Get Your Windows 7 Drivers



ကျွန်တော် ဖိုရမ်မှာ မကြာခဏ တွေ့တွေ့နေရတာ Drivers တွေနဲ့ ပတ်သတ်ပြီး မိသားစုဝင်တော်တော်များများ ပြဿနာများကြတာ ကို သတိထားမိပါတယ်။ ကိုယ့်စက်မှာ အရေးပေါ်လိုအပ်နေတဲ့ Drivers တစ်ခုခုအတွက် ဖိုရမ်ကို ရောက်လာပြီး အကူအညီတောင်းတဲ့ အခါမှာ ရံဖန်ရံခါလည်း ခဏချင်းနဲ့ ပြန်လည်ဆွေးနွေး ပေးနိုင်ကြသလို တစ်ခါတစ်လေမှာ လည်း မေးသူနဲ့ ဖြေကြားပေးသူတြွေကား လွယ်လင့်တကူ မတွေ့ရှိနိုင်ပဲ အချိန်ကြန့်ကြာတာမျိုးတွေ ရှိနေတတ်ပါတယ်။ ကွာဟချက် အနေနဲ့ မေးမြန်းသူတွေအနေနဲ့ မိမိလိုအပ်တဲ့ Drivers တွေကို ချက်ချင်း မရရှိနိုင်တဲ့ အခက်အခဲပါ။ တစ်ချို့က Internet နဲ့ အကျွမ်းတဝင်ရှိကြလို့ ဘာလိုရင် ဘယ်လိုရှာရတယ် ဆိုတာ သိပေမယ့် တစ်ချို့ မိသားစုဝင်တွေကျတော့ အရေးကြုံမှ အင်တာနက်ကို ဆိုင်ကို တကူးတကရောက်လာပြီး အသုံးပြုကြရတာ ရှိသလို - တစ်ချို့ကျတော့လည်း ကွန်ပြူတာကို ဖျော်ဖြေမှု အနေလောက်နဲ့သာ အသုံးပြုတာ မို့လို့ တကယ်တမ်း စက်အတွက် အရေးပေါ် Software တွေ Drivers တွေလိုအပ်လာပြီ ဆိုတဲ့ အခါ ဘယ်နားမှာ ဘာသွားရှာရမှန်း မသိဖြစ်တတ်ကြပါတယ်။


တကယ်တမ်း ကွန်ပြူတာ တစ်လုံးအတွက် သက်ဆိုင်ရာ Drivers ရှာဖွေရတာ ထင်သလောက်ကြီး မခက်ခဲပါဘူး - သက်ဆိုင်ရာ ကိုယ့်စက်ရဲ့ information ကို သေသေချာချာ သိခဲ့မယ်ဆိုရင် မိနစ်ပိုင်းအတွင်း အလွယ်တကူ အလိုရှိရာ Drivers တွေကိုရှာဖွေ တွေ့ရှိနိုင်ပါတယ်။ ခု ကျွန်တော် ဒီပို့စ်မှာ Windows 7 အသုံးပြုနေသူ မိသားစုဝင်များအတွက် အသုံးဝင်လောက်မယ့် ကိုယ့်ရဲ့ PC က သက်ဆိုင်ရာ Hardware Drivers တွေကို ဘယ်လို အလွယ်တကူ ရှာဖွေနိုင်မယ်ဆိုတာ Links တွေနဲ့ ဖော်ပြပေး သွားပါ့မယ်။ ဒီအကြောင်းအရာကို ဖတ်ထားပြီး Bookmarks လေးလည်း မှတ်ထားမယ် ဆိုရင် နောက်သက်ဆိုင်ရာ Drivers တွေလိုတဲ့ အခါ တစ်ခြားသူတစ်ယောက်ရဲ့ အကူအညီပေးအလာကို စောင့်ဆိုင်းစရာ မလိုတော့ပဲ မြန်မြန်နဲ့မှန်မှန် ကိုယ့်  Hardware Drivers တွေကို ရှာဖွေတွေ့ရှိနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်။

ဒီအောက်မှာ ဖော်ပြထားမယ့် Links အားလုံးကတော့ Asus ကနေ စလို့ Toshiba အထိ Hardware manufacturers အမျိုး ( ၂၀ ) ရဲ့ Windows 7 driver download links စာရင်းပဲ ဖြစ်ပါတယ်။ ဒါကို သိထားမယ်ဆိုရင် ကိုယ့်စက်မှာရှိနေတဲ့ OS အဟောင်းကနေ Windows 7 ကို ကူးပြောင်းဖို့ ပြင်ဆင်တဲ့ အချိန်မှာ လိုအပ်မယ့် Hardware Drivers တွေကို ရှာဖွေဖို့ အတိုင်းအတာ တစ်ခုထိ ကူညီနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။


1. ASUS Drivers (Motherboards)



ASUS ဟာဆိုရင် သူ့ရဲ့ motherboard အမျိုးအစားတွေ ဖြစ်တဲ့ AMD, Intel Socket 775 နဲ့ Intel Socket 1366 တွေ အပါအဝင် တစ်ခြား motherboard အမျိုးအစားများစွာအတွက် Windows 7 drivers တွေကို ထုတ်ပေးနေပါပြီ။ ကျွန်တော် သူ့ဆီ သွားကြည့်တော့ သူ့ motherboards တွေ အားလုံးနီးပါးအတွက် Windows 7 32-bit ရော 64-bit versions ရော အတွက်ပါ drivers တွေပေးထားတာ တွေ့ခဲ့ရပါတယ်။ ASUS ကနေပြီး servers တွေ workstations တွေ notebooks တွေနဲ့ တစ်ခြား ကွန်ပြူတာ ပစ္စည်း မျိုးစုံ ထုတ်လုပ်ပေမယ့် အားလုံးထဲမှာ လူသိများတာကတော့ motherboards တွေပဲ ဖြစ်ပါတယ်။ Motherboard မဟုတ်တဲ့ ကိုယ့်ရဲ့ တစ်ခြား ASUS Product တွေ အတွက်လည်း Windows 7 drivers တွေကို သူ့ရဲ့ websites တွေမှာ သွားရောက် ရယူနိုင်ပါတယ်။ 


2. Acer Drivers (Desktops and Notebooks)




Acer desktops တွေနဲ့ notebooks တွေအတွက် Windows 7 drivers တွေကို Acer ရဲ့ Service နဲ့ Support ပေးတဲ့  site တွေကနေ တစ်ဆင့် ရှာဖွေ Download ရယူနိုင်ပါတယ်။ Acer က သူရဲ့ PCs နဲ့ laptops တွေအတွက် Windows 7 drivers တွေကို မိမိစိတ်ကြိုက် install လုပ်ဆောင်နိုင်အောင် ထုတ်ပေးထားတယ် ဆိုပေမယ့် သူရဲ့ Hardware တော်တော်များများဟာ Windows 7 ကို install လုပ်ဆောင်လိုက်တာနဲ့ default drivers တွေအနေနဲ့ installed လုပ်ဆောင်ပြီးသား ဖြစ်နေမှာ ဖြစ်ပါတယ်။


3. Compaq Drivers (Desktops and Laptops)



တကယ်လို့များ  Compaq computers တွေအတွက် Windows 7 drivers တွေလိုအပ်လာပြီ ဆိုရင် အဲ့ဒီ့ Drivers တွေကို HP’s standard support site ကနေတဆင့် Download ရယူနိုင်မှာ ဖြစ်ပါတယ်။ Compaq ဟာ အခုဆိုရင် HP ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေပါပြီ။ Compaq ရဲ့ နောက်ထုတ် computers အသစ်တွေဟာ Windows 7 installed လုပ်ဆောင်ပြီးသား အနေနဲ့ ပါရှိလာတတ်ပြီး Windows 7 Drivers တွေလည်း ပါရှိပြီးသား ဖြစ်ပါတယ်။ HP ရဲ့ site မှာ အရင်က ထုတ်လုပ်ခဲ့တဲ့ Compaq computers အဟောင်းတွေ အတွက်လည်း Windows 7 drivers တွေရှိနေပါတယ်။


4. ATI Radeon Driver (Video)




AMD/ATI  ကနေလာတဲ့ Windows 7 driver တွေမှာ ATI Radeon display driver, ATI WDM driver နဲ့ Catalyst Control Center တွေ အားလုံးပါဝင်ပါတယ်။


5. BIOSTAR Drivers (Motherboards)




BIOSTAR ရဲ့ motherboards တွေဟာ Microsoft ရဲ့ WHQL test ကို pass ဖြစ်ပြီး socket 1366, 1156, 775, AM3, နဲ့ AM2+ designs တွေ ပေါ်မှာ အခြေခံထားပါတယ်။


6. Creative Sound Blaster Drivers (Audio)



Creative ဟာ X-Fi, Sound Blaster Live, Audigy, စတဲ့ သူရဲ့ နာမည်ကျော်ကြား လူသိများတဲ့ Sound Blaster products တွေ အတွက် Windows 7 drivers တွေကို ထုတ်လုပ်ပေးထားပါတယ်။ Creative ကနေထုတ်လုပ်ထားတဲ့ တစ်ချို့ Windows 7 drivers တွေကတော့ Beta အဆင့်မှာပဲ ရှိပါသေးတယ်။ တစ်ခု သတိထားသင့်တာက Beta လို့ ဖော်ပြထားတဲ့ သူ့ရဲ့ drivers တွေဆိုတာ အမြဲတမ်း ပုံမှန်စွမ်းဆောင်နိုင်စွမ်းနဲ့ အလုပ်လုပ်ဆောင်နေနိုင်မယ်လို့ သေချာ ပြောလို့ မရပါဘူး။ ဒါကြောင့် final versions ထွက်လာပြီ ဆိုတာနဲ့ အမြန်ဆုံး Update ပေးဖို့လိုပါလိမ့်မယ်။ Beta versions ဆိုတဲ့ စကားလုံး အသုံးအနှုန်းနဲ့ စိမ်းနေသေးသူများ အတွက် ဒီနေရာမှာ သူ့ရဲ့ သဘောတရားကို ကျွန်တော် ဖော်ပြထားတာ ရှိပါတယ်။


7. Dell Drivers (Desktops and Laptops)




Dell desktop နဲ့ laptop computers တွေအတွက် Windows 7 drivers တွေကို Dell ရဲ့ support site ကနေ Download ရယူနိုင်ပါတယ်။


8. eMachines Drivers (Desktops and Notebooks)



eMachines desktop သို့မဟုတ် notebook computers တွေအတွက် လိုအပ်မယ့် Windows 7 drivers တွေကို eMachine ရဲ့ support site ကနေ Download ရယူနိုင်ပါတယ်။


9. Gateway Drivers (Desktops and Notebooks)




Gateway desktops နဲ့ notebook တွေအတွက် လိုအပ်မယ့် Windows 7 drivers တွေကို Gateway ရဲ့ support site ကနေ Download ရယူနိုင်ပါလိမ့်မယ်။ 


10. HP Drivers (Desktops and Laptops)



HP desktop, laptop, and tablet computers တွေအတွက် Windows 7 drivers တွေကို  HP ရဲ့ standard support site ကနေ Download  ရယူနိုင်ပါတယ်။ HP ရဲ့ desktop နဲ့ laptop PCs တွေအတွက် Windows 7 drivers တွေဆိုတာကတော့ ဟိုးကတည်းကိုက ခက်ခက်ခဲခဲ ရှာစရာမလိုတာပါ။


11. HP Drivers (Printers and Scanners)




HP printers နဲ့ scanners တွေအတွက် Windows 7 drivers တွေရဲ့ နောက်ဆုံး သတင်းတွေကို သူ့ဆိုဒ်မှာဖော်ပြထားတဲ့ Windows 7 Driver Information တွေကနေ သိရှိနိုင်ပါတယ်။ အဲဒီမှာ HP Deskjet, Officejet, Photosmart, LaserJet, Designjet, နဲ့ Scanjet imaging device တွေအတွက် Windows 7 driver information တွေကိုလည်း အတူတကွ တွေ့မြင်နိုင်  ပါတယ်။


12. Intel Drivers (Motherboards)




Intel motherboards တွေအတွက် Windows 7 drivers တွေကို intel ရဲ့ Microsoft Windows 7 စာမျက်နှာကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ သူ့ စာမျက်နှာမှာ ဖော်ပြထားတဲ့ lists ထဲက များပြားလှတဲ့ motherboards အမျိုးအစားတွေဟာ  WHQL test ကို passed ဖြစ်ပြီး Windows 7 အတွက် drivers တွေလည်း ရှိနေပါပြီ။


13. Intel Chipset Drivers (Intel Motherboards)




ဒီ Windows 7 drivers တွေကို download ရယူမယ်ဆိုရင်တော့ 32-bit ရော 64-bit driver versions ( ၂ ) မျိုးလုံးကို Windows 7 အတွက် ရယူနိုင်ပါတယ်။


14. Lenovo (Desktops and Laptops)




Lenovo desktop နဲ့ laptop computers တွေအတွက် Windows 7 drivers တွေကို  ဖော်ပြပါ Lenovo ရဲ့ support site ကနေ Download ရယူနိုင်ပါတယ်။ Lenovo ဟာ သူ့ရဲ့ ကွန်ပြူတာတွေ အတွက်  Windows 7 information နဲ့ ပတ်သတ်ပြီး သူရဲ့ Website စာမျက်နှာမှာ ရှာဖွေရ လွယ်ကူအောင် ပြင်ဆင်ပေးထားပါတယ်။


15. Microsoft Drivers (Keyboards, Mice, Etc.)




Microsoft ဟာ OS တစ်ခုတည်း ထုတ်တာ မဟုတ်ပါဘူး - သူ နောက်ထပ် ထုတ်တဲ့ Hardware တွေရှိပါသေးတယ် ဥပမာ ပြောရရင် keyboards, mice, game controllers, webcams, စတာတွေပဲ ဖြစ်ပါတယ်။ Microsoft ဟာ သူထုတ်လုပ်ထားတဲ့ hardware products တွေရဲ့ Windows 7 drivers တွေကို သူ့ရဲ့ သက်ဆိုင်ရာ Microsoft Hardware Support စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း  Microsoft hardware တွေရဲ့ Up to date ဖြစ်တဲ့ Windows 7 drivers တွေဟာ လတ်တလော အခြေအနေမှာ beta အဆင့်မှာပဲ ရှိသေးတာ များပါတယ်။ ဒါကြောင့် Drivers တွေကို up to date ဖြစ်အောင် လုပ်ရင်းနဲ့ beta drivers နဲ့ တိုးပြီး ပြဿနာ ဖြစ်မှာ စိုးရိမ်ရပါတယ်။ သတိထားပြီး အသုံးပြုစေချင်ပါတယ်။ Final versions ရပြီ ဆိုတာနဲ့ Beta မှာ ရပ်မနေပဲ ပြောင်းပြီး သုံးနိုင်ဖို့ ကြိုးစားပေးပါ။


16. NVIDIA GeForce/ION Driver (Video)




နောက်ဆုံးထွက် NVIDIA GeForce/ION Windows 7 driver ရဲ့ version ဟာ 195.55 (Released 2009-11-17) ဖြစ်ပြီး ဒီ Windows 7 driver ဟာ NVIDIA GeForce 6, 7, 8, 9, 100, - 200 series desktop GPUs တွေနဲ့ ION desktop GPUs အမျိုးအစား အားလုံးနဲ့ compatible ဖြစ်ပါတယ်။ သတိပြုရန်: ခုဖော်ပြထားတဲ့ link က Windows 7 32-bit driver အတွက် ဖြစ်ပြီး 64-bit version အတွက် Windows 7 driver ကိုလည်း NVIDIA website မှာ ရယူနိုင်ပါတယ်။


17. NVIDIA 3D Vision Driver (Video)




နောက်ဆုံးထွက် NVIDIA 3D Vision Windows 7 driver ရဲ့ version ဟာ 195.55 Beta (Released 2009-11-18) ဖြစ်ပြီး အဲဒီ့  Windows 7 driver မှာ 32-bit နဲ့ 64-bit versions နှစ်မျိုးလုံး ပါဝင်ပါတယ်။  


18. Realtek High Definition Driver (Audio)



နောက်ဆုံးထွက် Realtek High Definition Windows 7 driver ရဲ့ version ဟာ R2.49 (Released 2010/6/11) ဖြစ်ပြီး အဲ့ဒီ့ Download ထဲမှာ  Windows 7 driver 32-bit နဲ့ 64-bit versions နှစ်မျိုးလုံး ပါဝင်ပါတယ်။


19. Sony Drivers (Desktops and Notebooks)



Sony desktop နဲ့ notebook computers တွေအတွက် Windows 7 drivers တွေကို Sony ရဲ့ Support site မှာ Download ရယူနိုင်ပါတယ်။



20. Toshiba Drivers (Laptops)



Toshiba laptops computers တွေအတွက် Windows 7 drivers တွေကို Toshiba ရဲ့ standard support site မှာ Download ရယူနိုင်ပါတယ်။

KznT.

Ubuntu Error and Compiz help

ကိုဦးရေ - Linux က စသုံးစမှာ ခုလိုပဲ Error အနဲနဲ့ အများ ရှိတတ်ပါတယ် - ဘာပဲ ဖြစ်ဖြစ် ဒီလောက်ထိ ခရီးရောက်လာပြီ ဆိုတာကိုက ဝမ်းသာစရာပါ - စိတ်မပျက်ပါနဲ့ ဆက်ပြီးလေ့လာလိုက်ပါ - တကယ်တမ်း သုံးသပ်ကြည့်ရင် ကျွန်တော်တို့တွေက ဝင်းဒိုးကို နေ့စဉ်ရက်ဆက် သုံးလာလို့သာ သုံးရတာ လွယ်တယ်ဆိုပြီး စိတ်ထဲမှာ ထင်နေတာပါ - သေသေချာချာ ပြန်စဉ်းစားကြည့်ရင် ကျွန်တော်တို့ ကွန်ပြူတာ မသုံးတတ်သေးခင် Windows ကိုစတင်ထိတွေ့တုန်းကလည်း ခုလိုပဲ ဒုက္ခရောက်ခဲ့ ကြတာချည်းပါပဲ - ဘယ်လောက်ပဲ ခက်ခဲတယ်ပြောပြော ကိုဦး ခုဆိုရင် Linux ကို ၃ ၊ ၄ ရက်အတွင်း တော်တော်လေး တီးမိခေါက်မိတော့ ရှိပြီပေါ့ - ဒီလိုပါပဲ - သုံးတာကြာလာတာနဲ့ အမျှ ပိုပြီး သုံးတတ်လာမှာပါ - ခု တက်နေတဲ့ Error တွေဆိုတာလည်း နောက်တစ်ကြိမ် Reinstall ပြန်လုပ်ပြီး သုံးတဲ့ အချိန်ကျ အံ့သြဖို့ ကောင်းလောက်အောင် တော်တော်ကြီး နည်းသွားတာတွေ့ရပါလိမ့်မယ်။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့တွေ အနည်းအကျဉ်း သုံးတတ်သွားပြီး ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာ နားလည်သွားပြီကိုး - အဓိကက OS တစ်ခုကို လူတစ်ယောက်က ဘယ်လောက်ထိ ကျွမ်းကျွမ်းကျင်ကျင် နားလည် အသုံးပြုနိုင်လဲ ဆိုတာ အဲ့ဒီ့သူရဲ့ ကွန်ပြူတာ သုံးလာတဲ့ သက်တမ်း ဘယ်လောက်ကြာပြီလဲ ဆိုတာပေါ် မမှီခိုပါဘူး - အဲဒီ့သူရဲ့ စာဖတ်နိုင်စွမ်း - စာတွေ့နဲ့လက်တွေ့ပေါင်းစပ်နိုင်စွမ်း နဲ့Concepts တွေကို နားလည်သဘောပေါက်မှု ဆိုတာပေါ်ပဲ မူတည်ပါတယ်။



ကျွန်တော်လည်း လေရှည်နေတာ - ခု ကိုဦး ဖြစ်နေတဲ့ အခက်အခဲလေး စပြီးဆွေးနွေးကြည့်ပါ့မယ် - ကိုဦး ပြထားတဲ့ပုံတွေထဲက ကျန်တဲ့ပုံတွေ ခဏထားပြီး ပထမဆုံးပုံကို ကျွန်တော်ကြည့်ကြည့်တော့ Sofware index is broken. ဆိုပြီး ကျွန်တော်တွေ့ရတယ် - ဒီပြဿနာကို ကျွန်တော် သုံးခါစကလည်း ဖြစ်ဖူးတယ် - များသောအားဖြင့် ဘယ်လို အခြေအနေမှာ ဖြစ်လည်း ဆိုတော့ etc/apt/sources.list ထဲမှာ ဖော်ပြထားတဲ့ ဖော်ပြချက်တစ်ချို့ လွဲမှားနေတာ - ဒါမှမဟုတ်ရင် packages တစ်ခုခုကို install လုပ်ရင်းနဲ့ install ဆက်လုပ်လို့ မရပဲ Error တက်သွားတာမျိုး - ( ဥပမာ Windows မှာဆို Software install လုပ်ဆောင်ရင်းနဲ့ လမ်းတစ်ဝက်မှာ ရပ်သွားပြီး ဆက် install လုပ်မရတာမျိုး ) စသဖြင့် ဖြစ်တဲ့ အခါ Synaptic Package Manager မှာ Packages တွေ Broken ဖြစ်သွားပြီး ဒီပြဿနာမျိုး ဖြစ်တတ်ပါတယ်။ sources.list ထဲထိ လိုက်ပြင်ဖို့ကျ နဲနဲ လမ်းကြောင်းရှည်ပါတယ် - ဘာကြောင့်လည်း ဆိုတော့ သူ့ထဲမှာ ဖော်ပြထားတဲ့ စာကြောင်းတွေကို အသေးစိတ် ပြန်ကြည့်ရမယ် - ဘာတွေ လွဲမှားနေလဲ ရှာရမယ် - တွေ့ပြီ ဆိုရင် တစ်ခြား မှန်ကန်တဲ့ စာလုံးတွေနဲ့ အစားထိုး ပြင်ဆင်ရမယ် - အဲလို လုပ်တဲ့ အခါမှာ စာလုံးတွေက Case sensitive ရှိတယ် - စာလုံးအသေးအကြီးက အစ အလွဲအမှားမခံဘူး - Spacebar တစ်ချက်ခြားတာနဲ့ မခြားတာနဲ့တောင် အလုပ်လုပ်တယ် မလုပ်ဘူးဆိုတာတွေပါရှိပါတယ်။

ဒါကြောင့် sources.list ထဲကို စစ်ဆေးဖို့ ကိစ္စကို ခဏဘေးထားပြီး နောက်ထပ်လွယ်ကူမယ့် နည်းကို အကြံပေးကြည့်ပါ့မယ်။ အရင်ဆုံး Terminal ထဲကို သွားလိုက်ပါ။ အောက်မှာ ဖော်ပြထားတဲ့ command တွေကို တစ်ခုချင်းစီ copy > paste လုပ်ပြီး enter ခေါက်ပါ။ လက်နဲ့ရိုက်ချင်လည်း ရိုက်နိုင်ပါတယ်။ ဒါပေမယ့် စာလုံးတွေ မလွဲပါစေနဲ့ -

ကိုဦးရဲ့ စက်မှာ ဖြစ်နေတဲ့ problem တွေကို fix လုပ်နိုင်ဖို့ အတွက် အရင်ဆုံး ဒီ command ကို သုံးကြည့်ပါ -

sudo apt-get install -f

Partial packages တွေကို clean ဖို့အတွက် အောက်ဖော်ပြပါ command ကို သုံးပါ -

sudo apt-get autoclean

apt cache တွေကို clean ဖို့အတွက် အောက်ဖော်ပြပါ command ကို သုံးပါ -

sudo apt-get clean

မလိုအပ်တဲ့ dependencies တွေကို clean ဖို့အတွက် အောက်ဖော်ပြပါ command ကို သုံးပါ -

sudo apt-get autoremove

တကယ်လို့ အဲလို remove လုပ်နေစဉ် အတွင်းမှာ broken package ကို တိတိကျကျ တွေ့ခဲ့ပြီ ဆိုရင် အဲ့ဒီ့ package ကို ဒီအောက်က command နဲ့ force ပေးပြီး Remove လုပ်နိုင်ပါတယ်။

sudo dpkg --remove -force --force-remove-reinstreq package name

ဖော်ပြထားတဲ့ package name နေရာမှာ Terminal ထဲမှာ ကိုယ်တွေ့ရတဲ့ error ဖြစ်နေတဲ့ package name ကို အစားထိုး ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

ပြီးသွားရင် အောက်က command ကို သုံးပြီး package list တွေကို update ပေးကြည့်ပါ။

sudo apt-get update

ပြီးသွားရင် Applcations > Ubuntu Software Center ကနေ နှစ်သက်ရာ software တစ်ခုခုကို install လုပ်ကြည့်ပါဦး -

အဲ့ဒီ့နည်းနဲ့မှ အဆင်မပြေရင် ဒီနေရာကို ကလစ်ပေးပြီး Google ထဲမှာ ဖြစ်နိုင်ချေရှိမယ့် အဖြေကို ထပ်ရှာကြည့်ပါ။

ကိုယ့်ရဲ့ system ကို up to date ဖြစ်အောင် ထားဖို့လည်း မမေ့ပါနဲ့ - အလွယ်တကူ လုပ်ဆောင်နည်းကတော့ System > Administration > Update Manager ကို သွားပြီး check ကို နှိပ်ပါ - Check လုပ်ပြီးတဲ့နောက်မှာ သူ list တြွေပလာတယ်ဆိုရင်
Install Updates ကို ပေးဖို့ လိုပါတယ်။



နောက်ထပ် ကိုဦး သိချင်တဲ့ ဒီအောက်က ပုံစံတွေအတိုင်း ဖြစ်အောင် လုပ်ဖို့က




software တစ်ခု install လုပ်ဖို့ လိုပါတယ်။ သူ့နာမည်က compizconfig-settings-manager ပါ။ ပုံမှန်အတိုင်း Applcations > Ubuntu Software Center ကနေ search box ကနေပြီး ccsm လို့ ရိုက်ရှာပြီး install လုပ်ဆောင်နိုင်သလို -



Terminal ထဲကနေ သွားပြီး အောက်ဖော်ပြပါ command တွေနဲ့ install လုပ်ဆောင်နိုင်ပါတယ်။

sudo apt-get install compizconfig-settings-manager

ဒါပေမယ့် ကိုဦးစက်က လောလောဆယ်မှာ Terminal ထဲကရော Ubuntu Software Center ကနေပပါ install လုပ်လို့ မရဘူးလို့ ပြောထားတော့ နောက်ထပ် လုပ်ဆောင်နည်း တစ်နည်း ရှိပါသေးတယ်။ အဲတာကတော့ Online နဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး install လုပ်ဆောင်နေရတဲ့ software packages တွေကို အောက်ဖော်ပြပါ နေရာကနေလည်း သီးခြားစီ download ချပြီး install လုပ်ဆောင်နိုင်ပါသေးတယ်။

http://packages.ubuntu.com/

ဒါပေမယ့် ကိုဦး အဲ့နေရာကို သွားရင် သူ့စာမျက်နှာက အုပ်စုလိုက် အများကြီး ခွဲထားတော့ တွေ့ရတော့ ဘယ်နေရာမှာ compizconfig-settings-manager  ရှိလဲဆိုတာ ရှာမတွေ့ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် နေရာအသေးစိတ် ထပ်ပြီး ဖော်ပြလိုက်ပါတယ်။

http://packages.ubuntu.com/lucid/x11/compizconfig-settings-manager

နေရာတွေ့ပေမယ့် Download ချဖို့ နေရာပျောက်နေနိုင်ပါသေးတယ်။ အဲတာဆိုရင် ဒီအောက်က link ကို နှိပ်ပါ။

Download compizconfig-settings-manager!!

compizconfig-settings-manager ကို ဒီ software တစ်ခုတည်း install လုပ်မှ အသုံးချလို့ ရတာ မဟုတ်ပါဘူး။ Ubuntu Control Center ကို install လုပ်ဆောင်လိုက်ရင်လည်း compizconfig-settings-manager က အလိုလို install လုပ်ဆောင်ပြီးသား အနေနဲ့ ပါဝင်လာပါတယ်။ ဒီအောက်က ပုံကို ကြည့်ကြည့်ပါ။



Ubuntu Control Center  ဆိုတာ ဘာလဲဆိုတော့ Ubuntu တစ်ခုလုံးကို တစ်နေရာတည်းက ချုပ်ထိန်း ပြင်ဆင်နိုင်တဲ့ နေရာပါပဲ။ Windows မှာဆို Control panel နဲ့ သဘောတရားချင်း ဆင်တူတဲ့ နေရာ ဖြစ်ပါတယ်။ သူ့ကို Download ရယူဖို့ အတွက်ကတော့ ဒီအောက်က နေရာကနေ သွားပါ။

Download Ubuntu Control Center!!

Ubuntu Control Center ကို install လုပ်ဆောင်ဖို့ အတွက် packages နောက်ထပ် ၂ ခု install လုပ်ဆောင်ပြီးသား ဖြစ်ဖို့ လိုပါသေးတယ်။ အဲတာတွေက Font-manager နဲ့ jstest-gtk ဆိုတာပါ။ ကျွန်တော် အပေါ်မှာ ပေးထားတဲ့ link မှာပဲ ဖော်ပြပါ packages နှစ်ခုလုံး ရှိပါတယ်။ i386 နဲ့ amd64 ဆိုတာတွေ တွေ့ရင် ဘာရွေးရမှန်း မသိဖြစ်တတ်ပါသေးတယ်။ amd64 ဆိုတာ AMD processor အတွက် ဖြစ်ပြီး i386 ဆိုတာ intel processor သုံးသူများအတွက်ပါ။ ကိုဦးစက်မှာ ရှိတဲ့ processor အမျိုးအစားကို လိုက်ပြီး Download ချရမှာ ဖြစ်ပါတယ်။

ဒါဆိုရင် ကိုဦး လိုချင်နေတဲ့ impressive effects တွေပါတဲ့ compizconfig-settings-manager စက်ထဲ ရောက်လာပါလိမ့်မယ်။ သူ့ကို install လုပ်ဆောင်တာကတော့ ပုံမှန်အတိုင်း packages တွေကို double click ပေးလိုက်ရင် ပြီးပေမယ့် - သူ့ကို အသုံးချဖို့ အတွက်ဆိုရင် သိထားရမှာလေးတွေ ရှိပါသေးတယ်။

ဥပမာ အနေနဲ့ ပြောရရင် Graphic driver ကို compizconfig-settings-manager နဲ့ သုံးလို့ ရအောင် activate လုပ်ပေးဖို့တွေ - အသုံးပြုဖို့ shortcuts တွေ နားလည်ထားဖို့ ဆိုတာတွေ လိုပါသေးတယ်။



ဒါကို သီးခြား ပို့စ် တစ်ခု အနေနဲ့ ဖော်ပြပေးပါ့မယ်။

Ubuntu Control Center ကို သပ်သပ်ကြီး install မလုပ်ပဲ ခေါ်သုံးတဲ့ နည်းလည်း ရှိပါသေးတယ်။ အဲတာကတော့ System > Preferences > Main menu > System ကနေ သွားပြီး အောက်က ပုံမှာ မြင်ရတဲ့ အတိုင်း ညာဘက် check-box မှာ အမှန်ခြစ်ပေးလိုက်ပါ။


Ubuntu Control Center လိုပဲ နောက်ထပ် အသုံးတည့်တဲ့ ( Ubuntu သုံးသူတိုင်း အမြဲ သုံးသင့်တဲ့ ) Application တစ်ခု ရှိပါသေးတယ်။ သူ့နာမည်က Ubuntu Tweak ပါ။ သူ့ကို ဒီအောက်က Link ကနေ သွားရောက် ရယူနိုင်ပါတယ်။

Download Ubuntu Tweak!!

လောလောဆယ်တော့ ဒီလောက်ပါပဲ - ဒီရက်ပိုင်းအတွင်း compizconfig-settings-manager အသုံးပြုနည်း အကြောင်း ကျွန်တော် ရေးပေးသွားပါ့မယ်။

အဆင်ပြေပါစေ ကိုဦး -

KznT.

Don't bother me plz

တတ်စေချင် သိစေချင် နားလည်စေချင် - ခက်ခဲနေသော အကျပ်အတည်းများ အထိုက်အလျောက် ပြေလည်စေလိုသည့် စေတနာဖြင့် မိမိ၏ အားလပ်ချိန်များထဲမှ အချိန်တစ်ပိုင်းတစ်စ တစ်ခုထက်ပိုသော ရာနှုန်းပြည့် နီးပါး အချိန်ပေးကာ ကူညီခဲ့ စောင့်ရှောက်ခဲ့ - ဖေးမကူညီခဲ့ပါသော်လည်း လူတစ်ချို့သည် ၄င်းတို့၏ အခက်အခဲအား ပြေလည်အောင် ကူညီဖြေရှင်းပေးသူ - အားထားစရာ မိတ်ဆွေကောင်း အဖော်မွန်ကောင်း တစ်ယောက်အဖြစ် ကျွန်ုပ်အား မသတ်မှတ်ပဲ အလကားမတ်တင်း အနေနိုင်မထိုင်နိုင် အကူအညီပေးချင် နေလွန်းသောကြောင့် ၄င်းတို့မှ မတတ်သာ၍ အကူအညီ တောင်းနေရသည့်ပုံစံ - သို့တည်းမဟုတ် အကူအညီတောင်းသူနှင့် မတူပဲ ခိုင်းချင်တာခိုင်း မဖြစ်ဖြစ်အောင် လုပ်ပေးမည့် အစေခံတစ်ဦးသဖွယ် အကူအညီတောင်းခံသည်နှင့် မတူပဲ အထက်စီးမှ နေ၍ ခိုင်းစေလာသည်အား ဝမ်းနည်းဖွယ်ရာ တွေ့ရှိခဲ့ရပါသည် -

ကျွန်ုပ်သည် အချိန်အင်မတန် ပေါများနေသောကြောင့် မနေတတ်မထိုင်တတ် သင်တို့ အခက်အခဲအား မဖြစ်မနေ ကူညီပေးပါ မည်ဟု အာမခံ၍ စာချုပ်စာတန်းနှင့် အကူအညီပေးနေခြင်း မဟုတ်ပါ - ရိုးသားသော စိတ်နှင့် သင့်ထက်မှ ရယူလိုမှု တစ်စုံတစ်ရာ မရှိပဲ ဖြူစင်စွာ တတ်အားသရွေ့ ကူညီနေခြင်း ဖြစ်ပါသည် - သင်တို့၏ ယုတ်ညံ့၍ အောက်တန်းကျလှသော စိတ်ဓာတ်ခံယူချက် များဖြင့် လူ့ပတ်ဝန်းကျင်တွင် ဆေးခတ်နေသူများအား ကျွန်ုပ် အကူအညီဆက်ပေးနေလျှင် လူ့အသိုင်းအဝိုင်းအား ဖျက်ဆီးရာ ကျမည် -




သင်တို့၏ လူ့အောက်ကျို့လျှင် လူ့နောက်ရောက်မည် ဟူသည့် စိတ်ဓာတ်အား ပြင်ဆင်၍ လောကအကျိုးအား ကိုယ်ကျိုးမဖက်ပဲ တတ်စွမ်းသရွေ့ ဖြည့်ဆည်းပေးလိုသည့် စိတ်ဓာတ် ခံယူချက်များ ဘဝအဆက်ဆက်တိုင်း ပိုင်ဆိုင်နိုင် ကြပါစေ ဟု ဆန္ဒပြုလိုက်ပါသည် -

Mg Zin.

Create your own Proxy server !

မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ မြန်မာမိသားစုဝင်တော်တော်များများ ကြုံတွေ့နေရတဲ့ ကျော်ခွရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဒီနေ့ ကျွန်တော် ကိုယ်ပိုင် Proxy Sever တည်ဆောက်ခြင်း ဆိုတဲ့ အကြောင်းလေးကို ကိုဖိုးလပြည့်ရဲ့ ဆွေးနွေးချက်နောက်ကနေ  ဖြည့်စွက်ဆွေးနွေး ပေးသွားချင်ပါတယ်။ Technical Knowledge ဘာမှ သိဖို့ မလိုပါဘူး - ဟိုထည့်ဒီထည့် စာရိုက်တတ်ရင် ရပါပြီ။



တကယ်တော့ Proxy Sever တစ်ခုတည်ဆောက်တယ်ဆိုတာ ထင်သလောက်ကြီး ခက်ခက်ခဲခဲ မရှိပါဘူး - ကျွန်တော်တို့ နေ့တိုင်း သုံးနေကျ Google search ကိုသုံးပြီး ရှာလိုက်ရင် proxy servers တွေကို တည်ဆောက်နိုင်ဖို့ သိပ်အသုံးတည့်တဲ့ PHP scripts တွေ အင်တာနက်ထဲမှာ မရေမတွက်နိုင်လောက်အောင် တွေ့ရှိနိုင်ပြီး ခဏချင်းလဲ proxy servers တွေကို မိနစ်ပိုင်းအတွင်း တည်ဆောက်နိုင်ပါတယ်။ ကန့်သတ်ချက် တစ်ခု ရှိတာက PHP ပေါ်မှာ အခြေခံထားတဲ့ Proxies တွေဆိုတာ proxy scripts တွေကို host လုပ်ထားနိုင်ဖို့ web server တွေလိုအပ်ပြီး - ကိုယ့်ရဲ့ proxy site ကို အသက်သွင်းနိုင်ဖို့ အတွက်  domain name တစ်ခုလည်း မဖြစ်မနေ လိုအပ်မှာ ဖြစ်ပါတယ်။ 

အဲလိုမျိုးသာဆို ကျွန်တော်တို့မှာ Domain name တွေ Server space တွေ ရှိမနေဘူးဆို ဘယ်လို လုပ်ကြမလဲ ??
တကယ်လို့ ကျွန်တော်တို့ဆီမှာ အဲတာတွေ ရှိမနေလည်း ကိုယ်ပိုင် proxy server တစ်ခုကို Technical knowledge ဘာမှ သိထားစရာမလိုပဲ Free ဖန်တီးနိုင်ပါတယ်။ 

Google App Engine Free Proxy Server တစ်ခု ဖန်တီးခြင်း

ဒီနေရာမှာ ကျွန်တော် အကြမ်းဖန်တီးထားတဲ့ proxy site လေးရှိပါတယ်။ အရင်ဆုံး စမ်းကြည့်ပါ။

သုံးလို့ ရတယ်ဆိုမှ  အောက်က အဆင့်တွေကို ဆက်ဖတ်ပါ။ ကျွန်တော် သိထားသလောက်တော့ မြန်မာနိုင်ငံက ကျွန်တော့် အသိတွေရော - ကျန်တဲ့ တရုတ်တို့ ဘာတို့က အသိတွေလည်း ဒီ proxy လေးနဲ့ အဆင်ပြေတယ်ဆိုတာ သိရပါတယ်။ တကယ်လို့ ကျွန်တော် စမ်းသပ်နိုင်ဖို့ ဖော်ပြပေးထားတဲ့ Proxy လေး အဆင်ပြေပြီ ဆိုရင် ကိုယ်ပိုင် Proxy တစ်ခု တည်ဆောက်နိုင်ဖို့ စလိုက်ကြရအောင်ပါ။


ဒီအောက်ဖော်ပြပါ နည်းလမ်းဟာ Google App Engine ကို အသုံးပြုတည်ဆောက်ထားတာ ဖြစ်ပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်က မိသားစုဝင်များ မျှော်လင့်ထားသလောက် မခက်ခဲပဲ တော်တော်လေး လွယ်ကူတယ်ဆိုတာ လက်တွေ့ ကျွန်တော်နဲ့ အတူ ပူးပေါင်း တည်ဆောက်ကြည့်ရင် သိလာပါလိမ့်မယ် - 

အဆင့် ( ၁ ) : ပထမဦးဆုံး ကျွန်တော်တို့ ဒီနေရာ >> appengine.google.com ကိုသွားပြီး ကိုယ့်ရဲ့ Google account တစ်ခုခုနဲ့ Sign-in လုပ်ပါ။ 




အဆင့် ( ၂ ) : အောက်ဖော်ပြပါ စာမျက်နှာကို ရောက်ရင် “Create an Application” button ကို click ပေးပါ။






ဒါဟာ ကျွန်တော် တို့အတွက် ပထမဆုံး အကြိမ် ဖန်တီးတာ ဖြစ်တဲ့အတွက် Google ကနေ ကျွန်တော်တို့ဆီ verification code ကို SMS နဲ့ ပို့ပေးနိုင်ဖို့ ကျွန်တော်တို့ရဲ့ Mobile phone no ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဖုန်းမရှိလည်း သူငယ်ချင်း တစ်ယောက်ယောက် ဖုန်းနံပါတ်ထည့်ပေးလိုက်ပြီး သူ့ဖုန်းဆီဝင်လာတဲ့ SMS ကနေ verification code ကို ပြန်ထည့်လည်း ဖြစ်ပါတယ်။ :D အခု အရင်ဆုံး ကိုယ့်ရဲ့ Mobile phone no ကို country code ခံပြီး ထည့်ပေးလိုက်ပါ။ ဥပမာ - မြန်မာနိုင်ငံဆို +95 .... စသဖြင့်


ပြီးတဲ့နောက်မှာ ဖုန်းထဲကို ဝင်လာတဲ့ Google App Engine Code ကို အောက်မှာ ဖော်ပြထားတဲ့ box ထဲမှာ ထည့်သွင်းပေးရ ပါမယ်။



အဆင့် ( ၃ ) : အောက်ဖော်ပြပါ ပုံမှာ မြင်ရတဲ့ အတိုင်း Application Identifier: မှာ မိမိနှစ်သက်ရာ sub-domain အမည်သစ် တစ် ခုခုကို ရိုက်သွင်းပြီး အဲ့ဒီ့ domain name ဟာ available ဖြစ်မဖြစ် စစ်ဆေးရပါမယ်။ တကယ်လို့ available မဖြစ်ရင် နောက်အမည် တစ်မျိုးကို ပြောင်းလဲရွေးချယ်ပြီး အဆင်ပြေပြီ ဆိုရင် Google Terms တွေကို သဘောတူ လက်ခံပါကြောင်း check box မှာ အမှန်ခြစ်ပေးလိုက်ပါ။ အဲ့နောက်မှာ Create Applications ကို ဆက်နှိပ်ပါ။




ဖော်ပြပါ ပုံမှာ sub-domain အဖြစ် ကျွန်တော်တို့ဖန်တီးလိုက်တဲ့ myanmarfamilyproxy ဆိုတာ ကျွန်တော်တို့ proxy application ရဲ့ App ID လို့ ဆိုရင်လည်း ဟုတ်ပါတယ်။ မြင်သာအောင် ပြောရရင် - ဥပမာ အနေနဲ့ အောက်ဖော်ပြပါ ပုံမှာ တွေ့နေရတဲ့ myanmarfamilyproxy ဆိုတာ ကျွန်တော်တို့ရဲ့ App ID ပါပဲ။ အဲ့ဒီ့ နောက်မှာ အနီရောင်နဲ့ ဖော်ပြထားတဲ့ myanmarfamilyproxy ဆိုတဲ့ App ID ကို နောက်အဆင့်တွေမှာ အသုံးပြုဖို့ အတွက် Copy လုပ်ထားဖို့ လိုပါတယ်။


အဆင့် ( ၄ ) : ဟုတ်ပါပြီ - ခုဆိုရင် ကျွန်တော်တို့ရဲ့ Proxy server အတွက် လိုအပ်တာတွေ ပြင်ဆင်ပြီးပါပြီ - အဲဒါကြောင့် ကျွန်တော်တို့ နောက်ပြန်သွားပြီး Proxy server application တွေကို Google App Engine ဆီ Upload တင်ဖို့ ပြင်ဆင်ပါ့မယ်။ Python.org ရှိရာဆီ သွားပြီး ခုနောက်ဆုံးထွက် version ကို Download ချပါ။ ဒီနေရာကနေ >> Python 2.6.5 Windows installer download ချလို့လည်း ဖြစ်ပါတယ်။ ( Linux နဲ့ Mac OS X သမားများ သက်ဆိုင်ရာ Site ထိ သွားရောက်ပြီး Download ချကြပါရန် )။ Download ရယူပြီးသွားရင် ပုံမှန်အတိုင်း Python ကို install လုပ်လိုက်ပါ။



အဆင့် ( ၅ ) : Python ကို installed လုပ်ဆောင်ပြီးသွားပြီ ဆိုတာနဲ့ ဒီနေရာကို >> code.google.com သွားပြီး Python အတွက် Google App Engine SDK ကို Download ရယူပြီး install လုပ်ဆောင်ပါ။ ဒီနေရာကနေ >> GoogleAppEngine_1.3.4.msi Download ချလို့လည်း ရပါတယ်။ ( Linux နဲ့ Mac OS X သမားများ သက်ဆိုင်ရာ Site ထိ သွားရောက်ပြီး Download ချကြပါရန် )။



အဆင့် ( ၆ ) : ဒီနေရာက >> Zip file ကို Download ချပြီး extract လုပ်လိုက်ပါ။ ရလာတဲ့ folder ကို desktop ပေါ်မှာ တင်ထားလိုက်ပါ။ အဲ့ဒီ့ Zip file ထဲမှာ transform_content.py ၊ mirror.py ၊ main.html ၊ index.yaml ၊ app.yaml ဆိုပြီး ဖိုင် ( ၅ ) ခု ပါဝင်တာ တွေ့ရပါလိမ့်မယ်။


အဆင့် ( ရ ) : Desktop မှာ ရှိနေတဲ့ Google App Engine Launcher ကို ဖွင့်လိုက်ပါ။ မှန်ကန်တဲ့ လမ်းကြောင်းတွေ ပြောင်းလဲ ဖြည့်သွင်းပေးနိုင်ဖို့ Menu bar အောက်မှာ ရှိနေတဲ့ Edit ကနေ >> Preferences ကို သွားပါ။




နောက်ထပ် မြင်တွေ့ရတဲ့ box မှာ ပြင်ဆင်ဖြည့်သွင်းရမယ့် ပုံစံကတော့ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။ ဖော်ပြပါအတိုင်း Python Path, App Engine SDK နဲ့ Editor မှာ ဖော်ပြထားချက်အတိုင်း လမ်းကြောင်းတွေ မှန်ကန်အောင် Select ကနေ ဖြည့်သွင်း ပေးပါ။ OK ကို click ပေးပါ။



အဆင့် ( ၈ ) : နောက်တစ်ဆင့် အနေနဲ့ အောက်မှာဖော်ပြထားတဲ့ အတိုင်း File ကနေ >> Add Existing Application ကို click ပေးပါ။



ပြီးသွားရင် ကျွန်တော်တို့ အဆင့် ( ၆ ) မှာ ဖြည်ချခဲ့တဲ့ Zip file ရှိရာဆီ Browse ကနေတဆင့် အောက်ဖော်ပြပါအတိုင်း ခေါ်ယူပါ့မယ်။ ပြီးရင် Add ကို click ပေးပါ။




အဲ့ဒီ့နောက်မှာ အောက်မှာ ဖော်ပြအတိုင်း Edit button ကို click ပေးပါ။






“YOUR_APP_ID” နေရာမှာ ကျွန်တော်တို့ အဆင့် ( ၃ ) မှာ မှတ်လာခဲ့တဲ့ App ID (sub-domain) ကို ဖြည့်သွင်းပေးလိုက်ပါ။ အဲ့နောက် File menu ကနေ Save လုပ်ပြီး Exit လိုက်ပါ။



အဆင့် ( ၉ ) : အထက်ဖော်ပြပါ အဆင့် အားလုံး လုပ်ဆောင်ပြီးသွားရင် အောက်ဖော်ပြပါအတိုင်း Deploy ကို ကလစ်ပေးပါ။




ခုလိုမျိုး စာတွေ တက်လာပါလိမ့်မယ်။ ခဏ စောင့်နေပါ။




တစ်မိနစ် ပတ်ဝန်းကျင်လောက် နေရင် ပိတ်လို့ ရပါပြီ ဆိုတဲ့ စာ အဲ့ဒီ စာကြောင်းတွေ နေရာမှာ အစားထိုး ပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် ကျွန်တော်တို့ ဖန်တီးလိုက်တဲ့ ကိုယ်ပိုင် Proxy ကို စသုံးလို့ ရပါပြီ။ Mozilla ကို ဖွင့်လိုက်ပါ။


မိမိတို့ရဲ့ သက်ဆိုင်ရာ url ကို ရိုက်ပြီး ခုလို စမ်းသပ်နိုင်ပါပြီ။







HTML ကို ကျွမ်းကျင်ရင် ကျွမ်းကျင်သလို main.html မှာ ရှိတဲ့ အကြောင်းအရာတွေကို ပြင်ဆင်တည်းဖြတ်ပြီး မိမိစိတ်ကြိုက် ဖန်တီးနိုင်ပါသေးတယ်။ ကျွန်တော်တော့ ထူးပြီး မလုပ်ချင်တော့ပါဘူး - ဒီနေ့ တစ်နေကုန် အဲတာလုပ်လိုက် ဒီဘက်မှာ စာရေးလိုက်နဲ့ လုပ်နေတာ လက်တွေလည်း တော်တော်ညောင်းနေပါပြီ။


Credits: ဒီ Proxy server ဖြစ်မြောက်ရေးအတွက် open-source web caching project  >> Mirrorr ကို ဖန်တီးထားတဲ့ Brett Slatkin ရဲ့ Code ကို ယူငင် သုံးစွဲထားပါတယ်။



Update: ဒီ Proxy server အတွက် သိထားသင့်တာလေးတွေ ဆက်ပြီး ပြောပြသွားပါ့မယ်။

  • ခု ကျွန်တော်တို့ ဖန်တီးထားတဲ့ proxy ဟာ Flash videos အားလုံးကို ကြည့်ရှုနိုင်ပါတယ်။ ( ဥပမာ YouTube and ABC News ) ဒါပေမယ့် US မှာပဲ ကြည့်လို့ ရတဲ့ နာမည်ကြီး Hulu တို့ တော့ ကြည့်ရမှာ မဟုတ်ပါဘူး။
  • Proxy တစ်ခုတည်းကို လူတွေအများကြီး ဝိုင်းသုံးရင် “quota exceed” ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်ထားတဲ့ ကိုယ့် Proxy server လေးကို အမြတ်တနိုးနဲ့ ကိုယ်တစ်ယောက်တည်းပဲ သုံးပါ။ သူများသုံးချင်ရင် သူ့ဘာသာသူ နောက်တစ်ခု လုပ်ပါစေ။ စေတနာကောင်းစွာနဲ့ ကိုယ့်ဟာကို မပေးပါနဲ့။ 
  • ဒီ Proxy ဟာ basic proxy server ဖြစ်တဲ့အတွက် logins ဝင်ဖို့ လိုအပ်တဲ့ ( ဥပမာ - Gmail, Hotmail ) sites မျိုးတွေကို ဝင်လို့ ရမှာ မဟုတ်ပါဘူး။ 

ကျွန်တော်တို့ မြန်မာမိသားစုဝင်တွေ နည်းလမ်း မသိသေးတဲ့ တစ်ချိန်တုန်းက တစ်နေ့နဲ့ တစ်နေ့ ဒီ ကျော်ခွရမယ့် ဆိုဒ်ကိုပဲ ဟိုလူ့မေးရ ဒီလူ့မေးရ - အသုံးတည့်ပြန်ရင် ရတနာ တစ်ပါးလို သိမ်းထားရ နဲ့ တော်တော်လေး ဒုက္ခများတာ တွေ့ရပါတယ်။ အခု ဒီပို့စ်ကို ဖတ်ပြီးရင်တော့ ဘယ် ကျော်ခွဆိုဒ်မှ လိုက်မေးနေဖို့ မလိုတော့ပါဘူး - ကိုယ့်ဘာသာ စိတ်ကြိုက် ကျော်ခွဆိုဒ်တွေ လိုသလောက် ဖန်တီးနိုင်ပြီး ကိုယ်ပိုင်အဆင်ပြေသလို ခွနိုင်ပါပြီ။ :D

မှတ်ချက် - ဤ ကျော်ခွဆိုဒ် ဖန်တီးနည်းအား အသုံးပြု၍ Proxy server များ မဟားတရားဖန်တီးပြီး မဟုတ်တမ်းတရား ဆိုဒ်များ ကြည့်ရှုလေ့လာခြင်း ခွင့်မပြု - :D သတင်းရရှိပါက Myanmarfamily ဥပဒေအရ ထိရောက်စွာ အရေးယူခြင်း ခံရမည်။ :D

KznT.

FIFA World Cup & Stadium Maps

လာမယ့် သောကြာနေ့ တောင်ဖရိကနိုင်ငံမှာ ကျင်းပတော့မယ့် FIFA World Cup နဲ့ ပတ်သတ်ပြီး Google ကနေ အထူး ပြင်ဆင်မှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲတာကတော့ ကျွန်တော်တို့ရဲ့ Google Search Box မှာ "world cup" လို့ ရိုက်ပြီး ရှာဖွေလိုက်မယ် ဆိုတာနဲ့ အောက်ဖော်ပြပါအတိုင်း ပြိုင်ပွဲဝင်မယ့် အသင်းတွေကို ယှဉ်တွဲ ဖော်ပြထားတဲ့ matches တွေကို မြင်တွေ့ရမယ် ဆိုတာပါ။




ဒါတစ်ခုတည်း ပြုပြင်ပြောင်းလဲထားတာ မဟုတ်ပါဘူး "world cup" ဆိုပြီး ရှာဖွေလိုက်တဲ့ Search Result ရဲ့ ပထမဆုံး စာမျက်နှာရဲ့ အောက်ခြေမှာ ကျွန်တော်တို့ မြင်တွေ့နေကျ "Goooooooooogle" အစား "Gooooooooooal!" ဆိုပြီး ထူးထူးခြားခြား ပြောင်းလဲ မြင်တွေ့ရမယ် ဆိုတာပါ။ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။



ဒါတင်မက Google maps မှာ ရှိတဲ့ Google Street View မှာဆိုရင်လည်း ခုဆိုရင် တောင်အာဖရိက အတွက် ဖော်ပြပါအတိုင်း South Africa အလွယ်တကူ ရှာဖြွေကည့်ရှုနိုင်အောင် စီစဉ်ပေးထားပြီး ကျင်းပမယ့် World Cup stadiums ၁၀ ခု ကိုလည်း ဖော်ပြပါနေရာကနေ ခုလိုမျိုး Gallery တစ်ခုသဖွယ် 360 ဒီဂရီ view နဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အကျယ်ချဲ့ကြည့်ချင်ရင် ညာဘက်အပေါ်ထောင့်က လေးထောင့်တုန်းလေးကို click ပေးပြီး screen ပြည့် ကြည့်လို့ရပါတယ်။










ခုဆိုရင် မြန်မာမိသားစုတွေ ကမ္ဘာ့ဖလား မစခင်တည်းက တောင်အာဖရိကမှာ ရှိနေတဲ့ ဘောလုံးကွင်းတွေဆီရောက်ဖူးသွားပါပြီ - နောက်ထပ်ကျန်ပါသေးတယ်။ ခုက ဘောလုံးကွင်းပဲ မြင်ရသေးတာပါ - နောက်ထပ် Google Earth မှာ ရှိနေတဲ့ ဘောလုံးကွင်းတွေရဲ့ 3D models တွေကို Google Earth Software သုံးပြီး ကြည့်ရှုနိုင်ပါသေးတယ် - ဒီအောက်က ပုံက ကျွန်တော့်စက်မှာ ရှိနေတဲ့ Google Earth ကနေ stadiums တွေကို 3D မြင်နေရတဲ့ပုံပါ။


အထက်မှာ ဖော်ပြထားတဲ့ 3D models ကို Google Earth ကနေ ကြည့်ရှုချင်မယ် ဆိုရင်တော့ အောက်ဖော်ပြပါ ( ၂ ) ခု လိုအပ်ပြီး တစ်ခါတည်း Download လုပ်လို့ ရနိုင်အောင် အောက်ဆုံးမှာ တင်ပေးထားပါတယ်။  သူတို့တွေက Google_Earth pro_5.0.1337.rar နဲ့ south_african_soccer_stadiums ဖိုင် တစ်ခုပါ။ Google_Earth pro_5.0.1337.rar 10.438 MB က ထူးပြီး key ရှာစရာ Crack စရာမလိုပါဘူး။ တန်းသုံးယုံပါပဲ - စိတ်ချရအောင် Update တော့ မပေးပါနဲ့။ နောက်တစ်ခုလိုတာက Stadiums တွေဘယ်နေရာမှာ ရှိတယ်ဆိုတာ သူ့ကို Double click ပေးယုံနဲ့ ဖော်ပြပေးမယ့် south_african_soccer_stadiums ဖိုင်ပါ။ သူ့ကိုတော့ Google_Earth pro_5.0.1337 တင်ပြီးတဲ့ အချိန်မှာ ခုအောက်မှာ ဖော်ပြထားသလိုမျိုး Double click ပေးလိုက်ပါ။


အဲလို Double click ပေးလိုက်ရင် Google Earth ကနေ ဖော်ပြပါ ဖိုင်ကို ဆွဲခေါ်သုံးပြီး အောက်ဖော်ပြပါအတိုင်း မြင်ရပါလိမ့်မယ်။ Stadiums တွေ ကြည့်ရှုနိုင်ဖို့အတွက် အောက်ဖော်ပြပါပုံစံအတိုင်း မြင်နေရတဲ့ ဘောလုံး icons လေးတွေထဲက ကြိုက်နှစ်သက် ရာ တစ်ခုကို Double click ဆက်ပေးပါ။


ဒါဆိုရင် Stadiums တွေဘယ်နေရာမှာ ရှိတယ်ဆိုတာ 3D models နဲ့ မြင်ရပါလိမ့်မယ်။ တကယ်လို့ 3D ပုံစံနဲ့ မမြင်ရသေးဘူး ဆိုရင်လည်း စိတ်မညစ်ပါနဲ့ အောက်မှာ ကျွန်တော် ဖော်ပြထားတဲ့ အတိုင်း ညာဘက်အပေါ်မှာ ရှိနေတဲ့ ကိရိယာတွေကနေ ဖြေးဖြေးချင်း အနီးအဝေး ချိန်ညှိကြည့်ပါ။


နောက်ဆုံးမှာ ခုလို ပုံစံမျိုးတွေ လှလှပပ မြင်တွေ့ ရပါလိမ့်မယ်။


Download Here !!

Google_Earth pro_5.0.1337.rar 10.438 MB
South_african_soccer_stadiums

Password = www.myanmarfamily.org

တကယ်လို့ Google Earth ကနေ 3D models နဲ့ ကြည့်ရတာ အလုပ်ရှုပ်တယ်ထင်ရင် ဒီအောက်ကနေ အလွယ်တကူ Youtube ဆီကနေ ကြည့်ရှုနိုင်ပါသေးတယ်။



မိသားစုအားလုံး Google Earth ကနေတဆင့် တောင်အာဖရိကဆီ တပျော်တပါး သွားလိုက်ကြပါစို့။

KznT.

Related Posts