How to Set BIOS to Boot from CDROM

ဆိုင်တာ မဆိုင်တာကို ခဏ နောက်ထားပြီး ကျွန်တော်တို့ လုပ်စရာရှိတာတွေတော့ လုပ်ကြည့်ပါဦးမယ် - Hardware ကို ထိတာတို့တာမို့လို့ ဒီလုပ်ငန်းစဉ်တွေက ပြဿနာတော့ မရှိပါဘူး - Save ဖြစ်ပါတယ်။ ကိုhellboy ရဲ့ ပြောကြားချက်အရ - ကျွန်တော့်အထင် BIOS ထဲကို ဝင်လို့တော့ ရလိမ့်မယ် ထင်ပါတယ်။ ကို hellboy အနေနဲ့ CDROM ကနေ boot အောင် BIOS ထဲမှာ ဘယ်လိုပြင်ရမယ် ဆိုတာများ အရင်က လေ့လာဖူးပါသလား - ကျွန်တော်ဖိုရမ်မှာ ဒီအကြောင်းရာကိုပဲ တစ်ယောက် ရေးထားတာတွေ့မိတယ် - ခုတော့ လိုက်ရှာရင်း ခေါင်းမူးပြီး မရှာနိုင်တော့ဘူး - ကိုယ့်ဘာသာပဲ ထပ်ရေးလိုက်ပါ တော့မယ်ဆိုပြီး ရေးလိုက်တာပါ။ နောက်ပြီး ဒီကောင်ကို ရေးဖြစ်တဲ့ အကြောင်းကလည်း ကို hellboy က CD ကို မ boot - မ boot ဘူးနဲ့ ဖြစ်ဖြစ်နေတော့ CDROM ကို Boot စေဖို့ BIOS မှာ ပြင်ဆင်ဖို့များ လိုအပ်နေလို့လား ဆိုပြီး ထင်မိပါတယ်။ CD ကို မ boot - မ boot ဘူးဆိုတဲ့ ပြဿနာက များသောအားဖြင့် BIOS ထဲမှာ ဝင်ပြီး Configuration လုပ်မထားရင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအကြောင်းကို ရေးဖြစ်လိုက်တာပါ။



CDROM မှ Boot စေရန် BIOS တွင် ပြင်ဆင်ခြင်း

ကျွန်တော်တို့ ခုနောက်ပိုင်းထွက် Computer Systems တွေမှာ CD ကနေ boot နိုင်တဲ့ feature ထည့်သွင်းထားပေးပြီးသားပါ - ဒါပေမယ့် ဒီအတိုင်းတော့ တော်ယုံ boot မတက်တာ များပါတယ်။ ကျွန်တော်တို့ဘက်က ပြင်ဆင်မှုလေးတွေ လုပ်ပေးရပါမယ်။

အရင်ဆုံး ကွန်ပြူတာ စအဖွင့်မှာ boot-screen ကိုဝင်ဖို့ setup key ကို အရင်ဆုံး ကျွန်တော်တို့ စပြီး သေသေချာချာ စစ်ဆေးရပါမယ်။ နောက်ပိုင်းထွက် ကွန်ပြူတာ တော်တော်များများကတော့ In most DELETE key ဖြစ်ပါတယ်။

အောက်မှာဖော်ပြထားတဲ့ AmiBios မှာဆိုရင် Setup ထဲကို ဝင်ဖို့ DEL key နှိပ်ရမယ် ဆိုပြီး ဖော်ပြထားပါတယ်။


အခု အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ခပ်ဆင်ဆင် ပုံစံတူ screen ကို မြင်ရပြီ ဆိုရင် BOOT option ကို သွားလိုက်ပါ။ အဲ့ကနေမှ တစ်ဆင့် Boot Device Priority ကို ဆက်သွားပြီး first boot device ကို CDROM လို့ ထားပြီး second boot device ကို HARD DRIVE လို့ထားလိုက်ပါ - အဲ့နောက်မှာ F10 နှိပ်ပြီး settings ကို save ပါ။


ပြီးရင် ကျွန်တော်တို့ ခုနက အကြံပေးခဲ့တဲ့ Windows vista installation DVD တို့ Recovery Disc တို့ ဒါမှမဟုတ် ကို ကျောက်ဖြူ ဖော်ပြထားတဲ့ Grub rescue disk ဆိုတာတွေကို CDROM ထဲထည့်ပြီး boot ပြန်တက်ကြည့်ပါ - အဲ့အချိန်မှာ CDROM ကို boot မယ်ဆိုရင် keyboard ကနေ တစ်ခုခုနှိပ်ဆိုတဲ့ စာသား တက်ကောင်းတက်လာပါလိမ့်မယ်။ အဲတာကို Spacebar ဖြစ်ဖြစ် Enter ဖြစ်ဖြစ် နှိပ်ပြီး ကျွန်တော်တို့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အဆင့်တွေ အတိုင်း လုပ်ဆောင်လို့ ရပါလိမ့်မယ်။ ဒါက တစ်နည်းပါ။

-----------------------------------------------------------------------------------------

ခုနောက်တစ်နည်း အနေနဲ့ BIOS setup မှာ Screen ပုံစံချင်း မတူတဲ့ နောက်တစ်မျိုးကို ဖော်ပြသွားပါဦးမယ်။

ဒါကတော့ Award Bios ပါ - သူ့မှာလည်း အောက်မှာ ဖော်ပြထားတဲ့ အတိုင်း BIOS setup ထဲဝင်ဖို့ သူဖော်ပြထားတဲ့ key ကိုနှိပ်ပြီး ဝင်ရပါမယ်။


အဲဒီကနေ ကျွန်တော်တို့ Advanced Bios Features ကို ရွေးရပါမယ်။


အဲကနေ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း First Boot Device ကို CDROM ထားပြီး Second ဒါမှမဟုတ် third ကို HDD ပေးထားလိုက်ပါ။ နောက် F10 နှိပ်ပြီး settings ကို save ပါ။


ပြီးရင် ကျွန်တော်တို့ ခုနက အကြံပေးခဲ့တဲ့ Windows vista installation DVD တို့ Recovery Disc တို့ ဒါမှမဟုတ် ကို ကျောက်ဖြူ ဖော်ပြထားတဲ့ Grub rescue disk ဆိုတာတွေကို CDROM ထဲထည့်ပြီး boot ပြန်တက်ကြည့်ပါ - အဲ့အချိန်မှာ CDROM ကို boot မယ်ဆိုရင် keyboard ကနေ တစ်ခုခုနှိပ်ဆိုတဲ့ စာသား တက်ကောင်းတက်လာပါလိမ့်မယ်။ အဲတာကို Spacebar ဖြစ်ဖြစ် Enter ဖြစ်ဖြစ် နှိပ်ပြီး ကျွန်တော်တို့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အဆင့်တွေ အတိုင်း လုပ်ဆောင်လို့ ရပါလိမ့်မယ်။ ဒါက တစ်နည်းပါ။

------------------------------------------------------------------------------------------------

ဒီအောက်ကနည်းကတော့ BIOS ကို တစ်ချို့ Dell Systems တွေမှာ ဝင်တဲ့ နည်းဖြစ်ပါတယ်။ အပေါ်က နည်းတွေကတော့ BIOS setup ထဲကို ဝင်ဖို့ DEL key နှိပ်ရပါတယ်။ ဒီကောင်ကတော့ F2 နှိပ်ရပါလိမ့်မယ်။ တစ်ခုနဲ့ တစ်ခုက အဲလိုပဲ နဲနဲလေးစီ ကွဲပါတယ်။ ဘာကိုနှိပ်ရမယ် ဆိုတာတော့ သူက အောက်ဖော်ပြပါအတိုင်း ဖော်ပြပြီးသားပါ။


အဲနောက်မှာ Boot Sequence ကိုရွေးပြီး ဖော်ပြပါအတိုင်း ပထမဦးစားပေးကို 1 ကို CD-Rom အဖြစ်ထားပြီး ရွေးပေးပါ။ Enable / Disable ပေးဖို့ဆိုတာ သူဖော်ပြထားတဲ့ အတိုင်း SPACE ကို နှိပ်ပြီး လုပ်ဆောင်လို့ ရပါတယ်။ - + ကတော့ ဒီနေရာမှာ အပေါ်အောက်ရွှေ့တာပါ။ အားလုံး ပြင်ဆင်ပြီးသွားရင် ESC ကိုနှိပ်ပြီး settings ကို save ပါ။


ပြီးရင် ကျွန်တော်တို့ ခုနက အကြံပေးခဲ့တဲ့ Windows vista installation DVD တို့ Recovery Disc တို့ ဒါမှမဟုတ် ကို ကျောက်ဖြူ ဖော်ပြထားတဲ့ Grub rescue disk ဆိုတာတွေကို CDROM ထဲထည့်ပြီး boot ပြန်တက်ကြည့်ပါ - အဲ့အချိန်မှာ CDROM ကို boot မယ်ဆိုရင် keyboard ကနေ တစ်ခုခုနှိပ်ဆိုတဲ့ စာသား တက်ကောင်းတက်လာပါလိမ့်မယ်။ အဲတာကို Spacebar ဖြစ်ဖြစ် Enter ဖြစ်ဖြစ် နှိပ်ပြီး ကျွန်တော်တို့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အဆင့်တွေ အတိုင်း လုပ်ဆောင်လို့ ရပါလိမ့်မယ်။ ဒါက တစ်နည်းပါ။

---------------------------------------------------------------------------------------

နောက်တစ်နည်းကတော့ တစ်ချို့ Dell Systems တွေမှာပဲ BIOS ထဲကို ဝင်ဖို့ F2 ကိုနှိပ်ရင် ခုလိုမျိုး မြင်ရတတ်ပါသေးတယ်။


တစ်ချို့ Computer တွေမှာကျပြန်တော့ Cd/Hdd/Floppy/Usb Device ကနေ ခဏတာ boot ခိုင်းဖို့ဆိုရင် F8 button ကိုနှိပ်မှ Boot Menu ကိုရောက်ပြီး အဲ့ကနေ CDRom ကိုရွေးပေးရတတ်ပါတယ်။

ကျွန်တော် အခု အကြံပြုချင်တာ ကို hellboy အနေနဲ့ အထက်ဖော်ပြပါ steps တွေကို လေ့လာပြီး BIOS setup ထဲကို ဝင်လို့ ရမရ စမ်းကြည့်စေချင်ပါတယ်။ တကယ်လို့ ရတယ်ဆိုရင် CDROM ကို ဖော်ပြပါအတိုင်း first boot device အဖြစ်ထားပြီး settings ကို save - နောက် ကျွန်တော်တို့ ပြောခဲ့တဲ့ Windows vista installation DVD တို့ Recovery Disc တို့ ဒါမှမဟုတ် ကို ကျောက်ဖြူ ဖော်ပြထားတဲ့ Grub rescue disk ဆိုတာတွေကို CDROM ထဲထည့်ပြီး boot ပြန်တက်ကြည့်ပါ - အဲ့အချိန်မှာ CDROM ကို boot မယ်ဆိုရင် keyboard ကနေ တစ်ခုခုနှိပ်ဆိုတဲ့ စာသား တက်ကောင်းတက်လာပါလိမ့်မယ်။ အဲတာကို Spacebar ဖြစ်ဖြစ် Enter ဖြစ်ဖြစ် နှိပ်ပြီး ကျွန်တော်တို့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အဆင့်တွေ အတိုင်း လုပ်ဆောင်လို့ ရပါလိမ့်မယ်။

စမ်းကြည့်ကြည့်ပါဦး

KznT.

Wireless LAN Architecture and Wireless adapter configuration in Windows Vista

မပန်းနုရေ -

DNS sever က
203.81.162.22 နဲ့သုံးပေမယ့် အင်တာနက်သုံးမရဖြစ်နေတာပါ..

ဆိုရင် OpenDNS ကနေ free ပေးထားတဲ့ အောက်ဖော်ပြပါ DNS servers တွေကို ပြောင်းသုံးကြည်ပေးပါ။

208.67.222.222
208.67.220.220

အဲ့တာနဲ့မှ အဆင်မပြေဘူး ဆိုရင်တော့ ကျွန်တော် ဒီအောက်မှာ ဖော်ပြသွားမယ့် wireless network setup tutorial လေးကို ဖတ်ပြီး တစ်ချက် စမ်းကြည့်ပါ။

အရင်ဆုံး ကျွန်တော် ကြိုပြီး တောင်းပန်ထားချင်တာကတော့ Network ပြဿနာကို အင်တာနက်ပေါ်ကနေ ဖြေရှင်းပေးဖို့ဆိုတာ တော်တော်လေး မလွယ်ပါဘူး - ဘာကြောင့်လဲ ဆိုတော့ Network ဆိုတဲ့ သဘောတရားက တော်တော် ကျယ်ပြန့်လို့ပါ - ကျွန်တော်တို့တွေ ကွန်ပြူတာတစ်လုံး Software တင်လို့ မရတာ - Hardware ကြောင်တာ မျိုးတွေက ကွန်ပြူတာ တစ်လုံးချင်းနဲ့ပဲ သီးသန့်ဆိုင်တာ မို့လို့ ဖြစ်နိုင်ချေရှိတဲ့ ပြဿနာကို မျက်မြင် မဟုတ်လည်း အလွယ်တကူ ဖြေရှင်းပေးနိုင်ပါတယ် - မဖြေရှင်းနိုင်ရင်တောင် ဖြစ်နိုင်ချေ ရှိတဲ့ ပြဿနာကို အနီးစပ်ဆုံး ခန့်မှန်းပေးနိုင်ပါတယ် -



ခု မပန်းနု ဖြစ်တဲ့ ပြဿနာက Network နဲ့ ဆိုင်တဲ့ ပြဿနာ ဖြစ်နေတဲ့ အတွက် ကွန်ပြူတာ တစ်လုံးတည်းပေါ် မူတည်ပြီး ကျွန်တော်က စဉ်းစားပေးလို့ မရပါဘူး - ကျွန်တော့် စဉ်းစား ပေးစရာ တစ်ခြား အကြောင်းအရာတွေ ပိုပါလာပါတယ် - ဥပမာ ပြောရရင် မပန်းနုက Wireless Network သုံးမယ် - ဟုတ်ပြီ Wireless Network မှာမှ မပန်းနုက ဘယ်လို Network အမျိုးအစားကို သုံးသလဲ ဆိုတဲ့ Wireless LAN Architecture ကို သိဖို့လိုလာပါတယ် - ဥပမာ ဆိုရရင် - မပန်းနုက Wireless Access Point တို့ Wireless Router တို့ မသုံးပဲ  ကွန်ပြူတာချင်း တိုက်ရိုက်ဆက်သွယ်လုပ်ဆောင်တဲ့ Ad-Hoc Network ကို သုံးသလား ( သူ့ပုံက ဒီလိုပုံမျိုးပါ )

adhocwirelessnetwork896.jpg


ဒါမှမဟုတ် အပေါ်မှာ ပြထားသလို ကွန်ပြူတာ အချင်းချင်း တိုက်ရိုက်ဆက်သွယ်တာမျိုး မဟုတ်ပဲ Wireless Router တို့ Wireless Access Pont ( WAP ) တို့ ခံပြီး ကွန်ပြူတာ တစ်ခုနဲ့တစ်ခု အသုံးပြု ဆက်သွယ်တဲ့ Infrastructure Mode ကို သုံးသလား ( သူ့ပုံက ဒီလိုပုံမျိုးပါ )

wirelessrouternetwork95.jpg

ဒီ Infrastructure Mode မှာမှ မပန်းနု နေတဲ့ နေရာက wired Ethernet network လည်း ရှိနေတယ် - network router လည်း ရှိနေတယ် ဆိုရင် wireless access point ထပ်တပ်ပြီး အောက်ဖော်ပြပါ အတိုင်း wireless access ရဖို့ လုပ်ဆောင်တဲ့ နည်းနဲ့ သုံးနေသလား။ ဒီအောက်က ဖော်ပြပါ ပုံကလည်း Infrastructure Mode ပါပဲ။ သူကတော့ နဲနဲလေး ပိုရှုပ်ထွေးပါတယ် -

wirelessapnetwork949891.jpg

ဒီအကြောင်းတွေက မပန်းနု နားလည်ပြီးသား လည်း ဖြစ်နိုင်ပါတယ် - တစ်ယောက်နဲ့ တစ်ယောက်က နားလည်မှု အဆင့်ချင်း မတူညီကြလို့ ကျွန်တော် ပြည့်စုံအောင် ပြန်ဖော်ပြတာပါ - အဲတော့ အထက်မှာ ဖော်ပြထားတဲ့ ပုံတွေ အရ ကျွန်တော်တို့တွေ Wireless Network တစ်ခု တည်ဆောက်တော့မယ် ဆိုရင် ဘာတွေ လိုလဲ ဆိုတာကို ဆက်ပါ့မယ်။ ဒီအကြောင်းကို ဘာလို့ ပြောရလည်း ဆိုတော့ ကျွန်တော်တို့က တော်ကြာ Configuration မှာ ပြဿနာ တက်တယ်ထင်ပြီး လိုက်ပြင်နေ - တကယ်တမ်း ဖြစ်တာက Configuration မှာ ပြဿနာ တက်တာမျိုး မဟုတ်ပဲ wireless devices လိုတာမျိုးတွေ ဖြစ်နေမှာ စိုးလို့ပါ - ဒါ့ကြောင့် အခြေကနေ ပြန်စလိုက်တာပါ - အဲတော့ ကျွန်တော်တို့ wireless network တစ်ခု တည်ဆောက်တော့မယ် ဆိုရင် အရေးအကြီးဆုံး လိုအပ်တာက Wireless router ဒါမှမဟုတ် wireless access point ဆိုတဲ့ device တွေလိုပါတယ် - သူတို့တွေက ဒီလိုပုံပါ -

wirelessrouterap2783255.jpg

တကယ်လို့ မပန်းနုက Wireless Network ကို Desktop Computer နဲ့ သုံးမယ်ဆိုရင် အောက်ဖော်ပြပါ wireless adapter ကို ကိုယ့် Desktop ရဲ့ motherboard မှာ တပ်ဆင် installed လုပ်ဆောင်ထားပြီး သား ဖြစ်နေဖို့လည်း လိုပါတယ်။ သူ့ပုံက ကျွန်တော်တို့ သုံးနေကျ PCI card တွေလိုပါပဲ - ထူးသွားတာ ဆိုလို့ antenna ပါလာတာပဲ ရှိပါတယ်။

wirelesscard2969526.jpg

အဲလိုမှ မဟုတ်ပဲ မပန်းနုက notebook သုံးတာ ဆိုရင်တော့ နောက်တစ်မျိုး ပြောင်းသွားပါမယ်။ တကယ်လို့ မပန်းနု notebook မှာ Centrino wireless technology ပါပြီးသား ဆိုရင် wireless network သုံးဖို့ အသင့်ပါပဲ - တစ်ခြားဘာမှ ပြင်ဆင်ဖို့ မလိုပါဘူး - အဲလိုမှ မဟုတ်ပဲ မပန်းနု သုံးတဲ့ notebook က non-wireless ready notebook ဖြစ်နေမယ် ဆိုရင်တော့ wireless network သုံးလို့ ရဖို့ wireless PCMCIA card ကို installed လုပ်ဆောင်ထားဖို့ လိုပါတယ်။ wireless PCMCIA card ပုံစံက အောက်ဖော်ပြပါ ပုံစံမျိုးပါ။


wirelesspcmcia3273660.jpg

အဲလိုမှ မဟုတ်ပဲ မပန်းနုက Desktop ပဲသုံးသုံး notebook ပဲသုံးသုံး wireless adapter ကို တစ်ခြား ကွန်ပြူတာတွေနဲ့ Share လုပ်ပြီး သုံးချင်တယ် ဆိုရင်တော့ USB wireless adapter ကို သုံးလည်း ရပါတယ်။ သူက ပိုပြီးလည်း သုံးရလွယ်ပါတယ်။ Wireless access ရဖို့ USB wireless adapter ကို ကိုယ့် ကွန်ပြူတာမှာ ဖြုတ်/တပ် လုပ်ပြီး သုံးလို့ ရပါတယ်။ အရွယ်အစားကလည်း တော်တော်သေးပြီး ပုံစံက USB thumb drive ပုံစံမျိုးပါ။

usbwirelesscard3555270.jpg

ဒါက ကျွန်တော် အကျဉ်းချုံး ပြောပြတာပါ - တစ်ခြား wireless products တွေလည်းဈေးကွက်ထဲမှာ တော်တော်များများ ရှိပါတယ်။ မပန်းနုက ဘယ်လို Wireless Network အမျိုးအစားသုံးမှာလည်း ဆိုတာပေါ် မူတည်ပြီး အပေါ်မှာ ပြထားတဲ့ Devices တွေ မပန်းနု အားလုံး တပ်ဆင် installed လုပ်ဆောင်ထားပြီး သား ဖြစ်နေဖို့လိုပါတယ်။ ဒါတွေ အားလုံး စုံမှ အားလုံးလည်း အလုပ်လုပ်မှ ကျွန်တော်တို့ Configuration ပိုင်းကို ဆက်သွားလို့ ရမှာပါ - လောလောဆယ်တော့ မပန်းနု ဆီမှာ မပန်းနု သုံးမယ့် Wireless Network အမျိုးအစား အတွက် လိုအပ်တဲ့ ပစ္စည်းတွေ အားလုံး စုံပြီလို့ ကျွန်တော် မှတ်ယူလိုက်ပါ့မယ် - ဒီတော့ ကျွန်တော်တို့ စုံတာတော့ ဟုတ်ပြီ - အားလုံး installed လည်း လုပ်ဆောင်ထားပြီးပြီ - အဲလိုဆို တကယ်ရော အလုပ်လုပ်ရဲ့လား ဆိုတာ စစ်သင့်ပါတယ်။ စစ်နည်းကတော့ အောက်ဖော်ပြပါ အတိုင်း Device Manager ကို ခေါ်ပြီး

networkadaptersproperti.jpg

ကိုယ့် Device က တကယ် အလုပ်,လုပ်မလုပ် စစ်ရပါမယ်။

networkadapterdriversta.jpg

တကယ်လို့ ဖော်ပြပါ အတိုင်း မတွေ့ရပဲ wireless adapter က အလုပ်မလုပ်ဘူး ဆိုရင် latest wireless adapter driver ကို manufacturer website ကနေ ရယူပြီး install လုပ်ဆောင်ဖို့ လိုပါမယ်။ ခု ကျွန်တော်တို့ အားလုံး အဆင်သင့် ဖြစ်သွားပြီ ဆိုကြပါစို့ - အဲ့နောက်မှာ နောက်ထပ် Options ( 2 ) ခု ထပ်ထွက်လာပါတယ် - အဲတာက ( ၁ ) မပန်းနုသုံးချင်တဲ့ Wireless Network ဆိုတာ ရှိနေပြီးသား wireless network ထဲကိုမှ ကိုယ်က Wireless access ရဖို့ ကိုယ့်ကွန်ပြူတာ ( Desktop or laptop ) ဝင်ချိတ်မှာလား - ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် Wireless Network အသစ်တစ်ခုကို အစကနေ အဆုံး Configuration လုပ်မှာလား ဆိုတာ ဖြစ်ပါတယ်။ Options နံပါတ် ( ၁ ) က လုပ်ဆောင်ရတာ လွယ်ပေမယ့် Options နံပါတ် ( ၂ ) က ကျတော့ wireless router configuration လုပ်ရမှာတွေ - တစ်ခြား Cable ချိတ်ဆက်မှုတွေပါ ပါလာမှာ မို့လို့ ဒီနေရာကနေ အပြည့်အစုံ ပြောပြဖို့ မလွယ်ပါဘူး - ဒါ့ကြောင့် ကျွန်တော် ဒီ Options နှစ်ခုမှာမှ မပန်းနုက Options နံပါတ် ( ၂ ) ဖြစ်တဲ့ ရှိနေပြီးသား Wireless Network တစ်ခုထဲကို ဝင်မယ့် ကွန်ပြူတာ တစ်လုံးကို Configuration လုပ်နေတဲ့ သူ တစ်ယောက် အဖြစ် မှတ်ယူပြီး ဆက်ပြောသွားပါ့မယ်။

အဲတော့ ကျွန်တော်တို့ wireless adapter configuration ကို Windows Vista မှာ Manually ဘယ်လို လုပ်ဆောင်သွားမယ် ဆိုတာ အဆင့်တစ်ဆင့်စီ ကျွန်တော် ဖော်ပြသွားပါ့မယ်။

( ၁ ) အရင်ဦးဆုံး Windows button ကနေပြီး Connect To button ကိုသွားပါ။

vista14445065.jpg

( ၂ ) အဲဒီကနေ ဖော်ပြပါအတိုင်း Active ဖြစ်တဲ့ Wireless Connection တစ်ခုခုကို မြင်ရပြီ ခု ဥပမာ ပေးမယ့် ပုံမှာတော့ home-network ဆိုတာကို ကျွန်တော်တို့ မြင်နေရပါတယ်။

connecttowirelessnetwor.jpg

ဒါ့ကြောင့် သူ့ကို Right click ထောက်ပြီး Properties  ကို ဆက်သွားပါ။ ကျွန်တော်တို့ အဲဒီကနေ အဲ့ဒီ့ Network အတွက် connection setting ကို အောက်ဖော်ပြပါအတိုင်း configuration ဆက်လုပ်ပေးသွားရပါမယ်။

vistawirelessnetworkpro.jpg



detailedwirelessnetwork.jpg


( ၃ ) တကယ်လို့ အဆင့် ( ၂ ) မှာ ဖော်ပြထားတဲ့ အတိုင်း Active ဖြစ်တဲ့ Wireless Connection တစ်ခုခုကို မမြင်ရဘူး ဆိုရင် ကျွန်တော်တို့တွေ Set up a connection or network လုပ်ရပါမယ်။ အဆင့် ( ၂ ) ရဲ့အောက်မှာ ဖော်ပြထားတဲ့ ပထမဆုံးပုံရဲ့ အောက်နားက Set up a connection or network  ကို click ပေးပြီး အောက်ဖော်ပြပါအတိုင်း  Manually connect to a wireless network option ကို click ပေးပြီး Next ကို ဆက်သွားပါမယ်။

manuallyconnecttowirele.jpg

( ၄ ) ဒီနေရာမှာ ကျွန်တော်တို့ ထည့်ပေးရမှာ တွေ ရှိပါတယ်။ အဲတာတွေက ကိုယ် Connect လုပ်ချင်တဲ့ wireless network information တွေ ဖြစ်တဲ့ (network name/SSID, security type, encryption type, security key) တွေ ထည့်သွင်းပေးရပါမယ်။ network name ဆိုတာ တစ်ချို့နေရာတွေမှာ router name ကို ပြောတာပါ။ Supported security type အမျိုးအစားတွေကတော့ No authentication (Open), WEP, WPA2-Personal, WPA-Personal, WPA2-Enterprise, WPA-Enterprise နဲ့ 802.1x ဆိုတာတွေ ဖြစ်ပြီး Supported encryption type တွေကတော့ TKIP နဲ့ AES ပါ - အဲတာတွေ ဖြည့်သွင်းပါ။ နောက်ပြီးရင် Security key ထည့်ပေးပြီး Start this connection automatically option နေရာမှာ Check ပေးထားလိုက်ပါ။ ပြီးသွားရင် Next ကို click ပေးရပါမယ်။ 


screen35530123.jpg

( ၅ ) နောက်ဆုံး window မှာတော့ အောက်ဖော်ပြပါအတိုင်း ကိုယ်ဖန်တီးထားတဲ့ Wireless Network ကို  connect to လုပ်မှာလား ဒါမှမဟုတ် တစ်ခြား Connection settings တစ်ခုကို change မှာလားဆိုတဲ့  change connection settings ကိုတွေ့ပါလိမ့်မယ်။ အဲကနေ ကိုယ်လုပ်စရာ ရှိတာ ဆက်လုပ်သွားယုံပါပဲ။

successfullyaddedwirele.jpg


( ၆ ) Connect လုပ်ပြီး သွားပြီ ဆိုရင်တော့ Internet ထဲက website တစ်ခုခုကို access လုပ်ကြည့်ပါ။ Access လုပ်လို့ ရပြီ ဆိုရင် Wireless Connection ရပါပြီ - 

ခု ဖော်ပြခဲ့တဲ့ ဖော်ပြချက်တွေက ကျွန်တော် ကြိုးစား ဖော်ပြလိုက်ပေမယ့် အဆင်ပြေမယ် မပြေဘူး ဆိုတာ ကျွန်တော်လည်း ကျိန်းသေ မပြောနိုင်ပါဘူး - ကျွန်တော်လည်း နိုင်သလောက် အဆင်ပြေနိုင်အောင် ကြိုးစားပေးလိုက်တာပါ - ဟိုး အပေါ်မှာ ဖော်ပြခဲ့ပြီး သလို Network Problem ဆိုတာ အဖြေရှာရင် အရမ်းကျယ်ပြန့်တာက တစ်ကြောင်း ကျွန်တော်က မျက်မြင် ဖြေရှင်းပေးနေရတာ မဟုတ်တဲ့ အတွက်က တစ်ကြောင်းမို့လို့ ကျွန်တော် ကူညီရတာ သူများတကာလို မျက်မြင် အဖြေရှာရတာထက် ( ၂ ) ဆပိုပင်ပန်းပါတယ်။ 

ဒါတောင် တော်တော် အကျဉ်းချုံး ဖော်ပြလိုက်တာပါ - ခု အထက်မှာ ဖော်ပြထားတဲ့ ဖော်ပြချက်က wireless adapter configuration ကို Windows Vista မှာ Manually ဘယ်လို လုပ်ဆောင်သွားမယ် ဆိုတာလေးပဲ ရှိပါသေးတယ်။ အဲ့နည်းနဲ့ အဆင်မပြေရင် နောက်ထပ် ad hoc wireless network ကို Windows Vista မှာ ဘယ်လို Configuration လုပ်ဆောင်မလဲ ဆိုတာ ရှိပါသေးတယ်။ ဒါ့ကြောင့် အရမ်းကျယ်ပြန့်တယ် လို့ ကျွန်တော် ပြောခဲ့တာပါ - ကျွန်တော်က မျက်မြင် လုပ်ဆောင်နေရတာ မဟုတ်တော့ ဒါဖြစ်နိုင်မလား ဒါဖြစ်နိုင်မလား ဆိုပြီး အဘက်ဘက်က ဘက်ပေါင်းစုံ စဉ်းစားနေရတာရယ်  တော်ယုံ ကိုယ့်ရှေ့မှာ စက်ရှိနေရင် အလွယ်တကူ ရှာဖွေလို့ ရတဲ့ သိကိန်း တွေက ကိုယ့်ရှေ့မှာ စက်မရှိတော့ မသိကိန်း ဖြစ်သွားတာရယ်တွေကြောင့် ပိုပြီး လုပ်ဆောင်ရတာ အခက်တွေ့ပါတယ်။ ဒါကို မပန်းနု နားလည်နိုင်မယ် ထင်ပါတယ်။ အတတ်နိုင်ဆုံး အဖြေထုတ်နိုင်ဖို့ ကြိုးစားလိုက်ပေမယ့် တစ်ခုမှ အဆင်မပြေခဲ့ရင်တော့ နားလည်ပေးနိုင်ဖို့ မေတ္တာရပ်ခံလိုပါတယ်။ 

ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပေးလိုက်ပါတယ်။


KznT.

Recycle Bin and & System Volume Information

အခုကျွန်တော် ညီလေး ကျောက်ဖြူ တင်ပေးထားတဲ့ window 7 Aleinware သုံးနေပါတယ် ..
ဟိုးအရင် XP သုံးတုန်းက Drive တွေ Folder တွေမှာ Background ကို ပုံလေးတွေထည့်ပီး သုံးထားပါတယ်...
shell icon ဆော့ဝဲသုံးပီးလုပ်ပါတယ် .....ဒီနေရာ လေးက ကိုုkyawmin တင်ပေးထားတဲ့ software လေး သုံးထားတာပါ ..
အခုကျတော့ အဲ့ဒီလိုလုပ်ထားတဲ့ ဖိုင်တွေ Drive တွေတိုင်းမှာ .. $RECYCLE.BIN , Folder Settings , System Volume Information ဆိုတဲ့ ဖိုထာသုံးခုစီ ရောက်နေတယ် ... ဖျက်လို့လည်းမရဘူး ..



shell icon ကိုပြန်Runတော့လည်း မပျောက်သွားဘူး .. နောက်ခံပုံလည်းမပေါ်ဘူး .
ဘယ်လိုပြန်လုပ်ရမလဲ ပြောပြပေးပါအုံး .. အဲ့ဒီ ဖိုင်တွေကို ဖျက်ချင်လို့
အားလုံးကိုကျေးဇူးတင်ပါတယ် ...




ကျွန်တော်တို့ အလွယ်ပြောရရင် $RECYCLE.BIN folder ဆိုတာက Recycle bin ပါပဲ ကိုမြင့်မိုရ် - ဥပမာ အနေနဲ့ ပြောရရင် Folder တစ်ခုခု File တစ်ခုခု ကို ဖျက်လိုက်တယ် - ဒီလိုဆို ပထမအဆင့်အနေနဲ့ Recycle Bin ထဲကို ရောက်သွားတယ် - နောက်တစ်ဆင့် အနေနဲ့ ထပ်ပြီး Recycle Bin ကနေပါ ထပ်ဖျက်တယ် - ( ဒီ နည်းလမ်း နှစ်ဆင့်ကို Shift+Delete ဆိုတဲ့ နည်းလမ်း တစ်ဆင့်တည်းနဲ့ လုပ်ဆောင်လို့လည်း ရပါတယ်။ ) ဒါဆိုရင် ကျွန်တော်တို့ စက်ရဲ့ ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး ဆိုရရင် လုံးဝ ပျောက်သွားပြီ - ဒီလိုပဲ ကျွန်တော်တို့ ယူဆလိုက်ကြတယ် -  တကယ်တော့ ကျွန်တော်တို့ နှစ်ဆင့်နဲ့ပဲ ဖျက်ဖျက် - Shift+Delete ဆိုတဲ့ တစ်ဆင့်တည်းနဲ့ပဲ ဖျက်ဖျက် ကျွန်တော်တို့ ဖျက်လိုက်တဲ့ Folders တွေ Files တွေက တကယ်ပျောက် မသွားသေးပါဘူး - စက်ထဲမှာပဲ ကျန်နေပါသေးတယ် - ဒါဆို ဘယ်ကို ရောက်သွားတာလဲ - တွေ့မှ မတွေ့ရတော့ပဲ - မတွေ့ရတာ မှန်ပေမယ့် သူတို့ရှိနေပါသေးတယ် - သူတို့တွေ အားလုံးက ကိုမြင့်မိုရ် ဝိုင်းပြထားတဲ့ $RECYCLE.BIN folder ဆိုတဲ့ Folder ထဲကို ရွေ့သွားတာပါ။ ဒါကို သံသယ ဖြစ်မယ် ဆိုရင် Hard Drive ပေါ်က နှစ်သက်ရာ ဖိုင်တစ်ခုခုကို ဖျက်ပြီး Recovery Software တစ်ခုခုနဲ့ ပြန်ရှာကြည့်ပါ - ပြန်တွေ့ပါလိမ့်မယ်။ ဒါ့ကြောင့် $RECYCLE.BIN folder နဲ့ ပတ်သတ်ပြီး ကျွန်တော် ပြောချင်တာ သူ့ကို မဖျက်ပစ်ပါနဲ့ - သူက ကျွန်တော်တို့ အတွက် အသုံးဝင်ပါတယ်။  Folder တစ်ခုခု File တစ်ခုခု မတော်လို့ မှားဖျက်မိလိုက်ရင် ကျွန်တော်တို့ရဲ့ မှားယွင်းမှုကို ပြန်ပြီး ဆယ်ယူပေးနိုင်တာ ဒီ $RECYCLE.BIN folder ပါ - ဒါ့ကြောင့် ဖြစ်နိုင်ရင် ဖျက်ထုတ်ပစ်ဖို့ ဆိုတာထက် မမြင်ချင်ရင် Hide ထားဖို့ကိုပဲ အကြံပြုလိုပါတယ်။



နောက် System Volume Information - သူ့ကို ကျွန်တော်တို့ အလွယ်ပြောရရင် system restore points တွေ ပါဝင်နေတဲ့ Folder လို့ ပြောလို့ရပါတယ်။ Windows မှာ တစ်ခုခု Error တက်တယ် - ဒါဆို system restore ပြန်ခေါ်လိုက်လို့ ပြောကြတာ ကိုမြင့်မိုရ်လည်း ကြားဖူးမှာပါ - ဒါ့ကြောင့် system restore points တွေ ပါဝင်နေတဲ့ System Volume Information Folder ဆိုတာ မဖျက်ကောင်းပါဘူး - ဖျက်ဖို့လည်း မသင့်တော်ပါဘူး ဖြစ်နိုင်ရင် ဖျက်ထုတ်ပစ်ဖို့ ဆိုတာထက် မမြင်ချင်ရင် Hide ထားဖို့ကိုပဲ ထပ်မံ အကြံပြုလိုပါတယ်။

တကယ်လို့ အရမ်းကို ဖျက်ချင်နေတယ် ဆိုရင်တော့ သူတို့ဟာ SYSTEM files တွေ ဖြစ်တာ ကြောင့် အလွယ်တကူ ဖြတ်ထုတ်ပစ်ဖို့ မလွယ်ပါဘူး - သူတို့တွေကို ဖျက်ထုတ်ပစ်ဖို့ဆိုရင် လတ်တလော Windows ကို သုံးနေတဲ့ User ဟာ permission အားဖြင့် full access ဖြစ်ထားဖို့ လိုပါတယ်။ လုပ်ဆောင်နည်း အဆင့်ဆင့်ကိုတော့ ဒီနေရာကနေ လေ့လာ ကြည့်နိုင်ပါတယ်။

KznT.

Hard Drive Makes Clicking Sounds

Originally Posted by LaMike View Post
ကျွန်တော်ကြုံရတဲ့ ပြဿနာကတော့ hardware ပိုင်းမှာပါ ။ Harddisk မှာ ကလစ် ကလစ် နဲ့ အသံမြည်နေပါတယ် ။ မြည်ရုံတင်မကပါဘူး ။ သူက အဲလိုမြည်နေရင် No bootable device found ပြပါတယ် ။ Harddisk ကိုဖြုတ် ဟိုစောင်း ဒီစောင်း မမြည်တော့အောင် ငြိမ်ငြိမ်လေးကိုင်ထားလိုက်ရင်တော့ window တက်လာပါတယ် ။ Harddisk က အလွန်အမင်းပူနေတာကိုလဲ တွေ့ရပါတယ် ။ သူ့ကိုဖြုတ်ပြီး လှုပ်ကြည့်ရင် အထဲမှာ တစ်စုံတစ်ခု ပြုတ်ထွက်နေသလိုမျိုး ကလောက် ကလောက် အသံကြားရပါတယ် ။
ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီး ထိရောက်တယ်လို့တော့ ပြောကြပါတယ်။ ဒါပေမယ့် ခု ကိုလမိုက် ကြုံနေရတဲ့ အခြေအနေက ကာကွယ်ခြင်း အခြေအနေကို ကျော်သွားတဲ့ ကုသခြင်း အခြေအနေကို ရောက်နေပြီ မို့လို့ ကျွန်တော်လည်း တစ်ခြားမိသားစုဝင်တွေ နည်းတူ တတ်စွမ်းသလောက် အကြံပြုကြည့်ပါဦးမယ်။ ပထမဆုံး သုံးသပ်မိတာကတော့ ခုလို Harddisk ကနေ clicking sounds တွေ ကြားနေရတယ်ဆိုတာ သိပ်ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး - ဖြစ်နိုင်ချေ ရှိတာကိုပြောရရင် အနှေးနဲ့ အမြန် hard drive fail ဖြစ်ချင်တော့မယ်ဆိုတာ ကျွန်တော်တို့ကို တစ်ဖက်လှည့်နဲ့ အသိပေးနေတာပါ။ ဒါပေမယ့် ဒါက ကံသေကံမ ဖြစ်ကို ဖြစ်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး - ကျွန်တော်ကြုံခဲ့ဖူးသလောက် အဲလို အသံ ကြားနေရပေမယ့် လနဲ့ ချီပြီး အသုံးခံနေသေးတဲ့ hard drive တွေလည်း ကျွန်တော် တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘယ်နေ့ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ ကျိန်းသေ တွက်ချက်ထားနိုင်တာမျိုး မဟုတ်လို့ ကျွန်တော့် အနေနဲ့ အကောင်းဆုံး အကြံပေးချင်တာက data backup လုပ်ထားဖို့ပါ။ Backup လုပ်ငန်းစဉ်နဲ့သိပ် မရင်းနှီးဘူး ဆိုရင်တော့ ကိုလမိုက်နဲ့ ရင်းနှီးသူ အသိတစ်ယောက်ယောက်ဆီက External Hard Drive တစ်ခုခုကို ခဏ ဌားပြီး ကိုယ့်အတွက် မဖြစ်မနေ အရေးကြီးတဲ့ Data တွေကို ပြောင်းပြီး သိမ်းထားလိုက်ပါ။ ကိုလမိုက်ရဲ့ အရေးကြီးတဲ့ Data တွေကို Backup လုပ်ဖို့ နဲ့ ပတ်သတ်ပြီး သူများဆီက Hard Drive ဌားမှပဲ အဆင်ပြေတော့မှာလားလို့ မေးစရာ ရှိပါတယ်။ မဟုတ်ပါဘူး - အရေးကြီးတဲ့ Data တွေကို ကြိုတင် Backup လုပ်ဆောင်ထားနိုင်ဖို့ လုပ်ဆောင်နိုင်တဲ့ နည်းတွေ အမြောက်အများရှိပါတယ်။ ကျွန်တော် ဖော်ပြခဲ့ပြီးတဲ့ အင်တာနက်အား အကျိုးရှိစွာ အသုံးချခြင်း ဆိုတဲ့ ခေါင်းစဉ် - လွယ်ကူလေ့လာ Backup နည်းပညာ နဲ့ Windows 7 တွင် Step by Step Backup ပြုလုပ်ခြင်း ဆိုတဲ့ ခေါင်းစဉ်လေးတွေကို လေ့လာကြည့်ရင် ကွဲပြားသွားတဲ့ Backup လုပ်ငန်းစဉ်တွေ အကြောင်းနဲ့ ဘယ်လို Backup Plan ထားရမလဲဆိုတာ ဆုံးဖြတ်နိုင်ဖို့ ကိုလမိုက် ကို အကူအညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။



နောက်တစ်ချက်က အခု ကိုလမိုက်ရဲ့ Hard disk က clicking sounds တြွေကားနေရပြီ - ဒါပေမယ့် clicking sounds ပေါ်တိုင်း ဘာပြဿနာပါလို့ ဒက်ထိကြီး ပြောလို့ မရပါဘူး - ကျွန်တော်တို့က ဒီ clicking sounds ကိုပဲ ဘာသံနဲ့ တူလဲ ဆိုတာ တစ်ခုချင်းစီ သီးသန့် ခွဲခြားနိုင်ဖို့ လိုပါသေးတယ်။ ဒီ hard drive ကနေ ပေါ်လာတဲ့ ဆူညံသံတွေ အကြောင်းကို ဘာက ဘာ ဆိုတာ ဘယ်လို ခွဲခြားမလဲ ??

ဟုတ်ကဲ့ - Data Cent ဆိုတာ ရှိပါတယ်။ သူက hard drive မှာ ဖြစ်တဲ့ ဆူညံသံတွေနဲ့ ပတ်သတ်ပြီး data recovery လုပ်နိုင်ဖို့ ဘာသံက ဘာဖြစ်တယ်ဆိုတာ အကောင်းဆုံး ခန့်မှန်းပေးနိုင်တဲ့ နေရာပါ။ သူ့မှာ Hard Drive Manufactures အသီးသီးကနေပြီး ထုတ်လုပ်လိုက်တဲ့ Hard Drive အသီးသီးရဲ့ ဘယ်အသံက ဘာဖြစ်တယ်ဆိုတာ စနစ်တကျ ပြုစုပေးထားတဲ့ အချက်အလက်တွေ ရှိပါတယ်။ အဲဒီ့မှာ လေ့လာကြည့်ပေးပါ။

နောက်ပြီး ဒီနေရာမှာ လည်း Hard Drive က ထွက်လာတဲ့ အသံတွေ ထဲက ဘယ်အသံက ဘာဖြစ်နေတယ်ဆိုတာ ယေဘုယျ အားဖြင့် သုံးသပ်ပေးတဲ့ Site တစ်ခု ရှိပါတယ်။ စစ်ဆေးနည်းကတော့ သူပြထားတဲ့ Buttons လေးတွေကို Mouse လေး ပွတ်ရွှေ့လိုက်ယုံပါပဲ - အဲလို လုပ်လိုက်ရင် buttons တစ်ခုချင်းဆီရဲ့ သက်ဆိုင်ရာ အသံတွေကို သူထုတ်ပြပြီး ဘာ့ကြောင့် ဖြစ်နိုင်ချေရှိတယ်ဆိုတာကိုပါ သူက ဖော်ပြပါလိမ့်မယ်။

စက်ထဲမှာ သိမ်းပြီး နားထောင်ချင်တယ် ဆိုရင်တော့ ဒီနေရာကနေ download ချပြီး သိမ်းထားနိုင်ပါတယ်။

ကျွန်တော် ဖိုရမ်မှာရှာဖြွေကည့်တုန်းက တွေ့တာတွေက check error တို့ Defg လုပ်တာတို့ အဲလိုညွှန်ကြားချက်တွေ ဖတ်ရပါတယ် ။ ကျွန်တော် အမြဲလုပ်ပါတယ် ။ TuneUp 2010 (ယခင်က 2008) သုံးခဲ့ပြီး အဲဒီမှာပါတဲ့ Defg Function , Dick Doctor Function , One Click , Reg error checking ပါသမျှ repair function တွေကို နေ့တိုင်းမလုပ်တောင် သုံးရက်တစ်ခါလောက်တော့ လုပ်ဖြစ်ခဲ့ပါတယ် ။
Hard Drive ကို ပုံမှန် Repair လုပ်ပေးနိုင်တာ ကောင်းပါတယ် ကိုလမိုက် - ဒါပေမယ့် Software စုံအောင် သုံးပြီး Repair မလုပ်ပါနဲ့ Hard disk ထိပါတယ်။ ပုံမှန် CCleaner - Defraggler - Tuneup ဒီလောက်ဆို လုံလောက်ပါတယ်။

ကျွန်တော် ရှာဖွေဖတ်ကြည့်သမျှထဲမှာ ဖွင့်ပြင်ခိုင်းတာတွေရော ရေခဲသေတ္တာထဲထည့်ဆိုတာတွေရော စုံနေတာပါပဲ ။
ကိုယ်ပိုင်ကြိုးပမ်းလို့ မရတော့တဲ့အဆုံး မိသားစုမှ ညီအကိုမောင်နှမ များကို အကူအညီတောင်းရတော့တာပါပဲ ။
Freezer ထဲ Hard Drive ထည့်တယ်ဆိုတာ ထည့်ချင်တိုင်း ထည့်လို့ မရပါဘူး - သူ့ Step by Step လုပ်ငန်းစဉ်တွေ ရှိပါတယ်။ ဆက်စပ်နေလို့ လုပ်ဆောင်ပုံ အဆင့်ဆင့်ကို တစ်လက်စထဲ အကြံပြုရရင်

1. Hard drive ကို computer ကနေ အရင်ဖြုတ်ရပါမယ်။
2. ပုံမှာပြထားတဲ့ အတိုင်း Hard drive ကို Zip နဲ့ ပိတ်လို့ ရတဲ့ freezer bag ထဲ ထည့်ရပါမယ်။ ( သတိထားဖို့က freezer bag ဝယ်တဲ့ အချိန်မှာ ဈေးပေါတဲ့ bag မျိုး မဝယ်ပါနဲ့ )
3. အဲ့ဒီ့ freezer bag နဲ့ တစ်ထပ် ထပ်ထားပြီးသား Hard drive ကိုပဲ နောက် freezer bag တစ်ခုထဲ ထပ်ထည့်ပြီး လုံခြုံအောင်ပိတ် ရပါမယ်။ နှစ်ထပ်ထည့်တဲ့ သဘောပါ။
4. အဲလို နှစ်ထပ်ထပ် ပိတ်ထားတဲ့ hard drive ကိုမှ အောက်ဖော်ပြပါ ပုံအတိုင်း freezer ရဲ့ အအေးဆုံး နေရာ တစ်ခုမှာ ထားထားလိုက်ပါ။


5. freezer ထဲမှာ ဘယ်လောက်ကြာကြာ ထားရမလဲ ဆိုရင် အနည်းဆုံး ၁၂ နာရီ ထားရပါမယ်။
6. အဲလို ထားပြီးလို့ Hard Drive က အရမ်းအေးသွားပြီ ဆိုတော့မှ freezer ထဲကနေ ပြန်ထုတ်ပြီး computer မှာ ပြန်တပ်ပါ။ Windows တက်လာပြီ ဆိုရင် ကိုယ့်အတွက် တန်ဖိုး အကြီးဆုံး Data တွေကို အမြန်ဆုံး စီစစ်ရွေးထုတ်ပြီး သိမ်းပါ။
7. တစ်ခါတစ်လေ လုပ်နေတုန်းမှာ hard drive က ထပ်ပြီး fail ဖြစ်နိုင်ပါသေးတယ်။ စိတ်မပျက်ပါနဲ့ နောက်ဆုံး ဘယ်ကောင်တွေကို Copy လုပ်ပြီး သွားပြီလဲ ဆိုတာ မှတ်ထားပြီး အပေါ်က အဆင့်တွေအတိုင်း ပြန်သွားပြီး freezer ထဲမှာ နောက်ထပ် ၁၂ နာရီ လောက် ထပ်ထည့်ထားလိုက်ပါ။
8. ဒါက Hard Disk နဲ့ ပတ်သတ်တဲ့ အရေးပေါ် ကယ်ဆယ်ရေး နည်းလမ်း ဖြစ်ပါတယ်။

တခြား Harddisk ထဲကို Data မကူးယူရသေးပါဘူး ။ အခက်အခဲတွေကြောင့်ပေါ့ ဗျာ ။ တကယ်လို့ မကူးယူခဲ့မိခင်များ ပျက်စီးသွားခဲ့ရင် Data ပြန်ယူလို့ရနိုင်ပါသေးလား ဗျာ ။
ပြန်လည်ပြုပြင်လျှင်ရော အကောင်းနီးပါ ပြန်ရနိုင်ပါသေးလားဗျာ ။ ကျွန်တော် အသစ်ဝယ်ဖို့များလိုအပ်တယ်ဆိုရင်လဲ မြန်မြန်လေးဝယ်ပြီး DATA ကူးရအောင် အပိုဆောင်းအကြံဉာဏ်လေး တောင်းရခြင်းဖြစ်ပါတယ် ဗျာ ။
မကူးယူခဲ့မိခင်များ ပျက်စီးသွားခဲ့ရင် Data ပြန်ယူလို့ရနိုင်ပါသေးလား ဆိုတာကတော့ ဘယ်အပိုင်းပျက်တယ် ဆိုတာပေါ် မူတည်ပြီး ပြန်ယူလို့ ရမရ ဆိုတာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ Recovery လုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီး ဘယ်လို ဝန်ဆောင်မှု ပေးတယ်ဆိုတာ ကျွန်တော် မပြောပြတတ်ပေမယ့် နိုင်ငံ တစ်ချို့မှာ တော့ ပျက်သွားတဲ့ Hard Drive ထဲက Data တွေကို ပြန်ယူဖို့ဆိုရင် ကိုယ့် Data အနည်း အများပေါ် မူတည်ပြီး ဈေးကွာခြားချက် ရှိပါတယ်။ ဒါတောင် ပိုက်ဆံပေးတိုင်း အားလုံး ပြန်ရဖို့ မသေချာပါဘူး - အကောင်းနီးပါ ပြန်ရနိုင် သလားဆိုတာကလည်း ဒီသဘောပါပဲ - တစ်ချို့ Service center တွေမှာတော့ ပျက်တဲ့ အစိတ်အပိုင်းကို လိုက်ပြီး တစ်ခုချင်းစီ အသစ်လဲလှယ်ပေးတဲ့ ဝန်ဆောင်မှုတွေ ရှိပါတယ်။ အကောင်းဆုံးကတော့ တတ်နိုင်မယ်ဆိုရင် Hard Disk အသစ်တစ်လုံးဟာ ဘယ်လောက်မှ ဈေးမများပါဘူး - အသစ်ဝယ်နိုင်မယ်ဆိုရင် အသစ်ဝယ်ပြီး လတ်တလော ဝယ်ဖို့ အခက်အခဲ ရှိနေရင် အရေးကြီး Data တွေကို တစ်ခြား Hard Drive တစ်ခုခုမှာ Copy ကူးယူထားဖို့ ဒါမှမဟုတ် Online Backup လုပ်ဆောင်ထားဖို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ပါတယ်။

အစစအရာရာ အဆင်ပြေပါစေ ကိုလမိုက်

KznT.

Microsoft Diagnostics and Recovery Toolset 2010


ဒီ Microsoft Diagnostics and Recovery Toolset 2010 ကတော့ အားလုံး ပြန်ပေါင်းစုပေးထားတာပါ။ MB နဲနဲ များပါတယ်။ အားလုံး ISO ဖိုင် အဖြစ်ပြောင်းထားပြီးသားပါ။


ISO ဖိုင် ပြောင်းထားတော့ ဘာဖြစ်လဲ - ဘယ်လို အသုံးဝင်လဲ ??
ISO file ပြောင်းထားပြီးသား ဆိုတော့ ကျွန်တော်တို့တွေ installation တွေ setup တွေ လုပ်ဆောင်ဖို့ မလိုတော့ပါဘူး - bootable CD အနေနဲ့ Burn ပြီး အဲ့ကနေ တန်းသုံးယုံပါပဲ။

Download ချပြီးရင် ရရှိမယ့် Microsoft Diagnostics and Recovery Toolset တွေကတော့ အောက်ဖော်ပြပါ အတိုင်းပဲ ဖြစ်ပါတယ်။

ERD50_x86_WinXP_SP3
ERD60_x64_WinVista_SP2
ERD60_x86_WinVista_SP2
ERD65_x64_Win7_RTM
ERD65_x86_Win7_RTM
Instructions




အသုံးလိုသူများ ဒီအောက်မှာ ယူနိုင်ပါပြီ -

Microsoft Diagnostics and Recovery Toolset 2010.part01.rar (95.4 MB)
http://www.multiupload.com/66LLG36HKT

Microsoft Diagnostics and Recovery Toolset 2010.part02.rar (95.4 MB)
http://www.multiupload.com/KRYVVSR0JN

Microsoft Diagnostics and Recovery Toolset 2010.part03.rar (95.4 MB)
http://www.multiupload.com/BFF65I4HVZ

Microsoft Diagnostics and Recovery Toolset 2010.part04.rar (95.4 MB)
http://www.multiupload.com/PN6SRTA2XS

Microsoft Diagnostics and Recovery Toolset 2010.part05.rar (95.4 MB)
http://www.multiupload.com/3XOBQIBVHN

Microsoft Diagnostics and Recovery Toolset 2010.part06.rar (95.4 MB)
http://www.multiupload.com/WLFDSL8M9D

Microsoft Diagnostics and Recovery Toolset 2010.part07.rar (95.4 MB)
http://www.multiupload.com/B2MJ1X4HFP

Microsoft Diagnostics and Recovery Toolset 2010.part08.rar (95.4 MB)
http://www.multiupload.com/K0Y43VC5MP

Microsoft Diagnostics and Recovery Toolset 2010.part09.rar (95.4 MB)
http://www.multiupload.com/9PNVNOYKXV

Microsoft Diagnostics and Recovery Toolset 2010.part10.rar (65.8 MB)
http://www.multiupload.com/KJYVM3GSRJ
KznT.

Windows Vista Step By Step Installation Guide

Windows Vista Installation က မခက်ပါဘူး .. တော်တော်များများလည်း ရေးဖူးကြတယ် .. ဒါပေမယ့် ဒီအကြောင်းကိုပဲ အိမ်ပြန်ရင် ကိုယ့်ကလေးတွေ ကိုယ်ပြောပြနိုင်ဖို့ အမှတ်တရ ရေးလိုက်တယ်။


အဆင့် ( ၁ )



ကိုယ့်ရဲ့ System ကို CD ကနေ Boot လုပ်ဖို့ ပြင်ဆင်ပြီးသွားတဲ့ နောက်မှာ Restart ပြန်အတက် Installation ခွေ ထည့်အပြီး  မြင်ရမယ့် Screen က ဒီလို။ ဒီအဆင့်က installation ဆက်လက်လုပ်ဆောင် နိုင်ဖို့ အတွက် လိုအပ်တဲ့ Driver files တွေကို Loading လုပ်ဆောင်နေတဲ့ အဆင့်။
အဆင့် ( ၂ )
Windows Vista installation progress ဟာ နောက်ကွယ်မှာ ဆက်လက် လုပ်ဆောင်နေကြောင်း ဖော်ပြနေတဲ့ Screen။ ဘာမှ လုပ်ဆောင်ဖို့ မလို စောင့်ကြည့်နေယုံပဲ။
အဆင့် ( ၃ ) 
ဒီအဆင့်မှာ ကိုယ့်စက်မှာ အသုံးပြုမယ့် Language , Time နဲ့ Currency format အပါအဝင် ကီးဘုတ် အမျိုးအစားကိုပါ ရွေးချယ်ပေးရမယ်။ ပြီးရင် Next ..

အဆင့် ( ၄ )


အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ဒီအဆင့်မှာ Install Now .. ဒီ installation ဟာ Clean installation မို့လို့ ပုံမှန်အားဖြင့် အောက်မှာတွဲပါနေတဲ့ Repair your computer တို့ ဘာတို့ကို ထည့်သွင်း စဉ်းစားဖို့ မလိုဘူး .. အဲကောင်တွေက နဂိုရှိပြီးသား Windows Vista error တစ်ခုခု တက်ပြီး ပြန်ပြင်ချင်ရင် သုံးတာ .. လောလောဆယ်တော့ Install now ကိုပဲ ..

အဆင့် ( ၅ )


Install Now ကို နှိပ်လိုက်ပြီးနောက်မှာ Setup စတင်လုပ်ဆောင်ပါပြီ ဆိုတဲ့ အကြောင်း ပြတဲ့ Screen တက်လာတယ် .. မိမိစက်ရဲ့ စွမ်းဆောင်ရည်ကို လိုက်ပြီး ဒီနေရာမှာ အချိန်အနဲနဲ့ အများကြာနိုင်မယ် ..

အဆင့် ( ၆ )


တကယ်လို့ ကိုယ်ဟာ တကယ့် Genuine Windows Vista DVD ဝယ်ခဲ့တယ် ဆိုရင် ဒီနေရာမှာ အဲ့ DVD နဲ့ တူတူ ပါလာတဲ့ Product key ကို ထည့်ပေးရမယ်။ တကယ်လို့ ကိုယ်သုံးတဲ့ DVD က မူရင်းခွေ မဟုတ်ဘူး ဆိုရင် Automatically activate Windows when I'm online. ဆိုတာကို ကလစ်ပေးပြီး ဝင်းဒိုးတက်လာမှ Windows Genuine Crack တစ်ခုနဲ့ Genuine ဖြစ်သွားအောင်လုပ်လို့ ရသလို တကယ်လို့ ကိုယ့် အခွေက ပြင်ဆင်ထားတဲ့ Activated လုပ်ပြီးသား အခွေ ဆိုရင်လည်း ဒီနေရာမှာ Automatically activate Windows when I'm online. ကိုပဲ ဘေးက Check box မှာ အမှတ်ပေးပြီး ရှေ့ဆက်သွားလို့ ရတယ်။ အခွေတွေတိုင်းလည်း အဲလိုမျိုး လုပ်နေရတာ မဟုတ်ဘူး .. တစ်ချို့အခွေတွေ မှာ ဒီအဆင့်ကို မေးကို မမေးဘူး .. ဝင်းဒိုး ပြင်ရေးတဲ့ သူတွေ ကိုယ်တိုင်က တစ်ခါတည်း Activate လုပ်ပြီး ဒီအဆင့်ကို မျက်စိမရှုပ် အလုပ်မရှုပ်အောင် ဖျောက်ပေးထားတယ် .. ကောင်းတာပေါ့ .. လောလောဆယ်တော့ Next ..

အဆင့် ( ရ )


ဒီအဆင့်မှာကတော့ သူတို့ ဖော်ပြထားတဲ့ License Agreement ကို အသုံးပြုက နားလည်သဘောပေါက်ပြီး သဘောတူ လက်ခံပြီးကြောင်း အတည်ပြုစေတဲ့ နေရာ .. ဒီနေရာမှာ I accept the license terms ကို Select လုပ်ပြီးမှာ ရှေ့ဆက် လုပ်ဆောင်လို့ ရမယ်။

အဆင့် ( ၈ )


ဒီအဆင့်မှာ ကိုယ်လုပ်မယ့် Setup က Upgrade installation လား Custom installation ဆိုတာ ရွေးပေးရမယ် .. Upgrade installation ဆိုတာ အလွယ်ပြောရရင် နဂိုရှိပြီး Windows ( ဥပမာ - XP ) ကနေ နောက်သူ့ထက်မြင့်တဲ့ Versions ( ဥပမာ - Windows Vista ) တစ်ခုဆီ မြှင့်တာကို ခေါ်ပြီး .. Custom ဆိုတာကတော့ နဂိုရှိပြီးသား ဝင်းဒိုးရှိနေမယ် ဆိုရင်တောင် ဒီ ဝင်းဒိုးအသစ်နဲ့ အစကနေ အဆုံး အသစ်တစ်ခုအနေနဲ့ အစားထိုးစေတာကို ခေါ်တယ် .. Custom installation ကို Clean installation လုပ်ဆောင်မှု အနေနဲ့ သုံးတယ်။

အဆင့် ( ၉ )


ဒီပုံမှာတော့ Unallocated space ဆိုပြီး 64GB ရှိတဲ့ Disk တစ်ခုပဲ ရှိလို့ Windows Setup ကို ဒီမှာပဲ တင်ရမယ် .. တကယ်လို့ ပါတေးရှင်း ၂ ခုရှိနေရင်တော့ ကြိုက်ရာ တစ်ခုမှာ ရွေးတင်နိုင်တယ် ..ဒီ နေရာမှာပဲ ACPI/RAID/SATA controller တွေအတွက် လိုအပ်မယ့် Drivers တွေကို Load Driver Option ကနေ တစ်ဆင့် install လုပ်လို့ ရတယ် .. တစ်ခြားဖြည့်သွင်းရမယ့် Drivers မရှိခဲ့ရင် Next ကိုနှိပ်။

အဆင့် ( ၁၀ )

 

 ဒီ advanced options ပေါ်လာခဲ့ပြီ ဆိုရင် ဒီနေရာကနေ ပါတေးရှင်း တစ်ခုတည်း ရှိတာကို ၂ ခု ( သို့တည်းမဟုတ် ) ၃ ခု အစရှိသဖြင့် ခွဲတာတွေ .. နဂိုရှိနေပြီးသား ပါတေးရှင်း အဟောင်းကို Format ချတာတွေ လုပ်ဆောင်နိုင်မယ်။ ရည်ရွယ်ထားတဲ့ ပါတေးရှင်းမှာ လုပ်ဆောင်ချင်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်သွားပြီရင်တော့ Next ကို နှိပ်။

အဆင့် ( ၁၁ )

ဒီအဆင့်ကတော့ Windows Vista installation ရဲ့ အဓိကအပိုင်းဖြစ်တဲ့ major components တွေ install လုပ်တဲ့ အပိုင်း .. ဒီ Process က စက်ရဲ့ စွမ်းဆောင်ရည်ပေါ်လိုက်ပြီး ၁၀ မိနစ်ကနေ မိနစ် ၆၀ ပတ်ဝန်းကျင် ကြာမြင့်နိုင်တယ်။

အဆင့် ( ၁၂ )

အထက်က အဆင့်မှာဖော်ပြခဲ့တဲ့ လုပ်ဆောင်မှုတွေ တစ်ဆင့်ချင်း ( အောက်ဆုံး Completing installation  အဆင့်မပါ ) အဆင့်အားလုံး ၁၀၀ % လုပ်ဆောင်ပြီးရင် ဒီ အဆင့်မှာ ကွန်ပြူတာ Reboot ကျသွားမယ်။ စောင့်ရတာ စိတ်မရှည်လို့ ချက်ချင်း ကျစေချင်ရင် Restart Now ကို နှိပ်လို့လည်း ရတယ်။
အဆင့် ( ၁၃ )
ပထမဆုံး အကြိမ် Windows ရဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်နေပြီ .. 

အဆင့် ( ၁၄ )
အဆင့် ( ၁၁ ) မှာ မပြီးဆုံးသေးပဲ ကျန်နေခဲ့တဲ့ နောက်ဆုံးအဆင့် Completing installation အဆင့်ကို ဒီအဆင့်မှာ သူ့ဘာသာသူ ဆက်လုပ်တယ်။

အဆင့် ( ၁၅ )
System အတွက် ပထမဆုံး User Account ကို  Create လုပ်ပေးရမယ် .. Login Screen မှာ ဖော်ပြမယ့် Icon ကိုလည်း စိတ်ကြိုက်ရွေးပေးရမယ် .. create လုပ်ခဲ့တဲ့ အကောင့် အတွက် password ကို ပေးရမယ်။ သေချာစေချင်လို့ ၂ ခါပေးခိုင်းတယ်။ ပြီးတော့ တကယ်လို့ ကိုယ့် password ကို မေ့သွားခဲ့မယ် ဆိုရင် ရုတ်တရက် အစပြန်ခေါ်လို့ ရအောင် password hint ကိုပါ ပေးပေးရမယ်။ ( ဥပမာ - password ကို အဖေ့နာမည် ပေးထားမယ်ဆိုရင် hint မှာ my father name ) ဆိုတာမျိုး။

အဆင့် ( ၁၆ )
Network နဲ့ ချိတ်ဆက် အသုံးပြုတဲ့ အခါ Network ထဲမှာ ကိုယ့်ကွန်ပြူနဲ့ တစ်ခြားကွန်ပြူတာတွေ မြင်သာထင်ရှားစေဖို့နဲ့ တစ်ခြားလိုအပ်တဲ့ File Sharing ဆိုင်ရာ လုပ်ငန်းဆောင်တာတွေ အလွယ်တကူ လုပ်ဆောင်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီနေရာမှာ ကိုယ့် ကွန်ပြူတာကို Network အတွက် Name သီးသန့် ပေးရတယ် .. ကြိုက်ရာ ပေးလို့ ရတယ် ဒါပေမယ့် ကွန်ပြူတာက Account Name နဲ့ တော့ မတူရဘူး ..

အဆင့် ( ၁ရ )

ကွန်ပြူတာတစ်ခုလုံးအတွက် Problems အနည်းဆုံးနဲ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် အပြည့်ရဖို့ ၊ Windows တစ်ခုလုံး အစဉ်သဖြင့် Update ဖြစ်နေစေဖို့ အကောင်းဆုံးက ဒီနေရာမှာ Use Recommended Settings ကို သုံးတာ အကောင်းဆုံးပါပဲ .. မလိုချင်လည်း ပိတ်ထားလို့ ရပြီး ဒီ Options အချိန်းအပြောင်းက နောက်မှ Ctrl panel ကနေ ပြန်လုပ်ယူလည်း ရတယ်။
အဆင့် ( ၁၈ ) 
 ကွန်ပြူတာအတွက် လိုအပ်တဲ့ Time and Date Settings ကို ဒီနေရာမှာ ချိန်ညိှပေးရတယ်။
အဆင့် ( ၁၉ ) 
ကိုယ့် ကွန်ပြူတာဟာ ဘယ်လို network မျိုးမှာ ရှိတယ်ဆိုတာ ရွေးချယ်ပေးရမယ်။ အများအားဖြင့်တော့ အိမ်သုံး ကွန်ပြူတာတွေ အတွက် Home ကိုရွေးချယ်ကြပြီး .. အလုပ်မှာ ရှိတဲ့ network မှာ သုံးမယ့် ကွန်ပြူတာတွေ အတွက် Work .. ဒါမှမဟုတ် Network မှာ ရှိတဲ့ ဘယ်ကွန်ပြူတာကိုမှ မသိဘူး ဥပမာ Airports မှာလိုမျိုး Coffee shops မှာလိုမျိုး သုံးတဲ့ ကွန်ပြူတာ ၊ နောက်ပြီး အဲ့ကွန်ပြူတာက အင်တာနက်နဲ့လည်း တိုက်ရိုက် ချိတ်ဆက်ထားမယ် ဆိုရင် ဒါကို Public Location .. စသဖြင့် ရွေးချယ်ပေးရမယ်။
အဆင့် ( ၂၀ )
ကျေးဇူးတင်ကြောင်း ဘီလ်ဂိတ်က ပြောပါပြီ .. Next ပါ။
အဆင့် ( ၂၁ )


ဒါကတော့ နောက်ဆုံးတကာ့ နောက်ဆုံးအဆင့် system performance စစ်ဆေးတဲ့ အဆင့်။ သူက နဲနဲ ကြာတတ်ပါတယ် .. စက်အရည်အသွေးပေါ် မူတည်ပြီးတော့ပေါ့။
အဆင့် ( ၂၂ ) 
Account လည်း ရှိပြီးသား Password လည်း သိတယ် .. ဘာလိုသေးလဲ .. ဝင်လိုက်ယုံပေါ့။

အဆင့် ( ၂၃ )
personal desktop configuration အတွက် အားလုံး အသင့်ဖြစ်စေဖို့ Desktop ကို ပြင်ဆင်နေပါပြီ။ ပြီးပါတော့မယ် ..
အဆင့် ( ၂၄ )
Internet Explorer, Windows Media Player နဲ့ အချို့ အချို့သော Windows applications တွေအတွက် configurations လုပ်နေပါပြီ .. ရောက်လုနီးပါပြီ။

အဆင့် ( ၂၅ )
ဒါ Windows Vista ပါပဲ .. အားလုံးပြီးခဲ့ပါပြီ။ လိုအပ်တာလေးတွေ ပြင်ဆင်ရမှာလေးတွေ တော့ ရှိသေးတယ် .. ဒါပေမယ့် ဒီ ၂၅ ဆင့်ကတော့ ဝင်းဒိုးအကြမ်းထည် ပုံဖော်ခြင်းပဲ .. သူ့ နောက်မှာ လိုအပ်မယ့် drivers တင်တာတွေ .. softwares တင်တာတွေ ရှိသေးတယ် .. ခေါင်းစဉ်က Windows Installation မို့လို့ ဒီလောက်ဆို လုံလောက်ပါပြီ။

Related Posts