BAGAN, UNESCO AND GENEVA CONVENTIONS

ပုဂံကို ကလေးဘဝကနေစပြီး လက်ရှိအသက်အရွယ်ထိ စုစုပေါင်း ၅ ကြိမ် ရောက်ဖူးတယ်။ နောက်ဆုံးရောက်ခဲ့တာ ၂၀၁၈ ဖေဖော်ဝါရီလက။ မနေ့က ပုဂံ (Bagan) ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ - ယူနက်စ်ကို (UNESCO) ကနေပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်လိုက်တယ်ဆိုတဲ့ သတင်းဖတ်ရတော့ စိတ်ထဲ အတော်လေး ဝမ်းသာမိတာရှိသလို စိတ်မကောင်းဖြစ်မိတာလည်း ရှိတယ်။ ဝမ်းသာမိတယ်ဆိုတာက ပုဂံဒေသအနေနဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားပြီဆိုရင် ခုနောက်ပိုင်းကနေစပြီး...

How to Setup Z.com Domain in Blogger

စာပြန်ရေးဖို့ ပြီးခဲ့တဲ့ အပတ်ကစပြီး ကြိုးစားခဲ့တယ်။ လွန်ခဲ့တဲ့ ၂၀၁၀ ဝန်းကျင်ကလို နေ့တိုင်းနီးပါး ရေးဖြစ်ဖို့ မသေချာပေမယ့် စိတ်ကူးထဲပေါ်သလို ရေးမယ်လို့ပဲ ဆုံးဖြတ်ပြီး Blogspot ကနေ Domain name ကို အရင်ရေးနေကျ .net အဖြစ် ပြန်ပြောင်းလိုက်တယ်။ ဘလော့ရေးတယ်ဆိုတာ ဒီဘက်ခေတ်မှာ တော်တော်ရူးကြောင်ကြောင်နိုင်တဲ့ အလုပ်လို့တောင် ပြောရမလားပဲ။ ဘာလို့လည်း ဆိုတော့ Blogger ဆိုတာ အရင်က Blogging Platform တွေမှာ ရေးတဲ့လူကိုခေါ်တာ။ အထူးသဖြင့်တော့ ကျွန်တော်တို့...

TechSectors has been Deleted and Reinstated

စာပုံမှန် ပြန်ရေးနိုင်ဖို့ ကြိုးစားနေတာ တကယ်တော့ ရက်ပိုင်းလောက်ပဲ ရှိသေးတယ်။ အားတယ် မအားဘူးဆိုတာထက် ကိုယ်တိုင်လည်း စာဖတ်ဖြစ်သွားအောင် (၃) ရက်ခြားတစ်ပုဒ်နှုန်းလောက် ရေးမယ်လို့ စိတ်ကူးပြီး စရေးတဲ့ အချိန်မှာ Blogger Team ရဲ့ မျှော်လင့်မထားတဲ့ ကြိုဆိုမှုကို စရတယ်။ Google ရဲ့ Automated System က ဘလော့ကို SPAM Blog လို့သတ်မှတ်ပြီး ဘာမပြော ညာမပြောနဲ့ တစ်ခါတည်း Delete လုပ်ပစ်လိုက်တာ။ တော်တော်အံ့သြသွားတယ်။ ဘလော့ရေးခဲ့တာ ၇ နှစ်ကျော်ပြီ။တစ်ခါမှ...

11Dreams.net To TechSectors

စာမရေးတာ နှစ်နဲ့ချီပြီး ကြာခဲ့တော့ စာတစ်ကြောင်းပြန်ရေးဖို့ကိုတောင် တော်တော်လေး အပြန်ပြန် အလှန်လှန် စဉ်းစားနေရတယ်။ မြန်မာနိုင်ငံပြန်ရောက်ပြီး နောက်ပိုင်း အကြောင်းအရင်း (၅)ခုကြောင့် စာမရေးဖြစ်ခဲ့ဘူး- အင်တာနက် လက်တစ်ကမ်းမှာ မရှိဘူး။ Blog ကို ဇော်ဂျီကနေ ယူနီကုတ်ပြောင်းပြီးနောက်ပိုင်းမှာ Forum မှာ ဇော်ဂျီနဲ့ ဘလော့မှာ သုံးတဲ့ ယူနီကုတ်ကြား ပြဿနာတော်တော် တက်ခဲ့တယ်။ အရင်ကသုံးခဲ့တဲ့ Domain Name (11dreams.net) က Expired ဖြစ်သွားတော့ တစ်နှစ်စာ...

Circle

Windows 7 Themes ပြင်ဆင်တာနဲ့ ပတ်သတ်ပြီး အတော်အသင့် ကျွန်တော် နားလည်ထားသလောက် ဒီနေရာမှာ ရေးပေးခဲ့တယ်။ ဒါပေမယ့် အသိပေးစရာလေး တစ်ချို့ရှိနေလို့ ဒီအကြောင်းကို ထပ်ရေး ဖြစ်ပါတယ်။ ဟိုအရင်တစ်နေ့က Themes တွေ Wallpapers တွေမြင်ရင် အရမ်းသဘောကျတတ်တဲ့ ကျွန်တော့် အသိတစ်ယောက်တောင်းလို့ အဲ့ဒီ့ Thread မှာ တင်ထားပြီးတဲ့ Themes ဖိုင်တွေအားလုံး ပေးလိုက်သလို သုံးဖို့ အဆင်ပြေအောင် အသုံးပြုနည်း ရေးထားသမျှကို ဖတ်လို့ ရအောင်လည်း စီစဉ်ပေးလိုက်တယ်။ ဒါပေမယ့် နောက်နေ့...

I won't let you fall.

အိမ်ထောင်ပြုတာလား - ချစ်တဲ့သူနှစ်ယောက် ပေါင်းရမယ် ဆိုရင်တော့ အိမ်ထောင်ပြုတာ ပျော်စရာပေါ့ - ဒါပေမယ့် မြန်မာမှု မြန်မာမှုနဲ့ အလုပ်မဟုတ်တာတွေကို မြန်မာမှု ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဇရာချဲ့နေကြတာတော့ တော်တော်ကို စိတ်ဆင်းရဲဖို့ ကောင်းတယ်။ ခုခေတ်မှာ အိမ်ထောင်ပြုတယ် ဆိုတာ ချစ်တဲ့သူနှစ်ယောက် ပေါင်းကြတာမှ မဟုတ်တာ - ဟိုဘက်မိဘ ဒီမိဘ ကျေနပ်အောင် ကလေးတွေက မပြေလည်တာကို ပြေလည်ချင်ယောင် ဆောင်ပြီး မိဘချင်း သဟဇာဖြစ်အောင် လိုက်ညှိနေရတဲ့ ခေတ်ပဲ။ မိဘဆိုတဲ့...

WFP is also part of the big team

Levendreams -- Since I last wrote you, I visited parts of Japan that were hit by the tsunami. I thought I’d see wrecked houses, but it was worse. I could only see foundation stones of houses which barely showed that there were once houses here. I’ve never seen anything like it before. One minute, as you’re driving, everything looks normal. Cherry blossoms are in full bloom. The next minute, the whole scene drastically...

Fish Story

လူ့သက်တမ်း တစ်ဝက်ကျိုးပြီ ထင်တယ် - ဒါပေမယ့် ခုချိန်ထိ ခြေတစ်လှမ်း မလှမ်းရသေးဘူး - ဒီ ခြေလှမ်းလှမ်းမယ့် အချိန်ကိုပဲ စောင့်နေတဲ့ သူရှိတယ် - ဘာဖြစ်ဖြစ် အကောင်းဆုံး ဖြစ်အောင်လုပ်တဲ့ - လူလေကွာ - စိတ်မပါတဲ့ အရာကို ဖြစ်ညှစ်လုပ်ပြီး အောင်မြင်သွားပါတယ်ဆိုတဲ့ သူ ကမ္ဘာမှာ မင်း ဘယ်နှစ်ယောက်တွေ့ဖူးလို့လဲ - ရှိချင်လည်း ရှိမှာပေါ့ - ငါ ဗဟုသုတ နည်းတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ နောက်တော့ ဖြစ်လာမှာပေါ့ ဆိုတဲ့ စကားတွေ ကျေးဇူးပြုပြီး ငါ့ကို မပြောကြစမ်းပါနဲ့...

The Khan Academy

အင်တာနက်ဆိုတာ လေ့လာနည်း မသိခဲ့ရင် ဘာမှ လေ့လာစရာမရှိတဲ့ ဖျော်ဖြေရေးသီးသန့် ဝန်ဆောင်မှု တစ်ခုလိုပဲ - အင်တာနက် အသုံးပြုခြင်းဟာ ကောင်းလား ဆိုးလားဆိုတဲ့ မေးခွန်းကို ကိုယ်ကိုယ်တိုင်ပဲ ကြိမ်ဖန်မနည်း မေးခဲ့ဖူးတယ် - အဲ့မေးခွန်းကိုပဲ ကိုယ့်ဘာသာကိုယ် နည်းမျိုးစုံနဲ့ ကြိမ်ဖန်မနည်း ဖြေခဲ့ဖူးပြီ - ဒါပေမယ့် အင်တာနက် သုံးလာခဲ့တာ ကာလအပိုင်းအခြား တစ်ခုကို ရောက်လာခဲ့တော့ အင်တာနက်ရဲ့ ကောင်းမွေဆိုးမွေတွေ အကြောင်းကို တော်တော်လေး တီးမိခေါက်မိ ရှိလာခဲ့ပြီ -တစ်ချို့...

Reading and Self Learning

စာဘာကြောင့် ဖတ်သင့်တယ် - စာဖတ်ခြင်းကနေ ဘယ်လို အကျိုးကျေးဇူးတွေ ရမယ် - ဘယ်လိုနေရာတွေမှာ စာဖတ်သင့်မယ် ဆိုတာကို ကျွန်တော်ရှေ့မှာ တော်တော်များများ အကြံပြုခဲ့ပြီးပြီ - ဒီ စာဖတ်ခြင်းနဲ့ပဲ ပတ်သတ်ပြီး ကိုzo ကနေ ဒီနေရာမှာ 10 steps to improving reading ဆိုတာ ရေးပေးနေတာ ရှိတယ် - တကယ်ကို တန်ဖိုးရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အင်တာနက်ထဲမှာ အားတဲ့အချိန်တိုင်း စာဖတ်လေ့ ရှိပေမယ့် vocabulary တိုင်းကို နားမလည်နိုင်သေးဘူး - ဖတ်လေ မသိလေလို့ ပြောရင်တောင်...

Thingyan Feeling

သက္ကရာဇ် ၂၀၀၀ တည်းက သင်္ကြန်ကို ဘာမှန်း မသိခဲ့တာ ခုချိန်ထိလည်း ဘာမှန်း ခံစားခွင့် မရခဲ့ဘူး - သင်္ကြန်ဆို ဒီလိုပဲ အဓိပ္ပါယ်မရှိတဲ့ ပတ်ဝန်းကျင်မှာ ဟိုငေး ဒီငေးနဲ့ တစ်ယောက်တည်း ခပ်ဆွေးဆွေးပဲ နေဖြစ်ခဲ့တယ် - လူဖြစ်ကြတာချင်း တူပေမယ့် ခံစားခွင့် မတူကြတဲ့ သူတွေ - ကိုယ့်အတွက် အခွင့်အရေး မရှိပေမယ့် သူတို့အတွက် အခွင့်အရေး ရှိနေကြတာတွေ တွေ့ရရင် ဘဝဆိုတာ စချိန်ကတည်းက သမာဓိ မရှိတဲ့ လျှာတစ်ဖက်စောင်း ချိန်ခွင်ထဲမှာ ကိုယ့်ကို ထည့်ချိန် ခံနေရသလိုပဲ ခံစားရတယ်...

Myanmar culture and heritage

ကနေ့ ခေတ်မှာ မြန်မာမှု - မြန်မာ့ဟန် - မြန်မာဓလေ့ အငွေ့အသက်တွေကို မြန်မာမိန်းကလေး - ယောကျာင်္းလေးတွေ မေ့ပျောက်လုလု ဖြစ်နေကြတာ ကျွန်တော် သတိထားမိပါတယ်။ တော်တော်လေး ဝမ်းနည်းစရာ ကောင်းတဲ့ အချက်တစ်ချက်ပါပဲ - ခေတ်နောက်ပြန် ဆွဲနေတာ မဟုတ်ပါဘူး - အများသူငါ လက်ခံထားကြတဲ့ Globalization ကို အံတုတွန်းလှန်ပြီး နွားလှည်းတစ်စီးနဲ့ ၁၉ ရာစုကို ပြန်သွားနေတာလည်း မဟုတ်ပါဘူး - ကျွန်တော် ဆိုလိုတာ။ တိုက်ပုံစွတ်ပြီး ခေါင်းပေါင်း ပေါင်းနေရမယ်လို့ မဆိုလိုပါ...

YouTube Symphony Orchestra 2011

ပြီးခဲ့တဲ့ နှစ်က နိုင်ငံပေါင်း ၃၃ နိုင်ငံမှာ ရှိကြတဲ့ ဂီတပညာရှင် ၁၀၁ ယောက် ကိုယ်တိုင်သံစဉ်တွေ ဖန်တီးပြီး YouTube Symphony Orchestra 2011 ပြိုင်ပွဲအတွက် Youtube မှာ Videos တွေ Upload တင်ခဲ့ကြတယ် - အဲ့ဒီ့ လက်ရွေးစင်ဂီတ ပညာရှင်တွေကို ကမ္ဘာတစ်ဝှမ်းက Orchestras ခေါင်းဆောင်တွေရယ် - YouTube community ရယ် အကူအညီနဲ့ စုစည်းရွေးချယ်ပြီး အခု Sydney မှာ ရှိတဲ့ Opera House မှာ ဂရမ်မီဆု ချီးမြှင့်ပေးမယ့် Extraordinary concert ကို ကျင်းပနေပါပြီ - တကယ့်...

Thank you from Japan

From: Yuko Yasuda, WFP Sent: Friday, March 18, 2011 To: Levendreams Subject: Thank you from Japan I grew up in Japan. I’m accustomed to earthquakes. But nothing could have prepared me for this one. It was the first time I saw buildings in Tokyo actually sway back and forth. I watched live TV coverage as the tsunami swept away entire communities. It was like a horror film, but these are real people – thousands are dead,...

Education And The Significance Of Life

ပိုင်ဆိုင်မှုဆိုတာ ဘာလဲဆိုတဲ့ အမေးကို ရံဖန်ရံခါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖြစ်တယ် -( ၁ ) ပစ္စည်းဥစ္စာ ကြွယ်ဝပေါများမှုလား( ၂ ) ငွေကြေးပြည့်စုံ ကုံလုံမှုလား( ၃ ) လိုတရလောက်တဲ့ ဖြည့်ဆည်းပေးနိုင်စွမ်းလားဒီလိုပဲ ထင်ခဲ့ကြတာပဲ - ငယ်ငယ်တည်းကလည်း ဒီလိုပဲ သင်ခဲ့ကြတယ် - ကျောင်းစတက်ပြီ ဆိုကတည်းက အမေက ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကို ခဲတံလေး တစ်ယောက် တစ်ချောင်းဝယ်ပေးတယ် - ဒါက သားဖို့ - ဒါက သားအကိုကြီးဖို့ - ဆိုလိုတာ သားဖို့ ဆိုကတည်းက ဒီခဲတံဟာ ကျွန်တော့်ရဲ့...

11Dreams with Unicode

ဒီနေ့ 11Dreams ကို Unicode ပြောင်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ် - စာလိုက်ဖတ် ဟိုပြင်ဒီပြင်နဲ့ နှစ်နာရီလောက် ကြာတော့ Unicode ကို ပြောင်းထားတဲ့ Blog တစ်ခု ထပ်ရတယ် - စိတ်ထဲရှိတာ ပြောရရင်တော့ လိုလိုလားလားနဲ့ Unicode ကို အရမ်းပြောင်းချင်နေလို့ ခုလိုပြောင်းလိုက်တာ မဟုတ်ဘူး- စာရေးချင်လို့ စာရေးတာ - သိပ်ဝါသနာ ပါနေလို့ - မရေးရမနေနိုင်လို့ - ဒီစာရေးတဲ့ အလုပ်ကနေ ပိုက်ဆံရနေလို့ - ရေးနေတာမျိုးလည်း မဟုတ်ဘူး - ဖောင့်ထွင်တဲ့သူ မဟုတ်သလို - မြန်မာစာ...

Japan We Are With You.

ဂျပန်နိုင်ငံမှာ ဟိုတစ်နေ့က ဖြစ်သွားတဲ့ ဆူနာမီနဲ့ ငလျင်အကြောင်းကြားရတော့ လူတိုင်းရဲ့ စိတ်ထဲမှာ ဂရုနာသက်မိကြတယ် - သဘာဝဘေးအန္တရာယ်ဆိုတာ ဖြစ်လာရင် ဒုက္ခသည်ဆိုတာ အလိုလို ရှိလာတာပဲ - ဒါကို လူတိုင်းသိတော့ ခုလို ခိုကိုးရာမဲ့ အိမ်ခြေရာခြေမဲ့ပြီး ဒုက္ခရောက်နေတဲ့ သူတွေ အတွက် ဘယ်လိုကူညီရမလဲ ဆိုတာ လူတိုင်းတွေးမိကြတယ်ကျွန်တော်တို့ ဘယ်လို ကူညီနိုင်ပါမလဲ ??ကျွန်တော်တို့တွေ ဂျပန်နိုင်ငံမှာ နေထိုင်နေတာ မဟုတ်ပဲ မိုင်ပေါင်း ထောင်နဲ့ချီဝေးကွာမယ့် နေရာမှာ ရှိနေကြမယ်...