Getting started with Google Toolbar

ဒီအကြောင်းက ကိုဝင်းမြင့် ဒီနေရာမှာ မေးထားလို့ ရေးလက်စနေရာနဲ့ မအပ်စပ်တာနဲ့ တစ်ခြားသူတွေလည်း သိရအောင် နေရာပြောင်းပြီး ဖော်ပြလိုက်ပါတယ် -

Google Toolbar အကြောင်း ကိုဝင်းမြင့်မေးထားတာ ကြာပြီ - ဒီနေ့မှပဲ ရေးဖြစ်တော့တယ် - ကျွန်တော် Google toolbar ကို သုံးလာတာတော့ ကြာပြီ - အင်တာနက်ထဲမှာ toolbar တွေ မိှုလိုပေါက်အောင် ရှိပေမယ့် ကျွန်တော်က Search engine ဆိုလည်း Google - Mail ဆိုလည်း Google - Blog ဆိုလည်း Google - Messenger ဆိုလည်း Google - နောက် Google calendar - Google Bookmarks - Googla Analytics - Google Apps - Google Docs အားလုံးသုံးနေတာ ဆိုတော့ Google toolbar နဲ့က သုံးရတာ ပို အဆင်ပြေတယ် ဆိုပြီး သုံးဖြစ်နေတာ - အစကနေ စရင် Google toolbar ကို ဒီနေရာမှာ ယူနိုင်ပါတယ် -Install လုပ်တာတော့ ထူးထူးခြားခြား မရှိဘူး - သူပြထားတဲ့ Install Google Toolbar ကို နှိပ်လိုက်ရင် Firefox မှာဆို နောက် Windows တစ်ခု တက်လာပြီး Install သွားယုံပါပဲ - နောက် Firefox ကို Restart ပေး ပြန်တက်လာရင် Google toolbar ကို စမြင်ရမယ် -


Search box


ဘယ်ဘက်ခြမ်းမှာ အရင်ဆုံး စတွေ့ရမှာ Search box - သူကနေပြီး Internet ထဲက ကိုယ်ရှာချင်တဲ့ အကြောင်းအရာကို တိုက်ရိုက် ရှာလို့ ရတယ် - သူက ဘာနဲ့ တူလဲ ဆိုတော့ ကျွန်တော်တို့ ပုံမှန် ရှာနေကျ Google.com ရဲ့ Search box နဲ့ တူတယ် - ရှာချင်တဲ့ စာလုံးရိုက်လိုက်တာနဲ့ Google search မှာ Popular ဖြစ်တဲ့ စာလုံးတွေကနေ စပြမယ် - နောက် ကိုယ်က Google bookmarks သုံးတယ် ဆိုရင် အဲ့ထဲက စာမျက်နှာတြွေပမယ် - နောက် Web history ကို on ထားတယ် ဆိုရင် အဲ့ထဲမှာ အရင်တုန်းက ကိုယ်ရှာခဲ့တာတွေကို ပြန်ပြမယ် - နောက် သူနဲ့ ကပ်လျက်က Search ကနေ တစ်ဆင့် ကိုယ်က Webpage ရှာချင်တာလား - Images ရှာချင်တာလား - Videos ရှာချင်တာလား ကြိုက်ရာရွေးပြီး ရှာခိုင်းလို့ ရပါတယ် - Search box နဲ့ ပတ်သတ်တဲ့ အကြမ်းဖျဉ်းကတော့ ဒီလောက်ပါပဲ -

Add custom buttons


သူကတော့ မြင်တဲ့ အတိုင်းပဲ bro ရေ - ကိုယ်တိုင်လည်း သုံးလေ့ရှိပြီး လူကြိုက်လည်းများတဲ့ တစ်ခြား Website လေးတွေကို ကလစ်တစ်ချက်နှိပ်ယုံနဲ့ ရောက်အောင် လုပ်ပေးနိုင်တဲ့ buttons လေးတွေ Google toolbar မှာ ပေါင်းထည့်နိုင်တဲ့ နေရာ - လူသုံးများတဲ့ facebook တို့ - youtube တို့ စသဖြင့်ပေါ့ - Google toolbar users တွေ လုပ်ထားတဲ့ buttons လေးတွေကို ဒီနေရာမှာ သွားကြည့်နိုင်ပါတယ် - တကယ်လို့ ကိုယ်နှစ်သက်တဲ့ website အတွက် button မတွေ့မိသေးဘူး ဆိုရင် Google Toolbar API ကို သုံးပြီး ကိုယ်ကိုယ်တိုင် button လေးတွေ လုပ်လို့ ရပါတယ်။

Google Sidewiki


ကိုယ် မသိတဲ့ Website တစ်ခုကို ပထမဆုံး ရောက်သွားတဲ့ အချိန်မှာ ကျွန်တော်တို့အတွက် အဦးဆုံး လိုအပ်တာ ဒီဆိုဒ်က ဘာတွေဝန်ဆောင်မှု ပေးတာလဲ - ဒီထဲမှာ ဘာအကြောင်းအရာတွေ ရှိလဲ - ငါ ဒီဆိုဒ်ကနေ ဘာတွေ လေ့လာနိုင်မလဲ ဆိုတာ သိဖို့ပါ - ဒါကို ဆိုဒ်ရဲ့ အနှစ်ချုပ် လမ်းညွှန် လို့ ပြောလို့လည်း ရပါတယ် - Google toolbar မှာ ကောင်းတာ တစ်ချက်က visitors ချင်း ပြန်ပြီး ဆိုဒ်ရဲ့ အားသာချက် အားနည်းချက်လေးတွေ ကောင်းကွက် ဆိုးကွက်လေးတွေ ထောက်ပြလို့ ရအောင် အပေါ်မှာ ပြထားသလို Google Sidewiki ဆိုတာ ထည့်ပေးထားတယ် - ဒီ ဆိုဒ်အပေါ် ထားတဲ့ ကိုယ့် အမြင်လေးတွေ ကောင်း ကွက် ဆိုးကွက်လေးတွေ visitors ချင်းချင်းလမ်းညွှန်တဲ့ သဘောပေါ့ - ကျွန်တော်တို့ မြန်မာမိသားစုဖိုရမ်မှာတော့ ဘယ်သူမှ ရေး ထားကြတာ မတွေ့မိသေးဘူး - အဲတာနဲ့ ကျွန်တော်ပဲ စပြီး မြန်မာမိသားစု အတွက် Google Sidewiki ရေးထား လိုက်တယ် - ဖတ်ချင်သူများ Google toolbar တင်ပြီး အပေါ်မှာ ပြထားတဲ့ Sidewiki button ကနေ ကလစ်ပြီးတဲ့နောက် Browser ရဲ့ Sidebar မှာ ဖတ်နိုင်ပါတယ်

Google Bookmarks


သူ့အကြောင်းကိုတော့ ဒီနေရာမှာ ကျွန်တော် အသေးစိတ် မဖော်ပြတော့ပါဘူး - Google Bookmarks ရဲ့ အသုံးဝင်ပုံကို ဒီနေရာမှာ ကျွန်တော် တစ်ခါ ဖော်ပြခဲ့ဖူးပါတယ် - လေ့လာနိုင်ပါတယ် - အတိုချုံး မိတ်ဆက်ရရင် ဖော်ပြပါ Google Bookmarks Button ကနေပြီး မိမိနှစ်သက်တဲ့ Websites တွေရဲ့ Addresses တွေကို Online ပေါ်မှာ မှတ်သားထားနိုင်ပါတယ် - ကိုယ့်ရဲ့ Google acc ကို login ဝင်လိုက်တာနဲ့ ဘယ်နေရာပဲ ရောက်ရောက် ကိုယ့် Google bookmarks တွေကို access လုပ်နိုင်မှာမျိုးပါ - အသေးစိတ်ကို ဖော်ပြထားတဲ့ link ကနေ လေ့လာကြည့်ပါ -

Spell check


သူကတော့ စာလုံးပေါင်း သတ်ပုံ မှားလား မှန်လား - စာလုံးကျော်သွားတာ ရှိလား ဆိုတာ စစ်ပေးတဲ့ button ပါ - Language 12 မျိုးကို စာလုံးပေါင်း သတ်ပုံ မှန်မမှန် Choose language ကနေ ရွေးပြီး စစ်ခိုင်းလို့ ရပါတယ် - မြန်မာစာ မရပါ - အရမ်းခက်လို့ Google က ခုထက်ထိ Support မလုပ်နိုင်သေးပါဘူး - ဂုဏ်ယူဖို့ ကောင်းပါတယ် -

Translate


ဘာသာစကား လေ့လာရာမှာ အခက်အခဲ ရှိသူတွေ - အင်္ဂလိပ်လို ဖော်ပြမထားတဲ့ Websites တွေကို site တစ်ခုလုံး အင်္ဂလိပ်ဘာသာကို ပြောင်းပြီး လေ့လာလိုသူတွေ အတွက် အရမ်း အသုံးဝင်တဲ့ button ပါ - အသုံးပြုနည်းကတော့ အင်္ဂလိပ်လို ဖော်ပြမထားတဲ့ site ကို ရောက်ရင် ဖော်ပြပါ Translate button ကိုနှိပ်လိုက်ယုံပါပဲ - တစ်ဆိုဒ်လုံးကို အင်္ဂလိပ်လို ပြောင်းပေးပါလိမ့်မယ် -

Form fill


အင်တာနက်သုံးသူတိုင်း Register တော့ လုပ်ဖူးကြပါလိမ့်မယ် - ဆိုဒ်တစ်ခုကို ရောက်လို့ သူ့ဆိုဒ်ကို ဝင်ချင်ရင် Register လုပ်ရတာ - Software ဒေါင်းလုပ်ချချင်ရင် Register လုပ်ရတာ စသဖြင့် ဆိုဒ်တစ်ခု တစ်ခါရောက်တိုင်းသာ သူမေးသမျှမေးခွန်း တစ်ခုချင်း လိုက်ဖြေပြီး Register လုပ်နေရရင် အချိန်ကုန်တာပေါ့ - ဒီလိုမဟုတ်ပဲ Register လုပ်ရာမှာ အချိန်ကုန် သက်သာအောင် ဘယ်တော့မှ မပြောင်းလဲတဲ့ ကိုယ့်ရဲ့ personal info တွေကို Form fill button ကနေ တစ်ဆင့် ကြိုဖြည့်ထားပြီး Register လုပ်တာတို့ Form ဖြည့်ရတာတို့ ဆိုတဲ့ စာမျက်နှာတွေကို ရောက်လာရင် အဲ့ဒီ့ Form fill button ကို ကလစ်တစ်ချက် ပေးလိုက်တာနဲ့ ဘယ်တော့မှ မပြောင်းလဲတဲ့ ကိုယ့်ရဲ့ personal info တွေက သက်ဆိုင်ရာ Registration form မှာ keyboard တစ်ချက် ရိုက်စရာ မလိုပဲ အလိုလို ပြည့်သွားမှာ ဖြစ်ပါတယ် - Add/Edit profiles > Add new ကနေ ကိုယ့်ရဲ့ personal info ကို ဖြည့်ထားပေးဖို့ လိုပါတယ် -

Share


အင်တာနက်ထဲ ဟိုဒီ လျှောက်သွားရင် နှစ်သက်မိတာလေး တွေ့ရင် ကိုယ့် သူငယ်ချင်းတွေကို ဝေမျှလိုတဲ့ အခါ ဒီ Share button လေးက အသုံးဝင်ပါတယ် - Blog ရှိတဲ့ သူဆို ကိုယ့် ဘလော့မှာ တင်ပြီး share လုပ်မလား - facebook သမားတွေကို ကိုယ့် profile မှာတင်ပြီး share လုပ်မလား စသဖြင့် စိတ်ကြိုက် ရွေးချယ်လို့ ရပါတယ် - အသုံးပြုနည်းကတော့ ဝေမျှချင်တဲ့ စာမျက်နှာ ကို ရောက်ရင် Share button ကို click ပေးပြီး ရှေ့ဆက်သွားယုံပါပဲ -

Page Rank


Site တစ်ခုမှာ အရေးအပါဆုံးက Page Rank ပါ - Page Rank ဆိုတာ အင်တာနက်ထဲမှာ ရှိနေတဲ့ Web စာမျက်နှာပေါင်း မြောက်များစွာရဲ့ ကြားထဲမှာ ဒီ Web စာမျက်နှာက ဘယ်လောက် လူသိများသလဲ - ဘယ်လောက်တောင် လူသားတွေ အတွက် အကျိုးပြုနေလဲ ဆိုတာ Google ကနေ စံသတ်မှတ်ထားတဲ့ page rank နဲ့ တိုင်းတာ ပိုင်းဖြတ်ပါတယ် - Google ကနေ စံ သတ်မှတ်ထားတဲ့ Page rank 1 - 10 ရှိပြီး ပုံမှန် သူလိုကိုယ်လို Website တွေဟာ Page Rank 1 ရဖို့တောင် မလွယ်ပါဘူး - မြန်မာမိသားစုကရော ?? လေ့လာကြည့်ပါ - ၃ - ၄ လောက်ဆိုရင်ကို တော်တော်ကောင်းတဲ့ Website ထဲမှာ ပါတယ်လို့ ပြောလို့ ရပါတယ် -

Access and Ajust


ဒီနေရာ နှစ်ခုမှာ ညာဘက်အစွန်ဆုံး button ကတော့ ကိုယ့် google acc ကို login/out လုပ်တဲ့ နေရာပါ - login လုပ်ထားမှ google toolbar ကနေပြီး ကိုယ့် bookmarks တွေကို access လုပ်လို့ ရမယ် - mail ရောက်မရောက် ချက်ချင်း သိနိုင်မယ် - စတဲ့ ကျေးဇူးတွေ ရနိုင်ပါတယ် - နောက်တစ်ခုကတော့ Google toolbar တစ်ခုလုံးရဲ့ အသက်ပါ - သူကနေပြီး toolbar ရဲ့ အနေအထား settings တွေကိုပြင်ဆင်နိုင်ပါတယ် -
ခု ကျွန်တော် ဖော်ပြခဲ့တာ Google Toolbar နဲ့ ပတ်သတ်ပြီး အရမ်း အပြည့်အစုံကြီးတော့ မဟုတ်ပါဘူး - ဒါပေမယ့် ခုဖော်ပြခဲ့သလောက်ဆို Google Toolbar ကို အသုံးပြုဖို့ အတွက် အထိုက်လျောက် အထောက်ကူ ပြုနိုင်လိမ့်မယ် လို့ မျှော်လင့်မိပါတယ် -

KznT.

How To Remove Your Web History From Google Servers ?

Originally Posted by finger2finger 
google ကိုဖွင့်လိုက်ပီး...search ကနေလိုချင်တာတွေကိုရိုက်ပီး ရှာပါတယ်... ကိုရှာထားတာတွေ က ပေါ်နေပါတယ်.. အစ စာလုံးလေး တလုံးရေး လိုက်တာနဲ့ အကုန်ပေါ်လာတော့တာပဲ...အရင် ရှာထားတာတွေမပေါ်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာ ပြောပေးကြပါအုံး သူငယ်ချင်းများ ခင်ဗျာ...ကျေးဇူးတင်ပါတယ်.....
ဒီအကြောင်းရာနဲ့ ပတ်သတ်ပြီး မိသားစုဝင်တော်တော်များများ ဆွေးနွေးပေးထားကြတာ ကျေးဇူးတင်ပါတယ် - အပေါ်မှာ မိသားစုဝင်များ ဆွေးနွေးခဲ့ကြသလို Browser ရဲ့ "Clear Recent History" ကိုရွေးပြီး ရှိသမျှအကုန် ဖျက်တာတောင် မပျက်ပဲ search box မှာ စာလုံးစရိုက်လိုက်တာနဲ့ အရင်ကိုယ်ရှာထားတာတွေ ပေါ်နေတယ် ဆိုတာက အဲတာ Browser နဲ့ မဆိုင်ပါဘူး - ဥပမာ ဒီလိုပုံစံမျိုးပါ



အဲတာက Google user တွေ အတွက် Google ကနေ ထုတ်ပေးထားတဲ့ Web History feature ကြောင့် ဖြစ်ပါတယ် - ဆိုကြပါစို့ ကျွန်တော်တို့က Google account တစ်ခုကို ဝင်ထားပြီး Google Search box ကနေ တစ်ခုခု ရှာဖွေလိုက်မယ် ဆိုရင် Google ကနေ ပေးထားတဲ့ Web History feature ကနေ ကိုယ် Search box မှာ ရှာခဲ့တဲ့ အကြောင်းအရာတွေကို ကိုယ့် account ရဲ့ web activity ထဲမှာ History တစ်ခု အနေနဲ့ မှတ်ထားပေးပါတယ် - ရည်ရွယ်ချက်က တစ်ခါတစ်လေမှာ ကျွန်တော်တို့တွေ လိုချင်တာလေး ရှိလို့ အွန်လိုင်းပေါ်တက်ပြီး Google Search ကနေ ရှာလိုက်တဲ့ အချိန်မှာ site ကောင်းလေး တစ်ခုတွေ့တယ် - ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် Bookmark မှတ်ထားဖို့ မေ့သွားခဲ့တယ် ဆိုရင် နောင်တစ်ချိန်မှာ Web History feature ကနေ ကိုယ် မှတ်ဖို့ မေ့သွားတဲ့ site ဆို အလွယ်တကူ ပြန် ရှာတွေ့နိုင်အောင် ရည်ရွယ်တာပါ -

ဒီ feature က တစ်ခါတစ်လေလည်း ကောင်းတယ် - တစ်ခါတစ်လေ သူများမသိစေချင်တာကို ရှာတဲ့ အခါ ကိုယ့်ရှာပြီး သားတွေ ပြန်ပြန်ပြနေတာကလည်း တော်တော်ဆိုးပါတယ် - အများနဲ့ သုံးတဲ့ ကွန်ပြူတာတွေမှာ ခုလို မဖြစ်စေချင် ရင် ကောင်းတာကတော့ ကိုယ့် Google account ထဲကို Sign in ဝင်ပြီး Web search မလုပ်ပါနဲ့ - တကယ်လို့ လုပ်ဖြစ်ခဲ့တယ် ဆိုရင်လည်း ကွန်ပြူတာကနေ ကိုယ်ထတော့မယ် ဆိုတဲ့ အခါ ကိုယ့် Google account ကို Sign out လုပ်ခဲ့ပါ - ဒါဆို အဆင်ပြေ ပါတယ် - ဒီလိုနည်းနဲ့မှ မဟုတ်ပဲ ကျွန်တော်က Web History feature ကို လုံးဝကို မလိုချင်ဘူး ဆိုရင်တော့ နောက်ထပ် လုပ်ဆောင်နည်းရှိပါတယ် - အရင်ဆုံး ဒီနေရာကို သွားပါ - အထဲရောက်သွားရင် ဘယ်ဘက်ခြမ်းက Pause ကို click ပေးလိုက်ပါ - ဒါဆို နောက် ကိုယ် Search box ကနေ ရှာသမျှ သူက မှတ်တော့မှာ မဟုတ်ပါဘူး -


ဒါက ကိုယ်ရှာတာကို မမှတ်ခိုင်းတဲ့ အဆင့်ပဲ ရှိပါသေးတယ် - နောက်တစ်ဆင့် အနေနဲ့ ကိုယ်ရှာထားတာတွေ ပြန်မပေါ်စေချင် တာက ဘယ်ဘက်ခြမ်းက Remove items ကို ဝင်ရပါမယ်


နောက်စာမျက်နှာမှာ ကိုယ် ရှာခဲ့တာတွေထဲက မလိုချင်တာလေးတွေပဲ ရွေးဖျက်လို့ ရသလို အောက်ဖော်ပြပါ အတိုင်း အကုန်လုံး ဖျက်ချင်လည်း ရပါတယ် -




တကယ်လို့ ကိုယ်က Pause လုပ်ထားခဲ့ပြီးနောက်ပိုင်း နောင်တစ်ချိန်မှာ ကိုယ်ရှာထားတာလေးတွေ ပြန်မှတ်စေချင်တယ် ဆိုရင်တော့ အောက်ဖော်ပြပါ အတိုင်း Web History ကို ပြန်ဝင်ပြီး Resume ပြန်ပေးရပါမယ် -


ကျွန်တော် ဖော်ပြခဲ့တဲ့ အတိုင်း လုပ်ဆောင်ကြည့်ပြီး Search box မှာ ပေါ်မပေါ် ပြန်စစ်ကြည့်ပါဦး -

KznT.

What is the difference between ZIP and RAR ?

Originally Posted by ဟိန်းသက်အောင် 
zip နဲ့ rar ဖိုင်နဲ့ ဘယ်လိုကွာခြားမှုရှိသလဲလို့သိချင်လို့ပါ။ ဖြေပေးပါဦးအစ်ကိုတို့အစ်မတို့ရေ။ကျေးဇူးပါ။


Photo from instablogsimages.com

zip နဲ့ rar format တွေရဲ့ ကွာခြားချက် သဘောတရားကို အတိုရှင်းရရင် -



ZIP format က encryption algorithm ကို အသုံးပြုထားပါတယ်။ Encryption လုပ်တယ်ဆိုတာ အလွယ်ပြောရရင် တစ်ခြားသူ တစ်ယောက် မသိရှိနိုင်အောင် Cipher လို့ ခေါ်တဲ့ Algorithm ကို အသုံးပြုပြီး Information တွေကို လျှို့ဝှက် Code တွေအဖြစ် ပြောင်းလဲထားတာကို ခေါ်ပါတယ်။

RAR archives တွေမှာ အသုံးပြုတဲ့ encryption format AES-128 ( Advanced Encryption Standard ) ကတော့ ZIP မှာ အသုံးပြုတဲ့ encryption format ထက် ပိုပြီး လုံခြုံမှု ရှိပါတယ်။ အဲတာကြောင့်မို့ အရေးကြီးတဲ့ အတင်းအချက်အလက်တွေကို encryption လုပ်ဆောင်တော့မယ် ဆိုရင် RAR archive format ကို ပိုပြီး အသုံးပြုသင့်ပါတယ်။

zip, rar format တွေနဲ့ ပတ်သတ်ပြီး နောက်ထပ် သိထားသင့်တာက -

ZIP

Zip 2.0 encryption format က တော်တော်လေး လျော့တိလျော့ရဲ နိုင်ပါတယ်။ ကိုယ်ပေးထားတဲ့ Passwords ကို တစ်ယောက်ယောက်က Password recovery tools တစ်မျိုးပြီး တစ်မျိုး ပြောင်းသုံးပြီး ဖော်တဲ့ အချိန်မှာ ဒီ Zip 2.0 encryption format က ကိုယ့် Data တွေကို အပြည့်အဝ ကာကွယ်ပေးထားနိုင်ပါမယ်လို့ ယုံကြည်လို့ မရပါဘူး - တကယ်လို့ ကိုယ်က ကိုယ့် Data တွေနဲ့ ပတ်သတ်ပြီး လုံခြုံရေး ပိုတင်းကျပ်ချင်ပြီ ဆိုရင် ဒီ့ထက် ကောင်းတဲ့ တစ်ခြား Cryptography ( ဝှက်စာသွင်းတဲ့ နည်းလမ်း ) တစ်ခုကို ရှာဖွေရမှာ ဖြစ်ပါတယ်။

RAR

RAR archives တွေကို Passwords ပေးတဲ့ နေရာမှာ အမှန်တကယ် Security ကောင်းချင်တယ်ဆိုရင် အနည်းဆုံး characters ရှစ်လုံး အသုံးပြုရပါမယ်။ တစ်ခြား language တွေက စာလုံးတွေကို Passwords ပေးတဲ့နေရာမှာ အသုံးမပြုပါနဲ့ - အကောင်းဆုံးက ဂဏန်းတွေ စာလုံးတွေ ရောပြွန်းထားတဲ့ random passwords ပေးတာမျိုးက ပိုကောင်းပါတယ်။ နောက်တစ်ခု ကျွန်တော်တို့ သတိထားရမှာ ကျွန်တော်တို့ ပေးလိုက်တဲ့ passwords တွေက case sensitive ရှိပါတယ်။ case sensitive ရှိတယ် ဆိုတာ စာလုံးအသေးကြီး အမှားမခံပါဘူး - ဆိုလိုတာ စာလုံးချင်းတူပေမယ့် အကြီးနဲ့ ပေးထားတဲ့ passwords ကို စာလုံးအသေးနဲ့ ရိုက်ပြီး ပြန်ဖြည်လို့ မရပါဘူး - အဲလို လုပ်ရင် encrypted လုပ်ထားတဲ့ ဖိုင်တွေကို ပြန်ယူလို့ မရဖြစ်ပါလိမ့်မယ်။

အဆင်ပြေပါစေ -

KznT.

Types of recordable DVD formats and DVD-ROM

အင်္ဂလိပ်စာ ကနေ ဘာသာပြန်တာ သိပ်မကျွမ်းကျင်တဲ့အတွက် အင်္ဂလိပ်လိုပဲ ပြန်ပြီး ဖော်ပြလိုက်ပါတယ်ခင်ဗျာ... ဖြစ်နိုင်ရင် အစ်ကိုအမ တို့ က ဘာသာပြန်ပေးစေချင်ပါတယ်.....
တောင်းဆိုချက် အရ ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်။ တစ်ချို့ အကြောင်းအရာတွေဟာ တိုက်ရိုက် ရေးရင် သဘောတရား မပေါ်လွင်နိုင်တာမို့ စာသားတစ်ချို့ ဖြည့်စွက် ရှင်းလင်းထားပါတယ်။


Photo From all4dvd.com



The difference between DVD-R, DVD+R, DVD+RW and DVD-RW explained
There's DVD+R, DVD+RW, DVD-R, DVD-RW, and even DVD-ROM! So what's the difference between all of these different names,

DVD-R, DVD+R, DVD+RW နဲ့DVD-RW ဆိုတာတွေ ကြားက ကွာခြားချက်ကို ရှင်းမယ် ဆိုရင် DVD+R, DVD+RW, DVD-R, DVD-RW, တွေကနေ စလို့ DVD-ROM ဆိုတာထိ ရှိပါတယ်။ အဲတော့ ဒီ မတူညီတဲ့ အမည်တွေ ကြားထဲက ကွာခြားချက်တွေက ဘာတွေများလဲ ??

aren't all DVDs the same? Well, it's not quite that simple. Let's first start with the most obvious difference:

အားလုံးက DVDs တွေချည်းပဲ တူတူပဲ မဟုတ်ဘူးလား ? မဟုတ်ပါဘူး အဲ့လောက်ထိ မလွယ်ကူပါဘူး - ပထမဆုံး မြင်လွယ် သိလွယ်မယ့် နေရာကနေ စကြည့်ပါမယ် -

some have R and some have RW. The "R" stands for readable, while the "W" stands for writeable.

DVD ထဲမှာမှ တစ်ချို့က R ပါတယ်။ တစ်ချို့ကျတော့ RW ပါတယ်။ "W" ဆိုတဲ့ စာလုံးက writeable လို့ ခေါ်တဲ့ DVD ပေါ်မှာ Data တွေ ရေးသား-ဖြည့်သွင်းနိုင်သည်လို့ သဘောဆောင်တဲ့ အချိန်မှာ "R" ဆိုတဲ့ ကောင်က readable လို့ ခေါ်တဲ့ DVD ပေါ်မှာ ပါတဲ့ Data တွေကိုပဲ ဖတ်ပဲဖတ်နိုင်ပါတယ် ဆိုတဲ့ သဘောတရားကို ဆောင်ကျဉ်းပါတယ်။

The main difference between DVD-R and DVD-RW, or DVD+R and DVD+RW is that the R disc formats can only be written to once, and then it is only readable and can’t be erased for the rest of its digital life.

DVD-R, DVD-RW, DVD+R နဲ့ DVD+RW ဆိုတာတွေရဲ့ အဓိက ကွာခြားချက်တွေကတော့ - R ဆိုတဲ့ disc formats တွေဟာ Disc ပေါ်မှာ Data တွေကို တစ်ကြိမ်သာရေးသားရိုက်သွင်းနိုင်ပြီး - အဲလို ရေးသားရိုက်သွားပြီးသွားတာနဲ့ Disc ပေါ်မှာ ရေးသားလိုက်တဲ့ အကြောင်းအရာကို readable ဆိုတဲ့ ဖတ်ယုံကလဲြွပီး - ဒီ Disc ပေါ်မှာ ပါတဲ့ အကြောင်းအရာကို ဖျက်ခြင်း - နောက်တစ်ဖန် အသစ်ပြန်ရိုက်ခြင်း - Data အသစ် ထပ်မံဖြည့်သွင်းခြင်း ဆိုတာမျိုးတွေကို သူ့တစ်သက်မှာ နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မံလုပ်ဆောင်လို့ မရတော့ပါဘူး။

While RW discs are can be written to and erased many times, they are both readable and writeable.

RW discs တွေကတော့ အကြိမ်ပေါင်းများစွာ ထပ်မံရိုက်သွင်းလို့လည်း ရသလို ရိုက်သွင်းပြီးသား အကြောင်းအရာတွေကိုလည်း ပြန်လည် ပယ်ဖျက်လို့ ရပါတယ်။ ဒါ့ကြောင့် RW discs တွေကို readable and writeable လို့ခေါ်တဲ့ ရေးလို့လည်း ရ ဖတ်လို့လည်းရ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တင်စားထားတာပါ။

"R" discs are perfect if they are only needed to be written to once, such as giving some files to a friend or transferring them between PCs.

ဒါ့ကြောင့် "R" discs တွေဟာ PCs တစ်ခုနဲ့ တစ်ခုကြား files တွေ ရွှေ့ပြောင်း သယ်ယူရာမှာ ဖြစ်ဖြစ် - ကိုယ့် သူငယ်ချင်းတစ်ယောက်ကို ဖိုင်တစ်ချို့ ပေးချင်တဲ့ အခါမျိုးမှာ ဖြစ်ဖြစ် Data တွေကို တစ်ခါသုံး တစ်ခါရိုက် သဘောမျိုး အသုံးပြုတဲ့ နေရာမှာ သင့်တော်ပါတယ်။

"RW" discs have their strength in the ability to be used many times over, which is great for routine system backups, etc.

"RW" discs ဆိုတာတွေကတော့ ပိုပြီး ကြံ့ခိုင်မှုလည်း ရှိသလို အကြိမ်ပေါင်း များစွာ ဖျက်သွင်းရိုက်ထုတ် လုပ်နိုင်တာမျိုး မို့လို့ ပုံမှန်လုပ်ဆောင်နေရမယ့် system backups ဆိုတာမျိုး - စတာတွေမှာ အသုံးပြုဖို့ အကောင်းဆုံးပါပဲ။

And naturally, the RW discs are slightly more expensive than the R discs, but you'll have to decide if the trade offs are worth the money.

ပုံမှန်အားဖြင့်တော့ RW discs တွေဟာ R discs ထက် နဲနဲလေး ဈေးပိုကြီးတတ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဆုံးဖြတ်ရမှာ ကိုယ့်အတွက် တကယ် အသုံးလိုသလား - တကယ် ပေးဝယ်ဖို့ရော တန်ရဲ့လား ဆိုတာ မဝယ်ယူခင်မှာ စဉ်းစားသင့်ပါတယ်။

Now, onto the difference between DVD-R and DVD+R.

အခု ကျွန်တော်တို့ DVD-R နဲ့ DVD+R အကြောင်းလေး ဆက်လိုက်ကြရအောင် -

As I just described above, DVD-R & DVD-RW are sister discs, the difference being one is writeable once, while the other is writeable multiple times.

ကျွန်တော် အပေါ်မှာ ဖော်ပြခဲ့ပြီးတဲ့ တစ်ခုက Data တွေကို တစ်ကြိမ်ပဲ ရိုက်သွင်းနိုင်တဲ့ အချိန်မှာ နောက်တစ်ခုက Data တွေကို အကြိမ်ပေါင်း မနည်း ရိုက်သွင်းနိုင်တယ် ဆိုတဲ့ Discs ညီအစ်မ DVD-R နဲ့ DVD-RW လို သဘောပါပဲ -

The same thing is true for DVD+R & DVD+RW. So the question is, what's the difference between the plus and minus?

ဖော်ပြခဲ့ပြီးတဲ့ အဲ့ဒီ သဘောတရားက DVD+R နဲ့ DVD+RW မှာလည်း တူတူပါပဲ - အလွယ်ပြောရင် တစ်ခုက တစ်ကြိမ်ပဲ ရိုက်လို့ ရမယ် - နောက်တစ်ခုက ကြိမ်ဖန်များစွာ ရိုက်လို့ ရမယ်။ အဲ - ဒီလိုဆို အနှုတ်နဲ့ အပေါင်း Minus "-" နဲ့ Plus "+" ကျတော့ ဘာကွာ သွားတာတုန်း ?

In order to explain this we must take a trip back in time.

ဒါကို ရှင်းဖို့ အတွက် ဆိုရင်တော့ ကျွန်တော်တို့တွေ နောက်ကြောင်းပြန် ကြည့်ရပါလိမ့်မယ် -

When DVDs were first being developed, there was no industry standard.

DVDs ဆိုတာတွေ ပထမဆုံး စထုတ်ခဲ့စဉ်တုန်းက လုပ်ငန်းသုံးစံသတ်မှတ်ချက် ဆိုတာတွေ မရှိခဲ့သေးပါဘူး -

Multiple companies were competing to develop what they hoped would be the dominant form of the future.

ကုမ္ပဏီတွေ တစ်ခုနဲ့ တစ်ခုက ကိုယ်မျှော်လင့်ထားတဲ့ ပုံစံအတိုင်း အနာဂတ်မှာ လွှမ်းမိုးနိုင်ဖို့ကိုသာ ယှဉ်ပြိုင် ဖန်တီးနေခဲ့ကြတာ ဖြစ်ပါတယ်။

The DVD-R DVD+R difference can easily be summarized by the following:

DVD-R DVD+R ရဲ့ ကွာခြားချက်ကို အောက်ဖော်ပြပါအတိုင်း အလွယ်တကူ အနှစ်ချုပ်နိုင်ပါတယ် :

* The DVD-R/RW standard was developed by Pioneer, and is used primarily by Apple and Pioneer. These "minus" discs can only be written to in one layer on the discs surface. In addition, this format is supported by the DVD forum, but is in no way an industry standard. DVD-R/RW discs are cheaper than the "plus" format.

* DVD-R/RW standard ဆိုတာ Pioneer ကစတင် ဖော်ထုတ်ခဲ့တာ ဖြစ်ပြီး Apple နဲ့ Pioneer အဦးဆုံး အသုံးပြုခဲ့ကြပါတယ်။ ဒီ "minus" discs တွေဟာ Discs မျက်နှာပြင်ပေါ်က Layer တစ်ခုတည်းပေါ်မှာသာ ရေးသားနိုင်ပါတယ်။ နောက် ဒီ format ကို DVD forum က support ပေးထားတယ်ဆိုပေမယ့် industry standard လို့ ခေါ်တဲ့ လုပ်ငန်းသုံး စံသတ်မှတ်ချက်တော့ ပြည့်မှီ မလာနိုင်ပါဘူး - DVD-R/RW discs တွေဟာ "plus" format တွေထက် ဈေးသက်သာပါတယ်။

* The DVD+R/RW format is supported by Philips, Dell, Sony, HP, and Mcft. These discs can be written to in multiple layers, giving them slightly better and more disc storage than the "minus" format. Because of this additional capacity, they are slightly more expensive than "minus" discs.

* DVD+R/RW format ကတော့ Philips, Dell, Sony, HP, Mcft ကနေ support ပေးထားတာ ဖြစ်ပြီး အဲ့ဒီ့ Discs တွေက multiple layers လို့ ခေါ်တဲ့ Layers တစ်ခုထက်မက ရေးသားနိုင်သလို - "minus" format Discs တွေထက်လည်း နဲနဲပိုကောင်းပြီး disc storage လည်း နဲနဲ ပိုများပါတယ်။ အဲလို အားသာချက်တွေကြောင့် "plus" format discs တွေက "minus" discs တွေထက် ဈေးနဲနဲ ပိုကြီးတတ်ပါတယ်။

A couple final things to clear up is the difference between DVD-ROM and DVD+RW, or the other DVD formats I mentioned above. The DVD-ROM drive can only read DVDs, while the other DVD drives can read and write data to DVDs.

နောက်ဆုံးတစ်ခုအနေနဲ့ ကျွန်တော် အထက်မှာ ဖော်ပြခဲ့ပြီးတဲ့ DVD+RW နောက် တစ်ခြား DVD formats တွေနဲ့ DVD-ROM ရဲ့ ကြားက ကွာခြားချက်ကို ရှင်းလင်းသွားအောင် ထပ်ပြောရရင် တစ်ခြား DVD drives တွေက Data တွေကို DVDs ထဲ ရေးလိုက်ဖျက်လိုက် ပြန်ရိုက်လိုက် လုပ်ဆောင်နေနိုင်တဲ့ အချိန်မှာ DVD-ROM drive ဆိုတာတွေက DVDs တွေကို ဖတ်ယုံပဲ ဖတ်နိုင်ပါတယ်။

And naturally the DVD+RW CD+RW difference can be explained by the "DVD" or "CD" prefix. DVDs, on average, can store up to 4.7 GB of data, while a CD can only store about 700 MB of data, or about 15% of a DVD's capacity. While CDs are slightly cheaper, in my opinion, the benefits of DVDs are much greater.

သာမန်အားဖြင့်တော့ DVD+RW CD+RW ဆိုတာရဲ့ ကွာခြားချက်ကို "DVD" နဲ့ "CD" ဆိုတဲ့ စာလုံးတွဲ ကို ကြည့်ပြီး နားလည်ပြီး ဖြစ်လောက်ပါပြီ - CD တွေက ပျမ်းမျှ အနေနဲ့ Data ပမာဏ 700 MB ဝင်ဆံ့နေစဉ်မှာ - DVDs တွေကတော့ ပျမ်းမျှ အနေနဲ့ Data 4.7 GB ပမာဏ ဝင်ဆ့ံပါတယ်။ တစ်ခြားနည်းနဲ့ ပြောရရင် CD တွေရဲက Data ပမာဏ ဝင်ဆံ့နိုင်မှု နှုန်းဟာ DVDs တွေရဲ့ 15% ရောက်ပဲ ဝင်ဆံ့နိုင်တယ်လို့လည်း ပြောလို့ရပါတယ်။ ကျွန်တော့် အမြင်မှာ CDs တွေက အနည်းငယ် ဈေးပိုသက်သာတယ် ဆိုပေမယ့် DVDs ရဲ့ အသုံးဝင် ထူးခြားချက်တွေက ပိုပြီး သာလွန်ကောင်းမွန်တယ် လို့ ဆိုနိုင်ပါတယ်။

So now that you've learned about the difference between DVD-R, DVD+R, DVD-RW, DVD+RW, and even DVD-ROM, which one is right for you? The easiest way to determine which is more beneficial is to watch the industry trends. A few years ago all pre-built computers were shipping with DVD-ROM drives. Today, most PCs have a burnable DVD drive.

ခုဆိုရင် စာဖတ်သူတို့ DVD-R, DVD+R, DVD-RW, DVD+RW, ဆိုတာတွေ အပြင် DVD-ROM ဆိုတာတွေရဲ့ ကြားက ကွဲပြားခြားနားချက် ဆိုတာတွေကို လေ့လာခဲ့ပြီးပြီ - ဘယ်ဟာကများ ကိုယ့်အတွက် ပိုသင့်တော်ပါသလဲ ?? အလွယ်ကူဆုံး ဆုံးဖြတ်နိုင်မယ့် နည်းလမ်းကတော့ ဘယ်ကောင်က လုပ်ငန်းခွင်သုံးအနေနဲ့ ပို သင့်တော်သလဲ ဆိုတာကို ကြည့်ပြီး ရွေးချယ်တာပါ။ ဟိုးအရင် နှစ်တွေတုန်းကတော့ တပ်ဆင်ပြီးသား computers တွေမှာ DVD-ROM drives တွေ တစ်ခါတည်း ထည့်သွင်းပါဝင်လာခဲ့ တာမျိုး ရှိခဲ့ပါတယ်။ ခုခေတ်မှာတော့ PCs တော်တော်များများမှာ burnable DVD drive လို့ ခေါ်တဲ့ ဖတ်ယုံတင် မဟုတ်ပဲ ရိုက်ပါ ရိုက်နိုင်တဲ့ DVD drive မျိုးတွေ ရှိနေကြပါပြီ။

I feel that the benefits of having a burnable DVD drive far outweigh any additional costs. They store much more data, and they are ideal for storing your home movies to watch on your DVD player.

ကျွန်တော် ယုံကြည်မိတာတော့ burnable DVD drive တစ်ခု ရှိထားတာဟာ တစ်ခြား အပိုကုန်ကျ စရိတ်တွေထက် အများကြီး ပိုပြီးအကျိုးပြုပါတယ်။ သူရှိထားခြင်း အားဖြင့် Data တွေကို ကျွန်တော်တို့ ပိုသိမ်းထားလို့ ရသလို DVD player နဲ့ ကြည့်ရှုနိုင်ဖို့ movies တွေသိမ်းဆည်းတဲ့ နေရာမှာလည်း အရမ်း အသုံးဝင်ပါတယ်။

My advice is to look at DVD burners that support all of the major formats I've mentioned above, DVD-R, DVD+R, DVD-RW, and DVD+RW. While a DVD drive that supports all of these formats may be slightly more expensive, it will allow you to use any type of DVD disc to burn to, and you'll be protected from any industry shifts to one format or the other.

ကျွန်တော် အကြံပြုချင်တာကတော့ DVD burners တွေ ဝယ်ယူတဲ့ အခါမှာ ကျွန်တော် အထက်မှာ ဖော်ပြခဲ့ပြီးတဲ့ DVD-R, DVD+R, DVD-RW, နဲ့ DVD+RW ဆိုတဲ့ major formats တွေ အားလုံးကို support ပေးတဲ့ DVD burners မျိုးကို ရှာဖွေပါ။ အဲလို formats တွေအားလုံးကို supports ပေးတဲ့ DVD drive ဆိုတာ ဈေးပိုကြီးမှာ မှန်ပေမယ့် သူ့ကို သုံးခြင်းအားဖြင့် DVD disc မျိုးစုံကို ကျွန်တော်တို့ burn လို့ ရမယ် - နောက်ပြီး industry တွေကနေ ဖန်တီးထားတဲ့ ဒါသုံးရင် ဒါလုပ်လို့ မရဘူး ဆိုတဲ့ အခြေအနေမျိုးတွေကနေလည်း တားဆီးပြီးသား ဖြစ်သွားပါလိမ့်မယ်။

KznT.

DVD-R, DVD-RW, DVD+R, DVD+RW

Originally Posted by tainlwar 
မိသားစုများ ခင်ဗျာ....Burn ပီးသား DVD အခွေကို ပြန်ဖျက်လို့ရမလား မသိဘူး...ကျွန်တော်က ကွန်ပျုတာ ဗဟုသုတ တွေကိုလေ့လာနေဆဲ မို့ မသိလို့ ကူညီပေးကြပါဦး...ရမယ်ဆိုရင်လဲလုပ်နည်း လေးကိုအသေးစိတ်ရှင်းပြပေးပါလား ခင်ဗျာ....

Originally Posted by ငြိမ်းချမ်း 
မရလောက်ဘူးလို့ထင်တယ်ဗျ... burnပီးသားခွေကိုသာ ထပ်ပြီးburn လို့ရတာ... ကျွန်တော်လည်းအဲဒါကို ရရင် သိချင်နေပါတယ်.. သိတဲ့သူတွရှိရင်တော ့ဝင်ဖြေကြပါလိမ့်မယ်..
ဖော်ပြထားတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး မဖြစ်မနေ သိထားသင့်တဲ့ အကြောင်းအရာ တစ်ချို့ ရှိပါတယ်။ Burn ပီးသား DVD အခွေကို ပြန်ဖျက်လို့ ရသလား ဆိုတဲ့ မေးခွန်းက တကယ်တော့ မပြည့်စုံသေးပါဘူး - ဘာကြောင့်လည်းဆို ကျွန်တော်တို့ DVD လို့ ပြောလိုက်တာနဲ့ အရင်ဆုံး Format နှစ်မျိုးရှိတာ သိထားရပါလိမ့်မယ်။ အ့ဲဒီ Format နှစ်မျိုးက "Minus" ("-") Formats လို့ ခေါ်တဲ့ ( DVD-R, DVD-RW ) ဆိုတာရယ် "Plus" ("+") Formats လို့ ခေါ်တဲ့ ( DVD+R, DVD+RW ) ဆိုတဲ့ နှစ်မျိုးဖြစ်ပါတယ်။ ဒီ +R တို့ -R တို့ +RW တို့ -RW တို့ဆိုတာ Data တွေကို ဘယ်လိုခန့်ခွဲနိုင်မယ် ဆိုတာကို အဓိက ရည်ရွယ်တာ ဖြစ်ပါတယ်။




Photo from online.tenadigitalmarket.com

နားလည်လွယ်အောင် ပြောရရင် "Minus" ("-") Formats ဆိုကြပါစို့ - သူ့မှာ DVD-R နဲ့ DVD-RW ရှိတယ်။ အဲမှာ DVD-R ဆိုတာ write-once format ကို ဆိုလိုပါတယ်။ ပြောချင်တာက အဲ့အခွေက Data တွေ တစ်ကြိမ်တစ်ခါ ရိုက်တာကိုပဲ ခွင့်ပြုတယ် - တစ်ခါရိုက်လိုက်ပြီးတာနဲ့ အဲ့ဒီ့ DVD မှာ နောက်ဘယ်တော့မှ Data ထပ် Burn လို့ မရတော့ဘူး - ရိုက်ထားတဲ့ အတိုင်းပဲ တစ်သက်လုံး သိမ်းသွားပေတော့ ဆိုတဲ့ သဘောဖြစ်ပါတယ်။ သူနဲ့ ကွာခြားသွားတဲ့ DVD-RW ဆိုတာကကျတော့ Data တွေကို တစ်ကြိမ်ထက်မက ရိုက်နိုင်တယ် အကြိမ်ပေါင်းမြောက်များစွာ ရိုက်နိုင်တယ် - ရိုက်ပြီးသားလည်း ပြန်ဖျက် ပြန်ရိုက်လို့ ရတယ် - ဒါကို ဆိုလိုတာ ဖြစ်ပါတယ်။ ခဏခဏ ပြန်ရိုက်လို့ ရတယ် ဆိုပေမယ့်လည်း တန်ဆေးလွန်ဘေး ဆိုသလိုမျိုး ခဏခဏ ရိုက်လိုက် ဖျက်လိုက် လုပ်လို့တော့ မကောင်းပါဘူး - သူလည်း ပစ္စည်းပဲမို့ ပျက်တာကတော့ ပျက်နိုင်တာပါပဲ -


Photo from memorex.com

နောက်တစ်ခုက "Plus" ("+") Formats လို့ ခေါ်တဲ့ ( DVD+R, DVD+RW ) အကြောင်း - သူ့အကြောင်းကို ပြောမယ်ဆို နည်းနည်းတော့ လက်ပေါက်ကပ်ပါတယ်။ DVD+R ဆိုတာ DVD-R လိုမျိုးပဲ ( 4.7GB ) data storage capacity ရှိပြီး write-once format ပဲ လုပ်နိုင်တဲ့ DVD ဖြစ်တာချင်း တူပေမယ့် သူ့မှာ DVD players တော်တော်များများနဲ့ တွဲဖက် အသုံးပြုနိုင်စေဖို့ ပြင်ဆင်ထား ပါတယ်။ နောက် DVD+RW မှာကတော့ DVD-RW နဲ့ မတူတော့ပဲ စွမ်းဆောင်ရည်လေးတွေ ဒီ့ထက် နည်းနည်းပိုလာပါတယ်။ ဆိုလိုတာ DVD+RW ခွေနဲ့ ရိုက်ရင် Data တွေကို ပိုမြန်မြန် ရိုက်လို့ ရမယ်။ နောက် Disk ထဲမှာ ထည့်မယ့် Data တွေကို အလွယ်တကူ ပြင်ဆင်နိုင်ဖို့ Desktop ပေါ်ကနေ ဖိုင်တွေ drag-and-drop လုပ်လို့ ရမယ် - internal linking ကောင်းမယ် ( internal linking ဆိုတာ Technical အရ ပြောတာပါ - အရေးသိပ်မကြီးပါဘူး ) - အဲလို ကျွန်တော် ဖော်ပြပြီးခဲ့တဲ့ အားသာချက် အားနည်းချက်တွေကြောင့် ( DVD-R, DVD-RW ) တွေက ( DVD+R, DVD+RW ) ထက်စာရင် ဈေးကွက်မှာ ဈေးပိုသက်သာတာ တွေ့ရပါလိမ့်မယ်။ ( DVD+R, DVD+RW ) တွေကတော့ ဈေးနည်းနည်းပိုကြီးတတ်ပါတယ်။

ကျွန်တော် ခုဖော်ပြခဲ့သလောက်ဆို ဘယ် DVD က ခဏခဏ ဖျက်လို့ ရတယ် - ဘယ်ဟာကတော့ ဖျက်လို့ မရဘူး - DVD ချင်းတူပေမယ့် ဘာတွေက ဘယ်လိုကွာခြားတယ် ဆိုတာ နားလည်နိုင်လိမ့်မယ် ထင်ပါတယ်။

KznT.

Turn On and Enable Windows Aero

ပုံမှန်အတိုင်းဆိုရင်တော့ ကွန်ပြူတာမှာပါတဲ့ Display Card လို့ ခေါ်တဲ့ VGA card ဟာ Windows Aero effect ကို စွမ်းဆောင်နိုင်ဖို့ လိုအပ်တဲ့ minimum requirement ကို မှီတယ်ဆိုရင် Windows 7 မှာပဲ ဖြစ်ဖြစ် Windows Vista မှာပဲ ဖြစ်ဖြစ် Installation လုပ်ငန်းစဉ်ပေါ် မူတည်ပြီး Windows Aero က အလိုလို Enable ဖြစ်ပါတယ်။ Windows 7 Aero အတွက်လိုအပ်တဲ့ minimum requirement က Windows Vista နဲ့ သိပ်အများကြီး မကွာပါဘူး - အောက်ဖော်ပြပါအတိုင်းပါ -


- Windows 7 Home Basic နဲ့ Windows 7 Starter editions တွေမှာ Windows Aero မပါဝင်ပါဘူး - အဲ့တစ်ချက် သိထားရ ပါမယ်။
- 1 GHz 32-bit (x86) or 64-bit (x64) processor,

- 1 GB (gigabyte) of RAM memory and a

- DirectX 9 compatible GPU

- minimum of 128 MB of Video RAM, installed with Windows Display Driver         Model (WDDM) driver
ဒါပေမယ့် တစ်ချို့ အခြေအနေတွေမှာ  Windows Aero က Enable လုပ်ဖို့ ပြဿနာ ရှိနေတတ်ပါတယ်။  ဖြစ်လေ့ရှိတာကတော့ Aero effect ကို ပံ့ပိုးဖို့ စွမ်းရည်မရှိတဲ့ video driver မရှိတာ ဒါမှမဟုတ် ရှိပေမယ့် သူ့ Driver ကို install လုပ်ဆောင်မထားတာ - နောက် တစ်ခါတစ်ရံမှာ မူရင်း VGA card driver ကို Update ပေးလိုက်ရာကနေ အလုပ်မလုပ်တော့တာ တွေကနေ Error တက်ပြီး Windows 7 ကနေပြီး Aero effect ကို Support မလုပ်နိုင်တော့တာတွေ ဖြစ်သွားတတ်ပါတယ်။ နောက်တစ်ခု ရှိသေးတာက Windows 7 တော့ တင်ထားတယ် ဒါပေမယ့် ကိုယ့် VGA က Windows 7 ရဲ့ Windows Aero Effect ကို မှီတယ် ဆိုယုံလေးလောက်ပဲ ရှိတယ် ဆိုရင်ကျပြန်တော့လည်း - Windows က Windows 7 Aero ကို Run ရမလား မ run ရဘူးလား သူ့ကိုယ်သူ ဝေခွဲ မရ ဖြစ်ပြီး Enable မပေးနိုင်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။


နောက်တစ်ချက် အနေနဲ့ ကိုယ့် Windows 7 က Windows Aero ကို Support ပေးနိုင်လား မပေးနိုင်ဘူးလား ဆိုတာ Windows Experience Index score ကနေ ကြည့်နိုင်ပါတယ်။ Windows Experience Index score အကြောင်းကို ဒီနေရာမှာ တော်တော်များများ ဖော်ပြခဲ့ပြီးပြီ မို့လို့ အသေးစိတ် ထပ်မဖော်ပြတော့ပါဘူး - ဒါပေမယ့် အလွယ်မှတ်မယ် ဆိုရင်တော့ Graphics component တွေရဲ့  Windows Experience Index base score ဟာ အနည်းဆုံး 3.0 ဒါမှမဟုတ် သူ့ထက် ကျော်မှ Aero ကို ကောင်းကောင်း Run နိုင်ပါလိမ့်မယ်။ ကိုယ့်ကွန်ပြူတာက Windows Experience Index ကိုကြည့်ဖို့ Control Panel > System and Security > System ကနေပြီး “Windows Experience Index” ကို Click ပေးပါ။

ဘာအကြောင်းနဲ့ပဲ ဖြစ်ဖြစ် ခုလို Windows Aero နဲ့ ပတ်သတ်ပြီး Enable ပေးဖို့ ပြဿနာ ဖြစ်လာရင်တော့ ဖြေရှင်းနိုင်မယ့် လွယ်ကူတဲ့ နည်းလမ်းတွေ တော်တော်များများ ရှိပါတယ်။ ဒါပေမယ့် လောလောဆယ် တစ်နည်းကိုပဲ အသားပေး ဖော်ပြသွားပါမယ်။ တကယ်လို့ အဆင်မပြေ ဖြစ်မယ် ဆိုရင်တော့ ကျွန်တော်တို့ နောက်နည်းတွေနဲ့ ကြိုးစားကြတာပေါ့။ ခက်ခက်ခဲခဲကြီးလည်း သိပ်မရှိပါဘူး - ဒီပြဿနာကို ဖြေရှင်းဖို့ troubleshooting task tool တွေ Windows 7 မှာပါဝင်ပြီးသားပါ။



Aero effects အလုပ်လုပ်ဖို့ အတွက် အောက်မှာ ဖော်ပြသွားမယ့် လုပ်ငန်းစဉ်တွေအတိုင်း ကြိုးစားကြည့်ပါ။



  • အရင်ဆုံး ကျွန်တော် ဒီနေရာမှာ ဖော်ပြပြီးခဲ့တဲ့ Post အတိုင်း Windows Experience Index တွက်ချက်ပြီးထားဖို့ Score ရထားဖို့ လိုပါတယ်။ ဘယ်လောက်ရလဲ ဆိုတာ တစ်ချက် စစ်ပါ။ Graphics component တွေရဲ့ Base score ကရော ဘယ်လောက်ရှိလဲ သေသေချာချာကြည့်ပါ။ ဆိုလိုတာ 3.0 ထက်ကျော်ကြရဲ့လား။

    ပြီးရင် Start menu ကိုသွားပါ။

    နောက် Search box မှာ Aero လို့ ရိုက်ပါ။

    ပြီးရင် Search result ကနေ တွေ့ရတဲ့ ထဲက Find and fix problems with transparency and other visual effects ဆိုတာကို Click ပေးပါ။




  • တကယ်လို့ “Find and fix problems with transparency and other visual effects”  ဆိုတာကို search results မှာ မတွေ့ခဲ့ဘူးဆိုရင် Control Panel ကိုသွားပြီး သူ့ထဲက Aero နဲ့ ပတ်သတ်နေတာတွေကို ရှာဖွေပါ။

    အထက်ဖော်ပြပါအတိုင်း ခေါ်လိုက်ရင် “Aero – Troubleshoot computer problems” wizard dialog ပေါ်လာပါ လိမ့် မယ်။ အဲကနေ Next ဆက်သွားပါ။


    ဒီ troubleshooting wizard ကနေပြီး ဘာပြဿနာ ပေါ်နေလဲ ဆိုတာ ကိုယ့်ကွန်ပြူတာက components အမျိုးမျိုး ရဲ့ Windows Aero ကို အလုပ်မလုပ်နိုင်အောင် ဟန့်တားထားတဲ့ ပြဿနာတွေကို တစ်ဆင့်ချင်းဆီ စစ်ဆေးသွားပါ လိမ့်မယ်။ ဘယ်လို Components တွေကို စစ်တာလဲ ဆိုတော့ video memory, Desktop Windows Manager (DWM) service, color depth, theme, power settings ဆိုတာမျိုးတွေကို သူက စစ်ဆေးပါတယ်။ တစ်ဆင့်ချင်းစီ သူ စစ်ဆေးပြီးသွားပြီ ဆိုရင် Aero service နဲ့ ပတ်သတ်ပြီး ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ သူ့ဘာသာသူ ကြိုးစားပြီး Aero feature ပြန်အလုပ်လုပ်အောင် စွမ်းဆောင်ပေးသွားပါလိမ့်မယ်။


    တကယ်လို့ အဲလို စစ်တဲ့ နေရာမှာ စာကြောင်းတစ်ခု ချင်းစီရဲ့ ဘေးက အနီရောင် ကြက်ခြေခတ်တွေ တွေ့ရမယ် ဆိုရင်တော့ အဲတာဟာ Windows Aero ကို အလုပ်လုပ်မလုပ်နိုင်အောင် ဒုက္ခပေးနေတဲ့ ပြန်ဿနာပါပဲ - အဲ့ဒီ့ တွေ့တဲ့ ပြဿနာကို fix လုပ်ပြီး နောက်တစ်ကြိမ် “Find and fix problems with transparency and other visual effects” troubleshooting wizard ကို ပြန် Run ပါ။


    တကယ်လို့ ဒီနည်းက အလုပ်မဖြစ်ဘူး ဆိုရင် Sevenforums မှာ ရှိတဲ့ Windows 7 - Aero Peek - Turn On or Off ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်ပြီး စမ်းစေချင်ပါတယ်။ သူက Step လိုက်ပြထားတာမို့လို့ ဖတ်ရတာ လုပ်ဆောင်ရတာလည်း လွယ်ပါတယ်။ အဆင်ပြေပါစေ ကိုဟိန်းသူအောင် -

    KznT.

    Using System Restore in Windows 7 and Vista

    Originally Posted by arkaraung
    ကျွန်တော့W7မှာ ဒီနေ့မှ ပြသနာပေါင်းစုံပေါ်နေပါတယ် အကိုတို့ရေ ကူညီကြပါအုံး...
    ကွန်ပြူတာစစဖွင့်ချင်းပဲ ePowerTray has stopped working windows can check online for a solution to the problem. check online for a solution and close the program close the program အဲဒီလိုပေါ်လာပြန်တယ်ဗျာ မိသားစုကအကိုတွေကို မေးအုံးမယ်ဆိုပြီးတော့ snipping toolလေးကိုခေါ်ပြီ ပုံလေးနဲ့မေးမယ်လုပ်တော့ the snipping tool is not working on your computer right now.restart your computer, and then try again. if the problem persists, contact your system administrator. အဲဒီလိုပေါ်လာပြန်ကော နောက််ပြီးတော့ အသံပြသနာကလာသေးတယ် ဂျီတော့မှာလဲ အသံကမလာ သီချင်းဖွင့်ရင်တော့ အသံလေးများလာမလာဆိုပြီး သီချင်းဖွင့်တော့လဲ ဘယ်သီချင်းမှဖွင့်လို့မရ window media player ကလဲ ဖွင့်လိုက်ရင် closeဆိုတာကြီး ပဲပေါ်လာတယ် real playerနဲ့ဖွင့်ကြည့်ပြန်တော့လဲ out of memory. you may need to close some other applications to play this content. အဲဒီလိုမဖြစ်ခင်တော့ မှတ်မှတ်ရရ BearShareဆိုတဲ့ media software တခုကို install လုပ်ပြီးတော့မှ ဖြစ်သွားတာပါ. bearshare ကိုလဲ uninstall လုပ်ပြီးသွားပါပြီ.... အခုဘယ်လိုလုပ်ရမလဲ ဆိုတာကို ကူညီကြပါအုံး..
    စကားဝိုင်းထဲမှာ ပြောပြောနေတာတော့ တွေ့မိတယ် - အဆင်ပြေနေပြီ ထင်လို့ ကျွန်တော်လည်း ဘာမှ ဝင်မပြောလိုက်တာ - ပုံစံကြည့်ရတာ အခြေအနေက တော်တော်လေး ဆိုးနေတယ် ထင်မိတယ် ( မျက်စိရှေ့မှာ မြင်ရတာ မဟုတ်တော့ အတိအကျတော့ မခန့်မှန်း နိုင်ဘူးပေါ့ )

    ကောင်းတာကတော့ Windows ကို Fresh Install လုပ်လိုက်တာ ကောင်းမယ် ထင်ပါတယ်။

    ဒါမှမဟုတ် အလွယ်နည်း System Restore ပြန်ခေါ်လို့လည်း ရပါတယ်။ System Restore Points တွေ ရှိနေမယ် ဆိုရင်ပေါ့ - လုပ်ဆောင်နည်းကတော့ အောက်ဖော်ပြပါ အတိုင်းပါ။

    Windows 7 သို့မဟုတ် Windows Vista တွင် System Restore လုပ်ဆောင်ခြင်း

    Windows 7 ဒါမှမဟုတ် Windows Vista မှာ software - drivers စတဲ့ အသစ်တစ်ခုခုကို install လုပ်လိုက်တိုင်း registry နဲ့ system files တွေကို အလိုလျောက် Backup လုပ်ပေးနိုင်တဲ့ feature တစ်ခုပါပြီး သူ့ကို ကျွန်တော်တို့က System Restore လုပ်တယ်လို့ ခေါ်ပါတယ်။ သူက ဘာကောင်းလဲဆိုရင် ကျွန်တော်တို့ ကိုယ်မသိတဲ့ Software တစ်မျိုးမျိုးကို မှားယွင်း installed လုပ်ဆောင်မိပြီးကာမှ System မတည်မငြိမ် ဖြစ်လာရင် အရင် Software install မလုပ်ခင်က အခြေအနေကို ပြန်ခေါ်ပေးနိုင်တဲ့ Feature မျိုးပါ။ အဲလို System Restore Feature ကို သုံးပြီး System တစ်ခုလုံးကို Restore လုပ်လိုက်ပြီ ဆိုတာနဲ့ ကိုယ့် ကွန်ပြူတာကလည်း လက်ရှိ မတည်မငြိမ် ဖြစ်နေတာတွေ ပျောက်ပြီး အရင်လို Stable ပြန်ဖြစ်သွားတတ်ပါတယ်။ လုပ်ဆောင်နည်း အဆင့်ဆင့်ကတော့ အောက်ဖော်ပြပါအတိုင်းပါ။


    System Restore အား အသုံးပြုခြင်း

    System restore feature ကို ခေါ်ယူနိုင်တဲ့ နေရာ နှစ်နေရာ ရှိပါတယ်။ တစ်နေရာက Start menu search box ကနေ restore လို့ ရိုက်လိုက်တာနဲ့ System Restore ကို Start menu ရဲ့ ထိပ်မှာ ခုလိုတွေ့ရပါလိမ့်မယ်။


    အဲလိုမှ မဟုတ်လည်း Search box မှာ search box မှာ rstrui လို့ ရိုက်ပြီး enter ပေးပါ - ဘယ်နည်းကို သုံးသုံး ရပါတယ်။

    အဲလို ရိုက်ခေါ်လိုက်တာနဲ့ အရင် restore point ကို ပြန်ခေါ်လို့ ရမယ့် Screen တစ်ခုချက်ချင်း ပေါ်လာတာ တွေ့ရပါလိမ့်မယ်။ အဲကနေ သူဖော်ပြထားတဲ့ Recommended restore point ကိုပဲ ရွေးထားပေးပြီး next နဲ့ ဆက်သွားပါ - တကယ်လို့ ကိုယ်က သူပေးထားတဲ့ Recommended restore point ကို မရွေးပဲ တစ်ခြား restore point တစ်ခုခုကို ရွေးမယ်ဆိုရင်လည်း ကိုယ်နှစ်သက်ရာ restore point ကိုရွေးချယ်ပေးနိုင်ပါတယ်။



    တစ်ခြား restore points တွေ ရှိနေမယ် ဆိုရင် အောက်ဖော်ပြပါ ပုံစံမျိုး ဆင်တူ တွေ့ရပါလိမ့်မယ်။ ( စာလုံးတွေတော့ မတူနိုင်ပါ ) အောက်မှာ ဖော်ပြထားတဲ့ ပုံအရ နောက်ဆုံး install လုပ်ခဲ့တာ Virtual CloneDrive ဖြစ်ပြီး သူ့မတိုင်ခင်က NVIDIA drivers installed လုပ်ခဲ့တာပါ - ဆိုလိုတာက ဒီနေရာမှာ ကိုအာကာအောင် လည်း ဒီသဘောကို နားလည်ရပါမယ်။ ဥပမာ ဆိုကြပါစို့ - ကိုအာကာအောင်က Software တစ်ခုခု တင်ပြီး နောက်ပိုင်းမှာ Windows မှာ Error တက်တယ် ဆိုရင် ကျွန်တော်တို့ Restore ပြန်လုပ်ရမှာ အဲ့ဒီ့ Software မလုပ်ရသေးခင်က restore point ကို ပြန်ခေါ်ပြီး System Restore ပေးရမှာပါ။


    အဲလို သေသေချာချာ စီစစ် ပိုင်းဖြတ်ပြီးပြီ ဆိုတော့မှ သူတို့ထဲက တစ်ခုကို Click ပေးလိုက်ပါ။ အဲနောက်မှာ လုပ်ဖို့ သေချာပြီ ဆိုတာကို confirm ပေးရပါမယ်။ အဲ့နောက်မှာ ကိုယ့်ကွန်ပြူတာကို အရင် အခြေအနေရှိရာဆီ ပြန်ခေါ်သွင်းဖို့ restart ပေးပါ။


    မှတ်ချက်: System Restore လုပ်တဲ့ နေရာမှာ ကိုယ့်စက်ကို အရင်လို အကောင်းဆုံးအခြေအနေ ပြန်ဖြစ်နိုင်ဖို့ အလုပ်သင့်ဆုံးက System Restore ကို safe mode ထဲကနေ လုပ်သင့်ပါတယ်။
    တကယ်လို့ ကိုယ်က safe mode ထဲကနေ မလုပ်ပဲ Windows ထဲကနေ လုပ်လိုက်လို့ Restore လုပ်နေစဉ်အတွင်း Error တက်လာရင် safe mode ထဲကနေ ပြန်ပြောင်းဝင်ပြီး လုပ်ဖို့ လိုပါလိမ့်မယ်။ Safe mode ထဲကို ဝင်ဖို့ကတော့ Reboot ပေးပြီး Windows ပြန်စစတက်လာချင်းမှာ F8 နှိပ်ထားရပါမယ်။ အဲကနေ Safe Mode ကိုဝင်ရောက်နိုင်ပါတယ်။


    တကယ်လို့ F8 key ကိုနှိပ်တယ် အလုပ်မလုပ်ဘူး ဆိုရင် safe mode ထဲကို ဝင်ဖို့ အောက်ဖော်ပြပါနည်းနဲ့လည်း လုပ်ဆောင်နိုင်ပါသေးတယ်။

    ( ၁ ) Start Button ကို click ပါ။
    ( ၂ ) Search box မှာ “msconfig” လို့ ရိုက်ပါ။ Enter ခေါက်ပါ။
    ( ၃ ) အဲလိုလုပ်လိုက်ရင် “System Configuration” window ပွင့်လာပါလိမ့်မယ်။
    ( ၄ ) “Boot” tab မှာ ရှိတဲ့ Boot Options section ကို သွားပါ။
    ( ၅ ) အောက်မှာ ဖော်ပြထားတဲ့ အတိုင်း “Safe Boot/Minimal” Check box မှာ check ပေးပါ။


    ( ၆ ) ပြီးရင် Restart ပေးပါ။

    အားလုံး ပြင်ဆင်ပြီး ကိုယ်လုပ်ဆောင်စရာ ရှိတာ လုပ်ဆောင်ပြီးသွားပြီ ဆိုရင်တော့ “msconfig” ကနေ အထက်ဖော်ပြပါအတိုင်း ပြန်ဝင်ပြီး “Safe Boot” box မှာ uncheck ပေးရပါလိမ့်မယ်။ ဒါမှ Boot Process က Normal ပြန်ဖြစ်မှာပါ။

    အကယ်၍ Boot မရဘူး ဆိုလျှင်

    တကယ်လို့ Boot လုပ်ပြီး Safe mode ထဲ ဝင်တာ ဝင်မရ ဖြစ်နေရင် Windows installation dvd ကိုထည့်ပြီး အဆင့်လိုက်ဆက်သွားရင် ဘယ်ဘက်ခြမ်း အောက်နားမှာ ပေါ်လာမယ့် “Repair your computer” option ကနေ ဝင်ရောက်ပြီး ပြင်ဆင်လို့ ရပါသေးတယ်။


    တကယ်လို့ installation dvd ဒါမှမဟုတ် repair disc မရှိရင် Windows 7 / Vista Recovery CD ကို ဒီနေရာကနေ Download ချလို့ ရပါတယ်။

    အားလုံး အဆင်သင့် ဖြစ်ပြီ ဆိုရင် “Repair your computer” option ကနေ ဝင်သွားပြီး System Restore ကို အောက်ဖော်ပြပါ ပုံအတိုင်း မြင်နေရတဲ့ နေရာကနေ ရွေးပေးရပါမယ်။


    ခဏစောင့်လိုက်ရင် Windows ထဲမှာ ကျွန်တော်တိုက မြင်ခဲ့ရတဲ့ အတိုင်း အခုလိုပုံမျိုး ပြန်မြင်ရပြီး အဲ့ကနေ System Restore ဆက်လက်လုပ်ဆောင်သွားလို့ ရပါပြီ။


    အဲကနေ next ကိုဆက်သွားပြီး နောက် screen မှာ ကိုယ် Windows 7 ဒါမှမဟုတ် Windows vista တင်ထားတဲ့ Drive ကို ရွေးပေးရပါမယ်။

    အားလုံး ပြီးသွားရင် Finish ပေးပါ။ ဒါဆို ကိုယ့် Windows က အလိုလို restore point ကနေ ဟိုးအရင် Stable ဖြစ်ခဲ့ဖူးတဲ့ အခြေအနေ တစ်ခုကို ပြန်ဆွဲခေါ်သွားပါလိမ့်မယ်။

    အဆင်မပြေရင်တော့ Windows သာ အသစ်ပြန်တင်လိုက်ပါ ကိုအာကာအောင် - ကျွန်တော်ပေးနိုင်တဲ့ အကြံဉာဏ်ကတော့ ဒါအကုန်ပါပဲ

    အဆင်ပြေပါစေဗျာ

    KznT.

    Some Pictures from howtogeek.com

    Torrent FAQs

    Originally Posted by နိုးတူး 
    connection setup guide ကို manual ပြင်လို့ရတယ် ဆိုတာ တခုပြီးတခု ရွေးပြီး အစိမ်းရောင် အမှန်ပေါ်တဲ့ အထိ လုပ်ရမှာလားအကို...
    ပုံမှန်ပြောရမယ် ဆိုရင်တော့ connection setup guide ကို ပြင်ဆင်တဲ့ အချိန်မှာ အားလုံး စိမ်းသွားတဲ့ အထိ ရွေးချယ် ပြင်ဆင်နိုင်တာ အကောင်းဆုံးပါ - ဒါပေမယ့်လည်း မစိမ်းမချင်းလုပ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး - ဘာကြောင့်လည်းဆို တစ်ချို့ ISPs ( Internet Service Providers ) တွေက အမြဲတမ်းလိုလို P2P activities တွေကို စောင့်ကြည့်ပြီး bandwidth တွေ လျော့ချပစ်တတ်ကြပါတယ်။ အဲလို လုပ်ခံရရင် Torrent Download Speed က တော်တော်လေးလည်း နှေးသွားသလို အပေါ်မှာ ပြောခဲ့တဲ့ connection setup guide က Download နဲ့ Upload Speed Test တွေကလည်း ဘယ်တော့မှ စိမ်းတဲ့ထိ ရောက်လာနိုင်မှာ မဟုတ်ပါဘူး - အဲတာကြောင့် connection setup guide ကို ပြင်ဆင်တဲ့ အချိန်မှာ စိမ်းမစိမ်းဆိုတာ ကိုယ် ပြင်ဆင်ယုံ တစ်ခုတည်းနဲ့လည်း စိမ်းလာနိုင်မယ်လို့ ကျိန်းသေပြောလို့ မရပါဘူး - ကိုယ်က ဘယ် ISPs ကို သုံးလည်း ဆိုတာပေါ်လည်း မူတည်ပါသေးတယ်။



    အကိုပြောတဲ့ torrent ဖိုင်ရွေးဖို့ က ကျွန်တော် private bay မှာ ရှာကြည့်တာ ကျွန်တော် ကြည့်ချင်တဲ့ ကားက seed 10 ပဲရိှတယ်အကို..အဲတာအများဆုံးပဲ ... အဲလိုမျိုးဟာကို ဒေါင်းရင် ဘယ်လောက် ကြာလောက် လဲအကို...
    အချက် ( ၃ ) ချက်ပေါ် မူတည်ပါတယ် - တစ်ချက်က seed 10 ရှိတယ်လို့ ပြပေမယ့် တကယ် ကိုယ် ဒေါင်းလုပ်ချလိုက်တဲ့ အချိန်မှာ Torrent မှာ P2P ဘယ်လောက်ထိ Seed မိသလဲ ဆိုတာပေါ် မူတည်ပါတယ်။ seed 10 လို့ မြင်ရပေမယ့် ဒါက ပုံသေ မဟုတ်ပါဘူး - တစ်ခါတစ်လေ ကိုယ် Download ချလိုက်တဲ့ အချိန်မှာ seed 10 လို့ ပြထားပေမယ့် ကိုယ်ချိတ်မိတာ 4 - 5 လောက် - တစ်ခါတစ်လေ တစ်ခုမှ မချိတ်မိတာလဲ ရှိတတ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ကိုယ့် Download Speed က ဘယ်လောက်ကောင်းလဲ ?? ဆိုလိုတာ filehippo ကနေပဲ ဖိုင်အသေးစားလေး တစ်ခုလောက် IDM နဲ့ ချကြည့်လိုက်ရင် ကိုယ့် Download Speed ကို ခန့်မှန်းလို့ ရပါတယ်။ သေချာတာ တစ်ခုကတော့ Download Speed က ၁ စက္ကန့်ကို ဆယ်ဂဏန်းလောက်ပဲ ( 10KB/s - 20KB/s ) တက်တဲ့ Speed မျိုးနဲ့တော့ Torrent က သုံးဖို့ မသင့်ပါဘူး - သုံးချင်ရင်သုံးပါ Download ချရတာ အရမ်းကြာပါလိမ့်မယ်။ တတိယတစ်ချက်က ကိုယ့်ကြည့်ချင်တဲ့ ကားက ပမာဏ ဘယ်လောက်လဲ ?? ဥပမာ ဆိုကြပါစို့ 100MB လောက် - ဒီလောက်ဆိုရင်တော့ seed 10 လို့တွေ့တာ မှန်ပေမယ့် - ကိုယ်ဒေါင်းလုပ်ချကြည့်တော့လည်း Seed 9 ခုလောက်နဲ့ ချိတ်မိတယ် - ကိုယ့် Download Speed ကလည်း 1 စက္ကန့်ကို 2 MB - 3MB - ဒီ့ထက်ပို စသဖြင့် ကျတာမျိုး ဆိုရင်တော့ ခဏပါပဲ - မကြာပါဘူး - ( ဒါဟာ မက် ၁၀၀ ပတ်ဝန်းကျင်ကို ကျွန်တော်ပြောတာပါ - အဲ့ထက် မက်များပြီး ဥပမာ ရ၀၀ - ၈၀၀ - ၁ ဂစ် - ၂ ဂစ် ဖြစ်နေရင်တော့ Seed 10 ဆိုတာ တော်တော်နည်းပါတယ် - မရနိုင်လောက်ပါဘူး - တစ်ခြား Torrent Search Engine တွေ သုံးပြီး တစ်ခြား ဆိုဒ်တစ်ခုမှာ ရှိမလား ရှာကြည့်ပါ ) ဒါတင် မက တစ်ချို့ အင်တာနက်တွေက ငြိမ်တယ် - တစ်ချို့ အင်တာနက်တွေက မငြိမ်ဘူး - ဥပမာ ပြောရရင် မြန်မာမှာဆို စကားပြောနေရင်း နက်ကျသွားတာတို့ မီးပျက်သွားတာတို့ စသဖြင့် ခဏခဏ ဖြစ်တတ်ပါတယ်။ ဒီလိုပြဿနာမျိုးတွေနဲ့ ရှုပ်ရှက်ခက်နေမယ် ဆိုရင်တော့ ဘယ်လောက်ဆို ဘယ်လောက်ကြာမယ်ဆိုတာ ကျွန်တော်ပုံသေ ပြောလို့ မရပါဘူး။

    utorrent က resume ရလားအကို...
    uTorrent မှ မဟုတ်ပါဘူး ဘယ် Torrent မဆို Resume ရပါတယ်။ အလွယ်ပြောရရင် အဓိကက ချလက်စ တို့လို့တန်းလန်း ဖြစ်နေတဲ့ ဖိုင်ကိုသာ ဒေါင်းလုပ်ချနေတဲ့ Directory က မရွှေ့ပါနဲ့ - တကယ်လို့ ဒေါင်းလုပ်ချနေဆဲ မပြီးသေးတဲ့ ဖိုင်ကို Directory change လိုက်ရင် Resume ပြန်လုပ်တဲ့ အခါမှာ သူ့လမ်းကြောင်းကို uTorrent က မတွေ့တော့ပဲ - Resume ပြန်လုပ်မရ ဖြစ်တတ်ပါတယ် - " ချလက်စ တို့လို့တန်းလန်း ဖြစ်နေတဲ့ ဖိုင်ကိုသာ ဒေါင်းလုပ်ချတဲ့ နေရာက မရွှေ့ပါနဲ့" လို့ ပြောခဲ့ပေမယ့် တကယ်တမ်းက ရွှေ့ချင်လည်း ရွှေ့လို့ ရပါသေးတယ် - တကယ်လို့ အကြောင်းတစ်စုံတစ်ရာကြောင့် ဒေါင်းလုပ်ချနေဆဲ တန်းလန်း Hard Drive မှာ နေရာ မဆံ့တော့လို့ တစ်ခြားတစ်နေရာကို ရွှေ့ရတော့မယ် ဆိုရင် အဲ့ဒီ့ File ကို Resume ပြန်လုပ်နိုင်ဖို့ သူ့ Torrent File ကို သိမ်းထားဖို့လိုပါတယ်။ ဖိုင်ပုံစံက ဒီလိုမျိုးပါ .torrent နဲ့ ဆုံးပါတယ်။


    သက်ဆိုင်ရာ .torrent ဖိုင်ကို သိမ်းထားပြီးရင် နောက်တစ်ဆင့် အနေနဲ့ အောက်ဖော်ပြပါအတိုင်း Torrent ရဲ့ Options > Preferences မှာလည်း ကိုယ်တိုးလို့ တန်းလန်းနဲ့ ရွှေ့လိုက်တဲ့ Torrent File တည်ရှိရာ Directory အသစ်ကို ပြောင်းပေးထားရပါမယ်။ ဥပမာ ဆိုကြပါစို့ E:\Downloads


    ဖော်ပြချက် အားလုံး ပြည့်စုံအောင် လုပ်ဆောင်ပြီးပြီ ဆိုရင်တော့ တိုးလို့ တန်းလန်းနဲ့ ရွှေ့လိုက်တဲ့ Torrent File ကို .torrent ကနေ တစ်ဆင့် Double click ပြန်ပေးပြီး Resume ပြန်လုပ်လို့ ရပါပြီ - အဆုံးအစွန်ဆုံး ပြောရရင် Torrent Download ဆိုတာမျိုးက ချနေရင်း နဲ့ ခဏရပ်ပြီး Windows အသစ်တင်ပြီးမှတောင် Resume ပြန်လုပ်လို့ ရပါတယ်။

    ရလို့ သူ့ကို ကွန်နက်ရှင် နှစ်မျိုးနဲ့ ဒေါင်းရင် connection setup guide ကို ထပ်ပြင်ပေးရမလားအကို... (ဆိုလိုတာက အိမ်မှာနဲ့ အလုပ်မှာနဲ့က သုံးတဲ့ ကွန်နက် မတူလို့ပါ..)
    ဒီမေးခွန်းကို ကျွန်တော်သိပ်နားမရှင်းဘူး - ဒါပေမယ့် ပုံစံကြည့်ရတာ laptop မှာ Torrent တင်ပြီး ရုံးမှာလည်း ချ - နောက် အိမ်ပြန်ယူလာ - အိမ်မှာလည်း ချ ဒီလိုမျိုးကို ပြောချင်တာနဲ့ တူပါတယ် - ပုံမှန်အားဖြင့်တော့ စာအုပ်ထဲက အတိုင်း ပြောရရင် သုံးတဲ့ Connection အမျိုးအစား မတူတဲ့အခါ Upload Speed - Download Speed က မတူတော့တဲ့ အတွက် connection setup guide က ပြန်လုပ်ရမှာပါ - နဲနဲချဲ့ပြောရရင် ရုံးက အင်တာနက်က ဘယ် ISPs သုံးလဲ - အိမ်က အင်တာနက်က ဘယ် ISPs သုံးလဲ ဒါတွေပေါ်လည်း မူတည်ပါသေးတယ်။ ဒါပေမယ့် ကိုနိုးတူး သုံးနေတဲ့ ရုံးက connection အမျိုးအစားနဲ့ အိမ်က connection အမျိုးအစားက Speed ချင်း သူမသာ ကိုယ်မသာပဲ ဆိုရင်တော့ ထူးပြီး ပြင်နေဖို့ မလိုပါဘူး - နဂို connection setup guide တစ်ခါ လုပ်ပြီးရင် အဲ့အတိုင်း ဆက်သုံးချင် သုံးနိုင်ပါတယ်။

    ကျွန်တော် torrent တခုကို ဒေါင်းတာ အော်တို upload လုပ်နေတယ်အကို ...အဲတာ ဘာကြောင့်လဲ ခင်ဗျာ...
    Torrent အတွင်းရှိ Downloading နှင့် Seeding လုပ်ငန်းစဉ်အားလေ့လာခြင်း ဆိုတဲ့ ခေါင်းစဉ်ကို နောက်တစ်ခေါက် ပြန်ဖတ်ကြည့်ပါ။

    တပြိုင်တည်း download n upload ကိုလုပ်နေတော့ ဒေါင်းတဲ့ အချိန်ပိုကြာသွားလားအကို..
    အဲတာက ကိုယ်သုံးနေတဲ့ internet speed ပေါ် မူတည်ပါတယ်။ Internet speed ပုံမှန်လောက် ကောင်းတဲ့ သူတစ်ယောက်အတွက် download n upload က တစ်ချိန်တည်း ဖြစ်နေလည်း ကိုယ်က Seed များများ ရထားတယ် ဆိုရင် upload လုပ်နေရပေမယ့် download speed အပေါ် သိပ်ထိခိုက်မှု သိပ်မရှိပါဘူး။ upload လုပ်တယ် ဆိုတာ ကိုယ့်လိုပဲ ဒီဖိုင်ကို လိုချင်နေတဲ့ တစ်ခြား တစ်ယောက်ကို ကိုယ်က ဝေမျှနေတာပါ - ယူတတ်ရင် ကုသိုလ်ရပါတယ်။

    waste ဆိုတာဘာလဲအကို..အဲဒီထဲမှာ ပါတဲ့ ဟာလေးပါ...
    Wasted ဆိုတာ အသုံးမလိုတဲ့ Data လက်ခံရရှိမှုတွေ - လက်ခံရရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပျက်ဆီးသွားတဲ့ data တွေကို အားလုံးကို ပေါင်းစုပြီး Wasted လို့ ခေါ်ပါတယ်။ အကျယ်ပြန်ရှင်းရရင် သမီးရည်းစားမဖြစ်ခင် နောက်ပိုးဘဝ အနေအထားကို ဥပမာပြုပြီး ပြန်ရှင်းပြပါ့မယ်။ ကောင်မလေး တစ်ယောက် ချစ်သူ မရှိသေးဘူး - သူလည်း ရည်းစားလိုချင်နေတယ် - ကျွန်တော်ကလည်း အဲ့ဒီ့ ကောင်မလေးကို သဘောကျတယ် / ချစ်တယ် - အဲတော့ စပြီး ပိုးပန်းတဲ့ အနေနဲ့ ပန်းစည်းလေးတွေ ပေးမယ် - ပို့စ်ကဒ်လေးတွေ ပို့မယ် - လက်ဆောင်ပစ္စည်းလေးတွေ ဝယ်ပေးမယ် - အဲတော့ P2P သဘောနဲ့ ကြည့်ရင် ကျွန်တော်တို့က ပန်းစည်း ၊ ပို့စ်ကဒ် ၊ လက်ဆောင်ပစ္စည်း ဆိုတဲ့ ( Data ) ပေးပို့သူ - ကောင်မလေးက ( Data ) လက်ခံရယူသူ - အဲလို ကောင်မလေးက လက်ခံယူတဲ့ အချိန်မှာ ကျွန်တော်တို့ လိုပဲ ကောင်မလေးကို ပိုးပန်းနေတဲ့ တစ်ခြားသူတွေ ဆီကလည်း ကောင်မလေးက လက်ဆောင်ပစ္စည်း ( Data ) တွေ တစ်ဖက်ကနေ ရနေဦးမှာပဲ - အဲတော့ ကောင်မလေးက ဘာလုပ်မလဲ - သူ့ဆီ ရောက်လာတဲ့ လက်ဆောင်တွေ ( Data ) တွေ အားလုံးကို သူလက်မခံတော့ဘူး - ပိုးကြေးပန်းကြေးရတာတွေထဲက သူ့အတွက် အသုံးလိုတာလေးတွေ လောက်ပဲ ယူမယ် လက်ခံတော့မယ် - အသုံးမလိုတာတွေဆို ဝဲပစ်မယ် - P2P မှာလည်း ကျွန်တော်တို့က ဒီဖိုင်လေး လိုပါတယ် ဆိုလို့ Torrent network ထဲက လူတွေက ( ကောင်မလေးကို ပိုးပန်းနေတဲ့ လူတွေ လက်ဆောင်ဝိုင်းပေးကြသလို ) ကျွန်တော့်ဆီကို Data တွေ လှမ်းပို့ပေးကြတယ် - သူတို့ ပေးတာ မှန်ပေမယ့် တစ်ချို့ Data တွေက ကျွန်တော်လိုတယ် - တစ်ချို့က ကျွန်တော်မလိုဘူး - လိုတာတွေဆို ကျွန်တော့် ကွန်ပြူတာက လက်ခံထားလိုက်တယ် - မလိုတာဆို ဝဲပစ်လိုက်တယ် - အဲလို ဝဲပစ်လိုက်တဲ့ Data တွေဆိုတာ ကိုနိုးတူး သိချင်တဲ့ Wasted ကိုကိုယ်စားပြုပါတယ်။

    ပြီးတော့ lime wire နဲ့ torrent တွေကို ဒေါင်းလို့ရလားအကို.. သူ က ရုပ်ရှင်နဲ့ သီချင်းတွေ ကိုရှာတဲ့ software လို့ပြောလို့...ရှင်းပြပေးပါအုံးဗျာ...
    Limewire နဲ့ torrent တွေကို ဒေါင်းလို့ရပါတယ်။ နည်းလမ်းကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ ရုပ်ရှင်နဲ့ သီချင်းတွေ ကိုရှာတဲ့ software လို့ ပြောရတဲ့ အကြောင်းက သူက အဲတာတွေကို အလွယ်တကူ ရှာနိုင်အောင် အဓိက ရည်ရွယ်ပြီး ထုတ်ထားတဲ့ Software ဖြစ်နေလို့ပါ - သာမာန် Torrent user တစ်ယောက် အတွက်တော့ Limewire က သုံးသုံး မသုံးသုံး ဖြစ်ပါတယ်။ နောက်ပြီး Limewire က Pro version နဲ့ Free version ဆိုတာလည်း ရှိပါသေးတယ် - ဘာတွေကွာလည်း ဆိုတာ ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။

    KznT.

    Recycle Bin and & System Volume Information

    အခုကျွန်တော် ညီလေး ကျောက်ဖြူ တင်ပေးထားတဲ့ window 7 Aleinware သုံးနေပါတယ် ..
    ဟိုးအရင် XP သုံးတုန်းက Drive တွေ Folder တွေမှာ Background ကို ပုံလေးတွေထည့်ပီး သုံးထားပါတယ်...
    shell icon ဆော့ဝဲသုံးပီးလုပ်ပါတယ် .....ဒီနေရာ လေးက ကိုုkyawmin တင်ပေးထားတဲ့ software လေး သုံးထားတာပါ ..
    အခုကျတော့ အဲ့ဒီလိုလုပ်ထားတဲ့ ဖိုင်တွေ Drive တွေတိုင်းမှာ .. $RECYCLE.BIN , Folder Settings , System Volume Information ဆိုတဲ့ ဖိုထာသုံးခုစီ ရောက်နေတယ် ... ဖျက်လို့လည်းမရဘူး ..



    shell icon ကိုပြန်Runတော့လည်း မပျောက်သွားဘူး .. နောက်ခံပုံလည်းမပေါ်ဘူး .
    ဘယ်လိုပြန်လုပ်ရမလဲ ပြောပြပေးပါအုံး .. အဲ့ဒီ ဖိုင်တွေကို ဖျက်ချင်လို့
    အားလုံးကိုကျေးဇူးတင်ပါတယ် ...




    ကျွန်တော်တို့ အလွယ်ပြောရရင် $RECYCLE.BIN folder ဆိုတာက Recycle bin ပါပဲ ကိုမြင့်မိုရ် - ဥပမာ အနေနဲ့ ပြောရရင် Folder တစ်ခုခု File တစ်ခုခု ကို ဖျက်လိုက်တယ် - ဒီလိုဆို ပထမအဆင့်အနေနဲ့ Recycle Bin ထဲကို ရောက်သွားတယ် - နောက်တစ်ဆင့် အနေနဲ့ ထပ်ပြီး Recycle Bin ကနေပါ ထပ်ဖျက်တယ် - ( ဒီ နည်းလမ်း နှစ်ဆင့်ကို Shift+Delete ဆိုတဲ့ နည်းလမ်း တစ်ဆင့်တည်းနဲ့ လုပ်ဆောင်လို့လည်း ရပါတယ်။ ) ဒါဆိုရင် ကျွန်တော်တို့ စက်ရဲ့ ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး ဆိုရရင် လုံးဝ ပျောက်သွားပြီ - ဒီလိုပဲ ကျွန်တော်တို့ ယူဆလိုက်ကြတယ် -  တကယ်တော့ ကျွန်တော်တို့ နှစ်ဆင့်နဲ့ပဲ ဖျက်ဖျက် - Shift+Delete ဆိုတဲ့ တစ်ဆင့်တည်းနဲ့ပဲ ဖျက်ဖျက် ကျွန်တော်တို့ ဖျက်လိုက်တဲ့ Folders တွေ Files တွေက တကယ်ပျောက် မသွားသေးပါဘူး - စက်ထဲမှာပဲ ကျန်နေပါသေးတယ် - ဒါဆို ဘယ်ကို ရောက်သွားတာလဲ - တွေ့မှ မတွေ့ရတော့ပဲ - မတွေ့ရတာ မှန်ပေမယ့် သူတို့ရှိနေပါသေးတယ် - သူတို့တွေ အားလုံးက ကိုမြင့်မိုရ် ဝိုင်းပြထားတဲ့ $RECYCLE.BIN folder ဆိုတဲ့ Folder ထဲကို ရွေ့သွားတာပါ။ ဒါကို သံသယ ဖြစ်မယ် ဆိုရင် Hard Drive ပေါ်က နှစ်သက်ရာ ဖိုင်တစ်ခုခုကို ဖျက်ပြီး Recovery Software တစ်ခုခုနဲ့ ပြန်ရှာကြည့်ပါ - ပြန်တွေ့ပါလိမ့်မယ်။ ဒါ့ကြောင့် $RECYCLE.BIN folder နဲ့ ပတ်သတ်ပြီး ကျွန်တော် ပြောချင်တာ သူ့ကို မဖျက်ပစ်ပါနဲ့ - သူက ကျွန်တော်တို့ အတွက် အသုံးဝင်ပါတယ်။  Folder တစ်ခုခု File တစ်ခုခု မတော်လို့ မှားဖျက်မိလိုက်ရင် ကျွန်တော်တို့ရဲ့ မှားယွင်းမှုကို ပြန်ပြီး ဆယ်ယူပေးနိုင်တာ ဒီ $RECYCLE.BIN folder ပါ - ဒါ့ကြောင့် ဖြစ်နိုင်ရင် ဖျက်ထုတ်ပစ်ဖို့ ဆိုတာထက် မမြင်ချင်ရင် Hide ထားဖို့ကိုပဲ အကြံပြုလိုပါတယ်။



    နောက် System Volume Information - သူ့ကို ကျွန်တော်တို့ အလွယ်ပြောရရင် system restore points တွေ ပါဝင်နေတဲ့ Folder လို့ ပြောလို့ရပါတယ်။ Windows မှာ တစ်ခုခု Error တက်တယ် - ဒါဆို system restore ပြန်ခေါ်လိုက်လို့ ပြောကြတာ ကိုမြင့်မိုရ်လည်း ကြားဖူးမှာပါ - ဒါ့ကြောင့် system restore points တွေ ပါဝင်နေတဲ့ System Volume Information Folder ဆိုတာ မဖျက်ကောင်းပါဘူး - ဖျက်ဖို့လည်း မသင့်တော်ပါဘူး ဖြစ်နိုင်ရင် ဖျက်ထုတ်ပစ်ဖို့ ဆိုတာထက် မမြင်ချင်ရင် Hide ထားဖို့ကိုပဲ ထပ်မံ အကြံပြုလိုပါတယ်။

    တကယ်လို့ အရမ်းကို ဖျက်ချင်နေတယ် ဆိုရင်တော့ သူတို့ဟာ SYSTEM files တွေ ဖြစ်တာ ကြောင့် အလွယ်တကူ ဖြတ်ထုတ်ပစ်ဖို့ မလွယ်ပါဘူး - သူတို့တွေကို ဖျက်ထုတ်ပစ်ဖို့ဆိုရင် လတ်တလော Windows ကို သုံးနေတဲ့ User ဟာ permission အားဖြင့် full access ဖြစ်ထားဖို့ လိုပါတယ်။ လုပ်ဆောင်နည်း အဆင့်ဆင့်ကိုတော့ ဒီနေရာကနေ လေ့လာ ကြည့်နိုင်ပါတယ်။

    KznT.

    Hard Drive Makes Clicking Sounds

    Originally Posted by LaMike View Post
    ကျွန်တော်ကြုံရတဲ့ ပြဿနာကတော့ hardware ပိုင်းမှာပါ ။ Harddisk မှာ ကလစ် ကလစ် နဲ့ အသံမြည်နေပါတယ် ။ မြည်ရုံတင်မကပါဘူး ။ သူက အဲလိုမြည်နေရင် No bootable device found ပြပါတယ် ။ Harddisk ကိုဖြုတ် ဟိုစောင်း ဒီစောင်း မမြည်တော့အောင် ငြိမ်ငြိမ်လေးကိုင်ထားလိုက်ရင်တော့ window တက်လာပါတယ် ။ Harddisk က အလွန်အမင်းပူနေတာကိုလဲ တွေ့ရပါတယ် ။ သူ့ကိုဖြုတ်ပြီး လှုပ်ကြည့်ရင် အထဲမှာ တစ်စုံတစ်ခု ပြုတ်ထွက်နေသလိုမျိုး ကလောက် ကလောက် အသံကြားရပါတယ် ။
    ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီး ထိရောက်တယ်လို့တော့ ပြောကြပါတယ်။ ဒါပေမယ့် ခု ကိုလမိုက် ကြုံနေရတဲ့ အခြေအနေက ကာကွယ်ခြင်း အခြေအနေကို ကျော်သွားတဲ့ ကုသခြင်း အခြေအနေကို ရောက်နေပြီ မို့လို့ ကျွန်တော်လည်း တစ်ခြားမိသားစုဝင်တွေ နည်းတူ တတ်စွမ်းသလောက် အကြံပြုကြည့်ပါဦးမယ်။ ပထမဆုံး သုံးသပ်မိတာကတော့ ခုလို Harddisk ကနေ clicking sounds တွေ ကြားနေရတယ်ဆိုတာ သိပ်ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး - ဖြစ်နိုင်ချေ ရှိတာကိုပြောရရင် အနှေးနဲ့ အမြန် hard drive fail ဖြစ်ချင်တော့မယ်ဆိုတာ ကျွန်တော်တို့ကို တစ်ဖက်လှည့်နဲ့ အသိပေးနေတာပါ။ ဒါပေမယ့် ဒါက ကံသေကံမ ဖြစ်ကို ဖြစ်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး - ကျွန်တော်ကြုံခဲ့ဖူးသလောက် အဲလို အသံ ကြားနေရပေမယ့် လနဲ့ ချီပြီး အသုံးခံနေသေးတဲ့ hard drive တွေလည်း ကျွန်တော် တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘယ်နေ့ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ ကျိန်းသေ တွက်ချက်ထားနိုင်တာမျိုး မဟုတ်လို့ ကျွန်တော့် အနေနဲ့ အကောင်းဆုံး အကြံပေးချင်တာက data backup လုပ်ထားဖို့ပါ။ Backup လုပ်ငန်းစဉ်နဲ့သိပ် မရင်းနှီးဘူး ဆိုရင်တော့ ကိုလမိုက်နဲ့ ရင်းနှီးသူ အသိတစ်ယောက်ယောက်ဆီက External Hard Drive တစ်ခုခုကို ခဏ ဌားပြီး ကိုယ့်အတွက် မဖြစ်မနေ အရေးကြီးတဲ့ Data တွေကို ပြောင်းပြီး သိမ်းထားလိုက်ပါ။ ကိုလမိုက်ရဲ့ အရေးကြီးတဲ့ Data တွေကို Backup လုပ်ဖို့ နဲ့ ပတ်သတ်ပြီး သူများဆီက Hard Drive ဌားမှပဲ အဆင်ပြေတော့မှာလားလို့ မေးစရာ ရှိပါတယ်။ မဟုတ်ပါဘူး - အရေးကြီးတဲ့ Data တွေကို ကြိုတင် Backup လုပ်ဆောင်ထားနိုင်ဖို့ လုပ်ဆောင်နိုင်တဲ့ နည်းတွေ အမြောက်အများရှိပါတယ်။ ကျွန်တော် ဖော်ပြခဲ့ပြီးတဲ့ အင်တာနက်အား အကျိုးရှိစွာ အသုံးချခြင်း ဆိုတဲ့ ခေါင်းစဉ် - လွယ်ကူလေ့လာ Backup နည်းပညာ နဲ့ Windows 7 တွင် Step by Step Backup ပြုလုပ်ခြင်း ဆိုတဲ့ ခေါင်းစဉ်လေးတွေကို လေ့လာကြည့်ရင် ကွဲပြားသွားတဲ့ Backup လုပ်ငန်းစဉ်တွေ အကြောင်းနဲ့ ဘယ်လို Backup Plan ထားရမလဲဆိုတာ ဆုံးဖြတ်နိုင်ဖို့ ကိုလမိုက် ကို အကူအညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။



    နောက်တစ်ချက်က အခု ကိုလမိုက်ရဲ့ Hard disk က clicking sounds တြွေကားနေရပြီ - ဒါပေမယ့် clicking sounds ပေါ်တိုင်း ဘာပြဿနာပါလို့ ဒက်ထိကြီး ပြောလို့ မရပါဘူး - ကျွန်တော်တို့က ဒီ clicking sounds ကိုပဲ ဘာသံနဲ့ တူလဲ ဆိုတာ တစ်ခုချင်းစီ သီးသန့် ခွဲခြားနိုင်ဖို့ လိုပါသေးတယ်။ ဒီ hard drive ကနေ ပေါ်လာတဲ့ ဆူညံသံတွေ အကြောင်းကို ဘာက ဘာ ဆိုတာ ဘယ်လို ခွဲခြားမလဲ ??

    ဟုတ်ကဲ့ - Data Cent ဆိုတာ ရှိပါတယ်။ သူက hard drive မှာ ဖြစ်တဲ့ ဆူညံသံတွေနဲ့ ပတ်သတ်ပြီး data recovery လုပ်နိုင်ဖို့ ဘာသံက ဘာဖြစ်တယ်ဆိုတာ အကောင်းဆုံး ခန့်မှန်းပေးနိုင်တဲ့ နေရာပါ။ သူ့မှာ Hard Drive Manufactures အသီးသီးကနေပြီး ထုတ်လုပ်လိုက်တဲ့ Hard Drive အသီးသီးရဲ့ ဘယ်အသံက ဘာဖြစ်တယ်ဆိုတာ စနစ်တကျ ပြုစုပေးထားတဲ့ အချက်အလက်တွေ ရှိပါတယ်။ အဲဒီ့မှာ လေ့လာကြည့်ပေးပါ။

    နောက်ပြီး ဒီနေရာမှာ လည်း Hard Drive က ထွက်လာတဲ့ အသံတွေ ထဲက ဘယ်အသံက ဘာဖြစ်နေတယ်ဆိုတာ ယေဘုယျ အားဖြင့် သုံးသပ်ပေးတဲ့ Site တစ်ခု ရှိပါတယ်။ စစ်ဆေးနည်းကတော့ သူပြထားတဲ့ Buttons လေးတွေကို Mouse လေး ပွတ်ရွှေ့လိုက်ယုံပါပဲ - အဲလို လုပ်လိုက်ရင် buttons တစ်ခုချင်းဆီရဲ့ သက်ဆိုင်ရာ အသံတွေကို သူထုတ်ပြပြီး ဘာ့ကြောင့် ဖြစ်နိုင်ချေရှိတယ်ဆိုတာကိုပါ သူက ဖော်ပြပါလိမ့်မယ်။

    စက်ထဲမှာ သိမ်းပြီး နားထောင်ချင်တယ် ဆိုရင်တော့ ဒီနေရာကနေ download ချပြီး သိမ်းထားနိုင်ပါတယ်။

    ကျွန်တော် ဖိုရမ်မှာရှာဖြွေကည့်တုန်းက တွေ့တာတွေက check error တို့ Defg လုပ်တာတို့ အဲလိုညွှန်ကြားချက်တွေ ဖတ်ရပါတယ် ။ ကျွန်တော် အမြဲလုပ်ပါတယ် ။ TuneUp 2010 (ယခင်က 2008) သုံးခဲ့ပြီး အဲဒီမှာပါတဲ့ Defg Function , Dick Doctor Function , One Click , Reg error checking ပါသမျှ repair function တွေကို နေ့တိုင်းမလုပ်တောင် သုံးရက်တစ်ခါလောက်တော့ လုပ်ဖြစ်ခဲ့ပါတယ် ။
    Hard Drive ကို ပုံမှန် Repair လုပ်ပေးနိုင်တာ ကောင်းပါတယ် ကိုလမိုက် - ဒါပေမယ့် Software စုံအောင် သုံးပြီး Repair မလုပ်ပါနဲ့ Hard disk ထိပါတယ်။ ပုံမှန် CCleaner - Defraggler - Tuneup ဒီလောက်ဆို လုံလောက်ပါတယ်။

    ကျွန်တော် ရှာဖွေဖတ်ကြည့်သမျှထဲမှာ ဖွင့်ပြင်ခိုင်းတာတွေရော ရေခဲသေတ္တာထဲထည့်ဆိုတာတွေရော စုံနေတာပါပဲ ။
    ကိုယ်ပိုင်ကြိုးပမ်းလို့ မရတော့တဲ့အဆုံး မိသားစုမှ ညီအကိုမောင်နှမ များကို အကူအညီတောင်းရတော့တာပါပဲ ။
    Freezer ထဲ Hard Drive ထည့်တယ်ဆိုတာ ထည့်ချင်တိုင်း ထည့်လို့ မရပါဘူး - သူ့ Step by Step လုပ်ငန်းစဉ်တွေ ရှိပါတယ်။ ဆက်စပ်နေလို့ လုပ်ဆောင်ပုံ အဆင့်ဆင့်ကို တစ်လက်စထဲ အကြံပြုရရင်

    1. Hard drive ကို computer ကနေ အရင်ဖြုတ်ရပါမယ်။
    2. ပုံမှာပြထားတဲ့ အတိုင်း Hard drive ကို Zip နဲ့ ပိတ်လို့ ရတဲ့ freezer bag ထဲ ထည့်ရပါမယ်။ ( သတိထားဖို့က freezer bag ဝယ်တဲ့ အချိန်မှာ ဈေးပေါတဲ့ bag မျိုး မဝယ်ပါနဲ့ )
    3. အဲ့ဒီ့ freezer bag နဲ့ တစ်ထပ် ထပ်ထားပြီးသား Hard drive ကိုပဲ နောက် freezer bag တစ်ခုထဲ ထပ်ထည့်ပြီး လုံခြုံအောင်ပိတ် ရပါမယ်။ နှစ်ထပ်ထည့်တဲ့ သဘောပါ။
    4. အဲလို နှစ်ထပ်ထပ် ပိတ်ထားတဲ့ hard drive ကိုမှ အောက်ဖော်ပြပါ ပုံအတိုင်း freezer ရဲ့ အအေးဆုံး နေရာ တစ်ခုမှာ ထားထားလိုက်ပါ။


    5. freezer ထဲမှာ ဘယ်လောက်ကြာကြာ ထားရမလဲ ဆိုရင် အနည်းဆုံး ၁၂ နာရီ ထားရပါမယ်။
    6. အဲလို ထားပြီးလို့ Hard Drive က အရမ်းအေးသွားပြီ ဆိုတော့မှ freezer ထဲကနေ ပြန်ထုတ်ပြီး computer မှာ ပြန်တပ်ပါ။ Windows တက်လာပြီ ဆိုရင် ကိုယ့်အတွက် တန်ဖိုး အကြီးဆုံး Data တွေကို အမြန်ဆုံး စီစစ်ရွေးထုတ်ပြီး သိမ်းပါ။
    7. တစ်ခါတစ်လေ လုပ်နေတုန်းမှာ hard drive က ထပ်ပြီး fail ဖြစ်နိုင်ပါသေးတယ်။ စိတ်မပျက်ပါနဲ့ နောက်ဆုံး ဘယ်ကောင်တွေကို Copy လုပ်ပြီး သွားပြီလဲ ဆိုတာ မှတ်ထားပြီး အပေါ်က အဆင့်တွေအတိုင်း ပြန်သွားပြီး freezer ထဲမှာ နောက်ထပ် ၁၂ နာရီ လောက် ထပ်ထည့်ထားလိုက်ပါ။
    8. ဒါက Hard Disk နဲ့ ပတ်သတ်တဲ့ အရေးပေါ် ကယ်ဆယ်ရေး နည်းလမ်း ဖြစ်ပါတယ်။

    တခြား Harddisk ထဲကို Data မကူးယူရသေးပါဘူး ။ အခက်အခဲတွေကြောင့်ပေါ့ ဗျာ ။ တကယ်လို့ မကူးယူခဲ့မိခင်များ ပျက်စီးသွားခဲ့ရင် Data ပြန်ယူလို့ရနိုင်ပါသေးလား ဗျာ ။
    ပြန်လည်ပြုပြင်လျှင်ရော အကောင်းနီးပါ ပြန်ရနိုင်ပါသေးလားဗျာ ။ ကျွန်တော် အသစ်ဝယ်ဖို့များလိုအပ်တယ်ဆိုရင်လဲ မြန်မြန်လေးဝယ်ပြီး DATA ကူးရအောင် အပိုဆောင်းအကြံဉာဏ်လေး တောင်းရခြင်းဖြစ်ပါတယ် ဗျာ ။
    မကူးယူခဲ့မိခင်များ ပျက်စီးသွားခဲ့ရင် Data ပြန်ယူလို့ရနိုင်ပါသေးလား ဆိုတာကတော့ ဘယ်အပိုင်းပျက်တယ် ဆိုတာပေါ် မူတည်ပြီး ပြန်ယူလို့ ရမရ ဆိုတာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ Recovery လုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီး ဘယ်လို ဝန်ဆောင်မှု ပေးတယ်ဆိုတာ ကျွန်တော် မပြောပြတတ်ပေမယ့် နိုင်ငံ တစ်ချို့မှာ တော့ ပျက်သွားတဲ့ Hard Drive ထဲက Data တွေကို ပြန်ယူဖို့ဆိုရင် ကိုယ့် Data အနည်း အများပေါ် မူတည်ပြီး ဈေးကွာခြားချက် ရှိပါတယ်။ ဒါတောင် ပိုက်ဆံပေးတိုင်း အားလုံး ပြန်ရဖို့ မသေချာပါဘူး - အကောင်းနီးပါ ပြန်ရနိုင် သလားဆိုတာကလည်း ဒီသဘောပါပဲ - တစ်ချို့ Service center တွေမှာတော့ ပျက်တဲ့ အစိတ်အပိုင်းကို လိုက်ပြီး တစ်ခုချင်းစီ အသစ်လဲလှယ်ပေးတဲ့ ဝန်ဆောင်မှုတွေ ရှိပါတယ်။ အကောင်းဆုံးကတော့ တတ်နိုင်မယ်ဆိုရင် Hard Disk အသစ်တစ်လုံးဟာ ဘယ်လောက်မှ ဈေးမများပါဘူး - အသစ်ဝယ်နိုင်မယ်ဆိုရင် အသစ်ဝယ်ပြီး လတ်တလော ဝယ်ဖို့ အခက်အခဲ ရှိနေရင် အရေးကြီး Data တွေကို တစ်ခြား Hard Drive တစ်ခုခုမှာ Copy ကူးယူထားဖို့ ဒါမှမဟုတ် Online Backup လုပ်ဆောင်ထားဖို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ပါတယ်။

    အစစအရာရာ အဆင်ပြေပါစေ ကိုလမိုက်

    KznT.

    Best Linux Distribution for Server ?

    Originally Posted by ကိုစိန်လေး
    ၁. ကျနော့် Server နဲ့အဆင်ပြေနိုင်မဲ့ Linux Server Version
    ၂. mpeg File size 30 GB ကို support လုပ်နိုင်မဲ့ File System (FAT file system မှာဒီ size လောက်ဆိုရင် Copy လုပ်လို့မရတော့ဘဲ NTFS ပြောင်းလိုက်တော့မှ အဆင်ပြေသွားလို့ပါ။)
    ၃. တချို့က Linux မှာ Driver မလိုဘူးလို့ပြောကြတာတွေ့ရပါတယ်။အဲဒါဟုတ်မဟုတ်ပါ။(ဟုတ်ရင်တော့ Driver အတွက်ခေါင်းစားစရာမလိုတော့ဘူးပေါ့)

    စိန်လေး

    မင်္ဂလာပါ ကိုစိန်လေးရေ -

    စာပြန်နည်းနည်း နောက်ကျသွားတာ တောင်းပန်ပါတယ် - ကျွန်တော် တစ်ခြား ကိစ္စလေးတွေ ရှိနေလို့ ခုမှပဲ အားလို့ပါ။ ဒီအကြောင်းအရာကို ကျွန်တော် အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြင်း ဆိုပြီး ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အဲ့တုန်းက ခေါင်းစဉ်တွေ တော်တော်လေးများတာက တစ်ကြောင်း - အကြောင်းအရာကလည်း ရှည်လျားတာက တစ်ကြောင်း မို့ တော်တော်များများလည်း သတိမထားမိကြသလို - သတိထားမိရင်တောင် ဖတ်ဖို့ စိတ်မဝင်စားကြတာ တွေ့ခဲ့ရပါတယ်။ ကျွန်တော့် အနေနဲ့ အရင်ဆုံး အကြံပြုချင်တာကတော့ Linux သုံးတဲ့ သူ တစ်ယောက် အနေနဲ့ တတ်နိုင်သလောက် စာများများ ဖတ်ပေးစေချင်ပါတယ်။ တစ်နေ့ကို ဘယ်လောက်ဖတ် ဆိုတာမျိုး မဟုတ်ပေမယ့် ကိုယ်နိုင်သလောက် ကိုယ်သုံးနေတဲ့ OS နဲ့ သက်ဆိုင်တာမျိုး နောက် Linux နဲ့ ဆိုင်တဲ့ ဗဟုသုတလေးတွေ ဆောင်းပါးလေးတွေ မြန်မာဘာသာနဲ့မှ မဟုတ်ပဲ တစ်ခြား ကိုယ် ကျွမ်းကျင်တဲ့ ဘယ်ဘာသာနဲ့ ဖြစ်ဖြစ်ပါ အချိန်နဲနဲ ပေးပြီး လေ့လာစေချင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ကျွန်တော် ဒီနေရာမှာ ပြောပြခဲ့ဖူးပါတယ်။ Linux က ကျွန်တော်တို့ မြန်မာမှု အသိုက်အဝန်းမှာကိုပဲ စိတ်ဝင်စားတဲ့သူ နည်းသေးတာက တစ်ကြောင်း - နားလည်တတ်ကျွမ်းပေမယ့် ဝေမျှမှု အားနည်းသေးတာက တစ်ကြောင်းမို့လို့ ကိုယ့်ဘက်က အချိန်ပေးပြီး မလေ့လာနိုင်ရင် Linux နဲ့ တကယ်တမ်း စီမံခန့်ခွဲမှု လုပ်ဆောင်တဲ့ အခါ ထင်သလောက် ခရီးမရောက်မှာ စိုးလို့ပါ။



    ကျွန်တော် အစပျိုးတာလည်း ရှည်ပြီ - ကိုစိန်လေး မေးထားတဲ့ အကြောင်းအရာတွေကို ကျွန်တော်အကြောင်းအရာ တစ်ခုချင်း တတ်နိုင်သလောက် အကြံပြုပေးပါ့မယ်။ တကယ်တော့ Rules အရ ပြောရရင် မေးခွန်းကို မေးခွန်းနဲ့ ပြန်မေးရဦးမှာပါ။ ဘာကြောင့်လည်း ဆိုတော့ နံပါတ် ( ၁ ) မေးခွန်းဖြစ်တဲ့ -

    ၁. ကျနော့် Server နဲ့အဆင်ပြေနိုင်မဲ့ Linux Server Version



    ဆိုတဲ့ မေးခွန်းမျိုးက ကျွန်တော် ဒီအတိုင်း လွယ်လွယ်ကူကူ ဒါသုံးဆိုပြီး ပြောလိုက်လို့ မရပါဘူး - ဆိုလိုတာ ကျွန်တော် ဒါကို အကြံပြုနိုင်ဖို့ ဆိုရင် တကယ်တမ်း ကျွန်တော် မဖြစ်မနေ သိထားရမယ့် အကြောင်းအရာ တစ်ချို့လိုပါသေးတယ်။ ဥပမာ အနေနဲ့ ပြောရရင် ဒီ Sever ကို အသုံးပြုမယ့် - စီမံခန့်ခွဲမယ့် သူရဲ့ Techanical skills ဘယ်လောက်ရှိသလဲ ?? နောက် Sever အဖြစ် အသုံးပြုမယ့် စက်ရဲ့ အခြေအနေ ( ဥပမာ - နဲနဲ ဟောင်းနေလား - အသစ်ချပ်ချွတ်ကြီးလား - စသဖြင့် သူ့ရဲ့ system information တွေ ) - ဒီ Server ကိုင်မယ့်သူမှာ Linux နဲ့ ပတ်သတ်တဲ့ Knowledge ဘယ်လောက် ရှိသလဲ ?? - နောက်ပြီး အဲ့ဒီ့ Server အတွက် Linux Distros ကို ပိုက်ဆံပေး ဝယ်နိုင်သလား - ဒါမှမဟုတ် Free လိုချင်တာလား - စသဖြင့် မေးခွန်းတွေ ကျွန်တော် ပြန်ထုတ်ရဦးမှာပါ။ ဒါပေမယ့် reply တွေ များပြီး လိုရင်း မရောက်မှာ စိုးလို့ တတ်နိုင်သမျှလည်း အတိုဆုံး ဖြစ်အောင် အကြံပြုရရင် Server versions တွေထဲမှာ သုံးဖို့ အသင့်တော်ဆုံးကတော့ Red Hat Enterprise Sever, SUSE Enterprise နဲ့ Ubuntu Server တွေပါ။ သူတို့ သုံးမျိုးက Linux နယ်ပယ်မှာ Sever machines တွေအတွက် ရည်ရွယ်ပြီး သူ့ထပ်သူ ကောင်းသထက်ကောင်းအောင် လုပ်ဆောင်နေကြတဲ့ Linux Distros တွေပါ။ ဒါပေမယ့် သူတို့ သုံးမျိုးထဲမှာမှ Red Hat Enterprise Sever ကတော့ ပိုပြီး လူကြိုက်များ လူသုံးများပါတယ်။ Red Hat ကိုပိုပြီး လူကြိုက်များစေတဲ့ အချက်က ရှည်ကြာတဲ့ Security Updates ထားရှိပေးမှု  ၊ နောက်ပြီး သူ့ရဲ့ Distros အတွင်းမှာ များပြားလွန်းလှတဲ့ အသုံးဝင် Packages အသစ်တွေ ၊ နောက်ထပ်ရှိသေးတာက Linux အကြောင်းကို ကျွမ်းကျွမ်းကျင်ကျင် မသိတဲ့ အဖွဲ့အစည်းတွေ အတွက် အသုံးပြုရလွယ်ကူ စေမယ့် စွမ်းဆောင်ရည် ပြည့်ဝတဲ့ Programs တွေ ထည့်သွင်းပေးထားမှု - နောက် ပုံမှန်အားဖြင့် Redhat ရဲ့ ဦးတည်ချက်က Desktop ဈေးကွက်ထက် Sever ဈေးကွက်ကို ဦးတည်ခဲ့တာကြောင့် သူ့က ဦးတည်ချက်နဲ့ စူးစိုက်လုပ်ဆောင်မှု မှာ တစ်ခြား Distros တွေထက် သာပြီး အသုံးပြုတဲ့ အချိန်မှာ performance ပိုင်းဆိုင်ရာ - security ပိုင်းဆိုင်ရာနဲ့ Applications  ပိုင်းဆိုင်ရာမှာ တွေမှာ ရောင်းတန်းဝင် apps တွေကို စိတ်ကြိုက်ရွေးချယ် သုံးစွဲနိုင်မှု ဆိုတာတွေကြောင့် Red Hat Enterprise Sever က Server တွေ အားလုံးရဲ့ ကြားထဲမှာ ပိုပြီး လူကြိုက်များ လူသုံးများကြပါတယ်။

    ၂. mpeg File size 30 GB ကို support လုပ်နိုင်မဲ့ File System (FAT file system မှာဒီ size လောက်ဆိုရင် Copy လုပ်လို့မရတော့ဘဲ NTFS ပြောင်းလိုက်တော့မှ အဆင်ပြေသွားလို့ပါ။)

    File system တွေနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော် ဒီနေရာမှာ ဘာတွေက ဘယ်လိုကွာတယ် ဘာကို သုံးသင့်တယ် ဆိုတာ အကျဉ်း ဆွေးနွေးထားတာလေး ရှိပါတယ်။ အကျယ်သိချင်ရင်လည်း အဲ့မှာ ချိတ်ဆက်ထားတဲ့ Links တွေကနေ လေ့လာနိုင်ပါတယ်။

    ၃. တချို့က Linux မှာ Driver မလိုဘူးလို့ပြောကြတာတွေ့ရပါတယ်။အဲဒါဟုတ်မဟုတ်ပါ။( ဟုတ်ရင်တော့ Driver အတွက်ခေါင်းစား စရာမလိုတော့ဘူးပေါ့ )

    Linux မှာ Drivers မလိုဘူးရယ်လို့ မဟုတ်ပါဘူး - လိုပါတယ်။ ဒါပေမယ့် Windows နဲ့ ကွာခြားသွားချက်က ဥပမာ အနေနဲ့ ပြောရရင် VGA Drivers ဆိုကြပါစို့ - Windows မှာ ဆိုရင် သက်ဆိုင်ရာ Drivers တွေကို ဝယ်ကတည်းက ပါရင် ပါလာ - မပါလာရင် သက်ဆိုင်ရာ site အသီးသီးကနေ ရှာပြီး ကိုယ့့်ဘာသာကိုယ် တင်ပေးရတာ ရှိပါတယ်။ တစ်ခြား Drivers တွေ ဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ။ ဥပမာ - ( Sound drivers ... ) - ဒါပေမယ့် Ubuntu ( Linux ) မှာ ဆိုရင်တော့ ကိုယ်ကလိုက်ရှာဖို့ မလိုပါဘူး အင်တာနက်နဲ့ ချိတ်ဆက်လိုက်တာနဲ့ သက်ဆိုင်ရာ Drivers ကို သူ့ဘာသာ install လုပ်ဆောင်ပေးသွားပါတယ်။ အင်တာနက်နဲ့မချိတ်ဆက်နိုင်ဘူး ဆိုရင်လည်း သက်ဆိုင်ရာ DVD‐ROM ဆောင်ထားသင့်ပါတယ်။ အဲဒီ့ အကြောင်းကို ဒီနေရာမှာ ဆွေးနွေးခဲ့ဖူးပါတယ်။ Drivers တွေ Out-of-Date ဖြစ်မှာလည်း မပူရပါဘူး - ဒါ့ကြောင့် အလွယ်နည်းနဲ့ လူတော်တော်များများက Drivers မလိုဘူးလို့ ပြောကြတာပါ။ အဲ့ဒီ Drivers နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတစ်ချို့ကို ဒီနေရာမှာ ဆွေးနွေးခဲ့ဖူးပါတယ်။

    ကျွန်တော် ခု ဖော်ပြခဲ့သလောက်ဆို အပြည့်အစုံကြီး မဟုတ်ပေမယ့် ချင့်ချိန်တွက်ဆဖို့ အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ကိုစိန်လေး

    KznT.

    Virtual Drive and ISO images

    Originally Posted by နှင်းမောင်
    virtual drive format file ဆိုတာ ကျနော် နားလည်သလို ပြောလိုက်တာပါ။ virtual drive ထဲထည့်ပြီး သုံးလို့ရအောင် ကျနော် သူငယ်ချင်းတယောက်ဆီက Myanmar Encyclopedia CD ရထားပါတယ်။ ပုံစံလေးက တြိဂံစီဒီပုံလေး ဖြစ်ပြီးတော့။ VCD file လို့ပြပါတယ်။ အဲဒါလေးကို ကျနော် အလွယ် virtual drive format လို့ပြောလိုက်တာပါ။ ခွေနဲ့ မသုံးဘဲ ဆော့ဝယ်စီဒီအချို့ကို virtual drive ထဲထဲ့ သုံးချင်ပါတယ်။ အဲလိုသုံးလို့ရအောင် ဘယ်လိုရမယ်ဆိုတာကို သိချင်တာပါ။



    ဟုတ်ကဲ့ပါ ကိုနှင်းမောင် - ဘာမေးချင်တယ် ဆိုတာ ကျွန်တော် သဘောပေါက်ပါပြီ။ မေးခွန်းမေးတဲ့ သူကို မေးခွန်းပြန်မေးတာ ကိုတော့ စိတ်မရှိပါနဲ့ဗျာ - ဝိုးတစ်ဝါးနဲ့ စိတ်ထဲထင်တာ ဖြေလိုက်ရင်ကျ ကိုနှင်းမောင် အတွက်လည်း အကျိုးမရှိ - ကျွန်တော့် အတွက်လည်း အချိန်ပေးရပြီး တန်ဖိုးမရှိလို့ပါ။ ကိုနှင်းမောင် နားလည်လွယ်အောင် ကျွန်တော် အကြမ်းဖျဉ်းပြောရရင် virtual drive format file ဆိုတာမျိုးရယ်တော့ မရှိဘူး ကိုနှင်းမောင်ရ - အဲ့တာကိုပဲ ပိုနားလည်လွယ်အောင် ပြောရရင် ကျွန်တော် အရင်ဆုံး ပြန်ပြောရမှာ Virtual CD / DVD Drive ဆိုတာတွေ အကြောင်း နဲနဲ အစပြန်ခေါ်မှ ရမယ် ထင်တယ်။ Virtual CD / DVD Drive ဆိုတာ ကျွန်တော်တို့ရဲ့ operating system မှာ တကယ် DVD / CD drives တွေတပ်ဆင်ထားတာမျိုး မဟုတ်ပဲနဲ့ ကိုယ့် OS ထဲမှာ တကယ့် DVD / CD drives တွေ တပ်ဆင်ထားသယောင် မြင်တွေ့နေရပြီး အဲ့ကနေ တစ်ဆင့်လည်း DVD / CD images ( ISO images ) တွေကို တိုက်ရိုက် Mount လုပ်ပြီး သုံးနိုင်တာမျိုးကို ခေါ်တာပါ။ ထူးခြားသွားချက်ကတော့ DVD / CD images ( ISO images ) တွေကို အသုံးချနိုင်ဖို့ ကျွန်တော်တို့ သီးသန့် အခွေရိုက်ထုတ်နေစရာ မလိုတော့ဘူး - CD / DVD ROM တွေ စက်မှာ ရှိမနေလည်း ဒီ အခွေထဲမှာ ရှိတဲ့ အကြောင်းအရာ မှန်သမျှကို ကျွန်တော်တို့ Virtual CD / DVD Drive ကနေတစ်ဆင့် ဇာတ်ကားဆို ကြည့်ရှုလို့ ရတယ် - သီချင်းတွေဆို ခံစားလို့ ရတယ် - နည်းပညာရပ်တွေဆို လေ့လာလို့ ရတယ် - Software တွေဆို တိုက်ရိုက် install လုပ်ပြီး စမ်းသပ်လို့ ရမယ် - စတာတွေ ဖြစ်ပါတယ်။ ဒါတွေကို ကိုနှင်းမောင်လည်း သိသင့်သလောက် သိပြီးသား ဖြစ်မှာပါ။

    ဒါကိုပြန်ပြောရတဲ့ အကြောင်းအရင်းက Virtual drive format file ရယ်လို့ သီးခြား ကွဲထွက်မသွားဘူး ဆိုတာ သိစေချင်လို့ပါ။ များသောအားဖြင့် Virtual drive နဲ့ Mount လုပ်ပြီး သုံးဖို့ ဆိုရင် ကျွန်တော်တို့ အများဆုံး အသုံးပြုကြတာ ISO images တွေပါ။ Virtual drive ကနေ Mount လုပ်ပေးနိုင်တဲ့ တစ်ခြား Images အမျိုးအစားတွေလည်း ရှိပါသေးတယ် - ဥပမာ ပြောရရင် ISO, BIN, IMA/IMG, CIF, NRG, IMG/CCD, MDF/MDS, VCD, C2D, VDI, BWI/BWT, TAO/DAO, PDI, P01/MD1/XA, VaporCD, နဲ့ compressed Universal Image Files လို့ ခေါ်တဲ့ (UIF) format တွေပါ။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ ဂိမ်းခွေတွေကစ - Windows ခွေတွေ အလယ် - Software ခွေတွေ အဆုံး ISO ကိုပဲ သုံးလာကြတာ များပါတယ်။ ဘာကြောင့်လဲ ?? ဘာလို့လဲ ဆိုတော့ ISO images က Create လုပ်ဖို့လွယ်တယ်။ ISO images လုပ်ဖို့ ထုတ်ထားတဲ့ Software တွေဆိုတာလည်း တော်တော်များများရှိပြီး ထုတ်ထားသမျှ Software တွေ အားလုံးနီးပါးကလည်း free ပေးထားကြတာများပါတယ်။ ဒါ့ကြောင့် ISO images က ခုနောက်ပိုင်းမှာ ပိုပြီးတွင်ကျယ်လာတာပါ။ ISO images ဆိုတာ ကွန်ပြူတာ စကားလုံးအရသာ စာလုံးက နည်းနည်း ဆန်းနေတာပါ - သူ့ကို အလွယ်ပြောရမယ် ဆိုရင် CD / DVD ခွေတွေ အဖြစ်နဲ့ မသိမ်းချင်လို့ စက်ထဲမှာ images အနေနဲ့ အလွယ်သိမ်းထားတဲ့ သဘောပါပဲ။ စက်ထဲမှာ သိမ်းတာများဗျာ - ဒီအတိုင်း folder တစ်ခုထဲ ထည့်ပြီး Archiver တစ်ခုနဲ့ ချုံ့ပြီး သိမ်းထားလိုက်လည်း ဖြစ်တာပဲလို့တော့ အထွန့်တက်စရာ ရှိပါတယ်။ မှန်ပါတယ်။ အဲလို သိမ်းလို့လည်း ရပါတယ်။ ဒါပေမယ့် ISO images format နဲ့ ဘာလို့ ပြောင်းသိမ်းကြလဲ ဆိုတော့ files ပေါင်းများစွာကို format တစ်ခုတည်း အနေနဲ့ ပေါင်းပြီး သိမ်းထားလို့ ရတာရယ် - လိုမယ်ဆိုရင် CD/DVD အဖြစ်ပါ တစ်ခါတည်း ရိုက်ထုတ်လို့ ရတာရယ် - လိုလို့ အသုံးချ ချင်တယ် ဆိုရင်လည်း Virtual drive နဲ့ Mount လုပ်ပြီး တိုက်ရိုက် အသုံးပြုလို့ ရတာရယ် စတဲ့ ထူးခြားချက်လေး တွေကြောင့်ပဲ ဖြစ်ပါတယ်။

    ဒါ့ကြောင့် ကိုနှင်းမောင် မေးထားတဲ့ မေးခွန်းကို ဦးတည်ချက်ထားပြီး အနှစ်ပြန်ချုပ်ရရင် Software စီဒီအချို့ကို CD/DVD မရိုက်ပဲ images ကနေတစ်ဆင့် တိုက်ရိုက် Virtual Drive ကနေ အသုံးချချင်တဲ့ အခါ ကျွန်တော်တို့ အရင်ဆုံး လုပ်ဆောင်ရမှာ ကိုယ့်ရဲ့ Files တွေ - Software တွေ စတာတွေကို Images file အနေနဲ့ တစ်ခုတည်း ဖြစ်အောင် ဖန်တီးဖို့ပါ။ ဘယ် Images အမျိုးအစားတွေ ရှိတယ်ဆိုတာတော့ ကျွန်တော် အပေါ်မှာလည်း ဖော်ပြခဲ့ပြီး ပါပြီ။ ဥပမာပေးရရင် ကျွန်တော်တို့မှာ Software တွေစုထားတာ ရှိတယ် သူတို့တွေ အားလုံးကို ပေါင်းပြီး ISO images လုပ်ကြမယ် ဆိုကြပါစို့ - ISO images အဖြစ်ဖန်တီးပေး နိုင်တဲ့ burner ပေါင်းမြောက်များစွာ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်က အသုံးပြုကြတဲ့ Software ချင်း မတူလို့ ကျွန်တော့် အနေနဲ့ အကုန်လိုက် ဖော်ပြမပေးနိုင်တာကိုတော့ နားလည်ပေးပါ ကိုနှင်းမောင် - ကျွန်တော်သုံးဖြစ် နေတာတော့ လတ်တလောမှာ MagicISO ပါ။ ပေါ့ပေါ့ပါးပါးနဲ့ သုံးဖို့လည်း လွယ်တာက တစ်ကြောင်း - နောက်ပြီး စစသုံးသုံး ချင်းမှာ နားမလည်တာတွေကို MagicISO Online Help ကနေ သရုပ်ပြပုံတွေနဲ့ အလွယ်တကူ လေ့လာနိုင်လို့ ခဏချင်းမှာ Software အသုံးပြုပုံကို ရင်းနှီးနိုင်တာကြောင့် ကျွန်တော် ခုထိ MagicISO ကို သုံးဖြစ်နေတာလည်း ပါပါတယ်။ MagicISO Software ကို ကျွန်တော် တင်ပေးထားတဲ့ 2010 2011 Ultimate Software Guide for Windows Users မှာရော ဒါမှမဟုတ် ဖိုရမ်က Burning Tools များအတွက် မာတိကာ မှာပါ ကိုနှင်းမောင် ရှာဖွေတွေ့ရှိနိုင်ပါတယ်။ နောက်ထပ် ကျွန်တော် သဘောကျတာကတော့ Ashampoo ပါ။ သူကလည်း တော်တော်လေး သုံးရလွယ်ပြီး CD/DVD နဲနဲ ရိုက်ဖူးတဲ့ အတွေ့အကြုံရှိသူဆိုရင် Ashampoo ကို တစ်ခါမှ မသုံးဖူးရင်တောင် ခဏချင်းနဲ့ အလွယ်တကူ သုံးတတ်စေပါတယ်။ MagicISO သုံးမယ်ဆိုရင်တော့ ISO images ဘယ်လိုပြုလုပ်ရမယ် - Bootable ISO image ဖြစ်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ အားလုံးကို MagicISO Online Help မှာပဲ လေ့လာနိုင်ပါတယ်။ ကျွန်တော့် ပြောခိုင်းလည်း အဲ့ကနေပဲ ကော်ပီကူးပြီး ပြန်ဖော်ပြရမှာမို့ Link ကိုပဲ ညွှန်ပြပေးလိုက်တာပါ။ ဒီလောက်ဆို iso file ဖြစ်အောင်၊ virtual drive နဲ့ အသုံးပြုနိုင်အောင်၊ Bootable ISO image ဖြစ်အောင် ဘာတွေလုပ်ဖို့ လိုအပ်မယ် ဆိုတာ ကိုနှင်းမောင် အကြမ်းအားဖြင့် သဘောပေါက်နိုင်လိမ့်မယ် ထင်ပါတယ်။ ရှေ့ဆက်ပြီး အသေးစိတ် လေ့လာမှု ကိုတော့ ကိုယ်သုံးမယ့် burner ကို လိုက်ပြီး ပြောင်းလဲ လေ့လာမှု လုပ်သွားဖို့ အကြံပြုလိုပါတယ်။

    နောက်တခုကတော့ ၀င်းဒိုးခွေပါ။ ၂၀၁၀ ၀င်းဒိုး အိပ်စ်ပီလို့ အလွယ်ပြောပေမယ့် အပြည့်စုံကတော့ Windows.XP.Sp3.NASA.2nd.Generation.2010 ဖြစ်ပါတယ်။ အစ်ကို တင်ပေးထားတာလို့ ထင်ပါတယ်။
    Windows.XP.Sp3.NASA.2nd.Generation.2010 က ကျွန်တော် တင်ပေးထားတာ မဟုတ်ပါခင်ဗျာ - လိုက်ရှာကြည့်တာတော့ ကိုမုန်းရခက် တင်ပေးထားတဲ့ Window XP SP3 NASA II 2010 တော့ တွေ့မိပါတယ်။ ကိုကျောက်ဖြူကလည်း အပေါ်မှာ ကိုနှင်းမောင် အတွက် Windows.XP.Sp3.NASA.2nd.Generation.2010 အတွက် Generation အသစ် ကို လိုချင်ရင် တင်ပေးမယ် ပြောထားတော့ သူ့ကိုသာ အားနာနာနဲ့ အပူကပ်လိုက်ပါဗျာ Latest လေး ရတာပေါ့

    စာပြန်နောက်ကျတာတော့ ဘယ်လိုမှ စိတ်ထဲ မရှိပါနဲ့ဗျာ - ကျွန်တော်လည်း တစ်ခြား ပြဿနာလေးတွေ လိုက်ရှင်းနေရတာရယ် - အလုပ်လေးလည်း တစ်ဖက် ရှိနေလို့ပါ။

    အဆင်ပြေပါစေ ကိုနှင်းမောင် -

    KznT.

    Blogger2Wordpress and WordPress2Blogger


    Originally Posted by နိုင်လင်းစိုး
    အဆင်ပြေရင် ကူညီပါဦးဗျာ..ကျနော် ဘလော့ကနေ XML ဖိုင်ကိုဒေါင်းပြီးတော့ WP အသစ်မှာဘယ်လိုသွင်းရမလဲ မသိလို့ပါ.
    ဟုတ်ကဲ့ပါ ကိုနိုင်လင်းစိုးရေ -
    Blog Service တစ်ခုကနေ နောက်တစ်ခုသို့ Post တွေ Comment တွေ ပြောင်းပေးနိုင်တဲ့ Converter တစ်ခုကို Google Code ကနေ ဖန်တီးပေးထားတာ ကြာပါပြီ။ သူ့ကို Google Blog Converters လို့ ခေါ်ပါတယ်။ သူ့ကို အသုံးပြုပြီး Blogger က ပို့စ်တွေကို WordPress ထဲ အချိန်ကုန်ခံစရာ မလိုပဲ - သက်သက်သာသာနဲ့ ရွှေ့ပြောင်းယူလို့ ရပါတယ်။ အဲ့လိုမျိုးပဲ အရင်က ရွှေ့ပြောင်းဖို့ အခက်အခဲတွေ မနည်းမနော ရှိနေတဲ့ WordPress, LiveJournal, Movable Type တွေက ကိုယ်ရေးထားတဲ့ ပို့စ်တွေ ကောမန့်တွေကိုလည်း Blogger ထဲကို ပြောင်းတင်လို့ ရနေပါပြီ။ ဒီ့ထက်တိကျတဲ့ အသေးစိတ် အချက်အလက်တွေကို Google Code မှာ ဖတ်ရှုကြည့်ပြီး လက်တွေ့ စမ်းသပ်ကြည့်ချင်မယ် ဆိုရင်တော့ Blogger ကနေ Wordpress ပြောင်းဖို့ အတွက်ဆို - Blogger2Wordpress နဲ့ Wordpress ကနေ Blogger ပြန်ပြောင်းမယ် ဆိုရင် WordPress2Blogger တို့မှာ စမ်းသပ်ကြည့်နိုင်ပါတယ်။



    လုပ်ဆောင်ပုံ လုပ်ဆောင်နည်းကို အကြမ်းဖျဉ်းပြောရရင်တော့ Blogger ကနေ Wordpress ကို ပြောင်းတဲ့ နေရာမှာ Posts တွေ Comments တွေကို Blogger ကနေ Export လုပ်ထားတဲ့ XML နဲ့ တိုက်ရိုက် Wordpress ထဲ သွားထည့်လို့ မရပါဘူး - Blogger ကနေ ကျလာတဲ့ XML ကို Wordpress ထဲ ထည့်ဖို့ အတွက် သူ့ကို Wordpress XML အဖြစ် Blogger2Wordpress မှာ Browse ကနေ တစ်ဆင့် Convert လုပ်ယူရပါမယ်။


    Convert လုပ်ပြီးသွားရင် သူက ခုလိုမေးပါလိမ့်မယ်။ အဲ့ဒီ့ XML ကို Desktop ပေါ်မှာ ဖြစ်ဖြစ် သိမ်းထားလိုက်ပါ။


    နောက် အဲ့ဒီ့ရလာတဲ့ Wordpress XML ကိုမှ Wordpress ထဲကို ဝင်ပြီး Import လုပ်ပါ။ ကိုနိုင်လင်းစိုးလိုချင်တဲ့ Blogger က posts တွေ comments တွေအားလုံး Wordpress မှာ မြင်ရပါလိမ့်မယ်။

    တစ်ခြား မေးစရာလေးတွေ အတွက် ကျွန်တော့် MF mail ကို add ထားလို့ ရပါတယ်။

    Feel free to contact me - levendreams@myanmarfamily.org
    အဆင်ပြေပါစေ ကိုနိုင်လင်းစိုး

    KznT.

    .Net Framework and NET Version Detector

    Originally Posted by ဝင်းအောင်
    ဒါလောက်လေးနဲ ့ဝင်းဒိူ းချရအောင်လည်း မလုပ်ချင်ဘူး။ အစ်ကိုပြောသလို Antivirus ပြောင်းကြည် ့ရင်ကောင်းမလား ဘဲဆက်စဉ်းစားရမှာဘဲ ။ Antivirus က NOD32 ပါအစ်ကို။.Net Framework versions တွေဆိုတာတော ့ ညီလည်း နားမလည်းသေးပါဘူး။ ဘယ်နားမှာဆိုတာ လေးတော့အစ်ကို သည်းခံပြီးပြောပြပါ
    ဟုတ်ပါတယ် ကိုဝင်းအောင်ရေ - ဒီလောက်လေးနဲ့ Windows ချဖို့ကိုတော့ ကျွန်တော်လည်း အားမပေးပါဘူး - နောက်ပြီး ခဏခဏ size ကြီးတဲ့ Application တစ်ခုခုကို ခဏခဏ ဖြုတ်လိုက်တင်လိုက် နဲ့ လုပ်တာမျိုးကိုလည်း ကျွန်တော် အားမပေးချင်ပါဘူး - အပေါ်မှာ ကိုကျောက်ဖြူ ပြောခဲ့တာရော ကျွန်တော် ပြောခဲ့တာရော ဘယ်လိုမှ အဆင်မပြေသေးဘူး ဆိုရင်လည်း နောက်ထပ် ဖြစ်နိုင်ချေ ရှိတာတွေ ထပ်စဉ်းစား ကြည့်ပါဦးမယ်။



    လောလောဆယ်တော့ .Net Framework အကြောင်း အကြမ်းဖျဉ်း နဲနဲ ပြောပြပေးပါ့မယ်။ ကိုဝင်းအောင် ကြုံဖူးမလားတော့ မသိဘူး - တစ်ချို့ Programs တွေမှာ အင်တာနက်ကနေ Download ချကတည်းက .NET Framework ကို စက်ထဲမှာ installed လုပ်ဆောင်ထားပြီးသား ဖြစ်ရမယ်လို့ အသိပေးပြီးသား နဲ့ လာတာမျိုးတွေ ရှိပါတယ်။ သူ သတိပေးထားရက်နဲ့ .NET Framework မရှိတဲ့ စက်မှာ run မယ်ဆိုရင် Result ကတော့ application က အလုပ်မလုပ်တာ - crash ဖြစ်တာ - အစပျိုးပြီး ရှေ့ဆက်မသွားတာ စသဖြင့် မျိုးစုံ ဖြစ်တတ်ပါတယ်။ များသောအားဖြင့်တော့ ပြတတ်တဲ့ message က -

    “The application failed to initialize properly (0×0000135). Click OK to terminate the application.”
    ဆိုတဲ့ စာမျိုး ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ မေးစရာ ရှိလာတာ .NET Framework ဆိုတာ ဘာများလဲ ?




    Microsoft .NET Framework ဆိုတာ Microsoft Windows operating systems တွေအတွက် ထုတ်ထားတဲ့ software technology တစ်ခုပါပဲ။ သူ့အထဲမှာ ဘာတွေ ထည့်သွင်းရေးသားထားသလဲ ဆိုရင် ပုံမှန် programming ပြဿနာရပ်တွေအတွက် အဖြေထုတ်ထားပြီးသား Code တွေ ပါဝင်ပါတယ်။ ဒါ့အပြင် framework တစ်ခုတည်းအတွက် သီးသန့် ရေးသားထားတဲ့ programs တွေ windows ထဲမှာ execution လုပ်ဆောင်တဲ့ အခါမှာ virtual machine တစ်ခု အနေနဲ့ .NET Framework ထိန်းချုပ် လုပ်ဆောင်ပေးပါတယ်။ နောက်ပြီး .NET Framework ဆိုတာ Windows platform တွေအတွက် applications အသစ်တွေ ဖော်ထုတ်ကြတဲ့ အခါမှာ အသုံးပြုနိုင်အောင် Microsoft ကနေ ကမ်းလှမ်းထားတဲ့ software framework တစ်ခုလည်း ဖြစ်ပါတယ်။

    အတိုချုံး ပြောရမယ် ဆိုရင်တော့ ကျွန်တော်တို့တွေ flash animations တွေ ကြည့်နိုင်ဖို့ဆို Adobe Flash Player တင်ရတယ်။ Java Programs တွေ run နိုင်ဖို့ဆို Java Runtime တင်ထားဖို့လိုတယ်။ အဲလိုပဲ .NET Framework လိုအပ်တဲ့ programs တွေ အတွက်လည်း Microsoft .NET Framework install လုပ်ဆောင်ထားပြီးသား ဖြစ်ဖို့ လိုပါတယ်။

    .NET Framework က Windows Server 2008 နဲ့ Windows Vista - 7 မှာ ထည့်သွင်းပါဝင်ပြီးသားပါ။ ဒါပေမယ့် Versions နိမ့်တာ မြင့်တာလေးတွေ လောက်ပဲ ကွာခြားချက် ရှိပါတယ်။ Windows XP မှာတော့ Windows Updates ပေးမထားဘူး - ကိုယ်တိုင်ကလည်း installed လုပ်ဆောင်မထားဘူးဆိုရင် .NET Framework က စက်ထဲမှာ ရှိနေမှာ မဟုတ်ပါဘူး - လောလောဆယ် ထုတ်ထားပြီးတဲ့ .NET Framework current version က .NET Framework 4.0 ပါ။ တစ်ခြား ထုတ်ထားပြီးတဲ့ .NET Framework versions တွေလည်း အများကြီး ရှိပါသေးတယ်။ (1.0, 1.1, 2.0, 3.0, 3.5 နဲ့ 4.0)။ တစ်ခါတစ်လေမှာ users တွေ ကိုယ်တိုင်က ကိုယ့်စက်မှာ ဘယ် .NET Framework versions တွေ သွင်းထားပြီးမှန်း သတိမထားမိကြတာ တွေလည်း ရှိပါတယ်။

    ကိုယ့်စက်မှာ ဘယ် .NET Framework versions တွေ သွင်းထားပြီးပြီ လဲဆိုတာ စစ်ဆေးနိုင်တဲ့ နည်းလမ်း နှစ်မျိုး ရှိပါတယ်။ တစ်နည်းကတော့ Control Panel > Add or Remove Programs ကနေ စစ်ဆေးတဲ့ နည်းပါ။


    ဒါပေမယ့် ဒီနည်းက အရမ်းကို အခြေခံ ကျပါတယ်။ နောက်ပြီး အဲ့နည်းနဲ့ စစ်ရင် တစ်ခါတစ်လေမှာ ကိုယ့်စက်မှာ .NET Framework ရှိနေလျက်နဲ့ Add or Remove Programs ထဲမှာ မတွေ့တာမျိုးလည်း ရှိတတ်ပါတယ်။

    အဲ့အတွက် သူ့ထက်ကောင်းတဲ့ နည်းလမ်းတစ်ခုစီ ကျွန်တော်တို့ ချဉ်းကပ်ကြည့်ပါမယ်။ နည်းက free လည်းရပြီး portable လည်း ဖြစ်တဲ့ .NET Version Detector ကို အသုံးပြုဖို့ပါ။ သူက အသုံးပြုရလည်း လွယ်ကူပြီး သူ့ကို Run လိုက်တာနဲ့ ကိုယ့်စက်မှာ installed လုပ်ဆောင်ပြီးထားတဲ့ .NET Framework versions တွေကိုရော Hard drive ရဲ့ ဘယ်နေရာမှာ ရှိတယ် ဆိုတာကိုပါ အောက်ဖော်ပြပါအတိုင်း ဖော်ပြပေးပါလိမ့်မယ်။


    တကယ်လို့ ကိုယ့်စက်မှာ ရှိတဲ့ versions က နိမ့်နေတယ် ဆိုရင်လည်း ဘယ်ဘက်ခြမ်းက links တွေကနေ Download ရယူလို့ ရပါတယ်။ Windows ( 95/98/98SE/ME/NT4/2000/XP/2003/Vista/7 ) အားလုံးမှာ Run လို့ ရပါတယ်။ Download ကိုတော့ အောက်ကနေ ယူလိုက်ပါ။

    [ Download .NET Version Detector 2007 ]

    KznT.

    Related Posts