Farm Mania – Hot Vacation

ဒီခေါင်းစဉ်ကို စခဲ့တုန်းကတော့ Angry Birds ဆိုတဲ့ နာမည်နဲ့ စခဲ့တယ် - နောက်ပိုင်း ကျွန်တော် မိသားစုဝင်တွေကို ဆော့စေချင်တဲ့ ဂိမ်းလေးတွေ များများလာတော့ Angry Birds ဆိုတဲ့ ခေါင်းစဉ် တစ်ခုတည်းနဲ့ အဆင်မပြေတော့ဘူး - အဲ့တာကြောင့် All Smart Games ဆိုတဲ့ နာမည်ပြောင်းပြီး ရေးဖြစ်လိုက်ပါတယ်။ ခု ဒီနေရာမှာ ဖော်ပြသွားမယ့် ဂိမ်းတွေဟာ ကျွန်တော် http://allsmartgames.com/ ကနေ ဒေါင်းလုပ်ချပြီး သီးသန့် ပြန်တင်ပေးယုံ သက်သက်ပါ။ ဘာလို့လည်း ဆိုတော့ http://allsmartgames.com/ မှာ တင်ပေးထားတဲ့ ဂိမ်းလေးတွေဟာ အကုန် Full ပေးထားတယ် - ဘာ Crack တို့ Patch တို့မှ သုံးစရာမလိုဘူး - ဒါပေမယ့် သူတို့က တင်ပေးရင် FileSonic ကနေပဲ တင်ပေးတယ် - FileSonic က ဒေါင်းလုပ်ချရတာ အရမ်း စိတ်ပျက်ဖို့ ကောင်းတယ် - အဲ့တာကြောင့် ကျွန်တော် တင်ပေးရင် သုံးနေရာခွဲပြီး တင်ပေးမယ် - Up4Vn - MultiUpload နဲ့ MediaFire - အဲ့နေရာ သုံးခုကနေ တင်ပေးမယ်။ ကလေးဂိမ်းလို့ ပြောလို့ ရပေမယ့် ဆော့တာတော့ တကယ်ဆော့လို့ ကောင်းတယ် - လောလောဆယ် Farm Mania – Hot Vacation တင်ပေးလိုက်ပါတယ်။ ဆော့နည်းကလည်း ခက်ခက်ခဲခဲ ဘာမှ သိပ်မရှိဘူး - Mouse click ကို မြန်မြန်နဲ့ မှန်မှန် ပေးတတ်ဖို့လိုတယ်။ အချိန်နဲ့ ဆော့ရတယ်။ http://allsmartgames.com/ မှာ သွားကြည့်လို့ ကိုယ်ဆော့ချင်တဲ့ ဂိမ်းမျိုးလေးတွေ တွေ့ပေမယ့် ဒေါင်းလုပ်ချဖို့ အခက်အခဲ ဖြစ်နေမယ်ဆိုရင်လည်း တောင်းခဲ့နိုင်တယ်။ အတတ်နိုင်ဆုံး အဆင်ပြေအောင် ကျွန်တော်တို့ ကူညီပေးပါမယ်။

System Requirements:

OS: Windows XP/Vista
CPU: 1.2 GHz
RAM: 512 MB
DirectX: 9.0
Hard Drive: 220 MB

Download via Up4Vn!!
Farm_Mania_-_Hot_Vacation.rar (73.74 MB)
http://up4vn.com/?d=CZPTYUFE

( or ) 

Download via MultiUpload!!
Farm Mania - Hot Vacation.rar (73.7 MB)
http://www.multiupload.com/EBK782NZ6H


( or ) 

Download via MediaFire!!
Farm_Mania_-_Hot_Vacation.rar (73.74 MB)
http://www.mediafire.com/?iux10mrx6a5lz7l

KznT.

Complete Guide For Proxy Users

ဒီအကြောင်းက ကိုနိုးတူးကို စာပြန်ဖို့ ရေးရင်းနဲ့ အားလုံးအတွက် အကျိုးပြုလိမ့်မယ်ထင်လို့ သီးသန့် Thread ထုတ်လိုက်ပါတယ်။ ကိုနိုးတူးကို စာပြန်ထားတဲ့ ပုံစံလေးအတိုင်းပဲ တင်လိုက်ပါတယ်။
အကို Kznt ကျွန်တော် Proxy Switcher ဆိုတဲ့ Extension ကို မသုံးတတ်ဘူးဖြစ်နေလို့.. ဘယ်လို အသုံးပြုရပြီး ဘယ်လိုမျိုး အသုံးဝင်တယ် ဆိုတာ ရှင်းပြပေးနိုင်ရင် ရှင်းပြပေးစေချင်ပါတယ်.. ကျေးဇူးအထူးတင်လျက်ပါ အကို..

ကျွန်တော် မိတ်ဆက်ပေးခဲ့သမျှထဲမှာ Proxy Switcher လို့ရယ်တော့ တစ်ခါမှ မမိတ်ဆက်ပေးခဲ့ဖူးသလိုပဲ - Proxy Switchy! ကို ပြောတာလား မသိဘူး။

Proxy Switchy! သုံးနည်း သိချင်တာဆိုရင်တော့ တော်တော်လေး ပြောရခက်မယ်။ ဘာလို့လည်း ဆိုတော့ သူ့ မူရင်းဝက်ဘ်ဆိုဒ် မှာကို FAQs ဆိုတာ မရှိဘူး - အဲ့လိုဖြစ်ရတာကလည်း သူ့တည်ဆောက်ပုံကိုက Google Chrome Browser ကနေ ယူသုံးထားတဲ့ ကွန်ပြူတာ ထဲမှာ ရှိနေပြီးသား System proxy settings ကို User တွေအတွက် ပိုသုံးရလွယ်အောင် Extension တစ်ခုအနေနဲ့ ထုတ်ထားတာမို့လို့။ အဲ့တာကြောင့် Proxy Switchy! သုံးဖို့ အတွက်ဆိုရင် အရင်ဆုံး ဒီအောက်မှာ ဖော်ပြထားတဲ့ မေးခွန်းသုံးခုကို နားလည်ထားဖို့ လိုပါတယ်။

( ၁ ) Proxy ဆိုတာဘာလဲ ??
( ၂ ) Proxy အသုံးပြုတဲ့ နည်းလမ်းဘယ်နခု ရှိသလဲ ??
( ၃ ) Proxies အသုံးပြုနည်း တွေက ဘယ်လိုတွေလဲ ??

ဒါမေးခွန်းတွေကို အခြေခံ သိထားဖို့ လိုပါတယ်။ လူတော်တော်များများ သိထားကြတာတော့ Proxy ဆို ပိတ်ထားတဲ့ ဆိုဒ်တစ်ခုခုကို ကျော်တဲ့ ဘန်းကျော်လို့ပဲ အလွယ်ပြောကြတယ်။ တကယ်တမ်းက Proxy သုံးနေတဲ့ သူတစ်ယောက်ဟာ အဲ့လောက် သိထားယုံနဲ့ မလုံလောက်ပါဘူး။ ကျွန်တော် ခု ဒီနေရာမှာ Proxy အသုံးပြုနည်းနဲ့ ပတ်သတ်ပြီး အထက်မှာ ပြောထားခဲ့တဲ့ မေးခွန်းသုံးခုကို အတိုချုံး ရှင်းပြသွားပါမယ်။ အတိုချုံးလို့ ပြောရတာကလည်း အကျယ်မရှင်းပြနိုင်လို့ပါ။ Proxy အကြောင်းက လေ့လာရင် လေ့လာသလောက် ကျယ်ပြန့်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဆဲပါ။ အများကြီး မသိသေးပါဘူး။

( ၁ ) Proxy ဆိုတာဘာလဲ ??

Proxy ဆိုတာ Computer တစ်လုံး ဒါမှမဟုတ် Server တစ်ခုကနေပြီး ကိုယ်သွားချင်တဲ့ နေရာတစ်ခုကို ရောက်အောင် ကြားခံ Services တစ်ခုခု ယူပြီး လှည့်ထွက်တဲ့ နည်းကို ခေါ်ပါတယ်။ မြင်သာအောင် အောက်က ပုံကို ကြည့်ပါ။

အဲ့လို Proxy ခံပြီး လှည့်ထွက်ခြင်း အားဖြင့် ဘာတွေ အားသာချက် ရသလဲဆိုတော့ အသုံးပြုသူရဲ့ Privacy ပိုင်းဆိုင်ရာ လုံခြုံမှုတွေ ရလာတယ်။ ကိုယ်သွားချင်တဲ့ နေရာကို တံခါးမရှိ ဓါးမရှိ ဝင်နိုင်ထွက်နိုင်တယ်။ နောက်ကွယ်ကနေ IP address ကို ခြေရာခံပြီး တကောက်ကောက် လိုက်နေတာမျိုး မခံရတော့ဘူး - ဒီ့ထက် မြင်သာအောင် ဥပမာ ပေးရရင် ကိုယ်က Proxy သုံးထားတဲ့ အချိန်မှာ တစ်ယောက်ယောက်က ကိုယ့် IP address ကို ခြေရာခံ လိုက်ရင် ကိုယ်ရှိနေတဲ့ IP address အစစ်အမှန်ကို မရနိုင်ပဲ Server မှာ သုံးထားတဲ့ IP address ကိုပဲ သူရမှာမျိုးပါ။ စသဖြင့် အားသာချက်တွေ ရှိတာမို့လို့ ခုနောက်ပိုင်း Proxy က လူတိုင်း ပါးစပ်ဖျားမှာ ရေပန်းစားလာတယ်။

( ၂ ) Proxy အသုံးပြုတဲ့ နည်းလမ်းဘယ်နခု ရှိသလဲ ??

Proxy connections ကို အသုံးပြုဖို့ အခြေခံအားဖြင့် မှတ်ထားနိုင်တဲ့ နည်းလမ်း ( ၃ ) ခု ရှိပါတယ်။ အဲ့တာတွေက -

နည်းလမ်း ( ၁ ) >> Web စာမျက်နှာမှနေ၍ တဆင့်ခံ ကျော်ယူသောနည်း - ဒီနည်းက ကျွန်တော်တို့ မြန်မာမိသားစုဖိုရမ်မှာတင် ကျော်ခွမယ့်ဆိုက်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ မိသားစုဝင် တော်တော်များများ အသုံးတည့်နေကြတဲ့ ကျော်ခွဆိုဒ်လေးတွေ ဝင်ရေးနေကြတာ ရှိတယ်။ အဲ့တာတွေကို ကျွန်တော်တို့က Web Proxy လို့လည်း ခေါ်တယ်။ Free web proxy တွေကို ဒီဖိုရမ်မှာ ဖော်ပြထားတာတင် မဟုတ်ပဲ ဒီ့ထက်များများ ပိုလိုချင်ရင် Google မှာ Free web proxy လို့ ရိုက်လိုက်ယုံနဲ့ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။

နည်းလမ်း ( ၂ ) >> Browser ၏ Proxy settings မှနေ၍ ပြင်ဆင် ယူသောနည်း - အဲ့တာကတော့ Google Chrome မှာဆိုရင် Options > Under the Hood > Network > Change proxy settings မှာ ရှိတယ်။


အဲ့ဒီ ဖော်ပြထားတဲ့ နေရာတွေမှာ ထည့်ဖို့ Port တွေနဲ့ Address တွေကိုတော့ ကျော်ခွမယ့်ဆိုက်များ ဆိုတဲ့ ခေါင်းစဉ်အောက်က ဒီနေရာမှာ ဖော်ပြထားတာ ရှိသလို -ချိန်းချင်သလောက်ချိန်း proxy ဆိုပြီး ဖော်ပြထားတာလည်း ရှိပါတယ်။ ကိုယ့်ဘာသာ အင်တာနက်ထဲကနေ ရှာချင်တယ်ဆိုရင်လည်း Google Search ကနေပြီး Port Proxy လို့ ရိုက်ပြီး အလွယ်တကူ စိတ်ကြိုက် ရှာဖွေနိုင်ပါတယ်။ ဒီနည်းကိုတော့ Port Proxies သုံးတဲ့နည်းလို့ အလွယ်ခေါ်လို့ ရပါတယ်။ Port proxies တွေ သုံးမယ်ဆိုရင် အောက်ဖော်ပြပါ နေရာအသီးသီးမှာ ကိုယ်သုံးနေတဲ့ Browser အလိုက် IP နဲ့ Port တွေ ပြင်ထည့်ပေးဖို့လိုပါတယ်။ ကျွန်တော် Port Proxies သုံးမယ်ဆိုရင်တော့ များသောအားဖြင့် ဒီနေရာက Proxy တွေ ယူသုံးလေ့ ရှိပါတယ်။ အဲ့မှာ ဆိုရင် ကိုယ်သုံးချင်တဲ့ နိုင်ငံအလိုက် ရွေးလို့ ရတယ်။ Anonymity level ရွေးလို့ရတယ်။ Protocol type ရွေးလို့ရတယ်။ စသဖြင့် စိတ်ကြိုက် ရွေးယူလို့ ရပါတယ်။

Mozilla Firefox: Tools > Options > Advanced > Settings > Manual proxy configuration.
Google Chrome: Tools > Options > Under the bonnet > Network > Change proxy settings > LAN settings > Use a proxy server > Advanced > HTTP.
Internet Explorer: Tools > Internet options > Connections > LAN settings > Use a proxy server > Advanced > HTTP.
Opera: Tools > Preferences > Advanced > Network.

နည်းလမ်း ( ၃ ) >> သီးသန့်ပြင်ဆင်ထားသော Software များအား အသုံးပြု၍ ကျော်ယူသောနည်း - ဒီအကြောင်းကိုတော့ Online လုံခြုံရေး နှင့် VPN Services များအကြောင်း ဆိုပြီး ကျွန်တော်ရေးထားပေးတာ ရှိပါတယ်။ ဒီနည်းဟာ တကယ်တော့ Privacy နဲ့ ပတ်သတ်ပြီး အထူးအရေးကြီးတဲ့ Advanced users တွေ အတွက်ပါ။ Advanced users တွေအတွက်လို့ ဆိုထားတ့ဲ အတိုင်း ဒီနည်းကို သုံးမယ်ဆိုရင် ပိုက်ဆံအကုန်အကျ မခံနိုင်ပဲ သုံးဖို့ အဆင်မပြေနိုင်ဘူး။ Free ပေးထားတာတွေ ရှိပေမယ့် ဒီနည်းက အရမ်းကန့်သတ်ချက်များတယ်။ အသေးစိတ်ကိုတော့ ဖော်ပြထားတဲ့ နေရာမှာ ဆက်ဖတ်ပေးပါ။

ဒီဖော်ပြခဲ့တဲ့ နည်းလမ်း ( ၃ ) ခုမှာ တော်တော်များများကတော့ ပထမနဲ့ တတိယနည်းလမ်းကို သုံးကြတယ်။ Free သုံးချင်တဲ့ သူတွေအတွက်တော့ ပထမ နည်းလမ်းက သုံးဖို့ အသင့်တော်ဆုံးပါပဲ။ ဒုတိယနည်းလမ်းက Free ရပေမယ့် လုပ်ရကိုင်ရ လက်ပေါက်ကပ်ပါတယ်။ တတိယနည်းကတော့ ပိုက်ဆံပေးမသုံးနိုင်ရင် သုံးဖို့ သိပ်အဆင်မပြေလှပါဘူး။

( ၃ ) Proxies အသုံးပြုနည်း တွေက ဘယ်လိုတွေလဲ ?? 

ဒီအကြောင်းကိုတော့ အပေါ်မှာ ဖော်ပြခဲ့ပြီးတဲ့ အကြောင်းအရာတွေမှာရော အောက်မှာ ချိတ်ဆက်ထားတဲ့ အကြောင်းအရာတွေမှာပါ ပါဝင်ပြီးသားမို့လို့ သီးသန့်ထပ်ပြီး မဖော်ပြတော့ပါဘူး။ လေ့လာကြည့်ကြပါ။ Proxy နဲ့ ပတ်သတ်ပြီး ဒီ့ထက်ပို နားလည်ချင်ရင် အောက်ဖော်ပြပါ နေရာတွေကို ကိုလည်း သီးသန့် အချိန်ပေးပြီး ဖတ်ရှုထားဖို့ တိုက်တွန်းချင်ပါတယ်။

About Proxy Server 
Network Address Translation နှင့် Proxy Server တို့ကို နှိုင်းယှဉ်လေ့လာခြင်း
မြန်မာပြည်က ပရုပ်ဆီ ပရုပ်ဆီ အော်နေသူများအတွက်
Proxy အသုံးပြုနည်းများ
ByPass Proxy အကြောင်း
အင်တာနက် စီစစ်ခြင်းအား ကျော်လွှားခြင်း
ပိတ်ခံထားရတာလား စီစစ်ခံထားရတာလား?
ထောက်လှမ်းခြင်းနှင့် သိုဝှက်ခြင်း
အင်တာနက်အလုပ်လုပ်ပုံ
အင်တာနက်ကို ဘယ်သူထိန်းချုပ်ထားလဲ
စီစစ်ခြင်းနည်းပညာ
ရိုးစင်းသော လှည့်ကွက်များ
Web Proxy ဆိုသည်မှာ
Psiphon ကိုအသုံးပြုခြင်း
Psiphon2 ကိုအသုံးပြုခြင်း
Web Proxy ၏ ဆိုးကျိုးများ
အဆင့်မြင့်နည်းလမ်းများ
HTTP Proxy ဆိုသည်မှာအဘယ်နည်း
Switch Proxy တစ်ခုထောင်ခြင်း
Switch Proxy အားအသုံးပြုခြင်း
(Tor-the onion router)
Tor Browser Bundle အားအသုံးပြုခြင်း
Tor IM Browser Bundle ကို အသုံးပြုခြင်း
Tor ကို Bridges များဖြင့်အသုံးပြုခြင်း
JonDo အကြောင်း
VPN နှင့် Tunneling အကြောင်း
OpenVPN ကိုအသုံးပြုခြင်း
SSH Tunneling
Socks Proxies ကို အသုံးပြုခြင်း
WEB PROXIES ထောင်ခြင်း
PHProxy ထည့်သွင်းခြင်း 
Psiphon အား Install ပြုလုပ်ခြင်း 
Tor Bridge တစ်ခုတည်ဆောက်ခြင်း
Proxy တစ်ခုတည်ဆောက်ခြင်း၏ အန္တရာယ်များ

ကျွန်တော် ခု ဖော်ပြခဲ့သလောက် အပြည့်အစုံကြီး မဟုတ်ပေမယ့် Proxy နဲ့ ပတ်သတ်ပြီး အသုံးပြုပုံတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို မိသားစုဝင်များ နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

KznT.

Top Posts for Natty Narwhal users

ဧပြီ ၂၈ ရက်နေ့က Ubuntu 11.04 Final Release ထွက်တယ် - ကျွန်တော် သူ့ကို Beta 2 ထွက်တုန်းက တစ်ခါ စမ်းသုံးဖြစ်သေးတယ် - အရင် Ubuntu Version တွေနဲ့ မတူဘူး - ခု Ubuntu က Beta 2 အဆင့်ရောက်လာတာတောင် Errors တွေတော်တော်တက်နေတာ တွေ့ရတယ် - အရင် Version အဟောင်းတွေတုန်းက Beta အဆင့်ဆိုရင်တောင် သုံးရတာ တော်တော်လေး အဆင်ပြေနေပြီ - အဲ့လိုနဲ့ Final Release ထွက်လာတယ် - ဘယ်သူတွေ ဘယ်လို သဘောကျတယ်တော့ မပြောတတ်ဘူး - ကျွန်တော်ကတော့ ပြောရရင် သိပ်ပြီး သဘောမတွေ့လှဘူး - ကျွန်တော် သိပ်မသုံးတတ်သေးလို့လည်း ဖြစ်ကောင်း ဖြစ်မယ် - နောက်ပြီး အရင် ပုံစံဟောင်းနဲ့ အသားကျနေတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ လတ်တလောတော့ Unity ကို ကျွန်တော် ခံစားလို့ မရဘူး - အရင်က Ubuntu တင်ပြီးရင် Software လေးတင် - Theme လေး ပြောင်းယုံနဲ့ အဆင်ပြေသွားပေမယ့် ခု 11.04 မှာ မကြိုက်တာတွေ နဲနဲများတော့ တစ်ခုချင်းစီ လိုက်ပြင်ရတာနဲ့တင်ကို ၁ နာရီလောက် အချိန်ပုတ်သွားတယ် -


ဒါပေမယ့်လည်း သီးခံနိုင်ပါတယ် - အလကားပေးထားတဲ့ OS တစ်ခုကို ၆ လတစ်ကြိမ် ပြောင်းလဲမှု လုပ်ပေးနေတာ တော်ယုံဖြည့်ဆည်းမှုလား။ နောက်ပြီး ခု version ကို သဘောမကျဘူး ဆိုပေမယ့် Ubuntu က 11.04 မှာ ရပ်နေမှာမှ မဟုတ်ပဲ - နောက်ထပ် Version တွေထွက်လာဦးမှာပဲလေ - နောက်ပြီး 11.04 မှာ ကျွန်တော် ထူးထူးထွေထွေ သဘောမကျတာ Unity တစ်ခုလောက်ပါပဲ - တစ်ကယ်လို့ ဒါကို သဘောမကျလည်း ကျွန်တော်တို့ အရင်သုံးနေကျ Ubuntu Classic အတိုင်း ဖြစ်အောင် Login Screen မှာ Ubuntu Classic လို့ ရွေးပေးပြီး ပြန်ပြောင်းလိုက်လို့ ရတယ်။ အဲ့တော့ ကျွန်တော် အရင်သုံးနေတဲ့ 10.10 ကနေ 11.04 ပြောင်းသုံးတော့ ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့တာလေးတွေ ပြောပြချင်တယ် - ပြောပြချင်တယ် ဆိုပေမယ့် ကျွန်တော် အရင်လိုတော့ တစ်ခုချင်းစီ ရေးပေးနိုင်မှာ မဟုတ်တော့ဘူး - အရင်တုန်းက ကျွန်တော် ရေးပေးခဲ့တယ် ဆိုတာတွေကလည်း ဒီလိုပဲ အင်္ဂလိပ်ဘလော့တွေက ရေးထားတာတွေကို နားလည်သလို ဘာသာပြန်ပြီး ရေးပေးတာဆိုတော့ ခု ဒီ Thread မှာ Ubuntu 11.04 သုံးချင်မယ့် လူတွေအတွက် တင်ပြီးသွားရင် ဘာတွေ ပြုပြင်ပြောင်းလဲမှု လုပ်သင့်မယ်ဆိုတာကို ဖတ်ထားသင့်မယ့် စာမျက်နှာတွေနဲ့ တွဲဖက်ပြီး Links လေးတွေ ချိတ်ဆက်ဖော်ပြပေးသွားချင်ပါတယ်။

How to Upgrade to Ubuntu 11.04 "Natty Narwhal" Easily - လောလောဆယ်မှာ Ubuntu 10.10 Maverick Meerkat သုံးနေတဲ့သူဆိုရင် Ubuntu 11.04 ကို ဘယ်လို Upgrade အလွယ်တကူ လုပ်နိုင်မယ်ဆိုတာ ဒီ ပို့စ်လေးကို ဖတ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။

How to upgrade from Ubuntu 10.04, 10.10 to Ubuntu 11.04 Natty Narwhal | Desktop & Server - တကယ်လို့ Ubuntu 10.04, 10.10 နှစ်မျိုးလုံးကနေ Ubuntu 11.04 Natty Narwhal ကို upgrade လုပ်ချင်ရင် ဘယ်လိုလုပ်ရမယ် ဆိုတာကိုတော့ unixmen.com က ဖော်ပြပါ ပို့စ်လေးကို ဖတ်ပေးပါ။

Cleaning up Ubuntu after every Upgrade or fresh Install | Natty Narwhal - Upgrade လုပ်လုပ် - Fresh install ပဲ လုပ်လုပ် Natty Narwhal ကို ပြောင်းပြီးသွားရင် Ubuntu ကို သန့်ရှင်းရေး ဘယ်လိုလုပ်ရမယ်ဆိုတာ ဖော်ပြပါ ပို့စ်ကိုဖတ်ပါ။

Our complete guide to Unity in Ubuntu 11.04 - Ubuntu 11.04 သုံးမယ်ဆိုရင်တော့ Unity အကြောင်း သိထားဖို့လိုပြီ - သူများမကြိုက်လို့ ကိုယ်လိုက်မကြိုက်တာမျိုးတော့ မဖြစ်သင့်ဘူး - သူတို့ ဘာလို့ ဒီ Unity ဆိုတဲ့ new desktop environment ကိုသုံးတာလဲ - ဒါတွေက အကြောင်းရှိတယ် - နာမည်ရှိပြီးသား Brand တစ်ခုကို နာမည်ပျက်အောင်တော့ ဘယ်သူမှ မပြင်ကြဘူး - ကောင်းလို့ ပြင်တာပေါ့ - အားသာချက်တွေ ရှိလို့ ပြောင်းတာပေါ့ - ဘာတွေ အားသာချက်ရှိတယ်ဆိုတာသိဖို့ ဖော်ပြပါ omgubuntu.co.uk က ပို့စ်လေးကို မပျက်မကွက် ဖတ်ကြစေချင်ပါတယ်။

12 Things I did After Installing New Ubuntu 11.04 "Natty Narwhal" - Ubuntu 11.04 "Natty Narwhal" တင်ပြီးသွားရင် တဆက်တစပ်တည်း ဖတ်သင့်တာကတော့ ခုဖော်ပြထားတဲ့ ပို့စ်ပါ။ သူ့ကို ဖတ်ပြီးရင် Themes တွေ Applications တွေတင်တာ ပြင်တာ အလှဆင်တာတွေအားလုံး သဘောပေါက်သွားပါလိမ့်မယ်။

Things To Tweak / Fix After Installing Ubuntu 11.04 Natty Narwhal - နောက်ထပ် မဖြစ်မနေ ဖတ်ဖို့ သင့်တာကတော့ webupd8.org က ဖော်ပြပါ ပို့စ်ပါ - 11.04 မှာဖြစ်နေတဲ့ လူတော်တော်မျာများ သဘောမကျကြတဲ့ ပြဿနာရပ် တော်တော် များများကို အဲ့ဒီ့ ပို့စ်လေးက ဖြေရှင်းပေးပါလိမ့်မယ်။

How To Remove Mounted Drives From The Ubuntu Unity Launcher - Ubuntu တင်ပြီးရင် Drive တစ်ခုခုကို Open လိုက်တဲ့ အခါ Mounted Drives တွေ တက်တက်လာတဲ့ ပြဿနာကလည်း တော်တော်စိတ်ရှုပ်ဖို့ ကောင်းတယ် - ကျွန်တော့်စက်မှာက Partitions က 8 ခု ရှိတော့ တစ်ခုဖွင့်တိုင်း တစ်ခါ Desktop ပေါ် တက်တက်လာတာ ကြည့်လို့ကို မရဘူး - အရင်ကတော့ Ubuntu Tweak လေးသုံးလိုက်ရင် အဆင်ပြေသွားတယ် - ခု Ubuntu 11.04 မှာကျတော့ Ubuntu Tweak သုံးလိုက်ရင် Desktop ပေါ်က Mounted drives တွေပျောက်သွားပေမယ့် Ubuntu Unity Launcher ထဲက Mounted drives တွေကတော့ ပျောက်မသွားဘူး - အဲ့ပြဿနာကို ပြေလည်စေချင်ရင် ဖော်ပြထားတဲ့ Post ကို ဖတ်ပါ။

10 things to do after installing Ubuntu 11.04 - ဒါက omgubuntu.co.uk ရဲ့ လက်ရာပါ - အပေါ်မှာ ဖော်ပြခဲ့တဲ့ Posts အားလုံးကို ဖတ်ပြီးသွားရင် ဒီပို့စ်က အရံသဘောမျိုးလောက်ပဲ အသုံးဝင်ပါလိမ့်မယ်။ အသစ်အဆန်း သိပ်မရှိတော့ပါဘူး - ဒါပေမယ့် ဖတ်ထားတာ မမှားပါဘူး။ တစ်ချို့ သိထားသင့်တာလေးတွေ ရှိပါတယ်။

Top Things to do after installing Ubuntu 11.04 Natty Narwhal - ဒီပို့စ်က unixmen.com ရဲ့ လက်ရာပါ။ များများလေ့လာ ပြင်ဆင်ချင်တဲ့ သူတွေ ဖတ်ထားသင့်ပါတယ်။


How to move back from Unity to gnome2 classic in ubuntu 11.04 natty narwhal - ဒီပို့စ်လေးကတော့ Unity နဲ့ အဆင်မပြေဖြစ်ပြီး gnome2 classic ကိုမှ ပြန်သုံးချင်မယ့် ကျွန်တော့်လို လူမျိုးတွေအတွက် ဖတ်ထားသင့်တဲ့ ပို့စ်ပါ - ဒီနည်းက ဒုတိယနည်းပါ - တစ်ခြားနည်းတစ်ခုက အပေါ်မှာ ဖော်ပြပေးခဲ့ပြီးတဲ့ ပြင်ဆင်ရေးနည်းလမ်းတွေ မှာတင် ဖော်ပြပေးထားတာ ရှိပါတယ်။ ကြိုက်တဲ့နည်းကို သုံးနိုင်ပါတယ်။

31 Useful Ubuntu 11.04 Unity Keyboard/Mouse Shortcuts - ဒါကတော့ Unity Shortcuts နဲ့ တစ်ခြား Keyboard shortcuts လေ့လာသူတွေအတွက် ဖတ်ထားသင့်တဲ့ ပို့စ်ကောင်း တစ်ခုပါ။

Installing GNOME 3 on Ubuntu 10.10 - Ubuntu 10.10 မှာ GNOME3 သုံးချင်တဲ့သူတွေအတွက် ဒီပို့စ်လေး ဖတ်ထားသင့်ပါတယ်။ ကျွန်တော် ပြောင်းကြည့်တာ အားလုံး အဆင်ပြေတယ် - ဒါပေမယ့် ၂ နာရီလောက် အချိန်ပေးလိုက်ရတယ်။ ကိုယ်သုံးနေတဲ့ Internet connection ပေါ်လိုက်ပြီး တော်တော်စောင့်ရလိမ့်မယ်။ စမ်းမယ်လို့ စိတ်ကူးရှိရင် အရင်ဆုံး ပို့စ်ကို တစ်ခေါက်ဖတ်ပြီး အဆင့်တွေကို သဘောပေါက်တော့မှ ပြောင်းဖို့ ဆုံးဖြတ်ပါ။

ကျွန်တော် ခု ဖော်ပြခဲ့သလောက်ဆို Ubuntu 11.04 "Natty Narwhal" သုံးနေတဲ့သူတွေ အတွက် ရင်ဆိုင်နေရတဲ့ ပြဿနာကို အတိုင်းအတာတစ်ခုထိ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။


KznT.

Reading and Self Learning

စာဘာကြောင့် ဖတ်သင့်တယ် - စာဖတ်ခြင်းကနေ ဘယ်လို အကျိုးကျေးဇူးတွေ ရမယ် - ဘယ်လိုနေရာတွေမှာ စာဖတ်သင့်မယ် ဆိုတာကို ကျွန်တော်ရှေ့မှာ တော်တော်များများ အကြံပြုခဲ့ပြီးပြီ - ဒီ စာဖတ်ခြင်းနဲ့ပဲ ပတ်သတ်ပြီး ကိုzo ကနေ ဒီနေရာမှာ 10 steps to improving reading ဆိုတာ ရေးပေးနေတာ ရှိတယ် - တကယ်ကို တန်ဖိုးရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အင်တာနက်ထဲမှာ အားတဲ့အချိန်တိုင်း စာဖတ်လေ့ ရှိပေမယ့် vocabulary တိုင်းကို နားမလည်နိုင်သေးဘူး - ဖတ်လေ မသိလေလို့ ပြောရင်တောင် ပိုမှန်မလားပဲ - အဲ့အတွက်လည်း အားငယ်စရာ မလိုဘူး - စာဖတ်သူတစ်ယောက် အနေနဲ့ ဘယ်လို ခံယူချက်ထားရမယ် - ဘယ်လို ပြင်ဆင်ရမယ် ဆိုတာကို ကိုzo ရေးတဲ့ 10 steps to improving reading မှာ လေ့လာနိုင်သလို ကျွန်တော် တစ်ချိန်က ရေးခဲ့ပေးဖူးတဲ့ Self-Learner and Self-Learning ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း လေ့လာနိုင်ပါတယ် -

လူတစ်ယောက် စာဖတ်ဖြစ်လာဖို့အတွက် ဘာတွေ အဓိက အလိုအပ်ဆုံးလဲ ဆိုတာကို ကျွန်တော် အချိန်တိုင်း စဉ်းစားဖြစ်တယ် - လိုအပ်ချက်တွေကတော့ အများကြီးပေါ့လေ - ဒါပေမယ့် အားလုံးထဲက အခြေခံ အကျဆုံးဖြစ်နိုင်လောက်မယ့် အချက်တွေကို ခွဲထုတ်ကြည့်တော့ စုစုပေါင်း သုံးချက်ရှိတာ သွားတွေ့ရတယ် - အဲ့တာတွေက -

( ၁ ) စာဖတ်ချင်စိတ် ဖြစ်ပေါ်စေမှု - ဘယ်စာအုပ် ဘယ်လောက်ကောင်းပါတယ် ပြောပြော - ဘယ် အကြောင်းအရာက ဘယ်လောက် သိသင့်ပါတယ်ဆိုဆို လူတစ်ယောက်မှာ စာဖတ်ချင်စိတ် ရှိမနေရင် ဘယ်စာကိုမှ ဖတ်ဖြစ်လာမှာ မဟုတ်ပါဘူး - အဲ့ဒီ့စိတ် မိသားစုဝင်တိုင်းမှာ ဖြစ်လာစေဖို့ ကျွန်တော်တို့ဘက်က ဖန်တီးပေးဖို့ မဖြစ်နိုင်သလို ဘေးလူတစ်ယောက်က ဝင်ပြီး ပျိုးထောင်ပေးဖို့လည်း မလွယ်ကူနိုင်ပါဘူး - ဒီစိတ်ဟာ ကိုယ်ကိုယ်တိုင် ပျိုးထောင်ယူရမယ့် အခြေခံအဆင့်ပါ - ဒီစိတ်ကို အောင်နိုင်ဖို့အတွက် တစ်နေ့ကို ဖတ်ရမလွယ်တဲ့ စာ ( ၂ ) ပုဒ်လောက် နေ့စဉ်ပုံမှန် အချိန်ပေးပြီး ဖတ်ကြည့်ပါ - ဖတ်ရမလွယ်တဲ့ စာ ( ၂ ) ပုဒ်လောက် ဆိုလို့ မိသားစုဝင်များ ဘယ်လိုပါလိမ့်လို့ သိချင်ကြလိမ့်မယ်။



ဖတ်ရမလွယ်သော စာ ( ၂ ) ပုဒ်

ကျွန်တော်တို့ မြန်မာမိသားစုဖိုရမ်ဟာ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူ ပြုနိုင်ရေးအတွက် ဦးတည်ချက်ထားပြီး တည်ဆောက်ခဲ့တာမို့လို့ ကျွန်တော် ဒီနေရာမှာ နည်းပညာကို အခြေခံပြီးပဲ ဥပမာ ပေးပါရစေ - ကျွန်တော် လက်လှမ်းမှီသမျှ မြန်မာလူငယ်အများစုကို လေ့လာကြည့်တဲ့ အချိန်မှာ လူငယ်တော်တော်များများ စာဖတ်အားနည်းကြတာ သတိထားခဲ့မိသလို - စာဖတ်လေ့ဖတ်ထရှိတဲ့ လူငယ်တွေ ဆိုရင်လည်း မြန်မာဘလော့တွေ ဖိုရမ်တွေနဲ့ ဝက်ဘ်ဆိုဒ် တော်တော်များများကိုပဲ လည်ပတ်သွားလာကြတာကိုပဲ တွေ့ရတယ် - ဒါတောင် နေ့တိုင်း ဖတ်ဖြစ်တာမျိုး မဟုတ်သေးဘူး - နည်းပညာပိုင်းဆိုင်ရာ လေ့လာလိုတဲ့ မြန်မာလူငယ်တွေ အနေနဲ့ မြန်မာဘလော့တွေ ဖိုရမ်တွေနဲ့ ဝက်ဘ်ဆိုဒ် တော်တော်များများက ရေးလေ့ရှိတဲ့ အကြောင်းအရာ ဖတ်ယုံနဲ့တင် မလုံလောက်ပါဘူး -

ဘာကြောင့် ဒီစကားကို ပြောလဲဆိုရင် နည်းပညာနဲ့ ပတ်သတ်နေတဲ့ မြန်မာဘလော့ ဖိုရမ်တွေ တော်တော်များများဟာ စာကို အပေါ်ယံလောက်ကနေပဲ ရှပ်ရေးကြတာ များတယ် - တကယ်တမ်း ကိုယ်အသေးစိတ် သိချင်တဲ့ အကြောင်းအရာတွေဆိုရင် အဖျားရှုးပြီး လမ်းစပျောက် သွားတတ်ကြတယ် - ဒါကလည်း ဘယ်သူ့အပြစ်မှ မဟုတ်ဘူး - လူတိုင်းက သူ့ကိုယ်ပိုင်အချိန်နဲ့ လည်ပတ်ရတာမို့လို့ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့လည်း မဖြစ်နိုင်ဘူး - နည်းပညာနဲ့ ဆိုင်တဲ့ မြန်မာဘလော့ တော်တော်များများဟာ စာဖတ်အားနည်းမှု - အချိန်မပေးနိုင်မှု ဆိုတာတွေကြောင့် တကယ်တမ်း လေ့လာသူတစ်ယောက်အတွက် သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို ချမပြနိုင်ကြတာများတယ် - စာဖတ်သူမေးတဲ့ မေးခွန်းလေးတွေ အချိန်ရရင် ဖြေပေးမယ် - တောင်းတာလေးတွေ ဖြည့်ဆည်းပေးမယ် - အချိန်ရလို့ ဖတ်ဖြစ်ခဲ့ပြီး ကိုယ်သိထားတာလေး တစ်ခုစ နှစ်ခုစ ပြန်ရေးပေးမယ် ဒါက မြန်မာနည်းပညာ ဘလော့တွေ ဖိုရမ်တွေတိုင်း လည်ပတ်နေကြတဲ့ ပုံစံပါ - အဲ့တော့ စာရေးသူတွေ ဘက်ကမကြည့်ပဲ ကျွန်တော်တို့ စာဖတ်သူတွေဘက်က ကြည့်မယ်ဆိုရင် ဘာတွေဆုံးရံှုးသွားလဲ ဆိုတော့ နည်းပညာနဲ့ ပတ်သတ်ပြီး သိသင့်သိထိုက်တာတွေ မသိရတော့ဘူး - စာရေးသူ အားသလောက်လေး ရေးထားတာကိုပဲ ဖတ်ဖြစ်တာမို့လို့ သူပေးသလောက်ပဲ သိတယ် - တစ်ခြားထူးပြီး ဘာမှ မသိဘူး - နောက်ပြီး စာရေးသူ တော်တော်များများက အချိန်ပေး အားစိုက်ပြီး ရှင်းပြတာမျိုး တော်ယုံမရှိတတ်လို့ မြန်မာဘလော့တွေ ဖိုရမ်တွေ ဖတ်ရတာ အင်မတန်မှကို လွယ်တယ် - ဒါသိချင်လား ဟိုကိုသွား - ဟိုဟာလား ဟိုလိုလုပ်လိုက်လေ နဲ့ ရေးတတ်တာမျိုး ဆိုတော့ မျက်လုံးတစ်ချက် အထက်အောက် စုန်ဆန်ကြည့်လိုက်တာနဲ့တင် ဒီပို့စ်ကနေ ကိုယ့်အတွက် ဘာအကျိုးကျေးဇူး ရနိုင်မယ်ဆိုတာ ခန့်မှန်းလို့ ရတယ် - ခုလို အခြေအနေမျိုးတွေမှာ တစ်နေ့နဲ့ တစ်နေ့ တက်လာသမျှ မြန်မာဘလော့ ဖိုရမ်တိုင်းက စာတွေ လှည့်ပတ်ဖတ်ဖြစ်ယုံနဲ့ ကိုယ်ကိုယ်ကိုယ် စာဖတ်ဖြစ်ပါတယ်လို့ ထင်နေရင် အမှားကြီး မှားပါလိမ့်မယ်။ အဲ့တာကြောင့် မိသားစုဝင်တွေအနေနဲ့ စာဖတ်မယ်လို့ စိတ်ကူးရှိတဲ့ အခါ ဖတ်ရလွယ်တဲ့ အကြောင်းအရာတွေတင်မက ဖတ်ရမလွယ်တဲ့ နိုင်ငံခြား ဖိုရမ် ဘလော့ ဝက်ဘ်ဆိုဒ်တွေက အကြောင်းအရာတွေ ဖတ်ဖြစ်ဖို့ကိုပါ ကြိုးစားကြည့်ပါ -

နိုင်ငံခြားဘာသာနဲ့ ပတ်သတ်ရင် မြန်မာလူငယ် တော်တော်များများ အင်္ဂလိပ်ဘာသာနဲ့ အကျွမ်းဝင်ကြတာမို့လို့ အင်္ဂလိပ်လိုရေးထားတဲ့ ဘလော့တွေဖတ်ကြည့်ကြဖို့ တိုက်တွန်းချင်တယ် - အကျွမ်းဝင်တယ်ဆိုတာ ကျွမ်းကျင်တာ မဟုတ်ပါဘူး - ဒါ့ကြောင့် ဖတ်ဖြစ်တဲ့ အချိန်မှာ မလောပါနဲ့ - ဒီစာလုံးလေးတွေလွယ်ပါတယ် ဆိုပြီး ကျော်မဖတ်ပါနဲ့ - အဲ့ဒီ့လွယ်တဲ့ နားလည်ထားပြီးသား အင်္ဂလိပ်စာလုံးတွေကပဲ တစ်ခြားစာလုံးတစ်ခုခုနဲ့ ဆက်တွဲလိုက်တဲ့ အခါ နောက်တစ်မျိုး အဓိပ္ပါယ် ပြောင်းသွားတာတွေ - စာကြောင်းတစ်ခုနဲ့ တစ်ခုကို ဆက်ထားတဲ့ စကားဆက်တွေမှာ အသုံးပြုတဲ့ နေရာပေါ်မူတည်ပြီး ရည်ညွှန်းချက် မတူတာတွေက အစ သတိထားမိနိုင်ဖို့ ကြိုးစားဖတ်ပြီး ဘာသာပြန်ယူကြည့်ပါ - Posts အရေအတွက် များများဖတ်ဖြစ်ဖို့ ကျွန်တော်တို့အတွက် အရေးမကြီးဘူး - ဖတ်ဖြစ်တဲ့ Post ကို ကိုယ်ဘယ်လောက်ထိ နားလည်သလဲ ဆိုတာက ပိုပြီး အရေးကြီးပါတယ် - ကိုယ်နားလည်ထားတာလေးတွေ ဖတ်မိတာလေးတွေကို မြန်မာမိသားစုဖိုရမ်က မဖတ်ဖြစ်သေးတဲ့ တစ်ခြား မိသားစုဝင်တွေအတွက် လာပြီး မျှဝေလှည့်ပါ - ဒီလိုမျိုးသာ မိသားစုဝင်တွေ တစ်နေ့ကို နှစ်ပုဒ် နှစ်ပုဒ်နဲ့ ဖတ်ဖြစ် မျှဝေဖြစ်လာရင် နောက် လနဲ့ချီလာတဲ့ အခါ မိသားစုဝင်တွေ ကိုယ်တိုင်လည်း စာဖတ်အား တက်လာသလို ကျွန်တော်တို့ ဖိုရမ်ဆိုတာလည်း Contributors တွေ အများကြီးကို ဖြစ်လာလိမ့်မယ်။ အဲ့တာကြောင့်မလို့ ဖတ်ရမလွယ်တဲ့ စာ ( ၂ ) ပုဒ်လောက် နေ့စဉ် ဖတ်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။

( ၂ ) ဖတ်ရှု့ရမည့် နေရာကောင်းများ မသိရှိမှု - တစ်ချို့က စာဖတ်ချင်စိတ် ရှိပေမယ့် ဘယ်နေရာတွေမှာ စာဖတ်ရမယ်မှန်း တိတိကျကျ မသိကြဘူး - အဲ့လိုမဖြစ်ရအောင် စာဘယ်လိုဖတ်ရမယ် ဆိုတာ ကျွန်တော် ဒီ လူငယ်နှင့် ပညာရေး ဆိုတဲ့ Thread အောက်က ပထမဆုံး post မှာ ဖော်ပြပေးခဲ့ပါတယ်။ အဲ့အကြောင်းကို စရေးခဲ့စဉ်တုန်းက ကျွန်တော့်ဆီမှာ Blogs ပေါင်း ရ၈၀ ပဲ ရှိသေးတယ် - ခု ကျွန်တော် စုထားတာ ဝက်ဘ်ဆိုဒ်ပေါင်း ၁၀၀၃ ခုရှိသွားပါပြီ - လိုအပ်သူများ ဒီနေရာကနေ ယူနိုင်ပါတယ်။ ကျွန်တော့် စိတ်ကြိုက် စုထားတာတွေမို့လို့ မိသားစုဝင်တွေ ဖတ်ရှုချင်တဲ့ ဘလော့မျိုးတွေ မပါလာတာမျိုး ရှိကောင်း ရှိနိုင်ပါတယ် - အဲ့အတွက် ကျွန်တော်ထပ်ပြီး ဝက်ဘ်ဆိုဒ်ကောင်းတွေ ဘယ်လိုရှာဖွေရမယ် ဆိုတာ ရေးပေးပါဦးမယ်။

( ၃ ) အခြေအနေ အချိန်အခါနှင့် အခွင့်အရေး မရရှိမှု - မအောင်မြင်ကြတဲ့ လူတိုင်းမှာ ဆင်ခြေရှိသလို - မလုပ်ဖြစ်လိုက်တဲ့ သူတိုင်းမှာလည်း အသင့်ပေးစရာ ဆင်ခြေက ရှိနေပြီးသား ဖြစ်နေတတ်တယ် - ကျွန်တော်ကိုယ်တိုင်လည်း တစ်ခုခု မလုပ်ဖြစ်ရင် ကိုယ်တကယ် မလုပ်နိုင်ခဲ့တာ သေချာရဲ့လား ဆိုတာ အရင်မဆန်းစစ်ပဲ တစ်ခြားအကြောင်းအရာတစ်ခုခုက ကိုယ့်ကိုယ် တုပ်နှောင်ထားလို့ မလုပ်ဖြစ်သလိုမျိုး ဆင်ခြေအရင်ဆုံး ပေးခဲ့ဖူးတယ် - ကျွန်တော်တို့ မြန်မာလူငယ်တွေ သိထားသင့်တာ တစ်ခုက အခွင့်အရေးဆိုတာ ဆင်ခြေပေးတတ်သူတွေအတွက် ဘယ်တော့မှ အသင့်ရှိမနေတတ်ဘူး - အခွင့်အရေးလိုချင်ရင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးတတ်သူ မဖြစ်အောင် အရင်ဆုံး ပြင်ဆင်ပါ။

ဒီအဆင့် သုံးခုကို ဖြတ်ကျော်ပြီးရင် အခွင့်အရေးရှိရာကို သွားတတ်တဲ့ ( ဝါ ) မိမိအတွက် - မိမိ မိသားစု မိမိပတ်ဝန်းကျင် - မိမိလူမျိုး - မိမိနိုင်ငံအတွက် အခွင့်အရေး ရလာအောင် ဖန်တီးတတ်တဲ့ မျိုးဆက်သစ်တွေ ဖြစ်လာဖို့ အစပျိုးပြီး ဖြစ်ပါလိမ့်မယ်။

KznT.

Windows Experience Index: An In-Depth Look

Windows Experience Index အကြောင်းက တစ်ခါတုန်းကလည်း 2010 2011 Ultimate Software Guide for Windows Users အောက်မှာ ရေးပေးခဲ့ဖူးပါတယ် - တစ်ချို့ ဖတ်ဖြစ်တဲ့လူလည်း ရှိတယ် - တစ်ချို့ကလည်း စာဖတ်ဖို့ထက် Software လိုချင်စိတ်ပဲ များနေတာမို့ ကျော်ချသွားတဲ့လူတွေလည်း ရှိကောင်း ရှိလိမ့်မယ် - အဲ့တာကြောင့် ဒီအကြောင်းကိုပဲ နောက်ထပ်တစ်ခေါက် ထပ်ရေးဖြစ်လိုက်ပါတယ်။ ခုရေးမယ့် အကြောင်းအရာမှာတော့ နဲနဲ အသေးစိတ်ထားတယ် - Windows Experience Index အကြောင်း တစ်ခုတည်းတင် မဟုတ်ပဲ - သူ့ရဲ့ အားသာချက် အားနည်းချက်တွေ - လှည့်ကွင်း လှည့်ကွက်တွေနဲ့ သတိပြုသင့်တဲ့ အချက်တွေအကြောင်းပါ ထည့်သွင်းဆွေးနွေးသွားပါမယ်။

Windows Experience Index ဆိုသည်မှာ

Windows Experience Index ဆိုတာ Windows Vista နဲ့ 7 သုံးသူတွေ အတွက် Windows တင်အပြီးမှာ ကိုယ့်စက်ရဲ့ Performance ဘယ်လောက် ရှိနိုင်သလဲ ဆိုတာ စစ်ဆေးတဲ့ နေရာပါ - အလွယ်ပြောရရင် သူ့ကို Run လို့ ရလာတဲ့ Result ကို ကြည့်ပြီး - Performance အတွက် ဘာတွေ တိုးရမယ် - ဘာတွေချွေသုံးရမယ် - ဒီ Windows ကို ဆက်ပြီး သုံးသင့်သလား - မသုံးသင့်ဘူးလား - ဆိုတာမျိုးတွေထိ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။ Windows Vista နဲ့ Windows 7 Users တွေအတွက် Windows Experience Index ကို စစ်ဆေးရမယ့် နေရာက Control Panel \ Performance Information and Tools အောက်က Windows Experience Index Base Score နေရာမှာပါ။


Windows Experience Index အကြောင်းကို အသေးထပ်စိတ်ပြီး ရှင်းရရင် သူက ကိုယ့်ကွန်ပြူတာထဲမှာ ရှိနေတဲ့ Hardware နဲ့ Software တွေရဲ့ လက်ရှိ စွမ်းဆောင်နိုင်ရည်တွေကို တိုင်းတာ စစ်ဆေးပေးတဲ့ ညွှန်းကိန်းဖြစ်ပြီး Component ( ၅ ) မျိုးကို တိုင်းတာစစ်ဆေးပါတယ်။ အဲဒီ့ Component ( ၅ ) မျိုးကတော့ Processor - Memory ( RAM ) - Graphics - Gaming graphics - Primary hard disk တို့ ဖြစ်ပြီး တစ်ခုချင်းစီကနေ သူ စစ်ဆေးလို့ ရလာတဲ့ အထက်ဖော်ပြပါ ကိန်းဂဏန်းတွေထဲက အငယ်ဆုံး ကိန်းဂဏန်းကို ယူပြီး Windows Experience Index Base Score ( ကွန်ပြူတာ၏ စွမ်းဆောင်ရည်ပြ အခြေခံညွှန်းကိန်း ) ကို ဖော်ပြပါတယ်။ ဒီဂဏန်းတွေ ဘာကို ရည်ညွှန်းသလဲ ဆိုရင် Subscore နိမ့်တာနဲ့ အမျှ ကိုယ့်ကွန်ပြူတာရဲ့ စွမ်းဆောင်နိုင်ရည်ဟာ သိသိသာသာ နှေးကွေးလေးလံမယ် ဆိုတာ ရည်ရွယ်တာဖြစ်ပြီး Subscore မြင့်တာ နဲ့ အမျှ ကွန်ပြူတာရဲ့ စွမ်းဆောင်ရည် မြန်ဆန်မြင့်မားမယ် ဆိုတာကို ဖော်ကျူးတာ ဖြစ်ပါတယ်။ မိမိစက်မှာ ရှိတဲ့ Windows Experience Index Base Score ကို စစ်ဆေးဖို့ အတွက် ဖော်ပြပါ Update my score ကို click ပေးရပါမယ်။

ဖော်ပြပါ Hardware component တစ်ခုချင်းစီမှာ သီးခြား Subscore တစ်ခုစီရှိပြီး ကျွန်တော်တို့ ကွန်ပြူတာ ကွန်ပြူတာရဲ့ Windows Experience Index Base Score ဆိုတာ အဲ့ဒီ့ Hardware component တစ်ခုချင်းစီက ရလာတဲ့ Subscore အားလုံးထဲက အနိမ့်ဆုံး Subscore ကို ရွေးယူဖော်ပြတာဖြစ်ပါတယ်။ အထက်ဖော်ပြပါပုံမှာ ဆိုရင် ကျွန်တော့်ကွန်ပြူတာရဲ့ Subscore အနိမ့်ဆုံးဟာ 4.7 ဖြစ်တဲ့ အတွက်ကြောင့် ကျန်တဲ့ Components တွေ အားလုံးဟာ 5 ကျော် 6 ရပေမယ့် ကွန်ပြူတာရဲ့ Windows Experience Index Base Score မှာတော့ 4.7 ပဲ ဖြစ်သွားပါတယ်။ ( Base score ဟာ Components တွေ အားလုံးက ရလာတဲ့ subscore တွေအားလုံးကို ပေါင်းပြီး Average ရှာထားတာ မဟုတ်ပါဘူး။ ) ဒါကြောင့် ဆိုလိုတာ ကိုယ့်ကွန်ပြူတာမှာ Processor ဘယ်လောက်ကောင်းကောင်း RAM မကောင်းရင် - Hard disk မကောင်းရင် သို့တည်းမဟုတ် Graphics မကောင်းရင် Windows Experience Index က ကျနေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Windows Experience Index ကို ကြည့်ပြီး ကွန်ပြူတာတစ်လုံးရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ထိ မြင့်မားတယ်ဆိုတာ အလွယ်နည်းနဲ့ စစ်ဆေးနိုင်ပါတယ်။ ထိုနည်း လည်းကောင်း ကိုယ့်ကွန်ပြူတာရဲ့ စွမ်းဆောင်ရည်ကို လက်ရှိအခြေအနေထက် မြှင့်ချင်ပြီဆိုရင်လည်း ဖော်ပြပါ Windows Experience Index မှာ ဖော်ပြထားတဲ့ Components တစ်ခုချင်းစီရဲ့ Subscore ကိုကြည့်ပြီး ဘယ် Components တွေကို မြှင့်ဖို့လိုမယ် ဆိုတာ အလွယ်တကူ ဆုံးဖြတ်နိုင်ပါတယ်။

အကြမ်းဖျဉ်းအားဖြင့် သုံးသပ်မယ် ဆိုရင် Windows Vista နဲ့ Windows 7 သုံးထားတဲ့ ကွန်ပြူတာတိုင်းဟာ အနိမ့်ဆုံး Windows Experience Index Base Score 3 နဲ့ 3 အထက် ( 4, 5 .... ) စသဖြင့် ရထားဖို့ လိုပြီး - 3 ထက် နိမ့်နေမယ် ဆိုရင်တော့ နိမ့်နေတဲ့ Hardware Components ကို အတတ်နိုင်ဆုံး မြှင့်တင်ဖို့လိုပါတယ်။ ဘာကြောင့်လည်း ဆိုရင် base score အနည်းဆုံး 3 ရထားတဲ့ ကွန်ပြူတာသာ Windows Vista - 7 မှာပါတဲ့ Windows Aero နဲ့ new features တွေကို Run နိုင်ဖို့ အခြေခံအား ဖြင့် ပြည့်စုံတယ်လို့ ဆိုနိုင်ပြီး base score 4 ဒါမှမဟုတ် 5 နဲ့ အထက် ရထားမှ new features အားလုံးကို စွမ်းအားပြည့် Run နိုင်မယ်လို့ အကြမ်းဖျဉ်းအားဖြင့် သုံးသပ်လို့ ရပါတယ်။ Windows Experience Index base score 3 အောက်ကို ရောက်နေမယ် ဆိုရင်တော့ Hardware Components ကို မြှင့်နိုင်ရင် မြှင့် မမြှင့်နိုင်ရင် Windows ပြောင်းသုံးဖို့ စဉ်းစားရပါ လိမ့်မယ်။ ပြောင်းသုံးဖို့ မစဉ်းစားပဲ ပေကပ်ပြီး သုံးမယ်ဆိုရင်တော့ မိမိအသုံးပြုတာ ကြမ်းရင် ကြမ်းသလို စက်မှာ ပြဿနာ တစ်ခုမဟုတ် ဖြစ်လာပါလိမ့်မယ်။

Windows Experience Index နှင့် မသမာမှုများအကြောင်း

အဲ့တော့ Windows Experience Index ရဲ့ သဘောကို အကြမ်းဖျဉ်းအားဖြင့် သိပြီ - သူ့ကို သိထားယုံနဲ့ ဘာတွေ ခန့်မှန်းနိုင်မယ် - ဘာတွေဆုံးဖြတ်နိုင်မယ် ဆိုတာ လူတော်တော်များများ သတိထားမိ လာကြတော့ နောက်ပိုင်းမှာ စက်တစ်ခုရဲ့ စွမ်းဆောင်ရည်ကို တစ်ယောက်နဲ့ တစ်ယောက် မေးကြရင် RAM ဘယ်လောက်လဲ - Processor ဘာလဲ - Graphic ဘယ်လိုလဲ ဆိုတာမျိုး တော်ယုံ ဘယ်သူမှ မမေးကြတော့ဘူး - ခင်ဗျားကွန်ပြူတာ Base score ဘယ်လောက်ရလဲ ဆိုတာမျိုးပဲ တိုက်ရိုက်ဦးတည် မေးကြတော့တယ် - ဒီတော့ Windows Experience Index ဆိုတာ ကွန်ပြူတာတစ်လုံးလုံးရဲ့ အသက်တစ်ခုလို တိုက်ရိုက် ပတ်သတ်လာတော့တာပေါ့ - ဒီအားသာချက်ကို သိလာတဲ့ လူတစ်ချို့က Windows Experience Index နဲ့ ပတ်သတ်ပြီး လှည့်ကွက်တစ်ချို့ လုပ်လာကြတယ် - ဆိုလိုတာ စက်တစ်လုံးရဲ့ Performance က တကယ်ဒီလောက် ကောင်းတာ မဟုတ်ပဲနဲ့ Subscore ကို မြင့်အောင် လုပ်လာကြတာမျိုးပေါ့ - တစ်ချို့ကတော့ ဒီလှည့်ကွက်ကို တစ်ယောက်နဲ့ တစ်ယောက် စနောက်ဖို့ အပျော်သဘောနဲ့ လုပ်ကြတယ် - တစ်ချို့ကတော့ မသိနားမလည်သူတွေကို ခုတုံးလုပ်ပြီး စီးပွားရေး အမြတ်ထုတ်ဖို့အတွက် လုပ်ဆောင်ကြတယ်။ ဒါ့ကြောင့် မိသားစုဝင်တွေအနေနဲ့ ကွန်ပြူတာတစ်လုံးကို ဝယ်ယူတော့မယ် ဆိုရင် အသစ်တစ်လုံး ဝယ်ယူရာမှာ ဖြစ်ဖြစ် - တစ်ခြား စက်အဟောင်းတစ်လုံးကို ဝယ်ယူရာမှာ ဖြစ်ဖြစ် စက်တစ်လုံးကို စစ်ဆေးတဲ့ နေရာမှာ Base score ကို စစ်ဆေးကြဖို့ - ရောင်းချသူရဲ့ ပါးစပ်က ထွက်တဲ့ Base score ကို မယုံကြဖို့ နဲ့ မျက်မြင်တွေ့ရယုံတင် မဟုတ်ပဲ ကိုယ်တိုင်ပါ စစ်ဆေးကြည့်ပြီးမှ ထွက်လာတဲ့ Base score ကို ယုံကြည်ကြဖို့ မှာချင်ပါတယ်။

Base score လှည့်ကွက်များအကြောင်း

ရောင်းချသူ / အသုံးပြုနေသူရဲ့ ကွန်ပြူတာဟာ Windows Vista / 7 တစ်ခုသုံးထားတယ်ဆိုရင် Performance ဘယ်လောက်ပဲ ရှိရှိ - အမြင့်ဆုံး Windows Experience Index 7.9 အထိ မြှင့်ယူလို့ ရပါတယ်။ အောက်ဖော်ပြပါ ပုံများကို ကြည့်ပါ - ခု အောက်မှာ မြင်ရတဲ့ပုံမှာ ကျွန်တော့်စက်မှာ ရှိနေတဲ့ Windows 7 Ultimate ရဲ့ Base score ဖြစ်ပါတယ်။ 4.7 ပါ။ ဒါဟာ Windows Experience Index ကို ဘာမှ ပြင်မယူရသေးခင် အဖြေအနေ ဖြစ်ပါတယ်။


ဒါကို တစ်ခြားသူတစ်ယောက်ကို ပြတဲ့နေရာမှာ မျက်နှာပန်းလှအောင် ကျွန်တော်ပြင်ယူလိုက်ပြီ - ခု အောက်မှာ ဖော်ပြထားတဲ့ ပုံကိုကြည့်ပါ။ အမြင့်ဆုံး Windows Experience Index 7.9 ကို ကျွန်တော့်စက်ရသွားပါပြီ။


အဲ့တော့ ပုံနှစ်ပုံရဲ့ ချက်ခြင်းဆိုသလို ကွာခြားသွားတဲ့ ပြောင်းလဲမှုကိုကြည့်ပြီး Windows Experience Index ရဲ့ Base Score ကို မြင်ယုံနဲ့ စက်တစ်လုံးရဲ့ Performance ကို ဆုံးဖြတ်ဖို့ စောလွန်းသွားပြီ ဆိုတာ သတိထားမိပါလိမ့်မယ်။ ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ ??

Base score မြှင့်တင်မှု လမ်းကြောင်းများ

Performance မကောင်းလည်းပဲ Base score မြှင့်လို့ရတယ်ဆိုတာ ကျွန်တော်တို့ အပေါ်မှာ သိခဲ့ပြီ - အဲ့တော့ Subscore မြင့်လာအောင် ကျွန်တော်တို့ ဘယ်လို လုပ်ဆောင်လို့ ရမလဲ - Base score မြင့်လာအောင် လုပ်ဆောင်ရတဲ့ လမ်းကြောင်းက ခက်ခက်ခဲခဲ ရှုပ်ရှုပ်ရှက်ရှက် သိပ်မရှိပါဘူး - အောက်မှာ ဖော်ပြထားတဲ့ လမ်းကြောင်းအတိုင်း သွားပါ -

Quote:
C:\Windows\Performance\WinSAT\DataStore
DataStore ဆိုတဲ့ Folder အောက်ကို ရောက်ရင် အောက်ဖော်ပြပါအတိုင်း (date) Formal.Assessment (Initial).WinSAT.xml ဆိုတဲ့ တည်ဆောက်ပုံနဲ့ .xml ဖိုင်တစ်ခုတွေ့ပါလိမ့်မယ်။ အဲ့ဖိုင်ဟာ Windows Experience Index စာမျက်နှာမှာ ဖော်ပြနေတဲ့ Base score နဲ့ Subscore တွေ အားလုံးကို ချုပ်ထိန်းထားတဲ့ နေရာပါပဲ။


သူ့ကို ပြင်ဖို့အတွက် Right click ထောက်ပြီး WordPad နဲ့ ဖွင့်ပါ။ ပြီးရင် 4.7 ဆိုတဲ့ Code မျိုးနဲ့ ဆင်တူတဲ့ စာကြောင်းကို ရှာပါ။


ဒီနေရာမှာ 4.7 ဆိုတာ ကျွန်တော့်စက်ရဲ့ Base score ဖြစ်ပါတယ်။ ဒါကို ကိုယ့်စက်က Base score နဲ့ အစားသွင်းပြီး အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Ctrl+F ကနေတစ်ဆင့် 4.9 ဆိုတဲ့ ပုံစံနဲ့လည်း ရှာနိုင်ပါတယ်။


ရှာလို့တွေ့ရင် လတ်တလော တွေ့နေရတဲ့ Current Rating ကို 7.9 ကို ပြောင်းပါ ( ဒါက ကျွန်တော် အကြမ်းဖျဉ်း ပြထားတာပါ - တကယ်တမ်း ယုတ္တိရှိဖို့ ဆိုရင် Base score ဟာ Subscore အနိမ့်ဆုံးနဲ့ ညီရမှာမို့လို့ လိုချင်တဲ့ Base score နဲ့ Subscore ကို ညှိထားတတ်ဖို့ လိုပါတယ်။ ) တကယ်လို့ Base Score တစ်ခုတည်းကို မဟုတ်ပဲ - ကျွန်တော် ပြောင်းပြထားသလို Subscore တွေအားလုံးကိုပါ ပြောင်းချင်သေးတယ် ဆိုရင် တစ်ခြား သက်ဆိုင်ရာ Components အားလုံးရဲ့ Subscore တွေကိုပါ လိုက်ရှာပြီး ပြောင်းပေးဖို့ လိုပါတယ်။ အားလုံးပြောင်းပြီးရင် Save လုပ်ပြီး Control panel အောက်က Windows Experience Index ကို သွားကြည့်ကြည့်ပါ - ကိုယ်ပြောင်းထားတဲ့ အတိုင်း ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။


အဲ့တော့ ကျွန်တော်တို့တွေ Windows Experience Index ကို Fake Score ရအောင် ဘယ်လို လုပ်ရလဲ ဆိုတာ သိပြီ - သူများကိုယ့်ကို လှိမ့်လာရင် မခံရအောင်ရော ဘယ်လိုပြန်လုပ်ရမလဲ - အဲ့တာက လွယ်ပါတယ်။ အောက်ဖော်ပြပါ နေရာကနေ Windows Experience Index ကိုနောက်တစ်ကြိမ် ပြန် Run လိုက်ပါ - ရလဒ် အစစ်ပြန်ထွက်လာပါလိမ့်မယ်။


မှတ်ချက် - (date) Formal.Assessment (Initial).WinSAT.xml ဆိုတဲ့ ဖိုင်ကို Edit လုပ်တဲ့ နေရာမှာ အဲ့ဖိုင်ဟာ Windows file အမျိုးအစားထဲမှာ ပါတာမို့လို့ Edit လုပ်ပြီး Save လုပ်တဲ့ အချိန်မှာ Save လို့ မရတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့လို အခြေအနေမှာ Ownership ယူဖို့ လိုပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ဖိုင်ကို Download ယူပါ - ရလာတဲ့အခါ အောက်ဖော်ပြပါ ဖိုင်ကို Run ပြီး Take Ownership Option ကို Right Click Menu မှာခေါ်ယူ သုံးစွဲနိုင်ပါတယ်။


Quote:
Add Take Ownership Option
http://www.mediafire.com/?6xysdx3nuzlv1fm
ခုဖော်ပြခဲ့သလောက်ဆို Windows Experience Index အကြောင်း အားသာချက် အားနည်းချက်တွေ - လှည့်ကွင်း လှည့်ကွက်တွေနဲ့ သတိပြုသင့်တဲ့ အချက်တွေအကြောင်း နားလည်နိုင်ကြလိမ့်မယ် ထင်ပါတယ်။ ခုဖော်ပြခဲ့တဲ့ ဖော်ပြချက်ဟာ တစ်ခြားသူတစ်ယောက်ရဲ့ မသိနားမလည်မှုကို အမြတ်ထုတ်ပြီး ကိုယ်ကျိုးရှာဖို့ ဖော်ပြထားတာ မဟုတ်ပါဘူး - မိသားစုဝင်များ ဗဟုသုတ ရှိစေဖို့နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ကို ခန့်မှန်းနိုင်စေဖို့ပါ - အခြားလူတစ်ယောက် အခက်အခဲရှိနေရင်လည်း ကူညီပါ - မသိနားမလည်သူကို ဘာမှမခက်ခဲတဲ့ ပညာရပ်တစ်ခုနဲ့ ဆရာလုပ်ပြီး ပညာပြတဲ့သူဟာ တစ်သက်လုံး ဘာမှအဖြစ်မရှိတဲ့ ပညာရပ်နဲ့ပဲ အသက်မွေးရတတ်ပါတယ်။

KznT.

New Channels for Firefox

လတ်တလော ကျွန်တော်မကြာမကြာ ရေးဖြစ်နေတဲ့ ခေါင်းစဉ်လေးတွေ သုံးလေးမျိုး ရှိတယ် - အဲ့တာတွေက Google ၏ ပြောင်းလဲမှုများ အကြောင်းChrome အကြောင်း သိကောင်းစရာ နဲ့ Windows 8 အကြောင်း တစ်စေ့တစ်စောင်း - နောက်ပြီး တစ်ခြား ရေးလက်စတွေလည်း တော်တော်များများ ရှိသေးတယ် - ဒီလိုပဲ ကျွန်တော်တော့ စိတ်ကူးတည့်ရာ လှည့်လှည့်ရေးတယ် - ရည်ရွယ်ချက်ကတော့ ဟင်းတစ်မျိုးတည်း စားနေရရင် လျှာရင်းမမြတ်မှာ စိုးလို့ ကျွန်တော် ဟင်းပြောင်းပြောင်း ချက်ကျွေးနေတာပါ

အဲ့လိုနဲ့ ဒီနေ့ Firefox ရဲ့ ပြောင်းလဲမှု တစ်ခုအကြောင်း ရေးချင်လို့ ဘယ်ခေါင်းစဉ်အောက် ရေးရမလဲ ဆိုပြီး ခေါင်းစဉ်ဟောင်း လိုက်ရှာတော့ ဒီ Firefox Tips & Tricks ဆိုတဲ့ ခေါင်းစဉ်ဟောင်းကို တွေ့တယ် - ရေးချင်တာက Firefox Tips & Tricks တော့ မဟုတ်ဘူး - သတင်းနဲနဲ ပိုဆန်နေတယ် - Firefox ၏ ပြောင်းလဲမှုများ အကြောင်းလို့ ပြောရမလား - ကျွန်တော်လည်း မသိတော့ဘူး -

ခုနောက်ပိုင်း Google Chrome ရယ် - Internet Explorer ရယ် Firefox ရယ် Browser သုံးမျိုး အကြီးအကျယ် အားပြိုင်လာတာ တွေ့ရတယ် - Internet Explorer ဆိုရင်လည်း IE9 ထွက်တာမှ ဘယ်လောက်မှ မကြာသေးဘူး အခု Internet Explorer 10 Platform Preview ဆိုပြီး ထွက်လာပြီ - Google Chrome ဆိုရင်လည်း Canary build > Dev channel > Beta channel > Stable channel ဆိုပြီး Channel လေးခုနဲ့ တစ်ဟုန်ထိုးကို သွားနေတယ် - သူတို့တွေရဲ့ အားပြိုင်မှု ကြားထဲမှာ Firefox လည်း ပြတ်ကျန်ခဲ့လို့ မဖြစ်တော့ အခု Google Chrome ထုတ်နေတဲ့ ပုံစံအတိုင်း Channel လေးခုနဲ့ အဆင့်လိုက်သွားတဲ့ ပုံစံပြောင်းပြီး ဝင်ရောက်လာပြီ - အဲ့ Channel လေးခုက -

  • Nightly - ဒီ Channel အောက်မှာ ရှိတဲ့ Firefox အနွယ်ဝင် Browser တွေက တစ်နေ့ကို တစ်ခါ Update ပြောင်းတယ်။ တန်းမဝင်သေးတဲ့ အကြမ်းထည်ထုတ်ကုန် သဘောပေါ့။
  • Aurora - သူက ဘာနဲ့တူလဲဆို Google Chrome က Dev Channel နဲ့တူတယ် - အစမ်းသပ်ခံ ထုတ်ကုန်တစ်ခုပေါ့ - ဒါပေမယ့် အချောထည် မဟုတ်သေးဘူး - Bugs တွေ ရှိမယ် - Feedback လုပ်ရမယ် - သူတို့ ထပ်ပြင်မယ်။ ဒီလို သဘော။
  • Beta - အတည်ပြုဖို့ ရည်ရွယ်ထားပြီ - ဘာတွေ အားနည်းချက်ရှိလဲ စမ်းသုံးခိုင်းထားတယ် - ပြဿနာ အနည်းအကျဉ်း ရှိနိုင်သေးတယ် - Feedback လုပ်နိုင်တယ်။ သူတို့ ထပ်ပေါင်းဖြည့်ပေးမယ်။ ဒီအဆင့်ကို ရောက်လာတဲ့ Firefox တွေက ကုန်ချောဖြစ်ဖို့ တော်တော်နီးစပ်သွားတဲ့ အဆင့်။
  • Release - ဒါကတော့ ကုန်ချောအဆင့် - လူအများ သုံးနိုင်ပြီ - Stable ဖြစ်တယ် - ပြည့်စုံတယ် - အာမခံချက်ရှိတယ်။



အခု Firefox က အရင် Channel သုံးဆင့်ပဲ ရှိတဲ့ process ကနေ Aurora Channel ကို ထပ်တိုးပြီး လေးဆင့် ဖြစ်သွားပြီ - သူတို့သွားနေတဲ့ လမ်းကြောင်းကို ဒီအောက်မှာ အသေးစိတ်ကြည့်နိုင်ပါတယ်။


ဒါက ကျွန်တော့်စက်မှာ စမ်းသုံးထားတဲ့ Aurora ပါ။


စက်ထဲမှာလည်း Browsers တွေ တော်တော်များနေပြီ - တစ်ခုခုတော့ ပြန်ဖြုတ်ရဦးမယ် 



မူလရင်းမြစ်များ

http://blog.mozilla.com/blog/2011/04...apid-releases/
http://download.cnet.com/8301-2007_4-20054123-12.html
https://developer.mozilla.org/devnew...apid-releases/
http://www.chromium.org/getting-involved/dev-channel
http://downloadsquad.switched.com/20...-how-to-enabl/
http://www.ghacks.net/2011/04/15/the...-need-to-know/

KznT.

How To Convert Webpages To Clean PDF

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကိုပုထုဇဉ် ကျွန်တော့်ဆီ စာချွန်လွှာပို့ပြီး မေးထားတာ တစ်ခု ရှိတယ် - ကျွန်တော်လည်း ဖိုရမ်ဘယ်လိုမှ မဝင်နိုင်လိုက်တဲ့ အပတ်နဲ့ တိုက်သွားတော့ ပြန်မဖြေဖြစ်လိုက်ဘူး - လူက နည်းနည်းပျင်းနေတာလည်း ပါတယ်။

မေးမြန်းချက်

သူမေးထားတာက -


Web စာမျက်နှာကို PDF ပြောင်းယူတဲ့ အချိန်မှာ မလိုတဲ့ အပိုင်းတွေ မပါပဲ - အဓိက ကျတဲ့ အကြောင်းအရာကိုပဲ ၀က်ဆိုဒ် အသွင်အပြင်နဲ့ ထွက်လာတာမျိုး မဟုတ်ပဲ PDF သန့်သန့်လေး ထွက်လာအောင် ဘယ်လို ပြောင်းယူလို့ ရမလဲ ဆိုတဲ့ မေးခွန်း

အရင်ကတော့ ဒီလိုမေးခွန်းမျိုး မိသားစုဝင်တွေ မေးခဲ့ဖူးကြတယ် - အဲ့တုန်းကတော့ အလွယ်ပဲ ဖြေဖြစ်လိုက်တယ် - Web စာမျက်နှာကို PDF ပြောင်းချင်တယ်ဆိုရင် PDF creator တစ်ခု ( ဥပမာ - PrimoPDF ( ဒါမှမဟုတ် ) doPDF ) တင်ပြီး ကို PDF ထုတ်ချင်တဲ့ Web စာမျက်နှာကိုဖွင့် - နောက်ပြီး Ctrl+P ကနေ တစ်ဆင့်သွားပြီး ထုတ်ဆိုတဲ့ အကြံပြုချက်နဲ့ အလွယ်ပြောခဲ့ဖူးတယ် -



တကယ်တော့ အဲ့နည်းက Web စာမျက်နှာကို PDF ပုံစံမျိုး ပြောင်းပေးသွားတာမှန်ပေမယ့် ကိုပုထုဇဉ်ပြောထားသလိုမျိုး PDF သန့်သန့်လေး မရဘူး - သူ့ ၀က်ဘ်စာမျက်နှာပေါ်က ဘောင်ချထားပြီးသား အသွင်အပြင်နဲ့ ထွက်လာတတ်တာမျိုး - အဲ့လို မဖြစ်ရအောင်လုပ်ဖို့က နည်းလမ်းတွေ တော်တော်များများ ရှိပါတယ်။ ဥပမာ - ကျွန်တော်တို့ သမားရိုးကျနည်းနဲ့ သွားမယ်ဆိုရင် Microsoft Word ကိုဖွင့်ပြီး ကိုယ်လိုချင်တဲ့ Web စာမျက်နှာပေါ်က ပို့စ်ကို တစ်ခုချင်းစီ Copy ကူးပြီး Save တာ - နောက်တော့မှ အဲ့တာကို PDF ပြန်လုပ်ပေါ့ - အဲ့နည်းကတော့ အခြေခံနည်းပဲ - လူတိုင်းနီးပါး ဒီနည်းကို သိတယ် - တစ်ခုရှိတာက အဲ့လို Web စာမျက်နှာပေါ်က ပို့စ်တွေကို Copy ကူးပြီး Word ထဲထည့်တဲ့ အခါမှာ ဝက်ဘ်စာမျက်နှာပေါ်က ဘောင်ချထားပြီးသား အသွင်အပြင်နဲ့ ဝင်သွားတတ်တယ် - အဲ့လို မဖြစ်အောင်ဆိုရင် ဝက်ဘ်စာမျက်နှာပေါ်က စာသားတွေကို Copy ကူးပြီး Word ထဲကို Paste လုပ်ပြီးတာနဲ့ Word 2010 မှာ ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Home > Paste > Keep Text Only ကို ရွေးပေးလိုက်ပါ။


ဒါဆို ဝက်ဘ်စာမျက်နှာပေါ်က ဘောင်ချထားပြီးသား အသွင်အပြင်နဲ့ မဟုတ်တော့ပဲ ပုံမှန်အတိုင်းလေး ရလာပါလိမ့်မယ်။ ဒါက တစ်နည်းပါ။ နောက်ထပ်တစ်နည်းရှိသေးတာက အရင်တစ်ခါတုန်းက အင်တာနက်နှင့် ကျန်းမာရေး ဆိုပြီး ကျွန်တော် တစ်ခါရေးခဲ့ဖူးတယ် - တစ်ချို့လည်း ဖတ်ဖြစ်ကြတဲ့သူ ရှိသလို တစ်ချို့လည်း မဖတ်ဖြစ်လိုက်ကြဘူး - အဲ့ဒီ့မှာ ရေးခဲ့တဲ့ အကြောင်းအရာဟာ အခုရေးမယ့် အကြောင်းအရာနဲ့ ဆက်စပ်နေပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဒီ Thread မှာ ရေးပေးမယ့် Web စာမျက်နှာတွေကို PDF အဖြစ်အလွယ်တကူ ဖန်တီးနိုင်အောင် အဲ့မှာ ဖော်ပြခဲ့တဲ့ Browser Extension တွေ - Bookmarklet တွေကိုပဲ သုံးသွားမှာ မို့လို့ပါ။

နည်းလမ်း ( ၁ ) - Bookmarklet ဖြင့် စာမျက်နှာအား Format ချ၍ PDF ပြုလုပ်ခြင်း

Bookmarklet ဆိုတာ bookmark သဘောပါပဲ - Bookmark ဆိုတာရဲ့ သဘောက သူ့ကို Click ပေးလိုက်တဲ့ အချိန်မှာ ကိုယ် မှတ်ထားတဲ့ Website ကို Loading လုပ်ပြီး ခေါ်ပေးတယ် - Bookmarklet ဆိုတာကတော့ Website ကို Loading လုပ်တာမျိုး မဟုတ်ပဲ Javascript တစ်ချို့ကို runs ပေးတာပါ။ Bookmarklet အမျိုးမျိုး ရှိပြီး အဲဒီ့ အမျိုးမျိုးထဲမှာမှ Services တစ်ချို့က ပေးတဲ့ Bookmarklet တွေဟာ ကိုယ်ဖတ်မယ့် Web စာမျက်နှာတစ်ခုကို ဖတ်ရှုဖို့ သင့်တော်မယ့် အနေအထား ရောက်အောင် သူ့ကို နှိပ်လိုက်တာနဲ့ အလိုလျောက် reformat လုပ်ပေးပါတယ်။ သုံးစွဲနည်းကလည်း မခက်ပါဘူး - အဲလို စွမ်းဆောင်ရည် ရှိတဲ့ Bookmarklet တစ်ခုကို ကိုယ့် Bookmarks bar မှာ ဆွဲတင်ထားပြီး ကိုယ် Reformat လုပ်ချင်တဲ့ စာမျက်နှာကို ရောက်ရင် သူ့ကို Click ပေးလိုက်တာနဲ့ Web စာမျက်နှာပေါ်က မလိုအပ်တဲ့ Ads တွေ မလိုလားအပ်တဲ့ စာသားတွေကို အလိုလျောက် ရှင်းထုတ်ပြီး အဓိကကျတဲ့ စာသားက အောက်ဖော်ပြပါအတိုင်း ကြွတက်လာမှာမျိုးပါ။ နားထဲ သိပ်မရှင်းမရှင်းဖြစ်နေရင် စိတ်မညစ်ပါနဲ့ - အောက်မှာ တစ်ဆင့်ချင်း ထပ်ဖော်ပြပေးပါဦးမယ်။



အရင်ဆုံး Bookmarklet နဲ့ ဝက်ဘ်စာမျက်နှာတွေကို Format ချပြီး PDF လုပ်ဆောင်ဖို့ အရင်ဆုံး ဒီနေရာကို သွားလိုက်ပါ။ အဲ့ဒီ့ Application ကို ကျွန်တော်တို့ Readable လို့ ခေါ်တယ်။ အဲ့စာမျက်နှာကို ရောက်ရင် ညာဘက်အောက်ထောင့်က Show Setup ကို နှိပ်ပါ။ နောက်စာမျက်နှာ ပေါ်လာလိမ့်မယ် - အဲ့မှာ Choose Style ကနေ တစ်ဆင့် ကိုယ်နှစ်သက်တဲ့ ပုံစံ ရွေးလို့ ရတယ်။ ကျွန်တော်စံထားတဲ့ ပုံစံကတော့ အောက်မှာ ဖော်ပြထားတဲ့ အတိုင်းပါ။


Choose Style မှာ တစ်ခုခု အပြောင်းအလဲ လုပ်တိုင်း Preview မှာပါ လိုက်ပြောင်းတာ တွေ့ရပါလိမ့်မယ်။ ကိုယ့်စိတ်ကြိုက် အနေအထားကို ကိုယ့်ဘာသာ ချိန်ညှိပါ -



ဒါကို ဘာလို့ လုပ်နေရလဲ ဆိုတော့ ကျွန်တော်တို့ ဝက်ဘ်စာမျက်နှာကို Bookmarklet သုံးပြီး Format ချတဲ့ နေရာမှာ ကိုယ့်စိတ်ကြိုက် ပုံစံ ပေါ်စေချင်လို့ပါ - ဒါမှလည်း PDF လုပ်တဲ့အချိန်မှာ ကိုယ့်စိတ်ကြိုက် Format ချထားတဲ့ ပုံအတိုင်း ထွက်မှာပေါ့။ စိတ်ကြိုက် အနေအထားရရင် Bookmarklet ကို အောက်ဖော်ပြပါအတိုင်း Bookmarks bar ပေါ် Drag ဆွဲတင်ပါ။


ဒီနေရာမှာ တစ်ခု ရှိတာက ဘယ်သူတွေ ဘယ် Browser သုံးကြတယ် ကျွန်တော်လည်း မသိဘူး - ကျွန်တော်ကတော့ Google Chrome သုံးတယ် - ဘယ်ဟာပဲ သုံးသုံး Browser တော်တော်များများမှာ Bookmarks bar ဆိုတာ ပါတတ်ပါတယ်။ Google Chrome မှာဆို Ctrl+Shift+B နှိပ်ရင် Bookmarks bar ပေါ်လာမယ်။ Firefox မှာ ဆိုရင် အောက်မှာ ပြထားတဲ့ အတိုင်း Right Click ထောက်ပြီး ခေါ်လို့ ရတယ်။


Internet Explorer 9 သုံးတဲ့သူဆိုရင် အောက်ဖော်ပြပါအတိုင်း Favourite bar ဆိုတာ ရှိတယ် - သူလည်း Right click ထောက်ပြီး ခေါ်လို့ရတယ်။ အားလုံးက သဘောတရားချင်း တူတူပါပဲ - Bookmarklet ကို Drag ဆွဲတင်လို့ ရပါတယ်။


ပြီးရင် ကိုယ် Print ထုတ်ချင်တဲ့ စာမျက်နှာကို သွားပါ။ ဥပမာ - အင်တာနက်နှင့် ကျန်းမာရေး ဆိုတဲ့ စာမျက်နှာကို PDF လုပ်ထားချင်တယ် ဆိုကြပါစို့ - ဒီလိုဆို အဲ့စာမျက်နှာကို သွားပြီး ရောက်ရင် ခုနက Bookmarks bar ပေါ်ဆွဲတင်ထားတဲ့ Bookmarklet ကို Click ပေးပါ။ အဲ့လို Bookmarklet ကို Click ပေးလိုက်တာနဲ့ အရင်တွေ့နေရတဲ့ ဒီဇိုင်းတွေ အားလုံး ပျောက်ပြီး ကိုယ်အဓိက လိုချင်တဲ့ စာသားတွေချည်းပဲ ကြွတက်လာပါလိမ့်မယ်။ တကယ်လို့ စာလုံးတွေ ဘာတြွေကီးနေတယ် ထင်ရင် အပေါ်မှာ ဖော်ပြခဲ့တဲ့ အဆင့်တွေအတိုင်း ပြန်သွား ပြန်ပြင် Bookmarklet ကို ပြန်ဆွဲတင်ပြီး နောက်တစ်ကြိမ် ပြန်ကျော့လို့ ရပါတယ်။



ဟုတ်ပြီ - ဒီအနေအထားကို ကြိုက်ပြီ ဆိုရင် Bookmarklet နဲ့ Format ချထားတဲ့ အသွင်အပြင်အတိုင်း မြင်နေရတဲ့ Web စာမျက်နှာရဲ့ အောက်ဆုံးနားကို သွားပါ - အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Print ဆိုတာကို မြင်ရလိမ့်မယ်။



အဲ့နေရာကို ခဏမှတ်ထားပြီး doPDF ကို တင်ပါ။ တင်ပြီးသွားရင် အဲ့ဒီ့ Print ဆိုတာကို နှိပ်လိုက်ပါ။ ခုလိုမျိုး Box တစ်ခု တက်လာပါလိမ့်မယ်။ ဖော်ပြထားတဲ့ အတိုင်း Printer ကို doPDF ရွေးပါ - Print ကိုနှိပ်ပါ -



နောက် box တစ်ခု တက်လာပါလိမ့်မယ်။ အဲ့မှာ ပြထားတဲ့ အတိုင်း - ကိုယ့် PDF ဖိုင်ကို Save ချင်တဲ့ နေရာရွေး High quality images ကို Select လုပ်ပြီး OK ပေးလိုက်ပါ -



ဒါဆို ကိုယ် PDF အဖြစ်သိမ်းထားချင်တဲ့ စာမျက်နှာကို တစ်ခြား မလိုအပ်တဲ့ ရှုပ်ရှုပ်ရှက်ရှက် အပြင်အဆင်တွေ မပါလာပဲ စာသားနဲ့ သက်ဆိုင်ရာ ရုပ်ပုံ သီးသန့် သိမ်းဆည်းပြီးသား ဖြစ်ပါပြီ။


ခုဖော်ပြတာ နည်းလမ်း ( ၁ ) ပါ - နောက်ထပ်နည်းလမ်းတွေ ဆက်ပြီး ဖော်ပြပေးပါဦးမယ်။

နည်းလမ်း ( ၂ ) - Browser Extensions ဖြင့် စာမျက်နှာအား Format ချ၍ PDF ပြုလုပ်ခြင်း

ပြောရရင် ဒီနည်းက အပေါ်မှာ ပြောခဲ့ပြီးတဲ့ Bookmarklet နဲ့ Format ချပြီး သုံးရတာထက် ပိုပြီးလွယ်သလို အဆင့်တွေလည်း သိပ်မရှုပ်ဘူး - ဘာကြောင့် ဒါကိုသုံးတယ် - ဘာလို့ ဒါတွေ လုပ်နေတယ်ဆိုတာတော့ ထပ်မရှင်းတော့ဘူး - ကျွန်တော် အပေါ်မှာလည်း ပြောခဲ့ပြီးပြီ - ဝက်ဘ်စာမျက်နှာပေါ်က အကြောင်းအရာ တွေကို PDF လုပ်ဖို့အတွက် အလွယ်ကူဆုံး ဖြစ်မယ့် နည်းလမ်းကို ကျွန်တော်တို့ ချဉ်းကပ်နေကြတာ - ဒီနည်းမှာ ကျွန်တော်တို့တွေ Browser Extensions သုံးမှာ ဖြစ်တဲ့ အတွက် ကိုယ်သုံးတဲ့ Browser ကိုလိုက်ပြီး Browser Extensions တစ်ခုခု အရင်ဆုံး တင်ထားဖို့ လိုပါတယ်။ doPDF လည်း တင်ပြီးသား ဖြစ်ရပါမယ်။ ဝက်ဘ်စာမျက်နှာတွေကို Format ချလို့ရတဲ့ Browser Extensions အမျိုးအစား အမျိုးမျိုး ရှိပါတယ်။ အားလုံးထဲမှာ ကျွန်တော် သဘောအကျဆုံးကတော့ iReader ပါ - Firefox အတွက် extension ကို ဒီနေရာကနေ ယူနိုင်ပြီး Chrome အတွက် extension ကိုတော့ ဒီနေရာကနေ ယူနိုင်ပါတယ်။ အဲ့ဒီ ဖော်ပြပါ နေရာအသီးသီးက သက်ဆိုင်ရာ Browser extension ကို Install လုပ်ပါ။ iReader ကို installs လုပ်ဆောင် ပြီးသွားတာနဲ့ button လေးတစ်ခုက browser ရဲ့ address bar မှာ ပေါ်လာပြီး ကိုယ် ကြည့်တဲ့ Website ရဲ့ စာမျက်နှာပေါ်က အကြောင်းအရာအလိုက် ပြုပြင်ပြောင်းလဲလို့ ရတယ်ဆိုရင် အောက်ဖော်ပြပါ အတိုင်း Active ဖြစ်လာပါ လိမ့်မယ်။ ဥပမာ - Internet Explorer 10 နှင့် သူ၏ အနာဂတ် ဆိုတဲ့ Thread ကို PDF လုပ်ချင်တယ်ပဲ ဆိုကြပါစို့ - ဒီလိုဆို အဲ့စာမျက်နှာဆီ သွားပြီး အောက်ဖော်ပြပါအတိုင်း Install လုပ်ပြီးသွားတဲ့ iReader button ကို Click ပေးပါ။


အဲ့လို Click ပေးလိုက်တာနဲ့ အရင်မြင်နေရတဲ့ ဝက်ဘ်စာမျက်နှာပေါ်က ဒီဇိုင်းတွေ အားလုံးပျောက်ပြီး iReader က Format ချလိုက်တဲ့ ပုံစံအတိုင်း ဖြစ်သွားပါလိမ့်မယ်။ အောက်မှာ ဖော်ပြထားသလိုမျိုးပေါ့ -



မြင်နေရတဲ့ မျက်နှာစာရဲ့ အောက်ဆုံးကိုသွားရင် အောက်ဖော်ပြပါအတိုင်း Auto hide ပုံစံနဲ့ စစကွယ်နေတဲ့ Printer ပုံလေး ပေါ်လာလိမ့်မယ်။



အဲ့တာလေးကို Click ပေးလိုက်ရင် အပေါ်က နည်းလမ်း ( ၁ ) မှာလိုမျိုးပဲ Print ထုတ်ဖို့ အတွက် Box တစ်ခု တက်လာမယ်။ နည်းလမ်း ( ၁ ) မှာ လုပ်ခဲ့တဲ့ လုပ်ထုံး လုပ်နည်းအတိုင်းပဲ doPDF ကို ရွေးပြီး Print ထုတ်သွားယုံပါပဲ။



ဒီနေရာမှာ တစ်ခု ရှိတာက Print ထုတ်ပြီး ရလာတဲ့ PDF ရဲ့ ပုံစံအခင်းအကျင်းကို သဘောမကျတာမျိုး ဖြစ်ကောင်း ဖြစ်နေတတ်ပါတယ်။ ဆိုလိုတာ Background ပုံစံကို မကြိုက်တာ - Article Width က အရမ်းကျဉ်းနေလို့ သဘောမကျတာ စသဖြင့် စိတ်တိုင်းမကျ ဖြစ်နေရင် အောက်ဖော်ပြပါ iReader Options ကနေပြီး တဆင့် Click ပေးပြီး နောက်တစ်မျက်နှာမှာ ပြင်ယူနိုင်ပါတယ်။ အောက်ဖော်ပြပါ ပုံစံကတော့ ကျွန်တော် ထားထားတဲ့ စံပုံစံပါ။



ဒါဆို ဝက်ဘ်စာမျက်နှာကနေ PDF ပြောင်းဖို့အတွက် နည်းလမ်းနှစ်ခု ကျွန်တော်တို့ သိထားပြီးပြီလို့ ဆိုနိုင်ပါတယ်။ တစ်ခြားနည်းလမ်းတွေ ရှိပါသေးတယ် - ဒါပေမယ့် ဒီနည်း နှစ်ခုနဲ့တင် တော်တော်လေး အဆင်ပြေလောက်ပါပြီ - လိုအပ်တာလေးတွေ ရှိသေးရင် ပြောပါ - ကျွန်တော် နားလည်ထားသလောက် ကူညီပေးပါ့မယ်။

KznT.

Related Posts