မနက်အိပ်ယာက နိုးတော့ တော်တော်လေးတောင် နောက်ကျနေပြီ။ မျက်နှာသစ်ပြီး သူပြင်ပေး ထားတဲ့ ကော်ဖီတစ်ခွက် ကျွန်တော် သောက်လိုက်တယ်။ အပြင်ကို လှမ်းကြည့်လိုက်တော့ နှင်းတွေကခပ်ဖွဲဖွဲ … ဒီအတိုင်းဆို အပြင်မှာ တော်တော်အေးမယ် ထင်ပါရဲ့။“ ကို ဒီနေ့ class မသွားတော့ဘူး ““ ကိုရယ် ကလေးကျနေတာပဲ။ ဘွဲ့ယူဖို့လာတာ class တက်ရမှာပေါ့ … “ဟုတ်ပါတယ် တကယ်တော့ သူနဲ့ ကျွန်တော့်ရဲ့ အနာဂတ်အတွက် နောက်ဘွဲ့တစ်ခုယူဖို့ ရောက်လာ တာပါ။ ရည်မှန်းချက်ဆိုတာ ငယ်ငယ်ကတာ့ လေတစ်လုံး မိုးတစ်လုံးနဲ့...