Far Pavilions

Leave a Comment
တစ်ယောက်ကို ၅၀၀ မထည့်မနေရ ... မထည့်ရင် +^%#-@+အတန်းခေါင်းဆောင် ပြောသော စကားသံ အဆုံးတွင် အတန်းတွင်း ကျောင်းသားများဆီမှ ဇာတ်တိုက်မထားသော စကားသံ တစ်ချို့ ခပ်အဲ့အဲ့ တိုးထွက်လာကြသည်။ဘာကြီးတုန်း ....ဘာအတွက်လဲ ....ဘာလုပ်မှာ မို့လို့လဲဟ ... +^%#-@+သို့လော သို့လော အတွေးများ သူတို့အားလုံး၏ စိတ်ထဲတွင် တမဟုတ်ခြင်း ပြန့်နှံ့ သွားကြသည်။( ၅၀၀ ) ဆိုသည်မှာ အမှန်တကယ်တော့ သူတို့ အားလုံးအတွက် အတော်ကလေး များပြားသော ပမာဏ ဖြစ်ပါသည်။အဘယ်ကြောင့် ဆိုသော် သူတို့အားလုံး၏ တစ်နေ့မုန့်ဖိုးငွေမှာ ၅ ကျပ် လျော့လျော့သာရသော ၆ တန်း ကျောင်းသား ကျောင်းသူများဖြစ်ကြသောကြောင့်...