Admission

ကျွန်ုပ်သည် -
  • Programmer မဟုတ်။
  • ကွန်ပျူတာပညာရှင်မဟုတ်။
  • မည်သည့် ကွန်ပျူတာတက္ကသိုလ်မှ မည်သည့်ဘွဲ့ မှမရခဲ့ဖူး။
အင်တာနက်တွင်းမှ ပညာရှင်များ၏ ဖော်ပြချက်များထဲမှ မိမိသိနားလည်လိုသည့် အကြောင်းအရာများအား အခါအားလျော်စွာဖတ်ရှု၍ သိနားလည်ခဲ့သည်များကို ကျွန်ုပ်ကဲ့သို့ နည်းပညာပိုင်းဆိုင်ရာ အသုံးချနိုင်မှုအား ငွေကုန်ကြေးကျ သက်သာစွာဖြင့် အမှန်တကယ် လေ့လာလိုသော လူနည်းစုထံသို့ နားလည်သည့်အတိုင်း လက်ဆင့်ကမ်းခြင်းမျှသာဖြစ်သည်။ ထို့ကြောင့် ဤ Blog ရှိ နည်းပညာနှင့် သက်ဆိုင်သောအကြောင်းအရာ များအား ကူးယူဝေမျှချင်သည်ဆိုလျှင် လွတ်လပ်စွာ ကူးယူဝေမျှခွင့်ပြုသည်။ ကူးယူဝေမျှရာတွင် -
  • ကျွန်ုပ်ဘလော့အမည် နှင့် စာရေးသူအမည် ဆိုသည်များအား ဖော်ပြချင်သည်ဆိုလျှင်လည်းရသည်။ 
  • မဖော်ပြချင်လျှင်လည်းဖြစ်သည်။ 
  • စီပွားရေး လုပ်ငန်းစာစောင်များတွင် သုံးစွဲချင်သည် ဆိုလျှင်လည်း ခွင့်ပြုသည်။ 
ထို့အပြင် ကျွန်ုပ်သည် အချိန်အတိုင်းအတာတစ်ခုဖြင့်သာ ဘလော့ရေးသားနိုင်သော သူတစ်ယောက် ဖြစ်သည့်အတွက် ဤ Blog သည် ကိုယ်ပိုင်ဘလော့ ဖြစ်သည်မှန်သော်လည်း Blog တွင် မေးမြန်းလာသော အကြောင်းအရာများအား အားလပ်ချိန်နည်းပါးမှုကြောင့် အပြည့်အဝ လက်ခံဖြေရှင်းပေးနိုင်မည် မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ 

TechSectors.

Related Posts