What is the System Reserved Partition?


“System Reserved” Partition ဆိုတာကို Service လိုက်ပြင်နေတဲ့သူ တော်တော်များများနဲ့ ကိုယ့်ဘာသာကိုယ် ကွန်ပြူတာကလိဖူးသူတိုင်း ရံဖန်ရံခါ တွေ့ဖူးကြလိမ့်မယ်လို့ ထင်မိတယ်။ အဲ့ဒီ့ Partition က Windows 7 နဲ့ 8 ကို Clean Disk မှာ Install လုပ်တဲ့အခါ Windows ကနေ အလိုလျောက် ဖန်တီးပေးတဲ့ Partition လို့ပဲ ပြောရမယ်။ အလိုလျောက် ဖန်တီးပေးတဲ့ Partition ဆိုပေမယ့် Windows ကနေပြီး အဲ့ဒီ့ Partition ကို Drive Letter သတ်မှတ်မပေးဘူး။ အဲ့တာကြောင့် တကယ်တမ်း Windows တက်လာတဲ့အခါ အဲ့ဒီ့ “System Reserved” Partition ဆိုတာကို Windows Explorer မှာ မြင်ရမှာ မဟုတ်သလို ပုံမှန် User တစ်ယောက်အနေနဲ့ ရှိတယ်ဆိုတာကိုတောင် သတိထားမိမှာ မဟုတ်ဘူး။ သူ့ကို Disk Management သုံးလေ့ရှိတဲ့ သူတွေနဲ့ တစ်ခြား 3rd Party Partition Tools သုံးလေ့ရှိသူတွေလောက်ပဲ သတိထားမိကြလိမ့်မယ်။

“System Reserved” Partition ဆိုတာ Windows 7 နဲ့ နောက်ပိုင်း OS တွေမှာမှ Microsoft ကစပြီး မိတ်ဆက်ခဲ့တာမို့လို့ အရင် Windows အဟောင်းတွေမှာ တွေ့ဖူးကြမှာ မဟုတ်ဘူး။ အဲ့ဒီ့ Partition ကို Windows Serer 2008 R2 နဲ့ နောက်ပေါ်တဲ့ Windows Server versions အသစ်တွေမှာလည်း Create လုပ်လာတာ တွေ့ရတယ်။

အဲ့တော့ “System Reserved” Partition က ဘာအရေးကြီးသလဲဆိုတာ သိဖို့လိုလာသလို သူ့ကို ဘာအတွက် ဖန်တီးထားသလဲဆိုတာကိုလည်း နားလည်ထားဖို့ လိုလာတယ်။ “System Reserved” Partition ကို Windows ကနေ အလိုလျောက် ဖန်တီးရခြင်းရဲ့ အဓိကရည်ရွယ်ချက်က (၂) ခုရှိတယ် -

  • Boot Manager နှင့် Boot Configuration Data များ သိမ်းဆည်းရန် - ကွန်ပြူတာ Boot တက်တဲ့အချိန်မှာ Windows Boot Manager စအလုပ်လုပ်ပြီး Boot Configuration Data (BCD) ထဲမှာရှိတဲ့ Boot Data ကို အရင်ဆုံး သွားဖတ်တယ်။ အဲ့လို “System Reserved” Partition ထဲက Boot Loader ကို Boot ပြီးတဲ့အချိန်မှာ ကိုယ့် System Drive ရဲ့ ဘယ်နေရာမှာ Windows ရှိတယ်ဆိုတာကိုသိပြီး အဲ့ကနေမှတဆင့် Boot တက်တယ်။
  • BitLocker Drive Encryption အတွက် Startup Files များ အသုံးပြုနိုင်စေရန် - ကိုယ့် Hard Drive ကို လုံခြုံမှုရှိအောင် BitLocker Drive Encryption သုံးဖို့ စိတ်ကူးရှိမယ်ဆိုရင် “System Reserved” Partition ထဲမှာ ကွန်ပြူတာစတင်အလုပ်လုပ်ဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ ဖိုင်တွေ (Boot Files) ရှိနေတာက Main Windows partition ထဲမှာ ရှိနေတာထက် ပိုကောင်းပါတယ်။ အဲ့လိုရှိနေခြင်းအားဖြင့် ကွန်ပြူတာ Boot တက်တဲ့အချိန်မှာ Unencrypted ဖြစ်နေတဲ့ System Reserved partition ကနေတဆင့် Main Encrypted Drive ကို Decrypt လုပ်ပြီး Encrypted Windows System ကို Boot စေပါတယ်။

အဲ့တာကြောင့် BitLocker Drive Encryption သုံးဖို့ စိတ်ကူးရှိမယ်ဆိုရင် “System Reserved” Partition ကို မဖြစ်မနေ ထားသင့်ပါတယ်။ မဟုတ်ရင်တော့ BitLocker သုံးတဲ့အချိန်မှာ ပုံမှန် Function ရဖို့ မလွယ်ပါဘူး။ အပေါ်မှာ ပြောထားခဲ့ပြီးသလို အရေးကြီးတဲ့ Boot Files တွေက Default အနေနဲ့ “System Reserved” Partition ထဲမှာ သိမ်းတယ်ဆိုပေမယ့် ကိုယ့်ဘာသာ Partition ခွဲပြီး အဲ့ဖိုင်တွေကို Main Windows partition ထဲမှာပဲ သိမ်းချင်တယ်ဆိုရင်လည်း သိမ်းထားနိုင်ပါတယ်။


“System Reserved” Partition ကို Windows Installation လုပ်ဆောင်ဖို့အတွက် HD ကို Partition ပိုင်းတဲ့အချိန်မှာ Windows Setup က အလိုလျောက်ဖန်တီးပြီး Windows 7 မှာ “System Reserved” Partition က 100 MB နေရာယူပါတယ်။ Windows 8 မှာတော့ 350 MB နေရာယူပါတယ်။ Windows Installer ထဲမှာပါတဲ့ Partition Manager နဲ့ ကိုယ့် HD က Unallocated Space ကို Partition ပိုင်းဖို့ ကြိုးစားတဲ့အချိန်မှာ Windows Setup ကနေ အောက်ဖော်ပြပါအတိုင်း ပြောတာကြုံဖူးကြပါလိမ့်မယ်။

“To ensure that all Windows features work correctly, Windows might create additional partitions for system files.”

ဆိုလိုတာက Windows နဲ့အတူပါလာမယ့် Features တွေ ပုံမှန်အတိုင်း ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်ဖို့အတွက် လိုအပ်တဲ့ System Files တွေသိမ်းဖို့ နောက်ထပ် Partition (“System Reserved” Partition ) ဖန်တီးရလိမ့်မယ် ဆိုတာကို အသိပေးတာပါ။


တစ်ချို့က ဒါကို သဘောမကျကြဘူး။ Partition တစ်ခုခွဲတာ နှစ်ခုထွက်တယ်ဆိုပြီး အလိုမကျတဲ့သူတွေရှိသလို ဘာမှလည်း သုံးစားရတာ မဟုတ်ဘဲနဲ့ “System Reserved” Partition က ဘာအတွက် ပေါ်လာတာလဲဆိုပြီး မေးကြတဲ့သူတွေလည်း ရှိတယ်။ ကျွန်တော်တစ်ဦးတည်း သဘောအရဆိုရင်တော့ ပမာဏအရ ဘယ်လောက်မှ မရှိတဲ့ ဒီ Partition သေးသေးလေးကို များများစားစားတွေးမနေဘဲ ရှိမြဲအတိုင်း ထားစေချင်ပါတယ်။ သူရှိနေလို့ ကျွန်တော်တို့အတွက် ထူးပြီး ဘာမှမဖြစ်ဘူး။ Windows ကနေလည်း ဒီ Partition ကို မမြင်ရအောင် Default အနေနဲ့ Drive Letter မပေးဘဲ Hide ထားပေးတယ်။ အဲ့တာကြောင့် လူတော်တော်များများ ဒီ Partition ကို ရှိမှန်းတောင် သတိမထားမိကြဘူး။ ဒီ Partition က BitLocker မသုံးသူတွေအတွက် မရှိလည်း ဘာမှ မဖြစ်ပေမယ့် လက်ရှိမှာ BitLocker သုံးနေသူတွေ၊ နောင်များမှာ BitLocker သုံးဖို့ စိတ်ကူးရှိသူတွေအားလုံးအတွက် မဖြစ်မနေ ထားသင့်ပါတယ်။ အဲ့လိုရှိထားမှသာ Drive အားလုံးအတွက် BitLocker သုံးဖို့ အသင့်အနေအထား ဖြစ်ပါလိမ့်မယ်။

တကယ်လို့ “System Reserved” Partition ကို နေရာမပေးချင်ဘူးဆိုရင် လုပ်ဆောင်နိုင်တဲ့နည်းတွေ ရှိပါတယ်။ အဲ့နည်းတွေထဲက တစ်နည်းကတော့ Unallocated Space ကို Partition ပိုင်းတဲ့အချိန်မှာ Windows Installer နဲ့ မပိုင်းဘဲ တစ်ခြား Disk Partitioning Tool တစ်ခုခုသုံးပြီး ကြိုပိုင်းထားတဲ့နည်းပါ။ ကျွန်တော်ကတော့ အဲ့လိုလုပ်ဖို့ စိတ်ကူးရှိရင် Paragon Hard Disk Manager ဒါမဟုတ် Partition Wizard Boot Disk အခွေကို သုံးပါတယ်။ အဲ့နည်းနဲ့ Partition ပိုင်းထားပြီးနောက်မှ Windows Installer ကို ကိုယ် Windows ထားချင်တဲ့ Partition နေရာပြလိုက်ရင် “System Reserved” Partition ကို Create မလုပ်တော့ဘဲ ပုံမှန်အတိုင်း ဆက်သွားပါလိမ့်မယ်။ အဲ့လိုနည်းနဲ့ “System Reserved” Partition မှာ သိမ်းမယ့် Boot Files တွေကို Main System Partition မှာ တစ်ပါတည်း ထည့်ထားနိုင်ပါတယ်။

ဒီနည်းကိုပဲ တစ်ခြား Disk Partitioning Tool တွေမသုံးဘဲ Windows Installer ထဲမှာပါတဲ့ Partition Manager ကိုသုံးပြီး “System Reserved” Partition မပါအောင် အောက်ဖော်ပြပါအတိုင်း ဖန်တီးနိုင်ပါသေးတယ် -

  • Windows Setup မလုပ်ဆောင်သေးခင်မှာ Shift+F10 ကို နှိပ်ပြီး Command Prompt ကိုဖွင့်ပါ။
  • Command Prompt window ပွင့်လာရင် diskpart လို့ရိုက်ပြီး Enter ခေါက်ပါ။
  • ပြီးရင် Unallocated Space ကို Diskpart Tool သုံးပြီး New Partition အဖြစ် Create လုပ်ပါ။ ဥပမာ - ကျွန်တော်တို့ ကွန်ပြူတာမှာ Partition တစ်ခုမှ မရှိဘဲ Empty ဖြစ်နေတဲ့ Drive တစ်ခုပဲ ရှိတယ်ဆိုပါစို့။ ဒီလိုဆိုရင် select disk 0 လို့ရိုက်ပြီး create partition primary အနေနဲ့ ဖန်တီးနိုင်ပါတယ်။ ဒီနည်းက Partition ပိုင်းချင်သူ အားလုံးအတွက် Ideal Solution တော့ မဟုတ်ပါဘူး။ Diskpart Tool အသုံးပြုပုံ အသေးစိတ်ကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။
  • Partition Create လုပ်ပြီးသွားရင် Windows Setup ကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်သွားပါ။


ဖော်ပြခဲ့တဲ့ နည်းတွေကိုမသိပဲ Windows တင်ပြီးခါမှ “System Reserved” Partition ကို ဖျက်ချင်တယ်ဆိုရင်လည်း ဖျက်လို့ရပါတယ်။ ဒါပေမယ့် ပုံမှန် သမားရိုးကျ လုပ်ထုံးလုပ်နည်းနဲ့ Partition ကို Delete လုပ်လို့တော့ မရပါဘူး။ အဲ့လိုလုပ်လိုက်ရင် “System Reserved” Partition ထဲမှာ ရှိနေတဲ့ Boot Loader Files တွေကိုပါ Delete လုပ်မိသလိုဖြစ်ပြီး Windows မတက်တော့တဲ့ ပြဿနာနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။


“System Reserved” Partition ကို ဖျက်ချင်တယ်ဆိုရင် အရင်ဆုံး အဲ့ဒီ့ Partition ထဲမှာ ရှိနေတဲ့ Boot Files တွေကို System Partition ထဲ ရွှေ့ဖို့လိုပါတယ်။ ဒါပေမယ့် ဒီနည်းက အပြောလွယ်ပေပြီး အလုပ်ခက်ပါတယ်။ အဲ့ဒီ့နည်းကို သုံးရင် Registry ကိုင်ရမယ်၊ Files အတော်များများကို Drive to Drive ရွှေ့ရမယ်၊ BCD ကို ပြန်ပြင်ရေးရမယ် နောက်ဆုံး Main System Drive ကို Active Partition ဖြစ်အောင် ပြန်လုပ်ရဦးမယ်။ အသေးစိတ် လုပ်ထုံးလုပ်နည်းတွေကိုတော့ အင်တာနက်ထဲမှာ နေရာတိုင်းလိုလို တွေ့နိုင်တာကြောင့် အသေးစိတ်ပြန်မရေးတော့ဘူး။ ဘယ်လောက်မှ မရှိတဲ့ ပမာဏလေးတစ်ခုလောက် အတွက်နဲ့ “System Reserved” Partition ကို ဖျက်ဖို့ ကျွန်တော်ကိုယ်တိုင်လည်း အားမပေးဘူး။

“System Reserved” Partition က ရုတ်တရက်ကြည့်ရင် Partition Table မှာ ရှုပ်ထွေးစေသလို မြင်ရပြီး နေရာအများကြီး ယူထားသလို ထင်ရပေမယ့် သူက Windows တစ်ခုလုံးအတွက် အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေတယ်ဆိုတာရယ် သူ့ကိုဖျက်လိုက်လို့ ကိုယ့်အတွက် Space ဘယ်လောက်မှ ပိုရလာမှာ မဟုတ်ဘူးဆိုတာရယ်ကို စာဖတ်သူတွေ သတိထားနိုင်ဖို့ အသိပေးချင်ပါတယ်။

TechSectors.

How to Check S.M.A.R.T. Status of Your Hard Drive





Image Credit: http://www.popularmechanics.com

Hard drives တွေက S.M.A.R.T လို့ခေါ်တဲ့ (Self-Monitoring, Analysis, and Reporting Technology) နည်းပညာကို အသုံးပြုပါတယ်။ သဘောကတော့ ကိုယ့်အခြေအနေကိုယ် ဆန်းစစ်ပြီး အခြေအနေ ကောင်း/မကောင်း ပြဿနာရှိ/မရှိ သတင်းပြန်ပို့ပေးတဲ့ နည်းကိုဆိုလိုတာပါ။ အဲ့ဒီ့နည်းပညာ အကူအညီနဲ့ ကိုယ့် Hard drives ရဲ့ S.M.A.R.T. data ကိုကြည့်ပြီး Hard drives မှာ ပြဿနာတွေ ရှိနေပြီလား ဘာတွေကြိုတင်ပြင်ဆင်ထားဖို့ လိုမလဲဆိုတာ ကျွန်တော်တို့ အလွယ်တကူ ဆုံးဖြတ်နိုင်တယ်။

Windows မှာ Hard drives ရဲ့ S.M.A.R.T. Status ကို Command Prompt ကနေ Commands နည်းနည်းသုံးပြီး စစ်လို့ရပေမယ့် အဲ့တာက လူတိုင်းအတွက် အဆင်မပြေပါဘူး။ S.M.A.R.T. data အလွယ်တကူ ကြည့်နိုင်ဖို့ Built-in Tool ဆိုပြီး သီးသန့်ထည့်ပေးထားတာလည်း Windows မှာ မရှိဘူး။ အဲ့တော့ S.M.A.R.T. data ကြည့်ဖို့ဆိုရင် ကျွန်တော်တို့ တစ်ခြား Third-party tool တစ်ခုသုံးဖို့ လိုလာပါတယ်။

Checking S.M.A.R.T. With Third-Party Tools

Hard drives ရဲ့ S.M.A.R.T. data ကိုကြည့်ဖို့အတွက် လူသုံးများတာ CrystalDiskInfo ပါ။ သူက သုံးရတာလည်း မခက်ဘူး။ နောက်ပြီး Open-source Applications တစ်ခုလည်းဖြစ်တယ်။ Command Prompt ကနေကြည့်ရတာမဟုတ်လို့ ဘာ Commands မှလည်း မှတ်နေစရာမလိုဘူး။



Installed လုပ်ပြီး CrystalDiskInfo ကို Run လိုက်တာနဲ့ ကိုယ့်စက်မှာ ဆင်ထားတဲ့ Hard Drives တွေရဲ့ S.M.A.R.T. status information ကို လွယ်လွယ်ကူကူ ကြည့်နိုင်ပါတယ်။ အားလုံး အခြေအနေကောင်းတယ် ဆိုရင် အောက်မှာဖော်ပြထားတဲ့အတိုင်း Health Ststus မှာ Good လို့ တွေ့ရပါလိမ့်မယ်။



CrystalDiskInfo နဲ့ ကိုယ့် Hard Drives တွေရဲ့ အခြေအနေကို စစ်ဆေးတဲ့အခါမှာ ကောင်းတယ်/မကောင်းဘူး ဆိုတဲ့ဖော်ပြချက်လေးတင် ကြည့်နိုင်တာ မဟုတ်ပါဘူး။ ကိုယ့် Hard Drives နဲ့ဆိုင်တဲ့ Current Temperature အပါအဝင် Hardware Specifications တွေကိုလည်း တဆက်တည်း ကြည့်နိုင်ပါတယ်။ ပြဿနာတစ်ခုခု ရှိခဲ့မယ်ဆိုရင်လည်း ဘာကြောင့်ဖြစ်တဲ့ ပြဿနာဆိုတာ တိတိကျကျသိနိုင်ပါတယ်။ တကယ်လို့ ဖြစ်တဲ့ပြဿနာကို တိတိကျကျ မဝေခွဲနိုင်သေးဘဲ ဇဝေဇဝါဖြစ်နေရင် Function > Resident ကိုနှိပ်ပြီး CrystalDiskInfo ကို System Tray ထဲမှာ Run ခိုင်းထားလို့ ရပါတယ်။



တကယ်လို့ Function > Startup ပေးထားမယ်ဆိုရင်တော့ ကွန်ပြူတာကို Restart ပေးပြီးသွားရင် Windows နဲ့အတူ နောက်ကွယ်ကနေ Run နေပါလိမ့်မယ်။



တကယ်လို့ S.M.A.R.T. status အပြောင်းအလဲရှိတယ်ဆိုရင် CrystalDiskInfo ကနေ Pop up တက်ပြီး အသိပေးပါလိမ့်မယ်။

Checking S.M.A.R.T. Without Third-Party Tools

အပေါ်မှာ ဖော်ပြခဲ့သလို Third-party tool မသုံးချင်ဘူးဆိုရင် Windows ထဲမှာပဲ Command Prompt ကနေတဆင့် Commands နည်းနည်းလောက်သုံးပြီး S.M.A.R.T. စစ်လို့ရပါတယ်။ (Windows key ကိုနှိပ်ထားပြီး Command Prompt ရိုက် Enter ခေါက်ပါ။) Command Prompt window ပေါ်လာရင် အောက်မှာဖော်ပြထားတဲ့ Commands နှစ်ကြောင်းကို တစ်ကြောင်းစီရိုက်ပြီး Enter ခေါက်ပါ။

wmic

diskdrive get status



ပုံမှာမြင်ရတဲ့အတိုင်း Status မှာ OK တွေ့ရမယ်ဆိုရင် ကိုယ့်စက်က Hard Drives တွေ အခြေအနေကောင်းတယ်ဆိုတာ သေချာပါတယ်။ S.M.A.R.T. information ပေါ်မူတည်ပြီး Status က တစ်ခြားဟာလည်း ဖြစ်နိုင်ပါတယ်။

တကယ်လို့ CrystalDiskInfo နဲ့ဖြစ်စေ၊ တစ်ခြား Program တစ်ခုခုနဲ့ သုံးပြီး စစ်တာဖြစ်စေ Error တစ်ခုခုတွေ့ခဲ့ရင် အများကြီး စိုးရိမ်ဖို့ မလိုပေမယ့် S.M.A.R.T. error ပေါ်ပြီဆိုရင် ပျက်စပြုနေပြီလို့ သိထားရပါမယ်။ ဒါပေမယ့် အဲ့ဒီ့ဖော်ပြချက်​ကြောင့် ကိုယ့် Hard Drive က ချက်ချင်းပျက်တော့မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဘယ်အချိန်မှာ လုံးဝသုံးမရအောင် ပျက်နိုင်သလဲဆိုရင် တခဏချင်းလည်း ဖြစ်နိုင်သလို တော်တော်ကြာကြာမှလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ S.M.A.R.T. error ပြနေပေမယ့် နှစ်နဲ့ချီပြီး သုံးလို့ရတဲ့ Hard Drive မျိုးတွေလည်း ကြုံခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ကံကိုယုံပြီး ဆူးပုံနင်းလို့တော့ မရပါဘူး။ လုံးဝသုံးမရအောင် ပျက်သွားတာမျိုး မဟုတ်ရင်တောင်မှ နောက်ပိုင်းမှာ Data Corruption ဖြစ်လာနိုင်ပါတယ်။ S.M.A.R.T. error ပေါ်တာတွေ့ရင် အရင်ဆုံး အဲ့ဒီ့ Hard Drive ထဲက ကိုယ့်အတွက် အရေးကြီးတဲ့ Data တွေကို External Hard Drive ပြောင်းထည့်တာမျိုး ဒါမှမဟုတ် အခွေရိုက်ထားတာမျိုး စသဖြင့် Backup လုပ်ထားပါ။

Backed up လုပ်ပြီးသွားရင်ဆိုရင်တော့ တတ်နိုင်သမျှ အမြန်ဆုံး Hard Drive အသစ်လဲနိုင်ဖို့ ကြိုးစားစေချင်ပါတယ်။ ကွန်ပြူတာတစ်လုံးမှာ Hard Drive က အသက်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တစ်ခြားအစိတ်အပိုင်းတွေ ပျက်ခဲ့ရင် ပိုက်ဆံတတ်နိုင်တဲ့အချိန် အစားထိုး လိုက်လို့ရတယ်။ တစ်ခြားဘာဆုံးရှုံးမှုမှ မဖြစ်နိုင်ဘူး။ ဒါပေမယ့် Hard Drive Failure ဖြစ်ရင် အစားထိုးရယုံတင်မက ကိုယ့်မှာရှိတဲ့ အရေးကြီး Data တွေပါ ပျက်ဆီးသွားနိုင်လို့ပါ။ ဒါ့ကြောင့် ကိုယ့်အတွက် တန်ဖိုးရှိပြီး ပျက်ဆီးဆုံးရှုံးမခံနိုင်တဲ့ Data တွေ မပျောက်ပျက်ရအောင် Back up Plan ထားရှိဖို့နဲ့ အမြဲတမ်း S.M.A.R.T. Status ကိုစစ်ဆေးကြဖို့ တိုက်တွန်းလိုပါတယ်။

Maung Zin.

Best “Microsoft Fix it” Troubleshooters

Windows မှာ ပြဿနာ တစ်ခုခု တက်ရင် ဘာမှမလုပ်တတ်တဲ့ အခါ ဖိုရမ်ကိုပဲ ကျွန်တော်တို့ ပြေးကြရတယ် - ဒါပေမယ့် တစ်ချို့ပြဿနာတွေက ဖိုရမ်မှာ မေးမယ်ဆိုရင် ကိုယ်က အလျင်လိုနေပေမယ့် ချက်ချင်း အဖြေပြန်မရတတ်တာမျိုးတွေ ရှိတာမို့လို့ တတ်နိုင်မယ်ဆိုရင် ကျွန်တော့် အနေအနေနဲ့တော့ မမေးခင်မှာ ကိုယ်လိုချင်မယ့် အဖြေကို အင်တာနက်ထဲမှာ ရှိမရှိ အရင်ရှာကြစေချင်တယ် - ဒါမှလည်း နောက်ပိုင်း ပြဿနာတစ်ခုခု ဖြစ်တဲ့ အခါ ကိုယ်ကိုယ်တိုင် ဘာဖြစ်မယ် ဆိုတာ ခန့်မှန်းနိုင်ပြီး အင်တာနက်ထဲမှာလည်း ရှာဖွေတတ်လာမှာ - လောလောဆယ် ဒီ Thread ကို ရေးဖြစ်ရခြင်းရဲ့ အကြောင်းက Windows မှာ ဖြစ်တတ်တဲ့ ပြဿနာတွေ ( ဥပမာ - Windows Aero Glass visual effects အလုပ်မလုပ်တာ - Windows File and Folder တွေမှာ ပြဿနာ တက်နေတာကို ပြင်ချင်တာ - CD or DVD Drive တွေက ကောင်းပါရက်နဲ့ မရိုက်နိုင် မဖတ်နိုင် ဖြစ်နေတာ စသဖြင့် ပြဿနာ တက်နေတဲ့ အခါ ဖိုရမ်မှာ မေးစရာမလိုပဲ အတတ်နိုင်ဆုံး ပြေလည်နိုင်စေမယ့် နည်းလမ်းတစ်ခု ရှိနေတာကို မိသားစုဝင်များ သတိထားမိနိုင်အောင် ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။ 

သူ့ရဲ့နာမည်ကတော့ Microsoft Fix it troubleshooters ပါ - တော်တော်များများလည်း သိပြီး ဖြစ်ပါလိမ့်မယ် - ဒါပေမယ့် တော်တော်များများ မသုံးဖြစ်ကြသေးဘူး - သူ့ရဲ့ စွမ်းဆောင်ရည်က ကိုယ့်စက်မှာ ဖြစ်နေတဲ့ ပြဿနာကို သူ့ဘာသာ အဖြေရှာပြီး သူ့အလိုလျောက်ပြင်ဆင်ပေးနိုင်တာ - ဒီနည်းကို ဘာကြောင့် သုံးစေချင်သလဲ ဆိုရင် Windows မှာ ပြဿနာ တစ်ခုခု ဖြစ်တဲ့ အခါ များသော အားဖြင့် ကျွန်တော်တို့ Windows Registryထဲထိ ဝင်ပြင်ကြရတယ် - Windows Registry ကို ဝင်ရောက် ပြင်ဆင်တာဟာ ပြင်ဆင်နေကျ လူတစ်ယောက်အတွက် Step by Step ဘယ်လို သွားရမယ် ဘာတွေ Backup လုပ်ရမယ်ဆိုတာ နားလည်ပေမယ့် လူသစ်တစ်ယောက်အတွက် သူများရေးတဲ့ စာကို ဖတ်ပြီး Windows Registry ကို ဝင်ပြင်တာဟာ အလွန်ကို အန္တရာယ်များပါတယ် - အဲ့တာကြောင့် ဖြစ်နိုင်မယ်ဆိုရင် Windows ပိုင်း ဆိုင်ရာမှာ ပြဿနာ တစ်ခုခု တက်တဲ့အခါ လူတော်တော်များများ လမ်းညွှန်လေ့ရှိတဲ့ Windows Registry ထဲကို ဝင်ပြင်တဲ့နည်းထက် Microsoft Fix it troubleshooters ကို အသုံးပြုစေချင်ပါတယ် - တကယ်လို့ Fix it troubleshooters သုံးလိုက်လို့မှ ဖြစ်တဲ့ ပြဿနာကို ဖြေရှင်းမပေးနိုင်ဘူး ဆိုရင်လည်း သူကနေ ဘာဆက်လုပ်ရမယ် ဆိုတာ ညွှန်ကြားပေးတတ်ပါတယ်။


လုပ်ဆောင်နည်းကတော့ အောက်မှာ ဖော်ပြပေးထားတဲ့ Mats_run.exe file တွေထဲက ကိုယ့်ပြဿနာနဲ့ အနီးစပ်ဆုံး ဆင်တူပြီး ဖြစ်နိုင်ချေရှိတဲ့ အမည်ကို ရွေးပြီး Download ချပါ - ပြီးရင် Run ပါ - အဲ့လို Run တဲ့ အချိန်မှာ အသုံးပြုနေတဲ့ ကွန်ပြူတာဟာ အင်တာနက်နဲ့ ချိတ်ဆက်ထားဖို့ လိုပါတယ် - ဒါမှ troubleshooter ဟာ ဖြစ်နေတဲ့ ပြဿနာကို ပြုပြင်ဖို့ အတွက် လိုအပ်တဲ့ Components တွေကို Download လုပ်ပြီး သုံးနိုင်မှာပါ - လိုအပ်တဲ့ အစိတ်အပိုင်းတွေကို Download လုပ်ပြီး သွားတာနဲ့ troubleshooter ကနေ ကိုယ့်စက်မှာ ဘာပြဿနာ ဖြစ်နေလဲဆိုတာ သူ့ဘာသာ စစ်ပြီး အလိုလျောက်ပြင်သွားပါလိမ့်မယ်။ တကယ်လို့ သူ မပြင်ပေးနိုင်ခဲ့ဘူး ဆိုရင်တောင် ဘယ်ကိုသွားပါ - ဘာကိုလုပ်ပါ ဆိုတာမျိုး ပြင်ဆင်ရေးအတွက် နေရာကောင်းတွေရှိမယ့် နေရာကို လမ်းညွှန်ပေးပါလိမ့်မယ်။


တကယ်လို့ ဒီနည်းကို မသုံးချင်ရင် နောက်ထပ်တစ်နည်း ရှိပါသေးတယ် - အဲ့တာကတော့ Fix it Solution Center ရဲ့ အကူအညီနဲ့ ဖြေရှင်းတဲ့ နည်းလမ်းပါ - Fix it Solution Center ရဲ့ အကူအညီကို ရယူနိုင်ဖို့ ဒီနေရာကနေ သွားပါ - ရောက်တဲ့ အချိန်မှာ အောက်ဖော်ပြပါအတိုင်း Options လေးတွေတွေ့ရပါလိမ့်မယ် - 




ကိုယ်ဖြစ်နေတဲ့ ပြဿနာရပ်ပေါ် မူတည်ပြီး Windows မှာဖြစ်တဲ့ ပြဿနာလား - Internet Explorer နဲ့ ပတ်သတ်ပြီး ဖြစ်တာလား - Windows Media Player နဲ့ ပတ်သတ်ပြီး ဖြစ်တာလား - စသဖြင့် ဆုံးဖြတ်ပြီး သက်ဆိုင်ရာ ခေါင်းစဉ် တစ်ခုခု အောက်ကို ဝင်ပါ - တကယ်လို့ ဘာနဲ့ ပတ်သတ်ပြီး ပြဿနာ ဖြစ်နေမှန်း ကိုယ်ကိုယ်တိုင် ဂဃနဏ မခွဲခြား တတ်ရင် များသောအားဖြင့် လူဖြစ်များတဲ့ ပြဿနာ ရပ်တွေဟာ Top Solutions အောက်မှာ ရှိနေတတ်ပါတယ်။ တကယ်တော့ ဒီအဆင့်က ကိုယ့် ဖြစ်နေတဲ့ ပြဿနာကို သူပေးထားတဲ့ Solutions တွေ အများကြီး ထဲက အနီးစပ်ဆုံး ရှာတွေ့နိုင်အောင် ဘောင်ချုံ့လိုက်တာ ဖြစ်ပါတယ် - နောက်တစ်ဆင့်မှာ ကိုယ်ဖြစ်တဲ့ ပြဿနာရဲ့ အနီးစပ်ဆုံး ဆင်တူတဲ့ ခေါင်းစဉ်ကို Select a problem area ကနေ ရွေးချယ်ပါ - 



အဲ့လို ရွေးချယ်လိုက်တာနဲ့ ပြဿနာ ဖြေရှင်းနိုင်မယ့် Solutions တွေကို အောက်မှာ Run Now နဲ့ ဖော်ပြသွားပါလိမ့်မယ် - အဲ့ထဲက အနီးစပ်ဆုံး အဖြေကို ထပ်ရှာပြီး Run Now နဲ့ ဖြေရှင်းလိုက်ယုံပါပဲ - 




တကယ်လို့ စိတ်ထဲမှာ ဒိွဟ ဖြစ်နေသေးရင် Run Now မနှိပ်ခင်မှာ Learn More ကို Click ပေးပြီး ကိုယ် Run Now လုပ်မယ့် ကောင်က ဘယ် ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာလဲ ဆိုတာ နောက်တစ်မျက်နှာမှာ အသေးစိတ်ဖတ်နိုင်ပါသေးတယ်။ အောက်မှာ ပုံစံတူ ဥပမာပြထားပါတယ်။



စမ်းသပ်ကြည့်ပါ - အဆင်ပြေခဲ့မယ် ဆိုရင် တစ်ခြားလူတစ်ယောက် ဖြေပေးတာ စောင့်ဖို့မလိုပဲ ကိုယ့်ပြဿနာ အမြန်ဆုံး ပြေလည်နိုင်တာပေါ့ 

ကိုးကားရင်းမြစ်များ

http://www.microsoft.com/downloads/e...1-5295789ec8fe
http://www.askvg.com/list-of-best-mi...r-pc-problems/
http://support.microsoft.com/fixit/
http://fixitcenter.support.microsoft.com/Portal

KznT.

How To Create Multiboot USB Flash Drive

ဒီအကြောင်းကို ဖတ်ထားခဲ့တာ တော်တော်ကြာပြီ - ဖတ်ပြီးကတည်းက ပြန်ပြောပြမလို့ပဲ တောင်လုပ် မြောက်လုပ် လုပ်နေတာနဲ့ ပြောဖြစ်တဲ့ဘက်ကို မရောက်နိုင်ဘူး ဖြစ်နေတာ - အကြောင်းက အရင် ကျွန်တော်တို့ Windows ကို အကြောင်းအမျိုးမျိုးကြောင့် CD/DVD Drives တွေကနေ တင်လို့ မရတဲ့ အခါ USB ကနေ တင်ဖို့ဆိုပြီး နည်းလမ်းမျိုးစုံနဲ့ ကျွန်တော်တို့ အပေါ်မှာ ပြောခဲ့ကြတာ ရှိတယ် - ပထမဆုံး ကျွန်တော်စဖွင့်ခဲ့တဲ့ Windows 7 USB/DVD Download tool သုံးပြီး ISO File ကို USB Drive ထဲထည့်တဲ့နည်းက ပြောရရင် သိပ်အဆင်မပြေဘူး - ဒါကလည်း ကျွန်တော် အဲ့တုန်းက USB Flash Drive နဲ့ Windows တင်နိုင်ဖို့ သုံးတဲ့ Tools တွေအကြောင်း သိပ်များများ မသိသေးတာလည်း ပါတယ် - နောက်ပိုင်း ကျွန်တော် WinToFlash ကို သိတော့ Windows 7 USB/DVD Download tool ဘက်ကို လှည့်မကြည့်မိတော့ဘူး - အဲ့တာလေးနဲ့ အဆင်ပြေနေတာ တော်တော်လည်း ကြာပြီ - အဲ့တုန်းကလည်း သိသာသိတယ် ပြန်တော့ မပြောပြဖြစ်ခဲ့ဘူး - အဲ့တာ ကိုမင်းသိုက် သတိထားမိပြီး 05-03-2011, 06:51 PM နေ့က ANY WINDOWS INSTALL FROM FLASH DRIVE ဆိုတဲ့ ခေါင်းစဉ်နဲ့ သံလုံငယ်ဆိုဒ်ကနေ ပြန်ပြီး ဖော်ပြပေးတယ် - အဲ့နည်းလေးက ပြောရရင် ကျွန်တော်ရေးထားတဲ့ Windows 7 USB/DVD Download tool နည်းထက် အများကြီး ပိုအဆင်ပြေတဲ့ နည်းပါ - ကျွန်တော်ရေးထားတဲ့ အသုံးသိပ်မဝင်တာကြီး ထိပ်ဆုံးရောက်နေလို့ စိတ်ထဲတောင် သိပ်မကောင်းဘူး

ဒီနေ့ ပြောပြချင်တဲ့ အကြောင်းက အရင်ကျွန်တော်တို့တွေ USB ကနေ ဝင်းဒိုးတင်ကြမယ် ဆိုရင် ဘယ် Tools ကို သုံးသုံး USB တစ်ခုကို Windows တစ်မျိုးပဲ တင်သုံးလို့ ရတယ် - ဒါကို သုံးဖူးတဲ့ သူတွေ အားလုံးပဲ သိပြီး ဖြစ်လိမ့်မယ် - ဆိုလိုတာ 16GB ရှိတဲ့ USB ထဲကို WinToFlash သုံးပြီး Windows ခွေကူးထည့်မယ် ဆိုရင် Windows 7 တင်ချင်တယ်ဆို Windows 7 တစ်ခုတည်း ထည့်လို့ ရမယ် - Windows XP တင်မယ် ဆိုရင်လည်း Windows XP တစ်မျိုးပဲ ထည့်လို့ရမယ် - Windows 7 ကိုရော Windows XP ကိုရော ကျွန်တော်တို့ နှစ်မျိုးလုံး ကူးထည့်လို့ မရဘူး - အဲ့တော့ သဘောက Flash Drive မှာ ပမာဏ ဘယ်လောက်ပဲ ရှိရှိ Flash တစ်ခုကို Windows တစ်ခုပဲ သုံးလို့ ရတယ် ဆိုတဲ့ သဘောဖြစ်နေတာပေါ့ - ဒီလိုဆို USB Flash Drive တစ်ခုကို GB အများကြီးနဲ့ ဝယ်ထားတဲ့ သူတွေအတွက် အများကြီး နစ်နာတယ်လို့ ပြောလို့ ရတယ် - နောက်ပြီး လူတစ်ယောက်မှာ 16GB ပမာဏရှိတဲ့ Flash Drive တစ်ခုရှိတယ် ဆိုပါစို့ - သူ့မှာ ကွန်ပြူတာက နှစ်လုံးရှိတယ် - ကွန်ပြူတာ တစ်လုံးမှာ သူက Windows 7 တင်ချင်တယ် - နောက်တစ်လုံးမှာက XP တင်ချင်တယ် - ( အဲ့လိုမှ မဟုတ်ပဲ ကွန်ပြူတာ တစ်လုံးတည်းမှာပဲ Partitions နှစ်ခုထုတ်ပြီး Partition တစ်ခုမှာ XP - နောက်တစ်ခုမှာ 7 တင်ချင်တယ် ) ဆိုပါစို့ ဒီလိုဆို ပုံမှန်အတိုင်းသာ WinToFlash တို့ တစ်ခြား Tools တစ်ခုခုသာ သုံးမယ် ဆိုရင် သေချာတာက -

ပထမတစ်ခေါက် 

USB ထဲကို Windows 7 ရိုက်လိုက်
တစ်ခြားစက်မှာ တင်လိုက် - နောက်ပြီး အဲ့ USB ထဲက Windows 7 ကိုပြန်ဖျက် နောက်ပြီးရင်

ဒုတိယတစ်ခေါက် 

Windows XP ကို ပြန်ရိုက်
ပြီးရင် တစ်ခြားစက်မှာ ပြန်တင် ဒီလို လေးဆင့် လုပ်ရမှာပေါ့

အချိန်ပေးနိုင်ရင်တော့ အကြောင်းမဟုတ်ဘူး - အချိန်မပေးနိုင်တဲ့သူ အတွက်ကျ ဖျက်လိုက် ရိုက်လိုက် လုပ်ရတာ သိပ်အဆင်မပြေတော့ဘူး - ခု ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မယ့် tool တစ်ခု ကျွန်တော် တွေ့ထားတာ ရှိတယ် - သူ့ကိုတော့ WinSetupFromUSBလို့ခေါ်တယ် - သူကလည်း Windows ကို USB ကနေတင်ဖို့ သုံးနိုင်တဲ့ WinToFlash လို tool တစ်ခုပဲ - ဒါပေမယ့် သူ့ရဲ့ အားသာချက်က GB ပမာဏ လုံလုံလောက်လောက်ရှိတဲ့ Flash Drive တွေအတွက် Multiboot တစ်ခါတည်း တန်းရိုက်လို့ ရတယ် - ဆိုလိုတာ Windows 7 ရော Windows XP ရော တင်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် တစ်ခုတင်လိုက် ဖျက်လိုက် နောက်တစ်ခု ထပ်ရိုက်လိုက် တင်လိုက် လုပ်ဖို့ မလိုဘူး - တစ်ခါတည်းနဲ့ USB ထဲကို ကိုယ်တင်ချင်တဲ့ Windows နှစ်မျိုးလုံး တန်းရိုက်ထားလို့ ရတယ် - လုပ်တာကတော့ MSFN ကနေ လုပ်ထားတာ -MSFN က Unattended Windows Discussion နဲ့ ပတ်သတ်ပြီး အရင်တည်းက တော်တော်နာမည်ကြီးနဲ့ နိုင်ငံခြားဖိုရမ်တစ်ခု - Windows နဲ့ ပတ်သတ်ပြီး တော်တော်များများကို နိှုက်နိှုက်ချွတ်ချွတ်လေ့လာချင်ရင် MSFN မှာ လေ့လာကြဖို့ ကျွန်တော် Recommend ပေးချင်ပါတယ်။

ခု ကျွန်တော်တို့ WinSetupFromUSB ဆိုတဲ့ Tool တစ်ခုရပြီ - ဘယ်လို သုံးနိုင်သလဲဆို အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း XP နဲ့ Vista ဖြစ်ဖြစ် XP နဲ့ Windows 7 ဖြစ်ဖြစ် - XP နဲ့ Server 2008 ဖြစ်ဖြစ် USB ကနေ Multiboot အဖြစ်ဖန်တီးပြီး တင်လို့ ရပြီ - ပေးထားတာကလည်း Free - ပိုက်ပိုက်ပေးဖို့ မလိုဘူး  ကြီးကြီးကျယ်ကျယ် Command line တွေ ဘာတွေလည်း မပါဘူး - Mouse လေး သုံးလေးချက်ပဲ - အဲ့လောက်ထိကို လွယ်တယ်  Windows တွေချည်းပဲ အချင်းချင်း Multiboot လုပ်လို့ ရတာလား ဆိုတော့ မဟုတ်သေးဘူး - တစ်ခြားကိုယ့်ဆီမှာ UBCD ( Ultimate Boot CD ) တို့ - Ubuntu, Linux distros တို့ ဘာတို့ ရှိသေးရင်လည်း သူတို့တွေနဲ့ပါ Multiboot လုပ်လို့ ရတယ် -

အသုံးပြုနည်းကလည်း ရှုပ်တီးရှုပ်ရှက် မရှိပါဘူး - အောက်ဖော်ပြပါအတိုင်း အဆင့် ( ၃ ) ဆင့်ပဲ ရှိပါတယ် -

( ၁ ) WinSetupFromUSB utility ကို ဒီနေရာကနေ ယူပါ - ရလာတဲ့ ဖိုင်ကို ဖြည်လိုက်ရင် ခုလိုတွေ့ရပါလိမ့်မယ်။


( ၂ ) WinSetupFromUSB.exe ဆိုတဲ့ ဖိုင်ကို Run ပါ - သူ့ကို မ Run ခင်မှာ ကိုယ့်စက်မှာ USB flash drive တပ်ထားပြီးသား ဖြစ်ဖို့လိုပါတယ်။


( ၃ ) ပြီးသွားရင် Windows 2000/XP/2003 Setup Checkbox ကို Enable ပေးပြီး XP installation files တွေထည့်ထားတဲ့ folder ကို Browse ကနေ ခေါ်ယူပါ - တစ်ခုရှိတာ အရင် ကျွန်တော်တို့ အခွေရိုက်နေကျလိုမျိုး ဒီနေရာမှာ ISO file သုံးလို့ မရပါဘူး - ဥပမာ ကိုယ့်မှာ XP ISO file ရှိနေတယ် ဆိုရင် ဒီနေရာမှာ Browse ကနေ ခေါ်ယူဖို့ အဲ့ဒီ့ XP ISO file ကို 7-Zip utility ( ဒါမှမဟုတ် ) တစ်ခြား WinRAR စတာတွေသုံးပြီး Extract လုပ်ပြီးမှ Browse ကနေ ခေါ်ယူပါ။ ပြီးရင် Vista/7/Server 2008 Setup/PE/RecoveryISO Checkbox ကို Enable ပေးပြီး Vista / Windows 7 installation files folder ရှိတဲ့နေရာကို အထက်ဖော်ပြပါနည်းလမ်းအတိုင်း Browse ကနေတစ်ဆင့် နောက်တစ်ကြိမ် ထပ်ခေါ်ယူပါ - ဒီနေရာမှာလည်း Windows 7 ISO file ဖြစ်နေမယ်ဆို Extract လုပ်ထားဖို့ လိုပါတယ်။ ပြီးသွားရင် အောက်ဆုံးက Go button ကို နှိပ်လိုက်တာနဲ့ အချိန်အတိုင်းအတာ တစ်ခုထိစောင့်ပြီးရင် Windows XP နဲ့ Windows 7 နှစ်မျိုးပါပြီးသား Multiboot USB flash drive တစ်ခုရပါပြီ - အချိန်နည်းနည်းပေးပါ - စိတ်ရှည်ဖို့တော့ လိုပါလိမ့်မယ်။


ဒီ့ထက် အဆင်ပြေမယ့်နည်းတွေ သိရင် ကျွန်တော်ထပ်ပြီး ပြောပေးပါဦးမယ်။ စမ်းသပ်ပါ - မျှဝေပါ - အဆင်မပြေရင် တိတ်တိတ်နေပေးပါ 

မူလရင်းမြစ်များ

http://www.intowindows.com/how-to-cr...-simple-guide/
http://www.intowindows.com/winsetupf...drive-creator/
http://www.msfn.org/board/topic/1204...musb-with-gui/

KznT.

TweakIE9 for Internet Explorer 9

Internet Explorer 9 Final version ဆိုပြီး ထွက်လာတော့ Chrome နဲ့ ဒီ IE9 ကိုပဲ တစ်လှည့်စီ လှည့်သုံး နေမိတယ် - တစ်ခုရှိတာ Chrome က သုံးလာတာ ကြာပြီဆိုတော့ ဘာပဲလိုလို တစ်ခုခု ဖြစ်ရင် ဟိုကလိ ဒီကလိ ဟိုပြင် ဒီပြင် တော်တော်လေး လုပ်တတ်နေပြီ - Internet Explorer ဆိုတာကကျတော့ မြန်မာနိုင်ငံမှာတည်းက မသုံးတာ - အဲ့တုန်းကတော့ အင်တာနက်သုံးချင်ပြီဆိုရင် အင်တာနက်ဆိုင်သွားရ တာပေါ့ - အင်တာနက်ဆိုင်ဆိုပေမယ့် နက်ကလည်း Google ဝင်ဖို့ကို ၃မိနစ်လောက် စောင့်ရတယ် - ဒီကြားထဲ IE က အဲ့တုန်းက သုံးတာ IE6 ဖြစ်မလား မပြောတတ်ဘူး - တော်တော်ကိုဆိုးတာ - လေးလံလိုက်တာမှ လိပ်ကို ပိဿလေးတင်ထားသလား မှတ်ရတယ် - ပြင်နည်း ဆင်နည်းဆိုတာလည်း ဘာမှကို မတတ် - အဲ့လိုပေတေသုံးခဲ့တဲ့ ရက်လေးတွေ ပြန်သတိရမိတယ်

ခု Internet Explorer 9 ဆိုပြီး ဖြစ်လာပြီ - အရင်က သိပ်မသုံးဖြစ်တော့ ပြင်တာ ဆင်တာလည်း Chrome လောက် သိပ်များများစားစား မသိဘူး - အဲ့လိုနဲ့ ဒီနေ့ စာလိုက်ဖတ်ရင်း TweakIE9 ဆိုတဲ့ Freeware ပြင်ဆင်ရေး Tool လေးတစ်ခု တွေ့လာခဲ့တယ် - ရည်ရွယ်ချက်ကတော့ Internet Explorer 9 က ကိုယ်မကြိုက်တာလေးတွေကို တစ်ခြားကိုယ်ကြိုက်တဲ့ ပုံစံလေးတွေ ပြင်လို့ဆင်လို့ ရအောင် ရေးထားပေးတဲ့ tweak tool လေး တစ်ခုပေါ့ - သုံးရတာလည်း အရမ်းလွယ်တယ် - ကျွန်တော့်လို End User တစ်ယောက်အတွက်တော့ သိပ်အဆင်ပြေတာပဲ - User Interface ကိုတော့ အောက်မှာသာ ကြည့်ပါ။


ပုံကြည့်တာနဲ့ ဘာလုပ်ရမယ်ဆိုတာ တန်းကနဲ နားလည်လွယ်တယ် - Internet Explorer 9 သုံးသူများအတွက်တော့ လက်မလွှတ်သင့်တဲ့ Tool လေးတစ်ခုပါပဲ -

Download TweakIE9!

TweakIE9
TweakIE9_Documentation_Guide

မူလရင်းမြစ်များ

HomePage
TweakIE9: Tweaking Utility for Microsoft Internet Explorer 9 (IE9)


KznT.

SAVE AS WWF, SAVE A TREE


ကမ္ဘာပေါ်မှာ ရှင်သန်ပေါက်ရောက်နေကြတဲ့ အပင်သန်းပေါင်းများစွာဟာ စက္ကူထုတ်လုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်လေး တစ်ခုတည်း အတွက်နဲ့ နှစ်စဉ်နှစ်တိုင်း ခုတ်လှဲခံနေကြရပါတယ် -



စက္ကူ

စာရွက် ( စက္ကူ ) ကို အသုံးပြုကြတဲ့ နေရာမှာ နေရာတိုင်း အမှန်တကယ် သုံးစွဲဖို့ မလိုအပ်တဲ့ Documents တွေ Print ထုတ်ဖို့ ကနေ စလို့ - Emails တွေ - နောက်ဆုံး စာအုပ် တစ်အုပ်လုံး ဖြစ်လာဖို့ထိ ကမ္ဘာတစ်ဝှမ်း အသုံးပြုနေကြတာ ရှိပါတယ် - ဒီမှာ ကျွန်တော်တို့တွေ သတိမမူမိတဲ့ တစ်ချက်က ခုလို စက္ကူ ( စာရွက် ) ဆိုတာ ဖြစ်လာဖို့ အတွက် နေ့စဉ်နေ့တိုင်း သစ်တော အမြောက်အများ သေဆုံးနေကြရတယ် ဆိုတာပါ -

ခုလို မလိုအပ်ပဲ Print ထုတ်ပြီး စာရွက် ( စက္ကူ ) တွေကို သုံးစွဲနေကြမယ့်အစား မလိုလားအပ်ပဲ စာရွက်တွေ ဆုံးရံှုးနေရတာကို ထိန်းချုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ အားလုံး သိထားပြီးသား PDF file format ရှိနေတယ်ဆိုတာ မှန်ပေမယ့် PDF format ဆိုတာကလည်း သူ့ထဲမှာ သစ်တစ်ပင်လုံးကို စက္ကူ ( စာရွက် ) တွေအဖြစ် အသွင်ပြောင်းနိုင်တဲ့ စာမျက်နှာပေါင်း မြောက်များစွာ ပါဝင်နေပါသေးတယ် -



ဒါ့ကြောင့် ပုံမှန်တွေးရင် PDF ကို အသုံးပြုခြင်း အားဖြင့် သစ်တစ်ပင်လုံးကို ကာကွယ်ရာ ရောက်တယ်လို့ ဆိုနိုင်စရာ ရှိပေမယ့် နောက်ထပ် ပြဿနာ ရှိနေသေးတာ တစ်ခုက PDF format နဲ့ ဖွဲ့စည်းထားပါတယ် ဆိုတဲ့ ဖိုင်တွေကလည်း အပင်တွေရဲ့ ဇီဝိန်တွေကို မပြတ်တမ်း ချွေနေတဲ့ စက္ကူ ( စာရွက် ) ပြုန်းတီးရာ လမ်းကြောင်းတွေထဲက Print ထုတ်ယူမှု လမ်းကြောင်းကို အကန့်အသတ်မရှိ ပံ့ပိုးပေးနေသေးတယ် ဆိုတာပါ - PDF file format ဆိုတာ ရှိနေသရွေ့ စက္ကူ ( စာရွက် ) ကို လက်လွှတ်စပါယ် အသုံးပြုတတ်သူတွေရဲ့ လက်ထဲမှာ ကမ္ဘာ့သစ်တောတွေရဲ့ ဇီဝိန်တွေဆိုတာလည်း ပြုန်းတီးနေဦးလိမ့် ဦးမယ် ဆိုတာ အသေအချာပါပဲ -

WWF

ဒီ ပြဿနာကို ဖြေရှင်းဖို့ အတွက် နောက်ထပ် File format တစ်ခု ပေါ်ထွက်လာခဲ့ပါပြီ - အဲတာကတော့ WWF လို့ အမည်ပေး ထားတဲ့ New Green File Format ပါ -



ဒီ New Green File Format ရဲ့ ထူးခြားချက်က Documents တွေကိုဖွင့်လို့ ဖတ်လို့ ပဲ ရမယ် - Print ထုတ်ခွင့် မပြုဘူးဆိုတဲ့ ထူးခြားချက်ပါ ဒါ့ကြောင့် လူသားနဲ့ သစ်ပင် - လူသားနဲ့ သဘာဝပတ်ဝန်းကျင် ခွဲခြားရပ်တည်ဖို့ မဖြစ်နိုင်တဲ့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးပေါ်မှာ မလိုလားအပ်ပဲ သစ်ပင်သန်းပေါင်းများစွာ နေ့စဉ်နေ့တိုင်း ပျက်စီး ဆုံးရံှုးခြင်းကနေ ကာကွယ်နိုင်အောင် New Green File Format ဖြစ်တဲ့ WWF ကို အသုံးပြုကြဖို့ တိုက်တွန်းလိုပါတယ် -



သစ်တော သစ်ပင်ကို အမှန်တကယ် ချစ်မြတ်နိုးပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လူသားတိုင်းမှာ တာဝန်ရှိတယ်ဆိုတဲ့ အသိတရားကို ဆုပ်ကိုင်ထားတဲ့ လူသားတိုင်းအတွက် WWF ရဲ့ ဆောင်ပုဒ်က အောက်ဖော်ပြပါ အတိုင်းပါပဲ


ဒီ ရည်မှန်းချက်ဟာ တစ်ယောက်ကောင်း ရပ်တည်လည်ပတ်လို့ ရတ့ဲ လုပ်ငန်းစဉ် မဟုတ်တဲ့ အတွက် ကိုယ်နဲ့ ဆက်စပ် ပတ်သက်ရာ အနီးစပ်ဆုံး အသိုင်းအဝိုင်းကနေ စလို့ ကုမ္ပဏီ အဖွဲ့အစည်း စီးပွားရေး လုပ်ငန်းတွေထိ တိုင်အောင် WWF ရဲ့ အရေးပါပုံကို လက်ဆင့်ကမ်းကြဖို့ လိုပါတယ် -


ဒါ့ကြောင့် လူအများကိုလည်း လက်ဆင့်ကမ်းရင်း - မိမိကိုယ်တိုင်လည်း ဘယ် Documents ကတော့ အမှန်တကယ် Print ထုတ်ဖို့ မလိုအပ်ဘူး - လိုအပ်လဲဆိုတာ စဉ်းစားဆုံးဖြတ်ပြီး WWF ဆီ ကူးပြောင်းရင်း သစ်တော သစ်ပင်များနဲ့ အနာဂတ်ကမ္ဘာကို စောင့်ရှောက်ကြဖို့ တိုက်တွန်း လိုက်ချင်ပါတယ် -


WWF file format ကို ပြောင်းလဲ သုံးစွဲချင်သူများ အောက်ဖော်ပြပါ နေရာကနေ Software သွားရောက် ရယူနိုင်ပါပြီ -  စတင်အသုံးပြုဖို့ အတွက် WWF Software ကို Download ရယူပြီး documents, emails, web pages, စတာတွေကို save လုပ်တဲ့ နေရာမှာ “Save as .WWF” အနေနဲ့ ပြောင်းလဲ Save သွားရမှာ ဖြစ်ပါတယ် -


လောလောဆယ်မှာ Software က Mac OS X အတွက်ပဲ အတည်ပြုရပါသေးတယ် - များမကြာခင်မှာ Windows အတွက် Version ထွက်ရှိလာတော့မှာပါ -


New Green File Format - WWF ကို အသုံးပြုပြီး အနာဂတ် ကမ္ဘာကို ကယ်တင်ကြပါစို့ -

KznT.

The Best New Features in IE9

Sep 15, 2010 က Internet Explorer 9 Beta ထွက်ပါတယ်။ ဒီအကြောင်းကို ရေးဖို့ အသေးစိတ် ပြင်ဆင်နေတာနဲ့ နောက် နည်းနည်းကျပြီး ဒီနေ့မှပဲ တင်ဖြစ်လိုက်ပါတော့တယ်။ အရင်ကလည်း Internet Explorer 9 အကြောင်းကို Beta မထွက်ခင် Internet Explorer 9 Platform Preview ကတည်းက ဆန်းသစ်မှုများဖြင့် ကျွန်ုပ်တို့၏ Internet Explorer 9 ဆိုပြီး 26-03-2010 က ရေးခဲ့ဖူးပါတယ်။ တော်တော်များများတော့ သိပ်စိတ်မဝင်စားကြဘူးပေါ့ - ဒါပေမယ့် သိပ်မကြာခင်မှာ IE9 က တော်တော်လေး Hot လာတော့မှာပါ - ဘာကြောင့်လည်း ဆိုတော့ အခု ကျွန်တော် Internet Explorer 9 Beta ကိုသုံးနေရင်းနဲ့ တော်တော်လေး User friendly ဖြစ်တာ သတိထားခဲ့မိပါတယ်။ သူ့ရဲ့ ထူးခြားချက်လေးတွေနဲ့ အပြင်အဆင် တစ်ချို့ကို မြန်မာမိသားစုဝင်များ ခံစားနိုင်စေဖို့ တင်ဆက်လိုက်ပါတယ်။

ကျွန်တော့် စက်မှာ လောလောဆယ် Windows 7 Ultimate 32 bit တင်ထားပါတယ်။ Install လုပ်ရတာတော့ သိပ်ပြီး ခက်ခက်ခဲခဲ မရှိလှပါဘူး - မိနစ် နည်းနည်းလောက် စောင့်လိုက်ရင် အောက်ဖော်ပြပါအတိုင်း သူ့ ဘာသာ Install လုပ်ဆောင်သွားပြီး Restart ပေးဖို့ တောင်းပါလိမ့်မယ်။ Restart ပြန်တက်လာရင် အရင် Windows 7 မှာ ပါတဲ့ IE8 နေရာမှာ ကျွန်တော်တို့ သွင်းလိုက်တဲ့ IE9 ဝင်လာပြီး စတင် အသုံးပြုလို့ ရပါပြီ။



အောက်မှာ ဖော်ပြသွားမယ့် ပုံလေးတွေက တစ်ဆင့် Internet Explorer 9 ရဲ့ ပြောင်းလဲချက်လေးတွေ - အပြင်အဆင်လေး တွေကို ခံစားကြည့်ကြပါဦး - အရင်ဦးဆုံး ကျွန်တော် Internet Explorer 9 စစဖွင့် ခြင်းမှာ သတိထားလိုက်မိတာ Address bar နဲ့ Tab bar နဲ့က တစ်တန်းတည်း ဖြစ်သွားတာပါ - ဘာကောင်းလဲ ဆိုတော့ အရင်ကဆို ကျွန်တော်တို့တွေ Menu Bar, Navigation Toolbar, Bookmarks Toolbar, စသဖြင့် Toolbar ပေါင်း မြောက်များစွာနဲ့ အမြင်ရှုပ်နေရာကနေ ခုဆို Browsing Area ကို ကျွန်တော်တို့ ပိုပြီး ကျယ်ကျယ်လွင့်လွင့် မြင်ရပါပြီ။


ဆန်းသစ် ပြောင်းလဲမှုများ

နောက် Address bar မှာ စာလုံးတစ်ချို့ကို စရိုက်လိုက်တာနဲ့ Search Suggestions ကိုသာ Turn On လုပ်ထားမယ် ဆိုရင် အောက်ဖော်ပြပါအတိုင်း ကိုယ်ရှာဖွေချင်တာကို Google Suggestions နဲ့ ရှာမလား Bing Suggestions နဲ့ ရှာမလား ဆိုတာ မိမိနှစ်သက်သလို ရွေးချယ် ရှာဖွေခိုင်းလို့ ရပါတယ်။ Enter ခေါက်တာနဲ့ Search Result Pages တွေကို တွေ့ရမှာ ဖြစ်ပါတယ်။



အဆင့်အတန်း နှင့် စွမ်းဆောင်ရည်များ

Internet Explorer 9 နဲ့ ပတ်သတ်ပြီး Standards နဲ့ Performance တွေ ဘယ်လို သိသိသာသာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ထားတယ် ဆိုတာ အသေးစိတ် ကျွန်တော်တို့ လေ့လာနိုင်ဖို့ IE9 Test drive ဆိုတာ ရှိနေပါတယ်။ IE9 Test drive စာမျက်နှာမှာ ဘာတွေ စမ်းသပ်လို့ ရမှာလဲ ဆိုရင် လတ်တလောကာလ စမ်းသပ်ပြင်ဆင်နေဆဲ Internet Explorer 9 မှာ ပါဝင်လာမယ့် Features တွေကို ခုလို အပိုင်း ( ၄ ) ပိုင်း ခွဲပြီး မိတ်ဆက်ပေးထားပါတယ်။ အဲတာတွေကတော့ -


* Performance - JavaScript နဲ့ ပေါင်းစပ်ထားပြီး ဆန်းသစ်တဲ့ Internet Explorer 9 ရဲ့ စွမ်းဆောင်ရည်တွေ ဒီနေရာမှာ လေ့လာကြည့်လို့ ပါတယ်။ ဥပမာပြောရရင် - Flying Images လို့ခေါ်တဲ့ Images တွေက အသေတွေ မဟုတ်တော့ပဲ လေထဲမှာ ပျံနေတာ ၊ Text Size Animated လို့ ခေါ်တဲ့ ကလစ်ပေးလိုက်ရင် စာလုံးတွေက အလိုလို အသက်ဝင်လှုပ်ရှားလာတာ ၊ Test Justification Animated လို့ခေါ်တဲ့ Letter Spacing တွေကို ကျဉ်းနေရင် ကြီးနေတာတွေကို အလောတော် ဖြစ်အောင် လုပ်ပေးတာ၊ Map Zooming လို့ခေါ်တဲ့ မြေပုံကို အသေးစိတ် ချုံ့ချဲ့ ကြည့်နိုင်တာ ... စသဖြင့် အဲ့ခေါင်းစဉ်အောက်မှာ စမ်းသပ်နိုင်ပါတယ်။


* HTML5 Demos - သူ့ခေါင်းစဉ်အောက်မှာတော့ စံမှီတဲ့ web နည်းပညာတွေကို ဘယ်လို မျှဝေပေးထားတယ် ဆိုတာ လေ့လာစမ်းသပ်ကြည့်နိုင်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် - သူ့မှာ Border Radius လို့ခေါ်တဲ့ border-width နဲ့ border-style တွေကို ဘယ်လို ပြောင်းလဲနိုင်မလဲ ဆိုတာတွေ၊ CSS3 Selectors လို့ခေါ်တဲ့ nodes တွေကို CSS သုံးပြီး ဘယ်လို အလွယ်တကူ ရွေးချယ်နိုင်မလဲ ဆိုတာတွေ၊ DOM Events လို့ခေါ်တဲ့ Links တစ်ခုနဲ့ ပတ်သတ်ပြီး အဲ့ဒီ့ Links ပေါ်မှာတင် သက်ဆိုင်ရာ အချက်အလက်တွေ အတိုချုံး ဖော်ပြချက်တွေ၊ .. စတာတွေ စမ်းသပ်ကြည့်နိုင်ပါတယ်။

* Graphics Demos - သူ့အောက်မှာတော့ ထူးခြားတဲ့ ဆန်းသစ်မှုတွေနဲ့ HTML5 Graphics တွေကို ဘယ်လို Create လုပ်ထားလဲဆိုတာ စမ်းသပ်လေ့လာနိုင်ပါတယ်။ ဥပမာ ဆိုရရင် - Falling BallsSVG–oidsBusiness ChartsOrganization Chart ဆိုတာတွေ အတွက် ဘယ်လို စွမ်းဆောင်ပေးထားလဲ ဆိုတာ လေ့လာနိုင်ပါတယ်။

* Browser Demos - Browser တစ်ခုရဲ့ ကြွယ်ဝတဲ့ အရည်အသွေးတွေကို ဒီခေါင်းစဉ်အောက်မှာ စမ်းသပ်ကြည့်နိုင်ပါတယ်။

Windows 7 အတွက် Application Shortcuts များ

IE9 မှာ ကျွန်တော် သဘောအကျဆုံး Feature လေး တစ်ခုပါလာပါတယ်။ အဲတာက ကိုယ်အမြဲတမ်းသွားနေကျ Sites တွေကို နေ့တိုင်း URL ရိုက်ပြီး သွားနေစရာ မလိုတော့ပဲ ကိုယ့် Windows 7 ရဲ့ Taskbar ကို Pin ထားလို့ ရတဲ့ Feature ပါ။ ( ဘယ်လို လုပ်ဆောင်ရတယ် ဆိုတာ အောက်ဆုံးမှာ ကျွန်တော် ဖော်ပြထားတဲ့ Video ကနေ HD နဲ့ ကြည့်ကြည့်ပါ။ ) အဲလို ကိုယ်အမြဲ သွားနေကျ Sites တွေရဲ့ Page icons တွေကို Shortcut သဘောမျိုး ထုတ်တဲ့ နေရာမှာ နည်းမျိုးစုံ ရှိပါတယ်။ အောက်မှာ ဖော်ပြထားတာကတော့ Site icon ကို Drag and Drop ဆွဲချတဲ့ နည်းနဲ့ Desktop ပေါ် ထုတ်လိုက်တာပါ။ အောက်မှာ ဆို ကျွန်တော် Facebook icon ကို Desktop ပေါ် Drag ဆွဲပြီး ထုတ်ပြထားပါတယ်။






နောက်နည်းလမ်း တစ်ခုက Tab ကြီး တစ်ခုလုံးကို Taskbar ရှိရာဆီ ဆွဲချပြီး Pin တဲ့ လုပ်ဆောင်ချက်ပါ။ ဒါကလည်း ဘာမှ ခက်ခက်ခဲခဲ မရှိပါဘူး - ကိုယ် Pin ချင်တဲ့ Web စာမျက်နှာဖွင့်ထားတဲ့ Tab ကို Drag ဆွဲချလာပြီး Taskbar ပေါ်လွှတ်ချ လိုက်တာပါပဲ။ အောက်ဖော်ပြပါ ပုံမှာတော့ Taskbar ထဲဝင်နေတဲ့ Facebook Shortcut ကိုတွေ့ရပါလိမ့်မယ်။



အထက်မှာ ဖော်ပြထားတဲ့ အတိုင်း Shortcut တွေကို Taskbar ထဲထည့်ထားတဲ့ နေရာမှာ shortcut တစ်ခုတည်း အနေနဲ့တင် ရောက်လာမှာမျိုး မဟုတ်ပဲ အဲ့ဒီဆိုဒ်ရဲ့ အစိတ်အပိုင်း တစ်ချို့ဆီကိုပါ jumplist နဲ့ သွားလို့ ရပါသေးတယ်။




အခြားသော ပြုပြင်ပြောင်းလဲမှု တစ်ချို့

Firefox တို့ Google Chrome တို့လို တစ်ခြား နာမည်ကြီး browsers တွေနဲ့ နိှုင်းယှဉ်ပြီး Internet Explorer မှာလည်း Download လုပ်ငန်းစဉ် လုပ်ဆောင်တဲ့ အချိန်မှာ အလွယ်တကူ စီမံခန့်ခွဲနိုင်မယ့် Download Windows ကလည်း အောက်ဖော်ပြပါအတိုင်း ပြောင်းလဲပေးထားပါတယ်။




ဒီအောက်မှာကတော့ New Tab တစ်ခု ဖွင့်လိုက်ရင် ကိုယ်သွားခဲ့ဖူးတဲ့ Sites တွေကို စီတန်း ဖော်ပြထားတဲ့ မြင်ကွင်းပါ။ အဲကနေ ကိုယ်သွားချင်တဲ့ နေရာကို စာတစ်လုံး ရိုက်စရာ မလိုပဲ Click ပေးပြီး သွားနိုင်ပါတယ်။




Internet Explorer 9 Beta ကို စမ်းသပ်ကြည့်ချင်သူများ အောက်ဖော်ပြပါ နေရာကနေ သွားရောက် ရယူ စမ်းသပ်နိုင်ပါပြီ။



ဒီအောက်က Video ကတော့ ကျွန်တော့် စက်ထဲက Internet Explorer 9 Beta ရဲ့ အသွင်အပြင်တစ်ချို့ကို မှတ်တမ်းတင်ထားတဲ့ Video file လေးပါ။ HD နဲ့ လေ့လာကြည့်ပါ။


လေ့လာပျော်ရွှင်ကြပါစေ

KznT.

ZumoCast Makes Your Computer a Personal Cloud

ဒီအကြောင်းရေးမယ် - ရေးမယ်နဲ့ တစ်ပတ်လောက် နောက်ဆုတ်သွားတယ် - အကြောင်းက မဆက်ဖြစ်တာ ကြာတဲ့ Ubuntu ဘက်လှည့်နေလို့ပါ။ ဒီနေ့တော့ အစပျိုးပြီး အချောမသတ်ဖြစ်တဲ့ အကြောင်းအရာလေး ဖော်ပြနိုင်ဖို့ ကြိုးစားလိုက်ပါတယ်။

Remotely access ဆိုတဲ့ သဘောတရားကို ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ သူတိုင်း တော်တော်များများ သိထားကြပါတယ်။ နားလည်နားလည်ကြပါတယ်။ သဘောက ကွန်ပြူတာ တစ်လုံးထဲမှာ ရှိတဲ့ အကြောင်းအရာ သတင်းအချက်အလက်တွေကို တစ်ခြား တစ်နေရာကနေ ယူဆောင်သုံးစွဲလို့ ရတာမျိုးကို ခေါ်တာပါ။ အကျယ်ချဲ့ ပြောရင်တော့ အများကြီးပေါ့လေ - အဲလို ကိုယ့် ကွန်ပြူတာ ထဲမှာ ရှိနေတဲ့ ဖိုင်တွေကို အခြား တစ်နေရာကနေ လှမ်းပြီး ရယူသုံးစွဲနိုင်ဖို့ဆိုရင် နညးလမ်းပေါင်း မနည်း ရှိပါတယ်။ ကျွန်တော် အဲ့အကြောင်းအရာတွေကိုလည်း ခေါင်းစဉ်မျိုးစုံနဲ့ ဖော်ပြခဲ့ဖူးပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် လျင်မြန်လွယ်ကူသော Sharing နည်းစနစ်အလွယ်ကူဆုံး File Sharing နည်းပညာအား အသုံးချခြင်းအင်တာနက်အား အကျိုးရှိစွာ အသုံးချခြင်း စတဲ့ ခေါင်းစဉ်မျိုးတွေနဲ့ ရေးသားခဲ့ဖူးပါတယ်။ တစ်ချို့ အကြောင်းအရာတွေက Files sharing ဘက်ကို အသားပေး ဖော်ပြနိုင်ဖို့ ရေးသားခဲ့ပြီး တစ်ခြား အကြောင်းအရာတွေကတော့ အင်တာနက်ကို အသုံးပြုပြီး Remotely access ကို ဘယ်လို အသုံးပြုနိုင်မယ် ဆိုတာ အသားပေးပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ နည်းတွေလည်း မနည်းဘူး - တစ်မျိုးနဲ့ တစ်မျိုး ပေးလိုက်ကြတဲ့ service တွေဆိုတာလည်း မနည်းဘူး - တောင်းလိုက်ကြတဲ့ ပိုက်ဆံတွေဆိုတာလည်း မနည်းဘူး - ဒါပေမယ့် အားလုံးထဲမှာမှ လောလောဆယ် ကျွန်တော် သဘောကျနေတာ အသုံးပြုရလွယ်ကူပြီး - limit ကန့်သတ်ချက် မရှိပဲ တစ်နေရာမှာ ရှိတဲ့ ကိုယ့်ဖိုင်တွေကို အခြားတစ်နေရာကနေ Remotely access အလကား အသုံးပြုလို့ ရတဲ့ ZumoCast အကြောင်းပါ -

အသေးစိတ် ပြန်ရှင်းရရင် - ဥပမာ ဆိုကြပါစို့ - ကျွန်တော်တို့က အိမ်မှာ အထိုင် ကွန်ပြူတာ တစ်လုံးရှိတယ် - ကိုယ့်ကြိုက်တဲ့ ဗွီဒီယို ကားလေးတွေ - MP3 သီချင်းလေးတွေ - VCD လေးတွေ - အဲ့ဒီ ကွန်ပြူတာ ထဲမှာ တော်တော်များများထည့် ထားတယ် - အဲတော့ ဟုတ်ပြီ - ကိုယ့်အိမ်ကနေ တစ်နေရာရာကိုသွားပြီ - ဆိုကြပါစို့ - အိမ်ကနေ အလုပ် - အလုပ်ကိုရောက်တော့ လူက နဲနဲ အားနေတယ် - သီချင်းလေး ဘာလေး နားထောင်ချင်တယ် - ဒါပေမယ့် ကိုယ်သဘောကျတဲ့ သီချင်းတွေက အိမ်က ကွန်ပြူတာ ထဲမှာ - အင်တာနက်ကနေလည်း မရှာချင်ဘူး - MP3 player နဲ့ ထည့်ယူလာရအောင်ကလည်း ပမာဏကများ - Flash Drive တို့ External HD တို့နဲ့ ထည့်ရလောက်အောင် ကျတော့လည်း အချိန်က မပေးချင် -  အင်တာနက်အား အကျိုးရှိစွာ အသုံးချခြင်း  ထဲကလို Dropbox မှာ တင်ထားဖို့ကျပြန်တော့လည်း Upload တင်ရ - ဒေါင်းလုပ်ချရနဲ့ မဖြစ် - ဒီလိုဆို ကိုယ့် အိမ်က ကွန်ပြူတာ ထဲမှာ ရှိနေတဲ့  ဗွီဒီယို ကားလေးတွေကို တစ်ခြား တစ်နေရာကနေ ကြည့်ချင်သလို ကြည့်ဖို့ - ကိုယ်ကြိုက်တဲ့ MP3 သီချင်းလေးတွေ Download ချစရာ မလိုပဲ Remotely access နဲ့ အိမ်က ကိုယ့်ကွန်ပြူတာထဲက သီချင်းတွေကို အခြားတစ်နေရာကနေ နားထောင်နိုင်ဖို့ဆို ဘယ့်နှယ် လုပ်ကြမလဲ - အဲ့အတွက် အဖြေကတော့ ZumoCast ပါပဲ -



ကျွန်တော်တို့ဟာ ZumoCast ကို installed လုပ်ဆောင်လိုက်တာနဲ့ Dropbox လိုမျိုး ကိုယ့်စက်ထဲက ဖိုင်တွေကို သက်ဆိုင်ရာ website ဆီ Upload တင်ဖို့လည်း မလိုတော့သလို - Upload တင်နေလို့ စောင့်ရမယ့် အချိန်ကိုလည်း စောင့်ဖို့ မလိုတော့ပါဘူး - ဒါတင်မက ကိုယ့် ကွန်ပြူတာကနေ Upload မတင်ထားတဲ့ အဲ့ဒီ့ ဖိုင်တွေကိုပဲ တစ်ခြား တစ်နေရာမှာ ရှိနေတဲ့ ကွန်ပြူတာ တစ်လုံး ရဲ့ Browser ကနေတစ်ဆင့် ZumoCast မှာ ပြုလုပ်ထားတဲ့ ကိုယ့်ရဲ့ User account ကို ဝင်ရောက်ပြီး ကိုယ့် ဖိုင်တွေ အားလုံးကို  Remotely access လုပ်ဆောင်နိုင်ပါတယ်။ တစ်ခြား ကွန်ပြူတာကတင် မဟုတ်ပါဘူး ကိုယ့်မှာ iOS devices တွေ ရှိတယ် ဆိုရင် အဲတာတွေကနေပါ ကိုယ့်ကွန်ပြူတာထဲက ဖိုင်တွေကို access လုပ်ဆောင်နိုင်ပါတယ်။


ZumoCast ရဲ့ လုပ်ဆောင်ပုံနဲ့ သဘောတရားကို အနည်းအကျဉ်း သိပြီ ဆိုရင် ခု အဆင့်မှာ ကျွန်တော် ZumoCast client ကို  Windows မှာ ဘယ်လို install လုပ်ဆောင်ရမယ် ဆိုတာ အဆင့်အလိုက် ဖော်ပြသွားပါဦးမယ်။ Mac computer သမားတွေလည်း ထိုနည်း လည်းကောင်းပါပဲ။

အရင်ဆုံး ZumoCast application ကို Download ချပြီး အောက်ဖော်ပြပါအတိုင်း တစ်ဆင့်ချင်း install လုပ်သွားပါမယ်။



ဒီနေရာကိုရောက်ရင် Account အသစ်က မရှိသေးတဲ့သူတွေ အနေနဲ့ Account တစ်ခု မဖြစ်မနေ ပြုလုပ်ရမှာ မို့လို့ အောက်ဖော်ပြပါအတိုင်း ဖန်တီးလိုက်ပါ။



ပုံမှန် အားဖြင့်တော့ ရှေ့ဆက်သွားရင် ဒီလို မြင်ရပါလိမ့်မယ်။ ကျွန်တော်က Windows 7 ဖြစ်လို့ သူက Default အနေနဲ့ Partition C အောက်က Users ဖိုဒါ ထဲမှာ ရှိနေတဲ့ ကျွန်တော့် Account ထဲက အောက်ဖော်ပြပါ ဖိုဒါတွေကို သူရွေးချယ်ပြီး သား ဖြစ်နေပါလိမ့်မယ်။



တကယ်လို့ ကိုယ့်ရဲ့ Media files တွေ နဲ့ တစ်ခြား ဖိုင်တွေက သူဖော်ပြထားတဲ့ ဖိုဒါတွေထဲမှာ မရှိရင် မြင်နေရတဲ့ Add Folder ကနေ တစ်ဆင့် ကိုယ့်စက်ရဲ့ တစ်ခြား Partition အသီးသီးက သက်ဆိုင်ရာ ဖိုဒါတွေကို ဆွဲသွင်းလို့ ရပါတယ်။



အောက်မှာ ဆိုရင် ကျွန်တော် က ကျွန်တော့်စက်ထဲက ကိုယ်လိုချင်တဲ့ ဖိုဒါလေးတွေ ရွေးပြီး Add လိုက်ပါတယ်။



ပြီးသွားရင် တစ်ဆင့်ပြီး တစ်ဆင့် ရှေ့ဆက်သွားပါ - ဘာလုပ်ရင် ဘာဖြစ်မယ် ဆိုတာ သူ ကြော်ငြာနဲနဲ ဝင်ပါလိမ့်မယ်။



အားလုံးပြီးသွားရင် အောက်မှာ ဖော်ပြထားတဲ့ပုံအတိုင်း ZumoCast ရဲ့ Website ကို သွားလိုက်ပါ။ Browser ရဲ့ Address bar မှာ https://www.zumocast.com ဆိုပြီး URL ရိုက်ပြီးမှ သွားချင်လည်း ရပါတယ်။ ဒါပေမယ့် အဲလိုသွားရင်တော့ အပေါ်မှာ ကျွန်တော်တို့ Create လုပ်ခဲ့တဲ့ ကိုယ့် Account နဲ့ ဝင်ပေးရပါလိမ့်မယ်။



အောက်မှာ ကြည့်ကြည့်ပါ - Upload တင်စရာ မလိုပဲ ကျွန်တော်တို့ ဖိုင်တွေ အင်တာနက်ပေါ် ရောက်နေပါပြီ။



သူက သီချင်းတွေ နားထောင်လို့ ရတယ် ပြောတယ် - ဟုတ်မဟုတ် စမ်းကြည့်ဦးမယ် ဆိုပြီး Video ထဲ ခုလို ဆက်သွား လိုက်ပါတယ်။ 




ဟာာ - တကယ်ရောက်နေတာဗျ - အင်တာနက်ပေါ် - :D


သီချင်းလေး ဖွင့်ကြည့်ဦးမှ -
အဲ ဝိုင်းစု သီချင်းတွေ ဆိုနေပြီဗျ - :D



ဒီလောက်တင်ပဲ လား မဟုတ်ပါဘူး - ကိုယ့် စက်ထဲကနေ တစ်ဆင့် ZumoCast မှာ Add လုပ်ထားတဲ့ MP3 သီချင်းတွေလည်း အောက်ဖော်ပြပါအတိုင်း တိုက်ရိုက် နားဆင်လို့ ရပါသေးတယ်။ 



ဒါဆို ကျွန်တော်တို့ ကိုယ့်အိမ်က ကွန်ပြူတာထဲမှာ ရှိနေတဲ့ သီချင်းတွေ - ဗွီဒီယိုတွေကို တစ်ခြားတစ်နေရာမှာ နားထောင်နိုင်ဖို့ MP3 player တို့- Flash Drive တို့ - External HD တို့နဲ့ ယူသွားစရာ မလိုတော့ဘူးပေါ့ - ဟုတ်ပါတယ် - ဘာမှကို ယူဖို့ မလိုတော့ပါဘူး - အခြေအနေလေး တစ်ခုတော့ ရှိပါတယ်။ ကိုယ့်အိမ်က ကွန်ပြူတာက ကိုယ်အလုပ်သွားလည်း ဖွင့်ထားခဲ့ဖို့ လိုပါတယ်။ နောက်ပြီး အဲ့ ကွန်ပြူတာဟာ Internet access ရှိဖို့လိုပါတယ်။ ဒီလိုဆို ZumoCast  တွဲပြီး အသုံးချလို့ ရပါပြီ။


လမ်းသွား လမ်းလာရင်း  iPhone တို့ ဘာတို့ကနေ နားထောင်ချင်သူများလည်း internet access သာ ရှိမယ်ဆို ZumoCast က အလကားမတ်တင်း ဝန်ဆောင်မှု ပေးပါတယ်။ ခုနောက်ပိုင်း ခေတ်စားလာတဲ့ Android အတွက်လည်း ZumoCast က ဝန်ဆောင်မှု ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။


အားလုံးပဲ Upload တင်စရာ မလို - ဘယ်သွားသွား သယ်ဆောင်စရာ မလိုပဲ ကိုယ်ရောက်နေတဲ့ နေရာကနေ အင်တာနက် ကနေ တစ်ဆင့် ကိုယ့်အိမ်မှာ ရှိတဲ့ ကွန်ပြူတာထဲက သီချင်းတွေ - VCD တွေ နားထောင်ကြရအောင်လားဗျာ - :)


KznT.

Related Posts