Ubuntu 9.10 User's Guide ( 2 )

Leave a Comment
( ၂ ) Gnome Control Center အား အသုံးပြုခြင်း 


ကျွန်တော့် အမြင်ကတော့ Gnome ထဲမှာထည့်ထားတဲ့ system settings menu က တော်တော်လေး ရှုပ်ရှက်ခတ်နေတယ် ထင်ပါတယ်။ တကယ်လို့ ကိုယ်တွေက Linux ကို အခုမှ စသုံးတဲ့သူ မဟုတ်ဘူး ဆိုရင်တော့ ဘယ် settings တွေကတော့  "Preferences" အောက်မှာ ရှိတယ်၊ ဘယ်ကောင်တွေကတော့ "Administration" အောက်မှာဆိုပြီး အလွယ်တကူ နားလည် ပြင်ဆင်မှု ပြုလုပ်နိုင်ကောင်း နိုင်ပါလိမ့်မယ်။ အဲ့ထဲမှာ Lists တွေကို alphabetically စီစဉ်ထားပြီး - တကယ်လို့သာ ကိုယ်တွေက Ubuntu ကို တစ်ခြား Languages တစ်ခုခုနဲ့သာ ပြောင်းသုံးမယ် ဆိုလို့ကတော့ လိုချင်တာကို ရှာတွေဖို့ တော်တော်ကြီးကို အချိန်ပေးရပါလိမ့်မယ်။ အဲတာက ကျွန်တော့် အတွက်တော့ တကယ့်ကို ပြဿနာပါပဲ။ ဒါတင်မကသေးပါဘူး တကယ်လို့ အသစ်တစ်ယောက်သာ Ubuntu ကို စသုံးမယ် ဆိုလို့ကတော့ ဒီပြဿနာကို တော်တော်ကို စိတ်ရှုပ်စရာ ကောင်းသွားမှာ သေချာပါတယ်။ ဒီအောက်မှာ ဖော်ပြထားတာကတော့ Gnome Control Center ဆိုတဲ့ ဒီပြဿနာ အတွက် အဖြေပါ။




  • ( ၂.၁ ) Control Center အား Enable ပေးခြင်း

control center ဟာ default အနေနဲ့ install လုပ်ဆောင်ပေးပြီးသားပါ။ ကျွန်တော်တို့ လုပ်ဆောင်ရမှာ shortcut ကို Menu မှာ ပေါ်လာအောင် လုပ်ဆောင်ဖို့ပဲ လိုပါတယ်။ လုပ်ဆောင်နည်းကတော့ -
System > Preferences > Main Menu
အဲ့နောက် System > Control Center မှာ Check လုပ်ပါ။
ဒီနေရာမှာ "Preferences" နဲ့ "Administration" ကိုလည်း uncheck လုပ်သွားလို့ရပါတယ်။ ဘာကြောင့်လည်း ဆိုရင် နောက်ဆို Control Center ထဲမှာ "Preferences" နဲ့ "Administration" က ပါဝင်နေမှာ မို့လို့ ဖြစ်ပါတယ်။ ဒါဟာ ဘာနဲ့ သဘောတရားဆိုလည်း ဆိုရင် windows မှာ Control Panel တစ်ခုတည်းကို Start Menu မှာ ဖော်ထားလိုက်တာနဲ့ တစ်ခြား Control Panel မှာ ပါဝင်နေတဲ့ အရာတွေကို access လုပ်ဖို့ အသင့်ဖြစ်နေတာနဲ့ ဆင်တူပါတယ်။





အခုဆိုလို့ရှိရင် ကျွန်တော်တို့တွေ Control Center ကို Main Menu ကနေ အလွယ်တကူ အသုံးချလို့ ရပါပြီ။ Control Center access လုပ်ဖို့က ဒီတစ်နည်းတည်း မဟုတ်ပါဘူး။ နောက်တစ်နည်း ကျန်ပါသေးတယ်။ အဲ့နည်းကတော့ Terminal ထဲသွားပြီး command line ကနေ ခုလိုခေါ်ယူနိုင်ပါတယ်။

gnome-control-center


  • ( ၂.၂ ) Control Center အား စတင်အသုံးပြုခြင်း

Control Center ကို ဖွင့်ပြီးတဲ့ အချိန်မှာ ကိုယ်သိချင်တဲ့ ပြောင်းလဲ ပြင်ဆင်မှု ပြုလုပ်ချင်တဲ့ အကြောင်းအရာရဲ့ အစစာလုံးကို ရိုက်လိုက်တာနဲ့ ကိုယ်လိုချင်တာကို ခုအောက်မှာ ဖော်ပြထားသလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဆိုကြပါစို့ ကျွန်တော်တို့က power management settings ကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ချင်တာ ဆိုရင် "pow" ဆိုပြီး ရိုက်လိုက်တာနဲ့ အမှန်ကန်ဆုံး ဖြစ်နိုင်ချေ ရှိတာကို ခုလို ဖော်ပြလာမှာ ဖြစ်ပါတယ်။



  • ( ၂.၃ ) Control Center အား အသုံးပြု၍ လုပ်ဆောင်နိုင်သော အခြားအကြောင်းအရာများ

  • ( ၂.၃.၁ ) မိမိ အသုံးပြုသလောက်သာ Power ကို ချိန်ညိှပါ။

"Power Management" ကို Control Center မှာ တွေ့ရှိနိုင်ဖို့အတွက် အောက်ဖော်ပြပါ အတိုင်း သွားရောက်ပါ။
System > Preferences > Power Managment

  • ( ၂.၃.၂ ) Screensaver အား ပြင်ဆင်ပါ။

"Screensaver" ကို Control Center မှာ တွေ့ရှိနိုင်ဖို့အတွက် အောက်ဖော်ပြပါ အတိုင်း သွားရောက်ပါ။
System > Preferences > Screensaver

  • ( ၂.၃.၃ ) စိတ်ရှုပ်စရာကောင်းသည်ဟု ယူဆသော အသံများအား ဖြုတ်ပစ်ပါ။

"Sound" ကို Control Center မှာ တွေ့ရှိနိုင်ဖို့အတွက် အောက်ဖော်ပြပါ အတိုင်း သွားရောက်ပါ။
System > Preferences > Sound
အဲကနေမှ တဆင့် sound theme မှာ "No sounds"  ကို ရွေးပေးပြီး alert sound ကို mute လုပ်ခဲ့ပါ။
 

  • ( ၂.၃.၄ ) Automatic Update အား setup ပြုလုပ်ပါ။

"Update Manager" ကို Control Center မှာ တွေ့ရှိနိုင်ဖို့အတွက် အောက်ဖော်ပြပါ အတိုင်း သွားရောက်ပါ။
System > Administration > Update Manager

ဘယ်ဘက် အောက်ထောင့်နားမှာ ရှိနေတဲ့ "Settings..." ကို Click ပေးပြီး အဲ့ဒီကနေမှ Security level ကို လိုသလောက် မြှင့်လို့ရပါတယ်။ ဆိုလိုတာ ဒီစက်ကို သုံးမယ့် သူတွေ အပေါ်မူတည်ပြီး Setting မှာ လိုအပ်သလို Security level ကို မြှင့်ထားဖို့ပါ။ မကြာခဏ တက်တက်လာတတ်တဲ့ Updates သတိပေးချက်တွေကို Minimize လုပ်ထားနိုင်ဖို့ ဆိုင်းငံ့ထားနိုင်ဖို့ အတွက်ကတော့ အောက်ဖော်ပြအတိုင်း လုပ်ဆောင်ကြည့်ပါ။



ကွန်ပြူတာကို ကိုယ်သုံးနေတဲ့ အချိန်မှာ မလိုအပ်တဲ့ Upgrade တွေကို တားဆီးထားနိုင်ဖို့အတွက် မပျက်မကွက်လုပ်ဆောင်ထားရမှာ တစ်ခုက "Show new distribution releases" နေရာမှာ "Never" အဖြစ်ပြင်ဆင်ထားရှိနိုင်ပါတယ်။

ဆက်ရန် ...

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts