How To Access Wikipedia Offline - Kiwix

လွန်ခဲ့တဲ့ ၁၈ နှစ်ကျော် (ဇန်နဝါရီ ၁၅၊ ၂၀၀၁) က ဝီကီ (Wikipedia) ကို စပြီးအသက်ဝင်ခဲ့တယ် ဆိုပေမယ့် ၂၀၀၇ ခုနှစ်မှာမှ ထဲထဲဝင်ဝင် စဖတ်ဖြစ်ခဲ့တယ်။ အဲ့မတိုင်ခင်က ကွန်ပျူတာဆိုတာ ကောင်းကောင်းမသုံးတတ်သလို အင်တာနက် ဆိုတာလည်း လက်လှမ်းမမှီသေးဘူး။ လက်ရှိအချိန်ထိ ဝီကီမှာ မြန်မာဘာသာနဲ့ ရေးထားတဲ့ ဆောင်းပါးပေါင်း က ၅၀၀၀၀ မပြည့်သေးပေမယ့် အင်္ဂလိပ်လို ရေးထားတဲ့ ဆောင်းပါးပေါင်းက သန်းနဲ့ချီရှိနေပြီ။ ဆိုတော့ ကိုယ်သိချင်တဲ့ အကြောင်းအရာ တစ်ခုခုကို အချိန်တိုအတွင်း...

Creative Commons Licenses and Their Usages

Creative Commons အကြောင်းရေးဖို့ လွန်ခဲ့တဲ့ (၄)လလောက်က စိတ်ကူးစရတယ်။ စိတ်ကူးရမိခြင်းရဲ့ အကြောင်းက ဖတ်နေကျ Digital Inspiration မှာ Which Creative Commons License is Right for me?ဆိုတဲ့ ဆောင်းပါးကို ဖတ်မိခဲ့ရာကနေ စတယ်လို့ ဆိုရမယ်။ ဘယ်နေရာကြည့်ကြည့် CopyRight ဆိုတာတွေ တအားပေါများနေတဲ့ ခေတ်မှာ Creative Commons License ဆိုတာလေး ရှိနေသေးတာက စိတ်ထဲမှာ နည်းနည်းလေး အသက်ရှုချောင်သွားသလို ခံစားရတယ်။  ဘာလို့လည်းဆိုတော့ ကိုယ်ကိုယ်တိုင်က...

10 URLs That Every Google User Should Know

တစ်ခုခုကို Google မှာ ရှာတိုင်း လိုအပ်တာနဲ့ အနီးစပ်ဆုံး ထပ်တူကျနိုင်တဲ့ ကြော်ငြာတွေ ဘယ်ကနေ ရောက်လာသလဲ ? အရင်ကရောက်ခဲ့တဲ့ နေရာကတွေကို ကိုယ်ကိုယ်တိုင်က မမှတ်မိပေမယ့် Google ကဘာလို့ အကုန်မှတ်မိနေရတာလဲ ? မတော်လို့များ Administrator Password မေ့သွားခဲ့သော် ဘယ်လိုဆက်လုပ်ရမလဲ ? ကိုယ်က ဘာစိတ်ဝင်စားတယ် ဆိုတာ Google က ဘယ်လိုဆုံးဖြတ်သလဲ ? နောင်တစ်ချိန်မှာ Google နဲ့ အဆက်ဖြတ်ဖို့ ဆုံးဖြတ်မိရင် Google Services မှာသိမ်းထားမိတဲ့ ကိုယ့် ​ဒေတာတွေကို...

How To Sync Any Folder To Dropbox Easily

Cloud Storage နဲ့ ပတ်သတ်ရင် ခုချိန်ထိ Dropbox ကိုပဲ စွဲစွဲမြဲမြဲ သုံးနေဖြစ်သေးတယ်။ ခုချိန်မှာ Dropbox ထက် Storage Space ပိုပေးနိုင်တဲ့ တခြား Services တွေ အများကြီး ရှိနေပြီ ဆိုပေမယ့် ခုချိန်ထိ Dropbox ကိုပဲ စွဲစွဲမြဲမြဲ သုံးဖြစ်နေရတဲ့ အကြောင်းက သုံးရလွယ်တယ်။ သစ္စာရှိတယ်။ အလကားသုံးနေတဲ့ User ပဲ ဆိုပြီး ဘယ်တော့မှ ပြစ်ပြစ်ခါခါ မလုပ်တတ်ဘူး။ လွန်ခဲ့တဲ့ ၅ နှစ်နီးပါးလောက်က Dropbox နဲ့ စရင်းနှီးခဲ့ပြီး အကောင့်တစ်ခု စလုပ်ခဲ့တယ်။ ပိုက်ဆံပေးမသုံးနိုင်တော့...

The Best Services for Large Files Sharing

အင်တာနက်ထဲမှာ အကြောင်းတစ်စုံတစ်ရာကြောင့် တစ်စုံတစ်ခုကို တစ်စုံတစ်ယောက် ဆီ အွန်လိုင်းကနေ ပို့ချင်တယ်ဆိုရင် ပုံမှန်ကျွန်တော်တို့ လုပ်ဆောင်နေကျ လုပ်ထုံးလုပ်နည်း (၂)မျိုးရှိပါတယ်။ အဲ့ဒါက -  ကိုယ်ပို့ချင်တဲ့ ဖိုင်ဟာ အရွယ်အစားသိပ်ကြီးကြီးမားမား မဟုတ်ဘူးဆိုရင် Email နဲ့အတူ တွဲပြီးပို့တယ်။  တကယ်လို့ ကိုယ်ပို့ချင်တဲ့ဖိုင်က Email နဲ့ တွဲလို့ရလောက်တဲ့ ပမာဏထက် ကျော်နေမယ်ဆိုရင် File Hosting Service တစ်ခုခုမှာ Upload တင်ပြီး ရလာတဲ့ Link...

Get High Resolution Bing Pictures From Official Bing Gallery

နေ့စဉ် အင်တာနက်ထဲဝင်တိုင်း ကျွန်တော်တို့ အမြဲရောက်ဖြစ်တဲ့ နေရာတစ်ခုစီတော့ ရှိကြမှာပါ။ Google တို့ Facebook တို့တော့ မဆိုလိုဘူးပေါ့။ နေ့တိုင်းနီးပါး ရောက်ဖြစ်တဲ့ နေရာတွေထဲကမှ ကျွန်တော်အမြဲတမ်း တကူးတကသွားဖြစ်တဲ့ နေရာတစ်ခုကို ပြောပါဆိုရင် Bing ရဲ့ Homepage လို့ပဲ ပြောရမယ်။   Search Engine နဲ့ ပတ်သတ်ရင် အရင်က Google ကို အသုံးများပေမယ့် ခုနောက်ပိုင်းမှာ Bing ကိုမကြာခဏ သုံးဖြစ်လာတယ်။ အကြောင်းက မနက်ဘက် အင်တာနက်သုံးဖို့ Browser ဖွင့်လိုက်တာနဲ့...

How to analyze the performance of web page

အရင်ရက်တွေက အင်တာနက်ထဲ စာလိုက်ဖတ်ရင်း Google Labs ရဲ့ Page Speed Online ဆိုတဲ့ Web-based Tool တစ်ခုအကြောင်း ဖတ်ခဲ့ရတယ်။ အင်တာနက်နဲ့ အဆက်ပြတ်ခဲ့တဲ့နောက်ပိုင်း စာလည်းမရေးဖြစ်သလို တော်တော်များများကိုလည်း လိုက်မဖတ်နိုင်တော့ဘူး။ တစ်ခါတစ်လေ အချိန်ရလို့ ဖတ်ဖြစ်ရင်တောင် LifeHacker နဲ့ HowToGeek လောက်ပဲ ရောက်ဖြစ်တော့တယ်။ အရင်ကဖြစ်ချင်သလိုဖြစ် ပစ်ထားတဲ့ ဘလော့မှာ ခုနောက်ပိုင်း စာပြန်ရေးဖြစ်တော့ အတတ်နိုင်ဆုံး ကောင်းသထက်ကောင်းအောင် ပြင်ဖို့ကြိုးစားမိတယ်။...

Test Your Blog from Various Conditions

Blogger.com ကို စပြီး အခြေချမိတာ ၂၀၀၇ ခုနှစ် နှစ်လယ်ပိုင်းလောက်က ဖြစ်လိမ့်မယ်။ Blogging Platform အမျိုးမျိုး မြည်းစမ်းခဲ့ဖူးပေမယ့် နောက်ဆုံးတော့ ဒီ Blogger ကို ပြန်ရောက်ခဲ့တာပဲ။ ကျွန်တော့်စိတ်ထဲ အရှိအတိုင်း ပြောရရင် Google ကပေးတဲ့ Blogger Service က ရိုးသားတယ်လို့ ထင်မိတယ်။ ဒီစိတ်ကလည်း Blogger ရေးတဲ့သက်တမ်း (၇)နှစ်ကျော်မှာ ခံစားမိတာမို့လို့ မှားနိုင်စရာမရှိဘူး။ စီးပွားရေးအတွက်ရည်ရွယ်ပြီး ရေးတဲ့ ဘလော့မဟုတ်လို့ ဒီဘလော့ကနေ ငွေကြေးအကျိုးအမြတ်တစ်စုံတစ်ရာ...

The easiest way to create PDF

PDF Format က ကွန်ပြူတာသုံးပြီး အလုပ်လုပ်နေကြရတဲ့ ရုံးသမားတွေ၊ ကျောင်းသူ/ကျောင်းသားတွေ၊ လုပ်ငန်းခွင်ဝင်နေတဲ့သူတွေအတွက် မသုံးမဖြစ်တဲ့ Format တစ်ခုလို့ဆိုရင် မှားမယ်မထင်ဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့အားလုံးရဲ့ ကွန်ပြူတာထဲမှာ ရှိနေတဲ့ Fonts တွေက စက်တစ်ခုနဲ့ တစ်ခု မတူကြဘူး။   ဆိုကြပါစို့ ... ကျွန်တော့်ကွန်ပြူတာထဲက Word နဲ့ဖန်တီးထားတဲ့ Document တစ်ခုကို USB ထဲထည့်ပြီး တစ်ခြား Print ထုတ်မယ့် စက်တစ်ခုမှာသွားတပ်ပြီးဖွင့်ရင် ကိုယ့်...

How To Make A Perfect Resume

ဒီဘက်ခေတ်မှာ လုပ်ငန်းခွင်ဝင်နေကြတဲ့ လူငယ်တိုင်း ကိုယ်ရေးအကျဉ်းဆိုတာနဲ့ ရင်းနှီးဖူးကြတယ်။ အလွယ်ပြောကြတာတော့ Resume ပေါ့။ ရင်းနှီးဖူးကြတယ်ဆိုပေမယ့် Resume ရဲ့ အရေးပါမှုကိုတော့ ဒီလောက်ကြီးထိ အသိအမှတ် မပြုကြသေးဘူး။ ဘာလို့လည်းဆိုတော့ အရင်တုန်းက ကျွန်တော်တို့နိုင်ငံမှာ Resume ထက် Background ကို ကြည့်ပြီး လက်ခံတာ ပိုများတယ်။ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးကျွမ်းဝင်မှုရှိတာ၊ မကင်းရာမကင်းကြောင်း ပတ်သတ်နေတာ စသဖြင့် လုပ်ငန်းကျွမ်းကျင်မှုဆိုတာထက် Personal...

How To Use WeChat and Viber in Windows 7

wechat.exe and viber.exe လိုချင်လို့ပါ။ computer win7 မှာသုံးချင်လို့ပါ။ ကူညီပေးပါနော်။ email နဲပို့ပေးမယ် ဆိုရင်လည်း ရပါတယ်။ မေးခွန်းကို သေချာမဖတ်ပဲ ဖြေချင်ဇောနဲ့ wechat.exe and viber.exe တိုက်ရိုက်ဒေါင်းလုပ်ချလို့ရမယ့် နေရာတွေ ညွှန်လိုက်မိသေးတယ်။ တကယ်ပါပဲ။ ဒါပေမယ့် စေတနာနဲ့ မှားတဲ့ အမှားမို့လို့ နားလည်ပေးနိုင်ကြမှာပါ။ သိထားတဲ့ နည်းလမ်းတွေထဲက အကောင်းဆုံးဖြစ်နိုင်လောက်မယ့် နည်းတွေကို စုဝေးပြီး အကြံပေးဖြစ်ခဲ့ပါတယ်။ဟုတ်တယ် ကျွန်တော် နည်းနည်းလောသွားလို့...