Gmail and Drag-and-Drop File Attachments

Leave a Comment
Gmail မှာ အခုဆိုလို့ရှိရင် Firefox 3.6 နဲ့ Google Chrome users တွေအတွက် drag-and-drop file attachments ကိုထည့်သွင်းပေးလိုက်ပါပြီ။ ဒီ feature လေးကတော့ တော်တော်လေးကို အသုံးတည့်တယ်လို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုရင် ကိုယ့် desktop ပောှကနေ ဒါမှမဟုတ် Windows Explorer ထဲကနေ ကိုယ့် Email ထဲကို drag and drop - file တစ်ခုကို ဆွဲချလာလိုက်တာနဲ့ အောက်မှာ ဖော်ပြထားသလို ကိုယ့် files ( New Text Document (2) ) ကို ဘယ်နားမှာ ချရမယ် ဆိုတာ ဖော်ပြထားတဲ့အစိမ်းရောင် box တစ်ခု ပေါ်လာပြီး  အဲ့နေရာဆီ ချပေးလိုက်ယုံပါပဲ။


Google က ကတိပေးထားတာကတော့  ဒီ feature ကို တစ်ခြား browser တွေမှာလည်း တတ်နိုင်သမျှ အမြန်ဆုံး ထည့်သွင်းပေးသွားမယ်လို့ ဆိုထားပါတယ်။ Drag-and-drop လုပ်ဆောင်နိုင်မှု ဆိုတာ HTML5 ရဲ့ feature တစ်ခုပါ။ Firefox  မှာ သုံးထားတဲ့ Gecko layout engine ကပဲ လတ်တလော အခြေအနေမှာ HTML5 drag-and-drop ကို အပြည့်အဝ support လုပ်တယ်ဆိုပေမယ့် တစ်ခြား Safari နဲ့ Chrome တို့မှာသုံးထားတဲ့ WebKit ကလည်း drag-and-drop ကို support ပေးတာပဲ မလား။  



ဘာပဲ ဖြစ်ဖြစ် ခုလို နေ့တိုင်းထိတွေ့ဖြစ်နေတဲ့ Google mail မှာ ခုလို အသုံးတည့်တဲ့ feature လေး တစ်ခု ထည့်သွင်းပေးလာတာ ကျေနပ်မိပါတယ်။ 


KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts