Fresh Dynamic Views For Your Blog

Leave a Comment
ဟုတ်တယ် ကျွန်တော် မမှားဘူး - ယုံယုံကြည်ကြည်နဲ့ Blogger မှာ နေခဲ့တာ အချိန်တန်တော့ မျှော်လင့်ထားတာတွေ Google က ဖန်တီးပေးလာတယ် - ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်ဘူး - ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက် Blogger ကြောင့် တစ်ခါမှ စိတ်မညစ်ခဲ့ရဘူး - Hosting ပြဿနာ ဆိုတာလည်း မရှိဘူး - Site down တယ် ဆိုတာလည်း ရှိကောင်းတော့ ရှိလိမ့်မယ် - ဒါပေမယ့် တစ်ခါမှ မကြုံခဲ့ဖူးဘူး - အလကား ပေးထားတဲ့ ဝန်ဆောင်မှုလို့ မထင်ရလောက်အောင် Users တွေကို ဂရုစိုက်တယ် - ဒါ့ကြောင့် Blogger မှာ စာရေးရတာ ပျော်တယ် - 


ဒီနေ့ Blogger သမားတွေအတွက် Dynamic templates အသစ် ငါးခုမိတ်ဆက်တယ် - တစ်ခြား Blog အမျိုးအစားတွေထက် Photo blog တွေ အတွက်ပိုကောင်းသွားတယ်လို့ ကျွန်တော်ထင်မိတယ် - Web နည်းပညာပိုင်းမှာ နာမည်ကြီးနေတဲ့ AJAX, HTML5, CSS3 အားလုံးရဲ့ နောက်ဆုံး နည်းပညာတွေ သုံးပြီး တည်ဆောက်ထားတယ်လို့ သိရတယ် -

ဘယ်လိုတွေ ပြောင်းလဲသွားမယ် ဆိုတာတော့ အောက်မှာ ဖော်ပြထားတဲ့ Links တွေကိုသာ နှိပ်ပြီး သွားကြည့်ပါ -



မြင်တွေရမယ့် ပုံစံ အကြမ်းဖျဉ်းက အောက်ဖော်ပြပါ အတိုင်းပါ - Blogger ကနေ တဆင့် Picasa မှာ တင်ပြီး သုံးထားသမျှ ကိုယ့် ဘလော့က ဓာတ်ပုံတွေကို Views အမျိုးမျိုးနဲ့ အောက်ဖော်ပြပါအတိုင်း တွေ့ရပါလိမ့်မယ်။




Flipcard



Snapshot



Mosaic


တကယ်လို့ ကိုယ်ကိုယ်တိုင်လည်း Blog ရေးတယ် ဆိုရင် ကိုယ်ရေးတဲ့ ဘလော့ရဲ့ URL နောက်မှာ “/view” ကို ထပ်ပေါင်းထည့်ပြီး ဒီ Views ငါးမျိုးနဲ့ ဘယ်လို ပေါ်မယ်ဆိုတာ စမ်းကြည့်နိုင်ပါတယ် - ဥပမာ ပြောရရင် - http://mlovesm.blogspot.com/view ဆိုတာမျိုးပေါ့ - ဒီ Views တွေနဲ့ Public ပေးထားတဲ့ Blogger အားလုံး ကြည့်လို့ ရပါပြီ - ကန့်သတ်ချက် တစ်ခု ရှိတာက Public ပေးထားပေမယ့် ဒီ Dynamic Views သုံးပြီး ကိုယ့် ဘလော့ကို ကြည့်လို့ မရရင် feeds တွေကို fully enabled မပေးထားရသေးလို့ ဖြစ်ပါလိမ့်မယ် - Blogger ထဲကို ဝင်ပြီး Settings | Site feed tab မှာ Full ပေးပါ - Setting | Formatting tab မှာလည်း Enable Dynamic Views ကို Yes ပေးထားဖို့ လိုပါတယ် -


Youtube ကြည့်လို့ ရမယ်ဆိုရင်တော့ ဒီအောက်က ဗွီဒီယိုလေး ကြည့်ကြည်ပါ - အပြင်အဆင်လေးတွေ ပိုနားလည်နိုင်ပါလိမ့်မယ်။



မူလရင်းမြစ်များ

http://googleblog.blogspot.com/2011/...your-blog.html
http://www.google.com/support/blogge...1227173&ctx=go
http://www.google.com/support/blogger/bin/answer.py?hl=en&answer=1229061&ctx=go
http://mlovesm.blogspot.com/view/flipcard

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts