နည်းလမ်း ( ၁ ) >> Web စာမျက်နှာမှနေ၍ တဆင့်ခံ ကျော်ယူသောနည်း - ဒီနည်းက ကျွန်တော်တို့ မြန်မာမိသားစုဖိုရမ်မှာတင် ကျော်ခွမယ့်ဆိုက်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ မိသားစုဝင် တော်တော်များများ အသုံးတည့်နေကြတဲ့ ကျော်ခွဆိုဒ်လေးတွေ ဝင်ရေးနေကြတာ ရှိတယ်။ အဲ့တာတွေကို ကျွန်တော်တို့က Web Proxy လို့လည်း ခေါ်တယ်။ Free web proxy တွေကို ဒီဖိုရမ်မှာ ဖော်ပြထားတာတင် မဟုတ်ပဲ ဒီ့ထက်များများ ပိုလိုချင်ရင် Google မှာ Free web proxy လို့ ရိုက်လိုက်ယုံနဲ့ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။
နည်းလမ်း ( ၂ ) >> Browser ၏ Proxy settings မှနေ၍ ပြင်ဆင် ယူသောနည်း - အဲ့တာကတော့ Google Chrome မှာဆိုရင် Options > Under the Hood > Network > Change proxy settings မှာ ရှိတယ်။
အဲ့ဒီ ဖော်ပြထားတဲ့ နေရာတွေမှာ ထည့်ဖို့ Port တွေနဲ့ Address တွေကိုတော့ ကျော်ခွမယ့်ဆိုက်များ ဆိုတဲ့ ခေါင်းစဉ်အောက်က ဒီနေရာမှာ ဖော်ပြထားတာ ရှိသလို -ချိန်းချင်သလောက်ချိန်း proxy ဆိုပြီး ဖော်ပြထားတာလည်း ရှိပါတယ်။ ကိုယ့်ဘာသာ အင်တာနက်ထဲကနေ ရှာချင်တယ်ဆိုရင်လည်း Google Search ကနေပြီး Port Proxy လို့ ရိုက်ပြီး အလွယ်တကူ စိတ်ကြိုက် ရှာဖွေနိုင်ပါတယ်။ ဒီနည်းကိုတော့ Port Proxies သုံးတဲ့နည်းလို့ အလွယ်ခေါ်လို့ ရပါတယ်။ Port proxies တွေ သုံးမယ်ဆိုရင် အောက်ဖော်ပြပါ နေရာအသီးသီးမှာ ကိုယ်သုံးနေတဲ့ Browser အလိုက် IP နဲ့ Port တွေ ပြင်ထည့်ပေးဖို့လိုပါတယ်။ ကျွန်တော် Port Proxies သုံးမယ်ဆိုရင်တော့ များသောအားဖြင့် ဒီနေရာက Proxy တွေ ယူသုံးလေ့ ရှိပါတယ်။ အဲ့မှာ ဆိုရင် ကိုယ်သုံးချင်တဲ့ နိုင်ငံအလိုက် ရွေးလို့ ရတယ်။ Anonymity level ရွေးလို့ရတယ်။ Protocol type ရွေးလို့ရတယ်။ စသဖြင့် စိတ်ကြိုက် ရွေးယူလို့ ရပါတယ်။
Mozilla Firefox: Tools > Options > Advanced > Settings > Manual proxy configuration. Google Chrome: Tools > Options > Under the bonnet > Network > Change proxy settings > LAN settings > Use a proxy server > Advanced > HTTP. Internet Explorer: Tools > Internet options > Connections > LAN settings > Use a proxy server > Advanced > HTTP. Opera: Tools > Preferences > Advanced > Network.