Google Cloud Print for Future

Google ကနေပြီး Chrome OS မှာထည့်သွင်းဖို့အတွက် Printing documents နဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာ ဆန်းသစ်မှုတစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲတာက ဘာလဲ ဆိုတော့ ကျွန်တော်တို့ နေ့တိုင်းသုံးနေကြ Printers တွေမှာ မဖြစ်မနေသုံးနေရတဲ့ Drivers တွေကို ခေါက်ထားပြီး Google Cloud Print ဆိုတ့ဲ Chrome OS မှာ သုံးမယ့် online service တစ်ခုကို ဖန်တီးခဲ့တာပါ။

Google Chrome OS မှာ ထည့်သွင်းထားတဲ့ applications တွေ အားလုံးက web apps တွေပဲ ဖြစ်ပါတယ်။ အဲတာကြောင့်မို့လို့ Google Chrome OS အတွက် ထည့်သွင်းရမယ့် printing စွမ်းဆောင်ချက်ကိုလည်း web apps ကိုပဲ သုံးပြီး နေ့စဉ်အသုံးပြုနေကျ printing လုပ်ငန်းစဉ် ပုံစံတွေနဲ့ မခြားထပ်တူ စွမ်းဆောင်နိုင်ဖို့ ခုပြင်ဆင်ထားပြီးပါပြီ။ Google Cloud Print ရဲ့ ရည်ရွယ်ချက်က (web, desktop, or mobile) ဆိုတဲ့ apps တွေ အားလုံးကို တစ်ကမ္ဘာလုံး ကြိုက်နှစ်သက်ရာ နေရာက အသုံးချနိုင်ဖို့ ရည်ရွယ်ထားတာပါ။ သူ့ကို သုံးလိုက်မယ် ဆိုရင် ကျွန်တော်တို့ နေ့တိုင်းသုံးနေကျ operating system မှာ မဖြစ်မနေ ထည့်သွင်းရမယ့် drivers ဆိုတာမျိုး ထည့်သွင်းစရာ မလိုတော့ပဲ desktop/mobile app ကနေစ web apps တွေအဆုံး Google Cloud Print ကိုသုံးပြီး မိုးပေါ်မှာတင် print လုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။
 
လတ်တလော အခြေအနေမှာ ပြဿနာတစ်ခုရှိနေတာက ဈေးကွက်ထဲမှာ ရှိနေတဲ့ printers တွေတိုင်း Google Cloud Print အတွက် support မပေးသေးတာပါ။ ဒါကိုလည်း Google က သိရှိပြီး printer manufacturers တွေက သူတို့ software တွေကို Google Cloud Print အတွက် support ပေးလာအောင် ကြိုးစားနေပါတယ်။ တကယ်လို့ Printer တွေက Google ရဲ့ service တွေကို support မပေးဘူး ဆိုရင်လည်း ကျွန်တော်တို့တွေက အဲ့ဒီ့ printer installed လုပ်ထားတဲ့ computer မှာ proxy software အသုံးပြုပြီး  Google Cloud Print လုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်ဖို့ Google က ပြင်ဆင်ထားပါတယ်။ Google က တော့ အဲ့ဒီ့ proxy software ကို Google Chrome မှာ ထည့်သွင်းပေးသွားမယ်လို့ ဆိုပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ diagram ထဲက အတိုင်းပြောရရင် desktop/mobile app ဒါမှမဟုတ် web app တစ်ခုကနေ ကျွန်တော်တို့ရဲ့ print လုပ်ဆောင်ချင်တဲ့ လုပ်ငန်းစဉ်ကို Google Cloud Print ဆီ လွှင့်တင်လိုက်တာနဲ့ Google Cloud Print ကနေပြီး user ရွေးချယ်သတ်မှတ်လိုက်တဲ့ နေရာက printer မှာ အလိုလျောက် print လုပ်ဆောင်ပေးပါလိမ့်မယ်။ တကယ့်ကို အံ့သြဖွယ်ရာ ဆန်းသစ်မှု ပါပဲ။



Google Cloud Print ရဲ့ကဏ္ဍက အနာဂတ်အင်တာနက် ကမ္ဘာမှာ ဘယ်လိုအရေးပါလာမယ် ဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်ဖို့ပဲ ကျန်ပါတော့တယ်။

KznT.

Ubuntu 10.04 New Wallpapers



Ubuntu ရဲ့ နောက် version အဖြစ်မကြာခင် ရက်ပိုင်းအတွင်း ပေါ်ထွက်လာတော့မယ့် 10.04 release မှာ ပါဝင်လာမယ့် wallpapers တစ်ချို့ကို OMG!! Ubuntu ကနေပြီး မိတ်ဆက်ပေး လိုက်ပါတယ်။ တကယ်လို့များ တစ်ယောက်ယောက်က ဒီ Ubuntu 10.04 မှာပါဝင်လာမယ့် wallpaper package ကို လိုချင်ကြမယ် ဆိုရင် အောက်မှာ ပေးထားတဲ့ link ကနေ download ရယူလိုက်ပါ။ ရလာတဲ့ package ကို de-compress လုပ်ဖို့ကတော့ အလကားရတဲ့ de-compression tool တစ်ခု ဖြစ်တဲ့  7-Zip  ကို သုံးပြီး extract လုပ်လိုက်ပါ။ တကယ်လို့ အားလုံး မလိုချင်ဘူး - အဲ့ ပုံတွေထဲကမှ တစ်ချို့ပုံတွေပဲ သဘောကျတယ် ဆိုရင်တော့ Softpedia မှာ တစ်ပုံချင်းစီ ဒေါင်းလုပ်ချနိုင်ဖို့ စီစဉ်ပေးထားပါတယ်။



.Net Framework 4 Standalone Installer Full Setup

.Net Framework ဆိုတာ Microsoft ရဲ့ လူသိများကျော်ကြားတဲ့ programming model ဖြစ်ပြီး အသုံးပြုရလွယ်ကူမှု နဲ့ ထူးကဲတ့ဲ စွမ်းဆောင်ရည်တွေကြောင့် လူကြိုက်လည်း များပါတယ်။ .NET Framework 4 ဟာ အခြားသော Framework versions အဟောင်းတွေနဲ့လည်း side-by-side တွဲဖက် အသုံးပြုနိုင်ပါတယ်။ .net framework 4.0 applications ဟာ အရင် Framework versions အဟောင်းတွေပေါ်မှာ အခြေတည်ထားပြီး ပုံမှန်အတိုင်းပဲ အသုံးပြုသွားနိုင်ပါတယ်။ .Net Framework 4.0 မှာပါဝင်လာတဲ့ တိုးတက်မှုတွေကတော့ အောက်ဖော်ပြပါအတိုင်းပဲ ဖြစ်ပါတယ်။




Improvements In .Net Framework 4.0

  • Improvements in Common Language Runtime (CLR) and Base Class Library (BCL)
  • Innovations in the Visual Basic and C# languages, for example statement lambdas, implicit line continuations, dynamic dispatch, and named/optional parameters.
  • Improvements in Data Access and Modelling
  • Enhancements to ASP.NET
  • Improvements in Windows Presentation Foundation (WPF)
  • Improvements to Windows Workflow (WF) that enable developers to better host and interact with workflows.

.NET Framework 4 Direct Link

ဒါကတော့ အင်တာနက်ရှိပြီး အချိန်မရွေး download ချဖို့ လွယ်ကူသူများအတွက် Web Installer ခေါ် online installer ပါ။ dotNetFx40_Full_setup.exe (869 KB)
ဒါကတော့ Standalone Setup Installer ပါ။ Offline installer လို့လည်း ခေါ်ပါတယ်။ dotNetFx40_Full_x86_x64.exe (48.1 MB)

Support Informations for .NET Framework 4

  • ဒါတွေကို Support ပေးပါတယ် - Windows 7; Windows Server 2003 R2 (32-Bit x86); Windows Server 2003 R2 x64 editions; Windows Server 2003 Service Pack 2; Windows Server 2008 R2; Windows Server 2008 Service Pack 2; Windows Vista Service Pack 2; Windows XP Service Pack 3, Windows XP SP3, Windows Server 2003 SP2, Windows Vista SP1 or later

  • Supported Architectures:
    • x86
    • x64
    • ia64 (some features are not supported on ia64 for example, WPF)

  • Hardware Requirements:
    • Recommended Minimum: Pentium 1 GHz or higher with 512 MB RAM or more
    • Minimum disk space:
      • x86 – 850 MB
      • x64 – 2 GB
KznT.

Official Google Buzz Buttons for Your Blog

လွန်ခဲ့တဲ့ ( ၃ ) ရက်လောက်က Google ကနေပြီး Google Buzz အတွက် Share နဲ့ Follow လုပ်နိုင်ဖို့ buttons တွေ officially released အနေနဲ့ လွှင့်တင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီ Buttons တွေက ဘာကောင်းလဲ ဆိုရင် ဥပမာ Blog ဖြစ်ဖြစ် Website ဖြစ်ဖြစ် ရေးတယ် ဆိုပါစို့ ကိုယ့် articles တွေကို စာဖတ်သူတွေက Google-Buzz ကနေ တစ်ဆင့် တိုက်ရိုက် Share ပေးလို့ ရပါတယ်။ ဒီ Buttons ကို ကျွန်တော် စမ်းပြီးပါပြီ။ သဘောလည်း ကျပါတယ်။ အရင်က ကျွန်တော့် site မှာ posts တွေကို share လုပ်ဖို့ အတွက် Google Reader ကိုပဲ သုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းက Sharing လုပ်တဲ့ နေရာမှာ Google Buzz ကို လူသုံးပိုများလာကြလို့ အရင်သုံးနေကျ Google Reader ကို Share ပေးတဲ့  button ကနေပြီး Google Buzz ကိုပြောင်းလိုက်ပါတယ်။

Google Buzz က ထုတ်တဲ့ Share buttons တွေက သူ့ကို click ပေးလိုက်ရင် နောက် pop-up windows တစ်ခု တက်လာပြီး အဲ့ထဲမှာ ကိုယ်ထပ်ပြီး ရေးသားပြင်ဆင်ချင်တာ ရှိရင်ရေးသား နောက်ပြီး ကိုယ် share ပေးချင်တာကို မျှဝေတာပါ။ Google ကပေးလိုက်တဲ့ Google Buzz button မှာတော့ နောက်ထပ် ကောင်းတာလေး တစ်ချက်ပါလာပါတယ်။ အဲတာကတော့ counter ပါ။ ကိုယ့် articles ကို စာဖတ်သူက ဘယ်နကြိမ်ဝေမျှ ပြီးသွားပြီလဲ ဆိုတာ counter ကနေ တဆင့် သိနိုင်ပါတယ်။ လုပ်ဆောင်နည်း အဆင့်ဆင့် ကတော့ -

ပထမအဆင့် အနေနဲ့ - ဒီစာမျက်နှာ ကိုသွားပါ။ "Post To Buzz" ဆိုတာနှိပ်ပြီး နောက်စာမျက်နှာမှာ ကိုယ့် ဘလော့မှာ သုံးဖို့ ကြိုက်နှစ်သက်ရာ button ကိုရွေးပါ။ ပေးထားတာကတော့ သုံးလေးမျိုး မက ရှိပါတယ်။










"URL to post" မှာ "Containing Page" ကိုထား နောက်ပြီး "Image to post" မှာ None ကိုထားပြီး အောက်မှာ ပေါ်လာတဲ့ code-box ထဲက code ကို copy ကူးဖို့ ကြိုတင်ပြင်ဆင်ထားပါ။

ဒုတိယအဆင့် အနေနဲ့ - Blogger ရှိရာဆီကို log in ဝင်ပြီး Layout > Edit HTML ကို သွားပါ။ နောက်ပြီး "Expand Widget Tempaltes" ကို tick ပေးထားလိုက်ပါ။ နောက်ပြီးရင် အောက်မှာ ပေးထားတဲ့ code ကို template ထဲမှာ ရှာဖို့ CTRL+F ကိုနှိပ်ပြီး ဒီအောက်က code ကို ပေါ်လာတဲ့ box ထဲမှာ copy ကူးထည့်ပြီး ရှာလိုက်ပါ။ ဒီအောက်က ပုံကို ကြည့်ကြည့်ရင် ရှင်းပါလိမ့်မယ်။



<div class='post-header-line-1'/>

တတိယအဆင့် အနေနဲ့ - အဲ့ဒီ့ အစိမ်းရောင်နဲ့ high light ပြထားတဲ့ စာကြောင်းရဲ့ အောက်မှာ ကပ်ပြီး အောက်မှာ ဖော်ပြထားတဲ့ code ကို paste လုပ်လိုက်ပါ။

<!--BUZZ-STARTS-->
<div style='border:0px !important;text-align:right;margin-top:-42px;'>
PASTE_CODE_FROM_GOOGLE-STUFF-PAGE_(Step #1)_HERE
</div>
<!--BUZZ-STOPS-http://bloggerstop.net-->

အဲလို ထည့်ပြီးတာနဲ့ အနီရောင်နဲ့ ဖော်ပြထားတဲ့ စာကြောင်းနေရာမှာ အနည်းငယ် ပြင်ဆင်မှု လုပ်ရပါမယ်။ ကျွန်တော် အနီရောင်နဲ့ ဖော်ပြထားတဲ့ နေရာမှာ ကျွန်တော်တို့ ထိပ်ဆုံး ပထမဆင့်မှာ code-box ထဲကနေ ရလာတဲ့ code ကို အစားသွင်းပေးရပါမယ်။

ဘာကြောင့်ခုလိုလုပ်ရသလဲ > ဘာလို့လဲ ဆိုရင် default အနေနဲ့ ပါလာတဲ့ button ရဲ့ alignment က "Right" မှာ ဖြစ်နေပြီး ကျွန်တော်တို့တွေ သူ့ကို "Left" ကို ချိန်းလို့ ရသလို button ရဲ့ position ကိုလည်း ပြောင်းလဲ ပစ်ချင်လို့ ဖြစ်ပါတယ်။ အဲလို လုပ်ဆောင်ဖို့ text-align:right;margin-top:-42px;'> ဆိုပြီး ထည့်ထားလိုက်တာပါ။

တကယ်လို့ ဒုတိယအဆင့်မှာ ရှာခိုင်းလိုက်တဲ့ code ကို template မှာ ရှာလို့ မတွေ့ဘူးဆိုရင်ရော - အဲလို အခက်အခဲရှိလာရင်တော့ အဲ့စာကြောင်းအစား အောက်ဖော်ပြပါ စာကြောင်းကို အစားထိုးရှာဖြွေကည့်ပါ။
<div class='post-body entry-content'>
<data:post.body/>

တွေ့ပြီ ဆိုရင်တော့ တတိယအဆင့်မှာ ဖော်ပြထားတဲ့ ထည့်သွင်းရမယ့် နည်းတွေ အတိုင်း စာကြောင်းတွေ ၊ အစားသွင်းရမယ့် ဟာတွေ အကုန်လုံးကို အထက်မှာ ဖော်ပြထားတဲ့ ရှာတွေ့ခဲ့တဲ့ စာကြောင်းတွေရဲ့ အပေါ်မှာ ထည့်သွင်းပေးရပါလိမ့်မယ်။

အားလုံး လုပ်ဆောင်ပြီးသွားရင်တော့ Save လိုက်ပါ။ အဆင်ပြေလိမ့်မယ် ထင်ပါတယ်။

KznT.

Stories in Photographs

Blog တစ်ခု လုပ်ပြီး စာတွေရေးနေပေမယ့် တကယ်တော့ ကိုယ့်ခံစားချက်ကို ပေါ်လွင်အောင် ကိုယ့်ကိုယ်တိုင်လည်း ပုံမဖော်နိုင်သလို တစ်ခြားသူ တစ်ယောက် မြင်သာလာအောင် အတွက်လည်း ပုံဖော်မပေးနိုင်ဘူး။ ဒီ့ထက်ဒီ့ထက် ကိုယ့်ခံစားချက်တွေကို ပုံပေါ်အောင် ကြိုးစားကြည့်ချင်တယ်။ ဒါပေမယ့် မစွမ်းနိုင်သေးဘူး။ အဲ့တာကြောင့် အနီးစပ်ဆုံး ခံစားချက်တစ်ခုကို စာတွေ အများကြီး ဖတ်စရာမလိုပဲ ပုံဖော်ပေးနိုင်မယ့် အရာက ဘာများဖြစ်မလဲလို့ စဉ်းစားကြည့်မိတယ်။ တကယ်တော့ စဉ်းစားစရာမလိုတဲ့ အဖြေက ရှိနေပြီးသားပါ။


သူတို့တွေက Photographs တွေလေ ..
မြင်နေရတယ်။ တွေ့နေရတယ်။ ရှု့ထောင့်ပေါင်းစုံကနေ ခံစားလို့ ရတယ်။ ဘောင်မရှိဘူး။ ကန့်သတ်ချက် မရှိဘူး။ အဲတာကို ကြိုက်တယ်။ ဘယ်သူ့ခံစားချက်က မှန်တယ်လို့ ဖော်ပြချက် မရှိဘူး။ သူတို့တွေကို ကြည့်ပြီး ကိုယ်မသိတာတွေ နားလည်လာသလို ခံစားရတယ်။ ကိုယ်မရောက်ဖူးတာတွေ ရောက်သွားသလို စိတ်ထဲမှာ ဖြစ်တည်လာတယ်။ ကိုယ်မခံစားမိတဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ အလှအပတွေ ခံစားမိစေဖို့ သတိထားမိလာစေတယ်။

Journeys to the International Space Station ဆိုတာကို ကြည့်လိုက်ရတယ်။ ကိုယ်ရောက်ဖူးချင်တဲ့ ၊ ကိုယ်တွေ့ဖူးချင်တဲ့ ၊ ကိုယ်လေ့လာချင်တဲ့ .... အရာတွေ အားလုံးကို တစ်နေရာတည်းကနေ ခံစားလိုက်ရ သလိုပဲ။




Signs of Spring, 2010 ဆိုတာကို တွေ့လိုက်ရတော့ကျ ကိုယ်မခံစားမိတဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ အလှအပတွေ ခံစားမိစေဖို့ သတိရသွားတယ်။ ဒီ သမီးလေးကို ချစ်တယ်။ အဲလို သမီးလေး တစ်ယောက်လောက် လိုချင်တယ် ငယ့်ဆီက။ :D



ပီပြင်တဲ့ မိသားစု ဘဝတစ်ခုနဲ့ သဘာဝ အလှတရား ....



Poland in Mourning - သိပ်မကြာသေးဘူး လွန်ခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ က လေယာဉ်ပျက်ကျ ကွယ်လွန်သွားတဲ့ ပိုလန် သမ္မတ နဲ့ ဇနီး အတွက် အထိမ်းအမှတ် ဓာတ်ပုံတွေ - သူတို့တွေ တစ်ခုခု ပြောပြချင်နေသလိုပဲ ... သေခြင်းတရားက လက်တကမ်းဆိုတာလား ??





Links တစ်ခုချင်းစီကနေ လိုက်ကြည့်ပါ။ ဒီမှာ ဖော်ပြထားတဲ့ အဲ့ဒီ့ Links တွေဆီက ( ၂ ) ပုံစီပဲ ရွေးထုတ်ထားလိုက်တာ။ အရမ်း သဘောကျတယ်။ စာတွေ အများကြီး မရေးပဲ ဓာတ်ပုံတွေနဲ့ လူတွေရဲ့ ခံစားချက်ကို ထိန်းချုပ်နိုင်ချင်တယ်။

Mg Zin.

Sitemap ( or ) TOC for Blogger

Table of Contents ကို Blog အတွက် လုပ်ချင်နေခဲ့တာ ကြာပြီ .. ဘာလို့လည်း ဆိုတော့ တစ်ခါတစ်လေ ကိုယ့် ဘလော့မှာ ရှိတဲ့ posts တွေထဲက ကိုယ်သွားချင်တဲ့နေရာ ချက်ချင်းသွားဖို့ click တွေ အချက်ပေါင်း မနည်း လိုက်ပေးနေရတယ်။ အဲတာကို သဘောမကျဘူး။ အဲတာနဲ့ အင်တာနက်ထဲက ဆိုဒ်တွေ တော်တော်များများရှိရာဆီ ( အထူးသဖြင့်တော့ - blogger tips and tricks အကြောင်း အဓိကထားရေးတဲ့ ဆိုဒ်တွေဆီ ) လိုက်ဖတ်ဖြစ်တယ်။ တစ်နေကုန်ပဲ ... တစ်ခုတွေ့တယ် .. စမ်းကြည့်တယ် မကြိုက်ဘူး။ နောက်တစ်ခုတွေ့တယ် သဘောမကျပြန်ဘူး။ အဲလိုနဲ့စမ်းလာလိုက်တာ Abu Farhan ဆိုဒ်မှာ အဖြေသွားတွေ့တယ်။ အဖြေတွေ့တယ် ဆိုတာလည်း ကိုယ်သဘောကျတာကို ပြောတာ သူများသဘောကျမကျတော့ မသိဘူး။ 


ဘလော့ဂါ တော်တော်များများကလည်း sitemap နောက်တစ်မျိုးအခေါ် Table of Contents ကို လုပ်ချင်ကြတယ်။ လုပ်နည်းတွေကတော့ အမျိုးမျိုးပဲ တစ်ချို့ TOC တွေက Labels တစ်ခု ချင်းစီအလိုက် ရှာရလွယ်အောင် သူ့အောက်မှာ ရှိတဲ့ ခေါင်းစဉ်တွေ ခွဲပြီး စုပေးတဲ့ TOCနောက်ဟာတွေက လအလိုက်စဉ်ပေးတာ ၊ နောက် ဘာအလိုက်မှ မစဉ်ပဲ အကုန်ရောထားတဲ့ နည်း ၊ နောက်ထပ်နည်းတွေလည်း ပေးထားတဲ့ links တွေကနေ လိုက်ရင်တော်တော်များများ မျိုးစုံအောင်ရှိသေးတယ်။ bloggerbuster မှာလည်း နောက်ထပ်နည်းတွေ ကျန်သေးတယ်။ ခက်တာက တစ်ချို့ ကောင်လေးတွေက လုပ်ရတာ ခက်တာမျိုး မဟုတ်ပေမယ့် လုပ်ရ ကိုင်ရတာ လက်ပေါက်ကပ်တယ်။ တစ်ချို့ဟာတွေကကျတော့ TOC တစ်ခု ရဖို့ အရေး ( ၃ ) ( ၄ ) ဆင့်လောက် လုပ်နေရတယ်။ ကောင်းတာတော့ အကုန်ကောင်းပါတယ်။ ဒါပေမယ့် အလွယ်ဆုံးနဲ့ အဆင်ပြေဆုံး TOC လုပ်နည်းကတော့ ဒီအောက်ကနည်းပဲ ဖြစ်မယ် ထင်တယ်။


ဘာဖြစ်လို့လဲ ဆိုတော ဒီ Script က -
  • အသုံးပြုရလွယ်ပြီး စာကြောင်းကလည်း  ( ၂ ) ကြောင်းပဲပါတယ်။
  • ကိုယ်ရေးထားတဲ့ Label အလိုက် Contents တွေကို စီပေးထားတယ်။ 
  • Posts တိုင်းအတွက် Label ( ၁ ) ခုထက်မက ပိုတပ်လို့ ရတယ်။
  • နောက်ဆုံးကိုယ်ရေးခဲ့တဲ့ ပို့စ် ( ၁၀ ) ခုတိုင်းအတွက် New !! ဆိုပြီး ဖော်ပြပေးထားတယ်။

ပြင်ဆင်ပြီးသွားရင် ဘယ်လိုပုံစံမျိုး ဖြစ်မလဲ ဆိုတာတော့ ဒီနေရာကနေ သွားကြည့်လို့ရတယ်။



တစ်ချို့ကတော့ ဒီ Script ကို Post တစ်ခု အနေနဲ့ သီးသန့်ရေးပြီး HTML Mode ကနေ ထည့်ပြီး Publish ပေးကြတယ်။ ကျွန်တော်ကတော့ အဲလို ထည့်မယ့် အစား Posting > Edit Pages > New Page ကနေ ထည့်စေချင်တယ်။ ဘာလို့လည်း ဆိုတော့ ကိုယ်ရေးထားတဲ့ တစ်ခြားပို့စ်တွေနဲ့ TOC ကို မရောစေချင်လို့ပေါ့။

ဘယ်လိုသုံးရမလဲ ဆိုတာကတော့ အပေါ်မှာ ပြောထားတဲ့ အတိုင်း Posting > Edit Pages > New Page ကနေ Edit HTML ကို ဝင်ပြီး အောက်မှာ ဖော်ပြထားတဲ့ စာကြောင်းတွေကို Copy > Paste လုပ်လို့ ဖို့ပါပဲ။ နောက်ပြီးရင် အနီရောင်နဲ့ ပြထားတဲ့ နေရာမှာ ကိုယ့် Blog ရဲ့ URL ကို ပြောင်းဖြည့်ပေးရမယ်။ နောက်ပြီးရင် Publish Page လိုက်ပေါ့။ အဲလောက်ဆိုရင် အဆင်ပြေပါပြီ။

<script src="http://www.abu-farhan.com/script/daftarisiblogger/blogtoc-min.js">
</script>
<script src="http://www.11dreams.net/feeds/posts/default?max-results=9999&amp;alt=json-in-script&amp;callback=loadtoc">
</script>

အဆင်မပြေရင်တော့ အပေါ်မှာ ပေးထားတဲ့ Links တွေကနေ နောက်ကောင်လေးတွေ လိုက်စမ်းစေချင်တယ်။ ဒီလောက်ပါပဲ။

KznT.

Ubuntu 9.10 User's Guide ( 4 )

( ၄ ) အသုံးတည့်မည့် software များအား install လုပ်ဆောင်ခြင်း

  • ( ၁ ) Google Earth


အပေါ်မှာ ပြောထားခဲ့ပြီးတဲ့ medibuntu repositories ကို တစ်ကြိမ် installed လုပ်ဆောင်ပြီးထားတာနဲ့ Google Earth 5 ကို Synaptic Package Manager ကနေ အလွယ်တကူ install လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။  တကယ်လို့ software center မှာ မပေါ်ဘူး ဆိုရင်လည်း အောက်ဖော်ပြပါ command line ကို Terminal မှာ သုံးကြည့်ပါ။


sudo apt-get install googleearth

အသေးစိတ် အနေနဲ့ နောက်တစ်ခု ပြောစရာရှိတာက Google Earth ကို  desktop theme အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ အဲတာကို လုပ်ဆောင်နိုင်ဖို့အတွက် main menu ကနေ %f command ကို -style GTK+ %f ဆိုပြီး အစားထိုးလိုက်ပါ။





တကယ်လို့ Google Earth နောက်ထပ် versions တွေ ထွက်ရှိလာခဲ့မယ် ဆိုရင် ဒီနေရာကနေ .bin installer အဖြစ် download ချနိုင်ပါတယ်။ GoogleEarthLinux.bin package ကို Download ချပြီး save ပြီးသွားပြီ ဆိုရင် သူ့ကို command line ကနေ install လုပ်ဆောင်နိုင်ဖို့အတွက် ဒေါင်းလုပ်ချထားတဲ့ ဖိုင်ကို executable အဖြစ် ပြောင်းလဲပေးဖို့လိုပါတယ်။

Download လုပ်ထားတဲ့ folder ကိုဖွင့်ပြီး file ပေါ်မှာ အောက်ဖော်ပြပါပုံလို right-click ထောက်ပြီး "Properties" ကိုသွားပါ။





Properties windows ပေါ်လာပြီဆိုရင် "Permissions" tab ကိုသွားပြီး "Allow executing file as program" ဆိုတဲ့ checkbox မှာ check လုပ်ပါ။





ပြီးသွားရင် Terminal ကိုဖွင့်ပြီး အောက်ဖော်ပြပါ command တစ်ခုချင်းစီကို အသုံးပြုပါ။


cd Downloads
sudo ./GoogleEarthLinux.bin

  • ( ၂ ) Adobe Acrobat Reader

Default Ubuntu မှာ ပါလာပြီးသား pdf reader ဖြစ်တဲ့ Evince ကလည်း အားလုံးအတွက်သုံးဖို့ အဆင်ပြေပါတယ်။ ဒါပေမယ့် တစ်ချို့ Adobe Reader နဲ့မှ စိတ်တိုင်းကျမယ့် သူတွေ အတွက် ဒီနေရာမှာ ဒေါင်းလုပ်ချလို့ ရပါတယ်။ ဒေါင်းလုပ်ချပြီးသွားရင် လုပ်ဆောင်ရမယ့် လုပ်ဆောင်နည်းကတော့ Google Earth မှာ .bin ကို executable ဖြစ်အောင် လုပ်ခဲ့တဲ့ လုပ်ဆောင်နည်း အတိုင်းပါပဲ။

Terminal ကိုဖွင့်ပြီး အောက်ဖော်ပြပါ တစ်ခုချင်းစီ paste လုပ်ပါ။


cd Downloads
sudo ./AdbeRdr9.2-1_i486linux_enu.bin ( AdbeRdr9.2-1_i486linux_enu.bin ဆိုတာ ဥပမာပေးထားတာပါ အဲ့ဒီ့ နာမည်နေရာမှာ ကိုယ်ဒေါင်းလုပ်ချလိုက်တဲ့ ဖိုင်မှာပါလာတဲ့ နာမည်အတိုင်း ဖြစ်နေဖို့ လိုပါတယ်။ )

တစ်ခုမှတ်ထားရသင့်တာက ဒီဖော်ပြထားတဲ့ file name တစ်ခုလုံးကို အပြည့်အစုံရိုက်ထည့်ပေးနေစရာ မလိုပါဘူး။ file name ရဲ့ ပထမဆုံး ၂ လုံး ၃ လုံးလောက်ကို စရိုက်လိုက်ပြီး Tab ↹ key ကို နှိပ်လိုက်တာနဲ့ file name က auto complete ဖြစ်သွားမှာ ဖြစ်ပါတယ်။

"Enter installation directory for Adobe Reader 9.2 [/opt] " ဆိုပြီး မေးလာရင်တော့ Enter ကိုသာ နှိပ်လိုက်ပါ။ 

  • ( ၃ ) အခြားသော open source software များ။

Mozilla Thunderbird 2.0: Outlook လိုမျိုးပဲ အစားထိုး အသုံးပြုနိုင်တဲ့ software တစ်ခုပါ။ သုံးရလွယ်လို့ ကျွန်တော်ကတော့ Thunderbird ကို ခုနောက်ပိုင်း ပိုသဘောကျလာပါတယ်။

sudo apt-get install thunderbird thunderbird-gnome-support

Thunderbird Terminal ကနေ မဟုတ်ပဲ Software Center ကနေလည်း install လုပ်လို့ ရပါသေးတယ်။ ဒါပေမယ့်လည်း သူက thunderbird-gnome-support package ကိုတော့ default အနေနဲ့ install လုပ်ဆောင်ပေးမှာ မဟုတ်ပါဘူး။

Filezilla: FTP utility အတွက်တော့ windows မှာပဲ ဖြစ်ဖြစ် Linux မှာပဲ ဖြစ်ဖြစ် ကျွန်တော် Filezilla ကို သဘောကျပါတယ်။
Software Center ကနေ Install လုပ်ဆောင်ဖို့ အတွက်ကတော့ "filezilla" ဆိုတာကို ရှာပြီး install လုပ်ချင်လုပ် ဒီလိုမှ မဟုတ်ရင်လည်း ဒီနေရာကနေ install လုပ်လို့လည်း ရပါတယ်။


Audacity: Samplitude တို့ Cubase တို့လိုမျိုးပဲ သူလည်း Audio editor တစ်ခုပါ။
Software Center ကနေ "audacity" ကိုရှာပြီး Install လုပ်ဆောင်လို့ ရသလို လတ်တလော ဒီနေရာကနေ install လုပ်လို့လည်း ရပါတယ်။


Sound Converter: audio file formats တွေကို တစ်ခုကနေ တစ်ခုပြောင်းတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်တဲ့ WAV to MP3 or OGG, FLAC to MP3 စတာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။
Software Center ကနေ "sound converter" ကိုရှာပြီး Install လုပ်ဆောင်လို့ ရသလို လတ်တလော ဒီနေရာကနေ install လုပ်လို့လည်း ရပါတယ်။

Shutter: Screenshots လုပ်ဖို့ သုံးလို့ကောင်းတဲ့ program တစ်ခုပါ။
Software Center ကနေ "shutter" ကိုရှာပြီး Install လုပ်ဆောင်လို့ ရသလို လတ်တလော ဒီနေရာကနေ install လုပ်လို့လည်း ရပါတယ်။


DVDs တွေ Copy ကူးဖို့ ဆိုရင်တော့ သုံးရ အဆင်ပြေတဲ့ Handbrake ဆိုတာရှိပါတယ်။ ( .deb installer ကိုတော့ ဒီနေရာကနေ ရယူပါ။ ) သူ့ကိုသဘောမကျရင်တော့ နောက်ထပ်သုံးရလွယ်ကူတဲ့ Thoggen ( သူ့ကို Software Center ကနေလည်း install လုပ်လို့ ရသလို  ဒီနေရာကနေ install လုပ်လို့ ရပါတယ်။ )

Skype 2.1: အခု Skype အသစ် 2.1 beta version မှာ PulseAudio ကို Support လုပ်ပါပြီ။

sudo apt-get install skype

ဆက်ရန် ...

Related Posts