Wireless LAN Architecture and Wireless adapter configuration in Windows Vista

Leave a Comment
မပန်းနုရေ -

DNS sever က
203.81.162.22 နဲ့သုံးပေမယ့် အင်တာနက်သုံးမရဖြစ်နေတာပါ..

ဆိုရင် OpenDNS ကနေ free ပေးထားတဲ့ အောက်ဖော်ပြပါ DNS servers တွေကို ပြောင်းသုံးကြည်ပေးပါ။

208.67.222.222
208.67.220.220

အဲ့တာနဲ့မှ အဆင်မပြေဘူး ဆိုရင်တော့ ကျွန်တော် ဒီအောက်မှာ ဖော်ပြသွားမယ့် wireless network setup tutorial လေးကို ဖတ်ပြီး တစ်ချက် စမ်းကြည့်ပါ။

အရင်ဆုံး ကျွန်တော် ကြိုပြီး တောင်းပန်ထားချင်တာကတော့ Network ပြဿနာကို အင်တာနက်ပေါ်ကနေ ဖြေရှင်းပေးဖို့ဆိုတာ တော်တော်လေး မလွယ်ပါဘူး - ဘာကြောင့်လဲ ဆိုတော့ Network ဆိုတဲ့ သဘောတရားက တော်တော် ကျယ်ပြန့်လို့ပါ - ကျွန်တော်တို့တွေ ကွန်ပြူတာတစ်လုံး Software တင်လို့ မရတာ - Hardware ကြောင်တာ မျိုးတွေက ကွန်ပြူတာ တစ်လုံးချင်းနဲ့ပဲ သီးသန့်ဆိုင်တာ မို့လို့ ဖြစ်နိုင်ချေရှိတဲ့ ပြဿနာကို မျက်မြင် မဟုတ်လည်း အလွယ်တကူ ဖြေရှင်းပေးနိုင်ပါတယ် - မဖြေရှင်းနိုင်ရင်တောင် ဖြစ်နိုင်ချေ ရှိတဲ့ ပြဿနာကို အနီးစပ်ဆုံး ခန့်မှန်းပေးနိုင်ပါတယ် -



ခု မပန်းနု ဖြစ်တဲ့ ပြဿနာက Network နဲ့ ဆိုင်တဲ့ ပြဿနာ ဖြစ်နေတဲ့ အတွက် ကွန်ပြူတာ တစ်လုံးတည်းပေါ် မူတည်ပြီး ကျွန်တော်က စဉ်းစားပေးလို့ မရပါဘူး - ကျွန်တော့် စဉ်းစား ပေးစရာ တစ်ခြား အကြောင်းအရာတွေ ပိုပါလာပါတယ် - ဥပမာ ပြောရရင် မပန်းနုက Wireless Network သုံးမယ် - ဟုတ်ပြီ Wireless Network မှာမှ မပန်းနုက ဘယ်လို Network အမျိုးအစားကို သုံးသလဲ ဆိုတဲ့ Wireless LAN Architecture ကို သိဖို့လိုလာပါတယ် - ဥပမာ ဆိုရရင် - မပန်းနုက Wireless Access Point တို့ Wireless Router တို့ မသုံးပဲ  ကွန်ပြူတာချင်း တိုက်ရိုက်ဆက်သွယ်လုပ်ဆောင်တဲ့ Ad-Hoc Network ကို သုံးသလား ( သူ့ပုံက ဒီလိုပုံမျိုးပါ )

adhocwirelessnetwork896.jpg


ဒါမှမဟုတ် အပေါ်မှာ ပြထားသလို ကွန်ပြူတာ အချင်းချင်း တိုက်ရိုက်ဆက်သွယ်တာမျိုး မဟုတ်ပဲ Wireless Router တို့ Wireless Access Pont ( WAP ) တို့ ခံပြီး ကွန်ပြူတာ တစ်ခုနဲ့တစ်ခု အသုံးပြု ဆက်သွယ်တဲ့ Infrastructure Mode ကို သုံးသလား ( သူ့ပုံက ဒီလိုပုံမျိုးပါ )

wirelessrouternetwork95.jpg

ဒီ Infrastructure Mode မှာမှ မပန်းနု နေတဲ့ နေရာက wired Ethernet network လည်း ရှိနေတယ် - network router လည်း ရှိနေတယ် ဆိုရင် wireless access point ထပ်တပ်ပြီး အောက်ဖော်ပြပါ အတိုင်း wireless access ရဖို့ လုပ်ဆောင်တဲ့ နည်းနဲ့ သုံးနေသလား။ ဒီအောက်က ဖော်ပြပါ ပုံကလည်း Infrastructure Mode ပါပဲ။ သူကတော့ နဲနဲလေး ပိုရှုပ်ထွေးပါတယ် -

wirelessapnetwork949891.jpg

ဒီအကြောင်းတွေက မပန်းနု နားလည်ပြီးသား လည်း ဖြစ်နိုင်ပါတယ် - တစ်ယောက်နဲ့ တစ်ယောက်က နားလည်မှု အဆင့်ချင်း မတူညီကြလို့ ကျွန်တော် ပြည့်စုံအောင် ပြန်ဖော်ပြတာပါ - အဲတော့ အထက်မှာ ဖော်ပြထားတဲ့ ပုံတွေ အရ ကျွန်တော်တို့တွေ Wireless Network တစ်ခု တည်ဆောက်တော့မယ် ဆိုရင် ဘာတွေ လိုလဲ ဆိုတာကို ဆက်ပါ့မယ်။ ဒီအကြောင်းကို ဘာလို့ ပြောရလည်း ဆိုတော့ ကျွန်တော်တို့က တော်ကြာ Configuration မှာ ပြဿနာ တက်တယ်ထင်ပြီး လိုက်ပြင်နေ - တကယ်တမ်း ဖြစ်တာက Configuration မှာ ပြဿနာ တက်တာမျိုး မဟုတ်ပဲ wireless devices လိုတာမျိုးတွေ ဖြစ်နေမှာ စိုးလို့ပါ - ဒါ့ကြောင့် အခြေကနေ ပြန်စလိုက်တာပါ - အဲတော့ ကျွန်တော်တို့ wireless network တစ်ခု တည်ဆောက်တော့မယ် ဆိုရင် အရေးအကြီးဆုံး လိုအပ်တာက Wireless router ဒါမှမဟုတ် wireless access point ဆိုတဲ့ device တွေလိုပါတယ် - သူတို့တွေက ဒီလိုပုံပါ -

wirelessrouterap2783255.jpg

တကယ်လို့ မပန်းနုက Wireless Network ကို Desktop Computer နဲ့ သုံးမယ်ဆိုရင် အောက်ဖော်ပြပါ wireless adapter ကို ကိုယ့် Desktop ရဲ့ motherboard မှာ တပ်ဆင် installed လုပ်ဆောင်ထားပြီး သား ဖြစ်နေဖို့လည်း လိုပါတယ်။ သူ့ပုံက ကျွန်တော်တို့ သုံးနေကျ PCI card တွေလိုပါပဲ - ထူးသွားတာ ဆိုလို့ antenna ပါလာတာပဲ ရှိပါတယ်။

wirelesscard2969526.jpg

အဲလိုမှ မဟုတ်ပဲ မပန်းနုက notebook သုံးတာ ဆိုရင်တော့ နောက်တစ်မျိုး ပြောင်းသွားပါမယ်။ တကယ်လို့ မပန်းနု notebook မှာ Centrino wireless technology ပါပြီးသား ဆိုရင် wireless network သုံးဖို့ အသင့်ပါပဲ - တစ်ခြားဘာမှ ပြင်ဆင်ဖို့ မလိုပါဘူး - အဲလိုမှ မဟုတ်ပဲ မပန်းနု သုံးတဲ့ notebook က non-wireless ready notebook ဖြစ်နေမယ် ဆိုရင်တော့ wireless network သုံးလို့ ရဖို့ wireless PCMCIA card ကို installed လုပ်ဆောင်ထားဖို့ လိုပါတယ်။ wireless PCMCIA card ပုံစံက အောက်ဖော်ပြပါ ပုံစံမျိုးပါ။


wirelesspcmcia3273660.jpg

အဲလိုမှ မဟုတ်ပဲ မပန်းနုက Desktop ပဲသုံးသုံး notebook ပဲသုံးသုံး wireless adapter ကို တစ်ခြား ကွန်ပြူတာတွေနဲ့ Share လုပ်ပြီး သုံးချင်တယ် ဆိုရင်တော့ USB wireless adapter ကို သုံးလည်း ရပါတယ်။ သူက ပိုပြီးလည်း သုံးရလွယ်ပါတယ်။ Wireless access ရဖို့ USB wireless adapter ကို ကိုယ့် ကွန်ပြူတာမှာ ဖြုတ်/တပ် လုပ်ပြီး သုံးလို့ ရပါတယ်။ အရွယ်အစားကလည်း တော်တော်သေးပြီး ပုံစံက USB thumb drive ပုံစံမျိုးပါ။

usbwirelesscard3555270.jpg

ဒါက ကျွန်တော် အကျဉ်းချုံး ပြောပြတာပါ - တစ်ခြား wireless products တွေလည်းဈေးကွက်ထဲမှာ တော်တော်များများ ရှိပါတယ်။ မပန်းနုက ဘယ်လို Wireless Network အမျိုးအစားသုံးမှာလည်း ဆိုတာပေါ် မူတည်ပြီး အပေါ်မှာ ပြထားတဲ့ Devices တွေ မပန်းနု အားလုံး တပ်ဆင် installed လုပ်ဆောင်ထားပြီး သား ဖြစ်နေဖို့လိုပါတယ်။ ဒါတွေ အားလုံး စုံမှ အားလုံးလည်း အလုပ်လုပ်မှ ကျွန်တော်တို့ Configuration ပိုင်းကို ဆက်သွားလို့ ရမှာပါ - လောလောဆယ်တော့ မပန်းနု ဆီမှာ မပန်းနု သုံးမယ့် Wireless Network အမျိုးအစား အတွက် လိုအပ်တဲ့ ပစ္စည်းတွေ အားလုံး စုံပြီလို့ ကျွန်တော် မှတ်ယူလိုက်ပါ့မယ် - ဒီတော့ ကျွန်တော်တို့ စုံတာတော့ ဟုတ်ပြီ - အားလုံး installed လည်း လုပ်ဆောင်ထားပြီးပြီ - အဲလိုဆို တကယ်ရော အလုပ်လုပ်ရဲ့လား ဆိုတာ စစ်သင့်ပါတယ်။ စစ်နည်းကတော့ အောက်ဖော်ပြပါ အတိုင်း Device Manager ကို ခေါ်ပြီး

networkadaptersproperti.jpg

ကိုယ့် Device က တကယ် အလုပ်,လုပ်မလုပ် စစ်ရပါမယ်။

networkadapterdriversta.jpg

တကယ်လို့ ဖော်ပြပါ အတိုင်း မတွေ့ရပဲ wireless adapter က အလုပ်မလုပ်ဘူး ဆိုရင် latest wireless adapter driver ကို manufacturer website ကနေ ရယူပြီး install လုပ်ဆောင်ဖို့ လိုပါမယ်။ ခု ကျွန်တော်တို့ အားလုံး အဆင်သင့် ဖြစ်သွားပြီ ဆိုကြပါစို့ - အဲ့နောက်မှာ နောက်ထပ် Options ( 2 ) ခု ထပ်ထွက်လာပါတယ် - အဲတာက ( ၁ ) မပန်းနုသုံးချင်တဲ့ Wireless Network ဆိုတာ ရှိနေပြီးသား wireless network ထဲကိုမှ ကိုယ်က Wireless access ရဖို့ ကိုယ့်ကွန်ပြူတာ ( Desktop or laptop ) ဝင်ချိတ်မှာလား - ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် Wireless Network အသစ်တစ်ခုကို အစကနေ အဆုံး Configuration လုပ်မှာလား ဆိုတာ ဖြစ်ပါတယ်။ Options နံပါတ် ( ၁ ) က လုပ်ဆောင်ရတာ လွယ်ပေမယ့် Options နံပါတ် ( ၂ ) က ကျတော့ wireless router configuration လုပ်ရမှာတွေ - တစ်ခြား Cable ချိတ်ဆက်မှုတွေပါ ပါလာမှာ မို့လို့ ဒီနေရာကနေ အပြည့်အစုံ ပြောပြဖို့ မလွယ်ပါဘူး - ဒါ့ကြောင့် ကျွန်တော် ဒီ Options နှစ်ခုမှာမှ မပန်းနုက Options နံပါတ် ( ၂ ) ဖြစ်တဲ့ ရှိနေပြီးသား Wireless Network တစ်ခုထဲကို ဝင်မယ့် ကွန်ပြူတာ တစ်လုံးကို Configuration လုပ်နေတဲ့ သူ တစ်ယောက် အဖြစ် မှတ်ယူပြီး ဆက်ပြောသွားပါ့မယ်။

အဲတော့ ကျွန်တော်တို့ wireless adapter configuration ကို Windows Vista မှာ Manually ဘယ်လို လုပ်ဆောင်သွားမယ် ဆိုတာ အဆင့်တစ်ဆင့်စီ ကျွန်တော် ဖော်ပြသွားပါ့မယ်။

( ၁ ) အရင်ဦးဆုံး Windows button ကနေပြီး Connect To button ကိုသွားပါ။

vista14445065.jpg

( ၂ ) အဲဒီကနေ ဖော်ပြပါအတိုင်း Active ဖြစ်တဲ့ Wireless Connection တစ်ခုခုကို မြင်ရပြီ ခု ဥပမာ ပေးမယ့် ပုံမှာတော့ home-network ဆိုတာကို ကျွန်တော်တို့ မြင်နေရပါတယ်။

connecttowirelessnetwor.jpg

ဒါ့ကြောင့် သူ့ကို Right click ထောက်ပြီး Properties  ကို ဆက်သွားပါ။ ကျွန်တော်တို့ အဲဒီကနေ အဲ့ဒီ့ Network အတွက် connection setting ကို အောက်ဖော်ပြပါအတိုင်း configuration ဆက်လုပ်ပေးသွားရပါမယ်။

vistawirelessnetworkpro.jpg



detailedwirelessnetwork.jpg


( ၃ ) တကယ်လို့ အဆင့် ( ၂ ) မှာ ဖော်ပြထားတဲ့ အတိုင်း Active ဖြစ်တဲ့ Wireless Connection တစ်ခုခုကို မမြင်ရဘူး ဆိုရင် ကျွန်တော်တို့တွေ Set up a connection or network လုပ်ရပါမယ်။ အဆင့် ( ၂ ) ရဲ့အောက်မှာ ဖော်ပြထားတဲ့ ပထမဆုံးပုံရဲ့ အောက်နားက Set up a connection or network  ကို click ပေးပြီး အောက်ဖော်ပြပါအတိုင်း  Manually connect to a wireless network option ကို click ပေးပြီး Next ကို ဆက်သွားပါမယ်။

manuallyconnecttowirele.jpg

( ၄ ) ဒီနေရာမှာ ကျွန်တော်တို့ ထည့်ပေးရမှာ တွေ ရှိပါတယ်။ အဲတာတွေက ကိုယ် Connect လုပ်ချင်တဲ့ wireless network information တွေ ဖြစ်တဲ့ (network name/SSID, security type, encryption type, security key) တွေ ထည့်သွင်းပေးရပါမယ်။ network name ဆိုတာ တစ်ချို့နေရာတွေမှာ router name ကို ပြောတာပါ။ Supported security type အမျိုးအစားတွေကတော့ No authentication (Open), WEP, WPA2-Personal, WPA-Personal, WPA2-Enterprise, WPA-Enterprise နဲ့ 802.1x ဆိုတာတွေ ဖြစ်ပြီး Supported encryption type တွေကတော့ TKIP နဲ့ AES ပါ - အဲတာတွေ ဖြည့်သွင်းပါ။ နောက်ပြီးရင် Security key ထည့်ပေးပြီး Start this connection automatically option နေရာမှာ Check ပေးထားလိုက်ပါ။ ပြီးသွားရင် Next ကို click ပေးရပါမယ်။ 


screen35530123.jpg

( ၅ ) နောက်ဆုံး window မှာတော့ အောက်ဖော်ပြပါအတိုင်း ကိုယ်ဖန်တီးထားတဲ့ Wireless Network ကို  connect to လုပ်မှာလား ဒါမှမဟုတ် တစ်ခြား Connection settings တစ်ခုကို change မှာလားဆိုတဲ့  change connection settings ကိုတွေ့ပါလိမ့်မယ်။ အဲကနေ ကိုယ်လုပ်စရာ ရှိတာ ဆက်လုပ်သွားယုံပါပဲ။

successfullyaddedwirele.jpg


( ၆ ) Connect လုပ်ပြီး သွားပြီ ဆိုရင်တော့ Internet ထဲက website တစ်ခုခုကို access လုပ်ကြည့်ပါ။ Access လုပ်လို့ ရပြီ ဆိုရင် Wireless Connection ရပါပြီ - 

ခု ဖော်ပြခဲ့တဲ့ ဖော်ပြချက်တွေက ကျွန်တော် ကြိုးစား ဖော်ပြလိုက်ပေမယ့် အဆင်ပြေမယ် မပြေဘူး ဆိုတာ ကျွန်တော်လည်း ကျိန်းသေ မပြောနိုင်ပါဘူး - ကျွန်တော်လည်း နိုင်သလောက် အဆင်ပြေနိုင်အောင် ကြိုးစားပေးလိုက်တာပါ - ဟိုး အပေါ်မှာ ဖော်ပြခဲ့ပြီး သလို Network Problem ဆိုတာ အဖြေရှာရင် အရမ်းကျယ်ပြန့်တာက တစ်ကြောင်း ကျွန်တော်က မျက်မြင် ဖြေရှင်းပေးနေရတာ မဟုတ်တဲ့ အတွက်က တစ်ကြောင်းမို့လို့ ကျွန်တော် ကူညီရတာ သူများတကာလို မျက်မြင် အဖြေရှာရတာထက် ( ၂ ) ဆပိုပင်ပန်းပါတယ်။ 

ဒါတောင် တော်တော် အကျဉ်းချုံး ဖော်ပြလိုက်တာပါ - ခု အထက်မှာ ဖော်ပြထားတဲ့ ဖော်ပြချက်က wireless adapter configuration ကို Windows Vista မှာ Manually ဘယ်လို လုပ်ဆောင်သွားမယ် ဆိုတာလေးပဲ ရှိပါသေးတယ်။ အဲ့နည်းနဲ့ အဆင်မပြေရင် နောက်ထပ် ad hoc wireless network ကို Windows Vista မှာ ဘယ်လို Configuration လုပ်ဆောင်မလဲ ဆိုတာ ရှိပါသေးတယ်။ ဒါ့ကြောင့် အရမ်းကျယ်ပြန့်တယ် လို့ ကျွန်တော် ပြောခဲ့တာပါ - ကျွန်တော်က မျက်မြင် လုပ်ဆောင်နေရတာ မဟုတ်တော့ ဒါဖြစ်နိုင်မလား ဒါဖြစ်နိုင်မလား ဆိုပြီး အဘက်ဘက်က ဘက်ပေါင်းစုံ စဉ်းစားနေရတာရယ်  တော်ယုံ ကိုယ့်ရှေ့မှာ စက်ရှိနေရင် အလွယ်တကူ ရှာဖွေလို့ ရတဲ့ သိကိန်း တွေက ကိုယ့်ရှေ့မှာ စက်မရှိတော့ မသိကိန်း ဖြစ်သွားတာရယ်တွေကြောင့် ပိုပြီး လုပ်ဆောင်ရတာ အခက်တွေ့ပါတယ်။ ဒါကို မပန်းနု နားလည်နိုင်မယ် ထင်ပါတယ်။ အတတ်နိုင်ဆုံး အဖြေထုတ်နိုင်ဖို့ ကြိုးစားလိုက်ပေမယ့် တစ်ခုမှ အဆင်မပြေခဲ့ရင်တော့ နားလည်ပေးနိုင်ဖို့ မေတ္တာရပ်ခံလိုပါတယ်။ 

ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပေးလိုက်ပါတယ်။


KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts