The Feature-rich Internet Explorer 9 RC

Internet Explorer 9 အကြောင်းကို 26-03-2010, 05:21 AM တုန်းက Platform Preview မိတ်ဆက် အဖြစ်တဲ့ တစ်ခါ - 23-09-2010 09:57 PM တုန်းက Beta မိတ်ဆက် အဖြစ်နဲ့ အဖြစ်နဲ့တစ်ခါ ရေးဖြစ်ခဲ့တယ်။ ခု စာရေးတဲ့ အချိန်ကနေ ပြန်တွက်ရင် လွန်ခဲ့တဲ့ ၁၁ လ ၁၂ ရက် ၉ နာရီ ၅၂ မိနစ်နဲ့ ၁၂ စက္ကန့် အကွာကပေါ့ - ( ဘယ်ရမလဲ WolframAlpha နဲ့ကို တွက်ထားတာ )


Internet Explorer 9 ၏ အောင်မြင်မှုများ

အရင်လ ( ဖေဖော်ဝါရီ ၁၀ ရက်နေ့ ) က Internet Explorer 9 Release Candidate ဆိုပြီး Microsoft ကနေ Version အသစ်ထပ်ထုတ်တယ် - ထုတ်ပြီး ခု ဘယ်လောက်မှ မကြာသေးဘူး IE 9 Release Candidate ကို ကမ္ဘာတစ်ဝှမ်းက ဒေါင်းလုပ်ချတဲ့သူပေါင်း ၁၁ မီလီယံ ကျော်သွားပြီ - အရင် IE9 Beta ထုတ်တုန်းက ဒေါင်းလုပ်ချခဲ့ကြတဲ့ အရေအတွက်ရယ် ခု IE 9 Release Candidate ထွက်တဲ့ အချိန်မှာ ဒေါင်းလုပ်ချတဲ့ အရည်အတွက်ရယ် နှစ်ခု ပေါင်းရင် ၃၆ မီလီယံ တောင် ကျော်ခဲ့ပြီလို့ သိရတယ် - ပြောရရင် ဒီအောင်မြင်မှုဟာ သာမန် အောင်မြင်မှုတစ်ခုတော့ မဟုတ်ဘူး - ကိုယ်တိုင်က Google Chrome fun ဖြစ်နေလို့သာ Internet Explorer ကို သိပ်မသုံးဖြစ်ပေမယ့် ကမ္ဘာတစ်ဝှမ်းက ဒီ IE ကို ဘာကြောင့် ဒီလောက် အားပေးနေကြလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာတယ် - အဲ့တာကြောင့် Internet Explorer 9 ထုတ်ဖို့ဆိုပြီး စစမ်းသပ်တဲ့ ကာလ Platform Preview အဆင့်တည်းက ကိုယ်ကိုယ်တိုင် သုံးကြည့်ပြီး သိခဲ့တာလေးတွေ ဖိုရမ်မှာ ပုံမှန် ရေးဖြစ်ခဲ့တယ် - စစချင်း Internet Explorer 9 Platform Preview နောက် Internet Explorer 9 Beta - ခု Internet Explorer 9 Release Candidate အကြောင်း ရေးဖို့ ဖြစ်လာပြီ - အားလုံးကလည်း Firefox fun ဖြစ်နေလို့လား မသိဘူး - Internet Explorer 9 အကြောင်း စာတက်ရင် ဘယ်သူမှ စိတ်ဝင်တစား ဖတ်တာ မတွေ့ရဘူး - ဒါပေမယ့် ကျွန်တော်ကလည်း သိလာတာတွေဆို ပြောပြချင်စိတ်က ရှိနေတော့ အားမပေးလည်း ရေးနေတာပဲ

Internet Explorer 9 Release Candidate ရှိ ပြောင်းလဲမှုများ

အခုလည်း Version တစ်ခု တက်သွားပြီ ဆိုတော့ Internet Explorer 9 Release Candidate မှာ ဘာလို ပြောင်းလဲမှုတွေ ရှိလာသလဲ - ဘယ်လို features တွေ တိုးပြီး ပါလာမလဲ ဆိုတာ သိရအောင် စမ်းသုံးဖြစ်ခဲ့တယ် - Release Candidate ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လိုက်အောင် အရင် Platform Preview နဲ့ ဘာမှ မဆိုင်တော့ပဲ တော်တော်ကြီး အဆင့်မြင့်လာတာ တွေ့ရတယ် - ပြောရရင် သဘောကျသွားတယ် ပေါ့ဗျာ - အဲ့တော့ Internet Explorer 9 RC မှာ ဘာလို ပြောင်းလဲမှုတွေ ရှိလာသလဲ - ဘယ်လို features တွေ တိုးပြီး ပါလာမလဲ ဆိုတာ လူတိုင်း သိချင်ကြလိမ့်မယ် - အရင် BETA မှာတည်းက ပါတဲ့ Features တွေ အားလုံး အရင်လိုပဲ ပြန်ပါပါတယ် - အဲ့တာကိုတော့ အပေါ်က Internet Explorer 9 Beta မှာ ရေးခဲ့ပြီးသားမို့ ဒီမှာ ပြန်မဖော်ပြတော့ဘူး - Internet Explorer 9 RC မှာ ပါလာတဲ့ New features နဲ့ Improvements တွေ အကြောင်းကို သီးသန့် ဖတ်ချင်မယ် ဆိုရင် ဒီနေရာမှာ Internet Explorer 9 Release Candidate – New Features Summary ဆိုတဲ့ စာအုပ်ရှိပါတယ်။ Microsoft ကနေ အနှစ်ချုပ်ကို ပြည့်ပြည့်စုံစုံ ရေးထားပေးပါတယ်။ သူ့ကို Download ချပြီး ဖတ်လို့ ရပါတယ်။ တကယ်လို့ စာအုပ်နဲ့ မဖတ်ချင်ပဲ သူ့ရဲ့ ထူးခြားချက်ကို ပုံလေးတွေနဲ့ ကြည့်ချင်ရင် ဒီနေရာမှာ ကြည့်လို့ ရပါတယ်။ တစ်ခြား Browsers တွေ ( Firefox 4.0 Beta 11, Chrome 9.0 Beta) နဲ့ Internet Explorer 9 ရဲ့ စွမ်းဆောင်ရည်တွေကို စမ်းစစ်ကြည့်တဲ့ အခါမှာ Results က ဘယ်လိုထွက်တယ် ဆိုတာ ဒီနေရာမှာ ကြည့်ကြည့်ပါ။ ကျွန်တော် Google Chrome သမားတောင် Internet Explorer ကို ချက်ချင်းပြောင်းရမလို ဖြစ်နေပြီ - တကယ်လို့ Internet Explorer 9 Release Candidate ရဲ့ Product Guide ကိုမှ ပြည့်ပြည့်စုံစုံ ဖတ်ချင်မယ် ဆိုရင် ဒီအောက်မှာ ဖော်ပြထားတဲ့ Links တွေကနေ ဒေါင်းလုပ်ချပြီး လေ့လာနိုင်ပါတယ်။ ဒီ Product guide စာအုပ်ထဲမှာ Internet Explorer 9 နဲ့ ပတ်သတ်ပြီး ဘယ်လို အသုံးဝင် ထိပ်တမ်း features တွေပါဝင်တယ် - ဘာတွေ ပြင်ဆင်ထားတယ် ဆိုတာ End users, Developers နဲ့ IT professionals သမားတွေ အလွယ်တကူ လေ့လာနိုင်အောင် ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။

Internet Explorer 9 Release Candidate အား အသုံးပြုခြင်း


ဒီလောက်ထိ ညွှန်းလာပြီးပြီ ဆိုတော့ တစ်ချို့လည်း စမ်းသုံးချင်ကြတဲ့သူတွေ ရှိကောင်း ရှိမယ်။ Internet Explorer 9 RC ကို သုံးချင်ရင် လုပ်ရ ကိုင်ရတာ မခက်ပါဘူး - ပုံမှန် Software တစ်ခု install လုပ်သလိုပဲ Download ချပြီး Install လုပ်သုံးယုံပါပဲ - Download ကိုတော့ ဒီနေရာကနေ ယူနိုင်ပါတယ်။ Filehippo ကနေလည်း ယူနိုင်ပါတယ်။ အင်တာနက် ကောင်းမယ် ဆိုရင်တော့ ဒီနေရာကနေ Download ယူပြီး Internet Connection နဲ့ တိုက်ရိုက်Install လုပ်နိုင်ပါတယ်။ တစ်ခုရှိတာ Windows XP သမားတွေ Internet Explorer 9 ကို Windows XP သမားတွေ သုံးလို့ မရပါဘူး - Windows XP သမားတွေက သုံးချင်ရင် Internet Explorer 8 ပဲ သုံးလို့ ရပါမယ်။ Internet Explorer 9 RC ကို သုံးချင်ရင် ကိုယ်သုံးနေတဲ့ Windows က အနည်းဆုံး Windows 7 (x86 or x64) နဲ့ Windows Vista SP2 (x86 or x64) ဖြစ်ဖို့ လိုပါတယ်။ ဒါကို မမေ့ပါနဲ့။ သက်ဆိုင်ရာ ဖိုင်ကို Download ချပြီးရင် install လုပ်ပါ။ Restart တောင်းကောင်း တောင်းပါလိမ့်မယ်။ Restart ပေးပြီး ပြန်တက်လာရင် စသုံးလို့ ရပါပြီ။

Internet Explorer 9 Release Candidate နှင့် ပြဿနာရပ်များ

Internet Explorer 9 Release Candidate ကို စသုံးပြီ ဆိုရင် တစ်ခြားတော့ ထူးထူးခြားခြား ပြဿနာ မရှိပါဘူး - ဒါပေမယ့် ခေါင်းခြောက်စေမယ့် ပြဿနာ တစ်ခုတော့ ရှိပါတယ်။ အဲ့တာက သူ့ကို တင်တင်ပြီးချင်း Restart ပေးပြီး ပြန်တက်လာရင် Google talk သုံးတဲ့ သူတွေ Chat box မှာ အရင် မြန်မာလို အဆင်ပြေပြေ တွေ့နေရာကနေ ကကျိုးကကြောင်ပုံစံတွေ စမြင်ရပါလိမ့်မယ်။ အဲ့ပြဿနာကို ဘာကြောင့် အဲ့လို ဖြစ်မှန်းမသိလို့ အင်တာနက်ထဲ အချိန်တော်တော်ကြာအောင် စာလိုက်ဖတ်ခဲ့ ရသေးတယ်။ ခုတော့ အဲ့အတွက် စိတ်မပူပါနဲ့ အဖြေရှိနေပါပြီ။ အောက်ဖော်ပြပါအတိုင်း Internet Explorer 9 RC ရဲ့ ညာဘက် အပေါ်ထောင့်မှာ ရှိနေတဲ့ Tools icon ကနေပြီး Internet options ကို ဝင်လိုက်ပါ။


အဲ့ကနေပြီး General tab အောက်က Appearance အောက်မှာ ရှိတဲ့ Fonts button ကို နှိပ်ပြီး တက်လာတဲ့ box မှာ Zawgyi-One ကို ရွေးပေးပြီး OK ပေးလိုက်ပါ။ ဒါဆို အားလုံး ပုံမှန် ပြန်ဖြစ်သွားပါလိမ့်မယ်။


Internet Explorer အား Uninstall လုပ်ဆောင်ခြင်း

ဘယ်ဟာတွေ ဘယ်လောက်ကောင်းပါတယ် ပြောပြော Release Candidate ဆိုတာ Stable မဟုတ်သေးတာကြောင့် တစ်ခြား ပြဿနာလေးတွေ အနည်းနဲ့ အများ ရှိနေပါသေးတယ် - အရမ်း ပြည့်စုံပါတယ်လို့တော့ မဆိုနိုင်သေးပါဘူး - ဒါ့ကြောင့် စမ်းသပ်သုံးစွဲပြီးကာမှ နဂို Internet Explorer 8 ကိုပဲ ပြန်လိုချင်သူတွေ အတွက် Internet Explorer 9 Release Candidate ကို Uninstall လုပ်ဆောင်နိုင်အောင် အဆင့်တစ်ချို့ တစ်ပါတည်း ဖော်ပြလိုက်ပါတယ်။

အရင်ဆုံး Windows Vista မှာ ဆိုရင် Control Panel\Programs\Programs and Features ကို သွားပြီး View installed updates ကို ဝင်ပါ။ ( Windows 7 လည်း အဲ့နေရာပဲ ဖြစ်ပါလိမ့်မယ်။ )



Installed Updates စာမျက်နှာကို ရောက်ရင် အောက်ဖော်ပြပါအတိုင်း Windows Internet Explorer 9 Release Candidate ဆိုတ့ဲ Update ကို ရှာပြီး Uninstall ပေးပါ။ Uninstall ပေးပြီးရင် သူက Restart တောင်းပါလိမ့်မယ်။


Restart ပြန်တက်လာရင် နဂိုအတိုင်း Internet Explorer 8 ပဲ ပြန်ဖြစ်နေပါလိမ့်မယ်။

Internet Explorer 9 browser အား Windows 7 တွင် Slipstream လုပ်ဆောင်ခြင်း

တစ်ချို့ကျတော့လည်း Internet Explorer 9 က Features တွေ အရမ်းကောင်းတယ် ဆိုပြီး ကိုယ့်မှာ ရှိတဲ့ Windows 7 ခွေထဲကို Windows တင်တည်းက ပါလာအောင် တစ်ခါတည်း Slipstream လုပ်ချင်ကြတဲ့ သူတွေလည်း ရှိလိမ့်မယ်။ အဲ့အတွက် ဘယ်လို လုပ်ဆောင်ရမယ် ဆိုတဲ့ နည်းလမ်းကို ဒီနေရာမှာ ဖတ်ပါ။

မူလရင်းမြစ်များ

ကျွန်တော် အရင်တုန်းက စာတစ်ပုဒ်ရေးရင် ဘယ်တွေကနေ ဖတ်ခဲ့တယ်ဆိုတာ မဖော်ပြဖြစ်ခဲ့ဘူး - ခုနောက်ပိုင်းကနေ စပြီး စာတစ်ပုဒ်ရေးပြီးတိုင်းမှာ ဘယ်တွေကနေ ဖတ်ခဲ့တယ် ဆိုတာကို မိသားစုဝင်များ ဆက်စပ်လေ့လာနိုင်အောင် ပူးတွဲဖော်ပြပေးသွားပါ့မယ်။ ဒီအောက်မှာ ဖော်ပြထားတဲ့ Links တွေကတော့ ခုရေးနေတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်လာဖို့ ကျွန်တော် ဖတ်ခဲ့တဲ့ စာမျက်နှာတွေပါ - အရင်းအမြစ်ကိုမှ လေ့လာချင်သူများ လေ့လာနိုင်အောင် ပူးတွဲဖော်ပြလိုက်ပါတယ်။
  1. http://www.msfn.org/_/software/ie9-r...plorer-sh-r305
  2. http://www.microsoft.com/downloads/e...3-01b715e17a00
  3. http://ie.microsoft.com/testdrive/
  4. http://en.wikipedia.org/wiki/Internet_Explorer_9
  5. http://www.intowindows.com/download-...ase-candidate/
  6. http://www.intowindows.com/download-...product-guide/
  7. http://www.intowindows.com/how-to-un...tform-preview/
  8. http://windows.microsoft.com/en-US/i.../ie-9/features
  9. http://windows.microsoft.com/en-US/i...mpare-browsers
  10. http://windows.microsoft.com/en-US/i...wide-languages
  11. http://www.filehippo.com/download_internet_explorer/
  12. http://www.windowsvalley.com/downloa...ne-installers/
  13. http://www.intowindows.com/how-to-sl...windows-7-iso/
  14. http://www.beautyoftheweb.com/#/productguide
  15. http://windows.microsoft.com/en-US/i...ts/ie-9/videos
KznT.

7 Chrome Annoyances

ဒီနေ့ Google Operating System Blog မှာ စာသွားဖတ်ရင်း သိခဲ့တာလေးတွေ ပြောပြချင်မိတယ် - သိတဲ့ အတိုင်း Chrome နဲ့ ပတ်သတ်တာလေးတွေပါ - သေးသေးကွေးကွေး ဆိုပေမယ့် အရေးပါတာလေးတွေ မို့လို့ ဖတ်ပြီးပြီးချင်းပဲ ဘာသာပြန်ပြီး စရေးဖြစ်လိုက်ပါတယ် -

Google Chrome နဲ့ ပတ်သတ်ပြီး အပေါ်မှာ ကျွန်တော်ရေးခဲ့ပြီးတဲ့ အကြောင်းအရာတွေကို ဖတ်ခဲ့ပြီးရင် တော်တော်များများ တီးမိခေါက်မိ ဖြစ်နေလိမ့်မယ်လို့ ယုံကြည်မိပါတယ် - Google Chrome မှာ တစ်ခြား Browsers တွေနဲ့ ကွာသွားတဲ့ အဓိက အားသာချက်က အမြန်နှုန်းနဲ့ အပြင်အဆင် - Add-ons ချင်းလည်း Firefox နဲ့ ယှဉ်လိုက်ရင် အရေအတွက် အားဖြင့် သိပ်မများသေးဘူးလို့ ဆိုနိုင်ပေမယ့် Google Chrome ရဲ့ Extensions တွေက တစ်ခုဆို ဆိုသလောက် စွမ်းဆောင်ရည်တွေ ထက်မြက်လွန်းတယ် - Google Chrome မှာ အားသာချက်တွေ အများကြီး ရှိပါတယ်လို့ ပြောခဲ့ပေမယ့် ခြောက်ပစ်ကင်း သဲလည်းစင် ကြီးတော့ မဟုတ်သေးဘူး - သူ့မှာ Chrome users တိုင်း ဘဝင်မကျ ဖြစ်နေတဲ့ / ပြောင်းလဲ စေချင်နေတဲ့ အားနည်းချက်လေးတွေလည်း တစ်ချို့ ရှိနေပါသေးတယ် - ဘာတွေလဲဆိုတာ အောက်မှာ ဆက်ကြည့်ပါ

1. No confirmation when closing multiple tabs


Firefox မှာဆို Tabs တစ်ခုထက်ပိုပြီး ဖွင့်ထားတဲ့ အချိန် Close button ကို နှိပ်လိုက်မိရင် Tabs အားလုံးကို ပိတ်မှာလား ဆိုတာ အမြဲ မေးလေ့ရှိတယ်။ ဒါမျိုးက တစ်ခါတစ်လေ တစ်ခြား windows တွေနဲ့ ရောပြီး မှားပိတ်မိတဲ့ အခါမျိုးတွေမှာ အရမ်းအသုံးတည့်ပါတယ် - ကိုယ်က မှားပြီး Click ပေးမိတာမျိုး ဆိုရင် Cancel ပေးပြီး နဂိုအခြေအနေအတိုင်းလေး ပြန်ထားလို့ ရသလို - တကယ်ပိတ်ချင်တာ ဆိုရင်လည်း OK ပေးလိုက်ယုံပဲ - Google Chrome ကတော့ အဲ့လိုမဟုတ်ဘူး - နှစ်ခါပြန်မမေးဘူး - ပိတ်ဆို တစ်ခါတည်း ပိတ်ပစ်တာ - ကျွန်တော် စစချင်း ဘာကြောင့်လဲ - Settings မှာများ မှားပေးမိလားဆိုပြီး လိုက်ရှာသေးတယ် - မတွေ့ဘူး - နောက်မှ သိတယ် အစောတည်းကကို မပါတာ - အဲလို မဖြစ်စေချင်ရင် Chrome Toolbox ကိုသုံးပြီး နောက်တစ်ခါ မှားပိတ်မိမလို ဖြစ်တဲ့အချိန် Warning ပေးအောင် လုပ်ဆောင်ထားလို့ ရပါတယ်။

2. Basic history page



Google Chrome သုံးသူများ သိကြတဲ့ အတိုင်းပါ - Google Chrome မှာပါတဲ့ History page က Google Chrome ဆိုတဲ့ နာမည်နဲ့ မလိုက်အောင်ကို အူတူတူနိုင်လွန်းတယ် - တစ်ခုခု အရေးကြီးတာတွေ ပြန်ရှာစရာ ရှိရင် ဘယ်နေ့လောက် ပတ်ဝန်းကျင်က ကြည့်ခဲ့တယ် ဆိုတာ မှတ်မိရင်တောင် ရှာဖို့က အဆင်မပြေဘူး - ဒီ ပြဿနာကို ဖြေရှင်းနိုင်ဖို့ History 2 extension ရှိပါတယ်။ အပေါ်မှာ ပြထားတဲ့အတိုင်းပဲ ရက်အလိုက် / အပတ်လိုက် ကိုယ်ကြည့်ခဲ့ဖူးတာတွေကို ရှာဖွေရ လွယ်ကူအောင် သူ စဉ်ထားပေးပါလိမ့်မယ်။ ဒါတင်မကသေးဘူး - နဂို Google Chrome မှာ မရတဲ့ History ထဲက သီးသန့်ဖျက်ချင်တာလေးကိုပဲ ရွေးပြီး ဖျက်လို့ ရအောင်လည်း History 2 က စွမ်းဆောင်နိုင်သေးတယ်။

3. Missing image properties



Website တစ်ခုခုကို သွားရင်းနဲ့ Image တစ်ခုခုတွေ့လို့ သူ့ရဲ့ Properties ကို ကြည့်ချင်ရင် Google Chrome မှာ ကြည့်ဖို့ အဆင်မပြေပါဘူး - ဒါပေမယ့် Image Properties Context Menu ကို သုံးလိုက်မယ် ဆိုရင် ဒီပြဿနာက ပြေလည်သွားပါလိမ့်မယ်။ Extension ကို Install လုပ်ပြီးရင် သိချင်တဲ့ ပုံပေါ်မှာ Right click ထောက်ပြီး Image Properties ကနေတစ်ဆင့် Image size, Location, Dimensions စတာတွေ သိရှိနိုင်ပါလိမ့်မယ်။

4. No support for feeds



Google Chrome က RSS feeds ဆိုတာကိုလည်း မသိသေးဘူး - အဲ့တာက စာဖတ်လေ့ မရှိတဲ့ သူတွေအတွက် သိပ်ပြဿနာ မရှိပေမယ့် RSS နဲ့ စာဖတ်နေကျ လူတွေ အတွက်တော့ ပြဿနာ ရှိလာတယ် - အဲ့ပြဿနာကို ပြေလည်ဖို့က Google က ထုတ်ထားတဲ့ RSS Subscription Extensionဆိုတာ ရှိပါတယ် - သူ့ကို တင်ထားလိုက်ရင် Google Reader, iGoogle, Bloglines, My Yahoo ကြိုက်တာနဲ့ နှစ်သက်ရာ Feed တွေကို subscribe လုပ်လို့ ရပါပြီ။

5. You can't send a web page by email


တစ်ခြား နာမည်ရှိတဲ့ Browsers တွေက ကိုယ် သိမ်းထားချင်တဲ့/မျှဝေချင်တဲ့ Web pages တွေရဲ့ URL နဲ့ Page title ကို Mail ကနေတစ်ဆင့် ပို့လို့ ရအောင် ဖန်တီးပေးထားချိန်မှာ Google Chrome မှာတော့ အဲလို Option မျိုး ဘယ်မှာမှ ရှာလို့ မရပါဘူး - ဒါပေမယ့် အဲ့လို ပုံစံမျိုး သုံးချင်ရင်Javascript bookmarklet ကို ကျွန်တော်တို့ ဖန်တီးယူနိုင်ပါတယ်။ တကယ်လို့ ကိုယ်က Gmail သုံးတဲ့သူ ဆိုရင်တော့ Google ကထုတ်ထားတဲ့Send from Gmail extension ကို သုံးမယ်ဆိုရင် အဆင်ပြေပါလိမ့်မယ်။

6. No session manger

Google Chrome ကို ပိတ်လိုက်ပြီး ပြန်ဖွင့်တဲ့ အချိန်မှာ အရင်တုန်းက ဖွင့်ထားခဲ့တဲ့ Tabs တွေကို Restore ပြန်လုပ်ပြီး ဖွင့်မပေးပါဘူး - အဲ့လို ဖြစ်စေချင်ရင် Options ကို သွားပြီး Reopen the pages that were open last. ကို Enable ပေးထားဖို့ လိုပါတယ်။


တကယ်လို့ ဒီ့ထက်နဲနဲ ပိုပြီး အဆင့်မြင့်မြင့်လေး သုံးချင်ရင် Session Buddy ကို သုံးကြည့်နိုင်ပါတယ်။

7. You can't switch to a tab from the Omnibox


Firefox 4 မှာဆိုရင် ကိုယ်ဖွင့်ထားတဲ့ တစ်ခြား ဘယ် Tab ကိုမဆို Address bar မှာ ဆက်စပ်မှုရှိတဲ့ အစစာလုံးလေးလောက် ရိုက်လိုက်တာနဲ့ tab တစ်ခု ကနေ နောက် tab တစ်ခုကို ကူးသွားလို့ ရတယ်။ အဲလိုမျိုးလေး Google မှာ သုံးချင်တယ်ဆိုရင် Switch To Tab extension ကိုသုံးနိုင်ပါတယ်။ Install လုပ်ပြီးတာနဲ့ နောက်တစ်ကြိမ် tabs တွေ အများကြီး ဖွင့်သုံးဖြစ်တဲ့ အချိန်မှာ tab တစ်ခုကနေ နောက်တစ်ခုကို ပြောင်းချင်တဲ့ အချိန် sw ဆိုတဲ့ စာလုံးကို စရိုက် ကို နှိပ်ပြီး ကိုယ်ပြောင်းချင်တဲ့ tab က စာလုံး အစလေးလောက် ရိုက်ရင်းနဲ့ ပြောင်းသွားလို့ ရပါတယ်။

[7 Chrome Annoyances and How to Fix Them]

KznT.

Chrome PDF Viewer

အပြောင်းအလဲလို့ ဆိုလိုက်ရင် လူတော်တော်များများ ခေါင်းပြူကြည့်တတ် ကြပေမယ့် အကျိုးအမြတ်မရှိပဲ လက်ရှိရပ်တည်နေတဲ့ နေရာကနေ တော်ယုံ ဘယ်သူမှ မကူးပြောင်းချင်ကြဘူး - ဒါကလည်း အကြောင်းရှိတယ် - အပြောင်းအလဲ တစ်ခုနဲ့ ရင်ဆိုင်မယ် ဆိုတဲ့ အခါတိုင်း ကျွန်တော်တို့တွေ အဲ့ဒီ့ အပြောင်းအလဲကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှု ဆိုတာ လုပ်ကြရတယ် - နယ်မြေသစ်ဖြစ်တဲ့ အလျှောက် သူ့မှာ ဘာအန္တရာယ်တွေ ရှိမယ် - ဘာအတားအဆီးတွေ ကျော်ရမယ် ဆိုတာ ကျွန်တော်တို့ ခန့်မှန်းဖို့ မလွယ်နိုင်ဘူး - ဖြစ်နိုင်ချေ ရှိမယ် လို့ထင်ပြီး ကိုယ်ပြင်ဆင်သွားတဲ့ အရာတွေက အဲ့ဒီ့ နယ်မြေထဲမှာ လုံးဝ သုံးစားမရတာတွေ ဖြစ်နေတတ်သလို - မဖြစ်နိုင်လောက် ပါဘူးလို့ထင်ပြီး ချန်ထားခဲ့တဲ့ အရာတွေကလည်း အဲ့နယ်မြေမှာ မဖြစ်မနေ လိုကောင်းလိုနေတာမျိုး ရှိလာတတ်တယ် - အပြောင်းအလဲ တစ်ခုမှာ ကိုယ်ပြင်ဆင်ထားခဲ့တာနဲ့ ကိုယ်ကြုံတွေ့ရမှာတွေ ထပ်တူကျနိုင်ဖို့ဆိုတာ တကယ်တော့ တော်တော်ကြီး ကံကောင်းမှ တိုက်ဆိုင်တတ်တာမျိုးပါ - အဲ့တာကြောင့် အပြောင်းအလဲလို့ ဆိုလိုက်ရင် လူတိုင်းနီးပါး အတွင်းစိတ်သန္တန်က ခေါင်းပြူကြည့် တတ်ပေမယ့် လက်တွေ့ရင်ဆိုင်ဖို့ကိုတော့ တွန့်ဆုတ် နေတတ်ကြတယ် - ကျွန်တော်လည်း ထိုနည်းလည်းကောင်းပဲ 

ကွန်ပြူတာ စပြီး သုံးတတ်ခါစက အပြောင်းအလဲ လုပ်ဖို့ နေနေသာသာ မပြောင်းလဲတာတွေကိုပဲ အလွတ်ကျက်ပြီး မှတ်ခဲ့ရတယ် - Apps တွေရဲ့ နာမည်တွေ မသိဘူး - Left click ကို ဘာလို့ နှိပ်ပြီး - Right click ကို ဘာလို့ နှိပ်နေမှန်းလဲ မသိခဲ့ဘူး - ကွန်ပြူတာကို လုံးဝ မသုံးတတ်လို့ ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ စာအုပ်ဝယ်ဖတ်တဲ့ အခါတိုင်း Left click ပေးရမှာလား - Right click ပေးရမှာလား ဆိုတာ ပုံလေးနဲ့ သေချာပြထားတဲ့ စာအုပ်မျိုးကိုမှ ( ဥပမာ - ဆရာဦးအောင်လင်း ( B.E., Electronics ) ရေးတဲ့ Powerpoint - ကွန်ပြူတာဖြင့် သရုပ်ဖော်နည်းလက်စွဲ စာအုပ် ) ကျွန်တော် ဝယ်လေ့ရှိတယ် - တကယ်လို့ များ ကိုယ်ဝယ်လာတဲ့ စာအုပ်က စာမျက်နှာတစ်ခုခုမှာ "ထို နေရာအား Click တစ်ချက်ပေးပါ" ဆိုပြီးများ စာရေးသူက ရေးထားရင် ကျွန်တော် အဲ့စာရေးသူကို အသေအလဲ မုန်းတာ - ဘာလို့လည်းဆိုတော့ Click တစ်ချက်ဆိုတာ Left click ပေးရမှာလား ?? Right click ပေးရမှာလား ?? ကျွန်တော်မသိလို့  ဒီချိန်မှာ ဒါတွေက ရီစရာ ဖြစ်နေပေမယ့် တစ်ချိန်ကတော့ တကယ်ကို လူးလှိမ့်နေအောင် ခံခဲ့ရတာပါ။


ခုချိန်မှာတော့ ကိုယ်ကိုယ်တိုင် အပြောင်းအလဲကို ဖန်တီးနိုင်တဲ့ အခြေအနေ မရောက်သေးပေမယ့် အပြောင်းအလဲ ဆိုတဲ့ နယ်ပယ်ထဲကို သူများရဲ့နောက်က လိုက်ပြီး ခြေချရဲတဲ့ အဆင့်တော့ ရောက်ခဲ့ပါပြီ - ဘယ်လို နောက်ကလိုက်ပြီး ခြေချရဲတာလဲ ဆိုတော့ ကွန်ပြူတာသမားတွေ တော်တော်များများမှာ ပုံသေနည်းတွေ ရှိကြတယ် - ဥပမာ - PDF Reader ဆိုဘာသုံးလဲ - Adobe Reader - Browser ဆို ဘာသုံးလဲ Internet Explorer, ခုနောက်ပိုင်းတော့ Mozilla Firefox - စသဖြင့် ရှေ့လူကနေ နောက်လူကို လက်ဆင့်ကမ်းခဲ့ကြတဲ့ ဒီ Apps တွေကိုပဲ ပုံသေကားချပ်ကြီး တစ်ခုလို သုံးနေကြတယ် - Google Chrome မသုံးဘူးလားဆို ကျွန်တော့်ကို လူထူးလူဆန်းလို ဝိုင်းကြည့်ကြတယ် - Foxit Reader သုံးပါလို့ ပြောလိုက်ရင် သူများစီးပွားရေး ဒုတ်နဲ့လိုက်ထိုးနေသူလို မျက်မှောင်ကျုံ့ကြတယ် - ပြောရရင် ဒါအကြံပြုချက်တွေ အားလုံးဟာ ကျွန်တော်ဖန်တီးခဲ့တာ မဟုတ်ပေမယ့် ဖန်တီးခဲ့သူတွေရဲ့ နောက်ကနေ ကျွန်တော် ရဲရဲချနင်းခဲ့ပြီး အားသာချက်တွေ ရှိလို့ အကြံပြုခဲ့တာတာပါ -



ခုလည်း အားလုံးအတွက် သိထားသင့်မယ်ထင်တဲ့ အကြံပြုချက်လေး တစ်ခု ပြောချင်ပါသေးတယ် - အဓိက ဦးတည်တာတော့ Google Chromeသမားတွေ အတွက်ပါ - Windows အသစ်တင်တိုင်း PDF တွေ ဖွင့်ဖို့ဆိုပြီး - Adobe Reader ဒါမှမဟုတ် - Foxit Reader စသဖြင့် Reader တစ်ခု မဖြစ်မနေ ထပ်ထပ်တင်နေကြတာ တကယ်တမ်း အဲ့ဒီ့ PDF Reader နဲ့ ထူးထူးခြားခြား ကြီးကြီးကျယ်ကျယ် ကျွန်တော်တို့ ဘာတွေများ လုပ်ဖြစ်ကြလို့လဲ - တစ်ခြား မိသားစုဝင်တွေတော့ မသိဘူး - ကျွန်တော့်အတွက်တော့ PDF Reader ဆိုတာ စာဖတ်ယုံကလွဲပြီး ထူးထူးခြားခြား သုံးတာရယ်လို့ ဘာမှကို မရှိသလောက်ပဲ - PDF စာအုပ်ဆိုရင် Double click ပေးပြီးဖွင့်မယ် - စာလုံးတွေ သေးနေရင် + လေးနှိပ်ပြီး ကြီးမယ် - ကြီးရင် ပြန်သေးမယ် - အပေါ်အောက်သွားမယ် - စသဖြင့် သုံးဖြစ်တာ ဒီလောက်ပါပဲ - ကျွန်တော့်လို လူမျိုးတွေ ရှိကြမယ် ဆိုရင်တော့ အကြံကောင်းလေး တစ်ခု ပေးပါရစေ - ဒီနေ့က စပြီး ဘာ PDF Reader မှ သုံးမနေပါနဲ့တော့ - ကျွန်တော်တို့တွေ PDF Reader အစား Google Chrome နဲ့ပဲ အလုပ်လုပ်ကြရအောင် - 


လုပ်ဆောင်နည်းကလည်း အရမ်းကို လွယ်ပါတယ် - ကိုယ်ဖွင့်ချင်တဲ့ PDF ဖိုင်ကို Right click ထောက်ပြီး Open with နဲ့ စလိုက်ပါ - အောက်ဖော်ပြပါအတိုင်း Open with .. ဆိုတဲ့ box တက်လာရင် Browse ကနေပြီး Chrome.exe ရှိရာကို သွားပါ - 




ဒီနေရာမှာ Chrome.exe က ဘယ်နေရာမှာ ရှိမယ်ဆိုတာ မသိနိုင်လို့ ရှာရခက်နေတတ်ပါတယ် - စိတ်မညစ်ပါနဲ့ နည်းရှိပါတယ် - 




Desktop ပေါ်မှာ ရှိနေမယ့် Google Chrome Shortcut ကို Right click ထောက်ပြီး Properties ကို ဝင်လိုက်ရင် Chrome.exe ရှိရာနေရာကို အောက်ဖော်ပြပါအတိုင်း သိနိုင်ပါလိမ့်မယ် - 



ဥပမာ ပြရရင် ကျွန်တော့်စက်မှာဆိုရင် ဒီနေရာမှာပေါ့ -

     C:\Users\KznT\AppData\Local\Google\Chrome\Application\chrome.exe

အဲ့နေရာလေးကို Copy ကူးလာပြီး နောက်ဆုံးက chrome.exe ဆိုတာကို ဖြုတ် -Directory ထဲမှာ C:\Users\KznT\AppData\Local\Google\Chrome\Application\ ဆိုတာ ထည့်ပြီး Open လိုက်ပါ - ဒီလိုဆို အောက်ဖော်ပြပါ အတိုင်း chrome.exe ကို တွေ့ရပါပြီ။





သူ့ကို Select လုပ်ပြီး Open ပေးလိုက်ပါ - ဒါဆိုရင် နောက်ပိုင်း PDF files မှန်သမျှကို အောက်ဖော်ပြပါ Google Chrome icons လေးတွေနဲ့ စက်ထဲမှာ တွေ့ရပါလိမ့်မယ် - Double click ပေးပြီး ဖွင့်ကြည့်ပါ -




သာမန် စာဖတ်သူတစ်ယောက်အတွက် စိတ်ကျေနပ်မှု အပြည့်အဝပေးမယ့် PDF Reader ကောင်းတစ်ခု အဖြစ် လက်ခံသွား ပါလိမ့်မယ် - 




အပြောင်းအလဲ ရှိမယ့်နေရာကို တစ်ချိန်က ကျွန်တော်မသွားချင်ခဲ့ဘူး - သူ့အသံကြားရင် ခေါင်းပြူကြည့် ယုံလောက်ပဲ စိတ်ဝင်စားပြီး နေရာမှာ ပြန်ထိုင်နေဖြစ်ခဲ့တာများတယ် - ခုတော့ ကျွန်တော် အပြောင်းအလဲဆိုတဲ့ အသံကြားရင် ခေါင်းတင်မက ကိုယ်ပါလိုက်သွားမိပြီ - ဘာတြွေကုံခဲ့ရလည်း ဆိုတော့ လူပင်ပန်းတယ် - စိတ်ပင်ပန်းတယ် - ဒါပေမယ့် အဲ့တာတွေ အားလုံးကို ချေဖျက်နိုင်မယ့် ထူးခြားတဲ့ အတွေ့အထိတွေ - လန်းဆန်းတဲ့ အာရုံတွေရတယ် - ခုချိန် တစ်ယောက်ယောက်ကများ အပြောင်းအလဲ ရှိမယ့်နေရာကို လိုက်ကြမလားလို့ မေးလာရင် ကျွန်တော် အထုပ်အပိုးပြင်ပြီး အသင့်ဖြစ်နေမလားပဲ 


KznT.

What is the difference between Chrome and Chromium ?

Google Chrome ကို ခုနောက်ပိုင်း တော်တော်များများ သတိထားမိလာကြပြီ - Browsers လောကမှာ သူ့ရှေ့က အိုမင်းရွတ်တနေတဲ့ Browsers ပေါင်း မြောက်များစွာကို ကျော်ဖြတ်ပြီး January 2011 မှာ အမြန်ဆုံး - အပေါ့ဆုံး - အပြစ်အကင်းဆုံး နဲ့ ကမ္ဘာ့လူသုံးအများဆုံး တတိယမြောက် Browser တစ်ခုအဖြစ် ရပ်တည်နိုင်လာခဲ့ပါပြီ - အဲ့တော့ Google Chrome ကို သိပြီဆိုကြပါစို့ - 
( ၁ ) သူ့နောက်ကွယ်ကနေပြီး သူ့ရဲ့ ရပ်တည်မှုကို ယိုင်လဲမကျအောင် အဓိက ပံ့ပိုးပေးနေတဲ့ ဇာတ်ရံနေရာရောက် အဓိက ဇာတ်ဆောင်မင်းသား Open-source browser "Chromium" ဆိုတာကော ကြားဖူးကြပါရဲ့လား ??

( ၂ ) ကြားဖူးတယ်ဆိုရင် Google Chrome နဲ့ Chromium က ဘာတွေ ကွာသလဲ ?? ဘယ်ဟာတွေ ဘယ်လိုကွာပြီး တစ်ခုချင်းစီမှာ ဘာတွေများ အားသာချက် အားနည်းချက်တွေ ရှိနေသလဲ ??

( ၃ ) တကယ်လို့ Google က Chromium team ရဲ့ code ကို ယူသုံးနေတာဆိုရင် ဘာလို့များ Chromium team က အပင်ပန်းခံပြီး ဒီ project ကို လုပ်နေရတာလဲ ??

( ၄ ) Open-source browser ဆိုတဲ့ သဘောကိုရော နားလည်ခ့ဲကြပြီလား ??

The Chromium Projects


Chromium project ဟာ တကယ်တော့ Google Chrome browser နဲ့ Google Chrome OS နဲ့ နောက်ကွယ်က သိပ်ချီးကျူးစရာကောင်းတဲ့ Open-source project တစ်ခုပါ - September 2008 ခုနှစ်မှာ Google ကနေပြီး V8 JavaScript engine အပါအဝင် - Chrome အဖြစ် နောက်ပိုင်းမှာ ပေါ်ထွက်လာမယ့် Google Chrome ရဲ့ Source Code တွေထဲက အဓိကကျတဲ့ အစိတ်အပိုင်းတွေကို Open-source project "Chromium" ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ခွဲထုတ်ခဲ့ပါတယ် - ဒီလိုလုပ်ဆောင်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က Chrome projects ထဲမှာ မပါဝင်တဲ့ ပြင်ပက third-party developers တွေကို Chrome မှာပါတဲ့ Code ရဲ့ အားနည်းချက်တွေ လေ့လာပြင်ဆင်နိုင်အောင်နဲ့ လစ်ဟာချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် လမ်းဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ Open-source projects တွေရဲ့ အကြောင်းကို တကယ်တော့ အရင်က ကျွန်တော် လုံးလုံးကို သဘောမပေါက်ခဲ့ဘူး - Ubuntu သုံးဖြစ်ခဲ့ပြီးနောက်ပိုင်း Open-source နဲ့ ထိတွေ့ပါများလာတဲ့ နောက်ပိုင်းမှသာ Open-source projects တွေရဲ့ သဘောကို နားလည်လာခဲ့မိတယ် - Open-source project ဆိုတာ မြင်သာအောင် နိှုင်းရရင် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပြီး လွတ်လပ်ရေးရသကို မခံစားခဲ့ကြရရှာတဲ့ မြန်မာမျိုးချစ် အာဇာနည် သူရဲကောင်းတွေလိုပဲ - သူတို့တွေမှာ ရယူလိုစိတ် မရှိဘူး - အကျိုးခံစားခွင့်ဆိုတာကို ဘယ်သူမှ ရှေ့တန်းမတင်ကြဘူး - နောက်လာနောင်သားတွေ အကျိုးရှိအောင် အကျိုးဖြစ်ထွန်းအောင် ပံ့ပိုးပေးချင်တဲ့ စိတ်ပဲရှိကြတယ် - တကယ်တော့ လူရယ်လို့ ဖြစ်လာရင် ဘယ်လောက်ပဲ ပရဟိတစိတ်ရှိပါတယ် ပြောပြော - ကိုယ်ကျိုးအတွက် ပြည့်စုံလောက်ပြီ ဆိုတော့မှ တစ်ဖက်လူအတွက် ကြည့်ပေးနိုင်ကြတဲ့သူတွေများတယ် - ကျွန်တော်အပါအဝင်ပဲ - ဒါ့ကြောင့် Open-source project တွေကို ကျွန်တော်ချစ်တယ် - ကျွန်တော်ဟာ Developer တစ်ယောက်မဟုတ်ပေမယ့် "ကိုယ်ကျိုးအတွက် ရှေ့တန်းမတင်ပဲ ခုလို အများကောင်းကျိုးကို ဦးတည်လှုပ်ရှားနေတဲ့ Open-source project" တွေရဲ့ အနာဂတ်ကို မြှင့်တင်နိုင်အောင် Ubuntu နဲ့ ပတ်သတ်ပြီး ကျွန်တော်သိခဲ့တဲ့ အခြေခံလေးတွေ မျှဝေပေးခဲ့တယ် - တကယ်တော့ ကျွန်တော်ရေးနေတာတွေဟာ Open-source projects တွေက Developers တွေရဲ့ ပံ့ပိုးမှုနဲ့ နိှုင်းယှဉ်လိုက်ရင် မြူမှုန်လောက်ပါ - Chromium projects ကလည်း ဒီသဘောပါပဲ - သူဟာ ခု Google ကနေ ယူသုံးနေတဲ့ Google Chrome browser ကိုရော - Google Chrome OS ကိုရော Open-source projects အဖြစ်နဲ့ အဦးဆုံး အစပျိုးခ့ဲတဲ့ နေရာပါ - 



Chromium projects မှာ Chromium လို့ ခေါ်တဲ့ Open-source browser နဲ့ Chromium OS လို့ ခေါ်တဲ့ Open-source OS project ဆိုတဲ့ Projects နှစ်ခုရှိပြီး - သူ့ဆီမှာ ရှိတဲ့ Projects နှစ်ခုလုံးက Documentation တွေ Source code တွေကို Developers တွေနဲ့ Code တည်ဆောက်ပုံ လေ့လာလိုသူ မည်သူကိုမဆို လေ့လာနိုင်အောင် Chromium projects က Free တင်မက Open-source အဖြစ်နဲ့ပါ ပေးထားပြီး Chromium projects မှာ ပါဝင်မျှဝေနိုင်လာအောင် ပံ့ပိုးပေးထားပါတယ် - ဒီ Chromium projects မှာ ဘက်ပေါင်းစုံက Developers တွေ ပြင်ဆင်တည်ဆောက်ရာက ရလာတဲ့ Source code ကို Google က ယူပြီး သူ့ အဲ့ဒီ့ Source code က ဟာကွက်တွေကို ထပ်ရှာတယ် - ထပ်ဖြည့်တယ် - Flash Player လေးထည့်တယ် - Google ဆိုတဲ့ Name နဲ့ Logo ကိုတပ်တယ် - GoogleUpdate လို့ ခေါ်တဲ့ auto-updater system လေးထပ်ပေါင်းတယ် - စသဖြင့် တစ်ခြား တိုတိုထွာထွာလေးတွေ ထပ်ဖြည့်ပြီး ခု ကျွန်တော်တို့ သိထားတဲ့ Google Chrome ဆိုပြီး ဖြစ်လာတာပါ - ကျွန်တော် ဒီလို ပြောလိုက်လို့ Google က Chromium projects က ရင်းမြစ်ကို မတရားသဖြင့် ယူသုံးနေတယ်လို့ ဆိုလိုသလို ဖြစ်နေတယ် - ကျွန်တော် အဲ့လို ဆိုလိုတာမဟုတ်ပါဘူး - ဒါတွေအားလုံးက တရားဝင်လုပ်ဆောင်နေကြတာပါ - Chromium projects အဖြစ် စတင်ခဲ့ပေမယ့် Google Chrome ဆိုပြီး အောင်မြင်လာတဲ့ အချိန်မှာ Chromium ကို ဘယ်သူမှ မသိကြတော့ဘူး - သိတဲ့သူတွေကျတော့လည်း Chromium ဆိုတာကို ဘယ်သူမှ စိတ်မဝင်စားကြတော့ဘူး - နောက်ကွယ်က အဓိက ဇာတ်ဆောင်မင်းသား Chromium က ဇာတ်ပို့ တစ်ယောက်အဖြစ်နဲ့ပဲ မထင်မရှားဇနပုဒ်မှာ အရောင်ခပ်မှိန်မှိန်နဲ့ ကျန်နေရစ်ခဲ့ရတယ်။



ဒီလို အဖြစ်အပျက်တွေဟာ Open-source projects တွေတိုင်း ရင်ဆိုင်ကြရတာပါ - ဒါပေမယ့် Chromium ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပေးခဲ့ကြတဲ့ ဘယ် Developers မှာ ဒါကို မကျေမနပ် မဖြစ်ကြဘူး - သူတို့အားလုံးရဲ့ ဦးတည်ချက်ဖြစ်တဲ့ လူ့ပတ်ဝန်းကျင်နဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်က အောင်မြင်ခဲ့တယ်လေ - လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပြီး လွတ်လပ်ရေးရသကို မခံစားခဲ့ကြရရှာတဲ့ မြန်မာမျိုးချစ် အာဇာနည် သူရဲကောင်းတွေလိုပဲ အရှိန်အဝါနဲ့ ကျော်ကြားမှုကို သူတို့ မပိုင်ဆိုင်ခဲ့ကြရပေမယ့် မြင့်မြတ်တဲ့ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ စိတ်ဓာတ်ဟာ ကမ္ဘာတည်သရွေ့ သမိုင်းမှာ မှတ်တမ်းတင်ကျန်ရစ်ခဲ့တယ် - ဒါကို ကျွန်တော်တို့က Open-source လို့ ခေါ်ပါတယ်။



Google Chrome ရဲ့ နောက်ကွယ်က သမိုင်းကြောင်းကို သူတို့တွေက ခုလို ရှင်းပြခဲ့ကြပါတယ် - 



Google Chrome နဲ့ Chromium ၏ ကွာခြားချက်များ




Photo from fergytech.com


Google Chrome ဟာ End user တွေ အတွက် အဓိက ဦးတည်ပြီး Google က ထုတ်ထားတာ မို့လို့ Freeware ပေးတဲ့ Software sites မှန်သမျှ တိုက်ရိုက် ဒေါင်းလုပ်ချလို့ ရသလို google.com/chrome မှာလည်း တိုက်ရိုက် ဒေါင်းလုပ်ရယူနိုင်ပါတယ် - Chromium ကတော့ Developers နဲ့ Code တွေအကြောင်း လေ့လာလိုသူ - အသစ်အသစ်တွေကို စမ်းသပ်ချင်သူများအတွက် ဦးတည်ချက်ထားတာ မို့လို့ သူ့ရဲ့ မူရင်းဆိုဒ် မှာ End users အတွက် သီးသန့် Build လုပ်ပြီး မြင်သာအောင် တင်ထားပေးတယ် ဆိုတာမျိုး မရှိပဲ - အသုံးပြုချင်ရင် ကိုယ်ကိုယ်တိုင် built or debugged လုပ်ပြီးမှ Chromium ကို သုံးကြရပါတယ်။ ဒါ့ကြောင့် ခြောက်ပစ်ကင်း သဲလည်းစင်ကိုမှ သုံးချင်တဲ့သူ Code အကြောင်းကိုလည်း နားမလည်သူ - အသစ်ကိုလည်း မစမ်းသပ်ချင်သူတွေဟာ End users တွေအတွက် သီးသန့်ထုတ်ထားတဲ့ Google Chrome လို့ ခေါ်တဲ့ Stable ဖြစ်ပြီးသား Versions တွေကို အသုံးပြုဖို့ သင့်တော်ပါတယ် - Open-source browser "Chromium" ကတော့ Code တွေရဲ့ ဖွဲ့စည်းပုံကို နားလည်တဲ့ Developers တွေ - Code တွေရဲ့ တည်ဆောက်ပုံကို လေ့လာလိုသူ Advanced users တွေ - အသစ်အသစ်ဆိုတာတွေကိုမှ စမ်းသပ်လိုသူတွေအတွက် အသုံးပြုဖို့ သင့်တော်ပါတယ် - Google Chrome နဲ့ Chromium ကြားက ဆက်စပ်ပုံအဆင့်ဆင့်ကို အကြမ်းဖျဉ်း လေ့လာရင် အောက်ဖော်ပြပါအတိုင်း အဆင့် လေးဆင့် ထွက်ပါတယ်။


1) Google Chrome (stable)


Users တော်တော်များများက ပြဿနာကင်းပြီး အလုပ်ရှုပ်သက်သာတဲ့ Google Chrome ဆိုတဲ့ Stable channel မှာပဲ နေကြတဲ့သူများတယ် - Stable channel ဆိုတဲ့အတိုင်း Google Chrome ဟာ Beta channel မှာ စေ့စေ့စပ်စပ် စမ်းသပ်ရင်း အားနည်းချက် တစ်ခုခုတွေ့ပြီ ဆိုတာနဲ့ ချက်ချင်းပြင်ပြီး Update လုပ်ပေးနေတယ် - ဒါပေမယ့် Google Chrome ရဲ့ Source code ဟာ Chromium ကို အခြေခံပြီး ပြည့်စုံအောင်တည်ဆောက်ထားတာမို့လို့ latest features တွေ Chromium လောက် ဘယ်တော့မှ မစုံဘူး - ဒါ့ကြောင့် Google Chrome ကိုသုံးမယ်ဆိုရင် ကျွန်တော်တို့ Stable channel အောက်မှာပဲ နေလို့ ရမယ်။ Chromium browser လောက် latest features တွေ ဘယ်တော့မှ မရနိုင်ဘူး - 

2) Google Chrome beta


သူကတော့ latest features တွေကို သုံးလည်းသုံး - ဖြစ်တဲ့ ပြဿနာလေးတွေကိုလည်း ကူညီ ဖြေရှင်းပေးချင်တယ်ဆိုတဲ့ Users မျိုးတွေ အသုံးပြုသင့်တဲ့ Dev channel ရဲ့အထက် Beta channel အောက်က Versions တစ်မျိုးပါ - ဒါ့ကြောင့် Beta channel မှာ ရှိနေတဲ့ Google Chrome ဟာ Dev channel မှာရှိနေတဲ့ Google Chrome ထက်ပိုပြီး Stable ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။


3) Google Chrome dev


Dev channel ဆိုတာ developer preview channel ကို ဆိုလိုတာပါ - Dev channel မှာ Google Chrome ဟာ new features တွေပါတယ်ဆိုပေမယ့် တော်တော်ကို မတည်မငြိမ် ဖြစ်နေတဲ့ ( unstable ) အနေအထားမှာ ရှိပါတယ် - ဘယ်သူတွေ သုံးသင့်သလဲဆိုရင် Developers တွေ - ဖြစ်တဲ့ ပြဿနာတွေကို ကူညီ ဖြေရှင်းပေးချင်တဲ့ Code အကြောင်းနားလည်သူတွေ - စမ်းသပ်ချင်သူတွေ သုံးနိုင်ပါတယ်။


4) Chromium




သူကတော့ လုံးဝ အသစ်ချပ်ချွတ် - Latest အကျဆုံး features တွေကိုမှ အသုံးပြုချင်သူတွေ - စမ်းသပ်စစ်ဆေးချင်သူတွေ အသုံးပြုနိုင်ပါတယ် - အမြဲ နောက်ဆုံးပြေးနေတဲ့ Versions ဖြစ်နေတာမို့လို့ bug တာတွေလည်း ရှိသလို - Chromium ဟာ Google chrome မှာပါတဲ့ Crash reporting တို့ - PDF support တို့ - Google updater တို့ ... စသဖြင့် ပါမှာ မဟုတ်ပါဘူး - ဒါပေမယ့် သိထားဖို့ ကောင်းတာ တစ်ခုက Chromium ဟာ အခု Version 11.0.662.0 (73953) ကို ရောက်နေပြီ - Google Chrome က လတ်တလော နောက်ဆုံး Beta တောင် ခုမှ 10.0.648.18 ပဲ ရှိပါသေးတယ်။

Open-source browser "Chromium" အား အသုံးပြုခြင်း 


Open-source browser "Chromium" ကို Open-Source ဖြစ်တဲ့ Ubuntu နဲ့ တစ်ခြား Linux distros တွေမှာတော့ Software center တွေကနေ တိုက်ရိုက် သွင်းယူလို့ ရပေမယ့် Windows မှာ သုံးချင်ရင်တော့ ရှာရခက်ပါတယ် - Chromium ကို သုံးချင်ရင် ကိုယ့်ဘာသာ Build လုပ်ပြီး သုံးရမယ်လို့ ကျွန်တော် အထက်မှာ ပြောခဲ့ပေမယ့် Build လုပ်ပြီးသား .exe ကို အသင့်ယူသုံးနိုင်တဲ့ နေရာတွေ ရှိပါသေးတယ်။

ကိုသွားပါ။




အထက်က ပုံမှာ ဖော်ပြထားတဲ့ အတိုင်း chromium-rel-xp/ ကို ဆက်ဝင်ပါ -



Last modified ကိုနှိပ်ပြီး Latest ဆိုတာရဲ့ အောက်က နောက်ဆုံး folder ထဲကို ဆက်ဝင်ပါ -



အောက်ဆုံးမှာ ရှိနေတဲ့ mini_installer.exe ကို Download ချပြီး စက်မှာ တင်လိုက်ပါ - 



ဒါဆို အောက်ဖော်ပြပါအတိုင်း Google chrome နဲ့ အပြိုင် Open-source browser "Chromium" ကို စက်မှာ သုံးလို့ ရပါပြီ။ 




ခုဖော်ပြခဲ့သလောက်ဆိုရင် Google Chrome ရဲ့ သမိုင်းဖြစ်ရပ်တစ်ချို့ - Chromium ရဲ့ ပါဝင်ပတ်သတ်မှုနဲ့ Open-Source ရဲ့ သဘောသဘာဝကို မိသားစုဝင်များ နားလည်နိုင်ကြလိမ့်မယ် ထင်ပါတယ်။ 

KznT.

Google Chrome and Mouse middle button shortcuts

ကျွန်တော်တို့ Mouse ကို ဘာအတွက် သုံးနေကြသလဲ ??


ကျွန်တော်အရင်က သိပ်မစဉ်းစားမိဘူး - ကွန်ပြူတာ စသုံးခါစက ကွန်ပြူတာနဲ့ တွဲပါလာလို့ သုံးတယ်လို့ပဲ မှတ်ထားတာ  - ဘယ်လောက်ထိ တုံးသလဲ ဆိုရင် Mouse ကွန်ပြူတာမှာ တပ်ထားတာ မတွေ့ရင် ဘာမှကို မလုပ်တတ်တော့တဲ့ အဆင့်ထိပဲ -  - တကယ်ကို အဲလို ဖြစ်ခဲ့ဖူးတယ် - တစ်ခါတစ်လေ ရုပ်တည်ကြီးနဲ့ ကိုယ့်လောက်မသိသေးတဲ့ သူတစ်ယောက်ယောက် မေးလာရင် သူ့ကွန်ပြူတာမှာ Mouse မပါလာတဲ့ အခါ - Mouse မှ မပါလာတာ ကျုပ် ဘယ်လိုလုပ်ပေးလို့ ရမှာလဲ ဆိုပြီး အတည်ပေါက်နဲ့ ဟောက်ခဲ့ဖူးသေးတယ် ( ဆိုလိုတာ ကိုယ့်အပြစ်မဟုတ်ဘူး သူ့ကွန်ပြူတာ အပြစ်ပေါ့ )  ဒီလောက်ဆို ကျွန်တော် ဘယ်လောက်ထူသလဲ သိလောက်ပြီ 
တကယ်တော့ ကွန်ပြူတာမှာ လည်ပတ်ပေးနေတဲ့ ကိစ္စရပ်တော်တော်များများက Mouse မပါပဲနဲ့လည်း စီမံခန့်ခွဲလို့ ရတယ် - ကျွန်တော်တို့က Mouse ကြီး ဘေးနားမှာ ရှိနေလို့သာ Keyboard shortcuts ဆိုတာတွေကို စိတ်မဝင်စားပဲ မေ့မေ့ပျောက်ပျောက်ဖြစ်နေကြတာ - တကယ်က အဲလို မဖြစ်သင့်ဘူး - Mouse ကို ကျွန်တော်တို့ အသုံးပြုရတဲ့ အဓိက ရည်ရွယ်ချက်က OS ထဲမှာဖြစ်ဖြစ် - အင်တာနက်ထဲ ဝင်လို့ Webpage ပေါ်ရောက်တဲ့ အချိန်မှာဖြစ်ဖြစ် - လုပ်ဆောင်စရာ ရှိတဲ့ ကိစ္စရပ်တွေကို မြန်မြန်မှန်မှန်နဲ့ အချိန်ကုန် သက်သာအောင် စီမံခန့်ခွဲနိုင်စေဖို့ပါ - OS ထဲမှာ ဆိုရင်လည်း Mouse မပါပဲ သုံးလို့ရအောင် ဖန်တီးပေးထားပြီးသား Keyboard shortcuts တွေ အပြည့်အစုံ ရှိသလို - တစ်ခြား Apps တွေမှာလည်း သူ့စွမ်းဆောင်ရည်နဲ့သူ အသင့် ပြင်ဆင်ပေး ထားပြီးသား Keyboard shortcuts တွေ အပြည့်ရှိပါတယ် - ဒါပေမယ့် Keyboard shortcuts ဆိုတာ သိထားဖို့သာ သင့်တာ တကယ်တမ်း သုံးရင် လက်ပေါက်ကပ်တာတော့ အမှန်ပဲ - တစ်ချို့နေရာတွေမှာ Keyboard shortcuts ကို သုံးရင် Mouse ထက် လုပ်ဆောင်ချက် ပိုသွက်ပေမယ့် - တစ်ချို့နေရာတွေမှာ ကျတော့ Mouse နဲ့ မသုံးရင် လုပ်ဆောင်ချက်တစ်ခု ပြီးနိုင်ဖို့ နာရီနဲ့ ချီပြီး ကြာသွားတတ်ပါတယ် -


အဲ့တော့ လူသိပ်စိတ်မဝင်စားတဲ့ Keyboard shortcuts တွေအကြောင်း နောက်ထားပြီး အင်တာနက်ထဲ ဝင်လို့ Webpage ပေါ်ရောက်တဲ့ အချိန် Google Chrome နဲ့ အတူ လုပ်ဆောင်ချက်တွေ စီမံခန့်ခွဲရာမှာ မှန်မှန်နဲ့ မြန်မြန် ပြီးနိုင်မယ့် Mouse အကြောင်းလေး ရေးချင်မိပါတယ် - 

Google Chrome browser နှင့် Mouse ၏ စွမ်းဆောင်ရည်များ

Mouse လို့ ပြောလိုက်ရင် ကျွန်တော်တို့ အားလုံးနီးပါးက Left click - Right click ဒီလောက်ပဲ အသုံးများတော့ တစ်ခြား click တွေအကြောင်း မစဉ်းစားမိကြဘူး - ကျွန်တော်တို့ နောက်ထပ် သိထားဖို့လိုတဲ့ Click တစ်မျိုး ကျန်ပါသေးတယ် - ဥပမာ ပြရရင် Middle click / Middle mouse button / Mousewheel



Mouse တစ်ခုမှာပါတဲ့ Middle button က Google Chrome browser မှာ ဘာသုံးလို့ ရမလဲ ??


Google Chrome browser မှာ Mouse ရဲ့ Middle buttom ကို သုံးမယ်ဆိုရင် သာမန် သုံးနေကျ Right click ရဲ့ လုပ်ဆောင်ချက်ထက်တွေထက် Click ပေးရတာ နှစ်ဆ ပိုသက်သာပါမယ်။ Google Chrome browser မှာ အသုံးပြုနိုင်မယ့် Mouse တစ်ခုရဲ့ Middle button shortcuts စာရင်းကို အောက်မှာ လေ့လာကြည့်ပါ -



( ၁ ) Google Chrome နဲ့ ဖွင့်ထားတဲ့ Web စာမျက်နှာတစ်ခုခုပေါ်က Links တွေပေါ်မှာ Middle button လို့ခေါ်တဲ့ ( နောက်တစ်မျိုးအခေါ် Mousewheel ) ကို Click ပေးရင် အဲ့စာမျက်နှာဟာ New tab အဖြစ်နဲ့ Background မှာပွင့်ပါလိမ့်မယ်။ တကယ်လို့ Links ပေါ်ကို click ပေးတဲ့အချိန်မှာ Middle button အပြင် Shift key ကိုပါတွဲပြီးနှိပ်ထားရင်တော့ အဲ့စာမျက်နှာကို new tab မှာ ဖွင့်ပေးတဲ့အပြင် အဲ့စာမျက်နှာရှိရာဆီကိုပါ တစ်ခါတည်း တွဲခေါ်သွားပါလိမ့်မယ်။




( ၂ ) Menu buttons တြွေဖစ်တဲ့ forward, back, refresh, home buttons တွေကိုလည်း Middle mouse button / Mousewheel နဲ့ click ပေးပြီး New tab အဖြစ်နဲ့ Background မှာပွင့်အောင် စေခိုင်းလို့ ရပါတယ်။ 




( ၃ ) Google Chrome browser မှာ ဖွင့်ထားတဲ့ tabs တွေကို Middle mouse button / Mousewheel နဲ့ click ပေးပြီး ပိတ်ပစ်လို့ ရပါတယ်။ 




( ၄ ) Google Chrome browser နဲ့ ဖွင့်ထားတဲ့ Web စာမျက်နှာတွေပေါ်မှာ Ctrl key ကို နှိပ်ထားပြီး Mousewheel ကို ရှေ့ဘက်ကို လှိမ့်ရင် Web စာမျက်နှာက သေးသေးကွေးကွေး အကြောင်းအရာတွေ ကို အကျယ်ချဲ့ပြီး မြင်ရပါလိမ့်မယ်။ သူ့ ပြောင်းပြန် Ctrl key ကို နှိပ်ထားပြီး Mousewheel ကို နောက်ဘက်ကို လှိမ့်ရင် Web စာမျက်နှာပေါ်က ကြီးကြီးမားမား စာလုံးတွေ/အကြောင်းအရာတွေ သေးသေးကွေးကွေး ဖြစ်သွားပါလိမ့်မယ်။




( ၅ ) Google Chrome browser နဲ့ ဖွင့်ထားတဲ့ Web စာမျက်နှာတွေပေါ်က လွတ်တဲ့ တစ်နေရာမှာ Middle mouse button / Mousewheel ကို နှိပ်ရင် Auto scrolling ဖြစ်ပါတယ် - တစ်ချိန်လုံး Mousewheel ကြီးကို ရှေ့လိှမ့်လိုက် နောက်လှိမ့်လိုက် လုပ်ဖို့ မလိုတော့ဘူးပေါ့ - တကယ်လို့ အထက်အောင် Vertically သွားချင်တာ မဟုတ်ပဲ မျက်နှာစာကျယ်တဲ့ Webpage တွေမှာ အလျားလိုက် Horizontally သွားချင်တာ ဆိုရင် Shift ကို နှိပ်ထားပြီး Mousewheel ကို ရှေ့လိှမ့်လိုက် နောက်လှိမ့်လိုက် လုပ်ပါ - ဒါဆို ဘေးဘယ်ညာ သွားပါလိမ့်မယ် - 




Google Chrome browser နဲ့ ပတ်သတ်တဲ့ Keyboard shortcuts တွေအကြောင်း လေ့လာချင်ရင်တော့ ဒီနေရာကနေသွားရောက်လေ့လာနိုင်ပါတယ်။ 

KznT.

Ubuntu users and Ubuntu-Homepage

Ubuntu နဲ့ ပတ်သတ်ပြီး နေ့တိုင်းနီးပါး post အသစ်တက်လေ့ရှိတဲ့ ဖတ်ဖြစ်နေကျ site တစ်ခု ကနေ ဒီနေ့ မှတ်ထားသင့်တာလေး တစ်ခုတွေ့လို့ မဖတ်ဖြစ်သေးတဲ့ မိသားစုတွေလည်း သိရအောင် ပြန်လည်ဝေမျှ လိုက်ပါတယ် -

အကြောင်းက ကျွန်တော်တို့ နေ့တိုင်းသုံးနေတဲ့ Browser ရဲ့ homepage မှာ Ubuntu homepage တစ်ခု ထားဖို့ ကိစ္စပါ - ဒီကိစ္စက အပြောသာလွယ်တာ တကယ်တမ်း အလုပ်ခက်တယ် - နေ့တိုင်း အင်တာနက် သုံးနေတဲ့သူတစ်ယောက်က တော်ရုံတန်ယုံ စွမ်းဆောင်ရည်လောက်နဲ့ ကိုယ့်အတွက် တကယ် အသုံးမတည့်ပဲ ဘယ် website ကိုမှ ကိုယ့် browser မှာ homepage မထားချင်ကြဘူး - ကျွန်တော်လည်း ဒီလိုပဲ ခဏခဏ home page ကို ပြောင်းပြောင်းထားတတ်တယ် - အရင် Facebook မှာ ဂိမ်းဆော့ခဲ့စဉ်တုန်းက Facebook ကို homepage ထားတယ် - နောက်ပိုင်း တစ်ခြား အလုပ်တွေ မအားတာနဲ့ ဂိမ်းမဆော့ဖြစ်တော့ Google ပဲ ပြန်ထားဖြစ်တယ် - ခဏခဏ ဟိုပြောင်းလိုက် ဒီပြောင်းလိုက်နဲ့ စိတ်တိုင်းမကျတော့ နောက်ပိုင်း Browsers များနှင့် Start pages ထဲကလို ကိုယ့် browser ရဲ့ Start page ကို ပြင်ထား ဖြစ်ပြန်ရော – နောက်ပိုင်း အဲ့လို Choice တွေ အများကြီးသုံးရတာ မကြိုက်တော့ အခု Google ပြန်ဖြစ်နေပြန်ပြီ -

ခုနောက်ပိုင်း Window ထက် Ubuntu ထဲမှာပဲ အနေများတော့ တစ်နေ့နဲ့ တစ်နေ့ မေးစရာတွေကလည်း တစ်ခုပြီး တစ်ခု ပေါ်နေတယ် – Ubuntu ကို သုံးသာ သုံးနေတာ ခုထက်ထိ မသိသေးတာတွေ တကယ့်ကို အများကြီး – တတ်နိုင်သလောက်တော့ အားတဲ့ အချိန်တိုင်း စာလိုက်ဖတ်တယ် – ဒါပေမယ့် ဒါတစ်ခုသိရင် ဟိုတစ်ခုက မသိ – ဟိုဟာသိပြန်တော့ နောက်ထပ် မသိသေးတာတစ်ခုက ထပ်တွေ့နဲ့ လိပ်ပတ်မလည်နိုင်ဘူး – ဒါကလည်း ဆန်းတော့ မဆန်းဘူး အရင်အမြဲသုံးခဲ့တဲ့ Window မှာတောင် မသိသေးတာတွေ တစ်ပုံကြီး ကျန်သေးတယ် – Ubuntu ကို ကိုယ်တိုင်လည်း သုံးနေသလို Open source နဲ့ ပတ်သတ်ပြီး ကိုယ့် မိသားစုတွေ အတွက်လည်း ကိုယ်သိထားသလောက် အခြေခံကျကျလေး ပြန်ဝေမျှချင်လို့ သိထားသလောက် ဖတ်ဖြစ်သလောက်လေးတွေ နဲနဲချင်းစီ ရေးပေးဖြစ်တယ် – တတ်နိုင်သလောက် သိထား တာလေး ရေးပေးဖြစ်ပေမယ့် ဖိုရမ်မှာ Ubuntu နဲ့ ပတ်သတ်ပြီး တက်သမျှ ပြဿနာ ဒိုင်ခံရှင်းပေးနိုင်တဲ့ အဆင့်တော့ မရောက်သေးဘူး – အဲ့လို ဖြစ်ဖို့တော့ ကြိုးစားဆဲပဲ – ကိုယ်က အခြေခံအဆင့်ကိုး – အဲ့တာကြောင့် Ubuntu ကို လက်တွေ့ သုံးနေပြီး အခြေခံကျကျ လေ့လာချင်သူတွေ အတွက် ဘယ်အကြောင်းအရာ တွေက လက်တစ်ကမ်းမှာ အမြဲ ရှိနေသင့်မလဲဆိုတာ စဉ်းစားဖြစ်တယ် – Window ကနေ Ubuntu စပြီး ပြောင်းသုံးခါစလူတိုင်း မဖြစ်မနေ သိထားသင့်တာ Ubuntu နဲ့ ပတ်သတ်တဲ့ FAQs တွေ ဘယ်နားမှာ ရှိသလဲ ဆိုတာရယ် - ကိုယ်နဲ့ လက်မယဉ်သေးတဲ့ OS တစ်ခုကို အမြဲသုံးနေကျ OS တစ်ခုလို ရက်ပိုင်းအတွင်း ရင်းနှီးလာအောင် စွမ်းဆောင် ပေးနိုင်မယ့် နေရာကောင်းတွေ ဘယ်နားမှာ ရှိမလဲဆိုတာရယ် မဖြစ်မနေ ကျွန်တော်တို့ သိထားဖို့ လိုနေတယ် -

အဲ့အတွက် Ubuntu ပဲ ဖြစ်ဖြစ် တစ်ခြား Linux ဘယ် Distros ဖြစ်ဖြစ် သုံးမယ်လို့ စိတ်ကူးရှိရင် ဘယ် မြန်မာဘလော့ကိုမှ ကျွန်တော်တို့ ရာနှုန်းပြည့် အားကိုးလို့ မရသေးဘူး – အင်တာနက်ထဲမှာ လိုက်ရှာရင် တွေ့နိုင်တာ သေချာပေမယ့် ဖော်ပြချက်တိုင်းက အသေးစိတ် ဖော်ပြချက် ဖြစ်နိုင်ဖို့ဆိုတာလည်း မသေချာပြန်ဘူး – အဲ့တာ ကြောင့် အချိန်ကုန် လူပင်ပန်းခံပြီး Google မှာ သိချင်တာရိုက် – စမ်းတဝါး လိုက်ရှာနေရမယ့် အစား ဒီနေ့ ကျွန်တော် ဖတ်ဖြစ်တဲ့ Ubuntu Homepage လေး သုံးကြည့်ကြဖို့ အကြံပြုချင်ပါတယ် –



ဘာကြောင့်လည်းဆို သူ့ Homepage မှာ Ubuntu သုံးနေတဲ့ Users တိုင်းအတွက် မဖြစ်မနေ အားထားလေ့လာသင့်တဲ့ နေရာတွေကို အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ချိတ်ဆက်ပေးထားတယ် – Ubuntu News - Ubuntu community forums - Community Support - Ubuntu Screencasts - Ubuntu Manual Project - AskUbuntu.com - Ubuntu Weekly Newsletter စသဖြင့် လေ့လာသူ တစ်ယောက်အတွက် မဖြစ်မနေသိထားသင့်တဲ့ နေရာတွေကို နေ့တိုင်း ကျွန်တော်တို့ သုံးနေကျ Google search engine နဲ့ ချိတ်ဆက်ပေးထားတယ် –


ပြောရရင် သူက Ubuntu နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ ချိတ်ဆက်ပြီး Ubuntu logo တင်ထားလို့သာ Ubuntu Homepage လို့ ပြောနိုင်တာ တကယ်တော့ Google တစ်ပိုင်းပဲ – Google search engine အတိုင်းပဲ Search box ကနေ ကိုယ်သိချင်တဲ့ Web ပေါ်က အကြောင်းအရာကို ရှာယူလို့ ရသလို – Images – Maps ဆိုပြီး ပြောင်းရှာလို့လည်း ရသေးတယ် – Result ကတော့ Google မှာရှာတဲ့ Search results အတိုင်းပဲ တွေ့ရမှာပါ -



ဒါတင်မက Google logo ပေါ် mouse pointer ရွှေ့လိုက်ရင် ကျွန်တော်တို့ နေ့တိုင်း သွားနေကျ Google - Wikipedia – Youtube – Twitter လေးခု ခွဲထွက်သွားပြီး သိချင်တဲ့ အကြောင်းအရာအလိုက် Animated Search box ကနေတစ်ဆင့် ပြောင်းပြီး ရှာနိုင်သေးတယ် -


Philipp Antoni ရဲ့ http://go.infinise.com/ ကို Deviantart က spiceofdesign ရဲ့ Ubuntu Homepage နဲ့ ပေါင်းထားတဲ့ Ryan Kelln ရဲ့ လက်ရာပါ – ဒီ Ubuntu-Homepage ကို အောက်မှာ ဖော်ပြထားတဲ့ link မှာ သွားရောက်ရယူနိုင်ပါတယ် –



အသုံးပြုနည်းကတော့ အပေါ်မှာ ပြထားသလို ဒေါင်းလုပ်ချလို့ ရလာတဲ့ ဖိုင်ထဲက .index.html file ကို ဖွင့်ပြီး သုံးယုံပါပဲ – ကျွန်တော်ကတော့ Dropbox ထဲထည့်ပြီး Copy Public Link ကနေ Link ယူပြီး သုံးနေတယ် -


စမ်းကြည့်ချင်သူများ >> http://tiny.cc/kznt ကို သွားကြည့်နိုင်ပါတယ် -

ကိုအယ်သားရဲ့ စိတ်ကူးစိတ်သန်းလေး ကို သဘောကျမိတာနဲ့ ကျွန်တော်လည်း ခုပဲ စာတစ်မျက်နှာ လုံး မြန်မာဘာသာ ဖြစ်အောင် ပြန်ဆိုလိုက်ပါတယ် -



လေ့လာချင်သူများ >> http://tiny.cc/kznt မှာ ခုပဲ သွားရောက်လေ့လာနိုင်ပါပြီ။

ကိုအယ်သားလို ဂူဂဲလ်တို့ တွစ်တာတို့ ဝီကီပိဒီယတို့ ပါ မြန်မာလို ဖြစ်ချင်သူများကတော့ ကိုအယ်သားဆီကပဲ ပြင်ထားတဲ့ ဖိုင်ကို တောင်းပြီး ကျွန်တော့်ဖိုင်နဲ့ ပေါင်းပါ - ကျွန်တော် ပြင်ထားတဲ့ ဖိုင်ကိုတော့ ဒီအောက်က လင့်ကနေ ဒေါင်းလုပ်ယူနိုင်ပါတယ်။ ဇော်ဂျီနဲ့ပဲ ရေးထားပါတယ် - ယူနီကုတ် ပြောင်းချင်သူတွေနဲ့ တစ်ခြား ဒီဇိုင်း - စာသားပြင်ချင်သူတွေ မိမိဘာသာ စိတ်ကြိုက် ပြောင်းယူကြပါ။

Download >> http://dl.dropbox.com/u/6653880/RKel...ge-dddbbc2.rar

ကိုအယ်သားရေ ကျေးဇူးပါခင်ဗျ

KznT.

Zawgyi-One for Google Chrome


ဒီနေ့တော့ တော်တော်ပျော်တယ် ပြောရမယ် - ညနေပိုင်း ဖိုရမ်ကို ဝင်တော့ ဒီနေရာမှာ ကိုဖိုးသားလေးနဲ့ ကိုsAnDViper တို့ Chrome မှာ ဖောင့် မပေါ်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အခြေအတင် ဆွေးနွေးထားကြတာ တွေ့မိတယ် - အဲတာနဲ့ ကိုယ်သိထားတာလေး ဝင်ပြောပြီး ပြန်ထွက်လာလိုက်တယ် - ဒါပေမယ့် လူက သိပ်တော့ အစာမကျေဘူးဗျ - အစာမကျေဘူးဆိုတာ ကျွန်တော်လည်း Google chrome ကို သုံးလာတာ ကြာ ကြာလာလြှပီ - မြန်မာဖောင့် ဆိုတာ တစ်ချိန် Chrome စထုတ်စက ကောင်းကောင်းပေါ်ခဲ့ပြီး ခု version မြင့်မြင့်လာတော့မှ ကသောင်းကနင်းတွေ ဖြစ်ဖြစ်လာတော့ တော်တော်ခံပြင်းလွန်းတယ် - အဲ့ကတည်းက ငါ ဒီကောင်ကို ဘယ်လို ပြင်ရမလဲဆိုတာ နည်းမျိုးစုံနဲ့ လိုက်စမ်းဖူးတယ် - ခက်တာက ကျွန်တော် Programmer မဟုတ်ဘူးဗျ - ကွန်ပြူတာ ကျောင်းဆင်းလည်း မဟုတ်ဘူး - HTML တို့ CSS တို့ဆိုတာ blogger နဲ့ wordpress သုံးနေတာ မို့လို့သာ လေ့လာဖြစ်တာ လောက်ပဲရှိတယ် - ခုလည်း မြန်မာဖောင့်မပေါ်တဲ့ ပြဿနာ Chrome မှာ ဖြစ်လာတော့ CSS မှာ ငါပြင်ကြည့်ရင် ကောင်းမယ်ဆိုပြီး လွန်ခဲ့တဲ့ နှစ်လလောက်က အသည်းအသန်ကြိုးစားဖူးတယ် - ဒါပေမယ့်ဗျာ - ကိုယ်ကလည်း အဲ့လိုင်းမှ မဟုတ်တာ - ပြင်ချင်တာပဲ သိတယ် ဘယ်လိုရေးရမယ် မသိဘူး - ဒါပေမယ့် ဇွဲကတော့ မလျော့ဘူး - Chrome ရဲ့ custom.css ကို မတွေ့တွေ့အောင် ရှာပြီး ကြားဖူးနားဝတွေနဲ့ လိုက်သွင်းကြည့်တယ် - စမ်းတယ် - ဘယ်လိုမှ အဆင်မပြေဘူး - အဲတာနဲ့ လက်လျော့ထားလိုက်တယ် - ကိုယ်ကိုယ်တိုင်လည်း ပြင်မရေးတတ်ဘူးလေ - ကိုယ်သိတာက ဟိုနေရာ ဟိုဟာသွင်း - ဒီနေရာ ဒီဟာသွင်းဆိုတာလောက်ပဲ တတ်တာ  လက်လျော့တယ်ဆိုတာ နောက်ဆုတ်တာတော့ မဟုတ်ဘူး - တစ်ခုခု ဖြစ်နိုင်ချေ ရှိတာတွေ့ရင် ပြန်စမ်းမယ် ဆိုပြီး အားခဲထားတာ - 



အဲတာနဲ့ ဒီနေ့ ကိုဖိုးသားလေးနဲ့ ကိုsAnDViper တို့ Chrome မှာ ဖောင့် မပေါ်တဲ့ ကိစ္စ -သိသလောက်လေး ဝင်ရေးပေးပြီးတော့ စိတ်က နေရင်း ထိုင်ရင်း Safari ဘက် လှည့်သွားတယ် - အရင်က Safari သုံးဖူးတယ် - ခဏပဲ - သုံးနေရင်း နဲနဲ လေးသလို စိတ်ထဲ ထင်ထင်လာလို့ ဖြုတ်ဖြုတ်ချပစ်တာ - ဒီနေ့တော့ ထူးထူးခြားခြား ပြန်သုံးကြည့်ချင်နေတာနဲ့ တင်လိုက်တယ် - တင်ပြီး ပြဿနာ စတက်တော့တာပဲ - မြန်မာဖောင့် လုံးဝ မပေါ်ဘူး - ဘယ်လိုပြောင်းပြောင်းကို မပေါ်တာ - ဒါပေမယ့် ie က ယူသုံးနေတဲ့ ie.css ကို သတိရမိလို့ Advanced အောက်က Style-sheet: ကနေ ပြန်ညွှန်းကြည့်တယ် - အဲတာလည်း မရဘူး - အဲတာနဲ့ မရတော့ Google ဆီတက်ရှာတယ် - ကို Saturngod ဆီမှာ Safari with Zawgyi ဆိုပြီး တွေ့ခဲ့တယ် - သူပြောသလို လုပ်လိုက်တာ အဆင်ပြေသွားရော - 

အဲ့မှာ သဘောအကျကြီး ကျပြီး Safari သုံးနေတုန်း ဘာကို ဆင့်ပွား သွားတွေးမိလဲ ဆိုတော့ ကို Saturngod က Safari အတွက် zawgyi-safari.css ဆိုပြီးရေးတယ် - အဲ့တော့ သူရေးထားတဲ့ zawgyi-safari.css က Code က Chrome မှာပါတဲ့ Custom.css မှာ သုံးလို့ မရနိုင်ဘူးလား - ဒီလို ဆင့်ပွားအတွေး သွားတွေးမိတယ် - အရင်တည်းကလည်း Chrome မှာပါတဲ့ Custom.css ရှိတဲ့နေရာကို အခေါက်ခေါက် အခါခါ ဝင်နေကျဆိုတော့ အလွတ်မှတ်မိတယ် -

အဲတာနဲ့ ချက်ချင်း Windows Vista တင်ထားတဲ့ ကျွန်တော့် ကွန်ပြူတာက ( Windows 7 မှာလဲ ဒီ Directory ပဲ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် ) - ( Windows XP သမားများတော့ Directory လွဲနိုင်ပါတယ် ) ( အနီနဲ့ ပြထားတဲ့ user နေရာမှာတော့ နာမည်ပြောင်းသွားပါလိမ့်မယ် ) -

   C:\Users\KznT\AppData\Local\Google\Chrome\User Data\Default\User StyleSheets

ထဲကို ဝင်ပြီး Custom.css ကိုဖွင့် - နောက် သူ့ထဲမှာ zawgyi-safari.css အတွက် ကို Saturngod ရေးထားတဲ့ အတိုင်း Copy > Paste လုပ်ပြီး Safe ပစ်လိုက်တယ် - 

သွင်းရမယ့် စာသားက ဒီကောင် -

* , html, body, div,p {font-family:Zawgyi-One !important;}



ဟောဗျာ - တကယ်ပါပဲ ကြည့်ကြည့်ပါဦး - Firefox မှာ မြင်နေရတဲ့ အတိုင်းပဲ - စာရိုက်ရတာ - စာဖတ်ရတာ - လုံးဝ ခြောက်ပစ်ကင်းပဲ - Gmail ထဲမှာ စာဝင်ရိုက်လိုက်သေးတယ် - ဘာအတုန်းမှလည်း အပေါ်တော့ဘူး - ဒီမှာပြောခဲ့သလို ဘာ font မှလည်း ရွေးပေးစရာ မလိုတော့ဘူး - ရိုက်ချင်သလိုရိုက် လှမလှပဲ -



ဘယ်သူတွေကို ကျေးဇူးတင်မိလဲ ဆိုတော့ ဒီမေးခွန်းကို စမေးပြီး ငြင်းခုံခဲ့ကြတဲ့ ကိုဖိုးသားလေးနဲ့ ကိုsAnDViper ကို အရင်ကျေးဇူးတင်မိတယ် ( သူတို့ မစခဲ့ရင် ကျွန်တော် ဒါကို ထပ်ကြိုးစား ဖြစ်ဦးမှာ မဟုတ်ဘူး ) - နောက် ကို Saturngod - Custom.css ထဲမှာ ထည့်ဖို့ code က zawgyi-safari.css အတွက် သူရေးထားတာ - ကျွန်တော်ကတော့ တောင်ရှာ မြောက်ရှာ ဟိုထည့် ဒီထည့်ပေါ့ - ဘာပဲ ပြောပြော Chrome သမားတွေ ခု ဖော်ပြချက်ကြောင့် အရင်ကထက် ပိုအဆင်ပြေသွားမယ်ဆို ပျော်မိမှာ အမှန်ပါပဲ -

အဆင်ပြေရင် အချင်းချင်း လက်တို့လိုက်ကြပါဦးဗျာ - ကျုပ်တို့ Firefox ကနေ Chrome ပြောင်းဖို့ သင့်တာ ကြာကြာလြှပီမလား - 

KznT.

Related Posts