စောင့်စားခြင်း နဲ့ စောင့်ဆိုင်းခြင်း ဆိုတဲ့ စာစုနှစ်ခုကြားက အဓိက ကွားခြားချက်ကို ကျွန်တော်လိုက်ရှာကြည့်မိတယ်။ တိတိကျကျ ကျွန်တော်မသိပေမယ့် စောင့်စားခြင်းဆိုတာ ကိုယ်တိုင်ကိုယ်ကျ လက်ရှိစောင့်နေရသူ တစ်ယောက်အနေရဲ့ ဇွဲမလျော့ချင်တဲ့ ခံစားချက်ကို ညွန်းဆိုချင်တာလို့ ကျွန်တော်ထင်ပါတယ်။ ဒါဆိုစောင့်ဆိုင်းခြင်းကရော .... ? စောင့်ဆိုင်းခြင်းဆိုတာ စောင့်နေရသူကိုယ်တိုင်ရဲ့ စိတ်ထဲမှာ စောင့်မနေချင်ပေမယ့် မဖြစ်မနေ သို့တည်းမဟုတ် အခြေအနေတစ်ခုကြောင့် မစောင့်မနေစောင့်ရတော့မယ့် အနေအထားကို ရည်ညွန်းခြင်းလို့ထင်ပါတယ်။ ဒါတွေအားလုံးက ကျွန်တော့်စိတ်ထဲမှာ...