အဲ့ဒီ့အတွက် အင်္ဂလိပ်စာလေ့လာမှုနဲ့ ပတ်သက်ပြီး လုပ်ဆောင်သင့်တဲ့ နည်းလမ်းကောင်းတချို့ကို မျှဝေပေးချင်ပါတယ်။ ဒါပေမယ့် ကြိုပြီးအသိပေးထားချင်တာတစ်ခုက ဒီမှာအကြံပြုသွားမယ့် အင်္ဂလိပ်စာတိုးတက်ဖို့ လေ့လာနိုင်မယ့် စာမျက်နှာတွေ၊ လေ့ကျင့်ခန်းတွေ ဆိုတာက IELTS လိုမျိုး အင်္ဂလိပ်ကျွမ်းကျင်မှု အရည်အချင်းစစ် စာမေးပွဲတွေ ဖြေဆိုမယ့် သူမျိုးအတွက် တိုက်ရိုက်မရည်ရွယ်ပါဘူး။ အင်္ဂလိပ်စာကို ပြောဖို့ထက် ဖတ်နိုင်ဖို့၊ နားလည်နိုင်ဖို့၊ ရေးနိုင်ဖို့ ဦးစားပေးတဲ့သူတွေ/ သင်တန်းတက်နိုင်ဖို့ အခက်အခဲရှိပြီး အလုပ်တစ်ဖက်နဲ့ ရုန်းကန်လှုပ်ရှား နေရသူတွေအတွက် အဓိကဦးတည်ပြီး ရေးတာပါ။
အင်္ဂလိပ်စာ အရည်အချင်း စစ်ဆေးခြင်း
အင်္ဂလိပ်စာ လေ့လာသူတစ်ယောက်အတွက် ဘာမှမလေ့လာခင်မှာ အရင်ဆုံး ကိုယ့်အင်္ဂလိပ်စာ အရည်အချင်းကို စစ်ဆေးကြည့်သင့်ပါတယ်။ ဘာလို့လဲဆိုရင် အင်္ဂလိပ်စာနဲ့ ပတ်သက်ရင် လေ့လာစရာ စာအုပ်တွေ ကများပါတယ်။ အချိန်တိုအတွင်းမှာ ထိထိရောက်ရောက် လေ့လာနိုင်ဖို့ဆိုတာ ကိုယ့်အရည်အချင်းကို အတိအကျကြီး မဟုတ်တောင် အကြမ်းဖျဉ်း ဆန်းစစ်သိထားနိုင်မှ ကိုယ့်အင်္ဂလိပ်စာ lvl က ဘယ်လောက်ဆိုတာသိပြီး ဘယ်အဆင့်ကနေ စလေ့လာရမယ်ဆိုတာ အကြမ်းဖျဉ်း သုံးသပ်နိုင်မှာပါ။
Test your english level - http://learnenglish.britishcouncil.org/online-english-level-test
တစ်ခုရှိတာ ရလာတဲ့ ရလဒ်ကိုကြည့်ပြီး ကိုယ်မှန်းထားသလောက် အဆင့်မရခဲ့ရင် စိတ်ပျက်သွားဖို့ မလိုသလို မထင်မှတ်ထားပဲ ရလဒ်ကောင်းနေခဲ့ရင်လည်း သွေးနားထင်မရောက်ဖို့လိုပါတယ်။
အင်္ဂလိပ်စာသင်ခန်းစာ စာအုပ်များဖြင့် လေ့လာခြင်း
Basic Grammar Collection - အင်္ဂလိပ်စာရဲ့အခြေခံ ဝါစင်္ဂ(၈)မျိုး ကနေစပြီး လေ့လာနိုင်ပါတယ်။ အခြေခံလည်း ဖြစ်သလို သင်ပေးတာတွေလည်းရှင်းတဲ့ စာအုပ်ကောင်း ၂ အုပ်ပါ။
4000 Essential English Words - Grammar ဘယ်လောက်ပိုင်ပိုင် စကားလုံး (Vocabulary) မကြွယ်ဝရင်လည်း ကိုယ်ပြောချင်တဲ့အကြောင်းအရာကို ထိထိမိမိပြောနိုင်ဖို့ အခက်အခဲရှိပါတယ်။ အဲ့ဒီ့အတွက် ပုံမှန်အားဖြင့် အသုံးများတဲ့ အင်္ဂလိပ်စာလုံး ၄၀၀၀ ကို စာအုပ် ၆ အုပ်ခွဲပြီး စုပေးထားတဲ့ စာအုပ်တွေရှိပါတယ်။ စာအုပ်တစ်အုပ်မှာ Unit 30 စီပါပြီး Unit တစ်ခုစီကို Target Words စာလုံး ၂၀ စီ လေ့လာခိုင်းပါတယ်။ Vocabulary ထိုင်ကျက်ရသလိုမျိုးမဟုတ်ဘဲ လေ့လာရမယ့် စာလုံး ၂၀ ကို Story ပုံစံမျိုးလေးတွေ ရေးပေးထားလို့ ဗဟုသုတရသလို လေ့လာရတာလည်း လွယ်ကူစေပါတယ်။
BBC Learning English_Articles - https://learnenglish.britishcouncil.org/articles က ဆောင်းပါးတွေပါ။ ဗဟုသုတလည်း ရသလို စကားလုံးအသစ်တွေလည်း အများကြီး လေ့လာနိုင်ပါတယ်။ လေ့ကျင့်ခန်းတွေကလည်း Interactive ဖြစ်ပါတယ်။ သူ့ရဲ့လေ့လာနည်းက စာမဖတ်ခင် စာပိုဒ်ထဲမှာပါတဲ့၊ စာဖတ်သူမသိနိုင်လောက်တဲ့ ဝေါဟာရစကားလုံးတွေကို အရင်စစ်ဆေး လေ့လာခိုင်းပါတယ်။ ပြီးမှ စာပိုဒ်ဖတ်ရတယ်။ ဖတ်ပြီးရင် ကိုယ့်ရဲ့နားလည်မှုပမာဏကို မေးခွန်းနဲ့ ပြန်စစ်ဆေးပေးပါတယ်။
BBC Learning English_Magazines - https://learnenglish.britishcouncil.org/magazine က ဆောင်းပါးတွေပါ။ အပေါ်က အတိုင်းပါဘဲ။
BBC Learning English_Stories - https://learnenglish.britishcouncil.org/stories က ဆောင်းပါးတွေပါ။ အပေါ်က အတိုင်း ပါဘဲ။
Business Vocabulary in Use – Business Vocabulary လေ့လာမယ်ဆိုရင် ဒီဖိုဒါထဲမှာပါတဲ့ စာအုပ်တွေက အတော်လေး ကောင်းပါတယ်။ သူ့ရဲ့ အဓိက Target ကတော့ စီပွားရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ Phone Calls တွေ၊ Business Writing ရေးရတာတွေ၊ Presentation လုပ်ရတာတွေနဲ့ Meetings တွေမှာ အသုံးများတဲ့ အင်္ဂလိပ်စာလုံးတွေကို အဓိကလေ့ကျင့်ပေးတာပါ။ Elementry ကနေစပြီး Advance ထိ ပါဝင်ပါတယ်။ သင့်တော်ရာကို လေ့လာပါ။
English Collocations in Use – Vocabulary ဘယ်လောက်သိသိ တချို့စကားလုံးတွေက သူ့အတွဲနဲ့သူရှိတော့ ဒီစာအုပ်တွေကိုလည်း အချိန်ပေးနိုင်ရင် လေ့လာသင့်ပါတယ်။
English Idioms in Use – Idioms တွေကလည်း အထိုက်အလျောက်တော့ အရေးပါပါတယ်။ မဖြစ်မနေတော့ မဟုတ်ပါ။
English Phrasal Verbs in Use - Phrasal Verbs တွေလေ့လာနိုင်အောင်ပါ။
English Vocabulary in Use - အင်္ဂလိပ်ဝေါဟာရကို ကြွယ်ကြွယ်ဝဝ နားလည်နိုင်ဖို့ Vocabulary လေ့ကျင့်မယ်ဆိုရင် ဒီဖိုဒါထဲမှာပါတဲ့ စာအုပ်တွေက အတော်လေးကောင်းပါတယ်။ Basic ကနေစပြီး Advance ထိ ပါပါတယ်။ သင့်တော်ရာကို လေ့လာပါ။
Essential Grammar in Use – Grammar ကို Target ထားပြီး လေ့လာမယ်ဆိုရင် ဒီဖိုဒါထဲက စာအုပ်တွေကို ဦးစားပေး လေ့လာစေချင်ပါတယ်။ Elementry ကနေစပြီး Advance ထိ ပါပါတယ်။ သင့်တော်ရာကို လေ့လာပါ။
Oxford Practical English Usage - Grammar ကို အဆင့်လိုက် လေ့လာပြီးလို့ Test လေးတွေ စမ်းဖြေကြည့်ချင်ရင် ဒီဖိုဒါထဲက စာအုပ်မှာ လေ့ကျင့်နိုင်ပါတယ်။ Upper Intermediate – Advance နဲ့ Expert lvl အထိ Tests တွေရှိပါတယ်။
Grammar Practise Book - သူကလည်း Grammar လေ့ကျင့်ဖို့ စာအုပ်ကောင်းတွေပါ။
Oxford English Grammar Course - သူကလည်း Grammar လေ့ကျင့်ဖို့ စာအုပ်တွေပါပဲ။
စာအုပ်တွေကို ဒီအောက်က နှစ်နေရာမှာ Download ယူပါ။
https://yadi.sk/d/0lL6eTC6DAZszg (or)
https://drive.google.com/drive/folders/1gNYDoh8jK8ODVRpg7VGQjbADBEdU1JvO
စာအုပ်တွေကို Folder (၁၄) ခုခွဲပြီး yandex.com မှာ တစ်နေရာ၊ Google Drive မှာ တစ်နေရာ တင်ပေးထားပါတယ်။ နှစ်နေရာခွဲပြီး တင်ပေးထားတဲ့အကြောင်းက Yandex/Google ကို တချို့နိုင်ငံတွေကနေ Access လုပ်လို့မရရင် တစ်ခြားတစ်ခုကနေ ယူလို့ရအောင်ပါ။ နောက်တစ်ချက်က Yandex ကို ဝင်လို့ရတယ်ဆိုရင် အဲ့ဒီမှာက Folder လိုက် တင်ပေးထားတာဆိုတော့ ဖိုင်တစ်ခုချင်းစီ ဝင်ကြည့်ပြီး ကြိုက်တဲ့စာအုပ်ကို တစ်အုပ်ချင်း ဒေါင်းလုပ်ချလို့ရပါမယ်။ Google Drive မှာတော့ Copyright နဲ့ ငြိနိုင်တာကြောင့် ဖိုဒါနဲ့ မတင်ဘဲ Folder အားလုံးကို Zip ချုံ့ပြီး တင်ပေးထားပါတယ်။ အဲ့ဒီ့တော့ Folder ထဲမှာပါတဲ့ စာအုပ်တွေကို တစ်အုပ်ချင်း ကြည့်လို့မရနိုင်ပါဘူး။ ဘယ်ကပဲယူယူ ဒေါင်းလုပ်ချရင်ရမယ့် စာအုပ်ကတော့ အတူတူပါပဲ။
အွန်လိုင်းမှာ တင်ပေးထားတဲ့ စာအုပ်တွေထဲမှာ BBC Learning English_Articles/ Magazines/ Stories ဆိုတဲ့ ဖိုဒါတွေ တွေ့ရလိမ့်မယ်။ အဲ့တာတွေက ကိုယ့်ဘာသာ အားရင်အားသလို ဖတ်ဖို့ ဒေါင်းလုပ်ချပြီး PDF လုပ်ထားတာတွေပါ။ လိုအပ်ရင်ယူပါ။ စာအုပ်အများစုကို Updated Versions ဖြစ်အောင် ရှိတာတွေထဲကနေ ရွေးထုတ်ပြီး စုပေးထားတယ်။ File Name တွေရဲ့နောက်ဆုံးမှာလည်း ထုတ်တဲ့ခုနှစ် ထည့်ပေးထားတယ်။ မဟုတ်ရင် အများကြီး ဒေါင်းလုပ်ချရပြီး ဘယ်စာအုပ်က စကိုင်ရမယ်ဆိုတာ မသိမှာစိုးလို့ပါ။
အင်္ဂလိပ်စာသင်ကြားမှု အင်တာနက်စာမျက်နှာများမှတဆင့် လေ့လာခြင်း
တစ်ခုရှိတာ စာအုပ်တွေဆိုတာ ဖတ်နိုင်ရင် ဖတ်နိုင်သလောက် အကျိုးရှိပေမယ့် အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ ရုန်းကန်နေရသူတစ်ယောက်အတွက် ရေရှည်မှာ စာအုပ်ကို ထိထိရောက်ရောက် မဖတ်နိုင်မှာ စိုးရိမ်ရပါတယ်။ စာအုပ်ဆိုတာ Interactive မဖြစ်ဘူးလေ။ အဲ့တော့ အများစုက ၂ ပတ် ၃ ပတ်၊ ၄/၅/၆ ခန်းလောက် ဖတ်ပြီးရင် ပျင်းသွားပြီး ဆက်မလုပ်ဖြစ်ကြတော့ဘူး။ အဲ့လိုမဖြစ်ရအောင် စာအုပ်တွေအပြင် English Learning Websites တွေကိုလည်း အဖော်ပြုသင့်ပါတယ်။ ဒီအောက်ဘက်မှာ English 4 Skills လုံးလေ့ကျင့်လို့ရတဲ့ ဝက်ဘ်ဆိုဒ်လိပ်စာတွေ ဖော်ပြပေးထားပါတယ်။
(၁) https://learnenglishkids.britishcouncil.org/ (ကလေးတွေ လေ့လာဖို့)
အခြေခံအကျဆုံး သင်ခန်းစာတွေ၊ ကလေးလေးတွေ အင်္ဂလိပ်စာသင်ရတာ မပျင်းရအောင် စီစဉ်ပေးထားတဲ့ သင်ခန်းစာတွေ အတော်များများရှိပါတယ်။
(၂) https://learnenglishteens.britishcouncil.org/ (လူငယ်တွေ လေ့လာဖို့)
(၃) https://learnenglish.britishcouncil.org/ (အရွယ်ရောက်သူတွေ လေ့လာဖို့)
(၄) https://www.teachingenglish.org.uk/ (အင်္ဂလိပ်စာ သင်ကြားသူတွေ လေ့လာဖို့)
(၅) http://www.bbc.co.uk/learningenglish/ နောက်ထပ် English 4 Skills ကို Lower Intermediate ကနေစပြီး Towards Advance အထိ လေ့လာနိုင်တဲ့ နေရာနောက်တစ်ခုက ဒီစာမျက်နှာပါ။ သူက lvl တစ်ခုကို Unit 30 ပါပြီး ပုံမှန် လေ့လာပေးနိုင်မယ်ဆိုရင် စနစ်ကျပြီး တန်ဖိုးရှိတာတွေ့ရပါတယ်။ အောက်မှာဖော်ပြထားတဲ့ Courses တွေအပြင် EVERYDAY ENGLISH- GRAMMAR- PRONUNCIATION- VOCABULARY- BUSINESS ENGLISH ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ တခြားလေ့လာစရာတွေလည်း အဲ့ဒီ့နေရာမှာ အများကြီး ရှိပါသေးတယ်။
အပေါ်မှာ ညွှန်းခဲ့တဲ့ Websites တွေက Interactive ဖြစ်တဲ့ လေ့လာမှုမျိုးလို့ ပြောလို့မရပေမယ့် E-book ဖတ်ပြီး လေ့လာရတာထက်တော့ အများကြီး ကျေနပ်စရာကောင်းပါတယ်။ သူ့ထက်ပိုပြီး Interactive ဖြစ်တဲ့နည်းနဲ့တွဲပြီး လေ့ကျင့်ချင်မယ် ဆိုရင်တော့ ဒီအောက်မှာ ဖော်ပြထားတဲ့ Learning Kit တွေကိုလည်း ပူးတွဲအသုံးပြု လေ့လာသင့်ပါတယ်။
Download ချလို့ရမယ့် Link တွေတစ်ခါတည်း တွဲပေးထားတယ်။ Website က Iran ကနေ တင်ထားတာမို့လို စာကတော့ Persian စာတွေ ဖြစ်နေပါလိမ့်မယ်။ Google Chrome နဲ့ ဖွင့်ရင် Auto Translate လုပ်ပေးတယ်။ ကွန်ပျူတာမှာ English to English အဘိဓာန် ကောင်းကောင်းလည်းရှိသင့်ပါတယ်။ သုံးဖူးတဲ့ အတွေ့အကြုံအရတော့ ဒီအောက်က အဘိဓာန် (၃) ခုက အကောင်းဆုံးပါ။
- Longman Dictionary of Contemporary English
- Oxford Advanced Learner's Dictionary
- Cambridge Advanced Learner's Dictionary
FlashCards များဖြင့် လေ့လာခြင်း
ANKI + Flash Cards နဲ့ LONGMAN DISTIONARY Software တွေကိုတော့ ဒီအောက်မှာတင်ပေးထားပါတယ်။
https://yadi.sk/d/xbXVEKnHkABH3Q
စာအုပ်တွေ၊ ညွှန်းထားတဲ့ Websites တွေထဲက ကိုယ့်အဆင့်လိုက် သင့်တော်ရာစာအုပ်၊ သင့်တော်ရာ သင်ခန်းစာ၊ သင့်တော်ရာ အကြောင်းအရာကို ရွေးချယ်လေ့လာပေးပါ။ လေ့လာအားကောင်းတဲ့၊ ကြိုးစားတဲ့ သူတွေအတွက် အခုညွှန်းပေးခဲ့တာတွေထဲက တချို့တလေကတော့ အထောက်အပံ့ ရနိုင်ကောင်းပါရဲ့။
TECHSECTORS
http://www.techsectors.net
0 comments:
Post a Comment
TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။