...
A Silent Love
ဟိုး အစောကြီးကတည်းက ကျွန်မရဲ့ မိဘတွေက ကျွန်မကို မောင်နဲ့ မပတ်သတ် မဆက်ဆံဖို့ တင်းတင်းကျပ်ကျပ် ကန့်ကွက်ခဲ့ကြပါတယ်။ မောင့်ရဲ့ မိသားစုအခြေအနေ အလုံးစုံကို သိထားခဲ့ကြပြီ မို့လို့ တကယ်လို့သာ ကျွန်မ မောင်နဲ့လက်ထပ် ဖို့ဆုံးဖြတ် လိုက်ပြီဆိုရင် ကျွန်မ ဘဝတစ်သက်တာလုံး ဘယ်တော့မှ စိတ်ချမ်းသာစရာဆိုတာ ရှိလာမှာ မဟုတ်တော့ဘူးလို့လည်း သူ တို့တွေက ပြောခဲ့ကြပါတယ်။မိသားစုက ပေးတဲ့ ဖိအားတွေကြောင့် ကျွန်မတို့ ချစ်သူနှစ်ယောက်လည်း အခုနောက်ပိုင်း တွေ ဆိုရင် မကြာခဏဆိုသလို ခဏခဏ ပြဿနာ ဖြစ်တတ်လာကြတယ်။ ကျွန်မ မောင့်ကို လေးလေးနက်နက် ချစ်ခဲ့တယ် ဆိုတာမှန်ပေမယ့်...