How to find software on the Internet

မိသားစုဝင်တွေတော့ မသိဘူး - ကျွန်တော် ကွန်ပြူတာ စသုံးခဲ့တဲ့ အချိန်တုန်းက အရူးအမူး သိချင်ခဲ့တာ တစ်ခု ရှိတယ် - အဲတာက ကိုယ့်အတွက် Software တစ်ခုခု အသုံးလိုလို့ အင်တာနက်ထဲ ဟိုဒီလိုက်ရှာ တဲ့အခါ မြန်မာဘလော့ - ဖိုရမ်စတာတွမှာ ကိုယ့်အတွက် အသုံးလိုနေတဲ့ software တွေကို full version တွေနဲ့ သူတို့တင်ပေးထားကြတာ တွေ့မိတယ် - သူတို့ တင်ပေးထားတာတော့ ဟုတ်တယ် - ဒါပေမယ့် ကျွန်တော် အမြဲ တွေးမိတာက သူတို့ ဒီ software တွေကို ဘယ်ကနေ ရှာလို့ ရကြသလဲ -

တကယ်တော့ ပိုက်ဆံနဲ့ ရောင်းတဲ့ Software ကို ဝယ်မသုံးပဲ Pirated software တွေကို သုံးတာဟာ ဗုဒ္ဓဘာသာရဲ့ အယူအရ "အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ"- သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြဉ်မည် ဆိုတဲ့ ကံကို ချိုးဖောက်ရာရောက်သလို - Software တစ်ခု ဖြစ်မြောက် လာဖို့ အချိန်ကုန်ခံ - ငွေကုန်ခံ - လူပင်ပန်းခံပြီး ကျိုးစားခဲ့ကြတဲ့ - Developer တွေ - Programmers တွေရဲ့ အားထုတ်မှုကိုလည်း တိုက်ရိုက်စော်ကားရာ ရောက်ပါတယ် - ဒါပေမယ့် တစ်ဖက်က ကြည့်ပြန်ရင်လည်း တစ်ချို့ software တွေက လက်ငင်း ဝယ်သုံးနိုင်ဖို့လောက် ထိလည်း လူတော်တော်များများ မတတ်နိုင်ကြသေးဘူး - ဒီတော့ ကျွန်တော်တို့တွေ ငရဲကြီးခံပြီး သုံးနေကြတယ် - အဲလိုဆို ကိုယ်တိုင်လည်း သုံးတယ် - သူများသုံးနိုင်ဖို့လည်း နည်းလမ်းတွေ ပြောပြမယ် - ဒေါင်းလုပ်တောင် ချပေးပြီး ပြန်တောင်တင်ပေးလိုက် သေးတယ် ဆိုရင်ရော - ငရဲက ကြီးပြီးရင်း ကြီးရင်း နေမှာပဲ - အဲတာကြောင့် တစ်ယောက်ယောက် လာတောင်းတိုင်း ခဏခဏ ငရဲကြီး ခံပြီး တင်တင်မပေးရအောင် တစ်ခါတည်းပဲ ငရဲအကြီးခံပြီး ပြောပြ လိုက်တော့မယ်လို့ စိတ်ကူးမိတယ်



Software ဝေမျှသော မြန်မာ ဘလော့များ၏ အားသာချက်များ

အခု ပထမဆုံး အနေနဲ့ ပြောပြချင်တာ Software ဝေမျှတဲ့ မြန်မာ ဘလော့တွေရဲ့ အားသာချက်နဲ့ အားနည်းချက် တစ်ချို့ အကြောင်းပါ - ဒီလို Software ဝေမျှတဲ့ မြန်မာ ဘလော့တွေ ရှိနေတော့ ဘာပဲပြောပြော -

( ၁ ) အင်တာနက်ထဲ ကိုယ်တိုင် လိုက်ရှာရ သက်သာတာပေါ့ - အဆင်လည်းပြေတယ် -

( ၂ ) အင်တာနက်ထဲက သူတို့ ရှာလို့ တွေ့ပြီး သဘောကျတာတွေကို ကိုယ့် မြန်မာလူမျိုးချင်းချင်း အသုံးချနိုင်အောင် တတ်နိုင်သမျှ မြန်မာနိုင်ငံက လူဆိုရင်လည်း ဒေါင်းလုပ်ချ လွယ်အောင် ifile တို့ mediafire တို့မှာ တင်ပြီး ဝေမျှပေးတတ်ကြပါတယ် - ( တော်ယုံ ဘယ်နိုင်ငံခြား blog - forum မှ mediafire တို့ ifile တို့မှာတင်ပေးလေ့မရှိဘူး - ဒါကို နောက်ပိုင်း နိုင်ငံခြား ဖိုရမ်တွေ ဝင်ပါများလာရင် သတိထားမိပါလိမ့်မယ် )

( ၃ ) Software အသုံးပြုပုံတွေကို အနည်းအကျဉ်းကစလို့ - အသေးစိတ်ထိ ရှင်းပြတတ်ကြသလို - အသုံးပြုပုံကို နားမလည်ရင်လည်း ကိုယ်မြန်မာချင်းချင်း စာနဲ့ရေးပြီး မေးလို့ ရတယ် -

( ၄ ) ကိုယ် အသုံးလိုတာရှိပြီး သူ့ site မှာ ရှာလို့ မတွေ့ရင် - Request လုပ်ပြီး တောင်းထားလို့ ရတယ် - စာရေးသူတွေက သူတို့အားလပ်တဲ့ အချိန်တွေမှာ ပြန်တင်ပေးထားတတ်တယ် -

ဒါပေမယ့် ကျွန်တော်က နဲနဲကွန့်တတ်တယ်ဗျ - ငယ်ငယ်တည်းက အလှူအိမ်သွားလို့ ကိုယ့်ကို မုန့်ပေးရင်တောင် တစ်ခုတည်းပေးတာမျိုး ဘယ်တော့မှ လက်မခံဘူး - " သားကိုကြီး အတွက်ပါ တစ်ခုပေး " ဆိုပြီး နှစ်ခု ရအောင် တောင်းတာ

Software ဝေမျှသော မြန်မာ ဘလော့များ၏ အားနည်းချက်များ

ခုလည်း Software ဝေမျှတဲ့ မြန်မာ ဘလော့တွေက ကိုယ်အဆင်ပြေအောင် ဖန်တီးပေးတာတော့ ဖန်တီးပေးထားတာပဲ - ဒါပေမယ့် မြန်မာ software ဝေမျှတဲ့ blog တွေ - ဖိုရမ်တွေရဲ့ အားနည်းချက်က -

( ၁ ) Update ဖြစ်တာနည်းတယ် - ဒါကလည်း စာရေးသူတွေရဲ့ အပြစ်မဟုတ်ပါဘူး - သူတို့လည်း ဝေမျှချင်တဲ့ အခြေခံစိတ်လေးနဲ့ ဝါသနာပါလို့ တစ်နိုင်တစ်ပိုင်လေး တစ်ယောက်တည်း လုပ်တာမျိုးဆိုတော့ အချိန်တိုင်း ဘယ် software တွေ အသစ်ထွက်သလဲ - နောက်ထပ် အသစ်ထွက်တဲ့ ဘယ် software ကတော့ ဘယ်လို အားသာချက်တွေ ရှိသလဲ - ဘယ် software တွေကတော့ လူကြိုက်များ - ဘယ်ကောင်ကတော့ လူသုံးနည်းပြီး အားနည်းချက်တွေ ရှိနေသလဲ စသဖြင့် တော်ယုံ ဘယ်သူမှ အချိန်ပြည့် ကြည့်မနေနိုင်ကြဘူး -

( ၂ ) နောက်ထပ် အားနည်းချက် တစ်ခုက မြန်မာဘလော့တွေ - ဖိုရမ်တွေဆိုတာ ရှင်သန်ရင်လည်း ခဏပဲ - ဒါကလည်း အားလုံးက ဝါသနာပါလို့ နိုင်ငံခြားရောက်တုန်း အချိန်ပေး အိတ်စိုက် လုပ်ကြတယ်ဆိုပေမယ့် အချိန်တန်လို့ ကိုယ့်အိမ်ကိုယ့်ယာပြန်တော့ ကိုယ်ရေးခဲ့တဲ့ blog လေး - ကိုယ်နေခဲ့တဲ့ forum လေးက လူမသိ သူမသိနဲ့ ပျောက်ဆုံး ပျက်စီးသွားကြတာမျိုး -

( ၃ ) နောက်ထပ် အားနည်းချက် တစ်ခုက ကိုယ့်အနေနဲ့ ကွန်ပြူတာသုံးတာ နဲနဲ အကျွမ်း တဝင် ဖြစ်လာပြီ ဆိုရင် Software တွေရဲ့ အားသာချက် အားနည်းချက်လေးတွေကိုလည်း တဖြည်းဖြည်း သိလာပြီး သူ့ထက် သူ့ထက် ကောင်းတာလေးတွေကို ရွေးချယ်ချင်လာတယ် - အဲ့လို အခြေအနေမှာ ကိုယ်လိုချင်ရာကို ပြည့်ပြည့်စုံစုံ ရှာလို့ ရနိုင်တဲ့ အခြေအနေမျိုး Software ဝေမျှ တဲ့ မြန်မာ ဘလော့တွေမှာ မရှိသေးဘူး - ဒါကလည်း စာရေးသူတွေရဲ့ အပြစ်မဟုတ်ဘူး - သူတို့တွေ ဆိုတာလည်း ကိုယ့် လုပ်ငန်းကိုင်ငန်းနဲ့ အားလပ်ချိန်မှ ကိုယ့် blog ရဲ့ လိုအပ်ချက် ကို ဖြည့်နိုင်တာ မျိုးမို့လို့ အချိန်ပြည့် ကွန်ပြူတာရှေ့ထိုင်ပြီး လူတိုင်းလူတိုင်းရဲ့ လိုလားချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆိုတာ မလွယ်ကူသေးဘူး -

( ၄ ) နောက်ဆုံး အားနည်းချက် တစ်ခုကတော့ အဝေးကြီးကို မကြည့်နဲ့ ကျွန်တော်တို့ ဖိုရမ်ကိုပဲ ကြည့် - Software တစ်ခုခု တင်ပေးလိုက်ရင် တင်ပေးတုန်း ခဏပဲ ကောင်းပြီး - နောက်ပိုင်း links တွေ သေသေသွားတဲ့ ပြဿနာ - ဒါကို ကျွန်တော်တို့လည်း မဖြစ်စေချင်သလို ဘယ် users မှလည်း မဖြစ်ချင်ကြဘူး - ဒေါင်းလုပ်ချလိုက်ရင် တန်းကနဲ save တက်လာတာမျိုးကိုပဲ လိုချင်ကြတာ - ဒါပေမယ့် အဲတာမျိုးက ပိုက်ဆံ မပေးနိုင်ပဲ မရဘူး - ဒီလို ပြဿနာမျိုးက Software ဝေမျှ တဲ့ မြန်မာ ဘလော့တွေမှာရော - ဖိုရမ်တွေ အားလုံးနီးပါးမှာရော ရင်ဆိုင်နေရတဲ့ ပြဿနာ -

ဒါပေမယ့် လူဆိုတာက သူများပြဿနာကို ကိုယ့်ပြဿနာလို ဖြည့်တွေးပေးတဲ့သူ ဆိုတာ ခုခေတ်မှာ မရှိသလောက်ကို ရှားသွားပြီ - သူ့ဘာသာသူ ဘာချည်း အခက်အခဲ ရှိရှိ - ကိုယ်လိုချင်တာ အရင်ရဖို့ အဓိက - ဒီစိတ်မျိုး ကျွန်တော့်မှာလည်း ရှိတယ် - အဲ့တော့ စာလိုက်ဖတ်ရတယ် - သိတဲ့သူတွေ မေးရတယ် - ကျွန်တော် ကွန်ပြူတာ သုံးတတ်စမှာ အသိတစ်ယောက် ကူညီလို့ full and free - Download ချလို့ ရတဲ့ Software site တစ်ခုနဲ့ စပြီး ရင်းနှီးခဲ့တယ် - အဲ့ကနေ အစပြုပြီး နောက်ပိုင်း လည်ရင်း ပတ်ရင်းနဲ့ full and free - Download ချလို့ ရတဲ့ Software site ဘယ်လောက်ထိတောင် များသလဲ ဆိုတာရယ် - အားလုံးထဲမှာမှ ဘယ် sites တွေက အားအထားရဆုံး ကိုယ့်အတွက် Quality အကောင်းဆုံး software တွေ အမြဲ ပေးသလဲ ဆိုတာ ပိုပြီး ရင်းနှီးလာခဲ့တယ် - ဒီလို သိခဲ့တဲ့ အသိတွေအားလုံးကို စုစည်းပြီး အင်တာနက်အတွင်း Software ရှာဖြွေခင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ အပိုင်းလိုက် တစ်ဆင့်ချင်း ဆောင်ရန် ရှောင်ရန်တွေ ပါ ဖြည့်သွင်းပြီး ဆွေးနွေးပေးသွားပါ့မယ် - နားလည်ပြီးသားသူတွေ အတွက် မလိုအပ်ပေမယ့် ကျွန်တော့်လို တစ်ချိန် မသိနားမလည်တဲ့ အခြေအနေမျိုးကနေ ခုမှစတင်မယ့် လေ့လာသူတွေ အတွက် တစ်ခုခုကို ဖမ်းဆုပ်မိလိမ့်မယ်လို့ ယုံကြည်ပါတယ် - လေ့လာသူတွေအနေနဲ့လည်း ဘာမှမသိသေးဘူး ဆိုပြီး အားမငယ်ပါနဲ့ - Generation ဆိုတာ တစ်ဆင့်ပြီး တစ်ဆင့် ကျော်တက်သွားတယ် ဆိုတာပဲ ရှိတယ် - ခုမှ စပြီး လေ့လာမယ့်သူတွေဆိုတာ တစ်ချိန်မှာ ကျွန်တော်တို့ကို ကျော်တက်မယ့် သူတွေပါ - ကျော်တက်ကြပါ ကျွန်တော်တို့ကို နောက်မှာ အပြတ်အသတ် ချန်ပြီးသာ ကျော်တက်သွားကြပါ - ဒါမှ ကျွန်တော် သိသလောက်ရေးရကျိုးနပ်မှာ - ကျော်မတက်ပဲ နောက်ကနေ တရွတ်တိုက်တော့ မလိုက်ကြပါနဲ့ - ကျွန်တော့်အတွက်လည်း လေးသလို - ကိုယ်ကိုယ်တိုင် အတွက်လည်း အကျိုးမရှိပါဘူး -

ကျွန်တော် ဒီအကြောင်းကို ရေးဖို့ အချိန်ယူနေတာ ကြာပြီ - ခုမှပဲ အစပျိုးဖြစ်တယ် - ဒီအကြောင်းရေး ဖြစ်သွားတာကလည်း လတ်တလော Linux ထဲမှာ ရေးနေတဲ့ Ubuntu နှင့် Software Management ဆိုတဲ့ အကြောင်းကို Windows နဲ့ ယှဉ်ပြီး လေ့လာသူတွေအနေနဲ့ အားသာချက် အားနည်းချက်တွေကို သုံးသပ်နိုင်အောင်ပါ - အရင် အင်တာနက်အတွင်း သီချင်းရှာဖြွေခင်း ခေါင်းစဉ်တုန်း ကတော့ တော်တော် အားပေးခဲ့ကြတယ် - ခုကော ??

အားပေးကြပါ့မလား ??

ကျွန်တော်ကတော့ အားမပေးလဲ ရေးမှာပဲ ခင်ဗျ

အင်တာနက်အတွင်း Software ရှာဖြွေခင်း ဆိုတဲ့ အကြောင်းက သိပ်ကြီးကျယ်တဲ့ အကြောင်းအရာ မဟုတ်ပါဘူး - သူ့မှာ သဘောတရားရေးရာတွေ - ကြီးကြီးကျယ်ကျယ် လေ့လာစရာတွေ အများကြီး သိပ်မရှိဘူး - ဒါပေမယ့် ဒီအကြောင်းက စာတွေ့နဲ့ လက်တွေ့ ဆက်စပ်နေမယ့် အကြောင်းအရာ ဖြစ်နေပါတယ် - အဲတာကြောင့် ဒီအကြောင်းကို ရေးမယ်ကြံတော့ အပိုင်းလိုက် အပိုင်းလိုက် စနစ်တကျလေးလည်း ဖြစ်သွားအောင် လေ့လာသူတွေအတွက်လည်း တစ်ခါဖတ်လိုက်တာ နဲ့ အလွယ်တကူ မှတ်မိပြီး အသုံးချနိုင်အောင် ကျွန်တော် ကဏ္ဍလိုက် အပိုင်းကြီး ( ရ ) ပိုင်းကို အခြေခံ အကျဆုံးကနေ စပြီး ခွဲထားလိုက်ပါတယ် - အဲတာတွေက -

( ၁ ) Ware နဲ့ဆုံးသော စကားလုံးများအား လေ့လာခြင်း
( ၂ ) အင်တာနက်အတွင်း Freeware ရှာဖြွေခင်း
( ၃ ) အင်တာနက်အတွင်း Pirated Software များ ရှာဖြွေခင်း ( ၁ )
( ၄ ) အင်တာနက်အတွင်း Pirated Software များ ရှာဖြွေခင်း ( ၂ )
( ၅ ) အင်တာနက်အတွင်း Pirated Software များ ရှာဖြွေခင်း ( ၃ )
( ၆ ) အင်တာနက်အတွင်း Pirated Software များ ရှာဖြွေခင်း ( ၄ )
( ရ ) အင်တာနက်အတွင်း Software အဟောင်းများ ရှာဖြွေခင်း
( ၈ ) နိဂုံး

ဖော်ပြထားတဲ့ အပိုင်းကြီး ( ၈ ) ပိုင်းထဲကနေ ဒီနေ့ ပထမပိုင်း စတင်လိုက်ပါတယ် -

( ၁ ) Ware နဲ့ဆုံးသော စကားလုံးများအား လေ့လာခြင်း



photo from buzzle.com

ကွန်ပြူတာမှာ ware နဲ့ဆုံးတဲ့စကားလုံးတွေ တော်တော်များများ သုံးလေ့ရှိတာ မိသားစုဝင်တွေ သတိထားမိမှာပါ - Hardware, Software, Adware, Spyware, Firmware, Shareware စသဖြင့် - အဲတာတွေ အားလုံးထဲကမှ ကျွန်တော်တို့ အခု အထူးပြုပြီး ရှာဖွေရေး လုပ်မှာ Software ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်က ခေါင်းစဉ်ခွဲငယ်လေး နှစ်ခု ဖြစ်တဲ့ freeware နဲ့ shareware ကို full ဖြစ်အောင် လုပ်ထားပြီးသား pirated software တွေကို ရှာဖွေမှာမျိုး ဖြစ်ပါတယ် - အဲ့တော့ freeware နဲ့ shareware ဆိုတာတွေကို မရှာဖွေခင် ဒီ ware နဲ့ ဆုံးတဲ့ စကားလုံးတွေရဲ့ ရည်ရွယ်ချက်နဲ့ ဆိုလိုရင်းတွေက ဘာတွေလဲ - ဒါတွေကို သိထားဖို့ လိုလာပါတယ် - ကျွန်တော် ကံကောင်းတယ် ပြောရမယ် - စစချင်း ဒီ ware နဲ့ ဆုံးတဲ့ စကားလုံးတွေအကြောင်းကို ရေးဖို့ ရှိသေးတယ် ဆိုပြီး စာတော်တော် လိုက်ဖတ်ထားသေးတယ် - ဒါပေမယ့် ဟိုတစ်နေ့က ဖိုရမ်ထဲ ဝင်တော့ အထွေထွေဗဟုသုတ အောက်မှာ ကိုပိုးကောင်လေး ရေးထားတဲ့ Ware နဲ့ဆုံးသော စကားလုံးများအား လေ့လာခြင်း ဆိုပြီး အရံသင့် သွားတွေ့လိုက်တယ် - ပျော်လိုက်တာဗျာ - ဘာပြောကောင်းမလဲ - အသေးစိတ်လေးလည်း ရေးထားပြီးသား - ကိုယ်လိုချင်တာတွေလည်း အားလုံးပါ ဆိုတော့ ကျွန်တော် ဒီနေရာမှာ အရံသင့် ယူသုံးလိုက်တာပေါ့ - အဲ့တာကြောင့် ခု ညွှန်းချင်တာ အင်တာနက်အတွင်း Software ရှာဖြွေခင်း လုပ်ငန်းစဉ်ကို မစတင်ခင် လေ့လာသူများ ကိုပိုးကောင်လေးရေးတဲ့ Ware နဲ့ဆုံးသော စကားလုံးများအကြောင်း ကို မဖတ်မိသေးရင် ဖတ်ဖြစ်အောင် အရင် ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ် -

( ၂ ) အင်တာနက်အတွင်း Freeware ရှာဖြွေခင်း

Software တွေအကြောင်း ပြောမယ်ဆိုရင် လုံးဝချန်ထားခဲ့လို့ မရတာ Freeware တွေအကြောင်းပါ - အရင်တစ်ချိန်တုန်းက Freeware တွေရဲ့ စွမ်းဆောင်ချက်ဆိုတာ Shareware တွေနဲ့ ယှဉ်လိုက်ရင် သိသိသာသာ အရောင်မိှုန်နေခဲ့ပေမယ့် တဖြည်းဖြည်း Open source တွေ နေရာယူလာမှုနဲ့ အတူ Freeware တွေရဲ့ စွမ်းဆောင်ရည်ကလည်း သိသိသာသာကြီး တိုးတက်လာပါတယ် - Shareware တွေသုံးမယ်ဆိုရင် အင်တာနက်ထဲမှာ full version တွေရဖို့ ရှာဖြွေပီး သုံးတတ်ဖို့ လိုသလို - ကိုယ်တိုင် မရှာတတ်ဘူးဆိုရင်လည်း ဟိုလူ့အားကိုးရ ဒီ့လူ့ အားကိုးရ အားကိုးတတ်ဖို့ လိုပြန်ပါတယ် - ဒီနေရာမှာ အားသာသွားချက်က Freeware ပါ - Freeware တွေဟာ Registration လုပ်ဖို့ မလိုသလို ပိုက်ဆံနဲ့ ဝယ်သုံးဖို့လည်း မလိုပါဘူး - ဒါ့အပြင် စွမ်းဆောင်ရည်ကလည်း Shareware တွေနဲ့ နင်လားငါလား ယှဉ်နိုင်လာတာမို့လို့ ခုခေတ် အခြေအနေမှာ Apps တွေကို သေချာ စီစစ်အသုံးပြုကြည့်မယ် ဆိုရင် Window တစ်ခုလုံးနီးပါး Freeware နဲ့ လည်ပတ်လို့ ရနိုင်တဲ့ အနေအထားထိ ဖြစ်လာပါတယ် -

အင်တာနက်တွင်းမှာ Freeware နဲ့ trial software ( Shareware ) တွေကို တရားဝင် ဒေါင်းလုပ်ချခွင့် ပြုထားတဲ့ websites တော်တော်များများ ရှိပြီး အဲတာတွေ အားလုံးကို ကျွန်တော်တို့ သိထားဖို့ မလိုအပ်ပါဘူး - ဘာကြောင့်လဲဆို websites တွေ အများကြီး သိထားလည်း တကယ်တမ်း လိုအပ်တဲ့ အချိန်မှာ ကျွန်တော်တို့ ဝင်ဖြစ်တာ ကိုယ့်အတွက် ရှာဖွေရလွယ်ကူပြီး စုံစုံလင်လင်ရှိတဲ့ sites တစ်ခု နှစ်ခု လောက်ပဲ အဓိက ဝင်ဖြစ်တာပါ - ဒါ့ကြောင့် အားလုံးထဲက ကိုယ့်အတွက် အမှန်တကယ် အသုံးတည့်မယ့် Freeware တွေကို Update ဖြစ်ဖြစ်နဲ့ စုံစုံလင်လင် ဖြစ်အောင် ဖြည့်ဆည်းပေးနေတဲ့ websites ( ၈ ) ခုနဲ့ ပထမဆုံး မိတ်ဆက်ပေးချင်ပါတယ် - ဒီ ဆိုဒ်တွေမှာ Freeware လည်း ရသလို အပေါ်မှာ ဖော်ပြခဲ့ပြီးတဲ့ trial software ( Shareware ) တွေလည်း ရရှိနိုင်ပါတယ် -

လတ်တလောမှာ Websites တွေကို မဖော်ပြသေးခင် သတိပြုသင့်တဲ့ အချက်တွေ အကြောင်း ပထမဆုံး ဆွေးနွေးပေးချင်ပါတယ် -

သတိပြုရန် အချက်များ

( ၁ ) Site ၏ အပြင်အဆင်အား ဦးစွာ လေ့လာပါ

Site တစ်ခုကို ရောက်ခဲ့ပြီး ကိုယ်လိုချင်တဲ့ Software တွေ မရှာဖွေခင်မှာ လေ့လာသူ/ရှာဖွေသူ တစ်ယောက်အနေနဲ့ အဓိက ဆန်းစစ်သင့်တာ ကိုယ်ရောက်နေတဲ့ Website တစ်ခုရဲ့ အပြင်အဆင်ပါ - ဒါကို ဥပမာ ပေးဖို့အတွက် ကျွန်တော် download.cnet.com ကို ဥပမာ အဖြစ် ရွေးချယ်ထားပါတယ် - Software download ကို ဝေမျှပေးနေတဲ့ sites တွေဟာ ပုံမှန်အားဖြင့် သူ့ရဲ့ Homepage မှာ users တွေ အားလုံးအတွက် အခြေခံအားဖြင့် လိုလားချက် တူညီမယ့် အကြောင်းအရာတွေကို စုစည်း ဖော်ပြထားလေ့ ရှိပြီး -


ရှာဖွေရလွယ်ကူအောင် သူတို့ Sites တွေမှာ ရှိနေတဲ့ အကြောင်းအရာတွေ အားလုံးကို Categories အလိုက်လည်း အောက်ဖော်ပြပါအတိုင်း စုစည်းပေးထားတတ်ပါတယ် -


သာမန်ကာလျှံကာ ကြည့်ရင် အရေးမပါဘူးလို့ ထင်ရတဲ့ Websites တစ်ခုရဲ့ ဒီ အစိတ်အပိုင်းတွေဟာ Software တစ်ခုကိုကို နာမည် တိတိကျကျ မသိပဲ ရှာဖွေချင်ရင် ဖြစ်ဖြစ် - သဘောတရားတူပြီး စွမ်းဆောင်ရည်ကွဲလွဲမယ့် တစ်ခြား software အသစ်တွေကို စမ်းသပ်ချင်ရာမှာ ဖြစ်ဖြစ် အရမ်း အသုံးတည့်ပါတယ် - ဆိုကြပါစို့ - အပေါ်မှာ ဖော်ပြထားတဲ့ Categories ထဲက Browsers ဆိုတဲ့ ခေါင်းစည်းအောက်ကို ဝင်လိုက်မယ် ဆိုရင် အရင်က Firefox နဲ့ Google chrome လောက်ပဲ browser လို့ သိထားတဲ့ ကျွန်တော်တို့အတွက် နောက်ထပ် ရွေးချယ်နိုင်စရာ တစ်ခြား browser ပေါင်း ဘယ်လောက်တောင်များ ရှိနေမလဲ ဆိုတာ မြင်တွေ့နိုင်ပါတယ် - တကယ်လို့ ကိုယ်က ကွန်ပြူတာရဲ့ Security ပိုင်းဆိုင်ရာနဲ့ ပတ်သတ်နေတဲ့ Antivirus / Internet Security / Spyware Removers စတာမျိုး လိုချင်တာဆိုရင် Security software အောက်ကို ဝင်ရှာရမှာပါ -

( ၂ ) Search box အား အသုံးပြုပါ

တကယ်လို့ ကိုယ်က ကိုယ်လိုချင်တဲ့ software နာမည်ကို တိတိကျကျ သိပြီး ဘယ်နားမှာ ရှိမှန်း မသိ ဖြစ်နေရင်တော့ ဖော်ပြပါ websites တွေမှာ အသင့်ထားထားပေးတဲ့ Search box တွေကနေ အလွယ်တကူ ရှာဖွေနိုင်ပါတယ် -


( ၃ ) Download မယူခင် ဆန်းစစ်ပါ


ကိုယ်ရှာဖွေတွေ့ရှိထားတဲ့ Software ကို ဒေါင်းလုပ်မချခင် ဆန်းစစ်ဖို့ လိုသေးတဲ့ နောက်အချက်တွေ ရှိပါသေးတယ်
- အဲတာတွေက ကိုယ် download ချမယ့် software ရဲ့ အသုံးချလို့ ရမယ့် Operating system တွေက ဘာတွေလဲ : Windows XP/Vista/7
- သူက Freeware လား - Shareware လားဆိုတာ ဆုံးဖြတ်ပေးမယ့် Price: Free / Shareware
- ဘယ်နေ့က ထွက်တာလဲ / Update ကျရဲ့လား မကျဘူးလား ဆိုတာ ဆန်းစစ်ပေးမယ့် Date added: December 02, 2010
- စသဖြင့် အကြောင်းအရာတွေကို ဒေါင်းလုပ်မချခင်တည်းက ဆန်းစစ်ထားဖို့လိုပါတယ် - ဒါတွေကို Download မချခင်မှာ မဆန်းစစ်ရင် Download complete ဖြစ်ကာမှ စက်မှာ သုံးမရတာမျိုးတွေ - Update မဖြစ်ပဲ date အောက်နေတာမျိုးတွေ - Price ကိုမကြည့်ခဲ့မိလို့ Install လုပ်ပြီးကာမှ ပိုက်ဆံတောင်း ခံရတာတွေ စသဖြင့် ဖြစ်လာတတ်ပါတယ် -
Free-To-Try Software Websites များနှင့် မိတ်ဆက်ခြင်း

အပေါ်မှာ ဖော်ပြခဲ့ပြီးတဲ့ အခြေခံတွေကို သတိထားမိပြီ ဆိုရင် ဒီနေ့ ဆက်သွားမှာ အင်တာနက်အတွင်း Freeware ရှာဖြွေခင်းရဲ့ နောက်ဆက်တွဲ Website မိတ်ဆက်ခြင်း ကဏ္ဍပါ - ဖော်ပြခဲ့ပြီးသလို Freeware နဲ့ trial software ( Shareware ) တွေကို တရားဝင် ဒေါင်းလုပ်ချခွင့် ပြုထားတဲ့ websites တွေတော်တော်များများ အင်တာနက်ထဲမှာ ရှိပေမယ့် အားလုံးထဲကမှ by heart သိထားသင့်ပြီး Updated software တိုင်းကို အမြဲတမ်း မျက်ခြေမပြတ် စောင့်ကြည့်ချင်မယ့် သူတိုင်းအတွက် အကောင်းဆုံး Download Source တွေကို မိတ်ဆက်ပေးလိုက်ပါတယ် -

( 1 ) Filehippo.com


Filehippo ရဲ့ အပြင်အဆင်က ရိုးရိုးလေးနဲ့ လိုအပ်တဲ့ Freeware မှန်သမျှကို ခေါင်းစည်းလိုက် စဉ်ပေးထားတာမို့လို့ စက်မှာ Freeware တစ်ခုခု လိုတိုင်း ကျွန်တော် အရောက်ဖြစ်ဆုံး ဆိုဒ် တစ်ခုပါပဲ - သူ့ဆီမှာ နောက်ဆုံးထွက်တဲ့ Updated Versions တွေသာ မက သက်ဆိုင်ရာ Software တိုင်းရဲ့ အရင်ထွက်ရှိခဲ့ပြီးသား versions အဟောင်းတွေကိုပါ တွဲဆက်ဖော်ပြထားလေ့ ရှိပြီး မိမိစက်နဲ့ အဆင်ပြေမယ့် versions ကို အလွယ်တကူ ရှာဖွေရယူနိုင်ပါတယ် -



Filehippo ကနေ ဒေါင်းလုပ်ချမယ် ဆိုရင် ကိုယ် ဒေါင်းလုပ်ချမယ့် Software ဟာ Freeware လား - Shareware လား - Requirements က ဘာတွေလဲ ဆိုတာ အပေါ်မှာ ဖော်ပြထားတဲ့ အတိုင်း သက်ဆိုင်ရာ Software ရဲ့ Techanical tab အောက်မှာ ကြည့်လို့ ရပါတယ် - Change log အောက်မှာတော့ Version တစ်ခုနဲ့ တစ်ခု ပြောင်းလဲသွားတိုင်းမှာ ထူးခြားသွားတဲ့ ပြင်ဆင်ချက်တွေကို လေ့လာနိုင်ပါတယ် -

( 2 ) Download.com


Download.com က ကျွန်တော် အပေါ်မှာ ဖော်ပြခဲ့ပေးပြီးတဲ့ ပို့စ်မှာလည်း အထိုက်လျောက် မိတ်ဆက်ခဲ့ပေးပြီးသားမို့ ထူးပြီး မိတ်ဆက်ပေးဖို့ လိုမယ် မထင်တော့ပါဘူး - Download.com ဟာ အင်တာနက်က largest download website လို့ ပြောရင် မှားမယ်တောင် မထင်ဘူး - ဘာလို့လည်း ဆို Google search box မှာ Download ဆိုပြီး ရိုက်လိုက်တာနဲ့ ထိပ်ဆုံးမှာ တန်းတက်လာတာ download.cnet.com ပဲ မဟုတ်ပါလား -

( 3 ) Sourceforge.net


Sourceforge က free software ဝေမျှတယ်ဆိုပေမယ့် သာမန် Windows users တွေအတွက် ဆိုတာထက် Open Source developers တွေအတွက် ပို သင့်တော်ပါတယ် - သူ့မှာ ရှိတဲ့ free software တွေထဲမှာ ကျွန်တော်တို့ သိထားပြီးသား Open Office, Firefox, Thunderbird, FileZilla, Gimp, VLC media player ဆိုတာတွေလည်း ရှိသလို ကျွန်တော်တို့ လုံးဝ မသိသေးတဲ့ တစ်ခြား Open Source Project အတွက် ရည်ရွယ်ပြီး စမ်းသပ်နေတဲ့ တစ်ခြား package တွေလည်း အများအပြား ရနိုင်ပါတယ် -

( 4 ) Freewarefiles.com


Freewarefile.com ကတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ Websites တွေနဲ့ တော်တော်လေးကို ခြားနားသွားပါပြီ - ဒီ website ဟာ Shareware လုံးဝ မတင်ပဲ Freeware ချည်းပဲ ၁ သောင်းခွဲ ကျော်, ကျော်ကို တစ်နေရာတည်းကနေ အလွယ်တကူ ဒေါင်းလုပ်ချပြီး Free အသုံးပြုနိုင်အောင် စုစည်းပေးထားတဲ့ နေရာပါ - ဘာတစ်ခုမှ Crack စရာ Hack စရာမလိုတဲ့ fully free software တွေကိုမှ သုံးချင်တဲ့ Free users များ လက်မလွှတ်ချင်စရာ Site ကောင်းတစ်ခုပါပဲ -

( 5 ) Freewarehome.com


Freewarehome ကလည်း freeware software တွေ Download ချလို့ ကောင်းတဲ့ နောက်ထပ် site ကောင်းတစ်ခုပါပဲ - ဒီ website ရဲ့ ထူးခြားချက်က ကိုယ်လိုချင်တဲ့ free software ကိုရှာယူဖို့ ရိုးရိုး Search box တစ်ခုတည်းတင်မက Advanced search ပါ, ပါတာမို့လို့ တစ်ခုခုအမြန် လိုချင်တဲ့ အချိန် မှာ ရှာရ ဖွေရ အချိန်ကုန် သက်သာစေပါတယ် - Categories တွေကိုလည်း ကဏ္ဍလိုက် စနစ်တကျ စုစည်းပေးထားသေးတာမို့လို့ နှစ်သက်ရှာ ကဏ္ဍ အောက်ကို ဝင်ပြီး ရှာဖွေဖို့လည်း အဆင်ပြေစေ ပါတယ် -

( 6 ) Bestfreewaredownload.com


Bestfreewaredownload ကလည်း Freeware တွေ စုထားပေးတဲ့ website တစ်ခုပါ - ကိုယ် download ချမယ့် Software ရဲ့ Details အပြည့်အစုံကို ကြည့်လို့ ရသလို - Rating တွေကိုလည်း ပူးတွဲ လေ့လာနိုင်ပါတယ် -

( 7 ) Softpedia.com


Softpedia ကိုတော့ တစ်ခြား Websites တွေနဲ့တင် အဆင်ပြေနေလို့ ကျွန်တော် သိပ်မရောက်ဖြစ်ဘူး - သူကလည်း Download.com လိုပါပဲ - သူ့မှာ ထူးခြားတာ တစ်ခုက MAC, Linux နဲ့ mobile OS တွေအတွက်ပါ Software download ပေးထားပါတယ် -

( 8 ) Snapfiles.com


Snapfile က freeware - shareware downloads နှစ်ခုလုံး ရပါတယ် - တစ်ခြား site တွေမှာ အဆင်ပြေနေတာနဲ့ ဒီကို တော်ယုံ ရောက်ဖြစ်မယ်တောင် မထင်မိပါဘူး - ဒါပေမယ့် သူလည်း resource ကောင်းတစ်ခုပါ -

ကျွန်တော် ခု ဖော်ပြခဲ့ပြီးတဲ့ Websites တွေကို လေ့လာပြီးရင် အင်တာနက်ထဲမှာ Software download ပေးတဲ့ ဆိုဒ်တွေ အတော်များများရှိပေမယ့် အားလုံးကို မသိရင်တောင် အရေးပါတဲ့ ဆိုဒ်တွေကို သိထားခြင်းအားဖြင့် ကိုယ့်အတွက်လိုအပ်မယ့် Freeware တွေ ရယူနိုင်ဖို့ လုံလောက်တယ် ဆိုတာ သိသာစေပါလိမ့်မယ် -

အင်တာနက်အတွင်း Freeware ရှာဖြွေခင်း အပိုင်း ဒီမှာပြီးလို့ နောက်ရက်တွေမှာ Shareware တွေကို Full and Free versions တွေ ရအောင် အင်တာနက်ထဲ ဘယ်လိုရှာဖွေရမယ် ဆိုတာ ဆက်ပြီး ဖော်ပြသွားနိုင်ဖို့ ကြိုးစားသွားပါ့မယ် - 
( ၃ ) အင်တာနက်အတွင်း Pirated Software များ ရှာဖြွေခင်း ( ၁ )

အလုပ်နဲနဲ ရှုပ်နေလို့ ဒီနေ့ စာရေးနဲနဲ နောက်ကျသွားတယ် - အချိန်မနှောင်းခင် နောက်တစ်ပိုင်းလေး ဆက်ပါဦးမယ် - အင်တာနက်အတွင်း Pirated Software များ ရှာဖြွေခင်းကို အပိုင်း ( ၁ ) - ( ၂ ) - ( ၃ ) ဆိုပြီး ခဲွရေးရတဲ့ အကြောင်းက ကျွန်တော်တို့တွေ Pirated Software ရှာဖွေတာချင်း တူပေမယ့် ရှာဖွေရမယ့် နေရာချင်း မတူလို့ သုံးမျိုး ခွဲထားလိုက်တာပါ - အခု အပိုင်း ( ၁ ) မှာ ရေးမယ့် Pirated Software ရှာဖြွေခင်း အပိုင်းမှာ အမြဲတမ်း Update ဖြစ်ပြီး လူသုံးများတဲ့ နိုင်ငံခြား ဖိုရမ်တွေကို အဓိက Target ထားပြီး ကိုယ်လိုချင်တဲ့ Software တွေ ရအောင် ဘယ်လို ရှာဖွေရယူမယ် ဆိုတာ ဖော်ပြသွားပါမယ် - တစ်ချို့ကတော့ Quantity ကို သဘောကျတယ် - ကျွန်တော်ကတော့ Quality ကို တန်ဖိုးထားတယ် - ဒါ့ကြောင့် အင်တာနက်မှာ မိှုလိုပေါက်အောင် Software မျှဝေတဲ့ ဖိုရမ်တွေ အများအပြား ရှိပေမယ့် အားလုံးထဲကမှ အကောင်းဆုံး ဖိုရမ်တွေကိုပဲ ဦးစားပေး ဖော်ပြသွားပါ့မယ် - Freeware တွေ အကြောင်းရေးတုန်းကလိုပဲ ဖိုရမ် တည်ရှိရာ နေရာတွေ မဖော်ပြခင် သတိပြုရန် အချက်များကို အရင်ဆုံး ဖော်ပြပေးချင်ပါတယ် - လေ့လာသူများ အနေနဲ့ ဒီအချက်တွေကို ဦးစားပေး လေ့လာစေချင်ပါတယ် -

သတိပြုရန် အချက်များ

( ၁ ) ဖိုရမ် ၏ အပြင်အဆင်အား ဦးစွာ လေ့လာပါ

နိုင်ငံခြား ဖိုရမ်တွေဆိုတာ ကျွန်တော်တို့ မြန်မာဖိုရမ် အပြင်အဆင် တည်ဆောက်ပုံတွေနဲ့ သိပ်အများကြီး မကွာလှပါဘူး - ဒါပေမယ့် အဓိက ကွာခြားချက်တစ်ခုက နိုင်ငံခြား ဖိုရမ်တွေဟာ ကျွန်တော်တို့ မြန်မာဖိုရမ်တွေလို ကဏ္ဍခွဲတွေ သိပ်များများ စားစား မရှိဘူး - ကျွန်တော်တို့ မြန်မာဖိုရမ်တွေမှာ ဆိုရင် ကွန်ပြူတာကဏ္ဍ - အင်ဂျင်နီယာ ကဏ္ဍ - စာအုပ်စင် - ဘာသာ သာသနာ - အာလာပ သလာပ - ခံစားချက် - ဗွီဒီယို - သီချင်း စသဖြင့် ကဏ္ဍခွဲတွေ အများအပြား ဖွင့်ထားပေးပေမယ့် နိုင်ငံခြား ဖိုရမ်တွေက ကိုယ့် ဖိုရမ်နာမည်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကိုပဲ ဖိုရမ်ခဲွတွေ အဖြစ် ထားကြလေ့ ရှိပါတယ် - ဆိုလိုတာ Software မျှဝေတဲ့ ဖိုရမ်ဆိုရင် Users တွေ အတွက် လိုအပ်မယ့် Applications / Games / Movies တွေအကြောင်း ဖော်ပြ / Download ချဖို့ နေရာ - လိုတာရှိရင် တောင်းဖို့နေရာ - အကူအညီ ကဏ္ဍနဲ့ စည်းမျဉ်းစည်းကမ်း ဒီလောက်ကိုပဲ အသားပေး ပြင်ဆင်ထားတတ်ပါတယ် - အပြင်အဆင်အားဖြင့် သိပ်ရှုပ်ရှုပ်ထွေးထွေး မရှိလို့ ကျွန်တော်တို့ လိုချင်တဲ့ Full and Free Software တွေ ရှာဖို့ဆိုတာလည်း သိပ် ခဲခဲယဉ်းယဉ်း မရှိလှပါဘူး -

ကျွန်တော်တို့ လိုချင်တဲ့ Full and Free Software တွေ ဟာ များသောအားဖြင့် ဖိုရမ်ကို စဝင်ဝင်ချင်း မြင်သာ သိလွယ်တဲ့ ထိပ်ပိုင်းနားက Applications / Windows / Operating System စတဲ့ ခေါင်းစဉ်မျိုးတွေ အောက်မှာ 90 % ရှိနေတတ်ပါတယ် - ဖိုရမ် တစ်ခုနဲ့ တစ်ခု ပြင်ဆင်ပုံချင်း မတူလို့ ဖိုရမ်ခွဲ ခေါင်းစဉ်နာမည် မတူတာမျိုး ရှိကောင်းရှိနိုင်ပါတယ် - ဒါပေမယ့် ရှာရခက်လောက်တဲ့ အနေအထားမျိုးထိ မဖြစ်တတ်ပါဘူး - ဖော်ပြပါစာလုံးမျိုးတွေနဲ့ တိုက်ရိုက်ဖြစ်ဖြစ် - အဓိပ္ပါယ် ခပ်ဆင်ဆင် ဖြစ်ဖြစ်တူတဲ့ ခေါင်းစည်းမျိုးနဲ့ ဖိုရမ်ခွဲကို တွေ့ရင် အဲ့ဒီ့ ခေါင်းစဉ်ကို click ပေးပြီး အထဲကို ဆက်ဝင်ရမှာပါ - အဲလိုဆို ကျွန်တော်တို့ လိုချင်တဲ့ Full and Free Software တွေ ဝေမျှရာ နေရာကို ရောက်ပါလိမ့်မယ် -



( ၂ ) Search function အား အသုံးပြုပါ

တစ်ခါတစ်လေမှာ ဖော်ပြထားချက်အတိုင်း Apps တွေ ဝေမျှတဲ့ ဖိုရမ်ခွဲထဲကို ရောက်သွားပေမယ့် ကိုယ်လိုချင်တဲ့ Software ကို ရှာလို့ မတွေ့ ဖြစ်နေတတ်ပါတယ် - ဒီအချိန်မှာ ကိုယ်လိုချင်တဲ့ Software ကို အမြန်ဆုံး တွေ့ရှိနိုင်ဖို့ Search function ကို အသုံးပြုနိုင်ပါတယ် - ဖိုရမ်တွေရဲ့ Search function ဟာ Website တွေမှာလိုမျိုး box တစ်ခု အနေနဲ့ သီးသန့် ရှိမနေတတ်ပဲ အောက်ဖော်ပြပါအတိုင်း Menu bar မှာ သီးခြား တည်ရှိနေတတ်ပါတယ် -



အဲ့ဒီ့ထဲကို ဝင်ပြီး အဓိကကျတဲ့ Search terms တွေနဲ့ ရိုက်သွင်းရှာဖွေနိုင်ပါတယ် - Search terms တွေ ထည့်သွင်းရာမှာ စာလုံးကို တတ်နိုင်သမျှ လိုရင်းတိုရှင်းဖြည့်သွင်းရှာဖွေပါ - ရှည်လမျောတွေ ရိုက်ပြီး ရှာရင် Search Result မှာ ဘာတစ်ခုမှ မတွေ့ပဲ ဖြစ်တတ်ပါတယ် - ဆိုလိုတာ ကျွန်တော်တို့က Microsoft office 2010 rtm volume x86 dvd english ဆိုပြီး သိထားတယ် ဆိုကြပါစို့ - ဒါပေမယ့် Search terms ထဲမှာ ရှာတဲ့အခါ အဲ့စာလုံး အားလုံးကို ထည့်မရှာပဲ Microsoft office 2010 ဆိုယုံလောက်ပဲ ထည့်သွင်းရှာဖွေပါ -


အဲလိုဆို အောက်ဖော်ပြပါ အတိုင်း Result အများအပြား ကျလာပါလိမ့်မယ် - အဲ့ထဲက နှစ်သက်ရာကို ခေါင်းစဉ်ကို click ပေးပြီး ဆက်သွား ယူလိုက်ယုံပါပဲ - ဖိုရမ်တော်တော်များများမှာ Advanced Search ပါ ရှိနေတတ်ပြီး Search terms ရဲ့ စာလုံး အပြောင်းအလဲကို ( + / - / ... ) Search Operators တွေ တွဲကစားခြင်းအားဖြင့်လည်း တိကျတဲ့ Result တွေရအောင် ပြောင်းယူနိုင်ပါတယ် -



( ၃ ) Download မယူခင် ဆန်းစစ်ပါ

ကိုယ်လိုချင်တဲ့ Software ခေါင်းစဉ်ရှာတြွေပီ ဆိုရင် ဒေါင်းလုပ်ချဖို့ စိတ်မလောပါနဲ့ - လူဝင်များတဲ့ နိုင်ငံခြား ဖိုရမ်တစ်ချို့ဟာ တစ်နေ့ကို Online users 5000 - 10000 ကြားမှာ ရှိတတ်ပြီး ကျွန်တော်တို့ မြန်မာဖိုရမ်တွေထက် လူဝင်လူထွက် ပိုများသလို လူမျိုးလည်းစုံပြီး စရိုက်လည်းစုံပါတယ် - ဒါ့ကြောင့် ကိုယ်လိုချင်တဲ့ Software ခေါင်းစဉ်ရှာတွေတိုင်း စိတ်ချရတယ်လို့ အာမမခံနိုင်ပါဘူး - တစ်ချို့ ခေါင်းစဉ်တွေဆိုရင် ကြီးကြီးကျယ်ကျယ် လူစိတ်ဝင်စားအောင် ရေးထားတတ်ပြီး တကယ်တမ်း ဒေါင်းလုပ်ချကြည့်လိုက်တဲ့ အခါ ဟိုးပဝေသဏီက Update မဖြစ်တဲ့ Software မျိုးတွေ ဖြစ်နေတတ်သလို - Full and Free ဆိုပြီး ဒေါင်းလုပ်ချလိုက်တော့ key မပါ / Crack မပါ / keygen မပါလာတာ မျိုးတွေ - Links ပေးထားပေမယ့် Download ချရ အင်မတန်ခက်တဲ့ Uploading sites တွေမှာ တင်ထားတာမျိုးတွေ စသဖြင့် ဖြစ်နေတတ်ပါတယ် -

ဒီလို ပြဿနာမျိုးကနေ အတတ်နိုင်ဆုံး ရှောင်နိုင်မယ့် နည်းကတော့ ကိုယ်လိုချင်တဲ့ Software ခေါင်းစဉ်နဲ့ Thread ကို တွေ့ရင် အချက်သုံးချက် ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ် - အဲ့အချက်တွေက


- Author ဘယ်သူလဲ ??
- လူစိတ်ဝင်စားမှု ဘယ်လောက်ရှိသလဲ ?? နဲ့
- Replies ဘယ်လောက်များသလဲ ?? ဆိုတဲ့ အချက်တွေပါ -

ဥပမာ ပြရရင် - အောက်ဖော်ပြပါ ပုံကိုကြည့်ပါ -



အထက်ဖော်ပြပါ ပုံမှာ မြင်ရတဲ့ အတိုင်း Internet Download Manager [IDM] v6.04 Build 2 ဆိုတဲ့ ခေါင်းစဉ်ချင်းတူပေမယ့် လူစိတ်ဝင်စားမှုနဲ့ Download ချမှု အရေအတွက်က သိသိသာသာ ကွာတာ သတိထားမိပါလိမ့်မယ် - ခုလိုမျိုး ရွေးချယ်စရာ ရှိလာတဲ့ အခါ အစိမ်းနဲ့ ဝိုင်းပြထားတဲ့ လူစိတ်ဝင်စားမှုနဲ - Reply နည်းတဲ့ Thread တွေကို ရှောင်ပြီး အနီရောင်နဲ့ ဝိုင်းပြထားတဲ့ အတိုင်း လူစိတ်ဝင်စားမှုများ Reply များတဲ့ Thread မျိုးကို ရွေးသင့်ပါတယ် - ဘာကြောင့်လည်းဆို အဲလို Thread မျိုးကို ရွေးခြင်းအားဖြင့် ယေဘုယျအားဖြင့် ကိုယ်သုံးမယ့် Software တော်တော်များများဟာ Safe ဖြစ်ပြီး Error နည်းတတ်ပါတယ် - Reply များတာ နဲတာဟာ Thread ကောင်းခြင်း မကောင်းခြင်းနဲ့ သိပ်ပတ်သတ်မှုတော့ မရှိပါဘူး - တစ်ချို့ Thread တွေဟာ Quality ကောင်းပေမယ့် သူ့ဘာသာသူ စိတ်ဝင်စားမှု မခံရတာမျိုးတွေလည်း ရှိတတ်ပါတယ် - Author ဘယ်သူလဲ ?? ဆိုတာ ဆုံးဖြတ်ဖို့ကတော့ နောက်ပိုင်း Software တွေ ဒေါင်းလုပ်ချပြီး သုံးတာ များလာတဲ့ အခါ လူနာမည်တွေ့တာနဲ့ ဒီလူဆို စိတ်ချရတယ် - သူတင်တဲ့ Software တွေ Error နည်းတယ်ဆိုတာ အလိုလို တန်းသိသွားပါလိမ့်မယ် - လတ်တလောမှာတော့ စတင်လေ့လာသူ တစ်ယောက်အနေနဲ့ Author ဘယ်သူလဲ ?? ဆိုတာကြည့်ပြီး Thread ကောင်းမကောင်း ဆုံးဖြတ်ဖို့ မလွယ်နိုင်ပါဘူး -

နိုင်ငံခြား ဖိုရမ်တွေနဲ့ ပတ်သတ်ပြီး သတိပြုရမယ့် အချက်တွေကတော့ ဒီလောက်ပါပဲ - နောက်နေ့မှာ Software တွေကို Full and Free - Download ချလို့ ရမယ့် ဖိုရမ်ကောင်းတွေရဲ့ lists နဲ့ အတူ အားသာချက် အားနည်းချက်လေးတွေပါ ဖော်ပြပေးသွားပါဦးမယ် -
Forums များနှင့် မိတ်ဆက်ခြင်း

Software လေး တစ်ခု သုံးနေတာ အရမ်း သဘောကျနေတယ် - ဒါပေမယ့် Trial Version ဖြစ်နေတော့ ရက်ကလည်း သိပ်မကျန်တော့ဘူး - ဖိုရမ်တွေမှာ တောင်းရင်လည်း Reply ပြန်တာ စောင့်နေရတာမျိုး သဘောမကျလို့ သိပ်အားမကိုးချင်ဘူး - စသဖြင့် ဖြစ်နေရင် မိမိကိုယ်ကို အားကိုးပြီး အောက်ဖော်ပြပါ ဖိုရမ်တွေမှာ အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေနဲ့ ကိုယ်ကိုယ်တိုင် ဝင်ရောက်ရှာဖြွေကည့်ပါ - အင်တာနက်ထဲမှာ Software အားလုံးနီးပါးကို Full-And-Free မျှဝေပေးနေတဲ့ ဖိုရမ်တော်တော်များများရှိပြီး - အရေအတွက်ထက် အရည်အသွေးကို ကျွန်တော့်အနေနဲ့ ပိုတန်ဖိုးထားတာမို့လို့ အားလုံးထဲက အသင့်တော်ဆုံး ဖိုရမ် ( ၁၁ ) ခုကို အောက်မှာ ဖော်ပြလိုက်ပါတယ် -

( မှတ်ချက် - တစ်ချို့ဖိုရမ်တွေဟာ ဖိုရမ်ထဲက Thread တွေကို ကြည့်ရှုဖို့ အတွက် Register လုပ်ထားဖို့ လိုပြီး တစ်ချို့ဖိုရမ်တွေကတော့ Register user မဟုတ်လည်း Comment ရေး - Posts တင်တာ လုပ်လို့မရတာက လွဲရင် ပုံမှန်အတိုင်း Software ဝင်ရောက် ရှာဖွေနိုင်ပါတယ် - ဒါပေမယ့် Software တစ်ခုခု အမြန်ရှာချင်လို့ Advanced search ကို သုံးချင်ပြီ ဆိုရင် Register လုပ်ထားဖို့ လိုပြန်ပါတယ် )

( 1 ) Warez-BB


Warez-BB ဟာ ကျွန်တော် အဝင်ဖြစ်ဆုံး ဖိုရမ်ပါ - Users ပေါင်း ၂ သန်းကျော်ရှိပြီး Articles ပေါင်း သန်း ၃၀ ကျော်ရှိပါတယ် - လူအရမ်း များသလို - Threads တွေလည်း အရမ်းများတာကြောင့် သူ့ဖိုရမ်မှာ ရှိနေတဲ့ တန်ဖိုးရှိတဲ့ Thread တစ်ခုရဲ့ အရည်အသွေးကို မြှင့်တင် နိုင်ဖို့ Warez-BB ဟာ Users တွေက ပေးတဲ့ Comments တွေနဲ့ လည်ပတ်ရပါတယ် - ဝေမျှသူတစ်ယောက် တင်ပေးထားတဲ့ Software တစ်ခုကို ဒေါင်းလုပ်ချပြီး သုံးကြည့်လို့ သဘောကျရင် - ကျေးဇူးတင်ပါတယ်ဆိုတာမျိုး စာပြန်ကြဖို့ စာရေးသူတွေ တိုက်တွန်းကြတာ Warez-BB မှာ သတိထားမိလာပါလိမ့်မယ် - ဒါဘာကြောင့်လဲဆို အဲလိုဖိုရမ်မျိုးမှာ Posts အသစ်က တစ်နေ့ကို ရာထောင်ချီ တက်တာမို့လို့ ကိုယ်ရေးလိုက်တဲ့ အကြောင်းအရာက တန်ဖိုးရှိတယ်ဆိုရင်တောင် အလိုလိုနောက်ရောက်ပြီး - ကိုယ့်နောက်မှ တင်တဲ့ အသုံးမတည့် / အာလာပ သလာပ ပြောတဲ့ အကြောင်းအရာက ကိုယ်တင်ထားတဲ့ စာကို ရှေ့ကနေ နေရာ ဝင်ယူသွားတတ်ပါတယ် - ဒါကို Users တွေရဲ့ Comments နဲ့ သူတို့က ပြန်အသက်ဆက်ပါတယ် - ဆိုလိုတာ Users တွေရဲ့ ကောင်းပါတယ် / ကျေးဇူးတင်ပါတယ် စသဖြင့် Comment တစ်ခု ရတိုင်း နောက်မှာရောက်နေတဲ့ Thread တစ်ခုက အလိုလို ရှေ့ကို ပြန်တက်သွားတယ် - အဲ့တော့ ကိုယ့် Thread က ရေးထားတာ ဘယ်လောက်ကြာကြာ အခြားသူတစ်ယောက်အတွက် အကျိုးရှိတာ မှန်ရင် Thread မသေတော့ဘူးပေါ့ - ဒါ့ကြောင့် Warez-BB မှာ Software ယူမယ် ဆိုရင် Download ချလို့ အသုံးပြုတိုင်း သဘောကျတဲ့ အခါမှာ Thank you. လေးလောက်တော့ ပြောကြဖို့လိုတယ်ဆိုတာ မှတ်ထားပေးပါ -

( 2 ) Katz


Thread တစ်ခုရဲ့ တန်ဖိုးကို ဆုံးဖြတ်ဖို့ အတွက် Warez-BB လိုမျိုး Views / Replies ကို ကြည့်လည်း ဒီဖိုရမ်တွေမှာ သိပ်မထူးပါဘူး - ဒါ့ကြောင့် တစ်ခုခုကို ဒေါင်းလုပ်ချမယ်စိတ်ကူးရင် ဒေါင်းလုပ်မချခင် ဆန်းစစ်ဖို့ နဲ့ ဒေါင်းလုပ်ချအပြီး ဆန်းစစ်ဖို့ နည်းလမ်းနှစ်ခု ထပ်ပိုလာပါတယ် - ဒေါင်းလုပ်မချခင် ဆန်းစစ်ဖို့လိုတယ် ဆိုတာ ကိုယ် ဒေါင်းလုပ်ချမယ့် Thread က Links ကို တစ်ခုတည်း မကတဲ့ ၁၅ ခု အခု ၂၀ စသဖြင့် Uploading sites တွေမှာ တင်ပေးထားရင် သူဖော်ပြထားတဲ့ Links တွေဟာ သူတင်ပေးထားတဲ့ Sites တွေမှာ Dead links ဖြစ်မဖြစ် စစ်ဆေးကြည့်ဖို့ပါ - အဲလို စစ်ဆေးဖို့ အတွက်ဆိုရင် ဒေါင်းလုပ်မချခင်မှာ Dead links ဖြစ်မဖြစ် စစ်ဆေးပေးတဲ့ Online services တွေရှိနေပြီး ကျွန်တော်သုံးတာတော့ wgtools.com ပါ - အသုံးပြုနည်းကတော့ ကိုယ်ဒေါင်းလုပ်ချမယ်လို့ စိတ်ကူးထားတဲ့ Thread အောက်က Links တွေကို Copy ကူးပြီး wgtools.com ကိုသွားပါ - အောက်ဖော်ပြပါ Box ထဲမှာ Links တွေကို Paste လုပ်ပါ - Check Links လုပ်ပါ -



ဒီလိုဆို ကိုယ် ဒေါင်းလုပ်ချမယ့် Links တွေက ဖော်ပြပါ Uploading site မှာ ရှိသေးတယ် မရှိတော့ဘူး ဆိုတာ Result ပြပါလိမ့်မယ် -


အားလုံး Working ဖြစ်မှ Links တွေကို Download ချပါ - မဟုတ်ရင် တစ်ဝက်လောက် ချပြီးခါမှ Links သေလို့ ဆိုတာမျိုး ဖြစ်ပြီး ပြဿနာ များပါလိမ့်မယ် - အားလုံးအဆင်ပြေလို့ ဒေါင်းလုပ်ချပြီးပြီ ဆိုရင်လည်း ချက်ချင်း တန်းပြီး စက်မှာ install မလုပ်လိုက်ပါနဲ့ဦး - ပမာဏ မများရင် Online Virus Scanner တွေ ဖြစ်တဲ့ VirusTotal - virusscan.jotti.org စတဲ့ နေရာတွေမှာ Malware အရင်စစ်ကြည့်ပြီးမှ သုံးသင့်ပါတယ် - ပမာဏများရင်တော့ Online Scanner နဲ့ မစစ်ပဲ စက်မှာတင်ထားတဲ့ Antivirus နဲ့ ပဲ စစ်နိုင်ပါတယ် - အားသာချက်ရှိတာ တစ်ခုက ဖိုရမ်တွေမှာ မျှဝေတဲ့ Pirated Software တော်တော်များများဟာ ပတ်ပတ်စက်စက် ဒုက္ခပေးတတ်တဲ့ Virus မျိုး မပါတတ်ပါဘူး

ဖိုရမ်တစ်ခုကို ရောက်ရင် လေ့လာရမယ့် အကြောင်းတွေ ဆောင်ရန် / ရှောင်ရန်တွေကို ကျွန်တော် ဖော်ပြခဲ့ပြီးဖြစ်လို့ အောက်ဖော်ပြပါ နောက်ဆက်တွဲ ဖိုရမ်တွေနဲ့ ပတ်သတ်ပြီး ကျွန်တော့်အနေနဲ့ ထွေထွေထူးထူး ဖော်ပြစရာ မရှိတော့ပါဘူး - ဒါ့ကြောင့် တစ်ပေါင်းတစ်စည်းထဲ ဆက်တိုက် ဖော်ပြလိုက်ပါတယ် - ကျွန်တော့်အနေနဲ့ အင်တာနက်အတွင်း Software ရှာဖြွေခင်းဆိုပြီး ခေါင်းစဉ်ပေးထားခဲ့တာမို့လို့ ဒီနေရာမှာ Software ရှာဖွေပုံကိုပုံပဲ အသားပေး ပြောခဲ့တာပါ - တကယ်တော့ ခု ကျွန်တော်ဖော်ပြခဲ့တဲ့ ဖိုရမ်တွေမှာ Software တွေသာ မက တစ်ခြား နိုင်ငံခြား သီချင်း - ဗွီဒီယို - စာအုပ် - စတာတွေပါ ရှာဖွေနိုင်ပြီး - လိုအပ်မယ်ဆို Register user အဖြစ်နဲ့ အကြံဉာဏ်များလည်း တောင်းခံနိုင်ပါသေးတယ် -

( 3 ) Dl4All


( 4 ) Freshwap


( 5 ) Redown


( 6 ) CyberWarez


( 7 ) TheWarezScene


( 8 ) Rapid4all


( 9 ) Onlywarez


( 10 ) Warez-4Ever


( 11 ) ForumW


ကျွန်တော့်မှာနောက်ထပ် ဒီလို ဖိုရမ်တွေ ရာနဲ့ ချီရှိပါသေးတယ် - လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့လို့ ဒီထဲမှာ မပါတဲ့ ကိုယ့်စိတ်ကြိုက် ဖိုရမ်လေးတွေ ရှိရင်လည်း တစ်ခြားသူတွေ သိရအောင် ဝေမျှခဲ့နိုင်ပါတယ် -

လေ့လာသူ မိသားစုဝင်များ ခုက စလို့ ဖော်ပြခဲ့တဲ့ ဖိုရမ်အသီးသီးမှာ အလိုရှိရာ Software အသီးသီးကို စတင် ရှာဖွေရယူနိုင်ပါပြီ - ဖိုရမ်မှာ တစ်ခြား Software တောင်းခံသူတွေ ရှိလာရင်လည်း နိုင်သလောက် ရှာဖွေပေးပြီး ဖိုရမ်ရဲ့ Contributor တစ်ယောက်အဖြစ် ရပ်တည်ကြဖို့ မေတ္တာရပ်ခံလိုပါတယ် -

နောက်နေ့မှာ ခေါင်းစဉ်အသစ်ဖြစ်တဲ့ အင်တာနက်အတွင်း Pirated Software များ ရှာဖြွေခင်း အပိုင်း ( ၂ ) ကို ဆက်ပါဦးမယ် - နည်းလမ်းအသစ် - လေ့လာနည်းအသစ် - ရှာဖွေနည်း အသစ်တွေနဲ့ မနက်ဖြန်မှာ ကျွန်တော်တို့ ဆက်လက်ထိတွေ့ကြပါစို့ -

( ၄ ) အင်တာနက်အတွင်း Pirated Software များ ရှာဖြွေခင်း ( ၂ )

စစရေးချင်းတုန်းက အပိုင်း ( ရ ) ပိုင်းလောက်ဆို ပြည့်စုံလောက်မယ် ထင်တာ - တကယ်တမ်း ရေးကြည့်တော့ ရေးရင်း ရေးရင်း ပြောစရာတွေ တော်တော်များတာ သတိထားမိလာတယ် - ရေးစရာ များတာ အကြောင်းမဟုတ်ပေမယ့် ဒီ့ထက် နည်းနည်းဆိုးတာ The supervillain Megamind ကားကြည့်ပြီး ဒီ့ထက်နည်းနည်း ပိုတွေးစရာတွေ ပေါ်လာတယ် -

ဒီနေ့ မနက် Q & A Site တစ်ခုကို ရောက်တော့ Pirated software တွေ မတောင်းဆိုဖို့ - လင့်တွေ မတင်ပေးဖို့ - မမျှဝေဖို့ သတိပေးထားတာ ကြည့်ပြီး တစ်နေ့နဲ့ တစ်နေ့ ကိုယ်လုပ်နေတဲ့ လုပ်ရပ်တွေကို Megamind နဲ့ ယှဉ်ပြီး ပြန်ချိန်ထိုးကြည့်မိတယ် - သူများတကာတွေက Copyright ဖြစ်တဲ့ Software တွေကို မသုံးကြဖို့ - လက်ဆင့်မကမ်းကြဖို့ တိုက်တွန်းနေချိန်မှာ ကိုယ်ကတော့ မျှဝေယုံတင်မက - ဘယ်မှာ ရနိုင်တယ် - ဘယ်လိုယူရမယ် - ဆောင်ရန် ရှောင်ရန်တွေက ဘယ်လို - ဘယ်ဆိုဒ်တွေ ဖိုရမ်တွေကတော့ ကောင်းတယ် - ဘယ်လိုမျိုးဆိုရင်တော့ ယုံရတယ် ဆိုပြီး ရေးနေခဲ့တာ - ပြန်တွေးကြည့်တော့ ကိုယ့်လုပ်ရပ်က ဝေမျှတယ် ဆိုတဲ့ အမည်ခံနဲ့ ဗီလိန်တစ်ယောက် ရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်မှန်းမသိ ဖြစ်နေတယ် - အဲ့တစ်ချက်တော့ စိတ်မကောင်းဘူး - ကျွန်တော့် ရည်ရွယ်ချက်က ကိုယ့် လူမျိုး - ကိုယ့်မိသားစုတွေ တစ်ခုခု လေ့လာရာမှာ သူများ အားကိုးပြီး တန်ဖိုးရှိတဲ့ အချိန်တွေ ပုတ်မကုန်အောင် ကူညီချင်တဲ့ဆန္ဒ တစ်ခုပဲ ရှိပါတယ် -

အဲ့တော့ ဘယ်သူ ဘာပြောပြော ကျွန်တော် ဆက်ရေးလိုက်ဦးမယ် - ဖိုရမ်က ကိုရဲအောင်တို့ - ကြီးကြပ်ရေးမှူး တို့ မကန့်ကွက်ဘူး ဆိုရင်တော့ ဆက်မရေးရဲစရာ အကြောင်းမရှိပါဘူး ကျွန်တော် တို့ အရင်တစ်နေ့က ဖိုရမ်တွေကနေ Software ရှာဖွေပုံကို ဆွေးနွေးခဲ့ပါတယ် - ဒီနေ့ ဆက်သွားမှာ အင်တာနက်ထဲက Software အားလုံးနီးပါးကို Full-And-Free မျှဝေပေးနေတဲ့ Websites ကောင်းတွေ အကြောင်းပါ - အရင်လိုပဲ Websites တွေရဲ့ နေရပ်လိပ်စာကို မမိတ်ဆက်ခင် ရှောင်ရန် ရှောင်ရန်လေးတွေ ဖော်ပြချင်ပါတယ် -

သတိပြုရန် အချက်များ

( ၁ ) Websites ၏ အပြင်အဆင်အား ဦးစွာ လေ့လာပါ

Software အားလုံးနီးပါးကို Full-And-Free မျှဝေပေးနေတဲ့ Websites တွေရဲ့ အပြင်အဆင်က ဖိုရမ်တွေရဲ့ အပြင်အဆင်နဲ့ မတူသလို ဆိုဒ်တစ်ခုနဲ့ တစ်ခုကလည်း ပြင်ဆင်ပုံခြင်း မတူညီကြပါဘူး - ကျွန်တော်တို့ ဒီနေရာမှာ ဆွေးနွေးနေတဲ့ အဓိက Target က Software ရှာဖွေဖို့ ဖြစ်လို့ Websites တစ်ခုကို ရောက်တဲ့အချိန်မှာ ကိုယ်လိုချင်တဲ့ Software ကို ရှာတွေ့နိုင်အောင် အရင်ဆုံး ရှာဖွေရမှာ Software တွေ အားလုံးကို ဘယ်ခေါင်းစဉ်အောက်မှာ စထားသလဲ ဆိုတဲ့ အချက်ပါ -


ကဏ္ဍပေါင်းစုံ မျှဝေနေတဲ့ Websites တွေမှာ Software ကိုချည်း သီးသန့်ရှာဖွေချင်တယ်ဆိုရင် အထက်ဖော်ပြပါအတိုင်း Menu မှာ ရှိနေတဲ့ Applications / Software / ... စတဲ့ menu မျိုးတွေ အောက်မှာ ကိုယ်လိုချင်တဲ့ Software တွေရှာဖွေနိုင်သလို - တစ်ချို့ ဆိုဒ်တွေမှာဆိုရင် Tags / Categories ... စတဲ့ Sidebar တွေက Applications / Software / ... ဆိုတာတွေ အောက်မှာလည်း ရှိနေတတ်ပါတယ် 


( ၂ ) Search box အား အသုံးပြုပါ

တစ်ခါတစ်လေမှာ ဖော်ပြထားချက်အတိုင်း Apps တွေချည်း စုထားပြီးသား ခေါင်းစဉ်အောက်ကို ရောက်သွားပေမယ့် ကိုယ်လိုချင်တဲ့ Software ကို ရှာလို့ မတွေ့ ဖြစ်နေတတ်ပါတယ် - ဒီအချိန်မှာ ကိုယ်လိုချင်တဲ့ Software ကို အမြန်ဆုံး တွေ့ရှိနိုင်ဖို့ Search box ကို အသုံးပြုနိုင်ပါတယ် - ဒီနေရာမှာ Websites တွေရဲ့ အားနည်းချက်က ဖိုရမ်တွေလို Advanced search ရှိနေတတ်တာပါပဲ - ဒါပေမယ့် အဓိက ကျတဲ့ Search terms ကို လိုရင်းတိုရှင်းဖြည့်သွင်းရှာဖွေမယ်ဆိုရင် ကိုယ်လိုချင်တဲ့ software ကို ခဏချင်း ရှာတွေ့နိုင်ပါတယ် -



( ၃ ) ဝန်ခံမှုနှင့် အသိပေးချက်

Pirated software တွေကို full and free ပေးနေတဲ့ websites တွေကို မိတ်ဆက်ပေးတဲ့ နေရာမှာ တစ်ချို့ Websites ကောင်းတွေဟာ Adult content ( Porn ) တွေ ပါနေတာမို့လို့ ဖော်ပြချင်တာတောင် မဖော်ပြပဲ ချန်ထားခဲ့ရတာမျိုး ရှိပါတယ် - ဒါကလည်း လူငယ်တွေကို လမ်းမမှား စေချင်လို့ပါ - တော်ကြာ ကေဇက်တို့ Software ရှာခိုင်းတာ Software မရှာပဲ အဲတာချည်း ရှာနေမှ - အဲ့လို ဆိုဒ်တွေကို စစ်ထုတ်လိုက်တော့ ဆိုဒ်တော်တော်များများ စိတ်မကောင်းစရာ ကောင်းလောက်အောင် ပြုတ်ထွက်သွားပြီး ကျွန်တော့် လက်ထဲ ဖော်ပြဖို့ Websites အခု ( ၂၀ ) ပဲ ကျန်ခဲ့တော့တယ် - ဘာပဲ ပြောပြော ကျွန်တော် ဝမ်းသာပါတယ် - Pirated software တွေ ရှာနည်းရေးနေလို့ ဗီလိန် ဖြစ်မယ် ဆိုရင်တောင် ဗီလိန် အကြီးစားတော့ မဖြစ်တော့ဘူးပေါ့ဗျာ

ကျွန်တော် အောက်မှာ ဖော်ပြသွားမယ့် Websites တွေမှာ မထင်မှတ်ပဲ Adult content နဲ့ ဆက်စပ်နေမယ့် အကြောင်းအရာတွေ links တွေများ တွေ့ခဲ့ရင် မမြင်ချင်ယောင်ဆောင်ပြီး ကျော်သွားကြပါလို့ တကယ်လို့ မသင့်တော်ဘူး ထင်တဲ့ Sites တွေ့ရင်လည်း လက်တို့ကြဖို့နဲ့ ကျွန်တော့်ကို အသိပေးပေးဖို့ မေတ္တာရပ်ခံပါတယ် - ကျွန်တော် တတ်နိုင်သမျှတော့ စစ်ထုတ်ထားပါတယ် -


အဲလိုမျိုး စစ်ထုတ်လိုက်တယ်ဆိုလို့ ငါတို့တော့ ဆိုဒ်တွေ နည်းနည်းလေးပဲ သိရတော့မှာပဲ ဆိုပြီး စိတ်မညစ်သွားပါနဲ့ - ကျွန်တော်ဖော်ပြပေးမယ့် ဆိုဒ်အသီးသီးရဲ့ Side bar တွေမှာ အထက်ဖော်ပြပါ အတိုင်း ရှိနေတတ်တဲ့ သူတို့ရဲ့ Partner / Friends / ... ဆိုတဲ့ တစ်ခြား Websites links တွေကနေလိုက်ရင်း နောက်ထပ် နောက်ထပ် Unlimited Software Download Websites Links တွေ ရနိုင်ပါသေးတယ် -


နောက်တစ်နေ့မှာ ဒီ့ထက် စိတ်ဝင်စားဖို့ ကောင်းမယ့် အင်တာနက်အတွင်း Pirated Software များ ရှာဖြွေခင်း အပိုင်း ( ၃ ) ကို ဆက်ပါဦးမယ် -

( ၅ ) အင်တာနက်အတွင်း Pirated Software များ ရှာဖြွေခင်း ( ၃ )

ရေးချင်တာတွေများပြီး စိတ်ပဲ ရှိတယ် - လူက မလိုက်နိုင်ဘူး ဖြစ်နေတယ် - တိုးလို့တန်းလန်းတွေ များနေလို့ ဒီကဏ္ဍလေးကို မြန်မြန်ပြီးနိုင်အောင် ရှေ့ဆက်လိုက်ပါတယ် - ဒီနေ့ ဆက်သွားမယ့် အကြောင်းအရာက နည်းနည်းလေး ဆန်းတယ် - အရင်ကျွန်တော်တို့ အင်တာနက်ထဲမှာ ဆော့ဖ်ဝဲလ် ရှာတယ်ဆိုတာ အပေါ်မှာ ဖော်ပြခဲ့တဲ့နည်းတွေ ဖတ်ခဲ့ပြီးရင် ဖိုရမ်တွေ - websites တွေကို target ထားပြီး အဓိက ရှာနေတယ်ဆိုတာ သတိထားမိပါလိမ့်မယ် - အခု ဒီအဆင့်မှာ ကျွန်တော်တို့ ရှာမယ့် ပုံစံ ပြောင်းထားတယ် - ကျွန်တော်တို့ websites တွေကို အားမကိုးဘူး - ဖိုရမ်တွေပေါ် မမှီခိုဘူး - ကျွန်တော်တို့တွေ အခု ဆွေးနွေးသွားမှာ ကြားဖြတ်ရှာဖွေရေး Search Engines တွေနဲ့ ရှာဖွေမယ့်နည်းလမ်းပါ -

ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ target ကလည်း ပြောင်းသွားတယ် - အရင် websites တွေ - ဖိုရမ်တွေမှာ ရှာခဲ့ရာကနေ အခု လူသုံးအများဆုံးနဲ့ ဖိုင်တွေ အများအပြား တစ်စုတစ်စည်းတည်းရှိရာ ကမ္ဘာအနှံ့က File hosting service တွေဆီ ဦးတည်ပါမယ် - ဘာကြောင့် သူတို့ဆီ ဦးတည်လိုက်ရတာလဲ ?? websites တွေမှာ ဖြစ်ဖြစ် - ဖိုရမ်တွေမှာ ဖြစ်ဖြစ် ကျွန်တော်တို့ ဆော့ဖ်ဝဲလ်တွေ ဝင်ရှာတဲ့ အခါ သူတို့ပေးတဲ့ download links တွေကို ကြည့်လိုက်ရင် Rapidshare, Hotfile, Megaupload, Mediafire ... စတဲ့ web hosting services တွေဆီပဲ နောက်ဆုံး ကျွန်တော်တို့ သွားကြရတာမလား - နားလည်လွယ်အောင် ဥပမာ ပေးရရင် ကျွန်တော်တို့ ခုရပ်တည်နေတဲ့ ပုံစံက အိမ်ရှင် - အိမ်ဌားနဲ့ ပွဲစား ( အကျိုးဆောင် ) သဘောနဲ့ ဆင်တယ် - ဆော့ဖ်ဝဲလ်လိုချင်တဲ့ ကျွန်တော်တို့က အိမ်ဌား - ဆော့ဖ်ဝဲလ်တွေ သိမ်းဆည်း သိုလှောင်ပေးထားတဲ့ web hosting services တွေ က အိမ်ရှင်နဲ့ - ဒီ အိမ်တွေရဲ့ စျေးနှုန်း - အကျိုးအပြစ်နဲ့ ကောင်းကွက်ဆိုးကွက်တွေကို ထောက်ပြနိုင်တာက ပွဲစား ( အကျိုးဆောင် ) ဆိုတဲ့ ဖိုရမ်တွေ , websites တွေပေါ့ - ကျွန်တော်တို့ ခု လုပ်ဆောင်မယ့်နည်းက အကျိုးဆောင်ဆိုတဲ့ ( ပွဲစား ) ကိုကျော်ပြီး အိမ်ရှင် - အိမ်ဌား တိုက်ရိုက်တွေ့မယ့် စနစ် - ဒါကို ကျွန်တော်တို့ - How to search,find files in hosting services using search engines လို့ ခေါ်ပါတယ် -

File hosting services များ၌ Search engines များ အသုံးပြု၍ရှာဖြွေခင်း

File Hosting services တွေ ထဲမှာ Rapidshare ကတော့ အကြီးဆုံးနဲ့ လူသုံးအများဆုံး hosting service တစ်ခုပါ - Rapidshare ဟာ German company ဖြစ်ပြီး သူ့ဆီမှာ ကမ္ဘာအနှံ့က လူသန်းပေါင်းများစွာကနေ upload တင်ထားတဲ့ ဖိုင်သန်းပေါင်းများစွာ သိမ်းဆည်းထားပါတယ် - အသုံးပြုပုံကို အကြမ်းဖျဉ်း မိတ်ဆက်ရရင် ကျွန်တော်တို့ ဖိုင်တစ်ခုခုကို rapidshare မှာ upload တင်လိုက်တယ်ဆိုပါစို့ - ဒီလိုဆို download ပြန်ချနိုင်မယ့် link တစ်ခု သူက ပြန်ထုတ်ပေးပါတယ် - တကယ်လို့ ကိုယ်က ကိုယ့်ကို ပေးလိုက်တဲ့ link ကို အကြောင်းအမျိုးမျိုးကြောင့် မေ့သွားခဲ့ရင် Rapidshare search engines ကိုသုံးပြီး ပြန်ရှာတဲ့အခါ စက္ကန့်ပိုင်းအတွင်း ကိုယ့် files တွေကို ပြန်ရှာတွေ့နိုင်ပါတယ် - ဒါတင်မက သူ့ဆိုဒ်မှာ ကိုယ်တင်ထားတာ မဟုတ်တဲ့ တစ်ခြား movies, music, softwares, .. စတာတွေ အားလုံးကို လည်း ကိုယ်က links မသိပေမယ့် ဖိုင်နာမည်ကို ရိပ်ဖမ်းသံဖမ်းလောက် သိထားရင် Rapidshare search engines တွေသုံးပြီး ရှာဖွေ ရယူနိုင်ပါတယ် -

သတိပြုရန် အချက်များ

အားနည်းချက်

အကျိုးဆောင်ပွဲစားကို ကျော်ပြီး ကျွန်တော်တို့က အိမ်ရှင် – အိမ်ဌား တိုက်ရိုက် တွေ့ဆုံတဲ့ စနစ်နဲ့ ဆော့ဖ်ဝဲလ်တွေ ရှာမှာမို့လို့ Security ပိုင်းဆိုင်ရာ အားနည်းချက် ရှိတယ် ဆိုတာ သတိထားထားရပါမယ် – အိမ်တစ်လုံးကို အိမ်ရှင်တစ်ယောက်နဲ့ တိုက်ရိုက်တွေ့ပြီး ဌားမယ် – ဝယ်မယ်ဆိုရင် အိမ်တစ်လုံးရဲ့ အပြစ်အနာအဆာကို အိမ်ပိုင်ရှင်က အတိအလင်း ဖွင့်မပြော တတ်ကြသလိုမျိုး – File hosting services တွေမှာ တိုက်ရိုက် ကိုယ်လိုချင်တဲ့ ဆော့ဖ်ဝဲလ်ကို ရှာဖွေတာဟာ ကိုယ်ရှာလို့ တွေ့လာတဲ့ ဆော့ဖ်ဝဲလ်က ယုံကြည်ရသလား – virus ကင်းသလား – full ဖြစ်ရဲ့လားဆိုတာ ခန့်မှန်းနိုင်ဖို့ ခက်ပါတယ် – ဒါ့အပြင် တစ်ချို့ file တွေမှာ upload တင်သူက password ခံထားတတ်တဲ့ အတွက် ဒေါင်းလုပ်ချပြီးကာမှ password တောင်းပြီး ဖွင့်မရ သုံးမရ ဖြစ်တတ်တဲ့ အခြေအနေမျိုးတွေလည်း ရင်ဆိုင်ရတတ်ပါတယ် -

အားသာချက်

ဖိုရမ်တွေ – Websites တွေကို တစ်နေရာစီဝင်ပြီး ရှာနေရတာမျိုး မဟုတ်ပဲ hosting တွေမှာ တိုက်ရိုက် ရှာဖွေတာမျိုး မို့လို့ အချိန်ကုန်လည်း သက်သာသလို – ကိုယ်လိုချင်တဲ့ ဆော့ဖ်ဝဲလ်တစ်မျိုးတည်းကိုပဲ Hosting အသီးသီးက links အမျိုးမျိုးနဲ့ တွေ့ရှိနိုင်တာကြောင့် နှစ်သက်ရာ နေရာကနေ ရွေးချယ် download ချနိုင်ဖို့ အခွင့် အလမ်း ပိုရတတ်ပါတယ် – အကျိုးဆောင် ( ပွဲစား ) တွေ မပါတဲ့ အတွက် ဖိုရမ်တွေမှာ ပေးရတတ်တဲ့ အကျိုးဆောင်ခဆိုတဲ့ ( ပွဲစားခ ) Thank you. ဘာတွေလည်း ပေးဖို့ မလိုပါဘူး -

ခုအောက်မှာ ဖော်ပြသွားမှာကတော့ File Hosting services တွေကို Target ထားပြီး ရှာဖွေတဲ့ ရှာဖွေရေး search engines တွေထဲက အသုံးပြုဖို့ အသင့်တော်ဆုံး search engines တွေရဲ့ စာရင်း ဖြစ်ပါတယ် – ဖော်ပြရမယ့် ဆိုဒ်တွေ များလို့ ထိပ်ဆုံးတစ်ခုကိုပဲ ဥပမာအနေနဲ့ အစမ်းရှာဖွေ ဖော်ပြပေးလိုက်ပါတယ် – တတ်နိုင်သမျှ sites အားလုံးကို Adult content ကနေ ကင်းလွတ်အောင် စစ်ထုတ်ပေးထားပါတယ် - မတော်လို့ ပါသွားခဲ့ရင်လည်း pm ပို့ပြီး အသိပေးနိုင်ပါတယ် -



FilesTube – ဒီ site ကတော့ ကျွန်တော် သဘောအကျဆုံး file ရှာဖွေရေး search engine တစ်ခုပါ – ရှာရလည်း လွယ်သလို စာလုံးတစ်လုံး စရိုက်လိုက်တာနဲ့ ရှာသူများတဲ့ ဖိုင်တွေကို Auto complete suggestions နဲ့ ပြပေးတာမို့လို့ စိတ်ချမ်းသာဖို့ အင်မတန်ကောင်းပါတယ် -

အခြားသော Search Engines ကောင်းများ စာရင်း


ကော်ဖီတစ်ခွက် – ဆေးလိပ်လေး လက်ကြားညှက်ပြီး တစ်ခုချင်းစီမှာ လိုချင်တဲ့ ဖိုင်တွေရှာလို့ ရမရ စမ်းသပ်ကြည့်ကြပါဦး – ကျွန်တော် မဖော်ပြဖြစ်သေးတဲ့ တစ်ခြား Search engines တွေရှိသေးရင်လည်း တစ်ခြားသူတွေပါ သိနိုင်အောင် အကြံပြုခ့ဲနိုင်ပါတယ် – အခုဖော်ပြခဲ့တဲ့ နည်းလမ်းကို ဖတ်ပြီးရင် ဖိုရမ်တွေ websites တွေ သွားစရာမလိုပဲ Full software တွေ ဘယ်လို ရှာဖွေနိုင်မယ်ဆိုတာ အတိုင်းအတာတစ်ခုထိ နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ် - 

( ၆ ) အင်တာနက်အတွင်း Pirated Software များ ရှာဖြွေခင်း ( ၄ )

ဒီအကြောင်းကို ရေးချင်တာ ထိပ်ဆုံးက ထားရေးချင်တာ - ဘာလို့လည်းဆိုတော့ အင်တာနက်ထဲမှာ ပြန့်နှံ့နေသမျှ Pirated Software တွေ အားလုံးရဲ့ ရင်းမြစ်တော်တော်များများက ခု ဒီကဏ္ဍမှာ ဖော်ပြမယ့် Torrent တွေကနေ ထွက်လာတာ မို့လို့ - ဒါပေမယ့် Torrent အကြောင်းက ကျွန်တော် Torrent ဘာလဲ Torrent ဘယ်လဲ ?? ဆိုပြီး ၂၀၁၀ ( ၃ ) လပိုင်းကတည်းက ရေးထားပြီးသား ရှိနေတယ် - အားလုံးကို တတ်နိုင်သမျှ ဖတ်ခဲ့ဖူးတဲ့ စာတွေထဲကရော - ကိုယ်တိုင်ကြုံခဲ့တဲ့ အတွေ့အကြုံနဲ့ ပေါင်းပြီး ရေးထားတာမို့လို့ အချိန်ပေးပြီး ဖတ်နိုင်မယ်ဆိုရင် အဲ့ပို့စ်ကို ဆုံးအောင်ဖတ်ပြီးတဲ့ အချိန်မှာ Torrent ရဲ့ သဘောကို တော်တော် တီးမိခေါက်မိ ရှိသွားလိမ့်မယ်ဆိုတာ ကျွန်တော် အာမခံပါတယ် - Torrent ဘာလဲ Torrent ဘယ်လဲ ?? မှာ တော်တော်များများ အသေးစိတ် ရေးထားပြီးသားမို့လို့ ဒီကဏ္ဍမှာတော့ ဆောင်ရန် ရှောင်ရန် အနည်းအကျဉ်းနဲ့ Torrent sites ကောင်းတွေကိုပဲ အသားပေးဖော်ပြနိုင်ဖို့ ကြိုးစားလိုက်ပါတယ် -

သတိပြုရန် အချက်များ

( ၁ ) ယုံကြည်ရသော Torrent sites များမှ ဦးစားပေးရွေးချယ်ပါ

Torrent သုံးနေကျ လူတစ်ယောက်က Software တစ်ခုခု လိုလာရင် နောက်ပိုင်း ဖိုရမ်လည်း မသွားတော့ဘူး - ဘယ် ဆော့ဖ်ဝဲလ် ဝေမျှတဲ့ ဆိုဒ်ကိုမှလည်း မဝင်ဘူး - ဘယ် File search engines ကိုမှလည်း မသုံးတော့ဘူး - သူတို့ ဘယ်သွားရှာလဲဆို Torrent ဆိုဒ်တွေနဲ့ Torrent search engines တွေရှိရာဆီပဲ သွားရှာတော့တယ် - အဲလိုရှာတဲ့ခါမှာ သတိထားသင့်တဲ့ တစ်ချက်က Torrent sites တွေ အများကြီးထဲမှာ လူသုံးများပြီး ပြဿနာနည်းတဲ့ Torrent sites တွေ သွားဖြစ်ဖို့ လိုပါတယ် - အဲလို Torrent sites မျိုးတွေကိုသွားမှ ကိုယ်လိုချင်တဲ့ ဆော့ဖ်ဝဲလ်ကို ခဏချင်း ရှာလို့ တွေ့နိုင်သလို - တွေ့တဲ့ torrent ကလည်း seeds များတဲ့ torrent ရတတ်ပါတယ် - အဲတော့ ဘယ် Torrent sites တွေကို အကောင်းဆုံးလို့ ထင်ပါသလဲ ဆိုတဲ့ မေးခွန်းရှိလာပါတယ် - အောက်မှာ ဖော်ပြထားတဲ့ Torrent sites တွေပါ -

သိထားသင့်သော Torrent sites များ




( ၂ ) Torrent Search Engines များ အသုံးပြုပါ

တစ်ခါတစ်လေမှာ Torrent sites တွေသွားပြီး ရှာတာထက် - Torrent Search Engines သုံးပြီး ရှာလိုက်တာက ကိုယ်လိုချင်တဲ့ ဆော့ဖ်ဝဲလ်ကို ပိုပြီး မြန်မြန်ရှာတွေ့တတ်ပါတယ် - များသောအားဖြင့် Torrnet တွေမှာ စကားပြောတာ Seeds အရေအတွက် ဖြစ်တဲ့အတွက် - Torrent site တစ်ခုတည်းမှာပဲ အမြဲ ပုံမှန်ရှာနေရင် ကိုယ်လိုချင်တဲ့ ဆော့ဖ်ဝဲလ်ကို Seeds အရေအတွက် များများနဲ့ တွေ့နိုင်ဖို့ ဆိုတာ အမြဲ မသေချာတတ်ပါဘူး - ဒ့ါကြောင့် Torrent Search Engines ကို သုံးခြင်းဟာ ကိုယ်လိုချင်တဲ့ ဆော့ဖ်ဝဲလ်တစ်ခုတည်းကို Torrent Sites ပေါင်းစုံကလာတဲ့ Seeds ပမာဏ အမျိုးမျိုးနဲ့ တွေ့ရဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ် - အောက်မှာ ဖော်ပြထားတာတွေက Torrent ရှာဖွေရာမှာ အသုံးပြုသင့်တဲ့ Search Engines စာရင်း ဖြစ်ပါတယ် - တစ်ခုချင်း လေ့လာကြည့်ပါ -

( 1 ) Torrentz



( 2 ) Btjunkie


( 3 ) TorrentScan


( 4 ) Google


Google က ဘယ်က ပါလာတာလဲလို့ ထင်စရာရှိပါတယ် - Google ကိုလည်း Torrent Search Engine တစ်ခုလို အသုံးပြုနိုင်ပါတယ် - အသုံးပြုနည်းက မိမိရှာချင်တဲ့ ဆော့ဖ်ဝဲလ်ရဲ့ နာမည်နဲ့ အတူ filetype:torrent ဆိုပြီး ပူးတွဲ ရှာဖွေတဲ့နည်းပါ - အောက်မှာ ဥပမာတစ်ခု ရှာပြပေးထားပါတယ် -


( 5 ) Toorgle


( 6 ) CompleteTorrent


( 7 ) SumoTorrent


( ၃ ) Download မယူခင် လေ့လာပါ

Torrent Download ကိုသုံးမယ်ဆိုရင် တစ်ခြား ဖိုရမ်တွေ websites တွေက ပေးတဲ့ Uploading sites တွေက download links တွေထက် ပိုပြီး ဂရုစိုက်ဖို့လိုပါတယ် - ဘာကြောင့်လဲဆို Torrent sites တွေမှာ fake torrents တွေ အရမ်းများလို့ပါ - အဲ့တာကြောင့် fake torrents တွေကို အချိန်ကုန်ခံပြီး ဒေါင်းလုပ်မချမိအောင် အောက်ဖော်ပြပါ အချက်တွေကို ဒေါင်းလုပ်မချမီတည်းက ကြိုတင်လေ့လာထားသင့်ပါတယ် -

( ၁ ) Comments များအား အမြဲစစ်ဆေးပါ

Torrent files တစ်ခုခုကို ဒေါင်းလုပ်မချခင် အရင်ဆုံး ဖတ်သင့်တာ သူ့ Torrent files နဲ့ သက်ဆိုင်ရာ ခေါင်းစဉ်အောက်က Comments တွေပါ - Comments ဆိုတာ ကိုယ့်ထက် အရင် ဒီ Torrent files ကို ဒေါင်းလုပ်ချထားပြီးသား လူတွေရဲ့ အတွေ့အကြုံကို ခြေရာခံတာ ဖြစ်ပါတယ် - သူတို့တွေက comments မှာ အဲ့ဒီ့ torrent ပြဿနာ တစ်စုံတစ်ရာ တက်ခဲ့ဖူးသလား - ပြဿနာတက်ခဲ့ဖူးရင် ( ၁ ) ယောက်တည်း တက်တဲ့ ပြဿနာလား - ဒေါင်းလုပ်ချတဲ့ သူတိုင်း တက်တဲ့ ပြဿနာလား - ဆိုလိုတာ ( ၁ ) ယောက်တည်း တက်တဲ့ ပြဿနာဆိုရင် လူတစ်ယောက်တည်းကပဲ ဒီ torrent ကို အဆင်မပြေဘူး မကောင်းဘူး ပြောပြီး ကျန်တဲ့သူတွေက သုံးလို့ အဆင်ပြေကြောင်း ချီးမွန်းထားတဲ့ စာမျိုးတွေ့ရပါလိမ့်မယ် - တကယ်လို့ Comments မှာ ဒေါင်းလုပ်ချတဲ့ သူတိုင်းက ပြဿနာရှိသလို ရေးထားရင်တော့ ကိုယ်ဒေါင်းလုပ်ချသင့် မချသင့် ပြန်စဉ်းစားသင့်ပါပြီ - တကယ်လို့ This file is fake, do not download it. ဆိုတာမျိုး လူတော်တော်များများရေးထားလို့ကတော့ သူ့ဘာသာသူ Seeders ဘယ်လောက်များများ စောစောတည်းက ဝေးဝေးကသာရှောင်ပါ -

( ၂ ) Password Instructions, Special Instructions, ဆိုသည်များပါလျှင် သတိထားပါ

များသောအားဖြင့် fake torrents တွေဟာ လူစိတ်ဝင်စားမှုများတဲ့ movie/music torrent တွေမှာ ပို အဖြစ်များပါတယ် - ဒါ့ကြောင့် ကိုယ် ဒေါင်းလုပ်ချမယ့် movie/music torrent ဖိုဒါထဲမှာ ဖိုင်တွေကို rar နဲ့ ချုံ့ထားပြီး သူ့အပြင်မှာ 'password', 'special instructions', 'codec instructions', 'unrar instructions, 'important read me first', 'download instructions here', ဆိုတာမျိုး နောက်ထပ်ဖိုင်တွေ ပူးတွဲပါနေရင် အထူးသတိထားပါ - အဲလို torrent တွေက များသောအားဖြင့် fake torrents တွေ ဖြစ်နေတတ်ပါတယ် - အဲလိုဖိုင်တွေဟာ ဒေါင်းလုပ်ချမိရင် အချိန်သာကုန်ပြီး စက်ထဲ ရောက်လာချိန်မှာ ဖွင့်လို့ မရတာ - Rar password လိုချင်ရင် တစ်ခြား ဆိုဒ်တစ်ခုဆီ လိုက်ယူလှည့်ဖို့ ခေါ်တာ - လိုက်သွားရင်ကျ password လည်း မရ ဘာမှလည်း မရှိဖြစ်တာ စသဖြင့် မျိုးစုံ ခံရတတ်ပါတယ် - ကိုယ်တွေ့ပါ နောက်ပြီး movie/music torrent တွေ ဒေါင်းလုပ်မချခင် သူ့ဖိုဒါထဲမှာ exe ဆိုတဲ့ executable file များပါလာခဲ့လို့ ကတော့ ဝေးဝေးက ရှောင်ပါ - movies/music ဖိုင်ကို ဒေါင်းလုပ်ချဖို့ လုပ်နေတာ executable file တွေ ပါဖို့ လိုမှ မလိုတာ - ဒါဟာလှည့်ကွက်တစ်ခု ဖြစ်ဖို့ % ပိုများတတ်ပါတယ် -

( ၃ ) 'Verified' Status ကို အားကိုးပါ

'Verified' Status ဆိုတာ ကိုယ် ဒေါင်းလုပ်ချမယ့် torrent နဲ့ ပတ်သတ်ပြီး ဒေါင်းလုပ်မချခင်မှာ ဘယ်လောက်ထိ ယုံကြည်ရလဲ ဆိုတာ ဆန်းစစ်ဖို့ နည်းလမ်းပါ - 'Verified' Status က torrent sites တိုင်းမှာ မရှိဘူး - Isohunt တို့ Thepiratebay တို့မှာတော့ ရှိတယ် - ဘယ်လိုမျိုးလဲဆိုတာ ဥပမာ သိချင်ရင် အောက်ဖော်ပြပါပုံကို ကြည့်ပါ - ကျွန်တော် အနီနဲ့ ဝိုင်းပြထားတာဟာ Trusted, VIP ဆိုတဲ့ Torrents အများကြီးထဲမှာမှ စိတ်ချရတဲ့ torrent တွေ ဖြစ်ပါတယ် -


တစ်ခြား torrent sites တွေမှာလည်း ခုလိုမျိုး ပုံစံဆင်ဆင်တူတဲ့ 'Verified' Status တွေ ရှိပါတယ် - သူတို့ကိုကြည့်ပြီး အရည်အသွေးကောင်းတဲ့ torrent ကို ရွေးယူနိုင်ပါတယ်

( ၄ ) FakeFinder အား အသုံးပြုပါ

Fenopy ကနေပြီး fake torrents တွေရဲ့ ရန်က ရှောင်ရှားနိုင်ဖို့ FakeFinder ဆိုပြီး ထုတ်ထားတာ ရှိပါတယ် - သူ့ရဲ့ FakeFinder lists မှာ torrent လောကထဲက လူတိုင်းခံနေရတဲ့ popular fake torrents တွေကို စာရင်း ပြုစုထားပြီး နောက်ဆုံးထွက် fake trackers တွေကိုလည်း အမြဲ ခြေရာခံနေပါတယ် - သူ့ကိုသုံးပြီး keyword နဲ့ ဖြစ်စေ infohash နဲ့ ဖြစ်စေ fake torrents တွေကို ရှာဖွေနိုင်ပါတယ် -

infohash ကို ဘယ်က ရနိုင်မလဲ ဆိုရင် ကိုယ် ဒေါင်းလုပ်ချလိုက်တဲ့ torrent files ရဲ့ Details ကနေ သိနိုင်ပါတယ် -


ဖော်ပြပါအတိုင်းတွေ့ရတဲ့ hash ကို copy ကူးပြီး FakeFinder မှာသွားရှာရင် အောက်ဖော်ပြပါအတိုင်း Verified torrent ဖြစ်မဖြစ် fake torrents ဟုတ်မဟုတ် သိရပါလိမ့်မယ် -

This image has been resized. Click this bar to view the full image. The original image is sized 568x215.

ဒီအချက် လေးချက်လောက်ကို ဂရုစိုက်ထားရင် fake torrents တွေကို အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ပါလိမ့်မယ် -

Torrent နဲ့ ပတ်သတ်ပြီး ကျွန်တော် အကြံပြုနိုင်သလောက်တော့ ဒါ အကုန်ပါပဲ - ဒါ့ကြောင့် torrent အသုံးပြုလိုသူများ အခုပဲ Torrent ဘာလဲ Torrent ဘယ်လဲ ?? ကို စဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ် -

( ရ ) အင်တာနက်အတွင်း Software အဟောင်းများ ရှာဖြွေခင်း

တစ်ခြား ကိစ္စတွေဘက်လှည့်နေလို့ ဆက်မရေးဖြစ်ပဲ တော်တော်ကြာသွားတယ် - တစ်ခြား ပြောချင်တာလေးတွေ ရှိနေသေးလို့ ဒီနေ့ အင်တာနက်အတွင်း Software ရှာဖြွေခင်းကို အဆုံးသတ်နိုင်အောင် ကြိုးစားလိုက်ပါတယ် -

ကျွန်တော်တို့တွေ တစ်နေ့နဲ့ တစ်နေ့ ထွက်သမျှ အင်တာနက်ထဲက အသစ်အသစ်သော Software တိုင်းကို ရယူနိုင်ဖို့သာ ကြိုးစားနေကြတာ - Updated software တွေ သုံးတိုင်း ကိုယ့်စက်ရဲ့ စွမ်းဆောင်ရည်ကို အရင်ကထက် ပိုကောင်းသွားမယ် - ပြဿနာမရှိနိုင်ဘူး ဆိုတာ သေရော သေချာပါရဲ့လား - ကျွန်တော့်စက်မှာ ဖြစ်ဖူးတယ် တစ်ခါက - အဲ့တုန်းက Windows Vista ပေါ်ခါစ - Window အသစ်အဆန်းဆိုတော့ ပြောင်းသုံးကြည့်ချင်တာနဲ့ Vista ကိုပြောင်းလိုက်တယ် - မကြာပါဘူး Vista မှာ ပြဿနာ အကြီးအကျယ်တက်တော့ပါပဲ - ဟို Software တင်ရင် လက်မခံ - ဒီ Software တင်တော့ မရ - တင်လို့ ရတဲ့ဟာ ကျပြန်တော့ ဒီဘက်တစ်ခုဖွင့်လိုက်ရင် ဟိုဘက်တစ်ခုနဲ့ ညှိပြီး သုံးလို့ မရဖြစ် - နောက်ဆုံး ပြဿနာ အရင်းအမြစ်ကို လိုက်ရှာတော့ Updated software တွေ ကို လက်သင့် မခံနိုင်တာ - အဲ့တာနဲ့ သုံးနေကျ Software တွေကို ဖြုတ်ချပြီး သူတို့နဲ့ အမျိုးအစားတူပြီး Version နိမ့်တဲ့ Software တွေကို ကျွန်တော်လိုက်ရှာရတယ် - အင်တာနက်က လိုချင်တာသာ ရတာ ရတဲ့နေရာကို မသွားတတ်ရင် အလကားပဲ - နောက်ပြီး လူတိုင်း updates သုံးနေတဲ့ အချိန်မှာ ကိုယ်က Version အဟောင်းလိုက်ရှာနေတယ်ဆိုတော့ စဉ်းစားကြည့်ရင် ရီဖို့တောင် ကောင်းသေးတော့ - ဒါပေမယ့် ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်ယုံပဲ ကောင်းတယ်လေ - ဒါက Vista နဲ့ ပတ်သတ်ပြီး ဖြစ်တာ - တစ်ချို့ စက်တွေမှာက Hardware requirements နဲ့ မကိုက်လို့ နောက်ဆုံးထွက် Software တွေ သုံးလို့ မရတာမျိုးလည်း အများကြီး ရှိသေးတယ် -

အဲ့တော့ ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်ယုံပဲ ဖြစ်မယ့် Software အဟောင်းလေးတွေကို အသုံးလိုလာတဲ့ အချိန် ဘယ်နေတွေမှာ ရှာလို့ တွေ့နိုင်မလဲ - ဟုတ်ကဲ့ နေရာတွေ ရှိပါတယ် -

( 1 ) Versiondownload


VersionDownload ဟာ ကိုယ့် ကွန်ပြူတာနဲ့ သုံးလို့ သင့်တော်မယ့် popular ဖြစ်တဲ့ software ရော - popular မဖြစ်တဲ့ software တွေရဲ့ versions အဟောင်းတွေကိုပါ ရယူနိုင်မယ့် နေရာကောင်းတစ်ခု ဖြစ်ပါတယ် - ကိုယ်ရှာဖွေချင်တဲ့ Software ကို Search box ကနေ ဖြစ်စေ - category ကနေတစ်ဆင့် ဖြစ်စေ ဝင်ရောက်ရှာဖွေနိုင်ပါတယ် -

( 2 ) OldVersion


OldVersion.com ဆိုတာလည်း ဖော်ပြခဲ့ပြီးသလို ကိုယ့်ကွန်ပြူတာကို Upgrade လုပ်ပြီး သုံးဖို့ မဖြစ်နိုင်တဲ့ သူတွေ - Hardware requirements လိုနေလို့ နောက်ဆုံး Versions သုံးဖို့ မတတ်နိုင်တဲ့ ကွန်ပြူတာတွေ အတွက် programs အမျိုးမျိုးရဲ့ versions အဟောင်းတွေ ရှာဖွေရယူနိုင်မယ့် နေရာဖြစ်ပါတယ် -

( 3 ) OldApps


OldApps ကတော့နည်းနည်းလေး ထူးခြားပါတယ် - သူ့ဆီမှာ Windows users တွေအတွက် လူသုံးများတဲ့ programs တွေရဲ့ Versions အဟောင်းတွေ ရှိသလို တစ်ခြား OS တြွေဖစ်တဲ့ Mac users တွေအတွက်လည်း Mac software versions အဟောင်း တွေ ရှိပါတယ် -


ခုနောက်တိုး Linux users တွေ အတွက်လည်း versions အဟောင်းတွေ ဖြည့်ဆည်းပေးနေပြီး လောလောဆယ် အခြေမှာတော့ still under construction ပါ -

ခုဖော်ပြခဲ့သလောက်ဆို အင်တာနက်ထဲမှာ ကိုယ့်ကွန်ပြူတာ အတွက်လိုအပ်မယ့် software versions အဟောင်းတွေ ဘယ်နေရာမှာ ရှာဖွေနိုင်မယ်ဆိုတာ အကြမ်းဖျဉ်း သဘောပေါက်လောက်ပါလိမ့်မယ် - နောက်ဆုံးအနေနဲ့ မိသားစုဝင်များကို တစ်ခု အကြံပေးချင်တာ Software ဆိုတာ သစ်တိုင်းလည်း ကောင်းတာ မဟုတ်ပါဘူး - ကိုယ့်ကွန်ပြူတာရဲ့ အခြေခံ Hardware ပြင်ဆင်ပါဝင်မှုကိုကြည့်ပြီး ကိုယ့်အတွက် သင့်တော်မယ့် versions အဟောင်းကို အသုံးပြုကြဖို့ တိုက်တွန်းလိုပါတယ်။

( ၈ ) နိဂုံး

ကျွန်တော် အင်တာနက်အတွင်း Software ရှာဖြွေခင်းကို ဒီလဆန်းပိုင်းက စရေးခဲ့တယ် - ခု လလည်း ကုန်ခါနီးပြီ - အကြမ်းဖျဉ်းအားဖြင့် လုံလောက်နိုင်ပြီလို့ သုံးသပ်မိပါတယ် - အင်တာနက်အတွင်း Software ရှာဖြွေခင်းဆိုပြီး ခေါင်းစဉ်တပ်ထားပေမယ့် ဒီခေါင်းစဉ်အောက်မှာ တစ်ခြား မိမိအတွက် အသုံးလိုမယ့် Ebooks တွေ - သီချင်းတွေ - နိုင်ငံခြားဇာတ်ကားတွေ ကနေ စပြီး တစ်ခြား အလိုရှိရာတော်တော်များများကို သင့်တော်သလို Search terms ပြောင်းပြီး ရှာဖွေနိုင်ပါသေးတယ် ဆိုတာ အသိပေး ပြောကြားရင်း တစ်လတာကြာမြင့်ခဲ့တဲ့ ရေးသားမှုကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ် -

ရေးသားချက် အားလုံးကို ဖတ်ရှုပြီး တစ်စုံတစ်ရာ အကျိုးဖြစ်ထွန်းခဲ့မယ်ဆိုရင် အနာဂတ် မြန်မာမိသားစုဖိုရမ်မှာ တောင်းခံလာသမျှ အခြား မိသားစုဝင်များတဲ့ Software လိုအပ်ချက် မှန်သမျှကို တတ်နိုင်တဲ့ တစ်ဖက်တစ်လှမ်းက ကူညီ ဖြည့်ဆည်းပေးကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါရစေ။
လေ့လာနိုင်သမျှ မျှဝေနိုင်ကြပါစေ။

KznT.

The No.1 Habit of Highly Creative People

ဒီအကြောင်းကို ရေးမယ်လို့ စိတ်ကူးခဲ့တာ တကယ်တော့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က - ဘာရယ်ကြောင့်တော့ မဟုတ်ပါဘူး - အများအကျိုးအတွက် အလုပ်လုပ်ပြီး အများအတွက် အသက်စွန့်ခဲ့တဲ့ လူတစ်ယောက်ရဲ့ မွေးနေ့မှာ ကိုယ်တတ်နိုင်တဲ့ အင်အားနဲ့ အများအတွက် အကျိုးရှိမယ့် ဒါနလေးတစ်ခု ပြုပေးချင်တဲ့ စိတ်ကူးလေးပေါ်လာမိလို့ - ဒါပေမယ့် အဲ့နေ့က စိတ်ကူးပဲ ရှိပြီး လူကူးနိုင်ဖို့ ခက်ခဲ့တယ် -

လူငယ်နှင့် အယူလွဲများ

မှန်ရာပြောရရင် ဒီရက်ပိုင်း အလုပ်တွေ နင်းကန်ပိပြီး စာရေးချင်စိတ် လုံးဝ မရှိဘူး - ရေးချင်စိတ်မရှိတဲ့ အချိန်မှာ ဖြစ်ညှစ်ရေးရင် ဝတ်ကျေတန်းကျေတွေ ဖြစ်မှာစိုးတာနဲ့ ဖိုရမ်နဲ့ ပတ်သတ်ပြီး တော်တော် များများ မသိချင်ယောင်ဆောင်ခဲ့တယ် - ဒီနေ့တော့ အရင်လက စိတ်ကူးရှိပြီး လူမကူးနိုင်ခဲ့တဲ့ ဒါနလေးတစ်ခု ပြန်အကောင်အထည်ဖော်ဖို့ စိတ်ကူးမိပါတယ် - ခေါင်းစဉ်ကိုတော့ လူငယ်နှင့် ပညာရေး လို့ ပေးထားတယ် - အကြောင်းက ခုခေတ် လူငယ်လေးတွေ ကျောင်းပြီး ဘွဲ့ရလို့ တစ်ချို့ အလုပ်အကိုင်နဲ့ ဖြစ်သွားကြတဲ့ သူတွေရှိသလို - တစ်ချို့ကျတော့လည်း အလုပ်မရသေးတော့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ လက်ဖက်ရည်ဆိုင်ထိုင် - အင်တာနက်ဆိုင်ဝင် - ချက်တင်တက် စသဖြင့် တစ်နေ့တစ်နေ့ ပိုက်ဆံတွေသာ ကုန်ပြီး ကိုယ့်အတွက် ဘာတစ်ခုမှ မယ်မယ်ရရ မကျန်ပဲ အချိန်ကုန် လေပန်းပြီး ( လူပန်း မဟုတ် - ဘာမှလုပ်စရာ မရှိသောကြောင့် လူမပင်ပန်း လေပန်းရန် အလုပ်တစ်ခုသာ ရှိသည် ) တစ်နေ့နဲ့ တစ်နေ့ ဖြတ်သန်းနေကြတာ တွေ့ရတယ် - လူငယ်ဆိုတာ အနာဂတ်ရဲ့ မျှော်လင့်ချက်တွေပါ - ခုလို လူငယ်တွေ ကျောင်းပြီးတာနဲ့ ပညာရေး ဆုံးခန်းတိုင် သွားသလိုမျိုး လေ့လာမှု မရှိပဲ ယောင်ခြောက်ဆယ် ဖြစ်နေတာ တွေ့ရရင် တကယ်ကို စိတ်ထဲ မကောင်းဘူး - ကိုယ်တွေနိုင်ငံမှာသာ လူငယ်တွေ လက်ဖက်ရည်ဆိုင်/ ဂိမ်းဆိုင်/ အင်တာနက်ဆိုင် စသဖြင့် အချိန်ကုန် နေကြတာ ကိုယ်တွေ သူများနိုင်ငံရောက်လာတော့ လူငယ်တွေ ဆိုတာ အလုပ်ခွင်မှာ ကြည့်မလား - ကျောင်းတွေမှာကြည့်မလား - သွားသုတ်သုတ် - စားသုတ်သုတ်နဲ့ သူတို့မှာ နားချိန်မှ ရှိကြရဲ့လား လို့တောင် တစ်ခါတစ်ခါ တွေးမိတယ် - သူများနိုင်ငံကို အထင်ကြီးလို့ ဒီစကားပြောတာ မဟုတ်ဘူး - အတုယူသင့်တာကိုတော့ ကျွန်တော်တို့ အတုယူကြရမယ် - မြန်မာလူငယ်တွေက အတုယူသင့်တာကျ မယူကြပဲ အတုမယူသင့်တဲ့ living together တို့ - အလှအပနဲ့ ဂုဏ်တုဂုဏ်ပြိုင်တွေမှာ ကျတော့ နိုင်ငံခြားကို ကျော်တက်တော့မယောင် အမှီလိုက်နိုင်ကြတာ တွေ့ရတယ် - သူတို့ နိုင်ငံတွေမှာ လူငယ်တွေ လေ့လာလိုက်ကြတာ ဖန်တီးလိုက်ကြတာ ဆိုတာများ ပြောမနေနဲ့တော့ - ကိုယ်လိုစာထိုင်ဖတ်ပြီး နည်းပညာနောက်ကို လိုက်တဲ့သူတောင် သူတို့ တစ်နေ့နဲ့ တစ်နေ့ သွားနေတဲ့ ဖန်တီးမှုကို မမှီနိုင်ဘူး -

ပညာရေးနှင့် ဘဝတန်ဖိုး

ဘာကြောင့်လည်းဆိုတာ လေ့လာကြည့်တော့ သူတို့တွေရဲ့ လက်တစ်ကမ်းမှာ ရှိနေတဲ့ ပညာရေးဟာ စဉ်ဆက်မပြတ် လေ့လာနေရတဲ့ ပညာရေးဖြစ်နေတာ သွားတွေ့ရတယ် - ကိုယ်တွေလို ကျောင်းပြီးဘွဲ့ရ ရင် လေ့လာစရာကုန်သွားတာမျိုး မဟုတ်ဘူး - ဒီတစ်ခုသိပြီးရင် နောက်တစ်ခု ထပ်သိဖို့ လိုတယ် - ဒီတစ်ခု သုံးတတ်ရင် နောက်တစ်ခု သုံးတတ်ဖို့လိုတယ် - ဒီတော့ သူတို့မှာ အချိန်တိုင်း လေ့လာနေရတယ် - ကိုယ်တွေနိုင်ငံမှာ ဒေါက်တာဘွဲ့ရလူတစ်ယောက်ကို တော်ယုံ လုပ်ငန်းခွင်မှာ ဒိုးတူဘောင်ဘက် အလုပ်လုပ်နေတာ တွေ့ရခဲတယ် - ဒေါက်တာဘွဲ့ရ လူတစ်ယောက်ကို သီးခြားအဆင့်မြင့်ပညာရှင် လူတန်းစားတစ်ယောက်လိုကို သတ်မှတ်ပြီး Bachelor အဆင့်နဲ့ မတူတဲ့ နေရာမှာ ထားကြလေ့ ရှိတယ် - ဥပမာ ကျောင်းအုပ်တို့ ဌာနမှုးတို့ ပါမောက္ခတို့ စသဖြင့် - အဲ့နေရာတွေ မထားလို့ ကလည်း မရဘူး - တစ်ခြားနေရာတွေနဲ့ကျတော့ သူသိတာတွေက အံမဝင်တာ/ အသုံးချလို့ မရတာတွေ ဖြစ်နေပြန်ရော - သူတို့နိုင်ငံတွေမှာတော့ ကိုယ့်ဘေးဘယ်ညာကို ကြည့်လိုက်ရင် လုပ်ငန်းခွင်မှာပဲ လခစားလို့ ထင်ရတဲ့ သူလိုကိုယ်လို လူတွေက ဒေါက်တာဘွဲ့ရနဲ့ အနည်းဆုံး Master တွေချည်း - ကိုယ်တွေနိုင်ငံမှာ ဘွဲ့ကို ဂုဏ်ပုဒ်တစ်ခုလိုပဲ သုံးတယ် - ဆိုလိုတာ ဘွဲ့ကသပ်သပ် - လုပ်တဲ့အလုပ်က သက်သက် - သူတို့တွေ နိုင်ငံမှာတော့ ဒီရထားတဲ့ ဘွဲ့ကိုပဲ လုပ်ငန်းခွင်မှာ အံဝင်ခွင်ကျဖြစ်အောင် နောက်တိုး ဘာသာရပ်တွေ ထပ်ထပ်လေ့လာပြီး လုပ်ငန်းခွင်လိုအပ်ချက်နဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အသွေးကို မြှင့်ယူကြတာ တွေ့ရတယ် - သေချာတာကတော့ လေ့လာနေတဲ့သူဆိုတာ မလေ့လာပဲ ထိုင်နေတဲ့ သူထက်စာရင်တော့ အတွေးအခေါ်ရော ဖန်တီးမှုရော ပိုကောင်းတာ အသေအချာပဲ - ကိုယ်တွေကတော့ ကျောင်းပြီးတည်းက ထိုင်လိုက် ပျင်းလိုက် - ပျင်းလိုက် ထိုင်လိုက်နဲ့ -
  • လေ့လာဖို့ ဆိုတာလည်း မတွေးမိဘူး။
  • ဘယ်လိုလေ့လာရမယ် ဆိုတာကိုလည်း မတွေးတတ်ဘူး။
  • အင်တာနက်နဲ့ အကျွမ်းတဝင်ရှိတဲ့လူ မဟုတ်တော့ ဘယ်လိုသုံးရမယ်ဆိုတာလည်း နားမလည်သလို - ဘာတွေ လေ့လာနိုင်တယ်ဆိုတာကိုလည်း ဂဃနဏ မသိဘူး။
  • အဲ့တာကြောင့် အင်တာနက်ကြီး လက်တစ်ကမ်းမှာ ရှိနေလည်း ဘယ်နားသွား လေ့လာရမှန်း မစဉ်းစားချင်တော့ဘူး။

ဘာမှမသိလျှင် ဘာမြှဖစ်လာမည် မဟုတ်

လွန်ခဲ့တဲ့ လေးနှစ်လောက်ကပေါ့ - ကိုယ်ပိုင် Blog တစ်ခု စရေးတယ် - Blog သာ ရေးခဲ့တာ ကိုယ်ရေးတဲ့ ဘလော့မှာ ဘာအကြောင်း ရေးရကောင်းမှန်း မသိဘူး - ဘယ်သိမလဲ ကိုယ်က ဘာမှမှ မသိပဲ - လူသိများတဲ့ Blog ကောင်းတွေကို သေသေချာချာ လိုက်ဖတ်ကြည့်ရင် စာရေးသူတွေဟာ စာတော်တော်ဖတ်နိုင်တာ တွေ့ရတယ် - ( ဥပမာ နိုင်းနိုင်းစနေ - သူဆို စိတ်ခွန်အားနဲ့ ပတ်သတ်တဲ့ စာတွေ တော်တော်များများ ရေးလေ့ရှိတယ် - များသောအားဖြင့် တရုတ်ဘာသာနဲ့ ရေးထားတဲ့ စာအုပ်တွေကနေ ဘာသာပြန်ရေးတာ ) - အဲ့တော့အနှစ်ချုပ်ရရင် ကျွန်တော်အမြဲ တိုက်တွန်းလေ့ရှိတဲ့ တစ်ခြားသူအတွက် မျှဝေမှုဆိုတာ ကိုယ်ကိုယ်တိုင်ရဲ့ အသိဉာဏ်ထဲ ဘာမှမရှိပဲ ဘာမှမျှဝေဖို့ မဖြစ်နိုင်ဘူး -
  • သူများကို တစ်ခုပေးချင်ရင် ကိုယ်ကိုယ်တိုင်ကလည်း အနည်းဆုံး တစ်ခုသိထားဖို့ လိုသလို အဲ့ထက်ပို သိချင်ရင်လည်း ကျွန်တော်တို့တွေ ဒီ့ထက်ပိုပြီး စာဖတ်ဖို့ လိုပါတယ်။
  • သူများကို မျှဝေဖို့ ဆိုတာကို နောက်မှာ ထားလိုက်ဦး - ကိုယ်ကိုယ်တိုင်ရဲ့ အရည်အသွေး လက်ရှိအခြေအနေထက် တက်လာချင်ရင် ခုထက်ပိုပြီး စာဖတ်ကြဖို့ လိုပါတယ်။
  • နေ့စဉ်နဲ့ အမျှ ပြောင်းလဲနေတဲ့ ကမ္ဘာ့နည်းပညာကို မျက်ခြေမပျက်ချင်ရင် နေ့စဉ်နဲ့ အမျှကို စာဖတ်နေဖို့ လိုပါတယ်။

စာမည်သို့ ဖတ်မည်နည်း

အဲ့တော့ ကျွန်တော်တို့ ဘယ်နေရာတွေမှာ စာဖတ်ကြမလဲ - ကျွန်တော့်အတွက်တော့ Library တို့ စာအုပ်အဌားဆိုင်တို့ ဆိုတာ တော်တော်ဝေးသွားပြီ - အင်တာနက်ထဲမှာ စာဖတ်ဖို့ တစ်ချိန်တုန်းက စိတ်ကူးရှိခဲ့ပေမယ့် စာဖတ်ဖို့ စဉ်းစားလိုက်ရင် ဘယ်ဘလော့တွေ ကောင်းမှန်း မင်းသိလို့လား ဆိုတဲ့ မေးခွန်းကို ကိုယ့်ဘာသာ ပြန်မေးပြီး အမှောင်ချပစ်ခဲ့တာ များတယ် - ရလာဒ်ကတော့ တိုင်းတပါးမှာ လူတိုင်းနားလည်နေတဲ့ ကလေးကွက်တွေကို ခုချိန်ထိ ကျွန်တော့်မှာ မျက်ကလူးဆန်ပြာနဲ့ လေ့လာနေရတုန်း - ဒါတွေကို နားလည်လာတော့ ကိုယ့် လူငယ်တွေကို ကိုယ့်လို မဖြစ်စေချင်တော့ဘူး - သူတို့တွေကို အများကြီး တော်စေချင်တယ် - အဲ့အတွက် ဘာလုပ်ပေးရမလဲ လို့ စဉ်းစားကြည့်တယ် - အဲ့လို တတ်နိုင်တဲ့ ဘက်က စွမ်းသလောက် ကူညီပေးနိုင်ဖို့ဆို ငါ့မှာ တန်ဖိုးအရှိဆုံးအရာ ဘာရှိသလဲဆိုပြီး ဆန်းစစ်ကြည့်တော့ ကျွန်တော်နှစ်ရှည်လများ စုဆောင်းထားခဲ့တဲ့ အရာတစ်ခု သွားတွေ့တယ် -

အဲ့တာကတော့ ကျွန်တော့်အမြဲ ဖတ်လေ့ရှိတဲ့ အင်တာနက်ထဲက လေ့လာစရာ နေရာတွေကို မိသားစုဝင်တွေ အတွက် မျှဝေရင်း အလေ့အကျင့် မရှိသေးတဲ့ လူငယ်တွေအတွက် စာဖတ်နည်း လက်ဆင့်ကမ်းချင်တာပါ - စုစုပေါင်း နေရာ ( ၁၀၀ရ ) ခု ရှိပါတယ် - ဒီလောက်ပမာဏဟာ စာဖတ်တဲ့ အလေ့အကျင့် မရှိသေးတဲ့ လူငယ်တွေ - ဖတ်ချင်ပေမယ့် ဘယ်နေရာတွေမှာ စာဖတ်ရမှန်း မသိပဲ အခက်တွေ့နေတဲ့ နည်းပညာ လေ့လာလိုသူ လူငယ်တွေ အတွက် အတိုင်းအတာ တစ်ခုထိ အထောက်အကူ ပြုလိမ့်မယ်လို့ ယုံကြည်မိပါတယ် -

Reader များ၏ အခန်းကဏ္ဍ

ဒီ လိပ်စာပေါင်း ၁၀၀ရ ခုကို နေ့စဉ်နဲ့ အမျှ Websites တစ်ခုချင်းစီကို တစ်နေရာချင်းဆီ လိုက်ပြီး စာလိုက်ဖတ်ဖို့ဆိုတာ မဖြစ်နိုင်တာမို့ စာဖတ်ရတာလွယ်အောင် အရင်က ကျွန်တော် Google Reader သုံးခဲ့ပါတယ် - အဲ့နောက်မှာ FeedDemon သုံးခဲ့ပါတယ် - ခုနောက်တော့ အဲ့တာနှစ်ခုလုံး မသုံးတော့ပဲ Feedly ပြောင်းသုံးနေပါတယ် - တစ်ချို့ မိသားစုဝင်တွေ အနေနဲ့ Reader သုံးရတဲ့ ရည်ရွယ်ချက်ကို နားမလည်ကြသေးတာမျိုး ရှိနိုင်တာမို့ ဒီနေရာမှာ Reader တွေရဲ့ အားသာချက်တွေ အကြောင်း နည်းနည်းလောက် ရှင်းပြပါရစေ - Reader တွေသုံးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ရှေ့မှာ ရှင်းခဲ့ပြီးသလို ကိုယ် ဖတ်လေ့ရှိတဲ့ Websites တွေ / Blogs တွေရှိရာဆီ တစ်နေရာချင်းစီ သွားဖို့ မလိုပဲ နေရာတစ်နေရာတည်းကနေ သူ့ဆီက တက်သမျှ သတင်းကို စောင့်ကြည့်နေချင်လို့ပါ - Reader တွေ သုံးပြီး စာဖတ်ခြင်း အားဖြင့် ကိုယ်ဖတ်လေ့ရှိတဲ့ Websites တွေ / Blogs တွေက နေ့စဉ်တက်လေ့ရှိတဲ့ တန်ဖိုးရှိတဲ့ အကြောင်းအရာတွေကို လွတ်သွား ကျော်သွားတာမျိုး မရှိပဲ နေ့စဉ်ပုံမှန် ဖတ်ဖြစ်လာပါလိမ့်မယ်။ တစ်ခြား အားသာချက်တွေကိုတော့ အကျယ်ချဲ့ပြီး မိတ်ဆက်မပေးတော့ပါဘူး - နောက်ပိုင်း စာဖတ်ဖြစ်သွားတဲ့ နောက်မှာ ဘာတွေလုပ်ဆောင်လို့ ရမယ်ဆိုတာ အလိုလို နားလည် သွားပါလိမ့်မယ်။ Feedly ဆိုတာ Add-ons တစ်မျိုးပါ - သူ့ကို Mozilla မှာလည်း Add-ons အဖြစ် အသုံးပြုနိုင်သလို - Google chrome မှာလည်း Extension တစ်ခု အဖြစ် အသုံးပြုနိုင်ပါတယ်။ Feedly ရဲ့ တည်ဆောက်ပုံဟာ အပြင်မှာ မဂ္ဂဇင်းတစ်စောင် ဝယ်ပြီး ဖတ်နေရသလိုမျိုး ကိုယ့်စိတ်ကြိုက်ရွေးချယ်ထားတဲ့ Websites တွေ / Blogs တွေက တက်လာတဲ့ သတင်းတွေကို အသွင်ဆန်းနဲ့ ဖော်ပြပေးတာမို့လို့ စွဲဆောင်မှုလည်း ရှိသလို အင်မတန်မှလည်း စာဖတ်လို့ ကောင်းပါတယ်။


Reader အသုံးပြု၍ စာဖတ်ခြင်း

လိပ်စာပေါင်း ( ၁၀၀ရ ) ခုကို ဒီနေရာမှာ တစ်ခုချင်းစီ ချရေးပြီး မှတ်ခိုင်းမှာ မဟုတ်ပါဘူး - တစ်ခါတည်း စာဖတ်လို့ ရအောင် ဖန်တီးပေးသွားမှာပါ -

အဆင့် ( ၁ ) >> အရင်ဆုံး Google-reader-subscriptions file ( OPML file ) ဖိုင်ကို အောက်မှာယူလိုက်ပါ -

Mozilla Firefox သမားများ Feedly Add-ons ကို ဒီနေရာကနေ သွားပြီး install လုပ်ပါ။
Google Chrome သမားများ Feedly Extension ကို ဒီနေရာကနေ သွားပြီး install လုပ်ပါ။ install လုပ်ပြီးတဲ့ အချိန်မှာ အောက်ဖော်ပြပါအတိုင်း icon လေးတစ်ခု browser မှာ တွေ့ရပါလိမ့်မယ်။ ခဏ ဒီအတိုင်း ထားထားပါ။


အဆင့် ( ၂ ) >> Google Reader ကို သွားပါ - ကိုယ့် Google account နဲ့ login ဝင်ပြီး အောက်မှာ ဖော်ပြထားတဲ့အတိုင်း ညာဘက်အပေါ်ထောင့်က Reader Settings ကို ဝင်ပါ။


အဆင့် ( ၃ ) >> Import/Export tab ကိုသွားပြီး အပေါ်မှာ Download ယူခဲ့တဲ့ Google-reader-subscriptions file ကို Browser ကနေတစ်ဆင့် ရှာယူပြီး Upload တင်ပါ -

This image has been resized. Click this bar to view the full image. The original image is sized 582x271.

အဆင့် ( ၄ ) >> ဖော်ပြပါ အဆင့်တွေ ပြီးရင် Feedly ကနေ တစ်ဆင့် စာစဖတ်လို့ ရပါပြီ - Browser က Feedly icon ကို နှိပ်ပါ - သူက Google account ကိုသုံးပြီး login ဝင်ခိုင်းပါလိမ့်မယ် - ခုနက Google Reader မှာ Google-reader-subscriptions file upload တင်ခဲ့တဲ့ Account ကို သုံးပြီး login ဝင်လိုက်ပါ။ ဒါဆို Google Reader ကို တစ်ဆင့်ခံပြီး Feedly ကနေ စာစဖတ်လို့ ရပါပြီ။ Feedly ရဲ့ အသေးစိတ် အသုံးပြုနည်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။




မည်သို့ ဖွဲ့စည်းထားသနည်း

ကျွန်တော့်စိတ်ကြိုက် ရွေးပြီး စဉ်ထားတဲ့ Google-reader-subscriptions မှာ Websites ပေါင်း ( ၁၀၀ရ ) ခုကို ကဏ္ဍလိုက် Categories ပေါင်း အခု ( ၂၀ ) ခွဲပြီး စဉ်ထားပေးပါတယ်။ အဲ့ဒီ့ Categories တွေကတော့ -

( 1 ) Buddhism - ဘာသာတရားဆိုတာ လူတစ်ယောက်ရဲ့ အသိတရား စိတ်ဓာတ် ခံယူချက်နဲ့ လုပ်ဆောင်မှုတွေကို အများကြီး တိုးတက်ပြောင်းလဲ စေတာမို့လို့ ဒီကဏ္ဍအောက်မှာ မြန်မာဗုဒ္ဓဘာသာဝင် လူငယ်တိုင်းအတွက် လေ့လာဖတ်ရှုသင့်တဲ့ ဗုဒ္ဓဘာသာ ဘလော့ကောင်းတွေ စုစည်းထားပါတယ်။

( 2 ) Myanmar - ကိုယ့်နိုင်တွင်းမှာ ဘာတွေ ဘယ်လို ဖြစ်နေလဲဆိုတာလေ့လာနိုင်ဖို့ မြန်မာပြည်သတင်းနဲ့ ရသဆိုင်ရာ မြန်မာဘလော့ကောင်း တစ်ချို့ ဖတ်ဖို့ ဆိုပြီး ဒီကဏ္ဍအောက်မှာ ကျွန်တော်စုထားခဲ့ပါတယ် - ဒီကဏ္ဍမှာ blogs ပမာဏ တော်တော်နည်းပါတယ် - ကိုယ့်ဘာသာ စိတ်ကြိုက်ထပ်ဖြည့်ကြပါ။

( 3 ) Geek - နည်းပညာနဲ့ ပတ်သတ်လာရင် မြန်မာဘလော့တွေ ဖတ်ယုံနဲ့ ဘယ်လိုမှ အဆင်မပြေပါဘူး - အဲ့အတွက် နည်းပညာနဲ့ ပတ်သတ်ပြီး အသေးစိတ် ရေးလေ့ရှိတဲ့ အင်္ဂလိပ် Websites နဲ့ Blogs ကောင်းတွေ ဒီကဏ္ဍအောက်မှာ စုထားခဲ့ပါတယ် - သူ့အောက်ကို ဝင်ရင် How to articles တွေ - Cool Websites and Tools - ဘယ်လိုပြင် ဘယ်လိုလုပ် ဘယ်လိုဖန်တီးဆိုတဲ့ နည်းပညာနဲ့ ဆိုင်တဲ့ လေ့လာမှတ်သားစရာတွေ တစ်ပုံတစ်ပင် တွေ့ရပါလိမ့်မယ် -

( 4 ) Download - Download ချဖို့ လူတော်တော်များများ ဝါသနာပါကြတယ် - ကျွန်တော်လည်း ဝါသနာပါတယ်။ အဲ့အတွက် ဒီကဏ္ဍအောက်မှာ Full and Free Download ချလို့ ရနိုင်မယ့်နေရာတွေ စုထားခဲ့ပါတယ် - ဥပမာ - Ebooks / Software / Movies ... စသဖြင့်။

( 5 ) Ubuntu - Ubuntu သုံးမယ်ဆိုရင် Ubuntu အကြောင်း ရေးတဲ့ Blogs တွေက မဖတ်လို့ကို မရပါဘူး - အဲ့တာကြောင့် Ubuntu သုံးတဲ့ ကျွန်တော့်အတွက် မဖြစ်မနေ ဖတ်သင့်မယ့် Blogs ကောင်းတွေ ဒီကဏ္ဍအောက်မှာ စုထားခဲ့ပါတယ်။

( 6 ) Google - ကျွန်တော်က Google fun လို့ ပြောရင်လည်း မမှားဘူး - အဲ့တာကြောင့် Google က အသစ်အဆန်း ဘာတွေလုပ်နေလဲ - Google မှာ ဘာတွေ ပြောင်းလဲမှုတွေ ရှိနေသလဲ ဆိုတာ အချိန်နဲ့ တပြေးညီ သိနိုင်ဖို့ Google ရဲ့ လှုပ်ရှားမှုတွေအကြောင်း စဉ်ဆက်မပြတ် ဖော်ပြပေး နေတဲ့ နေရာကောင်းတွေ ကျွန်တော် ဒီကဏ္ဍအောက်မှာ စုထားခဲ့ပါတယ်။

( 7 ) Web design - ကျွန်တော် Web designer မဟုတ်ပါဘူး - ဒါပေမယ့် သူ့ရဲ့ တည်ဆောက်ပုံတွေ ဖန်တီးပုံတွေကို သဘောကျလို့ လေ့လာနိုင်အောင်ဆိုပြီး တစ်နေကုန်ထိုင်ဖတ်တောင် မကုန်နိုင်တဲ့ နေရာကောင်းတွေ ဒီကဏ္ဍအောက်မှာ စုထားခဲ့ပါတယ်။

( 8 ) Linux - ဒီကဏ္ဍအောက်မှာတော့ Ubuntu အဓိက မဟုတ်တဲ့ Linux သမားတွေ လေ့လာနိုင်စရာ နေရာကောင်းတွေ စုထားပါတယ်။ Linux နဲ့ ပတ်သတ်တဲ့ သတင်းတွေ အတင်းတွေ ဒီကဏ္ဍအောက်မှာ အကုန်တွေ့နိုင်ပါတယ်။

( 9 ) Blog - Blogger platform ဟာ Wordpress နဲ့ ယှဉ်ရင် တော်တော်ကြီးကို မှိန်ပါတယ် - ဒါပေမယ့် ကျွန်တော် Blogger သမားပါ - ကျွန်တော့်လို Blogger ဘဝကို အားကိုးနေရတဲ့ သူတွေအတွက် ပြည့်ပြည့်စုံစုံ ကိုးကားနိုင်မယ့် How to Articles တွေ - Templates တွေ ဒီကဏ္ဍအောက်မှာ ကျွန်တော် သီးသန့် စုထားခဲ့ပါတယ်။

( 10 ) Torrent - Torrent ကတော့ ကျွန်တော်အကြိုက်ဆုံးပဲ - Torrent အကြောင်းကို Torrent ဘာလဲ Torrent ဘယ်လဲ ?? ဆိုပြီး တော်တော်များများရေးခဲ့ပြီးတာမို့ မသုံးတတ်သေးရင် လေ့လာကြစေချင်ပါတယ်။ သုံးတတ်သွားတဲ့ Torrent users တွေ အတွက် စောင့်ကြည့်သင့်တဲ့ Torrent sites တွေ ဒီကဏ္ဍအောက်မှာ ကျွန်တော် ထည့်ထားပါတယ်။

( 11 ) Ebooks - အကြောင်းအရာတိုင်းက တစ်ခုမသိတိုင်း တစ်ယောက်ကို သွားမေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး - အဲ့လိုအချိန်မှာ ကျွန်တော် သိချင်တာတွေအတွက် Ebooks တွေ အားကိုးရတယ် - အဲ့လို ကိုယ့်အတွက် လိုအပ်မယ့် Ebooks တွေ အချိန်မရွေး ရှာယူလို့ ရနိုင်ဖို့ ဒီကဏ္ဍအောက်မှာ အင်တာနက်ထဲမှာ Ebooks အားလုံးကို အလကား ရယူနိုင်မယ့် နေရာကောင်းတွေ ကျွန်တော် စုထားခဲ့ပါတယ်။

( 12 ) Wordpress - ဒီကဏ္ဍအောက်မှာတော့ Wordpress သုံးသူတွေ အတွက် လေ့လာသင့်မယ့် နေရာကောင်းတွေ - Wordpress themes ဆိုဒ်တွေ စုထားပါတယ်။ သိပ်တော့ စုံမယ် မထင်ဘူး - ဘာလို့လည်းဆိုတော့ ကျွန်တော် Wordpress ကို ခဏပဲ သုံးဖြစ်ခဲ့ပြီး နောက်ပိုင်း ဆက်မသုံးဖြစ်တော့လို့။

( 13 ) Photos - ကျွန်တော်က ဓာတ်ပုံရိုက်ရတာလည်း ဝါသနာပါသေးတယ် - အဲ့တာကြောင့် ဒီကဏ္ဍအောက်မှာ ကမ္ဘာအနှံ့က ဓာတ်ပုံဆရာတွေရဲ့ လက်ရာတွေ ခံစားနိုင်ဖို့ စုထားပါတယ်။

( 14 ) Movies - တစ်ခါတစ်လေ အားတဲ့ရက် အခွေလေးဘာလေး ကြည့်ရတာ သဘောကျတယ် - အဲ့အတွက် Movies ကောင်းကောင်းတွေ ရှိမယ့်နေရာ ဒီကဏ္ဍအောက်မှာ ကျွန်တော်စုထားခဲ့ပါတယ်။

( 15 ) Portable - Software ဆို Portable တွေ ကျွန်တော် သိပ်သဘောကျတယ် - အဲ့တာကြောင့် Portable ရနိုင်မယ့် နေရာတွေ ဒီကဏ္ဍအောက်မှာ ကျွန်တော် စုထားတယ်။

( 16 ) Fun - တစ်ခါတစ်လေ ဟာသလေးတွေ ပေါက်တတ်ကရလေးတွေ ကြည့်ရတာ ဘဝအမောပြေတယ် - အဲ့အတွက် ဒီကဏ္ဍအောက်မှာ ဟာသဘလော့လေးတွေ ကျွန်တော် စုထားခဲ့တယ်။ ပမာဏတော့ နည်းသေးတယ် - ကိုယ့်စိတ်ကြိုက် ဘလော့တွေ ကိုယ့်ဘာသာ ထပ်ဖြည့်ယူကြပါ။

( 17 ) Computing - ဒီကဏ္ဍအောက်မှာတော့ ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ သတင်းတွေ အတင်းတွေ ရေးလေ့ရှိတဲ့ Websites နဲ့ Blogs တွေ တော်တော်များများ စုထားခဲ့ပါတယ်။

( 18 ) News - တစ်ယောက်တည်း နေချင်သလိုနေရင် ကမ္ဘာကြီးနဲ့ ကျွန်တော်တို့ အဆက်ပြတ်သွားမှာပေါ့ - အဲ့လို မဖြစ်ရအောင် ဒီကဏ္ဍအောက်မှာ ကမ္ဘာ့သတင်း နဲ့ နိုင်ငံတကာက ဖြစ်ပျက် လှုပ်ရှားမှုတွေကို အချိန်နဲ့ တစ်ပြေးညီ သိနိုင်အောင် နေရာကောင်းတွေ စုထားခဲ့ပါတယ်။

( 19 ) Architecture - ကျွန်တော် ဗိသုကာပညာကိုလည်း ဝါသနာ ပါသေးတယ် - အဲ့အတွက် ဗိသုကာပညာနဲ့ ပတ်သတ်ပြီး လေ့လာနိုင်မယ့် နေရာလေးတွေ ဒီကဏ္ဍအောက်မှာ စုထားဖြစ်ခဲ့တယ်။

( 20 ) Mac - လက်ထဲမှာ Mac တော့ မရှိဘူး - ဒါပေမယ့် တစ်ချိန်မှာ သုံးရင် သုံးဖြစ်မှာပေါ့ - အဲ့အတွက် ခုတည်းက ဒီကဏ္ဍအောက်မှာ စုထားတယ်။

မည်သည့် Websites များ ပါဝင်သနည်း

Google-reader-subscriptions file ထဲက Websites ပေါင်း ရ၈၀ က ဘယ်ဆိုဒ်တွေလဲ ဆိုတာ သိချင်မယ်ဆိုရင် ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ Google reader နဲ့ ပတ်သတ်ပြီး အသုံးပြုနည်းတစ်ချို့ကို ဒီနေရာမှာ မြန်မာလိုဖတ်နိုင်ပါတယ်။

အနှစ်ချုပ်

ဒီအကြောင်းကို ရေးဖြစ်သွားတာ လူငယ်တွေကို စာဖတ်ကြစေချင်လို့ပါ - လေ့လာစေချင်လို့ပါ - ဒီအချိန်မှာ ကျွန်တော် စာရေးနိုင်နေသေးပေမယ့် နောင်တစ်ချိန်ဆိုတာ ကျွန်တော့်အတွက် မသေချာတော့ဘူး - အဲ့အတွက် ကျွန်တော်တို့ မျိုးဆက်သစ်တွေလိုပါတယ် - မျိုးဆက်သစ်များ စာဖတ်ကြစေချင်ပါတယ် - Websites ပေါင်း ( ၁၀၀ရ ) ဆိုတာ တကယ်တော့ ဘယ်လောက်မှ မရှိသေးပါဘူး - ဖြစ်နိုင်ရင် ဒီ့ထက်တိုးပြီး လေ့လာနိုင်ဖို့ကြိုးစားကြပါ - ကိုယ်သိခဲ့တာတွေကိုလည်း ကိုယ့်လူမျိုးရဲ့ နည်းပညာအသိနဲ့ နည်းပညာအဆင့်အတန်း မြင့်မားစေဖို့ မျှဝေပေးကြပါလို့ တိုက်တွန်းရင်း လူငယ်နဲ့ပညာရေး ဆောင်းပါးကို ဒီလောက်နဲ့ အဆုံးသတ်လိုက်ပါတယ်။

KznT.

How To Ask Smart Questions ( Before You Ask )

ဒီအကြောင်းကို ရေးချင်ခဲ့တာ ကြာပါပြီ - ဒီအကြောင်းကို ရေးဖို့ တွန်းအားပေးခဲ့တဲ့ သူတွေထဲမှာ မဖြစ်မနေ ကျေးဇူးတင်ရမယ့် သူတွေကတော့ကိုနေမင်းမောင် ( စာချွန်လွှာပို့ပြီး ဖိုရမ်အတွက် လိုအပ်နေတာတွေ ကျွန်တော့်ကို အကြံပေးခဲ့တဲ့သူပါ ) - နောက်တစ်ယောက်က ကိုဘုရင့်နောင် ( သူကတော့ ဒီအကြောင်းအရာမှာ ဘယ်လိုခေါင်းစဉ်တွေ ပါဝင်သင့်မယ်ဆိုတာ အကြံပေးခဲ့တဲ့ သူပါ ) - သူတို့ နှစ်ယောက်ရဲ့ တွန်းတိုက်အား မရှိပဲ ဒီအကြောင်းကို တော်ယုံ ရေးဖြစ်ခဲ့အုံးမယ် မထင်ဘူး - ခုတော့ အရင်က ရေးဖို့ တွေးမိတဲ့ စိတ်အခံရယ် - သူတို့ရဲ့ ကူညီမှုတွေကြောင့် ဖိုရမ်ရဲ့ လိုအပ်ချက်တစ်ခု ဖြည့်ဆည်းပေးဖို့ ဖြစ်လာပါတယ် - ရေးမယ့် အကြောင်းက - မေးမြန်းမှု အတတ်ပညာပါ -


မေးမြန်းမှု အတတ်ပညာ

ဖိုရမ်မှာပဲ ဖြစ်ဖြစ် - တစ်ခြား ပြင်ပလောကမှာပဲ ဖြစ်ဖြစ် တစ်ခြားသူတစ်ယောက် မေးမြန်းလာသမျှကို တစ်ဖက်လူ အဆင်ပြေချောမွေ့သွားအောင် ဖြေကြားပေးနိုင်တဲ့ အားကိုးအားထား ပြုရသူကိုပဲ အတတ်ပညာ တတ်မြောက်ကျွမ်းကျင်သူလို့ သတ်မှတ်လို့ မရပါဘူး - ကိုယ်သိချင်တဲ့ အကြောင်းအရာ ကိုယ်နားလည်ချင်တဲ့ သဘောတရားကို သိရှိနားလည်ပြီးသူ တစ်ယောက်ကနေ ဖြေဆိုချင်စိတ် ဖြစ်လာအောင် - ချက်ချင်းဖြေကြားမပေးနိုင်ရင်တောင် နောင်တစ်ချိန်မှာ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ဖြေကြားလိုစိတ်ပေါ်လာအောင် မေးမြန်းနိုင်တာဟာလည်း အတတ်ပညာရပ်တစ်ခုပါပဲ - ကျွန်တော်တို့ ဒီမှာ မြန်မာမိသားစုဖိုရမ်ဆိုပြီး ဖြစ်လာပြီ - ဖိုရမ်ထဲမှာ သူ့ကဏ္ဍနဲ့ သူ တတ်မြောက် ကျွမ်းကျင်သူတွေ ရှိကြတယ် - ကဏ္ဍလိုက်မှာ ကိုယ်မသိနားမလည်တာတွေ ရှိရင် ဝင်ရောက်မေးမြန်းနိုင် သလို ကိုယ်သိနားလည်ထားတာ ရှိရင်လည်း တစ်ခြား အခက်အခဲ ဖြစ်နေသူ တစ်ယောက်အတွက် တစ်ဖက်တစ်လှမ်းကနေ ဝင်ရောက်ကူညီနိုင်ပါတယ် - ဒီသဘောကို ရေးခဲ့ပြီးတဲ့ မျှဝေသူဆိုသည်မှာ အဘယ်နည်း။ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖော်ပြပေးခဲ့ဖူးပါပြီ - ကိုယ်သိနားလည်ထားတာတွေကို တစ်ခြား အခက်အခဲ ဖြစ်နေသူတစ်ယောက်ကို ကူညီနိုင်ဖို့အတွက် ဘယ်လိုစိတ်ခံယူချက်မျိုးနဲ့ ကူညီရမယ် ဆိုတာကိုလည်း မျှဝေသူတစ်ယောက် သိရှိထားရမည့် အချက်များမှာ အဘယ်နည်း။ -မျှဝေသူများတွင် ပြည့်စုံရမည့် အချက်များမှာ အဘယ်နည်း။ ဆိုပြီး ရေးပြီးခဲ့ပါပြီ - အဲ့တော့ လိုအပ်ချက်တစ်ခု ရှိနေပါသေးတယ် - ကိုယ်မသိနားမလည်တာတွေကို ဝင်ရောက် မေးမြန်းတဲ့ နေရာမှာရော ဘယ်လို အချက်အလက်တွေပေါ် အခြေခံပြီး ရေးသားမေးမြန်းရပါမလဲ - ဘယ်လိုစိတ်ဓာတ်ခံယူချက်မျိုး ထားရှိရပါမလဲ - အဲ့လို မေးမြန်းသူတစ်ယောက်အတွက် သိထားဖို့ လိုအပ်မယ့် အချက်အလက်တွေ အကြောင်းကို စုစည်းဖော်ပြလိုက်ပါတယ် -

မေးခွန်းမမေးမီ သိရှိသင့်သည့် အချက်များ


အကြောင်းအရာတစ်ခုကို ဖိုရမ်မှာ Thread အသစ်တင်ပြီး ဖြစ်စေ - ရင်းနှီးကျွမ်းဝင်သူ တစ်ယောက်ကို စာချွန်လွှာပို့ပြီး ဖြစ်စေ - မမေးမြန်းခင်မှာ အောက်ဖော်ပြပါ အချက်တွေကို အရင်ဦးဆုံး လုပ်ဆောင်ထား ခဲ့ပြီးသား ဖြစ်သင့်ပါတယ် -

- ဖိုရမ်ထဲမှာ မိမိမေးမြန်းလိုတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး ဦးစွာဖြေကြား ပေးထားပြီးမှု ရှိမရှိ ပြန်လည်ဆန်းစစ်ပါ။
- မိမိမေးမြန်းလိုတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး Web ပေါ်မှာ ဖြေဆိုပြီးသား ရှိမရှိ ရှာဖြွေကည့်ပါ။
- မိမိမေးမြန်းလိုတဲ့ အကြောင်းအရာနဲ့ ဆက်စပ်ပတ်သတ်နေတဲ့ Manual တွေကနေတစ်ဆင့် အဖြေတွေ့အောင် ရှာဖြွေကည့်ပါ။
- FAQs လို့ခေါ်တဲ့ Users တိုင်း မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းမျိုးတွေမှာ ကိုယ်မေးမြန်းလိုတဲ့ အကြောင်းအရာတွေ ပါဝင်မှု ရှိမရှိ လေ့လာကြည့်ပါ။
- အဖြေတွေ့နိုင်ဖို့အတွက် ကိုယ်ကိုယ်တိုင်ရဲ့ အတွေ့အကြုံ - စစ်ဆေးဆုံးဖြတ်ချက်တွေကနေ ချဉ်းကပ်နိုင်အောင် ကြိုးစားကြည့်ပါ။
- ကျွမ်းကျင်နားလည်မှု ရှိတယ်လို့ သေချာပေါက် ကိုယ်သိထားတဲ့ အသိမိတ်ဆွေတစ်ယောက်ကို မေးမြန်းကြည့်ပါ။

ကိုယ်ကိုယ်တိုင်က Programmer တစ်ယောက်ဆိုရင် ကိုယ်တွေ့ချင်တဲ့ အဖြေကို Source code တွေဖတ်ပြီး ရှာတွေ့နိုင်ဖို့ ကြိုးစားကြည့်ပါ။

    မမေးခင် လေ့လာပါ။ မိမိ မေးမြန်းလိုတဲ့ အကြောင်းအရာတစ်ခုကို မေးခွန်းထုတ်ပြီး စတင်မေးမြန်းတော့မယ်ဆိုရင် မေးခွန်းမစတင်ခင်မှာ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ကိုယ့်ဘက်က ဘာတွေ အဦးဆုံး လေ့လာထားခဲ့ပြီးပြီလဲ - ဘာတွေ ပြင်ဆင်ထားခဲ့သလဲ - စတဲ့ ပြဿနာရပ်နဲ့ ပတ်သတ်ပြီး ကိုယ့်ဘက်မှာ မမေးမြန်းခင်တည်းက ကြိုးစားခဲ့တဲ့ အချက်အလက်တွေကို ဦးစွာဖော်ပြသင့်ပါတယ် - ဒီလို ဖော်ပြထားခြင်းအားဖြင့် ကိုယ်ဟာ ငပျင်းတစ်ယောက် မဟုတ်ဘူး - ကိုယ်သိချင်တာကို ကိုယ်အရင်တွေ့အောင်ရှာတယ် - ရှာလို့ဘယ်လိုမှ မတွေ့နိုင်တော့မှ ( သို့တည်းမဟုတ် ) နားလည်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့မှ တစ်ဖက်လူရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို စာနာမှုနဲ့ မေးမြန်းတယ် ဆိုတာမျိုး မေးမြန်းခံရသူ နားလည်အောင် အရင်ဦးဆုံး ကြိုးစားဖော်ပြသင့်ပါတယ် - ဒီ့ထက်မှ ကိုယ့်မေးမြန်းချက်ကို ပိုပြီး တန်ဖိုးရှိစေ ချင်သေးတယ် ဆိုရင် ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုထဲက ကိုယ်လိုချင်တဲ့ အဖြေကို ရှာမတွေ့ခဲ့ပေမယ့် ဘယ်အကြောင်း အရာတွေကို နားလည်ခဲ့တယ် - ဘာတွေကိုတော့ မှတ်သားစရာ ရခဲ့တယ် ဆိုတာမျိုး တစ်ခြားသူတွေ အတွက် ချပြသင့်ပါတယ်။ 


    အားလုံးထဲမှာ ကိုယ်သိနားလည်ချင်တဲ့ အရာကို အလွယ်ကူအလျင်မြန်ဆုံး ရှာဖွေတွေ့ရှိနိုင်တဲ့ နည်းလမ်းကတော့ Google search ကို အသုံးပြုပြီး ရှာဖွေတဲ့လမ်းစဉ်ပါ - တကယ်လို့ အဲ့လိုရှာလို့မှ မတွေ့ခဲ့ဘူး ဆိုရင်လည်း "မေးမြန်းချက်ကို ရေးသားတဲ့ အချိန်မှာ - ကျွန်တော်/ကျွန်မတော့ ဒီစကားစုတွေနဲ့ Google ကိုသွားပြီး ရှာခဲ့တယ် - ဒါပေမယ့် စိတ်ကျေနပ်လောက်စရာ ဘာအဖြေတစ်ခုမှ မရခဲ့ဘူး" ဆိုတာမျိုး ထည့်သွင်း ဖော်ပြသင့်ပါတယ်။

    ဘာကြောင့်လည်းဆိုရင် ကိုယ်ရှာဖွေခဲ့တုန်းက အဆင်မပြေခဲ့တဲ့ Search terms ဟာ ကိုယ့်ကို ဖြေကြားပေးမယ့် သူအတွက်လည်း ထည့်စဉ်းစားဖို့ မလိုတော့ဘူး ဆိုတာ တစ်ဖက်လှည့်နဲ့ သိသာစေလို့ပါပဲ။ နောက်တစ်ချက် ရှိသေးတာ အဲ့လို ဖော်ပြလိုက်ခြင်းအားဖြင့် ကိုယ်နဲ့ ပြဿနာတူညီ ဖြစ်ဖူးသူ တစ်ယောက်က ဒီအကြောင်းအရာကို တွေ့ရှိပြီး - သူပြဿနာ ဖြစ်ခဲ့တုန်းက ပြေလည်ခဲ့တဲ့ Search terms ကို ညွှန်ပြပေးဖို့ အတွက် ရောက်ရှိလာပါလိမ့်မယ် - ဒီနည်းနဲ့ ကိုယ်လိုလားတဲ့ အဖြေကို ခဏချင်း ရရှိနိုင်ပါလိမ့်မယ်။


    စဉ်းစားရခက်တဲ့ အဖြေတစ်ခုကို Google လိုမျိုး Enter တစ်ချက်ခေါက်တာနဲ့ ချက်ချင်းအဖြေပြန်ရဖို့ မမျှော်လင့်ပါနဲ့ - အချိန်ပေးပါ - စာဖတ်ပါ - အကြောင်းအရာနဲ့ သက်ဆိုင်နေတဲ့ FAQs တွေကို နားလည်ခဲ့ပြီလား သေချာပြန်ဆန်းစစ်ပါ - ဖတ်ပြီးရင် ခဏလောက်နားပါ - ကျွမ်းကျင်သူ တစ်ယောက်ကို မမေးခင် ဒီပြဿနာကိုပဲ နောက်တစ်ခေါက် ပြန်တွေးကြည့်ပါ - မယုံမရှိပါနဲ့ - ကျွမ်းကျင်နားလည်ပြီးသား သူတစ်ယောက်ဟာ မေးမြန်းသူဆီက ရလာတဲ့ မေးခွန်းရဲ့ အသွားအလာကို ကြည့်ယုံနဲ့ ကိုယ်ဘယ်လောက် စာဖတ်ထားသလဲ ?? မမေးခင် ကိုယ်ဘာတွေ တွေးထားခဲ့ပြီးပြီလဲ ဆိုတာ ဒက်ကနဲ သဘောပေါက်ကြပါတယ်။ အဲ့ဒီ့အခြေအနေတွကို ကျွမ်းကျင်သူက သိရှိသွားတာနဲ့ မေးမြန်းသူရဲ့ အားထုတ်ခဲ့မှုပေါ် မူတည်ပြီး ကူညီပံ့ပိုးလိုစိတ်က အလိုလို ဖြစ်တည်လာတတ်ပါတယ်။ နောက်ပြီး မေးခွန်းအများကြီးကို တစ်ဗရိတ်တည်းနဲ့ တရစပ်ပစ်မသွင်းပါနဲ့ - ဘာကြောင့်လဲဆို ကိုယ်မေးတဲ့ မေးခွန်းအတွက် ဘာအဖြေတစ်ခုမှ ပြန်မရပဲ ဖြစ်သွားပါလိမ့်မယ် - ( ဒါမှမဟုတ် အနှစ်သာရ မရှိတဲ့ ဟိုစပ်စပ် ဒီစပ်စပ် အဖြေတွေ ဗျောက်သောက် ပြန်ရပါလိမ့်မယ် )


    ကိုယ့်မေးခွန်းအတွက် ကြိုတင်ပြင်ဆင်ပါ - မေးခွန်းကိုကြည့်ပြီး ပြန်တွေးပါ - ပြီးစလွယ် စီးစလွယ်မေးတဲ့ မေးခွန်းမျိုးဟာ ပြီးစလွယ် စီးစလွယ်အဖြေပဲ ပြန်ရပါလိမ့်မယ် ( ဒါမှမဟုတ် ဘာတစ်ခုမှ ပြန်မရ တတ်ပါဘူး ) - တတ်ယောင်ကား ပုံစံမျိုးနဲ့ မေးခွန်းမမေးမိစေဖို့ကိုလည်း ဂရုပြုပါ - တတ်ယောင်ကား လုပ်ပြီး ( မသိလို့မေးတာ မဟုတ်ဘူး - ငါကသိတယ် - ဒါလေး မင်းများဆွေးနွေးပေး နိုင်မလားလို့ မေးတာ ဆိုတဲ့ အထက်စီးက မေးတဲ့ပုံစံမျိုး ) ယူဆချက် အမှားပေါ် အခြေခံပြီး မေးထားတဲ့ မေးခွန်းမျိုးဟာ မြန်မာလူမျိုး ဖြေကြားပေးမယ့်သူ တစ်ယောက်အတွက် အားတုံ့အားနာဖြစ်စေသလို - လိုလားချက်နဲ့ မသက်ဆိုင်တဲ့ ယူဆချက်အမှားကို ပြန်ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားရတာနဲ့တင်ပဲ မလိုအပ်ပဲ အချိန်အမြောက်အများ ကုန်ဆုံးစေပါတယ်။ ဒါ့ကြောင့် ကိုယ့်ထင်မြင်ချက်ကို နောက်မှာထားပြီး လက်တွေ့ နားလည်သိရှိမှုကိုပဲ မေးမြန်းမှု အကြောင်းအရာမှာ ဦးစားပေးတင်ပြပါ။


    ကိုယ့်မေးခွန်းအတွက် အဖြေပြန်ရကို ရလိမ့်မယ်/ဖြေကို ဖြေပေးရမယ်လို့ ဘယ်တော့မှ တစ်ထစ်ချ ယုံကြည်မထားပါနဲ့ - ဘယ်တော့မှ မဖြစ်နိုင်ပါဘူး - ဖိုရမ်တစ်ခုရဲ့ သဘောတရားဟာ တစ်ယောက်ကို တစ်ယောက် စာနာနားလည်စိတ်နဲ့ ငွေကြေးအမြတ်အစွန်း တစ်စွန်းတစ်စ မယူပဲ မိသားစုဝင်အချင်းချင်း ကူညီဖေးမ လည်ပတ်နေတာ ဖြစ်ပါတယ် - ငွေပေးမေးမြန်းနေတာ မဟုတ်ပါဘူး - ကိုယ်မေးမြန်းတဲ့ အကြောင်းအရာဟာ စဉ်းစားပေးဖို့ သင့်သလား - စိတ်ဝင်စားဖို့ ကောင်းသလား - ဘယ်လိုပြဿနာရပ်တွေပေါ်မှာ အခြေခံထားသလဲ - ဒီမေးခွန်းကနေ ဘယ်လို အတွေ့အကြုံဗဟုသုတတွေ ရနိုင်သလဲ - စဉ်းစားသင့်တဲ့ ပြဿလေးတွေက ဘာတွေလဲ .... စတဲ့ အခြေအနေတွေပေါ် မူတည်ပြီး ပြန်ကြားချက်တွေ ရရှိလာပါလိမ့်မယ်။

    တစ်ဖက်လှည့်နဲ့ နားလည်လွယ်အောင် ပြောရရင် - ကိုယ်ရဲ့ ဖော်ပြချက် မေးခွန်းထဲမှာ -


    " ဒီပြဿနာရပ်အတွက် ကျွန်တော်လုပ်ဆောင်ရမယ့် လုပ်ဆောင်နည်း အသေးစိတ်ကို သေသေချာချာလေး ရေးပေးပါ " ဆိုတာမျိုးထက်

    " ဒီပြဿနာရပ်အတွက် တစ်ယောက်ယောက်များ လိုအပ်ချက်ကို ထောက်ပြနိုင်မလား ?? "
    " ဒီပြဿနာရပ်အတွက် ကျွန်တော့်ရဲ့ လေ့လာမှုထဲမှာ ဘာတွေများ လိုအပ်ချက် ရှိနေပါသလဲ ?? "
    " ဒီပြဿနာရပ်အတွက် ဘယ်လိုနေရာများတွေကိုများ လေ့လာဖို့ သင့်ပါသလဲ ?? "
    စတဲ့ ဖော်ပြချက်မျိုးတွေက ကိုယ့်ရဲ့ စွမ်းဆောင်ရည်နဲ့ ဒီပြဿနာရပ်နဲ့ ပတ်သတ်ပြီး ကိုယ်တကယ် သိနားလည်လိုစိတ် ပြင်းပြနေတယ် ဆိုတာကို သိသာစေသလို ဖြေကြားပေးသူ အပေါ်မှာလည်း တစ်ဖက်လူရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေအတွက် စာနာနားလည်တဲ့ သဘော သက်ရောက်စေပါတယ်။ 

    KznT.

    How to backup your Gtalk chat logs

    ဒီအကြောင်းက ကိုညီညီ ဒီနေရာမှာ မေးထားတဲ့ အကြောင်းကို ရေးထားတဲ့ အကြောင်းအရာနဲ့ မဆက်စပ်လို့ ခေါင်းစဉ်အသစ် ထုတ်ပြီး ရေးဖြစ်လိုက်ပါတယ် - သူမေးထားတဲ့ မေးခွန်းက ဒီလိုပါ -

    ကျွန်တော် သိချင်တာ တစ်ခုရှိတယ်ဗျ - သူက imap သုံးပြီး gmail ထဲမှာ ရှိတဲ့ email တွေကို download ယူ ဖွင့်ကြည့်လို ့ရတာတော့ ဟုတ်တယ်။ ဒါပေမယ့် chat တွေကျတော့ မရဘူး။ ကျွန်တော် မလုပ်တတ်တာလားတော့ မသိဘူး။ အဲ့ဒီလို chat တွေကို gmail ဖွင့်စရာ မလိုဘဲ imap နဲ ့ download ယူဖွင့်ကြည့်လို ့ရတဲ့ နည်းလမ်းလေးများ သိရင် ပြောပြပါအုံး။

    ကျွန်တော်လည်း ဒီရက်ပိုင်း ကံမကောင်းဘူးလား မသိ - ဖြေရလက်ပေါက်ကပ်တာတွေချည်း ဆက်တိုက် မေးခံနေရတယ် -  ကိုညီညီပြောတာ ဟုတ်ပါတယ် - IMAP သုံးပြီး Gmail ထဲက Emails တွေကို Download ယူဖွင့်ကြည့်လို့ ရတာ ဟုတ်တယ် - ဒါပေမယ့် Chat တွေကတော့ မရပါဘူး - မရဘူးဆိုလို့ နဲနဲ စောဒက တက်စရာရှိတယ် - တစ်ချိန် Gmail ကနေပြီး IMAP စပေးခါစတုန်းကတော့ ယောင်တယ် ပြောရမလား - ကြောင်တယ်ပြောရမလား မသိဘူး - Chats တွေကို Label ပြောင်းပေးလိုက်ယုံနဲ့ IMAP ကနေ ဒေါင်းလုပ်ဆွဲလို့ ရခဲ့ဖူးတယ် - ဒါပေမယ့် အဲလို ဖြစ်ခဲ့တာကလည်း ခဏပဲ - နောက်ပိုင်း မရတော့ဘူး - အဲ့တာကြောင့် ခုနောက်ပိုင်းကျတော့ Chat logs တွေကို Download ချပြီး သိမ်းထား ချင်တယ်ဆိုရင် တစ်ခြားနည်းတွေ ပြောင်းပြီး လုပ်ကြရတယ် - အဲ့နည်းတွေက

    • Chats အားလုံးကို တစ်ခုချင်းစီ ပြန်ဝင်ပြီး ကိုယ့် Email ထဲ ကိုယ့်ဘာသာ Forward ပြန်လုပ်တဲ့နည်း ( ဒီနည်းက Chat history မှာ ပမာဏ သိပ်မများရင် အကြောင်းမဟုတ်ဘူး - ပမာဏ အရမ်းများရင် ကျတော့ ရှော့ရှိလာတယ် - ဒါ့ကြောင့် ဒီနည်းက သိပ်မကောင်းဘူးလို့ ပြောလို့ ရတယ် )
    • ဝင်လာသမျှ Chats အားလုံးကို ကိုယ့် Inbox ထဲနောက်တစ်ကြိမ် ပြန်ဝင်လာအောင် Auto forward လုပ်ထားတဲ့နည်း ( ဒီနည်းကလည်း ခုကနေ စလိုက်ရင် နောက်ပိုင်း ဝင်လာမယ့် Chats တွေအတွက်ပဲ အကျိုးသက်ရောက်မှု ရှိမယ် - အရင်တုန်းက ရှိခဲ့ဖူးတဲ့ Chat တွေပေါ် အကျိုးသက်ရောက်မှု မရှိဘူး )
    • Script သုံးပြီး Gmail website ကို Analyze လုပ်တဲ့နည်း ( ဒီနည်းကကျတော့ Google ရဲ့ TOS နဲ့ မညီလို့ နာရီပိုင်းအတွင်း ကိုယ့် Account က Block ခံရနိုင်တယ် )

    GTalk Chat logs များအား Offline backup လုပ်ဆောင်ခြင်း


    အပေါ်ကနည်းတွေနဲ့ အဆင်မပြေတဲ့ နောက်မှာ ကျွန်တော်တို့ အသုံးချနိုင်တဲ့ နောက်နည်းလမ်း တစ်ခု ရှိပါတယ် - အဲ့တာက ကျွန်တော်တို့ ကြားယုံကြားဖူးပြီး သိပ်မသုံးဖြစ်ကြတဲ့ Offline Gmail function ကို အသုံးချတဲ့နည်းပါ - Offline Gmail function ကို အသုံးပြုခြင်းအားဖြင့် Google Gears ကနေ ကိုယ့် Gmail Inbox ထဲက Emails တွေ - Chat logs တွေ တစ်ခြား Labels အမျိုးမျိုး ပြောင်းတပ်ထားတဲ့ Mails တွေအားလုံးကို Connection မရတဲ့ အချိန် Offline အနေနဲ့ ကြည့်ရှုနိုင်ပါတယ် - တစ်နည်းပြောင်းပြောရရင် စက်ထဲမှာ Offline backup လုပ်ဆောင်ထားလို့ ရတယ်ပေါ့ - အဲ့လို လုပ်ဆောင်ဖို့အတွက် 



    အဆင့် ( ၁ ) >> အရင်ဆုံးGoogle Gears ရှိရာဆီ သွားပြီး Installation status ကို တစ်ချက်ကြည့်ကြည့်ပါ - တကယ်လို့ သူက Installed လို့ ပြရင်တော့ အောက်ဖော်ပြပါနည်းအတိုင်း ဆက်လုပ်သွားပြီး - Install မလုပ်ဆောင်ရသေးလို့ ပြရင်တော့ သူ့ကို install လုပ်ပြီး Browser ကို Restart ပြန်ပေးဖို့ လိုပါတယ် - ကျွန်တော်ကတော့ Google Chrome သုံးတဲ့သူ မို့လို့ Google Chrome မှာ Google Gears က default အနေနဲ့ ပါဝင်ပြီးသားပါ - Install လုပ်ဖို့ မလိုပါဘူး - 




    အဆင့် ( ၂ ) >> ပြီးသွားရင် နောက်တစ်ဆင့် အနေနဲ့ Gmail ထဲကို ဝင်ပါမယ် - ဘယ်တွေကို ဒေါင်းလုပ်ချမှာလဲ ဆိုတာ စီစဉ်ရပါမယ် - လောလောဆယ်တော့ ကျွန်တော်တို့က Gtalk Chat logs တွေကို အဓိက ဒေါင်းလုပ်ချဖို့ ရည်ရွယ်ထားတာမို့လို့ Search box မှာ in:chat လို့ရိုက်ပြီး ဖြစ်စေ - Side bar က Chats ကနေ ဖြစ်စေ Chat History တွေ ရှိရာဆီ ဆက်သွားပါ။ ဒီနေရာမှာ နှစ်နည်းရှိတယ် - တစ်ချို့က Chat History မှန်သမျှကို သိမ်းချင်တာ - တစ်ချို့ကျတော့ Chat History ထဲကမှ ကိုယ့်အတွက် အရေးကြီး တာလေးလောက်ကိုပဲ သိမ်းချင်တာ - တကယ်လို့ Chat History မှန်သမျှကို သိမ်းချင်တဲ့ လူဆိုရင်တော့ ဒီနည်းကို သုံးဖို့ မလိုပါဘူး - အဆင့် ( ၅ ) ကို တန်းကျော်သွားလိုက်ပါ - ခုနည်းက လိုတာလေးလောက်ကိုပဲ သီးသန့်သိမ်းချင်တဲ့ သူတွေ အတွက် ရည်ရွယ်ပါတယ် - 




    အဆင့် ( ၃ ) >> အထက်မှာ ဖော်ပြထားတဲ့အတိုင်း ကိုယ့် Chat History တွေကို မြင်ရပြီ ဆိုရင် အရေးကြီးတဲ့ Chat History အားလုံးကို Select ပေးပြီး အထက်ဖော်ပြပါအတိုင်း Label > Create new ကနေ တစ်ဆင့် New Label တစ်ခုပေးပါ - ကျွန်တော်ကတော့ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Gtalk History ပေါ့ -




    အဆင့် ( ၄ ) >> အဲ့လိုပေးပြီးတာနဲ့ ကိုယ်ဒေါင်းလုပ်ချဖို့ ရွေးချယ်ထား ပြီးသား Chat History တွေ အားလုံးဟာ အောက်ဖော်ပြပါ အတိုင်း ကိုယ်ပေးထားတဲ့ New label နဲ့ ယှဉ်ရက်တွေ့ရပါလိမ့်မယ်။ 



    အဆင့် ( ၅ ) >> နောက်တစ်ဆင့်မှာ Mail Settings ကို သွားပါ - 




    အဆင့် ( ၆ ) >> Offline ကို ဆက်ဝင်ပါ - Enable Offline Mail for this computer ကို Enable ပေးပါ - 



    အဆင့် ( ရ ) >> ပြီးရင် Download options: အောက်က Change Label Settings ကို Expand လုပ်ပါ - 



    အဆင့် ( ၈ ) >> Expand လုပ်ပြီးသွားရင် အောက်မှာ ဖော်ပြထားတဲ့အတိုင်း Recent message range: ကို 5 Years ( Messages အဟောင်းတွေ အကုန်ရအောင် ) - နောက် Set None ကို တစ်ချက်နှိပ် ( ဆိုလိုတာ အားလုံး ဒေါင်းလုပ်ချဖို့ မလိုဘူး - ဒေါင်းလုပ်လိုချင်တာကို ကိုယ့်ဘာသာကိုယ်ပဲ ရွေးမယ်ဆိုတဲ့ သဘောနဲ့ Set None ကို နှိပ်တာပါ ) - အဲ့လိုလုပ်ပြီးမှ Chat History အားလုံးကို လိုချင်တဲ့သူဆိုရင် Chats ရဲ့ ဘေးက All ကို Click ပေးပြီး - 




    အရေးကြီး တာလေးလောက်ကိုပဲ ရွေးပြီး Download ချချင်တဲ့သူတွေအတွက် အထက်မှာ Label အသစ်ပြောင်းပြီး သီးသန့် သိမ်းထားခဲ့တဲ့ Gtalk History ( မိမိပေးထားသောနာမည် ) ရဲ့ ဘေးနားက All ကို Click ပေးပါ - 




    အဆင့် ( ၉ ) >> အဲ့လိုရွေးချယ်ပြီးရင် Settings ရဲ့ အောက်ဆုံးက Save Changes ကို Click ပေးပါ - ဒီလိုဆို အောက်ဖော်ပြပါအတိုင်း Install offline access for Gmail ဆိုတဲ့ box လေးတစ်ခု တက်လာပါလိမ့်မယ် - Next ပေးပါ -



    အဆင့် ( ၁၀ ) >> Gear box တက်လာပါလိမ့်မယ် Allow ပေးပါ -


    အဆင့် ( ၁၁ ) >> Shortcuts ကို ဘယ်မှာထားမလဲ မေးပါလိမ့်မယ် - နေရာရွးပြီး OK ပေးပါ -



    အဆင့် ( ၁၂ ) >> အဲ့တာတွေ အားလုံးလုပ်ပြီးသွားရင် Gmail ထဲမှာ Offline Installation Progress တွေ အလုပ်လုပ်နေတာ မြင်ရပါလိမ့်မယ် -



    ပြီးတဲ့ထိ ခဏစောင့်လိုက်ပါ -




    အဆင့် ( ၁၃ ) >> ဒီအဆင့်ပြီးသွားရင် တကယ်တမ်းက အားလုံးပြီးပါပြီ - Desktop ပေါ်မှာ ရှိနေတဲ့ Offline Gmail ကနေ Internet Connection မရှိလည်း စပြီး ကြည့်လို့ ရပါပြီ - ဒါပေမယ့် တစ်ချို့က အဲ့လိုကြည့်လို့ရယုံတင် မဟုတ်ပဲ အဲ့လို Offline ကြည့်လို့ ရနေတဲ့ Database တွေက ဘယ်မှာ ရှိနေသလဲ - အဲ့ဒီ့ Database ကနေ Messages တွေသီးသန့်ထပ်ထွက်လာအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ သိချင်ကြသူတွေ ရှိပါသေးတယ် - အဲ့အတွက် အောက်က အဆင့်တွေကို ဆက်ဖတ်ပါ -



    Offline ကြည့်လို့ရအောင် Download ချထားတဲ့ offline files တွေက Google Chrome သုံးတဲ့သူဆိုရင် Windows 7 မှာ


    C:\Users\KznT\AppData\Local\Google\Chrome\User Data\Default\Plugin Data\Google Gears\mail.google.com\https_443
    အောက်မှာ ရှိပါတယ် - ( OS မတူသူများ Browser မတူသူများ Directory တော့ ကိုယ့်ဘာသာ ကြည့်ရှာကြပါ ) - 



    ဖော်ပြထားတဲ့အတိုင်း ဖိုင်တွေအများကြီးထဲကမှ တစ်ခြားဖိုင်တွေနဲ့ ယှဉ်လိုက်ရင် ပမာဏ အများဆုံး မြင်ရတဲ့ ဖိုင်ဟာ ကျွန်တော်တို့ လိုချင်တဲ့ Offline Database ဖြစ်ပါတယ် - သူ့ကို Copy ကူးပါ - တစ်ခြား မှတ်မိလွယ်တဲ့ နေရာ ( ဥပမာ - Desktop ပေါ်မှာ Folder တစ်ခုဆောက်ပြီး ) မှာ ပြောင်းထားလိုက်ပါ - ပြီးရင် အဲ့ဒီ့ Database ကို candorz ဆိုပြီး နာမည်ပြောင်းပေးပါ ( နာမည်ပြောင်းတဲ့ နေရာမှာ File Extension အပါအဝင် အကုန်ပြောင်းရမှာ ဖြစ်ပါတယ် ) -

    ပြီးရင် ဒီနေရာ နဲ့ ဒီနေရာ က ဖိုင်နှစ်ခုကို ဒေါင်းလုပ်ချပါ - အဲ့ဖိုင်တွေကို ဖြည်လိုက်ရင် extract.exe နဲ့ sql4.vbs ဆိုပြီး ရပါလိမ့်မယ် - အဲ့ဖိုင်တွေကိုလည်း ခုနက Database ကို နာမည်ပြောင်းပေးခဲ့တဲ့ file နဲ့ တူတူထားရပါမယ် - ပြီးရင် sql4.vbs ကို Double click ပေးပါ - ဒါဆို အောက်မှာ ဖော်ပြထားတဲ့အတိုင်း msgs ဆိုတဲ့ folder တစ်ခု ထပ်ထွက်လာပါလိမ့်မယ် - 




    သူ့ထဲကို ဝင်ကြည့်လိုက်ပါ - ကျွန်တော်တို့ လိုချင်တဲ့ Chat History တွေ အားလုံး အောက်ဖော်ပြပါ အတိုင်း ရှိနေတာ တွေ့ရပါလိမ့်မယ် - 



    ကျွန်တော်သိထားသလောက်တော့ ဒါအကုန်ပါပဲ 

    KznT.

    Unicode & Zawgyi



    Unicode နဲ့ ပတ်သတ်ပြီး ပြောချင်တဲ့ စကားတွေ ရင်ထဲမှာ အပြည့်ပဲ - ဒီ Thread ကို စတွေ့တည်းက ဝင်ပြောချင်တာ - ဒါပေမယ့် မရေးဖြစ်လိုက်ဘူး - ရေးမယ်လုပ်တော့လည်း ကိုယ်ပြောမယ့် စကားတွေက ဘာကိုမှ ကြီးကြီးမားမား မရည်ရွယ်ပေမယ့် စာဖတ်သူတွေက သူတို့ ဘာသာသူတို့ လိုရာအဓိပ္ပါယ် ကောက်ပြီး တစ်ယောက်ယောက်/အဖွဲ့အစည်း တစ်ခုခုကို တိုက်ခိုက်သလို ထင်သွားမှာ စိုးမိတယ် - ကိုယ့် ထမင်းကိုယ်စားပြီး လူမုန်းတော့ မခံချင်ပါဘူး - ခုနောက်ထွက်တဲ့ Unicode ဟာ ကိုသက်နောင် ပြောခဲ့ပြီးသလို International standard ဖြစ်တာ မှန်တယ် - အားသာချက်တွေ အများကြီး ရှိတာ မှန်တယ် - လူပြိန်းစကားနဲ့ ပြောရရင် ကျွန်တော် Unicode ကို သဘောကျတာ International standard ဆိုတာကြောင့် မဟုတ်ဘူး - သူ့လက်ကွက်ကိုက ရိုက်ရလွယ်တာ - စနစ်လည်း အများကြီး ကျတယ် - တစ်ခြား အားသာချက်တွေလည်း တစ်ပုံတစ်ပင်ပေါ့ - ဒါပေမယ့်ဗျာ - ကျွန်တော် ဘာကို သဘောမကျလဲ ဆိုတော့ စနစ်တစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းတယ်ဆိုတာ -ဒါကကောင်းတယ် ရော့ဒါသုံး ဒါကိုလုပ် ဆိုပြီး ပြောင်းပစ်လိုက်လို့ မရဘူး - ပြောရရင် ဒါက ရေခဲချောင်း စားနေတဲ့ ကလေးတစ်ယောက်ကို သူ့လက်ထဲက ရေခဲချောင်းယူပြီး ကောက်ညှင်းကျည်တောက် ပြောင်းစားခိုင်းတာနဲ့ တူနေတယ် - ကောက်ညှင်းကျည်တောက်ဗျာ - ရေခဲချောင်းထက်လည်း ဈေးပိုကြီးတယ် လူတိုင်းသိတယ် - စားလို့လည်း ပိုကောင်းတယ် - အရသာလည်း ပိုရှိတယ် - ဗိုက်လည်း တကယ်ပြည့်တယ် မှန်တယ် - ဒါပေမယ့် ကောက်ညှင်းကျည်တောက်ဆိုတာ ဒီအတိုင်းကြီး ကိုင်စားလို့ မရဘူးဗျ - အထဲက ကောက်ညှင်းသားကို ရဖို့ဆိုတာ အဲ့ဒီ့ ကောက်ညှင်းသားကို အပြင်က ရံထားတဲ့ ဝါးကျည်တောက်အခွံလေးကို ရောင်းတဲ့သူက သေသေချာချာ ခွာပေးရတယ် - ရလာတဲ့ ကောက်ညှင်းသားကိုမှ သကြားလေး/အုန်းသီးလေး ဖြူးပေးရတယ် - အဲ့လို လုပ်ပြီး ကျွတ်ကျွတ်အိတ်လေး - ဖက်လေးနဲ့ သေသေချာချာ ထုပ်ပေး - သွားကြားထိုးတံလေး စိုက်ပေးလိုက်တော့မှ ကလေးက စမ်းစားကြည့်ပြီး ရေခဲချောင်းထက် ပိုစားလို့ ကောင်းပါလားဆိုတာ သိလာမှာပေါ့ - အခွံမခွာရသေးတဲ့ ကောက်ညှင်းကျည်တောက်ကြီး ကလေးကို ထိုးပေးကြည့်ပါလား - ဘယ်လိုစားရမယ်မှန်း သူသိပါ့မလား - အရသာရှိမှန်း သူနားလည်ပါ့မလား ?? လူကြီးကိုကြောက်လို့သာ လွှင့်မပစ်ရင် မပစ်မယ် - သူ့စိတ်ထဲမှာတော့ ရေခဲချောင်း ဆက်စားချင်စိတ်က ရှိနေဦးမှာပဲ - "Unicode - ဇော်ဂျီ - Developers နဲ့ Users" တွေအားလုံးကို အဲ့ဥပမာနဲ့ ချိန်ထိုးကြည့်လိုက်ရင် - 


    Unicode = ကောက်ညှင်းကျည်တောက်
    ဇော်ဂျီ = ရေခဲချောင်း
    Developers = ကောက်ညှင်းကျည်တောက်ရောင်းသူ နဲ့
    Users = ကလေး

    ဆိုပြီး ရတယ် - ခု Unicode - Unicode ဆိုပြီး Blog လောကမှာ တစ်ခေတ်ထလာတာ ဘယ်လောက်မှ မကြာသေးဘူး - အတိအကျပြောရရင် မြန်မာကျူတိုရီရယ်က စာရေးအလွန်ကောင်းပြီး စေတနာ အပြည့်ထားတဲ့ စာရေးသူ ကိုသီဟ 31 Dec 2010 မှာရေးခဲ့တဲ့ ကျွန်ုပ်နှင့် ယူနီကုတ် ခရီးစဉ်ကနေ စခဲ့တဲ့ လို့ ဆိုရမယ် - ပြောရရင် ကိုသီဟက Unicode နဲ့ ပတ်သတ်ပြီး တော်တော်လေး ရှင်းပြရှာတယ် - သူနဲ့ တစ်ခြား စာရေးသူတွေ ရေးခဲ့တဲ့ Unicode နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ ဒီနေရာမှာ ဖတ်နိုင်ပါတယ် - တကယ်တမ်းပြောရရင် Unicode က ကိုသီဟ အဲ့လို မရှင်းပြခင် ဟိုးနှစ်တွေကတည်းက ရှိနေခဲ့တာ - တော်ယုံ ဘယ်သူမှ Unicode ကို စိတ်မဝင်စားကြဘူး - ဘာလို့ စိတ်မဝင်စားကြလဲ စေတနာထားပြီး နားလည်လွယ်အောင် ရှင်းပြမယ့်သူမှ မရှိပဲ - Unicode ခုလို အောင်မြင်လာတာဟာ ပြောရရင် ကိုသီဟတို့ကို အများကြီး ကျေးဇူးတင်ရမယ် - မြန်မာတွေက ပြောရရင် တစ်ယောက်ကောင်း/တစ်ဖွဲ့ကောင်း အရမ်းနေကြတယ် - အားလုံးက ဆရာပဲ - တပည့်မရှိဘူး - ကိုယ့်ထက်သာရင် မနာလိုဘူး - တပည့်မွေးရင်လည်း အဲ့ တပည့်က ကိုယ့်ကိုကျော်မှာ သေရမှာထက် ကြောက်ကြတယ် - ဆရာစားချန် ဆိုတာတောင် မြန်မာစကားမှာ ရှိသေးတယ်မလား - မြန်မာတွေက ပြောရရင် ကောက်ညှင်းကျည်တောက်သာ ရောင်းချင်တာ အခွံခွာပေးရကောင်းမှန်းကျ မသိကြဘူး - စားချင်ရင် ကိုယ့်ဘာသာ ခွာစားဆိုတဲ့ အချိုးမျိုး အမြဲလုပ်ကြတယ် - Unicode အကြောင်းနဲ့ သုံးစွဲပုံ သုံးစွဲနည်းတွေ - အားသာချက် အားနည်းချက်ကို ထောက်ပြတဲ့ ရှင်းလင်းချက်တွေ တော်တော်လေး ပြည့်ပြည့်စုံစုံ ဖြစ်လာတာ ပြောရရင် ကိုသီဟအဲ့ ပို့စ်ကို ရေးခဲ့ပြီးတဲ့ နောက်ပိုင်းမှ လို့တောင် ပြောလို့ ရတယ် - အရင်ကလည်း မရှိဘူးလား ဆိုတော့ မဟုတ်ဘူး ရှိတယ် - ဒါပေမယ့် ဟိုနေရာ စစ ဒီနေရာ စစ - Unicode အကြောင်း သိချင်ရင် Blog တကာပတ်ရတယ် - ပတ်ပြီးဖတ်လို့လည်း ကောက်ညှင်း ကျည်တောက်ကြီး အခွံမခွာရသေးပဲ လက်ထဲ ရောက်လာတာမျိုးနဲ့ တူတဲ့ Unicode က ပိုကောင်းတယ် ဆိုတဲ့ အသိတစ်ခုက လွဲရင် ဘာမှဂဃနဏ မသိရဘူး - 


    ပြောရရင် ဇော်ဂျီကနေ Unicode ပြောင်းတယ်ဆိုတာ လူအများလက်ခံထားပြီးသား - အသားကျ ထားပြီးသား - အထူးသဖြင့် အစွဲအလမ်းကြီးတဲ့ မြန်မာလူမျိုးတွေ ယဉ်ပါးပြီးသား စနစ်ဟောင်းတစ်ခုကို စနစ်သစ်ရှိရာဆီ ပြောင်းလဲယူရမှာ - ဒီလို ပြောင်းလဲဖို့ဆိုတာ တတ်သိပြီးသားလူတွေ နားလည်ယုံ တစ်ခုတည်းနဲ့ မရဘူး - ခပ်ရှင်းရှင်း ပြောရရင် နလပိန်းတုန်း ဆိုတဲ့ ကျွန်တော့်လို လူမျိုးတွေ နားလည်နိုင်အောင်ပါ ဖြေရှင်းချက်တွေ လုပ်ဆောင်နည်းတွေ ရှိပြီးသား ဖြစ်နေရမယ် - လူတစ်ယောက်စ နှစ်ယောက်စ လိုက်သုံးယုံနဲ့ ယူနီကုတ်ကို အကောင်အထည်ဖော်လို့ မရသလို - အောင်မြင်ပါပြီ လို့လည်း သတ်မှတ်လို့ မရဘူး - ဥပမာ ပြရရင် - www.myanmardaily.net ကို သွားကြည့် - သူပြထားတဲ့ links တွေထဲမှာ Unicode ပြောင်းပြီး သုံးနေပါတယ်ဆိုတဲ့ Blog ဘယ်နခု ရှိသလဲ - လက်ချိုးရေလို့ ရအောင်ကို နည်းနေသေးတယ် - ဒါတင်မကသေးဘူး - Blog တို့ Forum တို့ထက် အဓိပ္ပါယ်အများကြီးရှိတဲ့ မြန်မာဝီကီတောင် ခုထက်ထိ ဇော်ဂျီနဲ့ Unicode ဆိုပြီး နှစ်ပိုင်းကွဲနေတုန်း - အဲလို ဖြစ်ရတဲ့ အကြောင်းက စနစ်ဟောင်း တစ်ခုကနေ စနစ်သစ် တစ်ခုကို ပြောင်းယူရာမှာ ဖြည်းဖြည်းချင်း ရွှေ့မယူပဲ ချက်ချင်း မိုးပေါ်ကကျ လာသလို ဖွဟဲ့ ဆိုပြီး ပြောင်းခိုင်းလို့ အဲလိုတွေ ဖြစ်ကုန်တာ - တကယ်တော့ Unicode ကို Standard ဖြစ်အောင် လုပ်နေတာ ကြာကြာလြှပီ - ခုမှ Users တွေ Unicode အကြောင်း - အားသာချက် အားနည်းချက်တွေ အကြောင်း သိရတော့ ( ဒါတောင် အပြည့်အစုံ မဟုတ်သေး ) မိုးပေါ်က ကျလာသလို ဖြစ်ပြီပေါ့ - Unicode ကို ပြောင်းဖို့ ကြိုးစားဖူးသူတိုင်း Unicode ကို ပြောင်းဖို့ အချိန်ဘယ်လောက်ပေးပြီး စာဖတ်ရတယ်ဆိုတာ သိလိမ့်မယ် - Users တွေဘက်က ကြည့်ရင် Unicode ကောင်းတယ် ဆိုတာ သိတယ် - အားသာချက်တွေ ရှိတာ မှန်တယ် - ဒါပေမယ့် လက်ရှိစာရေးနေသူ Blogger တွေ - Contributors တွေ ဘက်က ကြည့်ရင် အရင်ရေးထားပြီးသား အကြောင်းအရာတွေကို ဇော်ဂျီကနေ Unicode ကို ပြန်ပြောင်းယူဖို့ဆိုတာ အလုပ်ပိုကြီး တစ်ခုပဲ - မလုပ်ပဲဒီအတိုင်း ထားလို့ကလည်း မရဘူး - ဘလော့က Unicode နဲ့ ဇော်ဂျီ နှစ်ပိုင်းကွဲသလိုဖြစ်နေမယ် - အဲ့လို အလုပ်ပိုတွေအတွက်က ဘယ်မှာလဲ Help Center - ဘယ်မှာလဲ လူပြိန်းနားလည်အောင် ဒိုင်ခံရှင်းပြမယ့်သူ - နေရာတွေ မရှိဘူး မဟုတ်ဘူး - မေးလို့ရမယ့် နေရာတွေ ရှိတော့ရှိတယ် - ဒါပေမယ့် တစ်ခုမသိတိုင်း တစ်ခါသွားမေးနေရင် အိုသေရချည်ရဲ့ - တကယ်တမ်းက အထက်မှာ ပြောခဲ့ပြီးသလို စနစ်ဟောင်းတစ်ခုကနေ စနစ်သစ်တစ်ခုကို ပြောင်းလဲပေးမယ့် ကြီးမားတဲ့ ကူးပြောင်းမှု ဆိုတာ မကူးပြောင်းခင် တည်းက ဖြစ်လာနိုင်မယ့် မေးခွန်းတွေ - Users တွေအတွက် ကြုံတွေ့ရမယ့် ပြဿနာတွေ အားလုံးကို တတ်နိုင်သမျှ ဘက်ပေါင်းစုံက ပြည့်စုံသလောက်နီးပါး အဖြေရှာထားပြီးသား/ဖြေရှင်းပေး ထားပြီးသား ဖြစ်နေဖို့ လိုကိုလိုတယ် - Unicode သမားတွေ ကိုယ့်ကိုယ်ကိုယ် မညာတမ်းဖြေကြည့်ပါ - အဲ့လိုကဏ္ဍအားလုံးအတွက် စံပြုလောက်တဲ့ ပြည့်စုံမှုမျိုး တစ်နေရာတည်းမှာ ရှိနေပြီလား ?? - ဒါက Developers တွေကို စော်ကားတာ မဟုတ်ဘူး လိုအပ်ချက်ကို ထောက်ပြတာ - ခု Unicode မှာက အားသာချက်တွေ ရှိတာ မှန်ပေမယ့် ပြဿနာရပ်တိုင်းအတွက် ဖြေရှင်းချက်တွေ မပြည့်စုံသေးဘူး - ပြောရရင် ကျွန်တော့် လက်ထဲမှာ အခွံခွာထားပြီးသား ကောက်ညှင်းကျည်တောက်ကြီးပဲ ရှိသေးတယ် - သူတို့က သကြားတို့ အုန်းသီးတို့ ဖြူးမပေးထားသေးဘူး - အဲ့အတွက် ကျွန်တော် ဒီ ကောက်ညှင်းကျည်တောက် ကို ကောင်းမှန်း သိရင်တောင် စားချင်စိတ် မရှိသေးဘူး - ကျွန်တော် ဒီရေခဲချောင်းပဲ ဆက်စားနေမိဦးမှာပဲ - နောက်တစ်ချိန် စာရိုက်ယုံ တစ်ခုတည်းအတွက် မဟုတ်ပဲ ကဏ္ဍအသီးသီး မှာ ဇော်ဂျီကနေ Unicode ကို ကူးပြောင်းဖို့ လုပ်ဆောင်ရ လွယ်ကူမယ့် စံပြုလောက်တဲ့ ရှင်းလင်းချက် တွေ ဒီ့ထက်ပို တွေ့လာရမယ် ဆိုရင်တော့ ကျွန်တော့်လက်ထဲက ကောက်ညှင်းကျည်တောက်လည်း သကြားဖြူးပြီးသား ဖြစ်ပြီပေါ့ - အကောင်းကြိုက်တယ်လို့ မထင်ပါနဲ့ - Users အားလုံးပါလာဖို့ ဆိုတာ ဒီအခြေအနေက အရေးအကြီးဆုံးပဲ - လက်ရှိရပ်တည်နေတဲ့ စနစ်ဟောင်း တစ်ခုကနေ ဒီ့ထက်ပိုကောင်းမယ့် စနစ်တစ်ခုရှိရာဆီ ကြီးမားတဲ့ ကူးပြောင်းမှု လုပ်ဆောင်ချင်တဲ့အခါ နိုင်ငံရေးမှာဆို သူရဲကောင်းတွေ စတေးခံကြရတယ် - ပညာရေးမှာဆို ကျွမ်းကျင်သူတွေ ပင်ပန်းဆင်းရဲခံကြရတယ် - နည်းပညာနယ်ပယ်မှာတော့ Developers တွေ ဒီ့ထက်ပိုပြီး ကြိုးစားကြရလိမ့်ဦးမယ် - ဒါဆိုရင်တော့ ကျွန်တော် ရေခဲချောင်း ဆက်စားဖြစ်တော့မယ် မထင်ဘူး 

    image credit: rakhinetharlaydiary.freehostingcloud.com


    KznT.

    7 Chrome Annoyances

    ဒီနေ့ Google Operating System Blog မှာ စာသွားဖတ်ရင်း သိခဲ့တာလေးတွေ ပြောပြချင်မိတယ် - သိတဲ့ အတိုင်း Chrome နဲ့ ပတ်သတ်တာလေးတွေပါ - သေးသေးကွေးကွေး ဆိုပေမယ့် အရေးပါတာလေးတွေ မို့လို့ ဖတ်ပြီးပြီးချင်းပဲ ဘာသာပြန်ပြီး စရေးဖြစ်လိုက်ပါတယ် -

    Google Chrome နဲ့ ပတ်သတ်ပြီး အပေါ်မှာ ကျွန်တော်ရေးခဲ့ပြီးတဲ့ အကြောင်းအရာတွေကို ဖတ်ခဲ့ပြီးရင် တော်တော်များများ တီးမိခေါက်မိ ဖြစ်နေလိမ့်မယ်လို့ ယုံကြည်မိပါတယ် - Google Chrome မှာ တစ်ခြား Browsers တွေနဲ့ ကွာသွားတဲ့ အဓိက အားသာချက်က အမြန်နှုန်းနဲ့ အပြင်အဆင် - Add-ons ချင်းလည်း Firefox နဲ့ ယှဉ်လိုက်ရင် အရေအတွက် အားဖြင့် သိပ်မများသေးဘူးလို့ ဆိုနိုင်ပေမယ့် Google Chrome ရဲ့ Extensions တွေက တစ်ခုဆို ဆိုသလောက် စွမ်းဆောင်ရည်တွေ ထက်မြက်လွန်းတယ် - Google Chrome မှာ အားသာချက်တွေ အများကြီး ရှိပါတယ်လို့ ပြောခဲ့ပေမယ့် ခြောက်ပစ်ကင်း သဲလည်းစင် ကြီးတော့ မဟုတ်သေးဘူး - သူ့မှာ Chrome users တိုင်း ဘဝင်မကျ ဖြစ်နေတဲ့ / ပြောင်းလဲ စေချင်နေတဲ့ အားနည်းချက်လေးတွေလည်း တစ်ချို့ ရှိနေပါသေးတယ် - ဘာတွေလဲဆိုတာ အောက်မှာ ဆက်ကြည့်ပါ

    1. No confirmation when closing multiple tabs


    Firefox မှာဆို Tabs တစ်ခုထက်ပိုပြီး ဖွင့်ထားတဲ့ အချိန် Close button ကို နှိပ်လိုက်မိရင် Tabs အားလုံးကို ပိတ်မှာလား ဆိုတာ အမြဲ မေးလေ့ရှိတယ်။ ဒါမျိုးက တစ်ခါတစ်လေ တစ်ခြား windows တွေနဲ့ ရောပြီး မှားပိတ်မိတဲ့ အခါမျိုးတွေမှာ အရမ်းအသုံးတည့်ပါတယ် - ကိုယ်က မှားပြီး Click ပေးမိတာမျိုး ဆိုရင် Cancel ပေးပြီး နဂိုအခြေအနေအတိုင်းလေး ပြန်ထားလို့ ရသလို - တကယ်ပိတ်ချင်တာ ဆိုရင်လည်း OK ပေးလိုက်ယုံပဲ - Google Chrome ကတော့ အဲ့လိုမဟုတ်ဘူး - နှစ်ခါပြန်မမေးဘူး - ပိတ်ဆို တစ်ခါတည်း ပိတ်ပစ်တာ - ကျွန်တော် စစချင်း ဘာကြောင့်လဲ - Settings မှာများ မှားပေးမိလားဆိုပြီး လိုက်ရှာသေးတယ် - မတွေ့ဘူး - နောက်မှ သိတယ် အစောတည်းကကို မပါတာ - အဲလို မဖြစ်စေချင်ရင် Chrome Toolbox ကိုသုံးပြီး နောက်တစ်ခါ မှားပိတ်မိမလို ဖြစ်တဲ့အချိန် Warning ပေးအောင် လုပ်ဆောင်ထားလို့ ရပါတယ်။

    2. Basic history page



    Google Chrome သုံးသူများ သိကြတဲ့ အတိုင်းပါ - Google Chrome မှာပါတဲ့ History page က Google Chrome ဆိုတဲ့ နာမည်နဲ့ မလိုက်အောင်ကို အူတူတူနိုင်လွန်းတယ် - တစ်ခုခု အရေးကြီးတာတွေ ပြန်ရှာစရာ ရှိရင် ဘယ်နေ့လောက် ပတ်ဝန်းကျင်က ကြည့်ခဲ့တယ် ဆိုတာ မှတ်မိရင်တောင် ရှာဖို့က အဆင်မပြေဘူး - ဒီ ပြဿနာကို ဖြေရှင်းနိုင်ဖို့ History 2 extension ရှိပါတယ်။ အပေါ်မှာ ပြထားတဲ့အတိုင်းပဲ ရက်အလိုက် / အပတ်လိုက် ကိုယ်ကြည့်ခဲ့ဖူးတာတွေကို ရှာဖွေရ လွယ်ကူအောင် သူ စဉ်ထားပေးပါလိမ့်မယ်။ ဒါတင်မကသေးဘူး - နဂို Google Chrome မှာ မရတဲ့ History ထဲက သီးသန့်ဖျက်ချင်တာလေးကိုပဲ ရွေးပြီး ဖျက်လို့ ရအောင်လည်း History 2 က စွမ်းဆောင်နိုင်သေးတယ်။

    3. Missing image properties



    Website တစ်ခုခုကို သွားရင်းနဲ့ Image တစ်ခုခုတွေ့လို့ သူ့ရဲ့ Properties ကို ကြည့်ချင်ရင် Google Chrome မှာ ကြည့်ဖို့ အဆင်မပြေပါဘူး - ဒါပေမယ့် Image Properties Context Menu ကို သုံးလိုက်မယ် ဆိုရင် ဒီပြဿနာက ပြေလည်သွားပါလိမ့်မယ်။ Extension ကို Install လုပ်ပြီးရင် သိချင်တဲ့ ပုံပေါ်မှာ Right click ထောက်ပြီး Image Properties ကနေတစ်ဆင့် Image size, Location, Dimensions စတာတွေ သိရှိနိုင်ပါလိမ့်မယ်။

    4. No support for feeds



    Google Chrome က RSS feeds ဆိုတာကိုလည်း မသိသေးဘူး - အဲ့တာက စာဖတ်လေ့ မရှိတဲ့ သူတွေအတွက် သိပ်ပြဿနာ မရှိပေမယ့် RSS နဲ့ စာဖတ်နေကျ လူတွေ အတွက်တော့ ပြဿနာ ရှိလာတယ် - အဲ့ပြဿနာကို ပြေလည်ဖို့က Google က ထုတ်ထားတဲ့ RSS Subscription Extensionဆိုတာ ရှိပါတယ် - သူ့ကို တင်ထားလိုက်ရင် Google Reader, iGoogle, Bloglines, My Yahoo ကြိုက်တာနဲ့ နှစ်သက်ရာ Feed တွေကို subscribe လုပ်လို့ ရပါပြီ။

    5. You can't send a web page by email


    တစ်ခြား နာမည်ရှိတဲ့ Browsers တွေက ကိုယ် သိမ်းထားချင်တဲ့/မျှဝေချင်တဲ့ Web pages တွေရဲ့ URL နဲ့ Page title ကို Mail ကနေတစ်ဆင့် ပို့လို့ ရအောင် ဖန်တီးပေးထားချိန်မှာ Google Chrome မှာတော့ အဲလို Option မျိုး ဘယ်မှာမှ ရှာလို့ မရပါဘူး - ဒါပေမယ့် အဲ့လို ပုံစံမျိုး သုံးချင်ရင်Javascript bookmarklet ကို ကျွန်တော်တို့ ဖန်တီးယူနိုင်ပါတယ်။ တကယ်လို့ ကိုယ်က Gmail သုံးတဲ့သူ ဆိုရင်တော့ Google ကထုတ်ထားတဲ့Send from Gmail extension ကို သုံးမယ်ဆိုရင် အဆင်ပြေပါလိမ့်မယ်။

    6. No session manger

    Google Chrome ကို ပိတ်လိုက်ပြီး ပြန်ဖွင့်တဲ့ အချိန်မှာ အရင်တုန်းက ဖွင့်ထားခဲ့တဲ့ Tabs တွေကို Restore ပြန်လုပ်ပြီး ဖွင့်မပေးပါဘူး - အဲ့လို ဖြစ်စေချင်ရင် Options ကို သွားပြီး Reopen the pages that were open last. ကို Enable ပေးထားဖို့ လိုပါတယ်။


    တကယ်လို့ ဒီ့ထက်နဲနဲ ပိုပြီး အဆင့်မြင့်မြင့်လေး သုံးချင်ရင် Session Buddy ကို သုံးကြည့်နိုင်ပါတယ်။

    7. You can't switch to a tab from the Omnibox


    Firefox 4 မှာဆိုရင် ကိုယ်ဖွင့်ထားတဲ့ တစ်ခြား ဘယ် Tab ကိုမဆို Address bar မှာ ဆက်စပ်မှုရှိတဲ့ အစစာလုံးလေးလောက် ရိုက်လိုက်တာနဲ့ tab တစ်ခု ကနေ နောက် tab တစ်ခုကို ကူးသွားလို့ ရတယ်။ အဲလိုမျိုးလေး Google မှာ သုံးချင်တယ်ဆိုရင် Switch To Tab extension ကိုသုံးနိုင်ပါတယ်။ Install လုပ်ပြီးတာနဲ့ နောက်တစ်ကြိမ် tabs တွေ အများကြီး ဖွင့်သုံးဖြစ်တဲ့ အချိန်မှာ tab တစ်ခုကနေ နောက်တစ်ခုကို ပြောင်းချင်တဲ့ အချိန် sw ဆိုတဲ့ စာလုံးကို စရိုက် ကို နှိပ်ပြီး ကိုယ်ပြောင်းချင်တဲ့ tab က စာလုံး အစလေးလောက် ရိုက်ရင်းနဲ့ ပြောင်းသွားလို့ ရပါတယ်။

    [7 Chrome Annoyances and How to Fix Them]

    KznT.

    Chrome PDF Viewer

    အပြောင်းအလဲလို့ ဆိုလိုက်ရင် လူတော်တော်များများ ခေါင်းပြူကြည့်တတ် ကြပေမယ့် အကျိုးအမြတ်မရှိပဲ လက်ရှိရပ်တည်နေတဲ့ နေရာကနေ တော်ယုံ ဘယ်သူမှ မကူးပြောင်းချင်ကြဘူး - ဒါကလည်း အကြောင်းရှိတယ် - အပြောင်းအလဲ တစ်ခုနဲ့ ရင်ဆိုင်မယ် ဆိုတဲ့ အခါတိုင်း ကျွန်တော်တို့တွေ အဲ့ဒီ့ အပြောင်းအလဲကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှု ဆိုတာ လုပ်ကြရတယ် - နယ်မြေသစ်ဖြစ်တဲ့ အလျှောက် သူ့မှာ ဘာအန္တရာယ်တွေ ရှိမယ် - ဘာအတားအဆီးတွေ ကျော်ရမယ် ဆိုတာ ကျွန်တော်တို့ ခန့်မှန်းဖို့ မလွယ်နိုင်ဘူး - ဖြစ်နိုင်ချေ ရှိမယ် လို့ထင်ပြီး ကိုယ်ပြင်ဆင်သွားတဲ့ အရာတွေက အဲ့ဒီ့ နယ်မြေထဲမှာ လုံးဝ သုံးစားမရတာတွေ ဖြစ်နေတတ်သလို - မဖြစ်နိုင်လောက် ပါဘူးလို့ထင်ပြီး ချန်ထားခဲ့တဲ့ အရာတွေကလည်း အဲ့နယ်မြေမှာ မဖြစ်မနေ လိုကောင်းလိုနေတာမျိုး ရှိလာတတ်တယ် - အပြောင်းအလဲ တစ်ခုမှာ ကိုယ်ပြင်ဆင်ထားခဲ့တာနဲ့ ကိုယ်ကြုံတွေ့ရမှာတွေ ထပ်တူကျနိုင်ဖို့ဆိုတာ တကယ်တော့ တော်တော်ကြီး ကံကောင်းမှ တိုက်ဆိုင်တတ်တာမျိုးပါ - အဲ့တာကြောင့် အပြောင်းအလဲလို့ ဆိုလိုက်ရင် လူတိုင်းနီးပါး အတွင်းစိတ်သန္တန်က ခေါင်းပြူကြည့် တတ်ပေမယ့် လက်တွေ့ရင်ဆိုင်ဖို့ကိုတော့ တွန့်ဆုတ် နေတတ်ကြတယ် - ကျွန်တော်လည်း ထိုနည်းလည်းကောင်းပဲ 

    ကွန်ပြူတာ စပြီး သုံးတတ်ခါစက အပြောင်းအလဲ လုပ်ဖို့ နေနေသာသာ မပြောင်းလဲတာတွေကိုပဲ အလွတ်ကျက်ပြီး မှတ်ခဲ့ရတယ် - Apps တွေရဲ့ နာမည်တွေ မသိဘူး - Left click ကို ဘာလို့ နှိပ်ပြီး - Right click ကို ဘာလို့ နှိပ်နေမှန်းလဲ မသိခဲ့ဘူး - ကွန်ပြူတာကို လုံးဝ မသုံးတတ်လို့ ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ စာအုပ်ဝယ်ဖတ်တဲ့ အခါတိုင်း Left click ပေးရမှာလား - Right click ပေးရမှာလား ဆိုတာ ပုံလေးနဲ့ သေချာပြထားတဲ့ စာအုပ်မျိုးကိုမှ ( ဥပမာ - ဆရာဦးအောင်လင်း ( B.E., Electronics ) ရေးတဲ့ Powerpoint - ကွန်ပြူတာဖြင့် သရုပ်ဖော်နည်းလက်စွဲ စာအုပ် ) ကျွန်တော် ဝယ်လေ့ရှိတယ် - တကယ်လို့ များ ကိုယ်ဝယ်လာတဲ့ စာအုပ်က စာမျက်နှာတစ်ခုခုမှာ "ထို နေရာအား Click တစ်ချက်ပေးပါ" ဆိုပြီးများ စာရေးသူက ရေးထားရင် ကျွန်တော် အဲ့စာရေးသူကို အသေအလဲ မုန်းတာ - ဘာလို့လည်းဆိုတော့ Click တစ်ချက်ဆိုတာ Left click ပေးရမှာလား ?? Right click ပေးရမှာလား ?? ကျွန်တော်မသိလို့  ဒီချိန်မှာ ဒါတွေက ရီစရာ ဖြစ်နေပေမယ့် တစ်ချိန်ကတော့ တကယ်ကို လူးလှိမ့်နေအောင် ခံခဲ့ရတာပါ။


    ခုချိန်မှာတော့ ကိုယ်ကိုယ်တိုင် အပြောင်းအလဲကို ဖန်တီးနိုင်တဲ့ အခြေအနေ မရောက်သေးပေမယ့် အပြောင်းအလဲ ဆိုတဲ့ နယ်ပယ်ထဲကို သူများရဲ့နောက်က လိုက်ပြီး ခြေချရဲတဲ့ အဆင့်တော့ ရောက်ခဲ့ပါပြီ - ဘယ်လို နောက်ကလိုက်ပြီး ခြေချရဲတာလဲ ဆိုတော့ ကွန်ပြူတာသမားတွေ တော်တော်များများမှာ ပုံသေနည်းတွေ ရှိကြတယ် - ဥပမာ - PDF Reader ဆိုဘာသုံးလဲ - Adobe Reader - Browser ဆို ဘာသုံးလဲ Internet Explorer, ခုနောက်ပိုင်းတော့ Mozilla Firefox - စသဖြင့် ရှေ့လူကနေ နောက်လူကို လက်ဆင့်ကမ်းခဲ့ကြတဲ့ ဒီ Apps တွေကိုပဲ ပုံသေကားချပ်ကြီး တစ်ခုလို သုံးနေကြတယ် - Google Chrome မသုံးဘူးလားဆို ကျွန်တော့်ကို လူထူးလူဆန်းလို ဝိုင်းကြည့်ကြတယ် - Foxit Reader သုံးပါလို့ ပြောလိုက်ရင် သူများစီးပွားရေး ဒုတ်နဲ့လိုက်ထိုးနေသူလို မျက်မှောင်ကျုံ့ကြတယ် - ပြောရရင် ဒါအကြံပြုချက်တွေ အားလုံးဟာ ကျွန်တော်ဖန်တီးခဲ့တာ မဟုတ်ပေမယ့် ဖန်တီးခဲ့သူတွေရဲ့ နောက်ကနေ ကျွန်တော် ရဲရဲချနင်းခဲ့ပြီး အားသာချက်တွေ ရှိလို့ အကြံပြုခဲ့တာတာပါ -



    ခုလည်း အားလုံးအတွက် သိထားသင့်မယ်ထင်တဲ့ အကြံပြုချက်လေး တစ်ခု ပြောချင်ပါသေးတယ် - အဓိက ဦးတည်တာတော့ Google Chromeသမားတွေ အတွက်ပါ - Windows အသစ်တင်တိုင်း PDF တွေ ဖွင့်ဖို့ဆိုပြီး - Adobe Reader ဒါမှမဟုတ် - Foxit Reader စသဖြင့် Reader တစ်ခု မဖြစ်မနေ ထပ်ထပ်တင်နေကြတာ တကယ်တမ်း အဲ့ဒီ့ PDF Reader နဲ့ ထူးထူးခြားခြား ကြီးကြီးကျယ်ကျယ် ကျွန်တော်တို့ ဘာတွေများ လုပ်ဖြစ်ကြလို့လဲ - တစ်ခြား မိသားစုဝင်တွေတော့ မသိဘူး - ကျွန်တော့်အတွက်တော့ PDF Reader ဆိုတာ စာဖတ်ယုံကလွဲပြီး ထူးထူးခြားခြား သုံးတာရယ်လို့ ဘာမှကို မရှိသလောက်ပဲ - PDF စာအုပ်ဆိုရင် Double click ပေးပြီးဖွင့်မယ် - စာလုံးတွေ သေးနေရင် + လေးနှိပ်ပြီး ကြီးမယ် - ကြီးရင် ပြန်သေးမယ် - အပေါ်အောက်သွားမယ် - စသဖြင့် သုံးဖြစ်တာ ဒီလောက်ပါပဲ - ကျွန်တော့်လို လူမျိုးတွေ ရှိကြမယ် ဆိုရင်တော့ အကြံကောင်းလေး တစ်ခု ပေးပါရစေ - ဒီနေ့က စပြီး ဘာ PDF Reader မှ သုံးမနေပါနဲ့တော့ - ကျွန်တော်တို့တွေ PDF Reader အစား Google Chrome နဲ့ပဲ အလုပ်လုပ်ကြရအောင် - 


    လုပ်ဆောင်နည်းကလည်း အရမ်းကို လွယ်ပါတယ် - ကိုယ်ဖွင့်ချင်တဲ့ PDF ဖိုင်ကို Right click ထောက်ပြီး Open with နဲ့ စလိုက်ပါ - အောက်ဖော်ပြပါအတိုင်း Open with .. ဆိုတဲ့ box တက်လာရင် Browse ကနေပြီး Chrome.exe ရှိရာကို သွားပါ - 




    ဒီနေရာမှာ Chrome.exe က ဘယ်နေရာမှာ ရှိမယ်ဆိုတာ မသိနိုင်လို့ ရှာရခက်နေတတ်ပါတယ် - စိတ်မညစ်ပါနဲ့ နည်းရှိပါတယ် - 




    Desktop ပေါ်မှာ ရှိနေမယ့် Google Chrome Shortcut ကို Right click ထောက်ပြီး Properties ကို ဝင်လိုက်ရင် Chrome.exe ရှိရာနေရာကို အောက်ဖော်ပြပါအတိုင်း သိနိုင်ပါလိမ့်မယ် - 



    ဥပမာ ပြရရင် ကျွန်တော့်စက်မှာဆိုရင် ဒီနေရာမှာပေါ့ -

         C:\Users\KznT\AppData\Local\Google\Chrome\Application\chrome.exe

    အဲ့နေရာလေးကို Copy ကူးလာပြီး နောက်ဆုံးက chrome.exe ဆိုတာကို ဖြုတ် -Directory ထဲမှာ C:\Users\KznT\AppData\Local\Google\Chrome\Application\ ဆိုတာ ထည့်ပြီး Open လိုက်ပါ - ဒီလိုဆို အောက်ဖော်ပြပါ အတိုင်း chrome.exe ကို တွေ့ရပါပြီ။





    သူ့ကို Select လုပ်ပြီး Open ပေးလိုက်ပါ - ဒါဆိုရင် နောက်ပိုင်း PDF files မှန်သမျှကို အောက်ဖော်ပြပါ Google Chrome icons လေးတွေနဲ့ စက်ထဲမှာ တွေ့ရပါလိမ့်မယ် - Double click ပေးပြီး ဖွင့်ကြည့်ပါ -




    သာမန် စာဖတ်သူတစ်ယောက်အတွက် စိတ်ကျေနပ်မှု အပြည့်အဝပေးမယ့် PDF Reader ကောင်းတစ်ခု အဖြစ် လက်ခံသွား ပါလိမ့်မယ် - 




    အပြောင်းအလဲ ရှိမယ့်နေရာကို တစ်ချိန်က ကျွန်တော်မသွားချင်ခဲ့ဘူး - သူ့အသံကြားရင် ခေါင်းပြူကြည့် ယုံလောက်ပဲ စိတ်ဝင်စားပြီး နေရာမှာ ပြန်ထိုင်နေဖြစ်ခဲ့တာများတယ် - ခုတော့ ကျွန်တော် အပြောင်းအလဲဆိုတဲ့ အသံကြားရင် ခေါင်းတင်မက ကိုယ်ပါလိုက်သွားမိပြီ - ဘာတြွေကုံခဲ့ရလည်း ဆိုတော့ လူပင်ပန်းတယ် - စိတ်ပင်ပန်းတယ် - ဒါပေမယ့် အဲ့တာတွေ အားလုံးကို ချေဖျက်နိုင်မယ့် ထူးခြားတဲ့ အတွေ့အထိတွေ - လန်းဆန်းတဲ့ အာရုံတွေရတယ် - ခုချိန် တစ်ယောက်ယောက်ကများ အပြောင်းအလဲ ရှိမယ့်နေရာကို လိုက်ကြမလားလို့ မေးလာရင် ကျွန်တော် အထုပ်အပိုးပြင်ပြီး အသင့်ဖြစ်နေမလားပဲ 


    KznT.

    Related Posts