Advanced sign-in security for Google account

မနေ့ကတည်းက ဒီအကြောင်းရေးဖို့ကို မအားဘူး ဖြစ်သွားတာနဲ့ ဒီနေ့မှပဲ ရေးဖြစ်ပါတော့တယ် - အကြောင်းကတော့ Google ၏ ပြောင်းလဲမှုများ အကြောင်း ဆိုတဲ့ အတိုင်း Google မှာ ပြောင်းလဲမှုလေး တစ်ခု ရှိလာလို့ပါ -

Online မှာနေ ဟိုသွားဒီသွားသွား - ဟိုဝင်ဒီဝင်ဝင် - ကျွန်တော်တို့ နေ့တိုင်းလုပ်နေကြတယ် - အင်တာနက် လက်တကမ်းမှာ ရှိနေသရွေ့ ဒီလုပ်ငန်းစဉ်တွေက နေ့တိုင်း လုပ်နေဖြစ်ဦးမှာပဲ - ဒါကတားဆီးလို့လည်း မရသလို ကန့်သတ်လို့လည်း မရဘူး - ဒါပေမယ့် ခုနောက်ပိုင်း ကျွန်တော်တို့ လည်ပတ်နေတဲ့ အင်တာနက် ကမ္ဘာကြီးက အရင်လို လုံခြုံမှု မရှိတော့ဘူး - နေရာတိုင်းမှာ မသမာမှုတွေ ပျံ့နှံ့နေပြီ - ကိုယ်ရေးအချက်အလက် ခိုးယူမယ့်သူတွေ - Bank account ခိုးယူမယ့် သူတွေ - နည်းပညာ အလွဲသုံးစား ပြုသူတွေနဲ့ ထိန်းချုပ်လို့ မနိုင်လောက်အောင်ကို ပျက်စီးစ ပြုနေပြီ - လောက ဓမ္မတာ အရ ကောင်းကျိုးနဲ့ ဆိုးကျိုးဟာ အမြဲ ဒွန်တွဲနေတတ်တာမို့လို့ ကောင်းတာတွေချည်း ကြည့်ပြီး အားတက်နေဖို့ မလိုသလို - မကောင်းတာတွေချည်း ကြည့်ပြီး စိတ်ဓာတ်ကျနေလို့ မဖြစ်ပြန်ဘူး -

ကောင်းတာ လုပ်တဲ့သူတွေကလည်း ကောင်းအောင်လုပ်နေကြသလို - ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေတဲ့ သူတွေကလည်း သူတို့ လမ်း သူတို့ သွားနေကြတယ် - အဲတာတွေ အားလုံးရဲ့ ကြားထဲမှာ ကျွန်တော်တို့အတွက် အရေးကြီးတာက နေ့စဉ်နဲ့ အမျှ လှုပ်ရှားလည်ပတ်နေတဲ့ ဒီ အင်တာနက် လမ်းကြောင်း တစ်လျှောက် အန္တရာယ်ကင်းကင်းနဲ့ လုံခြုံမှု ရှိနေစေဖို့ - ပြန်စဉ်းစားကြည့်လိုက်တော့ ဒီနေ့ခေတ် အင်တာနက်ထဲမှာ Websites ပေါင်း သန်းနဲ့ချီပြီးတော့သာ ရှိနေတာ ကျွန်တော်တို့အတွက် တကယ် ယုံကြည်ရပါတယ် - အားကိုးရပါတယ်ဆိုတဲ့ ဆိုဒ်တွေ ဘယ်လောက်ရှိတော့လို့လဲ - ဒီကြားထဲ ပညာရှင်မဟုတ်တဲ့ အချောင်နေ အချောင်စား သမားတွေရဲ့ တိတ်တိတ်ပုန်းရန်ကလည်း ကြောက်ရသေး တယ် - ဥပမာ ပြောရရင် - အင်တာနက်ဆိုင်တွေမှာ Keylogger တွေထားပြီး သူများ Password ခိုးတာ - Security camera မဟုတ်တဲ့ ခိုးကြောင်ခိုးဝှက် ကင်မရာတွေ တပ်ပြီး သူများအတွင်းရေးကို အင်တာနက်ပေါ် ဖြန့်တာ စသဖြင့် မဟုတ်တမ်းတရားတွေ လုပ်လာကြပြီ -

အားလုံးထဲမှာ အဆိုးဆုံးက ကိုယ် အမြဲသုံးနေတဲ့ Account တစ်ခုရဲ့ Password ကို Hacked ခံရတာ ( သို့တည်းမဟုတ် ) Guessed ခံရတာ - မြန်မာနိုင်ငံမှာက အင်တာနက်ကို လူငယ်လူလတ်ပိုင်းလောက်ပဲ အသုံးများပြီး အများစုကလည်း Chatting လောက်ပဲ စိတ်ဝင်စားကြတာ ဆိုတော့ Security ပိုင်းကို ဒီလောက်ကြီးထိ အလေးထားရကောင်းမှန်းလည်း မတွေးမိကြဘူး - အဲ့တာကြောင့် အချောင်နေ အချောင်စား သမားတွေရဲ့ ရန်က ပိုကြောက်ဖို့ ကောင်းလာတယ် - ဒီကြားထဲ Keylogger လေးပါ သုံးလိုက်ရင် လိုချင်တဲ့သူရဲ့ Password ကို ဘယ်လောက်ကြီး Security ကောင်းပါတယ်ဆိုတဲ့ Google တောင် လက်လျော့ပြီး အချောင်သမားလက်ထဲ အပ်လိုက်ရတာပဲ -

ဒါပေမယ့် ဒီနေ့တော့ မရတော့ပါဘူး - Google ကနေပြီး Two-factor authentication ဆိုတဲ့ Feature သစ်တစ်ခုနဲ့ Google users တွေရဲ့ ဘဝလုံခြုံမှုကို မြှင့်တင်ပေးလိုက်ပါပြီ - ဒီ Feature က Google Apps customers တွေအတွက်ဆိုရင် စက်တင်ဘာလကတည်းက ပေးထားတာပါ - ခုတော့ Users အားလုံးအတွက် ဖြစ်လာခဲ့ပါပြီ - ဒီ Feature ထွက်လာတော့ တစ်ချို့လည်း သဘောကျကြတယ် - တစ်ချို့ကလည်း ဘာကြီးတုန်းဆိုပြီး ဖြစ်ကြတယ် - ဒါပေမယ့် ကျွန်တော့်အမြင်တော့ Account တစ်ခုကို တန်ဖိုးထားတယ်ဆိုတဲ့ လူတစ်ယောက်အတွက် တကယ်ကို တန်ဖိုးရှိတယ်လို့ မြင်မိပါတယ် - Two-factor authentication ဆိုတာ အရင်က ကျွန်တော်တို့ Gmail ထဲကိုဖြစ်ဖြစ် - တစ်ခြား Google ရဲ့ Product တစ်ခုခုထဲကို ဖြစ်ဖြစ် ဝင်ရင် Username နဲ့ Password ထည့်ပြီး Login လုပ်လိုက်တာနဲ့ အထဲတန်းရောက်တယ် - ခု Two-factor authentication မှာ ဒီလို လွယ်လွယ်နဲ့ မရတော့ဘူး -

ဥပမာ Gmail ထဲ ဝင်မယ်ဆိုကြပါစို့ - Two-factor authentication သုံးထားတဲ့သူဟာ Username နဲ့ Password ထည့်ပြီး login လုပ်ရတဲ့ အပြင် နောက်ထပ် လုံခြုံမှုအဆင့်တစ်ခုအနေနဲ့ ( Android, BlackBerry, iPhone ... ) စတဲ့ ကိုယ့်ရဲ့ Mobile applications ထဲကို ဝင်လာမယ့် Verification code ကိုပါ ဒုတိယတစ်ဆင့်မှာ ထပ်ဖြည့်ပြီး ဝင်ရပါမယ် - အောက်မှာဖော်ပြထားတဲ့ ပုံအတိုင်းပါ -


ဒီ လုံခြုံရေးအဆင့် တိုးမြှင့်မှုကြောင့် Keylogger မကလို့ တစ်ခြားဘာတွေသုံးပြီး ကိုယ့် Password ကို တစ်ခြားသူ တစ်ယောက် ရသွားခဲ့သည်ပဲ ဖြစ်ဖြစ် ကိုယ့် Phone ထဲကို ဝင်လာမယ့် Verification code ကို တစ်ဖက်လူက ဒုတိယတစ်ဆင့်မှာ ထပ်ဖြည့်ပြီး ဝင်ဖို့ မဖြစ်နိုင်တာမို့လို့ ကိုယ့် Account ဟာ အလိုလျောက် လုံခြုံမှု ရှိပြီးသား ဖြစ်သွားပါတယ်။ တကယ်လို့ တစ်ခါဝင်တိုင်း တစ်ခါ Verification code မထည့်ချင်ဘူး ဆိုရင်လည်း အထက်မှာ ဖော်ပြထားတဲ့ ပုံအတိုင်း ကိုယ်သုံးနေတဲ့ ကွန်ပြူတာမှာ ရက် ( ၃၀ ) လောက်မှတ်ထားပါဆိုပြီး စေခိုင်းထားနိုင်ပါတယ်။

လတ်တလောမှာ ကျွန်တော် ဒီအကြောင်းရေးနေပေမယ့် ဒီ Two-factor authentication feature က Account တိုင်းသုံးလို့ မရသေးဘူး - လောလောဆယ်မှာ ပြင်ဆင်ဆဲ ကာလမို့ မကြာမီှရက်ပိုင်း အတွင်းမှာ သုံးနိုင်ပါလိမ့်မယ်။ Two-factor authentication feature သုံးလို့ ရမရ သိချင်မယ်ဆိုရင် အရင်ဆုံး ဒီနေရာကို သွားကြည့်ပါ - ဖော်ပြပါ နေရာမှာ အောက်မှာပြထားတဲ့အတိုင်း တွေ့ရမယ်ဆိုရင် Using 2-step verification ကို ဆက်ဝင်ပါ - ဖော်ပြပါနေရာမှာ ဘာမှ မမြင်ရသေးဘူးဆိုရင်တော့ နောက်ရက် အနည်းငယ်အတွင်း မြင်ရပါလိမ့်မယ်။


တကယ်လို့ တွေ့ရတယ်ဆိုရင်တောင် တစ်ချို့ Users တွေအနေနဲ့ အောက်မှာ ဖော်ပြထားတဲ့အတိုင်း စာသာတွေ့ရပြီး သုံးလို့ မရသေးတဲ့ အခြေအနေမျိုး ဖြစ်နိုင်ပါတယ်။ အဲ့လိုလူတွေအနေနဲ့လည်း နောက်ရက် အနည်းငယ်အတွင်း သုံးလို့ ရပါလိမ့်မယ်။



တကယ်လို့ မြင်ရပြီ ဆိုရင်တော့ သူ့ညွှန်ကြားချက်အတိုင်း လိုက်ပါလုပ်ဆောင်သွားယုံနဲ့ Two-Step Verification နည်းကို စတင်အသုံးပြုလို့ ရပါလိမ့်မယ်။ သူ့ကို စတင်အသုံးပြုမယ်ဆိုရင် သူတို့ ဘယ်ပုံ ဘယ်နည်း အလုပ်လုပ်သလဲ - Setting ဘယ်လိုချရမလဲ - Two-Step Verification နည်း ကို စသုံးထားပြီ ဆိုရင် Non-browser applications နဲ့ Devices တြွေဖစ်တဲ့ Outlook တို့ - Phone တို့မှာ ဘယ်လိုပြင်ရမလဲ - နောက်ဆုံး သဘောမကျရင် Two-Step Verification နည်းကို ဘယ်လို Turn-Off ပြန်လုပ်မလဲ စတဲ့ မေးခွန်းတွေ အားလုံးကို ဒီနေရာမှာသွားရောက်လေ့လာနိုင်ပါတယ်။ 

ပျော်ရွှင်ကြပါစေ

KznT.

( Untouched ) Copy ?? or ( Touched ) Copy ??

ဒီအကြောင်းက ရေးဖို့ စီစဉ်ခဲ့တာ လေး - ငါးလလောက် ကြာပြီလို့တောင် ပြောရမယ် ထင်တယ် - ရေးချင်တယ် ဆိုပေမယ့် စာရေးဖို့ဘက်ကို လှည့်မယ်ကြံလိုက် တစ်ခြားဘက် ရောက်လိုက်နဲ့ လူက စာရေးတဲ့ဘက်ကို မလှည့်ဖြစ်ခဲ့ဘူး - ကျွန်တော်က အလွန်မှကို ပျင်းတတ်တဲ့ ကောင်ခင်ဗျ  အဲလိုနဲ့ ရက်တြွေကာလာတော့ မေ့မလိုလိုတောင် ဖြစ်သွားတယ် - ဟိုတစ်နေ့ကမှ မချယ်ရီမင်း Profile မှာ လာမေးထားတာ ဖတ်ရင်း ရေးဖို့ ကျန်နေပါသေးလား ဆိုတာ သတိရပြီး ပြန်ရေးဖို့ စီစဉ်ဖြစ်ခဲ့ပါတယ် -

ရေးသာရေးရမယ် မချယ်ရီမင်း မေးချင်တာ ဒီအကြောင်း ဟုတ်ပါ့မလားတောင် မပြောတတ်ဘူး - ကျွန်တော်လည်း ကျွန်တော်သိထားတာ သူသိချင်တာနဲ့ ကိုက်လောက်မယ်ထင်ပြီး တစ်ခြား မသိသေးသူတွေလည်း သိရအောင် ဒီမှာပဲ Thread အသစ်ဖွင့်ပြီး ရေးလိုက်ပါပြီ - မချယ်ရီမင်းရေ မဟုတ်ရင်တော့လည်း သည်းခံပါခင်ဗျ -

အကြောင်းစရမယ် ဆိုရင်တော့ ဒီလိုပါ -

ကျွန်တော် ဟိုတစ်လောက အင်တာနက်မှာ Software တွေဘယ်လိုရှာရမယ် - ဘယ်ဆိုဒ်တွေ ကောင်းတယ် - ဘယ်လို Download လုပ်ရမယ်ဆိုတာကို အင်တာနက်အတွင်း Software ရှာဖြွေခင်း ဆိုပြီး ရေးခဲ့တာ ရှိတယ် - Software တွေဘယ်လိုရှာရမယ် - ဘယ်လို Download လုပ်ရမယ်ဆိုတာကို ကျွန်တော်တို့ သိခဲ့ပြီပဲထား - file တစ်ခု ( Software တစ်ခုခု ) ကို အင်တာနက်ကနေ Download ချလိုက်ပြီး ကိုယ့်စက်ထဲ ရောက်တဲ့ အချိန်မှာ လုံးဝကို ခြောက်ပစ်ကင်းသဲလည်းစင်ပါလို့ ကျိန်းသေ ယတိပြတ် ပြောနိုင်ပါ့မလား ?? ဘာ Malware မှ မပါဘူး ဆိုတာရော သေချာပါ့မလား ?? ရှိသမျှ Antivirus နဲ့ စစ်ပြီး Clean လို့ ပြရင်တောင် နဂို မူရင်း ကုမ္ပဏီတွေကနေ ထုတ်လိုက်တဲ့ မူရင်း Software တွေအတိုင်း ဘယ်သူတစ်ဦးတစ်ယောက်ကမှ ပြင်ဆင်ထားတာမျိုး မရှိပဲ Original ဖြစ်နေပါ့မယ်လို့ အာမခံနိုင်ပါ့မလား ??

အဖြေက တစ်ခုတည်း ရှိပါတယ် - "No" ပါ -

ဘာလို့ ဒီအကြောင်းကို အစပျိုးရသလဲ ဆိုရင် - တစ်ချို့ တစ်ချို့သော Hackers တွေ - Crackers တွေက Users တွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး အမြဲသုံးနေကျ Windows ခွေတွေ - Software တွေကို ဘာတွေ ညာတြွေပင်ဆင် ထားပါတယ်ဆိုတဲ့ အမြင်ဆန်းဆန်းလေးတွေ လုပ်ပြ - မူရင်း Windows ခပ်ညစ်ညစ် ( Windows XP, Vista, 7  ) ကို အလှအပလေးတွေ သွားရည်ကျလောက် အောင် ပြင်ပြထားပြီး Free / Already Activated / Fully Activated / 100% Working / Pre Activated / Already Cracked ဆိုတဲ့ စကားလုံးတွေနဲ့ သုံးချင်လာအောင် ဆွဲဆောင်ခေါ်ယူတတ်ကြပါတယ် - ဒါကို အင်တာနက်နဲ့ အပါးမဝသေးသူ - Computer နဲ့ မယဉ်ပါးသေးသူ - အမြင်ဆန်းရင် ငမ်းငမ်းတက် မက်မောသူတွေ အကြောက်အလန့်မရှိ Download လုပ်တတ်ကြပါတယ် - အဲလိုနဲ့ ဥပမာပြောရရင် - Windows ခွေ ဆိုကြပါစို့ - ကိုယ် Download ချလိုက်တဲ့ Windows ခွေဟာ ဒေါင်းလုပ်ချပြီး အခွေရိုက်စဉ်တုန်းကတော့ ဘာပြဿနာမှ မပေးပေမယ့် Fresh Windows ကိုယ့်စက်မှာ ပြန်တင်တဲ့ အချိန်မှာ Hacker ကထည့်သွင်းပေးလိုက်တဲ့ Malware တစ်မျိုးမျိုးက Windows နဲ့အတူ ကိုယ့်စက်ထဲမှာ တစ်ခါတည်း Installed လုပ်မိလျက်သား ဖြစ်သွား တတ်ပါတယ် - ဒီလို ပြောလိုက်လို့ Hackers တိုင်း - Crackers တိုင်းက မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး - လောကမှာ ကောင်းတာလုပ်ရင် ကောင်းတဲ့လူ ဖြစ်သလို မကောင်းတာလုပ်ရင်တော့ မကောင်းတဲ့လူ ဖြစ်ပါတယ် -

အားလုံးထဲမှာ ဘယ်ဟာက ကောင်းတယ် ဘယ်ဟာက မကောင်းဘူးဆိုတာ ခွဲခြားရခက်တာမို့လို့ ကျွန်တော်တို့တွေ ကွန်ပြူတာ - အင်တာနက်နဲ့ ပတ်သတ်ပြီး အသုံးချတော့မယ်ဆိုရင် နောက်ထပ် မဖြစ်မနေ သိထားသင့်တာ တစ်ခု တိုးလာပါတယ် - အဲတာကတော့ -


  • ကိုယ့်စက်ထဲမှာ Install လုပ်မယ့် Windows / Software ဟာ Original Version လား
  • ( Untouched ) Copy လား -
  • ( Touched ) Copy လား -


ဒါမျိုးတွေ ခွဲခြားသိဖို့ လိုလာပါတယ် -

Windows / Software ဟာ Original Version လား ??

ဒါကတော့ ရှင်းပါတယ် - ဥပမာ - Windows 7 ဆိုကြပါစို့ - အင်တာနက်ထဲမှာ ပလူပျံနေအောင် တင်ပေးထားကြတဲ့ Windows 7 ဆိုတဲ့ ဖိုင်တွေ မသုံးပဲ သူ့ မူရင်း Microsoft ကနေ တိုက်ရိုက် ဝယ်ယူပြီး ရလာတဲ့ Windows မျိုးဖြစ်စေ - ဆိုင်တွေကနေ Original CD ကို ဝယ်သုံးတာမျိုး ဖြစ်စေ - ရလာတဲ့ Windows မျိုးက Original Version လို့ ဆိုလို့ရပါတယ် - Software ဆိုလည်း ထိုနည်းလည်းကောင်း Microsoft Office 2010 ဆိုရင် မူရင်း Microsoft ကနေ တိုက်ရိုက် ဝယ်ယူပြီး ရလာတဲ့ Office 2010 ဖြစ်စေ - ဆိုင်တွေကနေ Original CD ကို ဝယ်သုံးတာမျိုး ဖြစ်စေ - ရလာတဲ့ Office 2010 မျိုးက Original Version လို့ ဆိုနိုင်ပါတယ်။

( Untouched ) Copy လား ??

Operating system ကို ဖြစ်စေ - Software ကိုဖြစ်စေ - Copy ကူးပြီး မျှဝေတဲ့နေရာမှာ ( Untouched ) Copy နဲ့ ( Touched ) Copy ဆိုပြီး နှစ်မျိုးထပ်ကွဲပါတယ် - ( Untouched ) Copy ဆိုတာဟာ နဂိုမူရင်း Original Version အတိုင်း ဝေမျှသူက ဘာတစ်ခုမှ ပြင်ဆင်ထားခြင်းမရှိ တစ်ခြားသူ တစ်ယောက်အတွက် OS / Apps ကို Copy ပွားပြီး ဝေမျှတာကို ( Untouched ) Copy အဖြစ် ဝေမျှတယ်လို့ ခေါ်ပါတယ် - ( Untouched ) Copy တွေရဲ့ အားသာချက်ဟာ နဂိုမူရင်း Original Version အတိုင်း တစ်သွေမတိမ်း တူတာမို့လို့ ကော်ပီကူးထားတဲ့ သူ့ Operating system မှာဖြစ်ဖြစ် / Software မှာဖြစ်ဖြစ် မလိုလားအပ်တဲ့ Malware တွေ မပါဖို့က ၁၀၀% သေချာပါတယ် -

( Touched ) Copy လား ??

( Touched ) Copy ဆိုတဲ့ စကားလုံးနဲ့တင် သိသာနေပါပြီ - သူရဲ့ သဘောက Operating system ကို ဖြစ်စေ - Software ကိုဖြစ်စေ - Copy ကူးပြီး မျှဝေတဲ့နေရာမှာ တစ်စုံတစ်ယောက်က နဂို Original Version မှာပါတဲ့ Contents တွေကို တည်းဖြတ်ပြင်ဆင်မှု လုပ်ဆောင်ထားတာကို ခေါ်ဆိုပါတယ် - ( Touched ) Copy တွေဟာ အားသာချက်တွေ ရှိသလို - အားနည်းချက်တွေလည်း တစ်ပုံတစ်ပင် ရှိပါတယ် - အားသာချက်မှာဆိုရင် ပိုက်ဆံနဲ့ ပေးဝယ်ရတဲ့ OS တွေ - Software တွေကို ပိုက်ဆံတစ်ပြားမှ ပေးစရာမလိုပဲ အလကားသုံးခွင့်ရမယ် - အသွင်းဟောင်း အမြင်ဟောင်းနဲ့ Windows တွေကို Developers တွေက အမြင်ဆန်း အသွင်ဆန်းနဲ့ စိတ်ကြိုက် ပြင်ဆင်ထားမှာ မို့လို့ စက်က ဟောင်းရင်တောင် ကိုယ့် OS လေးက လန်းနေမယ် - Windows မှာ တကယ်တမ်း မလိုတဲ့ features တွေ ဖြုတ်ထားမှာမို့လို့ OS က Size သေးသေးလေးနဲ့ သွက်နေမယ် စသဖြင့် ဖြစ်ပါတယ် -

အားနည်းချက်ဘက်ကနေ ကြည့်ရင် Original Version မဟုတ်ပဲ ( Touched ) Copy ဖြစ်နေလို့ မသမာတဲ့ Hacker တွေ ပြင်ထားတဲ့ OS မျိုး ဖြစ်နေရင် အပေါ်မှာ ပြောခဲ့သလို Windows အသစ်နဲ့အတူ Malware ပါ တစ်ခါတည်း installed လုပ်ပြီးသား ဖြစ်သွားမယ် - Software တွေကို ပိုက်ဆံတစ်ပြားမှ ပေးစရာမလိုဘူးဆိုရင်တောင် Copyright တင်းကျပ်တဲ့ နိုင်ငံတွေမှာ အဖမ်းခံရပြီး ထောင်ကျနိုင်တယ် - အမြင်ဆန်း အသွင်ဆန်းနဲ့ OS က လန်းပေမယ့် Original Version မှာ Compatible ဖြစ်တဲ့ Software တွေက ( Touched ) Copy အဖြစ်နဲ့ ပြင်ထားတဲ့ OS တွေမှာ Errors တွေ မကြာခဏ တက်လာမယ် - OS တစ်ခုမှာ တစ်ခုနဲ့ တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ မှီနေတဲ့ Features တွေကို Developers တွေက မဖြုတ်သင့်ပဲ ဖြုတ်မိလို့ Windows တင်ပြီး မကြာခင်မှာပဲ OS က မတည်မငြိမ် ဖြစ်ပြီး ပြဿနာတွေ ခဏခဏ တက်လာမယ် - စသဖြင့် အားနည်းချက်တွေလည်း ရှိပါတယ် -

( Untouched ) Copy နှင့် ( Touched ) Copy အား စစ်ဆေးခြင်း

( Untouched ) Copy ကဘာလဲ ?? ( Touched ) Copy ကဘာလဲ ?? Original Version ကဘာလဲ ?? ဆိုတာ သိခဲ့ပြီးရင် Original Version အတွက် မေးစရာမရှိတော့ပေမယ့် Copy မှာ နှစ်မျိုးကွဲသွားတဲ့ ( Untouched ) Copy နဲ့ ( Touched ) Copy ကို တစ်ခုနဲ့ တစ်ခုကွဲပြားအောင် ဘယ်လို စစ်ရမလဲ ဆိုတဲ့ အမေးက ပေါ်လာပါတယ် - အဲ့ အမေးအတွက် အဖြေက အသင့်ရှိပါတယ် -

Windows ဖြစ်စေ - Software ဖြစ်စေ - တစ်ခြား ဘယ်လို Apps မျိုး ဖြစ်စေ ကုမ္ပဏီတွေ Developers တွေကနေ Users တွေသုံးဖို့ ရေးသားရောင်းချတဲ့ နေရာမှာ အထက်မှာ ဖော်ပြခဲ့သလို မလိုလားအပ်သူ လူတစ်စု ( Hackers / Crackers ) တွေရဲ့ ရန်က ကာကွယ်နိုင်အောင် သက်ဆိုင်ရာ Developers တွေ ကုမ္ပဏီတွေ အသီးသီးက မူရင်းဖိုင်ရဲ့ Hash value ( သို့တည်းမဟုတ် ) Checksum ( သို့တည်းမဟုတ် ) နောက်တစ်မျိုးအခေါ် (digital) fingerprints ... စတာတွေနဲ့ ပူးတွဲ ဖော်ပြပေးတတ် ကြပါတယ် - အောက်မှာ ဥပမာအနေနဲ့ MSDN က Windows 7 Ultimate (x86) - DVD (English) ကို Hash Value နဲ့ အတူ ယှဉ်တွဲ ဖော်ပြထားတာ လေ့လာနိုင်ပါတယ်။



Hash value / Checksum ဆိုတာ နားလည်လွယ်အောင် ပြောရရင် ကျွန်တော်တို့ နိုင်ငံခြား ဗွီဒီယိုကားတွေထဲမှာ မြင်ရလေ့ရှိတဲ့ လက်ဗွေနှိပ်ပြီး အစစ်ခံမှ တံခါးပွင့်တာတို့ - မျက်စိကို စစ်ပြီး လုံခြုံရေးတခါး ပွင့်စေတာတို့ စတဲ့ စစ်ဆေးရေး စက်တွေနဲ့ သဘောတရားတူတဲ့ OS/Apps တစ်ခုကို စစ်မှန်ကြောင်း သက်သေခံမယ့် ကိန်းတန်ဖိုး တစ်ခုပါပဲ -


Developers တွေ ကုမ္ပဏီတွေ အသီးသီးက Apps တစ်ခုခု ထုတ်လိုက်ပြီ ဆိုတာနဲ့ သူ့ ကုမ္ပဏီကထုတ်တဲ့ Apps ရဲ့ မူရင်း Hash value ဟာ ဘယ်လောက်ပါဆိုပြီး အတိအလင်း ကြေငြာထားတတ်ပါတယ်။ အဲ့တန်ဖိုးကို ကျွန်တော်တို့က မှတ်ထားပြီး ကိုယ့်လက်ထဲမှာ ရှိနေတဲ့ Windows ခွေ / Apps တွေမှာပါကနေ စစ်လို့ ရလာမယ့် Hash value နဲ့ နိှုင်းယှဉ်ပြီး စစ်ရမှာပါ - မျက်လုံး/လက်ဗွေတို့ စစ်တာမျိုး မဟုတ်တဲ့ duplicate data တွေကို စစ်တ့ဲ သဘောပေါ့ - ဒီလို နိှုင်းယှဉ်စစ်ဆေးတာကို ကျွန်တော်တို့က Cryptographic Hash Function ကို အသုံးပြုတယ်လို့ ခေါ်ပါတယ် -



Original version က Hash value နဲ့ Copy version က Hash Value ကို Cryptographic Hash Function သုံးပြီး နိှုင်းယှဉ်လိုက်တဲ့ အခါမှာ ကိုယ့်ဆီမှာရှိတဲ့ Copy version က Hash Value ဟာ Original version က Hash value နဲ့ တစ်ထပ်တည်း တူတယ်ဆိုရင် မူရင်းအတိုင်း ဘာမှ ပြောင်းလဲမှုမရှိတဲ့ ( Untouched ) Copy လို့ သတ်မှတ်နိုင်ပြီး Hash value တွေ ပြောင်းလဲမှု ရှိမယ်ဆိုရင်တော့ ဒါကို ( Touched ) Copy လို့ ဆိုရမှာ ဖြစ်ပါတယ်။ အထက်ဖော်ပြပါပုံမှာ စာလုံးတစ်လုံးစ နှစ်လုံးစ လွဲတာနဲ့ Message digest တွေ ပြောင်းလဲသွားတာ တွေ့မြင်နိုင်ပါတယ်။ ဒါ့ကြောင့် လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဦးစားပေးလိုတဲ့ ကွန်ပြူတာ သမားတွေဟာ ကိုယ့်ကွန်ပြူတာကို Windows ဖြစ်စေ - Apps ဖြစ်စေ - install လုပ်ဆောင်ဖို့ စဉ်းစားတဲ့ အချိန်မှာ အထက်ဖော်ပြပါ Cryptographic Hash Function နည်းကိုသုံးပြီး Install မလုပ်ဆောင်ခင် စစ်ဆေးကြဖို့ အကြံပြုလိုပါတယ်။ ဒါပေမယ့် မှန်ရာပြောရရင် လုံခြုံရေးကို ဦးစားပေးချင်တယ်ဆိုပေမယ့် Windows နဲ့ ပတ်သတ်တဲ့ Apps တွေက အရမ်းများလို့ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်စက်ထဲ install လုပ်သမျှ Software တိုင်းကို လိုက်မစစ်မိရိုး အမှန်ပါ - ဒါပေမယ့် အသုံးလိုသူတွေ စစ်ဆေးနိုင်အောင် ဆက်ရေးလိုက်ပါဦးမယ် - 

အများစု အသုံးများတဲ့ Hashes အမျိုးအစားနှစ်ခုကတော့ MD5 နဲ့ SHA1 ပါ - တစ်ခြား Hash Algorithm တွေကတော့ HAVAL, MD2, MD4, MD5, SHA-1, SHA-2 (256, 224, 384, 512), RIPEMD (128, 256, 160, 320), PANAMA, TIGER (192/160/128), ADLER32, CRC32, WHIRLPOOL နဲ့ VEST ဆိုတာတြွေဖစ်ပါတယ် - Hash function တွေဟာ Security ပိုင်းနဲ့ ပတ်သတ်ပြီး တစ်ခြားတစ်စုံတစ်ယောက်က မူရင်း Orginal version ပေါ်မှာ ပြင်ဆင်လို့ မရအောင် ကာကွယ်ပေးနိုင်တာမို့လို့ Hash value စစ်နည်းကိုသာ သိရင် ကိုယ့်ကို ဘယ်သူကမှ မူရင်းပါဆိုပြီး ညာရောင်းလို့ မရတော့သလို - Original ပါဆိုပြီး အင်ထုလို့လည်း မရတော့ပါဘူး - ဒါက Cryptographic Hash Function ရဲ့ အားသာချက်ပါပဲ။

အသုံးပြုနိုင်သော Tools များ

Hashes အမျိုးအစားတွေနဲ့ စစ်ဆေးနည်းတွေကို သိရှိပြီးတဲ့နောက်မှာ Hash Algorithm တွေကို စစ်ဆေးဖို့အတွက် ဘယ် Software တွေ သုံးရမလဲ ဆိုတာ သိဖို့ လိုလာပြန်ပါတယ် - အဲ့အတွက်လည်း မပူပါနဲ့ - အင်တာနက်ထဲမှာ Hash Algorithm တွေကို စစ်ဆေးနိုင်ဖို့အတွက် အလကားပေးထားတဲ့ Tools တွေ အတော်များများကိုရှိပါတယ်။

( 1 ) MD5 Checker



MD5 Checker ဆိုတာ အပေါ်မှာ ပြောခဲ့သလိုပဲ မူရင်းနဲ့ ကော်ပီကြားက ကွာခြားသွားမယ့် Hash values ကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ ပေါ့ပြီး install လုပ်ဖို့လည်း မလို Free လည်းရ သုံးရလည်း လွယ်လို့ ကျွန်တော်တော့ MD5 Checker ကို တစ်ခြား Checker တွေထက် ပိုသဘောကျမိပါတယ်။ တကယ်လို့ လိုမယ်ဆိုရင်လည်း ကိုယ်ပိုင် MD5 checksum ကို Create လုပ်လို့ ရပါတယ်။

( 2 ) HashCalc


HashCalc ကလည်း သုံးလို့ ကောင်းပါတယ် - ကျွန်တော် မကြိုက်တာ သူက Portable မဟုတ်ဘူး - Install လုပ်ရတယ် - ကျွန်တော် အဲတာ သဘောမကျဘူး -

( 3 ) WinHex



သူကတော့ နဲနဲ functions တွေပိုများသလို သုံးလေ့မရှိရင် နဲနဲလည်း ရှုပ်တီးရှုပ်ရှက်နိုင်ပါတယ် - အဓိက ရည်ရွယ်ချက်က Computer နဲ့ ပတ်သတ်တဲ့ Tests တွေလုပ်ရာမှာ သုံးတဲ့ Universal Hexadecimal Editor (HEX Editor) နဲ့ Disk Editor တစ်မျိုးလို့ သူ့ကို ပြောလို့ ရပါတယ် - WinHex ကိုသုံးပြီး Hash value ကို တွက်မယ်ဆိုရင် File -> Open ကနေ ကိုယ်စစ်ချင်တဲ့ ဖိုင်ကို ရွေးခေါ် - Tool menu -> Compute Hash ကနေတစ်ဆင့် SHA-1 (160 bit) / MD5 / စသဖြင့် Hash function algorithm ကိုရွေးပေးပြီး တွက်ထုတ်နိုင်ပါတယ်။

( 4 ) Microsoft File Checksum Integrity Verifier (FCIV) Utility

File Checksum Integrity Verifier (FCIV) ကိုသုံးမယ်ဆိုရင် Cryptographic hash values တွေ ဖြစ်တဲ့ MD5 / SHA-1 တွေကို Command-line utility သုံးပြီး တွက်ထုတ်ရမှာပါ - Command-line utility ဖြစ်တဲ့အတွက် လူတိုင်းအတွက် အသုံးမတည့်မှာ သေချာပါတယ်။ တကယ်လို့မှ လေ့လာချင်ရင် အသုံးပြုနည်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

( 5 ) FileFormat.info Online MD5SUM Tool



တကယ်လို့မှ ဘာ Software မှလည်း Download မချချင်ဘူး - install လည်းမလုပ်ချင်ဘူးဆိုရင် FileFormat.info မှာ Online Hash Value Calculator ကိုသုံးပြီး Hash data ကိုတွက်ထုတ်လို့ ရပါတယ်။

( 6 ) FileFormat.info Online MD5SUM Tool


သူကတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ Online Hash Value Calculator ထက်ပိုပြီး သုံးရလွယ်တဲ့ Online Tool ပါ -

အနှစ်ချုပ် 

ကျွန်တော် ခုဖော်ပြခဲ့သလောက်ဆို OS တွေ Apps တွေမှာ သူနဲ့ သက်ဆိုင်ရာ Hash Value တွေရှိတယ် ဆိုတာရယ် - သူတို့ရဲ့ အရေးပါပုံတွေရယ် - အဲ့ဒီ့တန်ဖိုးတွေကို သုံးပြီး Original နဲ့ Copy ဘယ်လို ခွဲခြားတယ်ဆိုတာရယ် - ဘယ်လို Software တွေ သုံးနိုင်မယ်ဆိုတာရယ် - အထိုက်လျောက် နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


စကားမစပ် ဒီနေ့ ( ဖေဖော်ဝါရီ ၁၁ ၂၀၁၁ ) - ကျွန်တော့် မွေးနေ့ပါ - 

Happy Birthday "KznT."

KznT.

How to Password Protect OneNote 2010

Microsoft OneNote 2010 မှာ Password protection ပေးရတာ အင်မတန်လွယ်ပါတယ် -

Password ပေးဖို့အတွက် အောက်မှာ ဖော်ပြထားတဲ့အတိုင်း အရင်ဆုံး ကိုယ် Password ခံထားချင်တဲ့ Section tab တစ်ခုပေါ်မှာ right-click ထောက်ပါ - နောက် shortcut menu မှာတွေ့ရမယ့် “Password Protect this Section” ကို click ပေးပါ။


အဲလိုပေးလိုက်ရင် Notebook ရဲ့ ညာဘက်ခြမ်းမှာ Password Protection task pane ကို ခုလိုတွေ့ရပါလိမ့်မယ် - အဲ့မှာ Set Password button ကို click ပေးပါ။


Password Protection dialog box မှာ ကိုယ့် password ကိုရိုက်သွင်းပြီး OK ပေးပါ။


အဲလို လုပ်ဆောင်ပြီးသွားတာနဲ့ ကိုယ့် Notebook ကို lock လုပ်ပြီးသွားပြီး - နောက်ဝင်တဲ့ အချိန်တိုင်း အရင်လို လျောလျောရှုရှု ဝင်လို့ မရတော့ပဲ ခုလို Section ထဲကို ဝင်ဖို့ Password တောင်းပါလိမ့်မယ်။


Password options နဲ့ ပတ်သတ်ပြီး File-> Options-> Advanced-> Passwords မှာ စိတ်ကြိုက် ပြင်ဆင်ထားနိုင်ပါသေးတယ် - အဲ့မှာဆိုရင် ကိုယ့် Notebook ထဲက ရေးလက်စ Sections တွေကို ဘယ်အချိန်မှာ အလိုလျောက် lock လုပ်ဖို့ ဆိုတာမျိုးထိ သတ်မှတ်ထားလို့ ရပါတယ်။



တစ်ခုသိထားရမှာ Onenote မှာသုံးတဲ့ Passwords တွေဟာ sections တစ်ခုချင်းစီအလိုက်ပဲ Lock လုပ်လို့ ရပါတယ် - Notebooks အားလုံးကို lock လုပ်တာမျိုး မဟုတ်ပါဘူး - တကယ်လို့ ကိုယ့် password ကို အသစ်ပြန်ပြောင်းချင်တာမျိုး ဖြစ်စေ - Remove လုပ်ချင်တာမျိုးဖြစ်စေ - အပေါ်ဆုံးမှာ ဖော်ပြခဲ့တဲ့ “Password Protect this Section” ကို ခေါ်ယူတဲ့ procedure အတိုင်းပဲ ပြန်သွားပြီး ပြင်ဆင်နိုင်ပါတယ်။



video click , audio click တို့ ဘယ်လိုထည့်လဲ မသိဘူး။

Video တွေ Audio clip တွေထည့်ဖို့ အတွက်က Insert -> Attach File ကနေ ထည့်လို့ ရပါတယ် - ထည့်ပြီးရင်လည်း အဲ့ကနေပဲ တိုက်ရိုက်နားဆင်လို့ ရပါတယ်။ အသေးစိတ်အသုံးပြုပုံတွေ Recording လုပ်ပုံတွေကို ဒီ့ထက်လေ့လာနိုင်အောင် လောလောဆယ် MS Office 2010 အသုံးပြုနည်း စာအုပ်တွေ တင်ပေးနေပါတယ် - အားလုံးပြီးသွားရင် E-Books & Tutorials ကဏ္ဍအောက်မှာ MS Office 2010 Ebooks Collectionဆိုပြီး တင်ထားပေးပါမယ်။

Outlook မှာ မြန်မာဖောင့်ပေါ်အောင်က သီးသန့်ထပ်ပြီး ဖော်ပြပေးပါမယ်။

KznT.

What is the difference between Chrome and Chromium ?

Google Chrome ကို ခုနောက်ပိုင်း တော်တော်များများ သတိထားမိလာကြပြီ - Browsers လောကမှာ သူ့ရှေ့က အိုမင်းရွတ်တနေတဲ့ Browsers ပေါင်း မြောက်များစွာကို ကျော်ဖြတ်ပြီး January 2011 မှာ အမြန်ဆုံး - အပေါ့ဆုံး - အပြစ်အကင်းဆုံး နဲ့ ကမ္ဘာ့လူသုံးအများဆုံး တတိယမြောက် Browser တစ်ခုအဖြစ် ရပ်တည်နိုင်လာခဲ့ပါပြီ - အဲ့တော့ Google Chrome ကို သိပြီဆိုကြပါစို့ - 
( ၁ ) သူ့နောက်ကွယ်ကနေပြီး သူ့ရဲ့ ရပ်တည်မှုကို ယိုင်လဲမကျအောင် အဓိက ပံ့ပိုးပေးနေတဲ့ ဇာတ်ရံနေရာရောက် အဓိက ဇာတ်ဆောင်မင်းသား Open-source browser "Chromium" ဆိုတာကော ကြားဖူးကြပါရဲ့လား ??

( ၂ ) ကြားဖူးတယ်ဆိုရင် Google Chrome နဲ့ Chromium က ဘာတွေ ကွာသလဲ ?? ဘယ်ဟာတွေ ဘယ်လိုကွာပြီး တစ်ခုချင်းစီမှာ ဘာတွေများ အားသာချက် အားနည်းချက်တွေ ရှိနေသလဲ ??

( ၃ ) တကယ်လို့ Google က Chromium team ရဲ့ code ကို ယူသုံးနေတာဆိုရင် ဘာလို့များ Chromium team က အပင်ပန်းခံပြီး ဒီ project ကို လုပ်နေရတာလဲ ??

( ၄ ) Open-source browser ဆိုတဲ့ သဘောကိုရော နားလည်ခ့ဲကြပြီလား ??

The Chromium Projects


Chromium project ဟာ တကယ်တော့ Google Chrome browser နဲ့ Google Chrome OS နဲ့ နောက်ကွယ်က သိပ်ချီးကျူးစရာကောင်းတဲ့ Open-source project တစ်ခုပါ - September 2008 ခုနှစ်မှာ Google ကနေပြီး V8 JavaScript engine အပါအဝင် - Chrome အဖြစ် နောက်ပိုင်းမှာ ပေါ်ထွက်လာမယ့် Google Chrome ရဲ့ Source Code တွေထဲက အဓိကကျတဲ့ အစိတ်အပိုင်းတွေကို Open-source project "Chromium" ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ခွဲထုတ်ခဲ့ပါတယ် - ဒီလိုလုပ်ဆောင်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က Chrome projects ထဲမှာ မပါဝင်တဲ့ ပြင်ပက third-party developers တွေကို Chrome မှာပါတဲ့ Code ရဲ့ အားနည်းချက်တွေ လေ့လာပြင်ဆင်နိုင်အောင်နဲ့ လစ်ဟာချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် လမ်းဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ Open-source projects တွေရဲ့ အကြောင်းကို တကယ်တော့ အရင်က ကျွန်တော် လုံးလုံးကို သဘောမပေါက်ခဲ့ဘူး - Ubuntu သုံးဖြစ်ခဲ့ပြီးနောက်ပိုင်း Open-source နဲ့ ထိတွေ့ပါများလာတဲ့ နောက်ပိုင်းမှသာ Open-source projects တွေရဲ့ သဘောကို နားလည်လာခဲ့မိတယ် - Open-source project ဆိုတာ မြင်သာအောင် နိှုင်းရရင် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပြီး လွတ်လပ်ရေးရသကို မခံစားခဲ့ကြရရှာတဲ့ မြန်မာမျိုးချစ် အာဇာနည် သူရဲကောင်းတွေလိုပဲ - သူတို့တွေမှာ ရယူလိုစိတ် မရှိဘူး - အကျိုးခံစားခွင့်ဆိုတာကို ဘယ်သူမှ ရှေ့တန်းမတင်ကြဘူး - နောက်လာနောင်သားတွေ အကျိုးရှိအောင် အကျိုးဖြစ်ထွန်းအောင် ပံ့ပိုးပေးချင်တဲ့ စိတ်ပဲရှိကြတယ် - တကယ်တော့ လူရယ်လို့ ဖြစ်လာရင် ဘယ်လောက်ပဲ ပရဟိတစိတ်ရှိပါတယ် ပြောပြော - ကိုယ်ကျိုးအတွက် ပြည့်စုံလောက်ပြီ ဆိုတော့မှ တစ်ဖက်လူအတွက် ကြည့်ပေးနိုင်ကြတဲ့သူတွေများတယ် - ကျွန်တော်အပါအဝင်ပဲ - ဒါ့ကြောင့် Open-source project တွေကို ကျွန်တော်ချစ်တယ် - ကျွန်တော်ဟာ Developer တစ်ယောက်မဟုတ်ပေမယ့် "ကိုယ်ကျိုးအတွက် ရှေ့တန်းမတင်ပဲ ခုလို အများကောင်းကျိုးကို ဦးတည်လှုပ်ရှားနေတဲ့ Open-source project" တွေရဲ့ အနာဂတ်ကို မြှင့်တင်နိုင်အောင် Ubuntu နဲ့ ပတ်သတ်ပြီး ကျွန်တော်သိခဲ့တဲ့ အခြေခံလေးတွေ မျှဝေပေးခဲ့တယ် - တကယ်တော့ ကျွန်တော်ရေးနေတာတွေဟာ Open-source projects တွေက Developers တွေရဲ့ ပံ့ပိုးမှုနဲ့ နိှုင်းယှဉ်လိုက်ရင် မြူမှုန်လောက်ပါ - Chromium projects ကလည်း ဒီသဘောပါပဲ - သူဟာ ခု Google ကနေ ယူသုံးနေတဲ့ Google Chrome browser ကိုရော - Google Chrome OS ကိုရော Open-source projects အဖြစ်နဲ့ အဦးဆုံး အစပျိုးခ့ဲတဲ့ နေရာပါ - 



Chromium projects မှာ Chromium လို့ ခေါ်တဲ့ Open-source browser နဲ့ Chromium OS လို့ ခေါ်တဲ့ Open-source OS project ဆိုတဲ့ Projects နှစ်ခုရှိပြီး - သူ့ဆီမှာ ရှိတဲ့ Projects နှစ်ခုလုံးက Documentation တွေ Source code တွေကို Developers တွေနဲ့ Code တည်ဆောက်ပုံ လေ့လာလိုသူ မည်သူကိုမဆို လေ့လာနိုင်အောင် Chromium projects က Free တင်မက Open-source အဖြစ်နဲ့ပါ ပေးထားပြီး Chromium projects မှာ ပါဝင်မျှဝေနိုင်လာအောင် ပံ့ပိုးပေးထားပါတယ် - ဒီ Chromium projects မှာ ဘက်ပေါင်းစုံက Developers တွေ ပြင်ဆင်တည်ဆောက်ရာက ရလာတဲ့ Source code ကို Google က ယူပြီး သူ့ အဲ့ဒီ့ Source code က ဟာကွက်တွေကို ထပ်ရှာတယ် - ထပ်ဖြည့်တယ် - Flash Player လေးထည့်တယ် - Google ဆိုတဲ့ Name နဲ့ Logo ကိုတပ်တယ် - GoogleUpdate လို့ ခေါ်တဲ့ auto-updater system လေးထပ်ပေါင်းတယ် - စသဖြင့် တစ်ခြား တိုတိုထွာထွာလေးတွေ ထပ်ဖြည့်ပြီး ခု ကျွန်တော်တို့ သိထားတဲ့ Google Chrome ဆိုပြီး ဖြစ်လာတာပါ - ကျွန်တော် ဒီလို ပြောလိုက်လို့ Google က Chromium projects က ရင်းမြစ်ကို မတရားသဖြင့် ယူသုံးနေတယ်လို့ ဆိုလိုသလို ဖြစ်နေတယ် - ကျွန်တော် အဲ့လို ဆိုလိုတာမဟုတ်ပါဘူး - ဒါတွေအားလုံးက တရားဝင်လုပ်ဆောင်နေကြတာပါ - Chromium projects အဖြစ် စတင်ခဲ့ပေမယ့် Google Chrome ဆိုပြီး အောင်မြင်လာတဲ့ အချိန်မှာ Chromium ကို ဘယ်သူမှ မသိကြတော့ဘူး - သိတဲ့သူတွေကျတော့လည်း Chromium ဆိုတာကို ဘယ်သူမှ စိတ်မဝင်စားကြတော့ဘူး - နောက်ကွယ်က အဓိက ဇာတ်ဆောင်မင်းသား Chromium က ဇာတ်ပို့ တစ်ယောက်အဖြစ်နဲ့ပဲ မထင်မရှားဇနပုဒ်မှာ အရောင်ခပ်မှိန်မှိန်နဲ့ ကျန်နေရစ်ခဲ့ရတယ်။



ဒီလို အဖြစ်အပျက်တွေဟာ Open-source projects တွေတိုင်း ရင်ဆိုင်ကြရတာပါ - ဒါပေမယ့် Chromium ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပေးခဲ့ကြတဲ့ ဘယ် Developers မှာ ဒါကို မကျေမနပ် မဖြစ်ကြဘူး - သူတို့အားလုံးရဲ့ ဦးတည်ချက်ဖြစ်တဲ့ လူ့ပတ်ဝန်းကျင်နဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်က အောင်မြင်ခဲ့တယ်လေ - လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပြီး လွတ်လပ်ရေးရသကို မခံစားခဲ့ကြရရှာတဲ့ မြန်မာမျိုးချစ် အာဇာနည် သူရဲကောင်းတွေလိုပဲ အရှိန်အဝါနဲ့ ကျော်ကြားမှုကို သူတို့ မပိုင်ဆိုင်ခဲ့ကြရပေမယ့် မြင့်မြတ်တဲ့ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ စိတ်ဓာတ်ဟာ ကမ္ဘာတည်သရွေ့ သမိုင်းမှာ မှတ်တမ်းတင်ကျန်ရစ်ခဲ့တယ် - ဒါကို ကျွန်တော်တို့က Open-source လို့ ခေါ်ပါတယ်။



Google Chrome ရဲ့ နောက်ကွယ်က သမိုင်းကြောင်းကို သူတို့တွေက ခုလို ရှင်းပြခဲ့ကြပါတယ် - 



Google Chrome နဲ့ Chromium ၏ ကွာခြားချက်များ




Photo from fergytech.com


Google Chrome ဟာ End user တွေ အတွက် အဓိက ဦးတည်ပြီး Google က ထုတ်ထားတာ မို့လို့ Freeware ပေးတဲ့ Software sites မှန်သမျှ တိုက်ရိုက် ဒေါင်းလုပ်ချလို့ ရသလို google.com/chrome မှာလည်း တိုက်ရိုက် ဒေါင်းလုပ်ရယူနိုင်ပါတယ် - Chromium ကတော့ Developers နဲ့ Code တွေအကြောင်း လေ့လာလိုသူ - အသစ်အသစ်တွေကို စမ်းသပ်ချင်သူများအတွက် ဦးတည်ချက်ထားတာ မို့လို့ သူ့ရဲ့ မူရင်းဆိုဒ် မှာ End users အတွက် သီးသန့် Build လုပ်ပြီး မြင်သာအောင် တင်ထားပေးတယ် ဆိုတာမျိုး မရှိပဲ - အသုံးပြုချင်ရင် ကိုယ်ကိုယ်တိုင် built or debugged လုပ်ပြီးမှ Chromium ကို သုံးကြရပါတယ်။ ဒါ့ကြောင့် ခြောက်ပစ်ကင်း သဲလည်းစင်ကိုမှ သုံးချင်တဲ့သူ Code အကြောင်းကိုလည်း နားမလည်သူ - အသစ်ကိုလည်း မစမ်းသပ်ချင်သူတွေဟာ End users တွေအတွက် သီးသန့်ထုတ်ထားတဲ့ Google Chrome လို့ ခေါ်တဲ့ Stable ဖြစ်ပြီးသား Versions တွေကို အသုံးပြုဖို့ သင့်တော်ပါတယ် - Open-source browser "Chromium" ကတော့ Code တွေရဲ့ ဖွဲ့စည်းပုံကို နားလည်တဲ့ Developers တွေ - Code တွေရဲ့ တည်ဆောက်ပုံကို လေ့လာလိုသူ Advanced users တွေ - အသစ်အသစ်ဆိုတာတွေကိုမှ စမ်းသပ်လိုသူတွေအတွက် အသုံးပြုဖို့ သင့်တော်ပါတယ် - Google Chrome နဲ့ Chromium ကြားက ဆက်စပ်ပုံအဆင့်ဆင့်ကို အကြမ်းဖျဉ်း လေ့လာရင် အောက်ဖော်ပြပါအတိုင်း အဆင့် လေးဆင့် ထွက်ပါတယ်။


1) Google Chrome (stable)


Users တော်တော်များများက ပြဿနာကင်းပြီး အလုပ်ရှုပ်သက်သာတဲ့ Google Chrome ဆိုတဲ့ Stable channel မှာပဲ နေကြတဲ့သူများတယ် - Stable channel ဆိုတဲ့အတိုင်း Google Chrome ဟာ Beta channel မှာ စေ့စေ့စပ်စပ် စမ်းသပ်ရင်း အားနည်းချက် တစ်ခုခုတွေ့ပြီ ဆိုတာနဲ့ ချက်ချင်းပြင်ပြီး Update လုပ်ပေးနေတယ် - ဒါပေမယ့် Google Chrome ရဲ့ Source code ဟာ Chromium ကို အခြေခံပြီး ပြည့်စုံအောင်တည်ဆောက်ထားတာမို့လို့ latest features တွေ Chromium လောက် ဘယ်တော့မှ မစုံဘူး - ဒါ့ကြောင့် Google Chrome ကိုသုံးမယ်ဆိုရင် ကျွန်တော်တို့ Stable channel အောက်မှာပဲ နေလို့ ရမယ်။ Chromium browser လောက် latest features တွေ ဘယ်တော့မှ မရနိုင်ဘူး - 

2) Google Chrome beta


သူကတော့ latest features တွေကို သုံးလည်းသုံး - ဖြစ်တဲ့ ပြဿနာလေးတွေကိုလည်း ကူညီ ဖြေရှင်းပေးချင်တယ်ဆိုတဲ့ Users မျိုးတွေ အသုံးပြုသင့်တဲ့ Dev channel ရဲ့အထက် Beta channel အောက်က Versions တစ်မျိုးပါ - ဒါ့ကြောင့် Beta channel မှာ ရှိနေတဲ့ Google Chrome ဟာ Dev channel မှာရှိနေတဲ့ Google Chrome ထက်ပိုပြီး Stable ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။


3) Google Chrome dev


Dev channel ဆိုတာ developer preview channel ကို ဆိုလိုတာပါ - Dev channel မှာ Google Chrome ဟာ new features တွေပါတယ်ဆိုပေမယ့် တော်တော်ကို မတည်မငြိမ် ဖြစ်နေတဲ့ ( unstable ) အနေအထားမှာ ရှိပါတယ် - ဘယ်သူတွေ သုံးသင့်သလဲဆိုရင် Developers တွေ - ဖြစ်တဲ့ ပြဿနာတွေကို ကူညီ ဖြေရှင်းပေးချင်တဲ့ Code အကြောင်းနားလည်သူတွေ - စမ်းသပ်ချင်သူတွေ သုံးနိုင်ပါတယ်။


4) Chromium




သူကတော့ လုံးဝ အသစ်ချပ်ချွတ် - Latest အကျဆုံး features တွေကိုမှ အသုံးပြုချင်သူတွေ - စမ်းသပ်စစ်ဆေးချင်သူတွေ အသုံးပြုနိုင်ပါတယ် - အမြဲ နောက်ဆုံးပြေးနေတဲ့ Versions ဖြစ်နေတာမို့လို့ bug တာတွေလည်း ရှိသလို - Chromium ဟာ Google chrome မှာပါတဲ့ Crash reporting တို့ - PDF support တို့ - Google updater တို့ ... စသဖြင့် ပါမှာ မဟုတ်ပါဘူး - ဒါပေမယ့် သိထားဖို့ ကောင်းတာ တစ်ခုက Chromium ဟာ အခု Version 11.0.662.0 (73953) ကို ရောက်နေပြီ - Google Chrome က လတ်တလော နောက်ဆုံး Beta တောင် ခုမှ 10.0.648.18 ပဲ ရှိပါသေးတယ်။

Open-source browser "Chromium" အား အသုံးပြုခြင်း 


Open-source browser "Chromium" ကို Open-Source ဖြစ်တဲ့ Ubuntu နဲ့ တစ်ခြား Linux distros တွေမှာတော့ Software center တွေကနေ တိုက်ရိုက် သွင်းယူလို့ ရပေမယ့် Windows မှာ သုံးချင်ရင်တော့ ရှာရခက်ပါတယ် - Chromium ကို သုံးချင်ရင် ကိုယ့်ဘာသာ Build လုပ်ပြီး သုံးရမယ်လို့ ကျွန်တော် အထက်မှာ ပြောခဲ့ပေမယ့် Build လုပ်ပြီးသား .exe ကို အသင့်ယူသုံးနိုင်တဲ့ နေရာတွေ ရှိပါသေးတယ်။

ကိုသွားပါ။




အထက်က ပုံမှာ ဖော်ပြထားတဲ့ အတိုင်း chromium-rel-xp/ ကို ဆက်ဝင်ပါ -



Last modified ကိုနှိပ်ပြီး Latest ဆိုတာရဲ့ အောက်က နောက်ဆုံး folder ထဲကို ဆက်ဝင်ပါ -



အောက်ဆုံးမှာ ရှိနေတဲ့ mini_installer.exe ကို Download ချပြီး စက်မှာ တင်လိုက်ပါ - 



ဒါဆို အောက်ဖော်ပြပါအတိုင်း Google chrome နဲ့ အပြိုင် Open-source browser "Chromium" ကို စက်မှာ သုံးလို့ ရပါပြီ။ 




ခုဖော်ပြခဲ့သလောက်ဆိုရင် Google Chrome ရဲ့ သမိုင်းဖြစ်ရပ်တစ်ချို့ - Chromium ရဲ့ ပါဝင်ပတ်သတ်မှုနဲ့ Open-Source ရဲ့ သဘောသဘာဝကို မိသားစုဝင်များ နားလည်နိုင်ကြလိမ့်မယ် ထင်ပါတယ်။ 

KznT.

Google Chrome and Mouse middle button shortcuts

ကျွန်တော်တို့ Mouse ကို ဘာအတွက် သုံးနေကြသလဲ ??


ကျွန်တော်အရင်က သိပ်မစဉ်းစားမိဘူး - ကွန်ပြူတာ စသုံးခါစက ကွန်ပြူတာနဲ့ တွဲပါလာလို့ သုံးတယ်လို့ပဲ မှတ်ထားတာ  - ဘယ်လောက်ထိ တုံးသလဲ ဆိုရင် Mouse ကွန်ပြူတာမှာ တပ်ထားတာ မတွေ့ရင် ဘာမှကို မလုပ်တတ်တော့တဲ့ အဆင့်ထိပဲ -  - တကယ်ကို အဲလို ဖြစ်ခဲ့ဖူးတယ် - တစ်ခါတစ်လေ ရုပ်တည်ကြီးနဲ့ ကိုယ့်လောက်မသိသေးတဲ့ သူတစ်ယောက်ယောက် မေးလာရင် သူ့ကွန်ပြူတာမှာ Mouse မပါလာတဲ့ အခါ - Mouse မှ မပါလာတာ ကျုပ် ဘယ်လိုလုပ်ပေးလို့ ရမှာလဲ ဆိုပြီး အတည်ပေါက်နဲ့ ဟောက်ခဲ့ဖူးသေးတယ် ( ဆိုလိုတာ ကိုယ့်အပြစ်မဟုတ်ဘူး သူ့ကွန်ပြူတာ အပြစ်ပေါ့ )  ဒီလောက်ဆို ကျွန်တော် ဘယ်လောက်ထူသလဲ သိလောက်ပြီ 
တကယ်တော့ ကွန်ပြူတာမှာ လည်ပတ်ပေးနေတဲ့ ကိစ္စရပ်တော်တော်များများက Mouse မပါပဲနဲ့လည်း စီမံခန့်ခွဲလို့ ရတယ် - ကျွန်တော်တို့က Mouse ကြီး ဘေးနားမှာ ရှိနေလို့သာ Keyboard shortcuts ဆိုတာတွေကို စိတ်မဝင်စားပဲ မေ့မေ့ပျောက်ပျောက်ဖြစ်နေကြတာ - တကယ်က အဲလို မဖြစ်သင့်ဘူး - Mouse ကို ကျွန်တော်တို့ အသုံးပြုရတဲ့ အဓိက ရည်ရွယ်ချက်က OS ထဲမှာဖြစ်ဖြစ် - အင်တာနက်ထဲ ဝင်လို့ Webpage ပေါ်ရောက်တဲ့ အချိန်မှာဖြစ်ဖြစ် - လုပ်ဆောင်စရာ ရှိတဲ့ ကိစ္စရပ်တွေကို မြန်မြန်မှန်မှန်နဲ့ အချိန်ကုန် သက်သာအောင် စီမံခန့်ခွဲနိုင်စေဖို့ပါ - OS ထဲမှာ ဆိုရင်လည်း Mouse မပါပဲ သုံးလို့ရအောင် ဖန်တီးပေးထားပြီးသား Keyboard shortcuts တွေ အပြည့်အစုံ ရှိသလို - တစ်ခြား Apps တွေမှာလည်း သူ့စွမ်းဆောင်ရည်နဲ့သူ အသင့် ပြင်ဆင်ပေး ထားပြီးသား Keyboard shortcuts တွေ အပြည့်ရှိပါတယ် - ဒါပေမယ့် Keyboard shortcuts ဆိုတာ သိထားဖို့သာ သင့်တာ တကယ်တမ်း သုံးရင် လက်ပေါက်ကပ်တာတော့ အမှန်ပဲ - တစ်ချို့နေရာတွေမှာ Keyboard shortcuts ကို သုံးရင် Mouse ထက် လုပ်ဆောင်ချက် ပိုသွက်ပေမယ့် - တစ်ချို့နေရာတွေမှာ ကျတော့ Mouse နဲ့ မသုံးရင် လုပ်ဆောင်ချက်တစ်ခု ပြီးနိုင်ဖို့ နာရီနဲ့ ချီပြီး ကြာသွားတတ်ပါတယ် -


အဲ့တော့ လူသိပ်စိတ်မဝင်စားတဲ့ Keyboard shortcuts တွေအကြောင်း နောက်ထားပြီး အင်တာနက်ထဲ ဝင်လို့ Webpage ပေါ်ရောက်တဲ့ အချိန် Google Chrome နဲ့ အတူ လုပ်ဆောင်ချက်တွေ စီမံခန့်ခွဲရာမှာ မှန်မှန်နဲ့ မြန်မြန် ပြီးနိုင်မယ့် Mouse အကြောင်းလေး ရေးချင်မိပါတယ် - 

Google Chrome browser နှင့် Mouse ၏ စွမ်းဆောင်ရည်များ

Mouse လို့ ပြောလိုက်ရင် ကျွန်တော်တို့ အားလုံးနီးပါးက Left click - Right click ဒီလောက်ပဲ အသုံးများတော့ တစ်ခြား click တွေအကြောင်း မစဉ်းစားမိကြဘူး - ကျွန်တော်တို့ နောက်ထပ် သိထားဖို့လိုတဲ့ Click တစ်မျိုး ကျန်ပါသေးတယ် - ဥပမာ ပြရရင် Middle click / Middle mouse button / Mousewheel



Mouse တစ်ခုမှာပါတဲ့ Middle button က Google Chrome browser မှာ ဘာသုံးလို့ ရမလဲ ??


Google Chrome browser မှာ Mouse ရဲ့ Middle buttom ကို သုံးမယ်ဆိုရင် သာမန် သုံးနေကျ Right click ရဲ့ လုပ်ဆောင်ချက်ထက်တွေထက် Click ပေးရတာ နှစ်ဆ ပိုသက်သာပါမယ်။ Google Chrome browser မှာ အသုံးပြုနိုင်မယ့် Mouse တစ်ခုရဲ့ Middle button shortcuts စာရင်းကို အောက်မှာ လေ့လာကြည့်ပါ -



( ၁ ) Google Chrome နဲ့ ဖွင့်ထားတဲ့ Web စာမျက်နှာတစ်ခုခုပေါ်က Links တွေပေါ်မှာ Middle button လို့ခေါ်တဲ့ ( နောက်တစ်မျိုးအခေါ် Mousewheel ) ကို Click ပေးရင် အဲ့စာမျက်နှာဟာ New tab အဖြစ်နဲ့ Background မှာပွင့်ပါလိမ့်မယ်။ တကယ်လို့ Links ပေါ်ကို click ပေးတဲ့အချိန်မှာ Middle button အပြင် Shift key ကိုပါတွဲပြီးနှိပ်ထားရင်တော့ အဲ့စာမျက်နှာကို new tab မှာ ဖွင့်ပေးတဲ့အပြင် အဲ့စာမျက်နှာရှိရာဆီကိုပါ တစ်ခါတည်း တွဲခေါ်သွားပါလိမ့်မယ်။




( ၂ ) Menu buttons တြွေဖစ်တဲ့ forward, back, refresh, home buttons တွေကိုလည်း Middle mouse button / Mousewheel နဲ့ click ပေးပြီး New tab အဖြစ်နဲ့ Background မှာပွင့်အောင် စေခိုင်းလို့ ရပါတယ်။ 




( ၃ ) Google Chrome browser မှာ ဖွင့်ထားတဲ့ tabs တွေကို Middle mouse button / Mousewheel နဲ့ click ပေးပြီး ပိတ်ပစ်လို့ ရပါတယ်။ 




( ၄ ) Google Chrome browser နဲ့ ဖွင့်ထားတဲ့ Web စာမျက်နှာတွေပေါ်မှာ Ctrl key ကို နှိပ်ထားပြီး Mousewheel ကို ရှေ့ဘက်ကို လှိမ့်ရင် Web စာမျက်နှာက သေးသေးကွေးကွေး အကြောင်းအရာတွေ ကို အကျယ်ချဲ့ပြီး မြင်ရပါလိမ့်မယ်။ သူ့ ပြောင်းပြန် Ctrl key ကို နှိပ်ထားပြီး Mousewheel ကို နောက်ဘက်ကို လှိမ့်ရင် Web စာမျက်နှာပေါ်က ကြီးကြီးမားမား စာလုံးတွေ/အကြောင်းအရာတွေ သေးသေးကွေးကွေး ဖြစ်သွားပါလိမ့်မယ်။




( ၅ ) Google Chrome browser နဲ့ ဖွင့်ထားတဲ့ Web စာမျက်နှာတွေပေါ်က လွတ်တဲ့ တစ်နေရာမှာ Middle mouse button / Mousewheel ကို နှိပ်ရင် Auto scrolling ဖြစ်ပါတယ် - တစ်ချိန်လုံး Mousewheel ကြီးကို ရှေ့လိှမ့်လိုက် နောက်လှိမ့်လိုက် လုပ်ဖို့ မလိုတော့ဘူးပေါ့ - တကယ်လို့ အထက်အောင် Vertically သွားချင်တာ မဟုတ်ပဲ မျက်နှာစာကျယ်တဲ့ Webpage တွေမှာ အလျားလိုက် Horizontally သွားချင်တာ ဆိုရင် Shift ကို နှိပ်ထားပြီး Mousewheel ကို ရှေ့လိှမ့်လိုက် နောက်လှိမ့်လိုက် လုပ်ပါ - ဒါဆို ဘေးဘယ်ညာ သွားပါလိမ့်မယ် - 




Google Chrome browser နဲ့ ပတ်သတ်တဲ့ Keyboard shortcuts တွေအကြောင်း လေ့လာချင်ရင်တော့ ဒီနေရာကနေသွားရောက်လေ့လာနိုင်ပါတယ်။ 

KznT.

Peace with Nature

တစ်ခါတစ်လေ ဘာမှ မလုပ်ချင်တော့လောက်အောင် ဖြစ်မိတယ် - Home sick တော့ မဟုတ်တော့ပါဘူး - အဲ့အဆင့်တွေက လွန်ခဲ့ပြီလေ - ကြာပဲ ကြာပြီပဲ - ဖြစ်နေတာက မြင်နေကျ အရာတွေ မမြင်ချင်တာ - တွေ့နေကျအရာတွေ မတွေ့ချင်တာ - ကြားနေကျ အသံတွေ မကြားချင်တာ - Facebook စာမျက်နှာကို မတွေ့ချင်သလို - Email notifications တွေလည်း မမြင်ချင်ဘူး - Incoming calls တွေလည်း မလိုချင်သလို - နေ့တိုင်း နှုတ်ဆက်နေရတဲ့ Homepage ကိုလည်း အသစ်လဲရပါ များလွန်းလို့ ကွန်ပြူတာဆိုတဲ့ အကောင်ကိုပါ နားရွက်ကနေ ဆွဲမ ပြူတင်းပေါက်ကနေ ခြေထောက်နဲ့ နောက်ပြန်ဆောင့်ကန်ချလိုက်ချင်ပြီ ( ရှေ့လှည့်ပြီး ကန်ရင် သနားတာနဲ့ မကန်မိမှာစိုးလို့  )- ဒါမှမဟုတ်လည်း ထက်ဝက်ဖြတ်ရင်ဖြတ် -

Photo from cartoonstock.com


အဲလို ဖြစ်တာကို တစ်ချို့က Stress လို့ ခေါ်ကြတယ် - ဟုတ်မယ် ကျွန်တော်လည်း Stress တွေများနေတာဖြစ်မယ် - ဒါပေမယ့် ကျွန်တော် တစ်ယောက်တည်းတော့ မဖြစ်နိုင်ဘူး - ကျွန်တော့်လို ဖြစ်နေမယ့် မိသားစုဝင်တွေလည်း ရှိကောင်းရှိမှာပဲ - အဲ့လို ဖြစ်နေမယ့် မိသားစုဝင်တွေ အတွက် ဖြေဖျောက်နည်း တစ်ချို့ ကျွန်တော်ရှာတွေ့ထားတာ ရှိတယ် - ကျွန်တော် သဘောကျပေမယ့် လူတိုင်းတော့ သဘောကျမယ်/မကျဘူး ကျိန်းသေ မပြောနိုင်ဘူးပေါ့ - ဒါပေမယ့် ဒီနည်းလေးတွေက အရမ်းရိုးပြီး ချစ်ဖို့ ကောင်းတယ် - ကျွန်တော်ဖော်ပြမယ့် နည်းတွေထဲမှာ သီချင်း နားထောင်ခိုင်းမှာတွေ မပါဘူး - ဗွီဒီယိုတွေ မကြည့်ခိုင်းဘူး - ပုတီးလည်း စိတ်မခိုင်းသလို - တရားလည်း မထိုင်ခိုင်းဘူး - 


ကျွန်တော်တို့တွေ သဘာဝကို ခံစားကြမှာပါ -

သဘာဝတရားဖြင့် ငြိမ်းချမ်းမှု ရှာဖြွေခင်း


ကျွန်တော် အိမ်နဲ့ခွဲပြီး တစ်ယောက်တည်း နေလာတာ ( ၁၂ ) နှစ်လောက်ရှိပြီ - တစ်ယောက်တည်း နေလာတာ များတော့ အားလုံးကထုံနေသလိုပဲ - ဘယ်အရာကမှ ထူးပြီး ကျွန်တော့်ကို ခံစားချက် အသစ် ဆိုတာမျိုး မပေးနိုင်တော့ဘူး - ဒါပေမယ့် ချွင်းချက်တစ်ခုတော့ ရှိတယ်ဗျ - အဲ့တာက သဘာဝတရား - ဥပမာ ပြောရရင် မိုးတွေအုံ့လာရင် ကျွန်တော် တစ်ခုခုကို လွမ်းသလို ဖြစ်တတ်တယ် - မိုးတွေ သည်းသည်းမဲမဲ ရွာရင်ကျတော့ ပျော်နေတတ်ပြန်ရော - နေပူရင်ကျတော့ ကျွန်တော် ဒေါသထွက် တယ် - နှင်းတွေကျရင် တစ်ခါတစ်လေ စိတ်ညစ်ပြီး တစ်ခါတစ်လေ သူတို့ကို ချစ်တယ် - အဲ့တာကြောင့် လူတစ်ယောက်ရဲ့ စိတ်ကို အလွယ်တကူ အမြဲ အသွင်ပြောင်းစေနိုင်တာ သဘာဝတရားလို့ ကျွန်တော် ယုံကြည်မိတယ် - ကိုယ့်စိတ်ကို ကိုယ်သတိထားမိလာတဲ့ အခါကျတော့ လူတွေဖန်တီးထားမှုကြောင့် ဖြစ်လာတာ မဟုတ်တဲ့ သဘာဝတရားရဲ့ အလိုလျောက်ဖန်တီးမှုတွေကို ကျွန်တော် ချစ်တတ်လာတယ် - လမ်းလျှောက်ရင် ကတ္တရာလမ်းတွေ လူသွားလမ်းတွေပေါ်က မလျှောက်ပဲ မြေကြီးသားရှိတဲ့ ဘက်ကနေ သွားလျှောက်တယ် - ဘာလို့လည်းဆို ကတ္တရာလမ်းတို့ လူသွားလမ်းတို့ဆိုတာ ခြေထောက်ချလိုက်ရင် ကျွန်တော့်ကို ဘယ်တော့မှ အလိုက်သင့် မကြိုဆိုကြဘူး - မတတ်သာလို့ စာအုပ်ထုတ်ဌားရတဲ့ စာကြည့်တိုက်က အသားခပ်မဲမဲ ကုလားမလိုပဲ - သူ့ကြိုဆိုပုံက မာခြောက်ခြောက်ကြီးလို့ ကျွန်တော် ခံစားရတယ် - မြေကြီးသားကတော့ ဘယ်အချိန်ချနင်းနင်း အလိုက်တသင့်နဲ့ ပျော့ပျောင်းမှုကို ပေးတတ်တယ် - မိုးရွာပြီးခါစဆို ပိုသိသာတယ် - သူတို့တွေ ပျော့ပျော့ပျောင်းပျောင်း ကြိုဆိုတတ် လွန်းလို့ ကျွန်တော်တို့ ခြေရာတွေတောင် ထင်ကျန်ခဲ့ဖူးတယ် မလား - မြက်ခင်းတွေ တွေ့ရင် လမ်းဆက်မလျှောက်ပဲ စကားမပြောတတ်တဲ့ သူတို့တွေနဲ့ ခဏလောက် ဆော့ဖြစ်တယ် - တစ်ခါ တစ်လေ ဗွက်အိုင်ထဲ ခြေဆုံဆင်းရပ်ချင်လည်း ရပ်နေတတ်တယ် - ဘေးလူတွေကတော့ ကျွန်တော့်ကို ရူးများနေလားလို့ ထင်မလားပဲ - ကျွန်တော် မရူးပါဘူး - ကျွန်တော် သဘာဝကို ချစ်တာပါ -



ဒါပေမယ့် သဘာဝတရားဆိုတာ လိုချင်တဲ့ အချိန်တိုင်း လိုချင်တဲ့ ပုံစံမရဘူးဗျ - ဥပမာ - ကျွန်တော်ဆို စိတ်ဖိစီးမှု အရမ်းများလာရင် မိုးရွာစေချင်တယ် - မိုးရွာတဲ့အချိန် မှာ မြင်ရတဲ့ မြင်ကွင်းတွေ - မိုးစက် မိုးပေါက်တွေရဲ့ အသံတွေကို ကြားရင် စိတ်ဖိစီးမှုတွေ နည်းနည်းလျော့သွားသလိုပဲ - ဒါပေမယ့် ခု မိုးမရွာဘူးလေ - ခု ကျွန်တော်မြင်နေရတာ ဒီ ကွန်ပြူတာ - ကျွန်တော်ကြားနေရတာ CPU fan က မြည်နေတဲ့ လည်သံ - ဒီလို အခြေအနေမှာ သဘာဝတရားကို ဘယ်နေရာမှာ ကျွန်တော်သွားရှာရမှာလဲ ?? 



ဒါပေမယ့် သဘာဝတရားကို ရှာယူလို့ ရပါတယ် - တကယ်ပါ - 

( 1 ) Do Nothing For 2Minutes




ချောင်းသာတို့ ငွေဆောင်တို့ဆိုတဲ့ ကမ်းခြေတစ်ခုခုကိုများ မိသားစုဝင်တွေ ရောက်ဖူးကြမလား - ကမ်းစပ်မှာ ထိုင်ပြီး နေဝင်ချိန်ကိုကြည့်၊ လိှုင်းရိုက်သံတွေကို နားစွင့်ဖူးမယ်ဆိုရင် တစ်ချိန်က ရခဲ့ဖူးတဲ့ သဘာဝတရားရဲ့ ငြိမ်းချမ်းမှုကို လူတိုင်း သတိရမိကြမှာပါ - ခု ကျွန်တော်တို့ ချောင်းသာသွားလို့တော့ မရဘူးပေါ့ - ဒါပေမယ့် လိှုင်းရိုက်သံတွေကပေးမယ့် သဘာဝတရားရဲ့ ငြိမ်းချမ်းမှုကိုတော့ Do Nothing For 2Minutes မှာ သူ အကြံပြုထားတဲ့ အတိုင်း ၂ မိနစ်လောက် ဘာမှမလုပ်ပဲ မျက်လုံးလေး မှိတ်ပြီး ခံစားကြည့်နိုင်ပါတယ် - 


( 2 ) MoodTurn


သူကတော့ Do Nothing For 2Minutes ထက် ရွေးချယ်ခံစားနိုင်စရာ သဘာဝတရားရဲ့ ရိုက်ခတ်သံတွေ ပိုများပါတယ် - ပြောရရင် ကျွန်တော်တော့MoodTurn ကို ပိုသဘောကျတယ် - 





သဘာဝတရားကနေသာ ခံစားလို့ ရတဲ့ မိုးစက်မိုးပေါက်တွေရဲ့ အသံကို နားစွင့်ချင်သလား - ကမ်းခြေက လိှုင်းရိုက်သံတွေနဲ့ မှေးစက်ချင်သလား - သည်းကြီးမည်းကြီးရွာနေတဲ့ မိုးရာသီရဲ့ သရုပ်ကို ခံစားကြည့်ချင်သလား နှစ်သက်သလို ရွေးပြီး ခံစားနိုင်ပါတယ် - စိတ်ဖိစီးမှုတွေ လျော့ကျဖို့ အတွက်ပေါ့ -

( 3 ) RainyMood




သူကတော့ မိုးရာသီသီးသန့် - မိုးရာသီကို ချစ်တဲ့သူ - မိုးစက်မိုးပေါက်တွေကို သဘောကျတတ်တဲ့ သူတွေကို မိုးရာသီရဲ့ သဘာဝသံစဉ်တွေနဲ့ ပတ်ဖျန်းပေးပါလိမ့်မယ်

( 4 ) Dream Aquarium




သူကတော့ ငါးလေးတွေ မွေးရတာ - သူ့ ဆော့ဖ်ဝဲလ်လေး တင်လိုက်ရင် ကိုယ့်ကွန်ပြူတာက ငါးကန်လေး ဖြစ်သွားပြီး ဂဏန်းလေးတွေ ငါးသေးသေးလေးတွေ မွေးလို့ ရတယ် - တတ်နိုင်ရင်တော့ မူရင်းဆိုဒ်မှာ ပိုက်ပိုက်ပေးဝယ်ပြီး သုံးနိုင်ပါတယ် - $19.95 ပါ - မတတ်နိုင်တာဖြစ်ဖြစ် - တတ်နိုင်ပေမယ့် ဝယ်ဖို့ အခက်အခဲ ဖြစ်နေတာ ဖြစ်ဖြစ် ရှိနေရင်တော့ ဒီအောက်မှာ full version အသင့်တင်ပေးထားပါတယ်  - ဘယ်လိုလုပ်ရမယ် ဆိုတာတော့ အထဲမှာ Instructions ဖိုင်ပါပြီးသားမို့လို့ ဒီမှာ အကျယ်ချဲ့ မပြောတော့ပါဘူး ကျွန်တော်တော့ ရေသံလေးတွေနားထောင်ရင်း ငါးလေးတွေ မွေးပြီး အစာကျွေးရတာလည်း သဘောကျတယ် -

Download

DreamAquarium.rar (7.87 MB)
http://up4vn.com/?d=2IYISONC

ဒီအကြောင်းလေး ဖတ်ပြီးရင် မိသားစုဝင်တွေမှာ ရှိနေမယ့် Stress တွေများနဲနဲ လျော့သွားမလား - ဒါဆို ကျွန်တော်ရေးရကြိုး နပ်တာပေါ့ - 

အားလုံးကျေးဇူးပါ 

KznT.

Myanmar Wiki

ဒီရက်ပိုင်း လေးငါးရက်လောက် ဖိုရမ်ကို မဝင်ဖြစ်ခဲ့ဘူး - အကြောင်းက တစ်ခြားနေရာတစ်ခု ရောက်နေခဲ့ လို့ပါ - 


Wikipedia ကိုတော့ တော်တော်များများ သိကြမယ်ထင်ပါတယ် - ဟုတ်ကဲ့ သူက အွန်လိုင်းစွယ်စုံကျမ်းလို့ ပြောရမှာပါပဲ - အကြောင်းအရာ တစ်ခုခု သိချင်လို့ Google မှာ ရှာလိုက်ရင် Search result မှာ များသောအားဖြင့် ထိပ်ဆုံးက တွေ့ရတတ်တာ ဒီ Wikipedia ပါ။


ဘာကြောင့် ဒီလိုတွေ့ရလဲဆိုရင် Wikipedia က အွန်လိုင်းစွယ်စုံကျမ်းဆိုတဲ့ နာမည်နဲ့ လိုက်အောင်ကို အကြောင်း အရာသေးသေးလေးကနေ စပြီး အကြောင်းအရာအကြီးကြီးတွေထိ စုံလင်တာတွေ့ရတယ် - ဘာသိချင်သိချင် သူ့မှာရှိတယ် - ဘာ နားလည်ချင် နားလည်ချင် သူတော်တော်များများ ပြောပြနိုင်တယ် - တကယ်ကို အံ့သြဖို့ကောင်းတဲ့ စွယ်စုံကျမ်းတစ်ခုပါ - ပြောရရင် ကျွန်တော် Wikipedia သုံးခဲ့တာ တော်တော်နောက်ကျနေတယ် လို့တောင် ပြောရမလားပဲ - ဒါ့ကြောင့် မိသားစုဝင်တွေကို ကျွန်တော့်လို နောက်မကျစေချင်ဘူး - မသိသေးတဲ့သူတွေ သိစေချင်တယ် - မသုံးဖြစ်သေးသူတွေ သုံးကြည့်စေချင်တယ် - သတိထားမိပေမယ့် စိတ်မဝင်စားတဲ့သူတွေ လေ့လာကြည့်စေချင်တယ် - 



အဲ့လိုစိတ်ကူးပေါ်လာတော့ Wikipedia အကြောင်း ငါ ရေးဦးမယ်ဆိုပြီး စိတ်ကူးထဲ ရှိလာတဲ့ အချိန်မှာ Wikipedia ဟာ ဘာသာရပ်မျိုးစုံနဲ့ ရှိနေတာ ကျွန်တော် သိထားတယ် - နောက်ပြီး မြန်မာဝီကီ ဆိုတာကိုလည်း ကျွန်တော် ရင်းနှီးနေတာ ကြာပြီ - ဒါပေမယ့် မှန်ရာပြောရရင် - ကျွန်တော်အပါအဝင် users တော်တော်များများက မြန်မာဝီကီ ကို ဒီလောက် အားမကိုးကြဘူး - တစ်ချို့ဆို မြန်မာဝီကီပိဒိယ ရှိမှန်းတောင် မသိကြဘူး - ဒီကြားထဲ ယူနီကုတ်နဲ့ ဇော်ဂျီဆိုတဲ့ ပြဿနာက မြန်မာဝီကီရဲ့ ကဏ္ဍကို မှေးမှိန်အောင် ဖန်တီးနေသေးတယ် - မြန်မာတွေ အားလုံးနီးပါးက စနစ်မမှန်တဲ့ ဇော်ဂျီနဲ့ လက်ပွန်းတတီး ဖြစ်နေကြတာ ကြာပြီ - အဲလို ဖြစ်နေတဲ့ အချိန်မှာ Unicode5.2 ဆိုပြီး standard မှီတဲ့ မြန်မာယူနီကုတ် စနစ်ပေါ်လာတယ် - ဒါပေမယ့် သူ့ဘာသာသူ standard ဘယ်လောက်မှီပါတယ် ပြောပြော ရိုက်နေကျ လက်ကွက်တစ်ခုက keyboard မှာ စာလုံးတစ်လုံးနှစ်လုံးလောက် နေရာလွဲရင်ကို ရိုက်ရတာ တော်တော်ကသောင်း ကနင်းဖြစ်တယ် - မြန်မာစာရေးထုံးဘက်က ကြည့်ရင်Unicode5.2 က တကယ် စနစ်ကျ လာတာတွေ့ရပေမယ့် အသုံးပြုသူ ဘက်က ပြန်ကြည့်ရင် keyboard လက်ကွက်တွေ လွဲနေတဲ့ စနစ်တစ်ခုကို ဘယ်လောက် စံကျပါတယ်ပြောပြော ဘယ်သူမှ မသုံးချင်ကြဘူး - ဒါပေမယ့် စံပြုထားတဲ့ စနစ်တစ်ခုဟာ ဘယ်တော့မှ လက်လွတ်လို့ မရဘူး - ခုမသုံးရင်တောင် တစ်ချိန် ကျွန်တော်တို့ သုံးကြရမှာပါပဲ - အဲလို ယူနီကုတ်နဲ့ ဇော်ဂျီပြဿနာကြောင့် ကျွန်တော် အပါအဝင် မြန်မာဝီကီ သမားတွေ တော်တော် စိတ်ကသိကအောက် ဖြစ်ခဲ့ရတယ် - မြန်မာဝီကီမှာ Contribute လုပ်ချင်တယ် - ဒါပေမယ့် ဇော်ဂျီ သမားတွေက လက်ကွက်ကို ပြောင်းပြီး မရိုက်ချင်ဘူး - Unicode သမားကျပြန်တော့လည်း နောင်တစ်ချိန်မှာ စံဖြစ်လာမယ့် ဒီUnicode က အတည်ပြုခံရမယ် ဆိုတာ သိနေတော့ ဇော်ဂျီ နဲ့ မြန်မာဝီကီကို အသက်မသွင်းချင်ဘူး - ဒီလိုနဲ့ မြန်မာဝီကီပိဒိယ ဟာ -



( ၁ ) Wikipedia Foundation ကနေ အတည်ပြုထားတဲ့ my.wikipedia.org နဲ့



( ၂ ) ဇော်ဂျီ သမားတွေအတွက် မူရင်းဇော်ဂျီ လက်ကွက်အတိုင်း Contribute လုပ်နိုင်မယ့် wikimyanmar.co.cc 

ဆိုပြီး site နှစ်ခုကွဲထွက်သွားတယ် - 


တော်တော်လေးကို ကသိကအောက် ဖြစ်ခဲ့ပါတယ် - လတ်တလော အခြေအနေမှာ wikimyanmar.co.cc ဟာ လူတိုင်း ရင်းနီှးနေတဲ့ ဇော်ဂျီလက်ကွက်နဲ့ မို့လို့ Contributors လည်းများသလို အကြောင်းအရာ တော်တော်များများ ကိုလည်း မြန်မာလိုရေးထားပြီးပြီ - ဒါပေမယ့် ဘာဖြစ်လဲဆို Wikipedia Foundation က အဲ့ဒီ့ wikimyanmar.co.cc ကို အသိအမှတ်မပြုဘူး - သူတို့ အတည်ပြုထားတဲ့ my.wikipedia.org ကိုပဲ မြန်မာဝီကီပိဒိယ အဖြစ် အသိအမှတ်ပြုတယ် - အဲ့တော့ မြန်မာဝီကီက Contributors တွေ Administrators တွေမှာ မြန်မာဘာသာဇော်ဂျီနဲ့ ရေးထားပြီးသား ဆောင်းပါးပေါင်း ၄၂၀၀ ကျော်ကို ဟိုဘက်က my.wikipedia.org ထဲ Unicode standard ရှိတဲ့ Font ပြန်ပြောင်းပြီး သွင်းရတဲ့ ပြဿနာ ပေါ်လာတယ် - တော်တော် ကသောင်းကနင်းနိုင်တဲ့ အလုပ်ပါ - မှန်ရာပြောရရင် အဲ့ ပြဿနာတွေကို ကျွန်တော်လည်း အရင်က နားမလည်ဘူး - မြန်မာဝီကီပိဒိယ ဆိုလို့ အားကိုးတကြီးနဲ့ ဝင်ကြည့်လိုက်တိုင်း ဖောင့်တွေက ကသောင်းကနင်းဖြစ်နေတတ်တာရယ် -my.wikipedia.org နဲ့ wikimyanmar.co.cc ဆိုပြီး နှစ်မျိုး ကွဲနေတာတွေ ရယ်ကြောင့် ဘယ်ဟာက ဘယ်လိုမှန်းမသိ စိတ်ရှုပ်တယ်ဆိုပြီး ခေါင်းရှုပ်မခံချင်တာနဲ့ မြန်မာဝီကီပိဒိယကို ချောင်ထိုး အင်္ဂလိပ်ဝီကီဆီပဲ ခြေချဖြစ်ခဲ့တယ် - ပြီးခဲ့တဲ့ လေးရက်လောက်ကမှ ဒီစာကိုရေးမယ် ကြံတော့ အရင်က ချောင်ထိုးခဲ့တဲ့ ဒီပြဿနာက ဘာကြောင့်လဲဆိုတာ သိချင်လို့ စာလိုက်ဖတ်ရင်း ခုလိုမျိုး မြန်မာဝီကီပိဒိယမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို သိခဲ့ရတာပါ - သိခဲ့ပြီးတဲ့ နောက်ပိုင်း ကိုယ့် မြန်မာဝီကီပိဒိယအတွက် စိတ်မကောင်းဖြစ်မိခဲ့တယ် - သူများ ဘာသာစကားနဲ့ ရေးထားတဲ့ စွယ်စုံကျမ်းတွေ ဘာသိချင်သိချင် ဘာရှာရှာ လိုတရနေချိန်မှာ ကိုယ့်မြန်မာစာနဲ့ ရေးထားတဲ့ ဝီကီပိဒိယက ခုချိန်ထိ Font standard ပြဿနာကို အံတုဖြေရှင်းဖို့ ကြိုးစားနေရတုန်းဆိုတာ သိလာတော့ တတ်နိုင်သလောက် ကူညီချင်တာနဲ့ မြန်မာဝီကီမှာ အဖွဲ့ဝင်လုပ်ရင်း ယခုဖိုရမ်က ပျောက်နေတဲ့ ရက်ပိုင်းအတွင်းမှာ ပံ့ပိုးမှုတွေ စလုပ်ခဲ့ ပါတယ် - နက်နက်နဲနဲ တိုးဝင်ကြည့်လေ ပြဿနာတွေ ပိုမြင်လေ ပါပဲ - တစ်ခြားနိုင်ငံတွေများ ဝီကီကို ရေးလိုက်ကြတာ - ကိုယ့်မြန်မာတွေက ရေးဖို့နေနေ သာသာ မြန်မာဝီကီပိဒိယ ရှိမှန်းတောင် မသိကြသေးဘူး - Active Contributors ဆိုတာကလည်း လက်ချိုးရေလို့ ရနိုင်လောက်အောင်ကို နည်းနေသေးတယ် - Contributors အသစ်တွေကို လမ်းညွှန်ပေးနိုင်မယ့် အကူအညီကဏ္ဍတွေကလည်း မပြည့်စုံသေးဘူး - ရှိပြီးသားတွေ ကလည်း ဘာသာပြန်ပြီးသားတွေကော - ဘာသာပြန်လို့ မပြီးသေးပဲ တစ်ဝက်တစ်ပျက်နဲ့ ဖြစ်နေတာတွေရော - ပြောရမယ် ဆိုရင် အများကြီးပါပဲ - လောလောဆယ်တော့ ကျွန်တော် ဖိုရမ်နဲ့ မြန်မာဝီကီပိဒိယမှာ အချိန်ခွဲပေးပြီး စာရေးနေပါတယ် - ဒီမြန်မာမိသားစုဖိုရမ် ဆိုတာကလည်း ကိုယ့် မိသားစုဝင်တွေနဲ့ ဆိုတော့ မရေးပဲနေဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး - မြန်မာဝီကီပိဒိယဆိုတာကျပြန်တော့လည်း နောက်လာနောင်သား တွေအတွက် မရှိမဖြစ်လိုတယ် - အဲ့တာကြောင့် နှစ်နေရာလုံးမှာ နိုင်သလောက်ရေးမယ် ဆိုတဲ့ စိတ်နဲ့ ဒီကဏ္ဍလေးကို စဖြစ်လိုက်ပါတယ် - ဒီကဏ္ဍလေးမှာ ဝီကီပိဒိယနဲ့ ပတ်သတ်ပြီး မြန်မာဝီကီပိဒိယ မှာရော အင်္ဂလိပ်ဝီကီပိဒိယမှာရော တွေ့ရမယ့် အခက်အခဲလေးတွေ အသုံးပြုပုံလေးတွေ အားတဲ့ အချိန်တိုင်း ရေးသားပေးသွားဖို့ ဆန္ဒရှိပါတယ် - ဝီကီပိဒိယနဲ့ ပတ်သတ်ပြီး ကိုယ်သိထားတဲ့ အကြောင်းအရာလေးတွေ ရှိရင်လည်း ကျွန်တော့်ကို အားဖြည့်ကူညီနိုင်ပါတယ် - 

KznT.

Related Posts