Chromium-based browsers

Leave a Comment
Google Chrome နှင့် Chromium အကြောင်း သိကောင်းစရာ ဆိုပြီး ရေးခဲ့တဲ့ နောက်ပိုင်း ကျွန်တော့်မှာ နောက်ထပ် ပြောပြချင်နေတဲ့ အကြောင်းလေးတွေ ရှိနေသေးတယ် - အဲ့တာက Google Chrome နဲ့တော့ မပတ်သတ်ဘူး - အဓိက ပတ်သတ်နေတာ Chromium - အကြမ်းဖျဉ်း ပြန်နွှေးရရင် Chromium က Open-source browser - Google Chrome ဆိုတာ အဲ့ဒီ့ Open-source browser "Chromium" ပေါ်မှာ အခြေတည်ထားတယ် - အဲ့တော့ နောက်ထပ် ဆက်ပြီး ကျွန်တော် တွေးကြည့်မိတာ -
  • Google Chrome ဟာ Open-source browser "Chromium" ပေါ်မှာ အခြေပြုထားတယ် ဆိုရင် Google Chrome လိုမျိုးပဲ Open-source browser "Chromium" ပေါ်မှာ အခြေပြုပြီး တည်ဆောက်ထားတဲ့ တစ်ခြား Browsers တွေရော မရှိနိုင်ဘူးလား ??
  • တကယ်လို့ ရှိခဲ့တယ် ဆိုရင် "Chromium" ပေါ်မှာ အခြေပြုထားခြင်း တူတူ ဘာတွေက ဘယ်လိုများ ကွာခြား သွားကြသလဲ ??

ဒါမေးခွန်းတွေ စိတ်ဝင်စားစရာ ကောင်းလာပါတယ်။ အဖြေကတော့ Google Chrome လိုမျိုးပဲ Open-source browser "Chromium" ပေါ်မှာ အခြေပြုပြီး တည်ဆောက်ထားတဲ့ တစ်ခြား Browsers တွေ နောက်ထပ် ရှိပါသေးတယ် - ကျွန်တော်တို့ သတိထားမိကြတာရယ် - Google ရဲ့ အရှိန်အဝါနဲ့ တည်ဆောက်မှုအောက်မှာ မထင်မှတ်လောက်အောင် နေရာရလာတဲ့ Google Chrome ရဲ့ အရှိန်အဝါတွေကြောင့် တစ်ခြား Chromium-based browsers တွေက သိပ်ပြီး ထင်ပေါ်မလာ
တော့တာပါ -

ChromePlus - ChromePlus ဆိုတာ ကျွန်တော်တို့ တော်တော်များများ သိပ်သတိမထားမိကြတဲ့ Chromium-based browsers တွေထဲက browser တစ်ခုပါ - ChromePlus ရဲ့ ထူးခြားချက်က Google Chrome မှာ ပါတယ်ဆိုတဲ့ functions တွေအားလုံး အတူတူပါပြီး Google Chrome မှာ မပါတဲ့ တစ်ခြား useful features လေးတွေ ( ဥပမာ - Mouse gesture, Super drag, IE tab, စတာလေးတွေ ) ထပ်ပေါင်း ဖြည့်ထားပေးပါတယ် - ( ChromePlus Features မှာ ထပ်ပေါင်းဖြည့်ထားတဲ့ features တွေကို ဒီနေရာမှာ လေ့လာကြည့်ပါ ) Google Chrome လောက် နာမည်ထွက်မလာ ခဲ့ပေမယ့် Browser ပြောင်းလဲ အသုံးပြုချင်သူတွေ အတွက် သတိပြုသင့်တဲ့ Browser တစ်မျိုး ဖြစ်ပါတယ်။ ChromePlus ရဲ့ အသွင်အပြင်ကို အောက်မှာ နမူနာ အနေနဲ့ ဖော်ပြလိုက်ပါတယ်။


Comodo Dragon - Comodo firewall ဆိုတာ ကြားဖူးကြလိမ့်မယ် ထင်ပါတယ် - ဟုတ်ပါတယ် ခု Comodo Dragon ဆိုတာလည်း အဲ့ဒီ့Comodo Group ကနေပဲ ဖန်တီးထားတဲ့ Chromium-based browser တစ်ခုပါ - သိတဲ့အတိုင်း သူတို့ Group က Security နဲ့ Privacy ပိုင်းဆိုင်ရာတွေနဲ့ ပတ်သတ်တာတွေ အဓိက ဖန်တီးတာမို့လို့ ဒီ Comodo Dragon မှာလည်း Security နဲ့ Privacy features တွေ ကောင်းအောင် အထူးပြုလုပ်ဖန်တီးထားတယ်လို့ သိရပါတယ်။ Comodo Dragon ရဲ့ အသွင်အပြင်ကို အောက်မှာ နမူနာ အနေနဲ့ ဖော်ပြလိုက်ပါတယ်။


Flock - Flock ကတော့ Social networking နဲ့ Media services တွေကို အသုံးများတဲ့သူတွေ အတွက် အဓိက ဦးတည်ချက် ထားပြီး တည်ဆောက်ထားတာပါ - သူ့ကို သုံးမယ်ဆိုရင် MySpace, Facebook, YouTube, Twitter, Flickr, Blogger, Gmail, Yahoo! Mail စတာတွေနဲ့ အားလုံး integrates အသင့်လုပ်ထားပေးတယ် - တစ်ခုစီကို Sign in လိုက်ဝင်လိုက်ယုံနဲ့ နေရာအသီးသီးက Social services ကို Control လုပ်ပြီးသား ဖြစ်သွားတယ် - တစ်ခြား features တွေလည်း အများကြီး ပါပဲ -


Iron - SRWare Iron ကလည်း Windows, Mac OS X နဲ့ Linux အားလုံးမှာ သုံးနိုင်တဲ့ Chromium-based browser တစ်ခုပါ - သူလည်း သိပ်တော့ လူမသိဘူး - ကွာခြားချက်ကတော့ တစ်ချို့ Google Chrome မှာပါတဲ့ features တွေက သူက ဖြုတ်ထုတ်ထားတယ် - ဥပမာ ( Automatic address bar search suggestions, Google Updater automatic installation, Bug tracking system ... ) ဆိုတာတွေ ဖြစ်ပါတယ်။ အသေးစိတ်ကို ဒီနေရာမှာ ကြည့်ပါ။

Rockmelt - ကျွန်တော့် အမြင်ပြောရရင် RockMelt လည်း Flock လိုမျိုးပဲ သူလည်း Chromium-based လုပ်ထားပြီး Facebook နဲ့ Twitter အဓိက ဦးစားပေးချိတ်ထားတယ် - Social services တွေ ချိတ်ဖို့ အဓိက ဦးစားပေးထားလို့လား မသိဘူး ကျွန်တော့်မျက်စိထဲတော့ အပြင်အဆင်က နဲနဲ မျက်စိရှုပ်နေသလိုပဲ - ကျွန်တော်ကတော့ Browser ဆို အမြင်ရှင်းနေမှ ကြိုက်တယ် - ဒီအောက်က Rockmelt ရဲ့ အပြင်အဆင်တစ်ချို့ပါ -




စမ်းသပ်သုံးစွဲချင်သူများ သက်ဆိုင်ရာ ခေါင်းစဉ်အသီးသီးမှာ Browser တိုင်းရဲ့ Homepage အသီးသီးကို ချိတ်ဆက်ပေးထားပါတယ် - သွားရောက် ရယူသုံးစွဲကြည့်ပါ -


မူလရင်းမြစ်များ

http://en.wikipedia.org/wiki/Chromium_(web_browser)
http://www.askvg.com/chromeplus-google-chrome-reloaded/
http://www.askvg.com/download-new-co...d-on-chromium/
http://www.askvg.com/rockmelt-new-we...t-on-chromium/
http://www.chromeplus.org/
http://www.comodo.com/home/browsers-...rs/browser.php
http://www.rockmelt.com/
http://www.srware.net/en/software_srware_iron_news.php
http://en.wikipedia.org/wiki/SRWare_Iron
http://en.wikipedia.org/wiki/Flock_(web_browser)

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts