Send Your Files Quickly and Securely

Leave a Comment
ဒီအကြောင်းကိုပဲ ရေးမယ် ရေးမယ်နဲ့ တောင်လှည့် မြောက်လှည့် လုပ်နေတာ - သိထားတာတော့ ကြာပြီ - တစ်ချို့လည်း သိပြီးသား ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် - ဒါပေမယ့် ကိုယ့်မိသားစုဝင်တွေ အကြောင်း ကိုယ်သိတယ် - မြန်မာလို ဂဃနဏ တစ်လုံးမချန် ရေးပြတာတောင် ကျော်ဖတ်တဲ့သူ တော်တော်များများတယ် - တစ်ခြား ဘာသာစကားကို ဓာတ်ထည့်ပြီး ဖတ်ဖို့ဆို ပိုဆိုး - ပိုလို့တောင် မဖတ်ကြဘူး ( လူတိုင်းကို မဆိုလိုပါ ) - ဒါ ကျွန်တော် ကျွန်တော့် မိသားစုဝင်တွေကို စော်ကားတာ မဟုတ်ဘူး - ကျွန်တော် ဖြစ်စေချင်တာပါ - ခု ကျွန်တော် ရေးနေတယ် ဆိုတာတွေကလည်း ဘာမှ အထင်ကြီးလောက်စရာ မရှိဘူး - ကျွန်တော် ဖတ်ခဲ့ဖူးလို့ သိခဲ့တာတွေကို ပြန်မျှဝေတာလောက်ပဲ ရှိတယ် - ကျွန်တော်ကိုယ်တိုင်လည်း ဘာမှ မသိဘူး -

ကျွန်တော့် မိသားစုဝင်တွေကို စာဖတ်စေချင်တယ် - အင်တာနက် က လက်တစ်ကမ်းမှာ ရှိနေတဲ့ အချိန် ဘာလို့ ဂိမ်းဆော့ရင်း အချိန်ကုန်ခံမလဲ ?? Chat တက်ရင်း အချိန်ပုတ်ခံမလဲ ?? တစ်ချိန်မှာ မြန်မာနိုင်ငံ ပြန်ကြမှာပဲ မဟုတ်ဘူးလား ?? တစ်နေ့နဲ့ တစ်နေ့ သူများမျှဝေတာကို စောင့်ဖတ်နေတော့ သူများပေးသလောက်ပဲ သိမှာပေါ့ - အင်တာနက် ထဲမှာ ဘယ်သူမျှဝေတာကိုမှ စောင့်ဖို့မလိုပဲ အသင့်ခူးစားယုံ ပညာရပ်တွေ မနည်းမနောရှိတယ် - ကျွန်တော် မှန်တာ ပြောရရင် မိသားစုထဲမှာ ဖော်ပြပေးနိုင်တယ် ဆိုတာ ဥပမာ ကျွန်တော် တစ်နေ့ ( ၁၀ ) ပုဒ်လောက် ဖတ်ဖြစ်မှာ ( ၁ ) ပုဒ်လောက်ပဲ ဝေမျှ နိုင်တာမျိုးပါ - ကျွန်တော့်မှာသာ စက်တပ်ထားတဲ့ လက်ရှိရင် ဖတ်သမျှကို ပါးစပ်က ရွတ်ပြတိုင်း လိုက်ရိုက်နိုင်မယ့် စက်တစ်လုံးလောက် လိုချင်မိတယ် - အဲတာမှ ပိုပြီး ကျွန်တော့်မိသားစုတွေ စာများများ ဖတ်ရမှာ - ကဲ ထားတော့ - အဲတော့ ကျွန်တော် အကြံပြုချင်တာ စာများများ ဖတ်ကြပါ -



အရင်တုန်းက ကျွန်တော် ဒီနေရာမှာ Sharing လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်ပြီး Torrent အကြောင်း - Dropbox အကြောင်း - နောက် Opera unite အကြောင်း - ဟိုတစ်လောက နောက်ဆုံးရေးခဲ့တာတော ့Multiple File-Hosting Sites တွေအကြောင်း စသဖြင့် ရေးခဲ့ဖူးပါတယ်။ အခုဖော်ပြမှာလည်း Sharing လုပ်ငန်းစဉ် နဲ့ ပတ်သတ်ပြီး နောက်ထပ် အသုံးပြုဖို့ သင့်တော်တဲ့ Site တစ်ခု အကြောင်းပါ။

တစ်ခါတစ်လေမှာ ကျွန်တော်တို့တွေ ဖိုင်တစ်ခုခုကို ကိုယ့်အသိတစ်ယောက်ယောက်ဆီ အရေးတစ်ကြီး သို့မဟုတ် အလျင်အမြန် သို့တည်းမဟုတ် အရေးပေါ် ပို့ပေးဖို့ လိုအပ်လာတတ်ပါတယ်။ ဒီလို အခြေအနေမျိုး ကြုံတွေ့လာရရင် ပုံမှန်လုပ်ငန်းစဉ်က Email ထဲကနေ attachment နဲ့ ထည့်ချင်ထည့် ဒါမှမဟုတ် file size က အရမ်းကြီးပြန်ရင် ကျတော့လည်း Email ထဲမှာ attachment က တွဲလို့မရ - အဲလိုဆို Hosting services တစ်ခုခုဆီပြေး - အဲ့မှာ Upload တင်တာစောင့် ပြီးသွားရင် Download link ကိုယူ - ကိုယ့်အသိဆီပေး - တစ်ခါတစ်ခါ Upload တင်နေရင်းနဲ့ နက်ပြတ်တာတို့ ကျတာတို့ ဖြစ်ရင် ၁ ကနေ ပြန်စတင်ရတာမျိုးကလည်း ရှိသေးတယ်။ ဒီလို ပြဿနာမျိုးကို လူတိုင်းကြံဖူးကြမှာပါ။

နောက် IM software တြွေဖစ်တဲ့ Skype တို့ Google Talk တို့ Yahoo Messenger တို့ ဆိုတာတွေကလည်း သူတို့ သတ်မှတ်ကန့်သတ်ထားတဲ့ file size limit နဲ့ file type အတွင်းမှာပဲ ကွန်ပြူတာ တစ်ခုနဲ့ တစ်ခု file transfer လုပ်လို့ ရတာမျိုးပါ။ ဒီ IM ကနေ file ပို့တဲ့နည်းက အပေါ်မှာ ပြောထားတဲ့ Hosting services တစ်ခုခုဆီပြေးပြီး files တင်တဲ့ နည်းထက် ပိုပြီး လုပ်ရကိုင်ရ မြန်တာမှန်ပေမယ်လို့ မကောင်းတဲ့ တစ်ချက်က တစ်ယောက်သုံးတဲ့ IM ကို နောက်တစ်ယောက်က လိုက်သုံးမှ လွှဲပြောင်းလို့ ရတာမျိုးပါ - ဆိုကြပါစို့ ကျွန်တော်က MSN သုံးတယ် - ဒီလိုဆို Gtalk သုံးတဲ့သူဆီ ကျွန်တော် ဖိုင်လွှဲဖို့ဆို ကျွန်တော်က Gtalk လိုက်သုံးမှ ဖြစ်မှာပါ။ သူက ကျွန်တော့်ဆီက လိုချင်တာ ဆိုရင်လည်း Gtalk ရှိနေလျက်နဲ့ MSN သူလိုက်သုံး ရမယ် ဒါမျိုး မကောင်းကွက်လေးတွေ ရှိပါတယ်။ 

ဒီပြဿနာကို ပြေလည်စေမယ့် အကောင်းဆုံးနည်းလမ်း တစ်ခု လောလောဆယ် ကျွန်တော်တွေ့ထားပါတယ်။ အဲတာကတော့ IM ကနေ ဖိုင်ပို့သလိုပဲ လုပ်ဆောင်ရ လွယ်ကူပြီး သူများသုံးတဲ့ IM ကို လိုက် သုံးစရာမလိုတဲ့ Browser သုံး iSendr ပါ။



သူ့ရဲ့ လုပ်ဆောင်ချက်ကို အတိုချုံးပြီး မိတ်ဆက်ပေးရရင် ကျွန်တော်က ပေးပို့ချင်တဲ့ သူတစ်ယောက် ဆိုပါစို့ - ဒီလိုဆို ကိုယ်ပို့ချင်တဲ့ ဖိုင်ကို Send a File ကနေ တွဲထည့်လိုက်ပါ။ Password ပေးချင်လည်း ပေးလို့ ရပါသေးတယ်။



အဲလို တွဲထည့်လိုက်တာနဲ့ အောက်ဖော်ပြပါအတိုင်း ကျွန်တော့် ကွန်ပြူတာကနေ Direct Transfer လုပ်ပေးမယ့် Link တစ်ခု သူက ထုတ်ပေးပါလိမ့်မယ်။ 



ကျွန်တော်တို့ နောက်ဆုံး လုပ်ရမှာ အဲ့ဒီ့ link လေးကို Copy ကူးပြီး ကိုယ့် အသိမိတ်ဆွေကို ပေးလိုက်ယုံပါပဲ - ဒီနည်းက တကယ်ကို လွယ်ပါတယ် - ဘာမှ Upload တင်တာ စောင့်ဖို့လည်း မလိုပါဘူး - file size limit တွေ - file အမျိုးအစားတွေ ဘာမှ ဂရုစိုက်နေဖို့ မလိုပါဘူး - ဘယ်လောက်များ ကောင်းလိုက် သလဲဗျာ -

Download ချမယ့် သူကလည်း ကျွန်တော်တို့ ပေးလိုက်တဲ့ link ကို Copy ကူးပြီး Browser မှာ ဖွင့်လိုက်ရင် ဖြစ်ဖြစ် - Gtalk မှာဆို တိုက်ရိုက် click ပေးလိုက်ရင် ဖြစ်ဖြစ် Connecting ဖြစ်ပြီး File transfer လုပ်ငန်းစဉ်က အလိုလျောက် စတင်သွားမှာ ဖြစ်ပါတယ်။ 

တစ်ဖက်လူက Download ချပြီးသွားတာနဲ့ Sharing လုပ်ငန်းစဉ်လဲ တစ်ခါတည်း ပြီးဆုံးသွားပြီး ခုလို မြင်တွေ့ရပါလိမ့်မယ်။


အထက်ဖော်ပြပါ Sharing နည်းစနစ်က P2P ဖြစ်ပြီး အရင် ကျွန်တော်တို့ Sharing လုပ်ဆောင်နေကျ Hosting services ဆိုတဲ့ Third-Party Server တွေလည်း မပါလို့ ကိုယ့် ဖိုင်တွေနဲ့ ပတ်သတ်ပြီး လုံခြုံမှု အပြည့်ရှိတယ်လို့ ပြောလို့ ရပါတယ်။ ဒါ့အပြင် link တစ်ခုဟာ လူတစ်ယောက်ကို Share ဖို့ တစ်ခါပဲ သုံးလို့ ရတာမျိုးမို့လို့ ဒီ link ကို သုံးပြီး တစ်ခြားသူတွေက ကိုယ့် file ကို ကြားကနေ ဖြတ်ယူမယ့် အန္တရာယ်ကနေလည်း ကင်းဝေးစေပါတယ်။ ကိုယ်က ဒီဖိုင်ကိုပဲ နောက်လူတစ်ယောက်ကို ထပ် Share ချင်တယ်ဆိုရင် Send This File Again ကနေပဲ ထပ်ပြီး Share နိုင်ပါတယ်။


စမ်းသပ်ကြည့်ကြပါဦး


KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts