Preface


TechSectors Blog အား ယခင် 11Dreams.net အမည်ဖြင့် စတင်ရေးသားခဲ့ပြီး ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် အခြေအနေ အရပ်ရပ်ကြောင့် ဘလော့လောကမှ ခေတ္တစွန့်ခွာခဲ့ရပါသည်။ 11Dreams ပျက်သုန်းသွားချိန်တွင် ဖုန်းဖြင့်သော်လည်းကောင်း အီးမေးလ်ဖြင့်သော်လည်းကောင်း ဘလော့ဆက်လက်ရေးသားရန် အားပေးတိုက်တွန်းခဲ့ကြသည့် စာဖတ်သူအပေါင်းအား အထူး ကျေးဇူးတင်ရှိကြောင်း ဤနေရာမှ ပြောကြားလိုပါသည်။

ကတိပြုပြောကြားလိုသည်မှာ ကျွန်တော်သည် ဝါသနာအရင်းခံ၍ ဘလော့ရေးသားသူ ဖြစ်သည့်အတွက် မည်သည့်အချိန်တွင်မျှ ဘလော့လောကမှ အပြီးအပိုင်စွန့်ခွာသွားမည် မဟုတ်ပါ။ ရရှိသည့်အခြေအနေ၊ အားလပ်သည့် အချိန်အတိုင်းအတာ တစ်ခုတွင်းမှ တတ်စွမ်းသရွေ့ ဆက်လက်ဝေမျှ ရေးသားသွားမည်သာ ဖြစ်ပါသည်။ 

TechSectors Blog တွင် အခြားသော နည်းပညာ ဘလော့များနှင့် မတူကွဲပြားစွာ Posts အသီးသီးအား အင်္ဂလိပ်ခေါင်းစဉ်များဖြင့်သာ အသုံးပြုရေးသားသည်ကို တွေ့ရှိရပါလိမ့်မည်။ ထိုကဲ့သို့ အင်္ဂလိပ်ခေါင်းစဉ်ဖြင့် ရေးသားမှုကြောင့် တစ်စုံတစ်ရာ စိတ်အနှောင့်အယှက် မဖြစ်စေလိုပါ။ ယခုကဲ့သို့ ရေးသားရခြင်းမှာ စာဖတ်သူများအနေဖြင့် ဤဘလော့တွင် ဖတ်ရှု့၍ မရှင်းလင်းသည်များ ရှိခဲ့သော် Google Search Engine တွင် ခေါင်းစဉ်အား Copy / Paste လုပ်၍ ဆက်လက်လေ့လာနိုင်စေရန် ရည်ရွယ်ပါသည်။

အေးချမ်းစွာခံစား၍ လွတ်လပ်စွာ မျှဝေနိုင်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

TechSectors.

Related Posts