TOEFL IELTS Books Collection

IELTS and TOEFL exams တွေဆိုတည ကမ္ဘာတစ်ဝှမ်းက အင်္ဂလိပ်စာ ဘာသာရပ်ကို လေ့လာနေကြတဲ့ ၊ ဆက်စပ်ပတ်သတ် နေကြတဲ့ ကျောင်းသားတွေ အားလုံးနီးပါး သိရှိထားပြီးသား စာမေးပွဲတွေ ဖြစ်ပါတယ်။ Exams ( ၂ ) ခုလုံးက ကိုယ့်မှာ ရှိနေတဲ့ English language ability ကို စစ်ဆေးတဲ့ စာမေးပွဲတွေပါ။ IELTS ကို UK နဲ့ Australia တက္ကသိုလ်တွေ အတွက်အဓိက ဦးတည်ထားပြီး  American နဲ့ Canadian universities တော်တော်များများကလည်း လက်ခံကြပါတယ်။ TOEFL ကိုတော့ American universities တွေက အဓိက အသုံးပြုပါတယ်။ American universities တွေက အဓိက အသုံးပြုတယ်လို့ ဆိုပေမယ့်လည်း UK နဲ့ Australia မှာ ရှိတဲ့ တက္ကသိုလ်တွေကလည်း ဒီ Results ကို အပြန်အလှန်သဘောမျိုး လက်ခံကြတာလည်း ရှိပါတယ်။





IELTS ဆိုတာ International English Language Testing system ကို ခေါ်တာပါ။ IELTS ကို British Councils, the University of Cambridge, နဲ့ IELTS Australia ကနေ ကြီးမှုး ကျင်းပတာ ဖြစ်ပြီး  British universities တွေ နောက် New Zealand နဲ့ Australian universities တွေနဲ့ အခြား ကျောင်းတွေက နိုင်ငံခြား ကျောင်းသား တစ်ယောက်ကို ကျောင်းမှာ လက်ခံနိုင်ဖို့ အတွက် ဒီရလာဒ်တွေကို ကြည့်ရှုသတ်မှတ် အတည်ပြုပေးပါတယ်။ သူ့မှာ အဆင့် သတ်မှတ်ချက် ( ၉ ) ဆင့် ရှိပြီး - သူတို့တွေက ဘာကို ဖော်ပြလဲ ဆိုရင် အဆင့်လိုက် အဆင့်လိုက် ဒီကျောင်းသားဟာ အင်္ဂလိပ်စာနဲ့ ပတ်သတ်လို့ သူ့နိုင်ငံသား ပညာတတ် တစ်ယောက်ရဲ့ အင်္ဂလိပ်စာနားလည်မှု အဆင့်အတန်းနဲ့ ဘယ်လောက်ထိ level ညီလည်း ဆိုတာကို ဖော်ပြတာ ဖြစ်ပါတယ်။ ဒီ Tests ကို ဖြေဆိုမယ် ဆိုရင် ( reading, writing, listening နဲ့ speaking) ဆိုတဲ့ Skills ( ၄ ) မျိုးလုံးကို ဖြေဆိုရမှာ ဖြစ်ပြီး ယေဘုယျအားဖြင့် အထက်တန်းကျောင်းသား ( ဘွဲ့ မရရှိသေးသူ ) တစ်ယောက် အနေနဲ့ သူတို့ကျောင်းတွေကို ဝင်ခွင့်ရရှိနိုင်ဖို့ အနည်းဆုံး overall score 5.5 ရရှိထားဖို့ လိုပါတယ်။  postgraduate ကျောင်းသား တစ်ယောက် ဖြစ်မယ် ဆိုရင်တော့ overall score 6.5 ရရှိထားဖို့ လိုပါတယ်။ IELTS exam တွေကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကျင်းပပေးတာ ဖြစ်ပြီး ဖြေဆိုချင်တယ်ဆိုရင် ဝင်ကြေးပေးသွင်း ဖြေဆိုရမှာ ဖြစ်ပါတယ်။ အသေးစိတ် လေ့လာချင်မယ် ဆိုရင်တော့ ဒီနေရာကနေ သွားရောက်လေ့လာနိုင်ပါတယ်။



TOEFL ဆိုတာကတော့ Test of English as a Foreign Language ဖြစ်ပြီး ETS ( Educational Testing Service ) လို့ခေါ်တဲ့ အစိုးရမဟုတ်သော US အခြေစိုက်အဖွဲ့အစည်းကနေ ကြီးမှုးကျင်းပတာ ဖြစ်ပြီး American နဲ့ Canadian universities အများစုက ဒီ ရလာဒ်ကို အတည်ပြုကြပါတယ်။ သူတို့ ( ၂ ) ဘယ်လိုပဲ ကွာခြား ကွာခြား ခုခေတ်မှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးက ကျောင်းသား အတော်များများကတော့ TOEFL နဲ့ IELTS စာမေးပွဲ ( ၂ ) ခုစလုံးကို ဖြေဆိုထားနိုင်ဖို့ ကြိုးစားနေကြပါပြီ။ ဘာကို ဖြေဆိုထားသင့်မယ် ဆိုတာကတော့ ကိုယ်တက်ရောက်ချင်တဲ့ ကျောင်းပေါ်မူတည်ပြီး ဘယ်နိုင်ငံမှာ ရှိသလဲ ၊ သူတို့ကျောင်းတွေက ဘယ်ရလာဒ်ကို ကြည့်သလဲ ဆိုတာပေါ် မိမိဘာသာ ဆုံးဖြတ်ရွေးချယ် ရမှာ ဖြစ်ပါတယ်။ ဒီ အကြောင်းကို အရှည်ပြောရရင် တော်တော်များမှာပါ။ ကျွန်တော်က IELTS and TOEFL exams တွေအကြောင်း ရှင်းပြချင်လို့ မဟုတ်ပါဘူး။ ကျွန်တော်ပြောချင်တာက IELTS and TOEFL exams တွေကို ဖြေဆိုဖို့ ပြင်ဆင်နေသူတွေ ၊ အခု မဟုတ်ရင်တောင် နောင်တစ်ချိန်မှာ ဖြေဆိုမယ်လို့ စိတ်ကူးရှိထားသူတွေအတွက် ဆောင်ထားဖို့ သင့်တော်မယ့် TOEFL IELTS Books Collection တွေကို ဝေမျှ ချင်လို့ပါ။

ကျွန်တော့်မှာ IELTS and TOEFL exams အတွက် အောက်ဖော်ပြပါ စာအုပ်တွေ ရှိနေပါတယ်။

Grammar

[Longman] Grammar Practice For Elementary (Longman).pdf
0582417066 - Grammar Practice For Elementary (Longman).pdf
Betty Azar - Basic English Grammar (2nd Ed).pdf
Business Vocabulary in Use (Cambridge Professional English).pdf
eBooks.PL.English.-.Repetytorium.Tematyczno-Leksykalne.1.(osiol.NET).www!OSIOLEK!com.pdf
eBooks.PL.English.-.Repetytorium.Tematyczno-Leksykalne.2.(osiol.NET).www!OSIOLEK!com.pdf
Elaine Walker (Longman) - Grammar Practice for Upper Intermediate Students 2000.pdf
English Grammar in Use-Reference and Practice for Intermediate Students of English.pdf
English Grammar Questions.pdf
English.Grammar - OUP - The Oxford Guide To English Usage.PDF
Focus_On_Advanced_English_Grammar_Practice.pdf
Lawrence.Erlbaum,.Teaching.Academic.ESL.Writing.Practical.Techniques.in.Vocabulary.And.Grammar.(2004).pdf
LONGMAN-English_Grammar_Practice_for_Intermediate_Students(by_L.Alexander).pdf
McGraw.Hill,.English.Grammar.for.The.Utterly.Confused.(2003).pdf
Oxford-Basic English Usage.pdf
R Side G Wellman (Longman) Grammar and Vocabulary for Cambridge Advanced and Proficiency.pdf
Some Key Points Of English Grammar.pdf

Vocab

Business Vocabulary in Use (Cambridge Professional English).pdf
Cambridge - English Vocabulary In Use.pdf
Cambridge - English Vocabulary in Use (2).pdf
Cambridge - English Vocabulary in Use (3).pdf
Super Duper Publications - Vocabulary Builder.pdf
The online English Grammar (245 pages).pdf
The Oxford Dictionary of New Words.pdf
The Oxford Dictionary of Quotations.PDF

Cambridge, Oxford, Longman

202 Useful Exercises for IELTS.pdf
CAE reading.PDF
CAE Reading(1).pdf
Check Your Vocabulary For Ielts - Answer Key.pdf
English Grammar - Check Your Vocabulary For Ielts.pdf
English Grammar - Revision For Ielts Speaking Test.pdf
esl free practice reading exercises tests cambridge CAE certificate in advanced english.htm
esl free practice reading exercises tests cambridge CAE certificate in advanced english1.htm
How to prepare for IELTS - Speaking.pdf
IELTS - Exam samples - Reading.odt
IELTS - Exam samples - Reading(1).odt
IELTS - Exam samples - Reading(2).odt
IELTS - Exam samples - Reading(3).odt
IELTS Academic Reading.odt
IELTS General Training Reading.odt
ielts_academic_reading_bone_stretching_in_china.pdf
ielts_reading.pdf
ielts_reading_test_4.pdf
ielts_reading_test_5.pdf
ielts_reading_test_answers_2.pdf
ielts_reading_test_answers_5.pdf
ielts_reading_test_answers_6.pdf
PDF-Cambridge Practice Tests for IELTS 1.pdf
PDF-Cambridge Practice Tests for IELTS 2.pdf
Practice Tests for IELTS.pdf
Toefl Reading.odt
Wiley, Webster's New World Essential Vocabulary (2005) YYePG OCR 7.0-2.6 LotB.pdf

ETS TOEFL Preparation Kit

Practice Reading A.pdf
Practice Reading B.pdf
Practice Reading C.pdf
Practice Reading D.pdf
Practice Reading E.pdf
Practice Reading F.pdf
Practice Reading G.pdf
Practice Reading H.pdf
Practice Reading I.pdf
Practice Structure A.pdf
Practice Structure B.pdf
Practice Structure C.pdf
Practice Structure D.pdf
Practice Structure E.pdf
Practice Structure F.pdf
Practice Structure G.pdf
Practice Structure H.pdf
Practice Structure I.pdf

TOEFL Reading

PP_RC.odt
Practice Reading A.pdf
Practice Reading B.pdf
Practice Reading C.pdf
Practice Reading D.pdf
Practice Reading E.pdf
Practice Reading F.pdf
Practice Reading G.pdf
Practice Reading H.pdf
Practice Reading I.pdf
reading 1.hwp
reading 10.odt
reading 11.odt
reading 12.odt
reading 13.odt
reading 14.odt
reading 2.hwp
reading 3.hwp
reading 4.hwp
reading 5.htm
reading 6.htm
reading 7.htm
reading 8.htm
reading 9.hwp
TOEFL READING 500.hwp

အထက်ဖော်ပြပါ စာအုပ်တွေကို အလိုရှိမယ့် သူတွေအတွက် အောက်ဖော်ပြပါ နေရာကနေ ရယူနိုင်ပါတယ်။

TOEFL IELTS Books Collection.part1.rar (95.4 MB)
http://www.multiupload.com/TP9LXRK7OF

TOEFL IELTS Books Collection.part2.rar (95.4 MB)
http://www.multiupload.com/IRGDC57QV9

TOEFL IELTS Books Collection.part3.rar (63.3 MB)
http://www.multiupload.com/3V2AYJVPKJ

password = www.myanmarfamily.org

Links တွေကို Multiupload ကနေပဲ ကျွန်တော်တင်ထားပေးပါတယ်။ Links တွေ ခဏခဏ ပျက်တာကို အတတ်နိုင်ဆုံး ထိန်းထားချင်လို့ပါ။ IELTS and TOEFL exams နဲ့ ပတ်သတ်ပြီး အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ကြပါစေ။ ဖြတ်သန်းအောင်မြင်ပြီးခဲ့ရင်လည်း မြန်မာနိုင်ငံမှာ တစ်နေ့နေ့ တစ်ချိန်ချိန် ပြန်လည်အကျိုးပြုနိုင်တဲ့ လူရည်ချွန်၊ လူရည်မွန်များအဖြစ် ရပ်တည် နိုင်ကြပါစေ။

KznT.

Google Search with Virtual Keyboard

တကယ်လို့ ကျွန်တော်တို့တွေဟာ Google search box မှာ  non-Latin language တွေ ( ဥပမာ - Arabic, Russian နောက် Greek စသဖြင့် ) အသုံးပြုခဲ့မယ် ဆိုရင် ကျွန်တော်တို့တွေအတွက် အကြောင်းအရာတစ်ခုခု ရှာဖွေတဲ့အချိန် search box ရဲ့ဘေးမှာ virtual keyboard တစ်ခုကို တွဲဖက် အသုံးပြုနိုင်စေဖို့ Google ကနေပြီး ဖန်တီးပေးလိုက်ပါပြီ။ သူတို့ ဖန်တီးလိုက်တဲ့ virtual keyboard နဲ့ ဘာတွေ လုပ်ဆောင်လို့ ရမလဲ ဆိုရင် ကိုယ်ရှာချင်တဲ့ အကြောင်းအရာကို ကိုယ့် keyboard မှာ လတ်တလော ရှိနေတဲ့ language keys တွေအကြောင်း စဉ်းစားစရာ မလိုတော့ပဲနဲ့ တစ်ခြား language တစ်ခုအနေနဲ့ အသုံးချလို့ ရရှိမှာ ဖြစ်ပါတယ်။ နောက်ထပ် ဘယ်နေရာမှာ အသုံးဝင်သေးလဲ ဆိုရင် special characters တွေ အများအပြားလိုအပ်တဲ့ non-Latin script-based languages တွေကို အသုံးပြုသူတွေ အတွက်လည်း အများကြီး အသုံးတည့်ပါတယ်။ ဒီအကြောင်းကိုတော့ ဒီနေရာမှာ အကျယ်ရှင်းပြထားပါတယ်။


ဒါကတော့ မွန်ဂို virtual keyboard နမူနာပါ။



Google's virtual keyboard ရဲ့ ကောင်းတဲ့ တစ်ချက်က search box ရဲ့ ဘေးမှာရှိနေတဲ့ keyboard icon ကို click ပေးပြီးတာနဲ့ search box ထဲမှာ စာရိုက်ရှာဖွေဖို့ သူပေးထားတဲ့ virtual keyboard ကို သုံးလို့ ရယုံတင် မဟုတ်ပဲ ကိုယ့် keyboard ကိုပါ အသုံးပြုလို့ ရနေတာပါ။ သူ့ keyboard မှာ ပြထားတဲ့နေရာက keys တွေကို ကိုယ့် physical keyboard ကနေရိုက်လည်း ဒီ non-Latin language တွေပဲ ပေါ်လာမှာ ဖြစ်ပါတယ်။

Google domains ကနေ ပြထားတဲ့ virtual keyboard တွေကတော့ ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။ : Google Greece, Google Finland, Google Sweden, Google Iceland, Google Poland, Google Russia, Google Ukraine, Google Saudi Arabia, Google Thailand, Google Mongolia, Google India ..... ။

Google မှာ non-Latin languages တွေအတွက် နောက်ထပ် အသုံးဝင်တဲ့ Services တွေရှိပါသေးတယ်။ : Google Transliteration, Google Transliteration IME, Google Pinyin IME, a tool Arabic text တွေမှာ pronunciation ဒါမှမဟုတ် stress စသည်များအား ထည့်သွင်းနိုင်ရန် ၊ Google Translate.

KznT.

Aim with no luck !

စိတ်ညစ်နေတယ် .. ဘာကြောင့်လဲ ဆိုတာ အစဆွဲထုတ်တော့ အဆုံးထိရောက်သွားတယ် .. အကြောင်းအရာ တစ်ခုတည်းကြောင့် မဟုတ်ဘူး .. တစ်ခုခု စိတ်ညစ်တိုင်း အပေါ်ဆုံးထပ်  မှာ ရှိနေတဲ့ ပြူတင်းပေါက်ကနေ ဟိုးဘက် အပြင်ဘက်မှာ မြင်နေရတဲ့ ထပ်မြင့်တိုက်တွေဆီ လှမ်းပြီး ငေးကြည့်မိတယ်။ ငါဘာကြောင့် ဒီ တိုက်တွေ ကြားထဲကို ရောက်နေရတာလဲ။ ငါ နေချင်တာ ဒီနေရာမှ မဟုတ်တာ ... ဟိုးအောက်ဘက်မှာ ကလေးသေးသေးလေး တစ်ယောက်နဲ့ ညနေရောက်တိုင်း ဘောလုံးကစားတတ်တဲ့ ခပ်လတ်လတ် လူရွယ်တစ်ယောက်ကို မြင်ရလေ့ရှိတယ်။ သူ့မှာ မိသားစုနဲ့ပါလား ... ငါ့ မိသားစုကရော .. ??


ငါ တစ်ကောင်ကြွက်လိုပဲ ... အဲ့ဒီ့ ခုံတန်းလေးကို ငါ သတိထားမိတာ ကြာပြီ ... ညနေတိုင်း ညနေတိုင်း အဲ့ တိုက်ရဲ့ ရှေ့မျက်နှာစာမှာ ရှိတဲ့ ထိုင်ခုံပုလေးဆီ ကောင်လေး တစ်ယောက်နဲ့ ကောင်မလေး တစ်ယောက် ရောက်ရောက်လာတတ်ကြတယ်။ သူတို့တွေကို ငါမသိပေမယ့် သူတို့ ချစ်သူတွေ ဆိုတာတော့ ငါသိတယ်။ သူတို့တွေ အဲ့နေရာလေးမှာ နေနေကြတိုင်း ငါ အမြဲ ငေးကြည့်မိတယ်။ သူတို့တွေ အကြာကြီး စကားပြောကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကျီစယ်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်စပ် နွေးနွေးထွေးထွေးလေးနေပြီး တစ်ယောက်လက်ကို တစ်ယောက်ဖေးမ ဆုပ်ကိုင်ထားကြတယ်။ ငါကရော ... ?? ငါ့လက်ထဲမှာ ရှိနေရမယ့် လက်တစ်စုံကရော ... ??

ငယ် ...

လွမ်းလိုက်တာ .. မင်းတို့ ချစ်သူဖြစ်တာ ဘယ်နနှစ်လဲ .. သူငယ်ချင်းတွေ မေးကြတယ်။ ဟုတ်ကဲ့ ( ရ ) နှစ်ထဲမှာပါ။ တကယ်တော့ ငါတို့ ဘယ်မှာ တူတူနေရလို့လဲ။ တူတူနေရတဲ့ ရက်ကို လက်ချိုးပြီး ပြန်တွက်ကြည့်ရင် ရက် ၁၀၀ တောင်ပြည့်ပါ့မလား။ ဒါပေမယ့် ငါ မင်းတို့ကို ပြောပြချင်တယ်။ အချစ်ဆိုတာ မင်းတို့ ထင်သလို - နီးစပ်မှုနဲ့ နွေးထွေးမှု ရှိနေမှ ရင်ထဲအမြဲ ရောက်နေတတ်တာမျိုး မဟုတ်ဘူး။ အဲတာဆို ဘယ်လိုမျိုးလဲလို့ ငါ့ကို မမေးကြနဲ့။ အဲ့မေးခွန်းအတွက် မင်းတို့ကို ပြန်မေးဖို့မေးခွန်း ငါ့မှာ ရှိနေတယ်။

သူ ငါ့ စိတ်ထဲမှာ ဘာလို့ အမြဲရောက်နေရတာလဲ .. ??

လူတစ်ယောက်ဟာ ဘဝမှာ ဘယ်နကြိမ် ကျရံှုးခွင့် ရှိပါသလဲ .. အဲ့ မေးခွန်းအတွက် ငါလိုက်ရှာကြည့်မိတယ်။ ခံစားချက်ကို ငါ ဦးစားပေးနေတာ မဟုတ်ဘူး။ ငါ ဘဝမှာ အကြိမ်ပေါင်းမနည်း ကျရံှုးခဲ့ဖူးတယ်။ ငါ့ရပ်တည်မှုတွေ အလဲထိုးခံခဲ့ရဖူးတယ်။ မင်းသိတဲ့ အသိက မဖြစ်စလောက်ပါကွာဆိုပြီး လက်ညိှုးငေါက်ငေါက်ထိုးပြီး အရှက်ခွဲခဲ့ကြတဲ့ သူတွေ ရှိဖူးတယ်။ ငါသူတို့ကို ဘာ လက်တုန့်ပြန်ခဲ့ဖူးသလဲ ?? ငါ ဘယ်သူ့ကိုမှ လက်တုန့်မပြန်ခဲ့ဖူးဘူး။ ငါ့ကို တော်တော် သည်းခံနိုင်သတဲ့။ အေး သီးခံနိုင်တယ်ဆိုတာ Limit ရှိတယ်။ Limit မပြည့်ခင်မှာ မင်းတို့တွေ ကြိုက်သလောက် အနိုင်ယူခွင့်ရှိတယ်။ အခွင့်အရေး ယူပိုင်ခွင့် ရှိတယ်။ Limit ပြည့်လို့ လက်တုန့်ပြန်မယ့် ထဲမှာတော့ ငါမပါဘူး။ ဒါပေမယ့် ငါ စိတ်ကုန်သွားတဲ့ တစ်နေ့မင်းတို့အတွက် ဖြစ်လာခဲ့ပြီ ဆိုရင် မင်းတို့ သေလောက်အောင် အကူအညီ လိုလည်း ငါ့ဆီက ဘာ ပေးကမ်းမှုမျိုးမှ ရလိမ့်မယ် မထင်နဲ့။

ငယ် ..

အရမ်း သတိရတယ်။ စိတ်ထဲမှာ တစ်ခုခု လောင်ကျွမ်းလာတိုင်း အကြည့်တစ်ချက်နဲ့ ငြိမ်းချမ်းသွားစေတာ ငယ်ပါလို့ ငယ့်ကို ပြောပြရင် ငယ်ယုံပါ့မလား။ ဘဝဆိုတာ တကယ်တော့ ထမင်းတစ်လုပ်စားပြီး လူတန်းစေ့နေနိုင်ဖို့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လိုက်လုပ်နေရတာကို ခေါ်တာပဲ။ မင်း ဘယ်နေရာမှာ နေချင်လဲ။ ကျွန်တော် သူ့အနားမှာ နေချင်ပါတယ်။ မရဘူး ... မင်း သွား .. မင်းထွက်သွား .. မင်း သူနဲ့ တူတူနေချင်ရင် ဒါကိုကြိုးစားလိုက်ဦး .. ဟုတ်ကဲ့ .. ကြိုးစားလိုက်တယ် .. ပန်းတိုင်တစ်ခု ကိုရောက်ပြီ .. သူ့နားမှာ နေရတော့မှာလား .. မဟုတ်ပြန်ဘူး .. လာပြန်ပြီ နောက်တစ်ခု .. ငါ ဘယ်တော့ ငယ့်နားမှာ နေရမှာလဲ .. ရင်ဆိုင်ရသမျှ အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့တာကပဲ သူနဲ့ ဝေးရာမှာ နေဖို့ နောက်ပန်းတိုင် တစ်ခုပေါ်လာခဲ့စေတာမျိုးလား။ ဘာလဲ ပန်းတိုင် .. ရိုက်ချိုးပစ်မယ်။ အဲ့ပန်းတိုင် ငါမရောက်လည်း ငါ ဂရုမစိုက်ဘူး။ ပန်းတိုင်ဆိုပြီး စံပယ်ပန်း တစ်ကုံးချိတ်ထားတဲ့ နေရာ ငါရောက်သွားတော့လည်း ပန်းကနွမ်းနေပြီ။ ဘယ်မှာလဲ .. ရနံ့။ ဘယ်မှာလဲ .. ပန်းဆက်မယ့်သူ။ ပန်းတိုင်ဆိုတာ ပန်းဆက်မယ့်သူ ရှိရတယ်ကွ။ အဲတာ မင်းတို့သိလား။

အဲလိုနဲ့ ညမိုးချုပ်သွားတယ်။ ဟိုးအဝေးက မဖြစ်ညစ်ကျယ် ကြားနေရတဲ့ အသံ တစ်ချို့ .. သီချင်းသံ ထင်တယ်။ သီချင်းသံ ဘယ်ကလာသလဲ .. အိမ်က လာတယ်။ အိမ်မှာ ဘယ်သူတွေ နေလဲ .. အိမ်ဆိုတာ မိသားစုတွေ နေတယ်။ အဲ့မိသားစုထဲမှာ မေမေ ရှိတယ်။ ဖေဖေ ရှိတယ်။ ညီအစ်ကို မောင်နှမတွေ ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတည့်ရင်တောင် မသိစိတ်ထဲက ပံ့ပို့ပေးချင်တဲ့ မေတ္တာတရားတွေ ရိြှကတယ်။ ပြီးတော့ သူတို့မှာ သူတို့ကို ချစ်နေကြတဲ့ ချစ်သူတွေ ရှိနေနိုင်သေးတယ်။

ငါ့ ဘေးနားမှာကရော ..



ဤ နေရာတွင် ချစ်သူမရှိ။
ဤ နေရာတွင် မိသားစု မရှိ။
ဤ နေရာတွင် ဆွေးမျိုးသားချင်း မရှိ။
ဤ နေရာတွင် အထီးကျန်ဆန်သော ခံစားချက်နှင့် အားတင်း ရပ်တည်နေသည့် ကျွန်ုပ်တစ်ယောက်သာ ရှိလေသည်။

KznT.

Facebook Fan Page Creation for Your Blog

Facebook လို့ ဆိုလိုက်ရင် တစ်ချိန်ကတော့ ဒီလောက် သိပ်စိတ်မဝင်စားကြပါဘူး။ အဲလိုနဲ့ တဖြေးဖြေး ပြောင်းလဲ လာလိုက်တာ ခုဆိုရင် Mafia war, Farmville ... ဆိုတာနဲ့ Facebook ကိုပါတွဲသိလာကြပြီး ခုလက်ရှိအချိန်မှာ ကမ္ဘာ့လူသုံးအများဆုံး  Social Networking Site တစ်ခု ဖြစ်နေခဲ့ပါပြီ။ ကမ္ဘာ့လူသုံးအများဆုံး  Social Networking Site ဖြစ်လာတာနဲ့ အမျှ တစ်စပ်တစ်ဆက်တည်း တိုးတက်လာတာ စီးပွားရေး လုပ်ငန်းရှင်တွေ ၊ Websites ရေးသားသူတွေက ကိုယ့် ရဲ့ Blog နဲ့ ကိုယ့်ရဲ့ Brand ကို တစ်နေရာတည်းကနေ လူသိများသွားအောင် ၊ လူအတော်များများ သတိထားမိသွားအောင် ကြေငြာရာ နေရာတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ ခုနောက်ပိုင်းမှာဆိုရင် နာမည်ကြီး Brands တော်တော်များများ Facebook Fan Page ရှိနေတာကိုလည်း တွေ့နေရပါပြီ။ ဒါတွေကို သတိထားမိလို့ သဘောအကျကြီး ကျပြီး - ကိုယ့် Website အတွက် ဒါမှမဟုတ် ကိုယ့် Blog တစ်ခု ၊ သို့တည်းမဟုတ် ကိုယ့် Brand တစ်ခုအတွက် Facebook Fan Page တစ်ခုများ ဖန်တီးချင်ကြပြီလား။ ကျွန်တော်လည်း အဲ့လိုစိတ်နဲ့ Facebook Fan Page ဖန်တီးပြီး ထားလိုက်တာ ခုဆိုလည်း သူလိုကိုယ်လို Facebook Fan Page တစ်ခုတော့ ရရှိခဲ့ပါပြီ။ ဒါပေမယ့် ကျွန်တော် ဒီလို အခြေအနေမျိုးနဲ့တင် မကျေနပ်နိုင်ပါဘူး။ ကျွန်တော့် မိသားစုထဲက ခုလို Facebook Fan Page တစ်ခု ဖန်တီးချင်သူတွေ ရှိခဲ့မယ် ဆိုရင်လည်း ဖန်တီးနိုင်အောင် ကျွန်တော် မျှဝေပေးလိုက်ချင်ပါသေးတယ်။ ဒီစိတ်နဲ့ Facebook Fan Page တစ်ခု ဘယ်လို အလွယ်တကူ ဖန်တီးနိုင်မလဲ ဆိုတာ ကျွန်တော် အဆင့်လိုက် မိတ်ဆက်ပေးသွားပါမယ်။


အဆင့် ( ၁ )။ ပထမအဆင့် အနေနဲ့ Facebook မှာရှိတဲ့ Create Fan Page Link ကိုသွားလိုက်ပါ။ အောက်ဖော်ပြပါ ပုံအတိုင်း Brand, Product, or Organization ဆိုတဲ့နေရာမှာ > Website  ဆိုတာကိုရွေးပြီး ကိုယ့် Fan Page အတွက် နှစ်သက်ရာ Name တစ်ခုကိုပေးပါ။ ပြီးရင် Terms တွေကို သဘောတူညီပါကြောင်း အတည်ပြုပြီး Create Official Page ကို နှိပ်လိုက်ပါ။ ဒါဆို Facebook Fan Page တစ်ခု ဖန်တီးပြီးသွားပါပြီ။ ဒါလောက်နဲ့ မပြီးသေးပါဘူး။ လောလောဆယ် ကျွန်တော်တို့ ဖန်တီးပြီးသွားတဲ့ Facebook Fan Page ဆိုတာ အကြမ်းပဲ ရှိပါသေးတယ်။ သူ့ကို ကျွန်တော်တို့ နဲနဲ အရောင်တင်ရပါဦးမယ်။






အဆင့် ( ၂ )။ Facebook Fan Page ကို Create လုပ်ပြီးသွားတာနဲ့ ဒုတိယစာမျက်နှာမှာ ကိုယ့် Website အတွက် ဒါမှမဟုတ် ကိုယ့် Blog အတွက်၊ သို့တည်းမဟုတ် ကိုယ့် Brand အတွက် အမှတ်အသားအဖြစ် သတ်မှတ်လို့ ရအောင် Question Mark ပြထားတဲ့နေရာမှာ Change picture ကနေတဆင့် ပုံပြောင်းရပါမယ်။ ဒါတင်မက တစ်ခြား ကိုယ်ပြောင်းလဲချင်တဲ့ အကြောင်းအရာတွေကိုလည်း Edit ကနေ တစ်ဆင့် ပြောင်းလဲနိုင်ပါတယ်။





အဆင့် ( ၃ )။ အခု တတိယအဆင့် အနေနဲ့ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ကိုယ့် Blog ဒါမှမဟုတ် Websites မှာရှိနေတဲ့ ကိုယ့်ရဲ့ Posts တွေ ကိုယ့် Facebook Fan Page  ရှိရာဆီကို Auto ဝင်လာပြီး Publish ပေးပြီးသား ဖြစ်အောင် ကျွန်တော်တို့ ဆက်လက်ပြင်ဆင်သွားပါ့မယ်။ ဒီအဆင့်ကို လုပ်ဆောင်ဖို့ အတွက် ပထမဆုံး Tabs မှာ ရှိနေတဲ့ + ကို click ပေးပြီး ပါလာတဲ့ opts တွေထဲကမှ Notes ကို ရွေးပေးပါ။ အောက်ဖော်ပြအတိုင်း ဖြစ်ပါတယ်။




နောက်ထပ်ပေါ်လာမယ့် screen မှာ ပါလာတဲ့ Write a New Note ကို click ထပ်ပေးပါ။ 



အဆင့် ( ၄ )။ အဲလိုနှိပ်ပြီးတာနဲ့ ညာဘက်အပေါ်ထောင့်နားမှာ Edit လုပ်စရာ icons တွေ ဖြန့်ခင်းထားတာကို တွေ့ရပါလိမ့်မယ်။ အဲ့ထဲကမှ Notes ဆိုတဲ့ Icon ကို click ပေးလိုက်ပါ။





အဆင့် ( ၅ )။ နောက်တစ်မျက်နှာမှာတော့ Notes Settings အောက်က Import a blog ဆိုတာကို click ထပ်ပေးပါ။





အဆင့် ( ၆ )။ နောက်တစ်မျက်နှာမှာတော့ ကိုယ့်ရဲ့ Blog ဒါမှမဟုတ် Websites ရဲ့ URL ကို ရိုက်ထည့်ပေးပါ။ နောက် agreement တွေကို သဘောတူကြောင်း click ပေးပြီး Start Importing ကို စတင်လုပ်ဆောင်နိုင်ပါပြီ။





တကယ်လို့ url ထည့်ပြီး Start Importing ကို လုပ်ဆောင်တဲ့ နေရာမှာ တစ်ခုခု error ဖြစ်ခဲ့မယ် ဆိုရင် ခုအောက်ဖော်ပြအတိုင်းလည်း ပြန်လည်ထည့်သွင်းပြီး စမ်းသပ်နိုင်ပါတယ်။  http://yourblog.blogspot.com/feeds/posts/default


အဆင့် ( ရ )။ နောက်တစ်မျက်နှာမှာတော့ Blog import လုပ်ဖို့ Confirm ပေးလိုက်ပါ။





အဆင့် ( ၈ )။ Confirm ပေးပြီးသွားတဲ့နောက်မှာ ကျွန်တော်တို့ Blog က posts တွေ Facebook Fan Page ထဲကို import လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ပြီးသွားရင် အောက်ဖော်ပြပါအတိုင်း Facebook Fan Page link ကို ပြန်နှိပ်ပြီး မူလ Facebook Fan Page စာမျက်နှာဆီ ပြန်သွားပါမယ်။





အဆင့် ( ၉ )။ ခုဆိုရင် ကျွန်တော်တို့ Facebook Fan Page တစ်ခု အောင်အောင်မြင်မြင် ဖန်တီးခဲ့ပြီးပါပြီ။ တကယ်လို့ ကိုယ့်ရဲ့ Facebook Fan Page မူလစာမျက်နှာထဲက ကိုယ်မကြိုက်တဲ့ Discussions, Photos, Boxes  တို့ဆိုတာတွေ ဖြုတ်ထုတ်ပစ်ချင်တယ်ဆိုရင်လည်း အဲ့ဒီ့ Tabs တွေဆီသွားပြီး remove လုပ်ပစ်နိုင်ပါတယ်။ ခု နောက်တစ်ဆင့် အနေနဲ့ ကျွန်တော်တို့ရဲ့ Facebook Fan Page ကို Box တစ်ခုအနေနဲ့ ကိုယ့် Blog မှာ ကိုယ် ဘယ်လိုထည့်သွင်းမလဲ ဆိုတာ ဆက်ပြီး ဆွေးနွေးသွားပါမယ်။ ဒါကို လုပ်ဆောင်ဖို့အတွက် ဒီနေရာကနေ သွားပါ။ ဘယ်ဘက်ခြမ်းမှာ ရှိနေတဲ့ Menu ထဲမှာ Fanbox ဆိုတာကို ရွေးပေးပါ။ အဲလို ရွေးလိုက်တာနဲ့ ညာဘက်ခြမ်းမှာ ဘယ် Blog မှာ ထည့်သွင်းမှာလဲ ဆိုတာ Down arrow ကနေ ရွေးချယ်ပေးရပါမယ်။ ဒါကလည်း Google account တစ်ခုတည်းမှာ Blog ၂ ခု - ၃ ခု ဖန်တီးထားသူတွေ အတွက်ကို ပြောတာပါ။ တစ်ခုတည်း ရှိသူတွေ အတွက်တော့ default အနေနဲ့ ရွေးချယ်ပေးပြီးသား ဖြစ်နေပါလိမ့်မယ်။ ပြီးရင် ကိုယ့် Fanbox မှာ ဘာတွေ ထည့်သွင်းချင်လဲ Include stream, Include fans ... ဆိုတာတွေကို click ပေးချင်ပေး ဖြုတ်ချင်ဖြုတ် ရွေးချယ်နိုင်ပါတယ်။ အားလုံးပြီးသွားရင်တော့ Blogger သမားဆိုရင် အောက်မှာ ဖော်ပြထားတဲ့ ( ၃ ) ခုထဲက Blogger ဆိုတာ ကလစ်ပေး။ Typepad သမားဆိုရင် Typepad ... နောက်တစ်ခြားဟာ ဆိုရင်လည်း တစ်ခြား စသဖြင့် ရွေးချယ်ပေးလိုက်ပါ။




တကယ်လို့ Blogger ဆိုတာကို click ပေးလိုက်တယ် ဆိုပါစို့ ခုလို ဆက်လက်မြင်တွေ့ရမှာ ဖြစ်ပါတယ်။



ဒီနေရာမှာ တစ်ခါတည်း ADD WIDGET ဆိုတာကို click ပေးပြီး ကိုယ့် Blog ဆီ install လုပ်လိုက်လို့ ရသလို တစ်ခြား ပြင်ဆင်ချင်တာရှိသေးရင်လည်း အသေးစိတ် ဒီနေရာမှာ ပြင်ဆင်နိုင်ပါသေးတယ်။ ခုမပြင်ချင်လည်း နောက်မှ Blogger ထဲမှာ ရှိတဲ့ Dashboard > Layout > Page elements ကနေ ပြန်ပြီး ပြင်ချင်လည်း ရပါသေးတယ်။ တကယ်လို့ ဒီနေရာမှာ တစ်ခါတည်း ပြင်ဆင်ချင်သူတွေ အတွက်ကတော့ အောက်ဖော်ပြပါ ပုံအတိုင်း ဆက်ပြီး လုပ်ဆောင်နိုင်ပါတယ်။



ခုဆိုရင် ကျွန်တော်တို့ရဲ့ Blog သို့မဟုတ် Websites အတွက် Facebook Fan Page တစ်ခု ဖန်တီးခဲ့ပြီးပါပြီ။



ကျွန်တော်တို့ Facebook Fan Page အတွက် URL က ခုလို ပုံစံမျိုး ပုံစံတူ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ http://www.facebook.com/pages/11Dreams/103313773045414. တကယ်လို့ ကျွန်တော်တို့မှာ fans အရေအတွက် နဲနဲလည်း ရလာပြီ ( အနည်းဆုံး ၂၅ ယောက်လောက် ) ဆိုရင်တော့ ခုနက တွေ့နေရတဲ့ URL အစား ခုလိုမျိုး လှလှပပ URL နောက်တစ်ခု ကိုလည်း ပြောင်းလဲ ဖန်တီးလို့ ရပါသေးတယ်။ http://www.facebook.com/11Dreams အဲလိုမျိုး ကိုယ့် FaceBook Fan Page အတွက် usernames တွေ ဖန်တီးနိုင်ဖို့ အတွက်ကတော့ ဒီနေရာကနေ သွားလိုက်ပါ။ အဲကနေ Set a username for your Pages ဆိုတာကို click ပေးပြီး ကိုယ့် Fan page အတွက် စိတ်ကြိုက်လှလှပပ နာမည် တစ်ခုကို ရွေးချယ်ပေးလို့ ရပါပြီ။ တစ်ခုသိထားရမှာကတော့ တစ်ခါ ရွေးချယ်ပြီးသွားရင် နောက်တစ်ခါ ထပ်ပြောင်းလို့ မရပါဘူး။ ဒါကြောင့် ကိုယ့်စိတ်ကြိုက် ဖြစ်မဖြစ် သေသေချာချာ သုံးသပ်ပြီးမှ ရွေးချယ်သင့်ပါတယ်။

အဆင့် ( ၁၀ )။ Facebook Fan Page နဲ့ ပတ်သတ်တဲ့ လုပ်ဆောင်နည်း အဆင့်ဆင့်ကတော့ ဒီလောက်ပါပဲ။ Facebook Fan Page တစ်ခု ဖန်တီးနိုင်ဖို့ Link ကို ထပ်မံဖော်ပြလိုက်ပါတယ်။


သင့် Blog အတွက် Facebook Fan Page ဖန်တီးရန်နေရာ


မှတ်ချက်။ ဆက်စပ်နေတဲ့ အကြောင်းအရာ တစ်ခု ထပ်ပြီး ဆွေးနွေးပေးပါဦးမယ်။ အဲတာကတော့ ကိုယ့် Blog က ပို့စ်တွေ Facebook မှာ Updates အမြဲတမ်း ဖော်ပြပေးနိုင်ဖို့က ဒီအထက်မှာ ဖော်ပြခဲ့တဲ့ နည်းတစ်ခုတည်း ရှိတာလား ဆိုတဲ့ မေးခွန်းပါ။
အဖြေ >> မဟုတ်ပါဘူး။ ကိုယ့် Blog မှာ Post တစ်ခု Update ဖြစ်တိုင်း Auto Facebook Fan Page မှာ Update လုပ်ပေးမယ့် တစ်ခြား Service တွေ ရှိပါသေးတယ်။ ဥပမာ အနေနဲ့ကတော့ Twitterfeed.com ပါ။ သူက Twitterfeed ဆိုပြီး ရေးထားပေမယ့် အောက်ကပုံထဲမှာ ကျွန်တော် ဖော်ပြထားတဲ့ အတိုင်း Twitter မှာသာ မက Facebook မှာပါ ကိုယ့် Blog မှာ post တစ်ခု update ဖြစ်တိုင်း ကိုယ့်ရဲ့ သက်ဆိုင်ရာ Twitter account နဲ့ Facebook Fan Page မှာ Auto update လုပ်ပေးပါတယ်။



ဒီအကြောင်းအရာကိုတော့ အသေးစိတ် မပြောခဲ့တော့ပါဘူး။ စမ်းသပ်ကြည့်ကြပါ။ မခက်ခဲပါဘူး။ အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

KznT.

Bisigi Themes for Linux Systems




Linux System ကို သုံးရင်းနဲ့ အသစ်လေးတွေ စမ်းသုံးကြည့်ချင်တယ်၊ အမြင်ကလည်း လှရမယ်၊ ဆွဲဆောင်မှုလည်း ရှိရမယ် ဆိုတဲ့ စံသတ်မှတ်ချက်တွေနဲ့ ပြည့်စုံမယ့် Themes တွေကို ရှာဖွေနေသူတွေအတွက် သတင်းကောင်းတစ်ခု မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ Bisigi Project က ထုတ်လုပ်လိုက်တဲ့ အသွင်အမြင်ဆန်း Free Themes ( ၁၃ ) ခုပါ။ တစ်ကြိမ် install လုပ်ထားလိုက်တာနဲ့ အဲ့ထဲက မိမိနှစ်သက်ရာ monitor size နဲ့ အဆင်ပြေမယ့် Themes ကိုရွေးချယ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သူတို့ ( ၁၃ ) ခုထဲက ( ၅ ) ခုကို ဥပမာ အနေနဲ့ အောက်မှာ ဖော်ပြထားပါတယ်။ ကြည့်ကြည့်ပါ။


Linux ဆိုတဲ့ အတိုင်း သူ့ကို Ubuntu, ArchLinux, ဒါမှမဟုတ် Frugalware system တွေမှာ install လုပ်ဆောင်ဖို့အတွက် terminal commands တွေ နဲနဲ သိဖို့တော့ လိုပါတယ် ဒါပေမယ့် ခက်ခက်ခဲခဲကြီး မဟုတ်ပါဘူး။ copy-and-paste code တွေ ဒီစာမျက်နှာမှာ ပြထားပါတယ်။ တစ်ကြိမ်လုပ်ဆောင်ပြီးပြီ ဆိုတာနဲ့ ကျွန်တော်တို့ရဲ့ system အတွက် Themes ကို Ubuntu system မှာဆိုရင် Preferences အောက်က Appearance မှာ သွားပြီး ရွေးချယ်ပေးနိုင်ပါပြီ။ နောက်ဆုံး သိရှိရတဲ့ သတင်းအရတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ terminal commands တွေ ဘာတွေ ဆိုတာကို ရှောင်ရှားချင်တယ် ဆိုရင် Ubuntu Tweak  လို့ခေါ်တဲ့ app ထဲကနေ Bisigi Themes  တွေကို install လုပ်နိုင်ပြီလို့ သိရှိရပါတယ်။


Bisigi မှာပါတဲ့ themes ၁၃ ခုလုံးရဲ့ တစ်ခုချင်းစီမှာ icon set တွေ ၊ အသုံးပြုနိုင်တဲ့ wallpaper တွေနဲ့ color ပြုပြင်ပြောင်းလဲမှုတွေကို စိတ်ရှိသလောက် ကိုယ့် system အတွက် ပြင်ဆင်ဖန်တီးနိုင်ဖို့ ပြင်ဆင်ပေးထားပါတယ်။ Airlines ဆိုတဲ့ Theme မှာ ဆိုရင် သူရဲ့ wallpaper ကို နေ့ည ချိန်းပြောင်းလို့ ရအောင်စီစဉ်ထားပါတယ်။ အောက်မှာ ဖော်ပြထားတာတွေကတော့ Themes စံနမူနာ ( ၅ ) ခုပါ။ အောက်ခြေမှာ ဖော်ပြထားတဲ့ folder တွေ icons တွေ အချိန်းအပြောင်းလုပ်နိုင်ဖို့ အတွက်ကတော့ Docky dock ကိုသုံးထားပါတယ်။ အောက်ဖော်ပြပါ ပုံအသေးတွေကို မြင်ကွင်းကျယ် ကြည့်ရှုနိုင်ဖို့ အတွက်တော့ ဒီနေရာကနေ သွားပါ။

Bisigi Themes Gallery



Bisigi's theme package တွေကို Ubuntu, ArchLinux, နဲ့ Frugalware systems တွေအတွက် support ပေးတဲ့ free download ပေးထားယုံမျှမက အခြားသော ( GNOME-based systems ) ကို အသုံးပြုသူ Linux users တွေအတွက်လည်း  source package တွေ ပေးထားပါသေးတယ်။ 


KznT.


Google Apps Setup for your Website

Google က ပေးထားတဲ့ Google Apps ဆိုတာ Google ရဲ့ products တြွေဖစ်တဲ့ mail, docs, calender .. စတာတွေကို အသုံးပြုသူတွေအတွက် အဲ့ဒီ့ အသုံးပြု user တွေမှာသာ ကိုယ်ပိုင် domain name ကိုယ်စီ ရှိကြမယ် ဆိုရင် သူတို့ရဲ့ domain name နဲ့ အတူတွဲပြီး Google ရဲ့ products ကို အသုံးချနိုင်အောင် အလကားမတ်တင်းပေးထားတဲ့ service တစ်ခုပဲ ဖြစ်ပါတယ်။ အလကားလို့ ဆိုပေမယ့် လိုတာထက်ပိုပြီး limit များများနဲ့ သုံးချင်တာမျိုး ဆိုရင်တော့လည်း ပိုက်ပိုက်ပေးပြီး ဝယ်ရတာတွေလည်း ရှိတာပေါ့လေ။ ဒါပေမယ့် သက်တော့သက်သာပါတယ်။  ကိုယ့်ရဲ့ domain name ကို Google products နဲ့ တွဲပြီး အသုံးပြုနိုင်ဖို့ ဆိုရင် ကျွန်တော်တို့ ပထမဆုံး အနေနဲ့ Google apps မှာ Signup လုပ်ဖို့ လိုပါတယ်။ ဆိုကြပါစို့ အဲလို လုပ်လိုက်တာနဲ့ ဘာဖြစ်လာမှာလဲ ဆိုရင် ကျွန်တော်တို့ အရင်သုံးနေကျ mkfhsjas@gmail.com ဆိုတာမျိုးကနေ mkfhsjas@yourdomain.com ( yourname@ yourdomain.com ) ဆိုတာမျိုး ပြောင်းလဲပြီး  Gmail ကို အသုံးချနိုင်လာမှာ ဖြစ်ပါတယ်။ ဒါတင်မက ဒီ mkfhsjas@11dreams.net ဆိုတဲ့ account ကို Gtalk မှာလည်း အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ဒါတင်လည်း မကသေးပါဘူး နောက်ထပ် Google Docs တို့ ၊ Google calender တို့ စတာတွေမှာလည်း အသုံးချနိုင်မှာ ဖြစ်ပါတယ်။


Signing up for Google Apps Free Version

( ၁ ) ပထမဆုံး အနေနဲ့ ဖော်ပြပါ link ကို အရင်ဆုံးသွားပြီး Google Apps အတွက် Signup လုပ်ဆောင်ပေးပါ။ >>  http://www.google.com/a/cpanel/domain/new




( ၂ ) Signup Process လုပ်ဆောင်ပြီးသွားပြီ ဆိုရင် ကျွန်တော်တို့တွေကို Google Apps Dashboard ဆီကို ခေါ်ဆောင်သွားပြီး ကျွန်တော်တို့ Signup လုပ်လိုက်တဲ့ Domain name က ကျွန်တော်တို့ တကယ်ပိုင်ဆိုင်တာ ဖြစ်ကြောင်း သက်သေပြဖို့ အတွက် Domain Ownership ကို verify လုပ်ခိုင်းပါလိမ့်မယ်။ 



ဒီနေရာမှာ ကျွန်တော့် Site အတွက် Google Apps မှာ account လုပ်တုန်းက Screen shot ထားတာလေး တစ်ချို့ တင်ပြထားပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ Google Apps Dashboard ကိုရောက်သွားပြီ ဆိုရင် နည်းလမ်း ( ၂ ) မျိုး ကိုတွေ့ရပါလိမ့်မယ်။ User တစ်ယောက်နဲ့ တစ်ယောက် Domain name ပိုင်ဆိုင်ပုံချင်း မတူကြလို့ အဆင်ပြေတာ တစ်ခုကိုရွေးပေးပါ။ ဘာကိုဘယ်လိုရွေးရမှာလဲ ဆိုရင်တော့ တကယ်လို့ သင်ဟာ ကိုယ့် website ကို self hosted လုပ်ထားတာမျိုး ဆိုရင် Upload an HTML file method က ပိုပြီး လွယ်ကူပါလိမ့်မယ်။ တကယ်လို့ အဲလို မဟုတ်ပဲ Blogger Custom domain ကို အသုံးပြုပြီး Domain name တစ်ခုပဲ ဝယ်ယူ ပြောင်းလဲ ထားတာမျိုး ဆိုရင်တော့ ဒုတိယနည်းဖြစ်တဲ့ Change ...... CNAME record ကိုရွေးချယ်ပေးပါ။

လောလောဆယ် ကျွန်တော် ဒုတိယနည်းဖြစ်တဲ့ Change ...... CNAME record ကို ရွေးချယ်သူတွေ အတွက် ဆက်လက်လုပ်ဆောင်နည်းကို ဆွေးနွေးသွားပါ့မယ်။ ဘာကြောင့် ဒီနည်းကို ဦးတည်ချက်ထားပြီး ဆွေးနွေးရတာလဲ ဆိုရင် Blog ရေးသူ တော်တော်များများ Blogger Custom domain ကိုပဲ သုံးကြတာ များလို့ပါ။ self hosted တွေက ဈေးလည်း တော်တော်မြောက်သလို Blogger တစ်ယောက်အနေနဲ့ အသုံးပြုသူလည်း တော်တော်လေး နည်းတာ တွေ့ရပါတယ်။ အဲတာကြောင့်ပါ။ ဖော်ပြထားချက်အတိုင်း Change ...... CNAME record ကိုရွေးပြီး Continue ကိုရွေးလိုက်တာနဲ့ ခု အောက်ဖော်ပြပါပုံလို မြင်ရပါလိမ့်မယ်။


  • သူဖော်ပြထားချက် အတိုင်းပြောရရင် ကျွန်တော်တို့ Domain name ဝယ်ယူထားတဲ့ Domain hosting service ရှိရာဆီကို သွားပြီး DNS Management Page ထဲကို ဝင်ရပါလိမ့်မယ်။ Services တွေက တစ်ခုနဲ့ တစ်ခု မတူလို့ ဘယ်လိုပုံစံမျိုးလဲ ဆိုတာ တိတိကျကျကြီး ပုံသေကားချပ် ပြောပြဖို့ခက်ပါတယ်။ ဒါပေမယ့်လည်း ဖော်ပြထားထားတဲ့ DNS Management Page ဆိုတာ များသောအားဖြင့် Domain Management ဒါမှမဟုတ် Advanced Settings အောက်မှာရှိတတ်ပါတယ်။

  • နောက်တစ်ဆင့် အနေနဲ့ ပုံမှာဖော်ပြထားတဲ့ အတိုင်း သက်ဆိုင်ရာ Domain name အတွက် CNAME အသစ်တစ်ခု ဖန်တီးဖို့ ပုံက အမှတ်စဉ် ( ၂ ) မှာ ပေးထားတဲ့ code တစ်ခုနဲ့ CNAME record မှာ ဖြည့်ရမယ့် အမှတ်စဉ် ( ၃ ) က ဟာ တစ်ခု စုစုပေါင်း ( ၂ ) ခုကို မှတ်ထားလိုက်ပါမယ်။ နောက်ပြီး DNS Management Page ထဲမှာ ရှိတဲ့ CNAME record နေရာမှာ ခုလို သွားရောက်ဖြည့်သွင်းပေးပါမယ်။ ( ဒီအောက်က ပုံက ပုံစံတူနိုင်လောက်မယ့် ဖြည့်စွက်နည်းကို မြင်သာအောင် ဥပမာပေး ဖြည့်သွင်းထားတာပါ။ )


တကယ်လို့ Google Apps ထဲက Google Mail Service ကိုပါ ကိုယ်က အသုံးပြုမှာ ဆိုရင်တော့ နောက်ထပ် MX record မှာ ခုအောက်ဖော်ပြပါ ပုံလို ဖြည့်သွင်းပေးရပါဦးမယ်။ MX record ဆိုတာလည်း များသောအားဖြင့် CNAME record နဲ့ အထက်အောက်ကပ်လျက် တွဲပြီး ရှိနေတတ်ပါတယ်။


  • အားလုံးလုပ်ဆောင်ပြီးသွားပြီ ဆိုရင်တော့ တတိယမြောက် ပုံမှာဖော်ပြထားတဲ့ နေရာကိုသွားပြီး I've completed the steps above. ဆိုတာကို နှိပ်လိုက်ပါ။ အဲလို နှိပ်လိုက်တာနဲ့ နောက်စာမျက်နှာ တစ်ခုဆီ ခေါ်သွားပြီး အောက်မှာ ဖော်ပြထားတဲ့ ပုံလိုမျိုး ပုံစံတူ စာမျက်နှာ တစ်ခုကို တွေ့ရပါလိမ့်မယ်။



  • Email - ဆိုတဲ့ နေရာမှာ Activate လုပ်ပေးဖို့ လိုပါတယ်။


Email - ဆိုတဲ့ နေရာမှာ Activate လုပ်ပြီးသွားပြီ ဆိုရင် အထက်ဖော်ပြပါပုံလို Active အနေနဲ့ ဖြစ်နေမှာ ဖြစ်ပြီး အဲလို မြင်တွေ့ရဖို့ ( ၁ ) နာရီ ပတ်ဝန်းကျင်လောက် စောင့်ရပါလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့ဟာ host မှာ အရင်သုံးနေတဲ့ mail accounts တွေ ရှိနေပြီး အဲ့ဒီ့ accounts တွေကို မသုံးချင်တော့ပဲ Google Apps က mail ကိုပဲ သုံးတော့မယ်ဆိုရင်လည်း သူနဲ့ တစ်ပုံစံတည်း အမည်တူ နောက် accounts တွေ Google Apps မှာ ထပ်လုပ်လို့ ရပါသေးတယ်။ နားလည်လွယ်အောင် ထပ်ရှင်းရရင် အရင် Google Apps မှာ account  မလုပ်ခင်က Mails အတွက် သုံးတဲ့ အကောင့်က jjajsjidjf@11dreams.net ဖြစ်တယ်ဆိုပါစို့ သူ့လိုပဲ ပုံစံတူ နောက် account တစ်ခု Create New Users ကနေ လုပ်ဆောင်လို့ ရပါတယ်။ အဲလို လုပ်ဆောင်ဖို့ အတွက် - အထက်ဖော်ပြပါပုံက Create new users ဆိုတာကို click ပေးလိုက်ပါ။


တကယ်လို့ ကျွန်တော်တို့ရဲ့ website ဟာ self hosted website တစ်ခု ဖြစ်တယ် ဆိုကြပါစို့ ကျွန်တော်တို့တွေ CNAME verification ကိုရွေးချယ်လိုက်မယ်ဆိုရင်  ကျွန်တော်တို့ရဲ့ webhost မှာ CNAME ကို create လုပ်ဖို့ support ticket တစ်ခု တောင်းခံရပါလိမ့်မယ်။ ( ဒါကြောင့် file upload method ကပိုပြီး လွယ်ကူမယ်လို့ ပြောခဲ့တာပါ။ )  သူတို့တွေကနေ CNAME တစ်ခု ကိုယ့်အတွက် Create လုပ်ပေးပြီးပြီ ဆိုတာနဲ့ ( ဒါမှမဟုတ် ညွှန်ကြားချက်အတိုင်း file ကို upload တင်ပြီးပြီ ဆိုတာနဲ့ )  ကျွန်တော်တို့ ရဲ့ domain ownership ကို verify လုပ်လို့ ရပါပြီ။ ဆက်ပြီး MX Records ကို create လုပ်မယ် ဆိုရင်လည်း Hosting မှာ ရှိနေတဲ့ Cpanel ကနေ လုပ်ဆောင်နိုင်ဖို့ CPanel ကို ဝင်ပါ။ နောက်ပြီး MX Entry ဆိုတာကို click ပေးပါ။ ( ပုံစံတူ ဖော်ပြချက်သာ ဖြစ်ပါတယ်။ Hosting တိုင်း ခုလိုမျိုး တူညီတဲ့ ပုံစံ မရှိနိုင်ပါဘူး။ )




အဲ့အထဲမှာမှ ကိုယ့် ပြောင်းလဲ ချင်တဲ့ Domain ကို Dropdown ရွေးချယ်ပြီး သူ့ထဲမှာ တည်ရှိနေတဲ့ MX records တွေကို အားလုံးကို delete လုပ်ရပါမယ်။ အဲ့နောက်မှာမှ အောက်ဖော်ပြပါ MX records ( ၅ ) ခုကို ပြန်ပေါင်းထည့်ပေးပါ။


PriorityDestination
10ASPMX.L.GOOGLE.COM
20ALT1.ASPMX.L.GOOGLE.COM
20ALT2.ASPMX.L.GOOGLE.COM
30ASPMX2.GOOGLEMAIL.COM
30ASPMX3.GOOGLEMAIL.COM


အားလုံးပြီးဆုံးသွားရင် နောက်ဆုံး အခြေအနေမှာ မြင်ရမယ့် Final CPanel MX records က ခုလို ပုံစံမျိုး ဖြစ်နေပါလိမ့်မယ်။




အားလုံး လုပ်ဆောင်ပြီးသွားရင်တော့ Google Apps ဆီ ပြန်လာပြီး အောက်မှာ ဖော်ပြထားတဲ့ I have completed these steps ဆိုတာကို click ပေးလိုက်ပါ။



အထက်ဖော်ပြပါ လုပ်ဆောင်နည်းတွေက Blogger သမားတိုင်း လုပ်ဆောင်ဖူးတာ မဟုတ်လို့ ပထမဆုံးအကြိမ် စတင်လုပ်ဆောင်တဲ့ အချိန်မှာ အနဲနဲ့ အများ အခက်အခဲရှိနေနိုင်ပါတယ်။ ဒီအခက်အခဲကို နားလည်တဲ့ Domain Hosting Services တွေကနေပြီး users တွေ အသုံးပြုရလွယ်ကူအောင် အောက်ဖော်ပြပါ အတိုင်း ပြင်ဆင်ပေးထားတာမျိုးတွေ Domain Hosting Services အလိုက် အသင့်ရှိနေတတ်ပါတယ်။



ဖော်ပြထားတဲ့ ပုံအတိုင်း ပြောရမယ် ဆိုရင် Domain name တစ်ခု ကိုယ်က ဝယ်ထားပြီး အဲ့ Domain name ကို blogger မှာ သုံးဖို့ အတွက်ဆိုရင် Turn on/off Blogger Settings ကနေ click တစ်ချက်ပေးယုံနဲ့ အသင့်ပြင်ဆင်နိုင်ပါတယ်။ အဲလိုပဲ Google Apps အတွက်လည်း Turn on/off Gmail for the domain ကနေပြီး click ပေးလိုက်ယုံနဲ့ အပေါ်မှာ ပြောခဲ့သမျှ MX records ထည့်ပေးတဲ့ အဆင့်တွေ တစ်ခုမှ ကိုယ်တိုင်လုပ်စရာ မလိုတော့ပဲ အလိုလျောက် သူ့ဘာသာ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ဥပမာပြောရရင် Godaddy ကနေပေးထားတဲ့ automatic configuration tool ဆိုတာကို သွားကြည့်ကြည့်ပါ။

အခုဆိုရင် ကျွန်တော်တို့တွေ Email configuration ကိုလည်း လုပ်ဆောင်ပြီးပြီ ဖြစ်လို့ http://mail.google.com/a/yourdomain.com ကနေ ကျွန်တော်တို့ site နဲ့ ပတ်သတ်တ့ဲ Mails တွေကို လွှဲပြောင်းလက်ခံရယူလို့ ရပြီ ဖြစ်ပါတယ်။ Google Apps နဲ့ ပတ်သတ်ပြီး အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ။

How To Setup Google Apps on Your Website [ Bloggerplugins ]

KznT.

Gmail This !!

တစ်ခါတစ်လေမှာ ကျွန်တော်တို့တွေ project ကိစ္စတစ်ခု အတွက်ပဲ ဖြစ်စေ ၊ လုပ်ငန်းကိစ္စ တစ်ခုအတွက်ပဲ ဖြစ်စေ ၊ အင်တာနက်ထဲက မိမိနှစ်သက်ရာ အကြောင်းအရာတစ်ခုကို ရင်းနှီးတဲ့ သူငယ်ချင်း အသိမိတ်ဆွေ တစ်ယောက်ဆီကို ဖြစ်စေ အချိန်မကြန့်ကြာစေပဲ မျှဝေချင်တဲ့ စိတ်ကူးမျိုး ဖြစ်ပေါ်မိကြဖူးမယ် ထင်ပါတယ်။ အင်တာနက်ထဲမှာ ခုလို Sharing လုပ်ဆောင်မှုနဲ့ ပတ်သတ်ပြီး Fackbook, Google Buzz, Twitter, Digg, ... စတဲ့ Sharing လုပ်တဲ့ လုပ်ငန်းစဉ်တွေ တော်တော်များများကို ရှိပါတယ်။ ဒါပေမယ့် ဘယ် Sharing တွေ ဘယ်လောက် ကောင်းကောင်း ကျွန်တော်တို့ မြန်မာတွေ တော်တော်များများ ခုချိန်မှာ အကျွမ်းတဝင် အရှိဆုံး Sharing လုပ်ဖို့သုံးဖြစ်ကြတာ Gmail လို့ ဆိုရင် မှားမယ် မထင်ပါဘူး။ ဒီ့ အတွက် ကျွန်တော်တို့မှာသာ Gamil account တစ်ခု ရှိနေမယ်ဆိုရင် ခုလိုအပ်ချက်တွေကို GmailThis!! ဆိုတဲ့ Bookmarklet နဲ့ ဖြည့်ဆည်းနိုင်ပါပြီ။ Gmail ထဲ ဝင်စရာမလိုဘူး ၊ Compose Mail တွေ လုပ်ဖို့ မလိုဘူး၊ Copy > Paste တွေ လုပ်ဆောင်ဖို့ မလိုဘူး။ Click ၂ ချက် > ( ၃ ) စက္ကန့်အတွင်းလောက်မှာ ကိုယ်မျှဝေချင်တဲ့ အကြောင်းအရာကို မျှဝေချင်သူဆီ အောက်ဖော်ပြပါ နည်းနဲ့ ဝေမျှနိုင်ပါပြီ။


ထူးထူးထွေထွေ လုပ်ဆောင်စရာ မလိုပါဘူး။ GamilThis ကို ရယူဖို့ အတွက်က အောက်မှာ ဖော်ပြထားတဲ့ GmailThis!! ကို “Bookmarks Toolbar” ရှိရာဆီ drag ဆွဲပြီး ထားလိုက်ဖို့ပါ။



GmailThis!! <<-- ( ဖော်ပြပါ GmailThis!! အား သင့် Browser ရှိ Toolbar ရှိရာဆီသို့ Drag ဆွဲယူ၍ ချထားလိုက်ပါ။ )

ဆက်လက်ပြီး သူ့ကို ဘယ်လို အသုံးချသွားမယ်ဆိုတာ ဆွေးနွေးသွားပါ့မယ်။ > ကိုယ်ဝေမျှချင်ရာ အကြောင်းအရာရှိတဲ့ webpage ကို အရင်ဆုံးအရောက်သွားလိုက်ပါ။ ရောက်ရှိပြီ ဆိုရင် အောက်ဖော်ပြ အတိုင်း ကိုယ်ဝေမျှချင်တဲ့ အကြောင်းအရာကို အပိုင်းလိုက် ဖြစ်စေ ၊ တစ်ပုဒ်လုံး ဖြစ်စေ select လုပ်လိုက်ပါ။ Select လုပ်ယုံပါပဲ Copy လုပ်ဖို့ မလိုပါဘူး။




အပေါ်မှာ ပြထားသလို select လုပ်ပြီး GmailThis!! ဆိုတာ နှိပ်လိုက်တာနဲ့ ကိုယ်ပို့ချင်တဲ့ အကြောင်းအရာကို Gmail ထဲက Compose Mail ထဲ Copy ကူးပြီး အသင့်ဆွဲခေါ်သွားပါလိမ့်မယ်။




နဲနဲ ဖြည့်စွက်ချင်တဲ့ စာကြောင်း အနဲငယ်ရှိရင် ထပ်မံဖြည့်စွက်ပြီး ကိုယ်ပို့ချင်တဲ့ account ပိုင်ရှင်ဆီ အသင့် Send လို့ရပါပြီ။ အနှစ်ချုပ် အနေနဲ့ကတော့ ဒီ bookmarklet ဟာ ခုလို Sharing လုပ်ဖို့ တစ်ခုတည်း အသုံးတည့်တာ မဟုတ်ပါဘူး။ Email တစ်ခုကို အမြန်ပို့ချင်တာ မျိုး ဆိုရင်လည်း ဘာမှ Select လုပ်နေစရာ မလိုပဲ သူ့ GmailThis!! ကို click ပေးလိုက်တာနဲ့ Compose အသင့် လုပ်ပြီးသား mail တစ်စောင်ကို ဖန်တီးပေးပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ bookmarklets collection မှာ ဒီ GmailThis!! က ပါဝင်သင့်မယ်လို့ ကျွန်တော်သုံးသပ်မိပါတယ်။


KznT.

Related Posts