Ubuntu 9.10 User's Guide ( 4 )

( ၄ ) အသုံးတည့်မည့် software များအား install လုပ်ဆောင်ခြင်း

  • ( ၁ ) Google Earth


အပေါ်မှာ ပြောထားခဲ့ပြီးတဲ့ medibuntu repositories ကို တစ်ကြိမ် installed လုပ်ဆောင်ပြီးထားတာနဲ့ Google Earth 5 ကို Synaptic Package Manager ကနေ အလွယ်တကူ install လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။  တကယ်လို့ software center မှာ မပေါ်ဘူး ဆိုရင်လည်း အောက်ဖော်ပြပါ command line ကို Terminal မှာ သုံးကြည့်ပါ။


sudo apt-get install googleearth

အသေးစိတ် အနေနဲ့ နောက်တစ်ခု ပြောစရာရှိတာက Google Earth ကို  desktop theme အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ အဲတာကို လုပ်ဆောင်နိုင်ဖို့အတွက် main menu ကနေ %f command ကို -style GTK+ %f ဆိုပြီး အစားထိုးလိုက်ပါ။





တကယ်လို့ Google Earth နောက်ထပ် versions တွေ ထွက်ရှိလာခဲ့မယ် ဆိုရင် ဒီနေရာကနေ .bin installer အဖြစ် download ချနိုင်ပါတယ်။ GoogleEarthLinux.bin package ကို Download ချပြီး save ပြီးသွားပြီ ဆိုရင် သူ့ကို command line ကနေ install လုပ်ဆောင်နိုင်ဖို့အတွက် ဒေါင်းလုပ်ချထားတဲ့ ဖိုင်ကို executable အဖြစ် ပြောင်းလဲပေးဖို့လိုပါတယ်။

Download လုပ်ထားတဲ့ folder ကိုဖွင့်ပြီး file ပေါ်မှာ အောက်ဖော်ပြပါပုံလို right-click ထောက်ပြီး "Properties" ကိုသွားပါ။





Properties windows ပေါ်လာပြီဆိုရင် "Permissions" tab ကိုသွားပြီး "Allow executing file as program" ဆိုတဲ့ checkbox မှာ check လုပ်ပါ။





ပြီးသွားရင် Terminal ကိုဖွင့်ပြီး အောက်ဖော်ပြပါ command တစ်ခုချင်းစီကို အသုံးပြုပါ။


cd Downloads
sudo ./GoogleEarthLinux.bin

  • ( ၂ ) Adobe Acrobat Reader

Default Ubuntu မှာ ပါလာပြီးသား pdf reader ဖြစ်တဲ့ Evince ကလည်း အားလုံးအတွက်သုံးဖို့ အဆင်ပြေပါတယ်။ ဒါပေမယ့် တစ်ချို့ Adobe Reader နဲ့မှ စိတ်တိုင်းကျမယ့် သူတွေ အတွက် ဒီနေရာမှာ ဒေါင်းလုပ်ချလို့ ရပါတယ်။ ဒေါင်းလုပ်ချပြီးသွားရင် လုပ်ဆောင်ရမယ့် လုပ်ဆောင်နည်းကတော့ Google Earth မှာ .bin ကို executable ဖြစ်အောင် လုပ်ခဲ့တဲ့ လုပ်ဆောင်နည်း အတိုင်းပါပဲ။

Terminal ကိုဖွင့်ပြီး အောက်ဖော်ပြပါ တစ်ခုချင်းစီ paste လုပ်ပါ။


cd Downloads
sudo ./AdbeRdr9.2-1_i486linux_enu.bin ( AdbeRdr9.2-1_i486linux_enu.bin ဆိုတာ ဥပမာပေးထားတာပါ အဲ့ဒီ့ နာမည်နေရာမှာ ကိုယ်ဒေါင်းလုပ်ချလိုက်တဲ့ ဖိုင်မှာပါလာတဲ့ နာမည်အတိုင်း ဖြစ်နေဖို့ လိုပါတယ်။ )

တစ်ခုမှတ်ထားရသင့်တာက ဒီဖော်ပြထားတဲ့ file name တစ်ခုလုံးကို အပြည့်အစုံရိုက်ထည့်ပေးနေစရာ မလိုပါဘူး။ file name ရဲ့ ပထမဆုံး ၂ လုံး ၃ လုံးလောက်ကို စရိုက်လိုက်ပြီး Tab ↹ key ကို နှိပ်လိုက်တာနဲ့ file name က auto complete ဖြစ်သွားမှာ ဖြစ်ပါတယ်။

"Enter installation directory for Adobe Reader 9.2 [/opt] " ဆိုပြီး မေးလာရင်တော့ Enter ကိုသာ နှိပ်လိုက်ပါ။ 

  • ( ၃ ) အခြားသော open source software များ။

Mozilla Thunderbird 2.0: Outlook လိုမျိုးပဲ အစားထိုး အသုံးပြုနိုင်တဲ့ software တစ်ခုပါ။ သုံးရလွယ်လို့ ကျွန်တော်ကတော့ Thunderbird ကို ခုနောက်ပိုင်း ပိုသဘောကျလာပါတယ်။

sudo apt-get install thunderbird thunderbird-gnome-support

Thunderbird Terminal ကနေ မဟုတ်ပဲ Software Center ကနေလည်း install လုပ်လို့ ရပါသေးတယ်။ ဒါပေမယ့်လည်း သူက thunderbird-gnome-support package ကိုတော့ default အနေနဲ့ install လုပ်ဆောင်ပေးမှာ မဟုတ်ပါဘူး။

Filezilla: FTP utility အတွက်တော့ windows မှာပဲ ဖြစ်ဖြစ် Linux မှာပဲ ဖြစ်ဖြစ် ကျွန်တော် Filezilla ကို သဘောကျပါတယ်။
Software Center ကနေ Install လုပ်ဆောင်ဖို့ အတွက်ကတော့ "filezilla" ဆိုတာကို ရှာပြီး install လုပ်ချင်လုပ် ဒီလိုမှ မဟုတ်ရင်လည်း ဒီနေရာကနေ install လုပ်လို့လည်း ရပါတယ်။


Audacity: Samplitude တို့ Cubase တို့လိုမျိုးပဲ သူလည်း Audio editor တစ်ခုပါ။
Software Center ကနေ "audacity" ကိုရှာပြီး Install လုပ်ဆောင်လို့ ရသလို လတ်တလော ဒီနေရာကနေ install လုပ်လို့လည်း ရပါတယ်။


Sound Converter: audio file formats တွေကို တစ်ခုကနေ တစ်ခုပြောင်းတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်တဲ့ WAV to MP3 or OGG, FLAC to MP3 စတာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။
Software Center ကနေ "sound converter" ကိုရှာပြီး Install လုပ်ဆောင်လို့ ရသလို လတ်တလော ဒီနေရာကနေ install လုပ်လို့လည်း ရပါတယ်။

Shutter: Screenshots လုပ်ဖို့ သုံးလို့ကောင်းတဲ့ program တစ်ခုပါ။
Software Center ကနေ "shutter" ကိုရှာပြီး Install လုပ်ဆောင်လို့ ရသလို လတ်တလော ဒီနေရာကနေ install လုပ်လို့လည်း ရပါတယ်။


DVDs တွေ Copy ကူးဖို့ ဆိုရင်တော့ သုံးရ အဆင်ပြေတဲ့ Handbrake ဆိုတာရှိပါတယ်။ ( .deb installer ကိုတော့ ဒီနေရာကနေ ရယူပါ။ ) သူ့ကိုသဘောမကျရင်တော့ နောက်ထပ်သုံးရလွယ်ကူတဲ့ Thoggen ( သူ့ကို Software Center ကနေလည်း install လုပ်လို့ ရသလို  ဒီနေရာကနေ install လုပ်လို့ ရပါတယ်။ )

Skype 2.1: အခု Skype အသစ် 2.1 beta version မှာ PulseAudio ကို Support လုပ်ပါပြီ။

sudo apt-get install skype

ဆက်ရန် ...

Gmail and Drag-and-Drop File Attachments

Gmail မှာ အခုဆိုလို့ရှိရင် Firefox 3.6 နဲ့ Google Chrome users တွေအတွက် drag-and-drop file attachments ကိုထည့်သွင်းပေးလိုက်ပါပြီ။ ဒီ feature လေးကတော့ တော်တော်လေးကို အသုံးတည့်တယ်လို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုရင် ကိုယ့် desktop ပောှကနေ ဒါမှမဟုတ် Windows Explorer ထဲကနေ ကိုယ့် Email ထဲကို drag and drop - file တစ်ခုကို ဆွဲချလာလိုက်တာနဲ့ အောက်မှာ ဖော်ပြထားသလို ကိုယ့် files ( New Text Document (2) ) ကို ဘယ်နားမှာ ချရမယ် ဆိုတာ ဖော်ပြထားတဲ့အစိမ်းရောင် box တစ်ခု ပေါ်လာပြီး  အဲ့နေရာဆီ ချပေးလိုက်ယုံပါပဲ။


Google က ကတိပေးထားတာကတော့  ဒီ feature ကို တစ်ခြား browser တွေမှာလည်း တတ်နိုင်သမျှ အမြန်ဆုံး ထည့်သွင်းပေးသွားမယ်လို့ ဆိုထားပါတယ်။ Drag-and-drop လုပ်ဆောင်နိုင်မှု ဆိုတာ HTML5 ရဲ့ feature တစ်ခုပါ။ Firefox  မှာ သုံးထားတဲ့ Gecko layout engine ကပဲ လတ်တလော အခြေအနေမှာ HTML5 drag-and-drop ကို အပြည့်အဝ support လုပ်တယ်ဆိုပေမယ့် တစ်ခြား Safari နဲ့ Chrome တို့မှာသုံးထားတဲ့ WebKit ကလည်း drag-and-drop ကို support ပေးတာပဲ မလား။  



ဘာပဲ ဖြစ်ဖြစ် ခုလို နေ့တိုင်းထိတွေ့ဖြစ်နေတဲ့ Google mail မှာ ခုလို အသုံးတည့်တဲ့ feature လေး တစ်ခု ထည့်သွင်းပေးလာတာ ကျေနပ်မိပါတယ်။ 


KznT.

Bomb blasts in Yangon ( Thin gyan )


14 ရက်နေ့ ရန်ကုန်သင်္ကြန် မြင်ကွင်း ဆိုပြီး မနေ့ကတင် ပျော်စရာကောင်းတဲ့ သတင်းတစ်ခု ရေးလို့မှာ သွေးမအေးသေးဘူး ... ဒီနေ့ကျတော့ မကောင်းသီတင်းတစ်ခုက မြန်မာနိုင်ငံကနေ တောက်လျောက်တက်လာတယ်။ ကန်တောြှကီး X2O မဏ္ဍပ်မှာ ဗုံးကွဲတယ် ဆိုတဲ့ သီတင်း ကိုညီလင်းဆက် BLOG မှာရော  Facebook မှာပါတိုက်ရိုက်တက်လာတယ်။ သိပ်မကြာဘူး web ပေါ်မှာပါ သီတင်းတွေက တမဟုတ်ချင်း ကျယ်ပြန့်သွားတယ်။





 သို့လော သို့လောပဲ ... ကိုညီလင်းဆက် စစချင်းဖော်ပြထားတာက ၄ - ၅ ယောက် သေတယ် လို့ ပြောထားတော့ စစချင်း ထင်လိုက်တာ တစ်ခြားတစ်ခုခု ကွဲတာကို ကောလဟာလ ဖြစ်ပြီး လူတွေ အထင်မှားကြသလားပေါ့ .. ကိုယ်တွေက ဗုဒ္ဓဘာသာလေ ထင်မထားဘူး .. ဗုဒ္ဓဘာသာ တစ်ယောက်ဆို ဒီလိုလုပ်မယ်လို့ ဘယ်သူ ကြံစည်ရဲမှာလဲ ??

နောက်ပြီး ဓာတ်ပုံထဲမှာက လူတွေဗုံးပောက်တာတောင် လမ်းသလားကောင်းနေကြတုန်း .. ဗုန်းပောက်ပာတယ်ဆိုမှ အထဲမှာနေကြပာတော့လား ... အပြင်ဘာလို့ ထွက်နေကြသလဲ ... ဒာ သူတို့ အားလုံးအတွက် စိတ်ပူလို့ပါ .. ဗုံးပောက်တယ်ဆိုတဲ့ သီတင်းကြားကြားချင်း အရင် သတိရမိတာ ငယ် .. သူရော .. ရေပတ်ခံများထွက်နေမလား .. ငယ့်ကို ပြောလိုက်တယ် .. ဖြစ်နိုင်ရင် ရေပက်ခံ မထွက်ပါနဲ့လို့ .. ချုပ်ချယ်ချင်တာ မဟုတ်ပါဘူး .. ငယ့်ကို ဘယ်ကိစ္စနဲ့ ပတ်သတ်ပြီးလို့မှ ရည်စားသက်တမ်း ( ရ ) နှစ်အတွင်း တစ်ခါမှ ဘာမလုပ်ရ .. ဘယ်လိုမနေရ .. ဘယ်မသွားရ ဆိုပြီး မချုပ်ချယ်ခဲ့ဖူးဘူး .. ဒါပေမယ့် လူငယ်သဘာဝ သူငယ်ချင်းတွေ ခေါ်လို့ အဆွယ်ကောင်းလို့ လိုက်လည်ဖြစ်ရင် ဆိုတဲ့ အတွေးနဲ့ တော်တော်စိတ်ပူနေမိတယ်။ ငယ်ကတော့ ပြောသွားတယ် .. အိမ်မှာပဲ နေမှာပာတဲ့ .. တစ်ခုခုဆို ဖုန်းဆက်လို့ ကလည်း မရ .. ဘယ်သူ့ အဖေ ပြေးခောှရမယ်မှန်းလည်း မသိ .. စိတ်တိုတယ် .. တစ်ခုခုဆို သူ့ကို စိတ်ပူတာနဲ့ လူက ဘာလုပ်ရမှန်း မသိဘူး .. ဘယ်မှ မသွားလောက်ဘူးလို့တော့ ထင်တယ်။ ဒာပေမယ့် တိတိကျကျ သိရတာ မဟုတ်ဘူး .. တိတိကျကျ သိချင်တယ် .. ငယ် နေကောင်းရဲ့လား .. အိမ်မှာရော နေရဲ့လား .. လည်ဖြစ်ပတ်ဖြစ်တယ် ဆိုရင်တောင် အနဿတရာယ် ကင်းရဲ့လား။ လူက ထိုင်ရမလို ထရမလို ဖြစ်နေတယ် ..

ဒီနေ့ အဆောင်မှာ သကြဿငန်အဆောင်မှာ ဆရာမတွေ ဆရာတွေ ဖိတ်ပြီး ဧည့်ခံပွဲ သဘောမျိုး လုပ်တယ် .. အခန်းထဲမှာ ကွန်ပြူတာနဲ့ သင်္ကြန်သီချင်းတွေ ဖွင့်ပြထားတဲ့ ထဲက မဏ္ဍပ်တွေ မြင်တော့ ငယ့်ကို သတိရနေရော .. သူ အိမ်မှာနေရဲ့လား ဆိုပြီး .. လူက နေလို့ မရဘူး .. ဖုန်း ဘယ်သူ့ဆီ ဆက်ရမလဲ တွေးလို့ မရဘူး .. အန်တီ သီတာဆီ ဆက်ရင်ကောင်းမလား .. မြန်မာနိုင်ငံမှာခု ည ၁၀ နာရီ ထိုးနေပြီ ဆက်လို့ ကောင်းပာတော့မလား .. မသိဘူး .. စိတ်ပူနေတာပဲ သိတယ်။

ငယ့်ကို ချစ်တယ် .. ရေးတုန်းကတော့ မြန်မာနိုင်ငံ မဏဿဍပ်မှာ ဗုံးပောက်တဲ့ သတင်းကို စိတ်မကောင်းကြောင်းရေးတာပဲ .. ရေးရင်းနဲ့ ငယ့်ဆီ စိတ်ပူတာတွေ များပြီး သူ့အကြောင်း ဖြစ်သွားတယ်။ ငယ့်ကို စိုးရိမ်နေတယ်။ မြန်မာ့အသံကလည်း သီတင်းအမျိုးမျိုးထွက်နေတယ် .. ဘာတွေမှန်း မသိဘူး .. ဒီနေ့ သီတင်းကို ကိုညီလင်းဆက် ဘလော့ရဲ့ ဒီပို့စ်မှာ ပုံတွေ အများကြီးနဲ့ ပြထားတယ် .. အဲ့ကို သွားဖတ်ကြည့်။

လောလောဆယ်တော့ စိတ်ပူနေတာပဲ သိတယ် ..
ငယ် နေကောင်းရဲ့လား .. ??

KznT.

NASA and Humanoid robot ( Robonaut 2 )

မင်း ဘယ်နေရာမှာ အလုပ်လုပ်ချင်လဲ ... မင်းအလုပ်လုပ်ဖို့ နေရာတစ်နေရာ ရွေးပါဆိုရင် မင်းဘယ်နေရာကို ရွေးမလဲ ... ??

လူတစ်ယောက်မှာ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ သဘာဝ ၊ ကိုယ်တတ်ကျွမ်းတဲ့ ပညာရပ် ၊ ကိုယ့်စိတ်ကူးနဲ့ ကိုက်ညီတဲ့ ဘဝဖြတ်သန်းမှု တစ်ခုနဲ့ ကိုက်ညီတဲ့ လုပ်ငန်းခွင်နေရာ တစ်ခုကို ရရှိနိုင်ဖို့ ဆိုတာ တော်တော်ကြီးကို ခဲယဉ်းတယ်လို့ ထင်မိတယ်။ ငယ်ငယ်တုန်းက လူကြီးတွေ ပြောကြတယ်။

သားကြီးလာရင် ဘာလုပ်မလဲ .. ??


တကယ်တော့ အဲ့မေးခွန်းက သဘာဝ မကျဘူး .. လူတစ်ယောက် ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ် - ဘာကိုရည်မှန်းချက် ထားရမယ် ဆိုတာ - သူကိုယ်တိုင် ဘာတစ်ခုကိုမှ မလုပ်ဖူးသေးပဲနဲ့ ဘာမှ ဆုံးဖြတ်လို့ မရသလို ဘေးလူကလည်း ဝင်ပြီး ဆုံးဖြတ်ပေးလို့ မရဘူး - မြန်မာမိဘတွေ တော်တော်များများက သားသမီးကို အရမ်းချစ်ကြတယ်။ အရမ်းအောင်မြင်စေချင်ကြတယ် - ဒါမိဘတိုင်းရဲ့ စိတ်ပဲ - ကျွန်တော် မိဘ ဖြစ်လာရင်လည်း ဒီစိတ်က ရှိလာမှာပဲ - ဒါပေမယ့် ကိုယ့်သားသမီးကို အောင်မြင်စေချင်တဲ့ စိတ်တစ်ခုတည်းနဲ့ သူ့ အတွေးတွေကို ဘောင်ခတ်ပစ်လို့ မရဘူး - ဥပမာ ပြောရရင် - ကျွန်တော်တို့ သားသမီးတွေကို အောင်မြင်တဲ့ အင်ဂျင်နီယာဖြစ်စေချင်သလား - ကိုယ်ဖြစ်စေချင်တဲ့ စိတ်တစ်ခုတည်းနဲ့ မရဘူး - ကိုယ်ဖြစ်စေချင်တဲ့ စိတ်ကူးဆီကို ကိုယ့်သားသမီး လိုက်ပါလာအောင် မသိမသာ ဆွဲဆောင်သိမ်းသွင်းနိုင်ရတယ်။ ဆွဲဆောင်သိမ်းသွင်းတိုင်းလည်း အဆင်ပြေတာ မဟုတ်ဘူး - သူ့ကို အဲဒီ့နယ်ပယ်ထဲမှာ ဝင်ဆံ့နိုင်ဖို့ စမ်းသပ်လုပ်ကိုင်ခွင့်မျိုးတွေလည်း ပေးရမယ်။ ဒါမှ ကိုယ့်ကလေးက နဂိုရှိပြီးသား စိတ်အခံမှာ သူ့ရဲ့ လုပ်ဆောင်နိုင်မှုကို လိုက်ပြီး ဝါသနာ နဲ့ လုပ်ဆောင်ချက် တစ်သားတည်း ကျသွားနိုင်လိမ့်မယ်။

ဆိုလိုတာက - ဝါသနာတိုင်းကို ရည်မှန်းချက် ထားရင်လွဲတတ်တယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်တိုင်းက ကိုယ့်ရဲ့ ဝါသနာ ဖြစ်မှသာ အဲ့လူဟာ အောင်မြင်တဲ့ ဘဝတစ်ခုကို ရမယ်။

ကျွန်တော်ကရော -
ကျွန်တော့် ဝါသနာရှိပါတယ်။ ဒီနေရာမှာ ရေးခဲ့ဖူးတယ်။ ခုက ဝါသနာအကြောင်းရေးချင်တာ မဟုတ်ဘူး။ ရေးချင်တာက ကျွန်တော် အလုပ်လုပ်ချင်တဲ့ နေရာ တစ်ခုအကြောင်း။ မဖြစ်နိုင်ဘူးလို့ မပြောချင်ပေမယ့် ဖြစ်မလာနိုင်ဘူးဆိုတာတော့ သိနေပြီးသားပါ။ ဒါပေမယ့် ကိုယ့်စိတ်ကူးထဲက နေရာတစ်ခုပဲ - မျှော်လင့်ချက်တစ်ခု ရှိနေတာ အမှားတစ်ခုတော့ မဖြစ်တန်လောက်ပါဘူး။

ကျွန်တော် NASA မှာ အလုပ်လုပ်ချင်ပါတယ်။

မကြာမတင် ကာလတစ်ခုမှာ NASA က International Space Station မှာ လူသားတွေနဲ့ အတူ အာကာသထဲမှာ Side-by-Side ယှဉ်တွဲ အလုပ်လုပ်ကိုင်နိုင်ဖို့ Humanoid robot ( Robonaut2 ) တွေ စေလွှတ်တော့မယ်လို့ ဖတ်နေကျ Site တစ်ခုကနေ သိခဲ့ရတယ်။ NASA နဲ့ General Motors ကနေတည်ဆောက်ထားတဲ့ ဒီ Humanoid robot ( Robonaut2 ) ဟာ လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိပြီး space station မှာ လူသားတွေနဲ့ ယှဉ်တွဲ လုပ်ကိုင်တဲ့ နေရာမှာ အသုံးပြုရလွယ်ကူစေမယ်လို့လည်း သိရပါတယ်။ Humanoid robot ( Robonaut2 ) ရဲ့ အသွင်အပြင်တစ်ချို့ကတော့ -
















သူတို့ နည်းပညာတွေက တော်တော်တိုးတက်နေတာ မြင်ရတိုင်း ခုချိန်ထိ အင်တာနက် နဲ့ ကွန်ပြူတာ နည်းပညာ ဖွံ့ဖြိုးမှု အရှိန်မရသေးတဲ့ မြန်မာနိုင်ငံသူ ၊ နိုင်ငံသားတွေ အတွက် အားမလို အားမရ ဖြစ်မိတယ်။ အားမရဖြစ်နေရုံ နဲ့လည်း မြန်မာနိုင်ငံ တိုးတက်မလာဘူး။ လူတိုင်းမှာ စွမ်းဆောင်နိုင်တဲ့ အားတစ်ခုစီတော့ ရှိမှာ သေချာပါတယ်။ သူတို့တွေလည်း ဒီ Robot ကို တစ်ယောက်တည်း တည်ဆောက်ထားတာမှ မဟုတ်တာပဲ။ ကိုယ့်နိုင်ငံသားတွေလည်း တတ်နိုင်တဲ့ အားတစ်ဖက်စီနဲ့ ကိုယ့်နိုင်ငံ တိုးတက်အောင်မြင်ဖို့ တစ်ဖက်စီကနေ ညီညီ ညွတ်ညွတ်ရုန်းကြရင် ဘယ်လောက်များ ကျေနပ်စရာ ကောင်းလိုက်မလဲ ... ??

KznT.

Yangon Thingyan views on april 14

သင်္ကြန်အကြတ်နေ့တောင် ရောက်ပါပေါ့ ...
ဘာလဲ သင်္ကြန် ... ??
ဘယ်မှာလဲ ရေ ?? သြော် ရေလား ... ကန်ထဲမှာပေါ့ ... ရေချိုးကန် ထဲမှာလေ ... haha :)


သင်္ကြန်အကြောင်း သိချင်လို့ Facebook ထဲဝင်တော့ ကိုညီလင်းဆက် တင်ထားတဲ့ 2010 ThinGyan Photos ဆိုတာ သွားတွေ့တယ်။



သြော် သင်္ကြန်ဆိုတာ ဒီလိုကိုး ....

ကို ညီလင်းဆက် ကျေးဇူးပါ။ သင်္ကြန်ဆိုတာနဲ့ မနီး .. သင်္ကြန်ဆိုတာနဲ့ လားလားမှ မသက်ဆိုင်တဲ့ နေရာတစ်ခုမှာ ရောက်နေပေမယ့် မြန်မာတစ်ယောက်ရဲ့ ရင်ထဲကို သင်္ကြန်ရေရဲ့ အေးမြမှု တစ်ချို့ ပတ်ဖျန်းပေးနိုင်ခဲ့လို့ တော်တော်ကြည်နူးမိပါတယ်။ ကို ညီလင်းဆက်ဆီက ဓာတ်ပုံတစ်ပုံ " မ " လာပါတယ်။ များများကြည့်ချင်ရင်တော့ အပေါ်မှာ ပေးထားတဲ့ Facebook Link ကနေ သွားကြည့်ပါ။

KznT.

Ubuntu 9.10 User's Guide ( 3 )

( ၃ ) Firefox နှင့် Thunderbird အား Setup ပြုလုပ်ခြင်း

Firefox နဲ့ Thunderbird မှာသဘောကျစရာကောင်းတဲ့ စွမ်းဆောင်ရည် တစ်ခုက Windows ကနေ ပဲ ဖြစ်ဖြစ် Linux ကနေပဲ ဖြစ်ဖြစ် ဘယ်ကနေ boot တက်တက် “profile folder” ကို  Share လုပ်နိုင်တာပါ။ အဲတာကြောင့်မို့လို့ Linux ကိုပဲ ဖြစ်ဖြစ်၊ Windows ကိုပဲ ဖြစ်ဖြစ် Reinstall လုပ်ပြီးတဲ့ အချိန်မှာ ကိုယ့်ရဲ့ “profile folder” ဘယ်နားမှာ ရှိတယ်ဆိုတာ ညွှန်ကြားလိုက်ယုံနဲ့ သီးသန့် ပြန်လည် ပြင်ဆင်နေစရာ မလိုပဲ ကိုယ်အသုံးပြုနေကျ ပုံစံအတိုင်း ပြန်လည် ရရှိနိုင်မှာဖြစ်ပါတယ်။
firefox -P
thunderbird -P



အခုဆိုရင် ကျွန်တော်တို့ရဲ့ bookmarks, contacts တွေနဲ့ emails တွေ အားလုံးကို ပြန်လည်ရရှိပါပြီ။




  • ( ၃.၁ ) အသုံးဝင်သော Firefox extensions များ
 

DownThemAll: download managers တွေထဲမှာမှ အကောင်းဆုံးတစ်ခု ဖြစ်ပါတယ်။

Flashblock: လေးလံမယ့် animations တွေနဲ့ ads တွေကို block ပေးပြီး browsing speed ကို ကွန်ပြူတာ အဟောင်းတွေမှာဆိုရင်တောင် ပိုမြန်လာအောင် စွမ်းဆောင်ပေးနိုင် ပါလိမ့်မယ်။

User Agent Switcher: များပြားလွန်းတဲ့ compatibility problems တွေကို ဖြေရှင်းပေးနိုင်ပါတယ်။ တကယ်လို့ Firefox မှာ website တစ်ခုဟာ ပုံမှန်အတိုင်း အဆင်ပြေပြေ မတွေ့မြင်ရဘူးဆိုရင် ( ဥပမာအားဖြင့် hotmail ) သူ့ကို IE သို့မဟုတ် Opera ... စသဖြင့် တစ်ခြား ကိုယ်နှစ်သက်ရာ Browser တစ်ခုမှာ သုံးနေသလိုမျိုး ဖန်တီးကြည့်ရှု့နိုင်ပါတယ်။

Screengrab: web page တွေကို ( အစိတ်အပိုင်း တစ်ခု ဒါမှမဟုတ် အားလုံးအပြည့်အစုံ ) image အဖြစ်လည်းကောင်း ၊ clipboard ဆီကိုလည်းကောင်း ရွှေ့ပြောင်းမှတ်သား နိုင်ပါတယ်။

Session Manager: လတ်တလော Windows မှာရှိနေတဲ့ အခြေအနေတွေ အားလုံးကို saves ပေးထားပြီး restores ပြန်လုပ်ပေးနိုင်ပါတယ်။ session manager တွေထဲမှာတော့ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။

  • ( ၃.၂ ) အသုံးဝင် Thunderbird extensions ( add-ons ) များ

Mozilla Lightning: Thunderbird အတွက်ထုတ်ထားတဲ့ calendar extension ပါ။

Zindus: Google and Zimbra ကို Thunderbird မှာ ပေါင်းစည်းနိုင်ဖို့ ဖြစ်ပါတယ်။

Provider for Google Calendar: Sunbird သို့မဟုတ် Lightning ကိုသုံးပြီး Google Calendar က events တွေကို ဖြည့်တာ ဖတ်တာ လုပ်ဆောင်လို့ ရပါမယ်။ 

Image Zoom: Images တွေကို zoom in, zoom out, လုပ်တာ screen နဲ့ fit image လုပ်တာမျိုးတွေ လုပ်ဆောင်လို့ရပါမယ်။

ဆက်ရန် ...

Ubuntu 9.10 User's Guide ( 2 )

( ၂ ) Gnome Control Center အား အသုံးပြုခြင်း 


ကျွန်တော့် အမြင်ကတော့ Gnome ထဲမှာထည့်ထားတဲ့ system settings menu က တော်တော်လေး ရှုပ်ရှက်ခတ်နေတယ် ထင်ပါတယ်။ တကယ်လို့ ကိုယ်တွေက Linux ကို အခုမှ စသုံးတဲ့သူ မဟုတ်ဘူး ဆိုရင်တော့ ဘယ် settings တွေကတော့  "Preferences" အောက်မှာ ရှိတယ်၊ ဘယ်ကောင်တွေကတော့ "Administration" အောက်မှာဆိုပြီး အလွယ်တကူ နားလည် ပြင်ဆင်မှု ပြုလုပ်နိုင်ကောင်း နိုင်ပါလိမ့်မယ်။ အဲ့ထဲမှာ Lists တွေကို alphabetically စီစဉ်ထားပြီး - တကယ်လို့သာ ကိုယ်တွေက Ubuntu ကို တစ်ခြား Languages တစ်ခုခုနဲ့သာ ပြောင်းသုံးမယ် ဆိုလို့ကတော့ လိုချင်တာကို ရှာတွေဖို့ တော်တော်ကြီးကို အချိန်ပေးရပါလိမ့်မယ်။ အဲတာက ကျွန်တော့် အတွက်တော့ တကယ့်ကို ပြဿနာပါပဲ။ ဒါတင်မကသေးပါဘူး တကယ်လို့ အသစ်တစ်ယောက်သာ Ubuntu ကို စသုံးမယ် ဆိုလို့ကတော့ ဒီပြဿနာကို တော်တော်ကို စိတ်ရှုပ်စရာ ကောင်းသွားမှာ သေချာပါတယ်။ ဒီအောက်မှာ ဖော်ပြထားတာကတော့ Gnome Control Center ဆိုတဲ့ ဒီပြဿနာ အတွက် အဖြေပါ။




  • ( ၂.၁ ) Control Center အား Enable ပေးခြင်း

control center ဟာ default အနေနဲ့ install လုပ်ဆောင်ပေးပြီးသားပါ။ ကျွန်တော်တို့ လုပ်ဆောင်ရမှာ shortcut ကို Menu မှာ ပေါ်လာအောင် လုပ်ဆောင်ဖို့ပဲ လိုပါတယ်။ လုပ်ဆောင်နည်းကတော့ -
System > Preferences > Main Menu
အဲ့နောက် System > Control Center မှာ Check လုပ်ပါ။
ဒီနေရာမှာ "Preferences" နဲ့ "Administration" ကိုလည်း uncheck လုပ်သွားလို့ရပါတယ်။ ဘာကြောင့်လည်း ဆိုရင် နောက်ဆို Control Center ထဲမှာ "Preferences" နဲ့ "Administration" က ပါဝင်နေမှာ မို့လို့ ဖြစ်ပါတယ်။ ဒါဟာ ဘာနဲ့ သဘောတရားဆိုလည်း ဆိုရင် windows မှာ Control Panel တစ်ခုတည်းကို Start Menu မှာ ဖော်ထားလိုက်တာနဲ့ တစ်ခြား Control Panel မှာ ပါဝင်နေတဲ့ အရာတွေကို access လုပ်ဖို့ အသင့်ဖြစ်နေတာနဲ့ ဆင်တူပါတယ်။





အခုဆိုလို့ရှိရင် ကျွန်တော်တို့တွေ Control Center ကို Main Menu ကနေ အလွယ်တကူ အသုံးချလို့ ရပါပြီ။ Control Center access လုပ်ဖို့က ဒီတစ်နည်းတည်း မဟုတ်ပါဘူး။ နောက်တစ်နည်း ကျန်ပါသေးတယ်။ အဲ့နည်းကတော့ Terminal ထဲသွားပြီး command line ကနေ ခုလိုခေါ်ယူနိုင်ပါတယ်။

gnome-control-center


  • ( ၂.၂ ) Control Center အား စတင်အသုံးပြုခြင်း

Control Center ကို ဖွင့်ပြီးတဲ့ အချိန်မှာ ကိုယ်သိချင်တဲ့ ပြောင်းလဲ ပြင်ဆင်မှု ပြုလုပ်ချင်တဲ့ အကြောင်းအရာရဲ့ အစစာလုံးကို ရိုက်လိုက်တာနဲ့ ကိုယ်လိုချင်တာကို ခုအောက်မှာ ဖော်ပြထားသလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဆိုကြပါစို့ ကျွန်တော်တို့က power management settings ကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ချင်တာ ဆိုရင် "pow" ဆိုပြီး ရိုက်လိုက်တာနဲ့ အမှန်ကန်ဆုံး ဖြစ်နိုင်ချေ ရှိတာကို ခုလို ဖော်ပြလာမှာ ဖြစ်ပါတယ်။



  • ( ၂.၃ ) Control Center အား အသုံးပြု၍ လုပ်ဆောင်နိုင်သော အခြားအကြောင်းအရာများ

  • ( ၂.၃.၁ ) မိမိ အသုံးပြုသလောက်သာ Power ကို ချိန်ညိှပါ။

"Power Management" ကို Control Center မှာ တွေ့ရှိနိုင်ဖို့အတွက် အောက်ဖော်ပြပါ အတိုင်း သွားရောက်ပါ။
System > Preferences > Power Managment

  • ( ၂.၃.၂ ) Screensaver အား ပြင်ဆင်ပါ။

"Screensaver" ကို Control Center မှာ တွေ့ရှိနိုင်ဖို့အတွက် အောက်ဖော်ပြပါ အတိုင်း သွားရောက်ပါ။
System > Preferences > Screensaver

  • ( ၂.၃.၃ ) စိတ်ရှုပ်စရာကောင်းသည်ဟု ယူဆသော အသံများအား ဖြုတ်ပစ်ပါ။

"Sound" ကို Control Center မှာ တွေ့ရှိနိုင်ဖို့အတွက် အောက်ဖော်ပြပါ အတိုင်း သွားရောက်ပါ။
System > Preferences > Sound
အဲကနေမှ တဆင့် sound theme မှာ "No sounds"  ကို ရွေးပေးပြီး alert sound ကို mute လုပ်ခဲ့ပါ။
 

  • ( ၂.၃.၄ ) Automatic Update အား setup ပြုလုပ်ပါ။

"Update Manager" ကို Control Center မှာ တွေ့ရှိနိုင်ဖို့အတွက် အောက်ဖော်ပြပါ အတိုင်း သွားရောက်ပါ။
System > Administration > Update Manager

ဘယ်ဘက် အောက်ထောင့်နားမှာ ရှိနေတဲ့ "Settings..." ကို Click ပေးပြီး အဲ့ဒီကနေမှ Security level ကို လိုသလောက် မြှင့်လို့ရပါတယ်။ ဆိုလိုတာ ဒီစက်ကို သုံးမယ့် သူတွေ အပေါ်မူတည်ပြီး Setting မှာ လိုအပ်သလို Security level ကို မြှင့်ထားဖို့ပါ။ မကြာခဏ တက်တက်လာတတ်တဲ့ Updates သတိပေးချက်တွေကို Minimize လုပ်ထားနိုင်ဖို့ ဆိုင်းငံ့ထားနိုင်ဖို့ အတွက်ကတော့ အောက်ဖော်ပြအတိုင်း လုပ်ဆောင်ကြည့်ပါ။



ကွန်ပြူတာကို ကိုယ်သုံးနေတဲ့ အချိန်မှာ မလိုအပ်တဲ့ Upgrade တွေကို တားဆီးထားနိုင်ဖို့အတွက် မပျက်မကွက်လုပ်ဆောင်ထားရမှာ တစ်ခုက "Show new distribution releases" နေရာမှာ "Never" အဖြစ်ပြင်ဆင်ထားရှိနိုင်ပါတယ်။

ဆက်ရန် ...

Related Posts