The Feature-rich Internet Explorer 9 RC

Leave a Comment
Internet Explorer 9 အကြောင်းကို 26-03-2010, 05:21 AM တုန်းက Platform Preview မိတ်ဆက် အဖြစ်တဲ့ တစ်ခါ - 23-09-2010 09:57 PM တုန်းက Beta မိတ်ဆက် အဖြစ်နဲ့ အဖြစ်နဲ့တစ်ခါ ရေးဖြစ်ခဲ့တယ်။ ခု စာရေးတဲ့ အချိန်ကနေ ပြန်တွက်ရင် လွန်ခဲ့တဲ့ ၁၁ လ ၁၂ ရက် ၉ နာရီ ၅၂ မိနစ်နဲ့ ၁၂ စက္ကန့် အကွာကပေါ့ - ( ဘယ်ရမလဲ WolframAlpha နဲ့ကို တွက်ထားတာ )


Internet Explorer 9 ၏ အောင်မြင်မှုများ

အရင်လ ( ဖေဖော်ဝါရီ ၁၀ ရက်နေ့ ) က Internet Explorer 9 Release Candidate ဆိုပြီး Microsoft ကနေ Version အသစ်ထပ်ထုတ်တယ် - ထုတ်ပြီး ခု ဘယ်လောက်မှ မကြာသေးဘူး IE 9 Release Candidate ကို ကမ္ဘာတစ်ဝှမ်းက ဒေါင်းလုပ်ချတဲ့သူပေါင်း ၁၁ မီလီယံ ကျော်သွားပြီ - အရင် IE9 Beta ထုတ်တုန်းက ဒေါင်းလုပ်ချခဲ့ကြတဲ့ အရေအတွက်ရယ် ခု IE 9 Release Candidate ထွက်တဲ့ အချိန်မှာ ဒေါင်းလုပ်ချတဲ့ အရည်အတွက်ရယ် နှစ်ခု ပေါင်းရင် ၃၆ မီလီယံ တောင် ကျော်ခဲ့ပြီလို့ သိရတယ် - ပြောရရင် ဒီအောင်မြင်မှုဟာ သာမန် အောင်မြင်မှုတစ်ခုတော့ မဟုတ်ဘူး - ကိုယ်တိုင်က Google Chrome fun ဖြစ်နေလို့သာ Internet Explorer ကို သိပ်မသုံးဖြစ်ပေမယ့် ကမ္ဘာတစ်ဝှမ်းက ဒီ IE ကို ဘာကြောင့် ဒီလောက် အားပေးနေကြလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာတယ် - အဲ့တာကြောင့် Internet Explorer 9 ထုတ်ဖို့ဆိုပြီး စစမ်းသပ်တဲ့ ကာလ Platform Preview အဆင့်တည်းက ကိုယ်ကိုယ်တိုင် သုံးကြည့်ပြီး သိခဲ့တာလေးတွေ ဖိုရမ်မှာ ပုံမှန် ရေးဖြစ်ခဲ့တယ် - စစချင်း Internet Explorer 9 Platform Preview နောက် Internet Explorer 9 Beta - ခု Internet Explorer 9 Release Candidate အကြောင်း ရေးဖို့ ဖြစ်လာပြီ - အားလုံးကလည်း Firefox fun ဖြစ်နေလို့လား မသိဘူး - Internet Explorer 9 အကြောင်း စာတက်ရင် ဘယ်သူမှ စိတ်ဝင်တစား ဖတ်တာ မတွေ့ရဘူး - ဒါပေမယ့် ကျွန်တော်ကလည်း သိလာတာတွေဆို ပြောပြချင်စိတ်က ရှိနေတော့ အားမပေးလည်း ရေးနေတာပဲ

Internet Explorer 9 Release Candidate ရှိ ပြောင်းလဲမှုများ

အခုလည်း Version တစ်ခု တက်သွားပြီ ဆိုတော့ Internet Explorer 9 Release Candidate မှာ ဘာလို ပြောင်းလဲမှုတွေ ရှိလာသလဲ - ဘယ်လို features တွေ တိုးပြီး ပါလာမလဲ ဆိုတာ သိရအောင် စမ်းသုံးဖြစ်ခဲ့တယ် - Release Candidate ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လိုက်အောင် အရင် Platform Preview နဲ့ ဘာမှ မဆိုင်တော့ပဲ တော်တော်ကြီး အဆင့်မြင့်လာတာ တွေ့ရတယ် - ပြောရရင် သဘောကျသွားတယ် ပေါ့ဗျာ - အဲ့တော့ Internet Explorer 9 RC မှာ ဘာလို ပြောင်းလဲမှုတွေ ရှိလာသလဲ - ဘယ်လို features တွေ တိုးပြီး ပါလာမလဲ ဆိုတာ လူတိုင်း သိချင်ကြလိမ့်မယ် - အရင် BETA မှာတည်းက ပါတဲ့ Features တွေ အားလုံး အရင်လိုပဲ ပြန်ပါပါတယ် - အဲ့တာကိုတော့ အပေါ်က Internet Explorer 9 Beta မှာ ရေးခဲ့ပြီးသားမို့ ဒီမှာ ပြန်မဖော်ပြတော့ဘူး - Internet Explorer 9 RC မှာ ပါလာတဲ့ New features နဲ့ Improvements တွေ အကြောင်းကို သီးသန့် ဖတ်ချင်မယ် ဆိုရင် ဒီနေရာမှာ Internet Explorer 9 Release Candidate – New Features Summary ဆိုတဲ့ စာအုပ်ရှိပါတယ်။ Microsoft ကနေ အနှစ်ချုပ်ကို ပြည့်ပြည့်စုံစုံ ရေးထားပေးပါတယ်။ သူ့ကို Download ချပြီး ဖတ်လို့ ရပါတယ်။ တကယ်လို့ စာအုပ်နဲ့ မဖတ်ချင်ပဲ သူ့ရဲ့ ထူးခြားချက်ကို ပုံလေးတွေနဲ့ ကြည့်ချင်ရင် ဒီနေရာမှာ ကြည့်လို့ ရပါတယ်။ တစ်ခြား Browsers တွေ ( Firefox 4.0 Beta 11, Chrome 9.0 Beta) နဲ့ Internet Explorer 9 ရဲ့ စွမ်းဆောင်ရည်တွေကို စမ်းစစ်ကြည့်တဲ့ အခါမှာ Results က ဘယ်လိုထွက်တယ် ဆိုတာ ဒီနေရာမှာ ကြည့်ကြည့်ပါ။ ကျွန်တော် Google Chrome သမားတောင် Internet Explorer ကို ချက်ချင်းပြောင်းရမလို ဖြစ်နေပြီ - တကယ်လို့ Internet Explorer 9 Release Candidate ရဲ့ Product Guide ကိုမှ ပြည့်ပြည့်စုံစုံ ဖတ်ချင်မယ် ဆိုရင် ဒီအောက်မှာ ဖော်ပြထားတဲ့ Links တွေကနေ ဒေါင်းလုပ်ချပြီး လေ့လာနိုင်ပါတယ်။ ဒီ Product guide စာအုပ်ထဲမှာ Internet Explorer 9 နဲ့ ပတ်သတ်ပြီး ဘယ်လို အသုံးဝင် ထိပ်တမ်း features တွေပါဝင်တယ် - ဘာတွေ ပြင်ဆင်ထားတယ် ဆိုတာ End users, Developers နဲ့ IT professionals သမားတွေ အလွယ်တကူ လေ့လာနိုင်အောင် ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။

Internet Explorer 9 Release Candidate အား အသုံးပြုခြင်း


ဒီလောက်ထိ ညွှန်းလာပြီးပြီ ဆိုတော့ တစ်ချို့လည်း စမ်းသုံးချင်ကြတဲ့သူတွေ ရှိကောင်း ရှိမယ်။ Internet Explorer 9 RC ကို သုံးချင်ရင် လုပ်ရ ကိုင်ရတာ မခက်ပါဘူး - ပုံမှန် Software တစ်ခု install လုပ်သလိုပဲ Download ချပြီး Install လုပ်သုံးယုံပါပဲ - Download ကိုတော့ ဒီနေရာကနေ ယူနိုင်ပါတယ်။ Filehippo ကနေလည်း ယူနိုင်ပါတယ်။ အင်တာနက် ကောင်းမယ် ဆိုရင်တော့ ဒီနေရာကနေ Download ယူပြီး Internet Connection နဲ့ တိုက်ရိုက်Install လုပ်နိုင်ပါတယ်။ တစ်ခုရှိတာ Windows XP သမားတွေ Internet Explorer 9 ကို Windows XP သမားတွေ သုံးလို့ မရပါဘူး - Windows XP သမားတွေက သုံးချင်ရင် Internet Explorer 8 ပဲ သုံးလို့ ရပါမယ်။ Internet Explorer 9 RC ကို သုံးချင်ရင် ကိုယ်သုံးနေတဲ့ Windows က အနည်းဆုံး Windows 7 (x86 or x64) နဲ့ Windows Vista SP2 (x86 or x64) ဖြစ်ဖို့ လိုပါတယ်။ ဒါကို မမေ့ပါနဲ့။ သက်ဆိုင်ရာ ဖိုင်ကို Download ချပြီးရင် install လုပ်ပါ။ Restart တောင်းကောင်း တောင်းပါလိမ့်မယ်။ Restart ပေးပြီး ပြန်တက်လာရင် စသုံးလို့ ရပါပြီ။

Internet Explorer 9 Release Candidate နှင့် ပြဿနာရပ်များ

Internet Explorer 9 Release Candidate ကို စသုံးပြီ ဆိုရင် တစ်ခြားတော့ ထူးထူးခြားခြား ပြဿနာ မရှိပါဘူး - ဒါပေမယ့် ခေါင်းခြောက်စေမယ့် ပြဿနာ တစ်ခုတော့ ရှိပါတယ်။ အဲ့တာက သူ့ကို တင်တင်ပြီးချင်း Restart ပေးပြီး ပြန်တက်လာရင် Google talk သုံးတဲ့ သူတွေ Chat box မှာ အရင် မြန်မာလို အဆင်ပြေပြေ တွေ့နေရာကနေ ကကျိုးကကြောင်ပုံစံတွေ စမြင်ရပါလိမ့်မယ်။ အဲ့ပြဿနာကို ဘာကြောင့် အဲ့လို ဖြစ်မှန်းမသိလို့ အင်တာနက်ထဲ အချိန်တော်တော်ကြာအောင် စာလိုက်ဖတ်ခဲ့ ရသေးတယ်။ ခုတော့ အဲ့အတွက် စိတ်မပူပါနဲ့ အဖြေရှိနေပါပြီ။ အောက်ဖော်ပြပါအတိုင်း Internet Explorer 9 RC ရဲ့ ညာဘက် အပေါ်ထောင့်မှာ ရှိနေတဲ့ Tools icon ကနေပြီး Internet options ကို ဝင်လိုက်ပါ။


အဲ့ကနေပြီး General tab အောက်က Appearance အောက်မှာ ရှိတဲ့ Fonts button ကို နှိပ်ပြီး တက်လာတဲ့ box မှာ Zawgyi-One ကို ရွေးပေးပြီး OK ပေးလိုက်ပါ။ ဒါဆို အားလုံး ပုံမှန် ပြန်ဖြစ်သွားပါလိမ့်မယ်။


Internet Explorer အား Uninstall လုပ်ဆောင်ခြင်း

ဘယ်ဟာတွေ ဘယ်လောက်ကောင်းပါတယ် ပြောပြော Release Candidate ဆိုတာ Stable မဟုတ်သေးတာကြောင့် တစ်ခြား ပြဿနာလေးတွေ အနည်းနဲ့ အများ ရှိနေပါသေးတယ် - အရမ်း ပြည့်စုံပါတယ်လို့တော့ မဆိုနိုင်သေးပါဘူး - ဒါ့ကြောင့် စမ်းသပ်သုံးစွဲပြီးကာမှ နဂို Internet Explorer 8 ကိုပဲ ပြန်လိုချင်သူတွေ အတွက် Internet Explorer 9 Release Candidate ကို Uninstall လုပ်ဆောင်နိုင်အောင် အဆင့်တစ်ချို့ တစ်ပါတည်း ဖော်ပြလိုက်ပါတယ်။

အရင်ဆုံး Windows Vista မှာ ဆိုရင် Control Panel\Programs\Programs and Features ကို သွားပြီး View installed updates ကို ဝင်ပါ။ ( Windows 7 လည်း အဲ့နေရာပဲ ဖြစ်ပါလိမ့်မယ်။ )



Installed Updates စာမျက်နှာကို ရောက်ရင် အောက်ဖော်ပြပါအတိုင်း Windows Internet Explorer 9 Release Candidate ဆိုတ့ဲ Update ကို ရှာပြီး Uninstall ပေးပါ။ Uninstall ပေးပြီးရင် သူက Restart တောင်းပါလိမ့်မယ်။


Restart ပြန်တက်လာရင် နဂိုအတိုင်း Internet Explorer 8 ပဲ ပြန်ဖြစ်နေပါလိမ့်မယ်။

Internet Explorer 9 browser အား Windows 7 တွင် Slipstream လုပ်ဆောင်ခြင်း

တစ်ချို့ကျတော့လည်း Internet Explorer 9 က Features တွေ အရမ်းကောင်းတယ် ဆိုပြီး ကိုယ့်မှာ ရှိတဲ့ Windows 7 ခွေထဲကို Windows တင်တည်းက ပါလာအောင် တစ်ခါတည်း Slipstream လုပ်ချင်ကြတဲ့ သူတွေလည်း ရှိလိမ့်မယ်။ အဲ့အတွက် ဘယ်လို လုပ်ဆောင်ရမယ် ဆိုတဲ့ နည်းလမ်းကို ဒီနေရာမှာ ဖတ်ပါ။

မူလရင်းမြစ်များ

ကျွန်တော် အရင်တုန်းက စာတစ်ပုဒ်ရေးရင် ဘယ်တွေကနေ ဖတ်ခဲ့တယ်ဆိုတာ မဖော်ပြဖြစ်ခဲ့ဘူး - ခုနောက်ပိုင်းကနေ စပြီး စာတစ်ပုဒ်ရေးပြီးတိုင်းမှာ ဘယ်တွေကနေ ဖတ်ခဲ့တယ် ဆိုတာကို မိသားစုဝင်များ ဆက်စပ်လေ့လာနိုင်အောင် ပူးတွဲဖော်ပြပေးသွားပါ့မယ်။ ဒီအောက်မှာ ဖော်ပြထားတဲ့ Links တွေကတော့ ခုရေးနေတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်လာဖို့ ကျွန်တော် ဖတ်ခဲ့တဲ့ စာမျက်နှာတွေပါ - အရင်းအမြစ်ကိုမှ လေ့လာချင်သူများ လေ့လာနိုင်အောင် ပူးတွဲဖော်ပြလိုက်ပါတယ်။
  1. http://www.msfn.org/_/software/ie9-r...plorer-sh-r305
  2. http://www.microsoft.com/downloads/e...3-01b715e17a00
  3. http://ie.microsoft.com/testdrive/
  4. http://en.wikipedia.org/wiki/Internet_Explorer_9
  5. http://www.intowindows.com/download-...ase-candidate/
  6. http://www.intowindows.com/download-...product-guide/
  7. http://www.intowindows.com/how-to-un...tform-preview/
  8. http://windows.microsoft.com/en-US/i.../ie-9/features
  9. http://windows.microsoft.com/en-US/i...mpare-browsers
  10. http://windows.microsoft.com/en-US/i...wide-languages
  11. http://www.filehippo.com/download_internet_explorer/
  12. http://www.windowsvalley.com/downloa...ne-installers/
  13. http://www.intowindows.com/how-to-sl...windows-7-iso/
  14. http://www.beautyoftheweb.com/#/productguide
  15. http://windows.microsoft.com/en-US/i...ts/ie-9/videos
KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts