How to Undelete the Panel in Linux

Leave a Comment
Linux desktop တွေမှာပါတဲ့ Panels ဆိုတာ Windows မှာပါတဲ့ Taskbar တွေနဲ့ သဘောတရားတူတယ်။ Panel တွေရဲ့ စွမ်းဆောင်ရည်က သူကနေပြီး System menu တွေကို သွားလို့ရမယ် - အချိန်နဲ့ နေ့ရက်တွေ ချိန်ညှိလို့ ရမယ် - ဖော်ပြမယ် - ဘယ် Network နဲ့ ချိတ်ဆက်ထားသလဲ - Wireless လား - ဘာလား စသဖြင့် Network နဲ့ ဆိုင်တဲ့ information ကို ဖော်ပြမယ် - နောက်ပြီး ကိုယ်ဖွင့်ထားတဲ့ Apps တစ်ခုနဲ့ တစ်ခုကြား အလွယ်တကူ ပြောင်းလဲ Access လုပ်ဆောင်နိုင်မယ် စသဖြင့် ဖြစ်ပါတယ်။ အဲမှာ တစ်ခု ရှိလာတာက Linux desktop တွေမှာပါတဲ့ Panels တွေဟာ Windows Vista, 7 တို့လိုမျိုးပဲ တစ်နေရာကနေ နောက်တစ်နေ ( ဆိုလိုတာ အပေါ်အောက် ဘေး ဘယ် ညာ ) ရွှေ့ပြောင်းလို့ ရသလို - နောက်တစ်ဆင့် အနေနဲ့ အလွယ်တကူပါ ဖျက်လို့ ရပါတယ်။ ဆိုးတာလေး တစ်ခုက အဲ့ဒီ့ Panels တွေဟာ ဖျက်ဖို့သာ လွယ်တာ ပြန်ခေါ်ဖို့ဆို အလွယ်တကူ ပြန်ခေါ်လို့ မရပါဘူး - နဲနဲ ရှုပ်တီး ရှုပ်ရှက်နိုင်တယ်။


ကျွန်တော်က Avant Window Navigator သုံးတာမို့လို့ အရင်က အဲ့ Panel ကို မမြင်ချင်ဘူး - အဲ့တာနဲ့ Hide ထားလိုက် - ဘေးဘယ်ညာ ရွှေ့ကြည့်လိုက်နဲ့ လုပ်တယ် - ဒါလည်း အဆင်မပြေဘူး - နောက်ဆုံး ဖြုတ်ရင် ကောင်းမလား - စဉ်းစားတယ် - အဲတာလည်း အဆင်မပြေပြန်ဘူး - ဘာလို့လည်း ဆိုတော့ ပြန်ခေါ်နည်း မသိလို့ - ဒါပေမယ့် လူက ဖြစ်ချင်ပြီ ဆို ချက်ချင်း - စိတ်မထိန်းနိုင်တော့ ပြန်ခေါ်နည်း မသိပဲ Panel ကို ဖြုတ်ထုတ် ပစ်လိုက်တယ် - အဲ့လိုနဲ့ နောက်နေ့ကျတော့ သုံးရင်း သုံးရင်း လူက ဟာတာတာကြီး ဖြစ်လာတယ် - Panel မမြင်ရတော့ စိတ်က ကိုယ့်ကိုယ်ကိုယ် အကျီဝတ်ပြီး ဘောင်းဘီမပါပဲ ခုံပေါ်ထိုင်နေရသလို ဖြစ်လာရော - အဲတာနဲ့ Panel ပြန်ခေါ်လို့ ရအောင် လုပ်မယ် ဆိုပြီး အင်တာနက်ထဲ လိုက်ရှာကြည့်တယ် အင်တာနက်က ပြောရရင်တော့ တော်တော်ကြီးကို အားကိုးရတယ် ဆိုရမယ် - ကျွန်တော် အရင်ကဆို ဘာဆို ဘာမှကို မသိဘူး - သိချင်ပြီဆို တစ်ယောက်ယောက် လိုက်မေးရတာ အမော - အားလည်းနာရတာပေါ့လေ - ခုတော့ အင်တာနက်ထဲ ရှာလာတာ များလို့လား မသိဘူး - လူက တော်ယုံဆို ဘာပြသနာ ဖြစ်ဖြစ် ကောင်းကောင်းရှာတတ်နေပြီ - ဒါလည်း အင်တာနက် ရဲ့ ကောင်းကျိုးတွေပဲ - အရင်က တစ်ယောက်ယောက်ကို မေးလိုက်လို့ အဲ့လူက အားလုံးဖြေနိုင်နေရင် ဒီလူက ဘာမေးမေး အကုန်သိနေတာပါလား ဆိုပြီး အံ့သြမိတယ် - တကယ်တော့ Google ကို ကောင်းကောင်းကန်းကန်း မေးတတ်ရင် တော်ယုံ တန်ယုံ မေးခွန်းလောက်ကတော့ လူတိုင်း ဖြေနိုင်နေတာပဲ - အံ့သြစရာမှာ မဟုတ်တာ :)


ခုလည်း Ubuntu Linux မှာ Panel ပြန်ခေါ်ချင်တော့ လိုက်ရှာကြည့်ရင်း How to Undelete the Panel in Linux ဆိုပြီး ehow မှာ ရေးထားတာ တွေ့မိတယ်။ လိုက်ဖတ်ကြည့်ပြီး ဒီကောင်ကို ပြန်ရေးလိုက်တာ - တစ်ဆင့်ချင်း ကတော့ အောက်မှာ ဖော်ပြထား သလိုပေါ့ - system commands လေးနည်းနည်းလောက် Run လိုက်ရင် နဂို ကိုယ်ဖျက်ထားတဲ့ Panel ပြန်ရောက်လာမယ် - မဆိုးဘူး လွယ်ပါတယ် - သိသွားတော့လဲ :)




  • "ALT+F2" ကို နှိပ်ပြီး ပေါ်လာတဲ့ Search box မှာ "gnome-terminal" လို့ ရိုက်မယ် - ဒီလို ဘာလို့ ခေါ်လဲ ဆိုတော့ ကိုယ့်မှာ Panels တစ်ခုမှ မရှိတော့ပဲ "Applications" menu ကို Access လုပ်လို့ မရဘူးလို့ ယူဆထားလို့ - တကယ်လို့ ရှိတယ် ဆိုရင်တော့ ပုံမှန်အတိုင်း Applications > Accessories > Terminal ကို ခေါ်လည်း ရတယ်။
  • နောက် တစ်ဆင့်မှာ ဒီ စာသုံးကြောင်းကို အပေါ်မှာ ပြထားတဲ့ အတိုင်း ရိုက် - Enter ခေါက် 
  • gconftool --recursive-unset /apps/panel >> Enter
  • rm -rf ~/.gconf/apps/panel >> Enter
  • pkill gnome-panel >> Enter
  • ဒီ သုံးကြောင်း ပြီးသွားရင် Commands ကနေပြီး panels တွေ အားလုံးကို default အနေအထားအတိုင်း Restore ပြန်လုပ်ပေးလိမ့်မယ်။
KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts