Gmail Video Chat Now Available On Linux

ဒီနေ့တော့ မနက်ပိုင်းက သိပ်မအားတာနဲ့ ညနေပိုင်းလေးမှ စာလိုက် ဖတ်ဖြစ်ပါတယ်။ သတင်းတွေကတော့ ထူးတယ်ဗျို့ - Linux သမားတွေ Ubuntu သမားတွေအတွက်တော့ ပိုတောင်ထူးတယ်လို့ ပြောရမယ် - အဲ့သီတင်းကတော့ -


ကျွန်တော်တို့ တစ်နေ့ပြီး တစ်နေ့ မျှော်လိုက်ရတဲ့ Gmail Voice နဲ့ Video Chat - အခု Linux မှာ သုံးလို့ ရပါပြီ တဲ့ Ubuntu မှာတင်မက တစ်ခြား Debian-based Linux distributions တွေမှာလည်း သုံးလို့ ရပြီလို့ ဆိုပါတယ်။



အသုံးပြုချင်သူများ Gmail.com/videochat ကိုသွားရောက်ပြီး Plugin ကို Download ချနိုင်ပါတယ်။ လုပ်ထားတာကလည်း သပ်သပ်ရပ်ရပ် .deb package နဲ့ပါဗျာ ကဲ ! ဘယ်လောက်များ ကောင်းလိုက်လဲ :D

ကျွန်တော်တို့ စောင့်နေတာလည်း ကြာပြီ - သူများတွေ Mac တို့ Windows တို့မှာ ဒီဟာက သုံးနေတာ အိုသေတော့မယ် Linux user တွေ သုံးမရနိုင်လို့ ဘာကြောင့်များ ဒီလောက်တောင် ခက်ခဲနေလဲ ဆိုပြီး သိချင်နေတဲ့ အဖြေကိုလည်း ဒီနေ့ သိလိုက်ရပါတယ်။



" ကျွန်တော်တို့ ဒီ Release မှာ ရုပ်သံပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အသစ်စက်စက် အားလုံးကို ဖန်တီးနိုင်ဖို့ နည်းပညာရပ်ပိုင်း ဆိုင်ရာ ကျွမ်းကျင်မှုတွေ လိုအပ်ခဲ့ပါတယ်။ နောက်ပြီး 64 bit မှာပါ သုံးနိုင်ဖို့ နဲ့ မရေမတွက်နိုင်တဲ့ Webcam တွေ အားလုံးနဲ့ပါ အရံသင့်သုံးနိုင်အောင်လည်း စီစဉ်ခဲ့ရပါတယ်။ ဒါ့အပြင် Windows နဲ့ Mac versions တွေမှာလိုမျိုး Feature အပြည့်အစုံနဲ့ သုံးနိုင်အောင် အသေးစိတ် ပြင်ဆင် နေခဲ့ရလို့ ကျွန်တော်တို့ အချိန်တွေ အများကြီး ပေးခဲ့ရတာပါ။ ဒါပေမယ့် ခုတော့ Google Voice နဲ့ Video က Desktop platforms အားလုံးအတွက် ထုတ်လုပ်နိုင်ခဲ့ပြီ မို့လို့ အရမ်းကို ကျေနပ် ပျော်ရွှင်နေမိပါတယ် "  လို့ ဆိုသွားပါတယ်။

သူတို့ကို ကျွန်တော် ပြောချင်တာကလည်း ဘာလောက်ပဲကြာကြာ ခုသုံးရပြီ ဆိုတော့ - ကျေနပ်ပါတယ်ဗျာ - အရမ်းလည်း ပျော်ပါတယ် - ကျေးဇူးလည်း တင်ပါတယ်လို့။

KznT.

Boomerang for Gmail Beta (0.1)


ဒီနေ့တော့ အားတဲ့ အချိန်လေး အင်တာနက်ထဲ စာလိုက်ဖတ်ရင်း တွေ့မိခဲ့တဲ့ Extension လေး တစ်ခုအကြောင်း မျှဝေချင်ပါတယ်။ Extension ဆိုပေမယ့် သူက လောလောဆယ်မှာ Beta အဆင့်ပဲ ရှိသေးတာ မို့လို့ Browser တိုင်းသုံးလို့ မရသေးပါဘူး - လောလောဆယ် အခြေအနေမှာ Chrome နဲ့ Firefox မှာပဲ Extension တွဲလို့ ရပါသေးတယ်။ သူ့နာမည်ကတော့ Boomerang ပါ -


Boomerang က ဘာလုပ်လဲ ဆိုတော့ ကျွန်တော်တို့တွေဆီကို တစ်နေ့ နဲ့ တစ်နေ့ Emails တွေ ရောက်လာတာ ရှိတယ် - တစ်ခါ တစ်လေ ကိုယ်က Emails ပြန်ပို့ ရတာရှိတယ် - အဲလို အခြေအနေမျိုးတွေမှာ ဥပမာ ဆိုကြပါစို့ - ဒီနေ့ ကျွန်တော့်ဆီကို Emails တစ်ခု ရောက်လာတယ် - အကြောင်းအရာက နောက်တစ်ပတ် " .... " အချိန် " .....  " နေရာမှာ မိတ်ဆုံစားပွဲ ရှိတယ် - တက်ရောက်ဖို့ ဖိတ်ကြားပါတယ် - စသဖြင့် ဖိတ်ကြားချက် Mail တစ်စောင် ဆိုကြပါစို့ - လောလောဆယ် ကျွန်တော်က ဒီ သီတင်းကို သိတာ မှန်ပေမယ့် တကယ် ကျင်းပမယ့် မိတ်ဆုံစားပွဲ အချိန်က ဒီနေ့ကနေ စရေတွက်ရင် တစ်ပတ်တောင် လိုသေးတယ် - ဒီတော့ ကျွန်တော့်မှာ ကြားထဲ တစ်ခြား အလုပ်ကိစ္စတွေ ဘာတွေနဲ့ - သူ့ထက် သူ့ထက် အရေးကြီးတာတွေ ပေါ်လာပြီး တကယ်တမ်း နောက်တစ်ပတ်ကိုလည်း ရောက်ရော အဲ့နေ့မှာ ကျွန်တော် မိတ်ဆုံစားပွဲ သွားရမယ် ဆိုတာ သတိမရတော့ဘူး - အဲ့တော့ Result အနေနဲ့ ကျွန်တော့်ရဲ့ မေ့လျော့မှုက သေသေချာချာ ဖိတ်ကြားထားတဲ့ ဖိတ်ကြားချက်ကို အလေးမထားသလို ဖြစ်သွားရော - ဒါမျိုး မဖြစ်ရအောင် - Boomerang က ကာကွယ်ပေးပါတယ် - သူက ဘယ်လို လုပ်ဆောင်လဲ ဆိုရင် - 



အထက်မှာ ဖော်ပြထားသလို နောက်မှ လုပ်ဆောင်ရမယ့် အကြောင်းအရာတစ်ခု ဖော်ပြထားတဲ့ Mail တစ်စောင် ကိုယ့်ဆီ စောစီးစွာနဲ့ ဝင်ရောက်လာတဲ့ အခါ - အဲ့ဒီ့ Mail ကို ကိုယ်အမှတ်တကယ် သိဖို့လိုအပ်တဲ့ အချိန်  ချိန်းဆိုထားတဲ့ ရက်ရဲ့ ( ဥပမာ - တစ်ရက်ကြိုစောပြီး - တစ်နာရီ ကြိုစောပြီး )  စသဖြင့် နောက်တစ်ကြိမ် ပြန်အသိပေးခိုင်းလို့ ရပါတယ်။ ဆိုလိုတာ ကိုယ့်ဆီ ဝင်လာတဲ့ Mail ကို Schedule လုပ်ပြီး နောက်တစ်ကြိမ် ပြန်ဝင်ခိုင်းတဲ့ သဘောမျိုးပေါ့ -




လုပ်ဆောင်နည်း အကြမ်းမျဉ်းကို မိတ်ဆက်ပေးရရင် ကိုယ့်ဆီဝင်လာတဲ့ စာတွေထဲက နောက်တော့မှ ပြန်ဝင်လာစေချင်တဲ့ စာကို ဖွင့်ပြီး အထက်ပါပုံမှာ မြင်နေရတဲ့ နေရာကနေ တစ်ဆင့် နောက်တစ်နာရီမှလား - နှစ်နာရီမှလား - နောက် လေးနာရီလား - မနက်ဖြန် မနက်လား - ကိုယ့်ဘာသာ အချိန်သတ်မှတ်ချင်တာလား ( At a spefic time ) ဆိုတဲ့ Options တွေထဲက တစ်ခုခု ကို ရွေးလိုက်ပါ။ တကယ်လို့ ကျွန်တော်တို့က ( At a spefic time ) ကို ရွေးလိုက်မယ် ဆိုရင် ဒီအောက်ကပုံစံလေး အတိုင်း Schedule box ပေါ်လာပြီး ကိုယ့်ကို နောက်တစ်ကြိမ် ထပ်မံ အသိပေးစေချင်တဲ့ ( နောက်တစ်ကြိမ် စာထက်ဝင်လာစေချင်တဲ့ ) အချိန်ကို သတ်မှတ်ပေးရပါမယ်။


ထိုနည်းလည်းကောင်းပဲ နောက်နေ့တွေမှာ ပို့စရာ ရှိနေတဲ့ စာတွေကို သတိရတဲ့ အချိန် ကြိုရေးထားပြီး Schedule နဲ့ ကိုယ်ပို့ချင်တဲ့ အချိန်မှ ပို့ခိုင်းထားလို့ လည်း ရပါသေးတယ်။ 




ဒီလို လုပ်ဆောင်ထားခြင်းအားဖြင့် ဘာကောင်းသွားလဲ ဆိုလျှင် မမေ့မလျော့ မပျက်မကွက် လုပ်ဆောင်ရမယ့် Birthday wish တို့ ဘာတို့ကို အဲ့နေ့ ရောက်လို့ ကိုယ် သတိရတာ မရတာ အရေးမကြီးတော့ပဲ - လတ်တလော သတိရနေတဲ့ အချိန် ကြိုရေးထားပြီး Schedule လုပ်ထားခြင်း အားဖြင့် ဝတ္တရားပျက်ကွက်မှုတွေ မဖြစ်နိုင်တော့ပါဘူး - Mail က အချိန်တန်ရင် သူ့ဘာသာသူ ကိုယ် သတိရရ - မရရ ပို့ပေးသွားပါလိမ့်မယ်။


Boomerang ကို ကျွန်တော် ဖော်ပြထားတဲ့အတိုင်း သုံးနိုင်ဖို့ Extension ကို ဟိုးနောက်တစ်ဆင့်မှာ ဖော်ပြသွားမယ့် နေရာကနေ Install လုပ်ဆောင်လို့ ရပါတယ်။ Install လုပ်ဆောင်ပြီး သွားရင် Gmail ထဲကို ဝင်ကြည့်လိုက်ပါ ခုလို မြင်တွေ့ ရပါလိမ့်မယ်။



လောလောဆယ် အခြေအနေမှာ Boomerang က Beta အဆင့်မှာပဲ ရှိသေးလို့ နဲနဲ bug တာလေးတွေတော့ ရှိပါတယ်။ အဲ့ အတွက်တော့ ကို KznT ဘာဖြစ်လဲ မသိဘူး - ကျွန်တော့်စက်မှာ သုံးမရဘူးတော့ မလုပ်ကြပါနဲ့ - ကျွန်တော်လည်း မဖြေရှင်း တတ်ပါဘူး - ကျွန်တော်က ဒီလိုလုပ်လို့ ရကြောင်း ဝေမျှတာပါ - အချိန်တန်ရင် bug တာတွေကို သူပြန်ပြင်ပေးပါလိမ့်မယ် :D

Boomerang Extension ကို Firefox မှာ ဖြစ်ဖြစ် Google Chrome မှာဖြစ်ဖြစ် install လုပ်ဆောင်နိုင်ဖို့ အတွက် ဒီစာမျက်နှာကို သွားပါ။ ရောက်ရင် မြန်မာမိသားစုအတွက် Twitter ကနေ ကျွန်တော် သွားတောင်းထားတဲ့ အောက်ဖော်ပြပါ invite code ကိုထည့်ပေးလိုက်ပါ။ ( သူက မာနကြီးတယ်ဗျ - သူ့ Boomerang Extension ကို ဒီအတိုင်း ဒေါင်းလုပ်ချခွင့် မပေးဘူး - ကျွန်တော့်မှာ Twitter ကနေ ဝင်ပြီး သူ့ @baydinsoftware ကို follow လုပ်ရသေးတယ် နောက်ပြီး invitation code လေး ပေးပါဗျာ ဆိုပြီး Tweet က လုပ်ရသေးတယ် )


သူက အဲ့တော့မှ ကျွန်တော့်ကို invitation code ပြန်ပို့ပေးတာဗျ ဒီမှာသာကြည့် မာနတော်တော်ကြီးတဲ့ကောင် :D


ကျွန်တော့် မိသားစုဝင်တွေတော့ ဒါတွေ လုပ်ဖို့ မလိုတော့ပါဘူး - ကျွန်တော် အောက်မှာ ဖော်ပြထားတဲ့ invitation code ကို အဲ့စာမျက်နှာ ဖြည့်ပြီး install လုပ်ဆောင်ယုံပါပဲ။ Firefox သုံးတဲ့ ညီအစ်ကို မောင်နှမများ Firefox 3.6+ ဖြစ်ဖို့ လိုပါတယ်။


The invitation code for Boomerang for gmail = b4gtweet

နောက်ပြီး ကျွန်တော် လူလည်ကျထားတာ ရှိသေးတယ် - ချလို့ ရတုန်း တစ်ခါတည်း IDM နဲ့ ချပြီး ifile မှာပါ တင်ထားလိုက် တယ် - အဲတော့ တကယ်လို့ မိသားစုဝင်တွေ အဲ့ စာမျက်နှာကို ဝင်မရတာ ဘာညာ ပြဿနာ ရှိလာရင် ဒီ ifile ကကောင်လေး ကို Download ချပြီး သက်ဆိုင်ရာ Browser မှာ install လုပ်လိုက်ယုံပါပဲ။

Boomerang.rar 0.091 MB

အသုံးပြုနည်း အသေးစိတ်ကို အောက်မှာ ဖော်ပြထားတဲ့ video ကနေ ထပ်ကြည့်နိုင်ပါတယ်။


အဲတော့ မိသားစုဝင်များ စမ်းသပ်ကြည့်လို့ ရပါပြီ

KznT.

Different Types of Computer Viruses and Antivirus Software Analysis

ဒီအကြောင်းကို ကျွန်တော် ( အန်တီ Mod ) ဖြစ်တဲ့နေ့  15-08-2010 က အမှတ်တရ အနေနဲ့ စရေးခဲ့တာပါ - ဒါပေမယ့် တစ်ခြား ဖိုရမ်က ပြင်ဆင်စရာရှိတာတွေ မေးမြန်းချက်လေးတွေ တစ်ဖက်ကနေ တတ်နိုင်သလောက် ဖြေရင်းနဲ့ ချက်ချင်း မတင်ဖြစ်ပဲ  ဒီနေ့ထိ ရောက်လာခဲ့တာပါ။ စစချင်းတော့ ကျွန်တော် ပို့စ် အသစ်တင်ဖို့ထက် ပို့စ် အဟောင်းကိုပဲ ဆက်ရေးဖို့ စီစဉ်ထားတာပါ - ဒါပေမယ့် အရမ်းပျော်နေတာ နဲ့ ပို့စ် အဟောင်း မရေးတော့ပဲ ( အန်တီ Mod ) ဖြစ်တဲ့နေ့ အထိမ်းအမှတ် အနေနဲ့ အကျိုးရှိတဲ့ တစ်ခြား အကြောင်းအရာလေး တစ်ခုကို အမှတ်တရ ဖြစ်အောင် ရေးမယ်ဆိုပြီး ဒီအကြောင်းကို ရေးဖြစ်လိုက်ပါတယ်။ 

တကယ်တော့ Moderator ဖြစ်တယ်ဆိုတာ ကျွန်တော် တော်လို့ တတ်လို့ - ကျွန်တော် ကောင်းလို့ မဟုတ်ပါဘူး - ကျွန်တော် မျှဝေခွင့် ရအောင် တည်ရှိပေးနေတဲ့ မြန်မာမိသားစုဖိုရမ်  နဲ့ မြန်မာမိသားစုဝင်တွေ ဆိုတာ ရှိနေလို့ ဒီလို ရပ်တည်ခွင့် ရတာပါ - ဘယ်လောက်ပဲ လှူဒါန်းချင် လှူဒါန်းချင် အလှူခံ ပုဂ္ဂိုလ် မရှိရင် ဒါန မမြောက်သလို - ကျွန်တော် ဘယ်လောက်ပဲ ပေးချင်ပေးချင် ကျွန်တော်ပေးတဲ့ အကြောင်းအရာကို လိုချင်တဲ့ သူရှိမနေရင် KznT ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး - အဲတာကြောင့် မြန်မာမိသားစုဖိုရမ် ကို တည်ထောင်ခဲ့ကြသူ အားလုံး လည်ပတ်ရပ်တည်နိုင်ဖို့ ကျားကန်ကြိုးစားပေးခဲ့ကြသူ အားလုံး နဲ့ မြန်မာမိသားစုဝင်အားလုံးကို ဒီနေရာကနေ အတိုင်းအဆမသိ ကျေးဇူး တင်နေမိပါတယ် ဆိုတဲ့ အကြောင်း ပြောကြားခဲ့ ချင်ပါတယ်။


အဲတော့ Topic နဲ့ မဆိုင်တာ ရပ်ပြီး Topic နဲ့ ဆိုင်တာ စပါမယ် - Topic မစခင် မေးခွန်း တစ်ခု မေးကြည့်ချင်တာက မြန်မာမိသားစုဝင်တွေ viruses, spyware, scareware, trojans, နဲ့ worms တွေ အကြောင်း ဘယ်လောက်တောင်များ နားလည် ထားကြပါသလဲ - ဒီလို မေးခွန်းမေးလိုက်လို့ ကျွန်တော် က သူတို့နဲ့ ပတ်သတ်လို့ အများကြီး သိနေခဲ့လို့ မဟုတ်ပါဘူး - ကျွန်တော့် မိသားစုဝင်တွေကို နေ့စဉ်နီးပါး တစ်ယောက် မဟုတ် တစ်ယောက်ကို ဒုက္ခလိုက်ပေးနေတဲ့ ဒီ Virus တွေ အကြောင်းကို ကျွန်တော် သိနားလည် ထားသလောက်လေး မျှဝေချင်လို့ပါ။

ဒီနေရာမှာ ကျွန်တော် အဓိက Target ထားပြီး ပြောသွားမှာ malware အမျိုးအစား အမျိုးမျိုး အကြောင်း နဲ့ သူတို့ ရန်ကို ဘယ်လို ကာကွယ် သွားမယ် ဆိုတာကို အလွယ်တကူ မှတ်မိသိရှိ လွယ်အောင် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Malware ဆိုတာ ဘာလဲ ??

တကယ်တော့ ကျွန်တော် ဒီအကြောင်းအရာကို မရေးခင်တည်းက အင်တာနက်ထဲမှာ Virus အမျိုးအစားတွေ အကြောင်းကို ကိုယ်နားလည် သိရှိထားသလောက် ဝေမျှထားခဲ့ဖူးကြပြီးသား အကြောင်းအရာတွေ ရှိနေတာ ကျွန်တော် သတိထားမိပါတယ် - ဒါပေမယ့် ဒီနေရာမှာ ကျွန်တော် တတ်နိုင်သမျှ ပြည့်စုံအောင် ကြိုးစားပေးသွားမှာပါ။ ခုနောက်ပိုင်း အင်တာနက် ခေတ်မှာ Virus ဆိုတာ ရှိနေသေးပေမယ့် Virus ထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခံလာရတာ Malware ပါ။ Malicious software ဆိုတာကို အတိုချုန်းထားတဲ့ Malware ဆိုတာဟာ တစ်ခြား လူတစ်ယောက်ရဲ့ ကွန်ပြူတာ ထဲက သတင်းအချက်အလက် တွေကို  လူမသိ သူမသိ ခိုးယူဖို့ - သူများ ကွန်ပြူတာကို ဒုက္ခပေးဖို့ လှလှ ပပ ပြင်ဆင်ထားတဲ့ viruses တွေ - worms တွေ spyware တွေ အားလုံးကို ယေဘုယျ အနေနဲ့ စကားလုံး တစ်လုံးတည်း အဖြစ် ကိုယ်စားပြုထားတဲ့ စာလုံးပဲ ဖြစ်ပါတယ်။

Viruses ဆိုတာ ဖိုင်တွေကို ဖျက်ဆီးတယ်


ကျွန်တော်တို့ အမြဲတမ်း နားယဉ်နေကြတဲ့ computer virus  ဆိုတာကို malware ဆိုတဲ့ စကားလုံးနဲ့ ဆင်တူတယ်လို့ ထင်မှတ်မှားတတ်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီ့ စကားလုံးနှစ်လုံးဟာ မဆင်တူပါဘူး - နဲနဲ အကျယ်ချဲ့ပြီး ရှင်းရရင် virus ဆိုတာမျိုးဟာ ကိုယ့်ကိုယ်ကိုယ် ပုံတူပွားပြီး ကွန်ပြူတာကို တိုက်ခိုက်တဲ့ အမျိုးအစားပါ - ဆိုရရင် သူက ဝင်လာတုန်းက တစ်ကောင်တည်း ဒါပေမယ့် ကိုယ့်ဘာသာကိုယ် Copy ပြန်လုပ်ပြီး file တစ်ခုကနေ နောက်တစ်ခုကို ကူးတယ် - နောက် Copy နဲ့ Share လမ်းကြောင်းတွေကနေ တစ်ဆင့် စက်တစ်ခုကနေ နောက်တစ်ခုကို ဆက်ဖြန့်တယ် - နောက် viruses အများစုဟာ တစ်ကိုယ်ရည် တစ်ကာယ ရပ်တည်လှုပ်ရှားနိုင်တဲ့ executable files အမျိုးအစားတွေ ဖြစ်တတ်ပြီး တစ်ချို့ကတော့ master boot record အဖြစ် နောက် autorun scripts - MS Office macros နဲ့ တစ်ချို့ နေရာတွေမှာဆိုရင် arbitrary files တွေ အဖြစ်လည်း တည်ရှိနေတတ်ပါတယ်။ သူတို့ကို စီစဉ်ထုတ်လွှတ်လိုက်တဲ့ Programmer ရဲ့ စွမ်းရည်နဲ့ ရည်ရွက်ချက်ကို လိုက်ပြီး Target တွေလည်း မတူညီကြပါဘူး -


Viruses တော်တော်များများ - အထူးသဖြင့် CIH လိုမျိုးကတော့ ကျွန်တော်တို့ရဲ့ ကွန်ပြူတာထဲက ဖိုင်တွေကို တစ်စုံတစ်ယောက် က ဖျက်ပစ်ဖို့ ဒါမှမဟုတ် တစ်ခုခု ပြောင်းလဲပစ်ဖို့ ကြိုးစားတဲ့အချိန်မှာ System တစ်ခုလုံး လုံးဝ ဘာတစ်ခုမှ လုပ်ဆောင်လို့ မရတော့လောက်အောင် ဖန်တီးထားတဲ့ Virus မျိုး ဖြစ်ပါတယ် - အဲတော့ ကျွန်တော် အဓိက Target ထားပြီး ပြောချင်တာ virus ဆိုတာမျိုးဟာ ကိုယ့်ရဲ့ System ကို ကိုယ့်ရဲ့ ချုပ်ထိန်းမှု အောက်မှာ မရှိတော့ပဲ အဲ့ဒီ့ Program က ညွှန်ကြားတဲ့ ခိုင်းစေချက် အတိုင်း လိုက်ပါလုပ်ဆောင်စေတဲ့ အဖျက်စွမ်းအားကြီးတဲ့ အမျိုးအစား ဖြစ်တယ်ဆိုတာပါ။


အလွယ်ပြောကြမယ်ဆိုရင် Viruses ရန်ကို ကာကွယ်ဖို့ အတွက် Latest definitions ကို အမြဲတမ်း Update ပေးထားတဲ့ antivirus application ကို အသုံးပြုပါလို့ ပြောလို့ ရပါတယ် - ဒါပေမယ့်လည်း ဒါတစ်ခုတည်းတင် မဟုတ်ပါဘူး - တစ်ချို့က  Viruses ရန်ကို ကာကွယ်ဖို့ Antivirus ရှိရင် ရတယ်ဆိုပြီး ကိုယ့်စက်မှာ Antivirus တင်ပြီးတာနဲ့ စိတ်ထင်ရာ လျှောက်ဝင်ကြ - ဥပမာ Porn sites - Keygen/Crack Sites - နောက် တွေ့ကရာ USB Stick ထိုးကြ - Privacy ဆန်ဆန် သုံးသင့်တဲ့ ကိုယ့် Flash Drive - External HD ဆိုတာကို စေတနာ ကောင်းကောင်းနဲ့ သူများတကာကို ဌားကြ - ကိုယ့်ဆီ ပြန်လာတော့ Virus ပါလာတာ ကိုယ်က မသိ - အဲတာကို စက်မှာတပ်သုံး - မြင်သမျှ ဆန်းဆန်းပြားပြား ဖိုင် - ဥပမာ - New Folder ဆို " ဖိုဒါလေးက အခုမှ Create လုပ်ထားတာဟ - အသစ်လေး ဘာလေးများ ထည့်ထားမလဲ " ဆိုပြီး စပ်စု - စသဖြင့် ဆင်ခြင်မှုနဲ့ စဉ်းစားချင့်ချိန်မှုကို အရင်မလုပ်ပဲ စပ်စုလိုစိတ်ကို ရှေ့တန်းတင် လုပ်ဆောင်နေမယ် ဆိုရင်တော့ antivirus application ကို Latest definitions နဲ့ အမြဲတမ်း Update ပေးပြီး သုံးနေလည်း Virus ကတော့ ကိုက်ခံ ရမှာပါပဲ - သိထားဖို့ တစ်ခုက Latest definitions ဆိုတာ ဒီ Virus ရှိတယ်ဆိုတာ သိတော့မှ Programmer တွေက ဖြေရှင်းနည်းကို ရေးကြတာ မျိုးပါ။ ဒါ့ကြောင့် Latest definitions ဆိုတာ နောက်ဆုံးပေါ် Virus ကို ဘယ်သော အခါမှ သတ်နိုင်ခြင်း မရှိပါဘူး - ဒါကို ကျွန်တော်တို့နားလည် ထားဖို့ လိုပါတယ်။ နောက်ပြီး ဖိုင်တစ်ခုခုကို Run တော့မယ် ဆိုတဲ့ အချိန်တိုင်းမှာ filename ကို သေသေချာချာ ကြည့်ပါ။ သူ့ Extensions ကို သေသေချာချာ လေ့လာပါ - ဆိုလိုတာ mp3 လား .mp3.exe လား ဒါမျိုးတွေ သတိရှိဖို့လိုပါတယ်။ အဲ့တာကြောင့် Antivirus ကို Latest definitions နဲ့ အမြဲတမ်း Update ပေးပြီး သုံးနေယုံတင် မဟုတ်ပဲ နေ့စဉ်နဲ့ အမျှ သုံးစွဲနေတဲ့ ကိုယ့်ရဲ့ အင်တာနက် လမ်းကြောင်း - နောက် ပြင်ပက Share လမ်းကြောင်းတွေနဲ့ ကိုယ့်စက်ကို လာရောက်ပတ်သတ်မယ့် Activities တွေကိုပါ လုံခြုံရေး အသိနဲ့ စောင့်ကြည့်တတ်ဖို့ လိုပါတယ်။ 

Spyware ဆိုတာ ကိုယ်ပိုင် သတင်းအချက်အလက် အကြောင်းအရာတွေကို ခိုးယူတယ်


နောက် အကြောင်းအရာ တစ်ခုက Spyware ! သူ့ကိုတော့ တော်တော်များများ ကြားဖူးနားဝရှိပြီး ရင်းနှီးကြပါတယ်။ Spyware ဆိုတာဟာ ကိုယ့်ကွန်ပြူတာမှာ installed လုပ်ခံ ထားရပြီး ကိုယ် မသိလိုက်တဲ့ - မသိနိုင်တဲ့ သတိမထားမိခင် အချိန်မှာ ကိုယ့် စက်ထဲမှာ ရှိနေတ့ဲ ကိုယ့်ရဲ့ information ( အကြောင်းအရာ သတင်းအချက်အလက် ) တွေကို နောက်ကွယ်ကနေ Spyware ထုတ်လုပ်သူထံ တိတ်တဆိတ် ပြန်ပို့ပေးနေတဲ့ Software အမျိုးအစား တစ်မျိုးကို ခေါ်ဆိုပါတယ်။ ကိုယ့်ရဲ့ information ကို ကိုယ်မသိအောင် ခိုးယူတယ် ဆိုမှတော့ဖြင့် ကျွန်တော်တို့ကို ကောင်းကျိုးပေးဖို့ထက် ဆိုးကျိုးပေးဖို့သာ ပိုများမှာပါ - Spyware မှာ ဘယ်လို လုပ်ဆောင်ချက်မျိုးတွေ ပါလဲ ဆိုရင် တစ်နေ့နဲ့ တစ်နေ့ ကျွန်တော်တို့ Websites အဝင်အထွက်တွေမှာ ရိုက်သွင်းရလေ့ ရှိတဲ့  passwords ပြောင်းလဲမှုတွေကို နောက်ကွယ်ကနေ မှတ်သားတဲ့  keylogging စနစ်တွေ - နောက် ကိုယ် အင်တာနက်ထဲမှာ ဘာတွေ ရှာတတ်သလဲ - နောက် ကိုယ်သုံးနေကျ browser home page ပြောင်းပစ်တာမျိုး  - URL တစ်ခုခုကို ရိုက်ခေါ်လိုက်တဲ့ အချိန်မှာ ကိုယ်တောင်းဆိုမထားတဲ့ တစ်ခြား Web စာမျက်နှာ တစ်ခုကို ရောက်သွားအောင် လုပ်ဆောင်တာ စသဖြင့် နည်းလမ်းမျိုးစုံ ပါဝင်ပါတယ်။ ဒါတင်မက အထက်မှာ ဖော်ပြထားတဲ့ ပုံလိုမျိုး ဘာမှန်း ညာမှန်းမသိ toolbars တွေ အတင်း install လုပ်ခိုင်း - ကိုယ့် passwords နဲ့ credit card numbers ကိုခိုး စသဖြင့် - မျိုးစုံအောင် လည်း လုပ်ဆောင် တတ်ကြပါတယ်။ 

Spyware တွေရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ information ကိုခိုးယူပြီး အဲကနေမှ တစ်ဆင့် ငွေရပေါက် တစ်ခု သူတို့ ဖန်တီးချင်တာမျိုးမို့လို့ Spyware ဆိုတာမျိုးက ဘယ်တော့မှ ကွန်ပြူတာကို သုံးစား မရတော့လောက်အောင် ပြဿနာ ပေးတတ်တဲ့ Software မျိုးတော့ မဟုတ်ပါဘူး — တကယ်တော့ လူတော်တော်များများရဲ့ စက်မှာ spyware တစ်ခု မဟုတ်တစ်ခု နောက်ကွယ်ကနေ Run နေတတ်ကြပါတယ်။ ဒါကို ကျွန်တော်တို့ တော်တော်များများ မသိကြတာ များပါတယ်။  Spyware application တစ်ခု တစ်လေလောက် ရှိတာမျိုးက စက်ထဲမှာ ဘာမှ အရေးတကြီး ထည့်ပြီး မှတ်ထားလေ့ မရှိတဲ့ လူမျိုးတွေ အတွက် သိပ် ပြဿနာ ကြီးကြီး ကျယ်ကျယ် မရှိလှပေမယ့် ဒီလို spyware application တွေ တစ်ခုထက်မက installed လုပ်ခံရတာ များလာတဲ့အခါ နောက်ကွယ်ကနေ Spyware အများအပြားရဲ့ စောင့်ကြည့် သတင်းပို့ချင်း ခံရတဲ့ ကွန်ပြူတာ တစ်လုံးရဲ့ ဘဝမျိုး ရောက်သွားနိုင်တာမို့လို့ ကျွန်တော်တို့ရဲ့ ကွန်ပြူတာက နှေးသထက် နှေးသွားတတ်ပါတယ်။

ဒါတင်မက လူတော်တော်များများက Antivirus ရှိရင် အားလုံး ပြီးတယ်လို့ ထင်နေကြတာလည်း မှားပါတယ်။ Antivirus တိုင်းဟာ Spyware ကို မဖမ်းနိုင်ကြသလို သတ်ဖို့လည်း မစွမ်းဆောင်နိုင် ကြပါဘူး - ဒါ့ကြောင့် Software တစ်ခုခု ကို install လုပ်တော့မယ် ဆိုတဲ့ အချိန်မှာ အရင်ဆုံး လေ့လာသင့်တာ ဒီ application ကို ဘယ်ကထုတ်လဲ - သူတို့ ဘာတွေ အာမခံချက်ပေးလဲ - ဒါမျိုးတွေ လေ့လာပြီးမှ အသုံးပြုသင့်ပါတယ် - စိတ်ခံစားမှုနဲ့ တစ်ခြားသူတစ်ယောက်ရဲ့ လမ်းညွှန်မှုကို ကောင်းတယ် အထင်နဲ့ အမှတ်မှားပြီး မသုံးစေချင်ပါဘူး။ တကယ်လို့ ကိုယ့်စက်မှာ အထက်မှာ ဖော်ပြထားခဲ့တဲ့ ပုံစံတွေ အတိုင်း ဖြစ်နေမယ် - စက်ကလည်း ထင်မှတ်မထားရလောက်အောင် လေးလံနေမယ် ဆိုရင် အကောင်းဆုံးက Spyware ရှိမရှိ စစ်ဆေး လိုက်ဖို့ပါ။ Spyware ရှင်းဖို့ ဘယ် Software သုံးသင့်မလဲ ဆိုရင် MalwareBytes နဲ့ SuperAntiSpyware ကို ပေါင်းသုံးပြီး စစ်ဆေး ရှင်းလင်းစေချင်ပါတယ်။

Scareware ဆိုတာ ဘယ်လုပ်ရမှန်း မသိအောင် အကျပ်ကိုင်တယ်


ခြိမ်းခြောက်တာ အကျပ်ကိုင်တာမျိုးကို လူတော်တော်များများ မုန်းကြပါတယ် - ကျွန်တော်လည်း မုန်းတယ် - ဘာလို့လည်း ဆိုတော့ အကျပ်ကိုင်တယ်ဆိုကတည်းက ကိုယ့်အတွက် အဆင်ပြေစေမယ့် ရွေးချယ်ပိုင်ခွင့် ဆိုတာ မရှိဘူး - သူဖြစ်ချင်တာကို ကိုယ့်ဘက်က လိုက်လျောအောင် အတင်းအဓမ္မ မဖြစ်မနေ တောင်းဆိုတာမျိုး မို့လို့ပါ။ Scareware ဆိုတာလည်း ဒီသဘောပါပဲ - ခုနောက်ပိုင်း ဒီတိုက်ခိုက်နည်းက တော်တော်လေး ခေတ်စားလာတဲ့ တိုက်ခိုက်နည်းပါ။ ဘယ်လိုမျိုးလဲ ဆိုတာ ဥပမာပြောရရင် တစ်ချို့လည်း တွေ့ဖူးရင် တွေ့ဖူးကြပါလိမ့်မယ်။

ကျွန်တော်တို့ site တစ်ခုခုကို သွားရင်းနဲ့ နေရင်းထိုင်ရင်း antivirus application လိုလို ဘာလိုလို Spyware စစ်ပေးတာလိုလို ဘာလိုလို ပေါ်ချလာပြီး မင်းကွန်ပြူတာမှာ virus တွေ ရှိနေနိုင်တယ် - သေချာသွားအောင် ငါ့ရဲ့ free scan နဲ့ virus စစ်ကြည့်ပါလားဆိုပြီး recommend ပေးလာရော - ကိုယ်တွေကလည်း free scan ဆိုတော့ အယောင်ယောင်အမှားမှားနဲ့ ကောင်းတယ်ပေါ့ - အလကားရတာပဲ စစ်မယ်ဆိုပြီး OK ပေးလိုက်တယ် - အဲ့မှာ ပြဿနာ စတာပဲ - အဲ့ဒီ့ Applications က ကိုယ်က OK/Agree ဆိုတာမျိုး ပေးလိုက်တာနဲ့ သူ့ဘာသာ နေရင်းထိုင်ရင်း Download တွေချ - Install တွေလုပ် Scan တွေဖတ် နေလုပ်နေပါလေရော - နောက်ခဏလောက်နေတော့ ကျွန်တော်တို့ ကွန်ပြူတာမှာတော့ဖြင့် virus ကတော့ ဘယ်နကောင် - Spyware ကတော့ ဘယ်နရာ စသဖြင့် ပြ - နောက်ပြီး သူ့ Software နဲ့ ရှင်းပေးထားတာ Spyware ဘယ်နကောင် တော့ဖြင့် သေသွားပြီ - ဒါပေမယ့် ဒါက trail version မို့လို့ အကုန်တော့ ရှင်းမပေးနိုင်ဘူး - အကုန်ရှင်းပစ်စေချင်ရင် full license ကို ပိုက်ဆံနဲ့ ဝယ်ဆိုပြီး အကျပ်ကိုင်လာပါလေရော ( ဟုတ်တော့လည်း ဟုတ်တယ် သူက free scan လုပ်ပေးမယ်ပဲ ပြောတာ တွေ့ရင် ရှင်းပေးမယ်လို့ ပြောထားတာမှ မဟုတ်တာ ) - တစ်ချို့ကျတော့ virus ဆိုကြောက်တာပဲ သိတယ် - ဒီအတွေ့အကြုံမျိုးကို မကြုံဘူးတော့ ဟာသွားပါပြီ - ငါ့စက်မှာတော့ virus တွေ မနည်းပါလားဆိုပြီး သူတောင်းတဲ့ ပိုက်ဆံနဲ့ ပေးပြီးဝယ်ကြ ပြုကြ ရှင်းကြ စသဖြင့် - တကယ်တမ်း ဟုတ်လားဆိုတော့ ဘာမှမဟုတ် - ဒါပေမယ့် ကိုယ့်ပိုက်ဆံကတော့ ပါသွားပြီ - ဒါတွေက scareware applications တွေရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။

Scareware တွေရဲ့ ဆိုးရွားတဲ့ တစ်ချက်က သူတို့ကိုကိုယ်က စက်ထဲမှာ တစ်ခါ install လုပ်လိုက်မိတာနဲ့ သူတို့ တောင်းတဲ့ ပိုက်ဆံကို မပေးမချင်း တစ်ချိန်လုံး Alarm တွေတက် - လူကို စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ် - ဒါတင်မက တစ်ချို့ အခြေအနေတွေမှာဆိုရင် သူ့ကို ပြန် uninstall လုပ်လို့ မရယုံတင်မက စက်ပါသုံးလို့ မရတော့လောက်တဲ့ အခြေအနေထိ ဖြစ်အောင် သူက လုပ်ဆောင်ပစ်တတ်ပါတယ်။

ဒီလို အကျပ်ကိုင်မှုမျိုး ဒီလို Scareware မျိုးနဲ့ ကြုံတွေ့လာရပြီ ဆိုရင်တော့ အကောင်းဆုံးနည်းလမ်းက Google Search box မှာ ကိုယ့်စက်မှာ ဝင်နေတဲ့ Scareware ရဲ့ နာမည်ကို ရိုက်ထည့်ပြီး ရှာဖွေလိုက်ပါ။ အဲ့ကနေတစ်ဆင့် တွေ့ရှိလာရတဲ့ အထူး ညွှန်ကြားချက်တွေကို လိုက်ပြီး တိတိကျကျ လုပ်ဆောင်မယ်ဆိုရင် ဒီ Scareware ကို ဘယ်လို ဖျက်ထုတ်နိုင်မယ်ဆိုတာ သိရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်လေ မှာ သီးသန့်ညွှန်ကြားချက် ဆိုပေမယ့် လမ်းညွှန်သူ တော်တော်များများ ကလည်း တစ်ယောက်ဖော်ပြချက်ကို တစ်ယောက် ကိုးကားဖော်ပြကြတာပဲ များပါတယ်။ ဒီလို Scareware ပြဿနာ တက်လို့ Google မှာ မေးလိုက်ရင် အများဆုံး ရတတ်တဲ့ အဖြေက MalwareBytes - SuperAntiSpyware နဲ့ လိုအပ်မယ်ဆို ComboFix ကို ပေါင်းပြီး run ဆိုတဲ့ အဖြေမျိုးပါ။ ဒါပေမယ့်လည်း အဲ့နည်းကပဲ ပြဿနာရဲ့ ရာခိုင်နှုန်း တော်တော်များများကို ပြေလည်စေတာ လည်း အမှန်ပါပဲ။

Trojan Horses ဆိုတာ နောက်ကွယ်ကနေ ကြိုးကိုင်တယ်။


ထရိုဂျင်မြို့ အကြောင်းကို ကျွန်တော်တို့ ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာလည်း သင်ခဲ့ရပါတယ်။ ထိုးဖေါက်ဝင်ရောက် ဖို့ ခက်ခဲလှပါတယ် ဆိုတဲ့ ထရိုဂျင်မြို့ကြီးထဲကို သစ်သားမြင်းရုပ်ကြီးတစ်ခုနဲ့ ပရိယာယ်ဆင်ပြီး ၀င်ရောက်နိုင်ခဲ့ကြတဲ့ ရန်သူစစ်သားတွေ အကြောင်းကို သမိုင်းပုံပြင်တစ်ပုဒ် အနေနဲ့ တည်ရှိနေခဲ့ရာကနေ ခု မျက်မှောက်ခေတ်မှာတော့ ကမ္ဘာ့နေရာ အနှံအသီးသီးက ကိုယ်လက်လှမ်း မမှီနိုင်တဲ့ ကွန်ပြူတာတွေကို ထိုးဖောက်ဝင်ရောက် နိုင်ဖို့ Trojan horses ဆိုတဲ့ အမည်နဲ့ပဲ နောက်ထပ် ထရိုဂျန် တစ်မျိုး ပေါ်ထွက်လာပြန်ပါပြီ - သူရဲ့ ရည်ရွယ်ချက်ကတော့ တစ်ဖက်က ကွန်ပြူတာ သုံးစွဲသူ မသိလိုက်ခင်မှာ သူ့ကွန်ပြူတာထဲကို ဝင်ရောက်ပြီး နောက်ကွယ်ကနေ ကောင်းကောင်း ဒုက္ခပေးနိုင်တယ် ဆိုတဲ့ အချက်ကို ရည်ညွှန်းချင်တာပါ။ Trojan horses ဆိုတာ applications တစ်မျိုး ဖြစ်ပြီး တစ်ဖက်က ကွန်ပြူတာ သုံးစွဲသူ user ကို ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ အမျိုးအစား တစ်မျိုး ဖြစ်ပါတယ်။ ပြဿနာရပ်တော်တော်များများမှာတော့ trojans ဆိုတာ  သမိုင်းပုံပြင် ထဲကအတိုင်း ကိုယ်မသိလိုက်ခင် တစ်ဖက်လူကို ကိုယ့်ကွန်ပြူတာနဲ့ ပတ်သတ်ပြီး စိတ်ကြိုက် ထိိန်းချုပ် လုပ်ဆောင်လို့ ရအောင် နောက်ကွယ်ကနေ လမ်းဖွင့်ပေးပါတယ်။


Virus နဲ့ Trojan ရဲ့ကြားမှာ အဓိက ကွာခြားသွားတဲ့ တစ်ချက်က trojans တွေဟာ viruses တွေလိုမျိုး ကိုယ့်ကိုယ်ကိုယ် replicate မလုပ်နိုင်တာပါ - သူတို့တွေကို များသောအားဖြင့် ဘုမသိ ဘမသိ စာတမ်းတစ်ခုခု တက်လာရင် စာကို မဖတ်ပဲ Yes ပေးတတ်တဲ့သူ - အင်တာနက်နဲ့ ပတ်သတ်ပြီး အကျွမ်းတဝင် မရှိသေးသူ - Security နည်းတဲ့ ကွန်ပြူတာတွေမှာ အမှုမဲ့ အမှတ်မဲ့ install လုပ်ဆောင်မိရာကနေ ကျွန်တော်တို့ စက်ထဲကို ဝင်ရောက်ခြင်း ခံရတတ်ပါတယ်။

ကျွန်တော်တို့ ကွန်ပြူတာမှာ trojan ဝင်ရောက် ကိန်းအောင်းခံရပြီ ဆိုတာနဲ့ ကိုယ့် ကွန်ပြူတာဟာ ကိုယ့် ရည်ရွယ်ရာကို မလုပ်ဆောင်နိုင်တော့ပဲ ကိုယ်မလိုအပ်တဲ့ မလိုလားတဲ့ တစ်ခြားသူ တစ်ယောက် - ဒါမှမဟုတ် တစ်ခြား အဖွဲ့အစည်း တစ်ခုခုရဲ့ အသုံးချခံ ပစ္စည်းတစ်ခုအဖြစ် ရောက်ရှိသွားပါတယ်။ ဘယ်လိုဟာမျိုးတွေလဲ ဆိုရင် Denial of service (DoS) attack လို့ ခေါ်တဲ့ ကိုယ့်ရဲ့ computer resource ကို ကိုယ်ကိုယ်တိုင်ထိန်းချုပ်လို့ မရနိုင်တော့ပဲ web site တွေနဲ့ Service တွေကို တားဆီးပိတ်ပင်ဖို့ ကိုယ့်ကွန်ပြူတာက အသုံးချခံလာရပါတယ် - နောက် ဒီ့ထက်ဆိုးတာ တစ်ခုက Spam ပို့လွှတ်ရာ ဌာန တစ်ခုလို အသုံးချခံရတာပါ။ ဒီလို ပြဿနာတွေကို ဖန်တီးနေတဲ့ trojans ဆိုတဲ့ အကောင်ကို ဖြေရှင်းတားဆီးဖို့အတွက် နည်းလမ်းက ကျွန်တော်တို့ Viruses တားဆီးတဲ့ နည်းလမ်းနဲ့ ဆင်တူပါတယ်။ လုပ်ဆောင်ရမှာတွေက antivirus application ကို up to date ဖြစ်အောင်ထားရမယ် သံသယဖြစ်ဖွယ်ရာ ဝင်ရောက်လာတဲ့ mails တွေက attachments တွေကို မဖွင့်ကြည့်ခင်မှာ သတိထားပြီး စစ်ဆေးရမယ်။ ဖြစ်နိုင်ရင် ဖွင့်ကို မဖွင့်ပဲ Delete ပစ်တာ ကောင်းတယ်။ နောက်ပြီး ကျွန်တော်တို့ တစ်နေ့နဲ့ တစ်နေ့ ဝေမျှနေတဲ့ keygen တို့ crack file တို့ ဆိုတာတွေကို ကိုယ်တိုင် စမ်းသုံးတာမျိုး မလုပ်ပဲ ဘယ်သူတွေ သုံးဖူးလဲ - သူတို့ ဘာတွေ ဖြစ်ခဲ့လည်း ဆိုတာလေ့လာပြီးတော့မှ သုံးစေချင်ပါတယ်။ အကောင်းဆုံးကတော့ keygen တို့ crack file တို့ ဆိုတာ မသုံးပဲ နေနိုင်ရင် အကောင်းဆုံးပါပဲ။

Worms ဆိုတာ Network ကနေ ကူးစက်ခံရတယ်။


Computer worms ဆိုတာ သူတို့ကိုယ်ကိုယ် သူတို့ copy ပွားပြီး network လမ်းကြောင်းကနေ တစ်ဆင့် တစ်ခြား ကွန်ပြူတာကို ကူးစက်တဲ့ အမျိုးအစားပါ။ နောက်ပြီး Worms တွေဆိုတာ network ကိုသုံးပြီး ပြန့်ပွားတာမျိုး မို့လို့ ခဏချင်းနဲ့  ပြန့်နှံ့လွယ်ပြီး လူသိလည်း များစေပါတယ်။ ဒါ့ကြောင့် သူ့ကို ကျွန်တော်တို့တွေက viruses နဲ့ အထင်မှားလေ့ ရှိပါတယ်။

ကျွန်တော်တို့ တော်တော်များများ သိကြတဲ့ worms အမျိုးအစားထဲက ဥပမာပေးရမယ် ဆိုရင် ILOVEYOU worm - သူက  email attachment ကနေ စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ တိုက်ခိုက်ခံရမှုကြောင့် စီးပွားရေး လုပ်ငန်းတွေ တန်ဖိုးငွေ ပမာဏ အမေရိကန်ဒေါ်လာ သန်း ငါးထောင့် ငါးရာ လောက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ နောက် Code Red worm ဆိုရင် web sites ပေါင်း သုံးသိန်းခွဲကျော် ဖျက်ဆီးခဲ့တယ် - နောက် SQL Slammer က internet traffic တွေကို အချိန်အတိုင်းအတာ တစ်ခုထိ နှေးကွေးသွားအောင် လုပ်ဆောင်ခဲ့တယ် - နောက်ဆုံး Blaster worm ဆိုရင် ကျွန်တော်တို့ ကွန်ပြူတာကို ခဏခဏ Restart ပေးရအောင် ခိုင်းစေခဲ့တယ် - ဒါတွေက Worms တွေရဲ့ စွမ်းဆောင်ရည် သမိုင်းပါ။


Worms တွေဟာ Network နဲ့ ပတ်သတ်ပြီး Security ပိုင်းဆိုင်ရာ အားနည်းတဲ့ လမ်းကြောင်းကနေ ထိုးဖောက်ဝင်ရောက် တာမို့လို့ သူ့ကို ကာကွယ်မယ် ဆိုရင် firewall နဲ့ ပေးထားဖို့ antivirus software ကို ပုံမှန် Update ပေးပြီး သုံးဖို့ စသဖြင့် လိုအပ်ပါတယ်။


အဲတော့ ကျွန်တော်တို့ viruses, spyware, scareware, trojans, နဲ့ worms တွေ အကြောင်းနဲ့ ပတ်သတ်ပြီး တော်တော် များများလည်း သတိထားမိပြီ - ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ Concepts လေးလည်း ချိတ်မိပြီ - ဒါပေမယ့် မပြီးသေးပါဘူး - နောက်ထပ် သိထားသင့်တာလေးတွေ ကျန်ပါသေးတယ် - အဲ့ဒီ့ အကြောင်းအရာကိုတော့ နောက်နေ့ ဆက်ပါ့မယ်။

ဒီနေ့ ဒီအကြောင်းကို ကိုအောင်လွင်ဦး မေးခွန်းလေးနဲ့ ဆက်သွားလိုက်ပါ့မယ်။
အေးဗျာ။ ကျွန်တော့်ကိုလည်း တစ်ခုကူညီပါဦး။ ကျွန်တော် က Kav2011 လိုင်စင်နဲ့သုံးပါတယ်။ နေ့စဉ် Update လုပ်ပြီး အမြဲ Update ဖြစ်ပါတယ်။ အခု ကျွန်တော့ရဲ့ Kav11 က ရှိသမျှဖိုင်တွေမှာ Email-Worm.Win32.Runouce.b ရှိနေတယ် လို့ပဲပြောနေတယ်။ Email-Worm.Win32.Runouce.b ကကွန်ပျူတာကို ဘာဒုက္ခမှမပေးပါဘူး။ အစကတော့ သူပြောတဲ့ Email-Worm.Win32.Runouce.b ကို Disinfect လုပ်လည်းမရ၊ Delete လုပ်လည်းမရ၊ Ignore လုပ်လည်းမရတာနဲ့ အဲဒီဖိုင်ကို ဖျက်ပစ်လိုက်တယ်။ ဖျက်လိုက်တော့ နောက်တစ်ဖိုင်မှာရှိတယ်ထပ်ပြောတယ်။ သူပြောတိုင်းသာ လိုက်ဖျက်နေရရင် တော့ စက်ထဲရှိသမျှဖိုင်ကုန်သွားမယ်။ နောက်ဆုံး Kav11 ကို ဖျက်မှပဲ ကိစ္စပြီးတော့မယ်ထင်တယ်။


ဟုတ်ကဲ့ပါ ကိုအောင်လွင်ဦး - ကျွန်တော် အပေါ်မှာ ဖော်ပြခဲ့ပြီးသလိုပဲ MalwareBytes - SuperAntiSpyware ကို သုံးပြီး စမ်းကြည့် စေချင်ပါတယ်။ ဒါပေမယ့် ရမရတော့ ကျွန်တော်လည်း သိပ်တော့ မသေချာပါဘူး - ဒါပေမယ့် ဖြေရှင်းလို့ ရကောင်းရနိုင်မယ့် နောက်နည်းလမ်း တစ်မျိုးတော့ ရှိပါသေးတယ်။ အဲတာကို ဒီအောက်မှာ ဖော်ပြမယ့် အပေါ် Topic က အဆက်ကို ဆက်ဖတ်ကြည့်ပေးပါ - နောက်ဆုံး ဘယ်လို ဖြေရှင်းလို့ရမှန်း အဖြေမထွက်ရင်တောင် နောက်ကို ဘယ်လို ကာကွယ်ရမယ် ဆိုတာ အတွေးတစ်ခုလောက်တော့ ရနိုင်လိမ့်မယ် ထင်ပါတယ်။

ကျွန်တော်တို့ ဟိုတစ်နေ့က viruses, spyware, scareware, trojans, နဲ့ worms တွေ အကြောင်းနဲ့ ပတ်သတ်ပြီး တော်တော် များများ ဆွေးနွေးခဲ့ပြီးပါပြီ။ အခုလည်း ကိုအောင်လွင်ဦးက မေးပြီ Email-Worm တစ်ခုအကြောင်း - မှန်ရာပြောရရင် ကျွန်တော်လည်း Email-Worm.Win32.Runouce.b ဆိုတာနဲ့ မရင်းနှီးဘူး - တစ်ခါမှလည်း အဝင်မခံခဲ့ရဘူးသလို တစ်ခါမှလည်း Email-Worm.Win32.Runouce.b နဲ့ ပတ်သတ်ပြီး ဖြေရှင်းမပေးခဲ့ဖူးဘူး - ဒါပေမယ့် viruses, spyware, scareware, trojans, နဲ့ worms ဘယ်လိုဟာမျိုးပဲ စက်ထဲကို ဝင်ဝင် - ကျွန်တော်တို့ အများဆုံးလုပ်ဆောင်နိုင်တာ သက်ဆိုင်ရာ antivirus ကို Update ပေးပြီး Fullscan run ဖို့ - နောက် မရသေးရင် အပေါ်မှာဖော်ပြထားတဲ့ MalwareBytes - SuperAntiSpyware ဆိုတာတွေ သုံးပြီး စစ်မယ် - အဲတာမှ မရသေးရင် အင်တာနက်ထဲ ကိုယ့်လိုမျိုး ဘယ်သူတွေ ဒီ ပြဿနာကို ဖြေရှင်းဖူးပြီလဲ Google ကနေ လိုက်ရှာမယ် - သူတို့ရှာတွေ့ထားတဲ့ ဖြေရှင်းနည်းလေးတွေ နဲ့ လိုက်စမ်းကြည့်မယ်။ ဒီအဆင့်တွေ အကုန်လုံးက ကျွန်တော်တို့ လုပ်ဆောင်နိုင်မယ့် အဆုံးစွန်ဆုံး ဖြေရှင်းနည်းပါပဲ -


အဲတော့ ဟုတ်ပြီ - ကျွန်တော် အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းတွေက ရချင်လည်း ရမယ် - ရချင်မှလည်း ရမယ် - ဒါပေမယ့် ဒီဖြစ်ရပ်မျိုး နောက်တစ်ကြိမ် ထပ် မဖြစ်အောင် ကျွန်တော်တို့ ဒီ ဥပမာကနေ အဖြေထုတ်လို့ ရပါတယ်။


ကျွန်တော်တို့တွေက ကွန်ပြူတာသုံးရင် Antivirus သုံးရမယ် ဆိုတာ လူတိုင်း အခြေခံအားဖြင့် သိတယ် - ဒါပေမယ့် ကိုယ်သုံးတဲ့ Antivirus ဆိုတာ Products တစ်ခုတည်း မဟုတ်ဘူးဆိုတာ ဘယ်သူမှလည်း လေ့လာဖို့ စိတ်မဝင်စားကြသလို - သက်ဆိုင်ရာ Antivirus ကုမ္ပဏီ အသီးသီးက ထုတ်တဲ့ Antivirus Products အသီးသီးရဲ့ ကွဲပြားခြားနားပုံနဲ့ လုပ်ဆောင်ချက်တွေ အကြောင်းကိုလည်း လေ့လာဖို့ ဘယ်သူမှ စိတ်မဝင်စားကြဘူး - တစ်ချို့ကတော့ ဒီလိုရှိတယ် ဆိုတာကို မသိတာ - အဲတော့ ကျွန်တော် လောလောဆယ် Kaspersky Lab ကနေ ထုတ်တဲ့ Kaspersky Products တွေရဲ့ ကွာခြားချက်တွေကို အကျဉ်းမိတ်ဆက် ပေးပါ့မယ်။

ကျွန်တော်တို့ Kaspersky လို့ ပြောလိုက်ရင် တစ်ချို့က Kaspersky Antivirus ကိုပဲ သိကြတယ်။ တစ်ချို့ကတော့ Kaspersky မှာ Kaspersky Antivirus - Kaspersky Internet Security ဆိုပြီး နှစ်မျိုး ရှိတယ် ဆိုတာလောက်ထိ သိကြတယ်။ ခုနောက်ပိုင်းမှာ Kasperky Pure ဆိုပြီး ထပ်ပေါ်နေတာ တော်တော်များများ ဘယ်သူမှ မသိကြသေးဘူး - သိတဲ့သူလည်း ရှိကောင်းရှိပါလိမ့်မယ်။ တစ်ချို့ကျတော့ Norton - အဲမှာ လူတော်တော်များများက Norton မှာ Norton™ AntiVirus ရှိတာသိကြတယ် - တစ်ချို့ကတော့ Norton မှာမှ Norton™ Internet Security နဲ့ Norton™ AntiVirus နှစ်မျိုး ရှိတယ် ဆိုတာလောက်ထိ သိကြတယ်။ ခုနောက်ပိုင်း ထပ်ပေါ်လာတဲ့ Norton 360™ Version ဆိုတာကိုကျ တော်တော်များများ မသိကြတော့ဘူး -

Internet Security နဲ့ Antivirus ဘာကွာသလဲ ??



ကျွန်တော် ပြောချင်တာက ဒီ Products တွေ ရှိနေတာကို သိတာ မသိတာကို အဓိက ဆိုလိုချင်တာ မဟုတ်ပါဘူး - ဒီ Products တွေ ရှိတာ သိပြီ - ဟုတ်ပြီ - ဒါပေမယ့် အဲ့ Products တွေက တစ်ခုနဲ့ တစ်ခု ဘာကွာလဲ ?? ဆိုလိုတာ Kaspersky Antivirus နဲ့ Kaspersky Internet Security မှာ Kaspersky Antivirus က ဘာလုပ်ပြီး - Kaspersky Internet Security က ဘာတွေ လုပ်လဲ ?? ဘယ်ကောင်က ဘာအတွက်သုံးပြီး ဘယ်ကောင်က ဘယ်လိုလူမျိုးအတွက် ပို အသုံးတည့်သလဲ ?? ဘယ်လို စက်မျိုးမှာ ဘယ် Products ကို ပိုသုံးသင့်လဲ ?? ဒီထူးခြားချက်တွေကို စဉ်းစားခဲ့ကြဖူးပါသလား ?? သိတဲ့သူလည်း ရှိမယ် - တစ်ချို့ကျ ဒါကို သိပ် အလေးထား မစဉ်းစားကြဘူး - Antivirus တင်ဆို တွေ့ရာ Antivirus တစ်ခု ကောက်တင်လိုက်ရင် တာဝန်ကျေပြီ ဆိုပြီး ထင်ကြတယ်။ ကျွန်တော့် အကိုတစ်ယောက် ရှိတယ် - မြန်မာနိုင်ငံမှာ - တစ်ချိန်လုံး သူ့စက်က Virus ပတ်ကိုက်ခံနေရတာ - ဘာ Antivirus သုံးလည်း မေးရင် ကြုံတာ သုံးတယ် - Update ဆို ဘယ်တော့မှ မပေးဘူး - ၂ လတစ်ခါလောက်ပဲ သူပေးတယ် - သူက Kaspersky သမား - Kaspersky Antivirus နဲ့ Kaspersky Internet Security ဘယ်ဟာသုံးလဲ မေးရင် သူနားမလည်ဘူး - ဘာကွာမှန်းလည်း မသိဘူး - သူတို့နှစ်ခု Antivirus ချင်း တူတူပဲ မဟုတ်ဘူးလားလို့ ပြန်မေးတယ် - ဒါ ကျွန်တော့်ကိုယ်တွေ့ပါ။

Antivirus သုံးမယ်သူ တစ်ယောက်က ဒီလို မဖြစ်သင့်ပါဘူး - ကိုယ်သုံးမယ့် Antivirus မှာ Products ဘယ်နမျိုးရှိသလဲ ?? သူတို့တွေက ဘာကွာသလဲ - ကိုယ်က ကွန်ပြူတာကို အလှသုံးတာလား ?? ဒါမှမဟုတ် တွေ့သမျှ Websites အကုန်ဝင် - ထွက်သမျှ Software အကုန်တင် ဆိုတဲ့ ပုံစံမျိုးနဲ့ သုံးတာလား ?? ကိုယ့်စက်ရဲ့ စွမ်းဆောင်ရည်နဲ့ လတ်တလော ကိုယ်သုံးနေတဲ့ Antivirus ကတောင်းတဲ့ System Requirements နဲ့ကရော ကိုက်ရဲ့လား - ဒါမျိုးလေးတွေ Antivirus တစ်ခု ကိုယ့်စက်ထဲ မတင်ခင်မှာ စဉ်းစားဖို့ လိုပါတယ်။

ဆိုကြပါစို့ Kaspersky Internet Security မှာဆိုရင် Kaspersky anti-virus မှာမပါတဲ့ features တွေ တော်တော်များများ ပိုပြီး ပါဝင်ပါတယ်။ ဥပမာပြောရရင် virtual keyboard - Blocks spam - Detects rootkits - Blocks Malicious changes to Applications - Built in Intrusion Prevention System နဲ့ နောက် Worm တွေရန်ကို ခိုင်ခိုင်မာမာ ကာကွယ်ပေးနိုင်တဲ့ နှစ်ထပ်ကာရံ firewall system - ဒါ့ကြောင့် ကိုယ်က ကွန်ပြူတာကို အလှသုံးတာ မဟုတ်ဘူး - တွေ့သမျှ Websites အကုန်ဝင် - ထွက်သမျှ Software အကုန်တင် ဆိုတဲ့ ပုံစံမျိုးနဲ့ သုံးတတ်တယ် - Email Attachments တွေလည်း မကြာခဏ လာလေ့ ရှိပြီး သူတို့တွေနဲ့လည်း မပြတ်တမ်း ပတ်သတ်နေရတယ် - နောက်ပြီး ကိုယ့် Network ကလည်း သိပ်လုံခြုံစိတ်ချရမှု မရှိဘူး ဆိုရင် Kaspersky anti-virus သုံးမယ့် အစား  Kaspersky Internet Security သုံးသင့်ပါတယ်။   Kaspersky Internet Security Suite က ကျွန်တော်တို့အတွက် လိုအပ်သမျှ security ကို ဘက်စုံထောင့်စုံကနေ နောက်လှည့်ကြည့်စရာ မလိုပဲ သူက ကာကွယ်ပေးပါလိမ့်မယ်။ Kaspersky Internet Security ထက်ကောင်းတာ ဆိုရင် သူ့နောက်မှာ ပေါ်လာတဲ့ Kasperky Pure ! သူတို့တွေရဲ့ အသေးစိတ် ကာကွယ်ပေးနိုင်တဲ့ security နိှုင်းယှဉ်ချက်တွေကို ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။ အဲတော့ မေးစရာ တစ်ခု ပေါ်လာတယ် - Kaspersky Internet Security နဲ့ Kasperky Pure က ပိုကောင်းတယ်ဆိုရင် Kaspersky anti-virus က ဘာလို့ ထုတ်နေရသေးတုန်း - လူတိုင်းက Kaspersky Internet Security နဲ့ Kasperky Pure ပဲ ပိုသုံးကြတော့မှာပေါ့လို့ မေးစရာ ရှိလာပါတယ်။ အဲလိုလည်း မဟုတ်သေးပါဘူး - Kaspersky Internet Security နဲ့ Kasperky Pure ဟာပိုကောင်းတာ မှန်ပေမယ်လို့ သူတို့တွေမှာပါတဲ့ features တွေ security တွေ ကောင်းလာတာနဲ့ အမျှ ကိုယ့် System Resources ကို ပိုပြီး သုံးလာတတ်ပါတယ်။ ဆိုလိုတာက Kaspersky Internet Security နဲ့ Kasperky Pure တို့ သုံးမယ် ဆိုရင် Hardware performance ကောင်းတဲ့ Computer တွေမှာ ဘာမှ သိပ်မသိသာပေမယ့် - Hardware performance နိမ့်တဲ့ Computer မျိုးတွေမှာ စက်ကြီးက အထနှေး အထွက်နှေး ဖြစ်လာမယ် - Applications တစ်ခုခု ဖွင့်ရင် Loading လုပ်တာ ကြာလာမယ် - Windows အတက်တွေမှာ တော်တော်ကြီး နှေးသွားမယ် - ဒါမျိုးတွေ ဖြစ်လာပါမယ်။ နောက်ပြီး Kaspersky Internet Security နဲ့ Kasperky Pure ဆိုတာမျိုးက ကွန်ပြူတာကို အလှသုံးတဲ့ သူမျိုးတွေ - ဆိုလိုတာ အိမ်မှာ Laptop ထားထားပြီး Internet လည်း မရှိ - Network လည်း မသွယ် - တစ်နေ့နေလို့ အလုပ်ပြန်လာမှ တစ်ခါလောက်ဖွင့်ပြီး စာစီစာရိုက်လောက် လုပ်တဲ့ ကွန်ပြူတာမျိုးတွေမှာကျတော့ သုံးဖို့ မလိုအပ်ပါဘူး - အဲလို ကွန်ပြူတာမျိုးတွေမှာက Kaspersky Internet Security နဲ့ Kasperky Pure ကိုသုံးတာမျိုးထက် Kaspersky Antivirus လေးတင် တစ်ပတ် တစ်ခါလောက် Update ပေးပြီး သုံးတာ ပိုပြီး စက်ပေါ့သလို သုံးရတာလည်း သွက်စေပါတယ်။

ဒါက Kaspersky နဲ့ နိှုင်းယှဉ်ပြီး Antivirus Products ရွေးချယ်ပုံကို ပြောပြတာပါ။ တစ်ခြား Kaspersky မဟုတ်တဲ့ Antivirus Products တွေလည်း ခုလို သဘောအတိုင်းပဲ ဖြစ်ပါတယ်။

နောက် Norton - သူ့မှာလည်း Norton Internet Security က Norton AntiVirus ထက်ပိုပြီး firewall တွေ spyware protection တွေနဲ့ Security ပိုကောင်းပါတယ်။ Norton Products တွေရဲ့ ကွာခြားချက်တွေကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

ဒါ့ကြောင့် ကျွန်တော် နိဂုံးချုပ် အကြံပြုချင်တာက Antivirus Products တွေကို ကိုယ်သုံးမယ့် Field နဲ့ ယှဉ် - Hardware လိုအပ်ချက်နဲ့ ချိန်ညှိပြီး ရွေးသုံးပါ - ဒီလိုဆို ဘယ် Internet Security - Antivirus ပဲ သုံးသုံး စက်က ပေါ့ပါးနေမှာ ဖြစ်သလို - Security ပိုင်း ဆိုင်ရာလည်း အားသာချက်တွေ ရရှိပြီး Virus ဆိုတဲ့ရန်ကနေ ရာခိုင်နှုန်း မြင့်မြင့်မားမားနဲ့ ကာကွယ်နိုင်ပါလိမ့်မယ်။

အဲတော့ ကိုအောင်လွင်ဦးကို တစ်ဆက်တစ်စပ်တည်း အကြံပြုခဲ့ချင်တာ Kaspersky Antivirus အစား Kaspersky Internet Security ကို ပြောင်းသုံးကြည့်ပါလို့ -

KznT.

Send Your Files Quickly and Securely

ဒီအကြောင်းကိုပဲ ရေးမယ် ရေးမယ်နဲ့ တောင်လှည့် မြောက်လှည့် လုပ်နေတာ - သိထားတာတော့ ကြာပြီ - တစ်ချို့လည်း သိပြီးသား ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် - ဒါပေမယ့် ကိုယ့်မိသားစုဝင်တွေ အကြောင်း ကိုယ်သိတယ် - မြန်မာလို ဂဃနဏ တစ်လုံးမချန် ရေးပြတာတောင် ကျော်ဖတ်တဲ့သူ တော်တော်များများတယ် - တစ်ခြား ဘာသာစကားကို ဓာတ်ထည့်ပြီး ဖတ်ဖို့ဆို ပိုဆိုး - ပိုလို့တောင် မဖတ်ကြဘူး ( လူတိုင်းကို မဆိုလိုပါ ) - ဒါ ကျွန်တော် ကျွန်တော့် မိသားစုဝင်တွေကို စော်ကားတာ မဟုတ်ဘူး - ကျွန်တော် ဖြစ်စေချင်တာပါ - ခု ကျွန်တော် ရေးနေတယ် ဆိုတာတွေကလည်း ဘာမှ အထင်ကြီးလောက်စရာ မရှိဘူး - ကျွန်တော် ဖတ်ခဲ့ဖူးလို့ သိခဲ့တာတွေကို ပြန်မျှဝေတာလောက်ပဲ ရှိတယ် - ကျွန်တော်ကိုယ်တိုင်လည်း ဘာမှ မသိဘူး -

ကျွန်တော့် မိသားစုဝင်တွေကို စာဖတ်စေချင်တယ် - အင်တာနက် က လက်တစ်ကမ်းမှာ ရှိနေတဲ့ အချိန် ဘာလို့ ဂိမ်းဆော့ရင်း အချိန်ကုန်ခံမလဲ ?? Chat တက်ရင်း အချိန်ပုတ်ခံမလဲ ?? တစ်ချိန်မှာ မြန်မာနိုင်ငံ ပြန်ကြမှာပဲ မဟုတ်ဘူးလား ?? တစ်နေ့နဲ့ တစ်နေ့ သူများမျှဝေတာကို စောင့်ဖတ်နေတော့ သူများပေးသလောက်ပဲ သိမှာပေါ့ - အင်တာနက် ထဲမှာ ဘယ်သူမျှဝေတာကိုမှ စောင့်ဖို့မလိုပဲ အသင့်ခူးစားယုံ ပညာရပ်တွေ မနည်းမနောရှိတယ် - ကျွန်တော် မှန်တာ ပြောရရင် မိသားစုထဲမှာ ဖော်ပြပေးနိုင်တယ် ဆိုတာ ဥပမာ ကျွန်တော် တစ်နေ့ ( ၁၀ ) ပုဒ်လောက် ဖတ်ဖြစ်မှာ ( ၁ ) ပုဒ်လောက်ပဲ ဝေမျှ နိုင်တာမျိုးပါ - ကျွန်တော့်မှာသာ စက်တပ်ထားတဲ့ လက်ရှိရင် ဖတ်သမျှကို ပါးစပ်က ရွတ်ပြတိုင်း လိုက်ရိုက်နိုင်မယ့် စက်တစ်လုံးလောက် လိုချင်မိတယ် - အဲတာမှ ပိုပြီး ကျွန်တော့်မိသားစုတွေ စာများများ ဖတ်ရမှာ - ကဲ ထားတော့ - အဲတော့ ကျွန်တော် အကြံပြုချင်တာ စာများများ ဖတ်ကြပါ -



အရင်တုန်းက ကျွန်တော် ဒီနေရာမှာ Sharing လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်ပြီး Torrent အကြောင်း - Dropbox အကြောင်း - နောက် Opera unite အကြောင်း - ဟိုတစ်လောက နောက်ဆုံးရေးခဲ့တာတော ့Multiple File-Hosting Sites တွေအကြောင်း စသဖြင့် ရေးခဲ့ဖူးပါတယ်။ အခုဖော်ပြမှာလည်း Sharing လုပ်ငန်းစဉ် နဲ့ ပတ်သတ်ပြီး နောက်ထပ် အသုံးပြုဖို့ သင့်တော်တဲ့ Site တစ်ခု အကြောင်းပါ။

တစ်ခါတစ်လေမှာ ကျွန်တော်တို့တွေ ဖိုင်တစ်ခုခုကို ကိုယ့်အသိတစ်ယောက်ယောက်ဆီ အရေးတစ်ကြီး သို့မဟုတ် အလျင်အမြန် သို့တည်းမဟုတ် အရေးပေါ် ပို့ပေးဖို့ လိုအပ်လာတတ်ပါတယ်။ ဒီလို အခြေအနေမျိုး ကြုံတွေ့လာရရင် ပုံမှန်လုပ်ငန်းစဉ်က Email ထဲကနေ attachment နဲ့ ထည့်ချင်ထည့် ဒါမှမဟုတ် file size က အရမ်းကြီးပြန်ရင် ကျတော့လည်း Email ထဲမှာ attachment က တွဲလို့မရ - အဲလိုဆို Hosting services တစ်ခုခုဆီပြေး - အဲ့မှာ Upload တင်တာစောင့် ပြီးသွားရင် Download link ကိုယူ - ကိုယ့်အသိဆီပေး - တစ်ခါတစ်ခါ Upload တင်နေရင်းနဲ့ နက်ပြတ်တာတို့ ကျတာတို့ ဖြစ်ရင် ၁ ကနေ ပြန်စတင်ရတာမျိုးကလည်း ရှိသေးတယ်။ ဒီလို ပြဿနာမျိုးကို လူတိုင်းကြံဖူးကြမှာပါ။

နောက် IM software တြွေဖစ်တဲ့ Skype တို့ Google Talk တို့ Yahoo Messenger တို့ ဆိုတာတွေကလည်း သူတို့ သတ်မှတ်ကန့်သတ်ထားတဲ့ file size limit နဲ့ file type အတွင်းမှာပဲ ကွန်ပြူတာ တစ်ခုနဲ့ တစ်ခု file transfer လုပ်လို့ ရတာမျိုးပါ။ ဒီ IM ကနေ file ပို့တဲ့နည်းက အပေါ်မှာ ပြောထားတဲ့ Hosting services တစ်ခုခုဆီပြေးပြီး files တင်တဲ့ နည်းထက် ပိုပြီး လုပ်ရကိုင်ရ မြန်တာမှန်ပေမယ်လို့ မကောင်းတဲ့ တစ်ချက်က တစ်ယောက်သုံးတဲ့ IM ကို နောက်တစ်ယောက်က လိုက်သုံးမှ လွှဲပြောင်းလို့ ရတာမျိုးပါ - ဆိုကြပါစို့ ကျွန်တော်က MSN သုံးတယ် - ဒီလိုဆို Gtalk သုံးတဲ့သူဆီ ကျွန်တော် ဖိုင်လွှဲဖို့ဆို ကျွန်တော်က Gtalk လိုက်သုံးမှ ဖြစ်မှာပါ။ သူက ကျွန်တော့်ဆီက လိုချင်တာ ဆိုရင်လည်း Gtalk ရှိနေလျက်နဲ့ MSN သူလိုက်သုံး ရမယ် ဒါမျိုး မကောင်းကွက်လေးတွေ ရှိပါတယ်။ 

ဒီပြဿနာကို ပြေလည်စေမယ့် အကောင်းဆုံးနည်းလမ်း တစ်ခု လောလောဆယ် ကျွန်တော်တွေ့ထားပါတယ်။ အဲတာကတော့ IM ကနေ ဖိုင်ပို့သလိုပဲ လုပ်ဆောင်ရ လွယ်ကူပြီး သူများသုံးတဲ့ IM ကို လိုက် သုံးစရာမလိုတဲ့ Browser သုံး iSendr ပါ။



သူ့ရဲ့ လုပ်ဆောင်ချက်ကို အတိုချုံးပြီး မိတ်ဆက်ပေးရရင် ကျွန်တော်က ပေးပို့ချင်တဲ့ သူတစ်ယောက် ဆိုပါစို့ - ဒီလိုဆို ကိုယ်ပို့ချင်တဲ့ ဖိုင်ကို Send a File ကနေ တွဲထည့်လိုက်ပါ။ Password ပေးချင်လည်း ပေးလို့ ရပါသေးတယ်။



အဲလို တွဲထည့်လိုက်တာနဲ့ အောက်ဖော်ပြပါအတိုင်း ကျွန်တော့် ကွန်ပြူတာကနေ Direct Transfer လုပ်ပေးမယ့် Link တစ်ခု သူက ထုတ်ပေးပါလိမ့်မယ်။ 



ကျွန်တော်တို့ နောက်ဆုံး လုပ်ရမှာ အဲ့ဒီ့ link လေးကို Copy ကူးပြီး ကိုယ့် အသိမိတ်ဆွေကို ပေးလိုက်ယုံပါပဲ - ဒီနည်းက တကယ်ကို လွယ်ပါတယ် - ဘာမှ Upload တင်တာ စောင့်ဖို့လည်း မလိုပါဘူး - file size limit တွေ - file အမျိုးအစားတွေ ဘာမှ ဂရုစိုက်နေဖို့ မလိုပါဘူး - ဘယ်လောက်များ ကောင်းလိုက် သလဲဗျာ -

Download ချမယ့် သူကလည်း ကျွန်တော်တို့ ပေးလိုက်တဲ့ link ကို Copy ကူးပြီး Browser မှာ ဖွင့်လိုက်ရင် ဖြစ်ဖြစ် - Gtalk မှာဆို တိုက်ရိုက် click ပေးလိုက်ရင် ဖြစ်ဖြစ် Connecting ဖြစ်ပြီး File transfer လုပ်ငန်းစဉ်က အလိုလျောက် စတင်သွားမှာ ဖြစ်ပါတယ်။ 

တစ်ဖက်လူက Download ချပြီးသွားတာနဲ့ Sharing လုပ်ငန်းစဉ်လဲ တစ်ခါတည်း ပြီးဆုံးသွားပြီး ခုလို မြင်တွေ့ရပါလိမ့်မယ်။


အထက်ဖော်ပြပါ Sharing နည်းစနစ်က P2P ဖြစ်ပြီး အရင် ကျွန်တော်တို့ Sharing လုပ်ဆောင်နေကျ Hosting services ဆိုတဲ့ Third-Party Server တွေလည်း မပါလို့ ကိုယ့် ဖိုင်တွေနဲ့ ပတ်သတ်ပြီး လုံခြုံမှု အပြည့်ရှိတယ်လို့ ပြောလို့ ရပါတယ်။ ဒါ့အပြင် link တစ်ခုဟာ လူတစ်ယောက်ကို Share ဖို့ တစ်ခါပဲ သုံးလို့ ရတာမျိုးမို့လို့ ဒီ link ကို သုံးပြီး တစ်ခြားသူတွေက ကိုယ့် file ကို ကြားကနေ ဖြတ်ယူမယ့် အန္တရာယ်ကနေလည်း ကင်းဝေးစေပါတယ်။ ကိုယ်က ဒီဖိုင်ကိုပဲ နောက်လူတစ်ယောက်ကို ထပ် Share ချင်တယ်ဆိုရင် Send This File Again ကနေပဲ ထပ်ပြီး Share နိုင်ပါတယ်။


စမ်းသပ်ကြည့်ကြပါဦး


KznT.

How to Set BIOS to Boot from CDROM

ဆိုင်တာ မဆိုင်တာကို ခဏ နောက်ထားပြီး ကျွန်တော်တို့ လုပ်စရာရှိတာတွေတော့ လုပ်ကြည့်ပါဦးမယ် - Hardware ကို ထိတာတို့တာမို့လို့ ဒီလုပ်ငန်းစဉ်တွေက ပြဿနာတော့ မရှိပါဘူး - Save ဖြစ်ပါတယ်။ ကိုhellboy ရဲ့ ပြောကြားချက်အရ - ကျွန်တော့်အထင် BIOS ထဲကို ဝင်လို့တော့ ရလိမ့်မယ် ထင်ပါတယ်။ ကို hellboy အနေနဲ့ CDROM ကနေ boot အောင် BIOS ထဲမှာ ဘယ်လိုပြင်ရမယ် ဆိုတာများ အရင်က လေ့လာဖူးပါသလား - ကျွန်တော်ဖိုရမ်မှာ ဒီအကြောင်းရာကိုပဲ တစ်ယောက် ရေးထားတာတွေ့မိတယ် - ခုတော့ လိုက်ရှာရင်း ခေါင်းမူးပြီး မရှာနိုင်တော့ဘူး - ကိုယ့်ဘာသာပဲ ထပ်ရေးလိုက်ပါ တော့မယ်ဆိုပြီး ရေးလိုက်တာပါ။ နောက်ပြီး ဒီကောင်ကို ရေးဖြစ်တဲ့ အကြောင်းကလည်း ကို hellboy က CD ကို မ boot - မ boot ဘူးနဲ့ ဖြစ်ဖြစ်နေတော့ CDROM ကို Boot စေဖို့ BIOS မှာ ပြင်ဆင်ဖို့များ လိုအပ်နေလို့လား ဆိုပြီး ထင်မိပါတယ်။ CD ကို မ boot - မ boot ဘူးဆိုတဲ့ ပြဿနာက များသောအားဖြင့် BIOS ထဲမှာ ဝင်ပြီး Configuration လုပ်မထားရင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအကြောင်းကို ရေးဖြစ်လိုက်တာပါ။



CDROM မှ Boot စေရန် BIOS တွင် ပြင်ဆင်ခြင်း

ကျွန်တော်တို့ ခုနောက်ပိုင်းထွက် Computer Systems တွေမှာ CD ကနေ boot နိုင်တဲ့ feature ထည့်သွင်းထားပေးပြီးသားပါ - ဒါပေမယ့် ဒီအတိုင်းတော့ တော်ယုံ boot မတက်တာ များပါတယ်။ ကျွန်တော်တို့ဘက်က ပြင်ဆင်မှုလေးတွေ လုပ်ပေးရပါမယ်။

အရင်ဆုံး ကွန်ပြူတာ စအဖွင့်မှာ boot-screen ကိုဝင်ဖို့ setup key ကို အရင်ဆုံး ကျွန်တော်တို့ စပြီး သေသေချာချာ စစ်ဆေးရပါမယ်။ နောက်ပိုင်းထွက် ကွန်ပြူတာ တော်တော်များများကတော့ In most DELETE key ဖြစ်ပါတယ်။

အောက်မှာဖော်ပြထားတဲ့ AmiBios မှာဆိုရင် Setup ထဲကို ဝင်ဖို့ DEL key နှိပ်ရမယ် ဆိုပြီး ဖော်ပြထားပါတယ်။


အခု အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ခပ်ဆင်ဆင် ပုံစံတူ screen ကို မြင်ရပြီ ဆိုရင် BOOT option ကို သွားလိုက်ပါ။ အဲ့ကနေမှ တစ်ဆင့် Boot Device Priority ကို ဆက်သွားပြီး first boot device ကို CDROM လို့ ထားပြီး second boot device ကို HARD DRIVE လို့ထားလိုက်ပါ - အဲ့နောက်မှာ F10 နှိပ်ပြီး settings ကို save ပါ။


ပြီးရင် ကျွန်တော်တို့ ခုနက အကြံပေးခဲ့တဲ့ Windows vista installation DVD တို့ Recovery Disc တို့ ဒါမှမဟုတ် ကို ကျောက်ဖြူ ဖော်ပြထားတဲ့ Grub rescue disk ဆိုတာတွေကို CDROM ထဲထည့်ပြီး boot ပြန်တက်ကြည့်ပါ - အဲ့အချိန်မှာ CDROM ကို boot မယ်ဆိုရင် keyboard ကနေ တစ်ခုခုနှိပ်ဆိုတဲ့ စာသား တက်ကောင်းတက်လာပါလိမ့်မယ်။ အဲတာကို Spacebar ဖြစ်ဖြစ် Enter ဖြစ်ဖြစ် နှိပ်ပြီး ကျွန်တော်တို့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အဆင့်တွေ အတိုင်း လုပ်ဆောင်လို့ ရပါလိမ့်မယ်။ ဒါက တစ်နည်းပါ။

-----------------------------------------------------------------------------------------

ခုနောက်တစ်နည်း အနေနဲ့ BIOS setup မှာ Screen ပုံစံချင်း မတူတဲ့ နောက်တစ်မျိုးကို ဖော်ပြသွားပါဦးမယ်။

ဒါကတော့ Award Bios ပါ - သူ့မှာလည်း အောက်မှာ ဖော်ပြထားတဲ့ အတိုင်း BIOS setup ထဲဝင်ဖို့ သူဖော်ပြထားတဲ့ key ကိုနှိပ်ပြီး ဝင်ရပါမယ်။


အဲဒီကနေ ကျွန်တော်တို့ Advanced Bios Features ကို ရွေးရပါမယ်။


အဲကနေ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း First Boot Device ကို CDROM ထားပြီး Second ဒါမှမဟုတ် third ကို HDD ပေးထားလိုက်ပါ။ နောက် F10 နှိပ်ပြီး settings ကို save ပါ။


ပြီးရင် ကျွန်တော်တို့ ခုနက အကြံပေးခဲ့တဲ့ Windows vista installation DVD တို့ Recovery Disc တို့ ဒါမှမဟုတ် ကို ကျောက်ဖြူ ဖော်ပြထားတဲ့ Grub rescue disk ဆိုတာတွေကို CDROM ထဲထည့်ပြီး boot ပြန်တက်ကြည့်ပါ - အဲ့အချိန်မှာ CDROM ကို boot မယ်ဆိုရင် keyboard ကနေ တစ်ခုခုနှိပ်ဆိုတဲ့ စာသား တက်ကောင်းတက်လာပါလိမ့်မယ်။ အဲတာကို Spacebar ဖြစ်ဖြစ် Enter ဖြစ်ဖြစ် နှိပ်ပြီး ကျွန်တော်တို့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အဆင့်တွေ အတိုင်း လုပ်ဆောင်လို့ ရပါလိမ့်မယ်။ ဒါက တစ်နည်းပါ။

------------------------------------------------------------------------------------------------

ဒီအောက်ကနည်းကတော့ BIOS ကို တစ်ချို့ Dell Systems တွေမှာ ဝင်တဲ့ နည်းဖြစ်ပါတယ်။ အပေါ်က နည်းတွေကတော့ BIOS setup ထဲကို ဝင်ဖို့ DEL key နှိပ်ရပါတယ်။ ဒီကောင်ကတော့ F2 နှိပ်ရပါလိမ့်မယ်။ တစ်ခုနဲ့ တစ်ခုက အဲလိုပဲ နဲနဲလေးစီ ကွဲပါတယ်။ ဘာကိုနှိပ်ရမယ် ဆိုတာတော့ သူက အောက်ဖော်ပြပါအတိုင်း ဖော်ပြပြီးသားပါ။


အဲနောက်မှာ Boot Sequence ကိုရွေးပြီး ဖော်ပြပါအတိုင်း ပထမဦးစားပေးကို 1 ကို CD-Rom အဖြစ်ထားပြီး ရွေးပေးပါ။ Enable / Disable ပေးဖို့ဆိုတာ သူဖော်ပြထားတဲ့ အတိုင်း SPACE ကို နှိပ်ပြီး လုပ်ဆောင်လို့ ရပါတယ်။ - + ကတော့ ဒီနေရာမှာ အပေါ်အောက်ရွှေ့တာပါ။ အားလုံး ပြင်ဆင်ပြီးသွားရင် ESC ကိုနှိပ်ပြီး settings ကို save ပါ။


ပြီးရင် ကျွန်တော်တို့ ခုနက အကြံပေးခဲ့တဲ့ Windows vista installation DVD တို့ Recovery Disc တို့ ဒါမှမဟုတ် ကို ကျောက်ဖြူ ဖော်ပြထားတဲ့ Grub rescue disk ဆိုတာတွေကို CDROM ထဲထည့်ပြီး boot ပြန်တက်ကြည့်ပါ - အဲ့အချိန်မှာ CDROM ကို boot မယ်ဆိုရင် keyboard ကနေ တစ်ခုခုနှိပ်ဆိုတဲ့ စာသား တက်ကောင်းတက်လာပါလိမ့်မယ်။ အဲတာကို Spacebar ဖြစ်ဖြစ် Enter ဖြစ်ဖြစ် နှိပ်ပြီး ကျွန်တော်တို့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အဆင့်တွေ အတိုင်း လုပ်ဆောင်လို့ ရပါလိမ့်မယ်။ ဒါက တစ်နည်းပါ။

---------------------------------------------------------------------------------------

နောက်တစ်နည်းကတော့ တစ်ချို့ Dell Systems တွေမှာပဲ BIOS ထဲကို ဝင်ဖို့ F2 ကိုနှိပ်ရင် ခုလိုမျိုး မြင်ရတတ်ပါသေးတယ်။


တစ်ချို့ Computer တွေမှာကျပြန်တော့ Cd/Hdd/Floppy/Usb Device ကနေ ခဏတာ boot ခိုင်းဖို့ဆိုရင် F8 button ကိုနှိပ်မှ Boot Menu ကိုရောက်ပြီး အဲ့ကနေ CDRom ကိုရွေးပေးရတတ်ပါတယ်။

ကျွန်တော် အခု အကြံပြုချင်တာ ကို hellboy အနေနဲ့ အထက်ဖော်ပြပါ steps တွေကို လေ့လာပြီး BIOS setup ထဲကို ဝင်လို့ ရမရ စမ်းကြည့်စေချင်ပါတယ်။ တကယ်လို့ ရတယ်ဆိုရင် CDROM ကို ဖော်ပြပါအတိုင်း first boot device အဖြစ်ထားပြီး settings ကို save - နောက် ကျွန်တော်တို့ ပြောခဲ့တဲ့ Windows vista installation DVD တို့ Recovery Disc တို့ ဒါမှမဟုတ် ကို ကျောက်ဖြူ ဖော်ပြထားတဲ့ Grub rescue disk ဆိုတာတွေကို CDROM ထဲထည့်ပြီး boot ပြန်တက်ကြည့်ပါ - အဲ့အချိန်မှာ CDROM ကို boot မယ်ဆိုရင် keyboard ကနေ တစ်ခုခုနှိပ်ဆိုတဲ့ စာသား တက်ကောင်းတက်လာပါလိမ့်မယ်။ အဲတာကို Spacebar ဖြစ်ဖြစ် Enter ဖြစ်ဖြစ် နှိပ်ပြီး ကျွန်တော်တို့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အဆင့်တွေ အတိုင်း လုပ်ဆောင်လို့ ရပါလိမ့်မယ်။

စမ်းကြည့်ကြည့်ပါဦး

KznT.

Moderator of MyanmarFamily

ကိုကေဇက်.. ရေ...

မြန်မာမိသားစုကတော့ သိတဲ့အတိုင်း.. ကျွန်တော်တို့ နည်းပညာပိုင်းမှာ ပို့စ် အားအရမ်း အနည်းသွားပါပြီ...။ ဒါကြောင့်.. ကျွန်တော်တို့ ပြန်လည်ပြီး.. အကြံဉာဏ်ကောင်းတွေနဲ့ တည်ဆောက်ကြရမယ်.. ။ အဲ့ဒီအတွက် ကိုကေဇက် ရဲ့ အကူအညီတွေ အများကြီးလိုပါတယ်...။ ကျွန်တော် ကိုကေဇက်ကို ကြီးကြပ်သူ အဖြစ်အပ်နှင်းချင်ပါတယ်..။ ကိုကေဇက်အနေဖြင့် မြန်မာမိသားစုဖိုရမ် တိုးတက်ဖို့အတွက် ဒီထက်ပိုမို ရွက်ဆောင် နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်...။

ရဲအောင်



မင်္ဂလာရှိသော နေ့တစ်နေ့ - အတိုင်းအဆ မရှိပျော်ရွှင်မိသော နေ့တစ်နေ့ - ရယူလိုမှု ၊ မျှော်လင့်ချက် ဆိုသည်များ တစ်စွန်းတစ်စမျှ မပါဝင်ခဲ့သော ဝေမျှမှု တစ်ခုအတွက် ထိုက်တန်သော ချီးမြှောက်မှု တစ်ခု ရရှိခဲ့လို့ ဘဝတစ်သက်တာ အမှတ်တရ အဖြစ် ကျေနပ်ပျော်ရွှင်မိသည်။ မြန်မာမိသားစုဝင်အားလုံး - မြန်မာနိုင်ငံသား အားလုံး - နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများ အားလုံး - မိမိမွေးဖွား ကြီးပြင်းရာ အမိမြန်မာနိုင်ငံအတွက် တစ်ဖက်တစ်လှမ်း တစ်ထောင့်တစ်နေရာ မှ ကိုယ်စီကိုယ်ဌ အကျိုးပြုနိုင်သော - အကျိုးပြုနိုင်ခွင့် ရကြသော သူများ အဖြစ် ရပ်တည်နိုင်ကြပါစေ။

Mg Zin.

Torrent FAQs

Originally Posted by နိုးတူး 
connection setup guide ကို manual ပြင်လို့ရတယ် ဆိုတာ တခုပြီးတခု ရွေးပြီး အစိမ်းရောင် အမှန်ပေါ်တဲ့ အထိ လုပ်ရမှာလားအကို...
ပုံမှန်ပြောရမယ် ဆိုရင်တော့ connection setup guide ကို ပြင်ဆင်တဲ့ အချိန်မှာ အားလုံး စိမ်းသွားတဲ့ အထိ ရွေးချယ် ပြင်ဆင်နိုင်တာ အကောင်းဆုံးပါ - ဒါပေမယ့်လည်း မစိမ်းမချင်းလုပ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး - ဘာကြောင့်လည်းဆို တစ်ချို့ ISPs ( Internet Service Providers ) တွေက အမြဲတမ်းလိုလို P2P activities တွေကို စောင့်ကြည့်ပြီး bandwidth တွေ လျော့ချပစ်တတ်ကြပါတယ်။ အဲလို လုပ်ခံရရင် Torrent Download Speed က တော်တော်လေးလည်း နှေးသွားသလို အပေါ်မှာ ပြောခဲ့တဲ့ connection setup guide က Download နဲ့ Upload Speed Test တွေကလည်း ဘယ်တော့မှ စိမ်းတဲ့ထိ ရောက်လာနိုင်မှာ မဟုတ်ပါဘူး - အဲတာကြောင့် connection setup guide ကို ပြင်ဆင်တဲ့ အချိန်မှာ စိမ်းမစိမ်းဆိုတာ ကိုယ် ပြင်ဆင်ယုံ တစ်ခုတည်းနဲ့လည်း စိမ်းလာနိုင်မယ်လို့ ကျိန်းသေပြောလို့ မရပါဘူး - ကိုယ်က ဘယ် ISPs ကို သုံးလည်း ဆိုတာပေါ်လည်း မူတည်ပါသေးတယ်။



အကိုပြောတဲ့ torrent ဖိုင်ရွေးဖို့ က ကျွန်တော် private bay မှာ ရှာကြည့်တာ ကျွန်တော် ကြည့်ချင်တဲ့ ကားက seed 10 ပဲရိှတယ်အကို..အဲတာအများဆုံးပဲ ... အဲလိုမျိုးဟာကို ဒေါင်းရင် ဘယ်လောက် ကြာလောက် လဲအကို...
အချက် ( ၃ ) ချက်ပေါ် မူတည်ပါတယ် - တစ်ချက်က seed 10 ရှိတယ်လို့ ပြပေမယ့် တကယ် ကိုယ် ဒေါင်းလုပ်ချလိုက်တဲ့ အချိန်မှာ Torrent မှာ P2P ဘယ်လောက်ထိ Seed မိသလဲ ဆိုတာပေါ် မူတည်ပါတယ်။ seed 10 လို့ မြင်ရပေမယ့် ဒါက ပုံသေ မဟုတ်ပါဘူး - တစ်ခါတစ်လေ ကိုယ် Download ချလိုက်တဲ့ အချိန်မှာ seed 10 လို့ ပြထားပေမယ့် ကိုယ်ချိတ်မိတာ 4 - 5 လောက် - တစ်ခါတစ်လေ တစ်ခုမှ မချိတ်မိတာလဲ ရှိတတ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ကိုယ့် Download Speed က ဘယ်လောက်ကောင်းလဲ ?? ဆိုလိုတာ filehippo ကနေပဲ ဖိုင်အသေးစားလေး တစ်ခုလောက် IDM နဲ့ ချကြည့်လိုက်ရင် ကိုယ့် Download Speed ကို ခန့်မှန်းလို့ ရပါတယ်။ သေချာတာ တစ်ခုကတော့ Download Speed က ၁ စက္ကန့်ကို ဆယ်ဂဏန်းလောက်ပဲ ( 10KB/s - 20KB/s ) တက်တဲ့ Speed မျိုးနဲ့တော့ Torrent က သုံးဖို့ မသင့်ပါဘူး - သုံးချင်ရင်သုံးပါ Download ချရတာ အရမ်းကြာပါလိမ့်မယ်။ တတိယတစ်ချက်က ကိုယ့်ကြည့်ချင်တဲ့ ကားက ပမာဏ ဘယ်လောက်လဲ ?? ဥပမာ ဆိုကြပါစို့ 100MB လောက် - ဒီလောက်ဆိုရင်တော့ seed 10 လို့တွေ့တာ မှန်ပေမယ့် - ကိုယ်ဒေါင်းလုပ်ချကြည့်တော့လည်း Seed 9 ခုလောက်နဲ့ ချိတ်မိတယ် - ကိုယ့် Download Speed ကလည်း 1 စက္ကန့်ကို 2 MB - 3MB - ဒီ့ထက်ပို စသဖြင့် ကျတာမျိုး ဆိုရင်တော့ ခဏပါပဲ - မကြာပါဘူး - ( ဒါဟာ မက် ၁၀၀ ပတ်ဝန်းကျင်ကို ကျွန်တော်ပြောတာပါ - အဲ့ထက် မက်များပြီး ဥပမာ ရ၀၀ - ၈၀၀ - ၁ ဂစ် - ၂ ဂစ် ဖြစ်နေရင်တော့ Seed 10 ဆိုတာ တော်တော်နည်းပါတယ် - မရနိုင်လောက်ပါဘူး - တစ်ခြား Torrent Search Engine တွေ သုံးပြီး တစ်ခြား ဆိုဒ်တစ်ခုမှာ ရှိမလား ရှာကြည့်ပါ ) ဒါတင် မက တစ်ချို့ အင်တာနက်တွေက ငြိမ်တယ် - တစ်ချို့ အင်တာနက်တွေက မငြိမ်ဘူး - ဥပမာ ပြောရရင် မြန်မာမှာဆို စကားပြောနေရင်း နက်ကျသွားတာတို့ မီးပျက်သွားတာတို့ စသဖြင့် ခဏခဏ ဖြစ်တတ်ပါတယ်။ ဒီလိုပြဿနာမျိုးတွေနဲ့ ရှုပ်ရှက်ခက်နေမယ် ဆိုရင်တော့ ဘယ်လောက်ဆို ဘယ်လောက်ကြာမယ်ဆိုတာ ကျွန်တော်ပုံသေ ပြောလို့ မရပါဘူး။

utorrent က resume ရလားအကို...
uTorrent မှ မဟုတ်ပါဘူး ဘယ် Torrent မဆို Resume ရပါတယ်။ အလွယ်ပြောရရင် အဓိကက ချလက်စ တို့လို့တန်းလန်း ဖြစ်နေတဲ့ ဖိုင်ကိုသာ ဒေါင်းလုပ်ချနေတဲ့ Directory က မရွှေ့ပါနဲ့ - တကယ်လို့ ဒေါင်းလုပ်ချနေဆဲ မပြီးသေးတဲ့ ဖိုင်ကို Directory change လိုက်ရင် Resume ပြန်လုပ်တဲ့ အခါမှာ သူ့လမ်းကြောင်းကို uTorrent က မတွေ့တော့ပဲ - Resume ပြန်လုပ်မရ ဖြစ်တတ်ပါတယ် - " ချလက်စ တို့လို့တန်းလန်း ဖြစ်နေတဲ့ ဖိုင်ကိုသာ ဒေါင်းလုပ်ချတဲ့ နေရာက မရွှေ့ပါနဲ့" လို့ ပြောခဲ့ပေမယ့် တကယ်တမ်းက ရွှေ့ချင်လည်း ရွှေ့လို့ ရပါသေးတယ် - တကယ်လို့ အကြောင်းတစ်စုံတစ်ရာကြောင့် ဒေါင်းလုပ်ချနေဆဲ တန်းလန်း Hard Drive မှာ နေရာ မဆံ့တော့လို့ တစ်ခြားတစ်နေရာကို ရွှေ့ရတော့မယ် ဆိုရင် အဲ့ဒီ့ File ကို Resume ပြန်လုပ်နိုင်ဖို့ သူ့ Torrent File ကို သိမ်းထားဖို့လိုပါတယ်။ ဖိုင်ပုံစံက ဒီလိုမျိုးပါ .torrent နဲ့ ဆုံးပါတယ်။


သက်ဆိုင်ရာ .torrent ဖိုင်ကို သိမ်းထားပြီးရင် နောက်တစ်ဆင့် အနေနဲ့ အောက်ဖော်ပြပါအတိုင်း Torrent ရဲ့ Options > Preferences မှာလည်း ကိုယ်တိုးလို့ တန်းလန်းနဲ့ ရွှေ့လိုက်တဲ့ Torrent File တည်ရှိရာ Directory အသစ်ကို ပြောင်းပေးထားရပါမယ်။ ဥပမာ ဆိုကြပါစို့ E:\Downloads


ဖော်ပြချက် အားလုံး ပြည့်စုံအောင် လုပ်ဆောင်ပြီးပြီ ဆိုရင်တော့ တိုးလို့ တန်းလန်းနဲ့ ရွှေ့လိုက်တဲ့ Torrent File ကို .torrent ကနေ တစ်ဆင့် Double click ပြန်ပေးပြီး Resume ပြန်လုပ်လို့ ရပါပြီ - အဆုံးအစွန်ဆုံး ပြောရရင် Torrent Download ဆိုတာမျိုးက ချနေရင်း နဲ့ ခဏရပ်ပြီး Windows အသစ်တင်ပြီးမှတောင် Resume ပြန်လုပ်လို့ ရပါတယ်။

ရလို့ သူ့ကို ကွန်နက်ရှင် နှစ်မျိုးနဲ့ ဒေါင်းရင် connection setup guide ကို ထပ်ပြင်ပေးရမလားအကို... (ဆိုလိုတာက အိမ်မှာနဲ့ အလုပ်မှာနဲ့က သုံးတဲ့ ကွန်နက် မတူလို့ပါ..)
ဒီမေးခွန်းကို ကျွန်တော်သိပ်နားမရှင်းဘူး - ဒါပေမယ့် ပုံစံကြည့်ရတာ laptop မှာ Torrent တင်ပြီး ရုံးမှာလည်း ချ - နောက် အိမ်ပြန်ယူလာ - အိမ်မှာလည်း ချ ဒီလိုမျိုးကို ပြောချင်တာနဲ့ တူပါတယ် - ပုံမှန်အားဖြင့်တော့ စာအုပ်ထဲက အတိုင်း ပြောရရင် သုံးတဲ့ Connection အမျိုးအစား မတူတဲ့အခါ Upload Speed - Download Speed က မတူတော့တဲ့ အတွက် connection setup guide က ပြန်လုပ်ရမှာပါ - နဲနဲချဲ့ပြောရရင် ရုံးက အင်တာနက်က ဘယ် ISPs သုံးလဲ - အိမ်က အင်တာနက်က ဘယ် ISPs သုံးလဲ ဒါတွေပေါ်လည်း မူတည်ပါသေးတယ်။ ဒါပေမယ့် ကိုနိုးတူး သုံးနေတဲ့ ရုံးက connection အမျိုးအစားနဲ့ အိမ်က connection အမျိုးအစားက Speed ချင်း သူမသာ ကိုယ်မသာပဲ ဆိုရင်တော့ ထူးပြီး ပြင်နေဖို့ မလိုပါဘူး - နဂို connection setup guide တစ်ခါ လုပ်ပြီးရင် အဲ့အတိုင်း ဆက်သုံးချင် သုံးနိုင်ပါတယ်။

ကျွန်တော် torrent တခုကို ဒေါင်းတာ အော်တို upload လုပ်နေတယ်အကို ...အဲတာ ဘာကြောင့်လဲ ခင်ဗျာ...
Torrent အတွင်းရှိ Downloading နှင့် Seeding လုပ်ငန်းစဉ်အားလေ့လာခြင်း ဆိုတဲ့ ခေါင်းစဉ်ကို နောက်တစ်ခေါက် ပြန်ဖတ်ကြည့်ပါ။

တပြိုင်တည်း download n upload ကိုလုပ်နေတော့ ဒေါင်းတဲ့ အချိန်ပိုကြာသွားလားအကို..
အဲတာက ကိုယ်သုံးနေတဲ့ internet speed ပေါ် မူတည်ပါတယ်။ Internet speed ပုံမှန်လောက် ကောင်းတဲ့ သူတစ်ယောက်အတွက် download n upload က တစ်ချိန်တည်း ဖြစ်နေလည်း ကိုယ်က Seed များများ ရထားတယ် ဆိုရင် upload လုပ်နေရပေမယ့် download speed အပေါ် သိပ်ထိခိုက်မှု သိပ်မရှိပါဘူး။ upload လုပ်တယ် ဆိုတာ ကိုယ့်လိုပဲ ဒီဖိုင်ကို လိုချင်နေတဲ့ တစ်ခြား တစ်ယောက်ကို ကိုယ်က ဝေမျှနေတာပါ - ယူတတ်ရင် ကုသိုလ်ရပါတယ်။

waste ဆိုတာဘာလဲအကို..အဲဒီထဲမှာ ပါတဲ့ ဟာလေးပါ...
Wasted ဆိုတာ အသုံးမလိုတဲ့ Data လက်ခံရရှိမှုတွေ - လက်ခံရရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပျက်ဆီးသွားတဲ့ data တွေကို အားလုံးကို ပေါင်းစုပြီး Wasted လို့ ခေါ်ပါတယ်။ အကျယ်ပြန်ရှင်းရရင် သမီးရည်းစားမဖြစ်ခင် နောက်ပိုးဘဝ အနေအထားကို ဥပမာပြုပြီး ပြန်ရှင်းပြပါ့မယ်။ ကောင်မလေး တစ်ယောက် ချစ်သူ မရှိသေးဘူး - သူလည်း ရည်းစားလိုချင်နေတယ် - ကျွန်တော်ကလည်း အဲ့ဒီ့ ကောင်မလေးကို သဘောကျတယ် / ချစ်တယ် - အဲတော့ စပြီး ပိုးပန်းတဲ့ အနေနဲ့ ပန်းစည်းလေးတွေ ပေးမယ် - ပို့စ်ကဒ်လေးတွေ ပို့မယ် - လက်ဆောင်ပစ္စည်းလေးတွေ ဝယ်ပေးမယ် - အဲတော့ P2P သဘောနဲ့ ကြည့်ရင် ကျွန်တော်တို့က ပန်းစည်း ၊ ပို့စ်ကဒ် ၊ လက်ဆောင်ပစ္စည်း ဆိုတဲ့ ( Data ) ပေးပို့သူ - ကောင်မလေးက ( Data ) လက်ခံရယူသူ - အဲလို ကောင်မလေးက လက်ခံယူတဲ့ အချိန်မှာ ကျွန်တော်တို့ လိုပဲ ကောင်မလေးကို ပိုးပန်းနေတဲ့ တစ်ခြားသူတွေ ဆီကလည်း ကောင်မလေးက လက်ဆောင်ပစ္စည်း ( Data ) တွေ တစ်ဖက်ကနေ ရနေဦးမှာပဲ - အဲတော့ ကောင်မလေးက ဘာလုပ်မလဲ - သူ့ဆီ ရောက်လာတဲ့ လက်ဆောင်တွေ ( Data ) တွေ အားလုံးကို သူလက်မခံတော့ဘူး - ပိုးကြေးပန်းကြေးရတာတွေထဲက သူ့အတွက် အသုံးလိုတာလေးတွေ လောက်ပဲ ယူမယ် လက်ခံတော့မယ် - အသုံးမလိုတာတွေဆို ဝဲပစ်မယ် - P2P မှာလည်း ကျွန်တော်တို့က ဒီဖိုင်လေး လိုပါတယ် ဆိုလို့ Torrent network ထဲက လူတွေက ( ကောင်မလေးကို ပိုးပန်းနေတဲ့ လူတွေ လက်ဆောင်ဝိုင်းပေးကြသလို ) ကျွန်တော့်ဆီကို Data တွေ လှမ်းပို့ပေးကြတယ် - သူတို့ ပေးတာ မှန်ပေမယ့် တစ်ချို့ Data တွေက ကျွန်တော်လိုတယ် - တစ်ချို့က ကျွန်တော်မလိုဘူး - လိုတာတွေဆို ကျွန်တော့် ကွန်ပြူတာက လက်ခံထားလိုက်တယ် - မလိုတာဆို ဝဲပစ်လိုက်တယ် - အဲလို ဝဲပစ်လိုက်တဲ့ Data တွေဆိုတာ ကိုနိုးတူး သိချင်တဲ့ Wasted ကိုကိုယ်စားပြုပါတယ်။

ပြီးတော့ lime wire နဲ့ torrent တွေကို ဒေါင်းလို့ရလားအကို.. သူ က ရုပ်ရှင်နဲ့ သီချင်းတွေ ကိုရှာတဲ့ software လို့ပြောလို့...ရှင်းပြပေးပါအုံးဗျာ...
Limewire နဲ့ torrent တွေကို ဒေါင်းလို့ရပါတယ်။ နည်းလမ်းကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ ရုပ်ရှင်နဲ့ သီချင်းတွေ ကိုရှာတဲ့ software လို့ ပြောရတဲ့ အကြောင်းက သူက အဲတာတွေကို အလွယ်တကူ ရှာနိုင်အောင် အဓိက ရည်ရွယ်ပြီး ထုတ်ထားတဲ့ Software ဖြစ်နေလို့ပါ - သာမာန် Torrent user တစ်ယောက် အတွက်တော့ Limewire က သုံးသုံး မသုံးသုံး ဖြစ်ပါတယ်။ နောက်ပြီး Limewire က Pro version နဲ့ Free version ဆိုတာလည်း ရှိပါသေးတယ် - ဘာတွေကွာလည်း ဆိုတာ ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။

KznT.

Related Posts