Do and Don't

ဤ Blog ပါ အကြောင်းအရာများသည် ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာ ခံစားချက်များ ပါဝင်သကဲ့သို့ အခြားသောနည်းပညာ ဆိုင်ရာ မျှဝေချက် များလည်း ပါဝင်ပါသည်။ ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာ ခံစားချက်များအား မည်သူတစ်ဦးတစ်ယောက်ကိုမျှ မျှဝေမှု မပြုလုပ်ကြပါရန်နှင့် နည်းပညာဆိုင်ရာ မျှဝေချက်များအား လွတ်လပ်စွာ ကူးယူဝေမျှခွင့် ပြုပါသည်။ 

ထို့အပြင် ဤ Blog သည် နည်းပညာဆိုင်ရာ သီးသန့် Blog တစ်ခု မဟုတ်သောကြောင့် ကျွန်ုပ်ရေးသားချင်သော အကြောင်းအရာများအား စိတ်ခံစားချက် အပေါ်တွင်သာ မူတည်၍ ပေါ့ပါးလွတ်လပ်စွာ ရေးသား သွားမည် ဖြစ်ပါသည်။ 

  • ကျွန်ုပ် Blog အား လူဝင်ရန် မလိုပါ။ 
  • လူသိရန်လည်း မလိုပါ။ 
  • နာမည်ကြီးရန် Blog ရေးနေခြင်းမဟုတ်သကဲ့သို့ နေ့စဉ်ပုံမှန် ရေးမည်ဆိုသည့် ခံယူချက်မျိုးလည်း မထားရှိပါ။ 

စိတ်ခံစားချက် နှင့် ဝါသနာအပေါ် အရင်းခံ၍ ကျွန်ုပ်ပေးဆပ်နိုင်သော အချိန်အတိုင်းအတာ တစ်ခုအတွင်းမှ နည်းပညာပိုင်းဆိုင်ရာ အသုံးချနိုင်မှုအား ငွေကုန်ကြေးကျ သက်သာစွာဖြင့် အမှန်တကယ် လေ့လာလိုသော အသိအကျွမ်း လူနည်းစု အတွက်သာလျှင် ရည်ရွယ် ရေးသားသော Blog ဖြစ်ပါသည်။ ဤနေရာသည် ကျွန်ုပ်၏ လွတ်လွပ်သော စိတ်ခံစားမှုနယ်မြေ ဖြစ်ပါသဖြင့် စာဖတ်သူ၏ လိုလားချက်နှင့် ကိုက်ညီမှု မရှိသော Posts များ ပါရှိခဲ့သော် ခွင့်လွှတ်နားလည် ပေးကြပါရန်နှင့် စာဖတ်သူ၏ ခံစားချက်နှင့် ထပ်တူမကျသော စာသားများ အကြောင်းအရာများ ပါရှိခဲ့မည် ဆိုလျှင်လည်း Personal blog တစ်ခု၏ စံအင်္ဂါရပ်တစ်ခုအဖြစ် သတ်မှတ်၍ ဥပက္ခာပြုပေးနိုင်ကြစေရန် ကြိုတင်မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။ မည်သို့ပင်ဆိုစေ ကျွန်ုပ်၏ အားထုတ်မှုအား စာဖတ်သူ အသိအမှတ်ပြုသည်ဆိုလျှင် ကျေနပ်ပါသည်။ 

အေးချမ်းစွာ ခံစား၍ လွတ်လပ်စွာ မျှဝေနိုင်ကြပါစေ။  

TechSectors.

Related Posts