Benefits of Linux Distros and Open-source

url
 
တစ်ချိန်တုန်းကတော့ Linux နဲ့ပတ်သတ်ပြီး ကျွန်တော်တို့ အနေစိမ်းခဲ့ကြတယ်။ ခုနောက်ပိုင်းတော့ အင်တာနက်ထဲက Blogger အသိုင်းအဝိုင်းမှာ Linux နဲ့ပတ်သတ်ပြီး အတော် လူပြောများလာပြီ။ Linux အကြောင်း (အထူးသဖြင့် Ubuntu အကြောင်း)ရေးတဲ့ Blog တွေလည်း တော်တော်များလာခဲ့ပြီ။ Linux အကြောင်းကြားဖူးတဲ့သူ အတော်များများ အထူးသဖြင့် သုံးဖူးကြတဲ့ သူတွေဆိုရင် Linux Distributions ကို တစ်ခါတစ်လေ Linux Distros လို့သုံးသုံးပြီး ပြောတတ်ရေးတတ် ကြတာလည်း မြင်ဖူးကြားဖူးကြလိမ့်မယ်။ Linux Distros အကြောင်းနဲ့ပတ်သတ်ပြီး တစ်ချိန်တုန်းက ကျွန်တော် Ubuntu (Linux) for All ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့ဖူးတယ်။
 
Linux Distros ဆိုတာ Linux Distributions ကနေလာပြီး Linux မူကွဲအမျိုးအစားများလို့ အဓိပ္ပါယ်ရပါတယ်။ Linux ကို ခဏတဖြုတ် စမ်းသုံးတာမျိုးမဟုတ်ပဲ မကြာခဏသုံးမယ့် OS တစ်ခုအဖြစ် အတည်ပြုရွေးချယ်တော့မယ်ဆိုရင် ကျွန်တော်တို့မှာ Ubuntu တင်မကပဲ တခြားရွေးချယ်စရာ Distros တွေ အများအပြားရှိသေးတယ်ဆိုတာကို သိထားဖို့ လိုပါတယ်။ Desktop အနေနဲ့ သုံးမလား၊ Server အနေနဲ့သုံးမလား - ကျွန်တော်တို့မှာ ရွေးချယ်စရာ Distros မျိုးကွဲပေါင်းများစွာ ရှိပါတယ်။ အားလုံးထဲမှာ Ubuntu က လူသိအများဆုံးပါ။ ဒါပေမယ့် အဲ့ဒီ့ Ubuntu ဆိုတာလည်း Linux မျိုးကွဲပေါင်းများစွာထဲက တစ်ခုပါပဲ။
 
Linux Distros ဟူသည်မှာ အဘယ်နည်း။
 
Linux ဟာ Windows မဟုတ်သလို Mac OS X နဲ့လည်း မတူပါဘူး။ Windows မှန်သမျှကို Microsoft ကပဲဖန်တီးပြီး Windows အသစ်ဖန်တီးနိုင်ခွင့်ကိုလည်း Microsoft ကပဲ ပိုင်ဆိုင်ပါတယ်။ တကယ်လို့ Operating System ရွေးချယ်မှုမှာ Windows တစ်ခုတည်းကိုပဲ ပထမဦးစားပေး ထားမယ်ဆိုရင် ကျွန်တော်တို့တွေအားလုံး Microsoft ကချပြတဲ့ လက်ရာတွေကိုပဲ ရွေးချယ်မြည်းစမ်းနိုင်ပါလိမ့်မယ်။ သူတို့ရဲ့ Operating System မှာ ဘာအားနည်းချက်တွေ ရှိနေနိုင်လဲ ကျွန်တော်တို့ မသိနိုင်ဘူး။ ခုနောက်ပိုင်း တအားလူပြောများလာတဲ့ Privacy ပိုင်းဆိုင်ရာ လုံခြုံမှု ဘယ်လောက်ရှိမလဲ ကျွန်တော်တို့ နားမလည်နိုင်ဘူး။
 
Linux ကတော့ သူတို့တွေနဲ့ တော်တော်လေးကွဲပြားတယ်။ Linux Operating System က Microsoft တို့ Apple တို့လို အဖွဲ့အစည်းတစ်ခုတည်းက ထုတ်လုပ်တာ မဟုတ်ဘူး။ Linux ကို မတူညီတဲ့ အဖွဲ့အစည်း အသီးသီးက ပညာရှင်တွေပေါင်းစည်းပြီး မတူညီတဲ့ကဏ္ဍမျိုးစုံကနေ ဖွဲ့စည်းတည်ဆောက် နေကြတာပါ။ အဲ့ဒီ့မတူညီတဲ့ကဏ္ဍမျိုးစုံထဲမှာ Linux Kernel လို့ခေါ်တဲ့ (OS တစ်ခုရဲ့ ပင်မကျောရိုး)၊ GNU Shell Utilities လို့ခေါ်တဲ့ (ကျွန်တော်တို့ သုံးရတဲ့ Commands တွေနဲ့ Terminal ပိုင်းဆိုင်ရာ)၊ X Server လို့ခေါ်တဲ့ (Graphical Desktop ထုတ်လုပ်မှုပိုင်း) နဲ့ အဲ့ဒီ X Server ပေါ်မှာ Run နိုင်ဖို့ ဖန်တီးရတဲ့ Desktop Environment …. ဆိုပြီး ကဏ္ဍမျိုးစုံပါဝင်ပါတယ်။ ဒါတင်မက System Services, Graphical Programs, Terminal Commands ဆိုတာတွေကလည်း သူ့အစိတ်အပိုင်းအလိုက် ကဏ္ဍခွဲပြီး ပညာရှင်တွေက ဖန်တီးနေကြပါတယ်။ နေရာမျိုးစုံကနေ ကဏ္ဍခွဲပြီး ဖန်တီးနေကြတယ်ဆိုပေမယ့် သူတို့အားလုံးရဲ့ တူညီတဲ့ပန်းတိုင်က ဖန်တီးထားသမျှကို မကွယ်ဝှက်ပဲ တစ်ခြားသူတစ်ဦးကို ဆက်လက်ဖန်တီးခွင့်ပေးတဲ့ Open-Source Software ဖြစ်စေတဲ့ အချက်ပါ။
 
Open-Source Software ဖြစ်ခြင်း/မဖြစ်ခြင်းဟာ နည်းပညာဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ကျွန်တော်တို့နိုင်ငံအတွက် သိပ်အရေးမပါလှပေမယ့် ဒီနေ့ကိုယ်မသေရင် မနက်ဖြန်သူသေ အပြိုင်ကျဲကြရတဲ့ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတွေအတွက် သိပ်ကိုထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပါ။ မရှေးမနှောင်းမှာ ခုထက်မြင့်မားတဲ့ ပညာရေးစနစ် ကျွန်တော်တို့နိုင်ငံ ရရှိခဲ့မယ်ဆိုရင် Open-Source ရဲ့ ကျေးဇူးတရားကြောင့် OS တစ်ခုရဲ့ တည်ဆောက်ပုံ၊ Applications တစ်ခု ဖန်တီးပုံတွေကို Source Code ကနေတဆင့် ကျွန်တော်တို့ လေ့လာခွင့်ရနိုင်သလို၊ နောင်တစ်ချိန်မှာ ကျွန်တော်တို့သာ Source Code တွေကို နားလည်တဲ့ ကျွမ်းကျင် Programmers တွေ ဖြစ်ခဲ့ရင် အပေါ်မှာ ပြောခဲ့တဲ့ Linux Kernel ကနေစလို့ Graphical Programs, Terminal Commands တွေအဆုံး မိမိစိတ်ကြိုက် ဖန်တီးပြင်ဆင်ခွင့် ရနိုင်ပါလိမ့်မယ်။ စိတ်ကြိုက်ဖန်တီး ပြင်ဆင်လို့ရမယ် ဆိုပေမယ့် ကဏ္ဍပေါင်းစုံမှာ ပညာရှင်ပေါင်းစုံက ဖန်တီးထားတဲ့ လက်ရာတွေကို တကယ်တမ်း ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ Linux Distros တစ်ခုဖြစ်လာဖို့ ပြန်လည်ပေါင်းစည်းကြတဲ့ အချိန်မှာ ထင်သလောက် မလွယ်တော့ပါဘူး။ အချိန်ပေါင်းများစွာ ပေးကြရတယ်။ ငွေပေါင်းများစွာ အကုန်အကျခံရတယ်။ ညှိနှိုင်းမှုပေါင်းများစွာ လုပ်ဆောင်ရတယ်။
 
missing-initramfs
 
Open-Source Projects က ဖြန့်ဝေထားတဲ့ Code ကိုယူ၊ လူတိုင်းအတွက် အရံသင့်သုံးနိုင်မယ့် OS တစ်ခု ဖြစ်လာဖို့ - အခက်အခဲများစွာကြားမှာ အကြိမ်ပေါင်းမနည်း Compiling လုပ်ပြီးမှ ရလာဒ်အဖြစ်နဲ့ ပေါ်ထွက်လာတဲ့ Operating System တစ်ခုကို တစ်ဦးတစ်ယောက်/ အဖွဲ့အစည်းတစ်ခုတည်းအတွက် သီးသန့်မရည်ရွယ်ဘဲ လူတိုင်းလွတ်လပ်စွာ သုံးစွဲနိုင်အောင် အခကြေးငွေမယူဘဲ ဖြန့်ဝေပေးခဲ့ကြတယ်။ ဒါတင်မကသေးဘူး အလကားသုံးခိုင်းယုံတင်မက ကိုယ်လိုချင်တဲ့ Desktop Environment၊ ကိုယ်သုံးချင်တဲ့ Browser ကနေစလို့ တစ်ခြား Software အားလုံးကိုလည်း ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်အောင် စီစဉ်ပေးထားသေးတယ်။ တစ်ချို့ Distros တွေမှာဆိုရင် OS တင်ပြီးမှ ကောင်းနိုးရာရာတွေကို တစ်ခုချင်းစီလိုက်ရှာ Install လုပ်ရတာမျိုး မဖြစ်အောင် အများစု နှစ်သက်လက်ခံပြီးသား Themes မျိုးတွေ၊ လူသုံးများတဲ့ Software တွေကို တစ်ခါတည်း OS နဲ့အတူ တွဲဖက်ပေးထားတတ်သေးတယ်။
 
တကယ်လို့ Software အသစ်သွင်းချင်တာ၊ အရေးကြီး Security Updates တွေပါတဲ့ Versions အသစ်ကို Upgrade လုပ်ချင်တာမျိုးဆိုရင်လည်း Linux Distribution တိုင်းမှာ Compile အသင့်လုပ်ထားပြီးသား Package ပုံစံနဲ့ စီစဉ်ပေးထားတတ်ပါတယ်။ Linux နဲ့ အကျွမ်းတဝင် မဖြစ်သေးတဲ့ သူတစ်ချို့အတွက် ဒီနည်းလမ်းက လွယ်မယောင်နဲ့ ခက်မလို ဖြစ်နေတတ်ပြီး အနေကြာသွားရင်တော့ Windows မှာသွင်းရတဲ့ Installer တွေထက် အများကြီး အလုပ်ရှုပ်သက်သာ တယ်ဆိုတာကို သတိထားမိလာပါလိမ့်မယ်။
 
selection008
 
Linux Distributions များ၏ကွာခြားချက်များမှာ အဘယ်နည်း။
 
Linux Distributions တိုင်းမှာ ကွာခြားချက် အနည်းနဲ့အများ ရှိကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း Distros အကြိုက်ချင်း မတူညီတတ်ကြပါဘူး။ တစ်ချို့က Closed-Source Software တွေမပါစေချင်တော့ Fedora ကိုကြိုက်ကြပြီး၊ တစ်ချို့က ကိုယ့်အတွက် သုံးရပိုလွယ်အောင် Closed-Source Software အသင့်ထည့်ထားပေးတတ်တဲ့ Mint ကို သဘောကျတတ်ကြပါတယ်။ သူတို့အားလုံးမှာ Default အနေနဲ့ပါတဲ့ Software တွေကလည်း မတူတတ်ကြဘူး။ ဥပမာအနေနဲ့ ဆိုရရင် - Ubuntu က Unity သုံးနေတဲ့အချိန်မှာ Fedora က GNOME Shell သုံးပြီး Mint ကျတော့ Cinnamon ဒါမှမဟုတ် MATE ကိုသုံးကြတယ်။
 window-selection-3.10
 
ကျွန်တော်တို့ သတိပြုရမယ့် အချက်တစ်ခုက တစ်ချို့ Distributions တွေဆိုရင် List ထဲကိုရောက်လာပေမယ့် သူ့ Distros ကို သိပ်အကြာကြီး Support မပေးတတ်ကြဘူး။ အဲ့လို Distros မျိုးဆိုရင်တော့ မသုံးခင်တည်းက ရှောင်သင့်ပါတယ်။ Ubuntu LTS တို့ Red Hat Enterprise Linux တို့ဆိုရင် Stable Distributions ဖြစ်နိုင်ဖို့ ဦးတည်ပြီး ဖန်တီးထားတာကြောင့် Security Updates တွေ Bug Fixes တွေကို အချိန်တော်တော်ကြာကြာထိ Support လုပ်ပေးတတ်ပါတယ်။
 
mythbuntu_8-04_screenshot
 
တစ်ချို့ Linux Distributions တွေက Desktop Computers တွေအတွက် ရည်ရွယ်တယ်။ တစ်ချို့ကျတော့ Servers တွေအတွက် ရည်ရွယ်ထားလို့ Graphical Interface မပါဘူး။ ပုံမှန်သမားရိုးကျ သုံးချင်သူတွေအတွက်ဆို Ubuntu။ OS ကို နည်းနည်းလေးလောက်ဖြစ်ဖြစ် ဟိုပြင်ဒီပြင်ပြင်ပြီးမှ သုံးချင်သူတွေအတွက်ဆို Arch Linux။ တစ်ချို့ကိုကျတော့ အိမ်မှာ ဖျော်ဖြေရေး PC တစ်လုံးလိုသုံးနိုင်အောင် စသဖြင့် ရည်ရွယ်ချက်မျိုးစုံနဲ့ ဖန်တီးထားတဲ့ Distros မျိုးစုံ ရှိပါသေးတယ်။
 
မည်သည့် Distros အား ရွေးချယ်သင့်သနည်း။
 
အခုဆို မတူညီကြတဲ့ Linux Distributions တိုင်းက မတူညီတဲ့ ရည်ရွယ်ချက်တွေ ရှိကြတယ်ဆိုတာ ကျွန်တော်တို့ တစေ့တစောင်း သဘောပေါက်ခဲ့ကြပြီ။ အဲ့တာကြောင့် ဘယ် Linux Distribution ကို ရွေးချယ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကလည်း သုံးစွဲသူရဲ့ လိုလားချက်နဲ့အကြိုက်ပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်ကတော့ Desktop User တစ်ယောက်မို့လို့ Ubuntu နဲ့ Mint ကို အားပြုပြီးသုံးတယ်။ Ubuntu ကိုသုံးခြင်းအားဖြင့် မြန်မာဘလော့တွေမှာ ကိုယ်သိချင်တဲ့ အကြောင်းအရာ အတော်များများ ရေးထားပြီးသားတွေ ရှိနေတယ်။ တခြား Fedora တို့ OpenSUSE တို့ Mageia တို့ စတဲ့ Distros တွေကျတော့ သုံးတဲ့သူများရင်တောင် မြန်မာဘလော့တွေမှာ များများစားစား သိပ်ရေးကြတာ မတွေ့ရသေးဘူး။ အဲ့လို Distros မျိုးတွေကို ကိုယ်ကစသုံးမယ်ဆိုရင်တော့ ကိုယ်တိုင်စပြီး မြေစမ်းခရမ်းပျိုး လုပ်ရပါလိမ့်မယ်။
 
5
 
အဲ့တာကြောင့် Linux Distributions တိုင်းမှာ မဖြစ်မနေရွေးချယ်သင့်ပြီး တစ်ယောက်ချင်းစီအတွက် သင့်တော်တဲ့ Right Distros ဆိုတာ မရှိသလို ရွေးချယ်စရာများပေမယ့် စိတ်ရှုပ်စရာမရှိတဲ့ Linux Distributions ပေါင်းများစွာကြားက ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် Distros တစ်ခုကို ရွေးချယ်နိုင်စေဖို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါတယ်။

Maung Zin.

The easiest way to create PDF

PDF Format က ကွန်ပြူတာသုံးပြီး အလုပ်လုပ်နေကြရတဲ့ ရုံးသမားတွေ၊ ကျောင်းသူ/ကျောင်းသားတွေ၊ လုပ်ငန်းခွင်ဝင်နေတဲ့သူတွေအတွက် မသုံးမဖြစ်တဲ့ Format တစ်ခုလို့ဆိုရင် မှားမယ်မထင်ဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့အားလုံးရဲ့ ကွန်ပြူတာထဲမှာ ရှိနေတဲ့ Fonts တွေက စက်တစ်ခုနဲ့ တစ်ခု မတူကြဘူး။
 
ဆိုကြပါစို့ ... ကျွန်တော့်ကွန်ပြူတာထဲက Word နဲ့ဖန်တီးထားတဲ့ Document တစ်ခုကို USB ထဲထည့်ပြီး တစ်ခြား Print ထုတ်မယ့် စက်တစ်ခုမှာသွားတပ်ပြီးဖွင့်ရင် ကိုယ့် Document မှာ သုံးထားတဲ့ Fonts အတိုင်း တစ်ခြားစက်မှာပေါ်ဖို့ဆိုတာ မသေချာဘူး။ စက်တစ်ခုနဲ့တစ်ခုက သွင်းထားတဲ့ Fonts အမျိုးအစား ကွာခြားချက်ရှိတော့ ကိုယ်ရိုက်ထားတုန်းကအမှန်၊ သူ့စက်ရောက်တော့မှ လေးထောင့်ကွက်တွေ ဖြစ်ချင်ဖြစ်နိုင်သလို ကွိကွိကွကွစာတွေလည်း ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။
 
2014-02-25_9-17-55

 
အထူးသဖြင့် မြန်မာစာလုံးသုံးပြီး ရိုက်ထားတဲ့ Documents တွေမှာပိုပြီးတော့ အဖြစ်များတယ်။ အင်္ဂလိပ်စာလုံးတော်တော်များများက Font တစ်မျိုးမရှိလည်း တစ်ခြား Font တစ်မျိုးနဲ့ အစားထိုးဖော်ပြနိုင်ပေမယ့် Unicode တန်းမဝင်တဲ့ မြန်မာစာလုံးတွေမှာ မြန်မာစာလုံးချင်းတူတာတောင် တစ်ခုနဲ့တစ်ခု အစားထိုးပြီး ဖော်ပြမပေးနိုင်ကြဘူး။
အဲ့လိုပြဿနာမျိုးဖြစ်လာတဲ့အခါ ကိုယ့် Document မှာ သုံးထားတဲ့ Font အတိုင်း တစ်ခြားစက်မှာ ပေါ်နိုင်အောင် သူ့စက်ကို Fonts မျိုးစုံသွင်းဖို့ ကြိုးစားတာထက် ကိုယ့် Document ကို PDF format ပြောင်းထားပြီးမှ တစ်ခြားစက်မှာဖွင့်တာ ပိုအဆင်ပြေပါလိမ့်မယ်။ အဲ့တော့ ကိုယ်ဖန်တီးထားတဲ့ Document တစ်ခုကို PDF format ဖြစ်အောင် ပြောင်းလဲရမယ့် နည်းလမ်း ကျွန်တော်တို့ သိထားဖို့လိုလာတယ်။
 
Install a Virtual PDF Printer
 
ပထမနည်းအနေနဲ့ Virtual PDF Printer တစ်ခု ဖန်တီးပြီး Document တွေကို PDF အဖြစ် ပြောင်းလဲတဲ့နည်းလမ်းရှိပါတယ်။ PDF format ပြောင်းဖို့လေးတစ်ခုတည်းအတွက်နဲ့ ဘာကြောင့် Virtual PDF Printer တစ်ခုကို သီးသန့်ထပ်သွင်းရလဲဆို ကျွန်တော်တို့သုံးနေတဲ့ Windows မှာ PDF format ကိုပြောင်းပေးနိုင်တဲ့ ကောင်းကောင်းကန်းကန်း Built-in PDF Printer ဘာတစ်ခုမှ မပါဘူး။ Virtual PDF Printer အမျိုးမျိုးရှိတဲ့ထဲက လူသုံးများတာ CutePDF Writer ပါ။ အရင်တုန်းကတော့ ကျွန်တော် DoPDF တို့ PrimoPDF တို့သုံးတယ်။ နောက်တော့ NovaPDF သုံးတယ်။ သူတို့တွေလည်း Virtual PDF Printer တွေပဲ။ တစ်ခုချင်းစီမှာ အားသာချက်၊ အားနည်းချက်တွေတော့ ကိုယ်စီရှိတယ်။
 
တစ်ချို့ Virtual PDF Printer တွေက Freeware မဟုတ်ဘူး။ တစ်ချို့က ခုနောက်ပိုင်း တွင်ကျယ်လာတဲ့ Unicode စာလုံးတွေကို PDF ပြောင်းတဲ့အချိန်မှာ ပုံစံမှန်မှန်နဲ့ ဖော်ပြမပေးနိုင်ဘူး။ သူ့အတွက် သုံးနည်းကလည်း လွယ်တယ်။ Software ကို Install လုပ်ပြီး ကိုယ် PDF ပြောင်းချင်တဲ့ Document တစ်ခုကိုဖွင့်ထား၊ နောက်ပြီး Ctrl+P နှိပ်လိုက်တာနဲ့ အောက်မှာ ဖော်ပြထားသလို Box မျိုးတက်လာပြီး အဲ့ကနေမှတဆင့် Print ကိုနှိပ်လိုက်ရင် ကျွန်တော်တို့လိုချင်နေတဲ့ PDF ပြောင်းထားပြီးသား Document ကို ရတယ်။
 
2014-02-25_11-40-56
 

Use an Application's Bilt-in PDF Support
 
နောက်တစ်နည်းက တစ်ချို့ Applications တွေမှာပါတဲ့ PDF Export Functions ကနေတဆင့်လည်း PDF အဖြစ် ပြောင်းယူလို့ရတယ်။ ဥပမာအနေနဲ့ပြောရရင် -
Google Chrome - Menu ကနေ Print ကိုနှိပ် Destination ရွေး Save as PDF ဆိုပြီး ပြောင်းလို့ရတယ်။
Microsoft Office - Office 2013 မှာ ဆိုရင် အောက်မှာ ဖော်ပြထားသလို File > Export ကနေတဆင့် Create PDF ဆိုပြီး ပြောင်းလို့ရတယ်။ Office 2010 မှာလည်း ထိုနည်း၎င်းပဲ။
 
2014-02-25_11-49-31

 
ဒီနည်းကို အဓိကအားပြုသုံးမယ်ဆိုရင် အပေါ်မှာ ပြောထားတဲ့ Virtual PDF Printer ဆိုတာမျိုးတောင် Install လုပ်ဖို့မလိုဘူး။
 
Convert to PDF from XPS
 
တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် တစ်ခြားသူတစ်ယောက်ရဲ့ စက်ကို သုံးနေရတဲ့အချိန်မှာ Software သွင်းပိုင်ခွင့် Permission လည်း ကိုယ့်မှာ မရှိဘူးဆိုရင် PDF ပြောင်းဖို့ ပထမအဆင့်အနေနဲ့ Microsoft XPS Document Writer printer ကိုသုံးပြီး ကိုယ့် Document ကို XPS file အနေနဲ့ ပြောင်းယူလိုက်ပါ။ တစ်ခုရှိတာ Microsoft XPS Document Writer printer က Windows Vista, 7, 8 or 8.1 တွေမှာပဲ ပါတယ်။ ရလာတဲ့ XPS file ကိုမှ XPS2PDF ဆိုတဲ့ Online PDF Converter ကိုသုံးချင်သုံး ဒါမှမဟုတ် Virtual PDF Printer သွင်းထားတဲ့စက်ဆီ ယူသွားပြီး PDF အဖြစ်ပြောင်းယူ စတဲ့နည်းတွေနဲ့ PDF အဖြစ်ဖန်တီးနိုင်ပါတယ်။
 
2014-02-25_12-03-29
 

Create PDFs from Websites
 
ကိုယ့်စက်မှာ Virtual PDF Printer လည်း မတင်ထားဘူး။ Webpage တစ်ခုကိုလည်း PDF အဖြစ်ပြောင်းပြီး သိမ်းထားချင်တယ်ဆိုရင် Web-based tool တစ်ခုဖြစ်တဲ့ Web2PDF သုံးပြီး ကိုယ်သိမ်းထားချင်တဲ့ Web စာမျက်နှာတွေကို PDF file အဖြစ် ဒေါင်းလုပ်ချပြီး သိမ်းထားနိုင်ပါတယ်။
 
2014-02-25_12-20-53

 
ခုဖော်ပြခဲ့တဲ့နည်းတွေထဲက PDF ဖန်တီးဖို့ ကြိုက်နှစ်သက်ရာနည်းကိုသုံးပါ။ အားလုံးထဲမှာ Virtual PDF Printer သုံးပြီး PDF ဖန်တီးတာကတော့ အမြန်ဆုံးနဲ့ အလွယ်ဆုံးဖြစ်လိမ့်မယ်လို့ ကျွန်တော် ယူဆမိပါတယ်။
 
Maung Zin.

TechSectors has been Deleted and Reinstated

စာပုံမှန် ပြန်ရေးနိုင်ဖို့ ကြိုးစားနေတာ တကယ်တော့ ရက်ပိုင်းလောက်ပဲ ရှိသေးတယ်။ အားတယ် မအားဘူးဆိုတာထက် ကိုယ်တိုင်လည်း စာဖတ်ဖြစ်သွားအောင် (၃) ရက်ခြားတစ်ပုဒ်နှုန်းလောက် ရေးမယ်လို့ စိတ်ကူးပြီး စရေးတဲ့ အချိန်မှာ Blogger Team ရဲ့ မျှော်လင့်မထားတဲ့ ကြိုဆိုမှုကို စရတယ်။

Google ရဲ့ Automated System က ဘလော့ကို SPAM Blog လို့သတ်မှတ်ပြီး ဘာမပြော ညာမပြောနဲ့ တစ်ခါတည်း Delete လုပ်ပစ်လိုက်တာ။ တော်တော်အံ့သြသွားတယ်။ ဘလော့ရေးခဲ့တာ ၇ နှစ်ကျော်ပြီ။တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။ ဘလော့က Broken Links တွေ လိုက်ပြင်နေရင်းနဲ့ ချက်ချင်းကြီး Blog not found. ဖြစ်သွားတယ်။

ခဏနေတော့ Mail ထဲကို Blogger Team နေ စာတစ်စောင် ဝင်လာတယ်။

2014-02-21_18-45-32

Restore Buttom လေးတွေ့လို့ နှိပ်တော့ တကယ် Spam Blog ဟုတ်မဟုတ် Blogger Team ကနေ ပြန်စစ်ဖို့ ၂ ရက်ကြာမယ် ပြောတယ်။ တော်တော် စိတ်ပျက်သွားတာပေါ့။ Automated System က ဘာမပြော ညာမပြောနဲ့ Delete လုပ်လိုက်တဲ့အချိန်မှာ Post အသစ်က ၃ ခုလောက် ရေးပြီးပြီ။ Backup မလုပ်ထားမိဘူး။ နောက်ပြီး ပို့စ်အဟောင်းတွေ ပြန်လိုက်ပြင်နေတာလည်း အပုဒ် ၂၀ လောက် ပြင်ထားပြီးနေပြီ။ (၂)ရက်စောင့်လို့မှ အကြောင်းမပြန်ရင် ဘလော့မရေးတော့ဘူးဆိုတဲ့ စိတ်မျိုးတောင် ဖြစ်သွားပြီ။ ဒါပေမယ့် ကံကောင်းပါတယ်။ (၁)ရက်ပဲ ကြာတယ်။ Blogger Team က စာပြန်ဝင်လာတယ်။

2014-02-21_18-46-35

အမှတ်တရပါပဲ။ နောက်ဆို ဘလော့ကို ခဏခဏ ဖျက်လိုက် Reinstall လုပ်လိုက် လုပ်တာမျိုး ရှောင်ရမယ်။ တနေ့တည်းနဲ့ ပို့စ်အများကြီး ပြင်တာမျိုးလည်း ရှောင်ရတော့မယ်။

Maung Zin.

How To Insert Dummy Text in Microsoft Word

စာစီစာရိုက်သမားတွေ၊ Graphic Design လုပ်ငန်း လုပ်ကိုင်နေသူတွေ အတော်များများ ရင်းနှီးကြပေမယ့် ပုံမှန်ကွန်ပြူတာအသုံးပြုသူတွေ မကြာခဏ မြင်တွေ့ရလေ့ရှိပြီး နားမလည်နိုင်တဲ့ Dummy Text တွေအကြောင်း မိတ်ဆက်ပေးချင်မိတယ်။ 

အဲ့တာကတော့ Blogger Templates မကြာခဏ လဲပြီး သုံးတတ်တဲ့သူတွေ Preview ကြည့်တိုင်း အမြဲလိုလိုတွေ့ရတတ်တဲ့ Sample Posts တွေထဲက Lorem ipsum နဲ့စတဲ့ စာသားတွေပါ။




Dummy Text ဆိုကတည်းက သူ့မှာ စာသားပဲရှိတယ်။ စာလုံးတွေက လက်တင်စာလုံးတွေနဲ့ ဆင်တယ်။ ဒါပေမယ့် အဓိပ္ပါယ်ကတော့ လောက်လောက်လားလား ဘာမှမရှိဘူး။ အဲ့ဒီ lorem ipsum လို့ခေါ်တဲ့ အဓိပ္ပါယ်တိတိကျကျမရှိ ဘာရေးထားမှန်းမသိတဲ့ စာသားတွေကိုပဲ စာစီစာရိုက်လုပ်ငန်းတွေ၊ ဂျာနယ် မဂ္ဂဇင်းထုတ်ဝေရေးလုပ်ငန်းတွေ၊ Graphic Design လုပ်ငန်းတွေမှာ Placeholder Text အနေနဲ့ တအားအသုံးပြုကြတယ်။ ဘာလို့လည်းဆိုတော့ စာဖတ်သူစိတ်ဝင်စားအောင် ဘယ်စာသားကို ဘယ်နေရာမှာ ထားမယ်။ ဘယ်ဖောင့်ကို ဘယ်နေရာမှာသုံးမယ်၊ Layout ဘယ်လို ခင်းမယ်ဆိုတာ ကြိုတင်နေရာချကြည့်ချင်တဲ့ ရည်ရွယ်ချက်နဲ့ သုံးကြတာပါ။

အရင်တုန်းက Lorem ipsum ကို နားမလည်တော့ ရုံးလုပ်ငန်းမှာ စာရိုက်ဖို့ နေရာချချင်ရင် အခက်အခဲ ခဏခဏ ဖြစ်တယ်။ မြန်မြန်အလွယ်နေရာချလို့ရအောင် တခြားရိုက်ထားတဲ့စာတစ်စောင်ကနေ Copy > Paste လုပ်ရင် အဲ့စာမှာ ထည့်ထားတဲ့ Format က ဒီဘက်စာထိ ဝင်လာတတ်တယ်။ မြန်အောင်ဆိုပြီး


ကကကကကကကကကကကကကကကကကကကကကကကကကကကကကကက

ဆက်တိုက် Key ကို နှိပ်ထားပြန်တော့လည်း ပုဒ်ဖြတ်၊ပုဒ်မနဲ့ ရေးတာမဟုတ်တော့ စာကြောင်း Format ချတဲ့အချိန်မှာ ပြဿနာတက်ပြန်ရော။

အဲ့ပြဿနာအတွက် အဖြေကျွန်တော်တို့မှာ ရှိပါတယ်။ Microsoft Word ကို သုံးနေတဲ့အချိန် Document ထဲမှာ Layout ချဖို့နဲ့၊ ဘယ်နေရာမှာ ဘယ်လို Typography သုံးမယ်ဆိုတာ ဆုံးဖြတ်နိုင်ဖို့ Lorem Ipsum Online Generator တွေ လိုက်ရှာသုံးနေစရာမလိုပဲ Word မှာ အရံသင့် ပါဝင်ပြီးသား နည်းနဲ့ အသုံးပြုနိုင်ပါတယ်။


4
အသုံးပြုနည်းကလည်း ခက်ခက်ခဲခဲ မရှိပါဘူး။ အပေါ်မှာ ဖော်ပြထားတဲ့အတိုင်း Word ထဲမှာ =lorem() လို့ ရိုက်လိုက်ရင် Paragraph သုံးခု ပါတဲ့ Lorem Ipsum characters တွေကို Document ထဲမှာဖြည့်ပေးပါလိမ့်မယ်။ တကယ်လို့ စာကြောင်းအရေအတွက်နဲ့ စာပိုဒ်ပမာဏကို ကန့်သတ်ချင်တယ် ဆိုရင်လည်း နည်းရှိတယ်။ အောက်မှာဖော်ပြထားတဲ့ Function အတိုင်းသုံးကြည့်ပါ။
=lorem(Number of Paragraphs, Number of Lines)
သူ့ရဲ့အဓိပ္ပါယ်ကတော့ =lorem(2,5) လို့ ရိုက်မယ်ဆိုရင် စာကြောင်း ငါးကြောင်းနဲ့ ဖွဲ့စည်းထားပြီး စာပိုဒ် နှစ်ပိုဒ်ပါဝင်တဲ့  Lorem Ipsum စာသားတွေ Word မှာ ဖြည့်ပေးပါလိမ့်မယ်။ Parameters တွေက မထည့်မနေရ မဟုတ်ပါဘူး။ ဘာမှမထည့်ပေးလည်း Default အနေနဲ့ စာပိုဒ်သုံးပိုဒ် စာကြောင်းငါးကြောင်း ပါတဲ့ Lorem Ipsum စာသားတွေ ဖြည့်ပေးပါတယ်။
 
အထက်မှာ ဖော်ပြခဲ့တဲ့ lorem() function က Word 2007 နဲ့ နောက်ပိုင်း Version တွေမှာ ပဲသုံးလို့ရပါတယ်။ တကယ်လို့ 2007 အရှေ့က Office ကိုသုံးနေတယ်ဆိုရင် အရင်ကျွန်တော်တို့ သိထားတဲ့ rand() function နဲ့ အစားထိုး သုံးလို့ရပါတယ်။ တကယ်လို့ lorem() generator ကို အပေါ်မှာဖော်ပြခဲ့သလို သုံးလို့ မရဖြစ်နေမယ်ဆိုရင် Auto Correct Options ထဲက“Replace text as you type” ကို turned off လုပ်ထားလို့ ဖြစ်ပါလိမ့်မယ်။
 
Maung Zin.

How To Make A Perfect Resume

ဒီဘက်ခေတ်မှာ လုပ်ငန်းခွင်ဝင်နေကြတဲ့ လူငယ်တိုင်း ကိုယ်ရေးအကျဉ်းဆိုတာနဲ့ ရင်းနှီးဖူးကြတယ်။ အလွယ်ပြောကြတာတော့ Resume ပေါ့။ ရင်းနှီးဖူးကြတယ်ဆိုပေမယ့် Resume ရဲ့ အရေးပါမှုကိုတော့ ဒီလောက်ကြီးထိ အသိအမှတ် မပြုကြသေးဘူး။ ဘာလို့လည်းဆိုတော့ အရင်တုန်းက ကျွန်တော်တို့နိုင်ငံမှာ Resume ထက် Background ကို ကြည့်ပြီး လက်ခံတာ ပိုများတယ်။ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးကျွမ်းဝင်မှုရှိတာ၊ မကင်းရာမကင်းကြောင်း ပတ်သတ်နေတာ စသဖြင့် လုပ်ငန်းကျွမ်းကျင်မှုဆိုတာထက် Personal ပတ်သတ်မှုကို ပိုအရေးပေးပြီး အလုပ်ခန့်တတ်ကြတော့ Resume ဆိုတာ လုပ်ထုံးလုပ်နည်းအရ ထည့်ပေးရတဲ့သဘောမျိုး အနေနဲ့ပဲ ရှိခဲ့တယ်။
 
clip_image002
 
Photo >> http://www.careerigniter.com/

ဒါပေမယ့် ခုနောက်ပိုင်း ပွင့်လင်းမြင်သာတဲ့ ခေတ်ရောက်လာတော့ ရင်းနှီးကျွမ်းဝင်မှုကို အရင်ကလောက် ဦးစားမပေးတော့ဘူး။ အတွန်းအတိုက်များတဲ့ နည်းပညာခေတ်မှာ ပုဂ္ဂိုလ်ရေးရာ ရင်းနှီးကျွမ်းဝင်မှုက လုပ်ငန်းခွင် အရည်အသွေးနိမ့်ကျစေတတ်တာ ဘယ်သူမှ မငြင်းနိုင်တော့ဘူးလေ။ ကျွမ်းကျင်တာချင်းတူရင် မကင်းရာမကင်းကြောင်း ပတ်သတ်မှုကို ဦးစားပေးနိုင်တယ်ဆိုပေမယ့် အခြေခံအချက်က လုပ်ငန်းခွင် ကျွမ်းကျင်မှုဆိုတာကို ဦးစားပေးလာကြပြီ။ ဘယ်အလုပ်ပဲခေါ်ခေါ် Experience ဘယ်လောက်ရှိရမယ် ဆိုတာတွေတွေ့လာရပြီ။
 
လူတစ်ယောက် လုပ်ငန်းခွင်ကျွမ်းကျင်မှု ဘယ်လောက်ရှိတယ်၊ စီမံခန့်ခွဲနိုင်မှု ဘယ်လောက်ကောင်းတယ် ဆိုတာ တကယ်တော့ ချက်ချင်းဆုံးဖြတ်လို့ ရနိုင်တာမျိုး မဟုတ်ဘူး။ အဲ့တော့ အလုပ်လျှောက်လာသူတစ်ယောက်ရဲ့ အရည်အသွေးကို အမှန်ဆုံးမဟုတ်တောင် အနီးစပ်ဆုံး ခန့်မှန်းနိုင်ဖို့ လုပ်ငန်းရှင်တိုင်းက Resume ဆိုတာကို အလေးထားလာကြတယ်။ တစ်ဖက်မှာလည်း လုပ်ငန်းခွင်ဝင်မယ့် လူတစ်ယောက်အတွက် Resume တစ်ခုကို ကိုယ့်လုပ်ငန်းရှင် စိတ်ဝင်စားအောင်၊ ကိုယ့်ရဲ့ Ability ကို ထင်သာမြင်သာရှိအောင် တင်ပြတတ်ဖို့ လိုလာတယ်။
 
အဲ့တော့ လုပ်ငန်းခွင်ဝင်မယ့် လူငယ်တွေအတွက် လုပ်ငန်းရှင်တစ်ယောက်ရဲ့ အမြင်မှာ တင့်တယ်စေမယ့် Resume ကောင်းတစ်ခုဖြစ်အောင် ဘယ်လိုပြင်ဆင်ကြမလဲ။ လုပ်ငန်းကျွမ်းကျင်မှု အထိုက်လျောက်ပဲရှိပေမယ့် Impressive ဖြစ်စေမယ့် Resume ကောင်းတစ်ခု ဖန်တီးနိုင်ဖို့ ဘယ်ကနေစကြမလဲ။ 

Resume တစ်ခု ဖန်တီးတော့မယ်ဆိုရင် စိတ်ထဲရှိတာ အကြမ်းခြစ်ပြီး စာစီတာမျိုးထက် Resume တစ်ခုမှာပါသင့်တဲ့ အကြောင်းအရာတွေကို နဂိုတည်းက Format ချထားပြီးသား Resume Templates မျိုးတွေ သုံးစေချင်တယ်။ Resume Templates ကိုသုံးခြင်းအားဖြင့် အားသာချက်အနေနဲ့ Resume တစ်ခုစရေးဖို့ ဘယ်အချက်တွေကို အခြေခံရမလဲဆိုတာ ရှည်ရှည်ဝေးဝေး တွေးနေဖို့ မလိုတော့ဘူး။ ကိုယ့်ရဲ့ အရည်အသွေးကို တစ်ဖက်လူမြင်သာအောင် ဘယ်လိုရေးမလဲဆိုတဲ့ အချက်တစ်ခုတည်းကို အာရုံစိုက်ထားလို့ ရတယ်။
 
clip_image003
 
Resume လို့ ပြောလိုက်ရင် စာစီဖို့အတွက် Microsoft Word ကို အရင်ဆုံး ပြေးမြင်မိလိမ့်မယ်။ ပုံမှန် Computer သုံးတဲ့သူတစ်ယောက်အနေနဲ့ Professional-looking Resume ဖြစ်ဖို့ဆို Format ချနေတာနဲ့တင် အချိန်ကုန်နိုင်တယ်။ Office Web Apps မှာဆိုလည်း Resume Templates ပေးထားတယ်ဆိုပေမယ့် များများစားစား မရှိဘူး။ အဲ့တော့ Resume Templates ကို သုံးဖို့ဆိုရင် Microsoft Office ထက် Google Docs ကို သုံးစေချင်တယ်။ Google Docs Template Gallery မှာ အသင့်သုံးနိုင်တဲ့ Resume Templates တော်တော်များများ ရှိသလို Google Account တစ်ခုရှိယုံနဲ့ Search box မှာ Resume လို့ ရိုက်ပြီး အသင့်သုံး Resume Templates တွေတန်းသုံးနိုင်တယ်။
 
clip_image005
 
Resume Templates တွေများလို့ ရွေးရခက်နေရင် မသုံးသေးခင် Preview ကြည့်လို့ရတယ်။ Preview ကြည့်ခြင်းအားဖြင့် ကိုယ်လိုချင်တဲ့ အချက်တွေပါမပါ၊ ကိုယ်ရေးချင်တဲ့ Design မျိုးဟုတ်မဟုတ် တစ်ခါတည်း တန်းသိနိုင်တယ်။
 
clip_image006
 
စာသားတွေ ပြင်ချင်တာ၊ Font Size တွေ ပြောင်းချင်တာ၊ တစ်ခြားအကြောင်းအရာတွေ ဖြည့်ချင်တာ အားလုံးအတွက် Google Docs မှာ အကုန်အသင့်ရှိတယ်။
 
clip_image007
 
အကြောင်းအမျိုးမျိုးကြောင့် ချက်ချင်း မရေးချင်သေးဘူးဆိုရင် Resume Templates ကို ကိုယ့်စက်ထဲ Download ချထားပြီး နောက်မှ ရေးလို့ရတယ်။
 
clip_image008
 
နောက်ဆုံးတစ်ချက်ကတော့ Resume Templates ကို အသုံးချင်တဲ့ သူတွေအတွက် Internet ထဲမှာ Resume Builder ဆိုတာတွေလည်း ရှိသေးတယ်။ သူတို့တွေက Online Resume Builder တွေမို့လို့ တစ်ခြား ဘာမှမလိုဘူး။ ကိုယ့်ရဲ့ ကိုယ်ရေးအကျဉ်းကို သူပေးထားတဲ့ Templates တွေထဲက ကြိုက်ရာကိုရွေးပြီး သူမေးတဲ့ အချက်အလက်တွေ ဖြည့်လိုက်တာနဲ့ နောက်ဆုံးမှာ Resume တစ်ခါတည်း တန်းထုတ်ပေးတယ်။ စမ်းကြည့်ချင်ရင် အောက်မှာ Online Resume Builder ဖန်တီးပေးတဲ့ နေရာတစ်ချို့ ဖော်ပြထားပါတယ်-
ခုလောက်ဆိုရင် လုပ်ငန်းခွင်ဝင်မယ့် လူငယ်တွေအတွက် Resume တစ်ခုဖန်တီးဖို့ လိုအပ်မယ့် အခြေခံအချက်တွေ၊ အသုံးပြုနိုင်မယ့်နည်းလမ်းတွေ အတိုင်းအတာတစ်ခုထိ သိရှိနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွမ်းကျင်ရာ အသက်မွေးဝမ်းကျောင်းမှုမှာ ပျော်ရွှင်စွာ ရပ်တည်နိုင်ကြပါစေ။
 
Maung Zin.

Easily Download APK Files from Google Play Store

ကျွန်တော့်မှာ Huawei c8600 အမျိုးအစား ဖုန်းတစ်လုံးရှိတယ်။ တော်တော်တော့ ဒိတ်အောက်နေပြီ။ ဒါပေမယ့်လည်း လောလောဆယ်ထိတော့ အဲ့ဖုန်းလေးကိုပဲ ဖတ်တွယ်နေရတုန်းပဲ။ သူနဲ့ပဲ အင်တာနက်သုံးရတယ်။ ခုရေးနေတဲ့ Posts တွေကလည်း သူ့ကျေးဇူးနဲ့ပဲ ရေးနိုင်တာပဲ။

i417P55RzjnkJon6Oxk5c37xMf7D45

Model ကတော်တော်ဟောင်းသွားတော့ ဒီဖုန်းက ခုလက်ရှိ ဖုန်းတော်တော်များမှာ သုံးနိုင်တဲ့ Android Apps တွေ သုံးလို့မရတော့ဘူး။ ဂိမ်းတော်တော်များများလည်း ဆော့လို့မရဘူး။ Google Play Services တင်လို့မရတာ အဆိုးဆုံးပဲ။ Facebook Apps ကတော့ ဒီလောက်ကြီး သိပ်မသုံးတော့ တင်လို့မရလည်း စိတ်မဝင်စားဘူး။

ပြဿနာက အဲ့မှာစတယ်။ Google Play Services တင်မရတော့ လိုချင်တဲ့ Updated Android Apps တွေ ဒေါင်းလုပ်ချရတာ မလွယ်တော့ဘူး။ Dolphin Browser သုံးပြီး ဝင်ပြန်တော့လည်း Compatiable ဖြစ်မဖြစ်စစ်ပြီး တစ်ခါတည်း Install တန်းလုပ်ခိုင်းတယ်။ Google Play တင်မရလည်း 1 mobile market ဆိုတာတော့ ရှိတယ်။ ဒါပေမယ့် သူက Google Play လောက် စုံစုံလင်လင်မရဘူး။ ထားပါတော့။ ပြဿနာတွေက ပြောရင်ကုန်နိုင်မယ် မထင်ဘူး။

လိုချင်တဲ့ အဓိက Target က Google Play Services တင်မရလည်း Google Play မှာရှိတဲ့ Apps တွေ Games တွေထဲက ကိုယ်လိုချင်တာတွေကို နောက်လည်း ပြန်သုံးလို့ရအောင် Offline Download ယူထားချင်တယ်။ တစ်ခြားသူတွေကိုလည်း Share ချင်တယ်။ မြင်သာမြင်ရ မကြင်ရတဲ့ ဘဝမျိုး မဖြစ်ချင်ဘူး။ အဲ့အတွက် နည်းရှိတယ်။

Evozi - သူက Android App Developer - သူ ဖန်တီးထားတဲ့ Online APK download app က သုံးရတာ တော်တော်လေး အဆင်ပြေတယ်။ Google Play Store မှာ ရှိနေတဲ့ Free ပေးထားတဲ့ Android apps အားလုံးကို one-click download လုပ်လို့ရအောင်  စီစဉ်ပေးထားတယ်။ အဲ့ဒီ Downloader App ကိုသုံးဖို့ အောက်က Link ကနေ သွားပါ-
http://apps.evozi.com/apk-downloader/

2014-02-16_18-16-25

စသုံးတော့မယ်ဆိုရင် Google Play Store က ကိုယ်လိုချင်တဲ့ App ရဲ့ URL ကို Copy ကူး -

2014-02-16_18-19-03

2014-02-16_18-20-56

ပြီးရင် အောက်မှာ ပြထားတဲ့အတိုင်း Google Play URL နေရာမှာ ထည့်ပြီး Generate Download Link ကိုနှိပ် -

2014-02-16_18-22-51

နောက် ခဏနေရင် ပေါ်လာမယ့် Click here to download ကနေ ဒေါင်းလုပ်ချလိုက်ရင် ကိုယ်လိုချင်တဲ့ Apps ရပြီ။

2014-02-16_18-23-40

သူ့ရဲ့လုပ်ထုံးလုပ်နည်းက ကျွန်တော်တို့တွေ URL ထည့်ပြီး Generate လုပ်လိုက်တာနဲ့ Google Play မှာ ရှိတဲ့ဖိုင်ကို Own Servers ဆီရောက်အောင် ဆွဲတင်ပြီး ဒေါင်းလုပ်ချလို့ရအောင် လုပ်ပေးတယ်။ တဆင့်ခံပြန်တင်ပေးတာမျိုးမဟုတ်ပဲ Google Play ကနေ တိုက်ရိုက်ဆွဲခေါ်ထားတာမို့လို့ တစ်ခြား Malware တွေပါမှာလည်း ပူဖို့မလိုတော့ဘူး။ တစ်ခုရှိတာ App Privacy ကို ထိန်းတဲ့အနေနဲ့ Google Play Store မှာ Free ပေးထားတဲ့ Apps တွေကိုပဲ ဒေါင်းလုပ်ချလို့ရမယ်။ ပိုက်ဆံပေးဝယ်မှ ရမှာတွေကိုတော့ ဒီနည်းနဲ့ ဒေါင်းလုပ်ချလို့ ရမှာ မဟုတ်ဘူး။

Maung Zin.

11Dreams.net To TechSectors

စာမရေးတာ နှစ်နဲ့ချီပြီး ကြာခဲ့တော့ စာတစ်ကြောင်းပြန်ရေးဖို့ကိုတောင် တော်တော်လေး အပြန်ပြန် အလှန်လှန် စဉ်းစားနေရတယ်။


မြန်မာနိုင်ငံပြန်ရောက်ပြီး နောက်ပိုင်း အကြောင်းအရင်း (၅)ခုကြောင့် စာမရေးဖြစ်ခဲ့ဘူး-
  • အင်တာနက် လက်တစ်ကမ်းမှာ မရှိဘူး။
  • Blog ကို ဇော်ဂျီကနေ ယူနီကုတ်ပြောင်းပြီးနောက်ပိုင်းမှာ Forum မှာ ဇော်ဂျီနဲ့ ဘလော့မှာ သုံးတဲ့ ယူနီကုတ်ကြား ပြဿနာတော်တော် တက်ခဲ့တယ်။
  • အရင်ကသုံးခဲ့တဲ့ Domain Name (11dreams.net) က Expired ဖြစ်သွားတော့ တစ်နှစ်စာ Register ပြန်လုပ်ဖို့ အဆင်မပြေတာနဲ့ အချိန်တစ်ခုစောင့်နေမိတယ်။
  • အရင်ရေးခဲ့တဲ့ ဖိုရမ်မှာလည်း အခုတော့ ရေးမယ့်သူလည်းမရှိ ဖတ်မယ့်သူလည်းမလာနဲ့ ဝင်မရေးဖြစ်တာ တော်တော်ကြာသွားတယ်။
  • ပြန်ရေးမယ်လုပ်ပြန်တော့ Blog မှာ Broken Links တွေ တအားများနေတာရယ် Themes တွေ ပြောင်းတာများပြီး ယူနီကုတ်ပြဿနာ ဖြစ်တာရယ်တွေနဲ့ အချိန်မပေးချင်တော့ ပစ်ထားလိုက်တယ်။
ဒါပေမယ့် စိတ်တိုင်းကျတဲ့ Themes တစ်ခု ပြီးခဲ့တဲ့လက တွေ့ခဲ့တယ်။ အမျိုးမျိုး စမ်းသပ်ကြည့်ပြီး သဘောကျတော့ အရင်ကရခဲ့တဲ့ PageRanks အပျက်ခံပြီး အားလုံး တစ်ကနေ ပြန်စခဲ့တယ်။ လောလောဆယ် -
  • ဖြည်းဖြည်းချင်း Blog က Broken Links တွေပြန်ပြင်နေတယ်။
  • အရင်က ပြဿနာဖြစ်နေတဲ့ Unicode ပြဿနာလည်း တော်တော်လေး အဆင်ပြေသွားပြီ။ ဘယ် Browsers နဲ့ ကြည့်ကြည့် ပုံမှန်မြင်ရပြီ။
  • အင်တာနက်သုံးဖို့လည်း ၁၅၀၀တန် SIM Card တစ်ခု မဲပေါက်တော့ အင်တာနက်လျှောက်ပြီးသုံးတာ အဆင်ပြေနေတယ်။
  • Domain Name ကိုလည်း ပြန်ပြီး Registration လုပ်ဖို့ ကြိုးစားနေတယ်။
  • တစ်ချိန်က လူကြည့်များပြီး အသုံးဝင်ခဲ့တဲ့ Articles တွေကို PDF Version ပြန်ပြောင်းဦးမယ်။
  • သိပ်မကြာခင် Articles တွေလည်း အရင်လို ပြန်ရေးနိုင်တော့မယ်။
TechSectors.

What You Should Do After Buying A New PC

PC တစ်လုံး ဆင်ပြီးသွားပြီဆိုရင် အရင်ဆုံး လုပ်ရမယ့် အရာတွေက Operating System တစ်ခုခု တင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှု လုပ်ရပါမယ်။ 


(၁) Operating System ခွေ ကြိုတင်ရယူပါ။

OS တွေထဲမှာ လူသုံးများတာကတော့ Windows, Linux, Mac OSX, ... ဆိုတာတွေရှိတယ်။ တော်တော်များများကတော့ Windows သုံးကြတာများတယ်။ အဲ့တော့ ကိုယ့်စက်နဲ့ သင့်တော်မယ့် Windows အမျိုးအစား တစ်ခုခုကို စဉ်းစားပြီး တတ်နိုင်တယ်ဆိုရင်လည်း Windows ကို လိုင်စင်လေးနဲ့ ဝယ်သုံးပေါ့။ တကယ်လို့ မတတ်နိုင်ရင်လည်း Windows ခွေတွေကို Internet မှာ ကြိုက်သလို ဒေါင်းလုပ်ချလို့ရတယ်။ ဖိုရမ်မှာလည်း Operating Systems ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သီးခြား တင်ပေးထားတာတွေ ရှိတယ်။ Intel i5 လို့ရေးထားတာတွေ့တော့ RAM တို့ HD တို့ Graphic တို့လည်း သိပ်နည်းမယ် မထင်ဘူး။ အဲ့တော့ WIndows 7 Ultimate ဖြစ်ဖြစ် Windows 8 Pro ဖြစ်ဖြစ် တင်ပေါ့။ Windows တင်နည်းတွေကတော့ အင်တာနက်ထဲမှာ လူတော်တော်များများ မြန်မာလိုရေးထားတာရှိတယ်။ PDF လုပ်ပြီး တင်ပေးထားတာတောင် မနည်းမနောပဲ။ ကျွန်တော်ရှာကြည့်တာ ဒီနေရာမှာ တင်ပေးထားတဲ့ Window XP, 7, 8 Installation လုပ်ပုံလုပ်နည်း စာအုပ်လေး မဆိုးဘူး။ Windows မျိုးစုံ တင်နည်းစာအုပ် (Windows Vista, XP, 7, 8) တွေလိုချင်ရင်တော့ ဒီနေရာမှာ ယူလို့ရတယ်။ တကယ်လို့ CD/DVD တွေနဲ့ မတင်ချင်တာပဲဖြစ်ဖြစ် ကိုယ့်စက်မှာ Drive မပါရင်ပဲ ဖြစ်ဖြစ် Windows Vista, 7, 8 ကို ဆော့ဝဲမသုံးပဲ USB ကနေ တင်လို့ရတယ်။ နည်းကို ဒီနေရာမှာ ဖတ်ကြည့်လိုက်ပါ။ Format ချနည်း Partition ပိုင်းနည်း သိချင်ရင်လည်း ဒီနေရာမှာ ရေးထားတာရှိတယ်။ အဲ့ဒီ Blogger ကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုယ်တိုင်ဆို အဲ့တာတွေအားလုံး တစ်ထိုင်တည်း မရေးနိုင်ဘူး။ အခုတော့ အသင့်ခူးစားယုံလေးပဲ။ 

(၂) Driver ခွေ လက်ဝယ် ထားရှိပါ။ 

Windows တင်ပြီးပြီပဲ ဆိုကြပါစို့။ ကိုယ့်စက်မှာ တင်ထားတဲ့ Devices တွေနဲ့ OS နဲ့ သေချာချိတ်ဆက်ပြီး အလုပ်ကောင်းကောင်းလုပ်အောင် Drivers ဆိုတာ တင်ပေးရတယ်။ များသောအားဖြင့်တော့ PC ပဲဆင်ဆင် Laptop တို့ Notebook တို့ပဲ ဝယ်ဝယ် ဆိုင်တွေက Driver ခွေဆိုပြီး သီးသန့်ထည့်ပေးတတ်တယ်။ PC ဆင်ထားတဲ့ သူဆိုရင်တော့ Motherboard Driver ခွေနဲ့ Graphic Card တပ်ထားရင် Graphic Driver ခွေ အဓိကလိုတယ်။ Windows တင်ပြီးပြီဆိုရင် အဲ့ဒီ့ သက်ဆိုင်ရာ Driver တွေ သီးသန့်တင်ပေးရတယ်။ Windows 8 ဆိုရင်တော့ သိပ်မလိုဘူး။ Windows 7 ဆိုရင်တော့ Graphic Driver တင်ဖို့လိုကောင်းလိုတတ်တယ်။ Windows XP တင်ရင်တော့ အားလုံးနီးပါး တင်ပေးရတာများတယ်။ 

(၃) မိမိစက်တွင် အသုံးပြုမည့် Software များ ကြိုတင်စုဆောင်းပါ။ 

Windows ရော Drivers တွေရော တင်ပြီးပြီဆိုရင် ကိုယ့်စက်မှာသုံးမယ့် Software တွေ လက်ဝယ်အသင့်ရှိထားဖို့လိုတယ်။ မရှိသေးရင် ဆိုင်တွေမှာဝယ်လည်းရတယ်။ အင်တာနက်ကနေ ဒေါင်းလုပ်ချလည်းရတယ်။ အင်တာနက်ထဲမှာ ဆော့ဝဲလ်တွေ ဘယ်လိုရှာရလဲ ဆိုတာ အင်တာနက်အတွင်း Software ရှာဖွေခြင်း ဆိုပြီး ကျွန်တော်ရေးထားဖူးတာလည်း ရှိတယ်။ ကြိုက်တဲ့နည်းနဲ့ ကိုယ်သုံးမယ့် Software တွေ စုထားပါ။ မဟုတ်ရင် ဆိုင်သွားပြီး တင်ခိုင်းရင် ပိုက်ဆံထပ်ပေးနေရမယ်။ တချို့ဆိုင်တွေကတော့ ကွန်ပြူတာဝယ်ရင် Software အလကားထည့်ပေးတတ်တယ်။ 

အဲ့တာတွေအားလုံးပြီးရင်တော့ ကွန်ပြူတာ တစ်လုံး သုံးဖို့ အသင့်ဖြစ်ပါပြီ။

KznT.

How To Use Crack, Patch, Keygen and Serial Successfully

ဒီနေ့ဖိုရမ်မှာ တစ်ယောက်က တင်ပေးလိုက်တဲ့ Software နဲ့ပတ်သတ်ပြီး ပါလာတဲ့ Crack ကို မသုံးတတ်လို့ Complain ပြန်တက်လာတယ်။ Crack, Patch, Keygen, Serial တွေဆိုတာ ကိုယ်တိုင်လည်း တစ်ချိန်က ဘယ်လိုသုံးရမယ်မှန်း သေချာကို မသိခဲ့ဘူး။ 


 အဲ့တာတွေက ပေးထားတဲ့ နာမည်သာဆင်တူတာ တကယ်တမ်း Applied လုပ်တဲ့အချိန်ကျရင် တစ်ခုနဲ့တစ်ခုက မဆိုစလောက်လေး ကွဲတယ်။ ဒါပေမယ့် Crack, Patch, Keygen လုပ်တဲ့သူတွေက များသောအားဖြင့် Read Me ဖိုင်လေးတွေ တစ်ပါတည်း ထည့်ထည့်ပေးတတ်တော့ အဲ့တာကိုဖတ်ပြီးသာ လုပ်မယ်ဆိုရင် အဆင်ပြေတာများပါတယ်။ အခုလည်း Crack, Patch, Keygen, Serial နဲ့ ပတ်သတ်ပြီး ကျွန်တော်နားလည်ထားသလောက် အားလုံး နားလည်လွယ်အောင် အကြမ်းဖျဉ်း ရှင်းပြကြည့်မယ်။ 


Crack - Software တွေကို Full Version ဖြစ်ဖို့ Crack နည်းနဲ့ ဖြေရှင်းမယ် ဆိုရင် များသောအားဖြင့် ဒေါင်းလုပ်ချတဲ့အချိန်မှာ Software နဲ့ အတူပါလာတဲ့ Crack ဆိုတဲ့ ဖိုဒါထဲက ဖိုင်တွေကို ကိုယ် Install လုပ်လိုက်တဲ့ Software ရဲ့ Directory အောက်မှာ သွားထည့်ပေးလိုက်ယုံပဲ။ ဆိုလိုတာ C:\Program Files\..... အောက်က ကိုယ် Install လုပ်လိုက်တဲ့ Software ရဲ့ Directory အောက်ကိုပေါ့။ Replace လုပ်မှာလားလို့ မေးလာရင် Replace လုပ်လိုက်။ မမေးလည်း ဒီအတိုင်းထည့်လိုက်။ သူ့ကို Double click ပေးပြီး Run ဖို့မလိုဘူး။ များသောအားဖြင့် အဲ့လို Crack ဆိုတဲ့ ဖိုဒါမျိုးတွေထဲမှာ Read Me ဖိုင် တစ်ခု ပါလာလေ့ရှိတယ်။ လုပ်နည်းမသိရင် အဲ့တာကို ဖတ်ပြီးလုပ်လို့ရတယ်။ 

Patch - Software တွေကို Full Version ဖြစ်ဖို့ Patch နည်းနဲ့ ဖြေရှင်းမယ် ဆိုရင် များသောအားဖြင့် ဒေါင်းလုပ်ချတဲ့အချိန်မှာ Software နဲ့ အတူပါလာတဲ့ Patch ဆိုတဲ့ ဖိုဒါထဲက ဖိုင်ကို Administrator အနေနဲ့ Run နောက်ပြီး အဲ့လို Run တဲ့အချိန်မှာ ကောင်းတာက Antivirus ကိုပါ တစ်ခါတည်း ကြိုပိတ်ထား။ ဘာလို့လည်းဆိုတော့ Antivirus ကို မပိတ်ထားရင် Patch file တော်တော်များများကို Antivirus က ဝါးတတ်တယ်။ ပြီးရင် Box တစ်ခုခု တက်လာတဲ့အခါ Patch ဆိုတဲ့ ခလုတ်လေး နှိပ်ပေးလိုက်ယုံပဲ။ တစ်ခါတစ်လေ Patch file အမျိုးအစားကွဲရင်တော့ ကိုယ် Install လုပ်လိုက်တဲ့ Software ရဲ့ Directory အောက်မှာ သွား Run ရတာမျိုးလည်း ရှိသလို၊ ရံဖန်ရံခါ Install လုပ်လိုက်တဲ့ Software ရဲ့ Directory အောက်က Patch လုပ်ရမယ့် files အမျိုးအစားတွေကို ကိုယ်က ပြန်လိုက်ရှာပေးရတာမျိုးလည်း ရှိတတ်တယ်။ အဲ့တာတွေကလည်း ခက်ခက်ခဲခဲ မရှိဘူး။ များသောအားဖြင့် အဲ့လို Patch ဆိုတဲ့ ဖိုဒါမျိုးတွေထဲမှာ Read Me ဖိုင် တစ်ခု ပါလာလေ့ရှိတယ်။ လုပ်နည်းမသိရင် အဲ့တာကို ဖတ်ပြီးလုပ်လို့ရတယ်။ 

Keygen, Serial - အဲ့နှစ်ခုက သဘောတူတူပဲ။ Serial ဆိုပြီး Note Pad နဲ့ ပေးထားရင်တော့ လုပ်ရတာ အလွယ်ဆုံးပဲ။ Key ကို သူတောင်းတဲ့အချိန်မှာ Copy/Paste လုပ်ပေးလိုက်။ တကယ်လို့ Keygen ပေးထားတာဆိုရင်တော့ သူ့ကို မ Run ခင်မှာ Antivirus အရင်ပိတ်ထားနောက်မှ သူ့ကို Run။ နောက် ပေါ်မှာတဲ့ Box မှာ Key ကို Generate လုပ်ပြီး လိုတဲ့နေရာမှာ ထည့်လိုက်။ ခက်ခက်ခဲခဲ မရှိဘူး။ များသောအားဖြင့် Keygen ဆိုတဲ့ ဖိုဒါမျိုးတွေထဲမှာ Read Me ဖိုင် တစ်ခု ပါလာလေ့ရှိတယ်။ လုပ်နည်းမသိရင် အဲ့တာကို ဖတ်ပြီးလုပ်လို့ရတယ်။ အခုလည်း ကျွန်တော်တင်ပေးလိုက်တဲ့ crack file ထဲက dll ဖိုင်ကို Copy ကူးပြီး C:\Program Files\..... အောက်က ကိုယ် Install လုပ်လိုက်တဲ့ Software ရဲ့ Directory အောက်မှာ သွား Paste လုပ်လိုက်။ Replace လုပ်မှာလားလို့ မေးလာရင် Replace လုပ်လိုက်။ အဆင်ပြေသွားလိမ့်မယ်။ 

KznT.

How To Add Burmese Page Number in Microsoft Word 2013

Microsoft office 2007 -- microsoft word နဲ့ ပတ်သက်ပြီးမေးချင်လို့ပါ။ header ထဲမှာ စာမျက်နှာ နံပါတ်ကို မြန်မာဖောင့်နဲ့ နံပါတ်စဉ်လိုက် တပ်ချင်ပါတယ်။ ဘယ်လိုလုပ်ရတာလဲမသိလို့ပါ.. ကျေးဇူးပြုပြီး ရှင်းပြပေးစေချင်ပါတယ်။ 




စာမျက်နှာနံပါတ်တပ်တာ၊ စာမျက်နှာနံပါတ်ပေါ်မှာ စာရဲ့အဆင့်အတန်း တပ်တာတွေက ရုံးသမားတွေအတွက် အင်္ဂလိပ်လိုဆို လွယ်ကူပေမယ့် မြန်မာလိုပြောင်းတပ်ချင်တဲ့အခါ မြန်မာဖောင့်တွေရဲ့ ကမောက်ကမ ဖြစ်မှုကြောင့် Page Number တပ်တဲ့အခါ ပြဿနာဖြစ်တတ်ပါတယ်။ အရင်ဆုံးသိထားရမှာ မြန်မာလို Page Number တပ်မယ်ဆိုရင် Zawgyi နဲ့ မြန်မာယူနီကုတ် စာရင်းဝင်တွေ ဖြစ်တဲ့ Myanmar3 တို့ PangLong တို့ .... နဲ့ တပ်လို့မရပါဘူး။ ဘာလို့လည်းဆိုတော့ Zawgyi နဲ့ မြန်မာယူနီကုတ် စာရင်းဝင်တဲ့ fonts တွေမှာ မြန်မာဖောင့်ရော အင်္ဂလိပ်ဖောင့်ရောနှစ်မျိုးလုံးပါတာကြောင့်မို့လို့ Page Number တပ်တဲ့အခါ အဲ့ဖောင့်အမျိုးအစားတွေထဲက တစ်မျိုးမျိုးကိုရွေးပေးလိုက်ရင် Page Number မှာကိုယ်လိုချင်တဲ့ မြန်မာစာလုံး ၁၊ ၂၊ ၃၊ ၄၊ .... ကိုမရဘဲ Word ကနေ သူလက်ခံထားတဲ့ အင်္ဂလိပ်စာလုံး 1,2,3,4,.... ကိုပဲ ပြနေပါလိမ့်မယ်။ အဲ့ဒါကြောင့် မြန်မာလို Page Number တပ်မယ်ဆိုရင် မြန်မာစာလုံးတစ်မျိုးသာပါတဲ့ Win_ မိသားစုဝင်ဖောင့်တွေ (WinInnwa, Win Researcher...) ကို သုံးဖို့လိုပါတယ်။ လုပ်ဆောင်နည်းကတော့ ရေးပြရင် ရှည်သွားမှာစိုးလို့ အပေါ်မှာ အဆင့်လိုက် ပြထားပေးပါတယ်။ အဆင့်လိုက် ကြည့်ပြီး စမ်းကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်။ မှတ်ချက် - ကိုယ့်စက်ထဲမှာ Win_ မိသားစုဝင်ဖောင့် တစ်မျိုးမျိုးတော့ ရှိရပါမယ်။

KznT.

How To Show Current Music Track in Google Talk Status

windows media player plug in လုပ်ချင်လို့ပါ gtalk မှာ ကိုယ်နားထောင်တဲ့ သီချင်းကို တစ်ဖက်က သူငယ်ချင်းကြားစေချင်ရင် windows media player ---- option ---- plug in----background ဘေးက google talk music plug in ကို နှိပ် ရတယ် ပြောပါတယ် ။ ဒါပေမယ့် background ဘေးက google talk music plug in ဆိုတာ မပေါ်ပါဘူး။ ဘယ်လိုလုပ်ရမလည်းဆိုတာ သိတဲ့သူငယ်ချင်းများ ကူညီပါအုံးနော် ကျေးဇူးတင်ပါတယ်။ 


Google Talk Status မှာ Current Music Track ကို ပြချင်ရင် Windows Media Player plug in တွေဘာတွေ ထူးပြီး မလိုပါဘူး - အောက်မှာ ဖော်ပြထားတဲ့ အချက်နှစ်ချက်နဲ့ ပြည့်စုံမယ်ဆိုရင် Show Current Music Track in Google Talk Status လုပ်လို့ ရပါပြီ။

ပထမတစ်ချက်အနေနဲ့ Most recent version of Google Talk ဖြစ်ရမယ်။ ဖြစ်မဖြစ် မသေချာရင် ဒီနေရာကနေ ဒေါင်းလုပ်ချပြီး လက်ရှိ စက်မှာ တင်ထားတဲ့ Current Google Talk Client ကိုဖြုတ်လိုက်ပါ။ နောက် ဒေါင်းလုပ်ချထားတဲ့ Google Talk Setup file ကို Administratorအနေနဲ့ တင်ပါ။ Administrator အနေနဲ့ မတင်ထားရင် Windows Media Player မှာ Google Talk Music Plugin ကိုတွေ့ရမှာ မဟုတ်ဘူး။ Software တစ်ခုကို Administrator အနေနဲ့ ဘယ်လို Run ရမှာလဲဆိုတာ မသိထားခဲ့ရင် ဒီနေရာမှာ ဖတ်ပါ။ ဒုတိယတစ်ချက်ကတော့ အောက်မှာ ဖော်ပြထားတဲ့အတိုင်း လိုက်ပြင်လိုက်ပါ။ 


KznT.

How To Install Myanmar Fonts

ကျွန်တော့် ကွန်ပျူတာထဲ မှာ မြန်မာဖောင့်ပျောက်နေလို့ပါ သိရင်ကူညီပေးပါ။


မြန်မာဖောင့် ပျောက်နေတယ်ဆိုတာ ဘယ်လိုဖောင့်ပျောက်တာကို ဆိုလိုတာလဲ မသိဘူး။ မြန်မာလို ရိုက်လို့မရတာကို ဆိုလိုတာလား ဒါမှမဟုတ် မြန်မာလိုရေးထားတဲ့ Website ကစာတွေ၊ မြန်မာလိုရေးထားတဲ့ Office Documents တွေက စာတွေမပေါ်တာကို ဆိုလိုတာလား တကယ်လို့ မြန်မာလိုရေးထားတဲ့ Website ကစာတွေ၊ မြန်မာလိုရေးထားတဲ့ Office Documents တွေက စာတွေမပေါ်တာဆိုရင် ဒီနေရာကနေ မြန်မာဖောင့် Collection ကို ဒေါင်းလုပ်ချပြီး Install လုပ်လိုက်ပါ။ Windows 7/8 မှာဆိုရင် Control Panel\Appearance and Personalization\Fonts ထဲမှာ သွားသွင်းလို့ ရသလို ဖောင့်တွေထည့်ထားတဲ့ ဖိုဒါကို ဖွင့်ပြီး Ctrl+A ကိုနှိပ် All select လုပ်၊ နောက် အောက်မှာ ပြထားတဲ့ပုံအတိုင်း Install လုပ်လို့လည်းရပါတယ်။





တကယ်လို့ မြန်မာလိုရိုက်လို့ မရတာဆိုရင်တော့ Alpha zawgyi font နဲ့ Keyboard Install လုပ်ဖို့လိုပါတယ်။ ဒီနေရာကနေ ယူလိုက်ပါ။

KznT.

How To Completely Remove Kaspersky Lab Products



လုပ်ကြပါအုံးဗျို့....လက်တော့က ဗိုင်းရပ်စ်လေးတွေ ရှိလို့ KIS ကို ထပ်တင်လိုက်တာ window screen မပေါ်တော့လို့.....unistall လည်း လုပ်လို့မရဖြစ်နေတယ်....taskmanager ကနေပဲ exploror.exe နဲ့သွားမှ ပဲရတော့တယ်...ဘယ်လို လုပ်ရမလည်း ဆိုတာ အကြံလေး ပေးကြပါအုံး...ဘော်ဒါတို့.....ကျေးဇူးပါ.... အရင်က usb stick နဲ့ ဝင်းဒိုးတင်ရင် ရတယ် ခုမရတော့ဝူး...အလုပ်မလုပ်တော့ဝူး ဖြစ်နေတယ်..ကူညီကြပါအုံး...ကျေးဇူးပါ။ 




Kaspersky Lab products တွေကြောင့် ဖြစ်တယ်ဆိုရင် ပုံမှန်အားဖြင့် Start > Control Panel > Add\Remove Programs (Add/Remove Programs) ကနေ ဖြုတ်လို့ ရပေမယ့် theory2008 ပြောသလိုမျိုး uninstall လုပ်မရ ဖြစ်နေတဲ့အခါ Kaspersky Lab ကနေပေးထားတဲ့ kavremover utility ဆိုတာရှိပါတယ်။ အဲ့တာက Kaspersky Lab products တွေကို အန္တရာယ်ကင်းကင်းနဲ့ အပြတ်ရှင်းနိုင်ပါတယ်။ အဲ့တာကို ဒေါင်းလုပ်ချပြီးရင် Reboot ပေးပြီး Safe mode ထဲကို ဝင်ပါ။ Safe mode ထဲဝင်နည်းကို အောက်မှာကြည့်ပါ။


ပြီးရင် kavremover.exe ကို Run ပါ။ license agreement ကို Accept လုပ်ပါ။


Kaspersky Lab Products Remover ver. 1.0.570 window ပေါ်လာပြီး Code တောင်းပါလိမ့်မယ်။ ပုံထဲက Code ကို ပြန်ရိုက်ပေးပါ။ ပြီးရင် Following products were detected အောက်မှာ ကိုယ် uninstall လုပ်ချင်တဲ့ စက်ထဲက Kaspersky products ကိုရွေးပေးပါ။ 



နောက်ပြီး Remove button ကိုနှိပ်လိုက်ရင် အောက်ကလိုတွေ့ရပါလိမ့်မယ်။


အဲ့တာပြီးရင် Reboot ပြန်ပေးပြီး ကိုယ့်စက်မှာ Restore points ရှိရင် System restore ပေးကြည့်ပါ။

KznT.

How To Highly Compress Software


ကျွန်တော် အခုတလော မြန်မာဘလော့ဂ်၊ နိုင်ငံခြား ဘလော့ဂ်တွေမှာ ဂိမ်း၊ဆော့ဝဲလ်တွေကို ဖိုင်ဆိုဒ်အတော်ကို နည်းပါးစွာနဲ့ ရှဲထားတာများတွေ့မိပြီး ဒေါင်းလုပ်ခ်ဆွဲ ကြည့်တော့လည်း 4GB မူရင်းရှိသော ဆော့ဝဲလ်တစ်ခွေကို 10 MB လောက်နဲ့ ဖိုင်ချုံ့ထားနိုင်တာကို တွေ့ရပါတယ်။ တကယ်လည်း အသုံးပြုလို့ရတာတွေ့ရပါတယ်။ ကျွန်တော် သိချင်တာက အဲ့လိုဖိုင်ဆိုဒ်များသော Software DVD တွေကို ဘယ်လိုဆော့ဝဲလ်ကို အသုံးပြုပြီး မယုံနိုင်လောက်သော ဖိုင်ဆိုဒ်ဖြစ်အောင်လုပ်နိုင်သလဲဆိုတာပါ။ နောက် အဲ့လိုဆော့ဝဲလ်ကို အသုံးပြုဖို့ ကွန်ပျူတာမှာ ဘာတွေလိုအပ်လဲဆိုတာလေးပါသိချင်ပါတယ်ခင်ဗျား။ 



ကျွန်တော်ဖတ်ထားဖူးသလောက် ဆွေးနွေးရရင် Highly Compressed ဖြစ်ဖို့အတွက်ဆို ပထမဆုံး အနေနဲ့ ကျွန်တော်တို့ စက်မှာ Archiver Software တစ်မျိုး ရှိထားဖို့လိုပါတယ်။ ကျွန်တော်တို့ သုံးနေကျ WinRar တို့ 7zip တို့ထက် Highly Compressed အတွက်ဆို KGB Archiver ကိုပို အသုံးများကြတယ်။ ခုနောက်ပိုင်းထွက်တဲ့ WinZip 12.1 နောက်က Version တွေမှာ ဆိုရင်လည်း new extended Zip file (.zipx) ကို သုံးထားလို့ Highly Compressed ဖြစ်နိုင်တယ်။ ဒါပေမယ့် ခုနောက်ပိုင်း WinZip ကို ကျွန်တော်တော့ မစမ်းဖူးဘူး။ KGB ကိုတော့ Highly Compressed လုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ တစ်ချိန်က ကျွန်တော် စမ်းကြည့်ဖူးတယ်။ ကျွန်တော့် ဖတ်ထားတဲ့စာနဲ့ အတွေ့အကြုံအရ ပြောရရင် Highly Compressed လုပ်မယ်ဆို ကိုယ့်စက်က hardware requirements မြင့်ဖို့လိုမယ်။ သူတို့ကတော့ Processor with 1.5GHz clock and 256MB of RAM as an essential minimum လို့ ပြောထားပေမယ့် တကယ်တမ်း file size ကြီးကြီးကို Highly Compressed လုပ်တဲ့အချိန်ကျရင် Memory Usage တွေ တအားများသွားပြီး စက်က ဘာမှ ကောင်းကောင်း သုံးလို့ မရတော့ပဲ Hang သွားတာ ကြုံရတယ်။ အဆိုးဆုံးက အချိန်စားတာပဲ။ ကိုယ် Highly Compressed လုပ်ချင်တဲ့ ဖိုင်အမျိုးအစားပေါ်လိုက်ပြီး ပမာဏ များရင်များသလောက် ၄ နာရီ - ၅ နာရီ - ၆ နာရီ - တစ်နေကုန်နီးပါး စသဖြင့် တခြားလည်း ဘာမှ သုံးလို့ မရပဲ စောင့်ရတာမျိုး ရှိသေးတယ်။ ဒီကြားထဲ မီးပျက်ရင် သေရော Processor Corei5 လောက်နဲ့ RAM 8GB လောက်ရှိရင်တော့ ဘယ်လိုနေမယ် မပြောတတ်ဘူး။ အဲ့လိုစက်လဲ မဝယ်နိုင်သေးတော့ ကျွန်တော်လည်း မစမ်းကြည့်ရသေးဘူး ယထာဘူတ ကျကျ စဉ်းစားကြည့်ရင် Highly Compressed ကတော့ လွယ်မယ်ဆို လူတိုင်း လုပ်ကြမှာပဲလေ။ လုပ်ရတာ မလွယ်လို့သာ Highly Compressed လုပ်ထားတဲ့ Software ဝေမျှမှုမျိုးတွေကို နေရာတိုင်း မတွေ့ရတာပေါ့။ Highly Compressed လွယ်လွယ်သာလုပ်လို့ရလို့ကတော့ ကျွန်တော်တို့လည်း 2GB,4GB, ... Windows ခွေတွေကို အပင်ပန်းခံပြီး တစ်ပိုင်းချင်းစီခွဲ ဘယ်တင်နေတော့မလဲ။ ကျွန်တော်တို့လည်း အလုပ်ရှုပ် .. ဒေါင်းရတဲ့သူလည်း အလုပ်ရှုပ်။ အနှစ်ချုပ်ရရင်တော့ ခုပြောခဲ့တာတွေက ကျွန်တော် လေ့လာ စမ်းထားဖူးသလောက် Sharing လုပ်တာပါ။ ခုနောက်ပိုင်း hardware requirements သိပ်မလိုပဲ မြန်မြန် Highly Compressed လုပ်လို့ရမယ့် နည်းတွေလည်း ပေါ်ချင် ပေါ်နေလောက်ပြီ။ ကျွန်တော်လည်း လေ့လာကြည့်ဦးမယ်။ ကလိလို့ အဆင်ပြေရင်တော့ ထပ်ဆွေးနွေးပေးပါမယ်။ 

KznT.

How To Use WeChat and Viber in Windows 7

wechat.exe and viber.exe လိုချင်လို့ပါ။ computer win7 မှာသုံးချင်လို့ပါ။ ကူညီပေးပါနော်။ email နဲပို့ပေးမယ် ဆိုရင်လည်း ရပါတယ်။

မေးခွန်းကို သေချာမဖတ်ပဲ ဖြေချင်ဇောနဲ့ wechat.exe and viber.exe တိုက်ရိုက်ဒေါင်းလုပ်ချလို့ရမယ့် နေရာတွေ ညွှန်လိုက်မိသေးတယ်။ တကယ်ပါပဲ။ ဒါပေမယ့် စေတနာနဲ့ မှားတဲ့ အမှားမို့လို့ နားလည်ပေးနိုင်ကြမှာပါ။ သိထားတဲ့ နည်းလမ်းတွေထဲက အကောင်းဆုံးဖြစ်နိုင်လောက်မယ့် နည်းတွေကို စုဝေးပြီး အကြံပေးဖြစ်ခဲ့ပါတယ်။



ဟုတ်တယ် ကျွန်တော် နည်းနည်းလောသွားလို့ .. ဆိုဒ်ကို သွားကြည့်တော့ Windows Logo လေး တွေ့တာနဲ့ PC အတွက်ပါတယ် ထင်ပြီး လင့်ကို တိုက်ရိုက်ပေးလိုက်တာ အဲ့တာတွေက ဖုန်းအမျိုးမျိုးအတွက်ပဲ ပေးထားတာဆိုတော့ PC မှာ သုံးချင်တာဆိုရင် Windroy တို့ BlueStacks တို့ကို တဆင့်ခံပြီး apk file တွေကို PC မှာ သုံးလို့ရပါတယ်။

Bluestacks ကတော့ အလွယ်ပြောရရင် Android Emulator ပါ။ သူ့ကိုသုံးပြီး Android ဖုန်းမှာ သုံးနေတဲ့ apk files တွေ such as - Android game, Application တွေကိ်ု ကိုယ့်ရဲ့ Computer မှာ Run ပြီးသုံးလို့ ရတယ်။ Windows 7 တင်မက Windows 8, Windows Vista, Windows XP, Mac OS X အားလုံးသုံးလို့ ရပါတယ်။ 

Windroy ကလည်း ထိုနည်းလည်းကောင်းပဲ။ Windroy ကိုသုံးရင် Android ကို Windows kernel ကနေ Run နေသလိုပဲ။ such as VirtualBox ပေါ့။ Android apps တွေတင်မက 3D games တွေထိပါ ဆော့လို့ရတယ်။ 

တကယ်လို့ အဲ့လို ရှုပ်ရှုပ်ယှက်ယှက်တွေ တစ်ခုမှ မကြိုက်ရင် WebWeChat ဆိုတာ ရှိတယ်။ သူကတော့ WeChat ကို Browser ကနေ တဆင့်ခံသုံးတာ။ ကိုယ့် Smartphone ထဲမှာ ရှိတဲ့ WeChat app နဲ့ QR Code ကို Scan လုပ်ပြီး သုံးတာ။ 

KznT.

Work Your Way With CISCO


CISCO နဲ့ ပတ်သတ်ပြီး လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်တော့်ကို အသိတစ်ယောက် လာမေးဖူးတယ်။ တကယ်တော့ ကျွန်တော်က CISCO မှ မဟုတ်ဘူး ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ ဘယ်အသိအမှတ်ပြု သင်တန်းမှ မတက်ဖူးသလို ဘာ Certificate မှလည်း မရခဲ့ဖူးဘူး။ ဒါပေမယ့် သူ့မှာ အခက်အခဲဖြစ်နေတော့ ကျွန်တော်တစ်ခါမှ မလေ့လာဖူးတဲ့ CISCO အကြောင်း အင်တာနက်ဆိုင်သွားထိုင်ပြီး နေ့ဝက်လောက် စာဖတ်ဖြစ်လိုက်တယ်။ အခုရေးတာလည်း ကျွန်တော် ဖတ်ထားတာလေး ပြန်မိတ်ဆက် ပေးချင်ယုံသက်သက်ပါ။

ကျွန်တော် အကြံပေးချင်တာကတော့ CISCO နဲ့ ပတ်သတ်ပြီး သင်တန်းတက်ချင်တယ် Certificate တွေ လိုချင်တယ်ဆိုရင် အရင်ဆုံး-
  • သူ့သင်တန်းနဲ့ ပတ်သတ်ပြီး ဘာ Certificate တွေ ရှိလဲ၊
  • ကိုယ်နားလည်ထားတဲ့ Field နဲ့ ကိုယ်တက်ရမယ့် Certification က ဘယ်လိုဆက်စပ်နေလဲ၊    
  • စာမေးပွဲအတွက် လေ့လာပြင်ဆင်ရမယ့်ကာလ ဘယ်လိုထားရမလဲ၊
  • Exam တွေကရော ဘယ်နမျိုးရှိသလဲ၊
  • နောက်လာမယ့် Certificate အတွက် သင်တန်းက ဘာတွေပံ့ပိုးပေးနိုင်မလဲ၊
  • ဒီ Certificate တွေရပြီးရင် ကိုယ့်အနာဂတ်က ဘယ်လိုပြောင်းလဲသွားမလဲ၊
ဒါတွေကို ကျွန်တော့်အနေနဲ့ မဖြစ်မနေကြိုတင်လေ့လာထားဖို့ တိုက်တွန်းချင်ပါတယ်။ အခုပြောခဲ့တဲ့ အကြောင်းအရာတွေကို လေ့လာနိုင်ဖို့က အောက်မှာပေးထားတဲ့ Links တွေကနေ လေ့လာကြည့်ပါ။

CISCO အကြောင်း အခြေခံ
CISCO မှ ရရှိနိုင်သော Certifications များ
Certifications များအလိုက် လေ့လာမှုနည်းလမ်းများ
CISCO စာမေးပွဲများအကြောင်း
CISCO မှ Certificate ရရှိထားခြင်း၏ ကောင်းကျိုးများ

ဒါတွေလေ့လာထားရင် ကိုယ်သင်တန်းတက်တဲ့အခါ အတိုင်းအတာတစ်ခုထိ ကောင်းကျိုးပေးနိုင် လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

KznT.

Replacement For Google Reader


Google Reader ဖျက်သိမ်းတော့မယ်ဆိုတဲ့သတင်း ကြားတော့ နောက်နေတာလားလို့တောင် ထင်ခဲ့မိသေးတယ်။ဘာလို့လဲဆိုတော့ ဒီသတင်းကို အတည်ပြုနိုင်ဖို့အတွက်က အင်တာနက်ဆိုင်ရောက်မှပဲ သိရမှာမျိုးလေ။တစ်ချိန် ဘလော့ကို အားကြိုးမာန်တက် ရေးနိုင်စဉ်တစ်ချိန်တုန်းက ဆိုရင်တော့ Google Reader ဖျက်သိမ်းတော့မယ်ဆိုတာကြားရင် အတော်ကြီးကို စိတ်မကောင်းဖြစ်မိမှာ အမှန်ပဲ။

ခုကတော့ ကိုယ်ကိုယ်တိုင်တောင်မှ အင်တာနက်ကို တစ်ပတ်တစ်ခါ ပုံမှန်တက်ဖြစ်ဖို့ အနိုင်နိုင်။ RSS subscribers ဆိုတာလည်း ဘလော့မှာ တစ်ယောက်နှစ်ယောက်လောက်ပဲ ရှိတာဆိုတော့ နိုင်ငံခြားက သိန်းနဲ့ချီတဲ့ RSS subscribers တွေ ရှိတဲ့ ဘလော့ဂါတွေအတွက်သာဇူလိုင် ၁ ရက်နေ့မှာ Google Reader ဖျက်သိမ်းမယ်ဆိုတဲ့ ဒီသတင်းက ရင်ခုန်ဖို့ကောင်းပေမယ့် ကိုယ့်အတွက်တော့ ဒီလောက်ကြီးထိ သိပ်တုန်လှုပ်စရာ မဖြစ်ခဲ့ဘူးလို့ပဲ ပြောရမယ်။ ဒါပေမယ့် ထိခိုက်တာတစ်ခုတော့ရှိတယ်။ တစ်ချိန်တုန်းက Google Reader မှာ RSS subscriptions လုပ်ထားတာတွေရှိတယ်။ အဲ့တာတွေကို တစ်​ခြား Feed Reader တစ်ခုခုဆီ ပြောင်းဖို့ စဉ်းစားရတော့မယ်။ Google Reader က နောက်ထပ်လေးလလောက် သုံးဖို့ အချိန်ရသေးတယ် ဆိုတော့ Google Reader ကို အစားထိုးနိုင်မယ့် Feed Reader တစ်ခုခု ရှာဖို့ကတော့ အရေးတကြီး လိုလာပြီ။ ကျွန်တော်တို့ ဘယ် Feed Reader ကိုရွေးချယ်ကြရင်ကောင်းမလဲ။ 

ရပ်တည်ခဲ့တဲ့သမိုင်းကြောင်းတစ်လျှောက်ကို အဆိုးဘက်ကနေ ပြန်ကြည့်ရင် Google က ကိုယ်ကျိုးကြည့်တာများတယ်လို့ ပြောလို့ရတယ်။ ဘာလို့လည်းဆိုတော့ Google က သက်တမ်းတစ်လျှောက်မှာ လူသုံးနည်းပြီး စီးပွားရေးဆိုင်ရာ သူ့အတွက်သိပ်အကျိုးအမြတ် မရနိုင်တဲ့ အရာတော်တော်များများကို ရပ်တန့်ထားတာရှိသလို ပိတ်ပစ်ခဲ့တာတွေအများကြီး ရှိနေတာ တွေ့ရတယ်။ ဥပမာအနေနဲ့ ပြောရရင် Google Talk ကိုပဲကြည့် တစ်ခြား နိုင်ငံတွေတော့ မသိဘူး။ မြန်မာနိုင်ငံမှာဆို ဂျီတော့က လူတိုင်းလိုလို သုံးကြတယ်။  ဒီ Instant Messenger လို့ခေါ်တဲ့ Gtalk ကို Google အနေနဲ့ တကယ်သာ စေတနာရှိရင် ဒီ့ထက် အသုံးတည့်အောင် တစ်ခြား Features တွေ ထည့်ပေးလို့ ရနေတာ ကြာကြာလှပြီ။ 

ဒါပေမယ့်လည်းခုချိန်ထိ Google Talk နဲ့ပတ်သတ်ပြီး ဘာမှ ကောင်းနိုးရာရာထပ်ပေါင်း ဖြည့်ပေးတာ မတွေ့ရသေးဘူး။ နောက်ထပ်ရှိတာတွေ ပြောရရင် Image editor – Picnic ၊ လူသိနည်းပြီး သိပ်မသုံးကြတဲ့ Google Wave နောက်ပြီး Offline search software - Google Desktop နောက် Google start page - iGoogle အခု RSS newsreader - Google Reader. ဒါတွေကိုဘာလို့ ဆက်မလုပ်သလဲ ? သူ့အတွက် အကျိုးမများလို့ပေါ့။ အကောင်းဘက်ကနေ တွေးကြည့်မယ်ဆိုရင်လည်း Google ဆိုတာ လူတွေ တည်ထောင်ထားတဲ့ အဖွဲ့အစည်း တစ်ခုပဲဗျာ။ လူဆိုတာ ကိုယ့်အကျိုးစီးပွားတော့ ကိုယ်ကြည့်ကြတာပေါ့။ ကြည့်လည်း ကြည့်ရမှာပေါ့။ ဒါဘာများဆန်းလဲ။ ကိုယ့်အတွက် အကျိုးမရှိ အချိန်ကုန် ဝင်ငွေမရတဲ့ အလုပ်ကို တစ်သက်လုံး အလုပ်အကျွေးပြုပြီး ဘယ်သူလုပ်မလဲ။ ကျွန်တော်လည်း မလုပ်နိုင်ဘူး။ ကျွန်တော်တို့နိုင်ငံမှာဆိုရင် Google ထက်ဆိုးတာတွေ အများကြီး။ အခု Google Reader ဖျက်တော့မယ်ဆိုတော့ သူ့ဆီမှာ RSS subscriptions လုပ်ထားတာတွေ တစ်ခြားနေရာတစ်ခုကို ရွှေ့ရတော့မယ်။ ကျွန်တော်ကတော့ Google Reader နေရာမှာ အစားထိုးဖို့ဆိုရင် Feedlyကို သဘောကျတယ်။ 

 

Google Reader လိုမျိုး တစ်ခြား web app တွေရော၊ Offline Reader တွေ တော်တော်များများ စမ်းသုံးကြည့်ဖူးပေမယ့် Feedlyကတော့ ကျွန်တော့်အတွက် သုံးရတာ အဆင်အပြေဆုံးပဲ။ သူက Google Reader လိုမျိုးပဲ Web app တစ်ခု နောက်ပြီး သူ့မှာ iOS သုံးတဲ့သူတွေ Android သုံးတဲ့သူတွေအတွက်လည်း apps ရှိတယ်။ တစ်ခြားဟာတွေထဲကဆိုရင် Bloglines နောက်ပြီး Feedspot နောက် Old Reader နောက်ဆုံး NewsBlur ဒါအကုန် မဟုတ်သေးဘူး တစ်ခြား web based မဟုတ်ပဲ mobile devices တွေမှာ RSS feeds အတွက်သုံးတဲ့ Apps တွေရှိသေးတယ်။ Google Reader ကတော့ ပင်မရေသောက်မြစ်လို ဖြစ်နေတော့ ဘယ်နေရာကနေ ဘယ် Apps နဲ့ သုံးသုံး အမြဲ sync ဖြစ်ပြီး အဆင်ပြေနေတာပေါ့။ ဒါပေမယ့် ခုတော့ အဲ့ဇာတ်လမ်းကလည်း ခုတော့ တစ်ခန်းရပ်ခဲ့ပါပြီ။

KznT.

.Net Framework feature and Windows 8

ကျွန်တော် တစ်လမှာ တစ်ရက်ပဲ အင်တာနက်သုံးဖို့ ကောင်းကောင်းအချိန်ရတယ် - အကြောင်းအရာသစ်တစ်ခု စဖွင့်ထားပြီး အရင်လို စာအများကြီး မရေးနိုင်တော့ စာဖတ်ချင်တဲ့ မိသားစုတွေကို အားနာမိတယ် - အများကြီး မဟုတ်ပေမယ့် ဒီနေ့လို သုံးဖြစ်တဲ့ရက်လေးမှာ ကျွန်တော် နည်းနည်းချင်း တတ်နိုင်သလောက် ကြိုးစားပြီး Sharing လုပ်ပေးသွားမှာပါ - တစ်ယောက်တည်းနဲ့ အများကြီး ရေးဖို့ မလွယ်သလို ဖတ်ဖို့လည်း မလွယ်တာမို့ ကိုg00gle တို့လို ကို kyawminkhoung တို့လို ကူညီပေးနိုင်မယ်ဆိုရင် အတိုင်းထက် အလွန်ပေါ့ဗျာ - ကျေးဇူးအများကြီး တင်ပါတယ် တကယ်ပါ။

Windows 8 ကို စသုံးတော့မယ်ဆိုရင် နောက်ထပ်ဖြစ်လာမယ့် ပြဿနာတစ်ခုက .net framework 3.5 ပြဿနာခင်ဗျ - Windows တင်ရတာ ဘာညာက Windows 7 နဲ့ ဘာမှ အများကြီး မကွာဘူး - Windows 7 တင်ပုံတင်နည်းကတော့ ကျွန်တော်တို့ ဖိုရမ်ထဲမှာလည်း ရေးထားပြီးသားမနည်းသလို - အင်တာနက်ထဲမှာလည်း စာအုပ်တွေမနည်းဘူး - အင်တာနက်ထဲ လိုက်ရှာဖတ်ရမှာ ပျင်းတယ်ဆိုရင်တောင် ရန်ကုန်မှာ နေတဲ့သူတွေ ပန်းဆိုးတန်းက စာအုပ်အရောင်းဆိုင်တွေမှာ WIndows 7 တင်နည်းရေးထားတဲ့ စာအုပ်လို့သာ မေးလိုက် - တစ်ပြုံကြီး ထုတ်ပြလိမ့်မယ်။ Windwows 8 က ပြောရရင် ကျွန်တော် တင်ဖူးသမျှ Windows တွေထဲမှာ အလွယ်ဆုံးလို့ထင်တာပဲ Drivers တွေဘာတွေလည်း ဘာမှ သိပ်ပြီး ပြဿနာမရှိဘူး - ဒါပေမယ့် အဓိကဖြစ်လာမယ့် ပြဿနာက တစ်ချို့ Apps တွေ - ဥပမာ Office 2010 လိုမျိုး - တင်ပြီးမှ Activate လုပ်ဖို့ Activator ကို Run တဲ့အခါ .net framework 3.5 ဆိုတဲ့ Windows Feature လိုပါတယ် - အဲ့တာကို Run ပါဆိုပြီး ပြဿနာ စပေးလိမ့်မယ် -

တကယ်တော့ Windows 8 မှာ .NET Framework 4.5 က တစ်ခါတည်း ထည့်ထားပေးပြီးသား - ဒါပေမယ့် တစ်ချို့ Programs တွေက အရင် Windows တွေမှာ သုံးဖို့အတွက် .Net Framework versions အဟောင်း တွေကို သုံးထားတာမျိုး ရှိတော့ Windows 8 မှာ ပုံမှန်အလုပ်မလုပ်နိုင်ပဲ အပေါ်မှာ ပြောထားသလို ပြဿနာပေးတတ်တယ် - အဲ့ချိန်ကျရင် .Net Framework versions အဟောင်းနဲ့ ရေးထားတဲ့ Programs တွေကို Windows 8 မှာ သုံးလို့ ရအောင် ကျွန်တော်တို့က Enable ပြန်လုပ်ပေးရတယ် - အဲ့လို Enable ပြန်လုပ်တဲ့နည်းက နည်းလမ်းနှစ်ခုရှိတယ် -
  • Online နဲ့ရှင်းတဲ့နည်း
  • Offline နည်း


ကျွန်တော်ကတော့ အချိန်တော်တော်များများ Offline နဲ့ ရှင်သန်ရတော့ Online နဲ့ ရှင်းတဲ့နည်းကို သိပ်မသုံးနိုင်ဘူး - တစ်ခုခု ပြဿနာဖြစ်ရင် Offline နဲ့ ရှင်းလို့ရမယ့်နည်းကိုပဲ အမြဲ လိုက်ရှာရတယ် - တကယ်လို့ မိသားစုဝင်တွေလည်း ခုလို ပြဿနာပေါ်နေပြီ ဆိုရင် အခုကျွန်တော် ပြောပြချင်တဲ့ နည်းနှစ်နည်းထဲက ကြိုက်တဲ့တစ်နည်းကို သုံးပြီး ရှင်းလို့ရတယ် - Online နဲ့ ဖြေရှင်းနည်းကိုတော့ ကျွန်တော် အသေးစိတ်အကျယ်ချဲ့ မရေးတော့ဘူး - သူက အရမ်းလည်းလွယ်သလို ပုံလေးတွေနဲ့ ရှင်းထားပြီးသားလည်းရှိတယ် - အောက်မှာ ဖော်ပြထားတဲ့ Link ကနေကြည့်ပါ။

How to Easily Install Previous Versions of the .Net Framework in Windows 8

တကယ်လို့ မိသားစုဝင်တွေက Online နဲ့ ချိတ်ပြီးလုပ်ဖို့ အဆင်မပြေဘူးဆိုရင် အခုအောက်မှာ ဖော်ပြမယ့်နည်းနဲ့ Offline ဖြေရှင်းလို့ ရပါတယ်။ အရင်ဆုံး ကျွန်တော်တို့ Windows 8 ရဲ့ Charms bar ကိုသွား "Search" Option ကနေတဆင့် အောက်ကပုံမှာ ဖော်ပြထားသလို cmd လို့ ရိုက်လိုက် -



ပြီးရင် တွေ့ရတဲ့ cmd icon ပေါ်မှာ Right click တစ်ချက်ပေး ပုံမှာပြထားတဲ့အတိုင်း "Run as Administrator" ကို click ပေး - Dialogue box တက်လာရင် Yes ပေး -



ဒါဆိုရင် Command line ကနေ စဖို့ အားလုံး အဆင်သင့်ဖြစ်ပါပြီ - ပြီးတာနဲ့ Windows 8 တင်တုန်းက သုံးတဲ့ Windows ခွေကို Drive ထဲ ပြန်ထည့်ပါ။ ပြီးသွားပြီ ဆိုတော့မှ အောက်မှာ ဖော်ပြထားတဲ့ Command ကို Copy > Paste > Enter လုပ်လိုက်ပါ -


dism.exe /online /enable-feature /featurename:NetFX3 /Source:H:\sources\sxs /LimitAccess

တစ်ခုရှိတာ ကျွန်တော် အနီနဲ့ ဖော်ပြထားတဲ့ H နေရာမှာ ကိုယ့်စက်က အခွေထည့်ထားတဲ့ Drive ရဲ့ Letter ဖြစ်မဖြစ် သေချာပြန်စစ်ပြီး လွဲနေရင် ကိုယ့်စက်က Drive ရဲ့ Letter ကို အစားပြင်ထည့်ပေးဖို့ လိ်ုပါတယ်။ အားလုံးအဆင်ပြေရင် သူက 60.4% လောက်မှာ ခဏကြာနေတတ်ပါတယ် - ၅ မိနစ် ၁၀ မိနစ်လောက်ပါ။ ပြီးရင်တော့ အောက်မှာ ပြထားသလို ၁၀ဝ% ဖြစ်သွားပါလိမ့်မယ်။



အားလုံးပြီးရင်တော့ စက်ထဲကို ဘာ Apps ပဲ သွင်းသွင်း ခုနကလို .net framework 3.5 ဆိုတဲ့ Windows Feature သွင်းဖို့ လိုပါတယ်ဆိုတဲ့ ပြဿနာမျိုး မတက်တော့ပဲ အဆင်ပြေတာ တွေ့ရပါလိမ့်မယ်။

KznT.

Bring the Start Menu Back in Windows 8


Windows 8 ကို စသုံးကြပြီ ဆိုတာနဲ့ ကျွန်တော်တို့ ပထမဆုံး ရင်ဆိုင်ရမယ့် ပြဿနာက Start Menu ပြဿနာပါ - ဘာကြောင့်လဲဆိုတော့ ဒီ Start Button ဆိုတာ ကျွန်တော်တို့နဲ့ ရင်းနှီးလာခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး - ကျွန်တော်တို့ အရင်အစဉ်အဆက် သုံးခဲ့တဲ့ Windows XP, Vista, 7 အားလုံးမှာ တရင်းတနှီး ဖြစ်ခဲ့ပြီးသား ဒီ button ကို Microsoft ကနေ Windows 8 မှာ ဖယ်ရှားပစ်လိုက်တယ် - Windows 8 ကို သုံးတာ နည်းနည်းကြာလာရင် Start Screen နဲ့ ရင်းနှီးသွားမှာမို့ ဒီ Button ကို အဲ့လောက် မတမ်းတတော့ပေမယ့် ခုမှ စသုံးမယ့် သူတစ်ယောက်အတွက် ဆိုရင်တော့ Start Button မရှိတဲ့ အခြေအနေက Windows 8 ကို ဘယ်လို Windows ကြီးလဲဆိုပြီး စိတ်ပျက်သွားစေနိုင်ပါတယ်။
အဲ့လို မဖြစ်ပါနဲ့ - ကျွန်တော်တို့မှာ အဖြေရှိပါတယ် - လက်ရှိ Windows 7 သုံးနေကြတဲ့သူတွေ - Start menu ကိုမှ တမ်းတမ်းစွဲ ဖြစ်နေသူတွေအတွက် Windows 8 မှာ Start menu ပြန်ရောက်လာအောင် လုပ်ဆောင်ပေးနိုင်မယ့် ရွေးချယ်စရာ programs တွေ မနည်းမနော ကျွန်တော်တို့မှာ ရှိပါတယ်။ အဲ့တာတွေအားလုံးထဲက ကောင်းနိုးရာရာ Apps သုံးမျိုးလောက် ကျွန်တော် အောက်မှာ မိတ်ဆက်ပေးပါ့မယ်။

Start8
 

သူကတော့ Windows 8 ကနေ ဖယ်ရှားခံလိုက်ရတဲ့ Start menu ကို အရင်အခြေအနေ အတိုင်း ပြန်ရောက်လာအောင် စွမ်းဆောင်ပေးနိုင်မယ့် program တစ်ခုပါ - Start8 ကို သုံးရင် Windows 8 မှာ မြင်ရမယ့် Start Menu Button ပုံစံက အထက်မှာ ပြထားတဲ့ ပုံစံအတိုင်းခပ်ပြားပြား ဖြစ်သွားပြီး မကြိုက်ရင် Windows 7 မှာတုန်းက သုံးခဲ့သလို အဝိုင်းပုံလည်း ပြန်ပြောင်းလို့ ရပါတယ် - ဒါတင်မက Windows 8 hot corners တို့ Charms bar တို့ကို Disable လုပ်ထားလို့ရသလို အရင် Windows တွေမှာတုန်းကလိုပဲ Sign in ဝင်တာနဲ့ Desktop ပေါ် တန်းရောက်အောင် စီစဉ်ထားလို့လည်းရပါတယ်။ Start8 နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့အတွက် ခက်ခဲတဲ့ တစ်ချက်က သူက အလကားပေးမသုံးဘူး ၅ ဒေါ်လာပေးဝယ်ရမယ်။ Torrent မှာ ရှာကြည့်တော့ ဒီနေရာမှာ တွေ့တာ တစ်ခုရှိတယ်။ သုံးလို့ ရမယ်ထင်တယ်။ ကျွန်တော်က Upload တင်ပေးဖို့ ခက်တော့ လွယ်ကူသူတွေ ဒေါင်းပြီး မိသားစုဝင်တွေ သုံးနိုင်အောင် Upload လုပ်ပေးကြပါ။ အကြောင်းကြောင်းကြောင့် Start8 ကို မသုံးချင်ကြရင် နောက်ထပ် စမ်းသပ်ကြည့်နိုင်တာ Classic Shell ပါ။

Classic Shell


Classic Shell က ကျွန်တော့်စိတ်ထင် Start8 လောက်တော့ ကြည့်မကောင်းဘူး - ဒါပေမယ့် သူ့ရဲ့ အားသာချက်က open source program ဖြစ်ပြီး ကျွန်တော်တို့ တရားဝင် free သုံးလို့ရတယ် - သူလည်းပဲ Start8 လိုပဲ Windows 8 မှာ Start Menu Button ပြန်သုံးလို့ရအောင် လုပ်ပေးတယ် - စစချင်းသုံးတဲ့အချိန်မှာ သူ့ Start Button က Windows XP မှာ မြင်ရတဲ့ Start Button ပုံစံလိုမျိုး ခပ်တုန်းတုန်းကြီး ဖြစ်နေလိမ့်မယ် - ဒါပေမယ့် settings ထဲကို ဝင်ကြည့်ရင် တော်တော်များများကို အသေးစိတ်ပြင်နိုင်တာတွေ့ရပါလိမ့်မယ်။ Tweak လုပ်တာ ဝါသနာပါတဲ့ သူတစ်ယောက် ဖြစ်မယ်ဆိုရင်တော့ Classic Shell က သုံးဖို့ အဆင်ပြေမှာပါ။
StartMenu8

အပေါ်မှာ ကျွန်တော်ညွှန်းထားခဲ့ပြီးတဲ့ options နှစ်ခုထဲက တစ်ခုကိုမှ သဘောမကျဘူး ဆိုရင်တော့ ခုညွှန်းချင်တဲ့ StartMenu8 ကို စမ်းသပ်ကြည့်ပါ။ သူ့ကို သုံးမယ်ဆိုရင် အရင် Windows 7 မှာတုန်းက Start Menu Button ကျွန်တော်တို့ ပြန်ရမယ် - ဒါပေမယ့် သူ့မှာ ကြည့်ရနဲနဲဆိုးတဲ့ Send Feedback Button တစ်ခုပါတယ် - ဒါပေမယ့် ကိုယ့်အတွက် ဘာမှထိခိုက်လောက်တဲ့ ကိစ္စ မဟုတ်လို့ သုံးမယ်ဆိုရင် သုံးပျော်တယ်လို့ ဆိုရမှာပါ။

အနှစ်ချုပ် အနေနဲ့ ကျွန်တော့် အကြိုက်ဆုံးကို ပြောရမယ်ဆိုရင်တော့ Start8 ပါ - ခု အကြံပြုခဲ့တာတွေ တစ်ခုမှ မကြိုက်ခဲ့ရင်လည်း Internet ထဲမှာ Start menu replacements နဲ့ ပတ်သတ်ပြီး ပြင်ဆင်လို့ ရမယ့်နည်းလမ်းတွေ မနည်းမနော ရှိနေပါသေးတယ်။ လေ့လာကြည့်ပါ။ မတူတဲ့ အမြင်တွေ ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ကို ပြန်လည်မျှဝေပေးပါ။

KznT.

Make your life easier with windows 8

Windows 8 အကြောင်းကို တစ်ချိန်က ကိုပေါ်ဦး စရေးခဲ့တဲ့ Thread အောက်မှာပဲ ကျွန်တော် လိုက်ပေါင်းပြီး ရေးခဲ့ဖူးပါတယ် - အဲ့တုန်းကတော့ Windows 8 ဆိုတာ တကယ်ဖြစ်လာမလာ သေချာ မသိသေးတဲ့ အခြေအနေတစ်ခုပါ - အင်တာနက်ထဲက သူများတွေပြောတာကို လျှောက်ဖတ်ပြီး ရမ်းသမ်းရေးတာ - တကယ်သုံးဖူးလို့ ရေးတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် နောက်ပိုင်း ကျွန်တော် မြန်မာပြည် ပြန်ရောက်တော့ 29 February 2012 မှာ Windows 8 Consumer Preview ဆိုပြီး တကယ်ထွက်လာတယ်။


Windows 8 Beta Version လို့ ပြောရမှာပေါ့ - Beta Version ဆိုတဲ့အတိုင်း ကျွန်တော်စမ်းသုံးကြည့်တော့ ဒီလောက်ကြီးထိ အဆင်မပြေသေးဘူး - သဘောမကျမိဘူးပေါ့ - Windows 8 သာဆိုတယ် - အားလုံးလိုလိုက Windows 7 လိုပဲ - Interface လေးတော့ နည်းနည်း Change သွားတာပေါ့လေ - Bugs တာတွေကလည်း အများကြီး။ အဲ့နောက် May 31, 2012 ကျတော့ Windows 8 Release Preview ဆိုပြီး ထပ်ထွက်ပြန်တယ် - အဲ့တာလည်း သုံးဖြစ်လိုက်သေးတယ် - ဒါပေမယ့် Windows 8 Release Preview ကျတော့ တော်တော်လေး သုံးရတာ အဆင်ပြေလာပြီ - အင်တာနက်က လက်တကမ်းမှာ ရှိမနေတော့ သုံးနေရင်း မသိတာတွေကလည်း အများကြီးတွေ့ရတယ် - ဘယ်သူမှလည်း မေးလို့မရဘူး - အင်တာနက်လည်း မရှိတော့ လိုက်ဖတ်လို့ကလည်း မလွယ်ဘူး - ဒါပေမယ့် ဖြစ်တဲ့ပြဿနာတိုင်းကို စာအုပ်ထဲမှာ မှတ်ထားတယ် - အင်တာနက်ဆိုင် ထိုင်ဖြစ်ရင် ဘာကြောင့်ဖြစ်တယ် - ဘယ်လို ဖြေရှင်းလို့ ရမယ်ဆိုတာ အဖြေလိုက်ရှာတယ် - အားလုံးစုံအောင် သိခဲ့ပြီလားဆိုတော့ မသိသေးဘူးလို့ပဲ ဝန်ခံပါရစေ - အဲ့လို သုံးလိုက် မသိလိုက် ရှာလိုက် နဲ့ August 1, 2012 ရက်နေ့က Windows 8 RTM (Build 9200) ထွက်တယ် - ဒါပေမယ့် အဲ့တာက Developers တွေအတွက်ဆိုပြီး MSDN subscriptions မှာ ပေးတာဆိုတော့ မသုံးကြည့်ဖြစ်လိုက်ဘူး။ 
အဲ့နောက် October 26, 2012 က Windows 8 စရောင်းတယ် - အဲ့သတင်းကြားတော့ အရင်တုန်းကဆိုရင် အင်တာနက်ကနေ ဒေါင်းလုပ်ချသုံးပေမယ့် ခုတော့ ခွေဆိုင်မှာ လိုက်ရှာဝယ်ရတယ် - အင်တာနက်ဆိုင်ကနေ ဒေါင်းလုပ်ချသုံးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ - ခုတော့ ရန်ကုန်က အခွေဆိုင်တော်တော်များများမှာ Windows 8 ဝယ်လို့ရနေပြီ - Windows 8 editions အနေနဲ့က -
  • Windows 8 ( Basic edition ဖြစ်ပြီး Beginner များ Starter များအတွက် သင့်တော်သည် )
  • Windows 8 Pro ( Windows 7 Professional နှင့် Ultimate ကဲ့သို့ဖြစ်ပြီး Pro သမားများ သုံးစွဲရန် )
  • Windows 8 Enterprise ( Windows 8 Pro တွင်ပါဝင်သော Features အားလုံးပါဝင်ပြီး Business သမားများ အသုံးပြုရန် )
  • Windows RT ( Tablet PCs ကဲ့သို့သော ARM-based devices များတွင် အသုံးပြုရန် )
ဆိုပြီး လေးမျိုးရှိပေမယ့် တကယ်တမ်း ကျွန်တော်တို့ သုံးသင့်တာ / လူတော်တော်များ အသုံးပြုကြတာကတော့ Windows 8 Pro (သို့) Windows 8 Enterprise ပါ။ ကျွန်တော်ကတော့ လောလောဆယ် Windows 8 Enterprise သုံးနေတယ်။ တကယ်လို့ Upgrade လုပ်ပြီး သုံးချင်တယ်ဆိုရင်တော့ ဒီနေရာက Upgrade compatibility ခေါင်းစဉ်အောက်မှာ ဖတ်ကြည့်လို့ရတယ် - အဲ့မှာ Comparison chart လည်း ပြထားတော့ Editions အလိုက် ဘာတွေကွာတယ်ဆိုတာလည်း အလွယ်တကူ သိနိုင်တယ် - Windows 8 system requirements ကို သိချင်ရင်တော့ ဒီနေရာမှာ ရေးထားတာ ပြည့်စုံပါတယ်။ Windows 8 Pro ဖြစ်ဖြစ် Enterprise ဖြစ်ဖြစ် အခွေဝယ်ချင်ကြတယ်ဆိုရင် မြေနီကုန်း စမ်းချောင်းလမ်းထဲက Active အခွေဆိုင် မှာဝယ်လို့ရတယ်။ ကျွန်တော်ဖွင့်ထားတဲ့ ဆိုင်မို့လို့ ညွှန်းတာမဟုတ်ပါ - ပေါက်ပန်းဈေးအခွေတွေနဲ့ တွေ့မှာစိုးလို့ ကျွန်တော်ဝယ်ခဲ့တဲ့ အခွေဆိုင်ကို ပြောပြတာ ဒီ Thread ကို အသစ်ဖွင့်ဖြစ်တဲ့ အဓိက အကြောင်းအရင်းက လောလောဆယ် ကျွန်တော်သုံးဖြစ်နေတဲ့ Windows 8 နဲ့ ပတ်သတ်ပြီး တွေ့ရ တဲ့ ပြဿနာလေးတွေ ပြင်ဆင် ပုံလေးတွေကို ကျွန်တော် သိထားသလောက် ဖတ်မိသလောက် မိသားစုဝင်တွေလည်း သိရအောင် Sharing ပြန်လုပ်ချင်လို့ပါ။ ကျွန်တော် အချိန်ပေးနိုင်သလောက် အကောင်းဆုံး ရေးနိုင်အောင် ကြိုးစားသွားပါမယ်။ 

KznT.

Related Posts