကြတယ် .. ဒါပေမယ့် ဒီအကြောင်းကိုပဲ အိမ်ပြန်ရင် ကိုယ့်ကလေးတွေ ကိုယ်ပြောပြနိုင်ဖို့ အမှတ်တရ ရေးလိုက်တယ်။


အဆင့် ( ၁ )



ကိုယ့်ရဲ့ System ကို CD ကနေ Boot လုပ်ဖို့ ပြင်ဆင်ပြီးသွားတဲ့ နောက်မှာ Restart ပြန်အတက် Installation ခွေ ထည့်အပြီး  မြင်ရမယ့် Screen က ဒီလို။ ဒီအဆင့်က installation ဆက်လက်လုပ်ဆောင် နိုင်ဖို့ အတွက် လိုအပ်တဲ့ Driver files တွေကို Loading လုပ်ဆောင်နေတဲ့ အဆင့်။
အဆင့် ( ၂ )
Windows Vista installation progress ဟာ နောက်ကွယ်မှာ ဆက်လက် လုပ်ဆောင်နေကြောင်း ဖော်ပြနေတဲ့ Screen။ ဘာမှ လုပ်ဆောင်ဖို့ မလို စောင့်ကြည့်နေယုံပဲ။
အဆင့် ( ၃ ) 
ဒီအဆင့်မှာ ကိုယ့်စက်မှာ အသုံးပြုမယ့် Language , Time နဲ့ Currency format အပါအဝင် ကီးဘုတ် အမျိုးအစားကိုပါ ရွေးချယ်ပေးရမယ်။ ပြီးရင် Next ..

အဆင့် ( ၄ )


အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ဒီအဆင့်မှာ Install Now .. ဒီ installation ဟာ Clean installation မို့လို့ ပုံမှန်အားဖြင့် အောက်မှာတွဲပါနေတဲ့ Repair your computer တို့ ဘာတို့ကို ထည့်သွင်း စဉ်းစားဖို့ မလိုဘူး .. အဲကောင်တွေက နဂိုရှိပြီးသား Windows Vista error တစ်ခုခု တက်ပြီး ပြန်ပြင်ချင်ရင် သုံးတာ .. လောလောဆယ်တော့ Install now ကိုပဲ ..

အဆင့် ( ၅ )


Install Now ကို နှိပ်လိုက်ပြီးနောက်မှာ Setup စတင်လုပ်ဆောင်ပါပြီ ဆိုတဲ့ အကြောင်း ပြတဲ့ Screen တက်လာတယ် .. မိမိစက်ရဲ့ စွမ်းဆောင်ရည်ကို လိုက်ပြီး ဒီနေရာမှာ အချိန်အနဲနဲ့ အများကြာနိုင်မယ် ..

အဆင့် ( ၆ )


တကယ်လို့ ကိုယ်ဟာ တကယ့် Genuine Windows Vista DVD ဝယ်ခဲ့တယ် ဆိုရင် ဒီနေရာမှာ အဲ့ DVD နဲ့ တူတူ ပါလာတဲ့ Product key ကို ထည့်ပေးရမယ်။ တကယ်လို့ ကိုယ်သုံးတဲ့ DVD က မူရင်းခွေ မဟုတ်ဘူး ဆိုရင် Automatically activate Windows when I'm online. ဆိုတာကို ကလစ်ပေးပြီး ဝင်းဒိုးတက်လာမှ Windows Genuine Crack တစ်ခုနဲ့ Genuine ဖြစ်သွားအောင်လုပ်လို့ ရသလို တကယ်လို့ ကိုယ့် အခွေက ပြင်ဆင်ထားတဲ့ Activated လုပ်ပြီးသား အခွေ ဆိုရင်လည်း ဒီနေရာမှာ Automatically activate Windows when I'm online. ကိုပဲ ဘေးက Check box မှာ အမှတ်ပေးပြီး ရှေ့ဆက်သွားလို့ ရတယ်။ အခွေတွေတိုင်းလည်း အဲလိုမျိုး လုပ်နေရတာ မဟုတ်ဘူး .. တစ်ချို့အခွေတွေ မှာ ဒီအဆင့်ကို မေးကို မမေးဘူး .. ဝင်းဒိုး ပြင်ရေးတဲ့ သူတွေ ကိုယ်တိုင်က တစ်ခါတည်း Activate လုပ်ပြီး ဒီအဆင့်ကို မျက်စိမရှုပ် အလုပ်မရှုပ်အောင် ဖျောက်ပေးထားတယ် .. ကောင်းတာပေါ့ .. လောလောဆယ်တော့ Next ..

အဆင့် ( ရ )


ဒီအဆင့်မှာကတော့ သူတို့ ဖော်ပြထားတဲ့ License Agreement ကို အသုံးပြုက နားလည်သဘောပေါက်ပြီး သဘောတူ လက်ခံပြီးကြောင်း အတည်ပြုစေတဲ့ နေရာ .. ဒီနေရာမှာ I accept the license terms ကို Select လုပ်ပြီးမှာ ရှေ့ဆက် လုပ်ဆောင်လို့ ရမယ်။

အဆင့် ( ၈ )


ဒီအဆင့်မှာ ကိုယ်လုပ်မယ့် Setup က Upgrade installation လား Custom installation ဆိုတာ ရွေးပေးရမယ် .. Upgrade installation ဆိုတာ အလွယ်ပြောရရင် နဂိုရှိပြီး Windows ( ဥပမာ - XP ) ကနေ နောက်သူ့ထက်မြင့်တဲ့ Versions ( ဥပမာ - Windows Vista ) တစ်ခုဆီ မြှင့်တာကို ခေါ်ပြီး .. Custom ဆိုတာကတော့ နဂိုရှိပြီးသား ဝင်းဒိုးရှိနေမယ် ဆိုရင်တောင် ဒီ ဝင်းဒိုးအသစ်နဲ့ အစကနေ အဆုံး အသစ်တစ်ခုအနေနဲ့ အစားထိုးစေတာကို ခေါ်တယ် .. Custom installation ကို Clean installation လုပ်ဆောင်မှု အနေနဲ့ သုံးတယ်။

အဆင့် ( ၉ )


ဒီပုံမှာတော့ Unallocated space ဆိုပြီး 64GB ရှိတဲ့ Disk တစ်ခုပဲ ရှိလို့ Windows Setup ကို ဒီမှာပဲ တင်ရမယ် .. တကယ်လို့ ပါတေးရှင်း ၂ ခုရှိနေရင်တော့ ကြိုက်ရာ တစ်ခုမှာ ရွေးတင်နိုင်တယ် ..ဒီ နေရာမှာပဲ ACPI/RAID/SATA controller တွေအတွက် လိုအပ်မယ့် Drivers တွေကို Load Driver Option ကနေ တစ်ဆင့် install လုပ်လို့ ရတယ် .. တစ်ခြားဖြည့်သွင်းရမယ့် Drivers မရှိခဲ့ရင် Next ကိုနှိပ်။

အဆင့် ( ၁၀ )

 

 ဒီ advanced options ပေါ်လာခဲ့ပြီ ဆိုရင် ဒီနေရာကနေ ပါတေးရှင်း တစ်ခုတည်း ရှိတာကို ၂ ခု ( သို့တည်းမဟုတ် ) ၃ ခု အစရှိသဖြင့် ခွဲတာတွေ .. နဂိုရှိနေပြီးသား ပါတေးရှင်း အဟောင်းကို Format ချတာတွေ လုပ်ဆောင်နိုင်မယ်။ ရည်ရွယ်ထားတဲ့ ပါတေးရှင်းမှာ လုပ်ဆောင်ချင်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်သွားပြီရင်တော့ Next ကို နှိပ်။

အဆင့် ( ၁၁ )

ဒီအဆင့်ကတော့ Windows Vista installation ရဲ့ အဓိကအပိုင်းဖြစ်တဲ့ major components တွေ install လုပ်တဲ့ အပိုင်း .. ဒီ Process က စက်ရဲ့ စွမ်းဆောင်ရည်ပေါ်လိုက်ပြီး ၁၀ မိနစ်ကနေ မိနစ် ၆၀ ပတ်ဝန်းကျင် ကြာမြင့်နိုင်တယ်။

အဆင့် ( ၁၂ )

အထက်က အဆင့်မှာဖော်ပြခဲ့တဲ့ လုပ်ဆောင်မှုတွေ တစ်ဆင့်ချင်း ( အောက်ဆုံး Completing installation  အဆင့်မပါ ) အဆင့်အားလုံး ၁၀၀ % လုပ်ဆောင်ပြီးရင် ဒီ အဆင့်မှာ ကွန်ပြူတာ Reboot ကျသွားမယ်။ စောင့်ရတာ စိတ်မရှည်လို့ ချက်ချင်း ကျစေချင်ရင် Restart Now ကို နှိပ်လို့လည်း ရတယ်။
အဆင့် ( ၁၃ )
ပထမဆုံး အကြိမ် Windows ရဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်နေပြီ .. 

အဆင့် ( ၁၄ )
အဆင့် ( ၁၁ ) မှာ မပြီးဆုံးသေးပဲ ကျန်နေခဲ့တဲ့ နောက်ဆုံးအဆင့် Completing installation အဆင့်ကို ဒီအဆင့်မှာ သူ့ဘာသာသူ ဆက်လုပ်တယ်။

အဆင့် ( ၁၅ )
System အတွက် ပထမဆုံး User Account ကို  Create လုပ်ပေးရမယ် .. Login Screen မှာ ဖော်ပြမယ့် Icon ကိုလည်း စိတ်ကြိုက်ရွေးပေးရမယ် .. create လုပ်ခဲ့တဲ့ အကောင့် အတွက် password ကို ပေးရမယ်။ သေချာစေချင်လို့ ၂ ခါပေးခိုင်းတယ်။ ပြီးတော့ တကယ်လို့ ကိုယ့် password ကို မေ့သွားခဲ့မယ် ဆိုရင် ရုတ်တရက် အစပြန်ခေါ်လို့ ရအောင် password hint ကိုပါ ပေးပေးရမယ်။ ( ဥပမာ - password ကို အဖေ့နာမည် ပေးထားမယ်ဆိုရင် hint မှာ my father name ) ဆိုတာမျိုး။

အဆင့် ( ၁၆ )
Network နဲ့ ချိတ်ဆက် အသုံးပြုတဲ့ အခါ Network ထဲမှာ ကိုယ့်ကွန်ပြူနဲ့ တစ်ခြားကွန်ပြူတာတွေ မြင်သာထင်ရှားစေဖို့နဲ့ တစ်ခြားလိုအပ်တဲ့ File Sharing ဆိုင်ရာ လုပ်ငန်းဆောင်တာတွေ အလွယ်တကူ လုပ်ဆောင်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီနေရာမှာ ကိုယ့် ကွန်ပြူတာကို Network အတွက် Name သီးသန့် ပေးရတယ် .. ကြိုက်ရာ ပေးလို့ ရတယ် ဒါပေမယ့် ကွန်ပြူတာက Account Name နဲ့ တော့ မတူရဘူး ..

အဆင့် ( ၁ရ )

ကွန်ပြူတာတစ်ခုလုံးအတွက် Problems အနည်းဆုံးနဲ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် အပြည့်ရဖို့ ၊ Windows တစ်ခုလုံး အစဉ်သဖြင့် Update ဖြစ်နေစေဖို့ အကောင်းဆုံးက ဒီနေရာမှာ Use Recommended Settings ကို သုံးတာ အကောင်းဆုံးပါပဲ .. မလိုချင်လည်း ပိတ်ထားလို့ ရပြီး ဒီ Options အချိန်းအပြောင်းက နောက်မှ Ctrl panel ကနေ ပြန်လုပ်ယူလည်း ရတယ်။
အဆင့် ( ၁၈ ) 
 ကွန်ပြူတာအတွက် လိုအပ်တဲ့ Time and Date Settings ကို ဒီနေရာမှာ ချိန်ညိှပေးရတယ်။
အဆင့် ( ၁၉ ) 
ကိုယ့် ကွန်ပြူတာဟာ ဘယ်လို network မျိုးမှာ ရှိတယ်ဆိုတာ ရွေးချယ်ပေးရမယ်။ အများအားဖြင့်တော့ အိမ်သုံး ကွန်ပြူတာတွေ အတွက် Home ကိုရွေးချယ်ကြပြီး .. အလုပ်မှာ ရှိတဲ့ network မှာ သုံးမယ့် ကွန်ပြူတာတွေ အတွက် Work .. ဒါမှမဟုတ် Network မှာ ရှိတဲ့ ဘယ်ကွန်ပြူတာကိုမှ မသိဘူး ဥပမာ Airports မှာလိုမျိုး Coffee shops မှာလိုမျိုး သုံးတဲ့ ကွန်ပြူတာ ၊ နောက်ပြီး အဲ့ကွန်ပြူတာက အင်တာနက်နဲ့လည်း တိုက်ရိုက် ချိတ်ဆက်ထားမယ် ဆိုရင် ဒါကို Public Location .. စသဖြင့် ရွေးချယ်ပေးရမယ်။
အဆင့် ( ၂၀ )
ကျေးဇူးတင်ကြောင်း ဘီလ်ဂိတ်က ပြောပါပြီ .. Next ပါ။
အဆင့် ( ၂၁ )


ဒါကတော့ နောက်ဆုံးတကာ့ နောက်ဆုံးအဆင့် system performance စစ်ဆေးတဲ့ အဆင့်။ သူက နဲနဲ ကြာတတ်ပါတယ် .. စက်အရည်အသွေးပေါ် မူတည်ပြီးတော့ပေါ့။
အဆင့် ( ၂၂ ) 
Account လည်း ရှိပြီးသား Password လည်း သိတယ် .. ဘာလိုသေးလဲ .. ဝင်လိုက်ယုံပေါ့။

အဆင့် ( ၂၃ )
personal desktop configuration အတွက် အားလုံး အသင့်ဖြစ်စေဖို့ Desktop ကို ပြင်ဆင်နေပါပြီ။ ပြီးပါတော့မယ် ..
အဆင့် ( ၂၄ )
Internet Explorer, Windows Media Player နဲ့ အချို့ အချို့သော Windows applications တွေအတွက် configurations လုပ်နေပါပြီ .. ရောက်လုနီးပါပြီ။

အဆင့် ( ၂၅ )
ဒါ Windows Vista ပါပဲ .. အားလုံးပြီးခဲ့ပါပြီ။ လိုအပ်တာလေးတွေ ပြင်ဆင်ရမှာလေးတွေ တော့ ရှိသေးတယ် .. ဒါပေမယ့် ဒီ ၂၅ ဆင့်ကတော့ ဝင်းဒိုးအကြမ်းထည် ပုံဖော်ခြင်းပဲ .. သူ့ နောက်မှာ လိုအပ်မယ့် drivers တင်တာတွေ .. softwares တင်တာတွေ ရှိသေးတယ် .. ခေါင်းစဉ်က Windows Installation မို့လို့ ဒီလောက်ဆို လုံလောက်ပါပြီ။

Enrique Iglesias - Do You Know? (The Ping Pong Song)

Leave a Comment
Enrique သီချင်းထဲက ပေါ့ပေါ့ပါးပါးလေး နားထောင်ချင်ရင် ဒီ သီချင်း နားထောင်လိုက်တယ် .. ဒီ သီချင်းနားထောင်တိုင်း စိတ်ထဲမှာ သာမာန်ထက် ပိုသွက်သွားသလိုပဲ ..


Do you know?
Do you know?



Do you know what it feels like loving someone that’s in a rush to throw you away?
Do you know, do you know, do you know, do ya?
Do you know what it feels like to be the last one to know the lock on the door has changed?

If birds flying south is a sign of changes
At least you can predict this every year
Love, you never know the minute it ends suddenly
I can’t get it to speak
Maybe if I knew all the things it took to save us
I could fix the pain that bleeds inside of me
Look in your eyes to see something about me
I’m standing on the edge and I don’t know what else to give.

Do you know what it feels like loving someone that’s in a rush to throw you away?
Do you know, do you know, do you know, do ya?
Do you know what it feels like to be the last one to know the lock on the door has changed?

How can I love you?
How can I love you?
How can I love you?
How can I love you?
If you just don’t talk to me, babe.

I flow through my act
There's a question: Is she needed?
And decide all the man I can ever be.
Looking at the last 3 years like I did
I could never see us ending like this.

(Do you know?)

Seeing your face no more on my pillow
Is a scene that’s never ever happened to me.

(Do you know?)

But after this episode I don’t see
You could never tell the next thing life could be

Do you know what it feels like loving someone that’s in a rush to throw you away?
Do you know, do you know, do you know, do ya?
Do you know what it feels like to be the last one to know the lock on the door has changed?

Do you know what it feels like loving someone that’s in a rush to throw you away?
Do you know, do you know, do you know, do ya?
Do you know what it feels like to be the last one to know the lock on the door has changed?

(Do you know?)
(Do you know?)
(Do you know?)
(Do you know?)

Do you know what it feels like loving someone that’s in a rush to throw you away?
Do you know, do you know, do you know, do ya?
Do you know what it feels like to be the last one to know the lock on the door has changed?

Do you know what it feels like loving someone that’s in a rush to throw you away?
(Do you know how it feels?)
Do you know what it feels like to be the last one to know the lock on the door has changed?
(Do you know how it feels?)

(Do you know? Do you know? Do you know? Do you?)
(Do you know? Do you know? Do you know? Do you?)

KznT.

Enrique Iglesias - Somebody's Me

Leave a Comment
ခပ်အေးအေးလေးနဲ့ အဓိပ္ပါယ်ရှိလို့ ဒီသီချင်းကို ကြိုက်တယ် ..
ဒီစာသားတွေပေါ့ .. အင်း ရိုးတာတော့ ရိုးပါတယ် .. ဒါပေမယ့် ကြိုက်တယ်

Somebody wants you
Somebody needs you
Somebody dreams about you every single night
Somebody can't breath without you, it's lonely
Somebody hopes that someday you will see
That Somebody's Me



You, do you remember me?
Like I remember you?
Do you spend your life
Going back in your mind to that time?
Because I, I walk the streets alone
I hate being on my own
And everyone can see that I refell
And I'm going through hell
Thinking about you with somebody else

[CHORUS]
Somebody wants you
Somebody needs you
Somebody dreams about you every single night
Somebody can't breath without you, it's lonely
Somebody hopes that someday you will see
That Somebody's Me [2x]

How, How could we go wrong
It was so good and now it's gone
And I pray at night that our paths soon will cross
And what we had isn't lost
Cause you're always right here in my thoughts

[Chorus]
Somebody wants you
Somebody needs you
Somebody dreams about you every single night
Somebody can't breath without you, it's lonely
Somebody hopes that someday you will see
That Somebody's Me [2x]

You'll always be in my life
Even if I'm not in your life
Because you're in my memory
You, will you remember me
And before you set me free
Oh listen please

[Chorus]
Somebody wants you
Somebody needs you
Somebody dreams about you every single night
Somebody can't breath without you, it's lonely
Somebody hopes that someday you will see
That Somebody's Me [5x]

KznT.

Enrique Iglesias - May Be

Leave a Comment
Enrique သီချင်းတွေထဲက ငါ ကြိုက်တဲ့ သီချင်း တစ်ပုဒ် ...


If I had one single wish
Id go back to the moment I kissed
You goodbye no matter how hard I tried
I can't live without you in my life



Maybe you'll say you still want me
Maybe you'll say that you don't
Maybe we said it was over
Baby I can't let you go

I walk around to understand
Where we went wrong and I can't pretend
It wasn't me, it wasn't you
But I'm convinced we gave up too soon

Maybe you'll say you still want me
Maybe you'll say that you don't
Maybe we said it was over
Baby I can't let you go

Nothing left to lose after losing you
There's nothing I cant take
When I run to you, when I come for you
Don't tell me I'm too late

Maybe you'll say you still want me
Maybe you'll say that you don't
Maybe we said it was over
Baby I can't let you go

KznT.

Free PDF Printer

Leave a Comment
novaPDF ဆိုတာ web pages, emails, Office documents နဲ့ အခြားသော ဖိုင်အမျိုးအစားတွေကနေ PDF ဖိုင် အဖြစ် ပြောင်းလဲ ပေးနိုင်တဲ့ Software တစ်ခုပဲ။ သူ့ကို အသုံးပြုဖို့ကလည်း ဘာမှ မခက်ဘူး အရင် လုပ်ထုံးလုပ်နည်း Print ထုတ်နေကျ ပုံစံလေး အတိုင်းပဲ Windows Shortcut key ဖြစ်တဲ့ Ctrl+P ကို နှိပ်ပြီး ပေါ်လာတဲ့ box လေးမှာ novaPDF ကို ရွေးချယ်ပေးလိုက်ယုံပဲ။ ကိုယ့်ကို ပေးမယ့် ဖိုင်ကတော့ PDF ဖိုင်တစ်ခု အနေနဲ့ပေါ့ ..




အရင်က PrimoPDF တို့ အခြားအနေနဲ့ Adobe PDF တို့ စသဖြင့် သုံးဖူးတယ် .. ဒီကောင်တွေလည်း မဆိုးပါဘူး .. ဒါပေမယ့် PrimoPDF ကို သုံးမယ် ဆိုရင် သူက Standalone မဖြစ်ဘူး .. သူ့ကို သုံးမယ် ဆိုရင် .NetFrame Work မရှိတဲ့ ( ဒါမှမဟုတ် ) .NetFrame Work Version နိမ့်တဲ့ ကွန်ပြူတာ မှာဆို သူက တင်လို့ မရဘူး .. ဒီကောင်လေး တစ်ခု တင်ဖို့ အတွက် .NetFrame Work ကို ဒေါင်းလုပ်ချရတာနဲ့ ဘာနဲ့ .. အလုပ်က ရှုပ်တယ် .. Adobe ဆိုလည်း ကောင်းတာတော့ တော်တော်ကောင်းတယ် .. ဒါပေမယ့် ခက်တာက ကိုယ်တွေ PDF သုံးတယ် ဆိုတာ PDF ဖိုင်နဲ့ လာတဲ့ ဖိုင်အမျိုးအစားတွေ ဖတ်ဖို့လောက် သုံးတာ ဒီလောက်ကြီး Professional သုံးတာမျိုးလည်း မဟုတ်ဘူး .. အဲ့တော့ ဆိုဒ်ကြီးကြီးတွေ သိပ်မတင်ချင်ဘူး .. စက်မှာ .. ပေါ့ပေါ့ပါးပါး ၊ တစ်ခုအင်စတော လုပ်ဖို့အရေး သူ့အတွက်လိုမယ့် နောက်တစ်ခုကို ဟိုဒေါင်းလုပ်ချ ဒီဒေါင်းလုပ်ချ လုပ်စရာမလို ၊ ပိုက်ဆံ ပေးစရာမလို ၊ Free ပေးပြီး လိုချင်တဲ့ functions တော်တော်များများလေးလည်း ပါပြီး ကိုယ်သိမ်းထားချင်တဲ့ Webpages လေးတွေ .. Email လေးတွေ ကို PDF အဖြစ် ပြောင်းပြီး သိမ်းထားချင်တယ် .. စသဖြင့် ..

ပေါ့ပေါ့ပါးပါးလေးနဲ့ စာဖတ်လို့ ရချင်တယ် .. ဒီအကြောင်းအရာ နဲ့ ပတ်သတ်တာကိုတော့ နောက် ပို့စ်မှာ ရေးမယ် လောလောဆယ်တော့ ပေါ့ပေါ့ပါးပါး ဟိုဒေါင်းလုပ်ချ ဒီဒေါင်းလုပ်ချ ပိုက်ဆံ ပေးစရာမလို Free ပေးပြီး လိုချင်တဲ့ Webpages လေးတွေ .. Email လေးတွေ ကို PDF အဖြစ် ပြောင်းပြီး သိမ်းထားနိုင်တဲ့ Standalone Software တစ်ခုကို အရင် ပြောချင်တယ် .. သူက အပေါ်မှာ ပြောခဲ့တဲ့ novaPDF လေ .. novaPDF ရဲ့ ကောင်းတာလေးတွေက သူထုတ်ပေးလိုက်တဲ့ PDF မှာ Fonts ကို embedded လုပ်ထားလို့ တကယ်လို့ တစ်ခြား ကွန်ပြူတာမှာ အဲ့ PDF မှာ ပါတဲ့ ဖောင့် အမျိုးအစား မရှိဘူး ဆိုရင်တောင် အဆင်ပြေပြေ နဂိုအတိုင်း ဖတ်လို့ ရစေတယ် .. ဒီ novaPDF က 32bit , 64bit နှစ်မျိုးလုံးနဲ့ အဆင်ပြေပြီး Windows XP ကနေ စလို့ 7 အထိသုံးလို့လည်း ရသတဲ့ ..


ဒီ novaPDF ကို Free သုံးချင်ပြီ ဆိုရင်တော့ ဒီစာမျက်နှာ ကို သွားပြီး Software အတွက် လိုင်စင်ကီး တောင်းလိုက်ပါ .. ခဏနေရင် မေးလ်ထဲကို လိုင်စင်ကီး ရောက်လာလိမ့်မယ်။ Software ကို ဒီကနေ Download ချ .. ရလာရင် တင်လိုက်ပြီး ခုနက ရထားတဲ့ ကီးလေးနဲ့ ဆက်လုပ်သွားယုံပဲ .. Setup ပြီးသွားတာနဲ့ Devices and Printers page မှာ novaPDF ဆိုတာလေးလည်း ပေါ်လာလိမ့်မယ် .. အဲကောင်လေးနဲ့ လုပ်စားသွားယုံပဲ .. ဒီ့ထက်ပိုပြီး ပြည့်ပြည့်စုံစုံ သိချင်သေးတယ် ဆိုရင်တော့ ဒီမှာ ဖတ်ကြည့်ပေါ့။

Windows 7 Step By Step Installation Guide

Leave a Comment
Windows 7 Installation က မခက်ပါဘူး .. တော်တော်များများလည်း ရေးဖူးကြတယ် .. ဒါပေမယ့် ဒီအကြောင်းကိုပဲ အိမ်ပြန်ရင် ကိုယ့်ကလေးတွေ ကိုယ်ပြောပြနိုင်ဖို့ အမှတ်တရ ရေးလိုက်တယ်။

အဆင့် ( ၁ )


ကိုယ့်ရဲ့ System ကို CD ကနေ Boot လုပ်ဖို့ ပြင်ဆင်ပြီးသွားတဲ့ နောက်မှာ Restart ပြန်အတက် Installation ခွေ ထည့်အပြီး  မြင်ရမယ့် Screen က ဒီလို။ ဒီအဆင့်က installation ဆက်လက်လုပ်ဆောင် နိုင်ဖို့ အတွက် လိုအပ်တဲ့ Driver files တွေကို Loading လုပ်ဆောင်နေတဲ့ အဆင့်။

အဆင့် ( ၂ ) 


Windows 7 installation progress ဟာ နောက်ကွယ်မှာ ဆက်လက် လုပ်ဆောင်နေကြောင်း ဖော်ပြနေတဲ့ Screen။ ဘာမှ လုပ်ဆောင်ဖို့ မလို စောင့်ကြည့်နေယုံပဲ။

အဆင့် ( ၃ ) 


ဒီအဆင့်မှာ ကိုယ့်စက်မှာ အသုံးပြုမယ့် Language , Time နဲ့ Currency format အပါအဝင် ကီးဘုတ် အမျိုးအစားကိုပါ ရွေးချယ်ပေးရမယ်။ ပြီးရင် Next ..

အဆင့် ( ၄ )


အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ဒီအဆင့်မှာ Install Now .. ဒီ installation ဟာ Clean installation မို့လို့ ပုံမှန်အားဖြင့် အောက်မှာတွဲပါနေတဲ့ Repair your computer တို့ ဘာတို့ကို ထည့်သွင်း စဉ်းစားဖို့ မလိုဘူး .. အဲကောင်တွေက နဂိုရှိပြီးသား Windows 7 error တစ်ခုခု တက်ပြီး ပြန်ပြင်ချင်ရင် သုံးတာ .. လောလောဆယ်တော့ Install now ကိုပဲ ..

အဆင့် ( ၅ )


Install Now ကို နှိပ်လိုက်ပြီးနောက်မှာ Setup စတင်လုပ်ဆောင်ပါပြီ ဆိုတဲ့ အကြောင်း ပြတဲ့ Screen တက်လာတယ် .. မိမိစက်ရဲ့ စွမ်းဆောင်ရည်ကို လိုက်ပြီး ဒီနေရာမှာ အချိန်အနဲနဲ့ အများကြာနိုင်မယ် ..

အဆင့် ( ၆ )


ဒီအဆင့်မှာကတော့ သူတို့ ဖော်ပြထားတဲ့ License Agreement ကို အသုံးပြုက နားလည်သဘောပေါက်ပြီး သဘောတူ လက်ခံပြီးကြောင်း အတည်ပြုစေတဲ့ နေရာ .. ဒီနေရာမှာ I accept the license terms ကို Select လုပ်ပြီးမှာ ရှေ့ဆက် လုပ်ဆောင်လို့ ရမယ်။

အဆင့် ( ရ )


ဒီအဆင့်မှာ ကိုယ်လုပ်မယ့် Setup က Upgrade installation လား Custom installation ဆိုတာ ရွေးပေးရမယ် .. Upgrade installation ဆိုတာ အလွယ်ပြောရရင် နဂိုရှိပြီး Windows ( ဥပမာ - Vista ) ကနေ နောက်သူ့ထက်မြင့်တဲ့ Versions ( ဥပမာ - Windows 7 ) တစ်ခုဆီ မြှင့်တာကို ခေါ်ပြီး .. Custom ဆိုတာကတော့ နဂိုရှိပြီးသား ဝင်းဒိုးရှိနေမယ် ဆိုရင်တောင် ဒီ ဝင်းဒိုးအသစ်နဲ့ အစကနေ အဆုံး အသစ်တစ်ခုအနေနဲ့ အစားထိုးစေတာကို ခေါ်တယ် .. Custom installation ကို Clean installation လုပ်ဆောင်မှု အနေနဲ့ သုံးတယ်။

အဆင့် ( ၈ )


ဒီပုံမှာတော့ Unallocated space ဆိုပြီး 24GB ရှိတဲ့ Disk တစ်ခုပဲ ရှိလို့ Windows Setup ကို ဒီမှာပဲ တင်ရမယ် .. တကယ်လို့ ပါတေးရှင်း ၂ ခုရှိနေရင်တော့ ကြိုက်ရာ တစ်ခုမှာ ရွေးတင်နိုင်တယ် ..ဒီ နေရာမှာပဲ ACPI/RAID/SATA controller တွေအတွက် လိုအပ်မယ့် Drivers တွေကို Load Driver Option ကနေ တစ်ဆင့် install လုပ်လို့ ရတယ် .. တစ်ခြားဖြည့်သွင်းရမယ့် Drivers မရှိခဲ့ရင် Next ကိုနှိပ်။

အဆင့် ( ၉ )


ဒီ advanced options ပေါ်လာခဲ့ပြီ ဆိုရင် ဒီနေရာကနေ ပါတေးရှင်း တစ်ခုတည်း ရှိတာကို ၂ ခု ( သို့တည်းမဟုတ် ) ၃ ခု အစရှိသဖြင့် ခွဲတာတွေ .. နဂိုရှိနေပြီးသား ပါတေးရှင်း အဟောင်းကို Format ချတာတွေ လုပ်ဆောင်နိုင်မယ်။ ရည်ရွယ်ထားတဲ့ ပါတေးရှင်းမှာ လုပ်ဆောင်ချင်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်သွားပြီရင်တော့ Next ကို နှိပ်။

အဆင့် ( ၁၀ )


ဒီအဆင့်ကတော့ Windows 7 installation ရဲ့ အဓိကအပိုင်းဖြစ်တဲ့ major components တွေ install လုပ်တဲ့ အပိုင်း .. ဒီ Process က စက်ရဲ့ စွမ်းဆောင်ရည်ပေါ်လိုက်ပြီး ၁၀ မိနစ်ကနေ မိနစ် ၆၀ ပတ်ဝန်းကျင် ကြာမြင့်နိုင်တယ်။

အဆင့် ( ၁၁ )


အထက်က အဆင့်မှာဖော်ပြခဲ့တဲ့ လုပ်ဆောင်မှုတွေ တစ်ဆင့်ချင်း ( အောက်ဆုံး Completing installation  အဆင့်မပါ ) အဆင့်အားလုံး ၁၀၀ % လုပ်ဆောင်ပြီးရင် ဒီ အဆင့်မှာ ကွန်ပြူတာ Reboot ကျသွားမယ်။ စောင့်ရတာ စိတ်မရှည်လို့ ချက်ချင်း ကျစေချင်ရင် Restart Now ကို နှိပ်လို့လည်း ရတယ်။

အဆင့် ( ၁၂ )


ဒီအဆင့်ကတော့ registry settings တွေကို Update လုပ်တဲ့ Process .. ဘာမှ လုပ်ဖို့ မလို .. ထိုင်ကြည့်နေယုံပဲ။

အဆင့် ( ၁၃ )


ဒီအဆင့်မှာ Setup စတင်လုပ်ဆောင်နေပြီ ဆိုတာ ပြတယ်။

အဆင့် ( ၁၄ )


အဆင့် ( ၁၀ ) မှာ မပြီးဆုံးသေးပဲ ကျန်နေခဲ့တဲ့ နောက်ဆုံးအဆင့် Completing installation အဆင့်ကို ဒီအဆင့်မှာ သူ့ဘာသာသူ ဆက်လုပ်တယ်။

အဆင့် ( ၁၅ )

 

ဒီအဆင့်မှာ Windows 7 installation ရဲ့ ကနဦး installation လုပ်ဆောင်မှုတွေ ပြီးစီးပြီး ကွန်ပြူတာ ဒုတိယ တစ်ကြိမ် Reboot ကျဦးမယ်။ လုပ်ဆောင်ဖို့ ကျန်နေသေးတဲ့ Setup လုပ်ငန်းစဉ်တွေကို Windows ပြန်အတက်မှာ ဆက်လက်လုပ်ဆောင်သွားမယ် ဆိုတာ ဒီအဆင့်မှာ ပြတယ်။

အဆင့် ( ၁၆ )

 

Windows 7 စတင်ပါပြီ .. ဒီ Screen ကို ဝင်းဒိုးတက်တိုင်း မြင်တွေ့ရမှာပါ။

အဆင့် ( ၁ရ )


ပထမဆုံးအကြိမ် စတင်အသုံးပြုမှု အတွက် အခြေအနေအားလုံး အဆင်သင့် ဖြစ်အောင် ပြင်ဆင်ပေးနေတဲ့ အဆင့်ပါ။ ဒီ အဆင့်ကိုတော့ ဒီတစ်ကြိမ်သာတွေ့ရမှာ ဖြစ်ပြီး နောက် Windows တက်တိုင်း မြင်တွေ့ရမှာ မဟုတ်ပါဘူး။

အဆင့် ( ၁၈ ) 


ဒီ အဆင့်က Windows 7 ရဲ့ အလှအပတွေကို အဓိက ဖော်ဆောင်ပေးမယ့် Aero စွမ်းဆောင်ရည် ကွန်ပြူတာ မှာ အပြည့် အဝ ရှိမရှိ Video performance ကို စစ်ဆေးနေတဲ့ အဆင့်။

အဆင့် ( ၁၉ ) 


စစ်ဆေး ဆုံးဖြတ်မှုတွေ အားလုံးပြီးဆုံးလို့ အဆင်ပြေပြီဆိုရင် ဒီ အဆင့်မှာ ကိုယ့်ကွန်ပြူတာအတွက် အမည်နဲ့ Network မှာသုံးမယ့် အမည်ကို ပေးရမယ်။ ပြီးရင် Next ..

အဆင့် ( ၂၀ )

 

ဒီအဆင့်မှာတော့ create လုပ်ခဲ့တဲ့ အကောင့် အတွက် password ကို ပေးရမယ်။ သေချာစေချင်လို့ ၂ ခါပေးခိုင်းတယ်။ ပြီးတော့ တကယ်လို့ ကိုယ့် password ကို မေ့သွားခဲ့မယ် ဆိုရင် ရုတ်တရက် အစပြန်ခေါ်လို့ ရအောင် password hint ကိုပါ ပေးပေးရမယ်။ ( ဥပမာ - password ကို အဖေ့နာမည် ပေးထားမယ်ဆိုရင် hint မှာ my father ) ဆိုတာမျိုး။ 

အဆင့် ( ၂၁ )


တကယ်လို့ ကိုယ်ဟာ တကယ့် Genuine Windows 7 DVD ဝယ်ခဲ့တယ် ဆိုရင် ဒီနေရာမှာ အဲ့ DVD နဲ့ တူတူ ပါလာတဲ့ Product key ကို ထည့်ပေးရမယ်။ အဲ့ဒီ ကီးဟာ ကိုယ့်စက်မှာ Windows 7 ဘယ် Version ကို တင်ရမယ် ဆိုတာ ဆုံးဖြတ်ပေးမှာ ဖြစ်ပြီး ၊ 32 bit ရော 64 bit ရောအတွက် Product key က တူတူပဲ။ တကယ်လို့ ကိုယ်သုံးတဲ့ DVD က မူရင်းခွေ မဟုတ်ဘူး ဆိုရင် Automatically activate Windows when I'm online. ဆိုတာကို ကလစ်ပေးပြီး ဝင်းဒိုးတက်လာမှ Windows Genuine Crack တစ်ခုနဲ့ Genuine ဖြစ်သွားအောင်လုပ်လို့ ရသလို တကယ်လို့ ကိုယ့် အခွေက ပြင်ဆင်ထားတဲ့ Activated လုပ်ပြီးသား အခွေ ဆိုရင်လည်း ဒီနေရာမှာ Automatically activate Windows when I'm online. ကိုပဲ ဘေးက Check box မှာ အမှတ်ပေးပြီး ရှေ့ဆက်သွားလို့ ရတယ်။

အဆင့် ( ၂၂ ) 



ကွန်ပြူတာတစ်ခုလုံးအတွက် Problems အနည်းဆုံးနဲ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် အပြည့်ရဖို့ ၊ Windows တစ်ခုလုံး အစဉ်သဖြင့် Update ဖြစ်နေစေဖို့ အကောင်းဆုံးက ဒီနေရာမှာ Use Recommended Settings ကို သုံးတာ အကောင်းဆုံးပါပဲ .. မလိုချင်လည်း ပိတ်ထားလို့ ရပြီး ဒီ Options အချိန်းအပြောင်းက နောက်မှ Ctrl panel ကနေ ပြန်လုပ်ယူလည်း ရပါတယ်။

အဆင့် ( ၂၃ )


ကွန်ပြူတာအတွက် လိုအပ်တဲ့ Time and Date Settings ကို ဒီနေရာမှာ ချိန်ညိှပေးရတယ်။

အဆင့် ( ၂၄ )


ကိုယ့် ကွန်ပြူတာဟာ ဘယ်လို network မျိုးမှာ ရှိတယ်ဆိုတာ ရွေးချယ်ပေးရမယ်။ အများအားဖြင့်တော့ အိမ်သုံး ကွန်ပြူတာတွေ အတွက် Home Network ကိုရွေးချယ်ကြပြီး .. အလုပ်မှာ ရှိတဲ့ network မှာ သုံးမယ့် ကွန်ပြူတာတွေ အတွက် Work network .. ဒါမှမဟုတ် Network မှာ ရှိတဲ့ ဘယ်ကွန်ပြူတာကိုမှ မသိဘူး ဥပမာ Airport မှာလိုမျိုး Coffee shop မှာလိုမျိုး သုံးတဲ့ ကွန်ပြူတာ ၊ နောက်ပြီး အဲ့ကွန်ပြူတာက Mobile Broadband လည်း ရှိနေတယ်ဆိုရင် ဒါကို Public network .. စသဖြင့်ရွေးချယ်ပေးရမယ်။

အဆင့် ( ၂၅ )

 

ခုနကလို ရွေးချယ်မှုတွေ ပြီးဆုံးတဲ့ နောက်မှာတော့ ဒီအဆင့်မှာ Network နဲ့ ချိတ်ဆက်မှု အပိုင်း လုပ်ဆောင်တယ်။ 

အဆင့် ( ၂၆ )


ဒါကတော့ နောက်ဆုံးတကာ့ နောက်ဆုံးအဆင့် finalizing settings သတ်မှတ်တဲ့ အဆင့်။

အဆင့် ( ၂ရ )


Windows တက်လာပါပြီ။ ဒါ Welcome Screen ပါ။

အဆင့် ( ၂၈ )


အားလုံး အသင့်ဖြစ်စေဖို့ Desktop ကို ပြင်ဆင်နေပါပြီ။ ပြီးပါတော့မယ် ..

အဆင့် ( ၂၉ )

 

 ဒါ Windows 7 ပါပဲ .. အားလုံးပြီးခဲ့ပါပြီ။ လိုအပ်တာလေးတွေ ပြင်ဆင်ရမှာလေးတွေ တော့ ရှိသေးတယ် .. ဒါပေမယ့် ဒီ ၂၉ ဆင့်ကတော့ ဝင်းဒိုးအကြမ်းထည် ပုံဖော်ခြင်းပဲ .. သူ့ နောက်မှာ လိုအပ်မယ့် drivers တင်တာတွေ .. softwares တင်တာတွေ ရှိသေးတယ် .. ခေါင်းစဉ်က Windows Installation မို့လို့ ဒီလောက်ဆို လုံလောက်ပါပြီ။

Related Posts