Types of recordable DVD formats and DVD-ROM

Leave a Comment
အင်္ဂလိပ်စာ ကနေ ဘာသာပြန်တာ သိပ်မကျွမ်းကျင်တဲ့အတွက် အင်္ဂလိပ်လိုပဲ ပြန်ပြီး ဖော်ပြလိုက်ပါတယ်ခင်ဗျာ... ဖြစ်နိုင်ရင် အစ်ကိုအမ တို့ က ဘာသာပြန်ပေးစေချင်ပါတယ်.....
တောင်းဆိုချက် အရ ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်။ တစ်ချို့ အကြောင်းအရာတွေဟာ တိုက်ရိုက် ရေးရင် သဘောတရား မပေါ်လွင်နိုင်တာမို့ စာသားတစ်ချို့ ဖြည့်စွက် ရှင်းလင်းထားပါတယ်။


Photo From all4dvd.com



The difference between DVD-R, DVD+R, DVD+RW and DVD-RW explained
There's DVD+R, DVD+RW, DVD-R, DVD-RW, and even DVD-ROM! So what's the difference between all of these different names,

DVD-R, DVD+R, DVD+RW နဲ့DVD-RW ဆိုတာတွေ ကြားက ကွာခြားချက်ကို ရှင်းမယ် ဆိုရင် DVD+R, DVD+RW, DVD-R, DVD-RW, တွေကနေ စလို့ DVD-ROM ဆိုတာထိ ရှိပါတယ်။ အဲတော့ ဒီ မတူညီတဲ့ အမည်တွေ ကြားထဲက ကွာခြားချက်တွေက ဘာတွေများလဲ ??

aren't all DVDs the same? Well, it's not quite that simple. Let's first start with the most obvious difference:

အားလုံးက DVDs တွေချည်းပဲ တူတူပဲ မဟုတ်ဘူးလား ? မဟုတ်ပါဘူး အဲ့လောက်ထိ မလွယ်ကူပါဘူး - ပထမဆုံး မြင်လွယ် သိလွယ်မယ့် နေရာကနေ စကြည့်ပါမယ် -

some have R and some have RW. The "R" stands for readable, while the "W" stands for writeable.

DVD ထဲမှာမှ တစ်ချို့က R ပါတယ်။ တစ်ချို့ကျတော့ RW ပါတယ်။ "W" ဆိုတဲ့ စာလုံးက writeable လို့ ခေါ်တဲ့ DVD ပေါ်မှာ Data တွေ ရေးသား-ဖြည့်သွင်းနိုင်သည်လို့ သဘောဆောင်တဲ့ အချိန်မှာ "R" ဆိုတဲ့ ကောင်က readable လို့ ခေါ်တဲ့ DVD ပေါ်မှာ ပါတဲ့ Data တွေကိုပဲ ဖတ်ပဲဖတ်နိုင်ပါတယ် ဆိုတဲ့ သဘောတရားကို ဆောင်ကျဉ်းပါတယ်။

The main difference between DVD-R and DVD-RW, or DVD+R and DVD+RW is that the R disc formats can only be written to once, and then it is only readable and can’t be erased for the rest of its digital life.

DVD-R, DVD-RW, DVD+R နဲ့ DVD+RW ဆိုတာတွေရဲ့ အဓိက ကွာခြားချက်တွေကတော့ - R ဆိုတဲ့ disc formats တွေဟာ Disc ပေါ်မှာ Data တွေကို တစ်ကြိမ်သာရေးသားရိုက်သွင်းနိုင်ပြီး - အဲလို ရေးသားရိုက်သွားပြီးသွားတာနဲ့ Disc ပေါ်မှာ ရေးသားလိုက်တဲ့ အကြောင်းအရာကို readable ဆိုတဲ့ ဖတ်ယုံကလဲြွပီး - ဒီ Disc ပေါ်မှာ ပါတဲ့ အကြောင်းအရာကို ဖျက်ခြင်း - နောက်တစ်ဖန် အသစ်ပြန်ရိုက်ခြင်း - Data အသစ် ထပ်မံဖြည့်သွင်းခြင်း ဆိုတာမျိုးတွေကို သူ့တစ်သက်မှာ နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မံလုပ်ဆောင်လို့ မရတော့ပါဘူး။

While RW discs are can be written to and erased many times, they are both readable and writeable.

RW discs တွေကတော့ အကြိမ်ပေါင်းများစွာ ထပ်မံရိုက်သွင်းလို့လည်း ရသလို ရိုက်သွင်းပြီးသား အကြောင်းအရာတွေကိုလည်း ပြန်လည် ပယ်ဖျက်လို့ ရပါတယ်။ ဒါ့ကြောင့် RW discs တွေကို readable and writeable လို့ခေါ်တဲ့ ရေးလို့လည်း ရ ဖတ်လို့လည်းရ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တင်စားထားတာပါ။

"R" discs are perfect if they are only needed to be written to once, such as giving some files to a friend or transferring them between PCs.

ဒါ့ကြောင့် "R" discs တွေဟာ PCs တစ်ခုနဲ့ တစ်ခုကြား files တွေ ရွှေ့ပြောင်း သယ်ယူရာမှာ ဖြစ်ဖြစ် - ကိုယ့် သူငယ်ချင်းတစ်ယောက်ကို ဖိုင်တစ်ချို့ ပေးချင်တဲ့ အခါမျိုးမှာ ဖြစ်ဖြစ် Data တွေကို တစ်ခါသုံး တစ်ခါရိုက် သဘောမျိုး အသုံးပြုတဲ့ နေရာမှာ သင့်တော်ပါတယ်။

"RW" discs have their strength in the ability to be used many times over, which is great for routine system backups, etc.

"RW" discs ဆိုတာတွေကတော့ ပိုပြီး ကြံ့ခိုင်မှုလည်း ရှိသလို အကြိမ်ပေါင်း များစွာ ဖျက်သွင်းရိုက်ထုတ် လုပ်နိုင်တာမျိုး မို့လို့ ပုံမှန်လုပ်ဆောင်နေရမယ့် system backups ဆိုတာမျိုး - စတာတွေမှာ အသုံးပြုဖို့ အကောင်းဆုံးပါပဲ။

And naturally, the RW discs are slightly more expensive than the R discs, but you'll have to decide if the trade offs are worth the money.

ပုံမှန်အားဖြင့်တော့ RW discs တွေဟာ R discs ထက် နဲနဲလေး ဈေးပိုကြီးတတ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဆုံးဖြတ်ရမှာ ကိုယ့်အတွက် တကယ် အသုံးလိုသလား - တကယ် ပေးဝယ်ဖို့ရော တန်ရဲ့လား ဆိုတာ မဝယ်ယူခင်မှာ စဉ်းစားသင့်ပါတယ်။

Now, onto the difference between DVD-R and DVD+R.

အခု ကျွန်တော်တို့ DVD-R နဲ့ DVD+R အကြောင်းလေး ဆက်လိုက်ကြရအောင် -

As I just described above, DVD-R & DVD-RW are sister discs, the difference being one is writeable once, while the other is writeable multiple times.

ကျွန်တော် အပေါ်မှာ ဖော်ပြခဲ့ပြီးတဲ့ တစ်ခုက Data တွေကို တစ်ကြိမ်ပဲ ရိုက်သွင်းနိုင်တဲ့ အချိန်မှာ နောက်တစ်ခုက Data တွေကို အကြိမ်ပေါင်း မနည်း ရိုက်သွင်းနိုင်တယ် ဆိုတဲ့ Discs ညီအစ်မ DVD-R နဲ့ DVD-RW လို သဘောပါပဲ -

The same thing is true for DVD+R & DVD+RW. So the question is, what's the difference between the plus and minus?

ဖော်ပြခဲ့ပြီးတဲ့ အဲ့ဒီ သဘောတရားက DVD+R နဲ့ DVD+RW မှာလည်း တူတူပါပဲ - အလွယ်ပြောရင် တစ်ခုက တစ်ကြိမ်ပဲ ရိုက်လို့ ရမယ် - နောက်တစ်ခုက ကြိမ်ဖန်များစွာ ရိုက်လို့ ရမယ်။ အဲ - ဒီလိုဆို အနှုတ်နဲ့ အပေါင်း Minus "-" နဲ့ Plus "+" ကျတော့ ဘာကွာ သွားတာတုန်း ?

In order to explain this we must take a trip back in time.

ဒါကို ရှင်းဖို့ အတွက် ဆိုရင်တော့ ကျွန်တော်တို့တွေ နောက်ကြောင်းပြန် ကြည့်ရပါလိမ့်မယ် -

When DVDs were first being developed, there was no industry standard.

DVDs ဆိုတာတွေ ပထမဆုံး စထုတ်ခဲ့စဉ်တုန်းက လုပ်ငန်းသုံးစံသတ်မှတ်ချက် ဆိုတာတွေ မရှိခဲ့သေးပါဘူး -

Multiple companies were competing to develop what they hoped would be the dominant form of the future.

ကုမ္ပဏီတွေ တစ်ခုနဲ့ တစ်ခုက ကိုယ်မျှော်လင့်ထားတဲ့ ပုံစံအတိုင်း အနာဂတ်မှာ လွှမ်းမိုးနိုင်ဖို့ကိုသာ ယှဉ်ပြိုင် ဖန်တီးနေခဲ့ကြတာ ဖြစ်ပါတယ်။

The DVD-R DVD+R difference can easily be summarized by the following:

DVD-R DVD+R ရဲ့ ကွာခြားချက်ကို အောက်ဖော်ပြပါအတိုင်း အလွယ်တကူ အနှစ်ချုပ်နိုင်ပါတယ် :

* The DVD-R/RW standard was developed by Pioneer, and is used primarily by Apple and Pioneer. These "minus" discs can only be written to in one layer on the discs surface. In addition, this format is supported by the DVD forum, but is in no way an industry standard. DVD-R/RW discs are cheaper than the "plus" format.

* DVD-R/RW standard ဆိုတာ Pioneer ကစတင် ဖော်ထုတ်ခဲ့တာ ဖြစ်ပြီး Apple နဲ့ Pioneer အဦးဆုံး အသုံးပြုခဲ့ကြပါတယ်။ ဒီ "minus" discs တွေဟာ Discs မျက်နှာပြင်ပေါ်က Layer တစ်ခုတည်းပေါ်မှာသာ ရေးသားနိုင်ပါတယ်။ နောက် ဒီ format ကို DVD forum က support ပေးထားတယ်ဆိုပေမယ့် industry standard လို့ ခေါ်တဲ့ လုပ်ငန်းသုံး စံသတ်မှတ်ချက်တော့ ပြည့်မှီ မလာနိုင်ပါဘူး - DVD-R/RW discs တွေဟာ "plus" format တွေထက် ဈေးသက်သာပါတယ်။

* The DVD+R/RW format is supported by Philips, Dell, Sony, HP, and Mcft. These discs can be written to in multiple layers, giving them slightly better and more disc storage than the "minus" format. Because of this additional capacity, they are slightly more expensive than "minus" discs.

* DVD+R/RW format ကတော့ Philips, Dell, Sony, HP, Mcft ကနေ support ပေးထားတာ ဖြစ်ပြီး အဲ့ဒီ့ Discs တွေက multiple layers လို့ ခေါ်တဲ့ Layers တစ်ခုထက်မက ရေးသားနိုင်သလို - "minus" format Discs တွေထက်လည်း နဲနဲပိုကောင်းပြီး disc storage လည်း နဲနဲ ပိုများပါတယ်။ အဲလို အားသာချက်တွေကြောင့် "plus" format discs တွေက "minus" discs တွေထက် ဈေးနဲနဲ ပိုကြီးတတ်ပါတယ်။

A couple final things to clear up is the difference between DVD-ROM and DVD+RW, or the other DVD formats I mentioned above. The DVD-ROM drive can only read DVDs, while the other DVD drives can read and write data to DVDs.

နောက်ဆုံးတစ်ခုအနေနဲ့ ကျွန်တော် အထက်မှာ ဖော်ပြခဲ့ပြီးတဲ့ DVD+RW နောက် တစ်ခြား DVD formats တွေနဲ့ DVD-ROM ရဲ့ ကြားက ကွာခြားချက်ကို ရှင်းလင်းသွားအောင် ထပ်ပြောရရင် တစ်ခြား DVD drives တွေက Data တွေကို DVDs ထဲ ရေးလိုက်ဖျက်လိုက် ပြန်ရိုက်လိုက် လုပ်ဆောင်နေနိုင်တဲ့ အချိန်မှာ DVD-ROM drive ဆိုတာတွေက DVDs တွေကို ဖတ်ယုံပဲ ဖတ်နိုင်ပါတယ်။

And naturally the DVD+RW CD+RW difference can be explained by the "DVD" or "CD" prefix. DVDs, on average, can store up to 4.7 GB of data, while a CD can only store about 700 MB of data, or about 15% of a DVD's capacity. While CDs are slightly cheaper, in my opinion, the benefits of DVDs are much greater.

သာမန်အားဖြင့်တော့ DVD+RW CD+RW ဆိုတာရဲ့ ကွာခြားချက်ကို "DVD" နဲ့ "CD" ဆိုတဲ့ စာလုံးတွဲ ကို ကြည့်ပြီး နားလည်ပြီး ဖြစ်လောက်ပါပြီ - CD တွေက ပျမ်းမျှ အနေနဲ့ Data ပမာဏ 700 MB ဝင်ဆံ့နေစဉ်မှာ - DVDs တွေကတော့ ပျမ်းမျှ အနေနဲ့ Data 4.7 GB ပမာဏ ဝင်ဆ့ံပါတယ်။ တစ်ခြားနည်းနဲ့ ပြောရရင် CD တွေရဲက Data ပမာဏ ဝင်ဆံ့နိုင်မှု နှုန်းဟာ DVDs တွေရဲ့ 15% ရောက်ပဲ ဝင်ဆံ့နိုင်တယ်လို့လည်း ပြောလို့ရပါတယ်။ ကျွန်တော့် အမြင်မှာ CDs တွေက အနည်းငယ် ဈေးပိုသက်သာတယ် ဆိုပေမယ့် DVDs ရဲ့ အသုံးဝင် ထူးခြားချက်တွေက ပိုပြီး သာလွန်ကောင်းမွန်တယ် လို့ ဆိုနိုင်ပါတယ်။

So now that you've learned about the difference between DVD-R, DVD+R, DVD-RW, DVD+RW, and even DVD-ROM, which one is right for you? The easiest way to determine which is more beneficial is to watch the industry trends. A few years ago all pre-built computers were shipping with DVD-ROM drives. Today, most PCs have a burnable DVD drive.

ခုဆိုရင် စာဖတ်သူတို့ DVD-R, DVD+R, DVD-RW, DVD+RW, ဆိုတာတွေ အပြင် DVD-ROM ဆိုတာတွေရဲ့ ကြားက ကွဲပြားခြားနားချက် ဆိုတာတွေကို လေ့လာခဲ့ပြီးပြီ - ဘယ်ဟာကများ ကိုယ့်အတွက် ပိုသင့်တော်ပါသလဲ ?? အလွယ်ကူဆုံး ဆုံးဖြတ်နိုင်မယ့် နည်းလမ်းကတော့ ဘယ်ကောင်က လုပ်ငန်းခွင်သုံးအနေနဲ့ ပို သင့်တော်သလဲ ဆိုတာကို ကြည့်ပြီး ရွေးချယ်တာပါ။ ဟိုးအရင် နှစ်တွေတုန်းကတော့ တပ်ဆင်ပြီးသား computers တွေမှာ DVD-ROM drives တွေ တစ်ခါတည်း ထည့်သွင်းပါဝင်လာခဲ့ တာမျိုး ရှိခဲ့ပါတယ်။ ခုခေတ်မှာတော့ PCs တော်တော်များများမှာ burnable DVD drive လို့ ခေါ်တဲ့ ဖတ်ယုံတင် မဟုတ်ပဲ ရိုက်ပါ ရိုက်နိုင်တဲ့ DVD drive မျိုးတွေ ရှိနေကြပါပြီ။

I feel that the benefits of having a burnable DVD drive far outweigh any additional costs. They store much more data, and they are ideal for storing your home movies to watch on your DVD player.

ကျွန်တော် ယုံကြည်မိတာတော့ burnable DVD drive တစ်ခု ရှိထားတာဟာ တစ်ခြား အပိုကုန်ကျ စရိတ်တွေထက် အများကြီး ပိုပြီးအကျိုးပြုပါတယ်။ သူရှိထားခြင်း အားဖြင့် Data တွေကို ကျွန်တော်တို့ ပိုသိမ်းထားလို့ ရသလို DVD player နဲ့ ကြည့်ရှုနိုင်ဖို့ movies တွေသိမ်းဆည်းတဲ့ နေရာမှာလည်း အရမ်း အသုံးဝင်ပါတယ်။

My advice is to look at DVD burners that support all of the major formats I've mentioned above, DVD-R, DVD+R, DVD-RW, and DVD+RW. While a DVD drive that supports all of these formats may be slightly more expensive, it will allow you to use any type of DVD disc to burn to, and you'll be protected from any industry shifts to one format or the other.

ကျွန်တော် အကြံပြုချင်တာကတော့ DVD burners တွေ ဝယ်ယူတဲ့ အခါမှာ ကျွန်တော် အထက်မှာ ဖော်ပြခဲ့ပြီးတဲ့ DVD-R, DVD+R, DVD-RW, နဲ့ DVD+RW ဆိုတဲ့ major formats တွေ အားလုံးကို support ပေးတဲ့ DVD burners မျိုးကို ရှာဖွေပါ။ အဲလို formats တွေအားလုံးကို supports ပေးတဲ့ DVD drive ဆိုတာ ဈေးပိုကြီးမှာ မှန်ပေမယ့် သူ့ကို သုံးခြင်းအားဖြင့် DVD disc မျိုးစုံကို ကျွန်တော်တို့ burn လို့ ရမယ် - နောက်ပြီး industry တွေကနေ ဖန်တီးထားတဲ့ ဒါသုံးရင် ဒါလုပ်လို့ မရဘူး ဆိုတဲ့ အခြေအနေမျိုးတွေကနေလည်း တားဆီးပြီးသား ဖြစ်သွားပါလိမ့်မယ်။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts