မြန်မာနိုင်ငံပြန်ရောက်ပြီး နောက်ပိုင်း အကြောင်းအရင်း (၅)ခုကြောင့် စာမရေးဖြစ်ခဲ့ဘူး-
- အင်တာနက် လက်တစ်ကမ်းမှာ မရှိဘူး။
- Blog ကို ဇော်ဂျီကနေ ယူနီကုတ်ပြောင်းပြီးနောက်ပိုင်းမှာ Forum မှာ ဇော်ဂျီနဲ့ ဘလော့မှာ သုံးတဲ့ ယူနီကုတ်ကြား ပြဿနာတော်တော် တက်ခဲ့တယ်။
- အရင်ကသုံးခဲ့တဲ့ Domain Name (11dreams.net) က Expired ဖြစ်သွားတော့ တစ်နှစ်စာ Register ပြန်လုပ်ဖို့ အဆင်မပြေတာနဲ့ အချိန်တစ်ခုစောင့်နေမိတယ်။
- အရင်ရေးခဲ့တဲ့ ဖိုရမ်မှာလည်း အခုတော့ ရေးမယ့်သူလည်းမရှိ ဖတ်မယ့်သူလည်းမလာနဲ့ ဝင်မရေးဖြစ်တာ တော်တော်ကြာသွားတယ်။
- ပြန်ရေးမယ်လုပ်ပြန်တော့ Blog မှာ Broken Links တွေ တအားများနေတာရယ် Themes တွေ ပြောင်းတာများပြီး ယူနီကုတ်ပြဿနာ ဖြစ်တာရယ်တွေနဲ့ အချိန်မပေးချင်တော့ ပစ်ထားလိုက်တယ်။
- ဖြည်းဖြည်းချင်း Blog က Broken Links တွေပြန်ပြင်နေတယ်။
- အရင်က ပြဿနာဖြစ်နေတဲ့ Unicode ပြဿနာလည်း တော်တော်လေး အဆင်ပြေသွားပြီ။ ဘယ် Browsers နဲ့ ကြည့်ကြည့် ပုံမှန်မြင်ရပြီ။
- အင်တာနက်သုံးဖို့လည်း ၁၅၀၀တန် SIM Card တစ်ခု မဲပေါက်တော့ အင်တာနက်လျှောက်ပြီးသုံးတာ အဆင်ပြေနေတယ်။
- Domain Name ကိုလည်း ပြန်ပြီး Registration လုပ်ဖို့ ကြိုးစားနေတယ်။
- တစ်ချိန်က လူကြည့်များပြီး အသုံးဝင်ခဲ့တဲ့ Articles တွေကို PDF Version ပြန်ပြောင်းဦးမယ်။
- သိပ်မကြာခင် Articles တွေလည်း အရင်လို ပြန်ရေးနိုင်တော့မယ်။
0 comments:
Post a Comment
TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။