Get Your Windows 7 Drivers

Leave a Comment


ကျွန်တော် ဖိုရမ်မှာ မကြာခဏ တွေ့တွေ့နေရတာ Drivers တွေနဲ့ ပတ်သတ်ပြီး မိသားစုဝင်တော်တော်များများ ပြဿနာများကြတာ ကို သတိထားမိပါတယ်။ ကိုယ့်စက်မှာ အရေးပေါ်လိုအပ်နေတဲ့ Drivers တစ်ခုခုအတွက် ဖိုရမ်ကို ရောက်လာပြီး အကူအညီတောင်းတဲ့ အခါမှာ ရံဖန်ရံခါလည်း ခဏချင်းနဲ့ ပြန်လည်ဆွေးနွေး ပေးနိုင်ကြသလို တစ်ခါတစ်လေမှာ လည်း မေးသူနဲ့ ဖြေကြားပေးသူတြွေကား လွယ်လင့်တကူ မတွေ့ရှိနိုင်ပဲ အချိန်ကြန့်ကြာတာမျိုးတွေ ရှိနေတတ်ပါတယ်။ ကွာဟချက် အနေနဲ့ မေးမြန်းသူတွေအနေနဲ့ မိမိလိုအပ်တဲ့ Drivers တွေကို ချက်ချင်း မရရှိနိုင်တဲ့ အခက်အခဲပါ။ တစ်ချို့က Internet နဲ့ အကျွမ်းတဝင်ရှိကြလို့ ဘာလိုရင် ဘယ်လိုရှာရတယ် ဆိုတာ သိပေမယ့် တစ်ချို့ မိသားစုဝင်တွေကျတော့ အရေးကြုံမှ အင်တာနက်ကို ဆိုင်ကို တကူးတကရောက်လာပြီး အသုံးပြုကြရတာ ရှိသလို - တစ်ချို့ကျတော့လည်း ကွန်ပြူတာကို ဖျော်ဖြေမှု အနေလောက်နဲ့သာ အသုံးပြုတာ မို့လို့ တကယ်တမ်း စက်အတွက် အရေးပေါ် Software တွေ Drivers တွေလိုအပ်လာပြီ ဆိုတဲ့ အခါ ဘယ်နားမှာ ဘာသွားရှာရမှန်း မသိဖြစ်တတ်ကြပါတယ်။


တကယ်တမ်း ကွန်ပြူတာ တစ်လုံးအတွက် သက်ဆိုင်ရာ Drivers ရှာဖွေရတာ ထင်သလောက်ကြီး မခက်ခဲပါဘူး - သက်ဆိုင်ရာ ကိုယ့်စက်ရဲ့ information ကို သေသေချာချာ သိခဲ့မယ်ဆိုရင် မိနစ်ပိုင်းအတွင်း အလွယ်တကူ အလိုရှိရာ Drivers တွေကိုရှာဖွေ တွေ့ရှိနိုင်ပါတယ်။ ခု ကျွန်တော် ဒီပို့စ်မှာ Windows 7 အသုံးပြုနေသူ မိသားစုဝင်များအတွက် အသုံးဝင်လောက်မယ့် ကိုယ့်ရဲ့ PC က သက်ဆိုင်ရာ Hardware Drivers တွေကို ဘယ်လို အလွယ်တကူ ရှာဖွေနိုင်မယ်ဆိုတာ Links တွေနဲ့ ဖော်ပြပေး သွားပါ့မယ်။ ဒီအကြောင်းအရာကို ဖတ်ထားပြီး Bookmarks လေးလည်း မှတ်ထားမယ် ဆိုရင် နောက်သက်ဆိုင်ရာ Drivers တွေလိုတဲ့ အခါ တစ်ခြားသူတစ်ယောက်ရဲ့ အကူအညီပေးအလာကို စောင့်ဆိုင်းစရာ မလိုတော့ပဲ မြန်မြန်နဲ့မှန်မှန် ကိုယ့်  Hardware Drivers တွေကို ရှာဖွေတွေ့ရှိနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်။

ဒီအောက်မှာ ဖော်ပြထားမယ့် Links အားလုံးကတော့ Asus ကနေ စလို့ Toshiba အထိ Hardware manufacturers အမျိုး ( ၂၀ ) ရဲ့ Windows 7 driver download links စာရင်းပဲ ဖြစ်ပါတယ်။ ဒါကို သိထားမယ်ဆိုရင် ကိုယ့်စက်မှာရှိနေတဲ့ OS အဟောင်းကနေ Windows 7 ကို ကူးပြောင်းဖို့ ပြင်ဆင်တဲ့ အချိန်မှာ လိုအပ်မယ့် Hardware Drivers တွေကို ရှာဖွေဖို့ အတိုင်းအတာ တစ်ခုထိ ကူညီနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။


1. ASUS Drivers (Motherboards)



ASUS ဟာဆိုရင် သူ့ရဲ့ motherboard အမျိုးအစားတွေ ဖြစ်တဲ့ AMD, Intel Socket 775 နဲ့ Intel Socket 1366 တွေ အပါအဝင် တစ်ခြား motherboard အမျိုးအစားများစွာအတွက် Windows 7 drivers တွေကို ထုတ်ပေးနေပါပြီ။ ကျွန်တော် သူ့ဆီ သွားကြည့်တော့ သူ့ motherboards တွေ အားလုံးနီးပါးအတွက် Windows 7 32-bit ရော 64-bit versions ရော အတွက်ပါ drivers တွေပေးထားတာ တွေ့ခဲ့ရပါတယ်။ ASUS ကနေပြီး servers တွေ workstations တွေ notebooks တွေနဲ့ တစ်ခြား ကွန်ပြူတာ ပစ္စည်း မျိုးစုံ ထုတ်လုပ်ပေမယ့် အားလုံးထဲမှာ လူသိများတာကတော့ motherboards တွေပဲ ဖြစ်ပါတယ်။ Motherboard မဟုတ်တဲ့ ကိုယ့်ရဲ့ တစ်ခြား ASUS Product တွေ အတွက်လည်း Windows 7 drivers တွေကို သူ့ရဲ့ websites တွေမှာ သွားရောက် ရယူနိုင်ပါတယ်။ 


2. Acer Drivers (Desktops and Notebooks)




Acer desktops တွေနဲ့ notebooks တွေအတွက် Windows 7 drivers တွေကို Acer ရဲ့ Service နဲ့ Support ပေးတဲ့  site တွေကနေ တစ်ဆင့် ရှာဖွေ Download ရယူနိုင်ပါတယ်။ Acer က သူရဲ့ PCs နဲ့ laptops တွေအတွက် Windows 7 drivers တွေကို မိမိစိတ်ကြိုက် install လုပ်ဆောင်နိုင်အောင် ထုတ်ပေးထားတယ် ဆိုပေမယ့် သူရဲ့ Hardware တော်တော်များများဟာ Windows 7 ကို install လုပ်ဆောင်လိုက်တာနဲ့ default drivers တွေအနေနဲ့ installed လုပ်ဆောင်ပြီးသား ဖြစ်နေမှာ ဖြစ်ပါတယ်။


3. Compaq Drivers (Desktops and Laptops)



တကယ်လို့များ  Compaq computers တွေအတွက် Windows 7 drivers တွေလိုအပ်လာပြီ ဆိုရင် အဲ့ဒီ့ Drivers တွေကို HP’s standard support site ကနေတဆင့် Download ရယူနိုင်မှာ ဖြစ်ပါတယ်။ Compaq ဟာ အခုဆိုရင် HP ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေပါပြီ။ Compaq ရဲ့ နောက်ထုတ် computers အသစ်တွေဟာ Windows 7 installed လုပ်ဆောင်ပြီးသား အနေနဲ့ ပါရှိလာတတ်ပြီး Windows 7 Drivers တွေလည်း ပါရှိပြီးသား ဖြစ်ပါတယ်။ HP ရဲ့ site မှာ အရင်က ထုတ်လုပ်ခဲ့တဲ့ Compaq computers အဟောင်းတွေ အတွက်လည်း Windows 7 drivers တွေရှိနေပါတယ်။


4. ATI Radeon Driver (Video)




AMD/ATI  ကနေလာတဲ့ Windows 7 driver တွေမှာ ATI Radeon display driver, ATI WDM driver နဲ့ Catalyst Control Center တွေ အားလုံးပါဝင်ပါတယ်။


5. BIOSTAR Drivers (Motherboards)




BIOSTAR ရဲ့ motherboards တွေဟာ Microsoft ရဲ့ WHQL test ကို pass ဖြစ်ပြီး socket 1366, 1156, 775, AM3, နဲ့ AM2+ designs တွေ ပေါ်မှာ အခြေခံထားပါတယ်။


6. Creative Sound Blaster Drivers (Audio)



Creative ဟာ X-Fi, Sound Blaster Live, Audigy, စတဲ့ သူရဲ့ နာမည်ကျော်ကြား လူသိများတဲ့ Sound Blaster products တွေ အတွက် Windows 7 drivers တွေကို ထုတ်လုပ်ပေးထားပါတယ်။ Creative ကနေထုတ်လုပ်ထားတဲ့ တစ်ချို့ Windows 7 drivers တွေကတော့ Beta အဆင့်မှာပဲ ရှိပါသေးတယ်။ တစ်ခု သတိထားသင့်တာက Beta လို့ ဖော်ပြထားတဲ့ သူ့ရဲ့ drivers တွေဆိုတာ အမြဲတမ်း ပုံမှန်စွမ်းဆောင်နိုင်စွမ်းနဲ့ အလုပ်လုပ်ဆောင်နေနိုင်မယ်လို့ သေချာ ပြောလို့ မရပါဘူး။ ဒါကြောင့် final versions ထွက်လာပြီ ဆိုတာနဲ့ အမြန်ဆုံး Update ပေးဖို့လိုပါလိမ့်မယ်။ Beta versions ဆိုတဲ့ စကားလုံး အသုံးအနှုန်းနဲ့ စိမ်းနေသေးသူများ အတွက် ဒီနေရာမှာ သူ့ရဲ့ သဘောတရားကို ကျွန်တော် ဖော်ပြထားတာ ရှိပါတယ်။


7. Dell Drivers (Desktops and Laptops)




Dell desktop နဲ့ laptop computers တွေအတွက် Windows 7 drivers တွေကို Dell ရဲ့ support site ကနေ Download ရယူနိုင်ပါတယ်။


8. eMachines Drivers (Desktops and Notebooks)



eMachines desktop သို့မဟုတ် notebook computers တွေအတွက် လိုအပ်မယ့် Windows 7 drivers တွေကို eMachine ရဲ့ support site ကနေ Download ရယူနိုင်ပါတယ်။


9. Gateway Drivers (Desktops and Notebooks)




Gateway desktops နဲ့ notebook တွေအတွက် လိုအပ်မယ့် Windows 7 drivers တွေကို Gateway ရဲ့ support site ကနေ Download ရယူနိုင်ပါလိမ့်မယ်။ 


10. HP Drivers (Desktops and Laptops)



HP desktop, laptop, and tablet computers တွေအတွက် Windows 7 drivers တွေကို  HP ရဲ့ standard support site ကနေ Download  ရယူနိုင်ပါတယ်။ HP ရဲ့ desktop နဲ့ laptop PCs တွေအတွက် Windows 7 drivers တွေဆိုတာကတော့ ဟိုးကတည်းကိုက ခက်ခက်ခဲခဲ ရှာစရာမလိုတာပါ။


11. HP Drivers (Printers and Scanners)




HP printers နဲ့ scanners တွေအတွက် Windows 7 drivers တွေရဲ့ နောက်ဆုံး သတင်းတွေကို သူ့ဆိုဒ်မှာဖော်ပြထားတဲ့ Windows 7 Driver Information တွေကနေ သိရှိနိုင်ပါတယ်။ အဲဒီမှာ HP Deskjet, Officejet, Photosmart, LaserJet, Designjet, နဲ့ Scanjet imaging device တွေအတွက် Windows 7 driver information တွေကိုလည်း အတူတကွ တွေ့မြင်နိုင်  ပါတယ်။


12. Intel Drivers (Motherboards)




Intel motherboards တွေအတွက် Windows 7 drivers တွေကို intel ရဲ့ Microsoft Windows 7 စာမျက်နှာကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ သူ့ စာမျက်နှာမှာ ဖော်ပြထားတဲ့ lists ထဲက များပြားလှတဲ့ motherboards အမျိုးအစားတွေဟာ  WHQL test ကို passed ဖြစ်ပြီး Windows 7 အတွက် drivers တွေလည်း ရှိနေပါပြီ။


13. Intel Chipset Drivers (Intel Motherboards)




ဒီ Windows 7 drivers တွေကို download ရယူမယ်ဆိုရင်တော့ 32-bit ရော 64-bit driver versions ( ၂ ) မျိုးလုံးကို Windows 7 အတွက် ရယူနိုင်ပါတယ်။


14. Lenovo (Desktops and Laptops)




Lenovo desktop နဲ့ laptop computers တွေအတွက် Windows 7 drivers တွေကို  ဖော်ပြပါ Lenovo ရဲ့ support site ကနေ Download ရယူနိုင်ပါတယ်။ Lenovo ဟာ သူ့ရဲ့ ကွန်ပြူတာတွေ အတွက်  Windows 7 information နဲ့ ပတ်သတ်ပြီး သူရဲ့ Website စာမျက်နှာမှာ ရှာဖွေရ လွယ်ကူအောင် ပြင်ဆင်ပေးထားပါတယ်။


15. Microsoft Drivers (Keyboards, Mice, Etc.)




Microsoft ဟာ OS တစ်ခုတည်း ထုတ်တာ မဟုတ်ပါဘူး - သူ နောက်ထပ် ထုတ်တဲ့ Hardware တွေရှိပါသေးတယ် ဥပမာ ပြောရရင် keyboards, mice, game controllers, webcams, စတာတွေပဲ ဖြစ်ပါတယ်။ Microsoft ဟာ သူထုတ်လုပ်ထားတဲ့ hardware products တွေရဲ့ Windows 7 drivers တွေကို သူ့ရဲ့ သက်ဆိုင်ရာ Microsoft Hardware Support စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း  Microsoft hardware တွေရဲ့ Up to date ဖြစ်တဲ့ Windows 7 drivers တွေဟာ လတ်တလော အခြေအနေမှာ beta အဆင့်မှာပဲ ရှိသေးတာ များပါတယ်။ ဒါကြောင့် Drivers တွေကို up to date ဖြစ်အောင် လုပ်ရင်းနဲ့ beta drivers နဲ့ တိုးပြီး ပြဿနာ ဖြစ်မှာ စိုးရိမ်ရပါတယ်။ သတိထားပြီး အသုံးပြုစေချင်ပါတယ်။ Final versions ရပြီ ဆိုတာနဲ့ Beta မှာ ရပ်မနေပဲ ပြောင်းပြီး သုံးနိုင်ဖို့ ကြိုးစားပေးပါ။


16. NVIDIA GeForce/ION Driver (Video)




နောက်ဆုံးထွက် NVIDIA GeForce/ION Windows 7 driver ရဲ့ version ဟာ 195.55 (Released 2009-11-17) ဖြစ်ပြီး ဒီ Windows 7 driver ဟာ NVIDIA GeForce 6, 7, 8, 9, 100, - 200 series desktop GPUs တွေနဲ့ ION desktop GPUs အမျိုးအစား အားလုံးနဲ့ compatible ဖြစ်ပါတယ်။ သတိပြုရန်: ခုဖော်ပြထားတဲ့ link က Windows 7 32-bit driver အတွက် ဖြစ်ပြီး 64-bit version အတွက် Windows 7 driver ကိုလည်း NVIDIA website မှာ ရယူနိုင်ပါတယ်။


17. NVIDIA 3D Vision Driver (Video)




နောက်ဆုံးထွက် NVIDIA 3D Vision Windows 7 driver ရဲ့ version ဟာ 195.55 Beta (Released 2009-11-18) ဖြစ်ပြီး အဲဒီ့  Windows 7 driver မှာ 32-bit နဲ့ 64-bit versions နှစ်မျိုးလုံး ပါဝင်ပါတယ်။  


18. Realtek High Definition Driver (Audio)



နောက်ဆုံးထွက် Realtek High Definition Windows 7 driver ရဲ့ version ဟာ R2.49 (Released 2010/6/11) ဖြစ်ပြီး အဲ့ဒီ့ Download ထဲမှာ  Windows 7 driver 32-bit နဲ့ 64-bit versions နှစ်မျိုးလုံး ပါဝင်ပါတယ်။


19. Sony Drivers (Desktops and Notebooks)



Sony desktop နဲ့ notebook computers တွေအတွက် Windows 7 drivers တွေကို Sony ရဲ့ Support site မှာ Download ရယူနိုင်ပါတယ်။



20. Toshiba Drivers (Laptops)



Toshiba laptops computers တွေအတွက် Windows 7 drivers တွေကို Toshiba ရဲ့ standard support site မှာ Download ရယူနိုင်ပါတယ်။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts