Make Ubuntu Look Like Mac OSX

ကျွန်တော် ခုနောက်ပိုင်း Ubuntu ထဲပဲ အနေများနေမိတယ် - ဟိုတစ်နေ့က Ubuntu သုံးရင်း Macbuntu ဆိုတဲ့ Mac OS X Transformation Pack ဆိုတာတွေ့လို့ သုံးရက်လောက် သုံးဖြစ်ခဲ့သေးတယ် - ကျွန်တော့် အထင်တော့ Macbuntu က တော်တော်လေး မဆိုးဘူး - Ubuntu Mac style ပေါ့ - icons တွေကစလို့ folders တွေ - menus တွေအပါအဝင် login screen အဆုံး Mac OS X ပုံစံ ဖန်ဆင်းထားတာမို့လို့ Mac OS ကို ခံစားကြည့်ချင်သူတွေ အတွက် ကျွန်တော် စမ်းကြည့်ကြဖို့ ညွှန်းလိုပါတယ် -





လတ်တလောမှာ မိသားစုဝင်တွေက Ubuntu 10.04 Lucid Lynx သုံးနေတဲ့ သူတွေဆိုရင် အောက်မှာ ဖော်ပြထားတဲ့ Command Lines လေးကြောင်းကို Terminal window မှာ Copy / Paste လုပ်ပြီး တစ်ကြောင်းတစ်ခါ Enter ခေါက်ပါ -

$ wget https://downloads.sourceforge.net/project/macbuntu/macbuntu-10.04/v2.3/Macbuntu-10.04.tar.gz -O /tmp/Macbuntu-10.04.tar.gz
$ tar xzvf /tmp/Macbuntu-10.04.tar.gz -C /tmp
$ cd /tmp/Macbuntu-10.04/
$ ./install.sh


တကယ်လို့ မိသားစုဝင်တွေက Ubuntu 10.10 Maverick Meerkat သုံးနေတဲ့ သူတွေဆိုရင် အောက်မှာ ဖော်ပြထားတဲ့ Command Lines လေးကြောင်းကို Terminal window မှာ Copy / Paste လုပ်ပြီး တစ်ကြောင်းတစ်ခါ Enter ခေါက်ပါ - ( တစ်ခု သိထားဖို့လိုတာ 10.10 Macbuntu က လောလောဆယ် အခြေအနေမှာ Alpha အဆင့်ပဲ ရှိပါသေးတယ် )

$ wget https://downloads.sourceforge.net/project/macbuntu/macbuntu-10.10/v2.3/Macbuntu-10.10.tar.gz -O /tmp/Macbuntu-10.10.tar.gz
$ tar xzvf /tmp/Macbuntu-10.10.tar.gz -C /tmp
$ cd /tmp/Macbuntu-10.10/
$ ./install.sh


ဒါပေမယ့်လည်း ကျွန်တော်က Mac fun မဟုတ်လို့ သုံးရင်းနဲ့ နဂို Ubuntu ကို ပြန်သတိရပြီး သုံးနေရင်း သုံးလေးရက် နေတော့ နဂို Ubuntu ဆီပဲ ပြန်ပြောင်းခဲ့တယ်။ ကျွန်တော့် အထင်တော့ အတုအယောင် ဆိုတာ ဘယ်လောက်ပဲ လှလှ နဂို မူရင်း အလှလောက် စွဲဆောင်မှု မရှိဘူး -


Macbuntu ရဲ့ စွမ်းဆောင်ရည်ကိုတော့ တကယ် အသိအမှတ်ပြုပါတယ် - ဒါမယ့် သုံးနေရင်း သဘောမကျလို့ အရင်ပုံစံ ပြန်ပြောင်းချင် တယ် ဆိုရင်တော့ Macbuntu ကို Remove လုပ်ဆောင်နိုင်ဖို့ အောက်ဖော်ပြပါ အဆင့်တွေ အတိုင်း Terminal ထဲမှာ လုပ်ဆောင်ပါ -

Macbuntu-10.04/v2.3 အတွက်ဆိုရင် -

$ cd ~/.macbuntu/10.04-2.3/
$ ./uninstall.sh

Macbuntu-10.10/v2.3 အတွက်ဆိုရင် -

$ cd ~/.macbuntu/10.10-2.3/
$ ./uninstall.sh

အသေးစိတ် အချက်အလက်တွေကို လေ့လာလိုသူတွေ အတွက် ဒီနေရာ နဲ့ ဒီနေရာ တွေမှာ လေ့လာနိုင်ပါသေးတယ် -

KznT.

Inception ( 2010 )



ဒီကားကို စကြည့်တုန်းက သူ့ဘာပြောချင်တာလည်း ဆိုတာ ချက်ချင်း သဘောမပေါက်ဘူး - မပေါက်ဆို ကိုယ်တွေ နေ့စဉ် ဖြတ်သန်းတွေ့ထိနေတဲ့ အတွေးအခေါ်တွေနဲ့ လုံးလုံးကို တူမှ မတူတာ - နောက်ပိုင်းကို ရောက်သွားတော့မှ တဖြေးဖြေး သဘောပေါက်လာတယ် - ခုဆို ပြန်ကြည့်တာ လေးခေါက်မြောက်သွားပြီ - ဘာရယ်တော့ မဟုတ်ဘူး - သူတို့ရဲ့ အတွေးနဲ့ ဖန်တီးနိုင်စွမ်းကို သဘောကျမိလို့ပါ - ကိုယ်မတွေးမိတဲ့ အတွေးကို သူတို့တွေးမိတယ် - မဖြစ်နိုင်ဘူးလို့ လူတိုင်း သိထားတဲ့ စိတ်ကူးတစ်ခုကို တစ်ခြားသူတစ်ယောက်ဆီ လက်ဆင့်ကမ်းတဲ့ အချိန်မှာ အဲ့ဒီလူ မှင်သတ်လက်ခံနိုင်အောင် ပုံဖော်ပြတဲ့ ရိုက်ချက်တွေက အကွက်စေ့လွန်းတယ် -



လူတစ်ယောက်ရဲ့ စိတ်ကူးထဲမှာ ရှိနေတဲ့ Idea ကို အိပ်မက်ဖြစ်ရပ် တစ်ခုအဖြစ် ဖန်တီးပြီး ခိုးဝင်တူးဖော်ကြသတဲ့ - အဲ့ထက် ပိုအံ့သြဖို့ ကောင်းတာက အိပ်မက် ဖြစ်ရပ် တစ်ခုထဲမှာပဲ နောက် အိပ်မက် တစ်ခုရှိရာ - ( Dream state တစ်ခုကနေ နောက် Dream state တစ်ခုဆီ ) ဆက်ကူးသွားကြတာ -  Dream state တစ်ခုကနေ နောက် Dream state တစ်ခုဆီ ကူးတယ်ဆိုတာ မြန်မာလို နားလည်လွယ်အောင် ပြောရရင် အိပ်မက်တစ်ခုထဲမှာပဲ နောက်အိပ်မက်တစ်ခု ဆက်မက်ကြတာမျိုးပေါ့ - Dream state တစ်ခုကနေ နောက် Dream state တစ်ခုဆီ ကူးတဲ့ အချိန်မှာလည်း နောက် Dream state တစ်ခုဆီ ကူးသွားတဲ့ လူတွေကို လက်ရှိ Dream state ရှိရာဆီ ပြန်ခေါ်ဖို့ လူတစ်ယောက်ဆီ ချန်ခဲ့ရတယ် - လက်ရှိ Dream state မှာ ထိန်းမထားနိုင်တဲ့ အခြေအနေ တစ်ခုခု ရှိလာရင် နောက် Dream state တစ်ခုမှာ ရောက်နေတဲ့ သူတွေကို လက်ရှိ Dream state ရှိရာဆီ ပြန်ရောက်လာဖို့ ကျန်ခဲ့တဲ့ သူက အားလုံးကို kick လုပ်ရတယ် - ( kick လုပ်တယ် ဆို နောက် Dream state တစ်ခုဆီ ဆင်းသွားတဲ့ သူတွေကို လက်ရှိ Dream state ကို ပြန်ခေါ်တော့မယ်လို့ အသိပေးတာမျိုးပေါ့ ) နောက်ပြီး အဲလို kick လုပ်တော့မယ် ဆိုတာကိုလည်း နောက် Dream state တစ်ခုမှာ ရောက်နေတဲ့ သူတွေကို လက်ရှိ Dream state မှာ ကျန်ရစ်ခဲ့တဲ့ သူက Music ဖွင့်ပြီး အသိပေးရတယ် - အဲမှာ ချွင်းချက် ရှိသွားတာက Dream state သုံးဆင့် ရှိတယ် ဆိုရင် ပထမဆုံး Dream state မှာ ကျန်ခဲ့တဲ့ သူက kick လုပ်လို့ မရဘူး - အဆင့်တစ်ဆင့်ချင်းမှာ ပြန်ခေါ်ဖို့ ကျန်ခဲ့တဲ့ သူတွေက နောက်ဆုံး အဆင့်မှာ ရောက်နေတဲ့ သူတွေအားလုံးကို သက်ဆိုင်ရာ Dream state ဆီ ပြန်ရောက်လာအောင် ခေါ်ပြီးမှ kick ရတယ် -


ကားထဲမှာ လီယိုနာဒို က Dream state တစ်ခုကို ဖွဲ့စည်းတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်ပေါ့ - သူက အိပ်မက်ကို ဖန်တီးတယ် - အိပ်မက်ထဲက ဇာတ်ကောင်တွေကို ဖန်တီးတယ် - ဒါပေမယ့် အဲ့ဒီ့ အိပ်မက်ကို အကွက်ချဖို့ကိုကျတော့ Architect တစ်ယောက် သပ်သပ်ထပ်ပါတယ် - သူ့လောက်နီးပါးတော်တဲ့ ကောင်မလေးတစ်ယောက်ပေါ့ - ဇာတ်ကားထဲက ဒီအောက်က နေရာမှာ လီယိုနာဒိုက Dream state တစ်ခု ဖွဲ့စည်းတဲ့သဘောတရားကို ရှင်းပြနေတာ -


လီယိုနာဒို က ဒီ Dream state တစ်ခု ဖွဲ့စည်းတဲ့သဘောတရားကို သူ့ ဇနီးကိုရင်းပြီး လေ့လာခဲ့တာ - ရလာဒ်ကတော့ ဆိုးသွားတယ် - သူ့မိန်းမက Dream state နဲ့ Reality ကို ကွဲကွဲခြားခြား မသိတော့ဘူး - Dream state နဲ့ Reality ကို ခွဲခြားနိုင်တဲ့ totem ဆိုတာလေးကို သူ့မိန်းမကို လီယိုနာဒို က ပေးထားပေမယ့် သူ့ဇနီးက အဲတာလေးကို သော့ခေတ် သိမ်းထားလိုက်ပြီး Dream state နဲ့ Reality ရဲ့ ကွာခြားချက်ကို မစမ်းဖြစ်ခဲ့ဘူး - အဲ့မှာ သူတို့ နှစ်ယောက်လုံး Dream state ကို Reality နဲ့ အထင်မှားသွားတယ် - ( totem ဆိုတာလေးက သူ့ကို လှည့်လိုက်ရင် Dream state ထဲမှာဆို Gravity မရှိလို့ ဘယ်တော့မှ လဲ မသွားဘူး - လက်တွေ့ဘဝမှာ လှည့်လိုက်ရင် လဲတယ် - အဲတာလေးကိုလှည့်ပြီး သူတို့က ငါတို့ Dream state မှာလား Reality မှာလား ဆိုတာ ခဲြွခားကြတာ ) သူ့မိန်းမက Dream state ကိုပဲ Reality ထင်နေတာ - ဒါကို နောက်ပိုင်း လီယိုနာဒို က totem လေးလိုက်ရှာ ပြန်စစ်ကြည့်ပြီး သိသွားတော့ ငါတို့ ရောက်နေတာ Dream state ဆိုပြီး သူ့မိန်းမကို ပြောပြ - လက်တွေ့ဘဝကို ပြန်ခေါ်တော့မှ သူတို့နှစ်ယောက်လုံး Dream state ကနေ ပြန်ထွက်လာကြတယ် - ဒါပေမယ့် ခက်သွားတာ လီယိုနာဒို က Dream state နဲ့ Reality ကို ခွဲခြား သိပေမယ့် သူ့ဇနီးက လက်တွေ့ဘဝကို ရောက်နေတာတောင် သူ့ကိုယ်ကိုယ်သူ Dream state ဘဝမှာပဲ ရှိနေသေးတယ် ထင်ပြီး သူ့ကလေးတွေဆီ ပြန်ချင်တဲ့ ဇောနဲ့ လက်တွေ့ဘဝကို ပြန်မယ် ဆိုပြီး တိုက်ပေါ်က ခုန်ချပြီး သေသွားတယ် -

ဒီကားက ပထမစကြည့်ရင် တော်တော်ရှုပ်မယ် - ဘာလို့လည်း ဆို ကိုယ်နေ့တိုင်း ဖြတ်သန်းကြုံတွေ့နေရတဲ့ အတွေးအခေါ် မျိုးနဲ့ ဖွဲ့စည်းထားတာ မဟုတ်လို့ - ဒါပေမယ့် သူဖော်ပြချင်တဲ့ သဘောတရားကို သိရင် တော်တော်ကြိုက်သွား လိမ့်မယ်။ သြော် နောက်တစ်ချက် ရှိသေးတယ် - အဲတာကတော့ ကားထဲမှာ လီယိုနာဒို ပြောသွားတဲ့ စကား -

" In a dream your mind functions more quickly, therefore time seems to feel more slow. "

ဆိုလိုတာက ကျွန်တော်တို့တွေ အိပ်မက် မက်ကြတဲ့ အခြေအနေ တစ်ခုမှာ စိတ်ရဲ့ လှုပ်ရှားမှုက ပိုပြီး မြန်ဆန်တယ် - ဥပမာ ရန်ကုန်ကနေ ကျိုင်းတုံ သွားမယ် - အပြင်မှာဆို လေယာဉ်နဲ့ သွားရင်တောင် တစ်နာရီခွဲလောက် အချိန်ပေးရင် ပေးရမယ် - အိပ်မက်ထဲမှာကျတော့ seconds ပိုင်းအတွင်း ရောက်နိုင်တယ် - ဒါကြောင့်မို့ In a dream your mind functions more quickly လို့ သူက ပြောတာ - အဲလို mind functions က ပိုမြန်သွားတော့ ဘာထူးခြား သွားလဲ ဆိုရင် real world မှာ ၅ မိနစ်ရတဲ့ အချိန် တစ်ခုက dream state ထဲကို ရောက်သွားရင် တစ်နာရီလောက် ပို အချိန်ရသွားတာနဲ့တူသွားတယ် - ဒါကိုပဲ Five minutes in the real world gives you an hour in the dream. ဆိုပြီး ပြောသွားတာ - ဒီ သဘောတရားကို ဒီဇာတ်ကားက အပြည့်အဝ အသုံးချသွားတယ် - ဒါကို မချိတ်ဆက်မိရင်ပဲ ဖြစ်ဖြစ် အပေါ်မှာ ဖော်ပြခဲ့တာတွေကို နားမလည်ခဲ့ရင် ဖြစ်ဖြစ် ဒီဇာတ်ကားရဲ့ အနှစ်သာရကို ဘယ်လိုမှ သဘောမပေါက်နိုင်ဘူး -


နောက်ဆုံး ပြောချင်တာကတော့ Inception ဇာတ်ကားဟာ တော်တော်ကောင်းပါတယ် - IMDb မှာ Rating 9.0 ရတယ် - ကြည့်စေချင်ပါတယ် - သာမန်နဲ့ မတူတဲ့ အတွေးအခေါ်သစ်ထဲ ကို ဆွဲခေါ်သွားမယ့် ဇာတ်ကားကောင်း တစ်ခုကို ခံစားကြည့်ကြပါဦး -
မောင်ဇင်။

Google intros Instant Preview in search

ဒီနေ့တော့ သတင်းထူး တယ် - အကြောင်းကတော့ Google ပေါ့ - ကျွန်တော်ကလည်း Google fun ဖြစ်နေတော့ တစ်နေ့နဲ့ တစ်နေ့ Google က ဘာတွေ improve လုပ်လိုက်တယ် ဆိုတဲ့ သတင်းများ ထွက်လာမလဲ ဆိုပြီး စောင့်နေမိတယ် -

Google က ဟိုတစ်လောကတင် Google instant ဆိုပြီး feature ထုတ်လိုက်တယ် အဲ့အကြောင်းကိုလည်း ဒီနေရာမှာ ရေးထားခဲ့ ဖူးပါပြီ - အဲ့တုန်းက Google instant ဆိုပြီး ထွက်လာတော့ တော်တော်ကျေနပ်သွားတယ် - ပြောလို့ ပြောတာ မဟုတ်ဘူး - အရင်ကဆို တစ်ခုခု ရှာချင်ရင် ရှာချင်တဲ့ စာလုံးရိုက်ပြီး Enter ခေါက်နေရတာ - Google instant ပေါ်လာတော့ Enter တောင် ခေါက်ဖို့ မလိုတော့ဘူး - ရှာချင်တဲ့ စာလုံးကို အပြောင်းအလဲလေး လုပ်လိုက်တာနဲ့ Search Result ကလည်း တမဟုတ်ချင်း လိုက်ပြောင်းသွားတယ် - အဲ့တုန်းက Google instant ကို တော်တော်သဘောကျခဲ့တာ - ခုနောက်ထပ် Google ကနေ improve လုပ်လိုက်ပြန်ပြီ - သူ့ကိုကျတော့ Google Instant Previews လို့ ခေါ်သတဲ့ -




Photo from Mashable.com

Google Instant Previews က ဒီနေ့ပဲ ထွက်လာတာပါ - သူက ဘာကောင်းလဲ ဆိုရင် အရင်က တစ်ခုခု ကို Search box မှာ ရိုက်ရှာလိုက်တယ် - ဒီလိုဆို Search results မှာ ကိုယ်ရှာတာနဲ့ ပတ်သတ်နိုင်တဲ့ Website တွေရဲ့ Links တွေပေါ်လာတယ် - Google instant က  မြန်တာတော့ တော်တော်မြန်တယ် - ဒါပေမယ့် လိုနေတာလေး တစ်ခုက ကိုယ်ရှာလိုချင်တဲ့ Search terms ဟာ ကိုယ့်ကိုပြထားတဲ့ Search results မှာ တကယ်ပါတယ် မပါဘူးဆိုတာ ခန့်မှန်းဖို့ မလွယ်ဘူး - ဆိုလိုတာ Search results တွေကို သူပြထားပေမယ့် ကိုယ်ရှာချင်တဲ့ အကြောင်းအရာပါတဲ့ Websites ဟုတ်မဟုတ် သေသေချာချာ ဆန်းစစ်နိုင်ဖို့ ဆိုရင် သူပြထားတဲ့ Links တွေကို တစ်ခုချင်း ထပ်လိုက်ဖွင့်ကြည့်ရတယ် - ဒါကို အားလုံးလည်း သိပြီးသား ဖြစ်မှာပါ - ခု Google Instant Previews ဆိုပြီး ထွက်လာတော့ အဲ့ဒီ့ လိုအပ်ချက်ကို ရာခိုင်နှုန်းတော်တော်များများ ဖြည့်နိုင်သွားပါတယ် - ခုဆို ကျွန်တော်တို့တွေ Google Instant Previews ကို သုံးပြီး Search results မှာ ပြထားတဲ့ Website links တွေထဲက ဘယ်အထဲမှာ ကိုယ်လိုချင်တဲ့ အကြောင်းအရာ ပိုပါနိုင်မလဲ ဆိုတာ Previews ကြည့်ပြီး ကြိုတင် ခန့်မှန်းနိုင်ပါပြီ -


ဒီ Google Instant Previews ကို ဖော်ဆောင်နိုင်ဖို့ Google က အင်တာနက်ထဲမှာ ရှိနေတဲ့ Webpages အားလုံးကို အညွန်းနဲ့ တကွ screenshot လုပ်ထားပြီး Users တစ်ယောက်ယောက်က Search terms တစ်ခုခုနဲ့ ရှာဖွေတဲ့ အချိန်မှာ ရှာဖွေသူလိုချင်တဲ့ အကြောင်းအရာနဲ့ ပတ်သတ်ဆက်နွယ်သမျှ Websites အားလုံးကို Previews အနေနဲ့ ကြည့်နိုင်အောင် အရင် ဖော်ပြနေကျ Search Results နေရာမှာရှိနေတဲ့ Website links တွေရဲ့ ညာဘက်ဘေးမှာ Magnifying glass icon တစ်ခု ထပ်ဖြည့်သွင်းပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ စာနဲ့ ပြောတာ မရှင်းရင် အောက်က ဖော်ပြပါ ပုံကိုကြည့်ပါ။



Website links တွေရဲ့ ညာဘက်ဘေးမှာ ရှိနေတဲ့ Magnifying glass icon ကို clicks ပေးရင်ပဲ ဖြစ်ဖြစ် - သူ့ပေါ်မှာ တို့ထိ ဖြတ်သန်းသွားရင်ပဲ ဖြစ်ဖြစ် သက်ဆိုင်ရာ Screenshot လုပ်ထားတဲ့ Webpage ရဲ့ Previews ကို Search results ရဲ့ ညာဘက်ဘေးမှာ သူက ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီလို Google Instant Previews ကနေ ဖော်ပြပေးတဲ့ Previews ကို ကြည့်ပြီး ဒီ Website ကို ကိုယ်တကယ် သွားဖို့လိုသလား - မလိုဘူးလား ဆိုတာ အကြမ်းဖျဉ်း ဆုံးဖြတ်နိုင်ပါတယ် - ဒီ Google Instant Previews ကို ထပ်မံ ဖြည့်သွင်းရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က User တစ်ယောက်ရှာလိုက်တဲ့ Search term ကို အလျင်အမြန် ဖော်ပြနိုင်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး - ဖော်ပြလိုက်တဲ့ Search results တွေထဲကမှ မိမိအတွက် အလိုအပ်ဆုံး Results ကို Screenshot ကနေ တစ်ဆင့်ကြည့်ပြီး Users တွေ အနီးစပ် အမှန်ကန်ဆုံး ရွေးချယ်နိုင်အောင် ပံ့ပိုးချင်လို့ ဖြစ်ပါတယ်။ ဒီထူးခြားချက်ကြောင့်မို့လို့ အရင်လို အကြောင်းအရာတစ်ခုခု ရှာတဲ့ နေရာမှာပဲ ဖြစ်ဖြစ် - လူတစ်ယောက်ယောက်ကို ရှာတာမျိုးပဲ ဖြစ်ဖြစ် - charts တွေ graphs တွေ pictures တွေ ရှာတဲ့ နေရာမှာ ဖြစ်ဖြစ် တစ်ခုသိချင်တာနဲ့ အရင်လို Search results တစ်မျက်နှာလုံးကို ပိုက်စိတ်တိုက် ရှာနေရတာမျိုး မလိုတော့ပဲ အထက်အောက် Scroll လေးလှိမ့် သူပြတဲ့ Instant Previews လေးတြွေကည့်ပြီး ကိုယ်ရှာချင်တာ ပါမပါ အကြမ်းဖျဉ်း ရွေးချယ်ဆုံးဖြတ်နိုင်ပါပြီ



Google Instant Previews နောက်လာမယ့် အပတ်မှာ Users အားလုံး အသုံးပြုနိုင်အောင် အတည်ပြုပေးမှာ ဖြစ်ပါတယ် - ဒါပေမယ့် အခုလတ်တလော စမ်းသပ်ချင်သူများ အတွက်လည်း ဒီနေရာမှာ ဒီနေ့ပဲ စမ်းသပ် နိုင်ပါပြီ။

KznT.

5 Simple Ways to Keep Your Eyes

အင်တာနက် ဆိုတာ လူတစ်ယောက်အတွက် အပန်းဖြေရာ - အားကိုးရာ - တိုင်ပင်နွေးထွေးရာ နေရာကောင်း တစ်ခုလို့ ဆိုရင် မှားမယ် မထင်ပါဘူး - တစ်နေ့ နဲ့ တစ်နေ့ ကျွန်တော်တို့တွေ အင်တာနက်ထဲမှာ သီချင်းနားထောင်တယ် - ရုပ်ရှင်တွေ ကြည့်တယ် - စာတွေရေးတယ် - Blog တွေ လိုက်ဖတ်တယ် - ကျွန်တော်ဆို တစ်နေ့မှာ နာရီပေါင်း ၁၅ နာရီလောက် ကွန်ပြူတာ  - အင်တာနက် နဲ့ ထိတွေ့နေရတယ်။ အထူးသဖြင့်တော့ ကျွန်တော် စာဖတ်ဖြစ်တာပါ - အဲ့မှာ ဘာကိုသွား သတိထားမိလဲ ဆိုတော့ ကွန်ပြူတာ - အင်တာနက်နဲ့ အမြင်အာရုံဆိုတာတွေရဲ့ ဆက်စပ်မှုကို သတိထားမိလာတယ်။
ကျွန်တော် အရင်က မျက်စိအားကောင်းတယ် - တစ်နေကုန် စာထိုင်ဖတ်ရလို့ မျက်လုံးညောင်းတယ် ဆိုတာမျိုး မရှိဘူး - ခု ကွန်ပြူတာနဲ့ ဖတ်တာ များလာတော့ တစ်နေ့ကို စာတစ်အုပ် ပြီးအောင် မဖတ်နိုင်တော့ဘူး - Screen ( ၃ ) မျက်နှာစာလောက် ဆက်တိုက် ဖတ်လိုက်ရင် မျက်စိကပူလာသလိုလို မျက်ရည်ကျချင်သလိုလို ဖြစ်လာတယ်။ ဆိုလိုတာ စိတ်က လိုက်နိုင်ပေမယ့် လူက မလိုက်နိုင်တဲ့ လက္ခဏာ ရပ်တွေကို ပြလာတာပေါ့ -




မျက်လုံး အားမကောင်းတဲ့ ကြားထဲမှာ တစ်ချို့ Websites တွေက စာရေးတာ နည်းနည်း ကြော်ငြာထည့်တာ များများ ဖြစ်လာတယ်။ ပြင်ဆင်ပုံတွေက Ads တွေ များတော့ လိုရင်းစာကို ဖတ်နိုင်ဖို့ ဟိုကျော်ဒီခွနဲ့ လိုက်ဖတ်လာရတယ်။ ကြော်ငြာထည့်ထားတာမျိုး မရှိရင်တောင် တစ်ချို့ Website တွေက စာလုံးသေးတာ - Templates ပုံစံမကျတာ - အကြောင်းအရာ အဓိက ဖော်ပြဖို့ထက် အလှအပကို ဦးစားပေးနေတာ စသဖြင့် မလိုအပ်တာတွေ ပုံကြီးချဲ့လာတော့ Browser ထဲမှာ စာဖတ်တဲ့ အခါ သက်တောင့်သက်သာ မရှိတော့ပဲ စိတ်ထဲ တော်တော်ကို စနိုးစနောင့် ဖြစ်လာရပါ တယ်။ တကယ်လို့များ ခုအထက်မှာ ဖော်ပြခဲ့တဲ့ အခြေအနေမျိုး ကြုံနေရတာ သေချာပြီ ဆိုရင်တော့ ဒီအောက်က အကြောင်းအရာကို ဆုံးအောင် ဆက်ဖတ်ကြည့်လိုက်ပါ။ အဆုံးသတ်မှာ သက်တောင့် သက်သာ ဖြစ်မယ့် အနေအထားတစ်ခုကို ဘယ်လိုဖန်တီး ရယူနိုင်မယ် ဆိုတာ တွေ့ရှိပါလိမ့်မယ်။ 

နည်းလမ်း ( ၁ ) - စာသားများအား ချုံ့ချဲ့ခြင်း


Web pages ပေါ်မှာ စာဖတ်တဲ့အခါ မျက်လုံး အားနည်းလို့ ဖြစ်စေ - အမြင်အာရုံ သိပ်မစူးစိုက် ကြရအောင် ဖြစ်စေ - ဖော်ပြထားတဲ့ စာသားကို အလွယ်တကူနဲ့ ဖတ်ရှုနိုင်အောင် ဖြစ်စေ အများဆုံး အသုံးပြုကြတာ Web pages ပေါ်က စာသားတွေကို ကွန်ပြူတာကနေ Ctrl + Mouse wheel သုံးပြီး ချဲ့ကြည့်တဲ့ နည်းလမ်းပါ - ဒီနည်းကို သုံးရင် ဘယ် Web စာမျက်နှာပေါ်က ဘယ်လောက် သေးတဲ့စာလုံး ဖြစ်စေ ဖော်ပြပါ အတိုင်း လုပ်ဆောင်လိုက်တာနဲ့ ချဲ့ကြည့်လို့ ရလာပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီ့ နည်းလမ်းက  ကိုယ်ရောက်တဲ့ နေရာတိုင်း ကိုယ်စာလုံးကြီးချင်တိုင်းမှာ အမြဲ လုပ်ဆောင်နေရမှာမျိုးပါ - ဒီနည်းလမ်းကို မသုံးချင်ရင် နောက်ထပ် နည်းလမ်းတစ်ခု ရှိပါသေးတယ်။ အဲတာကတော့  Browser extension တစ်ခု ဖြစ်တဲ့ Firefox အတွက် No Squint နဲ့ Chrome အတွက် Zoomy ဆိုတဲ့ tools တွေပဲ ဖြစ်ပါတယ်။


သူတို့တွေက ဆိုဒ်တစ်ခု ကို ရောက်လို့ ကိုယ်စာဖတ်ဖို့ စိတ်ကြိုက် Zoom တွေ Background colour တွေချိန်ညှိပြီး သွားပြီ ဆိုရင် သူ့ဘာသာ Settings ကို automatically မှတ်ထားပေးပြီး နောက်တစ်ခေါက် အဲ့ ဆိုဒ်ကို ထပ်လည်ပတ်တဲ့ အချိန်မှာ ပြန်ချိန်ညှိနေစရာ မလိုတော့ အရင် ကိုယ်ပြင်ဆင်ထားတဲ့ အတိုင်း ပြန်လည် ဖော်ပြပေးပါတယ်။ အဲ့တော့ အဓိက လိုအပ်တာကို ပြန်ထုတ်မှတ်ရင် Web စာမျက်နှာ ပေါ်က စာသားတွေ ချုံ့ဖို့ ချဲ့ဖို့ အတွက် နည်းလမ်းတွေက -


နည်းလမ်း ( ၂ ) - Bookmarklet ဖြင့် စာမျက်နှာအား Format ချခြင်း

Bookmarklet ဆိုတာ bookmark သဘောပါပဲ - Bookmark ဆိုတာရဲ့ သဘောက သူ့ကို Click ပေးလိုက်တဲ့ အချိန်မှာ ကိုယ် မှတ်ထားတဲ့ Website ကို Loading လုပ်ပေးပြီး Bookmarklet ဆိုတာကတော့ Website ကို Loading လုပ်တာမျိုး မဟုတ်ပဲ Javascript တစ်ချို့ကို runs ပေးတာ ဖြစ်ပါတယ်။ Bookmarklet အမျိုးမျိုး ရှိပြီး အဲဒီ့ အမျိုးမျိုးထဲမှာမှ Services တစ်ချို့က ပေးတဲ့ Bookmarklet တွေဟာ ကိုယ်ဖတ်မယ့် Web စာမျက်နှာတစ်ခုကို ဖတ်ရှုဖို့ သင့်တော်မယ့် အနေအထား ရောက်အောင် သူ့ကို နှိပ်လိုက်တာနဲ့ အလိုလျောက် reformat လုပ်ပေးပါတယ်။ အဲလို စွမ်းဆောင်ရည် ရှိတဲ့  Bookmarklet တစ်ခုကို ကိုယ့် Bookmarks bar မှာ ဆွဲတင်ထားပြီး ကိုယ် Reformat လုပ်ချင်တဲ့ စာမျက်နှာကို ရောက်ရင် သူ့ကို click ပေးလိုက်တာနဲ့ Web စာမျက်နှာပေါ်က မလိုအပ်တဲ့ Ads တွေ မလိုလားအပ်တဲ့ စာသားတွေကို အလိုလျောက် ရှင်းထုတ်ပြီး အဓိကကျတဲ့ စာသားက အောက်ဖော်ပြပါအတိုင်း ကြွတက်လာမှာ ဖြစ်ပါတယ်။



အားလုံးထဲမှာ လူသုံးများတာကတော့ Readability ပါ - ဘာလို့လည်းဆို သူက စာဖတ်ရင်း အဲ့စာလေး သဘောကျလို့ တစ်ယောက်ယောက်ကို ဝေမျှချင်ပြီ ဆိုရင် နေရာကနေ နောက်ပြန်လှည့်စရာ မလိုပဲ တိုက်ရိုက် ဝေမျှ သိမ်းထားလို့ ရတဲ့ Email button - Print button လေးတွေ ပိုပါပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ စိတ်စွဲတယ်ပဲ ပြောရမလား Readable ကို ပိုသဘောကျပါတယ်။


သူတို့ နှစ်မျိုး အပြင် နောက်ထပ် ရွေးချယ်လို့ရမယ့် နည်းလမ်းတွေ ရှိပါသေးတယ်။  ရေးထားတာလေး ဖတ်ပြီးကျော်သွား တာမျိုးမလုပ်ပဲ အောက်မှာ ဖော်ပြထားတဲ့ နေရာတွေကနေ သွားရောက် စမ်းသပ်ကြည့်ကြပါဦး - အနှစ်ချုပ်အားဖြင့် နည်းလမ်း သုံးမျိုးရှိပါတယ် -


နည်းလမ်း ( ၃ ) - Browser Extension ဖြင့် စာမျက်နှာအား Reformat လုပ်ခြင်း

ချုံ့ချဲ့လည်း မလုပ်ချင်ဘူး - javascript bookmarklet ကိုလည်း မသုံးချင်ဘူး ဖြစ်နေပါသလား ? ဒီလိုဆို ကျွန်တော်တို့ မှာ နောက်ထပ် ရွေးချယ်စရာ နည်းလမ်းတွေ ရှိပါသေးတယ်။ အဲတာကတော့ အောက်မှာ ဖော်ပြသွားမယ့် Browser extensions တွေထဲက တစ်ခု မဟုတ် တစ်ခု သုံးဖို့ပါ - အဲလို သွင်းရတဲ့ Browser extensions တွေထဲက ကျွန်တော် သဘောအကျမိဆုံးကတော့ iReader - Firefox အတွက် extension ကို ဒီနေရာကနေ ယူနိုင်ပြီး Chrome အတွက် extension ကိုတော့ ဒီနေရာကနေ ယူနိုင်ပါတယ်။ iReader ကို installs လုပ်ဆောင် ပြီးသွားတာနဲ့ button လေးတစ်ခုက browser ရဲ့ address bar မှာ ပေါ်လာပြီး ကိုယ် ကြည့်တဲ့ Website ရဲ့ စာမျက်နှာပေါ်က အကြောင်းအရာအလိုက် ပြုပြင်ပြောင်းလဲလို့ ရတယ်ဆိုရင် အောက်ဖော်ပြပါ အတိုင်း Active ဖြစ်လာမှာ ဖြစ်ပါတယ်။



အဲ့ဒီ့ button လေးကို click ပေးလိုက်တာနဲ့ iReader ကနေ web စာမျက်နှာပေါ်က မလိုလားအပ်တဲ့ ads တွေ - နောက် ကြည့်ရှုရခက်နေတဲ့ စာမျက်နှာ အပြင်အဆင်အားလုံးကို နောက်မှာ ချန်ထားပြီး အောက်ဖော်ပြပါ အတိုင်း ပြင်ဆင်ဖွဲ့စည်းပေး သွားမှာ ဖြစ်ပါတယ်။ iReader မှာ ပါတဲ့ တစ်ခြား အားသာချက်တွေက ကိုယ်ဖတ်နေတဲ့ စာမျက်နှာကို သဘောကျလို့ Tweet လုပ်ချင်တာ ဖြစ်စေ - Facebook မှာ တစ်ခြားသူ သိရအောင် ပြန်လည် ဖော်ပြချင်တာ ဖြစ်စေ - Mail နဲ့ ပို့ချင်တာ - Print ထုတ်ချင်တာ စသဖြင့် Options တော်တော်များများကို စိတ်ကြိုက်ရွေးချယ် လုပ်ဆောင်နိုင်ပါတယ်။ အနှစ်ချုပ်အားဖြင့် နည်းလမ်း ( ၄ ) ခု ရှိပါတယ် -




နည်းလမ်း ( ၄ ) - မလိုအပ်သည်များ စိတ်ကြိုက်ရွေးချယ် ဖယ်ရှားခြင်း

တစ်ခါတစ်လေ ကျွန်တော်တို့မှာ အခြေအနေ တစ်ခုရှိတယ်။ အဲတာက အပေါ်မှာ ဖော်ပြခဲ့တာတွေကို စာမျက်နှာတစ်ခုလုံး Reformat လုပ်ချင်တာမျိုး မဟုတ်ဘူး - အဲ့ဒီ့ ကိုယ်ဖတ်မယ့် စာမျက်နှာပေါ်က အကြောင်းအရာ ကိုယ့်ကို စိတ်အနှောင့် အယှက်ပေးနေတဲ့ အကြောင်းအရာ နည်းနည်းလေးလောက်ကိုပဲ ပျောက်သွားစေချင်တာ - ဒီလိုမျိုး ဖြစ်ချင်နေပြီ ဆိုရင် Firefox add-on တစ်ခု ဖြစ်တဲ့ Nuke Everything Enhanced ကို အသုံးပြုဖို့ အကြံပြုလိုပါတယ်။



သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ Web စာမျက်နှာပေါ်က စာသားတွေကိုပဲ ဖြစ်စေ - Object တွေကိုပဲ ဖြစ်စေ မမြင်ချင်တာကို စိတ်ကြိုက်ရွေးချယ်ပြီး Hide ထားလိုက်လို့ ရသလို - ကိုယ်လိုချင်တာလေးပဲ ရွေးထုတ်ပြီး “Remove everything else” ကို အထက် ဖာ်ပြပါ အတိုင်း ရွေးချယ်ပေးခြင်း အားဖြင့်လည်း စာမျက်နှာပေါ်က ကိုယ်ရွေးချယ်ထားတာလေးပဲ ချန်ပြီး ကျန်တာတွေ အားလုံး ပျောက်သွားအောင် လုပ်ဆောင်လို့ ရပါတယ်။ ဒီနည်းလမ်း စာမျက်နှာ တစ်ခုပေါ်က ကိုယ်စိတ်ဝင်စားတဲ့ အစိတ်အပိုင်း တစ်ခုတည်းကိုပဲ Print ထုတ်ချင်တဲ့ အခါမျိုးမှာ အရမ်းအသုံးဝင်ပါတယ်။ အနှစ်ချုပ်အားဖြင့် နည်းလမ်း တစ်မျိုး ရှိပါတယ် -



နည်းလမ်း ( ၅ ) - Safari Reader အား အသုံးပြုခြင်း

တစ်ချို့က Browser တွေ အားလုံးရဲ့ ကြားမှာ Apple ရဲ့ web browser Safari ကို သဘောကျကြတယ် - တကယ်လို့များ ကိုယ်လည်း Safari ကို သဘောကျပြီ - လတ်တလောလည်း သုံးနေပြီ ဆိုရင် အထက်မှာ ပြောခဲ့တာတွေ ဘာတစ်ခုမှ သုံးဖို့ကို မလိုတော့ပါဘူး - ဘာကြောင့်လည်း ဆိုရင် Safari 5 မှာ အထက်မှာ ဖော်ပြခဲ့တာတွေထက် ပိုပြီးကောင်းတဲ့ Readable built-in ability ပါဝင်လာပါတယ်။


သူ့ရဲ့ လုပ်ဆောင်ချက်နဲ့ ဆင်တူတာကို ပြရမယ် ဆိုရင် Readability tool ရဲ့ လုပ်ဆောင်ချက်နဲ့ သိပ်မကွာပါဘူး - Webpage loading ပြီး သွားတာနဲ့ address bar မှာ “Reader” button ပေါ်လာပြီး သူ့ကို click ပေးလိုက်ရင် စာမျက်နှာကို format လုပ်ပေးသွားမှာမျိုး ဖြစ်ပါတယ်။ အနှစ်ချုပ်အားဖြင့် နည်းလမ်း တစ်မျိုး ရှိပါတယ် -



ကျွန်တော် ခု ဖော်ပြခဲ့တာ အားလုံးကို ပြန်လည် ရေတွက်ကြည့်ရင် နည်းလမ်း ( ၅ ) မျိုးနဲ့ Tools ( ၁၂ ) မျိုး ရိှပါတယ်။ မိမိနှစ်သက်ရာ နည်းလမ်း - သဘောကျရာ Tools ကို သုံးပြီး အမြင်အာရုံ ကြံ့ခိုင်စေရေး ဂရုစိုက် ပြင်ဆင်ကြရအောင်ပါ။

KznT.

Gmail Gets 5 New Themes

Gmail ထဲမှာ Themes ပြောင်းလို့ ရတယ် ဆိုတာတော့ မိသားစုဝင်အားလုံး သိထားပြီးခဲ့လောက်ပါပြီ - ခု သတင်းကတော့ Gmail Themes ပြောင်းနည်းကို ပြောမလို့ မဟုတ်ပါဘူး - အရင် အဲ့ဒီ့ Themes တွေ ရှိတည်းက တစ်ခုမှ သဘောမကျနိုင်ခဲ့တဲ့ ကျွန်တော် - ဒီနေ့ Gmail Team ကနေ Gmail ထဲမှာ နောက်ထပ် Themes အသစ် ငါးခု ထပ်ထည့်ထားတယ် ဆိုပြီး သတင်း ထွက်လာတော့ အပြေးအလွှား ပြေးကြည့်မိပြီး တော်တော်လေး ပျော်ခဲ့ရပါတယ်။ ဘာကြောင့်လဲ ဆို အဲ့ဒီ့ Themes အသစ် ငါးခုထဲမှာ ကျွန်တော် အရမ်းသဘောကျတဲ့ Theme လေးတစ်ခု ပါလာလို့ပါ။ မိသားစုဝင်များလည်း သဘောကျကြမလား မသိဘူး - Gmail > Settings > Themes အောက်မှာ သွားကြည့်ကြည့်ကြပါဦး -



  • Basic Black: ပထမဆုံး တစ်ခုကတော့ အောက်မှာ မြင်ရတဲ့ အတိုင်း Basic Black ပါ။ ကျွန်တော်တော့ တော်တော်လေး မည်းသလိုပဲ :D 


  • Basic White: သူကကျတော့ Basic Black နဲ့ ပြောင်းပြန် တော်တော်ကြီး ဖြူနေပြန်တယ်။


  • Android: သူကတော့ ကျွန်တော် အချစ်ဆုံး Theme လေးပါ - ကျွန်တော်က အစိမ်းရောင် ခပ်ဖျော့ဖျော့ဆို သဘောကျတယ် - အဖြူရောင်လေးလည်း ပါတယ် - မျက်စိထဲ ယဉ်နေသလိုပဲ - တကယ်လို့ Google Chrome သမားတွေ Android Theme သုံးချင်ရင် ဒီနေရာကနေ သွားဝတ်နိုင်ပါတယ်။ 


  • Tree Tops: ဒီ Theme လေးလည်း ကျွန်တော် သဘောကျပါတယ်။ ဒါပေမယ့် အစိမ်းနဲနဲ များလို့ မျက်စိထဲ သိပ် ဘဝင်မကျမိပါဘူး။


  • Marker: ဒီ Theme လေးကတော့ ပန်းချီဆန်ပါတယ်။ ကလေး ပန်းချီလိုမျိုးပဲ - ချစ်ဖို့ ကောင်းပါတယ်။ 


အခုဖော်ပြထားတဲ့ Themes တွေအားလုံး Gmail နဲ့ Google Apps users တွေ သုံးနိုင်ပါပြီ။ စမ်းသပ်ကြည့်ကြပါ။


KznT.

Which of these is not a web browser ??


ဒီလို မေးခွန်းများ အမေးခံရရင် ဘယ်လိုများ မိသားစုဝင်များ ဖြေကြမယ် မသိ ??


UK မှာ နာမည်ကြီးတဲ့ Who Wants to be a Millionaire ? ကို Indian version ‘Kaun Banega Crorepati’ ဆိုတဲ့ အမည် ပြောင်းထားပြီး Indian television ကနေ စီစဉ် တင်ဆက်တဲ့ ဒီ popular quiz-based reality show မှာ ကျွန်တော် အပေါ်မှာ ဖော်ပြထားတဲ့ အတိုင်း -

Which of these is not a web browser ??


ဆိုမေးပြီး အောက်က အဖြေ လေးမျိုးထဲကနေ တစ်မျိုး ရွေးခိုင်း သွားပါတယ်။ ဖြေတာ မှန်ရင် ဆုအဖြစ် ချီးမြှင့်ငွေ ရမယ်ပေါ့။ သိထားပြီးသား သူ တစ်ယောက် အတွက်တော့ လွယ်လှချည်လားလို့ ထင်စရာ ရှိပါတယ် - ဒါပေမယ့် သေသေချာချာ ပြန်တွေးကြည့်ရင် ကျွန်တော်တို့တွေ လည်း တစ်ချိန်ကသာ ဒီလို မေးခွန်းမျိုးကို ဖြေခိုင်းရင် အူကြောင်ကြောင်နဲ့ ခေါင်းကုတ် နေမိဦးမလားပဲ -



Internet users တွေ တော်တော်များများက တစ်နေ့ နဲ့ တစ်နေ့ Browser ထဲမှာ နေပြီး Site တစ်ခုကနေ တစ်ခုသာ ကူးနေတာ Browser ဆိုတာ ဘာမှန်း ဆိုတာကိုတောင် တော်တော်များများက မသိကြပါဘူး - နဲနဲ စူးစူးစမ်းစမ်း ရှိပြီး ဟိုစပ်စပ် ဒီစပ်စပ် သိချင်သူတွေနဲ့ လေ့လာသူ အနည်းငယ် လောက်ပဲ Browser ဆိုတာ ဘာမှန်း တိတိကျကျ ဖြေနိုင်ကြပါတယ်။ ဒီလို ပြောတော့ ပိုမယ် ဖြစ်မယ် - ကျွန်တော်တို့ မြန်မာနိုင်ငံလို နည်းပညာ ဖွံ့ဖြိုးဆဲ - အင်တာနက် အရှိန်ယူဆဲ နိုင်ငံ တစ်ခု မပြောနဲ့ - နည်းပညာဖွံ့ဖြိုးပြီး - အင်တာနက် မြန်ဆန်ပြီး နိုင်ငံတွေမှာ နေကြတဲ့ သူတွေတောင် Browser ဆိုတာ ဘာမှန်း တိတိကျကျ မဖြေနိုင် ကြသေးပါဘူး - အောက်က ဗွီဒီယိုကိုသာ ကြည့်ကြည့်ပါ။



New York က အလုပ်များ လူရှုပ်တဲ့ နေရာတစ်ခုမှာ Google ကနေပြီး လမ်းပေါ်က ဖြတ်သွား ဖြတ်လာ လူတွေကို Random မေးခွန်းတစ်ချို့နဲ့ အထက်မှာ ဖော်ပြထားတဲ့ ဗီွဒီယိုကို ရိုက်ကူးခဲ့ပါတယ်။ မေးခွန်းတွေဟာ သိတဲ့ သူ တစ်ယောက် အတွက်တော့ လွယ်တာပေါ့ - ဒါပေမယ့် စိတ်မဝင်စားတဲ့ သူ သွားမေးတော့ကျ ဘယ်သူက ဘာသိမှာလဲ - ကြည့်ရင်းနဲ့ ကျွန်တော် ပြုံးမိတယ် - အဲတာလေး ကြည့်ပြီး ကျွန်တော် ဘာကို တွေးမိလည်း ဆိုတော့ ဒီလိုဗွီဒီယိုမျိုးကိုသာ မြန်မာနိုင်ငံ ရန်ကုန်မြို့လို နေရာမျိုးက လမ်းမတစ်ခုပေါ်မှာ Google ကလာရိုက်လို့ မြန်မာတွေ မဖြေနိုင်ရင် မြန်မာတွေ တုံးလိုက်တာ ဆိုပြီး မြန်မာချင်း အားမနာတမ်း  ပြောမယ့်သူတွေ - နိုင်ငံတကာက လက်ညိှုးဝိုင်းထိုးကြမယ့် သူတွေ ဘယ်လောက်တောင် ရှိမလဲ ဆိုပြီး စဉ်းစားမိတယ်။ တုံးတယ် တုံးတယ် နဲ့ ခု New York က သူတို့တွေလည်း ဘာထူးလဲ - တကယ်တော့ လူတစ်ယောက်ရဲ့ အသိပညာ တိုးတက်မှု ဆိုတာ ပံ့ပိုးပေးနိုင်မှုနဲ့ သိပ်အများကြီး မပတ်သတ်လှပါဘူး - ကိုယ်ကိုယ်တိုင်က ဘယ်လောက်လိုချင်လဲ ဆိုတာပေါ်ပဲ ပိုပြီး မူတည်ပါတယ် - 

အခုလည်း Which of these is not a web browser ?? ဆိုတဲ့ မေးခွန်းကို Bollywood actor Amitabh Bachchan က Who Wants to be a Millionaire ? show မှာ မေးလိုက်တယ်။ ကောင်မလေး ကြည့်ရတာ တော်တော်လေး စဉ်းစား နေရပုံပဲ - ပေးထားတာတဲ့ လေးခုက Firefox, Opera, Facebook နဲ့ Google Chrome - မိသားစုဝင်များ စမ်းဖြေကြည့်ပါဦး - ဘယ်ကောင် အဖြေမှန်ဖြစ်မလဲ ?? မြန်မာမိသားစု အတွက်တော့ လွယ်ကောင်း လွယ်ပါလိမ့်မယ်။ ဒါပေမယ့် ပရိတ်သတ်ဆီက ဆန္ဒမဲ မေးကြည့် ပြီးမှ Facebook ဆိုတဲ့ အဖြေမှန်ကို ဒေါက်တာမလေး ဖြေနိုင်ခဲ့တာပါ။


သူက စစချင်း Facebook နဲ့ Chrome ကို ရောနေပါသေးတယ်။ Chrome ကို Web Browser မှန်း သူ ကောင်းကောင်း မသိပါဘူး - နောက်အဖြေမှန်သွားတော့ ရူပီး ၁၀၀၀၀ ကောင်မလေး ရသွားတယ်။ Amitabh Bachchan က အဲ့နောက်မှာ Facebook is a social networking website, not a browser. Good Answer. ဆိုပြီး ဆက်ရှင်းပြသွားပါတယ်။ ဒီအောက်က ကောင်မလေး ဖြေတာကို Record လုပ်ထားတာပါ။ အကုန် အကြည့်ချင်ရင် ( 5:20 ) ကို ကျော်ကြည့်နိုင်ပါတယ်။


ခုဟာလေးနဲ့ ပတ်သတ်ပြီး ဆက်စပ်နေလို့ ဇာတ်ကားလေး တစ်ကားလည်း မကြည့်ဖူးသေးရင် ကြည့်စေချင်ပါသေးတယ်။ အဲ့ ဇာတ်ကားလေးက ခု ဒီပို့စ်မှာ အဓိက ပြောခဲ့တဲ့ India က Who Wants to be a Millionaire ? show ကို အခြေတည်ပြီး Slumdog Millionaire ဆိုတဲ့ နာမည်နဲ့ ၂၀၀၈ ခုနှစ်က ရိုက်ထားတဲ့ ကားပါ။ မကြည့်ရသေးလို့ ကြည့်ချင်ရင် ဖိုရမ်က ဒီနေရာမှာ တင်ပေးထားတာ ရှိပါတယ်။ မကြည့်ဖူးသေးရင် ကြည့်စေချင်ပါတယ်။ 

ဒီအကြောင်းကို ရေးဖြစ်သွားတာက ဖိုရမ်မှာ Google ၏ ပြောင်းလဲမှုများ အကြောင်း ဆိုပြီး ကျွန်တော် ရေးနေတာလေး ရှိသလို နောက်ပိုင်း Browser လောကမှာ လူကြိုက်များသထက်များလာမယ့် Google Chrome အကြောင်းကိုပါ နောက်ပိုင်း အားတဲ့ အချိန်တွေရှိရင် သူ့ရဲ့ အသုံးဝင်ပုံတွေကို မိတ်ဆက်ပေးနိုင်အောင် အခုကတည်းက အစပျိုးထားလိုက်တာပါ။


Amitabh Bachchan ကတော့

“Chrome is a new browser, extremely beautiful and it runs very fast.”

ဆိုပြီး ပြောခဲ့ပါတယ်။ တကယ်ရော သူပြောသလို ဟုတ်ရဲ့လား - Google Chrome က ဘာတွေများ စွမ်းဆောင်ရည် ကောင်းသလဲ - သူ့က အချိန်တိုတွင်း Browser လောကကို ဘာလို့ ထိုးဖောက်နိုင်လာသလဲ - သူ့မှာ ဘယ်လို အားထားစရာ Add-ons တွေရှိသလဲ - ဒါတွေကို နောက်ပိုင်း အလျဉ်းသင့်သလို ဖော်ပြပေးသွားပါ့မယ်။

KznT.

Useful Tips For Youtube Lovers

စာမရေးဖြစ်တာ နဲနဲ ကြာသွားတယ် - ကျွန်တော် အားလုံး အတွက် အသုံးဝင်မယ့် အကြောင်းအရာလေး တစ်ခု အသေးစိတ် ရေးနိုင်ဖို့ စာနည်းနည်း လိုက်ဖတ်နေတာနဲ့ အချိန်ကြာသွားတာပါ - ကျွန်တော် လေ့လာခဲ့တာလေးတွေကို ခု အားလုံး စုပေါင်းပြီး ဖောက်သည်ချပါတော့မယ်။

ကျွန်တော် အင်တာနက် စသုံးခဲ့စတုန်းက Online video sharing တွေ အကြောင်း သိပ်မသိခဲ့သေးသလို သူ့ အသုံးဝင်ပုံတွေ အကြောင်းလည်း ကောင်းကောင်း နားမလည်ခဲ့သေးပါဘူး - အဲ့တုန်းက ကျွန်တော်နားလည်တာ ကိုယ်နားထောင်ချင်တဲ့ သီချင်းရှိရင် အင်တာနက်ထဲ ပြူးပြူးပြဲပြဲ လိုက်ရှာမယ် - ရှာမတွေ့ရင် သိတဲ့ မိတ်ဆွေ - သူငယ်ချင်းတွေဆီ အပူကပ် အကူအညီတောင်းမယ် - နောက်ပိုင်း နည်းနည်း ဟိုစပ်စပ် ဒီစပ်စပ်သိလာတော့  တတ်နိုင်သူတွေကို Upload တင်ခိုင်းမယ် အဲလိုတွေပဲ စဉ်းစားခဲ့တယ်။ Online video sharing ဆိုတာ ခုမှသာ ကျွန်တော်က ရေးကြီးခွန်ကျယ် လုပ်ပြောနေတာ တကယ်တော့ နားလည်သူ တစ်ယောက်အတွက်ဆို ဟာသတစ်ခုတောင် ဖြစ်နေမလားပဲ - တကယ်တော့ ဘယ် အသိပညာပဲ ဖြစ်ဖြစ် အဲ့ ပညာရပ်ဟာ သိတဲ့ သူအတွက် ကလေးကစားစရာ ဖြစ်သွားပေမယ့် လုံးဝနားမလည်သူ အတွက်တော့ မျှဝေမယ့်သူ မရှိရင် "0" အဆင့်ကနေ တက်ဖို့ကို တော်တော်ခဲယဉ်းပါတယ်။ တစ်ချို့က စိတ်ဝင်စားတယ် ဒါပေမယ့် အင်တာနက်က လက်တစ်ကမ်းမှာ မရှိဘူး - တစ်ချို့က လက်တစ်ကမ်းမှာ ရှိတယ် - ဒါပေမယ့် လူမအားဘူး - စသဖြင့် အခက်အခဲ အကျပ်အတည်းမျိုးစုံနဲ့ လည်ပတ်နေကြတဲ့ လူမှု ပတ်ဝန်းကျင်မှာ ကျွန်တော်တို့တွေ တစ်ယောက်နဲ့ တစ်ယောက် တာဝန်ကျေကြဖို့ လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မင်းဘာလုပ်နိုင်လဲ ငါ ဘာလုပ်နိုင်လဲ ဆိုတာ ပြိုင်နေတာမျိုးထက် တစ်ခြားသူ တစ်ယောက်အတွက် ငါ ဘယ်လောက် အသုံးဝင်ခဲ့ပြီလဲ ဆိုတာကို ပိုင်းဖြတ်နိုင်ဖို့က လူတစ်ယောက်ရဲ့ တန်ဖိုးမှာ ပိုပြီး အရေးပါပါတယ်။ 

ခု မျက်မှောက်ခေတ်မှာ  Online video sharing ဆိုတာ အရမ်းကို ကျယ်ပြန့်လာပြီ - တစ်ခုခု ကို ဝေမျှချင်ပြီ ဆိုရင် တော်ယုံ စာရိုက်ပြီး တစ်ဆင့်ချင်း ရှင်းပြတာမျိုးတောင် ဘယ်သူမှ သိပ်မလုပ်ကြတော့ဘူး - ဖျော်ဖြေရေး ကဏ္ဍကနေစလို့ - ပညာရေး - နည်းပညာ - သတင်း - လူမှုဘဝ အားလုံးကို Online video sharing sites တွေမှာ စက္ကန့်နဲ့ အမျှ အချိန်နဲ့ တစ်ပြေးညီ တင်ပြီး ဝေမျှ နေကြပါပြီ - ကမ္ဘာပေါ်က ဘယ်နိုင်ငံရဲ့ ဘယ်နေရာမှာ ဘာတွေ ဖြစ်နေလဲ - ဒါကို ကျွန်တော်တို့ သတင်းစာလှန်ဖတ်ပြီး သိနေယုံလောက်နဲ့ ရောင့်ရဲနေရင် တကယ်တမ်း နောက်မှာပြတ်ကျန်ခဲ့မှာ ကျွန်တော်တို့ပဲ ဖြစ်သွားပါလိမ့်မယ်။ ဒါတင်မက တစ်ချို့ နည်းပညာနဲ့ ဆိုင်တာတွေ ဆိုရင်လည်း စာနဲ့ ဖတ်ရင် ၁ နာရီလောက် ဖတ်ရင်တောင် မျက်စိထဲ မမြင်နိုင်တဲ့ အကြောင်းအရာမျိုးတွေက Online video sharing sites တွေမှာ ရှိတဲ့ လက်တွေ့သရုပ်ပြ ဗွီဒီယိုတွေကို ကြည့်လိုက်ရင် မိနစ်ပိုင်းအတွင်း နားလည်သွားနိုင်တာမျိုးတွေလည်း ရှိလာပါပြီ - ဒါ့ကြောင့် ကျွန်တော်တို့တွေ Online video sharing sites တွေကို အကျိုးရှိရှိ အသုံးချတတ်ဖို့နဲ့ လိုအပ်ချက်တွေ ပြည့်စုံအောင် ဘယ်လို ဖန်တီးနိုင်မလဲ ဆိုတာ ဒီနေရာမှာ တစ်ပိုင်းချင်း တစ်ချက်ချင်း ဆွေးနွေးသွားပါမယ်။

Online video sharing လို့ ပြောလိုက်ရင် မျက်မှောက်ခေတ်မှာ Metacafe - Blip.tv - Youtube videos - Yahoo Videos စသဖြင့် လက်ညိှုးထိုးပြရမယ့် နေရာတွေ တော်တော်များများ ရှိပါတယ်။ သူတို့ဆီမှာ ရှိနေတဲ့ သန်းနဲ့ ချီတဲ့ video clips တွေမှာ နည်းပညာနဲ့ ဆိုင်တာတွေ - သီချင်း albums တွေ - နောက် Movie trailers တွေ - သတင်းနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေ - ဗဟုသုတ ဝေမျှချက်တွေ စသဖြင့် ကဏ္ဍပေါင်း မြောက်များစွာ မရေမတွက်နိုင်အောင် ရှိနေပါတယ်။ ဒီလို ကဏ္ဍအသီးသီးက အကြောင်းအရာတွေကို Online viewing အနေနဲ့ Internet ရှိတဲ့ နေရာတိုင်းမှာ တိုက်ရိုက်ကြည့်လို့ ရသလို - Internet မရနိုင်တဲ့ နေရာတွေ အတွက်ဆိုရင်လည်း Download ကြိုချထားပြီး နောက်ပိုင်းမှာ Offline viewing အနေနဲ့ ကြည့်ရှုနိုင်ပါတယ်။

အဲလို Offline viewing အတွက် ဖြစ်စေ - တစ်ခြား အကြောင်းတစ်ခုခု အတွက် ဖြစ်စေ downloaded ချထားပြီး သိမ်းဆည်းတဲ့ နေရာမှာ Video files တွေက ယေဘုယျအားဖြင့် FLV format ( Flash Video ) နဲ့ ဖြစ်ပါတယ်။ FLV format ဆိုတာ  Video compression အတွက် Adobe ကနေ ထုတ်ထားတဲ့ စံသတ်မှတ်ချက်ပါ။ ဒီ Format က Online video လောကမှာ အရင် အသုံး ပြုခဲ့ကြတဲ့ Apple QuickTime, AVI, Windows Media နဲ့ Real rm formats ဆိုတာတွေရဲ့ နောက်မှာ တမဟုတ်ချင်း တရှိန်ထိုး လူသိများလာတဲ့ Web standard format တစ်ခုလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် Flash Video ဆိုတာတွေက Web browsers တော်တော်များများ မှာ တွဲပါဝင်ပြီးသား ဖြစ်တဲ့ Macromedia Flash Players  နဲ့ အသင့်တွဲ ကြည့်နိုင်တာကြောင့် ဖြစ်ပါတယ်။

ကျွန်တော်တို့တွေ Google Videos တို့ Youtube videos တို့ကို ဘယ်လို Download ချလို့ ရမယ် ဆိုတာတော့ တော်တော်များများ သိပြီး ကြပါပြီ - တကယ်လို့ မသိခဲ့သေးဘူး ဆိုရင်လည်း ကျွန်တော် အရင်က ရေးထားပြီးတဲ့ အင်တာနက် အတွင်း သီချင်းရှာဖြွေခင်း ဆိုတဲ့ အကြောင်းထဲမှာ တစ်စိတ်တစ်ဒေသ ဖော်ပြထားပါတယ်။ လေ့လာ ကြည့်နိုင်ပါတယ်။ ဒါပေမယ့် ခု ကျွန်တော်တို့ ဆက်တွေးစရာ ရှိလာတာက  Google Videos တို့ Youtube videos တို့ကို Downloaded ချလို့တော့ ပြီးသွားပြီ - ပြီးတော့ရော ဘာဆက်လုပ်မှာလဲ ?? FLV video files တွေကို ပြုပြင်ပြောင်းလဲလို့ ရသလား ?? စသဖြင့် သိထားသင့်တာတွေ တော်တော်များများ ရှိလာပါတယ်။ ဒါတွေအားလုံးနဲ့ ပတ်သတ်ပြီး လေ့လာသူ တော်တော်များများ လိုလားချက် အပြည့်နဲ့ သိချင်မယ့် ယေဘုယျ ကျတဲ့ အကြောင်းအရာတွေကို ဒီနေရာမှာ စုစည်း ဖော်ပြလိုက်ပါတယ်။


မေးခွန်း အမှတ် ( ၁ ) - ကျွန်တော် Youtube - Google Videos နဲ့ Metacafe က Videos ဖိုင်တွေကို ဘယ်လို Download ရယူနိုင်ပါမလဲ ??

Video sharing sites တွေက ကျွန်တော်တို့ သိထားပြီးသလို သီချင်းတွေ - Video တွေ - သတင်းတွေသာ အလကား ကြည့်ခွင့် ပေးတာ - သူတို့ဆိုဒ်ကနေ အလွယ်တကူ ဒေါင်းလုပ်ချဖို့ ကိုတော့ လျောလျောရှုရှုနဲ့ အဆင်ပြေအောင် ဖန်တီးပေးမထားပါဘူး - အခုနောက်ပိုင်းတော့ Youtube တို့ - တစ်ခြား Video sharing sites တွေက IDM ( Internet Download Manager ) တင်ထားလိုက်ရင် တော်တော်များများ အဆင်ပြေပြေ ချလို့ ရနေပါပြီ။ ဒါပေမယ့် တစ်ချို့ IDM သုံးဖို့အဆင်မပြေသူ - သုံးနေရင်း Update ပေးမိလို့ ဖြစ်စေ - တစ်ခြား အကြောင်း အမျိုးမျိုးကြောင့် ခဏခဏ Error တက်သူတွေ အတွက် IDM မလိုပဲ Download ချလို့ ရမယ့် နည်းလမ်းပေါင်း မြောက်များစွာထဲက နောက်ထပ် လွယ်ကူ အဆင်ပြေနိုင်မယ့် နည်းလမ်း ( ၂ ) ခု ကို ဖော်ပြပေး ပါ့မယ်။

နည်းလမ်း ( ၁ ) : Youtube အပါအဝင် တစ်ခြား Youtube လိုမျိုး Video sharing sites တွေက ကိုယ်လိုချင် သိမ်းထားချင်တဲ့ Videos တွေကို သိမ်းဆည်းထားနိုင်ဖို့ ကျွန်တော် သဘောအကျဆုံး Add-ons တစ်ခု ကတော့ Video Download helper ပါ - 


ဒီ Add-ons ကို Install လုပ်ပြီး Video sharing sites တစ်ခုခု ဥပမာ ( Youtube ) ကနေ သီချင်း တစ်ပုဒ် ဖွင့်လိုက်တယ် ဆိုကြပါစို့ - ဒီလိုဆို အောက်ဖော်ပြပါ အတိုင်း တင်ထားတဲ့ Videos မှာ Quality အမျိုးမျိုးရှိရင် Quality အမျိုးမျိုးနဲ့ Download ချလို့ ရအောင် ဖော်ပြပေးမှာ ဖြစ်ပြီး ကျွန်တော်တို့က အဲ့ထဲက နှစ်သက်ရာ တစ်ခုကို Click ပေးပြီး စက်ထဲက နေရာတစ်ခုမှ သိမ်းလိုက်ယုံပါပဲ -


Video Download helper လိုပဲ တစ်ခြား Download ချရာမှာ လွယ်ကူအောင် ကူညီပေးနိုင်တဲ့ Easy Youtube video downloader - 1-Click YouTube Video Download နဲ့ တစ်ခြား အသုံးဝင် Add-ons အများအပြားလည်း ကျန်ရှိနေပါသေး တယ်။ ဒီနေရာမှာ သွားရောက် လေ့လာကြည့်ပြီး နှစ်သက်သလို အသုံးပြုနိုင်ပါတယ်။

နည်းလမ်း ( ၂ ) - နောက်ထပ် အလွယ်ကူဆုံး နည်းလမ်း တစ်ခုက ကိုယ်သိမ်းထားချင်တဲ့ Video ရဲ့ URL ကို Copy ကူးပြီး  KeepVid Lite မှာ paste လုပ်ပြီး Download ချခြင်း အားဖြင့်လည်း ဘာ Add-ons မှ install လုပ်ဖို့ မလိုပဲ သိမ်းဆည်းထားနိုင် ပါသေးတယ်။ ဒါပေမယ့် ဒီနည်းလမ်းဟာ ကိုယ့်စက်ထဲမှာ Java install လုပ်ဆောင်ထားပြီးသား ဖြစ်ဖို့ လိုပါတယ်။ အကယ်၍ Error တစ်ခုခု ပြခဲ့ရင် Free Java Download ကို ဒီနေရာမှာ ရယူနိုင်ပါတယ်။

မေးခွန်း အမှတ် ( ၂ ) - ကျွန်တော်က Youtube မှာ သဘောကျတဲ့ Video clips လေးတွေ တွေ့ရင် နှစ်ခါ စဉ်းစား မနေဘူး Download ချပစ်လိုက်တာပဲ - ဒါပေမယ့် ခုတော့ Download ချထားတာတွေ များပြီး ကိုယ်ကြည့်ချင်တဲ့ Video clip ကို ပြန်ကြည့်ရဖို့ စက်ထဲမှာ တော်တော်ကြီး ပြန်ရှာရှာနေရတယ်။ အဲတာ Youtube ကနေ Download ချထားတဲ့ FLV Video files တွေကို နောက်တစ်ကြိမ် ပြန်ကြည့်ချင်လို့ ရှာဖွေတ့ဲ အခါ လွယ်ကူအောင် ဘယ်လို သိမ်းဆည်းထားလို့ ရနိုင်မလဲ ??


သီချင်းရှာနည်းကိုလည်း သိပြီ - Download ဘယ်လို ချရမယ် ဆိုတာကိုလည်း နားလည်ပြီ ဒီလိုဆိုရင် သိပ်မကြာခင်မှာ Dwonload ချရင်း ချရင်းနဲ့ ကိုယ့်စက်ထဲမှာ စုထားဆောင်ထားတဲ့ FLV files တွေရဲ့ ပမာဏက ကြောက်မခန်းလိလိ ကြီးထွားလာပါလိမ့်မယ်။ အဲမှာ ကျွန်တော်တို့ ပြဿနာ တက်လေ့ရှိတာက Download တွေ အရမ်းကာရော စွတ်ချပြီး နောက်ဆုံး တကယ်တမ်း ဇာတ်ကားတစ်ကားကား ဖြစ်စေ - သီချင်းတစ်ပုဒ်ပုဒ် ဖြစ်စေ ပြန်ကြည့်ချင်တဲ့ အခါမှာ ပမာဏ များပြားလွန်းတဲ့ ကိုယ့်ရဲ့ FLV files တွေကြောင့် ကိုယ်ကြည့်ချင်ရာကို အလွယ်တကူ ပြန်ရှာမတွေ့နိုင်တဲ့ အခက်အခဲပါ - ဒါ့အပြင် မကောင်းတဲ့ တစ်ချက်က FLV files တွေဟာ Picasa တို့ Apple iTunes တို့လိုမျိုး Media gallery software တွေနဲ့ index လုပ်လို့လည်း မရသလို Search လုပ်လို့လည်း မရပါဘူး - ဒါ့ကြောင့် FLV ဖိုင်တစ်ခုကို တွေ့လိုက်တာနဲ့ ဒီဖိုင်က ဘာအကြောင်းကို ဖော်ပြတာလဲ ဆိုတာ လူပြိန်းတစ်ယောက် တွေ့ရင်တောင် မြင်သာ သိလွယ်အောင် အဆင်ပြေစေမယ့် နည်းလမ်းမျိုး ကျွန်တော်တို့ လုပ်ဆောင်ထားဖို့ လိုပါတယ်။

ဒီလို လုပ်ဆောင်ဖို့ ဆိုရင် ကိုယ်လိုချင်တဲ့ Video clip ကို Download ချပြီး ကတည်းက သူ့ နာမည်ကို မြင်သာ သိလွယ်အောင် ပြောင်းလဲ လိုက်ပါ။ ဆိုကြပါစို့ ကျွန်တော်တို့ Youtube မှာ ရှိတဲ့ 2009 ခုနှစ် စာပေဟောပြောပွဲက ဆရာချစ်ဦးညို ဟောပြောတဲ့ ဖိုင် ပထမပိုင်းကို Download ချလိုက်ရင် ကျွန်တော်တို့ စက်ထဲမှာ ၁၅ မိနစ် ၀၁ စက္ကန့် ကြာတဲ့ FLV file က ခုလို Singapore 2009 - Literary Talk - Part 14 a - Chit Oo Nyo ဆိုတဲ့ file name နဲ့ ရပါလိမ့်မယ်။ ဒီလို file name မျိုးကို ဘာမှ မပြုပြင် မပြောင်းလဲပဲ သိမ်းမယ့် အစား ၅ စက္ကန့်လောက် အချိန်ပေးပြီး Chit Oo Nyo_Literary Talk 1 ဆိုတာမျိုး ဖြစ်စေ Chit Oo Nyo_Talk 1 ဆိုတာမျိုး ဖြစ်စေ ပြောင်းသိမ်းလိုက်ပါ။ ဖော်ပြပါအတိုင်း ပြောင်းလဲသိမ်းဆည်းထားတဲ့ files မျိုးတွေက X1 - Filehand - Copernic Desktop Search စတဲ့ Desktop search programs မျိုး အသုံးပြုသူတွေအတွက် အလွယ်တကူ ရှာဖွေဖို့ ပိုမို လွယ်ကူစေ ပါတယ်။

မေးခွန်း အမှတ် ( ၃ ) - ကျွန်တော် Youtube ကနေ Download ချထားတဲ့ FLV files တွေက ကျွန်တော့် ကွန်ပြူတာမှာ ကြည့်လို့ မရဘူး - ကျွန်တော့်စက်ထဲမှာ ရှိနေတဲ့ Windows Media Player တို့ Winamp တို့ iTunes တို့နဲ့ ဖွင့်တော့လည်း မပွင့်ဘူး - ဘယ်လို လုပ်ရမလဲ ??

ဟိုအရင် တစ်ချိန်ကတော့ ဒီပြဿနာက တော်တော်လေး ဂယက်ရိုက်ခဲ့ပါတယ်။ ခုချိန်မှာတော့ FLV files တွေကို ဘာနဲ့ ဖွင့်ရမယ် ဆိုတာ တော်တော်များများလည်း သိထားကြပြီးသလို FLV files ကို ဖွင့်နိုင်တဲ့ အသုံးပြုနေကျ Players တစ်ခုစီလည်း လူတိုင်းမှာ ရှိနေကြလောက်ပါပြီ - ဒါပေမယ့် တစ်ချို့ လိုအပ်သူတွေ သိရှိနိုင်အောင် ပြန်လည်ဖော်ပြရရင် အရင်တစ်ချိန်က FLV files တွေ ဆိုတာ FLV players နဲ့ ဖွင့်မှ ကြည့်လို့ ရပါတယ်။ FLV Player တို့ Riva FLV player တို့ ဆိုတဲ့ Player လိုမျိုးပေါ့ - ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ ကျွန်တော် သဘောအကျမိဆုံး Player က VLC media player ပါ -  သူက FLV players တွေလိုမျိုးပဲ FLV files တွေကို ဖွင့်လို့ ရသလို တစ်ခြား ဘယ် formats တွေကို Support ပေးသေးတယ် ဆိုတာလည်း ဒီနေရာကနေ သွားရောက် လေ့လာနိုင်ပါတယ်။

မေးခွန်း အမှတ် ( ၄ ) - ကျွန်တော် ဟိုတစ်နေ့က ဆွေးနွေးပွဲလေး တစ်ခု Youtube မှာ တွေ့လို့ Download ချထားလိုက်တယ် - အဲ့ဒီ့ Video clip က မိနစ် ၃၀ ကျော်ကျော်လောက်တော့ ကြာတယ်ဗျ - ဒါပေမယ့် အဲ့ထဲမှာ ကျွန်တော် စိတ်ဝင်စားတဲ့ အပိုင်းက ၁၀ မိနစ်ကျော်ကျော် လောက်ပဲ ပါတယ်။ အဲ့တာ FLV file ထဲကနေ ကိုယ့်စိတ်ကြိုက် အပိုင်းလေး ဖြတ်ထုတ်ပြီး Video clip တစ်ခု အသစ် လုပ်လို့ ရနိုင်မလား ??

ဒီလို ပြဿနာ မျိုးက Youtube သမားတိုင်း ဖြစ်နေကြတာပါ - ဒီ ပြဿနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ မနည်းမနော ရှိပေမယ့် Free ရပြီး အသုံးပြုဖို့ သင့်တော်မယ့် Tools တွေကို ဦးစားပေး ဖော်ပြသွားပါ့မယ်။ အဲတာကတော့ FLV files အကြီးစားတွေထဲက ကိုယ်စိတ်ဝင်စားတဲ့ အပိုင်းလေးလောက်ကို ဖြတ်တောက်ရယူနိုင်ဖို့ အတွက်ဆို free ရတဲ့ FLV Parser သုံးဖို့ပါ - အသုံးပြုနည်းကို ဒီနေရာမှာ ရေးထားတာ ရှိပါတယ်။ FLV Parser ဟာ Free ရတဲ့ Tool တစ်ခု ဖြစ်တာ မှန်ပေမယ့် Command-line tool တစ်ခု ဖြစ်တာကြောင့် Command-line ကို အသုံးမပြုချင်သူ - စိတ်မဝင်စားသူ တစ်ယောက် အတွက် သုံးဖို့ အဆင်မပြေနိုင်ပါဘူး - အဲ့လို Command line ကို အသုံးမပြုချင်သူတွေ အတွက် Moyea FLV Editor Lite ဆိုတာ ရှိနေပါတယ်။ သူ့ရဲ့ အသုံးပြုနည်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ နောက် Option တစ်ခုကတော့ Free မရတဲ့ Ultra Video Splitter ကို key ထည့်သုံးတဲ့နည်းပါ - Ultra Video Splitter 6.0.0919 + key ကို ဖော်ပြပါ နေရာကနေ သွားရောက် ရယူ နိုင်ပါတယ်။


မေးခွန်း အမှတ် ( ၅ ) - ကျွန်တော့် စက်ထဲမှာ ရှိနေတဲ့ FLV videos တွေကို SWF တို့ နောက် တစ်ခြား AVI တို့ စတဲ့ Formats တွေကို ဘယ်လိုများ ပြောင်းယူလို့ ရနိုင်မလဲ ??


ဒီလို formats တွေ ပြောင်းယူဖို့ စဉ်းစားကြတဲ့ နေရာမှာ အင်တာနက်ထဲကို လိုက်ရှာကြည့်ရင် Free ပေးထားတာတွေ - Free မပေးပဲ ပိုက်ဆံနဲ့ ဝယ်သုံးရတာတွေ တော်တော်များများ တွေ့ရပါလိမ့်မယ်။ အားလုံးထဲမှာ Free ရပြီး အသုံးပြုသင့်တဲ့ Software တစ်ခုကကတော့ SUPER © Simplified Universal Player Encoder & Renderer Software ပဲ ဖြစ်ပါတယ်။ သူ့ကို အသုံးပြုပြီး FLV files တွေကို တစ်ခြား formats တွေ ဖြစ်တဲ့  MP4, MOV H.264, AVI, ASF နောက် Flash SWF animations ဆိုတာတွေထိ ပြောင်းယူလို့ ရပါတယ်။ တစ်ချို့ကတော့ Free ထက် Crack တွေ - keys လေးတွေနဲ့ သုံးရတဲ့ Software မျိုးတွေ ပိုပြီး လိုလားတတ်ကြပါတယ်။ ဒီလို လူမျိုးများ အတွက်တော့ ကျွန်တော်တို့ ဖိုရမ်မှာ ပြင်ဆင်ထားပြီးသား ဖြစ်တဲ့ Convector များမာတိကာ ဆိုတဲ့ နေရာမှာ လိုအပ်တာတွေကို အားကိုးရှာဖွေနိုင်ပါတယ်။

မေးခွန်း အမှတ် ( ၆ ) - ကျွန်တော့် စက်ထဲက AVI MPEG MOV 3GP ... စတဲ့ Formats မျိုးစုံနဲ့ Movie clips aတွကို FLV format ဆီ ပြောင်းလို့များ ရနိုင်မလား ?

ဒီမေးခွန်းကို မေးတော့ ကျွန်တော်တို့ ဆက်စပ်ပြီး တွေးစရာ ရှိလာတာ - နဂိုရှိပြီးသား Format တစ်ခုကနေ FLV format ကို ဘာကြောင့်များ ပြောင်းဖို့ ကြိုးစားချင်ကြတာလဲ ?? ဒါက သိထားဖို့ လိုလာပါတယ်။ ဘာကြောင့်လည်း ဆိုရင် FLV တွေဟာ Adobe® Flash® Player plugin ရှိနေတဲ့ ဘယ် Browser မှာ မဆို အရွယ်တကူ ကြည့်ရှုနိုင်တယ်။ နောက် FLV format ဟာ Windows®, Macintosh®, or Linux® စတဲ့ ဘယ် OS မှာ မဆို ကြည့်ရှုနိုင်မယ်။ နောက် FLV format တွေက တစ်ခြား Video Formats တွေနဲ့ ယှဉ်လိုက်ရင် အရွယ်အစား သေးငယ်တယ်။ Compression အရမ်းများလို့ အရွယ်အစား ငယ်သွားပေမယ့် လည်း Quality က အရမ်းကြီး ကျမသွားဘူး - နောက်ပြီး Internet speed လေးတဲ့ နေရာတွေကနေ ကြည့်မယ် ဆိုရင်တောင် FLV files တွေဟာ တော်ယုံ ပုံမှန် အနေအထားနဲ့ ကြည့်လို့ ရမယ် - စတဲ့ အားသာချက်တွေကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် AVI MPEG MOV 3GP စတဲ့ formats တွေကနေ FLV format ကို ပြောင်းချင်မယ် ဆိုရင် Free ရတဲ့ Riva FLV encoder ကို အသုံးပြု လို့ ရသလို Free မရတဲ့ Software ကိုမှ Key ဖြစ်ဖြစ် Crack ဖြစ်ဖြစ် ရှာဖွေ အသုံးပြုချင်သူတွေ အတွက် ဆိုရင်လည်း Xilisoft Video Converter Ultimate တစ်ခုတည်းနဲ့ တင် လိုလားချက် အားလုံး ပြည့်စုံစေပါလိမ့်မယ်။ အပြောင်းအလဲ အနေနဲ့ သုံးကြည့်ချင်မယ် ဆိုရင် Xilisoft လိုပဲ သုံးလို့ ကောင်းတဲ့ Total Video Converter ကို သုံးကြည့်နိုင်ပါတယ်။

မေးခွန်း အမှတ် ( ရ ) - ကျွန်တော့်မှာ Youtube ကနေ Download ချထားတဲ့ Size သေးသေး FLV Video clips တွေ ရှိပါတယ်။ အဲတာတွေထဲက အဆက်အစပ်ရှိတာတွေကို တစ်ဖိုင်တည်း ဖြစ်အောင် ပေါင်းလိုက်ချင်တယ် - ဘယ်လိုများ လုပ်လို့ ရမလဲ ??

FLV files တွေကို ပေါင်းချင်တယ် ဆိုရင် Macromedia Flash Professional ကလွဲပြီး တစ်ခြား freeware တွေတော့ ကောင်းကောင်းကန်းကန်း မသိမထားမိသေးပါဘူး - ဒါပေမယ့်လည်း FLV Video files တွေကို ပေါင်းတဲ့နေရာမှာ နောက်တစ်မျိုး လုပ်ဆောင်နိုင်တာကတော့ နဂိုရှိနေပြီးသား FLV files တွေကို အထက်မှာ ဖော်ပြခဲ့ပြီးတဲ့ SUPER လိုမျိုး ဖြစ်စေ - တစ်ခြား Converter တစ်ခုခုနဲ့ ဖြစ်စေ AVI format ကို အရင်ဆုံး ပြောင်းပစ်ပြီး အဲ့နောက်မှာမှ ရလာတဲ့ AVI files တွေ အားလုံးကို free ရတဲ့ VirtualDub သုံးပြီး Single AVI file အနေနဲ့ ပေါင်းထုတ်ပစ်လို့ ရပါတယ်။ အဲ့လို ပေါင်းပြီးနောက်မှာမှ FLV ကို နောက်တစ်ခေါက် ပြန်ပြောင်းရမှာပါ - ဒါကတော့ FLV Video ပေါင်းတာနဲ့ ပတ်သတ်ပြီး ကျွန်တော် သိထားသလောက်ပါ - တကယ်လို့ Video မဟုတ်ပဲ MP3 တွေ တစ်ပုဒ်နဲ့ တစ်ပုဒ် ပေါင်းချင်တာမျိုး ဆိုရင်တော့ MergeMP3 - Meda MP3 Joiner စတဲ့ Software မျိုးသုံးပြီး MP3 ဖိုင်တွေကို ပေါင်းပစ်လို့ ရပါတယ်။

မေးခွန်း အမှတ် ( ၈ ) - ကျွန်တော် ဟိုတစ်နေ့ က ဝယ်လာတဲ့ iPod ထဲ Youtube က Download ချထားတာလေးတွေ ထည့်ပြီး ကြည့်ချင်လို့ ကူညီနိုင်ဦးမလား ??

ဒီ မေးခွန်း အတွက် အဖြေကတော့ အပေါ်က မေးခွန်းနံပါတ် ( ၆ ) မှာ ဖော်ပြခဲ့တဲ့ အတိုင်း Format ပြောင်းသိမ်းပြီး ကိုယ့် iPod ထဲကို ထည့်လိုက်ပါ - လိုချင်တဲ့ အတိုင်း ကြည့်လို့ ရပါလိမ့်မယ်။

မေးခွန်း အမှတ် ( ၉ ) - ကျွန်တော့်မှာ ရှိတဲ့ သီချင်းတွေကို ဓာတ်ပုံလေးတွေနဲ့ ပေါင်းပြီး Youtube မှာ တင်ဖို့ Video clips လေး တွေ လုပ်ချင်တယ်ဗျာ - Adobe Premiere တို့ Final Cut Pro တို့ Macromedia Flash တို့လိုမျိုး ဝယ်ရလောက်အောင် ထိလည်း ကျွန်တော့်မှာ မတတ်နိုင်ဘူး - အဲတာ ကျွန်တော့် အတွက် Free ဖန်တီးလို့ ရမယ့် တစ်ခြား နည်းလမ်းလေးများ မရှိနိုင်တော့ဘူးလား ??


ဒီအတွက်ကတော့ ကျွန်တော်တို့ စက်ထဲမှာ နဂိုတည်းက Function အစုံနဲ့ ထည့်ထားပေးပြီးသား Windows Movie Maker ဆိုတဲ့ Video Editing Applications တစ်ခု ရှိပါတယ်။ သူ့ကို သုံးပြီး Titiles တွေ ထည့်တာ - Transitions ပြောင်းတာ - Video effects ထည့်တာ ဆိုတာတွေကို ကိုယ့်ထည့်ချင်တဲ့ ပုံ - သီချင်းလေးတွေနဲ့ ပေါင်းပြီး အလွယ်တကူ ဖန်တီးလို့ ရပါတယ်။ ဒီ အကြောင်းကိုပဲ Windows Live Movie Maker ၏ စွမ်းဆောင်ချက်အား ပြန်လည်သုံးသပ်ခြင်း ဆိုပြီး ကျွန်တော် အကျဉ်းချုပ် ဖော်ပြခဲ့ဖူးပါတယ်။ လေ့လာကြည့်နိုင်ပါတယ်။


မေးခွန်း အမှတ် ( ၁၀ ) - သူများ တစ်ကာတွေ Youtube မှာ ကိုယ်ပိုင် Channel လေးတွေ လုပ်ထားတာတွေ့တော့ ကျွန်တော်လည်း လိုက်လုပ်ထားမိတယ် - ဒါပေမယ့်ဗျာ - ကျွန်တော့် Channel ကို လူသိပ်မသိကြဘူး - အဲတာ ကျွန်တော့် Channel လေးကို လူသတိထားမိသွားအောင် ချစ်စရာကောင်းတဲ့ Buttons လေးတွေ သုံးပြီး ကျွန်တော် ကြေငြာချင်တယ် - ဘယ်လိုများ လုပ်လို့ ရမလဲ ??

တကယ်လို့ buttons တွေ banner images တွေ သုံးပြီး ကိုယ်ကိုယ်တိုင် ဖန်တီးထားတဲ့ YouTube channel လေးကို တစ်ခြား သူတွေ သိအောင် ကြေငြာချင်တယ် ဆိုရင် ဒီစာမျက်နှာ ကိုသာ ရောက်အောင် သွားပြီး နှစ်သက်ရာ Design တစ်ခုခုကို ရွေးယူ လိုက်ပါ။


နောက်တစ်ဆင့် အနေနဲ့ ကိုယ့်ရဲ့ Youtube channel ကို Link ချိတ်တဲ့ နေရာမှာနည်းလမ်း နှစ်မျိုး ရှိပါတယ်။

( ၁ ) မိမိ Channel သို့ တိုက်ရိုက် Link ချိတ်ခြင်းဒီနည်းနဲ့ Link ချိတ်ထားရင် User တစ်ယောက်က ပုံပေါ် Click ပေးလိုက်တာနဲ့ ကိုယ့် Channel ရှိရာကို တိုက်ရိုက်ရောက်သွားပြီး ကိုယ်တင်ထားတဲ့ Videos တွေ - ကိုယ့်ရဲ့ Favorites တွေကို တွေ့ရပါလိမ့်မယ်။ အဲ့ကနေမှ တစ်ဆင့် ကိုယ့် Channel ကို subscribe လုပ်ချင်တယ် ဆိုရင် နောက်တစ်ဆင့် အနေနဲ့ “Subscribe” button ကို နှိပ်ဖို့ လိုပါတယ်။ ချိတ်ရမယ့် Link အနေအထားက အောက်ဖော်ပြပါ ပုံစံအတိုင်းပါ။


( ၂ ) မိမိ၏ Subscription page သို့ တိုက်ရိုက် Link ချိတ်ခြင်း – ဒီနည်းနဲ့ Link ချိတ်ထားရင် User တစ်ယောက်က ပုံပေါ်ကို Click ပေးလိုက်တာနဲ့ ကိုယ့်ရဲ့ Channel ကို အရင်ရောက်မှာ မဟုတ်ပဲ ကိုယ့် Channel ကို Subscribe Page ကို အရင်ရောက်မှာ ဖြစ်ပါတယ်။ အဲ့ စာမျက်နှာမှာ Confirmation button ကို Click ပေးလိုက်တာနဲ့ ကိုယ့် Channel ကို ဝင်ကြည့်စရာ မလိုပဲ တိုက်ရိုက် Subscribe လုပ်ပြီးသား ဖြစ်သွားမယ့် သဘောပါ။ ချိတ်ရမယ့် Link အနေအထားက အောက်ဖော်ပြပါ ပုံစံအတိုင်း ဖြစ်ပါတယ်။


မေးခွန်း အမှတ် ( ၁၁ ) - Youtube မှာ Video clips တွေ ကြည့်ဖြစ်တဲ့ အခါ တစ်ခါ တစ်လေ Design က တစ်မျိုး ဖြစ်ပြီး တစ်ခါ တစ်လေကျတော့ တစ်ချို့ Video clips တွေက ဘာ Design မှန်း မသိဘူး - ခပ်လန်းလန်းလေး ဖြစ်နေတာ သတိထားမိတယ် - အဲတာ ဘာများ ကွာသွားလဲ မသိဘူး ?? အောက်မှာ ပြထားသလို ပုံစံကွာနေတာပါ -


အဲလို ဖြစ်ရတဲ့ အကြောင်းက YouTube ကနေ ပြီး တစ်ခြား Web pages တစ်ခုခုပေါ်ကို သူ့ဆီက Videos တွေ Embed လုပ်တဲ့ နေရာမှာ default အနေနဲ့ Flash-based video player အဖြစ်နဲ့ Embed လုပ်နိုင်ဖို့ကိုပဲ Youtube က Default ပေးထားပါတယ်။ ဘာကြောင့်လဲ ဆိုရင် ကျွန်တော်တို့ ကွန်ပြူတာမှာ ရှိတဲ့ desktop based web browsers တွေက ပုံမှန် Adobe Flash Player plug-in သွင်းထားယုံနဲ့တင်  YouTube videos ကို အဆင်ပြေပြေ ကြည့်နေနိုင်လို့ပါ။ ဒါပေမယ့်လည်း ကွာသွားတဲ့ တစ်ချက်က Mobile web browsers နဲ့ Youtube Videos တွေကို ကြည့်တဲ့ အချိန်မှာ Mobile web browsers တော်တော်များများက Flash videos တွေကို Support မပေးပါဘူး -


အဲ့ဒီမှာမှ IFRAME based embed code နဲ့ တည်ဆောက်ထားတဲ့ Youtube Videos တွေဟာ Mobile web browsers  တွေမှာ ဆိုရင်လည်း အဆင်ပြေပြေ ကြည့်လို့ ရပါတယ်။ အဲတာကြောင့် ကိုယ့်မှာ Blog တစ်ခုခု ရှိပြီး - ကိုယ့် Blog ကို Mobile web browsers နဲ့ ကြည့်ရှုသူတွေပါ ရှိတယ်ဆိုရင် Youtube Videos တွေတင်တဲ့အခါ ဖြစ်သင့်တာ Flash Embed တစ်မျိုးတည်းတင် မဟုတ်ပဲ - IFRAME Embed ကိုပါ အသုံးပြုပြီး နှစ်မျိုး တင်ပေးထားသင့်ပါတယ်။ အောက်ဖော်ပြပါ ပုံမှာ ဆိုရင် ရဲလေးနဲ့ Jenny ရဲ့ ငါ ဘာမှမသိ သီချင်းကို Flash Embed နဲ့ IFRAME Embed နှစ်ခုတွဲ ဖော်ပြပေးထားပါတယ်။ 




ခု ဖော်ပြခဲ့သလောက်ဆို Flash Embed နဲ့ IFRAME Embed နှစ်ခုရဲ့ ကွာခြားချက် တစ်ချို့နဲ့ အားသာချက် - အားနည်းချက် တစ်ချို့ကို နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

မိသားစုဝင်များ အားလုံး လေ့လာနိုင်သမျှ မျှဝေနိုင်ကြပါစေ -
KznT.

Related Posts