သီချင်းတွေ အမြဲ နားထောင်နေဖြစ်တယ် ...စိတ်ညစ်တဲ့ အခါပျော်တဲ့ အခါတစ်ခုခုကို လွမ်းတဲ့ အခါတစ်စုံ တစ်ခုကို အလို မကျတဲ့ အခါဖြေးဆေး ငြိမ်းချမ်းမှုနဲ့ နာရီတစ်ချို့ကို ဖြတ်သန်းချင်တဲ့ အခါThere's a man standing on the cornerWith a sign sayin "will work for food"You know the manYou see him every morningThe one you never give your money toYou can sit there with your window rolled upWondering when the lights going to turn greenNever knowing...
Dear my Mom
ငယ့်ကို မေမေ့ အကြောင်း ပြောပြမယ် ဆိုပြီး မပြောပြ ဖြစ်သေးဘူး .. မေမေ့ အကြောင်း စပြောရမယ် ဆိုရင်တော့ အရင်ဆုံး မေမေ့ မွေးနေ့ ကနေ စပြီး ပြောပြမှရမယ် .. မေမေ့ကို ၁၉၆၀ ဧပြီလ ၂၀ ရက်မှာ မွေးခဲ့တယ် .. မေမေက ဗုဒ္ဓဟူးသမီး .. အဲမှာ ကို တစ်ခု တွေးမိတာက ငယ်ကလည်း ဗုဒ္ဒဟူးနေ့ ညနေပိုင်းမှာ မွေးတဲ့ သူ ဆိုတော့ မေမေနဲ့ ငယ် အဆင်မှ ပြေပါ့မလားလို့ တွေးမိတယ် .. မြန်မာ အယူအဆ အရ ကိုက တွက်မိတာလေးပါ .. သိပ် အယုံအကြည် ရှိနေလို့ တော့ မဟုတ်ပါဘူး။မေမေ့မှာ မွေးချင်း ကိုးယောက် ရှိပြီး မွေးချင်း ကိုးယောက်မှာမှ မေမေ တစ်ယောက်တည်း ဘွဲ့ ရခဲ့တာ မို့လို့ မေမေက ပညာတတ်ဘွဲ့ရတွေကို...