Install VLC Media Player in Ubuntu

Leave a Comment
VLC media player ဆိုတာ Open source media player တစ်ခု  ဖြစ်ပြီး GNU ( General Public License ) အောက်မှာဖြန့်ဖြူး ခွင့်ရယူထားတဲ့ player တစ်ခုလည်း ဖြစ်ပါတယ်။ VLC media player ဟာ video နဲ့ audio codes တော်တော်များများကို supports ပေးတဲ့ player တစ်ခု ဖြစ်တဲ့အပြင် တစ်ခြားသော formats တြွေဖစ်တဲ့ DVDs, VCDs တွေကိုလည်း supports ပေးပါတယ်။ 


ဒါတင်မက VLC media player ဟာ Linux, Microsoft Windows, Mac OS X BeOS, BSD, Windows CE, နဲ့ Solaris အားလုံးအတွက် အသုံးချနိုင်ဖို့ ပြင်ဆင်ထားပြီးသား playes တွေထဲက တစ်ခု ဆိုလည်း မမှားပါဘူး။လောလောဆယ်တော့ အားလုံးထဲကမှ Ubuntu ကို ကျွန်တော် လက်ရှိသုံးနေဖြစ်တော့ VLC Media player ကို Ubuntu မှာ ဘယ်လို install လုပ်ဆောင်သွားမလဲ ဆိုတာ တစ်ဆင့်ချင်း ပြောပြပေးသွားပါမယ်။



Install VLC Media player in Ubuntu


ပထမဆုံး အနေနဲ့  VLC media player ကို install မလုပ်ဆောင်ခင်မှာ အရင်ဆုံး ကျွန်တော်တို့ရဲ့ Package index တွေကို Update လုပ်ဆောင်ထားဖို့ လိုပါတယ်။  apt-get command ဆိုတာ စွမ်းဆောင်ရည်ပြည့် Command-line tool တစ်ခု ဖြစ်ပြီး သူ့ကို ဘယ်လို အသုံးပြုသလဲ ဆိုရင် Ubuntu ရဲ့ Advanced Packaging Tool (APT) နဲ့ လုပ်ဆောင်ရတဲ့ software packages အသစ်တွေ install လုပ်ဆောင်တဲ့ အချိန်၊ အရင်ရှိပြီးသား packages တွေကို upgrade လုပ်တဲ့ အချိန်၊ package list index တွေကို update လုပ်တဲ့ အချိန်နဲ့ နောက်ဆုံး Ubuntu system တစ်ခုလုံးကို update လုပ်တဲ့ အချိန်တွေမှာထိ သူ့ကို အသုံးပြုပါတယ်။ Package index တွေကို Update လုပ်ဆောင်ဖို့အတွက် Applications > Accessories > Terminal ကနေ ဒီအောက်ပါ အတိုင်း လုပ်ဆောင်ပါ။


sudo apt-get update


update လုပ်ဆောင်ပြီးသွားပြီ ဆိုရင် VLC media player ကို install လုပ်ဆောင်ဖို့ အတွက် အောက်ဖော်ပြပါ အတိုင်း Terminal မှာ ဆက်လက် လုပ်ဆောင်ပါ။


sudo apt-get install vlc 


ဒါဆိုရင် လိုအပ်တာကို download လုပ်ပြီး စတင် install လုပ်ဆောင်ပါလိမ့်မယ်။ အားလုံးပြီးသွားလို့ VLC media player ကို open ချင်တယ် ဆိုရင်  Applications--->Sound&Video--->VLC Media Player ကနေ သွားရောက် ဖွင့်လှစ်နိုင်ပါတယ်။




တစ်ကြိမ်ဖွင့်လိုက်တာနဲ့ အောက်ဖော်ပြပါ screen အတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။





VLC Media Player Version အသေးစိတ်ကတော့ ဒီလိုပါ။





VLC Media Player Skins ပါ။




VLC Media Player Skins


တကယ်လို့ VLC Media Player Skins download ရယူချင်မယ် ဆိုရင်တော့ ဒီနေရာကနေ သွားရောက်ရယူနိုင်ပါတယ်။


Mozilla Firefox အတွက် VLC Plugin လိုချင်မယ် ဆိုရင် ခုလို စမ်းသပ်ကြည့်ပါ။


sudo apt-get install mozilla-plugin-vlc


အားလုံး Linux ကမာဿဘမှာ ပျော်ရွှင်နိုင်ကြပါစေ။
KznT.

Ref: Thx for the tip.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts