How To Get Windows Experience Index In Windows 8.1

Windows Experience Index ဆိုတာ Windows Vista - 7 နဲ့ 8 သုံးသူတွေ အတွက် Windows တင်အပြီးမှာ ကိုယ့်စက်ရဲ့ System Performance ဘယ်လောက် ရှိသလဲ ဆိုတာ စစ်ဆေးနိုင်တဲ့ ညွှန်းကိန်းကိုခေါ်ပါတယ်။ အလွယ်ပြောရင် Run လို့ ရလာတဲ့ Result ကို ကြည့်ပြီး Performance အတွက် ဘာတွေတိုးရမယ်၊ ဘာတွေချွေသုံးရမယ်၊ ဒီ Windows ကို ဆက်ပြီး သုံးသင့်သလား၊ မသုံးသင့်ဘူးလား ဆိုတာမျိုးတွေထိ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။

Windows Experience Index အကြောင်းကို အသေးထပ်စိတ်ပြီး ရှင်းရရင် သူက ကိုယ့်ကွန်ပြူတာထဲမှာ ရှိနေတဲ့ Hardware တွေရဲ့ လက်ရှိ စွမ်းဆောင်နိုင်ရည်တွေကို တိုင်းတာ စစ်ဆေးပေးတဲ့ ညွှန်းကိန်းဖြစ်ပြီး Components ( ၅ ) မျိုးကို တိုင်းတာစစ်ဆေးပါတယ်။ အဲဒီ့ Components ( ၅ ) မျိုးကတော့ Processor - Memory ( RAM ) - Graphics - Gaming graphics - Primary hard disk တို့ ဖြစ်ပြီး တစ်ခုချင်းစီကနေ သူ စစ်ဆေးလို့ ရလာတဲ့ ကိန်းဂဏန်းတွေထဲက အငယ်ဆုံး ကိန်းဂဏန်းကို ယူပြီး Windows Experience Index Base Score ( ကွန်ပြူတာ၏ စွမ်းဆောင်ရည်ပြ အခြေခံညွှန်းကိန်း ) ကို ဖော်ပြပါတယ်။ ဒီဂဏန်းတွေ ဘာကို ရည်ညွှန်းသလဲ ဆိုရင် Subscore နိမ့်တာနဲ့ အမျှ ကိုယ့်ကွန်ပြူတာရဲ့ စွမ်းဆောင်နိုင်ရည်ဟာ သိသိသာသာ နှေးကွေးလေးလံမယ် ဆိုတာ ရည်ရွယ်တာဖြစ်ပြီး Subscore မြင့်တာ နဲ့ အမျှ ကွန်ပြူတာရဲ့ စွမ်းဆောင်ရည် မြန်ဆန်မြင့်မားမယ် ဆိုတာကို ဖော်ကျူးတာ ဖြစ်ပါတယ်။ - လို့ တစ်ချိန်က Windows Experience Index (WEI) အကြောင်းရေးရင်းနဲ့ Windows Experience Index: An In-Depth Look ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖော်ပြခဲ့ဖူးပါတယ်။

ဝမ်းနည်းစရာ ကောင်းတာက End Users တိုင်းအတွက် အသုံးတည့်တဲ့ Windows Experience Index GUI version ဟာ Microsoft ကနေ နောက်ဆုံးထုတ်လိုက်တဲ့ Windows 8.1 OS မှာ ပါမလာတော့ဘူး။ WEI ဟာ အရင်က GUI version ဖြစ်တာကြောင့် အောက်မှာ မြင်ရတဲ့အတိုင်း သုံးရလွယ်တယ်။ ထင်သာမြင်သာရှိတယ်။

တစ်ခုရှိတာ Windows 8.1 မှာ WEI GUI version ပါမလာတော့ပေမယ့် Command Prompt နဲ့ Windows Powershell ကိုသုံးပြီး Command Line ကနေတဆင့် ကြည့်လို့တော့ ရနိုင်သေးတယ်။ ဒါပေမယ့် ခက်ခက်ခဲခဲတွေကို သိပ်စိတ်မဝင်စားတတ်တဲ့ သူတွေအတွက် WEI ကို Third-party tools တွေနဲ့ အရင် GUI version လိုပဲ သုံးလို့ရအောင် ဖန်တီးနိုင်ပါတယ်။ အောက်မှာ ဖော်ပြသွားမယ့် ခေါင်းစဉ်(၃)ခုက Windows 8.1 မှာ WEI ကို စစ်ဆေးကြည့်ချင်သူတွေအတွက် အသုံးပြုနိုင်မယ့် Tools တွေပါ။

Metro Experience Index : Windows 8.1 ရဲ့ WEI ကို စစ်ဆေးဖို့ ပထမဆုံးထွက်လာတဲ့ Tool တစ်ခုပါ။ Windows 8.1 Preview ထွက်ပြီးမကြာခင် လပိုင်းလောက်မှာ ထုတ်ခဲ့ပြီး ခုချိန်ထိ Update ထပ်မပေးတော့ပေမယ့် သူက Windows 8.1 RTM တင်မှာသာမက Windows 8.1 Update 1 ထိပါ ပြဿနာတစ်စုံတစ်ရာ မရှိပဲ အသုံးပြုနိုင်ပါတယ်။ တစ်ခုရှိတာ သူက Portable မဟုတ်လို့ Install လုပ်ဖို့ လိုပါလိမ့်မယ်။


ChrisPC Win Experience Index : သူက ကျွန်တော်တို့ အရင်သုံးနေကျ Original Windows Experience Index နဲ့ ဆင်တဲ့ Interface ရှိပြီး WEI scores မှာ CPU, RAM, Graphics, Hard Disk ဆိုတဲ့ Components တွေရဲ့ Subscore တွေကို ဖော်ပြပေးပါတယ်။


Winaero WEI Tool : ကျွန်တော့်တစ်ယောက်တည်း သဘောအရပြောရရင်တော့ ဖော်ပြမယ့် Tools (၃) မျိုးမှာ Winaero WEI Tool ကို သဘောအကျဆုံးပါ။ သူလည်းပဲ ChrisPC လို WEI scores မှာ CPU, RAM, Graphics, Hard Disk ဆိုတဲ့ Components တွေရဲ့ Subscore တွေကို ဖော်ပြပေးတယ်။ အဲ့တာအပြင် နောက်ထပ်ပါဝင်သေးတဲ့ သူရဲ့ အားသာချက်တစ်ချို့က -

ရလာတဲ့ Index ကို Screenshot တစ်ခါတည်း ယူလို့ရတယ်။
ရလာတဲ့ ပုံကို PNG File အနေနဲ့ Save လုပ်ပြီး ImgUr ကို တစ်ခါတည်း Upload တင်လို့ရတယ်။
နောက်ပြီး WEI Table ကို HTML File အနေနဲ့ Save လုပ်လို့ပါရတယ်။
နောက်ဆုံး အားသာချက်ကတော့ Install လုပ်ဖို့မလိုဘူး Portable အနေနဲ့ သုံးလို့ရတယ်။


စာဖတ်သူတွေအနေနဲ့ ဖော်ပြခဲ့တဲ့ WEI Tools (၃) ခုကို စမ်းသပ်သုံးစွဲကြည့်ပြီး နှစ်သက်ရာကို လိုအပ်နေသူတွေအတွက် လက်ဆင့်ကမ်းပေးကြဖို့ တိုက်တွန်းလိုပါတယ်။

TechSectors.

What is the System Reserved Partition?


“System Reserved” Partition ဆိုတာကို Service လိုက်ပြင်နေတဲ့သူ တော်တော်များများနဲ့ ကိုယ့်ဘာသာကိုယ် ကွန်ပြူတာကလိဖူးသူတိုင်း ရံဖန်ရံခါ တွေ့ဖူးကြလိမ့်မယ်လို့ ထင်မိတယ်။ အဲ့ဒီ့ Partition က Windows 7 နဲ့ 8 ကို Clean Disk မှာ Install လုပ်တဲ့အခါ Windows ကနေ အလိုလျောက် ဖန်တီးပေးတဲ့ Partition လို့ပဲ ပြောရမယ်။ အလိုလျောက် ဖန်တီးပေးတဲ့ Partition ဆိုပေမယ့် Windows ကနေပြီး အဲ့ဒီ့ Partition ကို Drive Letter သတ်မှတ်မပေးဘူး။ အဲ့တာကြောင့် တကယ်တမ်း Windows တက်လာတဲ့အခါ အဲ့ဒီ့ “System Reserved” Partition ဆိုတာကို Windows Explorer မှာ မြင်ရမှာ မဟုတ်သလို ပုံမှန် User တစ်ယောက်အနေနဲ့ ရှိတယ်ဆိုတာကိုတောင် သတိထားမိမှာ မဟုတ်ဘူး။ သူ့ကို Disk Management သုံးလေ့ရှိတဲ့ သူတွေနဲ့ တစ်ခြား 3rd Party Partition Tools သုံးလေ့ရှိသူတွေလောက်ပဲ သတိထားမိကြလိမ့်မယ်။

“System Reserved” Partition ဆိုတာ Windows 7 နဲ့ နောက်ပိုင်း OS တွေမှာမှ Microsoft ကစပြီး မိတ်ဆက်ခဲ့တာမို့လို့ အရင် Windows အဟောင်းတွေမှာ တွေ့ဖူးကြမှာ မဟုတ်ဘူး။ အဲ့ဒီ့ Partition ကို Windows Serer 2008 R2 နဲ့ နောက်ပေါ်တဲ့ Windows Server versions အသစ်တွေမှာလည်း Create လုပ်လာတာ တွေ့ရတယ်။

အဲ့တော့ “System Reserved” Partition က ဘာအရေးကြီးသလဲဆိုတာ သိဖို့လိုလာသလို သူ့ကို ဘာအတွက် ဖန်တီးထားသလဲဆိုတာကိုလည်း နားလည်ထားဖို့ လိုလာတယ်။ “System Reserved” Partition ကို Windows ကနေ အလိုလျောက် ဖန်တီးရခြင်းရဲ့ အဓိကရည်ရွယ်ချက်က (၂) ခုရှိတယ် -

  • Boot Manager နှင့် Boot Configuration Data များ သိမ်းဆည်းရန် - ကွန်ပြူတာ Boot တက်တဲ့အချိန်မှာ Windows Boot Manager စအလုပ်လုပ်ပြီး Boot Configuration Data (BCD) ထဲမှာရှိတဲ့ Boot Data ကို အရင်ဆုံး သွားဖတ်တယ်။ အဲ့လို “System Reserved” Partition ထဲက Boot Loader ကို Boot ပြီးတဲ့အချိန်မှာ ကိုယ့် System Drive ရဲ့ ဘယ်နေရာမှာ Windows ရှိတယ်ဆိုတာကိုသိပြီး အဲ့ကနေမှတဆင့် Boot တက်တယ်။
  • BitLocker Drive Encryption အတွက် Startup Files များ အသုံးပြုနိုင်စေရန် - ကိုယ့် Hard Drive ကို လုံခြုံမှုရှိအောင် BitLocker Drive Encryption သုံးဖို့ စိတ်ကူးရှိမယ်ဆိုရင် “System Reserved” Partition ထဲမှာ ကွန်ပြူတာစတင်အလုပ်လုပ်ဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ ဖိုင်တွေ (Boot Files) ရှိနေတာက Main Windows partition ထဲမှာ ရှိနေတာထက် ပိုကောင်းပါတယ်။ အဲ့လိုရှိနေခြင်းအားဖြင့် ကွန်ပြူတာ Boot တက်တဲ့အချိန်မှာ Unencrypted ဖြစ်နေတဲ့ System Reserved partition ကနေတဆင့် Main Encrypted Drive ကို Decrypt လုပ်ပြီး Encrypted Windows System ကို Boot စေပါတယ်။

အဲ့တာကြောင့် BitLocker Drive Encryption သုံးဖို့ စိတ်ကူးရှိမယ်ဆိုရင် “System Reserved” Partition ကို မဖြစ်မနေ ထားသင့်ပါတယ်။ မဟုတ်ရင်တော့ BitLocker သုံးတဲ့အချိန်မှာ ပုံမှန် Function ရဖို့ မလွယ်ပါဘူး။ အပေါ်မှာ ပြောထားခဲ့ပြီးသလို အရေးကြီးတဲ့ Boot Files တွေက Default အနေနဲ့ “System Reserved” Partition ထဲမှာ သိမ်းတယ်ဆိုပေမယ့် ကိုယ့်ဘာသာ Partition ခွဲပြီး အဲ့ဖိုင်တွေကို Main Windows partition ထဲမှာပဲ သိမ်းချင်တယ်ဆိုရင်လည်း သိမ်းထားနိုင်ပါတယ်။


“System Reserved” Partition ကို Windows Installation လုပ်ဆောင်ဖို့အတွက် HD ကို Partition ပိုင်းတဲ့အချိန်မှာ Windows Setup က အလိုလျောက်ဖန်တီးပြီး Windows 7 မှာ “System Reserved” Partition က 100 MB နေရာယူပါတယ်။ Windows 8 မှာတော့ 350 MB နေရာယူပါတယ်။ Windows Installer ထဲမှာပါတဲ့ Partition Manager နဲ့ ကိုယ့် HD က Unallocated Space ကို Partition ပိုင်းဖို့ ကြိုးစားတဲ့အချိန်မှာ Windows Setup ကနေ အောက်ဖော်ပြပါအတိုင်း ပြောတာကြုံဖူးကြပါလိမ့်မယ်။

“To ensure that all Windows features work correctly, Windows might create additional partitions for system files.”

ဆိုလိုတာက Windows နဲ့အတူပါလာမယ့် Features တွေ ပုံမှန်အတိုင်း ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်ဖို့အတွက် လိုအပ်တဲ့ System Files တွေသိမ်းဖို့ နောက်ထပ် Partition (“System Reserved” Partition ) ဖန်တီးရလိမ့်မယ် ဆိုတာကို အသိပေးတာပါ။


တစ်ချို့က ဒါကို သဘောမကျကြဘူး။ Partition တစ်ခုခွဲတာ နှစ်ခုထွက်တယ်ဆိုပြီး အလိုမကျတဲ့သူတွေရှိသလို ဘာမှလည်း သုံးစားရတာ မဟုတ်ဘဲနဲ့ “System Reserved” Partition က ဘာအတွက် ပေါ်လာတာလဲဆိုပြီး မေးကြတဲ့သူတွေလည်း ရှိတယ်။ ကျွန်တော်တစ်ဦးတည်း သဘောအရဆိုရင်တော့ ပမာဏအရ ဘယ်လောက်မှ မရှိတဲ့ ဒီ Partition သေးသေးလေးကို များများစားစားတွေးမနေဘဲ ရှိမြဲအတိုင်း ထားစေချင်ပါတယ်။ သူရှိနေလို့ ကျွန်တော်တို့အတွက် ထူးပြီး ဘာမှမဖြစ်ဘူး။ Windows ကနေလည်း ဒီ Partition ကို မမြင်ရအောင် Default အနေနဲ့ Drive Letter မပေးဘဲ Hide ထားပေးတယ်။ အဲ့တာကြောင့် လူတော်တော်များများ ဒီ Partition ကို ရှိမှန်းတောင် သတိမထားမိကြဘူး။ ဒီ Partition က BitLocker မသုံးသူတွေအတွက် မရှိလည်း ဘာမှ မဖြစ်ပေမယ့် လက်ရှိမှာ BitLocker သုံးနေသူတွေ၊ နောင်များမှာ BitLocker သုံးဖို့ စိတ်ကူးရှိသူတွေအားလုံးအတွက် မဖြစ်မနေ ထားသင့်ပါတယ်။ အဲ့လိုရှိထားမှသာ Drive အားလုံးအတွက် BitLocker သုံးဖို့ အသင့်အနေအထား ဖြစ်ပါလိမ့်မယ်။

တကယ်လို့ “System Reserved” Partition ကို နေရာမပေးချင်ဘူးဆိုရင် လုပ်ဆောင်နိုင်တဲ့နည်းတွေ ရှိပါတယ်။ အဲ့နည်းတွေထဲက တစ်နည်းကတော့ Unallocated Space ကို Partition ပိုင်းတဲ့အချိန်မှာ Windows Installer နဲ့ မပိုင်းဘဲ တစ်ခြား Disk Partitioning Tool တစ်ခုခုသုံးပြီး ကြိုပိုင်းထားတဲ့နည်းပါ။ ကျွန်တော်ကတော့ အဲ့လိုလုပ်ဖို့ စိတ်ကူးရှိရင် Paragon Hard Disk Manager ဒါမဟုတ် Partition Wizard Boot Disk အခွေကို သုံးပါတယ်။ အဲ့နည်းနဲ့ Partition ပိုင်းထားပြီးနောက်မှ Windows Installer ကို ကိုယ် Windows ထားချင်တဲ့ Partition နေရာပြလိုက်ရင် “System Reserved” Partition ကို Create မလုပ်တော့ဘဲ ပုံမှန်အတိုင်း ဆက်သွားပါလိမ့်မယ်။ အဲ့လိုနည်းနဲ့ “System Reserved” Partition မှာ သိမ်းမယ့် Boot Files တွေကို Main System Partition မှာ တစ်ပါတည်း ထည့်ထားနိုင်ပါတယ်။

ဒီနည်းကိုပဲ တစ်ခြား Disk Partitioning Tool တွေမသုံးဘဲ Windows Installer ထဲမှာပါတဲ့ Partition Manager ကိုသုံးပြီး “System Reserved” Partition မပါအောင် အောက်ဖော်ပြပါအတိုင်း ဖန်တီးနိုင်ပါသေးတယ် -

  • Windows Setup မလုပ်ဆောင်သေးခင်မှာ Shift+F10 ကို နှိပ်ပြီး Command Prompt ကိုဖွင့်ပါ။
  • Command Prompt window ပွင့်လာရင် diskpart လို့ရိုက်ပြီး Enter ခေါက်ပါ။
  • ပြီးရင် Unallocated Space ကို Diskpart Tool သုံးပြီး New Partition အဖြစ် Create လုပ်ပါ။ ဥပမာ - ကျွန်တော်တို့ ကွန်ပြူတာမှာ Partition တစ်ခုမှ မရှိဘဲ Empty ဖြစ်နေတဲ့ Drive တစ်ခုပဲ ရှိတယ်ဆိုပါစို့။ ဒီလိုဆိုရင် select disk 0 လို့ရိုက်ပြီး create partition primary အနေနဲ့ ဖန်တီးနိုင်ပါတယ်။ ဒီနည်းက Partition ပိုင်းချင်သူ အားလုံးအတွက် Ideal Solution တော့ မဟုတ်ပါဘူး။ Diskpart Tool အသုံးပြုပုံ အသေးစိတ်ကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။
  • Partition Create လုပ်ပြီးသွားရင် Windows Setup ကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်သွားပါ။


ဖော်ပြခဲ့တဲ့ နည်းတွေကိုမသိပဲ Windows တင်ပြီးခါမှ “System Reserved” Partition ကို ဖျက်ချင်တယ်ဆိုရင်လည်း ဖျက်လို့ရပါတယ်။ ဒါပေမယ့် ပုံမှန် သမားရိုးကျ လုပ်ထုံးလုပ်နည်းနဲ့ Partition ကို Delete လုပ်လို့တော့ မရပါဘူး။ အဲ့လိုလုပ်လိုက်ရင် “System Reserved” Partition ထဲမှာ ရှိနေတဲ့ Boot Loader Files တွေကိုပါ Delete လုပ်မိသလိုဖြစ်ပြီး Windows မတက်တော့တဲ့ ပြဿနာနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။


“System Reserved” Partition ကို ဖျက်ချင်တယ်ဆိုရင် အရင်ဆုံး အဲ့ဒီ့ Partition ထဲမှာ ရှိနေတဲ့ Boot Files တွေကို System Partition ထဲ ရွှေ့ဖို့လိုပါတယ်။ ဒါပေမယ့် ဒီနည်းက အပြောလွယ်ပေပြီး အလုပ်ခက်ပါတယ်။ အဲ့ဒီ့နည်းကို သုံးရင် Registry ကိုင်ရမယ်၊ Files အတော်များများကို Drive to Drive ရွှေ့ရမယ်၊ BCD ကို ပြန်ပြင်ရေးရမယ် နောက်ဆုံး Main System Drive ကို Active Partition ဖြစ်အောင် ပြန်လုပ်ရဦးမယ်။ အသေးစိတ် လုပ်ထုံးလုပ်နည်းတွေကိုတော့ အင်တာနက်ထဲမှာ နေရာတိုင်းလိုလို တွေ့နိုင်တာကြောင့် အသေးစိတ်ပြန်မရေးတော့ဘူး။ ဘယ်လောက်မှ မရှိတဲ့ ပမာဏလေးတစ်ခုလောက် အတွက်နဲ့ “System Reserved” Partition ကို ဖျက်ဖို့ ကျွန်တော်ကိုယ်တိုင်လည်း အားမပေးဘူး။

“System Reserved” Partition က ရုတ်တရက်ကြည့်ရင် Partition Table မှာ ရှုပ်ထွေးစေသလို မြင်ရပြီး နေရာအများကြီး ယူထားသလို ထင်ရပေမယ့် သူက Windows တစ်ခုလုံးအတွက် အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေတယ်ဆိုတာရယ် သူ့ကိုဖျက်လိုက်လို့ ကိုယ့်အတွက် Space ဘယ်လောက်မှ ပိုရလာမှာ မဟုတ်ဘူးဆိုတာရယ်ကို စာဖတ်သူတွေ သတိထားနိုင်ဖို့ အသိပေးချင်ပါတယ်။

TechSectors.

What You Should Do After Buying A New PC

PC တစ်လုံး ဆင်ပြီးသွားပြီဆိုရင် အရင်ဆုံး လုပ်ရမယ့် အရာတွေက Operating System တစ်ခုခု တင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှု လုပ်ရပါမယ်။ 


(၁) Operating System ခွေ ကြိုတင်ရယူပါ။

OS တွေထဲမှာ လူသုံးများတာကတော့ Windows, Linux, Mac OSX, ... ဆိုတာတွေရှိတယ်။ တော်တော်များများကတော့ Windows သုံးကြတာများတယ်။ အဲ့တော့ ကိုယ့်စက်နဲ့ သင့်တော်မယ့် Windows အမျိုးအစား တစ်ခုခုကို စဉ်းစားပြီး တတ်နိုင်တယ်ဆိုရင်လည်း Windows ကို လိုင်စင်လေးနဲ့ ဝယ်သုံးပေါ့။ တကယ်လို့ မတတ်နိုင်ရင်လည်း Windows ခွေတွေကို Internet မှာ ကြိုက်သလို ဒေါင်းလုပ်ချလို့ရတယ်။ ဖိုရမ်မှာလည်း Operating Systems ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သီးခြား တင်ပေးထားတာတွေ ရှိတယ်။ Intel i5 လို့ရေးထားတာတွေ့တော့ RAM တို့ HD တို့ Graphic တို့လည်း သိပ်နည်းမယ် မထင်ဘူး။ အဲ့တော့ WIndows 7 Ultimate ဖြစ်ဖြစ် Windows 8 Pro ဖြစ်ဖြစ် တင်ပေါ့။ Windows တင်နည်းတွေကတော့ အင်တာနက်ထဲမှာ လူတော်တော်များများ မြန်မာလိုရေးထားတာရှိတယ်။ PDF လုပ်ပြီး တင်ပေးထားတာတောင် မနည်းမနောပဲ။ ကျွန်တော်ရှာကြည့်တာ ဒီနေရာမှာ တင်ပေးထားတဲ့ Window XP, 7, 8 Installation လုပ်ပုံလုပ်နည်း စာအုပ်လေး မဆိုးဘူး။ Windows မျိုးစုံ တင်နည်းစာအုပ် (Windows Vista, XP, 7, 8) တွေလိုချင်ရင်တော့ ဒီနေရာမှာ ယူလို့ရတယ်။ တကယ်လို့ CD/DVD တွေနဲ့ မတင်ချင်တာပဲဖြစ်ဖြစ် ကိုယ့်စက်မှာ Drive မပါရင်ပဲ ဖြစ်ဖြစ် Windows Vista, 7, 8 ကို ဆော့ဝဲမသုံးပဲ USB ကနေ တင်လို့ရတယ်။ နည်းကို ဒီနေရာမှာ ဖတ်ကြည့်လိုက်ပါ။ Format ချနည်း Partition ပိုင်းနည်း သိချင်ရင်လည်း ဒီနေရာမှာ ရေးထားတာရှိတယ်။ အဲ့ဒီ Blogger ကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုယ်တိုင်ဆို အဲ့တာတွေအားလုံး တစ်ထိုင်တည်း မရေးနိုင်ဘူး။ အခုတော့ အသင့်ခူးစားယုံလေးပဲ။ 

(၂) Driver ခွေ လက်ဝယ် ထားရှိပါ။ 

Windows တင်ပြီးပြီပဲ ဆိုကြပါစို့။ ကိုယ့်စက်မှာ တင်ထားတဲ့ Devices တွေနဲ့ OS နဲ့ သေချာချိတ်ဆက်ပြီး အလုပ်ကောင်းကောင်းလုပ်အောင် Drivers ဆိုတာ တင်ပေးရတယ်။ များသောအားဖြင့်တော့ PC ပဲဆင်ဆင် Laptop တို့ Notebook တို့ပဲ ဝယ်ဝယ် ဆိုင်တွေက Driver ခွေဆိုပြီး သီးသန့်ထည့်ပေးတတ်တယ်။ PC ဆင်ထားတဲ့ သူဆိုရင်တော့ Motherboard Driver ခွေနဲ့ Graphic Card တပ်ထားရင် Graphic Driver ခွေ အဓိကလိုတယ်။ Windows တင်ပြီးပြီဆိုရင် အဲ့ဒီ့ သက်ဆိုင်ရာ Driver တွေ သီးသန့်တင်ပေးရတယ်။ Windows 8 ဆိုရင်တော့ သိပ်မလိုဘူး။ Windows 7 ဆိုရင်တော့ Graphic Driver တင်ဖို့လိုကောင်းလိုတတ်တယ်။ Windows XP တင်ရင်တော့ အားလုံးနီးပါး တင်ပေးရတာများတယ်။ 

(၃) မိမိစက်တွင် အသုံးပြုမည့် Software များ ကြိုတင်စုဆောင်းပါ။ 

Windows ရော Drivers တွေရော တင်ပြီးပြီဆိုရင် ကိုယ့်စက်မှာသုံးမယ့် Software တွေ လက်ဝယ်အသင့်ရှိထားဖို့လိုတယ်။ မရှိသေးရင် ဆိုင်တွေမှာဝယ်လည်းရတယ်။ အင်တာနက်ကနေ ဒေါင်းလုပ်ချလည်းရတယ်။ အင်တာနက်ထဲမှာ ဆော့ဝဲလ်တွေ ဘယ်လိုရှာရလဲ ဆိုတာ အင်တာနက်အတွင်း Software ရှာဖွေခြင်း ဆိုပြီး ကျွန်တော်ရေးထားဖူးတာလည်း ရှိတယ်။ ကြိုက်တဲ့နည်းနဲ့ ကိုယ်သုံးမယ့် Software တွေ စုထားပါ။ မဟုတ်ရင် ဆိုင်သွားပြီး တင်ခိုင်းရင် ပိုက်ဆံထပ်ပေးနေရမယ်။ တချို့ဆိုင်တွေကတော့ ကွန်ပြူတာဝယ်ရင် Software အလကားထည့်ပေးတတ်တယ်။ 

အဲ့တာတွေအားလုံးပြီးရင်တော့ ကွန်ပြူတာ တစ်လုံး သုံးဖို့ အသင့်ဖြစ်ပါပြီ။

KznT.

.Net Framework feature and Windows 8

ကျွန်တော် တစ်လမှာ တစ်ရက်ပဲ အင်တာနက်သုံးဖို့ ကောင်းကောင်းအချိန်ရတယ် - အကြောင်းအရာသစ်တစ်ခု စဖွင့်ထားပြီး အရင်လို စာအများကြီး မရေးနိုင်တော့ စာဖတ်ချင်တဲ့ မိသားစုတွေကို အားနာမိတယ် - အများကြီး မဟုတ်ပေမယ့် ဒီနေ့လို သုံးဖြစ်တဲ့ရက်လေးမှာ ကျွန်တော် နည်းနည်းချင်း တတ်နိုင်သလောက် ကြိုးစားပြီး Sharing လုပ်ပေးသွားမှာပါ - တစ်ယောက်တည်းနဲ့ အများကြီး ရေးဖို့ မလွယ်သလို ဖတ်ဖို့လည်း မလွယ်တာမို့ ကိုg00gle တို့လို ကို kyawminkhoung တို့လို ကူညီပေးနိုင်မယ်ဆိုရင် အတိုင်းထက် အလွန်ပေါ့ဗျာ - ကျေးဇူးအများကြီး တင်ပါတယ် တကယ်ပါ။

Windows 8 ကို စသုံးတော့မယ်ဆိုရင် နောက်ထပ်ဖြစ်လာမယ့် ပြဿနာတစ်ခုက .net framework 3.5 ပြဿနာခင်ဗျ - Windows တင်ရတာ ဘာညာက Windows 7 နဲ့ ဘာမှ အများကြီး မကွာဘူး - Windows 7 တင်ပုံတင်နည်းကတော့ ကျွန်တော်တို့ ဖိုရမ်ထဲမှာလည်း ရေးထားပြီးသားမနည်းသလို - အင်တာနက်ထဲမှာလည်း စာအုပ်တွေမနည်းဘူး - အင်တာနက်ထဲ လိုက်ရှာဖတ်ရမှာ ပျင်းတယ်ဆိုရင်တောင် ရန်ကုန်မှာ နေတဲ့သူတွေ ပန်းဆိုးတန်းက စာအုပ်အရောင်းဆိုင်တွေမှာ WIndows 7 တင်နည်းရေးထားတဲ့ စာအုပ်လို့သာ မေးလိုက် - တစ်ပြုံကြီး ထုတ်ပြလိမ့်မယ်။ Windwows 8 က ပြောရရင် ကျွန်တော် တင်ဖူးသမျှ Windows တွေထဲမှာ အလွယ်ဆုံးလို့ထင်တာပဲ Drivers တွေဘာတွေလည်း ဘာမှ သိပ်ပြီး ပြဿနာမရှိဘူး - ဒါပေမယ့် အဓိကဖြစ်လာမယ့် ပြဿနာက တစ်ချို့ Apps တွေ - ဥပမာ Office 2010 လိုမျိုး - တင်ပြီးမှ Activate လုပ်ဖို့ Activator ကို Run တဲ့အခါ .net framework 3.5 ဆိုတဲ့ Windows Feature လိုပါတယ် - အဲ့တာကို Run ပါဆိုပြီး ပြဿနာ စပေးလိမ့်မယ် -

တကယ်တော့ Windows 8 မှာ .NET Framework 4.5 က တစ်ခါတည်း ထည့်ထားပေးပြီးသား - ဒါပေမယ့် တစ်ချို့ Programs တွေက အရင် Windows တွေမှာ သုံးဖို့အတွက် .Net Framework versions အဟောင်း တွေကို သုံးထားတာမျိုး ရှိတော့ Windows 8 မှာ ပုံမှန်အလုပ်မလုပ်နိုင်ပဲ အပေါ်မှာ ပြောထားသလို ပြဿနာပေးတတ်တယ် - အဲ့ချိန်ကျရင် .Net Framework versions အဟောင်းနဲ့ ရေးထားတဲ့ Programs တွေကို Windows 8 မှာ သုံးလို့ ရအောင် ကျွန်တော်တို့က Enable ပြန်လုပ်ပေးရတယ် - အဲ့လို Enable ပြန်လုပ်တဲ့နည်းက နည်းလမ်းနှစ်ခုရှိတယ် -
  • Online နဲ့ရှင်းတဲ့နည်း
  • Offline နည်း


ကျွန်တော်ကတော့ အချိန်တော်တော်များများ Offline နဲ့ ရှင်သန်ရတော့ Online နဲ့ ရှင်းတဲ့နည်းကို သိပ်မသုံးနိုင်ဘူး - တစ်ခုခု ပြဿနာဖြစ်ရင် Offline နဲ့ ရှင်းလို့ရမယ့်နည်းကိုပဲ အမြဲ လိုက်ရှာရတယ် - တကယ်လို့ မိသားစုဝင်တွေလည်း ခုလို ပြဿနာပေါ်နေပြီ ဆိုရင် အခုကျွန်တော် ပြောပြချင်တဲ့ နည်းနှစ်နည်းထဲက ကြိုက်တဲ့တစ်နည်းကို သုံးပြီး ရှင်းလို့ရတယ် - Online နဲ့ ဖြေရှင်းနည်းကိုတော့ ကျွန်တော် အသေးစိတ်အကျယ်ချဲ့ မရေးတော့ဘူး - သူက အရမ်းလည်းလွယ်သလို ပုံလေးတွေနဲ့ ရှင်းထားပြီးသားလည်းရှိတယ် - အောက်မှာ ဖော်ပြထားတဲ့ Link ကနေကြည့်ပါ။

How to Easily Install Previous Versions of the .Net Framework in Windows 8

တကယ်လို့ မိသားစုဝင်တွေက Online နဲ့ ချိတ်ပြီးလုပ်ဖို့ အဆင်မပြေဘူးဆိုရင် အခုအောက်မှာ ဖော်ပြမယ့်နည်းနဲ့ Offline ဖြေရှင်းလို့ ရပါတယ်။ အရင်ဆုံး ကျွန်တော်တို့ Windows 8 ရဲ့ Charms bar ကိုသွား "Search" Option ကနေတဆင့် အောက်ကပုံမှာ ဖော်ပြထားသလို cmd လို့ ရိုက်လိုက် -



ပြီးရင် တွေ့ရတဲ့ cmd icon ပေါ်မှာ Right click တစ်ချက်ပေး ပုံမှာပြထားတဲ့အတိုင်း "Run as Administrator" ကို click ပေး - Dialogue box တက်လာရင် Yes ပေး -



ဒါဆိုရင် Command line ကနေ စဖို့ အားလုံး အဆင်သင့်ဖြစ်ပါပြီ - ပြီးတာနဲ့ Windows 8 တင်တုန်းက သုံးတဲ့ Windows ခွေကို Drive ထဲ ပြန်ထည့်ပါ။ ပြီးသွားပြီ ဆိုတော့မှ အောက်မှာ ဖော်ပြထားတဲ့ Command ကို Copy > Paste > Enter လုပ်လိုက်ပါ -


dism.exe /online /enable-feature /featurename:NetFX3 /Source:H:\sources\sxs /LimitAccess

တစ်ခုရှိတာ ကျွန်တော် အနီနဲ့ ဖော်ပြထားတဲ့ H နေရာမှာ ကိုယ့်စက်က အခွေထည့်ထားတဲ့ Drive ရဲ့ Letter ဖြစ်မဖြစ် သေချာပြန်စစ်ပြီး လွဲနေရင် ကိုယ့်စက်က Drive ရဲ့ Letter ကို အစားပြင်ထည့်ပေးဖို့ လိ်ုပါတယ်။ အားလုံးအဆင်ပြေရင် သူက 60.4% လောက်မှာ ခဏကြာနေတတ်ပါတယ် - ၅ မိနစ် ၁၀ မိနစ်လောက်ပါ။ ပြီးရင်တော့ အောက်မှာ ပြထားသလို ၁၀ဝ% ဖြစ်သွားပါလိမ့်မယ်။



အားလုံးပြီးရင်တော့ စက်ထဲကို ဘာ Apps ပဲ သွင်းသွင်း ခုနကလို .net framework 3.5 ဆိုတဲ့ Windows Feature သွင်းဖို့ လိုပါတယ်ဆိုတဲ့ ပြဿနာမျိုး မတက်တော့ပဲ အဆင်ပြေတာ တွေ့ရပါလိမ့်မယ်။

KznT.

Bring the Start Menu Back in Windows 8


Windows 8 ကို စသုံးကြပြီ ဆိုတာနဲ့ ကျွန်တော်တို့ ပထမဆုံး ရင်ဆိုင်ရမယ့် ပြဿနာက Start Menu ပြဿနာပါ - ဘာကြောင့်လဲဆိုတော့ ဒီ Start Button ဆိုတာ ကျွန်တော်တို့နဲ့ ရင်းနှီးလာခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး - ကျွန်တော်တို့ အရင်အစဉ်အဆက် သုံးခဲ့တဲ့ Windows XP, Vista, 7 အားလုံးမှာ တရင်းတနှီး ဖြစ်ခဲ့ပြီးသား ဒီ button ကို Microsoft ကနေ Windows 8 မှာ ဖယ်ရှားပစ်လိုက်တယ် - Windows 8 ကို သုံးတာ နည်းနည်းကြာလာရင် Start Screen နဲ့ ရင်းနှီးသွားမှာမို့ ဒီ Button ကို အဲ့လောက် မတမ်းတတော့ပေမယ့် ခုမှ စသုံးမယ့် သူတစ်ယောက်အတွက် ဆိုရင်တော့ Start Button မရှိတဲ့ အခြေအနေက Windows 8 ကို ဘယ်လို Windows ကြီးလဲဆိုပြီး စိတ်ပျက်သွားစေနိုင်ပါတယ်။
အဲ့လို မဖြစ်ပါနဲ့ - ကျွန်တော်တို့မှာ အဖြေရှိပါတယ် - လက်ရှိ Windows 7 သုံးနေကြတဲ့သူတွေ - Start menu ကိုမှ တမ်းတမ်းစွဲ ဖြစ်နေသူတွေအတွက် Windows 8 မှာ Start menu ပြန်ရောက်လာအောင် လုပ်ဆောင်ပေးနိုင်မယ့် ရွေးချယ်စရာ programs တွေ မနည်းမနော ကျွန်တော်တို့မှာ ရှိပါတယ်။ အဲ့တာတွေအားလုံးထဲက ကောင်းနိုးရာရာ Apps သုံးမျိုးလောက် ကျွန်တော် အောက်မှာ မိတ်ဆက်ပေးပါ့မယ်။

Start8
 

သူကတော့ Windows 8 ကနေ ဖယ်ရှားခံလိုက်ရတဲ့ Start menu ကို အရင်အခြေအနေ အတိုင်း ပြန်ရောက်လာအောင် စွမ်းဆောင်ပေးနိုင်မယ့် program တစ်ခုပါ - Start8 ကို သုံးရင် Windows 8 မှာ မြင်ရမယ့် Start Menu Button ပုံစံက အထက်မှာ ပြထားတဲ့ ပုံစံအတိုင်းခပ်ပြားပြား ဖြစ်သွားပြီး မကြိုက်ရင် Windows 7 မှာတုန်းက သုံးခဲ့သလို အဝိုင်းပုံလည်း ပြန်ပြောင်းလို့ ရပါတယ် - ဒါတင်မက Windows 8 hot corners တို့ Charms bar တို့ကို Disable လုပ်ထားလို့ရသလို အရင် Windows တွေမှာတုန်းကလိုပဲ Sign in ဝင်တာနဲ့ Desktop ပေါ် တန်းရောက်အောင် စီစဉ်ထားလို့လည်းရပါတယ်။ Start8 နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့အတွက် ခက်ခဲတဲ့ တစ်ချက်က သူက အလကားပေးမသုံးဘူး ၅ ဒေါ်လာပေးဝယ်ရမယ်။ Torrent မှာ ရှာကြည့်တော့ ဒီနေရာမှာ တွေ့တာ တစ်ခုရှိတယ်။ သုံးလို့ ရမယ်ထင်တယ်။ ကျွန်တော်က Upload တင်ပေးဖို့ ခက်တော့ လွယ်ကူသူတွေ ဒေါင်းပြီး မိသားစုဝင်တွေ သုံးနိုင်အောင် Upload လုပ်ပေးကြပါ။ အကြောင်းကြောင်းကြောင့် Start8 ကို မသုံးချင်ကြရင် နောက်ထပ် စမ်းသပ်ကြည့်နိုင်တာ Classic Shell ပါ။

Classic Shell


Classic Shell က ကျွန်တော့်စိတ်ထင် Start8 လောက်တော့ ကြည့်မကောင်းဘူး - ဒါပေမယ့် သူ့ရဲ့ အားသာချက်က open source program ဖြစ်ပြီး ကျွန်တော်တို့ တရားဝင် free သုံးလို့ရတယ် - သူလည်းပဲ Start8 လိုပဲ Windows 8 မှာ Start Menu Button ပြန်သုံးလို့ရအောင် လုပ်ပေးတယ် - စစချင်းသုံးတဲ့အချိန်မှာ သူ့ Start Button က Windows XP မှာ မြင်ရတဲ့ Start Button ပုံစံလိုမျိုး ခပ်တုန်းတုန်းကြီး ဖြစ်နေလိမ့်မယ် - ဒါပေမယ့် settings ထဲကို ဝင်ကြည့်ရင် တော်တော်များများကို အသေးစိတ်ပြင်နိုင်တာတွေ့ရပါလိမ့်မယ်။ Tweak လုပ်တာ ဝါသနာပါတဲ့ သူတစ်ယောက် ဖြစ်မယ်ဆိုရင်တော့ Classic Shell က သုံးဖို့ အဆင်ပြေမှာပါ။
StartMenu8

အပေါ်မှာ ကျွန်တော်ညွှန်းထားခဲ့ပြီးတဲ့ options နှစ်ခုထဲက တစ်ခုကိုမှ သဘောမကျဘူး ဆိုရင်တော့ ခုညွှန်းချင်တဲ့ StartMenu8 ကို စမ်းသပ်ကြည့်ပါ။ သူ့ကို သုံးမယ်ဆိုရင် အရင် Windows 7 မှာတုန်းက Start Menu Button ကျွန်တော်တို့ ပြန်ရမယ် - ဒါပေမယ့် သူ့မှာ ကြည့်ရနဲနဲဆိုးတဲ့ Send Feedback Button တစ်ခုပါတယ် - ဒါပေမယ့် ကိုယ့်အတွက် ဘာမှထိခိုက်လောက်တဲ့ ကိစ္စ မဟုတ်လို့ သုံးမယ်ဆိုရင် သုံးပျော်တယ်လို့ ဆိုရမှာပါ။

အနှစ်ချုပ် အနေနဲ့ ကျွန်တော့် အကြိုက်ဆုံးကို ပြောရမယ်ဆိုရင်တော့ Start8 ပါ - ခု အကြံပြုခဲ့တာတွေ တစ်ခုမှ မကြိုက်ခဲ့ရင်လည်း Internet ထဲမှာ Start menu replacements နဲ့ ပတ်သတ်ပြီး ပြင်ဆင်လို့ ရမယ့်နည်းလမ်းတွေ မနည်းမနော ရှိနေပါသေးတယ်။ လေ့လာကြည့်ပါ။ မတူတဲ့ အမြင်တွေ ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ကို ပြန်လည်မျှဝေပေးပါ။

KznT.

Make your life easier with windows 8

Windows 8 အကြောင်းကို တစ်ချိန်က ကိုပေါ်ဦး စရေးခဲ့တဲ့ Thread အောက်မှာပဲ ကျွန်တော် လိုက်ပေါင်းပြီး ရေးခဲ့ဖူးပါတယ် - အဲ့တုန်းကတော့ Windows 8 ဆိုတာ တကယ်ဖြစ်လာမလာ သေချာ မသိသေးတဲ့ အခြေအနေတစ်ခုပါ - အင်တာနက်ထဲက သူများတွေပြောတာကို လျှောက်ဖတ်ပြီး ရမ်းသမ်းရေးတာ - တကယ်သုံးဖူးလို့ ရေးတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် နောက်ပိုင်း ကျွန်တော် မြန်မာပြည် ပြန်ရောက်တော့ 29 February 2012 မှာ Windows 8 Consumer Preview ဆိုပြီး တကယ်ထွက်လာတယ်။


Windows 8 Beta Version လို့ ပြောရမှာပေါ့ - Beta Version ဆိုတဲ့အတိုင်း ကျွန်တော်စမ်းသုံးကြည့်တော့ ဒီလောက်ကြီးထိ အဆင်မပြေသေးဘူး - သဘောမကျမိဘူးပေါ့ - Windows 8 သာဆိုတယ် - အားလုံးလိုလိုက Windows 7 လိုပဲ - Interface လေးတော့ နည်းနည်း Change သွားတာပေါ့လေ - Bugs တာတွေကလည်း အများကြီး။ အဲ့နောက် May 31, 2012 ကျတော့ Windows 8 Release Preview ဆိုပြီး ထပ်ထွက်ပြန်တယ် - အဲ့တာလည်း သုံးဖြစ်လိုက်သေးတယ် - ဒါပေမယ့် Windows 8 Release Preview ကျတော့ တော်တော်လေး သုံးရတာ အဆင်ပြေလာပြီ - အင်တာနက်က လက်တကမ်းမှာ ရှိမနေတော့ သုံးနေရင်း မသိတာတွေကလည်း အများကြီးတွေ့ရတယ် - ဘယ်သူမှလည်း မေးလို့မရဘူး - အင်တာနက်လည်း မရှိတော့ လိုက်ဖတ်လို့ကလည်း မလွယ်ဘူး - ဒါပေမယ့် ဖြစ်တဲ့ပြဿနာတိုင်းကို စာအုပ်ထဲမှာ မှတ်ထားတယ် - အင်တာနက်ဆိုင် ထိုင်ဖြစ်ရင် ဘာကြောင့်ဖြစ်တယ် - ဘယ်လို ဖြေရှင်းလို့ ရမယ်ဆိုတာ အဖြေလိုက်ရှာတယ် - အားလုံးစုံအောင် သိခဲ့ပြီလားဆိုတော့ မသိသေးဘူးလို့ပဲ ဝန်ခံပါရစေ - အဲ့လို သုံးလိုက် မသိလိုက် ရှာလိုက် နဲ့ August 1, 2012 ရက်နေ့က Windows 8 RTM (Build 9200) ထွက်တယ် - ဒါပေမယ့် အဲ့တာက Developers တွေအတွက်ဆိုပြီး MSDN subscriptions မှာ ပေးတာဆိုတော့ မသုံးကြည့်ဖြစ်လိုက်ဘူး။ 
အဲ့နောက် October 26, 2012 က Windows 8 စရောင်းတယ် - အဲ့သတင်းကြားတော့ အရင်တုန်းကဆိုရင် အင်တာနက်ကနေ ဒေါင်းလုပ်ချသုံးပေမယ့် ခုတော့ ခွေဆိုင်မှာ လိုက်ရှာဝယ်ရတယ် - အင်တာနက်ဆိုင်ကနေ ဒေါင်းလုပ်ချသုံးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ - ခုတော့ ရန်ကုန်က အခွေဆိုင်တော်တော်များများမှာ Windows 8 ဝယ်လို့ရနေပြီ - Windows 8 editions အနေနဲ့က -
  • Windows 8 ( Basic edition ဖြစ်ပြီး Beginner များ Starter များအတွက် သင့်တော်သည် )
  • Windows 8 Pro ( Windows 7 Professional နှင့် Ultimate ကဲ့သို့ဖြစ်ပြီး Pro သမားများ သုံးစွဲရန် )
  • Windows 8 Enterprise ( Windows 8 Pro တွင်ပါဝင်သော Features အားလုံးပါဝင်ပြီး Business သမားများ အသုံးပြုရန် )
  • Windows RT ( Tablet PCs ကဲ့သို့သော ARM-based devices များတွင် အသုံးပြုရန် )
ဆိုပြီး လေးမျိုးရှိပေမယ့် တကယ်တမ်း ကျွန်တော်တို့ သုံးသင့်တာ / လူတော်တော်များ အသုံးပြုကြတာကတော့ Windows 8 Pro (သို့) Windows 8 Enterprise ပါ။ ကျွန်တော်ကတော့ လောလောဆယ် Windows 8 Enterprise သုံးနေတယ်။ တကယ်လို့ Upgrade လုပ်ပြီး သုံးချင်တယ်ဆိုရင်တော့ ဒီနေရာက Upgrade compatibility ခေါင်းစဉ်အောက်မှာ ဖတ်ကြည့်လို့ရတယ် - အဲ့မှာ Comparison chart လည်း ပြထားတော့ Editions အလိုက် ဘာတွေကွာတယ်ဆိုတာလည်း အလွယ်တကူ သိနိုင်တယ် - Windows 8 system requirements ကို သိချင်ရင်တော့ ဒီနေရာမှာ ရေးထားတာ ပြည့်စုံပါတယ်။ Windows 8 Pro ဖြစ်ဖြစ် Enterprise ဖြစ်ဖြစ် အခွေဝယ်ချင်ကြတယ်ဆိုရင် မြေနီကုန်း စမ်းချောင်းလမ်းထဲက Active အခွေဆိုင် မှာဝယ်လို့ရတယ်။ ကျွန်တော်ဖွင့်ထားတဲ့ ဆိုင်မို့လို့ ညွှန်းတာမဟုတ်ပါ - ပေါက်ပန်းဈေးအခွေတွေနဲ့ တွေ့မှာစိုးလို့ ကျွန်တော်ဝယ်ခဲ့တဲ့ အခွေဆိုင်ကို ပြောပြတာ ဒီ Thread ကို အသစ်ဖွင့်ဖြစ်တဲ့ အဓိက အကြောင်းအရင်းက လောလောဆယ် ကျွန်တော်သုံးဖြစ်နေတဲ့ Windows 8 နဲ့ ပတ်သတ်ပြီး တွေ့ရ တဲ့ ပြဿနာလေးတွေ ပြင်ဆင် ပုံလေးတွေကို ကျွန်တော် သိထားသလောက် ဖတ်မိသလောက် မိသားစုဝင်တွေလည်း သိရအောင် Sharing ပြန်လုပ်ချင်လို့ပါ။ ကျွန်တော် အချိန်ပေးနိုင်သလောက် အကောင်းဆုံး ရေးနိုင်အောင် ကြိုးစားသွားပါမယ်။ 

KznT.

Windows 8 And The Future Of Computing

စာမရေးတာ တစ်ပတ်လောက်ကြာသွားတော့ အကြောင်းအရာ ခပ်ကြီးကြီးရေးဖို့ ကျွန်တော်လည်း ပျင်းနေတယ် - ဒါပေမယ့် ပြန်အစပျိုးကြည့်ဦးမယ် - အရှိန်ပြန်ယူတဲ့ သဘောပေါ့ - ဒီနေ့ လူသိနည်းသေးတဲ့ အကြောင်းအရာလေး တစ်ခု ပြောပြချင်တယ် - Windows 8 အကြောင်းပေါ့ - Windows 8ဆိုပြီး အရင် Windows 7 ပေါ်ကာစတည်းက အခွေထွက် ဘာထွက်နဲ့ ထွက်လာတာတော့ ရှိတယ် - ဒါပေမယ့် အဲ့တာတွေက Windows 8 အစစ်မဟုတ်ဘူး - သူတို့က Windows 7 ပေါ်မှာ Based ယူပြီး Themes လေးတွေပြောင်း Tweaks လေးတွေလုပ်နဲ့ ပြောင်းလုပ်ထားတာ - ခု Windows 8 ကတော့ တကယ် အတည်လို ဖြစ်နေပြီ - ဒီ Windows 8 screenshots တွေ ပေါက်ကြားတယ် ဆိုပြီး ဓာတ်ပုံတွေနဲ့ ဘာတွေနဲ့ ထွက်လာတာ ကြာတာတော့ ကြာပြီ - ကျွန်တော်လည်း စစချင်း သိပ်တော့ မယုံဘူးဗျ - မယုံဘူး ဆိုတာကလည်း ဘယ်လိုပြောရမလဲ သတင်းကြီးချင်လို့ ချဲ့ကားရေးတယ်လို့ပဲ ထင်ထားတာ - ခုနောက်ပိုင်းကျတော့ ဒီ Windows 8 သတင်းက နာမည်ကြီး ဖိုရမ်တွေထိ တက်လာပြီ - ဒီတော့ မြန်မာမိသားစုဖိုရမ်မှာလည်း ရေးမှ ဖြစ်တော့မှပေါ့နော့် လောလောဆယ်အခြေအနေကတော့ Windows 8 က အတည်ထွက်တာမျိုး မဟုတ်သေးဘူး - Microsoft ကစမ်းသပ်ဆဲ ကာလ Pre-release သဘောပေါ့ - သူ့ရဲ့ UI ကို ကျွန်တော် သိထားသလောက် နည်းနည်းချင်း မိတ်ဆက်ပေးချင်တယ်။

Windows Aero

အရင်ဆုံး Microsoft က Windows 8 မှာ ပြောင်းလဲဖို့ လုပ်ထားတာ Windows Aero - အခု နောက်အသစ်ထွက်မယ့် Microsoft ရဲ့ Next OS Windows 8 မှာ Windows 8 rendering engine ကို ပြောင်းထားတယ်လို့ သိရတယ် - ဘယ်လို ပြောင်းတာမျိုးလဲ ဆိုရင် အရင် Desktop Window Manager က Hardware rendering ကို သုံးရာကနေ အခု Windows 8 မှာ Software rendering ကို ပြောင်းသုံးတယ် - ဒါကလည်း နည်းပညာစကားအရ ကွန်ပြူတာသမားတွေရဲ့ အသုံးအနှုန်းနဲ့ ပြောတာပါ - နားလည်လွယ်အောင် ပြောရရင်တော့ အရင်တုန်းကဆိုရင် ကျွန်တော်တို့ Windows 7 သုံးတဲ့ အခါ Windows Aero က Hardware မနိုင်ရင် သုံးလို့ မရဘူး - ကိုယ့် Graphic က ဘယ်လောက် စွမ်းဆောင်ရည်ကောင်းသလဲ ဆိုတာပေါ် မူတည်ပြီး Windows Aero က အရမ်းစကားပြောတယ် - အဲ့တော့ Hardware requirements လိုတဲ့ စက်တွေဆို Windows 7 သုံးမရ Windows Aero ကို Support မပေးတာတို့ ဖြစ်လာရော - ခု အဲ့ဒီ့ အားနည်းချက် Microsoft က သိပြီး Windows Aero ကို Hardware rendering ကနေ Software rendering ကို ပြောင်းလိုက်တယ် - ဆိုလိုတာက နောက်ဆို Hardware requirements ဘာမှ များများစားစား မလိုပဲ Windows Aero ကို သုံးလို့ ရမယ် ဆိုတဲ့ သဘောပေါ့ - အဲ့အချက်ကိုတော့ ကျွန်တော် အရမ်းသဘောကျတယ် - အောက်မှာကတော့ မြင်ရတဲ့ အတိုင်း Windows 8 Pre-realease ပါ -


Installation process

Windows 8 မှာ Installation process ကတော့ အရင်လို အဆင့်လိုက် တစ်ဆင့်ချင်း သွားနေတုန်းပဲ - ဒါပေမယ့် ခုလာမယ့် Windows 8 ရဲ့ Installation process မှာ အဆင့် တစ်ဆင့်ချင်းစီအလိုက် Users တွေ နားလည်လွယ်စေမယ့် ရှင်းလင်းချက်တွေ - Installation process ပြီးဖို့ ဘယ်လောက်ကြာဦးမယ် ဆိုတာတွေ အသေးစိတ် ပါလာမယ်လို့ သိရတယ်။


Windows Explorer Ribbon

ဒီအောက်မှာ မြင်ရမှာကတော့ Windows 8 မှာ ပြောင်းသွားမယ့် Windows Explorer Ribbon ပုံစံ - ထင်ရတာတော့ Windows 8 မှာ Microsoft က သူ့ Products အသီးသီးက features တွေကို တစ်နေရာတည်းမှာ Users တွေသုံးရလွယ်အောင် ပေါင်းပေးမယ့် သဘောမှာရှိတယ် - ကျွန်တော်တို့ သုံးနေကျ Total commander လို သဘောပေါ့ -


Improved Taskbar

အရင်တုန်းက ကျွန်တော်တို့ စက်မှာ New hardware တစ်ခုခု တက်လိုက်ရင် Windows က သူ့ဘာသာသူ ဘာတွေလုပ်နေမှန်း မသိဘူး - ပြီးခဏလောက်နေတော့မှ installed လုပ်ပြီးပြီ အသင့်သုံးလို့ ရပြီ ဆိုပြီး ပြတယ် - တစ်ခါတစ်လေဆိုရင်လည်း installed လုပ်လို့ မရ သုံးလို့ မရဆိုပြီး ပြတတ်တယ် - ခု Windows 8 မှာ အဲ့လို မဟုတ်တော့ဘူး New hardware တစ်ခုခုကို install လုပ်နေတယ်ဆိုရင်လည်း Taskbar မှာ Progress indicators တြွေပပေးလာမယ် -


Live ID integration

နောက်ပြီး Windows 8 မှာ Live ID integration ပါလာမယ် - ကိုယ့်ရဲ့ Live ID က တင်ထားတဲ့ ပုံကို Taskbar မှာ ပြပေးမှာမျိုးပေ့ါ


System reset feature

နောက်တစ်ခု Windows 8 မှာ ထူးခြားလာတာ System reset feature - သူ့ကြောင့် ဘာကောင်းကျိုး ရလာလဲ ဆိုရင် ကိုယ့်ကွန်ပြူတာ တစ်ခုခု ပြဿနာတက်လို့ သုံးရတာ အဆင်မပြေဖြစ်လာတဲ့ အခါ OS တစ်ခုလုံးကို မိနစ်ပိုင်းအတွင်း အောက်မှာ ဖော်ပြထားတဲ့ အတိုင်း restore ပြန်ပေးလိုက်လို့ ရလာမယ် - End users တွေအတွက် အများကြီး အဆင်ပြေတာပေါ့ - အောက်မှာ မြင်ရတဲ့ အတိုင်း 'Restore to the original factory settings' ဆိုတာကို သုံးလိုက်ရင် စက်ထဲမှာ သွင်းထားသမျှ Programs တွေအားလုံးကို Remove လုပ်ပြီး ကိုယ့် OS ကို Default settings အတိုင်း ပြန်ဖြစ်သွားစေမှာပါ - Windows အသစ်တင်ပြီး ခါစလိုပေါ့ 


Modern Reader

နောက်ထပ် ပြင်ဆင်ထားတဲ့ တစ်ချက်က Modern Reader - အရင်ကဆို Windows မှာ PDF files တွေ ဖတ်ဖို့အတွက် သီးသန့် Foxit တို့ Adobe acrobat တို့ ဆိုတာမျိုးတွေ တင်ရတယ် - ခုတော့ Windows 8 မှာ Modern Reader တစ်ခု ပါလာမယ် - မြင်ရမယ့် ပုံစံကတော့ ခုလိုမျိုး -


Internet Explorer Immersive UI

နောက်ပြီး ခုနောက်ပိုင်း လူသုံးများလာတဲ့ tablets လိုမျိုး touch-based devices တွေအတွက်လည်း Microsoft က dual interface design ထည့်ပေးနိုင်ဖို့ ပြင်ဆင်ပေးထားတယ် - အောက်မှာ Internet Explorer 9 ရဲ့ New Immersive version ကို မြင်နိုင်ပါတယ်။


Aero Auto-Colorization

ပြောစရာတွေကလည်း မကုန်နိုင်တော့ဘူး ဖြစ်နေတယ် - နောက်ထပ် Windows 8 မှာ ပြောင်းလဲမှု လုပ်ထားတစ်ခုက Aero Auto-Colorization - နားလည်လွယ်အောင် ပြောရရင် Desktop background ရဲ့ Colour အချိန်းအပြောင်းပေါ် မူတည်ပြီး Start Menu - Windows Explorer နဲ့ Taskbar တွေအားလုံးက နောက်ခံ background အရောင်နဲ့ ဟပ်မိအောင် Colour တွေ လိုက်ပြောင်းပေးမယ့် ပြင်ဆင်မှု အသစ်ပေါ့ - အောက်က ပုံတြွေကည့်ရင် နားလည်ပါလိမ့်မယ်။




SmartScreen Filter

သူလည်း Windows 8 မှာ ပါလာတ့ဲ ထပ်ပေါင်းဖြည့်ပေးလာတဲ့ Features အသစ် - အရင် ကျွန်တော်တို့ Internet Explorer 8 မှာတုန်းက Microsoft ကနေပြီး Malware ရန်ကနေ ကာကွယ်နိုင်အောင် browser ထဲမှာ SmartScreen Filter ဆိုတာ ထည့်ပေးလိုက်တယ် - သူ့သဘောက browser ကနေ ဖိုင်တစ်ခုခုကို ဒေါင်းလုပ်ချလိုက်တာနဲ့ ကိုယ်ဒေါင်းလုပ်ချနေတဲ့ Websites ရယ် - Download ချနေတဲ့ ဖိုင်အမျိုးအစားရယ်ကို ကြည့်ပြီး Malware ရန်ကနေ ကာကွယ်ပေးတယ် - ခု အဲ့ဒီ့ SmartScreen Filter ကိုပဲ Wndows 8 မှာ built-in ထပ်ထည့်ပေးလာတယ် - သဘောက ဖိုင်တစ်ခုခုကို ဒေါင်းလုပ်ချပြီး run ဖို့ လုပ်တာနဲ့ file system ကို စစ်မယ် - malicious လား ခန့်မှန်းမယ် - အမည်မသိဆိုရင် block မယ် အဲ့လိုမျိုးပေါ့ -


Windows 8 Welcome screen

နောက်ဆုံး တစ်ခု ပြောဖို့ကျန်တာကတော့ Windows 8 Welcome screen - Windows Phone 7 lock screen ပုံစံမျိုး သူက အခြေပြုပြီး ဖန်တီးထားတယ် - ပုံကြီးကြည့်ပြီးတော့ စိတ်မပျက်သွားပါနဲ့ဦး  အဲ့တာက Background change လို့ ရပါတယ် - ထူးခြားသွားတာက နေ့- လ - ရက် အချိန်တွေ ပြပေးလာတာ -


ဒါတွေက အကုန်အသေးစိတ် မဟုတ်ပါဘူး - ကျွန်တော် ဖတ်ထားသလောက် အားလုံး ခြုံပြီး မိတ်ဆက်ပေးတာပါ - အသေးစိတ်လေ့လာဖတ်ရှုချင်သူများ အောက်မှာ ဖော်ပြထားတဲ့ Links များကနေ ဆက်ပြီး လေ့လာနိုင်ပါတယ်။ ပုံတွေအားလုံးကိုလည်း ဖော်ပြပါ ဆိုဒ်တွေကနေ ယူသုံးထားပါတယ်။

မူလရင်းမြစ်များ

http://www.winbeta.org/?q=news/what-...bout-windows-8
http://www.winbeta.org/?q=news/windo...tem-protection
http://www.winbeta.org/?q=news/windo...r-immersive-ui
http://windows8beta.com/2011/04/smar...g-in-windows-8
http://www.winbeta.org/?q=news/leake...proved-taskbar
http://www.withinwindows.com/2011/04...-colorization/
http://www.withinwindows.com/2011/04...modern-reader/
http://www.withinwindows.com/2011/04...rer-immersive/
http://www.withinwindows.com/2011/04...plorer-ribbon/
http://www.withinwindows.com/2011/04...elcome-screen/

လေ့လာနိုင်သမျှ မျှဝေနိုင်ကြပါစေ

KznT.

Related Posts