Techsectors.net Is Going To Active Till 2020

Photo - ၂၀၀၈ မှ ၂၀၁၉ ထိ ကိုယ်တိုင်ရေးခဲ့သော စာများ ဒီနေ့ Z.com မှာ Domain Renewal လုပ်တယ်။ ပုံမှန် .com Domain က မြန်မာငွေ ၁၂၀၀၀ လောက်ပဲ ကျပေမယ့် အရင်တည်းက .net နဲ့ပဲ တောက်လျှောက်ရေးခဲ့တာမို့လို့ .net ကိုပဲ ၁၇၅၀၀ နဲ့ ဝယ်လိုက်တယ်။ Tax ဘာညာ အပြီးအစီး ၁၈၉၀၀ ကျတယ်။ လက်ရှိ ပြည်ပရောက်နေတော့ ငွေချေရတာက မြန်မာပြည် Online Banking နဲ့ အဆင်ပြေမပြေ သိပ်သေချာမသိဘူး။ Online Banking နဲ့ ငွေပေးငွေယူက မြန်မာပြည်ထဲ နေစဉ်ကပဲ လုပ်ဖူးတယ်။ အခု ပြည်ပကနေ...

How to Setup Z.com Domain in Blogger

စာပြန်ရေးဖို့ ပြီးခဲ့တဲ့ အပတ်ကစပြီး ကြိုးစားခဲ့တယ်။ လွန်ခဲ့တဲ့ ၂၀၁၀ ဝန်းကျင်ကလို နေ့တိုင်းနီးပါး ရေးဖြစ်ဖို့ မသေချာပေမယ့် စိတ်ကူးထဲပေါ်သလို ရေးမယ်လို့ပဲ ဆုံးဖြတ်ပြီး Blogspot ကနေ Domain name ကို အရင်ရေးနေကျ .net အဖြစ် ပြန်ပြောင်းလိုက်တယ်။ ဘလော့ရေးတယ်ဆိုတာ ဒီဘက်ခေတ်မှာ တော်တော်ရူးကြောင်ကြောင်နိုင်တဲ့ အလုပ်လို့တောင် ပြောရမလားပဲ။ ဘာလို့လည်း ဆိုတော့ Blogger ဆိုတာ အရင်က Blogging Platform တွေမှာ ရေးတဲ့လူကိုခေါ်တာ။ အထူးသဖြင့်တော့ ကျွန်တော်တို့...

How to Convert Entire Unicode Blog to ZawGyi One

ဒီအကြောင်းအရာတစ်ခု ဖြစ်လာဖို့ နှစ်နဲ့ချီပြီး သန္ဓေတည်ခဲ့တယ်။ ဖြစ်ပုံက ၂၀၀၉-၂၀၁၀ ဝန်းကျင်လောက်မှာ နည်းပညာအကြောင်း အသားပေးရေးကြတဲ့ ဘလော့ဂါအများစု အပါအဝင် တစ်ခြားဘလော့ဂါတွေပါ ဇော်ဂျီနဲ့ ရေးနေရာကနေ ယူနီကုတ်-ယူနီကုတ်ဆိုပြီး ယူနီကုတ်ကို ပြောင်းရေးကြဖို့ ဆော်သြလာကြတယ်။ တစ်ချို့လည်း နေမြဲအတိုင်း ဇော်ဂျီနဲ့ပဲ ဆက်ရေးခဲ့ကြသလို တစ်ချို့တစ်ချို့လည်း အလားအလာ ကောင်းတယ်လို့ ထင်ကြေးပေးကြတာများတဲ့ ယူနီကုတ်ဘက်ကို ဘက်ပြောင်းချင်တာနဲ့ လက်ရှိရေးလက်စ ဇော်ဂျီဘလော့ကို...

How to analyze the performance of web page

အရင်ရက်တွေက အင်တာနက်ထဲ စာလိုက်ဖတ်ရင်း Google Labs ရဲ့ Page Speed Online ဆိုတဲ့ Web-based Tool တစ်ခုအကြောင်း ဖတ်ခဲ့ရတယ်။ အင်တာနက်နဲ့ အဆက်ပြတ်ခဲ့တဲ့နောက်ပိုင်း စာလည်းမရေးဖြစ်သလို တော်တော်များများကိုလည်း လိုက်မဖတ်နိုင်တော့ဘူး။ တစ်ခါတစ်လေ အချိန်ရလို့ ဖတ်ဖြစ်ရင်တောင် LifeHacker နဲ့ HowToGeek လောက်ပဲ ရောက်ဖြစ်တော့တယ်။ အရင်ကဖြစ်ချင်သလိုဖြစ် ပစ်ထားတဲ့ ဘလော့မှာ ခုနောက်ပိုင်း စာပြန်ရေးဖြစ်တော့ အတတ်နိုင်ဆုံး ကောင်းသထက်ကောင်းအောင် ပြင်ဖို့ကြိုးစားမိတယ်။...

Test Your Blog from Various Conditions

Blogger.com ကို စပြီး အခြေချမိတာ ၂၀၀၇ ခုနှစ် နှစ်လယ်ပိုင်းလောက်က ဖြစ်လိမ့်မယ်။ Blogging Platform အမျိုးမျိုး မြည်းစမ်းခဲ့ဖူးပေမယ့် နောက်ဆုံးတော့ ဒီ Blogger ကို ပြန်ရောက်ခဲ့တာပဲ။ ကျွန်တော့်စိတ်ထဲ အရှိအတိုင်း ပြောရရင် Google ကပေးတဲ့ Blogger Service က ရိုးသားတယ်လို့ ထင်မိတယ်။ ဒီစိတ်ကလည်း Blogger ရေးတဲ့သက်တမ်း (၇)နှစ်ကျော်မှာ ခံစားမိတာမို့လို့ မှားနိုင်စရာမရှိဘူး။ စီးပွားရေးအတွက်ရည်ရွယ်ပြီး ရေးတဲ့ ဘလော့မဟုတ်လို့ ဒီဘလော့ကနေ ငွေကြေးအကျိုးအမြတ်တစ်စုံတစ်ရာ...

Fresh Dynamic Views For Your Blog

ဟုတ်တယ် ကျွန်တော် မမှားဘူး - ယုံယုံကြည်ကြည်နဲ့ Blogger မှာ နေခဲ့တာ အချိန်တန်တော့ မျှော်လင့်ထားတာတွေ Google က ဖန်တီးပေးလာတယ် - ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်ဘူး - ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက် Blogger ကြောင့် တစ်ခါမှ စိတ်မညစ်ခဲ့ရဘူး - Hosting ပြဿနာ ဆိုတာလည်း မရှိဘူး - Site down တယ် ဆိုတာလည်း ရှိကောင်းတော့ ရှိလိမ့်မယ် - ဒါပေမယ့် တစ်ခါမှ မကြုံခဲ့ဖူးဘူး - အလကား ပေးထားတဲ့ ဝန်ဆောင်မှုလို့ မထင်ရလောက်အောင် Users တွေကို ဂရုစိုက်တယ် - ဒါ့ကြောင့်...

11Dreams with Simplex Enews Template

Template သဘောမကျလို့ ဆိုပြီး ပြင်နေတာ ၁ ပတ်လောက်ကြာသွားတယ် - အရင် Template ကို သဘောမကျလို့တော့ မဟုတ်ဘူး - အရင် Template က Simplexdesign ကနေ ယူပြီးသုံးထားတာ - ကိုယ်လိုချင်တဲ့ ပုံစံမျိုး အဲ့ဒီ Template မှာတော်တော်များများ ပါလို့ အရင်ကဆို Template တစ်ခုကို ၁ ပတ် တစ်ခါလောက် ပြောင်းနေရာကနေ ခု အဲ့ဒီ့ Template လေးနဲ့ တော်တော်ကြာခဲ့တယ် - ဒါပေမယ့် ဒီ လဆန်းပိုင်းက SIMPLEX ENEWS TEMPLATE ကိုပဲ  Simplexdesign မှာ...

Free Web Hosting Services

Originally Posted by openeyes ကျွန်တော် wordpress နဲ ့ ဘလော့ထားတာလေးကို Hosting တင်ဖို ့ အခက်အခဲဖြစ်နေလို ့ ညီအကိုမောင်နှမများ ကူညီပေးကြပါဦးနော်... -လတ်တလောအသုံးပြုဖို ့ရနိုင်ပြီးတော့ Disk space များများလေး ရရင်လိုချင်ပါတရ်ခင်ဗျာ... တွေ ့သမျှဆိုက်တွေကလဲ အဆင်မပြေလို ့ပါ.... ကူညီပေးကြပါဦး.... ကျေးဇူးအများကြီးတင်ပါတရ်....Wordpress blog တွေကို self-hosted လုပ်ဖို့ အတွက် Free ရတဲ့ web hosting services တွေဆိုတာ တော်တော်လေး ရှာရ လက်ပေါက်ကပ်ပါတယ်။...

Blogger2Wordpress and WordPress2Blogger

Originally Posted by နိုင်လင်းစိုးအဆင်ပြေရင် ကူညီပါဦးဗျာ..ကျနော် ဘလော့ကနေ XML ဖိုင်ကိုဒေါင်းပြီးတော့ WP အသစ်မှာဘယ်လိုသွင်းရမလဲ မသိလို့ပါ.ဟုတ်ကဲ့ပါ ကိုနိုင်လင်းစိုးရေ - Blog Service တစ်ခုကနေ နောက်တစ်ခုသို့ Post တွေ Comment တွေ ပြောင်းပေးနိုင်တဲ့ Converter တစ်ခုကို Google Code ကနေ ဖန်တီးပေးထားတာ ကြာပါပြီ။ သူ့ကို Google Blog Converters လို့ ခေါ်ပါတယ်။ သူ့ကို အသုံးပြုပြီး Blogger က ပို့စ်တွေကို WordPress ထဲ အချိန်ကုန်ခံစရာ မလိုပဲ - သက်သက်သာသာနဲ့...

3 Buzz tips

User တွေရဲ့ တောင်းဆိုချက်ကို လိုက်ပြီး ဖန်တီး ပြင်ဆင်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေတဲ့ Google Buzz က အခုဆိုရင် နောက်ထပ် features အသစ် ( ၃ ) ခုကို မိတ်ဆက်လိုက်ပါတယ်။ အဲတာတွေက အောက်မှာ ဖော်ပြထားတဲ့ အတိုင်းပါ။ -( ၁ ) မိမိစိတ်ဝင်စားသော အကြောင်းအရာ ( Posts ) များအား မိမိ၏ Mail box အတွင်းလို့ ပို့ဆောင်ခြင်း။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့တွေဟာ အကြောင်းအရာတစ်ခုကို Buzz ထဲမှာတွေ့ရှိပြီး သဘောကျလို့ နောင်တစ်ချိန်မှာလည်း အလွယ်တကူ ပြန်လည် ဖတ်ရှုရလွယ်ကူအောင်...

Google Apps Setup for your Website

Google က ပေးထားတဲ့ Google Apps ဆိုတာ Google ရဲ့ products တြွေဖစ်တဲ့ mail, docs, calender .. စတာတွေကို အသုံးပြုသူတွေအတွက် အဲ့ဒီ့ အသုံးပြု user တွေမှာသာ ကိုယ်ပိုင် domain name ကိုယ်စီ ရှိကြမယ် ဆိုရင် သူတို့ရဲ့ domain name နဲ့ အတူတွဲပြီး Google ရဲ့ products ကို အသုံးချနိုင်အောင် အလကားမတ်တင်းပေးထားတဲ့ service တစ်ခုပဲ ဖြစ်ပါတယ်။ အလကားလို့ ဆိုပေမယ့် လိုတာထက်ပိုပြီး limit များများနဲ့ သုံးချင်တာမျိုး ဆိုရင်တော့လည်း ပိုက်ပိုက်ပေးပြီး ဝယ်ရတာတွေလည်း...

Official Google Buzz Buttons for Your Blog

လွန်ခဲ့တဲ့ ( ၃ ) ရက်လောက်က Google ကနေပြီး Google Buzz အတွက် Share နဲ့ Follow လုပ်နိုင်ဖို့ buttons တွေ officially released အနေနဲ့ လွှင့်တင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီ Buttons တွေက ဘာကောင်းလဲ ဆိုရင် ဥပမာ Blog ဖြစ်ဖြစ် Website ဖြစ်ဖြစ် ရေးတယ် ဆိုပါစို့ ကိုယ့် articles တွေကို စာဖတ်သူတွေက Google-Buzz ကနေ တစ်ဆင့် တိုက်ရိုက် Share ပေးလို့ ရပါတယ်။ ဒီ Buttons ကို ကျွန်တော် စမ်းပြီးပါပြီ။ သဘောလည်း ကျပါတယ်။ အရင်က ကျွန်တော့် site မှာ posts တွေကို share...