Install VLC Media Player in Ubuntu

VLC media player ဆိုတာ Open source media player တစ်ခု  ဖြစ်ပြီး GNU ( General Public License ) အောက်မှာဖြန့်ဖြူး ခွင့်ရယူထားတဲ့ player တစ်ခုလည်း ဖြစ်ပါတယ်။ VLC media player ဟာ video နဲ့ audio codes တော်တော်များများကို supports ပေးတဲ့ player တစ်ခု ဖြစ်တဲ့အပြင် တစ်ခြားသော formats တြွေဖစ်တဲ့ DVDs, VCDs တွေကိုလည်း supports ပေးပါတယ်။ 


ဒါတင်မက VLC media player ဟာ Linux, Microsoft Windows, Mac OS X BeOS, BSD, Windows CE, နဲ့ Solaris အားလုံးအတွက် အသုံးချနိုင်ဖို့ ပြင်ဆင်ထားပြီးသား playes တွေထဲက တစ်ခု ဆိုလည်း မမှားပါဘူး။လောလောဆယ်တော့ အားလုံးထဲကမှ Ubuntu ကို ကျွန်တော် လက်ရှိသုံးနေဖြစ်တော့ VLC Media player ကို Ubuntu မှာ ဘယ်လို install လုပ်ဆောင်သွားမလဲ ဆိုတာ တစ်ဆင့်ချင်း ပြောပြပေးသွားပါမယ်။



Install VLC Media player in Ubuntu


ပထမဆုံး အနေနဲ့  VLC media player ကို install မလုပ်ဆောင်ခင်မှာ အရင်ဆုံး ကျွန်တော်တို့ရဲ့ Package index တွေကို Update လုပ်ဆောင်ထားဖို့ လိုပါတယ်။  apt-get command ဆိုတာ စွမ်းဆောင်ရည်ပြည့် Command-line tool တစ်ခု ဖြစ်ပြီး သူ့ကို ဘယ်လို အသုံးပြုသလဲ ဆိုရင် Ubuntu ရဲ့ Advanced Packaging Tool (APT) နဲ့ လုပ်ဆောင်ရတဲ့ software packages အသစ်တွေ install လုပ်ဆောင်တဲ့ အချိန်၊ အရင်ရှိပြီးသား packages တွေကို upgrade လုပ်တဲ့ အချိန်၊ package list index တွေကို update လုပ်တဲ့ အချိန်နဲ့ နောက်ဆုံး Ubuntu system တစ်ခုလုံးကို update လုပ်တဲ့ အချိန်တွေမှာထိ သူ့ကို အသုံးပြုပါတယ်။ Package index တွေကို Update လုပ်ဆောင်ဖို့အတွက် Applications > Accessories > Terminal ကနေ ဒီအောက်ပါ အတိုင်း လုပ်ဆောင်ပါ။


sudo apt-get update


update လုပ်ဆောင်ပြီးသွားပြီ ဆိုရင် VLC media player ကို install လုပ်ဆောင်ဖို့ အတွက် အောက်ဖော်ပြပါ အတိုင်း Terminal မှာ ဆက်လက် လုပ်ဆောင်ပါ။


sudo apt-get install vlc 


ဒါဆိုရင် လိုအပ်တာကို download လုပ်ပြီး စတင် install လုပ်ဆောင်ပါလိမ့်မယ်။ အားလုံးပြီးသွားလို့ VLC media player ကို open ချင်တယ် ဆိုရင်  Applications--->Sound&Video--->VLC Media Player ကနေ သွားရောက် ဖွင့်လှစ်နိုင်ပါတယ်။




တစ်ကြိမ်ဖွင့်လိုက်တာနဲ့ အောက်ဖော်ပြပါ screen အတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။





VLC Media Player Version အသေးစိတ်ကတော့ ဒီလိုပါ။





VLC Media Player Skins ပါ။




VLC Media Player Skins


တကယ်လို့ VLC Media Player Skins download ရယူချင်မယ် ဆိုရင်တော့ ဒီနေရာကနေ သွားရောက်ရယူနိုင်ပါတယ်။


Mozilla Firefox အတွက် VLC Plugin လိုချင်မယ် ဆိုရင် ခုလို စမ်းသပ်ကြည့်ပါ။


sudo apt-get install mozilla-plugin-vlc


အားလုံး Linux ကမာဿဘမှာ ပျော်ရွှင်နိုင်ကြပါစေ။
KznT.

Ref: Thx for the tip.

A Light in the Darkness

ဟိုတစ်လောက စာပေလောက အစီအစဉ်နဲ့ စာရေးဆရာနဲ့ စာဖတ်သူကြား အွန်လိုင်း ဆက်နွယ်မှု အစီအစဉ်လေး တစ်ခု လုပ်ပေးတော့ ပထမဆုံး အနေနဲ့ ကျွန်တော်လေးစားရတဲ့ စာရေးဆရာ ဆရာဦးဖေမြင့် နဲ့ တွေ့ဆုံဖို့ဖြစ်လာခဲ့ပါတယ်။ ဆရာဦးဖေမြင့် ရဲ့ စာအုပ်တွေ အကုန်ဖတ်ဖူးလား လို့ မေးရင်တော့ မှန်ရာကို ဝင်ခံရရင် အကုန်မဖတ်ဖူးပါဘူး။ ဒါပေမယ့် ဖတ်မိခဲ့ဖူးသလောက် ဆရာ့စာပေအရေးအသားနဲ့ ဘာသာပြန်ရသက တော်တော်လေး ထိရောက်ပါတယ်။ ဆရာက တက်ကျမ်းတွေ ရေးတယ်။ တကယ်တော့ ကျွန်တော် တက်ကျမ်းဖတ်ရတာ တော်တော်လေး ပျင်းတဲ့ သူ တစ်ယောက်ပါ။ ဒါပေမယ့် တစ်ခါက အကြောင်းကိစ္စတစ်ခုနဲ့ ပတ်သတ်ပြီး ကိုယ့်ကိုယ့်ကိုယ် အသုံးမကျလိုက်တာ - ငါစွမ်းဆောင်နိုင်တာ ဘာမှကို မရှိတော့ပါလား။ လုပ်သမျှတလွဲတွေချည်းပဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယူကြုံးမရ အပြစ်တင် စိတ်ဓာတ်ကျနေတဲ့ အချိန် - တစ်ခုခုဆို ငါလုပ်ရင်ဖြစ်မှာရော သေချာသေးရဲ့လားလို့ သံသယ ဝင်နေမိတဲ့ အချိန် - ဖြစ်မလာသေးတာကို ကြိုတွေးပြီး အကြီးအကျယ် ပူပန်နေမိတဲ့ အချိန်တစ်ခုမှာ ဆရာရေးထားတဲ့ ဆောင်းပါးလေး တစ်ခုကို ဖတ်ခဲ့ရပါတယ်။ ဘယ်ဆောင်းပါးလဲ - ကျွန်တော် သေသေချာချာ နာမည်တော့ မမှတ်မိတော့ပါဘူး။ ကျွန်တော် မှတ်မိတာ တစ်ခုက အဲ့ဆောင်းပါး ပါတဲ့ စာအုပ်လေးကို ငယ့်ကို ဝယ်ပေးပြီး ဖတ်ဖို့ လက်ဆောင်ပေးခဲ့ဖူးတယ်။ သူရော ကျွန်တော်ရော အဲ့ဆောင်းပါးရဲ့ ပြုပြင်မှုအောက်မှာ တော်တော်လေး ပြောင်းလဲ နေထိုင်တတ်ခဲ့ပါတယ်။






ခုလည်း ဆရာနဲ့ တွေ့ဆုံပြီး မေးမြန်းချင်ရာတွေကိုမေးမြန်းနိုင်ဖို့ အခွင့်ကြုံလာခဲ့ပြန်ပါပြီ။ ဒါပေမယ့် ကျွန်တော် ဆရာ့ကို မမေးဖြစ်ခဲ့ပါဘူး။ ဆရာ့ကို မေးခွန်းတွေ မေးမယ့် အစား တစ်ခြား သူတွေ မေးတဲ့ မေးခွန်းတွေကို ဆရာ ဘယ်လို ပြန်လည် ဖြေကြားမလဲ ဆိုတာ စောင့်စားရင်းနဲ့ ခုလို စာတစ်စောင်ပဲ ရေးဖြစ်ခဲ့ပါတယ်။

“ ဆရာ့ စာဖတ်ပရိတ်သတ် တစ်ယောက်ပါ .. ဆရာ့စာအုပ်တွေြေ ကာင့် စိတ်ဓာတ်ခွန်အား တွေ အများကြီး ရခဲ့ဖူးတယ် .. ကျနေတဲ့ စိတ်တွေ အားလုံး အဖတ်ပြန်ဆယ်လို့ ရခဲ့ဖူးတယ်။ ဆရာ့စာအုပ်တွေ တော်တော်များမျာ း ဖတ်ဖူးပါတယ်။ အခုလို စာပေလောကရဲ့ အစီအစဉ်နဲ့ အင်တာနက်ကနေ တစ်ဆင့် ဆရာ့ကို တွေ့ဆုံခွင့် ရအောင် စီစဉ်ပေးတာ အများကြီး ကျေနပ်ဝမ်းသာမိပ ါတယ်။ မေးစရာ မေးခွန်းတော့ ကျွန်တော့်မှာ မရှိသေးပါဘူး ဆရာ။ မေးသူတွေအတွက် ဆရာ ဖြေပေးမယ့် အကြောင်းအရာတွေက ိုပဲ တလေးတစား နားစွင့်နေပါ့မယ်။ ”

ကျေးဇူးတင်ပါတယ်ခင်ဗျား။(ဖေမြင့်)
မေးခွန်းနဲ့ အဖြေက ဘာမှတော့ မဟုတ်ပါဘူး။ ဆရာ့ကို လေးစားလို့ သွားရောက်နှုတ်ဆက်ရင်းကနေ အခုလို ဆရာ စာပြန်ထားတာ တွေ့ရတော့ အများကြီး ပီတိဖြစ်မိပါတယ်။ ဆရာ နဲ့ စာဖတ်သူ ကျွန်တော်နဲ့ ကြားမှာ ဆက်နွယ်နေတဲ့ မေတ္တာတရား တစ်ခုလို့ ကျွန်တော် မှတ်သားရင်း ဒီ Post လေးနဲ့ အတူ မှတ်တမ်း တင်ဖြစ်လိုက်ပါတယ်။

ဆရာ ဖေမြင့် အောင်မြင်အေးချမ်းသော ဘဝတစ်ခုမှာ သာယာချမ်းမြေ့စွာ နေထိုင်ရင်း အကျိုးပြုစာပေများ ဆက်လက်မျှဝေ ရေးသာနိုင်ပါစေလို့ ကျွန်တော် ဆန္ဒပြုလိုက်ပါတယ်။

KznT.

Memorize your Complex Passwords

Important Passwords on Paper

တကယ်လို့များ ကျွန်တော်တို့ဟာ websites နှစ်ခုမှာ password တစ်မျိုးတည်းကို အမြဲတမ်း အသုံးပြုခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့အတွက် အန္တရာယ် ရှိလာနိုင်ပါတယ်။ ဥပမာ ပြောရရင် badwebsite.com ဆိုတဲ့ ဆိုဒ်တစ်ခုမှာ ကျွန်တော်တို့ပေးထားခဲ့တဲ့ password က goodwebsite.com မှာ ပေးထားခဲ့တဲ့ password နဲ့ တူနေမယ်လို့ယူဆကြပါစို့။ အဲလိုဖြစ်နေခဲ့ရင် တကယ်လို့  badwebsite.com ကိုပိုင်ဆိုင်တဲ့ owner တစ်ယောက် ( သို့မဟုတ် ) လူတစ်စုက မကောင်းတဲ့ အကြံအစည်တစ်ခုနဲ့ ဒီဆိုဒ်ကို တည်ဆောက်ခဲ့တာ ဆိုရင် သူ့ဆိုဒ်မှာ ကျွန်တော်တို့ ဖွင့်ထားတဲ့ account ရဲ့ password ကို သူတို့တွေကျိန်းသေ သိရှိနေမှာဖြစ်ပါတယ်။နောက်တစ်ခုက account လုပ်တဲ့အချိန်မှာ ကိုယ်ပေးလိုက်တဲ့ username ( Emails ) တွေက goodwebsite.com မှာရော badwebsite.com မှာရော အတူတူ ဖြစ်နေမယ်ဆိုရင်တော့ ပိုသေချာသွားပါပြီ။ badwebsite.com  က ကိုယ့်ကို ဒုက္ခပေးချင်တဲ့သူတွေ ကိုယ့် goodwebsite.com မှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ account ဆီကို အလွယ်တကူ ဝင်ရောက်ပြီး သူတို့ စိတ်ကြိုက် လုပ်ဆောင်သွားနိုင်ပါလိမ့်မယ်။




ဟုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ များပြားရှုပ်ထွေးလှတဲ့ complex passwords တွေကို လုံခြုံစွာနဲ့ထိန်းသိမ်းပေးထားနိုင်တဲ့ Password Managers တွေ ဆိုတာ မနည်းမနောရှိနေပါတယ်။ ဒါပေမယ့် သူတို့တွေ အားလုံးက ကျွန်တော်တို့ရဲ့ကွန်ပြူတာမှာ သက်ဆိုင်ရာ software အလိုက် install လုပ်ဆောင်ထားမှ သူ့နဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေ အားလုံးကို ပုံမှန်လုပ်ဆောင်နိုင်မှာပါ။ ဒီလိုဆိုရင် မေးစရာ တစ်ခုရှိလာပါပြီ။ တကယ်လို့ ကျွန်တော်တို့ဟာ ကိုယ်သုံးနေတဲ့ complex passwords တွေကို စနစ်တကျ သိမ်းဆည်းပေးတတ်တဲ့ Password Managers တွေ ထည့်သွင်းထားခြင်း မရှိတဲ့ တစ်ခြား ကွန်ပြူတာ တစ်ခုကနေပြီး ကျွန်တော်တို့ရဲ့ web email တွေကို စစ်ချင်ပြီ ဆိုကြပါစို့။ ကိုယ်ကလည်း security ကိုမြှင့်တင်ချင်လို့ဆိုပြီး မရှုပ်ရှုပ်အောင် ပေးထားတဲ့ password ကို မမှတ်မိ ၊ လုံခြုံချင်လို့ ပေးထားတဲ့ passwords တွေကို စာရွက်မှာ ချရေးပြီး ဆောင်ထားဖို့ ဆိုတာကလည်း မဖြစ်နိုင်။ အမြဲတမ်း ကိုယ့်စက်မှာ remember password ဆိုပြီး ပေးထားသလို ပြန်ဖော်သုံးလို့ကလည်း မရ။ ဒီ အခက်အခဲကို ဖြေရှင်းနိုင်ဖို့ အဖြေတစ်ခုကတော့ ဒီလိုပါ။


စာရွက် တစ်ရွက်ထဲမှာ ကျွန်တော်တို့ရဲ့ passwords တွေကို ချရေးထားလိုက်ပါ။


passwords တွေကို စာရွက်မှာ ချရေးပြီး ဆောင်ထားဖို့ ဆိုတာမဖြစ်နိုင်ဘူးလို့ ကျွန်တော်ပြောခဲ့ပေမယ့် ဒီနည်းကတော့ ဖြစ်နိုင်ပါတယ်။ ကိုယ့်ပိုက်ဆံအိတ်ထဲအမြဲယူဆောင်သွားလို့ ရပြီး Credit card အရွယ်လောက်ပဲ ရှိတဲ့ ဒီ စာရွက်လေးထဲမှာ ကျွန်တော်တို့ ရဲ့ passwords တွေကို ဘယ်လိုရေးသားပြီး မိမိအတွက်အရေးကြီးတဲ့ website တိုင်းကို ဝင်ရောက်နိုင်ဖို့ ဘယ်လိုလုပ်ဆောင်သွားမယ် ဆိုတာ ဆက်ပြီး ပြောပြပေးသွားပါမယ်။ အရင်ဆုံးတော့ ဒီအောက်က ပုံလေးကို ကြည့်ကြည့်ပါ။




password_card


Website တစ်ခုချင်းစီနဲ့ ပတ်သတ်တဲ့ password တစ်ခုချင်းစီဖန်တီးဖို့ ကျွန်တော်တို့ လိုအပ်တာ card အရွယ်အစားလောက်ရှိတဲ့ စာရွက်လေး တစ်ရွက်ပါပဲ။ အဲ့ဒီ စာရွက်ထဲမှာ အထက်က ဖော်ပြထားသလို မိမိစိတ်ကြိုက် စာလုံးတွေကို Excel spreadsheet မှာ ပထမဆုံး ဖန်တီးပြီး password card အနေနဲ့ ဖန်တီးလိုက်ပါ။ အဲ့ဒီ စာလုံးတွေကို passwords အဖြစ်ပြောင်းယူ နိုင်ဖို့ ကိုယ်သွားရောက်နေကျ ကိုယ့်အတွက် အရေးကြီးတဲ့ websites တွေရဲ့ အမည်တွေတစ်ခုချင်းစီကို ဒုတိယအနေနဲ့ ရယူပါ။ ပြီးရင်တော့ လုံခြုံတဲ့ passwords တွေ ဖန်တီးနိုင်ပါပြီ။ ဥပမာ အနေနဲ့ ပြောရရင် www.google.com အတွက် password တစ်ခု ဖန်တီးကြမယ် ဆိုပါစို့ .... သူက ဘယ်လို ဖြစ်လာနိုင်မလဲဆိုရင် ....

  • google = သူ့ရဲ့ ပထမဆုံး စာလုံးသည် " g " ဖြစ်သောကြောင့် -> 2w
  • google = သူ့ရဲ့ ဒုတိယစာလုံးသည် " o " ဖြစ်သော်ကြောင့် -> 49
  • google = သူ့ရဲ့ တတိယစာလုံးသည် " o " ဖြစ်သော်ကြောင့် -> 87X
  • google = သူ့ရဲ့ စတုတ္ထစာလုံးသည် " g " ဖြစ်သောကြောင့် -> pX56
  • google = သူ့ရဲ့ ပဥ္စမစာလုံးသည် " l " ဖြစ်သောကြောင့် -> uh
  • google = သူ့ရဲ့ နောက်ဆုံး စာလုံးသည် " e " ဖြစ်သောကြောင့် ခြောက်လုံးမြောက် မရှိတော့တဲ့ အတွက် ထိပ်ဆုံး 1st ကနေ ပြန်စယူ -> ju ( တကယ်လို့ ဒီလိုမှ မလုပ်ချင်ရင်လည်း characters အရေအတွက်ကို စိတ်ကြိုက် ၁၀ လုံးလောက်ထိ တိုးပြီး ဖန်တီးထားလို့လည်း ရပါတယ်။ အဲလိုဆိုရင်တော့ ရှေ့ကို ပြန်ကျော့စရာ မလိုတော့ဘူးပေါ့ )

အဲတော့ အားလုံး ပေါင်းလိုက်တဲ့ အချိန်မှာ ကျွန်တော်တို့ google.com ရဲ့ password ဟာ " 2w4987XpX56uhju " ဆိုပြီး ဘယ်သူမှ ခန့်မှန်းလို့ မရတဲ့ အလုံခြုံဆုံး password တစ်ခု ဖြစ်သွားပါပြီ။
ဒီနေရာမှာ မေးစရာတွေ အများကြီး ရှိလာပါတယ်။ ဒီလိုမျိုး လုပ်ဆောင်လိုက်ပါပြီတဲ့ ခုလိုဆောင်းပါးမျိုးကို ဖတ်ထားပြီး ဒီလိုလုပ်လို့ ရတယ် ဆိုတာကို သိနေတဲ့ အခြားလူတစ်ယောက်က ကိုယ့်ရဲ့ password card ကို ရသွားပြီဆို သွားပြီပေါ့လို့ တွေးစရာ ရှိလာပါတယ်။ ဒီအတွက် နည်းလမ်းရှိပါတယ်။ ဒီ အားနည်းချက်ကို ဖြေရှင်းဖို့ကတော့ ခုနက ရရှိလာတဲ့ password ကို မိမိရဲ့ စိတ်ကြိုက် characters တွေ လိုက်ပေါင်းဖြည့်လိုက်ဖို့ပါ။ ဥပမာ ဆိုရရင် ကျွန်တော့် ကောင်မလေး နာမည်က အိန္ဒြကျော်ဇင် ဆိုပါတော့။ အိန္ဒြကျော်ဇင် ကို အတိုကောက်ယူပြီး EDKZ လို့ မှတ်လိုက်ပါ့မယ်။ နောက်ပြီး အဲ့စာလုံး သုံးလုံးကို ခုနက ရလာတဲ့ google.com ရဲ့ password ထဲမှာ ခုလို ၄ လုံးစီခြားပြီး ပေါင်းဖြည့်လိုက်ပါ့မယ်။ " E2w49D87XpKX56uZhju " ဒီလိုဆို ကိုယ့် password card ရသွားလည်း မူစရာ မလိုတော့ပါဘူး။ အထက်မှာ ပြောခဲ့သလို badwebsite.com ကနေပြီး ကျွန်တော်တို့ရဲ့ passwords ကို ခန့်မှန်းပြီး PayPal  တို့ Amazon တို့မှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ accounts တွေကို ဝင်ရောက်ဖို့ ကြိုးစားမယ် ဆိုရင်လည်း ကျွန်တော်တို့တွေဟာ ဖော်ပြခဲ့ပြီးသလို password card နဲ့ အသုံးပြုလုပ်ဆောင်ထားတာ မို့လို့ သူတို့ရန်ကနေ အလိုလျောက် ကာကွယ်ပြီးသား ဖြစ်နေပါလိမ့်မယ်။

မပြီးသေးပါဘူး နောက်ထပ် အားနည်းချက် တစ်ချို့ကျန်နေပါသေးတယ်။ တစ်ချို့က တွေးကြတယ် - နေ့စဉ်နေ့တိုင်း ဒီလို " E2w49D87XpKX56uZhju " passwords မျိုးတွေကို websites တစ်ခါဝင်တိုင်းသာ ရိုက်ရလို့ကတော့ သေရချည်ရဲ့လို့ပါ။ အဲ့ဒါကို ဖြေရှင်းဖို့ကတော့ browser တိုင်းမှာ ပါဝင်တဲ့ remember password feature ကို သုံးပါ။ သူ့ကို ဘယ်လိုလုံခြုံအောင် သုံးရမယ် ဆိုတာ ဒီနေရာမှ ဆွေးနွေးထားတာ ရှိပါတယ်။ နောက်ဆုံး အားနည်းချက်ကတော့ ဒီ password card ကို ပိုက်ဆံအိတ်ထဲ ထည့်ထားရင်း ခါးပိုက်နှိုက်ခံရတာမျိုး ၊ ဒါမှမဟုတ် ကျပျောက်တာမျိုး - ဒါကို ဖြေရှင်းနိုင်ဖို့ကတော့ password card ကို စတင်ပြီး create လုပ်ကတည်းက တစ်ခုတည်း ထုတ်မထားပဲ အပိုထုတ်ထားပြီး လုံခြုံတဲ့ တစ်နေရာမှာ အပိုဆောင် သိမ်းထားဖို့ အကြံပြုချင်ပါတယ်။

ဒီအထက်မှာဖော်ပြခဲ့တဲ့ password နဲ့ ပတ်သတ်ပြီး အကြံပြုချက်မှာကောင်းချက်ရော ဆိုးချက်တွေပါရောနှော ပါဝင်နေတယ် ဆိုတာ အားလုံးလည်း သတိထားမိလောက်ပါပြီ။ ဒါပေမယ့်လည်း အနှစ်ချုပ်ပြီး ပြန်ဆန်းစစ်ရရင် ဒီ passwords မှတ်သားတဲ့ နည်းလမ်းလေးက မဆိုးဘူးလို့တော့ သုံးသပ်မိပါတယ်။ ဒါကြောင့်လည်း ကျွန်တော် MF မှာ ဝေမျှလိုက်ပါတယ်။

အားလုံးပဲ အဆင်ပြေကြပါစေ။
KznT.

7 applications you should try !

ဒီနေ့တော့ အားလုံးအတွက် အသုံးချဖို့ သင့်တော်မယ့် apps တစ်ချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တစ်ချို့လည်း သိပြီးသားတွေ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် အသစ်အသစ်သော users များအတွက် အသုံးချနိုင်အောင် နိုင်သလောက် ကြိုးစားကြည့်တာမျိုးပါ။ မိတ်ဆက်ပေးချင်တဲ့ apps လေးတွေကတော့ တော်တော်များပါတယ်။ အဲတာတွေထဲကမှ apps 7 မျိုးနဲ့ အဦးဆုံး မိတ်ဆက်ပေးချင်ပါတယ်။

Microsoft Security Essentials


Evernote


Microsoft Office ထဲမှာ ပါတဲ့ Onenote ကို အသုံးပြုကြဖူးမယ် ထင်ပါတယ်။ Onenote ကို ကျွန်တော် တော်တော်လေး သဘောကျပါတယ်။ သူက တော်တော်လေးလည်း သုံးရလွယ်ကူသလို တကယ်ကို လက်ထဲမှာ notebook တစ်အုပ်ဆောင်ပြီး ရေးချင်ရာရေးနေရသလိုပါပဲ။ Web ထဲမှာ လျှောက်သွားရင်း လိုတာလေးတွေကို မှတ်ထားချင်သလား၊ မိသားစု သတင်းအချက်အလက်တွေ၊ Online shopping တွေ၊ နောက် ကိုယ့် လုပ်ငန်းအချက်အလက်တွေ၊ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ စသဖြင့် အကုန်လုံးကို အကြမ်းမျဉ်းကနေ စပြီး အပြည့်အစုံထိ မှတ်သားနိုင်အောင် အလွယ်တကူ စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် သူကတော့ ကိုယ့်ကွန်ပြူတာထဲမှာပါပဲ။ ဆိုလိုတာ ဒီ Onenote ထဲမှာ မှတ်ထားတဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့ တစ်ခြားတစ်နေရာ မှာ အသုံးလိုတဲ့ အခါ ကိုယ့်ကွန်ပြူတာထဲကနေ အဲ့ notebook ကို removable media တစ်ခုခုထဲကို ရွှေ့ချင်ရွှေ့ ဒါမှမဟုတ် အွန်လိုင်းပေါ် upload တင်ထားမှ အဆင်ပြေမှာပါ။ ဒါတင်မက အဲ့ဒီ့ ကိုယ်သုံးမယ် တစ်ခြား ကွန်ပြူတာမှာကလည်း Onenote ကို တင်ထားဦးမှ သူ့ကိုအသုံးချဖို့ အဆင်ပြေပါလိမ့်မယ်။ ဒါတွေက ခု အင်တာနက် ခေတ်အတွက်တော့ အရမ်းကို အိုဟောင်းတဲ့ နည်းလမ်း တစ်ခု ဖြစ်နေပါပြီ။



ဒီပြဿနာကို ဖြေရှင်းဖို့ Evernote ရှိနေပါတယ်။ Evernote ဆိုတာကတော့ မိမိ note မှတ်သားလိုတာကို Online မှာပဲ မှတ်၊ Online မှာပဲ သိမ်း။ ဘယ်သွားသွား ဘာမှ သယ်စရာ မလို ၊ အင်တာနက် ရှိတဲ့နေရာမှန်သမျှ Evernote ကို access လုပ်လို့ရပြီး မိမိအလိုရှိရာ မှတ်သားထားရာ အချက်အလက် အသေးစိတ်ကအစ အကုန် ပြန်လည် ရယူနိုင်မှာ ဖြစ်ပါတယ်။ Evernote အကြောင်းကို လေ့လာချင်သူ စမ်းသပ် အသုံးချချင်သူတွေ အတွက် ဒီနေရာကနေ သွားရောက် ရယူနိုင်ပါတယ်။
ZeuApp

ZeuApp Downloads 82 Awesome Open Source Apps


တကယ်လို့ ကျွန်တော်တို့ဟာ windows အသစ် တစ်ခုကို setting ချတာပဲ ဖြစ်ဖြစ် ၊ တစ်ခြား သူငယ်ချင်း အသိတစ်ယောက်ယောက်ကို setting ချဖို့ ကူညီတာပဲ ဖြစ်ဖြစ် ဘယ် apps တွေကို ထည့်ရမလဲ ၊ ဘယ်ကောင်ကတော့ free ရသလဲ ဆိုတာ ဦးဆုံး စဉ်းစားရွေးချယ်ရပါတယ်။ ဒီကြားထဲမှာ ကိုယ့်ဆီမှာ ရှိနေတဲ့ versions တွေက date out နေပြီလား ၊ အခု versions တွေက ဘယ်လောက် ရောက်နေပြီ လဲ စသဖြင့် စဉ်းစားဆုံးဖြတ်ရတာတွေလဲ ရှိပါသေးတယ်။

ZeuApp ဆိုတာ အသုံးတည့်တဲ့ open source ဒါမှမဟုတ် free ရတဲ့ apps ပေါင်း ၁၀၀ ကျော်ပါဝင်တဲ့ portable installation tool တစ်ခုပါ။ ZeuAPP မှာ apps ၈၂ ပါဝင်တဲ့ installation dashboard ပါဝင်ပြီး အဲ့ထဲကမှ ကိုယ် ဘာကို install လုပ်ဆောင်ချင်လဲ - CD Burners လား ? P2P apps လား ? Office apps လား ? နှစ်သက်ရာကို application types  အလိုက် ရွေးချယ် install လုပ်ဆောင်နိုင်ပါတယ်။ ပုံမှာ မြင်ရတဲ့ အတိုင်း tab အလိုက် apps တွေကို အုပ်စုခွဲထားပြီး Download လုပ်မှာလား သူ့ ဆိုဒ်ကို သွားကြည့်ဦးမလား ဆိုတာကိုပါ ကြိုက်သလို ဆုံးဖြတ်နိုင်ပါတယ်။

ZeuAPP က  freeware, portable, နဲ့ Windows အတွက်ပဲ သီးသန့် ဖြစ်ပါတယ်။ ZeuApp နဲ့ လုပ်ဆောင်ပုံ သဘောတရားချင်း ဆင်တူတဲ့ Ninite ဆိုတာလည်း ရှိပါသေးတယ်။ သူ့အကြောင်းကို တော့ ဒီ apps နဲ့ သဘောတရားချင်း ဆင်တူလို့ မဖော်ပြတော့ပါဘူး။ ဒီနေရာကနေ ZeuApp ကို သွားရောက် ရယူနိုင်ပါတယ်။

Scott's Gmail Alert

Scott's Gmail Alert 4.0 Only Notifies You When You Want It To, Is Great
Scott's Gmail Alert 4.0 Only Notifies You When You Want It To, Is Great
Scott's Gmail Alert 4.0 Only Notifies You When You Want It To, Is Great

NetSetMan 3.0.2

ကျွန်တော်တို့ရဲ့ ကွန်ပြူတာကို တစ်နေ့နဲ့ တစ်နေ့ အလုပ်သွား တစ်ခါ ၊ အလုပ်ပြန် တစ်ခါ ၊ တစ်ခြား နေရာ တစ်ခုခုသွားရင် တစ်ခါ - ကွန်ပြူတာကို အင်တာနက် သုံးလို့ ရအောင် network configuration တွေ ခဏခဏ လိုက်ချိန်းနေရတာများ တစ်ခါတစ်လေ စိတ်မပျက်မိကြဘူးလား။ တစ်ရက်လည်း မဟုတ် ၊ ၂ ရက်လည်း မဟုတ် ရက်ဆက် လုပ်နေကြရတာ မဟုတ်လား။

NetSetMan ကတော့ ကျွန်တော်တို့ အတွက် အဖြေပါပဲ။ တစ်နေ့နဲ့ တစ်နေ့ ထပ်ခါ ထပ်ခါ ပြောင်းလဲနေရတဲ့ ကျွန်တော်တို့ရဲ့ network configuration တွေအတွက် တစ်ခါပဲ ဖြည့်သွင်းထားဖို့ လိုပြီး နောက် အသုံးလိုတိုင်း mouse click တစ်ချက် နှိပ်ယုံနဲ့ network configuration ( ၆ ) မျိုးထဲက ကိုယ်အသုံးလိုရာ တစ်ခုဆီ ချက်ချင်း ပြောင်းလဲ ပေးနိုင်ပါတယ်။ သူ့မှာ ပါဝင်တာတွေကတော့ အောက်ဖော်ပြပါ အတိုင်း ဖြစ်ပါတယ်။

  • IP Addresses
  • Gateways (incl. Metric)
  • DNS Servers
  • WINS Servers
  • IPv4 & IPv6!
  • Extensive WiFi Management
  • Computer Name
  • Workgroup
  • DNS Domain/Suffix
  • Default Printer
  • Network Drives
  • NIC Status
  • SMTP Server
  • Hosts File Entries
  • Scripts (BAT, VS, JS, ...)

အသုံးလိုသူများ တစ်ခါလောက်ပဲ စမ်းသုံးကြည့်ပါ။ နောက်ဆို သူမရှိပဲ မနေနိုင်ဘူး ဖြစ်သွားပါလိမ့်မယ်။ :D

File Blender

File Blender Converts Files with Drag and Drop Ease


File Blender ဆိုတာ အခြားအခြားသော Free - Portable tools တွေထဲက တစ်ခု ဖြစ်ပြီး သူတို့တွေ အားလုံးထက် သာလွန်ကောင်းမွန်တဲ့ ဖြည့်စွက်ချက်တွေ အသုံးပြုရ လွယ်ကူမူတွေ ဖြည့်သွင်းထားပါတယ်။ File Blender ရဲ့ စွမ်းဆောင်ချက်ကတော့ pictures တွေ music တွေ စသဖြင့် Files တစ်ခုခုကို File Blender ရှိရာဆီ Drag and drop ပစ်ထည့်ပြီး မိမိနှစ်သက်ရာ တစ်ခြား formats တစ်ခုခုဆီ ( ဥပမာ - MP3s, WAVs, JPGs နဲ့ အခြားအခြားသော formats တွေဆီ ပြောင်းလဲလို့ ရပါတယ်။ File Blender ကို သူ့ တစ်ခုပဲ download ချလို့ ရသလို သူ့ကို apps package တွေ လာပြီး ပေါင်းစပ်ထားပြီးသား File Blender အဖြစ်နဲ့လည်း download ချလို့ ရပါတယ်။ တကယ်လို့ တစ်ခြား apps package တွေ ပေါင်းစပ်ထားပြီးသား File Blender ကို download ရယူမယ် ဆိုရင်တော့ size က ( 4.5 MB ) ရှိပြီး - သူ့ကို သုံးမယ် ဆိုရင်တော့ users တွေ အနေနဲ့ ဘာမှ ပြုပြင်ပြောင်းလဲမှု လုပ်စရာ မလိုပဲ အခန့်သင့် သုံးနိုင်မှာ ဖြစ်ပါတယ်။ အဲလို မှ မဟုတ်ပဲ stand-alone File Blender ကို ရယူမယ် ဆိုရင်တော့ သူ့ကို မိမိစိတ်ကြိုက် အသုံးချနိုင်ဖို့ အတွက် နှစ်သက်ရာ တစ်ခြား apps package တွေ ကို ကိုယ်တိုင်ဖြည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာကနေ သွားရောက်ပြီး File Blender က ဘာတွေ စွမ်းဆောင်နိုင်တယ်။ သူ့ကို ဘယ်လို အသုံးချတယ် ဆိုတာ လေ့လာကြည့်ပါ။ သဘောကျတယ်ဆိုရင်တော့ download ချဖို့ လက်မနှေးပါနဲ့လို့ ပြောလိုက်ချင်ပါတယ်။ :)

Maxthon 3


border=0

Maxthon ဆိုတာကတော့ ကျွန်တော်တို့ ကြုံဖူးတွေ့ဖူးနေကျ Browser မျိုး မဟုတ်ပါဘူး။ Browser တော့ Browser ပါပဲ။ ဒါပေမယ့် သူ ဘာတွေများ ကွဲပြားသွားပါသလဲ။ ကျွန်တော် ဒီ အကြောင်းအရာ ကို မရေးခင် အရင် တစ်ချိန်တုန်းက Maxthon ကို တစ်ခါ စမ်းခဲ့ဖူးပါတယ်။ သိပ်သဘောမကျပါဘူး။ Speed ကိုလည်း သိပ်သဘော မကျသလို ၊ သူ့ အပြင်အဆင်တွေကို သိပ်သဘောမတွေ့ ဖြစ်မိခဲ့ပါတယ်။ ခုတော့ Maxthon က ပြောင်းလဲ ပြင်ဆင်မှုတွေ များစွာ လုပ်ခဲ့ပြီး Maxthon Browser 3.0.8.11 Alpha Released ကို (2010-04-01) မှာ ပွဲထုတ်လိုက်ပါပြီ။ သူ့မှာ ခုဆိုရင် အမြင်အရမ်းအေးတဲ့ Aero user interface နဲ့ အတူ webpage တွေကို loading လုပ်တဲ့ အချိန်မှာလည်း အရင်နဲ့ မတူတော့ပဲ Dual Browsing Modes ဆိုပြီး  ပါဝင်လာပါတယ်။ Dual Browsing Modes က ဘာလဲ ဆိုတာကို အတိုချုံး မိတ်ဆက်ရရင် သူ့မှာ new browser engine ပေါ် အခြေခံတည်ဆောက်ထားပြီး Webpage တွေကို ဖွင့်တဲ့ အချိန်မှာ browsing speed အရမ်းကောင်းတဲ့ Turbo mode အပြင် တကယ်လို့ Turbo Mode သုံးပြီး ဖွင့်လို့ အဆင်မပြေတဲ့ webpage တွေအတွက် အဆင်ပြေနိုင်မယ့် သာမန် အသုံးပြုနေကျ Compatible mode ဆိုပြီး ထည့်သွင်းထားတာကို ဆိုလိုတာ ဖြစ်ပါတယ်။


Maxthon 3 ဟာ လောလောဆယ် အခြေအနေမှာ စမ်းသပ်ဆဲကာလ alpha version အဆင့်ပဲ ရှိနေသေးတာမို့လို့ ပြင်ဆင်ဖို့တွေလည်း အနည်းနဲ့ အများ လိုအပ်နေဦးမှာ ဖြစ်ပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာတိုင်း အတွက်လည်း feedback ပြန်လုပ်ပေးဖို့ အကူအညီ တောင်းဆိုထားပါတယ်။ နေ့စဉ်သုံးစွဲနေကျ Browser တွေကို ခဏလောက် စွန့်ပစ်ပြီး အသစ်တစ်ခုကို စမ်းသပ်ကြည့်ချင်မယ် ဆိုရင်တော့ Maxthon 3 ကို ဒီနေရာကနေ သွားရောက် ရယူ စမ်းသပ်ဖို့ လက်တို့ လိုက်ချင်ပါတယ်။

အဆင်ပြေနိုင်ပါစေ။

KznT.

Google Chrome

ဒီ ကာတွန်းကောင်လေးကို အရမ်းချစ်တယ်။ သူတို့ လုပ်ထားတာ သဘောကျဖို့ ကောင်းလိုက်တာ။ Chrome မြန်ပုံကို လွန်လွန်ကျူးကျူးကြီးကို တင်စားထားလိုက်တာများ ... ဟုတ်တာ မဟုတ်တာ အပထား တော်တော် ချစ်မိသွားတယ်။ haha :)




KznT.

Best Free Portable Application Suite

ဟိုးတစ်ချိန်တုန်းကဆိုရင် ကွန်ပြူတာအချင်းချင်း Remote လုပ်ဖို့ဆိုတာ လေထဲတိုက်အိမ်ဆောက် နေရသလို စိတ်ကူးထဲမှာပဲ ရှိပြီး အကောင်အထည်ပေါ်မလာတဲ့ ကိစ္စရပ်တစ်ခုပါ။ ကွန်ပြူတာ တစ်ခုက Data တွေ တစ်ခြား တစ်နေရာကို သယ်ချင်တယ် - ဒါပေမယ့် Remote လုပ်တဲ့ နည်းပညာ ကို မသိဘူး။ Flash Drive ဆိုတာ မပေါ်သေးဘူး။ CD/DVD တွေ ရိုက်ထုတ်ရအောင်ကျတော့လည်း ကိုယ့် data တွေက ပမာဏက များ။ စသဖြင့် အတော်လေး တစ်နေရာကနေ အခြားတစ်နေရာကို data တွေ ပြောင်းရွှေ့ဖို့အတွက် တော်တော် အကျပ်တွေ့ခဲ့ကြရပါတယ်။ ဒါပေမယ့် ခုတော့ Remote လုပ်ဖို့ မလုပ်ဖို့ ဆိုတာ ဒီလောက်ကြီး အရေးမကြီးတော့ပါဘူး။ ကျွန်တော်တို့တွေဆီမှာ GB လောက်ရှိတဲ့ ပမာဏတွေကို chewing gum လောက်ပဲ ပမာဏရှိတဲ့ flash drives တွေထဲ ထည့်ပြီး အလိုရှိရာနေရာတွေဆီ အလွယ်တကူ ယူဆောင်သွားလို့ ရနေခဲ့ပြီ မဟုတ်ပါလား။ ဒါတင်မက ကိုယ့်အတွက် နေ့စဉ်သုံးနေကျ apps တွေ အားလုံးလိုလိုကိုလည်း portable applications တွေ အဖြစ် ဖန်တီးပြီး မိမိ အလိုရှိရာ နေရာတွေကို တစ်ပါတည်း ယူဆောင်သွားနိုင်နေကြပါပြီ။

ခုလို အသုံးလည်းဝင် ၊ စက်ထဲမှာ တစ်ခုချင်းစီ install လုပ်စရာလည်း မလို ၊ အလိုရှိရာနေရာကိုလည်း သယ်ဆောင်သွားလို့ရ ၊ နေရာယူလည်း သက်သာတဲ့ portable applications တွေကို site တကာလိုက်ပြီး ဒေါင်းလုပ်ချစရာ မလိုပဲ တစ်နေရာတည်းကနေ အသင့်သုံးနိုင်တဲ့ portable applications suites တွေနဲ့ ကျွန်တော်အခု မိတ်ဆက်ပေးချင်ပါတယ်။ portable applications suites တွေက internet ထဲမှာ မနည်းမနော ရှိပါတယ်။ ဒါပေမယ့် အဲ့တာတွေ အားလုံးထဲကမှ လူကြိုက်လည်း များပြီး အသုံးလည်း တကယ်ဝင်မယ့် apps suites ( ၅ ) ခုကိုပဲ ရွေးထုတ်တင်ပြသွားမှာပါ။ တကယ်လို့ ဒီထဲမှာ ဖော်ပြမယ့် portable applications suites တွေထဲမှာ မပါဝင်ပဲ သီးသန့် ကွဲထွက်ပြီး စာဖတ်သူ လက်ရှိ အသုံးပြုနေတဲ့ သဘောကျတဲ့ portable applications suites များရှိနေမယ် ဆိုရင်လည်း ဒီ Thread ရဲ့ အောက်မှာ ဝင်ရောက် ဆွေးနွေးပေးသွားကြဖို့ တိုက်တွန်းလိုပါတယ်။ အခုတော့ သူတို့ ( ၅ ) ခုနဲ့ စတင် ထိတွေ့ကြရအောင်ပါ။

Liberkey  ( Windows အတွက် ဖြစ်ပြီး အခမဲ့ အသုံးပြုခွင့် ပေးပါသည်။ )


LiberKey ကတော့ PortableApps suite မှာလိုမျိုး အမြင်လှတဲ့ Menu မပါရှိပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ Menu က အသုံးပြုမယ့် သူ အတွက် သုံးစွဲရလွယ်ကူအောင် Program အမျိုးအစားအလိုက် စီစဉ်ပေးထားပါတယ်။



ဒါ့အပြင် LiberKey မှာ apps တွေကို အမျိုးအစားလိုက် သူတို့ ဘာကိုလုပ်ဆောင်တယ် ဆိုတာ အုပ်စုလိုက် စုဖွဲ့ပေးထားလို့ LiberKey suite ထဲမှာပါတဲ့ apps တစ်ခုခုကို တစ်ခါမှ အရင်က တစ်ခါမှ အသုံးမပြုခဲ့ဖူးဘူး ဆိုရင်တောင်  ဒီ apps ကတော့ Security Tool  - ဒီကောင်ကတော့ Color Picker စသည်ဖြင့် apps အလိုက် သူတို့တွေကို ဘယ်နေရာမှာ အသုံးချလို့ ရမယ်ဆိုတာ အလွယ်တကူ နားလည်စေနိုင်ပါတယ်။ ဒီအခု ကျွန်တော်ပြောတဲ့ အုပ်စုလိုက် ခွဲခြားပေးထားတယ် ဆိုတာ LiberKey Ultimate မှာပါ။ သူ့ထဲမှာ apps ပေါင်း 250 ပတ်ဝန်းကျင်ရှိပြီး အုပ်စုလိုက် သူတို့ဘာတွေ လုပ်ဆောင်နိုင်တယ် ဆိုတာ အမျိုးအစား ခွဲခြားပေးထားပါတယ်။ LiberKey ကို Download ရယူနိုင်ဖို့ အတွက် ဒီနေရာကနေ သွားရောက် ရယူနိုင်ပါတယ်။

PortableApps Suite( Windows အတွက် ဖြစ်ပြီး အခမဲ့ အသုံးပြုခွင့် ပေးပါသည်။ )


PortableApps ကတော့ portable application sites တွေထဲမှာမှ နာမည်ကြီး လူသိများတဲ့ ဆိုဒ်တစ်ခု ဆိုရင်မမှားပါဘူး။ John Haller ( ဆိုဒ်ကို တည်ထောင်သူ ) နဲ့ တစ်ခြား များပြားလွန်းတဲ့ developers တွေ ၊ packagers တွေ ၊ နောက်ပြီး translators တွေ ၊ နောက်ပြီး တက်တက်ကြြွကွ ဝိုင်းဝန်း ပ့ံပိုး ဆောင်ရွက်ကြသူတွေ ကြားမှာ PortableApps suite က တဖြည်းဖြည်း ကြီးထွားလာလိုက်တာ ခုဆိုရင် PortableApps suite ထဲမှာ လူကြိုက်များတဲ့ ဆော့ဖ်ဝဲလ်တိုင်း portable အဖြစ် ဖန်တီးပြီးသား ဖြစ်နေတာ လက်ညိှုးထိုး မလွဲလောက်အောင်ပါပဲ။ PortableApps suite ထဲမှာ အခြေခံ အင်တာနက်သုံးကုန် လို့ ပြောလို့ရတဲ့ Firefox ကနေ စပြီး ၊ Pidgin လို့ခေါ်တဲ့ instant messaging အလယ် - Office application တစ်ခု ဖြစ်တဲ့ Open Office အဆုံး အစုံပါဝင်နေပါပြီ။ အသုံးချချင်တဲ့ သူအတွက် ဆိုဒ်မှာ တစ်ခုချင်းစီကို သီးသန့်ခွဲပြီး download ချလို့ ရနိုင်သလို အပေါ်မှာ ပြထားတဲ့ ပုံကို တွေ့ရင်ကျတော့လည်း တစ်ခုချင်းစီ ဒေါင်းလုပ်မချချင်တော့ပဲ လိုလို မလိုလို အကုန်လုံးကိုပဲ သိမ်းထားချင်တဲ့ စိတ်ပေါ်လာလောက်အောင်ကို သူ့အပြင်အဆင်က ဆွဲဆောင်နိုင်ပါတယ်။ ပုံကို ကြည့်ကြည့်ပါဦး။ menu system က ရိုးစင်းပြီး backup utility တွေအပါအဝင် တစ်ခြား portable apps  တွေကိုပါ အသုံးပြုရလွယ်ကူအောင် ပြင်ဆင်ပေးထားတာ တွေ့ရပါလိမ့်မယ်။ PortableApps Suite ကို Download ရယူချင်မယ် ဆိုရင်တော့ ဒီနေရာကနေ သွားရောက် ရယူနိုင်ပါတယ်။

winPenPack ( Windows အတွက် ဖြစ်ပြီး အခမဲ့ အသုံးပြုခွင့် ပေးပါသည်။ ) 



တကယ်လို့ ကျွန်တော်တို့တွေဟာ Flash Drive တစ်ခုထဲမှာ Portable apps တွေကိုထည့်သွင်း အသုံးချင်ချင်မယ် .. ဒါပေမယ့် ဆိုဒ်တကာ စုံအောင် သွားပြီး portable apps စုဆောင်းရတာမျိုးကိုလည်း မလုပ်ချင်ဘူး ဆိုရင်တော့ အဲ့ဒီ့ ( ၂ ) ချက်လုံးကို တစ်ခုတည်းနဲ့ ပြေလည်စေမယ့် တစ်ချက်ခုတ် ( ၂ ) ချက်ပြတ် apps တစ်ခု ရှိပါတယ်။ အဲတာကတော့ winPenPack ပါ။ သူက ဘယ်လို လုပ်ဆောင်တာလဲ ဆိုရင် apps အခု ၁၀၀ ကျော်လောက်ကို တစ်ခုတည်းသော portable package ထဲမှာ ထည့်ထားတဲ့ apps လို့ပဲ ပြောရပါမယ်။

winPenPack ဆိုတာကလည်း အပေါ်မှာ မိတ်ဆက်ထားခဲ့ပြီးတဲ့ Free Softwares တွေကို စက်ထဲမှာ install လုပ်စရာ မလိုပဲ USB pendrive ကနေတစ်ခါတည်း အသုံးပြုနိုင်အောင် စီစဉ်ပေးထားတဲ့  applications တစ်မျိုးပါပဲ။ winPenPack  ကို USB pendrive ထဲထည့်ပြီး ကြိုက်တဲ့ နေရာကို သယ်သွား ကြိုက်တဲ့ ကွန်ပြူတာမှာ သုံး - USB port ထဲကို USB pendrive ထိုးထည့်လိုက်တာနဲ့ programs တွေ အားလုံးကို အသင့်သုံး အခြေအနေဖြစ်အောင် သူက စီစဉ်ပေးထားပါတယ်။

ကျွန်တော်တို့ ဆီမှာ ရှိနေတဲ့ USB pendrive ရဲ့ size ပေါ်မူတည်ပြီး ရွေးချယ်လို့ ရအောင်  winPenPack Flash Essential နဲ့ winPenPack Flash 2Gb ဆိုပြီး ၂ မျိုး ၂ စား ရွေးချယ် နိုင်ပါတယ်။ အဲ့ထဲမှာ ဆိုရင် အင်တာနက် ထဲမှာ ရှိသမျှ အကောင့်တကာ့ အကောင်းဆုံးဆိုတဲ့ open source software တွေကို Portable ဖြစ်အောင် စီစဉ်ထားပြီး Graphics, Multimedia, Internet, Office, System, Security, Development and Utilities ဆိုတဲ့ apps အလိုက် အုပ်စု ခွဲခြားပေးထားပါတယ်။ winPenPack မှာ တစ်ခြား အမျိုးအစားကွဲတွေလည်း ရှိနေသေးပြီး အမျိုးအစားလိုက် ဘာတွေ ကွဲပြားသွားလဲ သိချင်ရင် ဒီနေရာကနေ သွားရောက် ကြည့်ရှုနိုင်ပါတယ်။ ရယူသုံးစွဲချင်မယ် ဆိုရင်တော့ ဒီနေရာကနေ သွားရောက် ရယူနိုင်ပါတယ်။ တစ်ခုရှိတာတော့ သူ့ ရဲ့ အပြင်အဆင်က PortableApps Suite နဲ့ LiberKey လောက် သိပ်မခမ်းနားဘူးလို့ ယူဆမိပါတယ်။

Geek-Menu ( Windows အတွက် ဖြစ်ပြီး အခမဲ့ အသုံးပြုခွင့် ပေးပါသည်။ )



Geek.Menu ဆိုတာ PortableApps.com မှာ ရှိတဲ့ PortableApps suite တွေထဲက installation files တွေကိုပဲ ထပ်တူ အသုံးပြုပြီး လည်ပတ်တဲ့ menu apps တစ်ခုဖြစ်ပါတယ်။ layout ကလည်း တော်တော်လေး ဆင်တူပါတယ်။ ဒါပေမယ့် Geek.Menu နဲ့ PortableApps suite ကြားမှာ ကွာခြားသွားတဲ့ အချက်တစ်ချို့ကတော့ Geek.Menu မှာ တစ်ခြား ပြုပြင် ပြောင်းလဲမှုများစွာကို ပိုပိုလျှံလျှံ ထည့်သွင်း လုပ်ဆောင် ထားတာပါပဲ။ ဘာတွေ ဘယ်လို ထူးခြား သွားလဲ ဆိုတာ ဒီနေရာမှာ သွားရောက် လေ့လာနိုင်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် TrueCrypt ကို Support ပေးတယ်၊ နောက်ပြီး Menu structure ထဲမှာ အုပ်စုတွေ ဖန်တီးပိုင်ခွင့် ၊ နောက် menu startup မှာ apps တွေကို အလိုလျောက် exe လုပ်ဆောင်နိုင်ဖို့ ... စတာမျိုးတွေ လုပ်ဆောင်နိုင်အောင် ထပ်မံဖြည့်သွင်း ပေးထားပါတယ်။ အထက်ပါ ပုံမှာ ဖော်ပြထားတဲ့ အတိုင်း  Geek.Menu က Software ထည့်သွင်းပြီးသား အနေနဲ့ ပါရှိလာမှာမျိုး မဟုတ်ပါဘူး။ Geek.Menu နဲ့ လုပ်ဆောင်နိုင်ဖို့ အတွက် ဆိုရင် PortableApps suite ကို အရင် Download ချထားပြီးတော့မှ menu systems ကို ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ Geek.Menu ကို အသုံးချချင်မယ် ဆိုရင် ဒီနေရာကနေ သွားရောက် ရယူနိုင်ပါတယ်။ 


Lupo PenSuite ( Windows အတွက် ဖြစ်ပြီး အခမဲ့ အသုံးပြုခွင့် ပေးပါသည်။ )




Lupo PenSuite ကလည်း ( 7-Zip, Audacity, CCleaner, eMule, FileZilla, Firefox, Foxit Reader, GIMP, IrfanView, Notepad++, Opera, Pidgin, Thunderbird, µTorrent, VLC .. ) စသဖြင့် လူကြိုက်များ လူသုံးများတဲ့ apps ပေါင်းမြောက်များစွာနဲ့ ပေါင်းစပ်ထားတဲ့ Suite တစ်ခုပါပဲ။  LiberKey ကနေ ထုတ်လုပ်လိုက်တဲ့ portable suite တွေကို ဥပမာ ယူပြီး Lupo PenSuite က ပြုပြင် ပြောင်းလဲ မှုတွေ လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ Windows ရဲ့  Registry ကိုများ ပြုပြင်ပြောင်းလဲ မှုတွေ လုပ်ဖို့ လိုနေပြီလား ?? Lupo PenSuite ထဲမှာ registry ကို edit လုပ်နိုင်ဖို့ applications ၈ ခု ထည့်သွင်းပေးထားပါတယ်။ သူ့မှာ ဖြည့်သွင်းထားတဲ့ full app log ကို ဒီနေရာမှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။ Lupo PenSuite ကို ရယူချင်မယ် ဆိုရင်တော့ ဒီနေရာကနေ သွားရောက် ရယူနိုင်ပါတယ်။ 

နောက်ဆုံး အနေနဲ့ ကျွန်တော် အကြံပြုချင်တာကတော့ - ကျွန်တော်တို့ရဲ့ စက်တွေထဲမှာ တစ်ခါတစ်လေလောက်သာ အသုံးလိုပြီး အမြဲ နေရာပေးထားနေရတဲ့ apps မျိုးတွေ စက်တိုင်းလိုလို မှာ ရှိနေကြပါတယ်။ အဲ့လို apps မျိုးတွေ အတွက်တော့ Windows partition မှာ နေရာ တစ်ခု ပေးမနေပါနဲ့။ အထက်ဖော်ပြပါထဲက မိမိနှစ်သက်ရာ PortableApps suite တစ်ခုကို flash drive တစ်ခု ဒါမှမဟုတ် မိမိနှစ်သက်ရာ media တစ်ခုခုမှာ သိမ်းထားပြီး လိုအပ်ချိန်မှ ထုတ်သုံးလိုက်ပါ။ အရံသင့်သုံးစွဲဖို့လည်း အဆင်ပြေသလို Windows partition မှာလည်း အပိုစာသား နေရာ ပေးရခြင်းကနေ ငြိမ်းအေးစေမယ် မဟုတ်လား။

MF မိသားစုဝင်များ အားလုံး Portable ကမ္ဘာမှာ ကျေနပ်နှစ်သက်မှု ရရှိနိုင်ကြပါစေ။

KznT.

Dummies Ebooks Collection C Series

ဒါကတော့ Dummies E-Books C Series ပါ။ Dummies Ebooks C Series ဆိုတာ အပေါ်မှာ ပြောခဲ့သလိုပဲ တစ်ခြားတော့ မဟုတ်ပါဘူး။ C နဲ့ စတာတွေချည်း စုထားတာပါ။ နောက်ထပ်ကျန်ရှိနေသေးတဲ့ Series တွေကိုလည်း ဖြစ်နိုင်ရင် အားရင် အားသလို တင်ပေးသွားပါ့မယ်။

ဒေါင်းလုပ်ချလိုက်ရင် ရရှိလာမယ့် စာအုပ်စာရင်းတွေကတော့ အောက်ဖော်ပြပါ အတိုင်းပါ။



  1. C for DUMmIES 2nd.pdf
  2. C For Dummies, 5th Edition.pdf
  3. C Game Programming For Dummies 2.pdf
  4. C++ for Dummies, 5th (2004).pdf
  5. C++ TimeSaving Techniques for DUMmIES.pdf
  6. Cake Decorating For Dummies.pdf
  7. Calculus II for DUMmIES.pdf
  8. Calculus.Workbook.for.Dummies-076458782X.pdf
  9. Camera Raw with Photoshop for Dummies (2006).pdf
  10. Cancun & the Yucatan for DUMmIES 3rd.pdf
  11. Candy Making for DUMmIES.pdf
  12. Car Hacks and Mods for DUMmIES.pdf
  13. Casino Gambling For Dummies.pdf
  14. CCNA for Dummies (2000).pdf
  15. Chemistry WorkBook for DUMmIES.pdf
  16. Chess for DUMmIES 2nd.pdf
  17. Chicago for DUMmIES 4th.pdf
  18. Chihuahuas_For_Dummies.pdf
  19. Chinese for DUMmIES.pdf
  20. Chinese Phrases for Dummies (2005).pdf
  21. Cleaning Windows Vista for DUMmIES.pdf
  22. Cleaning Windows XP for Dummies.pdf
  23. Coaching Basketball for DUMmIES.pdf
  24. Cognitive Behavioural Therapy for Dummies.pdf
  25. Coin Collecting for DUMmIES 2nd.pdf
  26. Color Management for Digital Photographers for DUMmIES.pdf
  27. Colorado & the Rockies for DUMmIES 2nd.pdf
  28. Commercial Real Estate Investing for DUMmIES.pdf
  29. Commodities for DUMmIES.pdf
  30. Complementary Medicine For Dummies.pdf
  31. Complete MBA for DUMmIES 2nd.pdf
  32. Composing Digital Music for DUMmIES.pdf
  33. CompTIA A+ Certification All-In-One Desk Reference for DUMmIES.pdf
  34. Computer Forensics for DUMmIES.pdf
  35. Computer Viruses for DUMmIES.pdf
  36. Cool Careers for DUMmIES 3rd.pdf
  37. Costa Rica For Dummies, 1st Edition.pdf
  38. Counselling Skills for DUMmIES.pdf
  39. Creating Family Web Sites for DUMmIES.pdf
  40. Creating Web Pages All-In-One Desk Reference for DUMmIES 2nd.pdf
  41. Creating Web Pages for DUMmIES 8th.pdf
  42. Crochet Patterns for DUMmIES.pdf
  43. Crocheting for Dummies.djvu
  44. Cruise Vacations for DUMmIES 2006 Edition.pdf
  45. Cryptography for Dummies (2004).chm
  46. Crystal Xcelsius for DUMmIES.pdf
  47. CSS Web Design for Dummies (2005).pdf
  48. Customer Service for DUMmIES 3rd.pdf
  49. Cutting Edge Microsoft Office PowerPoint 2007 for DUMmIES.pdf

Download ကိုတော့ တတ်နိုင်သမျှ အဆင်အပြေဆုံး ဖြစ်အောင် Multiupload ကနေ တင်ပေးထားပါတယ်။ Links တွေ ခဏခဏ ပျက်တဲ့ ပြဿနာကနေ အတတ်နိုင်ဆုံး ထိန်းထားနိုင်အောင်လို့ပါ။


My Ebooks C Series.part1.rar (104.9 MB)
http://www.multiupload.com/7NE3D2P92V

My Ebooks C Series.part2.rar (104.9 MB)
http://www.multiupload.com/8DRTZYRYHQ

My Ebooks C Series.part3.rar (104.9 MB)
http://www.multiupload.com/9ONRLXR763

My Ebooks C Series.part4.rar (12.8 MB)
http://www.multiupload.com/NOGGO859BN

Password = www.myanmarfamily.org

နောက်နေ့တွေ ကျရင် နောက် Series တွေ ထပ်တင်ပေးပါဦးမယ်။

Related Posts