စာပြန်ရေးဖို့ ပြီးခဲ့တဲ့ အပတ်ကစပြီး ကြိုးစားခဲ့တယ်။ လွန်ခဲ့တဲ့ ၂၀၁၀ ဝန်းကျင်ကလို နေ့တိုင်းနီးပါး ရေးဖြစ်ဖို့ မသေချာပေမယ့် စိတ်ကူးထဲပေါ်သလို ရေးမယ်လို့ပဲ ဆုံးဖြတ်ပြီး Blogspot ကနေ Domain name ကို အရင်ရေးနေကျ .net အဖြစ် ပြန်ပြောင်းလိုက်တယ်။ ဘလော့ရေးတယ်ဆိုတာ ဒီဘက်ခေတ်မှာ တော်တော်ရူးကြောင်ကြောင်နိုင်တဲ့ အလုပ်လို့တောင် ပြောရမလားပဲ။ ဘာလို့လည်း ဆိုတော့ Blogger ဆိုတာ အရင်က Blogging Platform တွေမှာ ရေးတဲ့လူကိုခေါ်တာ။ အထူးသဖြင့်တော့ ကျွန်တော်တို့...