Play Angry Birds in any Web Browser

ကျွန်တော့် အကြိုက်ဆုံး Angry Birds ဂိမ်းလေး အခု Browser ထဲမှာ ဆော့လို့ ရနေပြီ - အရင်ထိပ်ဆုံးမှာ တင်ပေးခဲ့တုန်းက စက်ထဲမှာ Install လုပ်ရတာတွေ ဘာတွေနဲ့ မျက်စိနောက်စရာကောင်းနေတာ - ခု ဘာတစ်ခုမှ Install စရာမလိုပဲ Browser ကနေ တန်းဆော့လို့ ရတော့ ပိုအဆင်ပြေသွားတယ်။ Angry Birds ချစ်သူများ chrome.angrybirds.com မှာ ခုပဲ သွားရောက်ဆော့ကစားနိုင်ပါပြီ။


တကယ်လို့ URL မှတ်ထားရတာ ဝါသနာ မပါဘူးဆိုရင်လည်း Angry Birds ကို Chrome app တစ်ခု အနေနဲ့ Google Chrome ထဲမှာ ထည့်ထားလို့ ရပါတယ်။ Google Chrome - Chrome နဲ့ ပြောပြောနေလို့ ဒီ Angry Birds ကို Google Chrome တစ်ခုတည်းမှာပဲ ဆော့လို့ ရတာ မဟုတ်ပါဘူး - IE - Mozilla နဲ့ တစ်ခြား Browser တွေမှာပါ chrome.angrybirds.com ကနေ တစ်ဆင့် စိတ်ကြိုက် ဆော့နိုင်ပါတယ်။


ကမ္ဘာမကျေဌက်နှင့် အဆာမပြေဝက်

အရင်ပထမရေးထားတဲ့ ပို့စ်မှာကတည်းက ဌက်နဲ့ဝက် ဘာလို့ ဒီလောက် ကမ္ဘာမကျေ ဖြစ်နေကြလဲ ဆိုတာ တစ်ခါ ပြောထားခဲ့ဖူးတယ်။ ခု ဒီ့ထက်ပိုပြီး ဖြစ်ကြောင်းရယ်မှ ကုန်စင် နားလည်ချင်တယ်ဆိုရင် နောက်မှာ ဖော်ပြထားတဲ့ Video clip လေးကို တစ်ချက်ကြည့်ကြည့်ပါ။ ဌက်တွေ ဘာလို့ဒီလောက်တောင် ဒေါသထွက်နေကြတယ် ဆိုတာ ပိုသဘောပေါက်သွားလိမ့်မယ်။


LVL ခိုးနည်း နိဿရည်း


Angry Birds မှာ lvl တစ်ခုကို 3 Stars ရဖို့ တစ်ချို့အဆင့်တွေမှာ တော်တော်လေး ခက်တာ ဆော့ဖူးသူတိုင်း သိကြလိမ့်မယ်။ အဲ့အတွက်တော့ မပူနဲ့ - lvl အားလုံး 3 stars ရအောင်ခိုးနည်း ရှိတယ်  အထူးသဖြင့်တော့ lvl ကျော်ပြီး ဆော့ကြည့်ချင်သူတွေအတွက် ပိုအဆင်ပြေတာပေါ့။


လုပ်ရမယ့်နည်းက Game ကိုဖွင့်ထားပြီး အောက်မှာ Quote နဲ့ ပြထားတဲ့ စာကြောင်းကို Browser address bar မှာ Copy > Paste လုပ်ယုံပဲ။

Quote:
javascript: var i = 0; while (i<=69) { localStorage.setItem('level_star_'+i,'3'); i++; } window.location.reload();
နဂိုအတိုင်း ပြန်ဖြစ်ချင်ရင် ဒီအောက်က စာကြောင်းကို ပြန် Copy > Paste လုပ်။

Quote:
javascript: var i = 1; while (i<=69) { localStorage.setItem('level_star_'+i,'-1'); i++; } window.location.reload();
ဒီနည်းက မနေ့က Wesbos မှာ စာဖတ်ရင်းနဲ့ သိလာတာ။ Thanks to Wesbos who found this hack.

ပြောစရာလည်း ကုန်ပြီ - ဆော့ဖို့ပဲ ကျန်တော့တယ်။ Bye!

KznT.

Farm Mania – Hot Vacation

ဒီခေါင်းစဉ်ကို စခဲ့တုန်းကတော့ Angry Birds ဆိုတဲ့ နာမည်နဲ့ စခဲ့တယ် - နောက်ပိုင်း ကျွန်တော် မိသားစုဝင်တွေကို ဆော့စေချင်တဲ့ ဂိမ်းလေးတွေ များများလာတော့ Angry Birds ဆိုတဲ့ ခေါင်းစဉ် တစ်ခုတည်းနဲ့ အဆင်မပြေတော့ဘူး - အဲ့တာကြောင့် All Smart Games ဆိုတဲ့ နာမည်ပြောင်းပြီး ရေးဖြစ်လိုက်ပါတယ်။ ခု ဒီနေရာမှာ ဖော်ပြသွားမယ့် ဂိမ်းတွေဟာ ကျွန်တော် http://allsmartgames.com/ ကနေ ဒေါင်းလုပ်ချပြီး သီးသန့် ပြန်တင်ပေးယုံ သက်သက်ပါ။ ဘာလို့လည်း ဆိုတော့ http://allsmartgames.com/ မှာ တင်ပေးထားတဲ့ ဂိမ်းလေးတွေဟာ အကုန် Full ပေးထားတယ် - ဘာ Crack တို့ Patch တို့မှ သုံးစရာမလိုဘူး - ဒါပေမယ့် သူတို့က တင်ပေးရင် FileSonic ကနေပဲ တင်ပေးတယ် - FileSonic က ဒေါင်းလုပ်ချရတာ အရမ်း စိတ်ပျက်ဖို့ ကောင်းတယ် - အဲ့တာကြောင့် ကျွန်တော် တင်ပေးရင် သုံးနေရာခွဲပြီး တင်ပေးမယ် - Up4Vn - MultiUpload နဲ့ MediaFire - အဲ့နေရာ သုံးခုကနေ တင်ပေးမယ်။ ကလေးဂိမ်းလို့ ပြောလို့ ရပေမယ့် ဆော့တာတော့ တကယ်ဆော့လို့ ကောင်းတယ် - လောလောဆယ် Farm Mania – Hot Vacation တင်ပေးလိုက်ပါတယ်။ ဆော့နည်းကလည်း ခက်ခက်ခဲခဲ ဘာမှ သိပ်မရှိဘူး - Mouse click ကို မြန်မြန်နဲ့ မှန်မှန် ပေးတတ်ဖို့လိုတယ်။ အချိန်နဲ့ ဆော့ရတယ်။ http://allsmartgames.com/ မှာ သွားကြည့်လို့ ကိုယ်ဆော့ချင်တဲ့ ဂိမ်းမျိုးလေးတွေ တွေ့ပေမယ့် ဒေါင်းလုပ်ချဖို့ အခက်အခဲ ဖြစ်နေမယ်ဆိုရင်လည်း တောင်းခဲ့နိုင်တယ်။ အတတ်နိုင်ဆုံး အဆင်ပြေအောင် ကျွန်တော်တို့ ကူညီပေးပါမယ်။

System Requirements:

OS: Windows XP/Vista
CPU: 1.2 GHz
RAM: 512 MB
DirectX: 9.0
Hard Drive: 220 MB

Download via Up4Vn!!
Farm_Mania_-_Hot_Vacation.rar (73.74 MB)
http://up4vn.com/?d=CZPTYUFE

( or ) 

Download via MultiUpload!!
Farm Mania - Hot Vacation.rar (73.7 MB)
http://www.multiupload.com/EBK782NZ6H


( or ) 

Download via MediaFire!!
Farm_Mania_-_Hot_Vacation.rar (73.74 MB)
http://www.mediafire.com/?iux10mrx6a5lz7l

KznT.

Angry Birds




ခုရက်ပိုင်း အားတဲ့ အချိန်လေးတွေ Angry Birds ဆိုတဲ့ ဂိမ်းလေး ဆော့နေဖြစ်တယ် - အဲ့ဂိမ်းကို အရမ်းချစ်တာပဲ - ဂိမ်းရဲ့ သဘောက ဌက်နဲ့ ဝက်နဲ့ ရန်ဖြစ်ကြတဲ့ ဂိမ်းပေါ့ - ဂိမ်းရဲ့ တည်ဆောက်ပုံ သမိုင်းကြောင်းက သိပ် ရှုပ်ရှုပ်ရှက်ရှက်လည်း မရှိဘူး - ဝက်သူခိုးတွေက ဌက်ဥတွေကို ယူသွားတယ် - အဲ့မှာ ဌက်အုပ်စုက ဒေါပြွပီး ဥတွေ ပြန်ရဖို့အရေး ဝက်အုပ်စုကို လက်စားပြန်ချေကြတာ 



အဲ့လို လက်စားချေတဲ့ နေရာမှာ လွယ်လွယ်နဲ့ လက်စားချေလို့ က မရဘူး - ဝက်အုပ်စုက အခြေတောင့်တယ် - အကာအရံတွေ ခံတပ်တွေနဲ့ နေတာ - အဲ့တာကို အခြေမခိုင်တဲ့ ဌက်အုပ်စုက လောက်လေးခွမှာ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ရင်းပြီး Structures မျိုးစုံနဲ့ တည်ဆောက်ထားတဲ့ ခံတပ်ပြိုကျအောင် ပြေးဝင်ဖျက်ကြရတာ - သနားဖို့လည်းကောင်း ချစ်ဖို့လည်းကောင်း 




ဒီ Angry Birds ဆိုတဲ့ ဂိမ်းလေးက December 2009 တည်းက စပြီး Apple's iOS မှာ puzzle video game အဖြစ်နဲ့ စပြီး မိတ်ဆက်ခဲ့တာ - ပြောရရင် ထွက်တာ သိပ်မကြာသေးဘူးပေါ့ - အဲ့လောက် မကြာသေးတဲ့ ကာလမှာ လူကြိုက်များလွန်းလို့ Apple's App Store ကနေ Copy ပွားပြီး ရောင်းရတာ 12 million ကျော်သွားပြီလို့ သိရတယ် - Level အနိမ့်ပိုင်းမှာတော့ ဝက်တွေနေတဲ့ structures တွေက ခနော်နီ ခနော်နဲ့ပဲ - ဌက်တစ်ကောင်လောက် ပြေးဝင်ဆောင့်လိုက်တာနဲ့ ဝက်တွေ ကားကနဲ ဖြစ်သွားရော - နောက်ပိုင်း level မြင့်လာတော့ အဲ့လို မလွယ်တော့ဘူး - ကိုယ်တော်ဝက်များက အမြင်ကတ်ဖို့ ကောင်းလောက်အောင် အခိုင်အမာ နေလာကြတာ - 



ဒီဂိမ်းလေးမှာ ပါတဲ့ ဌက်လေးတွေက Angry birds လို့ ဆိုရလောက်အောင် မျက်ခုံးမွှေးက ထူထူ မျက်မှောင်က ကျုံ့ကျုံ့နဲ့ အရမ်းကို ဒေါသထွက်နေကြတဲ့ ပုံ - အဲ့ပုံကို တော်တော်ချစ်တယ် - ဝက်အုပ်စုကတော့ ဗီလိန်အုပ်စုဆိုတော့ ကျောက်ပေါက်မာတွေ ဘာတွေနဲ့ တော်တော် ဗီလိန်ရုပ် ပီသတယ်  ဂိမ်းလေးက ဆော့လို့လည်း ကောင်းသလို ဈေးကလည်း အရမ်းသက်သာလို့ လူတော်တော်များများ ဆော့ကြတယ် - $5 ပတ်ဝန်းကျင်လောက်ပဲ ရှိတယ် - လိုချင်ရင် ဒီနေရာမှာ ဝယ်လို့ ရတယ်။ တကယ်လို့ ဆော့ချင်ပေမယ့် ပိုက်ပိုက် မတတ်နိုင် - ဝယ်ဖို့ အဆင်မပြေသူများ အတွက် အောက်မှာ Limit မရှိ စိတ်ကြိုက် ဆော့လို့ရတဲ့ Angry Birds game ကို PC မှာ ဆော့လို့ ရအောင် တင်ထားပေးပါတယ်။ Install လုပ်ဖို့လည်း မလိုပါဘူး - 

Download Angry Birds for Windows 7 & Windows Vista & Mac OSX


Code:
Angry.Birds.PC.and.MacOSX.rar (71.7 MB) - Portable
http://www.multiupload.com/9FG5ZZDVY1
( or ) 


Code:
Angry.Birds.PC.and.MacOSX.rar (71.7 MB) - Portable
http://www.mediafire.com/?czuivl4u41y7tae
Torrent သမားများ ဒီအောက်ကနေ ယူပါ။

Torrent Download Here!!


KznT.

Galactic Inbox

ကျွန်တော်က ဂိမ်းနဲ့ ပတ်သတ်ရင် တော်တော်ချာတယ် ပြောရမယ် - သူများတကာတွေ သဘောအကျကြီး ကျပြီး ဆော့နေကြတဲ့ dota allstars တို့ - Manager ဂိမ်းတို့ - နောက် Prince of Persia ဘာတစ်ခုမှကို မဆော့တတ်ဘူး - ကျွန်တော် ဘာဆော့တတ်လဲဆို အာလာဒင်တို့ - မာရီယိုတို့ ရမ်ဘိုတို့ပဲ ဆော့တတ်တယ် - ခုနောက်ပိုင်းတော့ နဲနဲ အဆင့်မြင့်လာပြီ - Farmville တို့ Mafia တို့ ဆော့တတ်လာပီ -:D
ခုလည်း ဂိမ်းအကြောင်းရေးမယ် ဆိုပြီး ခေါင်းစဉ်အောက်သာ ဝင်လာတာ နဲနဲတော့ သိမ်ငယ်နေသလိုပဲ :D ဘာမှ ကောင်းကောင်းမဆော့တတ်ပဲ ကြီးကြီးကျယ်ကျယ် ရေးစရာ ရှိနေလို့တော့ မဟုတ်ပါဘူး - ဒီနေ့ နဲနဲ အားနေတာနဲ့ အင်တာနက်ထဲ စာလိုက်ဖတ်ရင်း ထူးထူးဆန်းဆန်း ကလေးဂိမ်းတစ်ခု တွေ့မိလို့ ဆော့စေချင်တာနဲ့ ဝင်ရေးလိုက်တာပါ။ အသက်ကလည်း ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးတာ ဆိုတော့ လူကလည်း ကလေးဂိမ်းပဲ ဆော့တတ်တယ်ဗျ

သူက HTML5 ဂိမ်းတစ်ခုပါ - အဲ့တာကြောင့် HTML5 ကို support ပေးတဲ့ Browser နဲ့မှ ဆော့လို့ ရပါမယ်။ လောလောဆယ် ကျွန်တော့် Browser က Firefox 3.6.11 ဆိုတော့ ရတယ် - အဲ့ပတ်ဝန်းကျင်က - version သိမ့်မနိမ့်တဲ့ Browser လည်း ဆော့လို့ ရမယ် ထင်ပါတယ်။



“Galactic Inbox” လို့ အမည်ရတဲ့ ဒီဂိမ်းလေးကို Paul Truong က ဖန်တီးထားတာပါ။ ဖော်ပြပါ နေရာကနေ သွားလို့ ဂိမ်းထဲကို ရောက်သွားရင် အရင်ဆုံး စာပျံလေး တစ်ခု ရမယ် - ပြီးတော့ အဲကောင်လေးက အာကာသထဲ လျှောက်ပျံပြီး ကျောက်ခဲတွေ နဲ့ တစ်ခြား မကောင်းတာတွေကို ဖျက်ဆီးရမယ် - နောက်ဆုံးမှာ boss တစ်ကောင်နဲ့ တွေ့ပြီး ဖြိုခွင်းနိုင်ရင် ဂိမ်းလေးက ပြီးပါပြီ - ဘာမှတော့ မဟုတ်ပါဘူး အပျော်ပါ ဝါသနာပါလို့ HTML5 ဂိမ်းကို ဆော့ကြည့်ချင်သူများ ဆော့ကြည့်နိုင်ပါတယ်။






ကျွန်တော် ဆော့ကြည့်တာတော့ နိုင်တယ်ဗျ - နိုင်မှာပေါ့ ကလေးဂိမ်းကိုး


KznT.

Game + Donation = FreeRice

မနေ့က ထင်မှတ်မထားပဲ Profile မှာ ကို hellboy ကနေ ဒီလိုလေး လာရေးသွားပါတယ်။

ကိုကေဇက် တောင်းဆိုတာပါဗျာ အင်္ဂလိပ်စာနဲ့ ဆိုင်တဲ့ ပို့စ်လေးဘာလေးရေးပါလားဗျာ.. ကျနော်ဖတ်ချင်လို့ပါ အကိုက ဘာမဆို အသေးစိတ်ရေးတော့ ဖတ်ရတဲ့ သူလည်း အသေးစိတ်သိတာပေ့ါဗျာ လေ့လာသင့်တဲ့ ဆိုက်တွေ ဒါမှမဟုတ် စာအုပ်တွေ အခွေတွေ .. အစုံပေါ့ဗျာ အကို အဆင်ပြေမှပါ..

ကျွန်တော်လည်း စစချင်း ဘာပြန်ပြောရမှန်း မသိဘူး - ကျွန်တော်က နည်းပညာနဲ့ သက်ဆိုင်တဲ့ ကိုယ်ဖတ်ဖူးခဲ့တာ နားလည် ခဲ့တာတွေလောက်ပဲ စီကာပတ်ကုံး ပြန်ပြောပြတတ်ခဲ့တာ - နည်းပညာနဲ့ တိုက်ရိုက်ကြီး သိပ်မဆိုင်တဲ့ Language မျိုးကျတော့ Post လုပ်ပြီး ရေးရလောက်အောင် ကျွန်တော်က အကြောင်းအရာတွေ မစဉ်တတ်ဘူး - ဘာသာစကား ဆိုတဲ့ ပညာရပ်တစ်ခု က ကျွန်တော် ခုရေးနေတဲ့ တောက်တိုမယ်ရ နည်းပညာဆောင်းပါး တွေထက် အများကြီး ကျယ်ပြန့်ပါတယ် - သူမှ မဟုတ်ဘူး တစ်ခြား ဘယ်ပညာရပ်မဆို တကယ်တမ်း ကျွန်တော်တို့ သင်ကြမယ် ဆိုရင် သူ့ သင်ရိုးနဲ့ စည်းမျဉ်းနဲ့ စသဖြင့် ကျွန်တော်တို့ သင်ကြရတာမျိုး မလား - ကျွန်တော်က သင်ရိုးတွေ စည်းမျဉ်းတွေ သင်ကြားမှု နည်းစနစ် ဆိုတာတွေ မသိတော့ တွေ့တဲ့ အကြောင်းအရာ ဆွဲရေးရင် Language တစ်ခုကို သင်တာ မဟုတ်တော့ပဲ စကားစမည် ပြောသလို ဖြစ်ပြီး ဘယ်သူ့ အတွက်မှ အကျိုးမရှိမှာ စိုးမိပါတယ်။ ဒါက တစ်ပိုင်း -

အဲလိုမျိုး ဟိုလျောက်တွေး ဒီလျောက်တွေး စဉ်းစားရင်း ဘာလုပ်ပေးရင် ကောင်းမလဲ - ငါဘာလုပ်နိုင်မလဲ စဉ်းစားကြည့်မိတယ်။ တစ်ခုခုတော့ လုပ်ပေးချင်တယ်ပေါ့နော် - ကျွန်တော်ကိုယ်၌ကလည်း တကယ်တမ်း ဆရာ မလုပ်ဘူးတော့ စာနဲ့ ပတ်သတ်တာဆို တစ်ယောက်ယောက်က သိချင်တယ် ဆိုရင် ပြပေးချင်စိတ်တော့ ရှိပါရဲ့ ဒါပေမယ့် နားမလည်မှာကလည်း ကြောက်မိတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် က လောဘကြီးတတ်တယ်။ လောဘကြီး တတ်တယ် ဆိုတာ လူတစ်ယောက်က နားမလည်လို့ မေးလာရင် ကိုယ် တကယ်တမ်း နားလည်တာမျိုးဆို သူ နားမလည်မချင်းကို ပြောပေးချင်တာ - ရှင်းပေးချင်တယ် - ဒါပေမယ့် လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု စွမ်းရည်ချင်း မတူညီကြဘူး - တစ်ချို့ကျတော့ တစ်စိတ်လောက် ပြလိုက်တာနဲ့ တစ်အိတ်လောက် သိပြီး - တစ်ချို့ကျတော့ ( ၄ ) - ( ၅ ) ခါ အာပေါက်အောင် ပြောလည်း ရှေ့ပြော - နောက်မေ့ အူလည်လည်နဲ့ လုံးဝ လိုက်မမှီသလို ခေါင်းကုပ်ပြတဲ့ သူမျိုးတွေလည်း ကြုံခဲ့ဖူးတယ်။ ကိုယ်က အာပေါက်အောင် နည်းမျိုးစုံနဲ့ ဘယ်လိုပဲပြောပြော နားမလည်တဲ့ သူမျိုးဆို ကျွန်တော်က အလိုလိုနေရင်း ဒေါသထွက်လာရော - အဲတာနဲ့ ဆုံးဖြတ်လိုက်တယ် - ငါ ဘယ်တော့မှ ဆရာလုပ်လို့ မဖြစ်ဘူး ဆိုပြီး :D



ဒါပေမယ့်လည်း လိုအပ်နေတယ်ဆိုတော့ ကူညီချင်တယ် - အဲတော့ နိုင်သလောက်လေး ကူညီမယ် ဆုံးဖြတ်လိုက်တယ် - အင်္ဂလိပ်စာနဲ့ ပတ်သတ်ပြီး ကူညီမယ် စိတ်ထဲ စဉ်းစားလိုက်တော့ အရင်ဆုံး ဂိမ်းတစ်ခု သွားသတိရတယ်။ :D စာအကြောင်း မေးခါမှ ဂိမ်းဆော့ခိုင်းပြန်ပြီ ထင်ဦးမယ်။ အဲလို မဟုတ်ပါဘူး - ကျွန်တော်လည်း လောလောဆယ် စာဖတ်လိုက် အဲ့ဂိမ်းဆော့လိုက် လုပ်နေတာပါ။ ဘယ် ဂိမ်းတွေ ဘယ်လောက်ကောင်းမှန်း ကျွန်တော် သေသေချာချာ မသိပေမယ့် ဒီ ဂိမ်းလေးကတော့ တကယ်ကို ကောင်းပါတယ်ဗျာ -

ပြောရရင် ဂိမ်းဆော့ရင်းနဲ့ အလှူလုပ်နေတာမျိုးဗျ - ဆော့ရတာက အွန်လိုင်းဂိမ်း - ဂိမ်းဆော့ရင်း တစ်ဖက် ကိုယ့်အတွက်လည်း ပညာရသလို - တစ်ခြားသူတွေကို အလှူပြုသလို ဖြစ်တယ်။ ပြောရရင် တစ်ချက်ခုတ် သုံးချက်ပြတ်ပေ့ါ - အပျင်းလည်းပြေ - ပညာလည်းရ - ကုသိုလ်လည်းယူ -

ဂိမ်းနာမည်ကတော့ Free Rice ပါ။ သူက အောက်မှာ ဖော်ပြထားသလို တူရာ အင်္ဂလိပ်စကားလုံးလေးတွေ ရွေးပေးပြီး - ကိုယ် က သူဖော်ပြထားတဲ့ စကားလုံးကို အဓိပ္ပါယ်တူတဲ့ တစ်ခြား စကားလုံးတစ်လုံး ရွေးပေးရပါတယ်။ တစ်လုံးမှန်တာနဲ့ ဆန်စေ့ ၁၀ စေ့ကို United Nations World Food Program ကို ကိုယ့်အစား လှူဒါန်းပေးပါတယ်။ ကမ္ဘာပေါ်က ငတ်မွတ်ခေါင်းပါးတဲ့ဘေး ခံစားနေရတဲ့ နိုင်ငံ တွေ အတွက်ပေါ့ -


တစ်လုံးမှန်မှ ဆန် ၁၀ စေ့ ဆိုတော့ နည်းလိုက်တာလို့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့် တကယ်တမ်း စဉ်းစားကြည့်ပါ - စကားလုံး တစ်လုံးကို နောက်ဘယ်စာလုံးနဲ့ တူလဲ ဆိုတာ ရှာရတာ တကယ်တမ်း နားလည်တဲ့ သူဆို ၁ စက္ကန့် ၂ စက္ကန့်ပါပဲ - ဒါတင်မက တကယ်တမ်း နိှုင်းယှဉ်ကြည့်ရင် ကိုယ် ဒီလို တစ်လုံးမှန်လို့ ဆန် ၁၀ စေ့ရနေချိန်မှာ တစ်ခြား ကမ္ဘာနဲ့ အဝှမ်းက ကိုယ်နဲ့ အတူ ဆော့နေတဲ့ သူတွေလည်း ဆန် ၁၀ စေ့ - ၁၀ စေ့ နဲ့ ရနေကြမှာပါ - ဒီတော့ အားလုံးပေါင်းလိုက်ရင် ၁ စက္ကန့် - ၂ စက္ကန့်ကို ဆန် ၁၀ စေ့ ကိုယ့်အိတ်ထဲက တစ်ပြားမှ စိုက်စရာ မလိုပဲနဲ့ ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းလည်းရ သူများကိုလည်း လှူပြီး ဖြစ် ဘယ်လောက်များ ကောင်းလိုက်လဲဗျာ - Farmville တို့ Mafia တို့တောင် တစ်နေ့ လေး - ငါးနာရီ ပေးဆော့ နေကြတာ ငတ်မွတ်ခေါင်းပါးသူတွေကို ကူညီဖို့ တစ်နေ့ကို တစ်နာရီလေးပဲ ဆော့ပါဦး - ကိုယ့် language လည်း တိုးတက် - တစ်ဖက်သားကို လှူဒါန်းပြီးသားလည်း ဖြစ် ဘယ်လောက်များ ကောင်းလိုက်ပါသလဲ - Free Rice က ဒီနည်းနဲ့ သန်းနဲ့ချီပြီး ငတ်မွတ်ခေါင်းပါးနေသူတွေကို ကူညီနေခဲ့တာ October 2007 တည်းက ဖြစ်ပါတယ်။

စကားလုံး တစ်လုံးမှန်ရင် ဆန် ၁၀ စေ့နဲ့ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ဆန်စေ့လေးတွေ များလာလိုက်တာ ဆော့နေရင်းနဲ့ ကိုယ် စာလုံး တစ်လုံးမှန်ရင်လည်း ပျော်ရသလို ဆန်စေ့လေးတွေ များလာတာ ကြည့်ပြီး ငါ သူများအတွက် လှူနေဖြစ်ပါလား ဆိုတဲ့ ကုသိုလ်စိတ်လေးကလည်း တကယ်ကို ကြည်နူးဖို့ ကောင်းပါတယ်။




ဖြေတာ မမှန်လို့ မှားသွားလည်း ပြဿနာ မရှိဘူး - Game Over လည်း မရှိဘူး - ကိုယ်အချိန်ပေးနိုင်သလောက် ဆော့လို့ ရသလို ကုသိုလ်ကလည်း မပြတ်တမ်းရနေပါတယ်။ တကယ်လို့ သူအစပျိုးပေးတဲ့ စာလုံးကို ကိုယ်ဖြေတာ မမှန်ရင် သူက နောက်စာလုံးမှာ ဒီ့ထက်လွယ်တဲ့ စာလုံးလေးတွေကို ပြောင်းမေးပေးပါတယ်။ ဖြေတာမှန်ရင်တော့ စာလုံးလေးတွေက နည်းနည်းလေး ပိုခက်လာပါတယ်။ တစ်ချို့က ထင်ကြလိမ့်မယ်။ ဒါက အွန်လိုင်းမှာ တွေ့နေကျ လှည့်ကွက်ကြီးပါကွာ - ညာခိုင်းနေတာပါလို့ - တကယ်တော့ မဟုတ်ပါဘူး - Free Rice ရဲ့ စွမ်းဆောင်ချက်ကြောင့် လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ လူ လေးသန်း ကျော်ကို အစာရေဆာ ငတ်မွတ်မှုကနေ ကယ်တင်နိုင်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ဒီ ဂိမ်းလေးကလည်း နာမည်ကြီးလာလိုက်တာ တစ်နေ့ တစ်နေ့ကို ဆော့တဲ့ Players ပေါင်း 40,000 ကျော်ထိလည်း ရှိလာပါပြီ။ ဒီ သီတင်းက ကျွန်တော် လက်တမ်းပြောနေတာ မဟုတ်ပါဘူး - ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။ ဒီနေရာမှာလည်း ဒီဂိမ်းလေးကနေ Pakistan ဒုက္ခသည်တွေကို ကူညီခဲ့တာ ဖတ်ရှုနိုင်ပါတယ်။ တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ အွန်လိုင်း ဂိမ်းလေးပါပဲ။

ဒီ ဂိမ်းလေးကို ဆော့မယ် ဆိုရင် Vocabulary မကြွယ်ဝသေးသူတွေ အတွက် စစချင်းမှာ အခက်အခဲ အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ ဒီ အခက်ကို ပြေလည်စေဖို့ ကျွန်တော်ပေးချင်တဲ့ အကြံဉာဏ်ကတော့ Babylon ကို စက်ထဲမှာ Install လုပ်ဆောင်ထားဖို့ပါ။ တင်ပြီးသွားရင် Babylon ကို ဖွင့်ထားပြီး သူ့ မေးခွန်း စာလုံးလေးကို ဖတ်လိုက်ပါ။ ကိုယ် နားလည်သလား နားမလည်တာကိုတော့ ရမ်းသမ်း မရွေးပါနဲ့ - တကယ်လို့ နားမလည်ရင် စာလုံးပေါ် Ctrl + Right-click ပေးလိုက်ပါ။ ဒါဆို Babylon က အောက်မှာ ဖော်ပြထားသလိုမျိုး စကားလုံးတွေကို မြန်မာလို ဖော်ပြပေးပါလိမ့်မယ်။ အဲ့ဒီ့ မြန်မာ အဓိပ္ပါယ်ကို  ကိုယ် မသိတဲ့ အင်္ဂလိပ်စာလုံးနဲ့ တစ်ခါတည်း စိတ်ထဲမှာ တွဲကျက်လိုက်ပါ။ နောက် သူနဲ့ ဆင်တူတဲ့ အဓိပ္ပါယ်ကို ရှာပါ။ ကလစ်ပေးပါ - ဒါဆို စာလည်းရ - ဒါနလည်းမြောက် - ဘယ်လောက်များ ကောင်းလိုက်ပါသလဲ။

Babylon အတွက် မြန်မာစာ ဘာသာပြန်ရဖို့က ဒီ padonma-english-myanmar.bgl 4.391 MB ဆိုတာလေးကို ဒေါင်းလုပ်ချပြီး Babylon install လုပ်ဆောင်ပြီးသွားရင် Double-click ပေးဖို့လိုပါတယ်။ ဒါဆို မြန်မာဘာသာပြန် မြင်ရပါပြီ။

ကဲ ကျွန်တော်တို့ အားလုံး ပြည့်စုံပြီ။ ဂိမ်းလေးဆော့ - Language လေး သင်ရင်း - ဒါနလေး တစ်ခု ပြုကြရအောင်လားဗျာ -

KznT.

Top 20 Facebook Apps

Facebook ကို စစသိသိချင်းတုန်းကတော့ ဘာကြီးတုန်း ဆိုပြီး ကောင်းကောင်းလည်း မသုံးတတ် - ဘာလုပ်ရမှန်းလည်း မသိ - အသိသညာလည်း မရှိနဲ့ ယောင်လည်လည် ဖြစ်ပြီး မဝင်ဖြစ်ခဲ့ပါဘူး - ဒါပေမယ့် ဟိုလူက Facebook မှာ လယ်စိုက်တယ် ဒီလူက မာဖီးယား ဘာညာ စသဖြင့် ကြုံလာရတော့ ဘာတွေများ ထူးခြားလဲ ဆိုပြီး Links တွေတောင်း လိုက်ဆော့ကြည့်ခဲ့ရာ ကနေ တော်တော်ကြီးကို အစွဲကြီး စွဲခဲ့လို့ မနည်းဖြတ်ယူ ခဲ့ရပါသေးတယ် - အထူးသဖြင့်တော့ Farmville နဲ့ Mafia က တော်တော်စွဲ တယ်လို့ ထင်ပါတယ် - တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့လေ - တစ်ချို့ မိန်းကလေးတွေ ကျတော့လည်း မာဖီးယား တာထက် အကောင်လေးတွေ မွေးပြီး ဆော့ရတဲ့ Pet Society တို့ ဘာတို့ ပို သဘောကျကြတာပေါ့- အခု ဒီအကြောင်း ရေးဖြစ်တာကလည်း Facebook ကျွမ်းကျင်ပြီးသား သူတွေ အတွက် မဟုတ်ပါဘူး - Facebook ဝင်ပြီး ဘာလုပ်ရမှန်း မသိတဲ့ သူတွေ - ဂိမ်းတစ်မျိုးတည်းကိုပဲ အားကြိုးမာန်တက် ဆော့နေသူတွေ အတွက် အပြောင်းအလဲလေးလည်း ဖြစ်အောင် Facebook က နာမည်ကြီး ဂိမ်းအမျိုး ( ၂၀ ) လောက်နဲ့ မိတ်ဆက်ပေးချင်လို့ပါ - ဂိမ်းစွဲပြီး Facebook က မထွက်နိုင်ရင်တော့ ကျွန်တော် KznT ကို အပြစ်မတင်ကြပါနဲ့ ခင်ဗျာ - ကျွန်တော်က ဗဟုသုတ အဖြစ် ဝေမျှတာပါ။

Farmville




အားလုံး သိကြတဲ့ အတိုင်း ထိပ်ဆုံးက လာတာတော့ သူ >> FarmVille ပါပဲ။ ဘာလုပ်လို့ ရလဲ ဆိုရင် စစချင်း ဝင်တာနဲ့ မြေကွက် သေးသေးလေး တစ်ကွက်ရမယ် - သူက ပေါင်းလေး ( ၆ ) ပေါင်းလား မသိဘူး အပင်လေးတွေ စိုက်ပြထားတယ် - အဲဒီက လွတ်တဲ့ နေရာလေးတွေမှာ အပင်လေးတွေ စိုက်ရတယ် - တစ်ရက်တန်သည် နှစ်ရက်တန်သည် စောင့် နောက်နေ့ရောက်ရင် ကိုယ်စိုက်ထားတဲ့ နေရာလေးက အသီးလေးတွေ သီးနေတာ တွေ့ရော - တကယ့် အပြင်မှာလိုပဲ ကိုယ့် အပင်လေးတွေ ကိုယ့်ပေါင်းလေးတွေက အသီးလေးတွေ သီးနေရင် အရမ်းပျော်ဖို့ ကောင်းတာပဲ - အဲလိုနဲ့ ရတဲ့ အသီးလေးတွေကိုရောင်း မြေကွက်တွေဝယ် - ထွန်စက်တွေဝယ် - အိမ်တွေဆောက်နဲ့ သူငယ်ချင်းတွေလည်း ရ တော်တော်လေး ပျော်ဖို့ ကောင်းတဲ့ ဂိမ်းပါ - အဓိကက lvl မြင့်လာရင် သူငယ်ချင်းများများ ရထားဖို့နဲ့ အသီးအနှံတွေကို အချိန်ကိုက်ပြီး စိုက်တတ်ဖို့ အရေးကြီးပါတယ်။ ရေးပြရရင် စိတ်ဝင်စားစရာတွေကတော့ အများကြီးပါ။ Real-time farm simulation game     ဆိုတော့ တော်တော်လေးလည်း ပျော်စရာကောင်းပါတယ်။ စမ်းဆော့ကြည့်ပါ။

Mafia Wars


သူကတော့ နဲနဲ စရိုက်ဆန်တယ် - စစဆော့ချင်းတော့ နည်းနည်း နားလည်ဖို့ ခက်တယ် - ဘာလုပ်လို့ လုပ်နေမှန်း မသိဘူး - ဒါပေမယ့် ဆော့ရင်းနဲ့ နားလည်လာပါလိမ့်မယ်။ သူက Mafia Wars ဆိုတဲ့ အတိုင်း စရိုက်ကောင်တွေပါ - လူဆိုးတွေ နဲ့ ပေါင်းရတယ် ကိုယ်ကိုယ်တိုင်လည်း လူဆိုးပဲ - အလုပ်လုပ်ရတယ် - ပိုက်ဆံ ရှာရတယ် - ကိုယ့် အကောင်ကို လက်နက်ကောင်းကောင်းတွေ ဆင်ရတယ် - Defence ကောင်းအောင်လည်း လုပ်ရတယ် - စီးပွားရေးမှာလည်း မညံ့ရဘူး - သူများကိုလည်း သတ်နိုင်ရတယ် - ကိုယ့်ကိုယ်လာသတ်ရင်လည်း ကိုယ်က ပြန်ဆော်နိုင်ရတယ် - ဂိုဏ်းနဲ့ ဆော့ရတာမျိုး ဆိုတော့ Mafia Size ဆိုတာလည်း ရှိသေးတယ် - Mafia Size တစ်ချို့ဆို တော်တော်ကြီးတယ် - Mafia Size ကြီးတော့ ဘာဖြစ်လဲ ဆိုရင် ကိုယ့်ကောင် Power တက်တယ် - တော်ယုံလူရှိန်တယ် - ကိုယ့်ကို လာချလို့ မကျေနပ်ရင် Hit List တင်ပြီး ကိုယ့် ဂိုဏ်းက အပေါင်းအပါတွေကို ပြန်ချခိုင်းလို့ ရတယ် - စသဖြင့် စုံနေတာပါပဲ - စစဆော့ချင်းတော့ ဘာကြီးလဲဟ - တစ်ယောက်ယောက်ကို သတ်လိုက်လို့ ကိုယ်နိုင်တယ်ဆိုရင် Win ကိုယ်ရံှုးရင် Lose ဆိုပြီး စာတွေ တက်လာတာမျိုး ဆိုတော့ သိပ် Feel မလာသလိုပဲ - နောက်တော့ အပေါင်းအသင်းတွေ ရပြီး တစ်နေ့လုံး အဲ့ထဲကကို မထွက်တော့ဘူး - တွေ့သမျှ လူလိုက်သတ်တာ - :D အဲတော့ အနှစ်ချုပ်ချင်တာ မဆော့ဖူးသေးသူများ စမ်းသပ်ကြည့်ပါ။ အထူးသဖြင့် သတ်တာ ဖြတ်တာ ဆိုတော့ ယောကျာင်္းလေးများ သဘောကျနိုင်ပါတယ်။

Bejeweled Blitz


ဒီ ဂိမ်းကတော့ စိန်စီတယ် ပြောရမလား - မှားလို့ ရတနာ စီတာ - နဲနဲလေး ခက်တယ် - ခက်တယ်ဆိုတာ အချိန်ကြီး ပေးထားတော့ သူပေးထားတဲ့ အချိန်အတွင်း ဆုရအောင် လုပ်နိုင်ဖို့ ဆိုတာ တော်တော်မလွယ်ဘူး - တစ်မိနစ် အတွင်းမှာ Score points ဘယ်လောက် ရအောင် လုပ်နိုင်လဲ - ဒါကို ကြည့်ပြီး သူက အမှတ်ပေးတယ် - ကျွန်တော်တော့ လောလောဆယ် ဆော့နေတာ သုံးရက်ပဲ ရှိသေးတယ် - 146650 အများဆုံး ရဖူးတယ် - ဒီ့ထက်ပိုပြီး မကျော်နိုင်သေးဘူး - စစချင်း လက်တုန် ခြေတုန်ဖြစ်မယ် - ဘယ်ကဟာ ဘယ်နားရွှေ့ရမှန်း မသိဘူး - နောက်တော့ အထာနပ်လာမယ် - ဆော့ရင်းနဲ့ ပျော်ဖို့ ကောင်းသွားမယ် - အဲတော့ ဆော့ကြည့်တာ မမှားဘူး :D

Texas HoldEm Poker


သူကတော့ ဖဲ - ဝိုင်းကောင်းတယ် - ဝိုင်းတွေလည်း မနဲဘူး - ရံှုးလည်း ဘာမှ မဖြစ်ဘူး - အသိတွေ ဘာတွေ ရှိရင် ပိုက်ဆံတွေ ဘာတွေလည်း ဆွဲလို့ရတယ် - ထိုင်မိရင်တော့ မထတမ်းပဲ - တကယ့် ပိုက်ဆံ အစစ်နဲ့ ရိုက်ချင်လည်း ရတယ် - ဒါပေမယ့် စိတ်ရှည်ဖို့ လိုတယ် - Game money နဲ့ ရိုက်ရင်သာ လူတွေက All-in မကြာခဏ လုပ်ကြတာ - တကယ့် Real Money နဲ့လည်း ဆိုရော ၁ ကျပ်ကို ၅ မူးချြွေပီး ဆော့ကြတယ် - ကိုယ်လိုလူတောင် သူတို့လောက် စိတ်မရှည်နိုင်ဘူး - စိတ်မရှည်တဲ့ လူကတော့ ပြုတ်တာပဲ :D သတိတော့ထားပါ - ဂိမ်းမန်းနီးနဲ့ပဲ ဆော့ကြပါ။

Birthday Cards


လူတိုင်းမှာ Birthday ရှိကြတော့ - ဆိုင်ရာ ဆိုင်ရာ လူတိုင်းမှာလည်း တစ်ယောက်ယောက်ရဲ့ Birthday ကျရင် လက်ဆောင်လေး ဘာလေး ပေးကြရတာပေါ့ - Facebook မှာတော့ ဒီတာဝန်ကို Birthday Cards က တာဝန်ယူပါတယ် - ပုံမှာ မြင်ရတဲ့ အတိုင်း ကဒ်လှလှလေးတွေ ရှိတယ် - အထဲထဲမှာ စိတ်ကြိုက် ပြင်ဆင်လို့လည်း ရတယ် - အရောင်မျိုးစုံ စိတ်ကြိုက် ပြောင်းလို့ ရတယ်- ပုံလေးတွေ - ကိုယ်ကြိုက်တဲ့ စာလေးတွေ ထည့်ပြီး ကိုယ်နဲ့ ဆိုင်ရာ ဆိုင်ရာ ကောင်လေး/ ကောင်မလေးတွေ ပျော်အောင် ကဒ်လေး တွေ ပို့လို့ ရတယ်။

Happy Aquarium


သူကတော့ ငါးလေးတွေ မွေးတာ - ကျွန်တော် စစချင်း တော်တော်ကြာကြာ ဆော့ဖြစ်သေးတယ် - နောက်တော့ ကျွန်တော့်ငါး တွေ လာလာခိုးတာ ခံရလို့ စိတ်တိုပြီး မဆော့တော့တာ :D သူဂိမ်းကို မဆော့ ဆော့အောင် အဲ့ဒီ့ ငါးခိုးတဲ့ function ကြီး ထည့်ထားတော့ ကျွန်တော့်မှာ တစ်နေ့နဲ့ တစ်နေ့ ဘယ်တော့ ငါးခိုးခံရမလဲ ဆိုပြီး စောင့်ဖမ်းနေရတာက တစ်လုပ် - အဲတာနဲ့ စိတ်ကုန်ပြီး Happy Aquarium ကနေ နောက်ထွက် FishVille ကို ပြောင်းဆော့လိုက်တယ် - သူလည်း မိုက်တယ် - ဒါပေမယ့် ကျွန်တော့် စိတ်ထင် Happy Aquarium က ငါးလေးတွေက FishVille က ငါးတွေထက် ပိုချစ်ဖို့ ကောင်းတယ် ထင်မိတယ်။ FishVille က ငါးတွေကတော့ ရုပ်နည်းနည်း ဆိုးသလို - အကျည်းတန် မှန်ကြိုက်ဆိုတာ ဒါမျိုးနေမှာ :D

FishVille


သူကတော့ ကျွန်တော် အပေါ်မှာ မိတ်ဆက်ခဲ့ပြီးသား FishVille - သူလည်း ဆော့လို့ ကောင်းတယ် - သူငယ်ချင်းတွေ ခေါ် နောက် သူမွေးတဲ့ ကန်သွား - သန့်ရှင်းရေး လုပ်ပေး - သူငယ်ချင်းက ပြန်လာ ကိုယ့်ကန် သန့်ရှင်းရေး လုပ်ပေး - ငါးလေးတွေ ပုံမှန် အစာကျွေး - ကိုယ်က များ အစာချလိုက်ပြီ ဆိုရင် လာလာဟပ်ကြတာ - အသည်းကို ယားရော :D - အကောင်လေးတွေ ကြီးလာရင် ရောင်း ကိုယ့်ကန်လေးကို အလှဆင် - ပစ္စည်းတွေ ဝယ် - ငါးလှလှလေးတွေ ဝယ် စသဖြင့် ပျော်ဖို့ ကောင်းပါတယ်။

Cafe World


မြန်မာလို ပြောရင်တော့ ကော်ဖီကမ္ဘာ ခေါ်မလား - ကျွန်တော်ကတော့ မြန်မာနိုင်ငံမှာ လက်ဖက်ရည်ဆိုင်နဲ့ပဲ အများဆုံး ရင်းနှီးတာမို့လို့ လက်ဖက်ရည်ဆိုင် ဖွင့်တယ်လို့ပဲ မှတ်ထားတယ် - စစချင်း အနုတ်စုတ် ဂုတ်စုတ် ဘဝကနေ စပြီး ဆိုင်ဟဲဗီးကြီး ဖြစ်လာအောင် ဆော့ရတာ - ဆိုင်စစဖွင့်ချင်းဆို ရောင်းလို့ကို လက်မလည်ဘူး - လာစားတဲ့ လူတွေကို ကြည့်လို့ Facebook ထဲက ကိုယ့်သူငယ်ချင်းတွေရဲ့ နာမည်တွေနဲ့ ဆိုတော့ မြင်ရတာ ပျော်ဖို့လည်း ကောင်း - တစ်ခါတစ်လေ ဝန်ဆောင်မှု မကောင်းရင်လို့ ဆိုင်သန့်ရှင်းညံ့ရင်တို့ ဆိုများ ဝင်မစားပဲ လှည့်ထွက်တဲ့ လူတောင် ရှိသေးတယ် - အဲလို လူမျိုးဆို တံခါးပေါက်ဝ ကနေ ဆောင့်ကန်ချင်တာ :D ဒီက မအားလို့ မလုပ်နိုင်တာကို - ကောင်းတာ တစ်ခုက သူက Energy မကုန်မချင်း ဖိုဆရာကိုရော - စားပွဲထိုးကိုရော သူ့ဘာသာ Auto run ခိုင်းထားလို့ ရတယ်။ နဲနဲတော့ အချိန်မှတ်ထားရတာပေါ့လေ - ကျွန်တော်ကတော့ ရေတစ်ခွက်လောက် တိုက်ပြီး နင်းခိုင်းတာ - စားပွဲထိုးဆို ဖလက်ကို ပြရော :D

Pet Society


သူလည်း အကောင်လေး မွေးတာပဲ - ဒါပေမယ့် သူက အိမ်မွေးတိရစ္ဆာန် - ကိုယ်ကြိုက်သလို ပုံစံယူလို့ ရတယ် - စစချင်း အိမ်ခန်းလေး တစ်ခန်းပေးပြီး စရတဲ့ ဘဝ - ပြောရရင် မိဘမဲ့ ကလေး မွေးစားရသလိုပဲ - ကိုယ့်ကိုယ် အရမ်းချစ်တယ် - တစ်ရက်လောက် မဝင်လိုက်ပဲ နောက်ရက်မှ ဝင်လိုက်မိရင်များ သူ့ခမျာ ပျော်လို့ မဆုံးဘူး ထထခုန်ပြီး ကြိုရတာ အမော -  ကိုယ်မဝင်တာ ကြာလို့ ရေမချိုးပေးဖြစ်ရင်လည်း ရင်ကောင်တွေ ဝဲလို့ သူ့ခမျာ သနားစရာ - ကိုယ်နဲ့ တူတူ ကစားလို့ ပျော်နေရင်များ ခစ်ခစ် ခစ်ခစ်နဲ့ မချစ်ချစ်အောင် ရယ်တတ်သေးတယ် - သူ့ကို အဝတ်အစားလေးတွေလည်း ဆင်ရတယ် - အားကစားပြိုင်ပွဲတွေ သွားပြီးလည်း ပြိုင်ခိုင်းရတယ် - ငါးတွေဘာတွေလည်း မျှားခိုင်းလို့ ရတယ်။ အဓိကက သူ ပျော်အောင် လုပ်ပေးရင်းနဲ့ ကိုယ်ပါ ပျော်လာတာ - ဒါ ဒီဂိမ်းလေးရဲ့ ချစ်စရာ အားသာချက်ပဲ။

PetVille


သူကတော့ Pet Society ထက် လောလောဆယ်မှာ နဲနဲ ပိုပြီး လူဆော့များတယ် - တစ်ချို့ကတော့ ဒီ PetVille ကို Pet Society ထက် ပို သဘောကျကြတယ် - ကျွန်တော်ကတော့ Pet Society မှာ ဆော့လာတာလည်း ကြာပြီဆိုတော့ ဒီဘက်ကို သိပ်မလှည့်ဖြစ်ဘူး - ဒါပေမယ့် လူဆော့များတယ် ဆိုကတည်းက တစ်ခုခုတော့ အားသာချက် ရှိမှာ သေချာပါတယ်။

Restaurant City


သူက ကျွန်တော် အပေါ်မှာ ပြောခဲ့ပြီးတဲ့ Cafe World သဘောမျိုးပဲ - ဒါပေမယ့် သူက စားသောက်ဆိုင် ဖွင့်တာ - မရောင်းရမှာ တော့ မပူရဘူး ရောင်းရလွန်းလို့ ရိုက်ထုတ်ချင်စိတ်ပဲ ပေါက်တယ် :D - အဲလိုသာ လာအားပေးမယ်ဆိုလို့ကတော့ KznT တို့ ဒီတစ်သက် စားသောက်ဆိုင်ပဲ ဖွင့်စားတော့မယ် - ရောင်းကောင်းပေမယ့် တစ်ခါတစ်လေ ဂျီဂျောင်ကျတဲ့ Customer နဲ့လည်း တွေ့တတ်သေးတယ် - ဆာနေပြီတို့ - ကြာလိုက်တာလို့ - ညစ်ပတ်လိုက်တာ လွန်ရောတို့ - ဖြစ်နိုင်ရင် အဲလို လူမျိုးဆို အပေါက်ဝကနေ စောင့်ပြီး တုတ်နဲ့ ရိုက်လွှတ်ချင်တယ် - လာမစားလည်းနေ - နင့်ဘာသာနင် စားချင်တဲ့ နေရာသွားစား ဆိုပြီး :D

Happy Island


သူကလည်း တော်တော်ပျော်ဖို့ ကောင်းတယ် - ကျွန်းပေါ်မှာ ကိုယ့်စိတ်ကူး အိပ်မက်လေးတွေ ပုံဖော်တဲ့ နေရာပေါ့ - ချစ်ဖို့ ကောင်းတယ် အရမ်း :)

Farm Town


တစ်ချို့က FarmVille ထက် Farm Town ကို ပိုကြိုက်ကြတယ် - အရင်က Farm Town ဆော့တဲ့ သူ တော်တော်များပေမယ့် ခုတော့ တော်တော်လေး နည်းသွားတာ တွေ့ရတယ် - ကျွန်တော့် အမြင်ပြောရရင် Farm Town က FarmVille ထက် ပိုဆော့လို့ ကောင်းတယ်ဗျ - ဒါပေမယ့် နောက်ပိုင်းကျတော့ FarmVille က ပြင်ဆင်တာ တော်တော်ကောင်းလာတာရယ် - အရုပ်လေးတွေ ကလည်း Farm Town က အရုပ်တွေထက် ပိုပြီး အသက်ဝင်တာရယ်ကြောင့်လား မသိဘူး ကျွန်တော်တောင် Farm Town သိပ်မဆော့ ဖြစ်တော့ဘူး - ကောင်းတာကတော့ Farm Town ရော FarmVille ရော ကောင်းကြပါတယ်။

Zoo World


သူကလည်း ချစ်ဖို့ ကောင်းတဲ့ ဂိမ်းလေး - တိရစ္ဆာန်ရုံလေး ကိုယ့်ဘာသာ ဖန်တီးရတာ - အကောင်လေးတွေ ဝယ် နေရာချ တစ်ခြား ကိုယ့်ဘာသာ စိတ်ကူးပုံဖော်လို့ ရတဲ့ ကိုယ်ပိုင် ကမ္ဘာလေးပေါ့ - ဘယ်သူ့မှ လာမလည်မှာတော့ မပူနဲ့ လူက မပြတ်ဘူး - အားကြီး အားပေးတာ - အလုပ်လုပ်တယ်ကို မရှိဘူး တစ်ချိန်လုံး ဒီ တိရစ္ဆာန်ရုံထဲမှာပဲ ပြန်ခိုင်းလည်း မပြန်ကြဘူး :D

Happy Pets

သူလည်း အကောင်လေးတွေ မွေးတာပဲ ကြောင်လေးတွေ အရမ်းချစ်ဖို့ ကောင်းတယ် - အစားအသောက်လည်း ပုံမှန်ကျွေး ရတယ် - သူတို့ကို သန့်ရှင်းရေး လုပ်ပေးရင်များ အမွှေးလေးတွေ ထောင်ထောင်ထလာတာ တကယ့် အပြင်က ကြောင်လေးတွေ အတိုင်းပဲ - တစ်ခုခု ကျွေးလိုက်လို့ ဗိုက်ဝသွားရင်ပြီး ပျော်ပြီး ဟိုပြေးဒီပြေးနဲ့ - သူတို့ကို တွေ့ရတာ တော်တော်လေး စိတ်အပန်း ပြေတယ် - ချစ်လည်း ချစ်တယ်

Country Life


ပြောရရင် သူလည်း FarmVille တို့ Farm Town တို့လိုပဲ - ဒါပေမယ့် သူက Avatar မရှိတော့ လုပ်ရကိုင်ရတာ ပိုမြန်တယ် - ကျွန်တော်တို့ FarmVille တို့ ဘာတို့မှာကျ လူပါနေတော့ ကိုယ်က click ပေးထားပြီးလည်း သူက ရိတ်တဲ့ နေရာ မရောက်လာ မချင်း တစ်မေ့ တစ်မော စောင့်နေရတာမျိုး ရှိတယ် - တစ်ခြား ဖြတ်လမ်းနည်းနဲ့ လုပ်လို့ ရတာလည်း ရှိပါတယ် - ဒါပေမယ့် အဲတာမျိုးကျတော့ မသမာတဲ့ နည်းတွေ မို့လို့ ဂိမ်းဆော့တာက ဂိမ်းဆော့တာနဲ့ မတူတော့ဘူး - စီးပွားရေး ဆန်သွားတယ် - ဒီ ဂိမ်လေးက အရုပ်လေးတွေလည်း ချစ်ဖို့ ကောင်းတယ် - အပေါ်က နွားလေးတွေ ကြည့်ပါလား နှာခေါင်းကြီးကြီးပဲ :D

Island Paradise


ကိုယ်ပိုင်တဲ့ ကျွန်းလေး တစ်ကျွန်း ရှိမယ် - အဲ့ပေါ်မှာ သီးပင်စားပင်လေးတွေ စိုက်မယ် - အကောင်လေးတွေ မွေးမယ် - နောက် ကိုယ့်စိတ်ကူး အိပ်မက်ထဲက အိမ်ပုံစံလေးတွေနဲ့ အဲ့ဒီ့ ကျွန်းလေးပေါ်မှာ ဆောက်မယ် - လေထဲတိုက်အိမ်ဆောက် ဆိုတာကို အကောင်အထည်ဖော်နိုင်အောင် ဖန်တီးထားတဲ့ ကျွန်းပေါ် တိုက်အိမ်ဆောက် ဆိုတဲ့ ဂိမ်းလေးပေါ့ :)

YoVille


သူကတော့ အကောင်မဟုတ်ဘူး - လူမွေးတာ - ချစ်စရာလေး လူကောင်လေးတွေက ကောင်မလေးရှိတယ် ကောင်လေး ရှိတယ် - ကြိုက်တာ ဆော့လို့ ရတယ် - ကိုယ့် ကလေးကို ကိုယ့်ဘာသာ အဝတ်လေးတွေ ဝယ်ပေး နောက် သူများ အိမ်တွေလျှောက်လည် - အာဝါးပေးလိုက် - သူငယ်ချင်းတွေနဲ့ တွဲကလိုက် - လက်ဆောင်လေး ပေးလိုက် - ဟာသလေးတွေ ပြောလိုက် - အပျင်းကို ပြေလို့ - ဒီလို ဂိမ်းမျိုးက မိန်းကလေး တွေ ပိုသဘောကျကြတယ်

MindJolt Games


သူ့မှာက ဆော့စရာ ဂိမ်းတော်တော်ကို များတာ - ကျွန်တော် တစ်ခုချင်း လိုက်ရှင်းပြနေလို့ကတော့ ကုန်မယ် မထင်ဘူး - အပျင်းပြေ ဆော့ဖို့တော့ တော်တော်ဆော့လို့ ကောင်းတယ် - စမ်းဆော့ကြည့်ပါလား

Hero World



သူက ဘာနဲ့ တူမလဲ ဆိုတော့ ကျွန်တော်တို့ Mafia နဲ့ ဆော့တာချင်း ဆင်တယ် - သူ့မှာ Mission တွေ ရှိတယ် - အဲတာတွေ လုပ်ရတယ် - ချရာ သတ်ရတာတွေ ရှိတယ် - ဒါပေမယ့် သူက နဲနဲ ကလေးဆန်တယ် - Mafia ကတော့ လူကြီးဆန်တယ် - ကျွန်တော့် အမြင်ပေါ့

ခု ကျွန်တော် ဖော်ပြခဲ့တာ Facebook မှာ ရှိတဲ့ ဂိမ်း အကုန် မဟုတ်သေးပါဘူး - တစ်ခြား ဂိမ်းတွေလည်း အများကြီး ကျန်ပါသေး တယ် - ကျွန်တော် ဖော်ပြထားတာ လူကြိုက်များ လူဆော့ အများဆုံး ဂိမ်း အမျိုး ၂၀ ပါ - ပျော်ရွှင်စွာနဲ့ ဆော့ ကစား ကြရင်း Facebook Games တွေနဲ့ ပတ်သတ်ပြီး အခက်အခဲ ရှိရင် ဒီမှာ မေးမြန်းနိုင်ပါတယ်။ နိုင်သလောက်လေး အကြံပေးပေးပါ့မယ်။

KznT.

Let's Play Games

ဂိမ်းလို့သာ ပြောတာ တကယ်တော့ ဒီဂိမ်းလေးတွေက ခုနောက်ပိုင်း ပေါ်တဲ့ ဂိမ်းတွေနဲ့ ယှဉ်လိုက်ရင် အရမ်းကြီးကို နောက်မှာ ကျန်ခဲ့ပါပြီ။ ကျွန်တော်က ဂိမ်းနဲ့ ပတ်သတ်ရင် ဘာမှ မယ်မယ်ရရ မသိဘူးလို့ ပြောရမယ်။ လွန်ခဲ့တဲ့ ( ၁၅ ) နှစ် ပတ်ဝန်းကျင် ( ရ ) တန်း ( ၈ ) တန်းအရွယ်တုန်းက ကျူရှင်ပြေးပြီး သွားသွားဆော့ခဲ့တဲ့ ဂိမ်းလေးတွေ အင်တာနက်ထဲ ပြန်တွေ့မိတော့ ကိုယ်တိုင်လည်း ပြန်ဆော့ကြည့်ချင် တာနဲ့ လိုက်စမ်းရင်း ကိုယ်လို ဆော့ချင်သူတွေလည်း အပျင်းပြေဆော့နိုင်အောင် ဝေမျှလိုက်တာပါ။


တကယ်လို့ ကျွန်တော်တို့ ကွန်ပြူတာမှာ Windows XP, Vista ဒါမှမဟုတ် Windows 7 ကစလို့ Mac OS X အထိ ဘာပဲ တင်ထားတင်ထား ခုလိုမျိုး DOS games တွေကို ဆော့လို့ ရနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီ DOS Games တွေက ပုံမှန်အားဖြင့် 16-bit systems တွေအတွက်ပဲ Design လုပ်ပြီး တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အင်တာနက် ရှိနေတော့ ဟိုလျှောက်ရှာ ဒီလျှောက်ရှာနဲ့ အရင်တစ်ချိန်က သိပ်သဘောကျပြီး အကြီးအကျယ်ဆော့ခဲ့တဲ့ DOS Games လေးတွေကို အခုကျွန်တော်တို့ သုံးနေတဲ့ ကွန်ပြူတာတွေမှာပဲ ဟိုးလွန်ခဲ့တဲ့ ၉၀ ပြည့်နှစ်လောက်က 486 machines တွေမှာ ကစားနေသလိုမျိုး ကစားနိုင်အောင် ကူညီပေးတဲ့ နေရာတော်တော်များများ တွေ့ရှိခဲ့ပါတယ်။ နောက်ထပ် ကောင်းတဲ့ တစ်ချက်က ဒီ DOS Games တွေကိုပဲ အင်တာနက်ပေါ်မှာ တရားဝင်အလကား ပေးနေတဲ့ ဆိုဒ်တွေ တော်တော်များများလည်း ရှိနေပါသေးတယ်။

DOS ဂိမ်းများ ဆော့ကစားခြင်း

DOS games တွေကို ကျွန်တော်တို့ သုံးနေတဲ့ ကွန်ပြူတာပေါ်မှာ ဆော့ကစားနိုင်ဖို့ အလွယ်ကူဆုံး နည်းလမ်းက DOSBox ကို အသုံးပြုပြီး ကစားတဲ့ နည်းပါ။




DOSBox ဆိုတာ free program တစ်ခုဖြစ်ပြီး သူက ကျွန်တော်တို့ရဲ့ ကွန်ပြူတာမှာ X86 ပေါ် အခြေခံထားတဲ့ sounds, video graphics တွေနဲ့ တစ်ခြား hardware တွေပါဝင်ပြီးသား DOS environment တစ်ခု ဖြစ်အောင် ဖန်တီးပေးပါတယ်။ DOSBox ဟာ Windows, Linux နဲ့ Mac OS X အားလုံးအထွက် ဖန်တီးပြီးသား ဖြစ်ပြီး ဘယ်ကွန်ပြူတာမှာ မဆို အသုံးပြုနိုင်ပါတယ်။


DOSBox ကို လွယ်လွယ်ကူကူ command line ကနေ install လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီ့နည်းလမ်းက ပြောရရင် နည်းနည်း technical ဆန်ပါတယ်။ အဲ့နည်းကို မသုံးပဲ တစ်ခြား သူ့ထက်ပိုလွယ်တဲ့ DOSBoxFrontends ဆိုတဲ့ နောက်နည်းလမ်းတစ်မျိုး DOSBox အတွက် ရှိပါသေးတယ်။


DOSBox အတွက် လူသိအများဆုံး GUI frontends ကတော့ D-Fend Reloaded ပါ။



D-Fend Reloaded ဟာ ကျွန်တော်တို့ နေ့စဉ်သုံးနေကျ Windows application တွေကို install လုပ်ရသလိုမျိုး install လုပ်ပြီးတာနဲ့ ချက်ချင်း အသုံးပြုယုံပါပဲ။ သူ့ကို install လုပ်ပြီးတာနဲ့ DOS game တစ်ခုခုကို install လုပ်ဖို့ဆိုရင် DOS program ပါတဲ့ zip file ကို  D-Fend Reloaded windows ရှိရာဆီ drag-and-drop လုပ်ပြီး ဖြစ်စေ - import wizard ကို သုံးပြီး ဖြစ်စေ install လုပ်ဆောင်နိုင်ပါတယ်။ 


D-Fend Reloaded ကနေ game packages တွေလည်း ရယူနိုင်ပြီး အဲ့ဒီ့ထဲမှာ ဆိုရင် freeware ရော shareware ရော DOS games တွေ အမျိုးစုံ ပါရှိပါတယ်။ အဲ့ဒီ့ Games လေးတွေကို တစ်ခြားဘာမှ ပြင်ဆင်ပြောင်းလဲ စရာမလိုဘဲ DOSBox ကို အသုံးပြုပြီး အလွယ်တကူ ဆော့ကစားနိုင်ပါတယ်။

MS-DOS Virtual Machine တည်ဆောက်၍ Games ကစားခြင်း

တကယ်လို့ လိုအပ်ချက် တစ်ခုခုကြောင့် DOSBox နဲ့ ကိုယ့်ရဲ့ favourite DOS game တွေကို ဆော့ကစားလို့ မရဖြစ်နေမယ့် သူများအတွက် နောက်ထပ်နည်းတစ်နည်း ကျန်ပါသေးတယ်။ အဲတာကတော့ DOS game တွေကို virtualization software လို့ လူသိများတဲ့ Windows Virtual PC, VirtualBox ဆိုတဲ့ Software မျိုးတွေသုံးပြီး DOS game တွေကို virtual machine ထဲမှာ ကစားဖို့ ကြိုးစားကြည့်နိုင်ပါတယ်။

ဒါတင်မက Microsoft ကနေ free copy အနေနဲ့ ထုတ်ပေးထားတဲ့ MS-DOS operating system ကို သုံးပြီး virtual machine တစ်ခုအဖြစ် ပြောင်းလဲနိုင်သလို အင်တာနက်ထဲမှာ ရှိနေတဲ့ FreeDOS program ကိုသုံးပြီးလည်း ဆော့ကစားလို့ ရပါတယ်။ သူတို့ အားလုံးက Free တွေချည်းပါပဲ။ ကျွန်တော်တို့ဆီမှာ DOS နဲ့ run နေတဲ့ virtual machine တစ်ခု ရှိပြီ ဆိုတာနဲ့ ကျွန်တော်တို့အတွက် လိုအပ်တဲ့ DOS programs ကို virtual machine ထဲ သွင်းပြီး ဆော့လို့ ရပါပြီ။

DOS Games များအား Browser မှတစ်ဆင့် Online တွင် ဆော့ကစားခြင်း

အရင်တုန်းကတော့ DOS games installers တွေဆိုတာ floppy disks တွေလာတာပါ။ ဒါပေမယ့်လည်း ခုနောက်ပိုင်းမှာတော့ ဒီလို ဂိမ်းလေးတွေက ဘာမှ install လုပ်စရာကို မလိုတော့ပဲ အင်တာနက် ရှိတာနဲ့ကို Browser ကနေ တစ်ဆင့် ဆော့လို့ ရနေပါပြီ။


JPC ဆိုတာ Java-based x86 emulator တစ်ခု ဖြစ်ပြီး DOS programs တွေကို Java plugin ပါတဲ့ modern browser တိုင်းမှာ ကစားလို့ ရအောင် ဖန်တီးထားပါတယ်။ JPC site မှာဆိုရင် popular DOS games တွေအဖြစ် လူသိများ လူကြိုက်များတဲ့  DOOM, Mario ... စတဲ့ နာမည်ကြီး ဂိမ်းတွေ တော်တော်များများရှိပါတယ်။ နောက်ထပ် collection games တွေစုထားတဲ့ နေရာ တစ်ခုကတော့ ဒီနေရာမှာပါ။ လောလောဆယ်မှာ Browser DOS games ပေါင်း ၁၇၃ မျိုး ရှိပြီး web browser ကနေ Java plugin ကို install လုပ်ထားယုံနဲ့ တိုက်ရိုက် ဆော့ကစားနိုင်ပါတယ်။


Browser ကနေပြီးဆော့တဲ့  Java-based DOS games တွေဟာ DOSBox နဲ့ ဆော့ရသလိုမျိုး မြန်မြန်ဆန်ဆန် ဆော့လို့ မရပေမယ့် သူ့ရဲ့ ကောင်းချက် တစ်ခုက Online ကနေပြီး DOS Games မှန်သမျှကို ကိုယ့်စက်ထဲ ဒေါင်းလုပ်မချခင် ကိုယ် ဘယ်ဂိမ်းလေးတွေကို သဘောကျလဲ ဆိုတာ စမ်းဆော့ကြည့်လို့ ကောင်းပါတယ်။

DOS Games များ Download ရယူခြင်း

ခုဆို ကျွန်တော်တို့ ကွန်ပြူတာမှာ DOS games တွေကို ဆော့ဖို့ အသင့်ဖြစ်နေပြီ ဆိုပါစို့ - ကျွန်တော်တို့ ဘာဆက်လုပ်ဖို့ လိုမလဲ ?? ဟုတ်ပါတယ် - ကျွန်တော်တို့ အတွက် ကောင်းနိုးရာရာ ဂိမ်းလေးတွေကို ရှာဖို့ လိုပါတယ်။

ဒီအောက်မှာ ဖော်ပြထားတာကတော့ လူသိများပြီး DOS games တော်တော်များများကို တစ်နေရာတည်းမှာ Download ရယူနိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အောက်မှာ ပေးထားတာတွေ အရမ်းများလို့ ဘာရွေးရမှန်း မသိဖြစ်နေရင် ဒီ search engine လေးကို သုံးကြည့်ပါ။ သူက လူသိများတဲ့ PC games websites တွေကို တစ်နေရာတည်းကနေ ဖော်ပြပါလိမ့်မယ်။ 

1. DOS Games – DOSGames.com ကျွန်တော်တို့အတွက် favorite DOS games တွေရှာဖို့ အကောင်းဆုံး နေရာတစ်ခုပါ။
2. DOS Games Archive – DOS Games Archive ဆိုတာ DOS games ကောင်းကောင်းလေးတွေ စုထားတဲ့ နောက်ထပ် အသုံးဝင် site တစ်ခုဖြစ်ပါတယ်။
3. D-Fend Game Packages – တကယ်လို့ D-Fend Reloaded ကို DOSBox နဲ့ တွဲပြီး install လုပ်ဖို့ ရွေးချယ်ထားတယ် ဆိုရင် DOS games တော်တော်များများကို installer ကနေ တစ်ဆင့် ထည့်သွင်းဆော့ကစားနိုင်ပါလိမ့်မယ်။
4. Classic DOS Games – ဒီ site မှာလည်း DOS games တော်တော်များများရှိနေပါတယ်။
5. Good Old Games –  ဒီ site မှာတော့ games တွေကို modern PCs တွေအတွက် သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရနိုင်ပါတယ်။
6. Abandonia – သူလည်း collection games တွေကို စုထားတဲ့ site တစ်ခုပါပဲ။
7. Home of the Underdogs – ဒီ site ကိုလည်း လေ့လာကြည့်ပါ။

နောက်ပြီး ဒီနေရာကနေ DOS games catalog ကို Wikipedia ကနေ offline reference အနေနဲ့ ရယူနိုင်ပါတယ်။ သူ့ကိုကြည့် ပြီး DOS games တိုင်းရဲ့ released date တွေကို လေ့လာနိုင်ပါတယ်။

KznT.

Related Posts