YouTube Symphony Orchestra 2011

ပြီးခဲ့တဲ့ နှစ်က နိုင်ငံပေါင်း ၃၃ နိုင်ငံမှာ ရှိကြတဲ့ ဂီတပညာရှင် ၁၀၁ ယောက် ကိုယ်တိုင်သံစဉ်တွေ ဖန်တီးပြီး YouTube Symphony Orchestra 2011 ပြိုင်ပွဲအတွက် Youtube မှာ Videos တွေ Upload တင်ခဲ့ကြတယ် - အဲ့ဒီ့ လက်ရွေးစင်ဂီတ ပညာရှင်တွေကို ကမ္ဘာတစ်ဝှမ်းက Orchestras ခေါင်းဆောင်တွေရယ် - YouTube community ရယ် အကူအညီနဲ့ စုစည်းရွေးချယ်ပြီး အခု Sydney မှာ ရှိတဲ့ Opera House မှာ ဂရမ်မီဆု ချီးမြှင့်ပေးမယ့် Extraordinary concert ကို ကျင်းပနေပါပြီ - တကယ့် ပညာရှင်တွေပဲဗျာ - Sand Artist ပညာရှင်ရဲ့ ပြကွက်နဲ့ Orchestra ရဲ့ တီးခတ်မှုနဲ့ ပြသွားတာများ ကျွန်တော်ဆို အသက်ရှုဖို့တောင် မေ့နေမိတယ် - 

သူက ပညာရှင်တွေရဲ့ တီးခတ်မှု မပြခင် ပညာရှင်တစ်ယောက်ချင်းစီရဲ့ ဘဝသမိုင်းကြောင်းနဲ့ အနုပညာရပ်အပေါ် ခံယူချက်တွေအကြောင်း စကားပြောခန်း အတိုလေးတွေ ထိုးထိုးပြတယ် - အဲ့တာကလည်း အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတယ် - ကြုံရခဲတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမျိုးမို့လို့ ကျွန်တော်တော့ ကြည့်ဖြစ်အောင် ကြည့်စေချင်တယ် - 






Quote:
ဒီလောက်ပါပဲ - ကြည့်ရှုချင်သူများ >> http://www.youtube.com/symphony?feature=ticker ကို ကြွပါ။
KznT.

Chromium-based browsers

Google Chrome နှင့် Chromium အကြောင်း သိကောင်းစရာ ဆိုပြီး ရေးခဲ့တဲ့ နောက်ပိုင်း ကျွန်တော့်မှာ နောက်ထပ် ပြောပြချင်နေတဲ့ အကြောင်းလေးတွေ ရှိနေသေးတယ် - အဲ့တာက Google Chrome နဲ့တော့ မပတ်သတ်ဘူး - အဓိက ပတ်သတ်နေတာ Chromium - အကြမ်းဖျဉ်း ပြန်နွှေးရရင် Chromium က Open-source browser - Google Chrome ဆိုတာ အဲ့ဒီ့ Open-source browser "Chromium" ပေါ်မှာ အခြေတည်ထားတယ် - အဲ့တော့ နောက်ထပ် ဆက်ပြီး ကျွန်တော် တွေးကြည့်မိတာ -
  • Google Chrome ဟာ Open-source browser "Chromium" ပေါ်မှာ အခြေပြုထားတယ် ဆိုရင် Google Chrome လိုမျိုးပဲ Open-source browser "Chromium" ပေါ်မှာ အခြေပြုပြီး တည်ဆောက်ထားတဲ့ တစ်ခြား Browsers တွေရော မရှိနိုင်ဘူးလား ??
  • တကယ်လို့ ရှိခဲ့တယ် ဆိုရင် "Chromium" ပေါ်မှာ အခြေပြုထားခြင်း တူတူ ဘာတွေက ဘယ်လိုများ ကွာခြား သွားကြသလဲ ??

ဒါမေးခွန်းတွေ စိတ်ဝင်စားစရာ ကောင်းလာပါတယ်။ အဖြေကတော့ Google Chrome လိုမျိုးပဲ Open-source browser "Chromium" ပေါ်မှာ အခြေပြုပြီး တည်ဆောက်ထားတဲ့ တစ်ခြား Browsers တွေ နောက်ထပ် ရှိပါသေးတယ် - ကျွန်တော်တို့ သတိထားမိကြတာရယ် - Google ရဲ့ အရှိန်အဝါနဲ့ တည်ဆောက်မှုအောက်မှာ မထင်မှတ်လောက်အောင် နေရာရလာတဲ့ Google Chrome ရဲ့ အရှိန်အဝါတွေကြောင့် တစ်ခြား Chromium-based browsers တွေက သိပ်ပြီး ထင်ပေါ်မလာ
တော့တာပါ -

ChromePlus - ChromePlus ဆိုတာ ကျွန်တော်တို့ တော်တော်များများ သိပ်သတိမထားမိကြတဲ့ Chromium-based browsers တွေထဲက browser တစ်ခုပါ - ChromePlus ရဲ့ ထူးခြားချက်က Google Chrome မှာ ပါတယ်ဆိုတဲ့ functions တွေအားလုံး အတူတူပါပြီး Google Chrome မှာ မပါတဲ့ တစ်ခြား useful features လေးတွေ ( ဥပမာ - Mouse gesture, Super drag, IE tab, စတာလေးတွေ ) ထပ်ပေါင်း ဖြည့်ထားပေးပါတယ် - ( ChromePlus Features မှာ ထပ်ပေါင်းဖြည့်ထားတဲ့ features တွေကို ဒီနေရာမှာ လေ့လာကြည့်ပါ ) Google Chrome လောက် နာမည်ထွက်မလာ ခဲ့ပေမယ့် Browser ပြောင်းလဲ အသုံးပြုချင်သူတွေ အတွက် သတိပြုသင့်တဲ့ Browser တစ်မျိုး ဖြစ်ပါတယ်။ ChromePlus ရဲ့ အသွင်အပြင်ကို အောက်မှာ နမူနာ အနေနဲ့ ဖော်ပြလိုက်ပါတယ်။


Comodo Dragon - Comodo firewall ဆိုတာ ကြားဖူးကြလိမ့်မယ် ထင်ပါတယ် - ဟုတ်ပါတယ် ခု Comodo Dragon ဆိုတာလည်း အဲ့ဒီ့Comodo Group ကနေပဲ ဖန်တီးထားတဲ့ Chromium-based browser တစ်ခုပါ - သိတဲ့အတိုင်း သူတို့ Group က Security နဲ့ Privacy ပိုင်းဆိုင်ရာတွေနဲ့ ပတ်သတ်တာတွေ အဓိက ဖန်တီးတာမို့လို့ ဒီ Comodo Dragon မှာလည်း Security နဲ့ Privacy features တွေ ကောင်းအောင် အထူးပြုလုပ်ဖန်တီးထားတယ်လို့ သိရပါတယ်။ Comodo Dragon ရဲ့ အသွင်အပြင်ကို အောက်မှာ နမူနာ အနေနဲ့ ဖော်ပြလိုက်ပါတယ်။


Flock - Flock ကတော့ Social networking နဲ့ Media services တွေကို အသုံးများတဲ့သူတွေ အတွက် အဓိက ဦးတည်ချက် ထားပြီး တည်ဆောက်ထားတာပါ - သူ့ကို သုံးမယ်ဆိုရင် MySpace, Facebook, YouTube, Twitter, Flickr, Blogger, Gmail, Yahoo! Mail စတာတွေနဲ့ အားလုံး integrates အသင့်လုပ်ထားပေးတယ် - တစ်ခုစီကို Sign in လိုက်ဝင်လိုက်ယုံနဲ့ နေရာအသီးသီးက Social services ကို Control လုပ်ပြီးသား ဖြစ်သွားတယ် - တစ်ခြား features တွေလည်း အများကြီး ပါပဲ -


Iron - SRWare Iron ကလည်း Windows, Mac OS X နဲ့ Linux အားလုံးမှာ သုံးနိုင်တဲ့ Chromium-based browser တစ်ခုပါ - သူလည်း သိပ်တော့ လူမသိဘူး - ကွာခြားချက်ကတော့ တစ်ချို့ Google Chrome မှာပါတဲ့ features တွေက သူက ဖြုတ်ထုတ်ထားတယ် - ဥပမာ ( Automatic address bar search suggestions, Google Updater automatic installation, Bug tracking system ... ) ဆိုတာတွေ ဖြစ်ပါတယ်။ အသေးစိတ်ကို ဒီနေရာမှာ ကြည့်ပါ။

Rockmelt - ကျွန်တော့် အမြင်ပြောရရင် RockMelt လည်း Flock လိုမျိုးပဲ သူလည်း Chromium-based လုပ်ထားပြီး Facebook နဲ့ Twitter အဓိက ဦးစားပေးချိတ်ထားတယ် - Social services တွေ ချိတ်ဖို့ အဓိက ဦးစားပေးထားလို့လား မသိဘူး ကျွန်တော့်မျက်စိထဲတော့ အပြင်အဆင်က နဲနဲ မျက်စိရှုပ်နေသလိုပဲ - ကျွန်တော်ကတော့ Browser ဆို အမြင်ရှင်းနေမှ ကြိုက်တယ် - ဒီအောက်က Rockmelt ရဲ့ အပြင်အဆင်တစ်ချို့ပါ -




စမ်းသပ်သုံးစွဲချင်သူများ သက်ဆိုင်ရာ ခေါင်းစဉ်အသီးသီးမှာ Browser တိုင်းရဲ့ Homepage အသီးသီးကို ချိတ်ဆက်ပေးထားပါတယ် - သွားရောက် ရယူသုံးစွဲကြည့်ပါ -


မူလရင်းမြစ်များ

http://en.wikipedia.org/wiki/Chromium_(web_browser)
http://www.askvg.com/chromeplus-google-chrome-reloaded/
http://www.askvg.com/download-new-co...d-on-chromium/
http://www.askvg.com/rockmelt-new-we...t-on-chromium/
http://www.chromeplus.org/
http://www.comodo.com/home/browsers-...rs/browser.php
http://www.rockmelt.com/
http://www.srware.net/en/software_srware_iron_news.php
http://en.wikipedia.org/wiki/SRWare_Iron
http://en.wikipedia.org/wiki/Flock_(web_browser)

KznT.

How to Choose a Partition Scheme for Linux PC

06-02-2011 06:48 PM က Linux or Ubuntu မှာ partition ဘယ်လိုခွဲပါသလဲ ဆိုပြီး ကိုသူရိန်စိုးက မေးခဲ့တယ် - မေးထားတာတော့ ကြာကြာလြှပီ - ဒါပေမယ့် ကျွန်တော် ပြန်ဖြေမပေးနိုင်ခဲ့ဘူး - အကြောင်းက ကိုသူရိန်စိုး မမေးခင် ရက်ပိုင်းကပဲ စက်မှာ Windows 7 နဲ့ Ubuntu ကို Dual boot တင်ထားရာကနေ နှစ်ခုလုံး ဖြုတ်ထုတ်ပြီး Windows 7 SP1 ဆိုတာကို တင်ခဲ့တယ် - အဲ့တော့ စက်မှာ Windows ပဲ ရှိတော့တာပေါ့ - Ubuntu စက်ထဲ မရှိတဲ့ အချိန် Ubuntu အကြောင်းမေးလာတော့ ပြန်ဖြေမယ် ဆိုရင် ဖြေပေးလို့ ရပေမယ့် ပြောတဲ့ အကြောင်းအရာတွေမှာ အမှားတွေ ပါသွားမှာ စိုးလို့ မဖြေပေးဖြစ်ခဲ့ဘူး - နောက်ပြီး ဖိုရမ်က အလုပ်ကိစ္စလေးတွေလည်း တစ်ဖက်က ရှိနေတော့ တစ်ခုမပြီးခင် နောက်တစ်ခု ပြောင်းရင် ဟိုစပ်စပ် ဒီစပ်စပ် ဖြစ်မှာ စိုးတာနဲ့ ဟိုဘက်က အရေးကြီးတဲ့ အပိုင်းလေးတွေ အရင်လှည့်ရေးပြီး ခုမှပဲ ကိုသူရိန်စိုး မေးထားတာ ဖြေပေးနိုင်အောင် ဒီနေ့ HD မှာ နောက်ထပ် Partition ထပ်ထုတ်ပြီး Ubuntu တင်ဖြစ်လိုက်တယ် - ဒီနေ့တော့ ဖြေပေးဖြစ်ပါပြီ - ဘယ်လိုမှတော့ မထင်စေချင်ဘူးဗျာ - အခက်အခဲလေးတွေ နားလည်ပေးစေချင်ပါတယ် - 

Partition Scheme နဲ့ ပတ်သတ်ပြီး ပါးစပ်ပြောပြောရတာ ဒီလောက် မခက်ပေမယ့် စာနဲ့ ရေးပြီး ရှင်းဖို့က တော်တော်လေးကို လက်ပေါက်ကပ်ပါတယ် - ဘာလို့လည်းဆိုတော့ အကြောင်းအရာတွေ က ပြောရမှာ တော်တော်ကြီးကို များလို့ပါ - နောက်ပြီး Hard disk ဆိုတာမျိုးက ကွန်ပြူတာတိုင်းမှာ ရှိတာ မှန်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက်က ရည်ရွယ်ချက်နဲ့ အသုံးချပုံခြင်း မတူညီကြဘူး - တစ်ချို့က Partitions နှစ်ပိုင်းခွဲချင်တာ ရှိတယ် - တစ်ချို့က သုံးပိုင်း ခွဲချင်တာ ရှိတယ် - တစ်ချို့က အဲ့ထက်များများ ခွဲချင်တယ် - တစ်ချို့ကျတော့ Dual boot သုံးချင်တယ် - တစ်ချို့က Triple boot - တစ်ချို့ကကျတော့ HD မှာ Free space နည်းလို့ ကိုယ့်အတွက် တစ်ခြား Partition မှာ သုံးစရာများများ ကျန်အောင် OS partition ကို ပမာဏများများ သိပ်မပေး ချင်ကြဘူး - တစ်ချို့ကျပြန်တော့ OS partition မှာ Free space အများကြီး ထားပြီး ကြိုက်တဲ့ Apps ကို စိတ်ကြိုက် ဖြုတ်လိုက်တင်လိုက် လုပ်ချင်ကြတယ် - စသဖြင့် - အဲ့လိုမျိုး တစ်ယောက်နဲ့ တစ်ယောက် လိုလားချက်ခြင်း မတူလို့ အင်တာနက်ထဲ လိုက်ကြည့်ရင် Partitions စိတ်ပိုင်းနည်းဆိုတာ လူအမျိုးမျိုး စာရေးသူအဖုံဖုံက ပြောထားကြတာတွေ ရှိပေမယ့် တစ်ယောက်နဲ့ တစ်ယောက် လုပ်ဆောင်ပုံချင်း မတူညီကြတာ သွားတွေ့ရပါလိမ့်မယ် - ခု ကျွန်တော် ပြောရမယ် ဆိုရင်လည်း အဲ့လိုပဲ ဖြစ်ဦးမှာပါပဲ - ကျွန်တော်က Partition Scheme ကို ဒီပုံစံသုံးပေမယ့် နောက် လူတွေက နောက်ပုံစံတစ်ခု သုံးချင်သုံးမှာပဲ - ဒီပုံစံ လိုက်မသုံးလို့ မင်း Partition Scheme က မှားနေတယ်ဆိုပြီး အလွယ်ပြောလို့ မရသလို - ကိုယ်သုံးနေတဲ့ ပုံစံတစ်မျိုးတည်းကိုပဲ အမှန်လို့ ယူလို့ မရပြန်ဘူး - ဒါ့ကြောင့် အဓိကက Partition Scheme မှာ အခြေခံ သဘောတရားနဲ့ လုပ်ဆောင်ချက်ကိုပဲ နားလည်အောင် ကြိုးစားထားပါ - ဒါဆို နောက်ပိုင်းမှာ ကိုယ့်မှာရှိတဲ့ HD အနေအထားပေါ် မူတည်ပြီး Partition Scheme ဘယ်လိုချရမယ်ဆိုတာ နားလည်သွားပါလိမ့်မယ် 


Partition Scheme အကြောင်းကို ပြောတာ ဒါဟာ ဒုတိယအကြိမ်လို့ ပြောလို့ ရပါတယ် - ဒီအကြောင်းက ကျွန်တော်ရေးခဲ့ပြီးတဲ့ အားလုံးအတွက် Ubuntu ( Linux ) မှာ တစ်ခါ ဆွေးနွေးခဲ့ပြီးသားပါ - မဖတ်ရသေးရင် အပိုင်း ( ၁၅ ) နဲ့ အပိုင်း ( ၁၆ ) ကို တစ်ခေါက်ပြန်ဖတ်စေချင်ပါတယ် - ဒါပေမယ့် အဲ့တုန်းက ရေးခဲ့တာ Windows နဲ့ Ubuntu ကို Dual-booting စနစ်နဲ့ ယှဉ်တွဲ အသုံးပြုနိုင်ဖို့ အဓိက ဦးတည်ချက် ထားပြီး ရေးခဲ့တာ မို့လို့ ဖော်ပြဖို့ တစ်ခုလိုသွားပါတယ် - အဲ့တာက ဒီနေ့ ဖော်ပြမယ့် Linux PC တစ်လုံးအတွက် အသုံးပြုသင့်တဲ့ Partition Scheme အကြောင်းပါ - တစ်ခုတော့ ကြိုတင်မေတ္တာရပ်ခံပါရစေ - ကျွန်တော့်မှာလည်း အချိန်အများကြီး မရှိလို့ တစ်နေ့တည်းနဲ့ အားလုံး အပြီးတော့ ရေးနိုင်လိမ့်မယ် မထင်ဘူး - ရေးရမှာ နဲနဲလေး များလို့ ၂ ပိုင်း ( သို့မဟုတ် ) သုံးပိုင်းလောက် ခွဲရေးပါရစေ - တစ်နေ့နည်းနည်းပေါ့ - 




Image by dmyhung


Partitions ဆိုတာဘာလဲ ??


တစ်ခြားအကြောင်းတွေ Partitions စိတ်ပိုင်းပုံတွေ အကြောင်းမပြောခင် Partitions ဆိုတာဘာလဲ ?? ဆိုတဲ့ အကြောင်းလေး အရင်ရှင်းပါရစေ - ဘာကြောင့်လည်းဆို Partitions ကဘာလဲ ဆိုတာ သိတဲ့လူက ဂဃနဏ သိပေမယ့် တစ်ချို့က မသိသေးတော့ အဲ့လို လေ့လာသူတွေ ဒီစာကို ဖတ်ရင် ရှေ့လျှောက် Partitions စိတ်ပိုင်းပုံအကြောင်း ပြောနေလည်း ဘာမှ မျက်စိထဲ မြင်မှာ မဟုတ်ဘူး - ဘာကြောင့် ဒီလိုလုပ်နေလဲ ဆိုတာကိုလည်း နားလည်မှာ မဟုတ်ဘူး - အဲ့ကျရင် ဒါက ဘာကြီးလဲ - ဘာလို့ ဒီလိုလုပ်နေတာလဲ ဆိုတဲ့ အမေးတွေက ဆက်တိုက် တက်လာမယ် - အဲ့လိုဆို မေးတဲ့လူအတွက်လည်း အချိန်ကုန်သလို - ကျွန်တော်လည်း မေးခွန်းတိုင်း ကို ပြန်ဖြေပေး နိုင်ဖို့က မသေချာဘူး - အဲ့တာကြောင့် ဒီနေရာမှာ နားလည်ပြီးသားဆိုရင် လည်း ဖြေးဖြေးသာ သီးခံပြီး ဖတ်ပေးပါ - တတ်နိုင်သမျှ တိုတိုနဲ့ နားလည်လွယ်အောင် ကြိုးစားကြည့်ပါ့မယ်။


Partitions လုပ်တယ်ဆိုတာ ကိုယ့်စက်မှာရှိတဲ့ Hard disk တစ်လုံးကို ရည်ရွယ်ချက်မျိုးစုံနဲ့ အသုံးချနိုင်အောင် အစိတ်အပိုင်းတွေပိုင်းပြီး Format လုပ်တာပါပဲ - အစိတ်အပိုင်းတွေ ပိုင်းမယ်လို့ ပြောလိုက်လို့ တကယ့် Hard disk ကြီးကို အပြင်မှာ မုန့်ကို သုံးလေးပိုင်း ပိုင်းသလို တစ်ခါပိုင်းပြီးရင် နောက်ပြန်ပြင်လို့မရတဲ့ physical နည်းအရ ပိုင်းခြင်းမျိုးလုပ်မယ် ထင်ပြီး စိုးရိမ်သွားကြလိမ့်မယ် - အဲ့လို မဟုတ်ဘူး - သူက physical နည်းအရ မုန့်ပိုင်းခြင်းမျိုးနဲ့ မတူတဲ့ Logical နည်းအရ ပိုင်းခြားခြင်းလို့ ခေါ်ပါတယ် - Logical နည်းအရ ပိုင်းခြားခြင်းဖြစ်လို့ Hard disk တစ်လုံးကို ဒီနေ့ သုံးပိုင်း ပိုင်းထားတယ်ဆိုပေမယ့် နောက်နေ့ လေးပိုင်း လုပ်ချင်လည်း ရတယ် - နောက်တစ်ပတ်မှာ ငါးပိုင်း လုပ်ချင်လည်း ရတယ် - မကြိုက်ဘူး ခုပဲ နှစ်ပိုင်း ပြန်လုပ်ချင် တယ် ဆိုရင်လည်း ဖြစ်တယ် - ဒါဟာ Physical ပိုင်းခြားခြင်းနဲ့ Logical ပိုင်းခြားခြင်းရဲ့ ကွာခြားချက်ပါ - နောက်ပြီး Partitions ဆိုတာမျိုးက အပေါ်မှာ ပြောခဲ့ပြီးသလို တစ်ယောက်နဲ့ တစ်ယောက်က ရည်ရွယ်ချက်နဲ့ အသုံးချပုံခြင်း မတူတော့ သူ့ကို လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ လိုလားချက်ပေါ် မူတည်ပြီး မျိုးစုံပုံဖော်လို့ ရတယ် - မြင်သာအောင် ပြောရရင် ကလေးတွေ ဆော့ကြတဲ့ Sandboxလိုပေါ့ - တစ်ယောက် တစ်နေရာစီ နေပြီး သူတို့ လုပ်ချင်တဲ့ ပုံစံ သူတို့ဆောက်ချင်တဲ့ အိမ်ပုံစံလေးတွေ စိတ်ကြိုက်လုပ်လို့ ရတယ် - Partitions ဆိုတာတွေကလည်း ဒီသဘောပဲ - တကယ်လို့ ကျွန်တော်တို့မှာ 500GB ရှိတဲ့ Hard drive တစ်ခုရှိပြီး သူ့ကို 300GB Partition တစ်ခုနဲ့ 200GB Partition တစ်ခု နှစ်ပိုင်း ပိုင်းထားတယ် ဆိုကြပါစို့ - ဒီလိုဆို Partition တစ်ခုမှာ ဖြစ်နေတဲ့ ပြဿနာက နောက် Partition တစ်ခုပေါ်ကို အကျိုးသက်ရောက်မှု မရှိဘူး - ပြောရရင် Partition တစ်ခုမှာ Windows တင်ထားပြီး - နောက် Partition တစ်ခုမှာ Linux တင်ထားတယ် ဆိုကြပါစို့ - ဒီလိုဆို Windows မှာ Viruses တွေ Trojans တွေ ဒင်းကြမ်းဖြစ်နေလည်း Linux partition ကတော့ သူ့ဘာသာသူ အေးရာအေးကြောင်း လည်ပတ်နေဦးမှာပဲ - အဲ့တာကြောင့် ကိုယ်ကိုယ်တိုင် ပေါ့ဆလို့ - ဒါမှမဟုတ် သူ့ဘာသာသူ Hard drive ပျက်လို့ ဆိုတဲ့ အခြေအနေမျိုးကြောင့်ကလွဲရင် Partition တစ်ခုပျက်လို့ နောက်တစ်ခုပါ လစ်သွားတယ် ဆိုတာမျိုး ဘယ်တော့မှ မဖြစ်ပါဘူး - ဒါ့ကြောင့် ကျွန်တော်တို့တွေဟာ Hard drive တစ်ခုကို အသုံးချမယ်ဆိုရင် Partition တစ်ခုတည်းထားပြီး အသုံးမပြုကြဖို့နဲ့ Partitions တွေ ခွဲထုတ်ပြီး အသုံးပြုကြဖို့ အကြံပြုနေကြခြင်း ဖြစ်ပါတယ်။ 


နောက်ထပ်ရှိသေးတာ ခုလို Hard drive တစ်လုံးမှာ Partitions တွေကို တစ်ခုထက်မက ပိုပြီး စိတ်ပိုင်းအသုံးပြုခြင်းအားဖြင့် ရရှိနိုင်တဲ့ ကောင်းကျိုးတစ်ခုက Partitions တစ်ခုစီကို File systemတစ်ခုစီ ပြောင်းသုံးနိုင်တဲ့ အားသာချက်ပါ - File system ဆိုတာ နားလည်လွယ်အောင် ပြောရရင် Operating system တစ်ခုလည်ပတ်ရပ်တည်နိုင်ဖို့ Hard disk ပေါ်မှာ format ချပေးထားတဲ့ Table တစ်မျိုးလို့ ပြောလို့ ရပါတယ် - ဆိုရရင် File system ရှိမှ Operating system ဟာ ဘာကိုရေးရမယ် - ဘာကိုဖတ်ရမယ် - ဘာဟာကို ဘယ်လိုအဓိပ္ပါယ်ကောက်ရမယ် ဆိုတာ နားလည်နိုင်ပါတယ်။ သူများတွေက OS နှစ်ခုတွဲသုံးတယ် ကြားဖူးလို့ ကိုယ့်မှာ Hard drive နှစ်လုံး ရှိမှ ရမယ်များ ထင်နေပါသလား ? အဲ့လိုလည်း မဟုတ်ပါဘူး - ကိုယ့်မှာ HD တစ်လုံးတည်းရှိမယ် ဆိုရင်လည်း ကိုယ့် HD နဲ့ နေရာပမာဏပေါ် မူတည်ပြီး Operating systems တွေကို တစ်ခုထက်မက ယှဉ်တွဲ အသုံးပြုလို့ ရပါတယ်။

မနေ့က ပြောခဲ့တဲ့ file system အကြောင်းကို ပြန်ဆက်ရရင် Hard drive တစ်ခုမှာ အသုံးပြုနိုင်တဲ့ file system အမျိုးအစားပေါင်း မြောက်များစွာ ရှိပေမယ့် Hard drive တစ်ခုမှာ အသုံးပြုတဲ့ Partitions အမျိုးအစားကတော့ သုံးမျိုး သုံးစားပဲ ရှိပါတယ် - အဲ့တာတွေကတော့ - 

  • Primary partition
  • Extended partition နဲ့
  • Logical partition ဆိုတာတွေပါ။

ဒီနေရာမှာ Hard drive နဲ့ ပတ်သတ်ပြီး ပုံသေမှတ်ထားရမယ့် ကန့်သတ်ချက် တစ်ခုရှိပါတယ် - အဲ့တာကတော့ Hard disk တစ်ခုဟာ Primary partitions ကို ( ၄ ) ခုထက်ပိုပြီး အသုံးပြုလို့ မရပါဘူး - ခုလိုဖြစ်ရတဲ့ အကြောင်းအရင်းက Master Boot Record ကြောင့်ပါ - Master Boot Record ဆိုတာ ကိုယ့်ကွန်ပြူတာကို ဘယ် Partition ကနေ boot တက်ရမယ်ဆိုတာ ညွှန်ကြားတဲ့ အရာပါ - ဒါ့ကြောင့် ကွန်ပြူတာသမား အများစုက Master Boot Record နဲ့ ဆပ်စပ်နေတဲ့ Primary partitions တွေကို Operating systems အတွက် အသုံးပြုဖို့ သီးသန့်လိုမျိုး ထားတတ်ကြပါတယ် - ဒါပေမယ့် တကယ်လို့ ကိုယ်က Partitions လေးခု ထက်ပိုပြီး သုံးချင်တယ် ဆိုလို့ ရှိရင်ကော - ဒီလိုဆို အပေါ်မှာ ပြောခဲ့တဲ့ Partitions သုံးမျိုးထဲက Extended partition ရဲ့ အခန်းကဏ္ဍက ဝင်ရောက်လာပါပြီ - Extended partition တွေဟာ သူ့ကို Partition လို့ သတ်မှတ်ထားပေမယ့် သူ့ရဲ့ ရပ်တည်ပုံက တစ်ခြား partition တွေနဲ့ မတူပါဘူး - Extended partition ဆိုတာ Primary partition ရဲ့ နောက်မှာ ချိတ်ဆက်လာမယ့် Logical partitions အားလုံးကို Container တစ်ခုလိုမျိုး တစ်စုတစ်စည်းတည်း ပေါင်းစည်းပေးထားတဲ့ Partition အမျိုးအစားကို ခေါ်ပါတယ် - Hard disk တစ်ခုမှာ Extended partition တစ်ခု ဖွဲ့စည်းလိုက်ပြီ ဆိုတာနဲ့ OS အတွက် မဟုတ်တဲ့ partitions တွေ ( ၄ ~ ၅ ~ ၆ ခု ) မက ကိုယ့် Hard disk ပမာဏ များရင် များသလို စိတ်ကြိုက် စတင်ဖန်တီးနိုင်ပါပြီ - ဒီအကြောင်းက စာနဲ့ ပြောရင် ဘယ်လိုမှ မရှင်းနိုင်ပါဘူး - ကျွန်တော်သဘောပေါက်ပါတယ် - ခုပြောခဲ့တဲ့ ဖော်ပြချက်ကို မြင်သာအောင် ကျွန်တော့်စက်မှာ Setting ချထားတဲ့ Partition Scheme ကို အောက်မှာကြည့်ကြည့်ပါ - 



ဖော်ပြပါ ပုံမှာဆိုရင် Partitions စုစုပေါင်း ၆ ပိုင်းရှိပြီး - သူ့ရဲ့ ဖွဲ့စည်းပုံကတော့ 
  • အပြာရင့်ရောင်နဲ့ ပြထားတဲ့ Primary partitions - ၃ ပိုင်း
  • ရိုးရိုးအပြာရောင်နဲ့ ပြထားတဲ့ Logical partitions - ၃ ပိုင်း နဲ့
  • အဲ့ဒီ့ Logical partitions တွေအားလုံးကို တစ်ခုတည်းအဖြစ် သတ်မှတ်ပြီး အစိမ်းရောင်နဲ့ ဝိုင်းပြထားတဲ့ Extended partition - ၁ ပိုင်း

ဆိုပြီး - ပုံမှန်နည်းအရ ရေတွက်ရင် ( ရ ) ပိုင်းသတ်မှတ်လို့ ရတာတွေ့ရပါလိမ့်မယ် - ဒါပေမယ့် အစိမ်းရောင်နဲ့ ဝိုင်းပြထားတဲ့ Extended partition - ၁ ပိုင်းဟာ Logical partitions - ၃ ပိုင်းလုံးကို ကိုယ်စားပြုတာမို့လို့ သူ့ကို Partition တစ်ခုအနေနဲ့ သီးခြား မသတ်မှတ်တော့ပဲ ကျွန်တော်တို့တွေ တစ်ယောက်နဲ့ တစ်ယောက် Hard disk မှာ Partition ဘယ်နခု ပိုင်းထားသလဲလို့ မေးကြတဲ့ အခါ Extended partition ကို partition တစ်ခုအနေနဲ့ ထည့်မရေတွက်တော့ပဲ Primary partitions အရေအတွက်နဲ့ Logical partitions အရေအတွက်ကိုပဲ ပေါင်းပြီး ( ၄ ~ ၅ ~ ၆ ခု ) စသဖြင့် ပြောကြပါတော့တယ် - ဒါ့ကြောင့် အပေါ်က Partition scheme ကိုကြည့်ပြီး မင်းစက်မှာ Partitions ဘယ်နခု ပိုင်းထားသလဲလို့ ကျွန်တော့်ကို မေးလာရင် Partitions ( ၆ ) ခု ပိုင်းထားပါတယ်လို့ပဲ ကျွန်တော် ဖြေရပါလိမ့်မယ် - Extended partition ကို partition တစ်ခုအနေနဲ့ ထည့်မရေတွက်တော့ ပါဘူး - ဒီလောက်ဆိုရင် Primary, Extended နဲ့ Logical partitions တွေရဲ့ အကြောင်းကို အထိုက်လျောက် နားလည်ကြလိမ့်မယ် ထင်ပါတယ် -


ခုလိုမျိုး Partitions တွေရဲ့ အားသာချက် အားနည်းချက်တွေကို သိပြီ ဆိုရင် အပေါ်မှာ Primary partition ဆိုတဲ့ အမျိုးအစားက ( ၄ ) ခုထက်ပိုခွဲလို့ မရဘူးဆိုပြီး ပြောထားခဲ့တော့ လူတိုင်းက Partitions ဆို လိုသလောက် စိတ်ပိုင်းလို့ ရတဲ့ Extended partition အမျိုးအစားကိုပဲ ဘာကြောင့် မသုံးတာလဲလို့ မေးစရာရှိလာပါတယ် - ဘာကြောင့်လဲဆိုရင် OS တစ်ခုဟာ Extended partitions အောက်မှာ ရှိနေတဲ့ Logical partitions တွေထဲကို ရောက်သွားတဲ့ အချိန်ကျရင် အဲ့ကနေပြီး တိုက်ရိုက် Boot တက်ဖို့ မဖြစ်နိုင်လို့ပါ - ဒါပေမယ့် ဒါကလည်း တရားသေ မဟုတ်ပါဘူး - Extended partitions အောက်မှာ ရှိနေတဲ့ Logical partitions ထဲက OS တစ်ခုကိုပဲ Boot တက်လို့ ရအောင် လုပ်ဆောင်လို့ ရတဲ့ နည်းလမ်းတွေ ရှိပါသေးတယ် - ဒါပေမယ့်လည်း အားလုံးအဆင်ချောဖို့ ဆိုရင် OS တစ်ခုအတွက် Partition ဟာ Primary partition ပဲ ဖြစ်တယ်လို့ပဲ အလွယ်မှတ်လို့ ရပါတယ် - ဒါ့ကြောင့် Partitions အမျိုးအစားသုံးမျိုးထဲမှာ Primary partition မှာ အရေးအပါဆုံးဖြစ်လို့ System ကနေပြီး Partitons တွေကို အက္ခရာလိုက် စဉ်တဲ့ အချိန်မှာလည်း အရင်ဆုံး Primary partitions ကနေ စရေတွက်ပြီး နောက်မှာမှ Logical partitions တွေ နောက်ကလိုက် ရေတွက်တာကို မြင်ရပါလိမ့်မယ် - 



အဲ့လို System ကနေ စနစ်တကျ စဉ်ထားတာ ဖြစ်တဲ့အတွက် နောက်ပိုင်း ကိုယ့် Hard disks မှာ partitions တွေ ထပ်ပေါင်းတာ / ဖျက်တာတွေ လုပ်ရင်ဖြစ်ဖြစ် - OSs တစ်ခုကနေ နောက်တစ်ခုကို အချိန်းအပြောင်းလုပ်ရင် ဖြစ်ဖြစ် Drive letters တွေဟာ အရင်ကနဲ့ မတူတော့ပဲ ပြောင်းကုန်တာ တွေ့ရပါလိမ့်မယ် -


ဒီနေ့တော့ အရှုပ်ထုတ်တွေ ရှင်းတာ အရမ်းများသွားပြီ - ကျွန်တော်တို့ ခဏနားလိုက်ရအောင် - နောက်နေ့ဆက်ပါဦးမယ် - 


အဆုံးသတ် မှာချင်တာကတော့ ခုရှင်းပြခဲ့တဲ့ အကြောင်းအရာတွေကို သေသေချာချာ မရှင်းသေးရင် နောက်တစ်ကြိမ် ထပ်ဖတ်ပါ - နောက်တစ်ကြိမ်ဖတ်လို့မှ ဝိုးတိုးဝါးတား ဖြစ်နေရင် နောက်ထပ် တစ်ကြိမ် ထပ်ဖတ်ပါ - တစ်ခါဖတ်ပြီးသိတဲ့ ဝိုးတိုးဝါးတား အသိဟာ နောင်တစ်ချိန်မှာ လုံးဝမေ့ပျောက် သွားတတ်ပါတယ် - လေ့လာသူများ အဲ့လို အဖြစ်မခံကြဖို့နဲ့ စာသေချာဖတ်ကြဖို့ တိုက်တွန်းပါရစေ။

ဒီနေ့ ကံကောင်းတယ် ပြောရမယ် - Partition Scheme အကြောင်းပြောနေတုန်း ကိုစံငြိမ်းကလည်း Computer Hardware Fundamental(HARD DISK) ဆိုပြီး ရေးလာတယ် - ဒီအကြောင်းကို ဖတ်ဖြစ်တဲ့ သူတွေ ကိုစံငြိမ်းရေးတဲ့ အဲ့ပို့စ်လေးကို ဖတ်ပေးကြဖို့ ညွှန်းလိုပါတယ် - ဘာလို့လည်း ဆိုတော့ သူ့ထဲမှာလည်း ခု ဒီနေရာမှာ ပြောနေတဲ့ Partition အကြောင်းတွေ ပါနေလို့ပါ - လူနှစ်ယောက် အာဘော်နှစ်မျိုးဖြစ်ပေမယ့် အခြေခံအချက်တွေ တူနေတာ မိသားစုဝင်များ အဲ့ပို့စ်ကို ဖတ်ပြီးရင် သတိထားမိပါလိမ့်မယ် - ဒါတင်မက ကျွန်တော်ဖော်ပြဖို့ ကျန်ရစ်ခဲ့တဲ့ အပိုင်းတွေကိုလည်း ကိုစံငြိမ်းရဲ့ ဖော်ပြချက်မှာ တွေ့ရှိနိုင်ပါတယ်။ 


မနေ့က Linux ခေါင်းစဉ်အောက်ထဲဝင်ပြီး Windows မှာ စိတ်ပိုင်းထားတဲ့ Partitions ပုံတွေနဲ့ ရှင်းသွားခဲ့တာ ရှိတယ် - အကြောင်းက ဒီနေ့ဆက်သွားမယ့် အကြောင်းမှာ ပါလာမယ့် Windows နဲ့ Linux နှစ်ခုကြားက ကွဲပြားသွားတဲ့ Partition Scheme အကြောင်းကို မြင်သာ သွားအောင်လို့ပါ။ ဒီနေ့ ဆက်သွားမယ့် အကြောင်းကို Mount Points များအကြောင်း လို့ အမည်ပေးထားပါတယ်။


Mount Points များအကြောင်း



Partitions နဲ့ ပတ်သတ်ပြီး Windows နဲ့ Linux ကို ယှဉ်ကြည့်မယ်ဆိုရင် Windows က ပိုပြီး နားလည်ရလွယ်တယ်လို့ အကြမ်းဖျဉ်း သတ်မှတ်လို့ ရပါမယ်။ ဘာလို့လည်းဆိုတော့ Windows နဲ့ ပတ်သတ်ပြီး Partitions အကြောင်းကို စဉ်းစားမယ် ဆိုရင် - 
  • Windows ဘယ်မှာ ရှိလဲ - Partition ပေါ်မှာ ရှိတယ်
  • Partition က ဘယ်မှာရှိလဲ Hard disk ပေါ်မှာရှိတယ်
ဒီလောက်နဲ့တင် ပြီးပါပြီ - တကယ်လို့ နောက်ထပ် Drives တွေရှိနေသေးသလား - ဒီလိုဆိုရင်လည်း Windows နဲ့ Compatible ဖြစ်တဲ့ file system သာ ဖြစ်ပါလေ့စေ - အဲ့ဒီ့ Drives တွေအားလုံး Windows တွဲပြီး အလုပ်လုပ်လို့ ရပါလိမ့်မယ် - တကယ်လို့ Windows နဲ့ Compatible မဖြစ်တဲ့ file systems တွေ ဖြစ်နေမယ် ဆိုရင်ကော - ဒီလိုဆိုရင်လည်း Windows က ရှင်းပါတယ် အကုန်လုံးကို သူ့ဘာသာသူ မသိချင်ယောင်ဆောင်ချင်ဆောင် - ဒါမှမဟုတ်ရင်လည်း အဲ့ဒီ့ Drive ကို Reformat လုပ်ပါဆိုပြီး ခိုင်းပါလိမ့်မယ် - Windows က အဲ့လောက်ထိ သုံးရရှင်းပါတယ်  Linux ကတော့ အဲ့လို အလုပ်လုပ်တာမျိုး မဟုတ်ပါဘူး - 



Linux မှာ Partitions အသီးသီးကို ချိတ်ဆက်ထားတဲ့ Directory တွေရဲ့ အလုပ်လုပ်ဆောင်ပုံ ဟာ အပေါ်မှာ ဖော်ပြထားတဲ့ သရုပ်ဖော်ပုံအတိုင်း သစ်ပင်တစ်ပင်ရဲ့ ပင်စည်ကနေပြီး အကိုင်းအခက်တွေ ခွဲထွက်လာတာမျိုးနဲ့ အဓိပ္ပါယ်ချင်း ခပ်ဆင်ဆင်တူပါတယ် - တကယ်လို့ ကိုယ့် Hard drive မှာ နောက် Partition/Disk တစ်ခု ထပ်ပြီး Createလုပ်/ထပ်တပ်မယ် ဆိုရင် ပင်စည်ကနေပြီး နောက်ထပ် အကိုင်းအခက်တစ်ခု ဖြာထွက်လာသလိုမျိုး /media ဒါမှမဟုတ် /mnt ဆိုတဲ့ Directory နဲ့ အကိုင်းအလက်ခွဲတစ်ခုအဖြစ် သတ်မှတ်လို့ ရတဲ့ သီးခြား folder တစ်ခု ပေါ်လာပါလိမ့်မယ် - ဒါကို သူတို့က အင်္ဂလိပ်လို "Mounted" ဖြစ်တယ်လို့ ပြောပါတယ်။ အဲလိုမျိုး Partition တစ်ခု Mounted ဖြစ်နေတဲ့ Directory တည်နေရာကို Linux မှာ “mount point” လို့ ခေါ်ပါတယ်။ 



Windows မှာကတော့ အဲ့လို မဟုတ်ပါဘူး - သူ့မှာ Partition တစ်ခု Create လုပ်လိုက်တာနဲ့ အဲ့ဒီ့ အသစ်ပေါ်လာတဲ့ Partition ကို နဂို Hard drive နဲ့ ဘာမှ မပတ်သတ်တော့သယောင် သီးခြား drive တစ်ခုလို ဖော်ပြလေ့ရှိပါတယ်။ အနှစ်ချုပ်ရမယ် ဆိုရင်တော့ ဖော်ပြခဲ့တ့ဲ ဒီ Linux’s tree structure ဟာ File system မျိုးစုံနဲ့ တည်ဆောက်ထားတဲ့ Partitions အားလုံးနီးပါးကို Linux မှာ Windows ထက်ပိုပြီး ပေါင်းစပ် အသုံးချနိုင်စွမ်း ပိုများစေပါတယ်။ 


မနက်ဖြန်မှာ ကျွန်တော်တို့ Partitions တည်ဆောက်ပုံ တွေအကြောင်းစပါမယ်။ 

Mount Points တွေအကြောင်း မနေ့က ပြောခဲ့ပြီးတဲ့နောက်မှာ ဒီနေ့ ဆက်သွားဖို့ စဉ်းစားထားတာ Ubuntu Partitions နဲ့ Sizes တွေ အကြောင်းပါ - အဲ့ဒီ့ အကြောင်းတွေနဲ့ အတူ သိသင့်သိထိုက်တဲ့ အခြားအခြေခံ အကြောင်းအရာလေးတွေပါ ဆက်စပ်ရေးသားသွားပါမယ်


Ubuntu Partitions နဲ့ Sizes များ ဆုံးဖြတ်ရွေးချယ်ခြင်း


အခြေခံကျကျ ကြည့်မယ်ဆိုရင် GNU/Linux ဟာ Windows လိုမျိုးပဲ Partition တစ်ခုရှိယုံနဲ့ အသုံးပြုလို့ ရပါတယ်။ Partition တစ်ခုရှိယုံနဲ့ ( ၁ ) Operating system - ( ၂ ) ကိုယ်သွင်းချင်တဲ့ Apps - ( ၃ ) ကိုယ့် Personal files စတာတွေ အားလုံးကို ရောပြွန်း အသုံးပြုနိုင်တာမျိုးပါ။ Linux ( Ubuntu,. ) အသုံးပြုသူ အတော်များများဟာ Partition တစ်ခုရှိယုံနဲ့ အသုံးပြုလို့ ရတယ်ဆိုတဲ့ စကားကို ကြားရင် အင်တင်တင် ဖြစ်တတ်ကြပါတယ်။ ဘာလို့လည်း ဆိုတော့ Linux စသုံးမယ်ဆိုပြီး တစ်ယောက်ယောက်က မိတ်ဆက်ပေးလိုက်တာနဲ့ Swap partition ဆိုတဲ့ အကြောင်းက လင်နဲ့မယားလို တစ်ပေါင်းတည်း ကပ်ပါလာတတ်လို့ပါ - ဒါ့ကြောင့် သူတို့ရဲ့ အသိစိတ်ထဲမှာ Linux OS ကိုသုံးမယ်ဆိုရင် အနည်းဆုံး OS အတွက် Partition တစ်ခုနဲ့ Swap partition ဆိုပြီး အနည်းဆုံး Partitions နှစ်ခု ရှိရမယ်လို့ သံမိှုစွဲသလို စွဲထားတတ်ကြပါတယ်။ တကယ်တော့ အဲ့လိုမျိုး Swap partition မပါရင်ပဲ သုံးလို့ မဖြစ်တော့သလိုလို - အဲ့ဒီ့ Swap partition ကိုပဲ မဖြစ်မနေပါရမယ့် Partition တစ်ခုလို ထင်နေကြတာဟာ သိပ်ပြီး မှန်ကန်တဲ့/မဖြစ်မနေ လုပ်ကို လုပ်ရမယ့် ယူဆချက် တစ်ခု မဟုတ်ပါဘူး - “Swap” partition ရဲ့ အကြောင်းကိုဒီနေရာမှာ ထိုက်သင့်သလောက် ဖော်ပြခဲ့ပြီး ဖြစ်လို့ ဒီနေရာမှာ နောက် တစ်ခေါက်ထပ်ပြီး မဖော်ပြတော့ပါဘူး - အတိုချုံးပြောရရင် “Swap” partition ဟာ ကွန်ပြူတာမှာ ရှိနေတဲ့ physical memory (RAM) ကို သုံးလို့ မလုံလောက်နိုင်တဲ့ အခြေအနေမှာ Hard disk ပေါ်က storage space ကို “Virtual memory” အဖြစ် ပြောင်းလဲ ထမ်းဆောင်ပေးမယ့် ဧရိယာ တစ်ခုသာ ဖြစ်ပါတယ်။ အပေါ်မှာ Swap partition ဟာ လွန်လွန်ကဲကဲ အဓိက မကျလှဘူး လို့ ဆိုခဲ့ပေမယ့် Swap partition ရှိနေရင် Memory ပမာဏ လိုအပ်တဲ့ အချိန်မှာ Linux System ဟာ ပိုပြီး စွမ်းဆောင်ရည် ကောင်းလာတတ်ပါတယ်။ ဒါ့ကြောင့်မို့ Linux သမားတွေဟာ “Swap” partition ကို မဖြစ်မနေ ပါဝင်ရမယ့် Partition တစ်ခုလို တန်ဖိုးထားကြတာပါ။


Partitions ခွဲသုံးခြင်း၏ ကောင်းကျိုးများ


Partitions ခွဲမယ်လို့ စဉ်းစားရင် Linux သမားအများစုက Partitions ကို သာမန်ထက်ပိုပြီး လိုလားချက်အတိုင်း ခွဲသုံးဖို့ စိတ်ကူးရှိကြသလို - တစ်ချို့ကလည်း တတ်နိုင်သမျှ နည်းနည်း နဲ့ စုစုစည်းစည်းလေး ဖြစ်အောင် သုံးချင်ကြတဲ့ သူတွေလည်း ရှိပါတယ်။ Partitions နည်းတာ များတာက ကိုယ်ပိုင်လိုအပ်ချက်နဲ့ပဲ သက်ဆိုင်ပါတယ် - ဘယ်လောက်ထားပါ - ဘယ်နခု ခွဲပါဆိုတာ ပုံသေနည်းနဲ့ အကြံပြုလို့ မရပါဘူး - 
  • Partitions ခွဲသုံးရခြင်းရဲ့ ပထမဆုံး ရည်ရွယ်ချက်က လုံခြုံမှုရှိဖို့ပါ - ဆိုလိုတာ Partition တစ်ခုမှာ File system corrupt ဖြစ်ခဲ့မယ် ဆိုရင် အခြား Partition တစ်ခုမှာ ရှိနေတဲ့ ( Backup files ) ကနေပြီး အဖတ်ပြန်ဆယ်လို့ ရနိုင်အောင် ဖြစ်ပါတယ်။ ဘယ် Partition တွေ ဘယ်လို Create လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ - Linux မှာ “root partition” လို့ခေါ်တဲ့ Operating system နေရာပေးရမယ့် Partition ကတော့ မဖြစ်မနေကို လိုပါတယ်။ ( “root partition” ကို Linux မှာ သင်္ကေတ "/" ပုံစံနဲ့ပြပါတယ် )။ Windows မှာသုံးတဲ့ OS partition လိုမျိုးပဲ “root partition” ဆိုတာ System တစ်ခုလုံးအတွက် မဖြစ်မနေ လိုအပ်မယ့် အစိတ်အပိုင်းတွေ ထားရှိရမယ့် နေရာပါ။ အဲ့ဒီ့ Partition ရှိမှ GNU/Linux ထဲကို Boot လုပ်လို့ ရမှာဖြစ်သလို တစ်ခြား partitions တွေမှာ ပြဿနာဖြစ်ရင်လည်း ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။
  • ဒုတိယရည်ရွယ်ချက်ကတော့ အထူးသဖြင့် စီးပွားရေးလုပ်ငန်းခွင်တွေမှာ သုံးတဲ့ Linux ကွန်ပြူတာ မျိုးတွေအတွက် ပိုအရေးပါပါတယ်။ ( ဥပမာ အနေနဲ့ ပြောရရင် Mail server တွေမှာ Spam mails တွေကြောင့် Partition တစ်ခုလုံး ပြည့်သွားတတ်တာမျိုး ဖြစ်လေ့ရှိပါတယ်။ အဲ့လို အခြေအနေမျိုးမှာ ဒီလို Mail sever အတွက် /var/mail ဆိုပြီး သီးခြား partition တစ်ခု ဖန်တီး ထားခဲ့မယ် ဆိုရင် Spam ပြဿနာ တက်လည်း System တစ်ခုလုံး အေးရာအေးကြောင်း လည်ပတ်နေနိုင်ပါလိမ့်မယ်။
Partitions ခွဲသုံးခြင်း၏ ဆိုးကျိုးများ


Partitions တွေ လိုတာထက်ပိုပြီး များများ ခွဲသုံးခြင်း အားဖြင့် ရရှိမယ့် ဆိုးကျိုးကတော့ ခွဲထုတ်မယ့် ကဏ္ဍများလေ ပမာဏဘယ်လောက်ထားမှာလဲ ဆိုတဲ့ အချက်ကို ပိုစဉ်းစားရလေ ဖြစ်လာပါလိမ့်မယ် - တကယ်လို့ လိုအပ်မယ့် ပမာဏကို ဂဃနဏ မသိပဲ ခွဲချလိုက်တဲ့ အချိန် ကိုယ် ခွဲထုတ်လိုက်တဲ့ ပမာဏက နည်းသွားခဲ့ရင် နောင်တစ်ချိန် System ကို Reinstall ပြန်လုပ်ရင်လုပ် - ဒါမှမဟုတ် Partitions တွေကို ဟိုဘက်တိုး ဒီဘက်လျော့ ပြန်လုပ်ရတာ မျိုးတွေ ဖြစ်လာပါလိမ့်မယ်။ တကယ်လို့ Partitions တွေ အများကြီး ခွဲထုတ်ပြီး မလိုအပ်တဲ့နေရာမှာ ပမာဏတွေ အများကြီး ပေးလိုက်မိပြန် ရင်လည်း Space ဆုံးရှုံးမှုတွေ ဖြစ်လာပါလိမ့်မယ်။ ဒီနေ့ခေတ်မှာ Hard disk တွေက ဘယ်လောက်မှ စျေးမရှိတော့ပါဘူး - ဒါပေမယ့် ဘာဖြစ်လို့ မလိုအပ်ပဲ ပိုက်ဆံအပို အကုန်ခံမလဲ - ဒါလေးကို တစ်ချက် စဉ်းစားစေချင်ပါတယ်။ 


ဒီကဏ္ဍကို အနှစ်ချုပ်ရရင် သာမန် Linux user တစ်ယောက်အနေနဲ့ Partitions ကို လိုအပ်တာထက် ပိုမခွဲပဲ ကျစ်ကျစ်လျစ်လျစ် စုစုစည်းစည်းနဲ့ လိုအပ်သလောက်ကိုပဲ ဖန်တီးပြီး အသုံးပြုကြဖို့ အကြံပြုလိုပါတယ်။


မနက်ဖြန်မှာ Directory Tree တွေရဲ့ သဘောတရားနဲ့ Partitions တွေအတွက် ပမာဏ ကန့်သတ်ချက်တွေ အကြောင်း ရှေ့ဆက်ပါ့မယ်။

Directory Tree တွေရဲ့ သဘောတရားနဲ့ Partitions တွေအတွက် ပမာဏ ကန့်သတ်ချက်တွေ အကြောင်း ပြောမယ်ဆိုပြီး လုပ်ထားခါမှ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ပေါ်လာလို့ စာရေးချင်စိတ် ပျောက်ပြီး တစ်ခြားကြုံရာကျပန်းတွေပဲ လုပ်နေဖြစ်ခဲ့တယ် - လူကလည်း ဆိုးတယ် - လုပ်ချင်စိတ်မရှိပဲ လုပ်ရတဲ့ အလုပ်တွေဆို သေလောက်အောင်ကို မုန်းတယ် - အဲ့စိတ်ကြောင့်လားတော့ မပြောတတ်ဘူး လုပ်နေရတဲ့ အလုပ်တော်တော်များများကလည်း လုပ်ချင်စိတ်မရှိတဲ့ အလုပ်တွေချည်းပဲ  ကဲထားတော့ -


အပေါ်မှာ ရေးခဲ့တဲ့ ပို့စ်မှာ သာမန် Linux user တစ်ယောက်အနေနဲ့ Partitions ကို လိုအပ်တာထက် ပိုမခွဲပဲ ကျစ်ကျစ်လျစ်လျစ် အသုံးပြုကြဖို့ ဆိုပြီး ကျွန်တော် ဖော်ပြခဲ့တယ် - အဲ့တော့ Partitions ကို လိုအပ်တာထက် ပိုမခွဲပဲ ကျစ်ကျစ်လျစ်လျစ် သုံးဖို့ဆို အိမ်သုံး linux သမားတွေ အတွက် ဘယ်လို Standard partitions scheme ကို ပုံစံချရမလဲဆိုတာ မေးစရာ ရှိလာပါတယ်။ 


မည်သို့သော Partitions scheme အားအသုံးပြုရမည်နည်း။

အိမ်သုံး linux သမားတွေ အသုံးပြုသင့်တဲ့ Standard partitions scheme ကတော့ အောက်ဖော်ပြပါ အတိုင်းပါ -
  • Linux မှာ Mount point ကို ( / ) သင်္ကေနဲ့ သတ်မှတ်ပြီး Root လို့ ခေါ်တွင်တဲ့ OS install လုပ်ရမယ့် Partition တစ်ခု မဖြစ်မနေ ပါဝင်ရပါမယ် - သူ့အတွက် ပမာဏကိုတော့ 12-20 GB ကြား ထားရှိသင့်ပါတယ်။
  • RAM ပမာဏလိုအပ်ချက်ကို Swap ဧရိယာ တစ်ခုအနေနဲ့ အားဖြည့်ကူညီမယ့် Swap partition တစ်ခု ပါဝင်သင့်ပါတယ်။
  • Hard disk ပမာဏ အနည်းအများပေါ် မူတည်ပြီး Mount point သင်္ကေတ ( /home ) အဖြစ် သတ်မှတ် ထားတဲ့ ကိုယ်ရေးကိုယ်တာအတွက် သီးသန့် အသုံးပြုဖို့ Partition တစ်ခု - ပမာဏများများ ပေးပြီး တည်ဆောက်သင့်ပါတယ်။

ဒါဟာ အိမ်သုံး linux သမားတွေ အတွက် အသုံးပြုသင့်ဆုံး Standard partitions scheme ပါ - ပြောရရင် Partitions သုံးခုပဲ လိုတဲ့ သဘောပေါ့ - ဒါပေမယ့် ဒီ Partition scheme ဟာ ပုံမှန် အိမ်သုံး ကိုယ်ရေးကိုယ်တာသုံး linux သမားတွေ - linux ကို စတင် အသုံးပြုခါစ အကျွမ်းတဝင် သိပ်မရှိသေးတဲ့ linux users တွေအတွက် သီးသန့် ရည်ရွယ်တာပါ - တကယ်တမ်းက linux မှာ သုံးတဲ့ Partition scheme ဟာ အသုံးပြုမယ့် သူရဲ့ လိုအပ်ချက်နဲ့ ကျွမ်းကျင်မှုပေါ် မူတည်ပြီး ပုံစံကွဲ အများကြီးကို ရှိပါတယ် - ဘယ်ဟာက တရားသေပါလို့ ပြောဖို့ ခက်ပါတယ်။ လတ်တလော linux users တိုင်းကို အသုံးပြုရ လွယ်ကူစေဖို့ Standard partitions scheme ကို ချပြလိုက်ပေမယ့် တကယ်တမ်းက Ubuntu ကို install လုပ်တဲ့ အချိန် Create partition ဖန်တီးတဲ့ အဆင့်မှာ အပေါ်မှာ ဖော်ပြခဲ့တဲ့ Mount points တွေအပြင် တစ်ခြား Mount points အမျိုးအစားတွေကိုလည်း အောက်ဖော်ပြပါအတိုင်း တွေ့လာရပါလိမ့်မယ် - အဲ့ချိန်မှာ အမေးက ပေါ်လာပြီ - အပေါ်မှာ ပြောတုန်းကတော့ / တို့ /home တို့ ပဲ ပါတယ် - ခုကျတော့ ဘယ်လိုဖြစ်ပြီး /tmp တို့ /var တို့ ... စသဖြင့် ပါလာရသလဲ - အဲ့တာတွေက ဘာတွေလဲ - ဒါတွေ သိချင်လာပါလိမ့်မယ်။ အဲ့တာတွေက ပုံမှန် သုံးနေတဲ့ Standard partitions scheme ကိုကျော်ပြီး Directory တစ်ခုချင်းစီကို သီးခြား partitions တစ်ခုချင်းစီ အနေနဲ့ ထားပြီး သုံးချင်တဲ့ အခါမှ သိဖို့ လိုအပ်တာတွေပါ -



အပေါ်မှာ တွေ့ရတဲ့ Mount point ဘေးက /home, /tmp, /usr, /var ... ဆိုတာတွေဟာ ပင်စည်တစ်ခုရဲ့ ပင်မရင်းမြစ် ( / ) Root ကနေ ဖြာထွက်လာတဲ့ အကိုင်းအခက်ခွဲ Root directories တွေပါ - ဒီသဘောကို အပေါ်က ပို့စ်အမှတ် ( ၃ ) မှာလည်း ရှင်းခဲ့ပြီးပါပြီ - အဲ့တော့ ကျွန်တော်တို့ Directory tree မှာပါတဲ့ Root level directory တွေရဲ့ သဘောကို ထပ်နားလည်ဖို့ လိုလာပါတယ်။ အဲ့အတွက် အခြေခံယူဆချက်တွေ ထပ်ရှင်းပေးပါ့မယ်။ 


Root directories များအကြောင်း


Ubuntu မှာသုံးတဲ့ Root directory မှာ အောက်မှာ ဖော်ပြထားတဲ့ directories တွေပါဝင်ပါတယ်။ ဒါတောင် ဒီ directories တွေဟာ အကုန် မဟုတ်သေးဘူး - ခုအောက်မှာ ဖော်ပြထားတယ် ဆိုတာ Ubuntu မှာသုံးတဲ့ Root directory တွေထဲကမှ အရေးအကြီးဆုံး directories တွေကိုပဲ နားလည်လွယ်အောင် ဖော်ပြထားတာပါ။




Directory တစ်ခုချင်းစီက ဘာကို ကိုယ်စားပြုလဲ ဆိုတာ ဆက်ပြီးလေ့လာကြည့်ပါ - 
  • ထိပ်ဆုံးမှာ နေပြီး Mount point ( / ) သင်္ကေတကို ကိုယ်စားပြုတဲ့ Root directory ဆိုတာဟာ Linux OS တစ်ခု အတွက် မဖြစ်မနေ ပါဝင်ရမယ့် Partition တစ်ခုဖြစ်ပြီး သူ့အောက်မှာ /etc, /bin, /sbin, /lib နဲ့ /dev ဆိုတဲ့ Directories ခွဲတွေ ပါဝင်နေမှာ ဖြစ်ပါတယ်။
    • /etc ဆိုတဲ့ directory အောက်မှာ ဆိုရင် System-wide configuration files တွေ ပါဝင်ပါမယ်
    • /bin နဲ့ /sbin ဆိုတ့ဲ directory အောက်မှာ ဆိုရင် System အတွက် မဖြစ်မနေလိုအပ်တဲ့ programs တွေရှိနေပါမယ်
    • /lib ဆိုတ့ဲ directory အောက်မှာ ဆိုရင်တော့ Windows မှာဆိုရင် .dll files နဲ့ အမျိုးအစား တူညီတဲ့ library files တွေ ရှိပါမယ်
    • /dev ဆိုတ့ဲ directory အောက်မှာ ဆိုရင် device files တွေ ရှိပါမယ်
    Linux partition scheme မှာ Directories တစ်ခုချင်းစီ အတွက် Partitions တစ်ခုချင်းစီ သီးခြားစီ ထားဖို့ စီစဉ်တဲ့ အခါ Root partition အတွက် ပေးသင့်မယ့် ပမာဏဟာ 150–250MB ကြား ဖြစ်သင့်ပါတယ်။ ဒီ ပမာဏကို အပေါ်မှာ ပြောခဲ့တဲ့ Standard partitions scheme က 12-20GB ကြား ပေးရမယ့် Root partition နဲ့ မရောထွေးပါနဲ့ - အပေါ်က Standard partitions scheme မှာ 12-20GB ကြားထားခဲ့တယ်ဆိုတာ Directories အားလုံးကို Root partitions တစ်ခုတည်း အောက်မှာ တည်ဆောက်မှာ မို့လို့ 12-20GB ကြား ထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အပေါ်က ပြောခဲ့တဲ့ Standard partitions scheme က လူတိုင်းအတွက် အသုံးပြုဖို့ ပိုလွယ်တယ်လို့ ပြောခဲ့တာပါ။
  • Mount point ( /home ) ကို ကိုယ်စားပြုတဲ့ Home directory ဆိုတာဟာ Linux OS ကို အသုံးပြုမယ့် Users တိုင်းအတွက် Personal files တွေ သိမ်းဆည်းထားရှိမယ့် directory ခွဲ တစ်ခု ဖြစ်ပါတယ်။ ဒီ Home directory အတွက် Partition ကို သီးခြားခွဲပြီး ပမာဏသတ်မှတ်မယ် ဆိုတဲ့ နေရာမှာ ဒီ ကွန်ပြူတာကို Users ဘယ်နယောက်က အသုံးပြုမှာလဲ - အဲ့ Users တွေက ဘယ်လို ဖိုင်မျိုးတွေကို သူတို့ရဲ့ Home directory မှာ သိမ်းဆည်းမှာလဲ ဆိုတာပေါ် မူတည်ပြီး ပမာဏ သတ်မှတ်ရပါတယ်။ ပုံမှန်အားဖြင့် User တစ်ဦးတစ်ယောက်တည်း သုံးမယ်လို့ စိတ်ကူးထားရင် 100MB နဲ့ အထက် လိုအပ်မှာ ဖြစ်ပြီး ဒီပမာဏဟာ ဘယ်သူတွေ သုံးမှာလဲ - ဘယ်လို သုံးမှာလဲဆိုမှာလဲ ပေါ် မူတည်ပြီး အတိုးအလျော့ အပြောင်းအလဲ အမြဲ ရှိနေမှာ ဖြစ်ပါတယ်။ ဆိုလိုတာ ဒီ Home directory မှာပဲ အသုံးပြုမယ့် Users တွေက MP3 တို့ Movies တို့ ဆိုတာမျိုး သိမ်းမယ် ဆိုရင်တော့ Home directory partition ဟာ Users တစ်ဦးတစ်ယောက်ချင်းစီ အတွက် ပမာဏနဲ့ ချိန်ပြီး ဒီ့ထက် ပိုများများ ပေးရပါလိမ့်မယ်။
  • Mount point ( /var ) ကို ကိုယ်စားပြုတဲ့ Variable data directory ဆိုတာဟာ E-mails တွေ - Web sites တွေ - Databases တွေနဲ့ Packaging system cache ဆိုတာတွေလိုမျိုး အမြဲ ပြောင်းလဲနေတဲ့ Data တွေအတွက် သီးသန့်ထားရှိမယ့် Directory ဖြစ်ပါတယ်။ ဒီ directory ရဲ့ ပမာဏကို သတ်မှတ်တဲ့ နေရာမှာ ကိုယ့်အနေနဲ့ System ကို ဘယ်လို သုံးမှာလဲ ဆိုတာပေါ် မူတည်ပြီး သတ်မှတ်ရပါတယ်။ ဆိုလိုတာ တကယ်လို့ ကိုယ်က Ubuntu က အကြံပြုသမျှ လိုအပ်ချက်အားလုံးကို full installation လုပ်ဆောင်မယ် ဆိုရင်တော့ /var directory အတွက် 2-3 GB space ပမာဏ ပတ်ဝန်းကျင်လောက် လိုအပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က အားလုံးမဟုတ်ပဲ အပိုင်းတစ်ခုချင်းစီ အလိုက် ( ဆိုလိုတာ services and utilities, .... စသဖြင့် ) install လုပ်မယ် ဆိုရင်တော့ 300–500 MB ကြား ပမာဏလောက်ထားရင် လုံလောက်ပါတယ်။ တကယ်လို့ ကိုယ့် Hard drive က Space ပမာဏ သိပ်အများကြီးလည်း မဟုတ်ဘူး - Ubuntu က တက်သမျှ Major system updates တွေကိုလည်း ပေးဖို့ စိတ်ကူးမရှိဘူး ဆိုရင်တော့ ဒီ directory ကို 30-40 MB လောက် ထားလည်း ရပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် Partitions scheme ဟာ ပုံသေပြောလို့ မရဘူး ဆိုတာ မြင်သာပါလိမ့်မယ်။
  • Mount point ( /usr ) ကို ကိုယ်စားပြုပြီး အမည်သတ်မှတ်ချက်အားဖြင့် "User" လို့ ခေါ်တွင်တဲ့ ဒီ directory မှာ ဒီ linux OS ကို အသုံးပြုနေတဲ့ Users တွေ အားလုံးရဲ့ programs တွေ (/usr/bin), libraries တွေ (/usr/lib), documentation တွေ (/usr/share/doc), စတဲ့ directories တွေ အားလုံး ပါဝင်မှာ ဖြစ်ပါတယ်။ တစ်ခု သိထားရမှာ user လို့ ခေါ်တဲ့ ဒီ ( /usr ) directory ကို ( /home ) directory အောက်က user တွေရဲ့ Home directory နဲ့ မရောနှောပါနဲ့ - မတူပါဘူး - ဟိုဘက်က user တွေရဲ့ Home directory ဆိုတာ Users တိုင်းအတွက် Personal files တွေ သိမ်းဆည်းမယ့် နေရာပါ - ဒီ Mount point ( /usr ) ကို ကိုယ်စားပြုတဲ့ directory က Users တွေ အားလုံးရဲ့ program files, libraries, .. ဆိုတဲ့ ဖိုင်တွေ ထားရှိမယ့် နေရာ ဖြစ်ပါတယ်။ ဒီ directory အတွက်လည်း partition သီးသန့်ထားမယ် ဆိုရင်လည်း ထားမယ့် ပမာဏကို အနည်းဆုံး 500MB နဲ့ အထက် ထားရှိသင့်ပါတယ်။ ဒီပမာဏဟာ အကြမ်းဖျဉ်းကို ဆိုလိုတာပါ - ပမာဏ အတိုးအလျော့က ကိုယ့်အနေနဲ့ packages ဘယ်လောက်လောက် install လုပ်ဖို့ ရည်ရွယ်ထားသလဲ ဆိုတာပေါ် မူတည်ပြီး ပြောင်းလဲမှု ရှိပါလိမ့်မယ်။ Ubuntu desktop တစ်ခုမှာ ဒီ directory အတွက် စံပြုသင့်တဲ့ ပမာဏကတော့ 1.5GB ပါ - တကယ်လို့ Workstation တွေ Server installation တွေ အတွက် ဆိုရင်တော့ 4–6GB လောက် ထားသင့်ပါတယ်။
  • Mount point ( /media ) ကို ကိုယ်စားပြုတဲ့ ဒီ directory မှာ Removable media တြွေဖစ်တဲ့ ( CD-ROMS တို့ USB drives တို့ ) Directory တစ်ခု အနေနဲ့ Mount လုပ်ပေးမှာ ဖြစ်ပါတယ်။
  • Mount point ( /tmp ) ကို ကိုယ်စားပြုတဲ့ Temporary directory ဆိုတာဟာ Programs တွေကနေ ဖန်တီးလိုက်တဲ့ Temporary data တွေ ခဏတာ ထားရှိဖို့ ဖန်တီးထားတဲ့ directory ဖြစ်ပါတယ်။ ဒီ directory ကို Partition တစ်ခု အနေနဲ့ သီးသန့်ထားရှိမယ် ဆိုရင် ပမာဏ 40–100MB ကြား ထားမယ်ဆို လုံလောက်ပါတယ်။
  • Mount point ( /boot ) ကို ကိုယ်စားပြုတဲ့ Boot directory ဟာ boot နဲ့ သတ်ဆိုင်တဲ့ files တွေ သိမ်းဆည်း ပေးမယ့် directory ဖြစ်ပါတယ်။ ဒီ directory ကို partition တစ်ခု အနေနဲ့ ဖန်တီးချင်မယ် ဆိုရင်တော့ ပမာဏ အများကြီး မလိုပါဘူး - 500 MB လောက်ဆို အဆင်ပြေပါတယ်။ တကယ်လို့ ဒီ ( /boot ) ဆိုတဲ့ directory ကို မဖန်တီးခဲ့ဘူး ဆိုရင်လည်း ဒီ directory ဟာ Root directory ( / ) အောက်ကိုပဲ သူ့ဘာသာ ဝင်ရောက်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ အပေါ်မှာ ဖော်ပြခဲ့တဲ့ အိမ်သုံး linux သမားတွေ အသုံးပြုသင့်တဲ့ Standard partitions scheme မှာ ( /boot ) ဆိုတဲ့ directory ကို သီးခြားဖန်တီးဖို့ အကြံမပြုခဲ့တာပါ။

အခု ဖော်ပြခဲ့သလောက်ဆိုရင် Ubuntu မှာသုံးတဲ့ Root directory တွေထဲကမှ အရေးအကြီးဆုံး directories တွေအကြောင်းကို အနည်းအကျဉ်းလောက် တီးမိခေါက်မိ ဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ Partitions ဖွဲ့စည်းပုံနဲ့ ပတ်သတ်ပြီး လေ့လာသင့်မယ့် နေရာတွေ မနက်ဖြန် ဆက်ပြီး ဖော်ပြပေးပါဦးမယ် - 

ဒီအကြောင်းက ရေးရင်း ရေးရင်းနဲ့ တစ်လလောက်တောင် ရှိတော့မယ် - ဒါပေမယ့် ဒီနေ့တော့ အဆုံးသတ်ပါပြီ - လဆန်းပိုင်းတုန်းက အသုံးပြုသင့်တဲ့ Partitions scheme အကြောင်းရယ် - Root directories တွေ အကြောင်းရယ် ရေးဖြစ်ခဲ့ပါတယ် - ဒီနေ့ အဆုံးသတ်အနေနဲ့ ဆက်ရေးသွားမှာ အထက်မှာ ဖော်ပြပြီးခဲ့တဲ့ ပို့စ် ( ၅ ) ခုကို အခြေခံပြီး အိမ်သုံး / တစ်ကိုယ်ရေ တစ်ကာယသုံး linux သမားတွေ အတွက် အသုံးပြုသင့်တဲ့ Standard partitions scheme တည်ဆောက်ပုံ အကြောင်းကို ဆက်ပြီး ရှင်းပြသွားမှာပါ - ဒီအကြောင်းကို ခု နောက်တစ်ခေါက်ထပ်ရေးပေမယ့် ဒီအကြောင်းကိုပဲ အရင်တုန်းက Ubuntu 10.04 Lucid Lynx Installation လုပ်ဆောင်ခြင်း ဆိုတဲ့ ပို့စ်မှာ ပုံစံတူ တစ်ခါရေးထားခဲ့ပြီးပါပြီ - 

Ubuntu Maverick Meerkat ၌ Standard partitions scheme တည်ဆောက်ခြင်း

အောက်မှာ ဖော်ပြသွားမယ့် ဥပမာမှာ Ubuntu Maverick Meerkat ပေါ် အခြေခံပြီး Standard partitions scheme တည်ဆောက်ရမယ့် ပုံစံကို ဖော်ပြသွားပါ့မယ်။ Ubuntu installation လုပ်ဆောင်တဲ့ အချိန်မှာ ပုံမှန်အတိုင်း အဆင့်လိုက်သွားနေမယ့် Process တွေကိုကျော်ပြီး Allocate drive space ဆိုတဲ့ အောက်ဖော်ပြပါအတိုင်း ပုံစံတူ အဆင့်တစ်ခုကို ရောက်လာပါလိမ့်မယ် - အဲ့နေရာမှာ ရွေးချယ်စရာ Options ( ၃ ) မျိုးရှိပြီး Specify partitions manually ( Advanced ) ကို ရွေးပြီး ဆက်သွားပါ - Options ( ၃ ) ခုမှာမှ ဒီ Specify partitions manually ( Advanced ) ကို ဘာကြောင့် ရွေးရတယ် ဆိုတာကို Ubuntu 10.04 Lucid Lynx Installation လုပ်ဆောင်ခြင်း အကြောင်းအရာမှာပဲ ဖော်ပြခဲ့ပြီးပါပြီ - 


ဒီနေရာမှာ ကျန်တဲ့ Options တွေကို ကျော်ပြီး Advanced ဆိုတာကို ရွေးလိုက်လို့ မျက်ခုံးမလှုပ်ပါနဲ့ - Advanced ဆိုတဲ့ စာလုံးသုံးထားပေမယ့် ထင်သလောက်ကြီး ရှုပ်ရှုပ်ရှက်ရှက် မရှိပါဘူး - ပုံမှန်အတိုင်း Forward နဲ့ ရှေ့ဆက်သွားရင် အောက်ဖော်ပြပါ Partition table ကို ရောက်သွားပါလိမ့်မယ်။ 


အထက်ဖော်ပြပါအတိုင်း Table ထဲမှာ မြင်ရတဲ့ free space ကို Choose လုပ်ပြီး ဖော်ပြပါအတိုင်း Add ကို Click ပေးပါ - ( ဒီနေရာမှာ တစ်ချို့က Windows နဲ့ Dual-boot တင်ဖို့ လေ့လာနေသူတွေ ပါကောင်းပါပါလိမ့်မယ် - အဲ့လို လေ့လာသူတွေအတွက် ခု အကြောင်းအရာကို အရံလောက် အဖြစ်နဲ့ပဲ ဖတ်ပြီး Ubuntu 10.04 Lucid Lynx Installation လုပ်ဆောင်ခြင်း ကို အဓိက ဦးစားပေးဖတ်ပေးပါ ) 


အထက်ဖော်ပြပါအတိုင်း Create partition ပေါ်လာပြီဆိုရင်
  • Type for the new partition အတွက် ပထမဆုံး Partition ကို Primary partition အဖြစ်နဲ့ ထားပါ -
  • New partition size in megabytes ဆိုတာကတော့ Partition အသစ်အတွက် ပမာဏ ဘယ်လောက်ပေးမှာလဲလို့ မေးတာပါ - အဲ့အတွက် ပမာဏက ဒီ Partition ကို ဘာအတွက် သုံးမှာလဲဆိုတာပေါ် မူတည်ပြီး ကွာခြားချက် ရှိပါတယ် - အဲ့အတွက် အထက်မှာ ဖော်ပြပြီးသား Root directories များအကြောင်း ကို ပြန်လေ့လာပါ - ဒီနေရာမှာတော့ ကျွန်တော့် အနေနဲ့ ခု ပထမဆုံး ဖန်တီးတဲ့ Primary partition ကို Root partition အနေနဲ့ သတ်မှတ်ပြီး Linux OS ( Ubuntu ) ကို သွင်းယူမှာ ဖြစ်လို့ ပမာဏကို 12-20GB ကြားထားခဲ့ပါတယ် - ကောင်းတာကတော့ တတ်နိုင်မယ် ဆိုရင် 25 GB လောက် ပတ်ဝန်းကျင် ထားစေချင်ပါတယ် - ဒီနေရာမှာ တစ်ခု မေးစရာ ရှိလာတာက အရင်က ပြောခဲ့တုန်းကကျတော့ 12-20GB ကြားထားပါလို့ ပြောခဲ့ပြီး ခုတကယ်လည်း လုပ်ရော ဘာလို့ 25 GB ပတ်ဝန်းကျင် လောက်တောင် ထားခိုင်းရတာလဲ ဆိုပြီး မေးစရာ ရှိလာပါတယ်။ ပုံမှန်ပြောရရင် Ubuntu 10.10 တင်ဖို့အတွက် အမှန်တကယ် လိုအပ်တဲ့ Default installation ပမာဏက 3 GB လောက်ပဲ လိုတာပါ - ခုလို 25 GB ပတ်ဝန်းကျင် ထားခိုင်းတယ် ဆိုတာက Root directories များအကြောင်း မှာ ပြောခဲ့ပြီးသလို Mount point တစ်ခုချင်းစီ အတွင်း ခေါင်းရှုပ်ခံပြီး Partitions တစ်ခုစီ သီးခြား ခွဲထုတ် မနေတော့ပဲ ဒီ Root directory ( / ) တစ်ခုတည်းအောက်မှာပဲ ပမာဏ များများပေးပြီး သူ့ဘာသူ လိုအပ်သလို System ကို စီမံခန့်ခွဲသွားစေချင်လို့ 20GB - 25GB ဆိုတဲ့ သတ်မှတ်ချက်ထားပြီး ပမာဏများများ ပေးခိုင်းလိုက်တာပါ - တကယ်က တစ်ခြား Major file systems တြွေဖစ်တဲ့ /usr, /tmp , /var ဆိုတာတွေကို ကိုယ့်ဘာသာကိုယ် Partitions သီးသန့် ထပ်ခွဲထုတ်ဦးမယ်လို့ စိတ်ကူးရှိရင် ဒီ Root partition ပမာဏကို စိတ်ကြိုက် အတိုးအလျော့နဲ့ ကစားလို့ ရပါတယ်။
  • Location for the new partition ဆိုတာကတော့ Hard disk ပမာဏကို စိတ်မှန်းနဲ့ အလျားလိုက် ဆဲြွဖန့်လိုက်တဲ့ အချိန်မှာ ခု တည်ဆောက်မယ့် Partition ကို ဘယ်ဘက် ထိပ်ဆုံးမှာ ( Beginning ) ထားမလား - ညာဘက် နောက်ဆုံးမှာ ( End ) ထားမလား ဆိုတာကို မေးတာပါ - ပထမဆုံး Create လုပ်တဲ့ Partition မို့လို့ ပုံမှန်အတိုင်း Beginning အဖြစ်နဲ့ပဲ ထားပေးပါ
  • Use as ဆိုတာကတော့ LinuxOS ( Ubuntu ) တင်ဖို့အတွက် သုံးရမယ့် file system ကို ရွေးခိုင်းတာ ဖြစ်ပါတယ် - Root directory ( / ) အတွက် Ext4 journaling file system ကိုသုံးပါ - တစ်ခြား file system တွေရှိနေရဲ့သားနဲ့ ဒီ file system ကို ဘာကြောင့် ရွေးရသလဲ - တစ်ခြား file system တွေနဲ့ ဒီ Ext4 journaling file system က ဘာတွေကွာလဲ ဆိုတာကိုတော့ ဒီနေရာမှာ ဖတ်ပေးပါ - အသေးစိတ် ပြောချင်သေးပေမယ့် ရည်ရွယ်ချက်နဲ့ လွဲသွားမှာ ဆိုလို့ ဒီနေရာမှာ မဖော်ပြလိုက်တော့ပါဘူး -
  • Mount point ကိုတော့ Root directory အတွက် ကျွန်တော်တို့ သိထားပြီးသား ( / ) ကို ရွေးချယ်ပေးပါ - အားလုံးပြီးသွားရင် OK ပေးပြီး နောက်ထပ် လိုနေသေးတဲ့ Partitions တွေဆက်ပြီး Create လုပ်ပါမယ်


နောက် တစ်ဆင့်မှာတော့ ကျွန်တော်တို့ Swap partition ကို Create လုပ်ပါမယ်။ Swap area ရဲ့ သဘောကို အပေါ်မှာလည်း ကျွန်တော်ဖော်ပြခဲ့ပြီးသလို ဒီနေရာမှာလည်း ယူဆပုံနဲ့ အသေးစိတ် ရှင်းလင်းချက်ရေးခဲ့ပြီးပါပြီ - ဒီနေရာမှာ သီးသန့်ထပ်ပြီး မဖော်ပြတော့ပါဘူး - ပုံမှာ မြင်ရတဲ့ အတိုင်း - 
  • Type for the new partition ကို Logical အနေနဲ့ ထားလိုက်ပါတယ် - အကြောင်းက Swap area ဆိုတာ Primary အနေနဲ့ ထားဖို့မလိုဘူး - သူက OS တင်ဖို့အတွက် မဟုတ်ဘူး အဲ့တာကြောင့် သူ့ကို Extended partition အောက်ကို ဝင်သွားအောင် Logical အဖြစ် သတ်မှတ်လိုက်တာ - Extended partition နဲ့ Logical ရဲ့ ယူဆချက်ကို မရှင်းရင် ပို့စ်နံပါတ် ( ၂ ) ကို ပြန်ဖတ်ပါ - အဲ့လို Logical အဖြစ် ကြေငြာလိုက်တာနဲ့ Partitioning program ကနေ သူ့ကို အလိုလျောက် Extended partition အောက်ကို ပို့ပစ်လိုက်တယ် -
  • New partition size in megabytes နေရာမှာတော့ ခု ဥပမာပြထားတဲ့ စက်မှာ RAM က 512 MB ပဲ ရှိတာမို့လို့ Swap area ဟာ 1.5 ဆ ရှိသင့်ပါတယ် - အဲ့ယူဆချက်ကိုလည်း ဒီနေရာမှာ ဖော်ပြထားခဲ့ပြီးပါပြီ -
  • Location for the new partition ကိုတော့ ဒီ Swap area အတွက် End ကို ရွေးချယ်လိုက်ပါတယ် - အကြောင်းက Partitions နည်းတဲ့ အချိန်မှာ သိပ်မသိသာလှပေမယ့် Partitions တွေများလာတဲ့ အခါ Seeking time လို့ ခေါ်တဲ့ Read/write head ကနေ Hard drive ပေါ်မှာရှိနေတဲ့ Physical locations တွေဆီက Data တွေ ရှာဖွေတဲ့ ကြာမြင့်ချိန်ကို မလိုအပ်ပဲ မကြန့်ကြာစေချင်လို့ပါ -
  • Use as ကိုတော့ Swap area လို့ပဲ အလွယ်တကူ ရွေးချယ်ပေးလိုက်ပါတယ်။
  • Mount point အပေါ်က အဆင့်မှာ Swap area လို့ရွေးချယ်ပေးလိုက်တာနဲ့ Mount point သတ်မှတ်ချက် မရှိတော့ပါဘူး - အဲ့တာကြောင့် ဒီနေရာကို ထည့်စဉ်းစားဖို့ မလိုပါဘူး - OK ပေးပြီး နောက် Partition တစ်ခုကို ဆက် Create လုပ်ပါမယ်။

နောက် Partition ကိုတော့ ကျွန်တော်တို့ ကိုယ်ရေးကိုယ်တာသုံးဖို့ /home partition အဖြစ် ဖန်တီးပါမယ် - ဒီအပိုင်းကို ထိပ်ဆုံးနဲ့ ဘိတ်ဆုံး Partitions နှစ်ခုကြားထဲက ကျန်နေတဲ့ အပိုင်းအားလုံးကို ယူလိုက်ပါမယ် - ရွေးချယ်သင့်တဲ့ file system ကတော့ ext4 ပါ - ဒီနေရာမှာ မေးစရာ တစ်ခုပေါ်လာတယ် - ဒီ Partition ကိုရော Primary ထားရမလား Logical ထားရမလား ? ဒါက အတိအကျ ကန့်သတ်ချက် မရှိပါဘူး Feel free ပါ - ဒီနေရာမှာတော့ Primary ထားလိုက်ပါတယ် - ထားရတဲ့ အကြောင်းက ခု ဒီစက်မှာ နောက်ထပ် OS တစ်မျိုးထပ်တင်ပြီး သုံးမှာ မဟုတ်လို့ပါ - တကယ်လို့ Dual-boot ဘာညာ သုံးမယ်လို့ စိတ်ကူးရှိမယ်ဆိုရင်တော့ နောက် OS တစ်ခုအတွက် Primary partitions တွေ Create လုပ်ရမှာမို့လို့ ဒီ /home partition ကို Primary အစား Logical ပေးပြီး Extended အောက်ကို ရွှေ့ပစ်လိုက်မှာ ဖြစ်ပါတယ်။ 

အားလုံးပြီးသွားရင် Installation စပါပြီ - နောက်ဆုံးရလာမယ့် Partition table က အောက်ဖော်ပြပါ အတိုင်းပါ - 


တကယ်လို့ ဒီ Result ကို သဘောမကျသေးရင် Install Now ကို မနှိပ်သေးပဲ တစ်ကနေ ပြန်စပြင်လို့ ရပါတယ် - ဘာ Data မှ မဆုံးရံှုးပါဘူး - ခုပြင်ဆင်ထားတာတွေ အားလုံးက Install Now ကိုနှိပ်လိုက်တဲ့ နောက်ပိုင်းမှသာ စပြီး အသက်သွင်းမှာ ဖြစ်ပါတယ်။ အားလုံး သဘောကျပြီ ဆိုရင်တော့ LinuxOS ( Ubuntu ) ကို Install Now လုပ်နိုင်ပါပြီ - 

ဒီ Linux PC နှင့် Partition Scheme အကြောင်းကို ရေးနိုင်ဖို့အတွက် နေရာတော်တော်များများ စာလိုက်ဖတ်ခဲ့ရတယ် - ကျွန်တော်သိထားတာတွေက လက်တန်းပြောဖို့ ဘယ်လိုမှ အဆင်မပြေဘူး - အကိုးအကား မပါပဲ ပြောရင် လေ့လာသူတွေလည်း ယောင်လည်လည် ဖြစ်နေမှာစိုးတာနဲ့ အရင်သိထားတာတွေကို စာအသေးစိတ်ပြန်လိုက်ဖတ်ပြီး မွန်းမံရေးသားခဲ့ပါတယ် - အောက်မှာ ဖော်ပြထားတဲ့နေရာတွေကတော့ ကျွန်တော် ဒီအကြောင်းအရာကို ရေးဖို့အတွက် အဓိက ဖတ်ခဲ့ ကိုးကားခဲ့တဲ့ နေရာတွေပါ - နောက်ဆက်တွဲ ထပ်တိုးလေ့လာလိုသူများနဲ့ ခုဖော်ပြချက်ထက်ပိုပြီး အသေးစိတ်ပြည့်ပြည့်စုံစုံ သိရှိလိုသူများ ဆက်လက်လေ့လာနိုင်ပါတယ်။


မူလရင်းမြစ်များ


http://www.linuxbsdos.com/2010/10/12...tioning-guide/

https://help.ubuntu.com/10.10/instal...on-sizing.html

https://help.ubuntu.com/10.10/instal...86/apcs03.html

https://help.ubuntu.com/community/HowtoPartition

http://www.psychocats.net/ubuntu/wubi

http://www.psychocats.net/ubuntu/partitioning


KznT.

New Google Chrome Logo

March 16, 2011 ရက်နေ့က Google Chrome ရဲ့ Logo အကြောင်းနဲ့ ပတ်သတ်ပြီး ပြောင်းလဲမှု တစ်ခု လုပ်ထားတယ်လို့ သိခဲ့ရတယ် - အကြောင်းက အရင် ကျွန်တော်တို့ တွေ့နေကျ Google Chrome Logo ကို Dev Channel release အနေနဲ့ ထုတ်ထားတဲ့ Version 11.0.696.12 မှာ Logo Design ပုံစံ ပြောင်းထားတဲ့ ကိစ္စပါ - ပုံစံကတော့ သိပ်ထူးထူးခြားခြားကြီး မဟုတ်ဘူး - အရင် Google Chrome Logo က ဖောင်းကြွပုံစံ


ခု Google Chrome Logo ကတော့ ပိပိပြားပြားနဲ့ အနားသတ်တွေ ညှိထားတဲ့ ပုံစံ - အရောင်စပ် ထားတာလည်း ပိုငြိမ်သွားသလိုပဲ

Desktop icon အနေနဲ့ ယှဉ်ကြည့်မယ် ဆိုရင် ပိုသပ်ရပ်သွားတယ်လို့ ထင်မိတယ် -


ကျွန်တော်ကတော့ ခုပြောင်းသွားတဲ့ New logo ကို အရောင်တွေ ငြိမ်သွားလို့ ပိုသဘောကျမိတယ် - Google Chrome Logo ပြောင်းသလို Chromium logo လည်း ပြောင်းသွားတယ် -


ဒါတင်မကသေးဘူး Dev Channel release 11.0.696.12 မှာ Google Chrome Logo ကို အောက်မှာပြထားတဲ့ အတိုင်း ရွှေရောင်လည်း ပြောင်းလို့ ရသေးတယ် -


လုပ်နည်းက Google Chrome Dev Channel release 11.0.696.12 ကို အောက်မှာ ဖော်ပြထားတဲ့ နေရာတွေကနေ ဒေါင်းလုပ်ချပြီး Install လုပ် - တစ်ခြား Linux နဲ့ Mac သမားများ Dev Channel Release ကို ဒီနေရာမှာ ယူပါ -

ပြီးရင် Desktop ပေါ်မှာရှိတဲ့ Google Chrome icon ကို Right click ထောက်ပြီး Properties ကို သွား - အဲ့ကနေပြီး Change icon ကိုဆက်ဝင် -


နောက်တစ်ဆင့်မှာ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ရွှေရောင် Google Chrome icon ကို ရွေးပေးလိုက်တာနဲ့ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ရွှေရောင် Chrome icon ကို တွေ့ရပါလိမ့်မယ် -



တကယ်လို့ ဒီလို icon ပုံစံလေး ပြောင်းယုံလေးလောက်နဲ့ Dev Channel release ကို မသုံးချင်ဘူးဆိုရင် လက်ရှိသုံးနေတဲ့ Google Chrome ကိုပဲ icon ပုံစံ ပြောင်းသုံးလို့ ရပါတယ် - Google Chrome Icons တွေချည်းပဲ သီးသန့်လိုချင်မယ် ဆိုရင် အောက်ဖော်ပြပါနေရာကနေ Download ယူပါ - Icons တွေရရင် အသုံးပြုရမယ့်နည်းက အထက်မှာ ဖော်ပြထားတဲ့ လမ်းကြောင်းအတိုင်း သွားပြီး Browse ကနေ icon ရှိတဲ့ နေရာကိုခေါ်ယူပြီး ပြောင်းလိုက်ယုံပါပဲ -

မူလရင်းမြစ်များ

http://googlesystem.blogspot.com/201...rome-logo.html
http://googlechromereleases.blogspot...update_15.html
http://dev.chromium.org/getting-involved/dev-channel
http://www.howtogeek.com/56194/how-t...ret-gold-icon/
http://carlosjj.deviantart.com/art/n...cons-201136748

KznT.

Thank you from Japan


From: Yuko Yasuda, WFP
Sent: Friday, March 18, 2011
To: Levendreams
Subject: Thank you from Japan

I grew up in Japan. I’m accustomed to earthquakes. But nothing could have prepared me for this one. It was the first time I saw buildings in Tokyo actually sway back and forth.

I watched live TV coverage as the tsunami swept away entire communities. It was like a horror film, but these are real people – thousands are dead, thousands more are missing. In one city, nearly half of the population is still missing.

And now we're gripped with the fear of radiation from nuclear power plants. It's a real-life nightmare.

In the past, Japan has helped the World Food Programme respond to some of the worst disasters around the world. Now, when my country is coping with its own tragedy, I feel proud to stand united with Japan to help people in need.

I’m deeply grateful for the outpouring of support from all over the world, and for your personal contribution. Thanks to the generosity of friends like you, in just 36 hours we raised all the funds we require for our operation in Japan. Thank you.

Amid the devastation left behind by the earthquake and tsunami, transporting goods is an enormous challenge, but families remain in desperate need of emergency supplies and WFP is providing its expertise to make sure those supplies are delivered quickly.

As the lead logistics agency for the United Nations in emergency operations, WFP has decades of experience in delivering food and other relief items in the most difficult environments.

It will take a long time to recover from this disaster. But, between the heroic rescue efforts coordinated by the Japanese government and the incredible support of the international community, I know we’ll get there.

Thank you for the role that you are playing.

Sincerely,

Yuko Yasuda
Japan Spokesperson
World Food Programme
 
 

The World Food Programme (WFP) fights hunger worldwide, saving lives during emergencies while building a better future for the next generation. WFP is funded solely by voluntary donations.

 World Food Programme
 wfp.org | Contact us | Privacy | Unsubscribe

World Food Programme
Via C.G.Viola 68
Parco dei Medici
Rome, 00148
Italy

TweakIE9 for Internet Explorer 9

Internet Explorer 9 Final version ဆိုပြီး ထွက်လာတော့ Chrome နဲ့ ဒီ IE9 ကိုပဲ တစ်လှည့်စီ လှည့်သုံး နေမိတယ် - တစ်ခုရှိတာ Chrome က သုံးလာတာ ကြာပြီဆိုတော့ ဘာပဲလိုလို တစ်ခုခု ဖြစ်ရင် ဟိုကလိ ဒီကလိ ဟိုပြင် ဒီပြင် တော်တော်လေး လုပ်တတ်နေပြီ - Internet Explorer ဆိုတာကကျတော့ မြန်မာနိုင်ငံမှာတည်းက မသုံးတာ - အဲ့တုန်းကတော့ အင်တာနက်သုံးချင်ပြီဆိုရင် အင်တာနက်ဆိုင်သွားရ တာပေါ့ - အင်တာနက်ဆိုင်ဆိုပေမယ့် နက်ကလည်း Google ဝင်ဖို့ကို ၃မိနစ်လောက် စောင့်ရတယ် - ဒီကြားထဲ IE က အဲ့တုန်းက သုံးတာ IE6 ဖြစ်မလား မပြောတတ်ဘူး - တော်တော်ကိုဆိုးတာ - လေးလံလိုက်တာမှ လိပ်ကို ပိဿလေးတင်ထားသလား မှတ်ရတယ် - ပြင်နည်း ဆင်နည်းဆိုတာလည်း ဘာမှကို မတတ် - အဲ့လိုပေတေသုံးခဲ့တဲ့ ရက်လေးတွေ ပြန်သတိရမိတယ်

ခု Internet Explorer 9 ဆိုပြီး ဖြစ်လာပြီ - အရင်က သိပ်မသုံးဖြစ်တော့ ပြင်တာ ဆင်တာလည်း Chrome လောက် သိပ်များများစားစား မသိဘူး - အဲ့လိုနဲ့ ဒီနေ့ စာလိုက်ဖတ်ရင်း TweakIE9 ဆိုတဲ့ Freeware ပြင်ဆင်ရေး Tool လေးတစ်ခု တွေ့လာခဲ့တယ် - ရည်ရွယ်ချက်ကတော့ Internet Explorer 9 က ကိုယ်မကြိုက်တာလေးတွေကို တစ်ခြားကိုယ်ကြိုက်တဲ့ ပုံစံလေးတွေ ပြင်လို့ဆင်လို့ ရအောင် ရေးထားပေးတဲ့ tweak tool လေး တစ်ခုပေါ့ - သုံးရတာလည်း အရမ်းလွယ်တယ် - ကျွန်တော့်လို End User တစ်ယောက်အတွက်တော့ သိပ်အဆင်ပြေတာပဲ - User Interface ကိုတော့ အောက်မှာသာ ကြည့်ပါ။


ပုံကြည့်တာနဲ့ ဘာလုပ်ရမယ်ဆိုတာ တန်းကနဲ နားလည်လွယ်တယ် - Internet Explorer 9 သုံးသူများအတွက်တော့ လက်မလွှတ်သင့်တဲ့ Tool လေးတစ်ခုပါပဲ -

Download TweakIE9!

TweakIE9
TweakIE9_Documentation_Guide

မူလရင်းမြစ်များ

HomePage
TweakIE9: Tweaking Utility for Microsoft Internet Explorer 9 (IE9)


KznT.

Education And The Significance Of Life

ပိုင်ဆိုင်မှုဆိုတာ ဘာလဲဆိုတဲ့ အမေးကို ရံဖန်ရံခါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖြစ်တယ် -

( ၁ ) ပစ္စည်းဥစ္စာ ကြွယ်ဝပေါများမှုလား
( ၂ ) ငွေကြေးပြည့်စုံ ကုံလုံမှုလား
( ၃ ) လိုတရလောက်တဲ့ ဖြည့်ဆည်းပေးနိုင်စွမ်းလား

    ဒီလိုပဲ ထင်ခဲ့ကြတာပဲ - ငယ်ငယ်တည်းကလည်း ဒီလိုပဲ သင်ခဲ့ကြတယ် - ကျောင်းစတက်ပြီ ဆိုကတည်းက အမေက ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကို ခဲတံလေး တစ်ယောက် တစ်ချောင်းဝယ်ပေးတယ် - ဒါက သားဖို့ - ဒါက သားအကိုကြီးဖို့ - ဆိုလိုတာ သားဖို့ ဆိုကတည်းက ဒီခဲတံဟာ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှု - ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ မပတ်သတ်တော့ဘူး - အဲ့လိုနဲ့ ကျောင်းကို ရောက်သွားတော့လည်း ထိုင်ခုံနေရာတွေ ဆရာမက ချပေးတယ် - ဒါက သားနေရာ ဒါက သမီးနေရာ - အဲ့မှာလည်း ပိုင်ဆိုင်မှု တစ်ခု ထပ်ရောက်လာပြန်ရော - ဒါကသားနေရာ ဆိုတည်းက ဒီနေရာဟာ ငါပဲ ပိုင်တယ် - မင်းလာထိုင်လို့ မရဘူး - ငါ့နေရာဆိုတာ ငါထိုင်ဖို့ - မင်းထိုင်ချင်ရင် မင်းနေရာ မင်းထိုင် - အဲ့လိုနဲ့ ငယ်ငယ်တည်းက လူ့သဘာဝပတ်ဝန်းကျင် နဲ့ ပိုင်ဆိုင်မှုဆိုတဲ့ သင်ခန်းစာတစ်ရပ်ကို ပြဌာန်းချက် သင်ရိုး မရှိပဲ ကျွန်တော်တို့ သင်ခဲ့ရတယ်-

    အဲ့လိုနဲ့ အရွယ်ရောက်တဲ့အထိ တစ်တန်းပြီး တစ်တန်း ပညာတွေ သင်ခဲ့တယ် - ပညာကို ဘာလို့ သင်နေကြမှန်း ကျွန်တော်တို့ ဂဃနဏ မသိကြပေမယ့် ကျွန်တော်တို့ စိတ်ထဲမှာ ငယ်စဉ်တည်းက လူ့ပတ်ဝန်းကျင်က ရိုက်သွင်းခဲ့တဲ့ ပိုင်ဆိုင်မှု ဆိုတဲ့ ယုံကြည်ချက် တစ်ခုတော့ ရှိနေကြတယ် - ဆရာဝန်ကြီးတွေ / အင်ဂျင်နီယာကြီးတွေ ဖြစ်ရင် တိုက်အကြီးကြီးတွေ ကားအကောင်းစားကြီးတွေနဲ့ နေရမယ် - ကိုယ်လိုချင်တာ ဝယ်နိုင်မယ် - ကိုယ်စားချင်တာ စားနိုင်မယ် - ကိုယ်ပိုင်ပိုက်ဆံ ဆိုတာလည်း အများကြီး ရှိလာလိမ့်မယ် - ဒီလိုပဲ ယုံကြည်ခဲ့ကြတယ် - ပြောရရင်ပညာတတ်ဖြစ်စေချင်တဲ့ မိဘတွေရဲ့ ရည်ရွယ်ချက်ကို ပိုင်ဆိုင်မှုဆိုတာတွေ ဖန်တီးနိုင်ဖို့အတွက် ခိုင်းစေချက် တစ်ခုလို့ ယုံကြည်လိုက်တာမျိုးပေါ့ - ဘာလို့လည်း ဆိုတော့ မိဘတိုင်းကလည်း ပြောကြတယ် -

    - နင်စာမကျက်ဘူးလား -
    - နင်ပညာမတတ်ရင် ဆိုက်ကားနင်းရမှာ -
    - သူများခိုင်းတာ ခံရမှာ -
    - ကူလီထမ်းရမှာ - စသဖြင့် ...

      တကယ်တော့ ပညာမတတ်တိုင်း ဆိုက်ကားမနင်းရဘူး - သူများခိုင်းတာ တစ်ချိန်လုံး မခံရဘူး - ကူလီမထမ်းရဘူး - ပညာမတတ်လည်း ကြိုးစားမယ် ဝီရိယရှိမယ် ဆိုရင် တစ်ချိန်မှာ သူများကို အထက်စီးကနေ ခိုင်းနိုင်တဲ့ လူချမ်းသာ တစ်ယောက် ဖြစ်နိုင်တာပဲ - အဲ့လိုစိတ်ကို ဝီရိယနဲ့ပေါင်းပြီး ကြိုးစားခဲ့ကြလို့ဘွဲ့မရပေမယ့် လူချမ်းသာ ဖြစ်နေကြတဲ့ သူတွေလည်း ကမ္ဘာမှာ အများကြီးကို ရှိတယ် - မြန်မာမှာလည်း ရှိတယ် -

      အဲ့တော့ ငယ်စဉ်တည်းက ပညာဆိုတာကို ပိုင်ဆိုင်မှုတွေ ဖန်တီးနိုင်ဖို့ တစ်ခုတည်း အတွက်လို့ ယုံကြည်ထားခဲ့ကြတဲ့ လူငယ်တွေရဲ့ စိတ်ထဲမှာ သို့လော သို့လော အတွေးတစ်ချို့ ဝင်လာတယ် -

      - ပညာတတ်မှ မဟုတ်ဘူး - ပညာမတတ်လည်း ပိုင်ဆိုင်မှုဆိုတာ ဖန်တီးယူလို့ ရတယ်
      - ပညာမတတ်ခြင်းနဲ့ ပညာမတတ်ခြင်းက ဘာမှ မကွာဘူး
      - တစ်ချို့ သူဌေးတွေ ဘာပညာမှ မတတ်ဘူး
      - အဲ့လိုလူတွေကပဲ ပညာတတ်ပါတယ်ဆိုတဲ့ ကျုပ်တို့ကို ခိုင်းစားနေကြတယ်
      - အဲ့တော့ ဒီပညာဆက်သင်တော့ရော ဘာထူးမှာလဲ
      - အချိန်ကုန်ခံပြီး ပညာဆက်သင်နေမယ့် အစား စီးပွားရေးထွက်လုပ်တာကမှ လူမွှေးလူတောင် ပြောင်ဦးမယ်
      - ကြိုးစားရင် ကြိုးစားသလောက် ဒီနေ့ဖြစ်မလား မနက်ဖြန်လာမလား ကြီးပွားနိုင်မယ်
      - ပညာဆက်သင်နေရင် အချိန်ကုန်လူပန်း ဘွဲ့ရလာပြန်တော့လည်း အလုပ်ရဖို့ဆိုတာ မသေချာ စသဖြင့် တွေးမိလာကြတယ်

        ဒါဟာ သိပ်ကြောက်ဖို့ ကောင်းတဲ့ အတွေးအခေါ် မှားယွင်းမှု တစ်ခုပဲ - တကယ်တော့ ပညာသင်ကြား ရခြင်းရဲ့ အဓိက ဦးတည်ချက်ဟာ ပိုင်ဆိုင်မှုတွေ ဖန်တီးနိုင်ဖို့ တစ်ခုတည်းအတွက် ရည်ရွယ်ချက် ထားပြီး သင်ကြားပေးနေတာ မဟုတ်ပါဘူး - ပညာသင်ကြားရခြင်းရဲ့ အဓိက ဦးတည်ချက်တွေဟာ -

        - ခွဲခြမ်းစိတ်ဖြာနိုင်မှု
        - ဆက်စပ်လေ့လာနိုင်မှု
        - ရောင့်ရဲတင်းတိမ်နိုင်မှု
        - တည်ဆောက်ရယူနိုင်မှု
        - ဖေးမမြှင့်တင်နိုင်မှု

          ဆိုတာတွေအတွက် အဓိက ဦးတည်ချက် ထားတယ်ဆိုတာကို လူငယ်တွေ နားလည်ကြဖို့ လိုပါတယ် - ဒီရည်ရွယ်ချက်တွေနဲ့ ပညာကို သင်ခဲ့ကြပေမယ့် ဒီနေရာမှာ တစ်ခုသိထားဖို့ လိုတာက ဘွဲ့ရတိုင်းလည်း ပညာတတ် မဟုတ်ဘူး - လူတစ်ချို့တစ်ချို့ / အတော်များများကပညာတတ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဘွဲ့ပိုင်ဆိုင်မှု ဆိုတာနဲ့ တွဲစပ်ရှုမြင် နေကြတယ် - ဆိုလိုတာ -

          - ဘွဲ့တွေ တစ်သီကြီး ရထားရင် ပညာတတ်ကြီး
           - ဘွဲ့လေး တစ်ခုလောက် ရထားရင် ပညာတတ်
          - ဘွဲ့တစ်ခုမှ မရထားရင် ပညာမတတ် ( ဝါ ) ပညာမဲ့ စသဖြင့်

            အဆင့်အတန်းကို အလိုလျောက် ခွဲခြားပစ်ကြတယ် - တကယ်တော့ အဲ့ဒီ့ ခံယူချက်တွေဟာ မမှန်ကန်ဘူး - ပညာတတ်ဆိုတာ အတန်းပညာ ဘယ်လောက်ပဲ သင်ခဲ့ရသည် ဖြစ်စေ - ကိုယ်သင်ကြားခဲ့ရတဲ့ သင်ခန်းစာ ဘာသာရပ်အလိုက် လူ့ပတ်ဝန်းကျင်မှာ အံဝင်ခွင်ကျနဲ့ ဆက်စပ် အသုံးချနိုင်စွမ်း ရှိသူကိုသာ ပညာတတ်လို့ သတ်မှတ်တယ်။


            ခွဲခြမ်းစိတ်ဖြာနိုင်မှု - ပညာသင်ကြားရခြင်းရဲ့ ကနဦး ရည်ရွယ်ချက်ဟာ ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ - ဆိုလိုတာ အကောင်းနဲ့ အဆိုး - အမှားနဲ့ အမှန် ကြားမှာ တစ်ခြားသူရဲ့ အမြင်နဲ့ မိမိအမြင်ဆိုတဲ့ အမြင်နှစ်ခုကို ပေါင်းစပ်ပြီး လိုလားချက် ပြီးမြောက်နိုင်မယ့် ဦးတည်ချက်ကို ရှာဖွေနိုင်မယ့် ပညာရပ်ဖြစ်တယ်။ ဒီလိုပညာကို တတ်မြောက်နိုင်ဖို့ အတွက် ပြဌာန်းချက်တွေထဲမှာ သက်ဆိုင်ရာ ဘာသာရပ်တွေကို သင်ခန်းစာ ခေါင်းစဉ်အလိုက် ထည့်ထားတယ် - ဥပမာ သချာင်္ - သချာင်္မှာဆို Probability ဆိုတဲ့ အခန်းရှိတယ် - သူက ဖြစ်နိုင်စွမ်းနဲ့ ဖြစ်တန်စွမ်းကို လေ့လာတာ - စာသင်ခန်းထဲမှာ လက်နဲ့ ချရေးပြီး တွက်ခဲ့ရတဲ့ ဒီပုစ္ဆာတွေကို ခက်လြှပီ ထင်ခဲ့တဲ့ ကျွန်တော်တို့တစ်တွေ - လက်တွေ့ လူ့ပတ်ဝန်းကျင်ကို ဝင်လာတဲ့အခါ လူအများစုနဲ့ ရပ်တည် လှုပ်ရှားရတဲ့ လုပ်ငန်းခွင်တွေအတွက် Probability ဟာ ဒီ့ထက် ပိုနက်နဲမှန်း သိလာရတယ် - အဲ့လို အခြေအနေမျိုးမှာ ပညာမသင်ကြားခဲ့ဖူး သူတွေအတွက် သင်ရိုးတစ်ခုက ပေးတဲ့ သင်ခန်းစာနဲ့ နိှုင်းယှဉ်ပြီး အမှားအမှန်ကို မဆန်းစစ်နိုင်တော့သလို - ပညာတတ်အမည်ခံ ဘွဲ့ရတွေ ဆိုတာလည်း လူ့ပတ်ဝန်းကျင်ရဲ့ အခြေအနေနဲ့ ဆက်စပ်သင့်လျှော်မယ့် တွေးခေါ်မှုမျိုး အလုပ်ဆောင်နိုင်ကြတော့ဘူး - သူများပြောတိုင်း ယုံတတ်လာတယ် - ကိုယ့့်ကိုယ်ကိုယ် အားမကိုးချင်တော့ဘူး - ဒီလူပြောလည်း ဟုတ်လောက်ပါတယ် - ဟိုလူပြောလည်း ဟုတ်လောက်ပါတယ် - အဲ့လိုလူတြွေကားမှာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ သက်သေသာဓကလေးနဲ့ ပြနိုင်တဲ့သူတစ်ယောက် ပြောတာကြားရရင် အဲ့ဒီ့လူကို ပိုယုံသွားတယ် - ဒီလိုနဲ့ ပညာတတ်အမည်ခံ ပညာမဲ့တွေ တစ်စတစ်စ များပြားလာတဲ့ အခါ အိမ်မှာဆို အိမ်တွင်းရေး မသာယာတော့ဘူး - နိုင်ငံနဲ့ ချီတော့ နိုင်ငံရေးတွေ ရှုပ်ထွေးလာတယ် - မင်းမဲ့စရိုက်ဆန်လာတယ် - ကမ္ဘာနဲ့ ချီတော့ မပြီးဆုံးနိုင်တဲ့ တိုက်ပွဲတွေ ဖြစ်လာကြတယ်။

            ပူးပေါင်းဆောင်ရွက်နိုင်မှု - လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ကြိုးစားနိုင်သည် ဖြစ်စေ သူ့မှာ စွမ်းဆောင်နိုင်တဲ့ Limit ဆိုတာ ရှိတယ် - Limit ကိုကျော်ပြီး ဘယ်သူမှ တစ်ဦးတစ်ယောက်ကောင်းနဲ့ မစွမ်းဆောင်နိုင်ဘူး - ကိုယ်လုပ်နိုင်သလောက်ကို ကိုယ်ကိုယ်တိုင် ကြိုးစားယူပြီး ပူးပေါင်းဆောင်ရွက်မှု ဆိုတာ လုပ်ဆောင်ကြရတယ် - အဲ့လိုပဲ တစ်ခုခုကို လိုချင်တယ် ရချင်တယ် ဆိုရင်လည်း အဆင့်လိုက် တစ်ဆင့်ချင်း တက်လှမ်းရယူကြရတယ် - ခု အပင်စိုက် ခု အသီးစားချင်လို့ မရဘူး - ချက်ချင်း လက်ငင်း စွမ်းဆောင်လို့ မရတဲ့ ကိစ္စရပ်တွေအတွက် လတ်တလောမှာ ရောင့်ရဲပြီး အနာဂတ်မှာ ရင်ဆိုင်နိုင်ဖို့ ဘယ်လိုအချိန်ပေး ပြင်ဆင်မှုတွေ လုပ်ဆောင်ရမယ် ဆိုတာ ငယ်စဉ်တောင်ကျေး ကလေးဘဝက စပြီး နားလည်နိုင်အောင် ပြဌာန်းချက်တွေထဲမှာ ထည့်သွင်း သင်ကြားခဲ့ကြတယ် - ဥပမာ ပြောရရင် ကမ္ဘာ့သမိုင်းနဲ့ မြန်မာ့သမိုင်းတြွေကည့် - မြန်မာ့သမိုင်းမှာ ဆိုရင် ကိုလိုနီလက်အောက်ခံ ဘဝက လွတ်မြောက်ချင်ပေမယ့် ပူးပေါင်းဆောင်ရွက်မှု မရှိလို့ ကျရံှုးခဲ့ရတဲ့ စစ်ပွဲတွေ - လက်အောက်ခံ ဘဝကနေ လွတ်မြောက်ဖို့ အတွက် ပြန်ပြီး ကြိုးစားကြတဲ့ နေရာမှာ ပူးပေါင်းဆောင်ရွက်မှု ဆိုတာကို ခါးဝတ်ပုဆိုးလို ဖက်တွယ်ပြီး ကြိုးစားခဲ့ကြတဲ့ ရဲဘော်သုံးချိပ် - ဒါတွေဟာ တကယ့်သမိုင်းဖြစ်ရပ်မှန်တွေ - ဒီ သင်ရိုးပြဌာန်းချက်ကနေ သင်ကြားပေးလိုက်တဲ့ သင်ခန်းစာတွေကို လက်တွေ့ လူ့ပတ်ဝန်းကျင်မှာ ကျင့်သုံးလိုက်နာနိုင်မှ ဘွဲ့ရတွေလည်း တကယ့် ပညာတတ်ဖြစ်လာမယ်။ မဟုတ်ရင်တော့ ဘွဲ့ရထားလည်း ပညာမဲ့နေဦးမှာပဲ။

            ဆက်စပ်လေ့လာနိုင်မှု - ငယ်ငယ်တုန်းက ဘွဲ့ဆို ဆရာဝန် / အင်ဂျင်နီယာဘွဲ့လောက်မှ လူရာဝင်တယ်လို့ ထင်ခဲ့မိတယ် - ဆရာဝန် / အင်ဂျင်နီယာမဖြစ်တော့ရင်ပဲ ကိုယ့်ဘဝက ဆုံးသွားသလို ကိုယ်သင်ခဲ့တဲ့ ပညာက အသုံးမဝင်တော့သလိုလို ယုံကြည်ထားခဲ့တယ် - အဲ့လိုနဲ့ တကယ်တမ်း လုပ်ငန်းခွင်ထဲဝင်လာတော့ ပညာရပ်တိုင်းဟာ ကိုယ်ထင်ထားသလို သီးခြားရပ်တည် လည်ပတ်နေတာမျိုး မဟုတ်တော့ဘူး - ဥပမာပြရရင် အင်ဂျင်နီယာပညာဟာ သိပ္ပံပညာရပ်နဲ့ ဆက်စပ်သလို သချာင်္ပညာရပ်နဲ့လည်း ဆက်စပ်တယ် - ကွန်ပြူတာနဲ့ ကင်းလို့မရသလို Physics, Chemistry နဲ့လည်း ဝေးလို့ မရဘူး - အဲ့လို ဆက်စပ်နေတဲ့အတွက် ကဏ္ဍတိုင်းကို အပြည့်အစုံကြီး မဟုတ်တောင် တီးမိခေါက်မိ ရှိထားဖို့ လိုလာတယ် - ကိုယ့်ထက်ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းရတယ် - မေးမြန်းရတယ် - အချိန်တိုင်း လေ့လာနေရတယ် - ဒီလိုဆက်စပ်လေ့လာတတ်တဲ့ အတွေးမျိုး ဖြစ်လာအောင် ကျွန်တော်တို့ ငယ်ငယ် လေးငါးခြောက်တန်း လောက်တည်းက သိပ္ပံဘာသာ ဆိုတာ သင်ရတယ် - အတန်းကြီးလာတော့ Science ပေါ့ - သူ့ထဲမှာဆိုရင် လနဲ့ ကမ္ဘာနဲ့ ဆက်စပ်ပုံတို့ - သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအဖွဲ့အစည်းကြားက ဆက်စပ်မှုတို့ ဆိုတာတွေကို ခေါင်းစဉ်အသီးသီးနဲ့ သင်ခဲ့ရတယ် - ရည်ရွယ်ချက်က ဒီ သင်ရိုး ပြဌာန်းချက်ကနေ သင်ကြားပေးလိုက်တဲ့ သင်ခန်းစာတွေအတိုင်း လူငယ်တွေ စဉ်ဆက်မပြတ် ဆက်စပ်လေ့လာမှု ရှိဖို့လိုတယ်ဆိုတဲ့ အသိတရားကို ရနိုင်စေဖို့ - ဒီအသိတရားအတိုင်း လုပ်ဆောင်နိုင်မှ ကျွန်တော်တို့တွေ ဒီ့ထက်မြင့်မားတဲ့ အသိဉာဏ်ကို ရမယ်။ ဒီ့ထက် ပြည့်စုံအေးချမ်းတဲ့ လူနေမှုဘဝကို ဖန်တီးနိုင်မယ်။ ဘွဲ့သာရခဲ့ပေမယ့် ဆက်စပ်မှုတွေအကြောင်း လှစ်လျူရှုခဲ့ကြရင် ဘွဲ့ရပညာတတ် အမည်ခံထားပြီး ကျွန်တော်တို့တွေ ပညာမဲ့ ဖြစ်နေကြဦးမှာပဲ။

            တည်ဆောက်ရယူနိုင်မှု - လူဆိုတဲ့ သဘောဟာ မွေးလာကတည်းက လုပ်သမျှ အကောင်းချည်းပဲ ဖြစ်လာပါမယ်လို့ အာမခံနဲ့လာတာမျိုး မရှိဘူး - ဘယ်သူမဆို အောင်မြင်မှုဆိုတာ ရောက်မလာခင် ကျရံှုးမှုဆိုတာ ရင်ဆိုင်ရတတ်တယ် - တစ်ခါတစ်လေ ဗွီဒီယိုတွေ ရုပ်ရှင်တွေထဲမှာ ဘာမြှကီးကြီးမားမား လုပ်ရကိုင်ရတာမျိုးမရှိပဲ နေရင်းထိုင်ရင်း ကုမ္ပဏီပိုင်ရှင် စီးပွားရေး သမားဆိုတဲ့ အမည်နဲ့ ချမ်းသာနေကြတဲ့ လူတွေကိုကြည့်ပြီး ငါလည်း သူတို့လို ဘာမှလုပ်စရာမလိုပဲ ချမ်းသာနိုင်တာပဲလို့ ထင်ကောင်း ထင်ကြလိမ့်မယ် - တကယ့် ဘဝမှာတော့ အောင်မြင်တစ်ခု ရဖို့ဆိုတာ အဲ့လောက်မလွယ်ကူဘူး - ကျောင်းသားဖြစ်မယ် ဆိုရင် ကိုယ်မသင်ချင်တဲ့ ဘာသာတွေ သင်ရမယ် - စီပွားရေး သမားဆိုရင် ကိုယ်မမျှော်လင့်ထားတဲ့ ဈေးကွက်ယှဉ်ပြိုင်မှုနဲ့ စီးပွားရေး လှည့်ကွက်တွေ ရင်ဆိုင်ရမယ် - သေချာတာကတော့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ပထမဆုံးအကြိမ် ကြိုးစားမှုဆိုတာ ချက်ချင်းအောင်မြင်မှုရဖို့ ဘယ်တော့မှ မသေချာတတ်ဘူး - ရံှုးမှာပဲ ကျမှာပဲ - ဘာဖြစ်လဲ ရံှုးတော့ကျတော့ - ပထမဆုံး စလုပ်တဲ့ အလုပ်ဟာ အောင်မြင်မှ ဘဝတစ်သက်လုံး အောင်မြင်ပါလိမ့်မယ်လို့ ဘယ် လောကနီတိမှာမှ ဆိုမထားဘူး - Harry Potter စာအုပ်ကိုရေးတဲ့ J.K. Rowlingဆိုတာ သူ့ရဲ့ ပထမဆုံးစာအုပ်ကို နောက်ဆုံးထုတ်ဝေခွင့် မရမီအချိန်ထိ ၁၂ ကြိမ်တိတိ ငြင်းပယ်ခံခဲ့ရတယ် - American professional basketball သမား Michael Jordan ဟာ သူ့ရဲ့ basketball သမားဘဝ သက်တမ်းတစ်လျှောက်မှာ သူပစ်သမျှ ဘောတိုင်း အကြိမ်ပေါင်းမနည်း လွဲခဲ့ဖူးတယ် - ပြိုင်ပွဲပေါင်း ရာနဲ့ချီပြီး ရံှုးခဲ့ဖူးတယ် - ဒါပေမယ့် သူပြောခဲ့တဲ့ စကားတစ်ခွန်းကတော့ မှတ်သားစရာ ကောင်းတယ် - "I have failed over and over and over again in my life. And that's why I succeed." ဒီလူတွေ ဘာကြောင့် အောင်မြင်ခဲ့ရလဲ ဆိုရင် သူတို့တွေဟာ ကျရံှုးမှုကြောင့် ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ သိမ်ငယ်မသွားဘူး - ဒီကျရံှုးမှုကနေပဲ သူတို့အတွက် သင်ခန်းစာ ပြန်ယူပြီး ထပ်ခါထပ်ခါ ကြိုးစားကြတယ် - ဒီလိုဆင်တူတဲ့ ဥပမာတွေ ကမ္ဘာ့သမိုင်း - မြန်မာ့သမိုင်းတွေမှာ ကျွန်တော်တို့ အကြိမ်ပေါင်းမနည်း သင်ခဲ့ရဖူးတယ် - ကျရံှုးမှု တစ်ခု ရှိလာခဲ့ရင် ဘယ်တော့မှ အားမငယ်ပါနဲ့ - မိမိကိုယ်ကိုယ် ပြင်ဆင်ပါ - တည်ဆောက်ပါ - ပန်းတိုင်ထိရောက်အောင်သွားပြီး လိုလားချက်ကို ရယူကြပါ - ဒါဟာ ပညာတတ်တွေရဲ့ စံဖြစ်ပါတယ်။

            ဖေးမမြှင့်တင်နိုင်မှု - လူတစ်ယောက်ဟာ ဘွဲ့တွေ ဘယ်နှစ်ခုရရ - ဘယ်လောက်ပဲ ကြွယ်ဝချမ်းသာ ချမ်းသာ - ပညာတွေ ဘယ်လောက်ပဲ တတ်တတ် ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ့်နဲ့ တန်းတူ / ကိုယ့်လောက်နီးနီး / ကိုယ့်ထက်ကျော်ပြီး တော်တတ်သိမြင် လာအောင် ကူညီတည်ဆောက်နိုင်စွမ်း မရှိရင် ( ဝါ ) ဖေးမမြှင့်တင်ပေးဖို့ မေ့လျော့ခဲ့ရင် အဲ့လူကိုလည်း ပညာတတ်လို့ သုံးနှုန်းလို့ မရပြန်ဘူး - မြန်မာလူမျိုး အများစုဟာ ပေးကမ်းစွန့်ကျဲဖို့ကိုတော့ ရက်ရက်ရောရော ရှိတတ်ကြပြီး အရင်းအမြစ်ကို မျှဝေပေးဖို့ ဆိုရင်တော့ အလွန်တရာမှကို တွန့်တိုတတ်ကြတာ တွေ့ရတယ် - အဲ့ဒီ့တွန့်တိုမှုကို စကားအရာနဲ့ အလှဆင် ဖာထေးထားတဲ့ ဆရာစားချန် ဆိုတဲ့ စကား တစ်ခွန်းတောင် မြန်မာမှုနယ်ပယ်မှာ ခုချိန်ထိ တွင်တွင်သုံးနေ ကျသေးတယ် - တကယ်တော့ ဖေးမကူညီမှု ( ဝါ ) သင်ကြားပြသမှု တစ်ခုမှာ ဆရာစားဆိုတာ ချန်ထားသမျှ ပြည့်စုံတဲ့ ဖေးမကူညီမှု ( ဝါ ) သင်ကြားပြသမှု တစ်ခု ဘယ်တော့မှ ဖြစ်မလာနိုင်သလို - သင်ကြားပေးသူဘက်က ကြည့်ရင်လည်း ငါ ဆရာစားချန်ထားတာပဲ ဒီကောင့်ထက် အနည်းဆုံးတော့ ငါတစ်ခုပိုသိတယ်ဆိုတဲ့ ယုံကြည်စိတ်ကြောင့် သူ့ထက်မြင့်တဲ့ ပညာရပ် တစ်ခုကို ထပ်တိုးလေ့လာဖို့ မကြိုးစားဖြစ်တော့ပဲ ဆရာစားချန်ထားတဲ့ ပညာလေးနဲ့ ဆရာဆက်လုပ်ရင်း ဘဝက ကုန်လွန်သွားကြတယ် - သူသေသွားတော့ သူ့တပည့်ကလည်း ဒီနည်းကိုပဲ ဆက်ပြီး ကျင့်သုံးတယ် - အဲ့လိုနဲ့ မြန်မာမှု မြန်မာ့ဟန် မြန်မာ့နည်းပညာဟာ ရှေးယခင်ယခင်တွေတုန်းက ကမ္ဘာမှာ ပြောသလောက် မနိမ့်ပါးခဲ့ပေမယ့် နောက်ပိုင်းမှာ သိသိသာသာ နိမ့်ပါးလာခဲ့ရတယ် - ဒီအသိတရားကို သင်ခန်းစားယူပြီး နောင်တစ်ချိန်မှာ ဒီလို မဖြစ်ရအောင် ပြဌာန်းချက် သင်ရိုးတွေမှာ သင်ခန်းစာတွေ ထည့်သွင်းသင်ကြားခဲ့ကြပေမယ့် လူငယ်တွေဟာ သင်ခန်းစာကို သင်ရိုးထဲမှာပဲ ထားပြီး ကိုယ့်ပတ်ဝန်းကျင် - ကိုယ့်အသိုင်းအဝိုင်း - ကိုယ့်လူမျိုး - ကိုယ့်နိုင်ငံက မျိုးဆက်အဆင့်ဆင့်ကို လက်ဆင့်ကမ်းဖို့ကိုတော့ မေ့လျော့နေခဲ့ကြတယ် - ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး အမေရိကန်ကျောင်းသားတွေကို President Obama ပြောခဲ့တဲ့ စကားလေး တစ်ချို့ ပြန်သတိရမိတယ် - သူပြောခဲ့တာက -


            အောက်မှာ ဖော်ပြထားတဲ့ အပိုင်း တစ်ပိုင်းတည်းကိုပဲ ကြည့်ချင်မယ် ဆိုရင် ဒီနေရာကနေ ကြည့်ပါ။

            Quote:
            Young people.

            Students who sat where you sit 75 years ago who overcame a depression and won a world war; who fought for civil rights and put a man on the moon.

            Students who sat where you sit 20 years ago who founded Google and Twitter and Facebook and changed the way we communicate with each other.

            So today, I want to ask all of you,
            • what's your contribution gonna be?
            • What problems are you gonna solve?
            • What discoveries will you make?
            • What will a President who comes here in 20 or 50 or 100 years say about what all of you did for this country?

            Now, your families, your teachers, and I are doing everything we can to make sure you have the education you need to answer these questions. I'm working hard to fix up your classrooms and get you the books and the equipment and the computers you need to learn.But you've got to do your part, too. So I expect all of you to get serious this year. I expect you to put your best effort into everything you do. I expect great things from each of you. So don't let us down. Don't let your family down or your country down. Most of all, don't let yourself down.

            Make us all proud.
            ဒီနေ့ခေတ် ဒီနေ့အချိန်မှာ ပညာတတ် အမည်ခံ ဘွဲ့ရသူတွေ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာပေမယ့် အပေါ်မှာ ဖော်ပြခဲ့သလို စစ်မှန်တဲ့ ပညာတတ် အရည်အသွေးနဲ့ ရပ်တည်လုပ်ကိုင်ကြတဲ့ လူငယ်တွေကတော့ တဖြည်းဖြည်း ရှားပါးလာခဲ့ပြီ - ပညာကပေးတဲ့ အနှစ်သာရကို နားမလည်ကြတဲ့ လူငယ်တွေ တဖြည်းဖြည်း အရွယ်ရောက်လာကြပြီ - ဒါဟာ သိပ်ကြောက်ဖို့ ကောင်းတဲ့ လူသားအရင်းအဖြစ် ပြုန်းတီးမှုပါ - ဒီအကြောင်းအရာကို ရေးဖြစ်ခဲ့တာ ပညာတတ်နဲ့ ပိုင်ဆိုင်မှု ဆိုတဲ့ စံသတ်မှတ်ချက်တွေ ကြားထဲက ကွာဟချက်တွေကို လူငယ်တွေ အတွေးမမှားရအောင်နဲ့ အယူအဆမှားတွေကို ပြင်ဆင်နိုင်စေချင်လို့ ဖြစ်ပါတယ်။ မြန်မာလူငယ်များ တွေးဆဆင်ခြင် မြှင့်တင် အောင်မြင်နိုင်ကြပါစေ။

            KznT.

            Related Posts