How To Get Windows Experience Index In Windows 8.1

Windows Experience Index ဆိုတာ Windows Vista - 7 နဲ့ 8 သုံးသူတွေ အတွက် Windows တင်အပြီးမှာ ကိုယ့်စက်ရဲ့ System Performance ဘယ်လောက် ရှိသလဲ ဆိုတာ စစ်ဆေးနိုင်တဲ့ ညွှန်းကိန်းကိုခေါ်ပါတယ်။ အလွယ်ပြောရင် Run လို့ ရလာတဲ့ Result ကို ကြည့်ပြီး Performance အတွက် ဘာတွေတိုးရမယ်၊ ဘာတွေချွေသုံးရမယ်၊ ဒီ Windows ကို ဆက်ပြီး သုံးသင့်သလား၊ မသုံးသင့်ဘူးလား ဆိုတာမျိုးတွေထိ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။

Windows Experience Index အကြောင်းကို အသေးထပ်စိတ်ပြီး ရှင်းရရင် သူက ကိုယ့်ကွန်ပြူတာထဲမှာ ရှိနေတဲ့ Hardware တွေရဲ့ လက်ရှိ စွမ်းဆောင်နိုင်ရည်တွေကို တိုင်းတာ စစ်ဆေးပေးတဲ့ ညွှန်းကိန်းဖြစ်ပြီး Components ( ၅ ) မျိုးကို တိုင်းတာစစ်ဆေးပါတယ်။ အဲဒီ့ Components ( ၅ ) မျိုးကတော့ Processor - Memory ( RAM ) - Graphics - Gaming graphics - Primary hard disk တို့ ဖြစ်ပြီး တစ်ခုချင်းစီကနေ သူ စစ်ဆေးလို့ ရလာတဲ့ ကိန်းဂဏန်းတွေထဲက အငယ်ဆုံး ကိန်းဂဏန်းကို ယူပြီး Windows Experience Index Base Score ( ကွန်ပြူတာ၏ စွမ်းဆောင်ရည်ပြ အခြေခံညွှန်းကိန်း ) ကို ဖော်ပြပါတယ်။ ဒီဂဏန်းတွေ ဘာကို ရည်ညွှန်းသလဲ ဆိုရင် Subscore နိမ့်တာနဲ့ အမျှ ကိုယ့်ကွန်ပြူတာရဲ့ စွမ်းဆောင်နိုင်ရည်ဟာ သိသိသာသာ နှေးကွေးလေးလံမယ် ဆိုတာ ရည်ရွယ်တာဖြစ်ပြီး Subscore မြင့်တာ နဲ့ အမျှ ကွန်ပြူတာရဲ့ စွမ်းဆောင်ရည် မြန်ဆန်မြင့်မားမယ် ဆိုတာကို ဖော်ကျူးတာ ဖြစ်ပါတယ်။ - လို့ တစ်ချိန်က Windows Experience Index (WEI) အကြောင်းရေးရင်းနဲ့ Windows Experience Index: An In-Depth Look ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖော်ပြခဲ့ဖူးပါတယ်။

ဝမ်းနည်းစရာ ကောင်းတာက End Users တိုင်းအတွက် အသုံးတည့်တဲ့ Windows Experience Index GUI version ဟာ Microsoft ကနေ နောက်ဆုံးထုတ်လိုက်တဲ့ Windows 8.1 OS မှာ ပါမလာတော့ဘူး။ WEI ဟာ အရင်က GUI version ဖြစ်တာကြောင့် အောက်မှာ မြင်ရတဲ့အတိုင်း သုံးရလွယ်တယ်။ ထင်သာမြင်သာရှိတယ်။

တစ်ခုရှိတာ Windows 8.1 မှာ WEI GUI version ပါမလာတော့ပေမယ့် Command Prompt နဲ့ Windows Powershell ကိုသုံးပြီး Command Line ကနေတဆင့် ကြည့်လို့တော့ ရနိုင်သေးတယ်။ ဒါပေမယ့် ခက်ခက်ခဲခဲတွေကို သိပ်စိတ်မဝင်စားတတ်တဲ့ သူတွေအတွက် WEI ကို Third-party tools တွေနဲ့ အရင် GUI version လိုပဲ သုံးလို့ရအောင် ဖန်တီးနိုင်ပါတယ်။ အောက်မှာ ဖော်ပြသွားမယ့် ခေါင်းစဉ်(၃)ခုက Windows 8.1 မှာ WEI ကို စစ်ဆေးကြည့်ချင်သူတွေအတွက် အသုံးပြုနိုင်မယ့် Tools တွေပါ။

Metro Experience Index : Windows 8.1 ရဲ့ WEI ကို စစ်ဆေးဖို့ ပထမဆုံးထွက်လာတဲ့ Tool တစ်ခုပါ။ Windows 8.1 Preview ထွက်ပြီးမကြာခင် လပိုင်းလောက်မှာ ထုတ်ခဲ့ပြီး ခုချိန်ထိ Update ထပ်မပေးတော့ပေမယ့် သူက Windows 8.1 RTM တင်မှာသာမက Windows 8.1 Update 1 ထိပါ ပြဿနာတစ်စုံတစ်ရာ မရှိပဲ အသုံးပြုနိုင်ပါတယ်။ တစ်ခုရှိတာ သူက Portable မဟုတ်လို့ Install လုပ်ဖို့ လိုပါလိမ့်မယ်။


ChrisPC Win Experience Index : သူက ကျွန်တော်တို့ အရင်သုံးနေကျ Original Windows Experience Index နဲ့ ဆင်တဲ့ Interface ရှိပြီး WEI scores မှာ CPU, RAM, Graphics, Hard Disk ဆိုတဲ့ Components တွေရဲ့ Subscore တွေကို ဖော်ပြပေးပါတယ်။


Winaero WEI Tool : ကျွန်တော့်တစ်ယောက်တည်း သဘောအရပြောရရင်တော့ ဖော်ပြမယ့် Tools (၃) မျိုးမှာ Winaero WEI Tool ကို သဘောအကျဆုံးပါ။ သူလည်းပဲ ChrisPC လို WEI scores မှာ CPU, RAM, Graphics, Hard Disk ဆိုတဲ့ Components တွေရဲ့ Subscore တွေကို ဖော်ပြပေးတယ်။ အဲ့တာအပြင် နောက်ထပ်ပါဝင်သေးတဲ့ သူရဲ့ အားသာချက်တစ်ချို့က -

ရလာတဲ့ Index ကို Screenshot တစ်ခါတည်း ယူလို့ရတယ်။
ရလာတဲ့ ပုံကို PNG File အနေနဲ့ Save လုပ်ပြီး ImgUr ကို တစ်ခါတည်း Upload တင်လို့ရတယ်။
နောက်ပြီး WEI Table ကို HTML File အနေနဲ့ Save လုပ်လို့ပါရတယ်။
နောက်ဆုံး အားသာချက်ကတော့ Install လုပ်ဖို့မလိုဘူး Portable အနေနဲ့ သုံးလို့ရတယ်။


စာဖတ်သူတွေအနေနဲ့ ဖော်ပြခဲ့တဲ့ WEI Tools (၃) ခုကို စမ်းသပ်သုံးစွဲကြည့်ပြီး နှစ်သက်ရာကို လိုအပ်နေသူတွေအတွက် လက်ဆင့်ကမ်းပေးကြဖို့ တိုက်တွန်းလိုပါတယ်။

TechSectors.

What is the System Reserved Partition?


“System Reserved” Partition ဆိုတာကို Service လိုက်ပြင်နေတဲ့သူ တော်တော်များများနဲ့ ကိုယ့်ဘာသာကိုယ် ကွန်ပြူတာကလိဖူးသူတိုင်း ရံဖန်ရံခါ တွေ့ဖူးကြလိမ့်မယ်လို့ ထင်မိတယ်။ အဲ့ဒီ့ Partition က Windows 7 နဲ့ 8 ကို Clean Disk မှာ Install လုပ်တဲ့အခါ Windows ကနေ အလိုလျောက် ဖန်တီးပေးတဲ့ Partition လို့ပဲ ပြောရမယ်။ အလိုလျောက် ဖန်တီးပေးတဲ့ Partition ဆိုပေမယ့် Windows ကနေပြီး အဲ့ဒီ့ Partition ကို Drive Letter သတ်မှတ်မပေးဘူး။ အဲ့တာကြောင့် တကယ်တမ်း Windows တက်လာတဲ့အခါ အဲ့ဒီ့ “System Reserved” Partition ဆိုတာကို Windows Explorer မှာ မြင်ရမှာ မဟုတ်သလို ပုံမှန် User တစ်ယောက်အနေနဲ့ ရှိတယ်ဆိုတာကိုတောင် သတိထားမိမှာ မဟုတ်ဘူး။ သူ့ကို Disk Management သုံးလေ့ရှိတဲ့ သူတွေနဲ့ တစ်ခြား 3rd Party Partition Tools သုံးလေ့ရှိသူတွေလောက်ပဲ သတိထားမိကြလိမ့်မယ်။

“System Reserved” Partition ဆိုတာ Windows 7 နဲ့ နောက်ပိုင်း OS တွေမှာမှ Microsoft ကစပြီး မိတ်ဆက်ခဲ့တာမို့လို့ အရင် Windows အဟောင်းတွေမှာ တွေ့ဖူးကြမှာ မဟုတ်ဘူး။ အဲ့ဒီ့ Partition ကို Windows Serer 2008 R2 နဲ့ နောက်ပေါ်တဲ့ Windows Server versions အသစ်တွေမှာလည်း Create လုပ်လာတာ တွေ့ရတယ်။

အဲ့တော့ “System Reserved” Partition က ဘာအရေးကြီးသလဲဆိုတာ သိဖို့လိုလာသလို သူ့ကို ဘာအတွက် ဖန်တီးထားသလဲဆိုတာကိုလည်း နားလည်ထားဖို့ လိုလာတယ်။ “System Reserved” Partition ကို Windows ကနေ အလိုလျောက် ဖန်တီးရခြင်းရဲ့ အဓိကရည်ရွယ်ချက်က (၂) ခုရှိတယ် -

  • Boot Manager နှင့် Boot Configuration Data များ သိမ်းဆည်းရန် - ကွန်ပြူတာ Boot တက်တဲ့အချိန်မှာ Windows Boot Manager စအလုပ်လုပ်ပြီး Boot Configuration Data (BCD) ထဲမှာရှိတဲ့ Boot Data ကို အရင်ဆုံး သွားဖတ်တယ်။ အဲ့လို “System Reserved” Partition ထဲက Boot Loader ကို Boot ပြီးတဲ့အချိန်မှာ ကိုယ့် System Drive ရဲ့ ဘယ်နေရာမှာ Windows ရှိတယ်ဆိုတာကိုသိပြီး အဲ့ကနေမှတဆင့် Boot တက်တယ်။
  • BitLocker Drive Encryption အတွက် Startup Files များ အသုံးပြုနိုင်စေရန် - ကိုယ့် Hard Drive ကို လုံခြုံမှုရှိအောင် BitLocker Drive Encryption သုံးဖို့ စိတ်ကူးရှိမယ်ဆိုရင် “System Reserved” Partition ထဲမှာ ကွန်ပြူတာစတင်အလုပ်လုပ်ဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ ဖိုင်တွေ (Boot Files) ရှိနေတာက Main Windows partition ထဲမှာ ရှိနေတာထက် ပိုကောင်းပါတယ်။ အဲ့လိုရှိနေခြင်းအားဖြင့် ကွန်ပြူတာ Boot တက်တဲ့အချိန်မှာ Unencrypted ဖြစ်နေတဲ့ System Reserved partition ကနေတဆင့် Main Encrypted Drive ကို Decrypt လုပ်ပြီး Encrypted Windows System ကို Boot စေပါတယ်။

အဲ့တာကြောင့် BitLocker Drive Encryption သုံးဖို့ စိတ်ကူးရှိမယ်ဆိုရင် “System Reserved” Partition ကို မဖြစ်မနေ ထားသင့်ပါတယ်။ မဟုတ်ရင်တော့ BitLocker သုံးတဲ့အချိန်မှာ ပုံမှန် Function ရဖို့ မလွယ်ပါဘူး။ အပေါ်မှာ ပြောထားခဲ့ပြီးသလို အရေးကြီးတဲ့ Boot Files တွေက Default အနေနဲ့ “System Reserved” Partition ထဲမှာ သိမ်းတယ်ဆိုပေမယ့် ကိုယ့်ဘာသာ Partition ခွဲပြီး အဲ့ဖိုင်တွေကို Main Windows partition ထဲမှာပဲ သိမ်းချင်တယ်ဆိုရင်လည်း သိမ်းထားနိုင်ပါတယ်။


“System Reserved” Partition ကို Windows Installation လုပ်ဆောင်ဖို့အတွက် HD ကို Partition ပိုင်းတဲ့အချိန်မှာ Windows Setup က အလိုလျောက်ဖန်တီးပြီး Windows 7 မှာ “System Reserved” Partition က 100 MB နေရာယူပါတယ်။ Windows 8 မှာတော့ 350 MB နေရာယူပါတယ်။ Windows Installer ထဲမှာပါတဲ့ Partition Manager နဲ့ ကိုယ့် HD က Unallocated Space ကို Partition ပိုင်းဖို့ ကြိုးစားတဲ့အချိန်မှာ Windows Setup ကနေ အောက်ဖော်ပြပါအတိုင်း ပြောတာကြုံဖူးကြပါလိမ့်မယ်။

“To ensure that all Windows features work correctly, Windows might create additional partitions for system files.”

ဆိုလိုတာက Windows နဲ့အတူပါလာမယ့် Features တွေ ပုံမှန်အတိုင်း ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်ဖို့အတွက် လိုအပ်တဲ့ System Files တွေသိမ်းဖို့ နောက်ထပ် Partition (“System Reserved” Partition ) ဖန်တီးရလိမ့်မယ် ဆိုတာကို အသိပေးတာပါ။


တစ်ချို့က ဒါကို သဘောမကျကြဘူး။ Partition တစ်ခုခွဲတာ နှစ်ခုထွက်တယ်ဆိုပြီး အလိုမကျတဲ့သူတွေရှိသလို ဘာမှလည်း သုံးစားရတာ မဟုတ်ဘဲနဲ့ “System Reserved” Partition က ဘာအတွက် ပေါ်လာတာလဲဆိုပြီး မေးကြတဲ့သူတွေလည်း ရှိတယ်။ ကျွန်တော်တစ်ဦးတည်း သဘောအရဆိုရင်တော့ ပမာဏအရ ဘယ်လောက်မှ မရှိတဲ့ ဒီ Partition သေးသေးလေးကို များများစားစားတွေးမနေဘဲ ရှိမြဲအတိုင်း ထားစေချင်ပါတယ်။ သူရှိနေလို့ ကျွန်တော်တို့အတွက် ထူးပြီး ဘာမှမဖြစ်ဘူး။ Windows ကနေလည်း ဒီ Partition ကို မမြင်ရအောင် Default အနေနဲ့ Drive Letter မပေးဘဲ Hide ထားပေးတယ်။ အဲ့တာကြောင့် လူတော်တော်များများ ဒီ Partition ကို ရှိမှန်းတောင် သတိမထားမိကြဘူး။ ဒီ Partition က BitLocker မသုံးသူတွေအတွက် မရှိလည်း ဘာမှ မဖြစ်ပေမယ့် လက်ရှိမှာ BitLocker သုံးနေသူတွေ၊ နောင်များမှာ BitLocker သုံးဖို့ စိတ်ကူးရှိသူတွေအားလုံးအတွက် မဖြစ်မနေ ထားသင့်ပါတယ်။ အဲ့လိုရှိထားမှသာ Drive အားလုံးအတွက် BitLocker သုံးဖို့ အသင့်အနေအထား ဖြစ်ပါလိမ့်မယ်။

တကယ်လို့ “System Reserved” Partition ကို နေရာမပေးချင်ဘူးဆိုရင် လုပ်ဆောင်နိုင်တဲ့နည်းတွေ ရှိပါတယ်။ အဲ့နည်းတွေထဲက တစ်နည်းကတော့ Unallocated Space ကို Partition ပိုင်းတဲ့အချိန်မှာ Windows Installer နဲ့ မပိုင်းဘဲ တစ်ခြား Disk Partitioning Tool တစ်ခုခုသုံးပြီး ကြိုပိုင်းထားတဲ့နည်းပါ။ ကျွန်တော်ကတော့ အဲ့လိုလုပ်ဖို့ စိတ်ကူးရှိရင် Paragon Hard Disk Manager ဒါမဟုတ် Partition Wizard Boot Disk အခွေကို သုံးပါတယ်။ အဲ့နည်းနဲ့ Partition ပိုင်းထားပြီးနောက်မှ Windows Installer ကို ကိုယ် Windows ထားချင်တဲ့ Partition နေရာပြလိုက်ရင် “System Reserved” Partition ကို Create မလုပ်တော့ဘဲ ပုံမှန်အတိုင်း ဆက်သွားပါလိမ့်မယ်။ အဲ့လိုနည်းနဲ့ “System Reserved” Partition မှာ သိမ်းမယ့် Boot Files တွေကို Main System Partition မှာ တစ်ပါတည်း ထည့်ထားနိုင်ပါတယ်။

ဒီနည်းကိုပဲ တစ်ခြား Disk Partitioning Tool တွေမသုံးဘဲ Windows Installer ထဲမှာပါတဲ့ Partition Manager ကိုသုံးပြီး “System Reserved” Partition မပါအောင် အောက်ဖော်ပြပါအတိုင်း ဖန်တီးနိုင်ပါသေးတယ် -

  • Windows Setup မလုပ်ဆောင်သေးခင်မှာ Shift+F10 ကို နှိပ်ပြီး Command Prompt ကိုဖွင့်ပါ။
  • Command Prompt window ပွင့်လာရင် diskpart လို့ရိုက်ပြီး Enter ခေါက်ပါ။
  • ပြီးရင် Unallocated Space ကို Diskpart Tool သုံးပြီး New Partition အဖြစ် Create လုပ်ပါ။ ဥပမာ - ကျွန်တော်တို့ ကွန်ပြူတာမှာ Partition တစ်ခုမှ မရှိဘဲ Empty ဖြစ်နေတဲ့ Drive တစ်ခုပဲ ရှိတယ်ဆိုပါစို့။ ဒီလိုဆိုရင် select disk 0 လို့ရိုက်ပြီး create partition primary အနေနဲ့ ဖန်တီးနိုင်ပါတယ်။ ဒီနည်းက Partition ပိုင်းချင်သူ အားလုံးအတွက် Ideal Solution တော့ မဟုတ်ပါဘူး။ Diskpart Tool အသုံးပြုပုံ အသေးစိတ်ကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။
  • Partition Create လုပ်ပြီးသွားရင် Windows Setup ကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်သွားပါ။


ဖော်ပြခဲ့တဲ့ နည်းတွေကိုမသိပဲ Windows တင်ပြီးခါမှ “System Reserved” Partition ကို ဖျက်ချင်တယ်ဆိုရင်လည်း ဖျက်လို့ရပါတယ်။ ဒါပေမယ့် ပုံမှန် သမားရိုးကျ လုပ်ထုံးလုပ်နည်းနဲ့ Partition ကို Delete လုပ်လို့တော့ မရပါဘူး။ အဲ့လိုလုပ်လိုက်ရင် “System Reserved” Partition ထဲမှာ ရှိနေတဲ့ Boot Loader Files တွေကိုပါ Delete လုပ်မိသလိုဖြစ်ပြီး Windows မတက်တော့တဲ့ ပြဿနာနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။


“System Reserved” Partition ကို ဖျက်ချင်တယ်ဆိုရင် အရင်ဆုံး အဲ့ဒီ့ Partition ထဲမှာ ရှိနေတဲ့ Boot Files တွေကို System Partition ထဲ ရွှေ့ဖို့လိုပါတယ်။ ဒါပေမယ့် ဒီနည်းက အပြောလွယ်ပေပြီး အလုပ်ခက်ပါတယ်။ အဲ့ဒီ့နည်းကို သုံးရင် Registry ကိုင်ရမယ်၊ Files အတော်များများကို Drive to Drive ရွှေ့ရမယ်၊ BCD ကို ပြန်ပြင်ရေးရမယ် နောက်ဆုံး Main System Drive ကို Active Partition ဖြစ်အောင် ပြန်လုပ်ရဦးမယ်။ အသေးစိတ် လုပ်ထုံးလုပ်နည်းတွေကိုတော့ အင်တာနက်ထဲမှာ နေရာတိုင်းလိုလို တွေ့နိုင်တာကြောင့် အသေးစိတ်ပြန်မရေးတော့ဘူး။ ဘယ်လောက်မှ မရှိတဲ့ ပမာဏလေးတစ်ခုလောက် အတွက်နဲ့ “System Reserved” Partition ကို ဖျက်ဖို့ ကျွန်တော်ကိုယ်တိုင်လည်း အားမပေးဘူး။

“System Reserved” Partition က ရုတ်တရက်ကြည့်ရင် Partition Table မှာ ရှုပ်ထွေးစေသလို မြင်ရပြီး နေရာအများကြီး ယူထားသလို ထင်ရပေမယ့် သူက Windows တစ်ခုလုံးအတွက် အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေတယ်ဆိုတာရယ် သူ့ကိုဖျက်လိုက်လို့ ကိုယ့်အတွက် Space ဘယ်လောက်မှ ပိုရလာမှာ မဟုတ်ဘူးဆိုတာရယ်ကို စာဖတ်သူတွေ သတိထားနိုင်ဖို့ အသိပေးချင်ပါတယ်။

TechSectors.

What You Should Do After Buying A New PC

PC တစ်လုံး ဆင်ပြီးသွားပြီဆိုရင် အရင်ဆုံး လုပ်ရမယ့် အရာတွေက Operating System တစ်ခုခု တင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှု လုပ်ရပါမယ်။ 


(၁) Operating System ခွေ ကြိုတင်ရယူပါ။

OS တွေထဲမှာ လူသုံးများတာကတော့ Windows, Linux, Mac OSX, ... ဆိုတာတွေရှိတယ်။ တော်တော်များများကတော့ Windows သုံးကြတာများတယ်။ အဲ့တော့ ကိုယ့်စက်နဲ့ သင့်တော်မယ့် Windows အမျိုးအစား တစ်ခုခုကို စဉ်းစားပြီး တတ်နိုင်တယ်ဆိုရင်လည်း Windows ကို လိုင်စင်လေးနဲ့ ဝယ်သုံးပေါ့။ တကယ်လို့ မတတ်နိုင်ရင်လည်း Windows ခွေတွေကို Internet မှာ ကြိုက်သလို ဒေါင်းလုပ်ချလို့ရတယ်။ ဖိုရမ်မှာလည်း Operating Systems ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သီးခြား တင်ပေးထားတာတွေ ရှိတယ်။ Intel i5 လို့ရေးထားတာတွေ့တော့ RAM တို့ HD တို့ Graphic တို့လည်း သိပ်နည်းမယ် မထင်ဘူး။ အဲ့တော့ WIndows 7 Ultimate ဖြစ်ဖြစ် Windows 8 Pro ဖြစ်ဖြစ် တင်ပေါ့။ Windows တင်နည်းတွေကတော့ အင်တာနက်ထဲမှာ လူတော်တော်များများ မြန်မာလိုရေးထားတာရှိတယ်။ PDF လုပ်ပြီး တင်ပေးထားတာတောင် မနည်းမနောပဲ။ ကျွန်တော်ရှာကြည့်တာ ဒီနေရာမှာ တင်ပေးထားတဲ့ Window XP, 7, 8 Installation လုပ်ပုံလုပ်နည်း စာအုပ်လေး မဆိုးဘူး။ Windows မျိုးစုံ တင်နည်းစာအုပ် (Windows Vista, XP, 7, 8) တွေလိုချင်ရင်တော့ ဒီနေရာမှာ ယူလို့ရတယ်။ တကယ်လို့ CD/DVD တွေနဲ့ မတင်ချင်တာပဲဖြစ်ဖြစ် ကိုယ့်စက်မှာ Drive မပါရင်ပဲ ဖြစ်ဖြစ် Windows Vista, 7, 8 ကို ဆော့ဝဲမသုံးပဲ USB ကနေ တင်လို့ရတယ်။ နည်းကို ဒီနေရာမှာ ဖတ်ကြည့်လိုက်ပါ။ Format ချနည်း Partition ပိုင်းနည်း သိချင်ရင်လည်း ဒီနေရာမှာ ရေးထားတာရှိတယ်။ အဲ့ဒီ Blogger ကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုယ်တိုင်ဆို အဲ့တာတွေအားလုံး တစ်ထိုင်တည်း မရေးနိုင်ဘူး။ အခုတော့ အသင့်ခူးစားယုံလေးပဲ။ 

(၂) Driver ခွေ လက်ဝယ် ထားရှိပါ။ 

Windows တင်ပြီးပြီပဲ ဆိုကြပါစို့။ ကိုယ့်စက်မှာ တင်ထားတဲ့ Devices တွေနဲ့ OS နဲ့ သေချာချိတ်ဆက်ပြီး အလုပ်ကောင်းကောင်းလုပ်အောင် Drivers ဆိုတာ တင်ပေးရတယ်။ များသောအားဖြင့်တော့ PC ပဲဆင်ဆင် Laptop တို့ Notebook တို့ပဲ ဝယ်ဝယ် ဆိုင်တွေက Driver ခွေဆိုပြီး သီးသန့်ထည့်ပေးတတ်တယ်။ PC ဆင်ထားတဲ့ သူဆိုရင်တော့ Motherboard Driver ခွေနဲ့ Graphic Card တပ်ထားရင် Graphic Driver ခွေ အဓိကလိုတယ်။ Windows တင်ပြီးပြီဆိုရင် အဲ့ဒီ့ သက်ဆိုင်ရာ Driver တွေ သီးသန့်တင်ပေးရတယ်။ Windows 8 ဆိုရင်တော့ သိပ်မလိုဘူး။ Windows 7 ဆိုရင်တော့ Graphic Driver တင်ဖို့လိုကောင်းလိုတတ်တယ်။ Windows XP တင်ရင်တော့ အားလုံးနီးပါး တင်ပေးရတာများတယ်။ 

(၃) မိမိစက်တွင် အသုံးပြုမည့် Software များ ကြိုတင်စုဆောင်းပါ။ 

Windows ရော Drivers တွေရော တင်ပြီးပြီဆိုရင် ကိုယ့်စက်မှာသုံးမယ့် Software တွေ လက်ဝယ်အသင့်ရှိထားဖို့လိုတယ်။ မရှိသေးရင် ဆိုင်တွေမှာဝယ်လည်းရတယ်။ အင်တာနက်ကနေ ဒေါင်းလုပ်ချလည်းရတယ်။ အင်တာနက်ထဲမှာ ဆော့ဝဲလ်တွေ ဘယ်လိုရှာရလဲ ဆိုတာ အင်တာနက်အတွင်း Software ရှာဖွေခြင်း ဆိုပြီး ကျွန်တော်ရေးထားဖူးတာလည်း ရှိတယ်။ ကြိုက်တဲ့နည်းနဲ့ ကိုယ်သုံးမယ့် Software တွေ စုထားပါ။ မဟုတ်ရင် ဆိုင်သွားပြီး တင်ခိုင်းရင် ပိုက်ဆံထပ်ပေးနေရမယ်။ တချို့ဆိုင်တွေကတော့ ကွန်ပြူတာဝယ်ရင် Software အလကားထည့်ပေးတတ်တယ်။ 

အဲ့တာတွေအားလုံးပြီးရင်တော့ ကွန်ပြူတာ တစ်လုံး သုံးဖို့ အသင့်ဖြစ်ပါပြီ။

KznT.

How To Use WeChat and Viber in Windows 7

wechat.exe and viber.exe လိုချင်လို့ပါ။ computer win7 မှာသုံးချင်လို့ပါ။ ကူညီပေးပါနော်။ email နဲပို့ပေးမယ် ဆိုရင်လည်း ရပါတယ်။

မေးခွန်းကို သေချာမဖတ်ပဲ ဖြေချင်ဇောနဲ့ wechat.exe and viber.exe တိုက်ရိုက်ဒေါင်းလုပ်ချလို့ရမယ့် နေရာတွေ ညွှန်လိုက်မိသေးတယ်။ တကယ်ပါပဲ။ ဒါပေမယ့် စေတနာနဲ့ မှားတဲ့ အမှားမို့လို့ နားလည်ပေးနိုင်ကြမှာပါ။ သိထားတဲ့ နည်းလမ်းတွေထဲက အကောင်းဆုံးဖြစ်နိုင်လောက်မယ့် နည်းတွေကို စုဝေးပြီး အကြံပေးဖြစ်ခဲ့ပါတယ်။



ဟုတ်တယ် ကျွန်တော် နည်းနည်းလောသွားလို့ .. ဆိုဒ်ကို သွားကြည့်တော့ Windows Logo လေး တွေ့တာနဲ့ PC အတွက်ပါတယ် ထင်ပြီး လင့်ကို တိုက်ရိုက်ပေးလိုက်တာ အဲ့တာတွေက ဖုန်းအမျိုးမျိုးအတွက်ပဲ ပေးထားတာဆိုတော့ PC မှာ သုံးချင်တာဆိုရင် Windroy တို့ BlueStacks တို့ကို တဆင့်ခံပြီး apk file တွေကို PC မှာ သုံးလို့ရပါတယ်။

Bluestacks ကတော့ အလွယ်ပြောရရင် Android Emulator ပါ။ သူ့ကိုသုံးပြီး Android ဖုန်းမှာ သုံးနေတဲ့ apk files တွေ such as - Android game, Application တွေကိ်ု ကိုယ့်ရဲ့ Computer မှာ Run ပြီးသုံးလို့ ရတယ်။ Windows 7 တင်မက Windows 8, Windows Vista, Windows XP, Mac OS X အားလုံးသုံးလို့ ရပါတယ်။ 

Windroy ကလည်း ထိုနည်းလည်းကောင်းပဲ။ Windroy ကိုသုံးရင် Android ကို Windows kernel ကနေ Run နေသလိုပဲ။ such as VirtualBox ပေါ့။ Android apps တွေတင်မက 3D games တွေထိပါ ဆော့လို့ရတယ်။ 

တကယ်လို့ အဲ့လို ရှုပ်ရှုပ်ယှက်ယှက်တွေ တစ်ခုမှ မကြိုက်ရင် WebWeChat ဆိုတာ ရှိတယ်။ သူကတော့ WeChat ကို Browser ကနေ တဆင့်ခံသုံးတာ။ ကိုယ့် Smartphone ထဲမှာ ရှိတဲ့ WeChat app နဲ့ QR Code ကို Scan လုပ်ပြီး သုံးတာ။ 

KznT.

Windows 7 Themes Accessories

Windows 7 မှာ သုံးမယ့် 3rd party themes တွေကို ပြင်ဆင်တဲ့ နေရာမှာ ဒီ Thread အတွက် လိုအပ်မယ့် Software တစ်ချို့ မိတ်ဆက်ရင်း ဒီနေ့ အဆုံးသတ်ပို့စ် ရေးနိုင်ပါပြီ။ Themes ပြင်ဆင်ရေးအတွက် ကျွန်တော် စုဆောင်းထားသမျှ တိုလီမုတ်စ Software အားလုံး တစ်ပေါင်းတစ်စည်းတည်း တင်ထားပေးပါတယ်။ ဒေါင်းလုပ် links တွေကိုတော့ အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်။ ဒေါင်းလုပ်နဲ့ အတူ ရရှိလာမယ့် folders များစာရင်းကတော့ အောက်ဖော်ပြပါအတိုင်းပါ။ folder တစ်ခုချင်းစီမှာပါမယ့် software တွေ ဖိုင်တွေကို ဘယ်လို အသုံးပြုရမယ်ဆိုတာ မိတ်ဆက်ရှင်းပြပေးပါဦးမယ်။


ဒေါင်းလုပ်ပြီးလို့ ဖိုင်ကို ဖြည်လိုက်ရင် Theme Accessories ဆိုတဲ့ ဖိုဒါတစ်ခု ရလာပါလိမ့်မယ်။ သူ့ထဲကို ထပ်ဝင်ရင် အောက်ဖော်ပြပါအတိုင်း ဖိုဒါ ( ၁၄ ) ခုနဲ့ ဖိုင်တစ်ခု တွေ့ရပါလိမ့်မယ်။

Read me.txt - တစ်ခြားဘာကိုမှ မလေ့လာသေးခင် ဒီဖိုင်ကို ဖွင့်ပြီး အရင်ဆုံးဖတ်ပါ။ သူ့ထဲမှာ ထည့်သွင်းထားတဲ့ ဖိုဒါအလိုက် ဘယ်ကယူခဲ့တယ်ဆိုတဲ့ links တွေ - ဘယ်လို အသုံးပြုရမယ်ဆိုတဲ့ ဖြေရှင်းချက် ရှိတဲ့နေရာတွေဆီ ကျွန်တော် လမ်းညွှန်ပေးထားပါတယ်။

Best Icons For Windows - ဒီထဲမှာတော့ Theme ပြင်ဆင်ရေးနဲ့ အတူ တွဲဖက်အသုံးပြုသင့်တဲ့ အကောင်းဆုံး Icons တွေ ထည့်သွင်းပေးထားပါတယ်။

Gdipp - Gdipp ဆိုတာ Windows text render ကို Mac OS နဲ့ Linux distributions က ပုံစံတွေအတိုင်း ဖြစ်လာအောင် ပြင်ယူနိုင်တဲ့ Software ပါ။ ကွာခြားချက် အသေးစိတ်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

Original System Files - Theme ပြင်ဆင်ရင်းနဲ့ မျှော်လင့်မထားတဲ့ Errors တွေဖြစ်လာတဲ့အခါ မူရင်း System Files တစ်ချို့ကို ပြန်လည်အစားသွင်းနိုင်အောင် ဒီဖိုဒါအောက်မှာ ထည့်သွင်းပေးထားပါတယ်။

Resource Hacker - သူကတော့ Windows executable resources ကို view and modify လုပ်ဆောင်တဲ့ နေရာမှာ အားလုံးသိကြတဲ့ Resource Hacker ဖြစ်ပါတယ်။

Start Orb Changer - Start Orb Changer ဆိုတာ Windows ရဲ့ Start Button ကို Change တဲ့ App လေးတစ်ခုပါ။ နှစ်မျိုးထည့်ပေးထားပါတယ်။ နှစ်သက်ရာ သုံးနိုင်ပါတယ်။ Windows 7 Start Button Changer v 2.6 (for SP1 and old W7 version without update).exe ကိုတော့ Recommend ပေးပါတယ်။

Take Ownership - system files တွေကို ပြင်ဆင်တဲ့ နေရာမှာ ownership မရပဲ ပြင်ယူလို့ မရပါဘူး။ ownership အဆင့်လိုက် လုပ်မယ်ဆိုရင်လည်း တော်တော်လေး အချိန်ပေးရပါတယ်။ လက်ပေါက်ကပ်ပါတယ်။ ဒါကို ကလစ်နှစ်ချက်နဲ့ အဆင်ပြေအောင် TakeOwnership.reg file တစ်ခု စီစဉ်ပေးထားပါတယ်။ သူ့ကို installed လုပ်ဆောင်ပြီးသွားတဲ့ အခါ system files တွေကို ပြင်ဆင်ချင်ရင် အရင်ဆုံး Right click ထောက်ပြီး Ownership ယူပါ။ ပြီးမှ ပြင်ဆင်ပါ။ အသေးစိတ် အသုံးပြုပုံကို ဒီနေရာမှာ ဖော်ပြပေးထားပါတယ်။

Theme managers - Theme managers ကတော့ 3rd party themes တွေကို Install လုပ်ဆောင်ရာမှာ လွယ်ကူသထက် လွယ်ကူအောင် ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ အသေးစိတ် အသုံးပြုပုံတွေကို Read me file တွေမှာ ကြည့်ပါ။

Theme Patchers - 3rd party themes တွေကို Install လုပ်ဆောင်ဖို့အတွက် System files တွေကို patch လုပ်ရာမှာ အသုံးပြုဖို့ Theme Patchers တွေ စုစည်းပေးထားတဲ့ folder ဖြစ်ပါတယ်။

Windows 7 Aero Blur Tweaker - Windows 7 Aero Blur Tweaker ဆိုတာ Windows 7 Aero မှာ မှုန်ဝါးဝါး ဖြစ်နေတဲ့ ပုံစံကို ကြည်လင်ပြတ်သားတဲ့ ပုံစံဖြစ်လာအောင် ပြင်ယူနိုင်တဲ့ Tweaker ဖြစ်ပါတယ်။ အသုံးပြုပုံ အသေးစိတ်ကို ဒီနေရာမှာ ဖတ်ပါ။

Windows 7 Logon Background Changer - သူကတော့ အမြင်ရိုးနေတဲ့ logon background ပုံစံကို နှစ်သက်ရာ wallpapers တွေနဲ့ အစားထိုးနိုင်အောင် ပြင်ယူနိုင်တဲ့ Logon Changer ဖြစ်ပါတယ်။ အသုံးပြုပုံ အသေးစိတ်ကို ဒီနေရာမှာ လေ့လာပါ။ ခက်ခက်ခဲခဲ မရှိပါ။

Windows 7 Logon Screen Rotator - သူလည်းပဲ Windows 7 Logon Background Changer နဲ့ သဘောတရားတူပါတယ်။

Windows 7 Navigation Buttons Customizer - သူကတော့ Windows 7 ရဲ့ navigation buttons တွေကို စိတ်ကြိုက် ပြောင်းလဲပေးနိုင်မယ့် Buttons Customizer ဖြစ်ပါတယ်။ အသုံးပြုပုံကို ဒီနေရာမှာ လေ့လာပါ။

Windows 7 Start Buttons - သူကတော့ အပေါ်မှာ ဖော်ပြပြီးခဲ့တဲ့ Start Orb Changer နဲ့ တွဲဖက်အသုံးပြုဖို့ Start Buttons တွေဖြစ်ပါတယ်။ နှစ်သက်ရာ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

XWindows Dock - သူက Mac နဲ့ Linux မှာ သုံးကြတဲ့ Dock တွေလိုမျိုးပဲ Windows မှာ သုံးဖို့ Dock ပါ။ အသေးစိတ်ကို ဒီနေရာမှာ လေ့လာပါ။

Download Theme Accessories!!

Theme Accessories.part1.rar (95.4 MB)
http://www.multiupload.com/BHEQ7OIJ1N

Theme Accessories.part2.rar (95.4 MB)
http://www.multiupload.com/ZJWQX7G0DK

Theme Accessories.part3.rar (95.4 MB)
http://www.multiupload.com/H1LJI9Q3PD

Theme Accessories.part4.rar (95.4 MB)
http://www.multiupload.com/BCD3UYU3O2

Theme Accessories.part5.rar (38.7 MB)
http://www.multiupload.com/IQ3HV1DR7H

KznT.

Upgrading Windows 7 Themes


တစ်နေ့နဲ့ တစ်နေ့ ကွန်ပြူတာဆိုတဲ့ အသုံးအဆောင်ပစ္စည်း တစ်ခုကို ကျွန်တော်တို့တွေ နေ့တိုင်း ထိတွေ့ပြီး သုံးသာ သုံးနေကြတာ - အဲ့ဒီ့ Operating system အပေါ် တကယ်ရော နှစ်သက်ကျေနပ်မှု ရှိရဲ့လား ??

ဒီမေးခွန်းကို ကိုယ့်စိတ်ထဲကို သေသေချာချာကြည့်ပြီး ဖြေကြည့်ပါ။

တကယ်တော့ အရင့်အရင်က ကျွန်တော်တို့ Windows XP နဲ့ တော်တော်လေး အဆင်ပြေခဲ့တယ် - အဲ့နောက် Windows Vista - နောက် Windows 7 ... OS တွေ တစ်ခုပြီးတစ်ခု ပြောင်းသွားတော့ ကျွန်တော်တို့လည်း သူတို့ပြောင်းတဲ့ နောက်ကို ကောက်ကောက်ပါအောင် လိုက်ခဲ့ကြတယ် - တကယ်တမ်း OS တွေ တစ်ခုပြီး တစ်ခု ပြောင်းသုံးဖြစ်ခဲ့သမျှ အခြေအနေတွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ရင် တကယ်လိုအပ်လို့ ပြောင်းခဲ့တာလား ဆိုတော့ ကျွန်တော့်အတွက် မဟုတ်ဘူးလို့ပဲ ပြောရမယ် - Features တွေ Security တွေ ဘာတွေဘယ်လို အားသာချက် ရှိတယ် ဆိုတာတွေကို နောက်မှာ ထားလိုက်ဦး - တကယ်တမ်း Windows 7 စွဲစွဲမြဲမြဲ သုံးနေကြသူ ၁၀ဝ မှာ ၇၀ လောက်က Features တွေကောင်းလို့ Security တွေ အားသာချက် ရှိလို့ ဆိုတာတွေထက် အရင်သုံးနေကျ OS တွေထက် အသွင်ပိုဆန်းပြီး အမြင်ပိုလှလို့ သုံးဖြစ်နေကြတယ်ဆိုရင် ပိုမှန်ကောင်း မှန်လိမ့်မယ်။

အဲ့တော့ ခု Windows 7 ထွက်တာလည်း နှစ်နှစ် ပြည့်တော့မယ် - တော်တော်များများလည်း Windows 7 မှ Windows 7 ဖြစ်နေကြပြီ - Windows 7 နဲ့ အတော်လည်း ယဉ်ပါးနေကြပြီ - လူဆိုတဲ့ သဘောက အလှအပတော့ ကြိုက်ကြစမြဲပဲ - Windows 7 ဘယ်လောက်လှပါတယ် ပြောပြော သူ့ထက်သူ ပိုလှအောင် ကျွန်တော်တို့တွေ Themes အသစ်တွေပြောင်းတယ် - Wallpapers လှလှလေးတွေ ရှာတယ် - တင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ သိထားဖို့ သင့်တာ ခုလက်ရှိချိန်ထိ ကျွန်တော်တို့ သုံးနေကြတဲ့ Themes တွေဆိုတာ Windows 7 မှာ Themes - Change လိုက်တယ်လို့သာ ပြောတာ တကယ်တော့ သူတို့ကို ပြောင်းလိုက်တဲ့ အချိန်တိုင်း Colours နဲ့ Walpapers ပြောင်းသွားတာလောက်ပဲ ရှိတယ်။ တစ်ခြားဘာမှမှ ထူးထူးခြားခြား မပြောင်းတာ။ ဒါကို အားလုံးလည်း သတိထားမိကြမယ် ထင်တယ်။ အဲ့တော့ Themes ပြောင်းတယ်ဆိုတဲ့ အချိန်တိုင်း အရိုးအရှင်းဆုံး ပုံစံလေးနဲ့ စွဲဆောင်မှု ရှိတဲ့ Themes တစ်ခု ကိုယ့် စက်ထဲ ရောက်လာအောင် ကျွန်တော်တို့ ဘယ်လို ပြင်ယူကြမလဲ။ ဒါလေးက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကနေ့ချိန်ထိ မြန်မာဖိုရမ်တွေ ၊ ဘလော့တွေနဲ့ နည်းပညာမျှဝေတဲ့ ဆိုဒ်တွေမှာ ဖော်ပြတာမတွေ့မိသေးတဲ့ ( ကျွန်တော် သတိထားမိသလောက် ) Windows 7 Themes ပြုပြင်နည်းတစ်ခုပါ။ ဘာလို့ မဖော်ပြကြသေးတာလဲ ဆိုတော့ သတိမထားမိတာကြောင့်လည်း ဖြစ်နိုင်တယ်။ သတိထားမိလို့ လက်ရှိသုံးနေကြတဲ့ သူတွေလည်း ရှိမှာပါ။ ဒါပေမယ့် သူတို့တွေလည်း မိသားစုဝင်တွေကို ဒီအကြောင်း မိတ်ဆက်မပေးရသေးဘူး။ အဲ့တာကြောင့် ကျွန်တော် ဒီ Thread ကို စရေးလိုက်ပါတယ်။ နောက်ပြီး ခု ကျွန်တော် မိတ်ဆက်ပေးချင်တဲ့ Themes ပြင်ဆင်နည်းတွေက ကျွန်တော်တို့ နေ့စဉ်သုံးနေကျ Themes တွေကို Click တစ်ချက် နှစ်ချက် ပေးယုံနဲ့ ပြောင်းလို့ မရဘူး - သူ့ကို သုံးချင်ရင် သာမန်သုံးနေကျ Themes တွေထက် ၄ - ၅ ဆင့်လောက် ပိုပြီး ပြင်ဆင်ရတယ်။ အဆင့်တွေကို နားလည်ထားဖို့လည်း လိုတယ်။ သာမန်ထက် နဲနဲလေး လုပ်ရမယ့် အဆင့်ပိုများလို့ ဒီ Thread ကို Windows 7 Themes အား အဆင့်မြှင့်ပြင်ဆင်ခြင်းလို့ ခေါင်းစဉ်တပ်ထားလိုက်တယ်။ ဒါပေမယ့် ဒီလောက်ကြီး ခက်ခက်ခဲခဲ နက်နက်နဲနဲ အကြောင်းအရာတွေ ရေးသွားမယ့် Thread တစ်ခုမျိုးလည်း မဟုတ်ပါဘူး -

မိသားစုဝင်တွေ လက်ရှိသုံးနေတဲ့ ကွန်ပြူတာကို ဒီ့ထက်ပိုပြီး ရှုချင်စဖွယ်ဖြစ်အောင် ဘယ်လိုဖန်တီးရမယ် - ဘာတွေသိထားဖို့လိုမယ်။ ဘယ်အဆင့်တွေ Software တွေ အသုံးချရမယ်ဆိုတာ မိတ်ဆက်ရှင်းပြ သဘောမျိုးရေးပေးသွားမှာပါ။ ပြင်ဆင်ပြီးသွားတဲ့ အချိန်မှာ တွေ့မြင်ရမယ့် Windows 7 ရဲ့ ရိုးရှင်းတဲ့ အလှအပတွေကို ကနဦး ခံစားနိုင်အောင် မိတ်ဆက်ဖော်ပြလိုက်ပါတယ်။ လက်ရှိ ကိုယ့်စက်မှာ သုံးထားတဲ့ Windows 7 Themes တွေနဲ့ ဒီအောက်မှာ ဖော်ပြထားတဲ့ အပြင်အဆင်တွေမှာ ဘယ်ဟာက ပိုပြီး ဆွဲဆောင်မှု ရှိသလဲ - ဒါကို မိသားစုဝင်များ ကိုယ်တိုင် သုံးသပ်ပါ။ တကယ်လို့ ကိုယ့်စက်က အပြင်အဆင်ကိုပဲ ကိုယ် သဘောကျတယ်ဆိုရင်တော့ နောက်ရက်တွေ ဒီ Thread ကို ဖတ်နေဖို့ မလိုတော့ပါဘူး - ကျော်ချသွားလိုက်ပါ။ တကယ်လို့ ကျွန်တော် ဖော်ပြထားတဲ့ အပြင်အဆင်ကို သဘောကျမယ် ဆိုရင်တော့ နောက်ရက်တွေ ဒီ Thread ကို မပြတ်တမ်း စောင့်ဖတ်ပေးဖို့ လိုပါလိမ့်မယ်။











အချိန်အများကြီး မရတာမို့လို့ အရင်ရေးဖို့ ကျန်နေသေးတဲ့ Thread တစ်ချို့နဲ့ ဒီ Thread ကို ဖြေးဖြေးရှင်း ညှိပြီး ရေးသွားပေးပါ့မယ်။


Windows 7 Themes တွေကို စိတ်ကြိုက်ပြင်ဆင်တော့မယ်လို့ စိတ်ကူးတဲ့ အခါ အရင်ဆုံး သိထားဖို့ လိုတာက ဒီလို အမြင်ရှင်းပြီး ဒီဇိုင်းအသွင်အပြင်ဆန်းတဲ့ Themes တွေဘယ်မှာ ရနိုင်လဲ ဆိုတာ သိထားဖို့ လိုလာပါတယ်။ အဲ့အတွက် အကောင်းဆုံး နေရာတစ်ခုကတော့ DeviantArt ပါ - Wallpapers, Themes, Icons ... စသဖြင့် ကျွန်တော် ဘာပဲလိုလိုအဲ့မှာပဲ အမြဲ သွားရှာဖြစ်တယ်။ အင်တာနက်ထဲမှာ ပျံ့နေသမျှ Themes တွေ Icons တွေ တော်တော်များများကလည်း အဲ့မှာ အခြေပြုပြီး ထွက်လာတယ်လို့ ပြောလို့ရတယ်။ ပိုက်ဆံပေးဝယ်ရတာမျိုးတွေလည်း ရှိပေမယ့် တော်တော်များများကို Free ပေးထားတယ်။ ကျွန်တော့်မှာ DeviantArt ကနေပြီး စိတ်ကြိုက်ရှာ ဒေါင်းလုပ်ချထားတဲ့ Themes ( 55 ) ခု ရှိပါတယ်။ Themes တွေကို ဘယ်လိုသုံးတယ်ဆိုတာ မိတ်ဆက်ပေးပြီးသွားရင် နောက်ပို့စ်တွေမှာ အဲ့ဒီ့ Themes တွေအားလုံးကို မိသားစုဝင်များ အသုံးပြုနိုင်အောင် ဝေမျှပေးသွားပါမယ်။

Installation လုပ်ဆောင်နည်းများ

Windows customization လုပ်ဆောင်တဲ့ နေရာမှာ 3rd party themes တွေကို Windows က အသုံးပြုခွင့် မပေးပါဘူး - ကျွန်တော် အရင်တစ်ခါ ရေးပေးခဲ့ဖူးတဲ့ Windows 7 Themes လိုမျိုး Microsoft ကနေ တိုက်ရိုက်ထုတ်ထားတဲ့ Themes မျိုးတွေကိုသာ Windows က လျှောလျှောရှုရှုနဲ့ အသုံးပြုခွင့်ပေးပါတယ်။ 3rd party themes ဟုတ်မဟုတ်ဆိုတာက ခွဲခြားဖို့ မခက်ပါဘူး - ကိုယ့်ဆီမှာ ရှိနေတဲ့ Windows 7 Themes file တစ်ခုခုကို Double click သာ ပေးကြည့်လိုက်ပါ -



နဂိုသွင်ပြင်နေထားကနေ ပုံစံပြောင်းပေးသွားတယ်ဆိုရင် 3rd party themes မဟုတ်ဘူး - Double click ပေးလည်း ဘာမှ ထူးခြားမလာပဲ နဂိုပုံအတိုင်းပဲ ဖြစ်နေတယ်ဆိုရင် ဒါ Windows က လက်မခံတဲ့ 3rd party themes စသဖြင့် အကြမ်းဖျဉ်း သတ်မှတ်နိုင်ပါတယ်။ အဲ့တော့ Windows ကနေ Default အနေနဲ့ လက်မခံတဲ့ 3rd party themes တွေကို ကိုယ့်စက်မှာ install လုပ်ချင်တဲ့ အခါ ဘယ်လို လုပ်ဆောင်ရမလဲ။ နည်းလမ်းအမျိုးမျိုး ရှိပါတယ်။ အားလုံးထဲက မိသားစုဝင်တိုင်းအတွက် အလွယ်ကူဆုံး ဖြစ်နိုင်မယ့် နည်းလမ်းတစ်ချို့နဲ့ အရင်ဆုံး စပြီး မိတ်ဆက်ပေးပါရစေ။

( 1 ) CustoPack Tools

အားလုံးထဲမှာ End users တွေ အတွက် သုံးဖို့ အသင့်တော်ဆုံးက CustoPack Tools ပါ - Windows XP (32-bit), Windows Vista (32 or 64-bit), Windows 7 (32 or 64-bit) အားလုံးမှာ သုံးလို့ ရအောင် CrystalXP.net team ကနေ စီစဉ်ပေးထားပါတယ်။ CustoPack Tools နဲ့ ပတ်သတ်ပြီး အသုံးပြုနည်းနဲ့ တကွ တစ်ခြား သိထားသင့်တဲ့ အကြောင်းအရာ အားလုံးကို Frequently Ask Questions အဖြစ်နဲ့ သူတို့ ရေးထားပေးပြီးသား ရှိပါတယ်။ အခြေခံအားဖြင့် ပြောရရတော့ CustoPack Tools ကို သုံးဖို့အတွက် အဆင့် နှစ်ဆင့်လိုတယ်။ အရင်ဆုံး CustoPack Tools ကို ဒီနေရာကနေ ဒေါင်းလုပ်ချပြီး Install အရင်လုပ်ထားရမယ်။ အဲ့ဒီ့ Tools ကို သွင်းရတဲ့ အခြေခံရည်ရွယ်ချက်က ကိုယ် install လုပ်ချင်တဲ့ Themes တွေကို တစ်ခုကနေတစ်ခု အချိန်းအပြောင်း လုပ်တဲ့ နေရာမှာ Manually ဘာမှ လုပ်စရာ မလိုပဲ Click လေးပေးယုံနဲ့ အဆင်ပြေနိုင်အောင် သွင်းထားရတာ။ အဲ့တာပြီးသွားရင် ကိုယ် Install လုပ်ချင်တဲ့ Themes တွေကို ဒီနေရာမှာ စိတ်ကြိုက် ရွေးယူ ဒေါင်းလုပ်ချပါ။


ရလာတဲ့ CustoPack တွေကို CustoPack Tools သုံးပြီး ဘယ်လို Install လုပ်တယ်ဆိုတာကိုတော့ ဒီနေရာမှာ ဖတ်ပါ။ Youtube ကြည့်လို့ ရသူများ အောက်မှာ ဖော်ပြထားတဲ့ Video clip ကနေ တစ်ဆင့် တိုက်ရိုက် လေ့လာနိုင်ပါတယ်။


အားလုံး သွင်းပြီးလို့ Restart ပေးပြီး ပြန်တက်လာတဲ့ အချိန်မှာ ကိုယ်သုံးတဲ့ Windows 7 Themes က အရင်သုံးနေကျ Themes တွေနဲ့ မတူပဲ တစ်မူထူးခြားပြီး လှပနေတာတွေ့ရပါလိမ့်မယ်။ တကယ်လို့ နောက်ပိုင်း သုံးရတာ ငြီးငွေ့လာလို့ CustoPack Tools နဲ့ Themes တွေကို Uninstall ပြန်လုပ်ချင်ပြီ ဆိုရင် ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာ ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ Youtube ကြည့်လို့ ရသူများ အောက်မှာ ဖော်ပြထားတဲ့ Video clip ကနေ တစ်ဆင့် တိုက်ရိုက် လေ့လာနိုင်ပါတယ်။


CustoPack Tools ကို အရင်ဆုံး မိတ်ဆက်ပေးရတဲ့ ရည်ရွယ်ချက်က Users တိုင်းအတွက် သုံးရလွယ်လို့ပါ - ဒါပေမယ့် သူ့မှာ ကန့်သတ်ချက်တွေ ရှိပါတယ်။ ကိုယ်သုံးချင်တဲ့ Themes သုံးလို့ မရဘူး - ကိုယ်တွေ့ထားတဲ့ တစ်ခြား Themes တစ်ခုကို CustoPack Tools ကနေ တိုက်ရိုက် ပြောင်းမပေးနိုင်ဘူး - အဲ့တော့ CustoPack Tools မသုံးပဲ တစ်ခြား ကိုယ်တွေ့ထားတဲ့ 3rd party themes တစ်ခုကို Windows မှာ ဘယ်လို install လုပ်မလဲ ?? ဒါကို နောက်တစ်ပိုင်းမှာ ဆက်ပြီး ဖော်ပြပေးသွားပါ့မယ်။

လူတိုင်းလည်း သိပြီး ဖြစ်ပါလိမ့်မယ်။ ကျွန်တော် အပေါ်မှာလည်း ပြောထားခဲ့ဖူးပြီ။ Windows 7 မှာ 3rd party themes လို့ ခေါ်တဲ့ custom themes တွေကို တိုက်ရိုက် ပြောင်းလဲသုံးစွဲခွင့် မရှိပါဘူး။ ဒီနေရာမှာ 3rd party themes လို့ ပြောရင် နည်းနည်း နားရှုပ်နိုင်တာမို့ သူ့အကြောင်းနည်းနည်း ရှင်းပြချင်ပါသေးတယ်။

3rd party themes နဲ့ Windows 7 မှာ ပါပြီးသား Themes တွေက ဘာကွဲလဲ ဆိုရင် Windows 7 မှာ နဂိုပါလာတဲ့ Themes တွေဖြစ်ဖြစ် - Microsoft ကနေ တရားဝင် အလကား ပေးသုံးထားတဲ့ themes တွေ ဖြစ်ဖြစ် အားလုံးက Themes တစ်ခုကနေ တစ်ခုကို ပြောင်းသုံးတဲ့အခါမှာ Themes ပြောင်းလိုက်တယ်လို့သာ ပြောတာ တကယ်တော့ သူတို့ကို ပြောင်းလိုက်တဲ့ အချိန်တိုင်း Colours နဲ့ Walpapers ပြောင်းသွားတာလောက်ပဲ ရှိတယ်။ တစ်ခြားဘာမှမှ ထူးထူးခြားခြား မပြောင်းဘူး။ အတိအကျ ပြောရရင် Windows Explorer ပုံစံတွေ အောက်မှာ ပြထားသလို မပြောင်းဘူး။



taskbar ပုံစံတွေ Start button တွေ တစ်ခြား icons တွေ အောက်မှာပြထားသလိုမျိုး ပြောင်းလဲသွားမှာ မဟုတ်ဘူး။



3rd party themes တွေမှာကျတော့ သူ့ themes ကို ပြောင်းသုံးလိုက်တာနဲ့ ခုနက ဖော်ပြခဲ့တဲ့ ပုံစံတွေ အားလုံးပြောင်းသွားတယ်။ Colours နဲ့ Walpapers ပြောင်းယုံ လောက်ထက် စာရင်တော့ အမြင်ပိုဆန်းသွားတာပေါ့။ ဒါပေမယ့် အဲလို အမြင်ပိုဆန်းတဲ့ 3rd party themes တွေ သုံးဖို့ ဆိုတာ system files တွေကို patch လုပ်ရတာရှိတယ်။ အဲ့တာကြောင့် အလုပ်မတတ်ရင် ပြဿနာ တက်လွယ်တာမို့ Windows မှာ Default အနေနဲ့ 3rd party themes တွေကို အသုံးပြုခွင့် မပေးထားတာ။ အရင်တစ်ချိန်တုန်းကတော့ system files တွေကို patch လုပ်ရတာ တော်တော်လေး လက်ပေါက်ကပ်ခဲ့ပါတယ်။ ဒါပေမယ့် ခုတော့ third party tools တွေလည်း ရှိနေပြီမို့ system files တွေကို patch လုပ်ရတာ မခက်တော့ပါဘူး။ third party tools အမျိုးမျိုး ရှိပြီး အားလုံးထဲမှာ လူသုံးများတာကတော့ UxTheme နဲ့ Universal Theme Patcher ပါ။ ကဲ ဒီတော့ patching files တွေ ဘယ်လိုလုပ်မယ်။ themes အသစ်တွေ စိတ်ကြိုက် ဘယ်လိုသွင်းမယ်ဆိုတာ စလိုက်ကြရအောင်။ အောက်မှာ ဖော်ပြထားတဲ့ နည်းအတိုင်း လုပ်ဆောင်သွားမယ်ဆိုရင် နှစ်သက်ရာ 3rd party themes တွေကို Windows 7 နဲ့ Windows Vista မှာ မိသားစုဝင်များ စိတ်ကြိုက် ပြောင်းလဲ အသုံးပြုနိုင်ပါလိမ့်မယ်။ ဟုတ်ကဲ့ Windows XP မှာလည်း ရပါတယ်။

ဒိနေရာမှာ ကျွန်တော် Universal theme patcher အသုံးပြုနည်းကို မိတ်ဆက်ပေးပါမယ်။ ပထမဆုံး လုပ်ရမှာ Universal theme patcher နောက်ဆုံး version ကို Download ချပြီး extract လုပ်ထားပါ။ အဲ့ထဲမှာ .exe ဖိုင်နှစ်ခုပါလာပါလိမ့်မယ်။ တစ်ခုက 32 bit Windows အတွက်ပါ။ နောက်တစ်ခုက 64 bit အတွက်ပါ။ 32bit နဲ့ 64bit ကို မခွဲတတ်ရင် 64 bit နှင့် 32 bit OS များ၏ စွမ်းဆောင်ရည်များ ဆိုပြီး ရေးထားပေးတာ ရှိပါတယ်။ ကိုယ့် system ပေါ်မူတည်ပြီး သက်ဆိုင်ရာဖိုင်ကို administrator mode ကနေ ( Run as administrator ) run ပါ။ အဲ့လို run လိုက်တာနဲ့ application ကနေပြီး files ဘယ်နှစ်ခု patch လုပ်ဖို့ လိုတယ်ဆိုတာ ပြပါလိမ့်မယ်။



yes ပေးလိုက်ရင် ဘယ်ဖိုင်တွေကို patch လုပ်ရမယ်ဆိုတာ application ကနေ ပြပါလိမ့်မယ်။ သက်ဆိုင်ရာ ဖိုင်အသီးသီးရဲ့ ဘေးက patch ဆိုတဲ့ button ကို click ပေးပြီး patch လုပ်လိုက်ပါ။


System files တွေကို ပြောင်းလဲမှု လုပ်ရလို့ သိပ်စိုးရိမ်ကြောင့်ကြ နေစရာမလိုပါဘူး။ တကယ်လို့ နောင်တစ်ချိန်မှာ 3rd party themes တွေကို မသုံးချင်တော့ရင် ဖြစ်ဖြစ် - မူရင်းအတိုင်း system files တွေကို ပြန်လိုချင်ရင် ဖြစ်ဖြစ် restore button ကနေ ပြန်ပြောင်းယူနိုင်ပါတယ်။ Patching complete ဖြစ်ရင် System files ပြောင်းလဲမှုတွေ effect ဖြစ်အောင် computer ကို restart ပေးဖို့လိုပါတယ်။ Restart ပေးပြီးတာနဲ့ explorer, taskbar, icons စသဖြင့် ပုံစံမျိုးစုံ စိတ်ကြိုက် ပြင်ဆင်ထားပြီးသား third party themes တွေကို စတင်အသုံးပြုနိုင်ပါပြီ။

third party themes တွေကို အသုံးပြုဖို့အတွက် ကိုယ် အသုံးပြုမယ့် themes folder ( .theme file နှင့် .msstyles file ပါဝင်သော ) ကို သက်ဆိုင်ရာ "%windir%\Resources\Themes\" folder အောက်ကို Copy ကူးထည့်ပေးရပါမယ်။ %windir% ဆိုတာ ကိုယ့် စက်အသီးသီးအလိုက်က "Windows" directory ကိုဆိုလိုတာပါ။ အဲ့လို ကူးထည့်ပြီးတာနဲ့ .theme file ကို double-click ပေးလိုက်ပါ။ ဒါဆိုရင် theme ကို apply လုပ်ပြီး ဖြစ်ပါလိမ့်မယ်။

တကယ်လို့ ကိုယ် install လုပ်မယ့် themes တွေမှာ theme folder တင်မက ExplorerFrame.dll, shell32.dll, Explorer.exe စသဖြင့် တစ်ခြား System files တွေပါ အစားထိုးဖို့ တစ်ခါတည်း ပါလာမယ် ဆိုရင်တော့ အဲ့ဒီ့ third party themes တွေကို install လုပ်ရလွယ်အောင် Windows Themes Installer အသုံးပြုသင့်ပါတယ်။ သူ့ကိုသုံးပြီး third party themes တွေနဲ့ အတူပါလာတဲ့ System files တွေကိုပါ အလွယ်တကူ သွင်းယူနိုင်ပါတယ်။



Windows Themes Installer အသုံးပြုနည်းကလည်း ခက်ခက်ခဲခဲ မရှိပါဘူး။ ကိုယ့် theme folder နဲ့ အတူပါလာတဲ့ system files အမျိုးအစားတွေပေါ် မူတည်ပြီး boxes တွေကို ဖော်ပြပါအတိုင်း check လုပ် Browse ကနေတဆင့် သက်ဆိုင်ရာ system files တွေကို ခေါ်ယူပြီး Install theme ကို click ပေးယုံပါပဲ။ တကယ်လို့ သဘောမကျရင် default system files တွေကို ကြိုက်တဲ့အချိန် Restore default system files ကနေတဆင့် သွင်းယူနိုင်ပါတယ်။ ကျွန်တော့် စိတ်ကြိုက် စုဆောင်းထားတဲ့ 3rd party themes တွေကို နောက်နေ့တွေမှာ စုစည်းဖော်ပြပေးသွားပါမယ်။

ဒီအောက်မှာ ဖော်ပြထားတာတွေကတော့ ကျွန်တော် Deviant Art ကနေ နိုင်သလောက် စိတ်ကြိုက် ရှာဖွေစုဆောင်းထားတဲ့ Themes တွေပါ။ အထဲမှာ Themes က ၅၅ ခုပဲ ပါပေမယ့် ပမာဏကတော့ 670MB လောက်ဖြစ်နေတယ်။ ဒေါင်းလုပ်ချလို့ ရလာရင် အောက်မှာ ပြထားတဲ့အတိုင်း Themes တွေထည့်ထားတဲ့ folder တစ်ခုချင်းစီတိုင်းမှာ themes file, Read me နဲ့ theme ကို install မလုပ်ခင် preview ကြည့်နိုင်အောင် photo တစ်ခုပါ ထည့်ထားပေးပါတယ်။



Read me ကို ဖွင့်ဖတ်မယ် ဆိုရင် theme ကို ဘယ်ကနေ ယူလာတဲ့ URL ကို ကျွန်တော် ထိပ်ဆုံးမှာ ဖော်ပြပေးထားပါတယ်။ internet ရှိရင် သက်ဆိုင်ရာ link ကို လိုက်ပြီး latest ဖြစ်မယ့် theme ကို ရှာကြည့်နိုင်ပါတယ်။ အသေးစိတ် instruction ကိုလည်း လေ့လာနိုင်ပါတယ်။ ရလာတဲ့ themes တွေကို အပေါ်မှာ ဖော်ပြပေးခဲ့ပြီးတဲ့ နည်းတွေသုံးပြီး ပြင်ယူကြည့်ပါ။

Best Themes for MyanmarFamily.org

Best Themes for MyanmarFamily.org.part1.rar (95.4 MB)
http://www.multiupload.com/CS2HU224UF

Best Themes for MyanmarFamily.org.part2.rar (95.4 MB)
http://www.multiupload.com/0JOJJFW8QS

Best Themes for MyanmarFamily.org.part3.rar (95.4 MB)
http://www.multiupload.com/Y5CQUIIBVX

Best Themes for MyanmarFamily.org.part4.rar (95.4 MB)
http://www.multiupload.com/8OMSWEMUN4

Best Themes for MyanmarFamily.org.part5.rar (95.4 MB)
http://www.multiupload.com/ERSFZNTZJ6

Best Themes for MyanmarFamily.org.part6.rar (95.4 MB)
http://www.multiupload.com/82EMLM7ORI

Best Themes for MyanmarFamily.org.part7.rar (52.3 MB)
http://www.multiupload.com/1G4F4622YI

( or )

http://up4vn.com/files/13EZ2VYF/Best_Themes_for_MyanmarFamily.org.part1.rar.html
http://up4vn.com/files/1KHR1XC2/Best_Themes_for_MyanmarFamily.org.part2.rar.html
http://up4vn.com/files/ZZE3QK22/Best_Themes_for_MyanmarFamily.org.part3.rar.html
http://up4vn.com/files/1TCG7NI6/Best_Themes_for_MyanmarFamily.org.part4.rar.html
http://up4vn.com/files/TQL7NS3I/Best_Themes_for_MyanmarFamily.org.part5.rar.html
http://up4vn.com/files/08U12UQ1/Best_Themes_for_MyanmarFamily.org.part6.rar.html
http://up4vn.com/files/1G6ZSCKQ/Best_Themes_for_MyanmarFamily.org.part7.rar.html

KznT.

How to use the function keys

တစ်နေ့နဲ့ တစ်နေ့ ကွန်ပြူတာ ရှေ့မှာထိုင် - အင်တာနက် ဆိုင်ကိုလာ - စာတွေဖတ် စာတွေရေး လုပ်နေကြပေမယ့် ကိုယ်နေ့စဉ်နဲ့ အမျှ နှိပ်နေတဲ့ Keyboard က key တွေအကြောင်းကိုရော ဂဃနဏ သိကြပါရဲ့လား - တစ်ချို့ သိထားပြီးသား လူတွေလည်း ရှိမယ် - တစ်ချို့လည်း ပြည့်ပြည့်စုံစုံ မသိသေး - တစ်ချို့က လုံးဝကို မသိ - အားလုံးအတွက် အဆင်ပြေအောင် အပျော်ဖတ်  F keys လေးတွေ အကြောင်း ရေးလိုက်ပါတယ် - F1, F2, F10, F6, F11 စတဲ့  function keys လေးတွေရဲ့ အသုံးပြုပုံ အကြောင်းပါ - 

F1 ( Help )

Windows 7 - Windows XP - Windows Vista မှာမှ မဟုတ်ဘူး Office အပါအဝင် တစ်ခြား apps တွေမှာလည်း F1 function key ကိုနှိပ်ခြင်းဟာ Help and Support page လို့ ခေါ်တဲ့ ကိုယ်မသိနားမလည်တဲ့ အကြောင်းအရာကို ရှာဖွေနိုင်တဲ့ အဖြေ ရှာပေးနိုင်တဲ့ စာမျက်နှာတစ်ခုကို တွေ့ရှိစေပါလိမ့်မယ် - တစ်နေ့နဲ့ တစ်နေ့ ကွန်ပြူတာမှာ ပြဿနာ တစ်ခုခုတက်ရင် ဖိုရမ်မှာ မေးဖို့ပဲ စိတ်စောနေမိတာ တကယ်တမ်း Window မှာဖြစ်ဖြစ် Apps တွေမှာဖြစ်ဖြစ် F1 ကို နှိပ်ပြီး ဖတ်တာနဲ့ ကိုယ်သိချင်တဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး အဖြေရှိနေပြီးသားဆိုတာ အားလုံး သတိရသင့်ပါတယ် - 



Windows Help and Support center ထဲမှာဆိုရင် ကိုယ်သိချင်တဲ့ အကြောင်းအရာကို အထက်ဖော်ပြပါ ပုံအတိုင်း Search box ကနေ ရှာယူနိုင်သလို - ပြဿနာတစ်ခုခု တက်ရင်လည်း ဘယ်လို ဖြေရှင်းနိုင်မယ်ဆိုတာ ဖြေရှင်းပုံနည်းအဆင့်ဆင့် ဖော်ပြထားပြီး သား အချက်အလက်တွေ အသင့်ရှိနေပါတယ် - 

F2 ( Rename Files, Folders )

Windows ထဲမှာ File ဒါမှမဟုတ် Folder တစ်ခုခုကို Select ပေးပြီး F2 ကို နှိပ်ကြည့်ပါ - ဒီ key က Rename ပေးလို့ ရတဲ့ Function key ဖြစ်ပါတယ် - Windows 7 မှာ ထူးသွားတဲ့ တစ်ချက်က ကျွန်တော်တို့တွေ folder settings ထဲမှာ  file extensions ကို always show ပြထားမယ်ဆိုရင် F2 key ကိုနှိပ်တဲ့ အခါ Windows 7 က file name တစ်ခုတည်းကို ပဲ select လုပ်ပေးပြီး - Windows XP ကတော့ အုတ်ရောရော ကျောက်ရောရောနဲ့ File name ရော Extensions ကိုပါ Select လုပ်တတ်ပါတယ် :) ဒါ့ကြောင့် F2 key က Windows 7 မှာပိုသုံးလို့ ကောင်းပါတယ် -


F3 ( Search )

Windows 7 မှာရှိတဲ့ အကောင်းဆုံး features တွေထဲက တစ်ခုက ရှာဖွေရေး ကဏ္ဍပါ - ဘာကြောင့်လဲဆို သူက Google Instant ရဲက Concept လိုမျိုးပဲ - ကိုယ်လိုချင်တဲ့ / သွားချင်တဲ့ / တွေ့ချင်တဲ့ စာသားကို နဲနဲလေး ရိုက်လိုက်တာနဲ့ Results ကို အောက်မှာ ဖော်ပြထားတဲ့ အတိုင်း တန်းပြီးပြတယ် - 


နောက်တစ်ခုက Desktop ပေါ်ကနေပြီး F3 ကို နှိပ်ရင် ကိုယ့် ကွန်ပြူတာထဲက ဖိုင်တွေ ရှာဖို့အတွက် Explorer ပွင့်ပါတယ် - Explorer Window ထဲမှာ F3 ကိုသုံးပြီး ဖြစ်ဖြစ် Ctrl+F ကိုသုံးပြီး ဖြစ်ဖြစ် Folder အောက်မှာရှိနေတဲ့ ကိုယ်ရှာချင်တဲ့ File ကို Highlight လုပ်ပြီး ရှာခိုင်းနိုင်ပါသေးတယ် - 


F4 ( Search Address Bar, Show Folder Path )


IE browser ကို သုံးမယ်ဆိုရင်တော့ F4 က ပိုလို့ အသုံးတည့်ပါတယ် - IE browser ဖွင့်ပြီး F4 ကိုနှိပ်ရင် Browser တစ်ခုမှာ မသွားမဖြစ် အမြဲသွားနေရတဲ့ address bar ကိုတန်းရောက်ပြီး ကိုယ် သွားချင်တဲ့ URL ကို တန်းရိုက်ယုံပါပဲ -


Windows Explorer ထဲမှာတော့ F4 ကိုနှိပ်ရင် တစ်နေရာဆီ ကူးသွားလို့ ရတဲ့ Links မျိုးအစား ကိုယ်ရောက်နေတဲ့ Folder Path ကို သိနိုင်ပါတယ် - 

F5 ( Refresh )


Browser မှာ webpage တစ်ခုခု ပုံမကျ ပန်းမကျ ပေါ်နေတာ ဖြစ်ဖြစ် loading လုပ်နေရင်း ရပ်သွားတာ ဖြစ်ဖြစ် Refresh button ကို လူတိုင်း နှိပ်ဖူးကြလိမ့်မယ် - တစ်ခါတစ်လေ အဲဒီ့ buttom ကို မနှိပ်ပဲ F5 လေးကို ပြောင်းနှိပ်ကြည့်ပါ - သဘောတရား တူတူပါပဲ - အဲလိုမျိုးပဲ Windows Explorer မှာလည်း Folder ထဲမှာ ရှိတဲ့ Contents တစ်ခုခုကို ဖျက်လိုက်လို့ အစီအစဉ်တကျ ပြန်မဖြစ်တဲ့ အခါ F5 ကို နှိပ်ပြီး အစီအစဉ်တကျ ဖြစ်အောင် ပြန်ညှိနိုင်ပါတယ် - 

F6 ( Toggle Elements )

သူကတော့ Tab key အသုံးပြုတာနဲ့ ဆင်ပါတယ် -  Windows Explorer ထဲမှာ F6 ကို နှိပ်ရင် အထဲမှာရှိတဲ့ အစိတ်အပိုင်းတွေ ရှိရာဆီ cycles ထပ်ခါထပ်ခါ ပြန်လည်ပေးပါတယ် - ကိုယ်သွားချင်တဲ့ File/Folder ကိုရောက်ရင် Enter ကိုနှိပ်ပြီး Activate လုပ်ရမှာပါ - အထူးသဖြင့် Mouse မသုံးချင်တဲ့ အချိန်/ Mouse မရှိတဲ့ အချိန်တွေမှာ အသုံးတည့်ပါတယ် -

F10 ( Display Menu Bar in Windows 7 )


Windows 7 မှာ default အနေနဲ့ menu bar က ဖျောက်ထားပါတယ် - သူ့ကို ပြန်မြင်ချင်ရင် F10 ကိုနှိပ်ပြီး activate လုပ်နိုင်ပါတယ် - အဲ့ဒီ့ IE8 တို့ IE9 တို့မှာလည်း ဖျောက်ထားတတ်ပါတယ် - F10 ကို နှိပ်ပြီး ပြန်ခေါ်ပါ -  

F11 ( View Full Screen Mode )

Programs တော်တော်များများမှာ full screen mode ရှိပါတယ် - ကပ်သီးကပ်သပ်ကြည့်နေရတာတွေကို အကျယ်ချဲ့ကြည့်ချင်တဲ့ အခါ F11 က အသုံးတည့်ပါတယ် - Windows Explorer မှာလည်း Screen အပြည့်ကြည့်ချင်ရင် F11 သုံးလို့ ရပါတယ် - 

F7 F8 F9 F12 (Not yet assigned)

တစ်ချို့ ကတ်သီးကတ်သတ် ပြောမှာ စိုးလို့ - F8 ကို Windows boot တက်တဲ့ အချိန်နှိပ်ရင် start-up menu ထဲ ရောက်ဖို့ လည်း သုံးပါတယ်ခင်ဗျ - ကျွန်တော်က Windows ထဲမှာ သုံးတဲ့ Function Keys တွေအကြောင်း ပြောချင်တာမို့လို့ မထည့်ထားတာပါ -

အားလုံး အပျင်းပြေပါခင်ဗျာ - 
အပျင်းပြေ မပြေတော့ မသိဘူး - ကျွန်တော်တော့ လက်တကယ် ညောင်းတယ် ခင်ဗျ 

KznT.

Turn On and Enable Windows Aero

ပုံမှန်အတိုင်းဆိုရင်တော့ ကွန်ပြူတာမှာပါတဲ့ Display Card လို့ ခေါ်တဲ့ VGA card ဟာ Windows Aero effect ကို စွမ်းဆောင်နိုင်ဖို့ လိုအပ်တဲ့ minimum requirement ကို မှီတယ်ဆိုရင် Windows 7 မှာပဲ ဖြစ်ဖြစ် Windows Vista မှာပဲ ဖြစ်ဖြစ် Installation လုပ်ငန်းစဉ်ပေါ် မူတည်ပြီး Windows Aero က အလိုလို Enable ဖြစ်ပါတယ်။ Windows 7 Aero အတွက်လိုအပ်တဲ့ minimum requirement က Windows Vista နဲ့ သိပ်အများကြီး မကွာပါဘူး - အောက်ဖော်ပြပါအတိုင်းပါ -


- Windows 7 Home Basic နဲ့ Windows 7 Starter editions တွေမှာ Windows Aero မပါဝင်ပါဘူး - အဲ့တစ်ချက် သိထားရ ပါမယ်။
- 1 GHz 32-bit (x86) or 64-bit (x64) processor,

- 1 GB (gigabyte) of RAM memory and a

- DirectX 9 compatible GPU

- minimum of 128 MB of Video RAM, installed with Windows Display Driver         Model (WDDM) driver
ဒါပေမယ့် တစ်ချို့ အခြေအနေတွေမှာ  Windows Aero က Enable လုပ်ဖို့ ပြဿနာ ရှိနေတတ်ပါတယ်။  ဖြစ်လေ့ရှိတာကတော့ Aero effect ကို ပံ့ပိုးဖို့ စွမ်းရည်မရှိတဲ့ video driver မရှိတာ ဒါမှမဟုတ် ရှိပေမယ့် သူ့ Driver ကို install လုပ်ဆောင်မထားတာ - နောက် တစ်ခါတစ်ရံမှာ မူရင်း VGA card driver ကို Update ပေးလိုက်ရာကနေ အလုပ်မလုပ်တော့တာ တွေကနေ Error တက်ပြီး Windows 7 ကနေပြီး Aero effect ကို Support မလုပ်နိုင်တော့တာတွေ ဖြစ်သွားတတ်ပါတယ်။ နောက်တစ်ခု ရှိသေးတာက Windows 7 တော့ တင်ထားတယ် ဒါပေမယ့် ကိုယ့် VGA က Windows 7 ရဲ့ Windows Aero Effect ကို မှီတယ် ဆိုယုံလေးလောက်ပဲ ရှိတယ် ဆိုရင်ကျပြန်တော့လည်း - Windows က Windows 7 Aero ကို Run ရမလား မ run ရဘူးလား သူ့ကိုယ်သူ ဝေခွဲ မရ ဖြစ်ပြီး Enable မပေးနိုင်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။


နောက်တစ်ချက် အနေနဲ့ ကိုယ့် Windows 7 က Windows Aero ကို Support ပေးနိုင်လား မပေးနိုင်ဘူးလား ဆိုတာ Windows Experience Index score ကနေ ကြည့်နိုင်ပါတယ်။ Windows Experience Index score အကြောင်းကို ဒီနေရာမှာ တော်တော်များများ ဖော်ပြခဲ့ပြီးပြီ မို့လို့ အသေးစိတ် ထပ်မဖော်ပြတော့ပါဘူး - ဒါပေမယ့် အလွယ်မှတ်မယ် ဆိုရင်တော့ Graphics component တွေရဲ့  Windows Experience Index base score ဟာ အနည်းဆုံး 3.0 ဒါမှမဟုတ် သူ့ထက် ကျော်မှ Aero ကို ကောင်းကောင်း Run နိုင်ပါလိမ့်မယ်။ ကိုယ့်ကွန်ပြူတာက Windows Experience Index ကိုကြည့်ဖို့ Control Panel > System and Security > System ကနေပြီး “Windows Experience Index” ကို Click ပေးပါ။

ဘာအကြောင်းနဲ့ပဲ ဖြစ်ဖြစ် ခုလို Windows Aero နဲ့ ပတ်သတ်ပြီး Enable ပေးဖို့ ပြဿနာ ဖြစ်လာရင်တော့ ဖြေရှင်းနိုင်မယ့် လွယ်ကူတဲ့ နည်းလမ်းတွေ တော်တော်များများ ရှိပါတယ်။ ဒါပေမယ့် လောလောဆယ် တစ်နည်းကိုပဲ အသားပေး ဖော်ပြသွားပါမယ်။ တကယ်လို့ အဆင်မပြေ ဖြစ်မယ် ဆိုရင်တော့ ကျွန်တော်တို့ နောက်နည်းတွေနဲ့ ကြိုးစားကြတာပေါ့။ ခက်ခက်ခဲခဲကြီးလည်း သိပ်မရှိပါဘူး - ဒီပြဿနာကို ဖြေရှင်းဖို့ troubleshooting task tool တွေ Windows 7 မှာပါဝင်ပြီးသားပါ။



Aero effects အလုပ်လုပ်ဖို့ အတွက် အောက်မှာ ဖော်ပြသွားမယ့် လုပ်ငန်းစဉ်တွေအတိုင်း ကြိုးစားကြည့်ပါ။



  • အရင်ဆုံး ကျွန်တော် ဒီနေရာမှာ ဖော်ပြပြီးခဲ့တဲ့ Post အတိုင်း Windows Experience Index တွက်ချက်ပြီးထားဖို့ Score ရထားဖို့ လိုပါတယ်။ ဘယ်လောက်ရလဲ ဆိုတာ တစ်ချက် စစ်ပါ။ Graphics component တွေရဲ့ Base score ကရော ဘယ်လောက်ရှိလဲ သေသေချာချာကြည့်ပါ။ ဆိုလိုတာ 3.0 ထက်ကျော်ကြရဲ့လား။

    ပြီးရင် Start menu ကိုသွားပါ။

    နောက် Search box မှာ Aero လို့ ရိုက်ပါ။

    ပြီးရင် Search result ကနေ တွေ့ရတဲ့ ထဲက Find and fix problems with transparency and other visual effects ဆိုတာကို Click ပေးပါ။




  • တကယ်လို့ “Find and fix problems with transparency and other visual effects”  ဆိုတာကို search results မှာ မတွေ့ခဲ့ဘူးဆိုရင် Control Panel ကိုသွားပြီး သူ့ထဲက Aero နဲ့ ပတ်သတ်နေတာတွေကို ရှာဖွေပါ။

    အထက်ဖော်ပြပါအတိုင်း ခေါ်လိုက်ရင် “Aero – Troubleshoot computer problems” wizard dialog ပေါ်လာပါ လိမ့် မယ်။ အဲကနေ Next ဆက်သွားပါ။


    ဒီ troubleshooting wizard ကနေပြီး ဘာပြဿနာ ပေါ်နေလဲ ဆိုတာ ကိုယ့်ကွန်ပြူတာက components အမျိုးမျိုး ရဲ့ Windows Aero ကို အလုပ်မလုပ်နိုင်အောင် ဟန့်တားထားတဲ့ ပြဿနာတွေကို တစ်ဆင့်ချင်းဆီ စစ်ဆေးသွားပါ လိမ့်မယ်။ ဘယ်လို Components တွေကို စစ်တာလဲ ဆိုတော့ video memory, Desktop Windows Manager (DWM) service, color depth, theme, power settings ဆိုတာမျိုးတွေကို သူက စစ်ဆေးပါတယ်။ တစ်ဆင့်ချင်းစီ သူ စစ်ဆေးပြီးသွားပြီ ဆိုရင် Aero service နဲ့ ပတ်သတ်ပြီး ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ သူ့ဘာသာသူ ကြိုးစားပြီး Aero feature ပြန်အလုပ်လုပ်အောင် စွမ်းဆောင်ပေးသွားပါလိမ့်မယ်။


    တကယ်လို့ အဲလို စစ်တဲ့ နေရာမှာ စာကြောင်းတစ်ခု ချင်းစီရဲ့ ဘေးက အနီရောင် ကြက်ခြေခတ်တွေ တွေ့ရမယ် ဆိုရင်တော့ အဲတာဟာ Windows Aero ကို အလုပ်လုပ်မလုပ်နိုင်အောင် ဒုက္ခပေးနေတဲ့ ပြန်ဿနာပါပဲ - အဲ့ဒီ့ တွေ့တဲ့ ပြဿနာကို fix လုပ်ပြီး နောက်တစ်ကြိမ် “Find and fix problems with transparency and other visual effects” troubleshooting wizard ကို ပြန် Run ပါ။


    တကယ်လို့ ဒီနည်းက အလုပ်မဖြစ်ဘူး ဆိုရင် Sevenforums မှာ ရှိတဲ့ Windows 7 - Aero Peek - Turn On or Off ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်ပြီး စမ်းစေချင်ပါတယ်။ သူက Step လိုက်ပြထားတာမို့လို့ ဖတ်ရတာ လုပ်ဆောင်ရတာလည်း လွယ်ပါတယ်။ အဆင်ပြေပါစေ ကိုဟိန်းသူအောင် -

    KznT.

    Using System Restore in Windows 7 and Vista

    Originally Posted by arkaraung
    ကျွန်တော့W7မှာ ဒီနေ့မှ ပြသနာပေါင်းစုံပေါ်နေပါတယ် အကိုတို့ရေ ကူညီကြပါအုံး...
    ကွန်ပြူတာစစဖွင့်ချင်းပဲ ePowerTray has stopped working windows can check online for a solution to the problem. check online for a solution and close the program close the program အဲဒီလိုပေါ်လာပြန်တယ်ဗျာ မိသားစုကအကိုတွေကို မေးအုံးမယ်ဆိုပြီးတော့ snipping toolလေးကိုခေါ်ပြီ ပုံလေးနဲ့မေးမယ်လုပ်တော့ the snipping tool is not working on your computer right now.restart your computer, and then try again. if the problem persists, contact your system administrator. အဲဒီလိုပေါ်လာပြန်ကော နောက််ပြီးတော့ အသံပြသနာကလာသေးတယ် ဂျီတော့မှာလဲ အသံကမလာ သီချင်းဖွင့်ရင်တော့ အသံလေးများလာမလာဆိုပြီး သီချင်းဖွင့်တော့လဲ ဘယ်သီချင်းမှဖွင့်လို့မရ window media player ကလဲ ဖွင့်လိုက်ရင် closeဆိုတာကြီး ပဲပေါ်လာတယ် real playerနဲ့ဖွင့်ကြည့်ပြန်တော့လဲ out of memory. you may need to close some other applications to play this content. အဲဒီလိုမဖြစ်ခင်တော့ မှတ်မှတ်ရရ BearShareဆိုတဲ့ media software တခုကို install လုပ်ပြီးတော့မှ ဖြစ်သွားတာပါ. bearshare ကိုလဲ uninstall လုပ်ပြီးသွားပါပြီ.... အခုဘယ်လိုလုပ်ရမလဲ ဆိုတာကို ကူညီကြပါအုံး..
    စကားဝိုင်းထဲမှာ ပြောပြောနေတာတော့ တွေ့မိတယ် - အဆင်ပြေနေပြီ ထင်လို့ ကျွန်တော်လည်း ဘာမှ ဝင်မပြောလိုက်တာ - ပုံစံကြည့်ရတာ အခြေအနေက တော်တော်လေး ဆိုးနေတယ် ထင်မိတယ် ( မျက်စိရှေ့မှာ မြင်ရတာ မဟုတ်တော့ အတိအကျတော့ မခန့်မှန်း နိုင်ဘူးပေါ့ )

    ကောင်းတာကတော့ Windows ကို Fresh Install လုပ်လိုက်တာ ကောင်းမယ် ထင်ပါတယ်။

    ဒါမှမဟုတ် အလွယ်နည်း System Restore ပြန်ခေါ်လို့လည်း ရပါတယ်။ System Restore Points တွေ ရှိနေမယ် ဆိုရင်ပေါ့ - လုပ်ဆောင်နည်းကတော့ အောက်ဖော်ပြပါ အတိုင်းပါ။

    Windows 7 သို့မဟုတ် Windows Vista တွင် System Restore လုပ်ဆောင်ခြင်း

    Windows 7 ဒါမှမဟုတ် Windows Vista မှာ software - drivers စတဲ့ အသစ်တစ်ခုခုကို install လုပ်လိုက်တိုင်း registry နဲ့ system files တွေကို အလိုလျောက် Backup လုပ်ပေးနိုင်တဲ့ feature တစ်ခုပါပြီး သူ့ကို ကျွန်တော်တို့က System Restore လုပ်တယ်လို့ ခေါ်ပါတယ်။ သူက ဘာကောင်းလဲဆိုရင် ကျွန်တော်တို့ ကိုယ်မသိတဲ့ Software တစ်မျိုးမျိုးကို မှားယွင်း installed လုပ်ဆောင်မိပြီးကာမှ System မတည်မငြိမ် ဖြစ်လာရင် အရင် Software install မလုပ်ခင်က အခြေအနေကို ပြန်ခေါ်ပေးနိုင်တဲ့ Feature မျိုးပါ။ အဲလို System Restore Feature ကို သုံးပြီး System တစ်ခုလုံးကို Restore လုပ်လိုက်ပြီ ဆိုတာနဲ့ ကိုယ့် ကွန်ပြူတာကလည်း လက်ရှိ မတည်မငြိမ် ဖြစ်နေတာတွေ ပျောက်ပြီး အရင်လို Stable ပြန်ဖြစ်သွားတတ်ပါတယ်။ လုပ်ဆောင်နည်း အဆင့်ဆင့်ကတော့ အောက်ဖော်ပြပါအတိုင်းပါ။


    System Restore အား အသုံးပြုခြင်း

    System restore feature ကို ခေါ်ယူနိုင်တဲ့ နေရာ နှစ်နေရာ ရှိပါတယ်။ တစ်နေရာက Start menu search box ကနေ restore လို့ ရိုက်လိုက်တာနဲ့ System Restore ကို Start menu ရဲ့ ထိပ်မှာ ခုလိုတွေ့ရပါလိမ့်မယ်။


    အဲလိုမှ မဟုတ်လည်း Search box မှာ search box မှာ rstrui လို့ ရိုက်ပြီး enter ပေးပါ - ဘယ်နည်းကို သုံးသုံး ရပါတယ်။

    အဲလို ရိုက်ခေါ်လိုက်တာနဲ့ အရင် restore point ကို ပြန်ခေါ်လို့ ရမယ့် Screen တစ်ခုချက်ချင်း ပေါ်လာတာ တွေ့ရပါလိမ့်မယ်။ အဲကနေ သူဖော်ပြထားတဲ့ Recommended restore point ကိုပဲ ရွေးထားပေးပြီး next နဲ့ ဆက်သွားပါ - တကယ်လို့ ကိုယ်က သူပေးထားတဲ့ Recommended restore point ကို မရွေးပဲ တစ်ခြား restore point တစ်ခုခုကို ရွေးမယ်ဆိုရင်လည်း ကိုယ်နှစ်သက်ရာ restore point ကိုရွေးချယ်ပေးနိုင်ပါတယ်။



    တစ်ခြား restore points တွေ ရှိနေမယ် ဆိုရင် အောက်ဖော်ပြပါ ပုံစံမျိုး ဆင်တူ တွေ့ရပါလိမ့်မယ်။ ( စာလုံးတွေတော့ မတူနိုင်ပါ ) အောက်မှာ ဖော်ပြထားတဲ့ ပုံအရ နောက်ဆုံး install လုပ်ခဲ့တာ Virtual CloneDrive ဖြစ်ပြီး သူ့မတိုင်ခင်က NVIDIA drivers installed လုပ်ခဲ့တာပါ - ဆိုလိုတာက ဒီနေရာမှာ ကိုအာကာအောင် လည်း ဒီသဘောကို နားလည်ရပါမယ်။ ဥပမာ ဆိုကြပါစို့ - ကိုအာကာအောင်က Software တစ်ခုခု တင်ပြီး နောက်ပိုင်းမှာ Windows မှာ Error တက်တယ် ဆိုရင် ကျွန်တော်တို့ Restore ပြန်လုပ်ရမှာ အဲ့ဒီ့ Software မလုပ်ရသေးခင်က restore point ကို ပြန်ခေါ်ပြီး System Restore ပေးရမှာပါ။


    အဲလို သေသေချာချာ စီစစ် ပိုင်းဖြတ်ပြီးပြီ ဆိုတော့မှ သူတို့ထဲက တစ်ခုကို Click ပေးလိုက်ပါ။ အဲနောက်မှာ လုပ်ဖို့ သေချာပြီ ဆိုတာကို confirm ပေးရပါမယ်။ အဲ့နောက်မှာ ကိုယ့်ကွန်ပြူတာကို အရင် အခြေအနေရှိရာဆီ ပြန်ခေါ်သွင်းဖို့ restart ပေးပါ။


    မှတ်ချက်: System Restore လုပ်တဲ့ နေရာမှာ ကိုယ့်စက်ကို အရင်လို အကောင်းဆုံးအခြေအနေ ပြန်ဖြစ်နိုင်ဖို့ အလုပ်သင့်ဆုံးက System Restore ကို safe mode ထဲကနေ လုပ်သင့်ပါတယ်။
    တကယ်လို့ ကိုယ်က safe mode ထဲကနေ မလုပ်ပဲ Windows ထဲကနေ လုပ်လိုက်လို့ Restore လုပ်နေစဉ်အတွင်း Error တက်လာရင် safe mode ထဲကနေ ပြန်ပြောင်းဝင်ပြီး လုပ်ဖို့ လိုပါလိမ့်မယ်။ Safe mode ထဲကို ဝင်ဖို့ကတော့ Reboot ပေးပြီး Windows ပြန်စစတက်လာချင်းမှာ F8 နှိပ်ထားရပါမယ်။ အဲကနေ Safe Mode ကိုဝင်ရောက်နိုင်ပါတယ်။


    တကယ်လို့ F8 key ကိုနှိပ်တယ် အလုပ်မလုပ်ဘူး ဆိုရင် safe mode ထဲကို ဝင်ဖို့ အောက်ဖော်ပြပါနည်းနဲ့လည်း လုပ်ဆောင်နိုင်ပါသေးတယ်။

    ( ၁ ) Start Button ကို click ပါ။
    ( ၂ ) Search box မှာ “msconfig” လို့ ရိုက်ပါ။ Enter ခေါက်ပါ။
    ( ၃ ) အဲလိုလုပ်လိုက်ရင် “System Configuration” window ပွင့်လာပါလိမ့်မယ်။
    ( ၄ ) “Boot” tab မှာ ရှိတဲ့ Boot Options section ကို သွားပါ။
    ( ၅ ) အောက်မှာ ဖော်ပြထားတဲ့ အတိုင်း “Safe Boot/Minimal” Check box မှာ check ပေးပါ။


    ( ၆ ) ပြီးရင် Restart ပေးပါ။

    အားလုံး ပြင်ဆင်ပြီး ကိုယ်လုပ်ဆောင်စရာ ရှိတာ လုပ်ဆောင်ပြီးသွားပြီ ဆိုရင်တော့ “msconfig” ကနေ အထက်ဖော်ပြပါအတိုင်း ပြန်ဝင်ပြီး “Safe Boot” box မှာ uncheck ပေးရပါလိမ့်မယ်။ ဒါမှ Boot Process က Normal ပြန်ဖြစ်မှာပါ။

    အကယ်၍ Boot မရဘူး ဆိုလျှင်

    တကယ်လို့ Boot လုပ်ပြီး Safe mode ထဲ ဝင်တာ ဝင်မရ ဖြစ်နေရင် Windows installation dvd ကိုထည့်ပြီး အဆင့်လိုက်ဆက်သွားရင် ဘယ်ဘက်ခြမ်း အောက်နားမှာ ပေါ်လာမယ့် “Repair your computer” option ကနေ ဝင်ရောက်ပြီး ပြင်ဆင်လို့ ရပါသေးတယ်။


    တကယ်လို့ installation dvd ဒါမှမဟုတ် repair disc မရှိရင် Windows 7 / Vista Recovery CD ကို ဒီနေရာကနေ Download ချလို့ ရပါတယ်။

    အားလုံး အဆင်သင့် ဖြစ်ပြီ ဆိုရင် “Repair your computer” option ကနေ ဝင်သွားပြီး System Restore ကို အောက်ဖော်ပြပါ ပုံအတိုင်း မြင်နေရတဲ့ နေရာကနေ ရွေးပေးရပါမယ်။


    ခဏစောင့်လိုက်ရင် Windows ထဲမှာ ကျွန်တော်တိုက မြင်ခဲ့ရတဲ့ အတိုင်း အခုလိုပုံမျိုး ပြန်မြင်ရပြီး အဲ့ကနေ System Restore ဆက်လက်လုပ်ဆောင်သွားလို့ ရပါပြီ။


    အဲကနေ next ကိုဆက်သွားပြီး နောက် screen မှာ ကိုယ် Windows 7 ဒါမှမဟုတ် Windows vista တင်ထားတဲ့ Drive ကို ရွေးပေးရပါမယ်။

    အားလုံး ပြီးသွားရင် Finish ပေးပါ။ ဒါဆို ကိုယ့် Windows က အလိုလို restore point ကနေ ဟိုးအရင် Stable ဖြစ်ခဲ့ဖူးတဲ့ အခြေအနေ တစ်ခုကို ပြန်ဆွဲခေါ်သွားပါလိမ့်မယ်။

    အဆင်မပြေရင်တော့ Windows သာ အသစ်ပြန်တင်လိုက်ပါ ကိုအာကာအောင် - ကျွန်တော်ပေးနိုင်တဲ့ အကြံဉာဏ်ကတော့ ဒါအကုန်ပါပဲ

    အဆင်ပြေပါစေဗျာ

    KznT.

    Some Pictures from howtogeek.com

    Using Windows 7 Libraries Effectively

    Windows 7 မှာ ပါဝင်လာတဲ့ Libraries Feature အကြောင်းကို တစ်ချို့ သတိထားမိကြပေမယ့် အတော်များများကတော့ သတိမထားမိကြသေးတဲ့ အတွက် သူ့အကြောင်းကို မျှဝေနိုင်ဖို့ ကျွန်တော် ကြိုးစားကြည့်ပါမယ်။ Windows 7 မှာ ပါဝင်လာတဲ့ Libraries Feature ဟာ ကျွန်တော်တို့ အရင်သုံးနေကျ My computer ကို အသုံးချရတာနဲ့ တော်တော်ကြီး ကွာခြားသွားပါတယ်။ Windows 7 Libraries ကို သုံးခြင်းအားဖြင့် ကျွန်တော်တို့ ကွန်ပြူတာထဲမှာ ရှိနေတဲ့ ဖိုင်တွေ ဖိုဒါတွေကို အရင်တုန်းကထက် ပိုပြီး အဆင်ပြေလွယ်ကူစွာ စီမံခန့်ခွဲနိုင်လာပါတယ်။ Windows 7 Libraries ဘယ်လို အလုပ်လုပ်သလဲ သူ့မှာ ဘယ်လို ထူးခြားချက်တွေ ပါလဲ ဆိုတာ စပြောကြရအောင်ပါ။



    Libraries feature ဟာ ကျွန်တော်တို့ ကွန်ပြူတာမှာ ရှိနေတဲ့ နေရာအသီးသီး partitions အသီးသီးက ဖိုင်တွေ ဖိုဒါတွေ အားလုံးကို တစ်နေရာတည်းကနေ ထိန်းချုပ်လို့ ရနိုင်အောင် ကူညီပေးထားပါတယ်။ Partitions အသီးသီးဆီမှာ ရှိနေတဲ့ မိမိအလိုရှိရာ ဖိုင်တစ်ခုကို ဖွင့်နိုင်ဖို့ သူရှိရာနေရာဆီရောက်အောင် အချက်ပေါင်းမြောက်များစွာ ကလစ်ပေးနေရတဲ့ ဒုက္ခကနေ ကင်းလွတ်ပြီး အလျင်မြန်ဆုံးနဲ့ အလွယ်ကူဆုံး မိမိအလိုရှိရာဖိုင်ကို access လုပ်နိုင်အောင် Libraries က စွမ်းဆောင်ပေးထားပါတယ်။

    Libraries အား အသက်သွင်းခြင်း

    Windows 7 Libraries ကို ကျွန်တော်တို့ ရှေ့မှောက်ဆီ ရောက်အောင် ခေါ်ယူဖို့ အတွက် Start Menu မှာ ရှိနေတဲ့  Search box ကနေတစ်ဆင့် Libraries လို့ ရိုက်ပြီး Enter နှိပ်လိုက်လို့ ရသလို။ Superbar လို့ လူသိများတဲ့ Taskbar မှာ ရှိနေတဲ့ IE Shortcut ရဲ့ ဘေးက Windows Explorer ကနေလည်း ခေါ်ဆောင်လို့ ရပါတယ်။ ဒီအောက်က ပုံကို ကြည့်ပါ။





    တကယ်လို့ ကျွန်တော်တို့ဟာ Windows Explorer ထဲမှာ ရောက်နေပြီးသား ဖြစ်နေမယ် ဆိုရင်လည်း Libraries ကို Navigation Pane ကနေ တစ်ဆင့် အချိန်မရွေး ခေါ်ယူလို့ ရနိုင်ပါတယ်။





    Libraries အား အသုံးချခြင်း


    ကျွန်တော် အခု ဥပမာ အနေနဲ့ Documents Library အသုံးချပုံအကြောင်း အဖွင့်ပြောပြပေးသွားပါမယ်။ ဒါပေမယ့်  ဒီလုပ်ငန်းစဉ်အတိုင်းပဲ တစ်ခြား Music, Pictures, Videos တွေအတွက် Library တွေကို အသုံးချတဲ့ နေရာမှာလည်း ဒီနည်းအတိုင်းပဲ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ထူးပြီး ပြောင်းလဲသွားတာမျိုး မရှိပါဘူး။ ပုံမှန်အားဖြင့်တော့ ဖိုဒါ ဆိုတာမျိုးဟာ ကျွန်တော်တို့ သူ့အထဲမှာ ဘာတစ်ခုမှ သိမ်းထားတာ ရှိမနေရင် ဘာတစ်ခုမှ ဖော်ပြနိုင်မှာ မဟုတ်ပဲ တစ်စုံတစ်ခုကို သူ့အထဲမှာ ပေါင်းထည့်လိုက်မှသာ သူကလည်း သူ့ထဲမှာ ရှိနေတဲ့ ဖိုင်တွေ ဖိုဒါတွေကို ဖော်ပြနိုင်မှာဖြစ်ပါတယ်။



    ဒီလိုဆို Documents Library ကရော။ Documents Library ကတော့ ဒီလိုမဟုတ်ပါဘူး။ ဆိုလိုတာက Documents Library ဆိုတာ သူ့ထဲမှာ ဖိုဒါ ဒါမှမဟုတ် ဖိုင်တစ်ခု လာထည့်ထားရင်လည်း သူ့ထဲမှာ ရှိနေတဲ့ ဖိုဒါတွေ ဖိုင်တွေကို ဖော်ပြနိုင်သလို သူ့ထဲမှာ ဘာမှ ထည့်မထားပဲနဲ့လည်း တစ်ခြား partition သပ်သပ် တစ်ခုစီမှာ ရှိနေတဲ့ ဖိုဒါတွေ ဖိုင်တွေကို သူ့ထဲ ရောက်လာအောင် ဆွဲယူထည့်သွင်းထားနိုင်ပါတယ်။ ဒါက ဘာနဲ့ သဘောတရား တူသလဲ ဆိုရင် ကျွန်တော်တို့ Network တွေပေါ်မှာ Share ပေးထားတဲ့ ဖိုဒါတွေ Drive တွေကို ကိုယ့်စက်ထဲကို  Map Network Device အဖြစ် ယူသုံးတာမျိုးနဲ့ ဆင်ပါတယ်။ အခုလို တစ်ခြား Partition အသီးသီးမှာ ရှိနေတဲ့ ဖိုဒါတွေ ဖိုင်တွေကို  Documents Library အောက်ကို Copy ကူးစရာမလိုပဲ ရောက်လာဖို့ ကျွန်တော်တို့ အောက်ဖော်ပြပါ နည်းလမ်းတွေထဲက စိတ်ကူးတည့်ရာ တစ်မျိုးနဲ့ လုပ်ဆောင်ယူလို့ ရပါတယ်။

    မိမိအလိုရှိရာ Partition တစ်ခုဆီသွားပြီး နှစ်သက်ရာ ဖိုင်တစ်ခုပေါ်မှာ Right-Click ထောက် > Include in library ကနေ တဆင့် Documents ကိုရွေးချယ်လိုက်ယုံပါပဲ။ ဒါ ပတမနည်းပါ။



    ကျွန်တော်တို့ ဒီလိုလုပ်ဆောင်လိုက်ခြင်း အားဖြင့် ဥပမာ ဆိုကြပါစို့ တစ်ခြား Partition တစ်ခုမှာ ရှိနေတဲ့ Meetings ဆိုတဲ့ ဖိုင်က Windows Partitions အောက်က Documents Library အောက်ကို ကော်ပီ ကူးသွားတာမျိုး မဟုတ်ပါဘူး။ Meetings ဖိုဒါက သူ့ Partition မှာပဲ သူရှိနေပြီး ဒီဖိုဒါကိုပဲ ကျွန်တော်တို့က Windows Partition မှာ ရှိနေတဲ့ Documents Library ကနေတဆင့် Access လုပ်နိုင်မှာ ဖြစ်ပါတယ်။


    ဒီနည်းနဲ့ မိမိနှစ်သက်ရာ ဖိုဒါကို Documents Library ထဲ ပေါင်းမထည့်ချင်သေးရင်လည်း နောက်တစ်နည်းနဲ့ ပေါင်းထည့်နည်းရှိပါသေးတယ်။ အဲ့ဒီနည်းကတော့ မိမိ အလိုရှိရာ ဖိုင်ရှိရာဆီ ရောက်သွားတဲ့ အချိန်မျိုးမှာ အပေါ်မှာ ရှိနေတဲ့ Include in library ကို နှိပ်ပြီး အဲ့ကနေမှ တဆင့် Documents ကိုရွေးချယ်ပေးလိုက်ယုံပါပဲ။ ဒီနေရာမှာ သီချင်း တစ်ပုဒ်ဖြစ်နေလို့ Music Library ထဲ ပို့ချင်တယ် ဆိုရင်လည်း Include in library ကနေမှ တဆင့် Music ကို ရွေးချယ်ပေးလိုက်ရမှာ ဖြစ်ပါတယ်။ ဒီလို ရွေးချယ်ပေးလိုက်ခြင်း အားဖြင့် ကျွန်တော်တို့ ရွေးချယ်ပေးလိုက်ရာ ဖိုင် ဒါမှမဟုတ် ဖိုဒါဟာ မူရင်းနေရာကနေ တစ်ပြားသားမှ ရွှေ့ပြောင်းမသွားပဲ ကျွန်တော်တို့ ပြောင်းရွှေ့လိုက်ရာ Library အောက်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ဒီအောက်က ပုံကို ဆက်ကြည့်ပေးပါ။



    အားလုံးလုပ်ဆောင်ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ ရွှေ့ပြောင်းထားခဲ့ရာ Library ထဲကို တစ်ချက် ပြန်သွားကြည့်ပါမယ်။ သူဘာတွေများ ဖြစ်နေပြီလဲ။ အောက်ဖော်ပြပါ အတိုင်းပါပဲ။ ကျွန်တော်တို့ ရွေ့ပြောင်းလိုက်တဲ့ ဖိုင်တွေ သူ့ မူရင်းနေရာကနေ မရွှေ့လျားပဲ ကျွန်တော်တို့ အလိုရှိရာ Library ထဲရောက်ရှိနေတာ တွေ့ရပါပြီ။




    တကယ်လို့ ဖိုဒါ သို့မဟုတ် ဖိုင်တစ်ခုခု မှားရွှေ့မိလိုက်လို့ပဲ ဖြစ်ဖြစ် Library ထဲမှာ မလိုအပ်တော့လို့ စာရင်းထဲကနေ ရှင်းထုတ်ပစ်လိုက်ချင်တယ် ဆိုရင်ပဲ ဖြစ်ဖြစ် ဒီအောက်ပါ နည်းအတိုင်း
    လုပ်ဆောင်နိုင်ပါတယ်။ သိထားသင့်တာ တစ်ခုက ယခုလို လုပ်ဆောင်လိုက်ခြင်း အားဖြင့် နဂို Partition နေရာမှာ ရှိနေတဲ့ ဖိုင် သို့တည်းမဟုတ် ဖိုဒါကို ဘာတစ်ခုမှ ထိခိုက် သက်ရောက်မှု ရှိမှာ မဟုတ်ဘူး ဆိုတာပါပဲ။ ကျွန်တော်တို့ ဖျက်ထုတ်လိုက်မှာ Library ထဲမှာ ပါဝင်နေတဲ့ Lists ကိုဖျက်ထုတ်လိုက်တာသာ ဖြစ်ပါတယ်။ Library ထဲမှာ ရှိနေတဲ့ မိမိအလိုမရှိရာ ဖိုင်ကို ရှင်းထုတ်ဖို့ အတွက် အောက်ဖော်ပြပါ အဆင့်အတိုင်း လုပ်ဆောင်ပါ။

    သက်ဆိုင်ရာ Library ထဲကို ရောက်ရှိတဲ့ အချိန်မှာ locations ဆိုတဲ့ link ကို နှိပ်ပါ။



    Library locations ဝင်းဒိုး တက်လာပါလိမ့်မယ်။ သူနေမှ တစ်ဆင့် မိမိအလိုမရှိရာ ဖိုင်ကို ရွေးချယ် remove လုပ်လို့ ရပါပြီ။



    Library အသစ်တစ်ခု ဖန်တီးခြင်း

    တကယ်တမ်း Library feature ကို သုံးလာပြီ ဆိုတဲ့ အခါ သူပေးထားတဲ့ Documents, Music, Pictures, Videos ဆိုတဲ့ Librarys လေးတွေလောက်နဲ့ ကျွန်တော်တို့ မလုံလောက်နိုင်တော့ပါဘူး။ ကိုယ့်အတွက် အားသန်ရာ သန်ရာ လိုအပ်ရာ Library အသစ်တစ်ခု ဖန်တီးဖို့ မလွဲမသွေ လိုအပ်လာမှာ ဖြစ်ပါတယ်။ ဒီအတွက် ဒီအောက်ဖော်ပြပါ နည်းများအတိုင်း လုပ်ဆောင်ပါ။ Libraries Explorer ထဲမှာ အပေါ်ဘက် bar မှာ ရှိနေတဲ့ New library ဆိုတာကို နှိပ်ပါ။ ဒါဆိုရင် အောက်ဖော်ပြပါပုံလို Library အသစ်တစ်ခု ထွက်လာပြီး မိမိနှစ်သက်ရာ အမည်ပေးလို့ ရပါပြီ။ ဒီမှာတော့ Work Projects ဆိုပြီး အမည်ပေးလိုက်ပါ့မယ်။ 


    ကျွန်တော်တို့ ပထမဆုံး အကြိမ်လုပ်ထားတဲ့ Work Projects ဆိုတဲ့ Library
    ဆိုတာကို ဖွင့်လိုက်ရင်ပဲ သူက  Partitions အသီးသီးမှာ ရှိနေတဲ့ မိမိအလိုရှိရာ ဖိုင်တွေ  သူ့ထဲကို ပေါင်းထည့်ဖို့ တောင်းဆိုပါလိမ့်မယ်။


    Partitions အသီးသီးက ကျွန်တော်တို့ ထည့်သွင်းချင်ရာ ဖိုင်တွေ ဖိုဒါတွေကို ရှာဖြွေပီး Include folder ကို နှိပ်လိုက်ပါ့မယ်။


    အခုဆို ကျွန်တော်တို့ ထည့်သွင်းလိုက်တဲ့ ဖိုဒါတွေ New library ထဲရောက်ရှိသွားတာ ခုလို တွေ့မြင်ရပါမယ်။


    အခုလို Library အသစ်တစ်ခု ဖြည့်သွင်းလိုက်တာနဲ့ Include in library အောက်မှာလည်း မိမိဖြည့်သွင်းလိုက်တဲ့ New library ကလည်း အလိုလို ဝင်ရောက်သွားမှာ ဖြစ်ပါတယ်။


    Network Locations များအား ပေါင်းထည့်ခြင်း

    libraries feature ဟာ သုံးစွဲရ လွယ်ကူတာ မှန်ပေမယ့် လိုအပ်ချက်လေး အနည်းအကျဉ်းတော့ ရှိနေပါသေးတယ်။  Microsoft က သူ့လုပ်ထုုံးလုပ်နည်းတွေရဲ့ လမ်းစဉ်တြွေကားမှာ ဖောက်ထွက်လို့ မရနိုင်သေးတာလားတော့ မသိပါဘူး။ ဖိုဒါမှန်သမျှ library ထဲကို ပေါင်းထည့်ဖို့တော့ မစွမ်းဆောင်နိုင်သေးပါဘူး။ library ထဲကို ကျွန်တော်တို့ Loacl drive ထဲမှာ ရှိနေတဲ့ ကြိုက်တဲ့ Partition ဆီက ဖိုင်တွေ ဖိုဒါတွေ ပေါင်းထည့်လို့ ရတယ်၊ နောက်တဆင့် အနေနဲ့ NTFS နဲ့ FAT32 အဖြစ် Format ချထားတဲ့ External USB Drives တွေဆီကနေလည်း library ထဲကို add လို့ရတယ်ဆိုတာ မှန်ပေမယ့် Network ထဲမှာ ရှိနေတဲ့ ရည်ညွှန်းဖော်ပြလို့ မရတဲ့ နေရာတစ်ခုက ဖိုဒါတွေ ဖိုင်တွေကိုတော့ library ထဲကို add လို့ မရသေးပါဘူး။ တကယ်လို့  Network ထဲမှာ ရှိနေတဲ့ ရည်ညွှန်းဖော်ပြလို့ မရတဲ့ နေရာတစ်ခုက ဖိုဒါတွေ ဖိုင်တွေကိုတော့ library ထဲကို ပေါင်းထည့်တဲ့ အခါ သူက ဒီလို ဖော်ပြပါတယ်။


    ဒါကတော့ စိတ်ရှုပ်ဖို့ ကောင်းတယ်ဆိုပေမယ့် သူ့ကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိပါတယ်။ ဒီအခက်အခဲကို ဖြေရှင်းဖို့ Windows 7 Library Tool ဆိုတာ ရှိနေပါတယ်။ သူ့ကို အသုံးချဖို့ အတွက် Create a new library ဆိုတာကို click ပေးပြီး Network Location ပေါ်က မိမိနှစ်သက်ရာကို Library ထဲကို ဆွဲခေါ်လို့ ရပါပြီ။ 


    သူ့မှာ နောက်ထပ် ကောင်းတာလေး တစ်ခုက library နဲ့ သက်ဆိုင်ရာ သင့်တော်မယ့် icons လေးတွေကို ချိန်းပြောင်းပေးလို့ ရတယ် ဆိုတာပါ။ ဒီအောက်က ပုံကို ကြည့်ကြည့်ပါ။


    ဒီနေရာမှာ ဥပမာ အနေနဲ့ Home network ထဲမှာ ရှိနေတဲ့ Music ဖိုင်တစ်ခုကို MP3 library လို့ အမည်ပေးပြီး စက်ထဲ ဆွဲထည့်ထားလိုက်ပါတယ်။ 


    အနှစ်ချုပ် အနေနဲ့ ပြောရရင် ဒီ အကြောင်းအရာက ကျွန်တော် Windows 7 မှာ ပါဝင်တဲ့ features တွေထဲက တစ်ခု ဖြစ်တဲ့ library အသုံးချပုံကို ဆွေးနွေးချင်တာပါ။ ဒီအကြောင်းအရာကို ဖတ်ပြီးရင် library ကို ဘယ်လို အသုံးချရမယ် ဆိုတာ အတော်အတန် နားလည် သဘောပေါက်သွားမယ်လို့ မျှော်လင့်မိပါတယ်။ ပျော်ရွှင်နိုင်ပါစေ။

    KznT.

    Related Posts