Dummies Ebooks Collection B Series

ဒါကတော့ Dummies E-Books B Series ပါ။ Dummies Ebooks B Series ဆိုတာ တစ်ခြားတော့ မဟုတ်ပါဘူး။ B နဲ့ စတာတွေချည်း စုထားတာပါ။ နောက်ထပ်ကျန်ရှိနေသေးတဲ့ Series တွေကိုလည်း ဖြစ်နိုင်ရင် အားရင် အားသလို တင်ပေးသွားပါ့မယ်။

ဒေါင်းလုပ်ချလိုက်ရင် ရရှိလာမယ့် စာအုပ်စာရင်းတွေကတော့ အောက်ဖော်ပြပါ အတိုင်းပါ။



  1. Baby Signing for DUMmIES.pdf
  2. Banjo_For_Dummies 0470127627.pdf
  3. Bartending For Dummies.pdf
  4. Basic Math & Pre-Algebra For Dummies.pdf
  5. Beginning Java Programming for Dummies, 2nd (2005).pdf
  6. Beginning Programming for Dummies, 3rd (2004).pdf
  7. Biochemistry for DUMmIES.pdf
  8. Bioinformatics for Dummies 2nd Edition eBook-Spy.pdf
  9. Biometrics for DUMmIES.pdf
  10. Bit Torrent For Dummies.pdf
  11. BlackBerry for Dummies (2006).pdf
  12. BlackBerry for DUMmIES 2nd.pdf
  13. BlackBerry Pearl For Dummies Feb 2007 eBook-LinG.pdf
  14. Blocking Spam and Spyware for Dummies (2005)_noPW.pdf
  15. Blogging for DUMmIES.pdf
  16. Blues Guitar For Dummies Dec 2006 eBook-LinG.pdf
  17. Body Language For Dummies 80470512913.pdf
  18. Bond Investing for DUMmIES.pdf
  19. Bookkeeping for DUMmIES.pdf
  20. Bookkeeping Workbook For Dummies - L. Epstein (Wiley, 2007) WW.pdf
  21. Branding For Dummies.pdf
  22. Bridge for DUMmIES 2nd.pdf
  23. British History for Dummies.pdf
  24. Building a PC for DUMmIES 5th.pdf
  25. Building a Web Site For Dummies 2ndEd July2004 RR.pdf
  26. Building Confidence for Dummies.pdf
  27. Building FaceBook Applications for DUMmIES.pdf
  28. Building Flash Web Sites (2006).pdf
  29. Building Flash Web Sites for DUMmIES.pdf
  30. Building Research Tools With Google for Dummies (2005).pdf
  31. Building Web Sites AIO Desk Reference For Dummies - D. Sahlin, C. Snell (Wiley, 2007) WW.pdf
  32. Building Your Business with Google For Dummies 2004.pdf
  33. Building Your Own Home For Dummies.pdf
  34. Business Etiquette for DUMmIES 2nd.pdf
  35. Business Math for DUMmIES.pdf
  36. Business Plans Kit for DUMmIES 2nd.pdf
  37. Buying a Computer for Dummies (2004).pdf
  38. Buying a Computer for DUMmIES 2006 Edition.pdf
  39. Buying a Property in Eastern Europe for DUMmIES.pdf
  40. Buzz Marketing with Blogs for DUMmIES.pdf

Download ကိုတော့ တတ်နိုင်သမျှ အဆင်အပြေဆုံး ဖြစ်အောင် Multiupload ကနေ တင်ပေးထားပါတယ်။ Links တွေ ခဏခဏ ပျက်တဲ့ ပြဿနာကနေ အတတ်နိုင်ဆုံး ထိန်းထားနိုင်အောင်လို့ပါ။

My Ebooks B Series.part1.rar (106.8 MB)
http://www.multiupload.com/PLWO17YF1P

My Ebooks B Series.part2.rar (102.7 MB)
http://www.multiupload.com/4IVLXUQ8UL

Password = www.myanmarfamily.org

နောက်နေ့တွေ ကျရင် နောက် Series တွေ ထပ်တင်ပေးပါဦးမယ်။

KznT.

How Strong is Ur Password ?

ကျွန်တော်တို့ရဲ့ Password တွေ ဘယ်လောက်ထိ ကြံ့ခိုင်ပါသလဲ ?? ဒီမေးခွန်းက အတော်လေး ယေဘုယျ ကျတဲ့ မေးခွန်းတစ်ခုလို့ ဆိုရင် မမှားပါဘူး။ ဒီမေးခွန်းကို ကြားလိုက်တာနဲ့ လူတိုင်းရဲ့ အတွေးမှာ Password တစ်ခု Strong ဖြစ်ဖို့ဆိုရင် alphabets တွေ ၊ ( 1 2 3 4 ... ဆိုတဲ့ ) ဂဏန်းတွေ ၊ နောက်ပြီး ဒီ့ထက် ဒီ့ထက် Strong ဖြစ်ဖို့ဆို (!, @) စတဲ့ Special Chars တွေ သုံးပြီး လုပ်ဆောင်ရမယ် လို့ မတော်များများ ဖြေကြပါလိမ့်မယ်။ ဒါပေမယ့်လည်း တကယ်တမ်း အင်တာနက်ထဲမှာ လှည့်လည်သွားလာနေကြတဲ့ အင်တာနက် သုံးစွဲသူ User တွေ သူတို့အတွက် အသုံးလိုလို့ တကယ်တမ်း Password တစ်ခု ဖန်တီးကြပြီ ဆိုတဲ့ အခါ ဘယ်လို Password မျိုးတွေများ ဖန်တီးနေကြပါသလဲ။ ဘယ်သူတွေ ဘယ်လိုပြောပြော ၊ ဘယ်စာအုပ်မှာ ဘယ်လိုရှင်းရှင်း Users အတော်များများ အသုံးပြုနေကြတဲ့ Password တွေကတော့ 123456 ပါတဲ့ ဂဏန်းမျိုးတွေနဲ့စရင် စ ၊ မစရင် နောက်ဆုံးမှာ 123456 ဂဏန်းတွေနဲ့ ဆုံးတဲ့ Password တွေကိုပဲ မှတ်ရလွယ်တယ် ဆိုပြီး အသုံးပြုနေကြတဲ့ ကိစ္စပါပဲ။ ဒါဟာ ကျွန်တော် လက်တမ်း ပြောနေတာ မဟုတ်ပါဘူး။ ဒီအောက်က NASA ( National Aeronautics and Space Administration ) ကနေ စာရင်း ပြုစုထားတဲ့ ကမ္ဘာပေါ်မှာ လူသုံးများ ၊ လူကြိုက်အများဆုံး ထိပ်တန်း Password အခု ( ၂၀ ) စာရင်း ပါ။





ဒီအပေါ်က ဖော်ပြမှု အရဆို ကျွန်တော်တို့ Users တွေ ဘယ်လောက်များ အလွယ်ကြိုက်ကြပါသလဲ ?? ဒီလို Password မျိုး လုံးလုံးဆင်တူမဟုတ်တောင် ဒါမျိုးနဲ့ ခပ်နီးနီး ဆင်တူတဲ့ Password မျိုးများ ကျွန်တော်တို့တွေ ဖန်တီးထားခဲ့မိပြီလား။ ဒါဆိုရင်တော့ တော်တော် အန္တရာယ် ရှိနေပါပြီ။ ကိုယ်လုပ်ထားတဲ့ Password ကို သူများတွေ မသိဘူးလို့ အထင်နဲ့ ဖန်တီးထားခဲ့ပေမယ့် ခုဆိုရင် ကိုယ့် Password က Hackers တစ်ယောက်အတွက် အလွယ်တစ်ခု ခန့်မှန်းနိုင်တဲ့ Password တစ်ခု ဖြစ်နေပြီ ဆိုတာ မြင်သာနေပါပြီ။ ဒီနေရာမှာ မေးခွန်း တစ်ခု ရှိလာပါတယ်။


Hackers တစ်ယောက်က ကျွန်တော်တို့ရဲ့ Password တစ်ခုကို Hack ဖို့အတွက် အချိန်ဘယ်လောက်ထိ ယူရနိုင်ပါသလဲ ??



ဒီမေးခွန်းက အချက် ( ၃ ) ချက်ပေါ်မှာ မူတည်နေပါတယ်။ အဲဒီ့ ( ၃ ) ချက်ကတော့ -

  • ကျွန်တော်တို့ရဲ့ Password က ဘယ်လောက် ရှည်လျားပြီး ၊ ဘယ်လောက်ထိ ရှုပ်ရှုပ်ထွေးထွေး စာလုံးတွေနဲ့ ဖန်တီးထားခဲ့သလဲ ဆိုတာရယ်
  • အဲ့ဒီ့ Hacker ရဲ့ ကွန်ပြူတာက ဘယ်လောက်ထိ လျင်မြန်မှု ရှိသလဲ ဆိုတာရယ် နောက်ဆုံး
  • အဲ့ဒီ့ Hacker သုံးနေတဲ့ Internet connection က ဘယ်လောက်ထိ လျင်မြန်မှု ရှိသလဲ ဆိုတာတွေပေါ် ယေဘုယျ အားဖြင့် မူတည်နေပါတယ်။

ဒီလိုဆို ကျွန်တော်တို့ အဲ့ဒီ့ Hacker မှာ Connection ကောင်းကောင်း ၊ ကွန်ပြူတာ ကောင်းကောင်း သုံးနိုင်တဲ့ Hacker တစ်ယောက် ဖြစ်တယ်လို့ပဲ အကြမ်းယူဆလိုက်ကြရအောင်။ အဲ့ဒီ့တော့ ကျွန်တော်တို့ နောက်ဆုံး မေးခွန်း တစ်ခုပဲ ကျန်ပါတော့တယ်။

ကျွန်တော်တို့ရဲ့ Password က ဘယ်လောက် ရှည်လျားပြီး ၊ ဘယ်လောက်ထိ ရှုပ်ရှုပ်ထွေးထွေး စာလုံးတွေနဲ့ ဖန်တီးထားခဲ့သလဲ ??


ဒီအချက်ကို ကျော်လွှားနိုင်ဖို့ Hacker တစ်ယောက်ဟာ ဟိုးအပေါ်ဆုံးမှာ ဖော်ပြထားခဲ့သလို အရင်ဆုံး ဖြစ်နိုင်ချေ အများဆုံးရှိတဲ့ စကားလုံး ပေါင်းစပ်မှုမျိုးတွေနဲ့ သူ ကျော်လွှားချင်တဲ့ Passwords ကို စတင် ချဉ်းကပ်ပါတယ်။ သာမန် Users တွေအတွက်သာ ဖြစ်နိုင်ချေရှိတဲ့ စကားလုံးတွေကို ရှေ့နောက်တွဲရတာ ၊ အပေါ်အောက် ချိန်းရတာ မနည်းမနော အချိန်ပေးရမယ် ထင်ရပေမယ့် Hackers တစ်ယောက်အတွက်တော့ ကလေးကစားစရာတစ်ခုလို မိနစ်ပိုင်းလောက်ပဲ ကြာမြင့်မှာပါ။ ဥပမာ လူတစ်ယောက်သုံးနေတဲ့ website တစ်ခုက Password ကို ခန့်မှန်းမယ် ဆိုပါစို့။ Hacker တစ်ယောက်က ဒါမျိုး အချက်တွေကို အဦးဆုံး စတင် စုဆောင်းပါတယ်။


  1. အဲ့ဒီ့သူရဲ့ ချစ်သူ ၊ သူ့ရဲ့ ကလေး ၊ အိမ်မွေးတိရစ္ဆာန် တွေရဲ့ နာမည် ၊ နောက်ပြီး အဲ့ဒီ့ နာမည်တွေရဲ့ နောက်မှာ " 0 " တို့ " 1 " တို့ ဆိုတဲ့ ဂဏန်းတွေ လိုက်ကောင်းလိုက်မယ်။ ( ဒါတွေက ကျွန်တော်တို့ အမြဲ လုပ်နေကျ passwords မျိုး မလား ?? ) :D  
  2. မှတ်ပုံတင်နံပါတ် - ကျောင်းသားကဒ် - စတဲ့ကဒ်တွေထဲက နောက်ဆုံး စာလုံး ( ၄ ) လုံး သို့မဟုတ် ရှေ့ဆုံး စာလုံး ( ၄ ) လုံး စသဖြင့် ...
  3. အလွယ်ကြိုက်သူတွေဆို 123 ဒါမှမဟုတ် 1234 အဲတာမှ မဟုတ်ရင် 123456 ( မသုံးဘူး မထင်ပါနဲ့ .. အဲလို သုံးနေတဲ့သူ ဘယ်လောက်များတယ်ဆိုတာ အပေါ်ဆုံးမှာ ဖော်ပြထားတဲ့ ဇယားကိုသာကြည့်ပါ။ )
  4. တစ်ချို့ တွေက password ဆိုတာကိုမှ "password" ဆိုပြီး နာမည်ပြန်ပေးကြတယ်။ အလွယ်ဆုံးက အလုံခြုံဆုံး ဆိုပြီး။ :D
  5. နောက် ကျွန်တော်တို့ နေထိုင်ရာ မွေးဖွားရာ မြို့တွေ၊ တက်ခဲ့တဲ့ ကျောင်း ၊ ကောလိပ် ၊ ကိုယ်သဘောကျတဲ့ အသင်းတစ်သင်းသင်း နာမည် ( သို့ ) ကိုယ်ပါဝင်လှုပ်ရှားခဲ့ဖူးတဲ့ အသင်းတစ်သင်း။ ( ဘောလုံး အသင်းနာမည် စသဖြင့် ... )
  6. ကိုယ်ကိုယ်တိုင် ၊ ဒါမှမဟုတ် ကိုယ့်ချစ်သူ ၊ ကိုယ့် ကလေး တွေရဲ့ မွေးနေ့တွေ။ 

စတဲ့ အချက်အလက်တွေကို စတင်စုံစမ်းပါလိမ့်မယ်။ အဲဒီလို ဖြစ်နိုင်ချေ ရှိတာတွေ သူရရှိပြီ ဆိုရင်တော့ သူတို့အားလုံးကို စုပေါင်းပြီး ဖြစ်နိုင်ချေရှိတဲ့ Characters တွေ ( ဆိုလိုတာ uppercase တွေနဲ့ ဖြစ်နိုင်မလား ၊ lowercase တွေနဲ့ ဖြစ်နိုင်မလား နောက်ပြီး special characters ကို သုံးထားမလား ) ဆိုပြီး ကွန်ပြူတာမှာ သူစတင် တွက်ချက်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ရဲ့ Password ထဲမှာပါ capital letter တစ်ခုခု ဒါမှမဟုတ် asterisk ( * ) လိုမျိုးများ တစ်ခုလောက် ပါခဲ့ပြီ ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Password သာ အနဲဆုံး ( ၈ ) လုံး ဖြစ်ခဲ့ - သူတွက်ချက်ရမယ့် ကြာချိန်ဟာ 2.4 days ကနေ ပြီး 2.1 centuries ထိ ကြာမြင့်သွားနိုင်ပါတယ်။ ဒီအောက်က ဇယားကို ကြည့်ရင် Passwords ရှည်လျားမှု ၊ Characters အစုံသုံးစွဲမှုကို လိုက်ပြီး Hacker တစ်ယောက်အတွက် တွက်ချက်မှု ဘယ်လောက် ကြာမြင့်နိုင်မလဲ ဆိုတာ လေ့လာတွေ့ရှိနိုင်ပါတယ်။




How I’d Hack Your Weak Passwords


တစ်ခုပြောစရာ ရှိတာက ဒီအပေါ်မှာ ဖော်ပြထားတဲ့ ကြာချိန်ဆိုတာ ကျွန်တော်တို့လို ပုံမှန် သုံးနေကျ ကွန်ပြူတာမျိုးနဲ့ တွက်ချက်ရင် ကြာမြင့်နိုင်မယ့် ကြာချိန်ကို အကြမ်းဖျဉ်းဖော်ပြထားတာပါ။ တကယ်လို့သာ Google မှာ သုံးနေတဲ့ Supercomputer လိုမျိုးတွေနဲ့သာ ဒီလို တွက်ချက်မှုမျိုး လုပ်ဆောင်မယ် ဆိုရင်တော့ ဒီ Password Hack တဲ့ လုပ်ငန်းစဉ်ဟာ အပေါ်မှာ ဖော်ပြထားတဲ့ ကြာမြင့်ချိန်ထက် အဆ ၁၀၀၀ မက ပိုပြီး မြန်ဆန် သွားနိုင်ပါတယ်။

ဒီအောက်က ဖော်ပြပါ ပုံကတော့ CXO ကနေ တွက်ချက် ဖော်ပြထားတဲ့ လူသုံးအများဆုံး Passwords တွေအလိုက် အခြေခံ ကြံခိုင်မှုပြ ဇယားပါ။ ကြည့်ရင်တော့ ဟာသပါပဲ။ ဟုတ်မှဟုတ်ပါ့မလားလို့တောင် ထင်ရပါတယ်။ ဒါပေမယ့် တကယ်ပါ။ အဲလို ခန့်မှန်းရလွယ်ပြီး အလွန်တရာကို ရိုးစင်းလွန်းတဲ့ Passwords မျိုးကို သူတို့ရဲ့ Online accounts တွေမှာ သုံးစွဲနေတဲ့ လူပေါင်း မနည်း ကမ္ဘာပေါ်မှာ ရှိနေပါတယ်။





popular gmail passwords

သင့် Password မည်မျှ ကြံ့ခိုင်ပါသနည်း ??

Online services တွေ ဖြစ်တဲ့ Google ရဲ့ Gmail တို့ WordPress တို့မှာ passwords တွေကို strength ကို စစ်ဆေးဖို့ password meters ဆိုတာ ရှိပါတယ်။ သူတို့တွေက ကျွန်တော်တို့ box ထဲမှာ ရိုက်လိုက်တဲ့  စာလုံးအတိုင်းကို လိုက်ပြီး ဘယ်လောက်ထိ Strong ဖြစ်မဖြစ် တိုင်းတာ စစ်ဆေးတာပါ။ ဒီလိုအပ်ချက်ကို ဖြေရှင်းနိုင်ဖို့ Microsoft ကနေလည်း  online tool တစ်ခု စီစဉ်ပေးထားပါတယ်။ သူကနေပြီး ကျွန်တော်တို့ Password က Strong ဖြစ်သလား Weak ဖြစ်သလား ချက်ချင်း အဖြေထုတ်ပေးနိုင်ပါတယ်။ ခုပဲ ဒီနေရာကနေ သွားရောက် စစ်ဆေးကြည့်ပါ။

ဒီနေရာမှာ ဒီ password checking tools တွေရဲ့ အားနည်းချက် တစ်ခုက - ကျွန်တော်တို့ ရိုက်ထဲ့လိုက်တဲ့ Password ကို ( Crack ဖို့လွယ်လို့ ) Weak ဖြစ်တယ် Strong ဖြစ်တယ် ဆိုပြီး အဖြေထုတ်ပေး နိုင်ယုံကလွဲရင် ကျွန်တော်တို့ရဲ့ Weak ဖြစ်နေတဲ့ Password တစ်ခုကို ဘယ်လို Strong ဖြစ်အောင် လုပ်ရမယ် ဆိုတာ အဖြေထုတ်မပေးနိုင်ပါဘူး။ 

ဒီအတွက်တော့ စိတ်မညစ်ပါနဲ့ Password Meter ဆီကို သွားလိုက်ပါ။ သူကလည်း online tool တစ်ခုပါပဲ။ သူကတော့ ကျွန်တော်တို့ password ရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးပေးယုံမျှ မက တကယ်လို့ ကျွန်တော်တို့ password က Weak နေတယ် ဆိုရင် ဘယ် characters မျိုးတွေနဲ့ တွဲဖက်သုံးသင့်တယ် ဆိုတာကိုပါ အကြံပေးပါတယ်။ ဥပမာ Password Meter နဲ့ ကျွန်တော် Strong ဖြစ်မယ့် Password တစ်ခု ဖန်တီးပြပါ့မယ်။ ဒီအောက်က ဖော်ပြပါ ပုံကို ကြည့်ပေးပါ။



အားလုံးကို ပြန်ပြီး အနှစ်ချုပ်ရမယ် ဆိုရင် ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ Online Accounts တိုင်းအတွက် Passwords ဖန်တီးမှုဆိုတာ ကျွန်တော်တို့ရဲ့ အသက်လောက် အရေးကြီးပါတယ်။ လုပ်ငန်း ငယ်ရင် ငယ်သလို ၊ ကြီးရင် ကြီးသလို Accounts တစ်ခု ဆုံးရံှုးမှုမှာ ဘဝတစ်ခုလုံး ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒါကြောင့် တန်ဖိုးထားသင့်တဲ့ မိမိရဲ့ Online Accounts တိုင်းအတွက် Passwords တိုင်းကို မှတ်ရလွယ်ကူယုံ Password အဖြစ် ဖန်တီးခြင်းကနေ ရှောင်ကျဉ်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

MF မိသားစုဝင်များ အားလုံး လုံခြုံသော ဘဝများ ရရှိနိုင်ကြပါစေ။

KznT.

Google Wave and His Future

ဒီနေ့တော့  September 30th ရက်နေ့ကစတင်ပြီး Google ကနေ စတင်အသက်သွင်းခဲ့တဲ့ Google Wave ဆိုတဲ့ စိတ်ဝင်စားဖို့ ကောင်းမယ့် Communication platform တစ်ခု အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ တစ်ချို့လည်း Google Wave ဆိုတာ အနဲအကျဉ်း တီးမိခေါက်မိ ရှိပြီးလောက်ပါပြီ။ ကျွန်တော်လည်း Google Wave သတင်းစကြားကြားချင်း Google Wave ရှိရာဆီ အရောက်သွားခဲ့ပါတယ်။





ကျွန်တော့်မှာ Personal သုံးတဲ့ Email Account နဲ့ တစ်ခြား Internet ထဲမှာ သုံးဖို့ ဆိုပြီး Google Account ( ၂ ) ခုရှိပေမယ့် တစ်ခုမှ Google Wave ထဲကို ဝင်လို့ မရခဲ့ပါဘူး။ ဒါကလည်း အကြောင်းရှိပါတယ်။ Google Wave က လတ်တလော အခြေအနေမှာ Google User တိုင်းအတွက် အသုံးချခွင့် မပေးနိုင်သေးပဲ Limited Preview အနေနဲ့ပဲ ထားရှိပြီး တကယ်လို့ Google User တွေထဲကမှ Google Wave ကို သီးသန့် အသုံးချချင်သူများကိုသာ သူတို့ထံ ခွင့်တောင်းခံလွှာတင်ပြီး အသုံးချခွင့် ပေးထားတာမျိုး ဖြစ်ပါတယ်။


Request an invitation ကနေ တစ်ဆင့် ဝင်ပြီးတော့မှ ကျွန်တော်တို့ကို Google Wave ကို အသုံးချခွင့်ပေးဖို့ ခွင့်တောင်းခံလွှာ ဖြည့်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ခွင့်တောင်းထားတာ ကြာပြီဆိုတော့ အခု Google Wave ကို အသုံးချလို့ ရနေပါပြီ။ ဒီ ခွင့်တောင်းခံလွှာဆိုတာကလည်း လတ်တလောမှာ wave လောကမှာ အသိမရှိ ဘာမရှိ ဖြစ်နေသူတွေ အတွက်သာ ရည်ရွယ်တာပါ။ ဥပမာ ဆိုကြပါစို့ ကိုယ့်သူငယ်ချင်း အသိတစ်ယောက်က Google Wave သုံးနေတာကို ကိုယ် သိတယ် ဆိုရင် Member ဖြစ်ပြီးတဲ့ သူကနေတစ်ဆင့် ကိုယ့် Gmail ဆီ လှမ်းပြီး Invite လုပ်ခိုင်းလို့ ရပါတယ်။ ဒါဆိုရင် လျှောက်လွှာတင်ပြီး သုံးခွင့်ရမယ့် အချိန်ထိစောင့်ဖို့ မလိုပါဘူး။ Invitation Mail ရောက်ပြီ ဆိုတာနဲ့ Google Wave ထဲ ဝင်သုံးလိုက်ယုံပဲ ဖြစ်ပါတယ်။ Member တစ်ယောက်ကို လှမ်းပြီး invite လုပ်ခိုင်းလို့ ရတယ် ဆိုပေမယ့် member ဖြစ်တိုင်းလည်း လတ်တလော အခြေအနေမှာ အကန့်အသတ်မရှိ invite လုပ်လို့ ရတာမျိုး မဟုတ်ပါဘူး။ Member တစ်ယောက်ကို နောက်ထပ် Google Wave အသုံးပြုနိုင်ဖို့ member အသစ် ၁၆ ယောက်ပဲ invite လုပ်ပိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါကလည်း လတ်တလော အခြေအနေကို ပြောတာပါ။ နောက်ပိုင်းတော့ ဒီ ပြဿနာက ပြေလည်သွားမှာပါ။



Google Wave အကြောင်းကို ပြောမယ် ဆိုတော့ သူ့အကြောင်းအရာက အရမ်းကျယ်ပြန့်ပါတယ်။ တစ်ရက်နဲ့ ရေးလို့ မပြီး ၊ နှစ်ရက်နဲ့ ရေးလို့ မပြီး နောက်ဆုံး စာဖတ်တဲ့သူ ငြီးငွေ့ပြီး ဘယ်သူမှ မဖတ်ချင်တော့မယ့် Thread မျိုး အဖြစ်ကို ရောက်သွားမှာလည်း ကျွန်တော် မလိုလားပါဘူး။ ဒါကြောင့်မို့လို့ Google Wave ရဲ့ အကြောင်းအရာပေါင်း များစွာ ၊ အဓိပ္ပါယ် သတ်မှတ်ချက်ပေါင်း မြောက်များစွာ ထဲကမှ တန်ဖိုးရှိပြီး အဓိက ကျမယ့် အကြောင်းအရာတွေကိုပဲ ရွေးချယ် ဆွေးနွေးသွားဖို့ ဦးတည်လိုက်ပါတယ်။

Google Wave ဆိုတာ ဘာလဲ ??

Google Wave ဆိုတာကို အလွယ်ကူဆုံး အဓိပ္ပါယ် ဖွင့်ဆိုရမယ် ဆိုရင်တော့ လူမှုပတ်ဝန်းကျင်မှာ အချိန်နဲ့ တစ်ပြေးညီ ပေါင်းစပ်ဆောင်ရွက်နိုင်မယ့် နည်းပညာသစ် တစ်ရပ်လို့ပဲ ပြောရပါလိမ့်မယ်။ သူ့မှာ ဘာတွေ ပေါင်းစပ်ပါဝင်နေသလဲ ဆိုရင် Email တွေ ၊ Instant messaging တွေ ၊ နောက်ပြီး wikis ၊ web chat ၊ social networking နဲ့ တစ်ခြား project management တွေကို တစ်နေရာတည်းကနေ ပေါင်းစပ် လုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ပြီး တည်ဆောက်ထားပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ နောက်ပြီး လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ဖော်ကိုင်ဖက်တွေကို Google Wave လို့ ခေါ်တဲ့ တစ်နေရာတည်းကို စုစည်းခေါ်ယူပြီး လုပ်ငန်းပိုင်းဆိုင်ရာ ညိှနိှုင်းမှုတွေ ၊ ဘယ်နေ့မှာ ဘာလုပ်မယ် ဆိုတာတွေ ၊ တစ်ယောက်နဲ့ တစ်ယောက် လိုအပ်နေတဲ့ ဖိုင်တွေ စသဖြင့် လိုအပ်တာတိုင်း ကို ပေါင်းစပ်လုပ်ကိုင်နိုင်ဖို့ စီစဉ်ထားပါတယ်။ Google Wave မှာ ကျွန်တော်တို့အတွက် အသုံးမချဖူးသေးတဲ့ features ပေါင်း မြောက်များစွာ ပါဝင်ပြီး ဒီအောက်က ဖော်ပြချက်တွေကတော့ အဲတာတွေထဲကမှ အနည်းအကျဉ်းလောက်ကို ဖော်ပြထားခြင်းပဲ ဖြစ်ပါတယ်။

  • Real-time - အခြေအနေတစ်ခုကို ကျွန်တော်တို့ စုပေါင်းဆွေးနွေးကြတဲ့ အခါ တစ်ယောက်ယောက်က ဘာကို ပြောကြားချင်နေတယ် ဆိုတာ သူရိုက်လိုက်တဲ့ စာလုံးတိုင်းကိုလိုက်ပြီး အချိန်နဲ့ တစ်ပြေးညီ ကျွန်တော်တို့ မြင်တွေ့နေရမှာ ဖြစ်ပါတယ်။
  • Embeddability - Embedded လုပ်တယ်ဆိုတာ အတော်များများ သိပြီးသား ဖြစ်ကြမယ် ထင်ပါတယ်။ ကျွန်တော်တို့ Waves ထဲကနေ ပြီး မိမိနှစ်သက်ရာ blog ဒါမှမဟုတ် website ကို embedded လုပ်ဆောင်လို့ ရမှာ ဖြစ်ပါတယ်။
  • Applications and Extensions - သူကတော့ ဘာနဲ့ တူသလဲ ဆို Facebook တို့ iGoogle တို့လိုပါပဲ။ developers တွေက waves အတွင်းမှာပဲ ကိုယ့်ရဲ့ own apps တွေကို ထည့်သွင်း တည်ဆောက် သွားနိုင်ပါလိမ့်မယ်။
  • Wiki functionality - Google Wave ထဲမှာ ကျွန်တော်တို့ ဆွေးနွေးကြတာတဲ့ အခါ တစ်ယောက်ယောက် ဖော်ပြထားတဲ့ အကြောင်းအရာ အချက်အလက်တစ်ခုကို တစ်ခြား တစ်ယောက်ယောက်က ပြင်ဆင်တည်းဖြတ်မှု လုပ်ဆောင်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် Google Wave Platform က Conversations အားလုံးကို Shared လုပ်ဆောင်ထားပြီး သား ဖြစ်နေလို့ပါ။
  • Open source - Google Wave ရဲ့ code တွေက open source အဖြစ်တည်ရှိနေမှာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ developers တြွေကားမှာ တဖြည်းဖြည်း လေ့လာတည်ဆောက်ယူရင်းနဲ့ ပိုပြီး တိုးတက်လာစေဖို့ ဖြစ်ပါတယ်။
  • Playback - သီချင်းတွေ ဘာတွေ ဖွင့်ရင် ကြိုက်တဲ့ သီချင်း တစ်ပုဒ်ကို ထပ်ခါထပ်ခါ ပြန်ဖွင့်လို့ ရသလို မျိုးပေါ့ .. Google Wave မှာလည်း  Wave ထဲမှာ ပါဝင်နေတဲ့ ဘယ် အစိတ်အပိုင်း ကို မဆို ဘယ်သူတွေ ဘာပြောခဲ့လဲ ဆိုတာ အချိန်မရွေးပြန်လည် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
  • Natural language - Google Wave က ကျွန်တော်တို့ ရိုက်တဲ့ စာလုံးတိုင်းကို အမှားရှိမရှိ လိုက်လံစစ်ဆေးပေးပြီး မှားနေတဲ့ စာလုံးတိုင်း အတွက် autocorrect လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီအောက်က ပုံလေးကို ကြည့်ပါ။ ကျွန်တော်က Myanmar ဆိုတဲ့ နေရာမှာ " a " စာလုံးကို ချန်ခဲ့ပြီး ရိုက်လိုက်ပါတယ်။ ဒါပေမယ့် Google Wave ကတော့ ကျွန်တော် ဘာရိုက်ချင်လဲ ဆိုတာ သိပါတယ်။ ဒါတင်ပဲလား မကသေးပါဘူး သူက auto-translate ကိုလည်း လုပ်ဆောင်ပေးနိုင်ပါတယ်။


  • Drag-and-drop file sharing - ကျွန်တော်တို့ သုံးနေကျ Emails တွေထဲမှာ Attachments တွဲသလို လိုက်တွဲနေစရာ မလိုပါဘူး။ မိမိ Share ပေးလိုတဲ့ ဖိုင်ကို Google Wave ထဲ Drag and Drop ဆောင်ရွက်လိုက်ယုံနဲ့ ကျန်သူများ အားလုံး access လုပ်နိုင်မှာ ဖြစ်ပါတယ်။

အခု ကျွန်တော် ဖော်ပြခဲ့တာတွေဆိုတာ Google Wave ရဲ့ များပြားလွန်းတဲ့ Features တွေထဲကမှ အနည်းအကျဉ်းလောက်ပါ။ နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းပြီး အသုံးတည့်တဲ့ စွမ်းဆောင်ချက်တွေ အများအပြားကျန်နေပါသေးတယ်။


Google Wave အား ပိုင်းခြားလေ့လာခြင်း




နည်းပညာဆိုင်ရာ အကြောင်းအရာသစ် တစ်ရပ်ကို လေ့လာတော့မယ် ဆိုတဲ့ အခါ သူနဲ့ ပတ်သတ်နေတဲ့ စကားလုံးအဓိပ္ပါယ်တွေကို အကုန်လုံး မဟုတ်တောင် အရေးပါပြီး သူ့နယ်ပယ်ထဲမှာ သုံးနေတဲ့ စကားလုံးတိုင်း အတွက် နားလည်သိရှိပြီးသား ဖြစ်နေဖို့ လိုပါတယ်။ Google Wave မှာလည်း သူနဲ့ ပတ်သတ်နေတဲ့ ကိုယ်ပိုင် Language ရှိပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဒီ Communication Platform ကို ရေရေရာရာ နားလည်နိုင်ဖို့ Google Wave မှာ သုံးနေတဲ့ စကားလုံးတစ်ချို့ရဲ့ အဓိပ္ပါယ် သတ်မှတ်ချက်တွေကို အခု လေ့လာကြရအောင်ပါ။ ဒီ စကားလုံးတွေကို နားလည်ထားခြင်း အားဖြင့် Google ကနေပြီး နောက်ဆုံးတင်ဆက်ဖို့ ကြိုးစားနေတဲ့ Project တစ်ခု အကြောင်းကို ကျွန်တော်တို့ ကောင်းကောင်း သဘောပေါက်သိရှိသွားပါလိမ့်မယ်။

  • Wave - မြန်မာလို ဆိုရင်တော့ လိှုင်းတစ်ခုပေါ့။ အဲ့ဒီ့လိှုင်းက ဘာကို ကိုယ်စားပြုချင်တာလဲ ဆိုရင် Google Wave ကို အသုံးပြုပြီး လုပ်ဆောင်ချက် တစ်ခု ( ဝါ ) ဆွေးနွေးချက် တစ်ခုကို ကိုယ်စားပြုပါတယ်။ Wave တစ်ခုမှာ လူတစ်ဦးတစ်ယောက်တည်း ဆောင်ရွက်နေတာမျိုးတွေလည်း ပါဝင်နိုင်သလို  Robots တွေ အပါအဝင် ( Robots ၏ အကြောင်းအား အောက်တွင် ဖော်ပြထားပါသည် ) လူအများနဲ့ စုပေါင်းပြီး လုပ်ဆောင်နေရတာမျိုးလည်း ပါဝင်နိုင်ပါတယ်။ မြင်သာအောင် နိှုင်းယှဉ်ပြရမယ်ဆိုရင် သူက ဘာနဲ့ တူသလဲ ဆိုတော့ ကျွန်တော်တို့ အင်တာနက်ထဲမှာ တစ်ယောက်ယောက်နဲ့ Chatting လုပ်ပြီးတဲ့ အချိန်မှာ Chat History ထဲမှာ ပေါ်လာတဲ့ သူနဲ့ ကိုယ်နဲ့ ပြောခဲ့တဲ့ အကြောင်းအရာ တစ်ခုလုံး ( ဝါ ) message history တစ်ခုလုံးနဲ့ သဘောတရားတူပါတယ်။ ဆိုလိုတာက Wave လို့ ပြောလိုက်တာနဲ့ ဒီ အထဲမှာ ကိုယ်တစ်ယောက်တည်း ဖော်ပြထားတဲ့ အကြောင်းအရာ အစအဆုံး ပါဝင်တာမျိုးလည်း ဖြစ်နိုင်သလို ၊ လူအများနဲ့ ကိုယ်နဲ့ အတူတူပြောဆို ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာ တစ်ခုလုံးကိုလည်း wave တစ်ခု အဖြစ် သတ်မှတ်ပါတယ်။ အပေါ်မှာ ကျွန်တော် ဖော်ပြထားတဲ့ သရုပ်ဖော်ပုံလေးကို ကြည့်ပေးပါ။

  • Hi Guys ...
  • When are we getting pizza ?
  • At 6 PM.
  • I'd rather get Burmese food.
  • Yep, me 2. Let's Bail.

ဒီ အပေါ်မှာ ဖော်ပြထားတဲ့ လူအားလုံး ဆွေးနွေးထားတဲ့ ဆွေးနွေးချက်တွေ ပါဝင်နေတဲ့ Conversation တစ်ခု လုံးကို Wave လို့ ခေါ်ပါတယ်။

  • Wavelet - သူကတော့ မြန်မာလိုဆို လိှုင်းငယ်လေး တစ်ခုပါ။ လိှုင်းငယ် ဆိုတော့ သူကလည်း အပေါ်မှာ ပြောခဲ့တဲ့ သဘောတရာ အတိုင်းပဲပေါ့။ သူကလည်း ဆွေးနွေးချက် တစ်ခုကို ကိုယ်စားပြု တာပါပဲ။ ဒါပေမယ့် သူက Wave နဲ့ မတူပါဘူး။ သူက Conversation လိှုင်းတစ်ခု ဆိုပေမယ့် လူအများ စုပေါင်းပြောဆိုနေကြတဲ့ Wave အကြီးစား တစ်ခုထဲကမှ လူတစ်ချို့သာ ပြောဆိုနေကြတဲ့ Wave ကို ဆိုလိုပါတယ်။ ကျွန်တော် ဖော်ပြထားတဲ့ သရုပ်ဖော်ပုံလေးကို ကြည့်ပေးပါ။

  • Hi Guys ...
  • When are we getting pizza ?
  • At 6 PM.

ဒီလို လိှုင်းငယ် တစ်ခုတည်းမှာပဲ ပါဝင်တဲ့ ဆွေးနွေးချက်တွေကို Wavelet လို့ ခေါ်ပါတယ်။
  • Blip - သူကတော့ Wave အားလုံးထဲမှာက အသေးငယ်ဆုံး စကားတစ်ခွန်း ၊ စာကြောင်းတစ်ကြောင်း ၊ အကြောင်းအရာတစ်ခုကို ကိုယ်စားပြုတဲ့ Wave ကို ဆိုလိုတာပါ။ သူက ဘာနဲ့ တူသလဲဆိုရင် တစ်ယောက်နဲ့ စကားပြောတဲ့ အခါ " နေကောင်းလား " ဆိုပြီး မေးတဲ့ တစ်ကြောင်းတည်းသော စာကြောင်းနဲ့ သဘောတရားချင်း ဆင်တူပါတယ်။ Blip လို့ ခေါ်ဆိုတဲ့ စာတစ်ကြောင်းကို ရိုက်ပြီးတဲ့ အချိန်မှာ ဒီစာကြောင်းကို Publish လုပ်မယ် မလုပ်ဘူး ဆိုတာ စာရိုက်တဲ့သူက ထိန်းချုပ်လို့ရပါတယ်။ ဘာနဲ့ တူသလို Gtalk မှာ စာရိုက်ပြီး Enter မခေါက်ခင် စဉ်းစားတဲ့ အခြေအနေနဲ့ သဘောချင်း ဆင်ပါတယ်။ အပေါ်က သရုပ်ဖော် ပုံနဲ့ ပြောရမယ် ဆိုရင်တော့ -

  • Hi Guys ...

ဒီစာကြောင်းတစ်ကြောင်းတည်းက Blip ပါပဲ။
  • Document - သူကတော့ Blip ထဲမှာ ပါဝင်နေတဲ့ အကြောင်းအရာ အချက်အလက် Data အားလုံးကို ဆိုလိုတာပါ။ ဘာအကြောင်းအရာတွေလဲ ဆိုရင် Blip တစ်ခုထဲမှာ ပါရှိနေတဲ့ စာသားတွေ ၊ စကားလုံးတွေ ၊ ဖိုင်တွေ ... စသဖြင့် အားလုံးကိုဆိုလိုပါတယ်။

  • Extension - Extension ဆိုတာ Wave ထဲမှာ ပါဝင် အသုံးပြုတဲ့ Applications အသေးစား တစ်ခုပါပဲ။ ဘာအတွက်လဲ ဆိုရင် Wave ကို အသုံးပြုနေတဲ့ အချိန်မှာလိုအပ်တာ မှန်သမျှကို သက်တောင့်သက်သာ အဆင်ပြေပြေ သုံးစွဲနိုင်အောင်လို့ပါ။ Google Wave မှာ အသုံးပြုတဲ့ Extensions ( ၂ ) မျိုး ( ၂ ) စားရှိပြီး သူတို့ကို Gadgets နဲ့ Robots လို့ ခေါ်ပါတယ်။

  • Gadgets - Gadgets ဆိုတာ users တွေ အသုံးပြုနိုင်ဖို့ စီစဉ်ပေးထားတဲ့ Applications တွေ ဖြစ်ပြီး သူတို့တွေကို Google ရဲ့ OpenSocial platform နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဘာနဲ့ အလားသဏ္ဍန် တူလဲ ဆိုရင် iGoogle မှာ သုံးတဲ့ Gadgets တွေ နောက်ပြီး Facebooks မှာ သုံးကြတဲ့ Applications တွေနဲ့ သဘောတရားချင်း ဆင်ပါတယ်။

  • Robots - သူကတော့ Wave တစ်ခုအတွင်းမှာ အလိုလျောက် ပါဝင်ဆောင်ရွက်နိုင်စွမ်းရှိတဲ့ automated applications တွေကို ဆိုလိုတာပါ။ ဥပမာ - ဘာသာစကား မတူတဲ့ နိုင်ငံခြားသား ၂ ယောက် Wave ကို သုံးပြီး စကားပြောကြတယ် ဆိုပါစို့။ တစ်ယောက်က ပြင်သစ်လို ပြောတယ် နောက်တစ်ယောက်က အင်္ဂလိပ်လို ပြောတယ်။ နှစ်ယောက်လုံးက တစ်ခြားသူ တစ်ယောက်ရဲ့ ဘာသာစကားကို နားလည်တတ်ကျွမ်းထားဖို့ မလိုပါဘူး။ Rosy လို့ ခေါ်တဲ့ စကားပြန် Robots ကို ကိုယ်နဲ့ သူ စကားပြောနေတဲ့ wave ထဲမှာ ထည့်ပြီး ခေါ်သွင်းထားလိုက်မယ် ဆိုရင် တစ်ဖက်က ပြင်သစ်လို ရိုက်လိုက်တဲ့ စာကြောင်းတွေ ကိုယ့်ဆီရောက်တဲ့ အချိန်မှာ အင်္ဂလိပ်လို ဖြစ်သွားပြီး။ ကိုယ်ရိုက်လိုက်တဲ့ အင်္ဂလိပ်စာကြောင်း ကလည်း သူ့ဆီရောက်ရင် ပြင်သစ်စာ ဖြစ်သွားမှာ ဖြစ်ပါတယ်။ 


  • Embeded Wave - Embeded Wave ဆိုတာ Wave တစ်ခုနဲ့ အတူ သူ့ထဲမှာ ပါဝင်နေတဲ့ အကြောင်းအရာအားလုံး ယူဆောင်ပြီး ကိုယ့်ရဲ့ Site ဒါမှမဟုတ် ကိုယ် ဖော်ပြချင်တဲ့ နေရာမှာထည့်သွင်းနိုင်ဖို့ အတွက် နည်းလမ်းကို ဆိုလိုပါတယ်။ Users တွေက ဒီနည်းလမ်းကို အသုံးချပြီး ကိုယ့်ကို အလွယ်တကူ ဆက်သွယ်နိုင်ဖို့ အတွက် Chatroom တွေ အဖြစ် တည်ဆောက်ကြတာ တွေ့ရပါတယ်။ တစ်ခြား ရည်ရွယ်ချက် မျိုးစုံနဲ့လည်း အသုံးချလို့ ရပါသေးတယ်။

Wave Gadgets များ အကြောင်း



Wave Gadget ဆိုတာ Google Wave extensions အမျိုးအစား ( ၂ ) မျိုးထဲက တစ်မျိုးပဲ ဖြစ်ပါတယ်။ နောက်ပြီး Gadgets ဆိုတာ users တွေ စိတ်တိုင်းကျ အသုံးချနိုင်တဲ့ Apps တွေဆိုရင်လည်း မမှားပါဘူး။ Google ရဲ့ ဖန်တီးမှု အောက်မှာ Gadgets တွေဟာ ယေဘုယျအားဖြင့် Waves ကို အသုံးပြုတဲ့ သူတွေအတွက် အပြောင်းအလဲ ဖြစ်စေနိုင်ဖို့နဲ့ စိတ်ကျေနပ်မှု ရရှိစေနိုင်ဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်။ 


ပထမအချက်အနေနဲ့ - iGoogle နဲ့ OpenSocial gadget တွေအပါအဝင် အားလုံးလိုလိုဟာ Google Wave အတွင်းမှာ ပူးပေါင်းအသုံးပြုနိုင်မှာ ဖြစ်ပြီး ဒါဟာဘာကို ဖော်ပြသလဲ ဆိုရင် Apps ပေါင်း မြောက်များစွာဟာ Google Wave ထဲမှာ အသုံးချဖို့အတွက် ကြိုတင်ဖန်တီးထားပြီးသား ဖြစ်နေတယ် ဆိုတာ သိသာစေပါတယ်။
ဒုတိယအချက်အနေနဲ့ - Google Wave ထဲမှာ အသုံးပြုနေတဲ့ Gadget တစ်ခုဟာ wave ကို အသုံးပြုနေသူ users တွေရဲ့ ကြားမှာ အပြန်အလှန် ဆက်သွယ်မှု ရယူဆောင်ရွက်နိုင်ပါတယ်။ မြင်သာအောင် ပြောရမယ် ဆိုရင် online game သဘောတရားမျိုးနဲ့ ဆင်ပြီး ကိုယ်လည်းပဲ တခြား gamers တွေနဲ့ အတူ ဝင်ရောက် ဆော့ကစားနေတာမျိုးနဲ့ ဆင်ပါတယ်။ နောက်တစ်မျိုး ဆိုရရင် Facebook နဲ့ Myspace တို့က လူကြိုက်များတဲ့ apps တွေနဲ့ သဘောတရားချင်း ဆင်တူပြီး ကိုယ့်သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အတူ ဂိမ်းတွေ ဆော့ကစားတာ ၊ မေးခွန်းလေးတွေ ဖြေတာ ၊ စတာတွေကို ပျော်ရွှင်ကြည်နူးစွာနဲ့ အသုံးချဆော့ကစား နိုင်မှာ ဖြစ်ပါတယ်။

Google Waves မှာ ပါဝင်တဲ့ Gadgets တွေဆိုတာ တစ်ဦး တစ်ယောက်ချင်းစီ ၊ Waves တစ်ခုချင်း စီအတွက် ဖြစ်ပြီး ကျွန်တော်တို့ရဲ့ Facebook profile မှာ ရှိနေတဲ့ apps တွေနဲ့ မတူတာ တစ်ချက်က apps တွေက users တွေကို ပိုင်ဆိုင်တာမျိုး မဟုတ်ပဲ ၊ users တွေကသာ apps ကို ပိုင်ဆိုင်ပြီး မိမိအလိုရှိသလို အသုံးချနိုင်ခြင်းပဲ ဖြစ်ပါတယ်။ တစ်ခြား gadgets တွေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို အသေးစိတ် လေ့လာချင်သူတွေ အတွက်ကတော့ အောက်ဖော်ပြပါ link ကနေ သွားရောက် လေ့လာနိုင်ပါတယ်။


Wave Gadgets Tutorial


Wave Robots များ အကြောင်း





Robots ဆိုတာလည်း Google Wave ရဲ့ နောက်ထပ် Extension တစ်မျိုးပါပဲ။ ဒါပေမယ့် သူ့မှာ ထူးခြားချက်တွေရှိပါတယ်။ ဘယ်လို ထူးခြားတာလဲ ဆိုရင် သူက ကျွန်တော် အပေါ်မှာ နဲနဲ အစပျိုးဖော်ပြခဲ့ပြီး သလိုမျိုး သက်ရှိတစ်ယောက် မဟုတ်ပေမယ့် Google Wave conversation အတွင်းမှာ သက်ရှိ တစ်ယောက်လို ဝင်ရောက် စွမ်းဆောင်ပေးနိုင်တဲ့ Extension တစ်ခု ဖြစ်နေတယ် ဆိုတာပါ။ ဒါကြောင့်မို့လည်း သူ့ကို Robots လို့ ကျွန်တော်တို့ ခေါ်ကြတာပေါ့။ ဒီ Robots တွေက ဘာတွေ လုပ်ဆောင်နိုင်သလဲ ဆိုရင် Waves တွေအတွင်းမှာ ကျွန်တော်တို့ သုံးစွဲနေစဉ်အတွင်း  လိုအပ်မယ့် Information တွေကို အလိုလျောက် ယူဆောင်လာပေးနိုင်တယ်။ နောက်ပြီး တစ်ခြား Waves တွေနဲ့ ကူးသန်းဆက်နွယ်လို့ ရအောင် လုပ်ဆောင်ပေးတယ်။ တစ်ခြားနေရာတစ်ခုက အကြောင်းအရာတွေ ကိုယ်လိုချင်ပြီဆို ကိုယ့်ဆီရောက်လာအောင် အလိုလျောက် ခေါ်လာပေးတယ်။ စသဖြင့် Robots အမျိုးအစားခြင်း မတူလို့ တစ်ခုနဲ့ တစ်ခု လုပ်ဆောင်ပုံခြင်းတော့ မတူညီကြပါဘူး။ Waves ထဲမှာ ရှိတဲ့ Robots တစ်ချို့နဲ့ မိတ်ဆက်ပေးရရင် - အပေါ်မှာ ပြောခဲ့ပြီးတဲ့  Rosy လို့ ခေါ်တဲ့ စကားပြန် Robots ကို ကိုယ်နဲ့ တစ်ခြားသူ ( ဘာသာစကားမတူသူ ) စကားပြောနေတဲ့ wave ထဲမှာ ထည့်ပြီး ခေါ်သွင်းထားလိုက်မယ် ဆိုရင် ဥပမာအနေနဲ့ တစ်ဖက်က ပြင်သစ်လို ရိုက်လိုက်တဲ့ စာကြောင်းတွေ ကိုယ့်ဆီရောက်တဲ့ အချိန်မှာ အင်္ဂလိပ်လို ဖြစ်သွားပြီး။ ကိုယ်ရိုက်လိုက်တဲ့ အင်္ဂလိပ်စာကြောင်း ကလည်း သူ့ဆီရောက်ရင် ပြင်သစ်စာ ဖြစ်သွားမယ်။ နောက် Stocky လို့ခေါ်တဲ့ Robots ရှိနေမယ် ဆိုရင် လက်ရှိ Stock ဈေးကွက်ပေါ် အခြေခံပြီး stock prices တွေ ကျွန်တော်တို့ သိရအောင် သူက အလိုလို ဖော်ပြပေးနိုင်မယ်။ Tweety လို့ခေါ်တဲ့ Robots ရှိနေမယ် ဆိုရင် Wave အတွင်းမှာပဲ tweets တွေကို မြင်တွေ့နေရမယ် ... စသဖြင့် ရှိပါတယ်။

ဒီ့ထက်ပိုပြီး သိချင် လေ့လာချင်သူတွေ အနေနဲ့ကတော့ Google ကနေ ဖော်ပြထားတဲ့ ဒီနေရာမှာ သွားရောက် လေ့လာနိုင်ပါတယ်။

Wave Embeds



Wave တစ်ခုကို Blog တစ်ခုထဲ  ထည့်ရတာ Youtube က ဗွီဒီယို တစ်ခုကို Blog ထဲ ထည့်ရတာထက် နဲနဲလေး ပိုရှုပ်တယ်လို့ ထင်ရပေမယ့် သူ့မှာ အသုံးပြုသူအတွက် အများကြီး အဆင်ပြေအောင် ဖန်တီးပေးထားပါတယ်။ Wave Embeds မတိုင်ခင်ကတည်းက Google ကနေပြီး ကြိုပြီး လုပ်ဆောင်ထားတာတွေလည်း ရှိပါသေးတယ်။


အဲတာတွေက YouTube Playlist တွေနဲ့ ပတ်သတ်ပြီး Wave ထဲမှာ အပြန်အလှန် ဆွေးနွေးနိုင်တာတွေ၊  Extensions ( ၂ ) ခုကို အတူတူ Embed လုပ်နိုင်အောင် ပံ့ပိုးထားတာတွေ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ထားခြင်းဖြင့် Wave တစ်ခုတည်း အတွင်းမှာ  YouTube က video တစ်ခုခုကို တစ်ယောက်ယောက်က စဆွေးနွေးထားရင် နောက်လူတွေကပါ စာမျက်နှာ တစ်ခုတည်းမှာ နောက်ထပ် Waves တွေ ခွဲပြီး ထင်မြင်ချက်တွေ၊သုံးသပ်ချက်တွေ အချိန်နဲ့ တစ်ပြေးညီ ဝင်ရောက် ဆွေးနွေးပြောဆိုသွားနိုင်မှာ ဖြစ်ပါတယ်။ Google Wave Embeds ရဲ့ အဓိက ဦးတည်ထားတဲ့ ရည်ရွယ်ချက် တွေထဲက ဖြစ်နိုင်ချေရှိတာ တစ်ခုကတော့ အချိန်နဲ့ တစ်ပြေးညီ အကြောင်းတစ်စုံတစ်ရာနဲ့ ပတ်သတ်ပြီး ထင်မြင်ချက် ၊ ယူဆချက် ( comments ) တွေကို ရယူသွားနိုင်ဖို့ ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ တကယ်လို့ Google ကသာ Wave Embeds နဲ့ ပတ်သတ်ပြီး ကောင်းသထက်ကောင်းအောင် ပြင်ဆင်သွားနိုင်မယ် ဆိုရင် နောက်ဆိုရင် YouTube.com က comments တွေကို waves နဲ့ အစားသွင်း ဖော်ပြသွားနိုင်လိမ့်မယ် လို့တောင် ယူဆလို့ ရပါတယ်။ ဒါပေမယ့် လတ်တလေး အခြေအနေမှာတော့ အတိအကျကြီး ပြောဖို့ ခက်ခဲနေပါသေးတယ်။


Google ရဲ့  Wave Embed Developer’s Guide အကြောင်းကို ဖော်ပြပါ နေရာကနေ အကျယ် သွားရောက် ဖတ်ရှု့နိုင်ပါတယ်။


Google Wave ၏ အခြားသော လေ့လာဖွယ်ရာများ



  • Google Wave Federation Protocol: ဒီနေရာကနေ Google ကနေ ဖော်ပြထားတဲ့ Wave protocol တည်ဆောက်ပုံတွေ တစ်ခြား အသေးစိတ် သိစရာတွေကို လေ့လာနိုင်ပါတယ်။

  • Google Wave API: Developers တွေ အတွက် စိတ်ဝင်စားစရာ Google Wave ကို ဘယ်လိုတည်ဆောက်ထားတယ် ဆိုတာ ဖော်ပြပါ နေရာကနေ သွားရောက်လေ့လာနိုင်ပါတယ်။

  • Google Wave Updates: Google Wave မှာ Sign Up မလုပ်ရသေးဘူး မလား ?? ဒီနေရာကနေ Sign Up လုပ်ပြီး မကြာမတင် ကာလမှာ Google ရဲ့ လိှုင်းကွန်ယက် အတွင်း တွေ့ဆုံကြရအောင်ပါ။

MF မိသားစုဝင် အားလုံး Google Wave နှင့် အကျွမ်းတဝင် ပျော်ဝင်နိုင်ကြပါစေ။

KanT.

Dummies Ebooks Collection A Series

ကျွန်တော် စစချင်းတော့ တစ်အုပ်ချင်း ခွဲတင် ပေးမလို့ပါပဲ ... ဒါပေမယ့် အဲလောက်ထိ အချိန်မပေးနိုင်တော့တာကြောင့် စာအုပ်လိုချင်သူတွေ အဆင်ပြေအောင် Dummies Ebooks ကို Series လိုက်ခွဲပြီး ပေါင်းတင်ပေးလိုက်ပါတယ်။ လောလောဆယ်တော့ A Series ပါ။ Dummies Ebooks A Series ဆိုတာ တစ်ခြားတော့ မဟုတ်ပါဘူး။ A နဲ့ စတာတွေချည်း စုထားတာပါ။ အပေါ်က တစ်အုပ်ချင်းစီ တင်ထားတာတွေပါ ဒီ အထဲမှာ အားလုံး ပြန်ထည့်ပေးထားပါတယ်။ ဖြစ်နိုင်ရင် Series လိုက်ကို အားရင် အားသလို တင်ပေးသွားပါ့မယ်။



ဒေါင်းလုပ်ချလိုက်ရင် ရရှိလာမယ့် စာအုပ်စာရင်းတွေကတော့ အောက်ဖော်ပြပါ အတိုင်းပါ။

  1. 3dsmax 5 for Dummies (2003).chm
  2. A Family's Guide to the Military For Dummies - (2008).pdf
  3. A+ Certification for Dummies 2nd Ed (2001).pdf
  4. A+ Certification for Dummies, 3rd (Ron Gilster, 2004, 0764541870).chm
  5. Access 2007 VBA Programming For Dummies (Wiley, 2007).pdf
  6. Accounting for DUMmIES 4th.pdf
  7. Accounting WorkBook for DUMmIES.pdf
  8. Acne for DUMmIES.pdf
  9. ACT 2005 for Dummies (2004).pdf
  10. ACT 2007 For Dummies - K. Fredricks (Wiley, 2006) WW.pdf
  11. ACT! by Sage for DUMmIES 9th.pdf
  12. Active Directory for DUMmIES 2nd.pdf
  13. Adobe Acrobat 6 PDF For Dummies 2003 Wiley RR.pdf
  14. Adobe Creative Suite 2 All-In-One Desk Reference for Dummies (2005).pdf
  15. Adobe Creative Suite 3 All-In-One Desk Reference for DUMmIES.pdf
  16. Adobe Creative Suite All-In-One Desk Reference for Dummies (2004).chm
  17. Adobe Illustrator 10 for Dummies.pdf
  18. Adobe Illustrator CS for Dummies.pdf
  19. Adobe InDesign CS3 for DUMmIES.pdf
  20. Adobe Premiere Elements for Dummies (2004).pdf
  21. Advanced Selling for DUMmIES.pdf
  22. Advertising for Dummies.pdf
  23. Ajax for Dummies (2006).pdf
  24. Algebra II for DUMmIES.pdf
  25. Anatomy & Physiology WorkBook for DUMmIES.pdf
  26. Ancient Egyptians For Dummies.pdf
  27. Ancient Greeks For Dummies.pdf
  28. Anger Management for DUMmIES.pdf
  29. Answering Tough Interview Questions for DUMmIES.pdf
  30. AP Biology for DUMmIES.pdf
  31. AP Chemistry for DUMmIES.pdf
  32. AP Chemistry For Dummies - P. Mikulecky, et al., (Wiley, 2009) WW.pdf
  33. AP English Literature & Composition for DUMmIES.pdf
  34. Arabic for DUMmIES.pdf
  35. ASP NET 3 5 For Dummies Feb 2008.pdf
  36. ASP.NET 2.0 All-In-One Desk Reference for DUMmIES.pdf
  37. Australia For Dummies.pdf
  38. Auto Repair for Dummies.pdf
  39. Auto Repair for Dummies - D Sclar (1999) WW.pdf
  40. AutoCAD 2005 for Dummies (2004).pdf
  41. AutoCAD 2007 For Dummies - D. Byrnes, M. Middlebrook (Wiley, 2006) WW.pdf

Download ကိုတော့ တတ်နိုင်သမျှ အဆင်အပြေဆုံး ဖြစ်အောင် Multiupload ကနေ တင်ပေးထားပါတယ်။ Links တွေ ခဏခဏ ပျက်တဲ့ ပြဿနာကနေ အတတ်နိုင်ဆုံး ထိန်းထားနိုင်အောင်လို့ပါ။

My Ebooks A Series.part4.rar (3.1 MB)
http://www.multiupload.com/05RRXD8RAG

My Ebooks A Series.part1.rar (95.4 MB)
http://www.multiupload.com/VXZGSUY2SX

My Ebooks A Series.part2.rar (95.4 MB)
http://www.multiupload.com/892BN54L9K

My Ebooks A Series.part3.rar (95.4 MB)
http://www.multiupload.com/4LM8F4HHFW

Password = www.myanmarfamily.org


နောက်နေ့တွေ ကျရင် နောက် Series တွေ ထပ်တင်ပေးပါဦးမယ်။

Connection Configuration for uTorrent

KznT ခင်ဗျာ.....ကျွန်တော် torrent ကိုသုံးချင်ပါတယ်ခင်ဗျာ.....ကျွန်တော် upload speed ထည့်တဲ့နေရာမှာ အဆင်မပြေဖြစ်နေလို ့ဗျာ........Test လုပ်လိုက်ရင် Bandwidth ကအဆင်ပြေပြီးတော့ Your upload speed က အမြဲတမ်းလိုလို ၀ါနေတယ်ဗျာ.....ကျွန်တော့်အခန်းရှေ ့ကညီလေး yawnathan သုံးတာတော့အဆင်ပြေတယ်ဗျာ.....သူနဲ ့ကျွန်တော်နဲ ့သုံးတဲ့နက်ကလည်းတူပါတယ်........ကျွန်တော်သိချင်တာက သူထည့်တဲ့ your upload speed ကိုထည့်ရင်ကော အဆင်ပြေလားဗျာ......ကျွန်တော်တော့သုံးချင်လို ့ခဏခဏ test လုပ်တာလည်းအဆင်မပြေလို ့ခင်ဗျာ......KznT ကိုဆက်သွယ်လို ့ရမယ့် လိပ်စာလေးရှိရင်ပေးလို ့ရမလားဗျာ.....gtalk လိပ်စာလေးပဲဖြစ်ဖြစ်ပေါ့ဗျာ.....ကျွန်တော်က KznT ပို ့စ်တွေကိုဆိုရင်အမြဲတမ်းအားပေးနေကျပါ.....ကျွန်တော်အကြံပေးချင်တာက KznT ပို ့စ်တွေကို PDF လေးလုပ်ပေးပါ့လားဗျာ......ကျွန်တော်တို ့လိုလူတွေအတွက်အကျိုးရှိလို ့ပါခင်ဗျာ........KznT ဖိုရမ်မှာလည်ပတ်ရင် အကျိုးပြုပို ့စ်တွေများများရေးနိုင်ပါစေဗျာ.....

ကိုဆန်းမောင်ရေ ...

ကိုဆန်းမောင်Torrent သုံးတဲ့ အချိန်မှာ ခုကြုံနေရတဲ့ အခက်အခဲလေး ပြေလည်အောင် ကျွန်တော် နဲနဲ အကြံပြုကြည့်ပါမယ်။

ကိုဆန်းမောင် ပြောသလို Connection ကို Configuring လုပ်တဲ့ အချိန်မှာ Your upload speed က အမြဲတမ်းလိုလို ၀ါနေတယ် ဆိုတာက သိပ်တော့ မကောင်းပါဘူး။ ဘာလို့လည်း ဆိုတော့ Torrent ဆိုတာမျိုးက download ထက် Upload ကို ပိုတန်ဖိုးထားတာ မို့လို့ Torrent မှာ အကောင်းဆုံး Performance ရဖို့ ဆိုရင် ကျွန်တော်တို့ စက်မှာ upload speed ကို maximum ရနိုင်အောင် ချိန်ညှိနိုင်ဖို့ လိုပါတယ်။ ဒီအတွက်ကလည်း သိပ်တော့ ခက်ခက်ခဲခဲကြီး မဟုတ်ပါဘူး။ µTorrent အသုံးပြုမယ့် users တွေ အဆင်ပြေအောင် ဖန်တီးပေးထားတဲ့ built-in connection setup function ပါဝင်ပြီးသားပါ။ အဆင့်လိုက် လုပ်ဆောင်ပုံလေး ကျွန်တော် ပြောပြပေးပါ့မယ်။



( ၁ ) uTorrent ကိုဖွင့်ပြီး Options > Setup Guide ကနေပဲ ဖြစ်ဖြစ် ၊ Ctrl + G ကို နှိပ်ပြီးတော့ပဲ ဖြစ်ဖြစ် Setup Guide ထဲကို အရင်ဝင်လိုက်ပါ။

( ၂ ) "Run tests" ဆိုတာကို မနှိပ်ခင်မှာ Bandwidth နေရာမှာ ကျွန်တော်တို့ နေတဲ့ နေရာနဲ့ အနီးစပ်ဆုံး ဖြစ်နိုင်မယ့် နေရာတစ်ခုကို ရွေးပေးပြီး Your upload speed နေရာမှာတော့ မိမိဆီကနေ အများဆုံး upload တင်ပေးနိုင်မယ့် Speed ကို ဖြည့်ပေးရပါမယ်။ ( ဒီနေရာမှာ တစ်ခုရှိတာက ဒီ နှစ်ချက်လုံးကို မလုပ်ဆောင်ပဲ "Run tests" ကို တစ်ခါတည်း နှိပ်လိုက်မယ် ဆိုရင်လည်း ဖြစ်ပါတယ်။ ) အဲလို လုပ်မယ်ဆိုရင် လတ်တလော ရွေးပေးလိုက်တဲ့ location နဲ့ ဆက်စပ်ပြီး download နဲ့ upload speed ကို Torrent ကနေ သူ့ဘာသာသူ စီစစ်ပေးပါလိမ့်မယ်။ ရတဲ့ result ကိုလိုက်ပြီး အမှားခြစ် အမှန်ခြစ်တွေ ဆိုတာ ဖော်ပြပါလိမ့်မယ်။ တကယ်လို့ အမှားခြစ် တွေ ပြနေရင် downarrow ကနေ တဆင့် မိမိ location နဲ့ နီးစပ်ရာရယ်လို့မှ မဟုတ်ပါဘူး - တစ်ခြား location တွေကို ချိန်းပြီး Run tests ကို ဆက်လုပ်ကြည့်ပါ။ နေရာတစ်ခုချင်းစီအလိုက် ထွက်လာတဲ့ Result တွေကို screen shot ရိုက်ထားပါ။ Result တွေက တစ်ခုနဲ့ တစ်ခု မတူပါဘူး။ သေသေချာချာ သတိထားကြည့်ကြည့်ပါ။ Locations ပြောင်းတာနဲ့ upload နဲ့ download speed test ကနေ ရလာတဲ့ result တွေ ပြောင်းသွားပါလိမ့်မယ်။ အားလုံးပြီးသွားရင် တစ်ခုချင်းစီ အလိုက် တစ်ပုံချင်းစီ ကြည့်ပြီး ဘယ် location နေရာက Results မှာပါလာတဲ့ upload နဲ့ download က အကောင်းဆုံးလဲ ဆိုတာ ရွေးချယ်ပါ။ ဥပမာ ဆိုကြပါစို့ တစ်ခုမှ အစိမ်းရောင် အမှန်ခြစ် မပြခဲ့ပဲ အမှားခြစ်တွေ အဝါရောင် အမှန်ခြစ်တွေ ပြခဲ့မယ် ဆိုရင်တောင် အားလုံး ထဲကမှ ကျွန်တော်တို့နဲ့ အနီးစပ်ဆုံး upload နဲ့ download speed ကို screen shot ကနေ တဆင့် သိထားခဲ့ပြီ မို့လို့ အဲ့ဒီ့ မိမိ speed နဲ့အနီးစပ်ဆုံး နေရာကို bandwith နေရာမှာ ဖြည့်ပြီး Save & Close ကိုပေးပါ။ တကယ်လို့ နေရာ အားလုံးက အစိမ်းရောင် အမှန်ခြစ်ပြတယ် ဆိုလည်း ကောင်းသထက် ကောင်းတာကို လိုချင်ရင် တစ်ခုချင်းစီ လိုက်စမ်း - screen shot ရိုက်ပြီး စစ်ဆေး - speed test မှာ results အများဆုံးရတဲ့ location ကို ဖြည့်ယူရမှာ ဖြစ်ပါတယ်။ အလုပ်ရှုပ်တယ်လို့ ထင်ရပေမယ့် ကျွန်တော်တို့က အကောင်းဆုံးကို လိုချင်တာ မလား ?

( ၃ ) နောက်ထပ်သိသင့်တာ တစ်ခုက အဝါရောင် အမှန်ခြစ်ပြတာ အမှားပြတာ ဘာညာ ဆိုတာတွေ စိတ်ထဲမှာ သိပ်ထည့်မထားပါနဲ့။ အဲတာတွေက မိမိသုံးနေတဲ့ connection ပေါ်မူတည်ပြီး ပြောင်းလဲသွားတတ်ပါတယ်။ အဓိက Torrent ရဲ့ သဘောက မိမိသုံးနေတဲ့ Speed နဲ့ အနီးစပ်ဆုံးကိုက်ညီမယ့် upload နဲ့ download speed ကိုချိန်ညှိနိုင်ဖို့ပါ။ အဲတာကို ကိုက်အောင် ချိန်ညှိနိုင်မယ် ဆိုရင် အဝါရောင်ပြပြ အစိမ်းရောင်ပြပြ Torrent သုံးရတာ အဆင်ပြေပါလိမ့်မယ်။ upload နဲ့ download speed ကို ဘယ်နားကြည့်ပြီး ချိန်ညှိရမှာလဲ ဆိုတာ ကျွန်တော့်စက်က Results နဲ့ ဥပမာ ပြလိုက်ပါတယ်။



( ၄ ) နောက်တစ်ခုက upload နဲ့ download speed ကို လိုတာထက်ပိုပြီး မြှင့်ချိန်လိုက်မိလို့ Download Speed ပိုကောင်းမလာနိုင်တဲ့ အပြင် download speed ကိုပါပိုဆိုးသွားစေနိုင်ပါတယ်။ အဲလိုပဲ လိုတာထက် လျော့ပြီး ချိန်လိုက်မိပြန်ရင်လည်း အပေါ်မှာ ပြောခဲ့သလိုပဲ same result ပဲ ရပါလိမ့်မယ်။ အမှန်ခြစ်တွေ အမှားခြစ်တွေ ဝါတာတွေ စိမ်းတာတွေထက် မိမိ upload နဲ့ download speed နဲ့ အနီးစပ်ဆုံး ကိုက်ညီမယ့် right setting ကို ချိန်ညှိနိုင်ဖို့က အဓိကပါ ကိုဆန်းမောင်ရေ။

ကို yawnathan သုံးတာတော့ အဆင်ပြေတယ်ဆိုတဲ့စကားကို ဆက်ပြီး ရှင်းရရင်တော့ Network ပိုင်းဆိုင်ရာတွေ နည်းနည်း ထည့်ပြောမှ ရပါလိမ့်မယ်။ သုံးတဲ့ အင်တာနက်ချင်း တူတယ်လို့ ဆိုပေမယ့် Network တစ်ခုအတွင်းမှာ ဆိုရင် သွယ်ဆက်ထားတဲ့ cable လိုင်းချင်းက မတူတာတွေ ရှိသလို ၊ ကြားမှာ Router တွေ ခံထားတာ Ethernet hub ခံပြီး အင်တာနက်ကို ခွဲသုံးတယ်ဆိုတာမျိုးတွေ ရှိပါတယ်။ ဒီလို အခြေအနေတွေမှာ အင်တာနက် တစ်ခုတည်း သုံးတယ် ဆိုပေမယ့် သူ့ အခန်းကို ဝင်တဲ့ Cable မှာရှိတဲ့ Data Transfer Rate နဲ့ ကို ဆန်းမောင် အခန်းကို ဝင်တဲ့ Data Transfer Rate နဲ့က တူချင်မှ တူပါလိမ့်မယ်။ ကိုဆန်းမောင်နေတဲ့ နေရာမှာ တပ်ဆင်ထားတဲ့ Network သွယ်တန်းမှုပေါ်မူတည်ပြီး ညံ့ရင်ညံ့သလို Data Transfer လုပ်တဲ့ အချိန်မှာ Network cable အတွင်း Data Collision ဖြစ်ပေါ်မှုတွေ ပေါ်ပေါက်နိုင်ပါတယ်။ အဲလို ဖြစ်ပေါ်တာတွေ များလာရင် ဘာဖြစ်လာမလဲ ဆိုတော့ ဒီ အင်တာနက် တစ်ခုတည်းကို သုံးနေတာချင်း တူပေမယ့် သူ့စက်မှာ ကျတော့ speed က အကောင်း ကိုယ့်စက် ရောက်တော့ကျ Speed က မကောင်း ဆိုတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါတွေကို ချဲ့ပြောနေရင် ပြီးမှာ မဟုတ်တော့လို့ ဒီလောက်နဲ့ပဲ နားလိုက်ပါမယ်။ အနှစ်ချုပ်ရရင် -

အမှန်ခြစ်တွေ အမှားခြစ်တွေ ဝါတာတွေ စိမ်းတာတွေထက် မိမိ upload နဲ့ download speed နဲ့ အနီးစပ်ဆုံး ကိုက်ညီမယ့် right setting ကို ကျွန်တော်အထက်မှာ ပြောခဲ့ပြီးသလို ချိန်ညှိနိုင်ဖို့ ကြိုးစားကြည့်ပါလို့ .. နောက်ဆုံးမှာပါရစေ။ အဆင်ပြေပါစေဗျာ။

KznT.

File Extraction Error

ကိုဇော်ရဲပိုင်ခင်ဗျာ.....rar ဖိုင်တွေက 200mb စီကဟုတ်ပါတယ်ခင်ဗျာ.......ရပါတယ်ခင်ဗျာ.......ဒါပေမယ့် rar file ကိုဖြည်လိုက်ရင် အဲဒီအပိုင်းတွေက error တတ်ပြီးတော့ နောက်ဆုံး ISO file မထွက်ပါဘူးခင်ဗျာ........အောက်ကလိုပုံမျိုးပါခင်ဗျာ......

ကိုဆန်းမောင် ရေ ....

ဖြစ်နိုင်ချေ ရှိတာ တစ်ခု ကျွန်တော် ပြောပြချင်ပါတယ်။ File name တွေ အားလုံးကို Ws 7 x86 Build-7600 March2010 ဆိုတာကနေ windows ဆိုပြီး အကုန်လိုက်ပြောင်းလိုက်ပါ။ ဥပမာ ဆိုကြပါစို့ ကျွန်တော့်မှာ IDM ဆိုတဲ့ ဖိုင်ကို rar နဲ့ ခွဲပြီး လေးပိုင်းချုံ့လိုက်တော့ ခုလို -



  • 1. IDM.part1.rar
  • 2. IDM.part2.rar
  • 3. IDM.part3.rar
  • 4. IDM.part4.rar

ဆိုပြီး ( ၄ ) ပိုင်း ရလာပါတယ်။ ပုံမှန်နည်းအရ ဒီ ( ၄ ) ပိုင်းလုံးကို ဖိုင် တစ်ခုတည်း ထည့်ပြီး Extract လုပ်လိုက်ရင် နဂိုမူရင်း IDM ဆိုတဲ့ ဖိုင်ကို ပြန်ရပါတယ်။


ဒါပေမယ့် ဒီ ဖိုင်လေးဖိုင်ထဲက တစ်ဖိုင်ကို အပေါ်မှာ ပြထားတဲ့ အတိုင်း ကျွန်တော် IDM11.part1 ဆိုပြီး နာမည်ချိန်းလိုက်တဲ့ အခါ Extract လုပ်တဲ့ အခါကျရင် နဂိုဖိုင်ပြန်မရတော့ပဲ ခုလို Error တတ်တတ်ပါတယ်။ ဒါဘာကြောင့် ဖြစ်ရလဲ ဆိုရင် ကျွန်တော်တို့က သူ့ကို Extract လုပ်တဲ့ အခါမှာ တကယ်လို့ IDM11.part1.rar ကို Right-click ထောက်ပြီး Extract လုပ်လိုက်တယ် ဆိုပါစို့ System က IDM11 ဆိုတဲ့ File Name ကိုပဲ အတည်ယူပြီး Directory မှာ သူနဲ့ နာမည်ချင်း ဆင်တဲ့ တစ်ခြားဖိုင်တွေကို လိုက်ရှာပါတယ်။ ဒါပေမယ့် သူနဲ့ နာမည်တူတာ မတွေ့ရင် သူဘာဆက်လုပ်ရမှန်း မသိတော့ပဲ Error ဆိုပြီး ဖော်ပြတတ်ပါတယ်။




တကယ်လို့ ကျွန်တော်တို့ Right-click ထောက်ပြီး Extract လုပ်လိုက်တဲ့ ဖိုင်က IDM11.part1.rar မဟုတ်ပဲ တစ်ခြား IDM.part2.rar ဆိုတဲ့ ဖိုင်ကို Extract လုပ်လိုက်မယ် ဆိုရင်ကျတော့ Extract ရဲ့ လုပ်ထုံးလုပ်နည်းအရ part1.rar ရှိရာဆီ အရင်သွားပြီး Extract လုပ်ရပါတယ်။ အဲ့ချိန်မှာ part1.rar မှာ ရှိနေတဲ့ file name က တစ်ခြား ဖိုင်တွေမှာ ရှိနေတဲ့ name တွေနဲ့ တူနေရင်တော့ လျှောလျှောရှုရှု Extract လုပ်ပေးပြီး တကယ်လို့ မတူခဲ့ရင်တော့ ခုလို Error ပြပါလိမ့်မယ်။ စာမှာ part1.rar ကနေ စပြီး Extract လုပ်ပါလို့ ပြပြီး တကယ်လို့ ပြန်လုပ်လိုက်ရင် ကျပြန်တော့လည်း အပေါ်မှာ ဖော်ပြထားတဲ့ အတိုင်း တစ်ခြားဖိုင်တွေ လိုနေသေးတယ် ဆိုပြီး တောင်းတာမျိုး Error တက်ပါလိမ့်မယ်။


စာကတော့ ခုလို စာမျိုးပါ ... " !

C:\Documents and Settings\kznt\Desktop\New Folder\IDM.part2.rar: You need to start extraction from a previous volume to unpack IDM\IDM_5.18.8_Precracked.rar

နောက်ပြီး ကျွန်တော်ကို ဇော်ရဲပိုင် တင်ထားတဲ့ တစ်ချို့ဖိုင်တွေကို လိုက်စစ်ကြည့်ကြည့်တော့ ဖိုင် name တွေ တစ်ခုနဲ့ တစ်ခု မတူတာကို သွားတွေ့ရပါတယ်။ စာကြောင်း တစ်ကြောင်းလုံး မတူတာမျိုး မဟုတ်ပါဘူး။ တစ်ချို့ file name တွေမှာ " + " လက္ခဏာမျိုးလေးတွေ ပိုပါနေတာမျိုး ကျွန်တော် သတိထားမိခဲ့ပါတယ်။ အဲတော့ လုပ်သင့်တာက ပထမဆုံး နာမည်အားလုံး တူအောင် လိုက်ပြောင်းရမှာပါ။ name အရှည်ကြီးကို လိုက်တူအောင် ပြောင်းနေမယ့် အစား ကျွန်တော် အပေါ်မှာပြောခဲ့သလို windows ဆိုပြီး ဖိုင်အားလုံးကို လိုက်ပြောင်းလိုက်ပါ။ လိုက်ပြောင်းတဲ့ အချိန်မှာလည်း ဖြစ်နိုင်ရင် တစ်ဖိုင်ချင်းစီ စာလိုက်ရိုက်ပြီး မပြောင်းပါနဲ့။ ကိုယ်ပြောင်းချင်တဲ့ စာကို Copy - Paste သုံးပြီးပဲ တစ်ဖိုင်ချင်းစီ လိုက်ပြောင်းပါ။ ပြီးရင် Extract လုပ်ကြည့်ပေးပါ။ အဆင်ပြေမယ် လို့ မျှော်လင့်မိပါတယ်။

KznT.

MATLAB E-Books Collection - 78 Books

Matlab လေ့လာသူတွေ အသုံးချနေသူအတွက် မရှိမဖြစ် လိုအပ်မှာ MATLAB Books Collection တြွေဖစ်မယ် လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် ကျွန်တော့်မှာ ရှိနေတဲ့ MATLAB Books Collection ကို အသုံးလိုသူတွေ ရရှိနိုင်အောင် ဝေမျှလိုက်ပါတယ်။ အောက်က ပေးထားတဲ့ Links တွေကနေ Download ချပြီးခဲ့ရင် ရရှိမယ့် MATLAB Books စာရင်းမှာ ခု ဖော်ပြပါ အတိုင်းပါ။




A Guide to MATLAB for Beginners and Experienced Users - Hunt Lipsman & Rosenberg.pdf
A Guide to MATLAB Object-Oriented Programming - Andy H. Register.pdf
Adaptive Filtering Primer with MATLAB - Poularikas and Ramadan.pdf
Advanced Mathematics and Mechanics Applications Using MATLAB - Howard B. Wilson.pdf
Algorithm Collections for Digital Signal Processing Applications using Matlab - E.S. Gopi.pdf
An Introduction to Programming and Numerical Methods in MATLAB - S.R. Otto & J.P. Denier.pdf
Antenna and EM Modeling with MATLAB - Sergey N. Makarov.pdf
Antenna and EM Modeling with MATLAB - Sergey N. Makarov (.m Files).rar
Applied Numerical Methods Using MATLAB - Yang Cao Chung and Morris.pdf
Applied Statistics Using SPSS, STATISTICA, MATLAB and R - Joaquim P. Marques.pdf
Basics of MATLAB and Beyond - Andrew Knight.pdf
Basics of MATLAB and Beyond - Andrew Knight (.m Files).zip
Biosignal and Biomedical Image Processing MATLAB based Applications - John L. Semmlow.pdf
Business Economics & Finance with Matlab GIS and Simulation Models - Patrick L.Anderson.pdf
Chemical Process Control a First Course with Matlab - P.C. Chau.pdf
Circuit Analysis II with MATLAB - Steven T. Karris.pdf
Classical Feedback Control with MATLAB - Boris J. Lurie and Paul J. Enright.djvu
Classification Parameter Estimation & State Estimation An Engg Approach Using MATLAB.pdf
Computational Colour Science Using MATLAB - Stephen Westland & Caterina Ripamonti.pdf
Computational Mathematics Models Methods and Analysis with Matlab - Robert E. White.pdf
Computational Statistics Handbook with MATLAB - Martinez & Martinez.pdf
Computational Statistics Handbook with MATLAB - Martinez & Martinez (.m Files).rar
Contemporary Communication Systems using Matlab - Proakis and Salehi.pdf
Digital Circuit Analysis and Design with Simulink Modeling - Steven T. Karris.pdf
Digital Image Processing Using Matlab - Gonzalez Woods & Eddins.pdf
Digital Signal and Image Processing Using MATLAB - Gerard Blanchet & Maurice Charbit.pdf
Digital Signal Processing - Computer Based Approach - Sanjit K. Mitra.pdf
Digital Signal Processing Using Matlab V4 - Ingle and Proakis.pdf
Dynamic Simulations of Electric Machinery - Chee Mun Ong.djvu
Electronic Devices and Amplifier Circuits with MATLAB Applications - Steven T. Karris.pdf
Electronics and Circuit Analysis Using MATLAB - John O. Attia.pdf
Elem. Math. and Comp. Tools for Engineers using MATLAB - J. Manassah.pdf
Embedded Control Systems in C C++ Using MATLAB - Jim Ledin.chm
Embedded Image Processing with DSP Examples in MATLAB - Shehrzad Qureshi.pdf
Engineering Analysis Interactive Methods and Programs with MATLAB - Y. C. Pao.pdf
Engineering and Scientific Computations Using MATLAB - Sergey E. Lyshevski.pdf
Environmental Modeling Using MATLAB - Ekkehard Holzbecher.pdf
Essential MATLAB for Engineers and Scientists - Brian D. Hahn & Daniel T. Valentine.pdf
Exploratory Data Analysis with MATLAB - Martinez and Martinez.pdf
Fundamentals of Electromagnetics with Matlab - Lonngren & Savov.pdf
Graphics and GUIs with MATLAB - Patrick Marchand and O. Thomas Holland .pdf
Introduction to Fuzzy Logic using MatLab - Sivanandam Sumathi and Deepa.pdf
Introduction to MATLAB - Sikander M. Mirza.pdf
Introduction to Simulink with Engineering Applications - Steven T. Karris.pdf
Intuitive Probability and Random Processes Using MatLab - Steven M. Kay.pdf
Kalman Filtering Theory and Practice Using MATLAB - Grewal and Andrews.pdf
MathWorks Documentation - MATLAB V7 Function References.pdf
MathWorks Documentation - MATLAB V7 Introductory and Programming.pdf
MATLAB Guide - Desmond J. Higham & Nicholas J. Higham.djvu
MATLAB Primer (6th Ed) - Kermit Sigmon & Timothy A. Davis.pdf
MATLAB Primer (7th Ed) - Timothy A. Davis & Kermit Sigmon.pdf
MATLAB Programming - David Kuncicky.pdf
MATLAB Recipes for Earth Sciences - M.H.Trauth.pdf
MATLAB Simulations for Radar Systems Design - Bassem R. Mahafza & Atef Z. Elsherbeni.pdf
Mechanics of Composite Materials with MATLAB - George Z. Voyiadjis & Peter I. Kattan.pdf
Numerical Analysis Using MATLAB and Excel - Steven T. Karris.pdf
Numerical Analysis Using MATLAB and Spreadsheets - Steven T. Karris.pdf
Numerical Computing with MATLAB - Cleve Moler.pdf
Numerical Computing with MATLAB - Cleve Moler (.m Files).rar
Numerical Methods in Engineering with MATLAB - Jaan Kiusalaas.pdf
Numerical Methods in Finance & Economics A MATLAB based Introduction - Paolo Brandimarte.pdf
Numerical Methods using MATLAB - Mathews and Fink.pdf
Numerical Techniques for Chemical & Biological Engineers Using MATLAB - Elnashaie & Uhlig.pdf
Optical Scanning Holography with MATLAB - Ting Chung Poon.pdf
Optics Learning by Computing with Examples using MATLAB - K.D. Moller.pdf
Ordinary and Partial Differential Equation Routines in Matlab - H.J. Lee & W.E. Schiesser.pdf
Radar Systems Analysis and Design Using MatLab - Mahafza Bassem R.pdf
Robust Control Design with Matlab - Gu Petkov and Konstantinov.pdf
Scientific Computing with Matlab - Alfio Quarteroni & Fausto Saleri.djvu
Scientific Computing with Matlab and Octave - Alfio Quarteroni & Fausto Saleri.pdf
Signals and Systems with MATLAB Applications - Steven T. Karris.pdf
Signals and Systems with MATLAB Computing and Simulink Modeling - Steven T. Karris.pdf
Solving ODEs with MATLAB - Shampine Gladwell Thompson.pdf
Solving ODEs with Matlab Instructors Manual - L.F. Shampine.pdf
Solving ODEs with Matlab Instructors Manual - L.F. Shampine (.m Files).rar
Spectral Methods in MATLAB - Lloyd N. Trefethen.pdf
The Finite Element Method using MATLAB - Kwon and Bang.pdf
Vibration Simulation Using MATLAB and ANSYS - Michael R Hatch.pdf

    Extract လုပ်လိုက်ရင် 900MB ရှိပြီး တစ်အုပ်ချင်း တင်မပေးနိုင်ခဲ့တာကိုတော့ ခွင့်လွှတ်နားလည် ကြစေချင်ပါတယ်။ ကျွန်တော် တစ်ပိုင်းကို 104MB နဲ့ 7 ပိုင်းခွဲပြီး တင်ပေးထားပါတယ်။

    Download MATLAB E-Books Collection - 78 Books Here !!

    All MATLAB Books Collection.part01.rar (104.9 MB)
    http://www.multiupload.com/MJ8LCXWQZK

    All MATLAB Books Collection.part02.rar (104.9 MB)
    http://www.multiupload.com/9C9NJ19FOY

    All MATLAB Books Collection.part03.rar (104.9 MB)
    http://www.multiupload.com/TFXHET1TLI

    All MATLAB Books Collection.part04.rar (104.9 MB)
    http://www.multiupload.com/O5X60C4GG7

    All MATLAB Books Collection.part05.rar (104.9 MB)
    http://www.multiupload.com/XH443QWQLF

    All MATLAB Books Collection.part06.rar (104.9 MB)
    http://www.multiupload.com/DJ1GRKJYBA

    All MATLAB Books Collection.part07.rar (97.4 MB) http://www.multiupload.com/SPT4WBCHHN

    အားလုံး အဆင်ပြေကြပါစေ။

    KznT.

    Related Posts