Google Cloud Print for Future

Leave a Comment
Google ကနေပြီး Chrome OS မှာထည့်သွင်းဖို့အတွက် Printing documents နဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာ ဆန်းသစ်မှုတစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲတာက ဘာလဲ ဆိုတော့ ကျွန်တော်တို့ နေ့တိုင်းသုံးနေကြ Printers တွေမှာ မဖြစ်မနေသုံးနေရတဲ့ Drivers တွေကို ခေါက်ထားပြီး Google Cloud Print ဆိုတ့ဲ Chrome OS မှာ သုံးမယ့် online service တစ်ခုကို ဖန်တီးခဲ့တာပါ။

Google Chrome OS မှာ ထည့်သွင်းထားတဲ့ applications တွေ အားလုံးက web apps တွေပဲ ဖြစ်ပါတယ်။ အဲတာကြောင့်မို့လို့ Google Chrome OS အတွက် ထည့်သွင်းရမယ့် printing စွမ်းဆောင်ချက်ကိုလည်း web apps ကိုပဲ သုံးပြီး နေ့စဉ်အသုံးပြုနေကျ printing လုပ်ငန်းစဉ် ပုံစံတွေနဲ့ မခြားထပ်တူ စွမ်းဆောင်နိုင်ဖို့ ခုပြင်ဆင်ထားပြီးပါပြီ။ Google Cloud Print ရဲ့ ရည်ရွယ်ချက်က (web, desktop, or mobile) ဆိုတဲ့ apps တွေ အားလုံးကို တစ်ကမ္ဘာလုံး ကြိုက်နှစ်သက်ရာ နေရာက အသုံးချနိုင်ဖို့ ရည်ရွယ်ထားတာပါ။ သူ့ကို သုံးလိုက်မယ် ဆိုရင် ကျွန်တော်တို့ နေ့တိုင်းသုံးနေကျ operating system မှာ မဖြစ်မနေ ထည့်သွင်းရမယ့် drivers ဆိုတာမျိုး ထည့်သွင်းစရာ မလိုတော့ပဲ desktop/mobile app ကနေစ web apps တွေအဆုံး Google Cloud Print ကိုသုံးပြီး မိုးပေါ်မှာတင် print လုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။
 
လတ်တလော အခြေအနေမှာ ပြဿနာတစ်ခုရှိနေတာက ဈေးကွက်ထဲမှာ ရှိနေတဲ့ printers တွေတိုင်း Google Cloud Print အတွက် support မပေးသေးတာပါ။ ဒါကိုလည်း Google က သိရှိပြီး printer manufacturers တွေက သူတို့ software တွေကို Google Cloud Print အတွက် support ပေးလာအောင် ကြိုးစားနေပါတယ်။ တကယ်လို့ Printer တွေက Google ရဲ့ service တွေကို support မပေးဘူး ဆိုရင်လည်း ကျွန်တော်တို့တွေက အဲ့ဒီ့ printer installed လုပ်ထားတဲ့ computer မှာ proxy software အသုံးပြုပြီး  Google Cloud Print လုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်ဖို့ Google က ပြင်ဆင်ထားပါတယ်။ Google က တော့ အဲ့ဒီ့ proxy software ကို Google Chrome မှာ ထည့်သွင်းပေးသွားမယ်လို့ ဆိုပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ diagram ထဲက အတိုင်းပြောရရင် desktop/mobile app ဒါမှမဟုတ် web app တစ်ခုကနေ ကျွန်တော်တို့ရဲ့ print လုပ်ဆောင်ချင်တဲ့ လုပ်ငန်းစဉ်ကို Google Cloud Print ဆီ လွှင့်တင်လိုက်တာနဲ့ Google Cloud Print ကနေပြီး user ရွေးချယ်သတ်မှတ်လိုက်တဲ့ နေရာက printer မှာ အလိုလျောက် print လုပ်ဆောင်ပေးပါလိမ့်မယ်။ တကယ့်ကို အံ့သြဖွယ်ရာ ဆန်းသစ်မှု ပါပဲ။



Google Cloud Print ရဲ့ကဏ္ဍက အနာဂတ်အင်တာနက် ကမ္ဘာမှာ ဘယ်လိုအရေးပါလာမယ် ဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်ဖို့ပဲ ကျန်ပါတော့တယ်။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts